ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

126 - 130

345 32 0
By Azure5549

ြိပိုင်ဘက်ကင်းသိုင်ဝိညဉ်

အပိုင်း ၁၂၆ .....ဟောင်မင်း နဲ့ လီလူ ပျောက်ဆုံးသွားခြင်း

     အဆင့်၁၀ ကိုတားဆီးထားတဲ့ အလွှာက အဆင့်၉ ကိုတားဆီးထားတာထက် အရမ်းကို ထူထဲခိုင်မြဲတာပဲ ဖြစ်လေသည်။ ဒါပေမယ့် အတွင်းအားတွေက အတားအဆီးအလွှာကို အဆက်မပြတ်တိုက်ခိုက်ဖျက်စီးနေ၏ ။ အဲ့နောက်မှာတော့ ရှောင်လုံရင်ထဲမှာ စူးရှတဲ့ နာကျင်မှုတခုကိုခံစားလိုက်ရကာ နောက်ပိုင်းမှာတော့ ထက်မြနေသော ထောင်းသောင်းမကများပြာူလှတဲ့ အပ်တွေက သူ့ကိုယ်တွင်းအင်္ဂါတွေထဲကို တပြိုင်နက်ဖောက်ဝင်သွားသလိုမျိုး ခံစားလိုက်ရသည်။ တကယ်ကိုမခံမရပ်နိုင်အောင်နာကျင်တာပဲ ဖြစ်သည်။

ရှောင်လုံကတော့အဆင့်၁၀ အတားအဆီအလွှာကို တိုက်ခိုက်လိုက်လို့ ရရှိလာတဲ့ နာကျင်မှုတွေကိုအောင့်အီး သည်းခံလိုက်သည်။
သူရဲ့ နတ်အတွင်းအားနည်းစနစ်ကိုပဲ အဆက်မပြတ်လေ့ကျင့်နေကာ
ရှေးခတ်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာကနေ ဝိညဉ်စွမ်းအင်တွေကို
စဉ်ဆက်မပြတ်စုပ်ယူနေ၏ ။

မျက်လုံးကျိမ်းမတတ်အလင်းရောင်တွေက ရှောင်လုံခန္ဓာကိုယ်ကနေ
အဆက်မပြတ်ထွက်ပေါ်နေလေသည်။ သူ့ရဲ့ သွေးကြောတွေထဲမှာရော ချီပင်လယ်ထဲမှာရော ငရဲဝိညဉ်အတွင်းအားတွေက ပိုမိုမြန်ဆန်စွာလှည့်ပတ်လာကြသည်။ ရှောင်လုံက အရမ်းများပြာလာတဲ့ အတွင်းအားတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့့်ခုထက်ထိတော့ မအောင်မြင်သေးပေ.. ။

အသည်းခိုက်မတတ်နာကျင်မှုတွေကိုလဲ ရှောင်လုံတယောက်မနဲ အားတင်းပြီး သည်းခံနေရသည်။ သူအရင်သိုင်းအဆင့်တက်တုံးက အတွေ့အကြုံတွေအရ သိပ်မကြာခင်မှာပဲ သူနောက်တဆင့်ကို တက်လှမ်းနိုင်တော့မယ်ဆိုတာကို ရှောင်လုံခံစားမိသွားသည်။ ဒါကြောင့်မို့ ဒီလိုအခြေအနေရောက်မှတော့ သူဘယ်လိုနည်းနဲ့မှ လက်မလျော့နိုင်တော့ပေ.. ။

အကယ်၍သူသာ မြေကြီးအဆင့်၉ ကနေ အဆင့်၁၀ ကိုကျော်ဖြတ်ရောက်ရှိဖို့ ကြိုးစားရာမှာ ပထမတကြိမ်ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်
ဒုတိယအကြိမ်ထပ်ပြီးအောင်မြင်ဖို့ဆိုတာ အရမ်းကိုအခွင့်အလမ်း နဲပါးသွားပြီပဲ ဖြစ်သည်။ တတိယအကြိမ် ၊ စတုတ္ထ အကြိမ်မြောက်တွေသာ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ မြေကြီးအဆင့်၁၀ ကိုတက်လှမ်းဖို့ဆိုတဲ့ကိစ္စက အိမ်မက်တခုပမာ ဖြစ်သွားတော့မှာပဲ ဖြစ်၏ ။

သူ့ကိုယ်ထဲမှာ အရမ်းကိုနာကျင်စွာ ခံစားနေရမှုကြောင့် ရှောင်လုံးနဖူးကနေ စီးကျလာနေတဲ့ ချွေးစေးတွေကိုတောင် တွေ့မြင်နိုင်သည်။
အချိန်တွေက တရွေ့ကွေ့ကုန်ဆုံးနေကာ တင်ပျင်ခွေထိုင်ပြီး အတွင်းအားလေ့ကျင့်နေတဲ့ ရှောင်လုံခန္ဓာကိုယ်က အသက်ရှိတဲ့ သတ္တဝါတကောင် ဥခွံအတွင်းကနေ အပြင်လောကကြီးဆီသို့ထွက်လာသလိုမျိုး ရုတ်တရက်တုန်ယင်သွားလေသည်။

သေချာနားထောင်ကြည့်ရင် သူ့ကိုယ်ထဲကငရဲအတွင်းအားချီတွေရဲ့ မြည်ဟိန်းနေသံတွေကိုတောင်ကြားနိုင်၏ ။နောက်ဆုံးမှာတော့ ရှောင်လုံတယောက် သူကိုတားဆီးထားတဲ့ အဆင့်၁၀ အတားအဆီးကိုကျော်ဖြတ်ကာ တရားဝင်မြေကြီးအဆင့်၁၀ သိုင်းသမားတယောက်
ဖြစ်လာချေပြီ.. ။

ငါနောက်ဆုံးတော့ မြေကြီးအဆင့်၁၀ ကိုအောင်မြင်စွာကျော်ဖြတ်နိုင်လိုက်ပြီပဲ.. ။
ရှောင်လုံမျက်နှာမှာ အရမ်းကိုဝမ်းသာပိတီဖြစ်နေတဲ့ အရိပ်အယောင်တွေပေါ်ထွက်နေလေသည်။ မြေကြီးအဆင့်၁၀ သိုင်းသမားဖြစ်လာပြီးတဲ့နောက် သူ့ကိုယ်ထဲက ငရဲအတွင်းအားချီတွေက အဆင့်၁၀ သိုင်းသမားဖြစ်လာလို့ အသစ်ဖြစ်ပေါ်လာတဲ့ သွေးကြောတွေအတွင်းကနေ ခန္ဓာကိုယ်ရဲ့ နေရာအနှံသို့ ပျံနှံစီးဆင်းသွား၏ ။

ရှောင်လုံဦးခေါင်းထက်မှာ ဝဲပျံနေကြတဲ့ အနက်ရောင်နဂါးကြီးနဲ့
အပြာရောင် နဂါးကြီးတွေရဲ့ ကိုယ်ခန္ဓာတွေကလဲ ပိုမိုကြီးမားလာကြပြီး သူတို့ရဲ့ခန္ဓာတွေတွေက မသဲမကွဲအရိပ်အယောင်လိုမျိုးမဟုတ်တော့ပဲ တကယ်ကိုယ်ခန္ဓာတွေ ဖြစ်လာသလိုမျိုး ဖြစ်လာကြသည်။

ရှောင်လုံကောင်းကင်အဆင့် သိုင်းသမားဖြစ်လာပြီဆိုရင်တော့
အနက်ရောင်နဂါးကြီးနဲ့ အပြာရောင်နဂါးကြီးတွေက တတိယအကြိမ်မြောက်ဆင့်ကဲ့ ပြောင်းလဲကြတော့မှာပဲ ဖြစ်သည်။ တတိယအကြိမ်မြောက်ဆင့်ကဲ့ ပြောင်းလဲမှု ဖြစ်စဉ်ပြီးသွားတာနဲ့ နဂါးနှစ်ကောင်လုံးက ခန္ဓာကိုယ်ရှိတဲ့ တကယ်အစစ်အမှန် နဂါးကြီးတွေဖြစ်လာကြတော့မှာပဲ ဖြစ်၏ ။

အသက်ရှိတဲ့ တကယ်အစစ်အမှန်နဂါးတွေ.... !

ငရဲအတွင်းအားချီတွေက ရှောင်လုံရဲ့ အသစ်ဖြစ်ပေါ်လာတဲ့ သွေးကြောတွေအတွင်းပျော်ရွှင်စွာဖြင့် လှည့်ပတ်စီးဆင်းနေကြသည်။
နတ်အတွင်းအားနည်းစနစ်အတိုင်း သူအတွင်းအားချီတွေကို သွေးကြောတွေထဲမှာ သုံးကြိမ်လှည့်ပတ်စီးဆင်းစေပြီးတဲ့နောက်မှာတော့
ရှောင်လုံက သူ့အတွင်းအားလေ့ကျင့်နေတာကို ရပ်ဆိုင်းလိုက်တေယ့သည်။

"... ငါတကယ်ကို မြေကြီးအတင့် ၁၀ သိုင်းသမားတယောက်ဖြစ်လာပြီပဲ... "
ရှောင်လုံက မြေကြီးအဆင့် ၉ ကနေ အဆင့်၁၀ ကိုကျော်ဖြတ်တဲ့နေရာမှာ ထွက်ပေါ်လာတဲ့ သူ့ကိုယ်ထဲက မကောင်းတဲ့ အခိုးအငွေ့တွေကိုမှုတ်ထုတ်ရင်း ရေရွတ်လိုက်လေသည်။

သူ့ကိုယ်ခန္ဓာရဲ့ ကြံခိုင်သန်စွမ်းမှု ၊ သူနတ်ဓားနှစ်လက်နဲ့အတူ သူ့ရဲ့နတ်ဓားသိုင်းကွက်တွေ ၊ သူ့သိုင်းဝိညဉ်တွေရဲ့ မွေးရာပါအစွမ်းတွေကိုသာ လိုဖက်ညီညီတွဲဖက်အသုံးပြလိုက်မယ်ဆိုရင် သူ့ရဲ့ သိုင်းဝိညဉ်နဲ့ ပေါင်းစပ်ကာ ဝိညဉ်အသွင်ပုံစံမပြောင်းရင်တောင် သာမန်
မြေကြီးအဆင့် ၁၀ နောက်ဆုံးအဆင့် သိုင်းသမားတယောက်ကို သတ်နိုင်စွမ်းရှိတယ်လို့ ရှောင်လုံက သူ့ကိုယ်သူယုံကြည်မှု အပြည့်ရှိ၏။

သူ့သာ သူ့သိုင်းဝိညဉ်နဲ့ပေါင်းစပ်ပြီး ဝိညဉ်အသွင်းပြောင်းလိုက်မယ်ဆိုရင်တော့ ကောင်းကင်အဆင့်သိုင်းသမားတွေအောက်မှာ ရှောင်လုံက တကယ်ကိုပြိုင်ဘက်ကင်းသွားပြီပဲ ဖြစ်သည်။

ရှောင်လုံက သူ့ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်လှုပ်ရှားနေမှုတွေကို ကြိုးစားထိန်ချုပ်လိုက်ကာ သူ့ရဲ့ခြံဝန်းထဲကနေ အပြင်ဘက်သို့ထွက်လာလိုက်သည်။ သူ့ခြံအပြင်ကိုရောက်တော့ စိတ်လှုပ်ရှားပြီး ပြာယာခတ်နေတဲ့့ပုံစံဖြင့် စောင့်ဆိုင်နေတဲ့ ဖေးဟိုကိုပထမဆုံးမြင်တွေ့လိုက်လေသည် ။ ဖေးဟိုက သူ့ကိုမြင်တာနဲ့ အလျင်အမြန်သတင်းပို့လိုက်သည်
"...  ဂိုဏ်းချုပ်...  ဒုတိယသခင်မလေးနဲ့ သခင်မလေးလီလူတို့ ပျောက်ဆုံးနေပါတယ်.. "

"... ဘယ်လို.. ? ဘာဖြစ်တာလဲ ငါ့ကို သေချာပြောပြစမ်း... "
ရှောင်လုံမျက်နှာက ဖေးဟိုစကားကိုကြားလိုက်တာနဲ့ မဲမှောင်ကာမျက်နှာပျက်ယွင်းသွားတော့သည်။

ဖေးဟိုကအလျင်အမြန်ပဲ ပြန်ဖြေလိုက်သည်
".. မနက်တုံးက ဒုတိယသခင်မလေးနဲ့  သခင်မလေး လီလူတို့နှစ်ယောက် အပြင်ကိုထွက်သွားကြတာအခုတနာရီကြာတဲ့အထိ ပြန်မလာ
ကြသေးပါဘူး....  ဒါကြောင်မို့ ကျွန်တော်မျိုးက လူတချို့ကိုစေလွှတ်ပြီး သူတို့ကို နေရာအနှံလိုက်လံရှာဖွေခိုင်းခဲ့ပါတယ်...  လိုက်ရှာတဲ့လူတွေက ငြိမ်ချမ်းရေးလမ်းမပေါ်ကိုရောက်တော့ သခင်မလေးနှစ်ယောက်ကို လိုက်လံစောင့်ရှောက်ကြတဲ့ အစောင့်လေးယောက်ရဲ့ အလောင်းကိုသာရှာတွေ့ပြီး သခင်မလေးဟောင်မင်း နဲ့ လီလူတို့ကိုတော့ ဘယ်နေရာမှာမှရှာတွေ့မတွေ့ခဲ့ပါဘူး... "

ရှောင်လုံလဲ ဖေးဟိုသတင်းစကားကိုကြားပြီး နှလုံးရပ်သွားမတန်စိုးရိမ်သွားလေသည်။ လီလူနဲ့ ဟောင်မင်ကို လိုက်လံကာကွယ်ဖို့ တာဝန်ပေးထားတဲ့ အစောင့်လေးယောက်လုံးက မြေကြီးအဆင့်၁၀ သိုင်းသမားတွေကြီးပဲ ဖြစ်လေသည်။ ဘယ်သူ့မှမသိလိုက်ပဲ မြေကြီးအဆင့်၁၀ အစောင့်ကိုယ်ရံတော်လေးယောက်ကို အလွယ်တကူ သတ်ဖြတ်သွားနိုင်တယ်ဆိုတော့ ကောင်းကင်အဆင့် သိုင်းသမားကပဲ ဒီလို လုပ်နိုင်စွမ်းရှိတာမဟုတ်လား.. ။

"... အစောင့်တွေ ဘယ်လိုသေနေတာလဲ.. ?"
ရှောင်လုံကမေးလိုက်သည်။

"...သူတိုအားလုံး သွေးအဆိပ်လက်ဝါးထိပြီး သေနေကြတာပါ..."
ဖေးဟိုက တုန့်ဆိုင်မနေပဲ ချက်ချင်းပြန်ဖြေလိုက်သည်။

သွေးအဆိပ်လက်ဝါး....တကယ့်ကိုသွေးအဆိပ်လက်ဝါးပဲ... !

လီဂေဟာကိုချေမှုန်းခဲ့တဲ့ လူတွေရောက်လာကြပြီထင်တယ်...!

လူသတ်တံရားခံတွေက လီဂေဟာကို အမြစ်ပြတ်ချေမှုန်းပြီးတဲ့နောက် ငါးလကြာတော့မှ ပြန်လည်ပေါ်ထွက်လာကြတာပဲ ဖြစ်သည်။

"...အင်း........ မြို့အဝင်အထွက်ကို ပိတ်ပြီး လူသတ်တရားခံကိုပိုက်စိတ်တိုက်ပြီး ထပ်ရှာဖွေလို့....  ဟောက်ထျန်ကိုချက်ချင်းအကြောင်းကြားလိုက်... "
ရှောင်လုံက အမိန့်ပေးလိုက်သည်။
"...မင်းနဲ့ငါကတော့ သေနေတဲ့အစောင့်တွေဆီကိုသွားကြမယ်.. "

ဟောက်ထျန်လိုမျိုး လူတောင်းနိုင်ငံရဲ့ စစ်သူကြီးချုပ်တယောက်ကသာ မြို့အဝင်အထွက်ကိုပိတ်နိုင်တဲ့ အာဏာရှိတာပဲ ဖြစ်သည်။
"...ဟူတ်ကဲ့ ဂိုဏ်းချုပ်... ကျွန်တော်မျိုးအခုချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်... "
ဖေးဟိုက ချက်ချင်းအမိန့်နာခံလိုက်ကာ သူလက်အောင်ငယ်သားတယောက်ကို ဟောက်ထျန်ထံသို့စေလွှတ်လိုက်ပြီး သူကတော့ ရှောင်လုံနဲ့အတူ သေနေတဲ့အစောင့်တွေကို သယ်ဆောင်ထားတဲ့ ထျန်ယွမ်အိမ်တော်ရဲ့ မိန်းခန်းမဆောင်ထဲကို ရှောင်လုံနဲ့အတူတူသွားလိုက်သည်။

ရှောင်လုံမိန်းခန်းမဆောင်ထဲကိုရောက်တော့ အခန်းထဲက ကြမ်းပြင်ပေါ်မှာ သေဆုံးသွားတဲ့အစောင့်လေးယောက်ကို ညီညီညာညာ စီတန်းထားတာကိုမြင်တွေ့လိုက်လေသည်။ ဒီအစောင့်လေးယောက်က
အဆိပ်သွေးလက်ဝါးမိထားတာမို့ သူ့တို့ကို ငြိမ်းချမ်းရေးလမ်းမထက်ကနေ ဖေးဟိုကိုယ်တိုင်ဂရုတစိုက်ပြန်လည်သယ်ဆောင်ထားတာပဲ ဖြစ်သည်။

မိန်းခန်းမဆောင်ထဲမှာ ဟောင်ပန် ၊ စုရန်နဲ့ ရှောင်လုံညီလေး ဟောင်ရှောင်ဟိုင်တို့လဲ ရှိနေကြသည်။  ရှောင်လုံအခန်းထဲဝင်လာတာမြင်တော့ ဟောင်ပန်နဲ့ စုရန်က သူ့ဆီကိုအလျင်အမြန်ပြေးလာကြသည်။
"... ရှောင်လုံ.... သားညီမလေးဟောင်မင်းနဲ့ လီလူတို့နှစ်ယောက်ကို
သားရအောင်ကယ်ရမယ်နော်... "
စုရန်က ငိုရှိုက်နေရာကနေ ရှောင်လုံကို တောင်းဆိုလိုက်သည်။ သူမကငိုရလွန်လို့ မျက်လုံးတွေကလဲ နီရဲတွတ်နေ၏ ။

"...အမေ...  ကျွန်တော်ရအောင်ကယ်ပါ့မယ်... စိတ်မပူနဲ့တော့နော်..."
ရှောင်လုံက စုရန်စိတ်သက်သာရာရသွားအောင်ကတိပေးလိုက်သည်။
ဒါပေမယ့် အဓိကပြသနာက ဟောင်မင်နဲ့ လီလူဘယ်ရောက်နေလဲဆိုတာကို သူအခုထိမသိသေးတာပဲ ဖြစ်သည်။

တကယ်လို့ သူတို့နှစ်ယောက်လုံးသာ..... ?!

ရှောင်လုံက ဖြစ်နိုင်ချေတခုကို စဉ်းစားမိလိုက်တာနဲ့ သူ့ရင်ထဲမှာ အလွန်တရာနာကျင်သွားလေသည်။ အခုအချိန်ကျမှ သူ့ညီမလေး ရော လီလူရောက သူ့ရင်ထဲမှာ ဘယ်လောက်ထိနေရာယူထားတယ်တိုတာကိုရှောင်လုံတယာက်ကောင်းကောင်း နားလည်သဘောပေါက်သွားသည်။

အသက်ပြင်းပြင်းတချက်ရှိုက်လိုက်ကာ ရှောင်လုံက သူ့ကိုယ်သူအရင်ဆုံးတည်ငြိမ်အောင်ကြိုးစားထိန်းချုပ်လိုက်ပြီး သေဆုံးနေတဲ့ အစောင့်တွေဆီကို လျှောက်လာလိုက်သည်။ သေဆုံးနေတဲ့ အစောင့်တွေရဲ့ရင်ဘတ်မှာ ထင်ကျန်နေတဲ့ အစိမ်းရောင်လက်ဝါးရာကြီးကို တိတ်တဆိတ်အကဲခတ်လိုက်၏ ။ အကဲခတ်နေရင်း ရှောင်လုံမျက်နှာထားက အရမ်းကိုတည်ကြည်လေးနက်သွားသည်။

တခြားတဖက်က သူတို့ကိုဒီလိုလုပ်ရဲတယ်ဆိုကတည်းက တခြားတဖက်ကလူတွေက ရှောင်လုံရဲ့ ထျန်ယွမ်အိမ်တော်နဲ့ စစ်သူကြီးချုပ်ဟောက်ထျန်တို့ကို မျက်လုံးထဲလုံးဝမထဲ့ထားတဲ့ သဘောပဲ မဟုတ်လား.. ။

တကယ်လို့သူ့သာ အခုကိစ္စရဲ့ အဓိကတရားခံကိုရှာတွေ့ခဲ့မယ်ဆိုရင်
သူတို့လုပ်ခဲ့တာထက် အစပေါင်းများစွာ ပိုမိုနောင်တရမယ်လို့ ရှောင်လုံစိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်သည်။
ဖေးဟိုပို့လိုက်တဲ့ သတင်းကိုကြားပြီးတာနဲ့ စစ်သူကြီးချုပ်ဟောက်ထျန်လဲ ထျန်ယွမ်အိမ်တော်ဆီသို့ အူယားဖားယားပြေးလာလေသည်။

ရှောင်လုံက ဟောက်ထျန်နဲ့ ဖေးဟိုတို့နှစ်ယောက်လုံးကိုကြည့်ကာ
ပြောလိုက်သည်
".. ငါတို့အခုချက်ချင်း ငြိမ်းချမ်းရေလမ်းကို သွားကြမယ်..."

"..ဟုတ်ကဲ့ သခင်လေး.."
အဲ့နောက်မှာတော့ ရှောင်လုံက ဟောက်ထျန်နဲ့ ဖေးဟိုတို့ကိုဦးဆောင်ကာ ငြိမ်းချမ်းရေလမ်းရှိရာဆီသို့ အလျင်အမြန်သွားလေသည်။
သူမိဘနှစ်ပါးက သူနဲ့အတူလိုက်ဖို့ပြောပေမယ့် ရှောင်လုံကတော သူတို့နှစ်ယောက်ကို အိမ်မှာပဲ စောင့်နေခိုင်းလိုက်လေသည်။ ဘာအန္တရာယ်တွေနဲ့ ရင်ဆိုင်တွေ့အုံးမလဲဆိုတာ သူမသိနိုင်သေးဘူးမလား...။

သိပ်မကြာခင်အချိန်အတွင်းမှာပဲ သုတ်ခြေတင်လာတဲ့ ရှောင်လုံတို့လူစုက အခင်းဖြစ်ပွားရာ ငြိမ်းချမ်းရေလမ်းမဆီသို့ရောက်ရှိာကြသည်။ သူတို့ရောက်လာတာနဲ့ လမ်းမထက်မှာ သွေးတွေအိုင်ထိုးနေတာကိုတွေ့လိုက်ရသည်။ ဒါပေမယ့် အခုချိန်မှာတော့သွေးတွေ အနဲငယ်ခြောက်သွားပြီပဲ ဖြစ်သည်။ ရှောင်လုံမျက်စိနှစ်လုံးကိုပိတ်ကာ
ငြိမ်ငြိမ်လေးမတ်တပ်ရပ်ရင်း သူ့ပတ်ဝန်းကျင်ကိုအာရုံခံခိုက်သည်။

တခုတည်းသောနေရာကနေ သူညီမဟောင်မင်းနဲ့ လီလူတို့ရဲ့ ကိုယ်သင်းနံ အရိပ်အယောင်ကို ရှောင်လုံခံစားမိလိုက်သည်။
လူတိုင်းလူတိုင်းမှာ သူတို့ကိုယ်ပိုင် ကိုယ်သင်းရနံတွေရှိကြတာပဲ ဖြစ်သည်။ ရှောင်လုံမြေကြီးအဆင့်၇ ကိုရောက်ရှိတဲ့အချိန်မှာသူ့သိုင်းဝိညဉ်တွေ က ဒုတိယအကြိမ်ဆင့်ကဲပြောင်းလဲကြသည်။ သူ့သိုင်းဝိညဉ်တွေ ဒုတိယအကြိမ်ဆင့်ကဲပြောင်းလဲပြီးတဲ့အချိန်ကစပြီး ရှောင်လုံရဲ့ အာရုံခံစားမှုတွေက အရမ်းကိုတိုးတက်မြင့်မားလာတာပဲ ဖြစ်သည်။

ခနလောက်ကြာတော့ မျက်စေ့နှစ်လုံးပိတ်ကာ ငြိမ်သက်နေတဲ့ ရှောင်လုံက ရုတ်တရက် တနေရာကိုကြည့်ရင်း မျက်လုံးနှစ်ဖက်ပွင့်လာကာ ဖျက်ကနဲဆိုသလို သူ့နေရာကနေ  ပျောက်ကွယ်သွားလေသည်။
ဟောက်ထျန်နဲ့ ဖေးဟိုတို့နှစ်ယောက်လဲ ရှောင်လုံနောက်သို့အလျင်
လိုက်သွားကြ၏ ။ လူတောင်းနန်တွင်းမြို့ရဲ့ တောင်ဘက်အစွန်ဆုံးနေရာတခုဆီသို့ ဦးတည်လာနေရင်း ဖေးဟို ၊ ဟောက်ထျန်နဲ့ တခြားသိုင်းသမားတွေရဲ့ စိတ်ထဲမှာ ဝေခွဲမရတဲ့ စိတ်တွေဖြစ်ပေါ်လာကြသည် ။ ဒါပေမယ့် ဘယ်သူတဦးတယောက်ကမှ ရှောင်လုံကို ထုတ်ဖော်မမေးကြပဲ ရှောင်လုံနောက်သို့ အလျင်အမြန်လိုက်ပါလာကြသည်။

မြို့တောင်ဘက်ဆီသို့ အလျင်အမြန်ခရီးနှင်လာကြရင်း ရှောင်လုံက သူ့ရဲ့ခွန်းအားကို ဖုံးကွယ်ထားဖို့ မကြိုးစားတော့ပေ ..။ ဒါကြောင့်မို့ ရှောင်လုံရဲ့ အခုလက်ရှိအမြန်နှုန်းက စစ်သူကြီးချုပိဟောက်ထျန် ၊ ဖေးဟိုနဲ့ သူနေုက်ကနေလိုက်ပါလာကြတဲ့ သိုင်းသမားတွေကို အလွန်အမင်းထိတ်လန့်သွားစေသည်။ စစ်သူကြီးချုပ်ဟောက်ထျန်နဲ့ ဖေးဟိုက တိတဆိတ်ပဲ တယောက်နဲ့တယောက် အကြည့်ချင်းမလှယ်လိုက်၏။

ဂိုဏ်းချုပ်.... ဂိုဏ်းချုပ် တကယ်ပဲ မြေကြီးအဆင့် ၁၀ ကိုရောက်ရှိနေပြီလား.... ?!

ဂိုဏ်းချုပ် မြေကြီးအဆင့်၉ သို့ အဆင့်တက်သွားတာတောင် သိပ်မကြာသေးဘူးမဟူတ်လား.. ။ အတိအကျဆို အချိန်တနှစ်တောင် မရျှိသးဘူးလေ.. ။ အခုတနှစ်တောင်မရှိသေးတဲ့ အချိန်လေးအတွင်းမှာ
မြေကြီးအဆင့်၁၀ ကိုနောက်တခါ အတင့်ထပ်တက်သွားပြန်တာလား... ဒါဘယ်လို သိုင်းကျင့်စဉ်မျိုးကိုလေ့ကျင့်လို့ အခုလောက်တောင် မြန်ဆန်လွန်းတာလဲ  ..။ ရှောင်လုံရဲ့ မြန်ဆန်လွန်းလှသော သိုင်းအဆင့်တက်မှုကိုစဉ်းစားရင်း သူ့တို့ခန္ဓာကိုယ်တွေ ရုတ်တရုက် တုန်ခါသွားကြသည်။

စစ်သူကြီးချုပ်ဟောက်ထျန်နဲ့ ဖေးဟိုတို့တောင်အခုလို အံသြနေတယ်ဆိုမှတော့ သူတို့နောက်က ထျန်ယွမ်အိမ်တေယ်အစောင့်တွေဆို ပြောစရာမလိုတော့ပေ.. ။သူတို့က အံသြပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ရှောင်လုံအနောက်ကို စိုက်ကြည့်နေကြလေသည်။

တောင်ဘက်စွန်းစွန်ကိုအလျင်အမြန်ခရီးဆက်လာကြရင်း သိပ်မကြာခင်မှာပဲ လူတောင်းနန်တွင်းမြို့နယ်နိမိတ်အတွင်းကနေ အပြင်သို့ရောက်ရှိလာကြသည်။ နောက်ထပ်တနာရီနီပါးလောက် ခရီးဆက်လာပြီးတဲ့နောက်မှာတော့ သူတို့တောင်တန်းတခုဆီသို့ရောက်ရှိလာကြသည်။

"...အားလုံးပဲ လူစုခွဲပြီး ရှာကြ... "
ရှောင်လုံက အနောက်ကိုလှည့်ကြည့်ရင်း အမိန့်ပေးလိုက်သည်။
"...ဟူတ်ကဲ့ သခင်လေး.."
အားလုံးက ပြန်ဖြေလိုက်ကြပြီး  နေရာအနှံကိုရှာဖွေဖို့ လူစုခွဲလိုက်ကြသည်။

သိပ်မကြာခင်မှာပဲ ရှောင်လုံရောက်ရှိနေတဲ့နေရာရဲ့ ခပ်လှမ်းလှမ်းနေရာမှာ ဟောင်မင်တို့ကိုသွားရောက်ရှာဖွေနေတဲ့ အစောင့်ဆီကနေ အံသြစွာဖြင့် ရေရွတ်သံထွက်ပေါ်လာလေသည်
"...သခင်လေး.. သခင်လေး... ဒုတိယသခင်မလေးကိုတွေ့ပြီ..."

အစောင့်ရဲ့ အော်ဟစ်အသိပေးသံကိုကြားတော့ ရှောင်လုံနဲ့ တခြားလူစုခွဲရှာနေကြတဲ့ လူတွေအကုန်လုံး ဟောင်မင်းကိုတွေ့ရှိတဲ့နေရာသို့ အလျင်အမြန်သွားကြလေသည်။ ရှောင်လုံက ဟောင်မင်ကိုမြင်တွေ့လိုက်၏ ။ ရှောင်လုံတွေ့တဲ့အချိန်မှာ ဟောင်မင်က သူမရပ်နေတဲ့ နေရာမှာပဲ မလှုပ်မရှားပဲ ရပ်တန့်နေ၏ ။ တစုံတယောက်က ထူးခြားတဲ့နည်းလမ်းကိုအသုံးပြပြီး ဟောင်မင်ကို ထိန်းချုပ်ထားတဲ့ အနေအထားပဲ ဖြစ်သည်။ ဒါပေမယ့် လီလူအရိပ်အယောင်ကိုတော့ လုံးဝကိုမတွေ့ရပေ.. ။

ရှောင်လုံနဲ့ ထျန်ယွမ်အိမ်တေယ်ကလူတွေကိုမြင်တော့ ဟောင်မင်းက အံသြသွားပြီး အဲ့နောက်မှာတော့ သူမမျက်နှာက စိုးရိပ်သောကရောက်တဲ့ အရိပ်အယောင်တွေပေါ်ထွက်လာသည်။ ဒါပေမယ့် ဟောင်မင်းက စကားတော့လုံးဝမပြောနိုင်ပေ.. ။
ရှောင်လုံက ဟောင်မင်းနံဘေးကို အလျင်အမြန်သွားလိုက်သည်။

ဟောင်မင်း နံဘေးကိုရောက်တော့ ရှောင်လုံက ဟောင်မင်း အခြေအနေကိုသေသေချာချာအကဲခတ်ကြည့်ရှုလိုက်ပြီး တွေ့ရှိလိုက်ရတဲ့ ရလဒ်က သူ့ကိုမျက်မှောင်ကျုံသွားစေသည်။ သူရဲ့တွေ့ရှိချက်အရဆိုရင်ဟောင်မင်ကို ဘယ်လိူနည်းလမ်းနဲ့ မလှုပ်မရှား စကားပြောလို့မရအောင် လုပ်ထားလဲဆိုတာကို သူလုံးဝခန့်မှန်းလို့ မရပေ.. ။ ပြီးတော့ သွေးကြောပိတ်ထားတဲ့ ပုံစံမျိုးလဲ မဟုတ်ချေ.. ။ ပြီးတော့ ဒီသိုင်းဝိညဉ်ကမ္ဘာမှာ သွေးကြောပိတ်တဲ့နည်းလမ်းကို သူ့လို ကမ္ဘာမြေပေါ်က လူဝင်စားတယောက်ကလွဲရင် ဘယ်သူမှသိမှာ မဟုတ်ဘူးဆိုတာကို သူရဲရြဲကီးပြောနိုင်လေသည်။
ဒါဆို ဘယ်လိုနည်းလမ်းမျိုးကိုသုံးထားလို့ ဟောင်မင်က မလှုပ်မရှားနိုင်ဖြစ်နေရတာလဲ  ....?

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၁၂၇ ...လီလူရှောင်လုံအနားကနေထွက်ခွာသွားခြင်း

    ဟောင်မင်း နံဘေးကိုရောက်တော့ ရှောင်လုံက ဟောင်မင်း အခြေအနေကိုသေသေချာချာအကဲခတ်ကြည့်ရှုလိုက်ပြီး တွေ့ရှိလိုက်ရတဲ့ ရလဒ်က သူ့ကိုမျက်မှောင်ကျုံသွားစေသည်။ သူရဲ့တွေ့ရှိချက်အရဆိုရင်ဟောင်မင်ကို ဘယ်လိူနည်းလမ်းနဲ့ မလှုပ်မရှား စကားပြောလို့မရအောင် လုပ်ထားလဲဆိုတာကို သူလုံးဝခန့်မှန်းလို့ မရပေ.. ။ ပြီးတော့ သွေးကြောပိတ်ထားတဲ့ ပုံစံမျိုးလဲ မဟုတ်ချေ.. ။ ပြီးတော့ ဒီသိုင်းဝိညဉ်ကမ္ဘာမှာ သွေးကြောပိတ်တဲ့နည်းလမ်းကို သူ့လို ကမ္ဘာမြေပေါ်က လူဝင်စားတယောက်ကလွဲရင် ဘယ်သူမှသိမှာ မဟုတ်ဘူးဆိုတာကို သူရဲရြဲကီးပြောနိုင်လေသည်။
ဒါဆို ဘယ်လိုနည်းလမ်းမျိုးကိုသုံးထားလို့ ဟောင်မင်က မလှုပ်မရှားနိုင်ဖြစ်နေရတာလဲ  ....?

စစ်သူကြီးချုပ်ဟောက်ထျန်နဲ့ဖေးဟိုတို့လဲ ဟောင်မင်းအနားသို့လာကာ ဟောင်မင်းကို ဘယ်လိုမျိုးမလှုပ်မရှားနိုင်အောင်လုပ်ထားသလဲဆိုတာ သေချာအကဲခတ်လိုက်ကြသည်။ ဒါပေမယ့် သူတို့လဲ ရှောင်လုံလိုပဲ မျက်မှောင်တွေကျုံကုန်ကြသည်။ သူတို့ကိုယ်တိုင်လဲ ဘယ်လိုနည်းလမ်းမျိုးသုံးထားလဲဆိုတာ မသိတဲ့ပုံစံပေါက်နေကြသည်။

ရှောင်လုံတို့အားလုံး ကြံရာမရဖြစ်သွားကာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေစဉ်မှာပဲ တောင့်တင်းနေတဲ့ ဟောင်းမင်ခန္ဓာကိုယ်ကပြန်လည်ပျော့ပြောင်းလာပြီး လှုပ်ရှားနိုင်လာလေသည်။

"...အကိုကြီး... "
ဟောင်မင်း ကငိုသံပါကြီးနဲ့ ခေါ်လိုက်၏ ။
ရှောင်လုံလဲ ဟောင်မင်းအသံကြားတေယ့ အံသြသွားကာ အားမကှိသလိုဖြစ်နေတတဲ့ ဟောင်မင်းကို အလျင်အမြန်ထူမလိုက်သည်
".. ညီမလေး... နင်ဘယ်လိုနေသေးလဲ.. ?"

"...ဘာမှမဖြစ်တော့ပါဘူး..."
ဟောင်မင်းက သူမခေါင်းကိုခါပြလိုက်သည်။ အဲ့နောက်ဟောင်မင်းကပဲ မရပ်မနားပဲဆက်ပြောတော့သည်
".. ဒီမနက် သမီးနဲ့ အမလီလူတို့နှစ်ယောက် ငြိမ်းချမ်းရေလမ်းမကို ဖြတ်သွားတော့ သတ်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်က သမီးတို့ရှေ့မှာရုတ်တရက်ပေါ်လာကြတယ်...အဲ့နောက်သူတို့က  စစ်သူကြီးချုပ်ထဲ့ပေးလိုက်တဲ့ ကိုယ်ရံတော်လေးယောက်ကို အလွယ်တကူပဲ သတ်လိုက်ကြတာ...  ပြီးတာနဲ့ သမီးတို့ကိုချည်နှောင်ပြီး လူတောင်းနန်းတွင်းမြို့ရဲ့ အပြင်ဘက် ဒီနေရာကိုခေါ်လာတော့တာပဲ... "
ဟုပြောပြီး ဟောင်မင်းကခနလောက်ရပ်နားကာ အသက်ရှုလိုက်၏ ။

ရှောင်လုံလဲ အလောတကြီးမပြောခိုင်းပဲ ဟောင်မင်း စိတ်တည်ငြိမ်လာတာကိုစောင့်ဆိုင်နေသည်။ခနလောက်ကြာတော့ ဟောင်မင်း
ကပဲဆက်ပြောလိုက်သည်
".. ဒီနေရာကိုရောက်တော့ သူတို့နှစ်ယောက်က အမလီလူကို သစ်ပင်မှာချည်နှောင်ပြီး တောင်တန်းနဲ့ ပင်လယ်လက်ရေးမူ ဘယ်မှာလဲဆိုတာကို စစ်မေးကြတယ်... အမလီလူက မသိဘူးလို့ပြန်ဖြေလိုက်တယ်...  ပြီးတော့ အမလီလူက ငိုပြီး သူတို့နှစ်ယောက်ကို သူ့အဖေတွေအဖိုးတွေအတွက် ပြန်သတ်ပြီးဂလဲ့စားချေမယ်လို့လဲ ပြောလိုက်တယ်... အဲ့မှာ အဲ့ဒီလူကြီးနှစ်ယောက်က စိတ်ဆိုးဒေါသထွက်သွားကြပြီး သမီးတို့ကို သတ်ဖို့ပြင်လိုက်ကြတယ်.. "

အားလုံးက ဟောင်မင်းပြန်ပြောတာကို စိတ်ဝင်တစားနားစွင့်နေကြသည်။
"...အဲ့လူကြီးနှစ်ယောက် သမီးတို့ကိုသတ်တော့မယ်အချိန်မှာပဲ
အရမ်းကိုချောမောလှပတဲ့ အန်တီတယောက်က ရုတ်တရက်ပေါ်လာတယ်...  အဲ့ဒီအန်တီက သူ့အကျီလက်တဖက်ကို ဝေ့ယမ်းလိုက်တယ်တိုရင်ပဲ ဟိုလူကြီးနှစ်ယောက်အဝေးကြီးကိုလွှင့်ထွက်သွားတော့တာပဲ.... "

ဟောင်မင်းကပဲဆက်ပြောလိုက်သည်
"... အဲ့ဒီလူကြီးနှစ်ယောက်လဲ အန်တီချောချောကိုကြည့်ရင်း သူတို့ရဲ့ ပြိုင်ဘက်မဟုတ်မှန်းနားလည်သွားတာမို့ ထွက်ပြေးသွားကြတယ်...  အဲ့ဒီအန်တီလေးကလဲ သူတို့ကိုမသတ်ပဲလွှတ်ပေးလိုက်တယ်လေ... နောက်ဆုံးတော့ အဲ့ဒီအန်တီလေးကပဲ အမလီလူကို ခေါ်သွားတာ.. "

"... သူက လီလူကို ခေါ်သွားတယ်ဟုတ်လား... "
ရှောင်လုံလဲ အရမ်းကိုအံသြသွားသည်။
"..ဟုတ်တယ်ကိုကြီး... အဲ့ဒီအန်တီလေးကပြောသေးတယ်...  သူရဲ့ သိုင်းပညာအမွေကိုဆက်ခံမယ့်သာရှာနေတာ နှစ်ပေါင်းတရာကျော်ပြီတဲ့ အမလီလူရဲ့ အချက်အလက်တွေက သူရဲ့သိုင်းပညာအမွေကိုဆက်ခံရမယ့်သူနဲ့ ကိုက်ညီနေတယ်တဲ့... ဒါကြောင့်မို့ အဲ့ဒီအန်တီလေးက အမလီလူကို သူရဲ့လက်ရင်းတပည့်အဖြစ်မွေးဖို့ ခေါ်သွားတာပဲ
အမလီလူကလဲ တပည့်ခံဖို့အတွက် သဘောတူလိုက်တယ်လေ.. "

ဟောင်မင်းက ဝမ်းနဲစွာဖြင့်ဆက်ပြောလိုက်သည်။
".. သမီးလဲ အမလီလူကို မသွားဖို့ဖြောင်းဖြပါသေးတယ်...  ဒါပေမယ် အဲ့ဒီအန်တီလေးက ဘယ်လိုနည်းလမ်းသုံးလိုက်လဲမသိပါဘူး
သမီးလဲလုံးဝကိုလှုပ်ရှားလို့မရတော့ဘူး...  သူပြောတာတော့ သူတို့ထွက်သွားပြီးတနာရီကြာရင် သူလိုလို ပြန်လှုပ်ရှားလာနိုင်လိမ့်မယ်တဲ့...  တကယ်လို့ တယောက်ယောက်က သူလုပ်ထားတာကို ပယ်ဖျက်ချင်ရင် အဲ့ပယ်ပျက်ပေးရမယ့်လူက အနဲဆုံးစကြာဝဠာသိုင်းသား အဆင့်ကိုရောက်နေရမယ်တဲ့... "

"...စကြာဝဠာအဆင့်သိုင်းသမား. ဟူတ်လား...?"
စစ်သူကြီးချုပ်ဟောက်ထျန် ၊ ဖေးဟို ၊ ထျန်ယွမ်အိမ်တော်ကအစောင့်တွေအပြင် ရှောင်လုံကိုယ်တိုင်လဲ အရမ်းကို အံသြတုန်လှုပ်သွားတော့သည်။

ဒီအဒေါ်ကြီးကတကယ်ပဲ သူမအသုံးပြုထားတဲ့နည်းလမ်းကို စကြာဝဠာအဆင့်သိုင်းသမားကပဲ ပယ်ဖျက်နိုင်မယ်လို့ပြောခဲ့တာလား...
ဒါဆိုရင် သူရဲ့ သိုင်းပညာအဆင့်က စကြာဝဠာသိုင်းသမားအဆင့်ကိုရောက်ရှိနေတာများလား.... ။

ဝေခွဲမရဖြစ်နေတဲ့ အရိပ်အယောင်တွေရှောင်လုံမျက်လုံးထဲ ပေါ်လာသည်။ ဒါပေမယ့် လီလူဒီလိုမျိုး အရမ်းအစွမ်းထက်တဲ့ လူတယောက်ဆီမှာ တပည့်ခံနိုင်လိုက်တာကိုတော့ လီလူအစား သူ့အရမ်းပျော်ရွှင်လေသည်။ စကြာဝဠာအဆင့် သိုင်းသမားတယောက်ရဲ့ တပည့်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတခုမှမဟုတ်ပဲ... ။ လီလူသာ စကြာဝဠာသိုင်းသမားတယောက်ရဲ့ တပည့်ဖြစ်သွားပြီးဆိုရင် အဲ့ဒီအမျိုးသမီးရဲ့ သိုင်းကျင့်စဉ်တွေ သိုင်းကျမ်းတွေကို လေ့ကျင့်ပြီး သူမမိသားစုအတွက် ပြန်ပြီးကလဲ့စားချေနိုင်တော့မှာမဟုတ်လား...  ။ ဒါကြောင့်လဲ လီလူတယောက် လိုက်သွားဖို့ဆုံးဖြတ်လိုက်တာနေမှာပါလေ.. ။

"...အဲ့ဒီအဒေါ်ကြီးက လီလူကိုဘယ်ခေါသွားမယ်တိုတာကိုရော ပြောခဲ့သေးလား... ?"
ခနလောက်ကြာတော့ ရှောင်လုံက တည်ကြည်တဲ့လေသံဖြင့် မေးမြန်း
လိုက်သည်။
"...သူပြောတာတော့ အမလီလူကိုတွေ့ချင်ရင် နတ်ဘုရားကျောင်းတော်ကို လာခဲ့ရမယ်တဲ့.. "
ဟောင်မင်းက သူမသိသလောက်ပြန်ဖြေလိုက်၏ ။

".. နတ်ဘုရားကျောင်းတော်.."
ရှောင်လုံလဲ သူတခါမှမကြားဘူးတဲ့နာမယ်တခု ကြားလိုက်ရသလို ဖြစ်သွားကာ သူ့နောက်က ဟောက်ထျန်နဲ့ ဖေးဟိုသိမလားဆိုပြီး လှည့်ကြည့်လိုက်သည်။ ဒါပေမယ့် သူတို့နှစ်ယောက်ကလဲ ဟောင်မင်းစကားကြားတော့ ရှောင်လုံလို့လဲ ပဟေဋ္ဌိဖြစ်နေတဲ့ပုံပေါက်လေသည်။
သူတို့နှစ်ယောက် အမူအရာကိုကြည့်တာနဲ့ သူတို့နှစ်ယောက်လုံးလဲ နတ်ဘုရားကျောင်းတော်အကြောင်းမကြားဘူးဘူးဆိုတာသေချာနေသည်။

စစ်သူကြီးချုပ် ဟောက်ထျန်နဲ့ ဖေးဟိုတို့လို အတွေ့အကြုံရင်သိုင်းသမားတွေတောင် နတ်ဘုရာူကျောင်းတော်အကြောင်း မကြားဘူးဘူးဆိုတာသိတော့ ရှောင်လုံလဲ အရမ်းကိုအံအားသင့်သွားတေ့ာသည်။
ကြည့်ရတာ နတ်ဘုရာူကျောင်းတော်အကြောင်းကို သူတဖြည်းဖြည်းချင်ပဲ စုံစမ်းရတော့မယ်ထင်တယ်... ။

လီလူက အဲ့ဒီခပ်ချောချောအမျိုးသမီးကြီးရဲ့ လက်ရင်းတပည့် ဖြစ်သွားပြီဆိုမှတော့ ရှောင်လုံအနေနဲ့ သူမရဲ့ လုံခြုံရေးကိုစိတ်ပူနေစရာမလိုတော့ဘူးလေ.. ။ ဘာပဲဖြစ်ဖြစ် သူ လီလူကို အရမ်းကြာမြင့်တဲ့ အနာဂတ်အချိန်ကျမှ ပြန်တွေ့နိုင်တော့မှာ မဟူတ်လား.. ။
နောက်ဆယ်နှစ် အနှစ်နှစ်ဆယ် ဘယ်အချိန်မှ ပြန်လည်ဆုံတွေ့ကျမယ်ဆိုတာကိုတော့ သူကိုယ်တိုင်မသိသေးပေ.. ။

"...အိမ်ပြန်ကြစို့... "
ရှောင်လုံက ခပ်မှိုင်းမှိုင်းလေသံဖြင့် အမိန့်ပေးလိုက်သည်။ ဟောင်မင်းကိုပြန်တွေ့ပြီးတဲ့နောက်မှာ အားလုံးလဲ ထျန်ယွမ်အိမ်တော်သို့ ပြန်လာကြသည်။

ရှောင်လုံက လီလူတယောက် စကြာဝဠာအဆင့်သိုင်းသမားရဲ့ တပည့်ဖြစ်သွားတာမို့ သူမအရမ်းကိုအဆင်ပြေနေမယ်ဆိုတာကိုသိပေမယ့် သူရင်ထဲက တခုခုဆုံးရှုံးသွားသလို ခံစားချက်ကိုတော့ ပယ်ဖျောက်လို့မရချေ.. ။

လီဂေဟာအတွက်ဂလဲ့စားချေဖို့ လီလူအခုလိုမျိုး နည်းလမ်းကိုရွေးချယ်သွားတာကိုလဲ သူနားလည်လေသည်။ လီလူအခုလိုမျိုး ရင့်ကျက်လာဖို့ကလဲ သူမျှော်လင့်ထားတဲ့ ဆန္ဒတခုပဲ မဟုတ်လား.. ။

သူတို့ထျန်ယွမ်အိမ်တော်ပြန်လာကြတဲ့ လမ်းခရီးမှာ ရှောင်လုံကစစ်သူကြီးချုပ်ဟောက်ထျန်ကို လူတောင်းနန်တွင်းမြို့အဝင်အထွက်ပိတ်ကာ မာရှယ်လော ထုတ်ထားတဲ့ကိစ္စကို ပြန်ရုတ်သိမ်းဖို့ အမိန့်ပေးလိုက်သည်။

အချိန်သုံးရင်က တိတ်တဆိတ်ပဲကုန်ဆုံးသွားလေသည်။
ရှောင်လုံအနေနဲ့ ဒီသုံးရက်လုံးလုံး သိုင်းလုံးဝမလေ့ကျင့်ဖြစ်ပေ.. ။
လီလူထွက်ခွာသွားခြင်းက သူရင်ထဲက တန်းဖိုးထားရတဲ့ အရာတခုပျောက်ဆုံးသွားသလို သူခံစားနေရပြီး နေမထိထိုင်မသာ ဖြစ်နေလေသည်။ ဒီလွန်ခဲ့တဲ့ နှစ်တွေအတော်အတွင်း လီလူက သူ့ရင်ထဲမှာ နေရာတခုရယူခဲ့ပြီဆိုတာကို သူ့အခုမှသဘောပေါက်သွားတော့သည်။
လီလူမရှိတော့ခြင်းကြောင့် သူ့ရင်ခုန်သံတွေ တိတ်ဆိတ်သွားလေသည်။
".အာဟူတ်တယ်....ငါ့ရင်ထဲမှာ တကယ့်ကိုဟာတာတာကြီးဖြစ်နေတာပဲ... "
ရှောင်လုံက ခပ်တိုးတိုးရေရွတ်လိုက်သည်။

အဲ့နောက်ရှောင်လုံက မိုးကောင်ကင်ထက်မှာ တောက်ပနေသော လမင်းကြီးကို လီလူမျက်နှာများပေါ်လာမလားဆိုပြီး ငေးကြည့်လိုက်သည်။ ဒါပေမယ့် ဝိုင်းစက်တောက်ပနေတဲ့ လမင်းကြီကတော့ ရှောင်လုံကို ရှိတုံးကတန်ဖိုးမထားပဲ ဘာအခုမှနောင်တရနေသလဲလို့ ဆုံးမနေတဲုပုံစံပေါက်လေသည်။

"..ရှောင်လုံ... ငါကိုပြောပါအုံး... ငါသေတော့မှာလားဟင်... ?"
"... ရှောင်လုံ.. နင်ကိုငါမတွေ့ရတော့မှာကိုအရမ်းကြောက်တာပဲဟာ.."
လီလူပြောခဲ့တဲ့စကားတွေအကုန်လုံးကိုရှောင်လုံ နားထဲပြန်ကြားယောင်မိနေသည်။ လွန်ခဲ့တဲ့ညတညက လီလူနတ်သမီလေးတပါးသဖွယ်
သူ့ဆီကိုရောက်ရှိလာတဲ့ မြင်ကွင်းကိုပြန်မြင်ယောင်မိသွားသည်။
အဲ့အချိန်မှာ လီလူက သူ့ကိုလက်လွတ်ဆုံးရှုံးတော့မယ်ပုံစံဖြင့် တင်းတင်းကျပ်ကျပ်ကို ဖက်တွယ်ထားတာမဟုတ်လား.. ။ ဒါက နိမိတ်ပုံရိပ်တခုများဖြစ်နေမလား.. ။

သူ့ခေါင်းထပြန်မြင်ယောင်နေတဲ့ မှတ်ညဏ်တွေက တဖြည်းဖြည်းပြန်လည်ပျောက်ကွယ်သွားကာ ရှောင်လုံလဲ သက်ပြင်းချရင်း တိတ်တဆိတ်ရေရွတ်လိုက်သည်
"... နတ်ဘုရားကျောင်းတော်..."

အချိန်ငါးရက်ကထပ်မံကုန်ဆုံးသွားပြန်သည်။
ရှောင်လုံက သူ့ခြံလေးထဲမှာတင်ပျင်ခွေထိုင်ရင်း တရားမှတ်နေစဉ်မှာပဲ သူ့ခြံထဲကိုဟောင်မင်းဝင်လာ၏ ။ ရှောင်လုံလဲ စိတ်အခြေအနေကိုခန့်မှန်းမိတော့ ဟောင်မင်းက
"... အကိုကြီး.. အမလီလူကို သတိရနေတာလားဟင်... ?"

ရှောင်လုံက သူ့ခေါင်းညိတ်ပြလိုက်ရင်းနဲ့ပြောလိုက်သည်
".. အဲ့ဒါအသာထားပါ..   နောက်နှစ်ရင်ဆိုရင်ပဲ ကျောင်းရဲ့နှစ်ကုန်စာမေးပွဲစတော့မယ်နော်...  အတန်းရဲ့အဆင့်၁ကိုရဖို့ နင်ယုံကြည်ချက်ရှိရဲ့လား.. ?"

လွန်ခဲ့တဲ့နှစ်တွေအတွင်း ရှောင်လုံက  ကြယ်စကြာဝဠာကျောင်းမှာ
သူညီနဲ့ သူ့ညီမအတွက် နှစ်နေရာပေးဖို့ ကျောင်းအုပ်ကြီးစွင်းကျန်းကို
တောင်းဆိုခဲ့လေသည်။ ကျောင်းအုပ်ကြီး စွင်းကျန်းရဲ့ ခွင့်ပြုချက်ဖြင့်
ဟောင်မင်း နဲ့ ဟောင်ရှောင်ဟိုင်တို့နှစ်ယောက် ကြယ်စကြာဝဠာကျောင်းမှာ သိုင်းပညာလေ့လာဆည်းပူနေတာ နှစ်အနဲငယ်ကြာမြင့်နေပြီပဲ ဖြစ်သည်။

သူတို့ သိုင်းဝိညဉ်တွေရဲ့ ပါရမီအဆင့်အတန်းသိပ်မမြင့်မားပေမယ့်
သူတို့နှစ်ယောက်ကို ရှောင်လုံနဲ့ ဖေးဟိုတို့က သေသေချာချာကို ဂရုတစိုက်လေ့ကျင့်သင်ကြားပေခဲ့တာပဲ ဖြစ်သည်။ ဒါကြောင့်မို့ သူတို့ခွန်အားနဲ့ သိုင်းအဆင့်တက်နှုန်းကလဲ ကြယ်စကြာဝဠာကျောင်းက အဲ့ဒီပါရမီရှင်တွေအောက် နိမ့်ကျခြင်းမရှိပေ.. ။

".. ရှိပအကိုကြီးရာ... ဒီတကြိမ်တော့ အကိုကြီးအတွက် ညီမလေးကကျောင်းတကျောင်းလုံး ချန်ပီယံဆုကို ယူပြအုံးမယ်သိလား.."
ဟောင်မင်းက ယုံကြည်မှုအပြည့်ဖြင့် ရယ်မောကာပြောလိုက်သည်။
"..ကြည့်ကျသေးတာပေါ့လေ.. "
ရှောင်လုံလဲ ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။ ဟောင်မင်ရဲ့ အခုလက်ရှိခွန်းအားနဲ့ဆို သူမအတန်းအတွက် ပထမဆုရဖို့ကတော့ သေချာသလောက်ရှိနေတာပဲဖြစ်သည်။

ခနလောက်စကားပြောပြိးတဲ့နောက်ဟောင်မင်းကခြံထဲကနေပြန်ထွက်သွားသည်။ ဟောင်မင်း ထွက်သွားပြ်ိးတဲ့နောက်မှာရှောင်လုံက
သူ့စိတ်အနေအထားကိုပြန်လည်ထိန်းညှိလိုက်ကာ နှောင်ဖွဲ့ခြင်းနတ်လက်စွပ်ကို ပွတ်သပ်ပြီး ရှေးခတ်တိုက်ပွဲနေရာဆီသို့ဝင်ရောက်လိုက်လေသည်။ အဲ့နောက် နတ်အတွင်းအားနည်းစနစ်နဲ့ ချည်နှောင်ခြင်းနတ်ဘုရားလက်ဝါးသိုင်းကိုစတင်လေ့ကျင့်တော့သည်။

လပေါင်းများစွာ တစိုက်မတ်မတ်လေ့ကျင့်လာပြီးတဲ့နောက်မှာ ရှောင်လုံရဲ့ ချည်နှောင်ခြင်းနတ်ဘုရားလက်ဝါးသိုင်းက အလွန်လျင်မြန်စွာတိုးတက်လာပြီပဲ ဖြစ်သည်။
နောက်ထပ်နှစ်ရက်က ထပ်မံကုန်ဆုံးသွားပြန်သည်။

ဒီနေ့က ကြယ်စကြာဝဠာကျောင်းရဲ့ နှစ်ကုန်သိုင်းပြိုင်ပွဲနေဖြစ်တာမို့
ရှောင်လုံလဲ သူသိုင်းလေ့ကျင့်နေတာကိုရပ်ဆိုင်းလိုက်ကာ သူညီ ၊ ညီမနဲ့ အတူကြယ်စကြာဝဠာကျောင်းကိုသွားလေသည်။
အခုဆိုရင် သူနောက်ဆုံးကျောင်းကိုရောက်ခဲ့တာကို တနှစ်လောက်ကိုကြာမြင့်နေပြီပဖြစ်သည်။

ရှောင်လုံကကျောင်းကိုရောက်တာနဲ့ သူ့အတန်းထဲက မိတ်ဆွေဟောင်းတွေနဲ့ ပြန့်တွေ့ကာ အတွေ့အကြုံတွေဖလှယ်ရင်းစကားပြောဆိုကြသည်။ သူတို့ခနလောက်စကားပြောပြီးတော့ သိုင်းပြိုင်ပွဲစဖို့ အချိန်ရောက်လာပြီပဲ ဖြစ်သည်။ သိုင်းပြိုင်ကွင်းထဲမှာလဲ များပြားလှတဲ့ လူအုပ်ကြီးနဲ့ ပြည့်နှက်နေလေသည်။

ရှောင်လုံသိုင်းပြိုင်ကွင်းထဲကို ဝင်လိုက်တာနဲ့  အရင်နှစ်တွေတုံးကလိုပဲ သူ့ရဲ့အမာခံမိန်းကလေးပရိသတ်တွေဆီကနေ ရှောင်လုံနာမယ်အော်ခေါ်သံတွေ စီကနဲထွက်ပေါ်လာကြသည်။

"...ဟောင်ရှောင်လုံ... နင့်ကိုငါချစ်တယ်... !"
စသဖြင့် ရှောင်လုံအပေါ်ဖွင့်ဟဝန်ခံချက်တွေ ဆူညံသွားသည်။ ရှောင်လုံလဲ သူတိုကိုလျစ်လျူရှုကာ ကျောင်းကသူ့အတွက်စီစဉ်ပေးထားတဲ့နေရာသို့ ဝင်ထိုင်လိုက်၏ ။

ရှောင်လုံက အခုဆိုမြေကြီးအဆင့်၁၀ သိုင်းသမားဖြစ်နေပြီပဲ ဖြစ်သည်။ ဒါပေမယ့် သူအခုထိ နောက်တတန်းသို့ အတန်းပြောင်းတက်ရာမှာဖြေဆိုဖို့လိုအပ်တဲ့ အတန်းတက် စာမေးပွဲစစ်ပေးဖို့ ကျောင်းအုပ်
ကြီးထံမှာ မတောင်းဆိုရသေးပေ။ ဒါကြောင့်မို့ ရှောင်လုံက အခုထိ ဒုတိယနှစ်တန်းခွဲခြောက်ရဲ့ ကျောင်းသားတယောက် ဖြစ်နေဆဲပဲ ဖြစ်သည်။

သူအရင်ကြိုရောက်နေတဲ့ မင်းသားလူခိုင်က ရှောင်လုံဝင်လာတာကိုလမြင်ရော ရှောင်လုံကိုပြုံးပြလိုက်ရင်းနဲ့
"... ဟေ့ကောင်... ပေါ်တော်မူ... မင်းကတော့တကယ့်ကောင်ပဲ...  မင်းတနှစ်လုံးကိုပျောက်ချက်သားကောင်းနေတာပါလား... မင်းယုဝေနိုင်ငံကိုသွားတယ်လို့ ကြားသေးတယ်.. ဟူတ်လား.. ?"

ရှောင်လုံက ခေါင်းညိတ်ပြလိုက်ကာ
"...အင်းဟုတ်တယ်... ငါယုဝေနိုင်ငံကို အလည်ခရီးရောက်ခဲ့သေးတယ်.. "

ရှောင်လုံရဲ့အတည်ပြုချက်ကိုကြားတော့ လူခိုင်ကရှောင်လုံနားကို အလျင်အမြန်ကပ်လိုက်ရင်း ပြုံးပြီး တိုးတိုးလေးမေးလိုက်သည်
"...ဟြောင့်... ငါကြာူတာတော့ ယုဝေနိုင်ငံကဆော်လေးတွေက အရမ်းလှတာပဲဆို...  ခန္ဓာကိုယ်ကလဲ တောင့်တောင့်တင်းတင်းနဲ့ အရမ်းကိုလှတယ်လို့နာမယ်ကြီးတယ်...  အဲ့ဒါဟုတ်လား... ?"

လူခိုင်ရဲ့ မမျှော်လင့်တဲ့ စကားကိုကြားတော့ ရှောင်လုံတယောက် ကြက်သေသေသွားလေသည်။ခနလောက်နေတော့မှ ရှောင်လုံက ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်
".. အာ...ဟုတ်တယ် ဘော်ဒီတော်တော်လှကြတယ်ကွ... "

ရှောင်လုံစကားကြားတာနဲ့ လူခိုင်မျက်ခုံးက အရောင်တွေတလက်လက်တောက်ပသွားကာ
"... ငါ့အဖေ ယုဝေနိုင်ငံကိုသွားရင် ငါပါအတူတူလိုက်သွားနိုင်ဖို့ ငါအကြောင်းပြချက်ရှာရတော့မယ်...  ဒါမှ ငါကလူတောင်းနိုင်ငံရဲ့ မင်းသားလေးဆိုတော့.. ဟီး...ဟီး...."

ရှောင်လုံလဲ လူခိုင်ကိုကြည့်ရင်း မနိုင်ဘူးဆိုတဲ့သဘောနဲ့ သူခေါင်းကိုခါယမ်းလိုက်တော့သည်။
ခနလောက်ကြာတော့ ကျောင်းအုပ်ကြီးစွင်းကျန်းနဲ့ လက်ထောက်ကျောင်းအုပ် ရှောင်းချူးတို့ သိုင်းပြိုင်ကွင်းအတွင်းသို့ရောက်ရှိလာကြသည်။

သူတို့နှစ်ယောက်ရောက်ရှိလာတော့ အရင်နှစ်တွေတုံးကလိုပဲ တယောက်ကကျောင်းသူကျောင်းသားတွေကို အားပေစကားပြောကြားကာ
နောက်တယောက်က သိုင်းပြိုင်ပွဲအတွင်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ရှင်းပြလေသည်။

ဒုတိယနှစ်တန်းခွဲခြောက်အတွက် ယှဉ်ပြိုင်ဖို့ အစွမ်းထက်ဆုံးလူနှစ်ယောက်ကိုရွေးချယ်တော့ ထုံးစံအတိုင်း ရှောင်လုံလဲ လူခိုင်ပဲ အရွေးချယ်ခံရလေသည်။ ပြီးခဲ့တဲ့နှစ်သိုင်းပြိုင်ပွဲတုံးက လူခိုင်က မြေကြီးအဆင့်၇ နောက်ဆုံးအဆင့်ရဲ့ အထွတ်အထိပ်ကိုရောက်ရှိနေတာပဲ ဖြစ်သည်။ ဒီနှစ်မှာတော့ ဒီကောင်ရှုပ်လေး လူခိုင်က မြေကြီးအဆင့်၈ သို့ အဆင့်တက်နိုင်ခဲ့လေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၂၈ ..... ဂျန်းတန်နဲ့ပြန်လည်တွေ့ဆုံခြင်း

   ဒုတိယနှစ်တန်းခွဲခြောက်အတွက် ယှဉ်ပြိုင်ဖို့ အစွမ်းထက်ဆုံးလူနှစ်ယောက်ကိုရွေးချယ်တော့ ထုံးစံအတိုင်း ရှောင်လုံလဲ လူခိုင်ပဲ အရွေးချယ်ခံရလေသည်။ ပြီးခဲ့တဲ့နှစ်သိုင်းပြိုင်ပွဲတုံးက လူခိုင်က မြေကြီးအဆင့်၇ နောက်ဆုံးအဆင့်ရဲ့ အထွတ်အထိပ်ကိုရောက်ရှိနေတာပဲ ဖြစ်သည်။ ဒီနှစ်မှာတော့ ဒီကောင်ရှုပ်လေး လူခိုင်က မြေကြီးအဆင့်၈ သို့ အဆင့်တက်နိုင်ခဲ့လေသည်။

သိုင်းပြိုင်စင်ပေါ်မှာ မျက်နှာချင်းဆိုင်ရပ်ပြီးတာနဲ့ လူခိုင်က သူ့ရဲ့သိုင်းဝိညဉ်ဖြစ်တဲ့ ကောင်းကင်ငှက်ကို ဆင့်ခေါ်လိုက်ကာ မျက်စိတမှိတ်အတွင်းမှာပဲ ဝိညဉ်အသွင်ပြောင်းလဲလိုက်သည်။ လူခိုင်က စကားပြောမနေတော့ပဲ သူ့ရဲ့ ကောင်းကင်ပြိုကွဲလက်သီးသိုင်းကိုသုံးကာ အင်အားအကုန်သုံးပြီး ရှောင်လုံကိုရုတ်တရက်ထိုးချလိုက်သည်။

လူခိုင်အနေ နဲ့ရှောင်လုံနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ရှုံးနိမ့်မယ်ဆိုတာကိုသိနေပေမယ့် သူကရှောင်လုံဒီတနှစ်အတွင်း ဘယ်လောက်ထိခွန် အားတွေတိုးတက်လာလဲဆိုတာကိုသိချင်လို့ အခုလိုစိန်ခေါ်ယှဉ်ပြိုင်တါပဲ ဖြစ်သည်။ ပြီးတော့ သူကလူတောင်းနိုင်ငံရဲ့ မင်းသားတပါးလဲဖြစ်တာမို့ ရှောင်လုံနဲ့တောင်မှ မယှဉ်ပြိုင်ရဲရင် သူထီးနန်းရယူတဲ့ နေရာကိုလဲ အနဲငယ်သက်ရောက်မှုရှိလာမှာဖြစ်သည်။

ရှောင်လုံလဲ လူခိုင်တယောက် ဝိညဉ်အသွင်ပြောင်းလဲပြီးတာနဲ့ သူဆီကိုရုတ်တရက်ထိုးချလိုက်တဲ့ ကောင်းကင်ပြိုကွဲလက်သီးရာကြီး သူ့ဆီကိုရောက်ရှိလာတာကို ရှောင်တိမ်းဖို့ ကြိုးစားချင်းမရှိပဲ သိုင်းပြိုင်စင်ပေါ်မှာပဲ ငြိမ်သက်တည်ငြိမ်စွာ ရပ်နေ၏ ။ အားလုံးရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးတွေအောက်မှာပဲ လူခိုင်လက်သီးက ရှောင်လုံရင်ဘတ်နေရာဆီသို့ သွားထိလေသည်။

ဝေါင်.....
ကျယ်လောင်တဲ့ ရိုက်ခတ်သံကြီးထွက်ပေါ်လာလေသည်။
လူခိုင်အပါအဝင် သိုင်းပြိုင်ကွင်းထဲက ဧည့်ပရိသတ်တွေအကုန်လုံး
ရှောင်လုံက်ုကြည့်ရင်း အံသြကုန်ကြလေသည်။

ရှောင်လုံဘာလို့လူခိုင်လက်သီးချက်ကိုမရှောင်တိမ်းလိုက်လဲဆိုတာကို အားလုံးပဟေဋ္ဌိ ဖြစ်နေစဉ်မှာပဲ လူခိုင်ကလဲ သူလက်သီးက ကှောင်လုံရင်ဘတ်ပေါ်ကိုထိသွားတော့ သူ့စိတ်ထဲမှာ သံမဏိနံရံကြီးကို ထိုးလိုက်ရသလိုမျိုး အရမ်းကိုနာကျင်သွားသည်။

ရှောင်လုံကတော့ မရွေ့နိုင်တဲ့ခိုင်မာသောတောင်ကြီး တလုံးလို လူခိုင်လက်သီးထိသွားပေမယ့် သူ့နဂိုနေရာကနေ တလက်မမှ မရွေ့ပဲ ရပ်နေသည်။
"...ဒါ....ဒါ...!"
လူခိုင်မျက်လုံးတွေက ရှောင်လုံကိုကြည့်ရင်း အံသြထိတ်လန့်သွာဖြင့် ပြူးကျယ်သွားလေသည်။

အဲ့ဒီအချိန်မှာပဲ အရမ်းကိုကြီးမားပြင်းထန်တဲ့ အားလှိုင်းတခုက ကှောင်လုံကိုယ်ထဲကနေ ထွက်ပေါ်လာ၏ ။ ရှောင်လုံက သူ့ပခုံးကိုတချက်ခါယမ်းလိုက်တယ်ဆိုရင်ပဲ လူခိုင်တယောက် သိုင်းပြိုင်စင်အောက်ကိုရောက်သည်အထိ အနောက်ကို ယိုင်ထိုးစွာ ဆုတ်ခွာသွားရလေသည်။
လူတွေအားလုံးလဲ ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။
လူခိုင်ကိုယ်တိုင်လဲ ရူးသွပ်သွားမတတ်ကို အံအားသင့်သွား၏ ။

သူကအခုဆိုရင် မြေကြီးအဆင့် ၈ သိုင်းသမားဖြစ်နေပြီလေ.. ။ ဒါအပြင် သူ့ရဲ့ဝိညဉ်အသွင်ပြောင်းလဲထားတာရော သူ့အခုအသုံးပြုလိုက်တဲ့ မြေကြီးအဆင့်သိုင်းကျမ်းကိုပါ  ထဲ့တွက်လိုက်ရင် မြေကြီးအဆင့်၈ နောက်ဆုံးရဲ့ အထွတ်အထိပ်ကိုရောက်နေတဲ့ သိုင်းသမားတွေတောင်မှ သူလက်သီးချက်ကို ရှောင်လုံအခုလို မရှောင်တိမ်းပဲ သူ့ကိုယ်လုံးကိုအသုံးပြုပြီး ခုခံသလိုမျိုး မခုခံရဲကြပေ.. ။

အခုဆိုရင်ရှောင်လုံက သူ့လက်သီးချက်ကို ကိုယ်လုံနဲ့ ခုခံရာမှာ သူ့ကိုယ်လုံးကလဲ ဝိညဉ်အသွင်ပြောင်းထားခြင်းမရှိသေးပေ.. ။ ဒါတေယင်မှ သူ့ပခုံးလေးတချက်ကို ခါယမ်းလိုက်ရုံနဲ့တင် ငါကသိုင်းပြိုင်စင်အောက်ကို ကူရာကယ်ရာမဲ့စွာ ပြုတ်ကျလာပါလား.. ။

လူခိုင်က သူ့ခေါင်းကိုခါယမ်းလိုက်ကာ
"... ဒီ မွန်းစတားတော့ မြေကြီးအဆင့်၉ ကိုရောက်သွားပြန်ပြီနဲ့တူတယ်... "
"....သူတကယ်ပဲ မြေကြီးအဆင့် ၉ သိုင်းသမားဖြစ်သွားပြီလား..?"
လူခိုင်က စဉ်းစားရင်းနဲ့ သူမျက်လုံးတွေက မယုံနိုင်အောင်ဖြစ်နေသည်။

ရှောင်လုံကိုကြည့်ရင်း သိုင်းပြိုင်ကွင်းထဲက လူတွေအကုန်လုံးရဲ့ စိတ်ထဲမှာ  လူခိုင်လိုပဲ တူညီတဲ့အတွေးတွေဖြစ်ပေါ်နေကြသည်။
အဓိကလူတွေထိုင်တဲ့နေရာမှာထိုင်နေကြတဲ့ ကျောင်းအုပ်ကြီးစွင်းကျန်းက သိုင်းပြိုင်ရလဒ်ကိုကြည့်ရင်း အားရပါးရပြုံးလိုက်ကာ
".. ဒီကောင်လေး မြေကြီးအဆင့်၉ သိုင်းသမားဖြစ်သွားပြန်ပြီနဲ့တူတယ်...  သူကငါတို့ထင်ထားတာထက်ကို နှစ်ဝက်လောက်ပိုစောပြီး
မြေကြီးအဆင့်၉ ကို အဆင့်တက်သွားတာပါလား.... !"

" .. ဟုတ်ပါတယ်ကျောင်းအုပ်ကြီး...  ဒါတောင်မှ ဒီကောင်လေးအသက်၁၆ နှစ်ပြည့်ဖို့ တလလိုသေးတယ်နော်... "
ရှောင်ချူးကလဲ သိုင်းပြိုင်စင်ပေါ်မှာ ပြိုင်ဘက်ကင်းသိုင်းသမားတယောက်သဖွယ် ထည်ဝါစွာရပ်နေတဲ့ ရှောင်လုံကို မနာလိုတော့သလို စိုက်ကြည့်ရင်းပြောလိုက်သည် ။

အသက်၁၆ နှစ် မြေကြီးအဆင့်၉ သိုင်းသမား....!

ဒါက ဒေါင်ရမ်းအင်ပါရာနိုင်ငံတော်ကြီးစတင်တည်ထောင်ခဲ့တဲ့ သမိုင်း တခုလုံး အတွင်းမှာတောင် လုံးဝမကြားဘူးသေးတဲ့ ရလဒ်တခုပဲ ဖြစ်သည်။

လူထူးလူဆန်း.... မွန်းစတား... စသဖြင့် ရှောင်လုံသိုင်းအဆင့်တက်နှုန်းကို ပေါ်လွင်အောင်ပြောနိုင်မယ့်စကားလုံး အခုထိမပေါ်သေးပေ.. ။
super freak....  super monster...... စသဖြင့်သုံးနှုန်းမှပဲ ရနိုင်တော့မည် ။

လူခိုင်ကို ယှဉ်ပြိုင်အနိုင်ယူပြီးတဲ့နောက်မှာတော့ အားလုံးမျှော်လင့်ထားတဲ့အတိုင်း ရှောင်လုံကဒုတိယနှစ် တန်းခွဲခြောက်တခုမှာ အနိုင်ရသူဖြစ်လာသည်။ အဲ့နောက် သူကဒုတိယနှစ်အတန်းတခုလုံးရဲ့ ချန်ပီယံဘွဲ့အတွက် တခြားတန်းခွဲကအနိုင်ရသူတွေနဲ့ ဆက်လက်ယှဉ်ပြိုင်လေသည်။  ထပ်မံပြီးတော့ ရှောင်လုံကပဲ တခြားတန်းခွဲက ကျောင်းသားတွေက သိပ်အားမစိုက်လိုက်ရပဲ အနိုင်ယူလိုက်ကာ ဒုတိယနှစ်တခုလုံးလဲ ချန်ပီယံဖြစ်လာလေသည်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တုံးက ရှောင်လုံရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့
ကြယ်စကြာဝဠာကျောင်းအလှပဂေသုံးယောက်ထဲက တယောက်
ချန်ချိုင်ရှုကတော့ မြေကြီးအဆင့်၉ သိုင်းသမားဖြစ်သွားတာမို့ အတန်းတက်စာမေးပွဲဖြေဆိုအောင်မြင်ကာ တတိယနှစ်ကျောင်းသူတယောက်ဖြစ်သွားပြီးပဲ ဖြစ်သည်။ ဒါကြောင့်မို့ ဒီနှစ်မှာတော့ ရှောင်လုံက ချန်ချိုင်ရှုနဲ့ မယှဉ်ပြိုင်လိုက်ရပေ.. ။

နာရီအနာငယ်ကြာပြီးတဲ့နောက် ကြယ်စကြာဝဠာကျောင်းရဲ့ နှစ်ကုန်သိုင်းပြိုင်ပွဲကြီးက ချောချောမွေ့မွေ့နဲ့ပဲ ပြီးဆုံးသွားလေသည်။
အရင်နှစ်တွေတုံးက ထုံးစံအတိုင်းပဲ ကျောင်းအုပ်ကြီးစွင်းကျန်းက ရှောင်လုံက သိုင်းပြိုင်ပွဲရရတဲ့ဆုတွေအပြင် တခြားအပိုလက်ဆောင်တွေကိုလဲ ထပ်ပေး၏ ။ စွင်းကျန်းရော ရှောင်ချူးရောက ရှောင်လုံကို
အဆင့်မြင့်အဆင့်ဝိညဉ်ဆေးလုံး တလုံးစီဆုချကြလေသည်။

ရှောင်လုံအခုလိုမျိုး ကျောင်းရဲ့သိုင်းပြိုင်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်နေတာက သူ့နဂါးမီးတောက်တောင်ကြားမှာ သိုင်းလေ့ကျင့်ချင်လိုမြဟုတ်ပဲ အခုလိုမျိုး စွင်းကျန်းနဲ့ ရှောင်းချူးတို့ပေးတဲ့ ဝိညဉ်ဆေးလုံးကို
အလိုရှိလို့ပဲ ဖြစ်သည်။ သူရရှိတဲ့ဝိညဉ်ဆေးလုံး သုံးလုံးစလုံးကို သူမိဘတွေနဲ့ သူ့ညီ ၊ ညီမကို ပေးလိုက်တာပဲဖြစ်သည်။

ရှောင်လုံက သူ့ရဲ့ဒေါက်ကိုးခုကုန်သည်အဖွဲ့ကြောင့်တနှစ်တနှစ်ကို ဝင်ငွေမြောက်များစွာ ရရှိနေပေမယ့် အခုသူ့ဆုရရှိတဲ့ အဆင့်မြင့် အဆင့်၅ ဝိညဉ်ဆေးလုံးဆိုတာက ပိုက်ဆံရှိတိုင်းဝယ်လို့ရတဲ့ ဆေးလုံးမဟုတ်ပေ.. ။

စွင်းကျန်းနဲ့ ရှောင်းချူးတို့ပေးတဲ့ ဝိညဉ်ဆေးလုံးတွေကို လက်ခံပြ်ီးတဲ့နောက်မှာ ရှောင်လုံက တတိယနှစ်အတန်းကိုတက်ဖို့ ဖြေဆိုရမယ့် စာမေးပွဲအကြောင်းကို ကျောင်းအုပ်ကြီးထံမှာ မေးမြန်းလိုက်သည်။

စွင်းကျန်းက ရှောင်လုံကိုကြည့်ရင်း ကျေနပ်အားရသလို အပြုံးကြီးပြုံးရင်းပြန်ဖြေလိုက်သည်
".. ဟုတ်သားပဲ မင်းကမြေကြီးအဆင့် ကိုးသိုင်းသမားတယောက်ဖြစ်နေပြီကို...  တကယ်လို့ မင်းအတန်းတက်ချင်ရင်တော့ နောက်နှစ်
မှစစ်မယ့် အတန်းတက်စာမေးပွဲကိုစောင့်ရလိမ့်မယ်...  တကယ်လို့ စာမေးပွဲစစ်ပြီဆိုတာနဲ့ ငါတို့အားလုံး မင်းစာမေးပွဲဖြေဖို့သေချာစီစဉ်ပေးပါ့မယ်.. "

ရှောင်လုံက ခေါင်းညိတ်ပြလိုက်ကာ
"... ဒါဆိုလဲ ကောင်းပါပြီဗျ... "
စွင်းကျန်းနဲ့ ရှောင်ချူးတို့နှစ်ယောက်လုံးက သူမြေကြီးအဆင့်၁၀ သိုင်းသမားဖြစ်နေတာကိုမသိကြပဲ မြေကြီးအဆင့်၉ သိုင်းသမားအဆင့်ကိုပဲရောက်နေပြီလို့ ထင်နေကြတော့ ရှောင်လုံကတော့ သူတိုကိုရှင်းပြဖို့ မကြိုးစားတော့ပေ...  ။ အခုလိုမျိုး သူအသက်၁၆ နှစ်နဲ့ မြေကြီးအဆင့် ၉ သိုင်းသမားဖြစ်နေတာတောင်မှ သမိုင်းနဲ့ချီပြီး နာမယ်ကြီးနေပြီမဟုတ်လား...  သူသာမြေကြီးအဆင့်၁၀ သိုင်းသမားဖြစ်နေပြီဆိုတာကိုပြောပြလိုက်ရင် ကျောင်းအုပ်ကြီးစွင်းကျန်း နဲ့ လက်ထောက်ကျောင်းအုပ် ရှောင်းချူးတို့နှစ်ယောက်လုံး သူ့စကားကြားတာနဲ့
ဒီနေရာမှာတင် ငုတ်တုတ်သေသွားနိုင်လေသည်။

ပြီးတော့ ပြီးခဲ့တဲ့နှစ် သူ့နဲ့ ချန်ချိုင်ရှုတို့နှစ်ယောက် သိုင်းပြိုင်ခဲ့စဉ်က ရှောင်လုံက မြေကြီးအဆင့်၈ နောက်ဆုံးရဲ့ အထွတ်အထိပ်အတင့်ကိုပဲ ရောက်သေးတာ မဟုတ်လား.. ။ အကယ်၍လူတွေသာ သူတနှစ်အတွင်း မြေကြီးအဆင့် ၈ နောက်ဆုံးအထွတ်အထိတ်အဆင့်ကနေ မြေကြီးအဆင့် ၁၀ ကိုတက်လှမ်းသွားနိုင်တာကိုသိလိုက်ကြရင် အရမ်းကိုအုတ်အော်သောင်းနင်းဖြစ်ကုန်ကြမှာပဲ မဟုတ်လား..။
လူတောင်းနိုင်ငံနဲ့ လီတသန်းလောက်ကွာဝေးတဲ့နေရာမှာတည်ရှိနေတဲ့ ဒေါင်းရမ်းအင်ပါရာနိုင်ငံကတောင် ရှောင်လုံကို အာရုံစိုက်အကဲခတ်လာတော့မှာပဲ ဖြစ်သည်။

ရှောင်လုံသူ့ရဲ့  ထိပ်တန်းအဆင့်၁၂ သိုင်းဝိညဉ်ကမ္ဘာဦးအနက်ရောင်နတ်နဂါကြီး ကိုထုတ်ဖော်ပြကတုံးကတောင် ဒေါင်ရမ်းအင်ပါရာနိုင်ငံက သူ့အကြောင်းကို လူလွှတ်ပြီးစုံစမ်းနေတာပဲ ဖြစ်သည်။
အခုလိုမျိုး ထိပ်တန်းလူငယ်ခြေတက်တွေကို စုဆောင်ဖို့က ဒေါင်ရမ်းအင်ပါရာနိုင်ငံရဲ့ ပထမဦးစားပေးအလုပ်ပဲ ဖြစ်သည်။ ဒါကြောင့်မို့
အခုလိုနိုင်ငံငယ်လေးတွေက ထိပ်တန်းပါရမီရှင်တွေက ဒေါင်ရမ်းအင်ပါရာနိုင်ငံသို့ရောက်ကုန်ကြကာ နိုင်ငံငယ်လေးတွေကအင်အားချိနဲသွားပြီး ဒေါင်ရမ်းအင်ပါယာနိုင်ငံကိုဘယ်လိုမှ ယှဉ်နိုင်စွမ်းမရှိတော့တာပဲ ဖြစ်သည်။

ဒါပေမယ့် ဒေါင်ရမ်းအင်ပါရာနိုင်ငံကလဲ သူ့နိုင်ငံကကျင်းပမယ့် နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာ အဆင့်၁ ကနေ ၁၀၀ အတွင်း မဝင်သေးတဲ့အချိန်အထိ ရှောင်လုံတိုလိုမျိုး ပါရမီရှင်တွေကို ကိုယ့်အားကိုယ်ကိုးခိုင်းထားတာပဲ ဖြစ်သည်။ သူတို့နိုင်ငံအနေနဲ့ သူ့တို့နိုင်ငံကဒေါင်ရမ်းအင်ပါရာကျောင်းတော်ကို တက်ရောက်နိုင်တဲ့လူတွေကိုပဲ အဓိက ကာကွယ်စောက်ရှောက်ကြတာပဲ ဖြစ်သည် ။

ကျောင်းကသိုင်းပြိူင်ပွဲပြီးသွားပြီးတဲ့နောက်မှာ ရှောင်လုံက သူ့ညီမ ဟောင်မင်း ၊ သူ့ညီဟောင်ရှောင်ဟိုင်တို့နှစ်ယောက်နဲ့ အတူထျန်ယွမ်အိမ်တော်သို့ပြန်လာကြသည်။ သူ့ညီမလေးဟောင်မင်းက သူပြောထားသလို တကယ်ပဲ သူမအတန်းရဲ့ အနိုင်ရရှိသူဖြစ်သွားတာပဲ ဖြစ်သည်။

ထျန်ယွမ်အိမ်တော်ကိုပြန်ရောက်တာနဲ့ ရှောင်လုံက သူဆုရရှိလာတဲ့ ဝိညဉ်ဆေးလုံးတွေကို ခွဲဝေးပေးအပ်လိုက်သည်။ ပြီးတာနဲ့ သူ့ခြံဝန်းလေးထဲကိုပြန်လာကာ နှောင်ဖွဲ့ခြင်းနတ်လက်စွပ်ကို ပွတ်သပ်ရင်း
ရှေးခတ်တိုက်ပွဲနေရာဆီသို့ မီးနဂါးပုလုံးတလုံးမြိုရင်း အတွင်းအားလေ့ကျင့်ဖို့အတွက် ဝင်ရောက်လိုက်လေသည်။

အချိန်တလက ထပ်မံကုန်ဆုံးသွားပြန်သည် ။ နောက်နှစ်ရက်ဆိုရင်ပဲ နှစ်သစ်ကူးရက်ကိုရောက်ရှိတော့မှာပဲ ဖြစ်သည်။

ထျန်ယွမ်အိမ်တော်ကြီးတခုလုံး နှစ်သစ်ကူးကိုကြိုဆိုဖို့အတွက် ပြင်ဆင်နေမှုတွေနဲ့ အလုပ်ရှုပ်နေကြသည်။ မြူးကြွတဲ့ ရယ်မောသံတွေက ဟိုတကွက်ဒီတကွက် ထွက်ပေါ်နေကာ ထျန်ယွမ်အိမ်တော်ကြ်ိးတခုလုံး သက်ဝင်လှုပ်ရှားနေကြသည်။
ဒီနှစ်မှာတော့ နှစ်သစ်ကူးမရောက်ခင်မှာပဲ ရှောင်လုံက သူ့သိုင်းလေ့ကျင့်နေတာတွေကိုရပ်ဆိုင်းကာ သူ့မိသားစုနဲ့ အတူနှစ်သစ်ကူးကိုပျော်ရွှင်စွာဖြင့် ဖြတ်သန်းလေသည်။

အခုဆိုရင် ရှောင်လုံရဲ့ အသက်က ၁၆ နှစ်ကိုပြည့်သွားလေပြီ....
သူတခြားကမ္ဘာကနေ ဒီသိုင်းဝိညဉ်ကမ္ဘာဆီသို့ရောက်ရှိလာတာက ၁၆နှစ်တင်းတင်းပြည့်ချေပြီ... ။ ရှောင်လုံအနေနဲ့ ဒီ၁၆ နှစ်အတော်အတွင်းမှာ သူ့ရဲ့အချိန်တွေတော်တော်များများကို သိုင်းလေ့ကျင့်မှုတွေနဲ့ပဲ ကုန်ဆုံးခဲ့ရတာဖြစ်သည်။ ဒါကြောင့် ဒီတကြိမ်မှာတော့
ရှောင်လုံက သူမိသားစုအတွက် အချိန်အနဲငယ်ပေးချင်နေတာပဲ ဖြစ်သည်။

".... လီလူလေးမရှိတာ ဝမ်းနဲလိုက်တာ.. "
ထျန်ယွမ်အိမ်တော်ရဲ့ မိန်းခန်းမဆောင်ထဲမှာ သူတို့မိသားစုတွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေကြစဉ်မှာပဲ ရှောင်လုံအမေ စုရန်က ရုတ်တရက် လီလူနာမယ်ကိုရေရွတ်လိုက်သည်
".. လီလူသာရှိနေရင် အခုနှစ်ရဲ့နှစ်ကူးကပိုပြီး ပျော်စရာကောင်းမှာပဲနော်.. "

ဟောင်မင်းကလဲ ဝင်ပြီးထောက်ခံလိုက်လေသည်
"... ဟုတ်တယ်အမေ...  အမလီလူသာ သမီးတို့နဲ့အတူတူရှိနေရင်
အရမ်းကိုပျော်ဖို့ကောင်းမှာနော်.. "

ပျော်ရွှင်နေကြတဲ့ မိန်းမခန်းဆောင်ကြီးတခုလုံး လီလူနာမယ်ထွက်ပေါ်လာတာနဲ့ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ရှောင်လုံကထိုင်နေရာကနေ ရုတ်တရင်မတ်တပ်ရပ်လိုက်ပြီး မိန်းခန်းမဆောင်ထဲကနေ အပြင်ကိုထွက်သွားလေသည်။

အဲ့နောက် သူလူတောင်းနန်းတွင်းမြို့ရဲ့လမ်းမပေါ်ကိုရောက်တော့ ဦးတည်ရာမရှိပဲ ရောက်ရာပေါက်ရာသွားတော့သည်။ သူရင်ထဲ အရမ်းတင်းကျပ်နေတာမို့ ရှောင်လုံကလေကောင်းလေသန့်ရှုရအောင် အပြင်သိူ့ထွက်လာတာပဲ ဖြစ်သည်။ ရာသီဥတုကအရမ်းအေးနေပေမယ့်
လမ်းမကြီးပေါ်မှာ လူမပြတ်ပဲ အရမ်းကိုစည်းကားသိုက်မြိုက်နေ၏။သာမန်ပြည်သူတွေရဲ့ နှစ်သစ်ကူးအတွက် ရောင်းကြဝယ်ကြအသံတွေဖြင့် လူတောင်းနန်တွင်းမြို့တော်တခုလုံး စည်းကာနေလေသည်။

သာမန်ပြည်သူတွေ နှစ်သစ်ကူးပွဲအတွက်ပျော်ရွှင် စိတ်လှုပ်ရှား တက်ကြွစွာ ပြင်ဆင်နေကြတာကိုမြင်တော့ ရှောင်လုံစိတ်ထဲမှာ အထီးကျန်နေတာတွေက အနဲငယ်သက်သာလာ၏ ။ အမှန်တောလူဘဝကြီးက တခြားဟာတွေအများကြီးရှိဖို့မလိုအပ်ပါဘူး...  မိသားစုဝင်တွေသာ စုစုစည်းစည်းနေထိုင်နိုင်မယ်ဆိုရင် အရမ်းကိုပျော်စရာကောင်းနေမှာ မဟုတ်လား.. ။

မြို့ထဲကလမ်းတွေကို အနဲငယ်ပတ်ကြည့်ပြီးတဲ့နောက်မှာတော့ ရှောင်လုံကထျန်ယွမ်အိမ်တော်ရှိရာသို့ပြန်လာလိုက်သည်။ ရှောင်လုံပြန်လာတော့ ညအမှောင်အောက်မှာ ထျန်ယွမ်အိမ်တော်ကြီးတခုလုံးက နှစ်သစ်ကူးမီးပုံတွေရဲ့ အရောင်တွေဖြင့် ထွန်းလင်းတောက်ပနေ
သည်။

ထျန်ယွမ်အိမ်တော်ကို ပြန်ရောက်လာပေမယ့် ရှောင်လုံက သိုင်းလေ့ကျင့်ဖို့ မလုပ်သေးပဲ ဟောင်မင်း နဲ့ ဟောင်ရှောင်ဟိုင်တို့ကို သိုင်းကစားစေကာ သူ့တို့သိုင်းလေ့ကျင့်ရာမှာလိုအပ်နေတဲ့အရာတွေကို ညွန်ကြားပြသပေလေသည်။

နှစ်သစ်ကူးရက်တွေကလဲ ပျော်ရွှင်စည်းကားစွာဖြင့် လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားသည်။
ကြယ်စကြာဝဠာကျောင်းရဲ့ နောက်တကြိမ် စာသင်နှစ် ပြန်လည်စတင်ပြီပဲ ဖြစ်သည်။

ကျောင်းစဖွင့်တာနဲ့ ရှောင်လုံက ကြယ်စကြာဝဠာကျောင်းသို့သွားလိုက်သည်။ ကျောင်းရောက်တာနဲ့ တခြားဘယ်နေရာမှဝင်မနေတော့ပဲ ကျောင်းအုပ်ကြ်ိးရုံးခန်းရှိရာဆီကိုပဲ တန်းတန်းမတ်မတ်သွားလိုက်သည်။ ရှောင်လုံမမျှော်လင့်ထားတာက သူကျောင်းအုပ်ကြီးရုံးခန်းထဲကိုရောက်တော့ အထဲမှာ ဂျန်းတန်းရောက်ရှိနေတာပဲ ဖြစ်သည်။

နှစ်အနဲငယ်ကြာမြင့်ပြီးသွားတဲ့နောက်မှာ ဂျန်းတန်ကလဲ အရပ် ၅ပေ ၈ လက်မလောက်ရှိတဲ့ လူငယ်တယောက်ဖြစ်လာလေသည်။ စွင်းကျန်းနဲ့ ရှောင်ချူးတို့လဲ ဂရုတစိုက်ပြုစုပြိုးထောင်မှုအောက်မှာ ထိပ်တန်းအဆင့်မြင့်နတ်ကျား သိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားတဲ့ ဂျန်းတန်တယောက်က မြေကြီးအဆင့်၇ နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီပဲ ဖြစ်သည်။

သူနဲ့ရှောင်လုံတို့နှစ်ယောက်ကြားကကွာခြားချက်က မိုးကောင်ကင်နဲ့ မြေကြီသဖွယ်ကွာဝေးနေပြီပဲ ဖြစ်သည်။ ဂျန်းတန်စိတ်ထဲမှာတော့ရှောင်လုံဆိုတာက သူအဝေးကိုလှမ်းမျှော်ကြည့်မှ မြင်ရတဲ့ လမင်းကြီးသဖွယ် ဖြစ်နေပြီပဲ ဖြစ်သည်။ အခုဆိုရင်ရှောင်လုံက သူလေးစားအားကျရတဲ့ စံပြအိုင်ဒေါ တယောက်ဖြစ်နေပြီလေ...  ။

ဂျန်းတန်ကိုယ်တိုင်ကလဲ ရှောင်လုံကိုဒိနေရာမှာလာတွေ့လိမ့်မယ်လို့သူလုံးဝမမျှော်လင့်ထားပေ... ။ သူကိုယ်တိုင်ကလဲ ရှောင်လုံနဲ့မတွေ့ရအောင် သေသေချာချာဂရုစိုက်ပြီးရှောင်တိမ်းနေတာပဲ ဖြစ်သည်။ အခုဆိုရင်သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်ဆုံတွေခဲ့တာက အချိန်နှစ်နှစ်ကျော် သုံးနှစ်နီးပါးကြာမြင့်နေပြီပဲ ဖြစ်လေသည်။

"....စီ...စီနီယာ အကိုဟောင်...."
ရှောင်လုံကျောင်းအုပ်ကြီးရုံးခန်းထဲဝင်လာတာမြင်တာနဲ့ ဂျန်းတန်က သူထိုင်နေရာကနေ ရုတ်တရက်ကြောက်လန့်တကြားခုန်ထလိုက်ကာ
ရှောင်လုံကို ထစ်ထစ်ငေါ့ငေါ့ဖြစ်နှုတ်ဆက်လိုက်တော့သည်။

စီနီယာအကိုဟောင်.. ဟူတ်လား...? ရှောင်လုံလဲ ဂျန်းတန်ရဲ့နှုတ်ဆက်စကားကြားတော့ ဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်သွားလေသည်။
"...အာ... ရှောင်လုံ မင်းရောက်လာပြီလား..."
အဲ့အချိန်မှာပဲ စွင်းကျန်းနဲ့ ရှောင်းချူးတို့ရဲ့မျက်နှာမှာ တောက်ပတဲ့အပြုံးတွေဖြစ်ပေါ်လာကြကာ သူတို့ကိုယ်တိုင်လဲထိုင်နေရာကနေ
မတ်တပ်ရပ်လိုက်ပြီး ရှောင်လုံကို စကားပြောလိုက်ကြသည်။ အဲ့နောက်စွင်းကျန်းက ရှောင်လုံကို ထိုင်ခုံမှာဝင်ထိုင်ဖို့အချက်ပြလိုက်သည်။

သူတို့လေးယောက်လုံးထိုင်ပြီးတဲ့နောက်မှာ ရှောင်းချူးက သူရဲ့ခပ်တည်တည်မျက်နှာကြီးကို မရရအောင်ပြုံးရင်းပြောလိုက်သည်
"... မင်းအတန်းတက်ဖို့စာမေးပွဲကိစ္စကိုတော့ ငါတို့ဆုံးဖြတ်ပြီးသွားပြီ..  မြို့တောင်ဘက်မှာရှိတဲ့ ရွှံ့တော ဆီကိုသွား... အဲ့မှာကျင်လည်ကျက်စားနေတဲ့ သံမဏိမိချောင်းတကောင်ကိုရအောင်သတ်ပြီး
သူ့ရဲ့ အမြူတေကို ယူလာခဲ့လိုက်.. "

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၂၉ ....သံမဏိမိချောင်းတွေကို အမဲလိုက်ခြင်း

    စီနီယာအကိုဟောင်.. ဟူတ်လား...? ရှောင်လုံလဲ ဂျန်းတန်ရဲ့နှုတ်ဆက်စကားကြားတော့ ဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်သွားလေသည်။
"...အာ... ရှောင်လုံ မင်းရောက်လာပြီလား..."
အဲ့အချိန်မှာပဲ စွင်းကျန်းနဲ့ ရှောင်းချူးတို့ရဲ့မျက်နှာမှာ တောက်ပတဲ့အပြုံးတွေဖြစ်ပေါ်လာကြကာ သူတို့ကိုယ်တိုင်လဲထိုင်နေရာကနေ
မတ်တပ်ရပ်လိုက်ပြီး ရှောင်လုံကို စကားပြောလိုက်ကြသည်။ အဲ့နောက်စွင်းကျန်းက ရှောင်လုံကို ထိုင်ခုံမှာဝင်ထိုင်ဖို့အချက်ပြလိုက်သည်။

သူတို့လေးယောက်လုံးထိုင်ပြီးတဲ့နောက်မှာ ရှောင်းချူးက သူရဲ့ခပ်တည်တည်မျက်နှာကြီးကို မရရအောင်ပြုံးရင်းပြောလိုက်သည်
"... မင်းအတန်းတက်ဖို့စာမေးပွဲကိစ္စကိုတော့ ငါတို့ဆုံးဖြတ်ပြီးသွားပြီ..  မြို့တောင်ဘက်မှာရှိတဲ့ ရွှံ့တော ဆီကိုသွား... အဲ့မှာကျင်လည်ကျက်စားနေတဲ့ သံမဏိမိချောင်းတကောင်ကိုရအောင်သတ်ပြီး
သူ့ရဲ့ အမြူတေကို ယူလာခဲ့လိုက်.. "

ရှောင်းချူးရဲ့စကားကိုကြားတော့ ရှောင်လုံကခေါင်းညိတ်ပြလိုက်သည်။ သံမဏိမိချောင်းဆိုတာက မိချောင်းမျိုးနွယ်ဝင်တခုပဲ ဖြစ်သည်။
ဒါပေမယ့် သူရဲ့ခုခံနိုင်စွမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းတွေကတော့သာမန်မိချောင်းတွေထက် အရမ်းကိုမြင့်မားလေသည်။ သာမန်သံမဏိမိချောင်းတကောင်ကတောင် မြေကြီးအဆင့်၉ သိုင်းသမားတယောက်နီပါး ခွန်အားရှိတာပဲ ဖြစ်သည်။

တချို့အစွမ်းထက်တဲ့ သံမဏိမိချောင်းတွေဆိုရင် မြေကြီးအဆင့်၁၀ သိုင်းသမားလောက်နီးနီး အစွမ်းထက်လေသည်။ ဒါပေမယ့် ရှောင်လုံအတွက်ကတော့ အခုစာမေးပွဲက အရမ်းကိုလွယ်ကူလွန်းတဲ့ စာမေးပွဲတခုပဲ မဟုတ်လား.. ။

မြို့တောင်ဘက်က တောင်ကြားရွှံ့နွံတောက လူတောင်မြို့တဲ့ အနဲငယ်ကွာလှမ်းလေသည်။ တောင်ဘက်တောင်ကြားရွှံနွံတောက လူတောင်းမြို့ရဲ့ တောက်ဘက်အစွန်ဆုံးနေရာတခုပဲ ဖြစ်သည်။ အဲ့ဒီရွှံနွံတော်နဲ့ သိပ်မကွာဝေးတော့တဲ့နေရာက လူတောင်းနိုင်ငံရဲ့ နယ်စပ်နဲ့ ဘေလုံနိုင်ငံရဲ့ နယ်စပ်တို့ထိစပ်နေတဲ့နေရာတခုပဲ ဖြစ်၏ ။ ဘေလုံနိုင်ငံရဲ့နာမယ်ကြီး ဓားကြီးဂိုဏ်းက အဲ့ဒီနေရာမှာတည်ရှိတာပဲ ဖြစ်သည်။

ရှောင်လုံကို သူလုပ်ဆောင်ရမယ့်စာမေးပွဲလိုအပ်ချပ်တွေပြောပြပြီးတဲ့နောက်မှာတော့ စွင်းကျန်းနဲ့ ရှောင်းချူးက သံမဏိမိချောင်းတွေကိုအမဲလိုက်တဲ့နေရာမှာရှောင်လုံ သတိထားရမယ့်အချက်အလက်တွေကို သေချာရှင်းပြလိုက်သည်။

စွင်းကျန်းတို့နဲ့ ခနစကားစမြည်ပြောပြ်ိးတာနဲ့ ရှောင်လုံလဲ ကျောင်းအုပ်ကြီးရုံးခန်းကနေ အပြင်ကိုပြန်ထွက်လာလေသည် ။ ရုံးခန်းထဲကနေထွက်လာပြီးတာနဲ့ ကျောင်းထဲထပ်မဝင်တော့ပဲ ထျန်ယွမ်အိမ်တော်ကိုတန်းတန်းမတ်မတ်ပြန်လိုက်၏ ။ ထျန်ယွမ်အိမ်တော်ကိုရောက်တော့ သူ့မိဘတွေကို အတန်းတက်စာမေးပွဲဖြေဖို့အတွက် သံမဏိမိချောင်းတွေကို အမဲလိုက်ရမယ်ဆိုတဲ့အကြောင်းကို ပြောပြလိုက်လေသည်။
ရှောင်လုံက သူ့မိဘတွေကိုအသိပေးပြီးတာနဲ့ အချိန်မဆိုင်းတော့ပဲ
သူ့ရဲ့သံမဏိမိချောင်းအမဲလိုက်တဲ့ ခရီးစငသ်ကိုစတင်လိုက်တော့
သည်။

နိုင်ငံရဲ့တောင်ဘက်အစွန်ဆုံး ရွှံနွံတောင်ကြားကိုသွားတဲ့ခရီးစဉ်မှာတော့ရှောင်လုံက သူနဲ့အတူ ဖေးဟိုအပါအဝင် အစောင့်တစုံတယေညက်ကိုမှ ခေါ်ဆောင်သွားခြင်းမရှိပေ.. ။ သူ့အချစ်တော် ခရမ်းတော်မျောက်လေးကိုပဲ သူနဲ့အတူခေါ်ဆောင်သွား၏ ။

အခုဆိုရင်ငါးနှစ်ဆိုတဲ့အချိန်တွေတောင်ကြာမြင့်သွားလေပြီ... ဒါကေမယ့် ခရမ်းရောင်ဝါးမြိုမျောက်လေးကတော့ ရှောင်လုံစစတွေ့ပြ်ိး သူ့နောက်ကိုလိုက်လာခဲ့တဲ့ ပထမဆုံးရက်တုံးကလိုပဲ ဘာမှ သိပ်ပြီးထူးထူးဆန်းဆန်းပြောင်းလဲသွားခြင်းမရှိပေ..။ သူ့ရဲ့ အမွေးတွေကသာ ပိုပြီးတောက်ပလာတာပဲ ရှိသည်။ သူ့ရဲ့မျက်လုံးတွေကလဲ ရေခဲပြာရောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာသည်။ ခြုံငုံပြောရရင် ခရမ်းရောင်မျောက်လေးက မြင်တွေ့ရသူတိုင်းချစ်ခင်နှစ်သက်သွားစေနိုင်သည်အထိ အရမ်းကိုချစ်စရာကောင်းလာလေသည်။

အကယ်၍တစုံတယောက်ကသာ ခရမ်းရောင်မျောက်လေးအကြောင်းကိုသေချာမသိဘူးဆိုရင် သူ့ကိုသာမန်ချစ်စရာကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတကောင်လိုပဲ ထင်မှတ်ကြမှာ ဖြစ်သည် ။

ဒါပေမယ့် ခရမ်းရောင်မျောက်လေးရဲ့ သိုင်းအဆင့်တက်နှုန်းကလဲ အရမ်းကိုကြောက်စရာကောင်းလောက်အောင် မြန်ဆန်တာပဲ ဖြစ်သည်။ ရှောင်လုံနဲ့ ပုခုံးချင်းယှဉ်နိုင်လောက်သည်အထိ သူ့ရဲ့ သိုင်အဆင့်တက်နှုန်းက မြန်ဆန်တာပဲ ဖြစ်၏ ။

လွန်ခဲ့တဲ့ သုံးလတုံးက ရှောင်လုံရော ခရမ်းရောင်မျောက်လေးရော မြေကြီးအဆင့်၉ နောက်ဆုံးရဲ့ အထွတ်အထိပ်အဆင့်မှာ တူတူရှိနေ
ကြတာပဲ ဖြစ်သည်။ ဒါပေမယ့် ရှောင်လုံကတော့ သိပ်မကြာခင်မှာပဲ နှောင်ဖွဲ့ခြင်းနတ်လက်စွပ် အစွမ်းနဲ့ မြေကြီးအဆင့်၁၀ သို့တက်လှမ်းသွားနိုင်ခဲ့၏ ။

ဒါပေမယ့် ရှောင်လုံရဲ့ ခန့်မှန်းချက်အရ ဒီနှစ်လလောက်ဆိုရင်ပဲ ခရမ်းရောင်မျောက်လေးက သူ့သိုင်းအဆင့်ကိုနောက်တကြိမ်မှီလာတော့မှာပဲ ဖြစ်သည်။

ခရမ်းရောင်မျောက်လေးရဲ့ ကြောက်စရာကောင်းလှတဲ့ သိုင်းအဆင့်တက်နှုန်းကိုကြည့်ရင်း ရှောင်လုံကိုယ်တိုင်တောင် အဲ့ကောင်လေးကို မနာလိုဖြစ်မိနေသည် ။ ရှောင်လုံက မြေကြီးအဆင့်၁၀ ကိုတက်လှမ်းန်ုင်တာက သူ့ရဲ့ အစွမ်းထက်လွန်းလှသော သိုင်းဝိညဉ်ကြောင့်ရယ်   သူ့ကိုယ်ထဲက ကောင်းကင်ရတနာလင်းလောင်းရတနာစေတီရယ်ဘသိပ်မကြာသေးခင်ကမှရရှိထားတဲ့ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်တွေရဲ့ အစွမ်းကြောင့် ပဲ မဟုတ်လား။

ဒါပေမယ့် ဒီကောင်လေးကြတော့ဘာမှမရှိပဲ ဘာလို့ဒီလောက်အစွမ်းက်နေရတာလဲ... ?

ရှောင်လုံရဲ့ လေ့လာတွေ့ရှိချက်အရ ခရမ်းရောင်မျောက်လေးက ပိုပြီးအစွမ်းဖက်လာလေလော သူ့ကိုယ်ထဲမှာ ထူးခြားတဲ့ စွမ်းအင်တုန့်ပြန်မှုတွေ ပိုပြီးဖြစ်လာလေလေဆိုတာကို သူတွေ့ရှိလိုက်သည် ။ ခရမ်းရောင်မျောက်လေးရဲ့ သားရဲအမြူတေကို မြိုချကာ အမြူ
တေအထဲက မိစ္ဆာဓတ်စွမ်းအင်တွေကို သူ့ကိုယ်ထဲသို့ တိုက်ရိုက်စုပ်
ယူနိုင်စွမ်းကလဲ ပိုမိုလျင်မြန်လာ၏ ။

လူတောင်းနန်တွင်းမြို့တော်ကနေ ထွက်ခွာလာပြီးနောက် လူတယောက် မျောက်တကောင်က နိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးမှာ တည်ရှိတဲ့ တောင်ကြားရွှံနွံတောဆီသို့ အတူတကွ ခရီးတက်ကြလေသည်။

စွင်းကျန်းနဲ့ရှောင်းချူးတို့က အတန်းတက်စာမေးပွဲပြီးဆုံးအောင်မြင်ရမယ့် အချိန်အတိုင်းအတာကို မကန့်သတ်ထားကြပေမယ့် ရှောင်လုံကတော့ တတိယနှစ်အတန်းကိုအမြန်ဆုံးတက်ရောက်ချင်နေတာပဲ ဖြစ်သည်။ ဒါကြောင်မို့ရှောင်လုံက မဆိုင်းမတွအခုလို မြန်မြန်ဆန်ဆန်ခရီးထွက်ခဲ့တာပဲ ဖြစ်လေသည်။

ပထမကတော့ ရှောင်လုံက တတိယနှစ်အတန်းကိုတက်ရောက်ဖို့ ရယ်ရွယ်ချက်မရှိသေးပေ.. ။ ဒါပေမယ့် တတိယနှစ်ကျောင်းသားတွေကသာ ချန်ပီယံကသာ တကျောင်းလုံးချန်ပီယံလုပွဲအတွက် ယှဉ်ပြိင်ခွင့်ရှိတာဆိုတော့ ရှောင်လုံအတွက် တတိယနှစ်အတန်းကို အမြန်တက်ရုံကလွဲပြီး တခြားရွေးချယ်စရာလမ်းမရှိပေ.. ။

ရှောင်လုံလဲ ခရမ်းရောင်မျောက်လေးတို့က ခရီးသွားနေကြပမယ့် သူ့တို့ရဲ့လေ့ကျင့်မှုတွေကိုတော့ အဆက်မပြတ်အောင်လေ့ကျင့်နေ
ကြတာပဲ ဖြစ်သည်။ ခရမ်းရောင်မျောက်လေး သူ့အနားမှာရှိနေသမျှကာလပတ်လုံး ရှောင်လုံစိတ်ထဲမှာ လီလူကို လွမ်းနေမှုကြောင့် ဟာတာတာဖြစ်နေတာတွေတောင် အနဲငယ်လျော့ကျနေကာ ခရမ်းရောင်မျောက်လေးရဲ့ ပြောင်တောင်တောင်အမူအရာတွေက်ုကြည့်ရင်
ခရီးစဉ်တခုလုံးမှာ ရှောင်လုံက ပျင်းတယ်ဆိုတာတောင် ဘာမှန်းမသိလိုက်ပေ..။

နှစ်လလောက်ကြာသွားတဲ့အချိန်မှာတော့ ရှောင်လုံက ချောက်ကမ်း ပါးတခုဆီသို့ရောက်ရှိလာလေသည် ။ သူ့အရှေ့ကိုကြည့်လိုက်ရင် မဆုံးနိုင်သော ချောက်ကမ်းပါကြီးတွေကိုမြင်တွေ့လိုက်၏ ။ ခြောက်သွေ့တဲ့သဲတွေကလဲ လေထဲမှာ ဝဲပျံနေကြသည်။ တချို့ချောက်ကမ်းပါးတွေဆိုမီတာသုံးရာ လေးရာ နီပါးနက်ရှိုင်းလေသည်။

ဒီနေရာကတော့ လူတောင်းနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးမှာတည်ရှိတဲ့ မြင့်မားသောချောက်ကမ်းပါးကြီးများစုစည်းတည်ရှိနေသောကြောင့် သေမင်းချောက်ကမ်းပါး ဟုနာမယ်တွင်လေသည် ။ ရှောင်လုံလဲအသက်ပြင်းပြင်းတချက်ရှုထုတ်လိုက်ကာ ခရမ်းရောင်မျောက်လေးနဲ့အတူ အရှေ့ကိုဆက်ပြီသွားသည်။ ခနလောက်ကြာတဲ့အချိန်မှာတော့ သူ့တို့မျက်စိရှေ့မှာ ကြည့်လို့ မဆုံးနိုင်တဲ့ ရွှံနွံတောကြီးပေါ်လာသည်။ ရှောင်လုံအခု လက်ရှိခရီးစဉ်ရဲ့ အဆုံးသတ်က ဒီနေရာပဲ ဖြစ်သည်။ သူ့ကိုသေမင်းရွှံနွံတောဟု ခေါ်ဆိုကြသည်။

မဆုံးနိုင်အောင် ကြီးမားကျယ်ပြန်တဲ့ ရွံနွံတောကြီးရဲ့  အစပ်မှာရပ်နေရင်း ရှောင်လုံ လေထုထဲက စိုထိုင်းမှုတွေကိုတောင် ခံစားမိလိုက်သည်။ တချို့ရေထဲမှာပေါက်တဲ့အပင်တချို့က လေထဲကစိုထိုင်းမှုနဲ့ ပေါင်းစပ်ကာ ညှီစို့စို့အနံကြီးထွက်ပေါ်နေသည်။ သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေကို သို့ဝှက်ကာ ရှောင်လုံနဲ့မျောက်လေးတို့က ရွံနွံတောထဲကိုတဖြည်းဖြည်းတိုးဝင်လိုက်ကြသည်။

ရှောင်လုံ နဲ့ ခရမ်းရောင်မျောက်လေး တို့ကအစွမ်းထက်တယ်လို့ဆိုနိုင်ပေမယ့် ဒီရွံနွံတောထဲမှာတော့ တချို့အရမ်းကိုအစွမ်းထက်တဲ့ အဆင့်၁၀ သားရဲကြီးတွေရှိနေကြတာပဲဖြစ်သည်။ သူတို့ကတကောင်နှစ်ကောင်ဆိုရင် ရှောင်လုံတို့အနေနဲ့ သိပ်မမှုပေမယ့် အဲ့လိုအစွမ်းထက်တဲ့ သားရဲတအုပ်နဲ့ရင်ဆိုင်တွေ့ရင်တော့ တကယ့်ကိုအခက်ကြုံတော့မှာ မဟူတ်လား.. ။

သူတို့နှစ်ယောက်သား ရွံနွံတောထဲသို့ တိတ်တဆိတ်တိုးဝင်လာကြ
ပြီး သူတို့စိတ်အာရုံတွေကိုလဲ ပတ်ဝန်းကျင်တခုလုံးကို အသေစိတ်အကဲခတ်ဖို့ အာရုံစူးစိုက်ထားကြသည်။ မီတာ သုံးရာ့ငါးဆယ်လောက်အတွင်း ဘယ်လိုအနဲငယ်လှုပ်ရှားမှုကမှ ရှောင်လုံရဲ့အာရုံနဲ့ မလွတ်ပေ.. ။

ဒါပေမယ့်တနာရီကျော်ကျော်ကြာလာတဲ့အချိန်အထိ သံမဏိမိချောင်းတကောင်တလေကိုမှ မမြင်တွေ့ရပေ.. ။  တချို့အော်မြည်နေကြတဲ့ ပိုးကောင်ငယ်လေးတွေနဲ့ အဝေးကနေ ဟိန်းဟောက်နေကြတဲ့ သားရဲကြီးတွေရဲ့ အသံတွေကလွဲရင် ရွံနွံတောကြိးတခုလုံးက ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ရွံနွံတောထဲမှာ တိတ်ဆိတ်မှုကလွဲပြီး တခြားဘာကိုမှမမြင်ရပေ.. ။

နှစ်နာရီကြာလာတဲ့အခါမှာတော့ ရှောင်လုံနဖူးကြောကပိုလို့ ရှုံမဲ့လာပြီပဖြစ်သည်။ ဒီလိုမျိုးသာဆက်သွားနေမယ်ဆို သိပ်မကောင်းနိုင်တော့ဘူးလေ.. ။ သံမဏိမိချောင်းတွေက ပုံမှန်ဆိုရင် ရွံနွံတောရဲ့အောက်ခြေမှ ကျင်လည်ကျက်စားကြတာပဲ ဖြစ်သည်။ သူတို့က ရွံနွံတောအပေါ် ဒါမှမဟုတ် ရွံနွံတောအစပ်ကို လာရောက်ခဲသည်။ ဒါကြောင့်မို့ ရှောင်လုံအနေနဲ့ သံမဏိမိချောင်းတကောင်ကိုသတ်ဖို့ အခွင့်အရေးမရှိသေးတာပဲ ဖြစ်သည်။

ငါဒီရွံနွံတောထဲကို ငုပ်လျိုးသွားရမလား.. ?
ရှောင်လုံက သူ့ဘာသာအကြံတခုစဉ်းစားမိရင်း နောက်ဆုံးမှာတော့ ခေါင်းကိုခါယမ်းကာ အဲ့ဒီအကြံကို လက်လျော့လိုက်လေသည်။
ရွံနွံတောဆိုတာက သာမန်ရေထုနဲ့ မတူချေ.. ။ သူကအရမ်းကို ထူထပ် စေးကပ်နေတာမဟုတ်လား.. ။ သူသာ ရွံနွံတောထဲကို ငုပ်လျိုးသွားမယ်ဆိုရင် သူ့ခွန်အားတွေက အတိုင်းအတာတခုအထိကို လျော့ကျသွားမှာပဲ ဖြစ်သည်။

ဒါအပြင် ရွံနွံတောအောက်ခြေမှာဆိုရင် သံမဏိမိချောင်းတွေင အုပ်စုလိုက်ကိုရှိနေကြတာမဟူတ်လား ။ သူသာကံမကောင်း အဲ့ဒီသံမဏိမိချောင်းအုပ်စုကြီး ဝိုင်းပတ်တာကို ခံလိုက်ရနိုင်သည်။ အဲ့လိုမျိုးသာ ဖြစ်လာပြီဆိုရင်တော့ သူ့ကိုဝိုင်းပတ်ကာရံထားမယ့် သံမဏိမိချောင်းအုပ်စုကြီးဆီကနေ လွတ်မြောက်ဆိုတာ တကယ့်ကို အသက်စွန့်ကြိုးစားရတော့မှာပဲ ဖြစ်သည်။

နောက်ဆုံးမှာတော့ ရှောင်လုံက ခရမ်းရောင်မျောက်လေးနဲ့အတူ သံမဏိမိချောင်းတွေကို ကမ်းခြေမှာပဲစောင့်ဖမ်းဖို့ဆုံးဖြတ်လိုက်၏ ။

အချိန်တရက်ကုန်လွန်သွားလေသည်။
ကောင်းကင်ကြီးကလဲ တဖြည်းဖြည်းမှောင်မှိုက်လာနေသည်။ ရှောင်လုံက မဲမှောင်လာတဲ့ကောင်းကင်ကြ်ိးကိုမော့ကြည့်ရင်း အမှောင်ထဲမှာခရမ်းရောင်မျေညက်လေးနဲ့အတူ နေထိုင်ဖို့နေရာတခုရှာဖွေလိုက်
ကြသည်။ သိပ်မကြာခင်မှာပဲတောင်ကြားတခုမှာ လှိုဏ်ဂူကြီးတခုရှာတွေ့ကာ အဲ့ဒိနေရာမှာပဲ စခန်းချဖို့ဆုံးဖြတ်လိုက်သည်။

လှိုဏ်ဂူကြီးရဲ့အတွင်းပိုင်းက အရမ်းကိုရှည်လျား ကျယ်ပြန့်တာပဲ ဖြစ်သည်။ ရှောင်လုံလဲ သံမဏိမိချောင်းမဟူတ်ပဲ သူတို့ဒိရွံနွံတောထဲက တခြားအမဲလိုက်လို့ရတဲ့ သားရဲတွေကို မီးကင်စားဖို့ မီးစမွှေးလိုက်သည်။ ရှောင်လုံကကျွမ်းကျင်စွာဖြင့် အသားကင်နေတာကိုကြည့်ရင်း
ခရမ်းရောင်မျောက်လေးကတော့ သူ့နံဘေးမှာ သရေတများများဖြင့် သနားစဖွယ် ငေးမျှော်နေလေသည်။

အသားကင်ကျက်တာနဲ့ ရှောင်လုံက သူ့နတ်လက်စွပ်ထဲမှာ သိမ်းဆည်းထားတဲ့ လနှင်းဝိုင်းနဲ့ မီးတောက်ဝိုင်ကိုထုတ်ယူလိုက်သည်။
အဲ့နောက်မှာတော့ လူတယောက်နဲ့ မျောက်တကောင်က အသားကင်နဲ့ ဝိုင်ကို အရသာရှိရှိ စားသောက်နေကြတော့သည်။ ထုံးစံအတိုင်းရှောင်လုံအသားကင်လက်ရာကို အဓိကအားပေတဲ့ဖောက်သည်ကြီးကတော့ ခရမ်းရောင်မျောက်လေးပဲ ဖြစ်၏ ။ ရှောင်လုံကင်ထားတဲ့ သားရဲကြီးကလဲ ခရမ်းရောင်မျောက်လေးလက်ချက်ပဲ အရိုးပဲ ကျန်
ရှိတော့လေသည်။

ညခင်းရဲ့အမှောင်နေရာကို အလင်းရောင်တွေက တဖြည်းဖြည်းနေရာယူလာကြသည်။ မနက်ခင်းရောက်တဲ့အချိန်မှာတော့ ရှောင်လုံနဲ့ ခကမ်းရောင်မျောက်လေးက ရွံနွံတောကမ်းပါးတလျှောက် သူတို့ရဲ့သားကောင်ဖြစ်တဲ့ သံမဏိမိချောင်တွေကို လိုက်လံရှာဖွေကြသည်။ အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးသွားကာနေ့လည်ခင်းသို့ရောက်ရှိလာလေသည်။

သူ့ခေါင်းပေါ်မှာ နေမင်းကြီးက တောက်ပစွာလင်းလက်နေပမယ့် ရှောင်လုံကတော့ သူ့ကိုယ်ထဲမှာ နွေးထွေးမှုကို နဲနဲလေးမှ မခံစားရပေ.. ။ ရွံနွံတောထဲက ရေခိုးရေငွေ့တွေက နေလည်ခင်းအချိန်မှာ ပိုလို့များပြားလာကာ ရွံနွံတောကြီးတခုလုံး အေးစက်နေသည်။

ရှောင်လုံက ရွံနွံတောကမ်းပါးတလျှောက်လမ်းလျှောက်နေစဉ်မှာပဲ သူ့မျက်လုံးတွေက ရုတ်တရက် တစုံတခုကိုရှာဖွေတွေ့မိလိုက်သည်။
သူရောက်နေတဲ့ရွံနွံတောရဲ့အလည်မှာ မီတာလေးငါးဆယ်ရှည်တဲ့ ရွံတွေပေလူးနေသော သစ်သားတုံးပုံသဏ္ဍာန်ကြီးက ဖြည်းဖြည်းချင်းရွေ့လျားနေလေသည်။

ဟာ သံမဏိမိချောင်းတကောင်ပဲ... !

ရှောင်လုံမျက်လုံးတွေက အရောင်တလက်လက်တောက်ပသွားသည်။ ဒါပေမယ့် သံမဏိမိချောင်းက ကမ်းခြေနဲ့ဆိုရင် မီတာနှစ်ရာလောက်ကွာဝေးတဲ့နေရာမှာ ရှိနေတာပဲ ဖြစ်သည်။ ကမ်းခြေနဲ့ မိတာနှစ်ရာလောက်အကွာမှာရှိနေတဲ့ သံမဏိမိချောင်းကိုသတ်ပြီး ကမ်းမြေဆီသို့ ချောချောမွေ့မွေ့ပြန်လာဖို့ဆိုတာကို တကယ့်ကိုခက်ခဲလှတဲ့ စိန်ခေါ်မှုကြီးတခုပဲ မဟုတ်လား.. ။

ဒါပေမယ့် ရှောင်လုံက ရတဲ့အခွင့်အရေးကိုအသုံးချင်တာကြောင်မို့ သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပေ.. ။ နတ်ဓားနှစ်လက်က ရုတ်တရက်သူ့လက်ထဲသို့ရောက်ရှိလာကာ နတ်ဆိုးတောင်ပံတစုံကလဲ သူနောက်ကျောကနေ ထွက်ပေါ်လာ၏ ။ အဲ့နောက် မျက်စိတမှိတ်လောက်အချိန်အတွင်းမှာပဲ ရှောင်လုံက ရွံနွံတောရဲ့ တဝက်လောက်ကိုရောက်ရှိနေပြီပဲ ဖြစ်သည်။ အဲ့နောက်ရှောင်လုံက သံမဏိမိချောင်းခေါင်းပေါ်သို့ရောက်ရှိလာလေသည်။

သူ့ခေါင်းပေါ်ကိုရှောင်လုံရောက်တာနဲ့တပြိုင်နက်ထဲမှာပဲ သံမဏိမိချောင်းကလဲ ရှောင်လုံရောက်ရှိလာတာကိုအာရံခံမိသွားတာက သူ့ရဲ့ကြီးမားလှတဲ့ ဦးခေါင်းပိုင်းကြီးက ပါးစပ်ကြီးကိုအကျယ်ကြီးဟရင်း
ရွံနွံထဲကနေ လေပေါ်ကိုမြင့်တက်လာသည် ။ သံမဏိမိချောင်းကြီးကရှောင်လုံကို အရင်ကိုက်ဖို့ မကြိုးစားသေးပဲ သူ့ပါးစပ်ကနေ အစိမ်းရောင်အဆိပ်ငွေ့တွေကိုမှုတ်ထုတ်လိုက်လေသည်။

တောက်ပနေသောနေရောင်အောက်မှာ အစိမ်းရောင်အခိုးအငွေ့တွေက ရေတံခွန်ကြီးတခုသဖွယ် ရှောင်လုံဆီသို့လျင်မြန်စွာရောက်ရှိလာကြသည် ။ အစိမ်းရောင်အဆိပ်ငွေ့တွေကနေ မနှစ်မြို့စဖွယ် အနံအသက်ကြီးလဲ ထွက်ပေါ်နေသည်။

အဲ့ဒါကိုမြင်တော့ ရှောင်လုံက သူ့ကိုယ်ခန္ဓာကိုဘေးသို့တချက်တိမ်းရှောင်လိုက်ကာ အဆိပ်ငွေ့တွေကိုရှောင်တိမ်းလိုက်သည် ။ ရှောင်လုံက ရှောင်တိမ်းရင်နဲ့ သူ့လက်ထဲက နတ်ဓားနှစ်လက်ဖြင့် သံမဏိမိချောင်းကြီးကို ခုတ်ပိုင်းလိုက်လေသည်။ နေရောင်အောက်မှာ တောက်ပတဲ့ဓားအလင်းတန်းတွေဖြာထွက် သွားတော့သည်။ ရှောင်လုံခုတ်ပိုင်းလိုက်တဲ့ ဓားချက်က သံမဏိမိချောင်းကြီခန္ဓာကိုယ်က အပျော့ဆုံးနေရာတခုဖြစ်တဲ့ သူ့ရဲ့မျက်လုံးကိုပဲ ဖြစ်သည် ။ ရှောင်လုံဓားချက်မိသွားတာနဲ့့ သံမဏိမိချောင်းကြီးက နာနာကျင်ကျင်အော်ဟစ်
လိုက်လေသည်။

အဲ့နောက်မှာတော့ လေထဲက ရှောင်လုံခန္ဓာကိုယ်ကအောက်ဘက်သို့
စိုက်ဆင်းသွားကာ သံမဏိမိချောင်းရဲ့ ဦးခေါင်းထက် ၁၂ မီတာလောက်အကွာလောက်မှာ ရပ်တန့်လိုက်ပြီး သူ့လက်ထဲကနတ်ဓားနှစ်လက်
ကိုသိုင်းကွက်ပုံသဏ္ဍာန်လွှဲယမ်းလိုက်လေသည်။ ဓားအလင်းတန်းနှစ်ခုက မိုးကြိုးပစ်ချလိုက်သလို အောက်ဘက်သို့ စိုက်ဆင်းသွားကာ သံမဏိမိချောင်းရဲ့ ဦးခေါင်းထက်ကို အလျားလိုက် ခုတ်ပိုင်းချလိုက်သလို ဖြစ်သွားကာ သံမဏိမိချောင်းကြီးရဲ့ ခေါင်းထဲကနေ အစိမ်းရောင်သွေးတွေ ပန်းထွက်လာလေသည်။

သံမဏိမိချောင်းတွေမှာဆိုရင် သူတို့ရဲ့ ဦးခေါင်းနေရာက ခုခံနိုင်စွမ်းအနဲဆုံးနေရာတခုပဲ ဖြစ်သည်။ သိပ်မကြာခင်မှာပဲ တဆတ်ဆတ်တုန်ယင်နေတဲ့ သံမဏိမိချောင်ကြ်ီးရဲ့ ခန္ဓာကိုယ်က ငြိမ်သက်သွားတေ့ာသည်။

ဒါပေမယ့် သံမဏိမိချောင်းကြီးသေသွားလို့ သူ့ရဲ့အမြူတေကို ရှောင်လုံတယောက် မထုတ်လိုက်ရသေးခင်မှာပဲ သံမဏိမိချောင်းကြီးရဲ့ သွေးအနံက ရွံနွံတောတခုလုံးကိုလျင်မြန်စွာ ပြန့်နှံသွားတော့သည်။သွေးအနံရသွားတဲ့ သံမဏိမိချောင်းကြီးရဲ့ အပေါင်းအဖော်တွေဆီကနေ မာန်ဖီသံဟိန်းဟောက်သံတွေထွက်ပေါ်လာကြကာ မရေမတွက်နိုင်တဲ့သံမဏိမိချောင်းတွေက သေဆုံးသွားတဲ့ သံမဏိမိချောင်းကြီးရဲ့ သွေးအနံကိုလိုက်ကာ ရှောင်လုံဆီရာဆိသို့ အလျင်အမြန်ပြေးလွှာလာကြသည်။

သံမဏိမိချောင်းတွေအများကြီး သူရှိရာကို အလျင်အမြန်လာနေကြတာကိုခံစားမိလိုက်တော့ ရှောင်လုံမျက်နှာက ရှုံမဲ့သွားလေသည်။
သူ့ဆီကလာနေတဲ့ သံမဏိမိချောင်းအုပ်ထဲမှာ ကောင်းကင်အဆင့်
သားရဲကြ်ိး ဖြစ်ဖို့သိပ်မလိုတော့တဲ့ အရမ်းကိုအစွမ်းထက်လှသော
သံမဏိမိချောင်းတွေပါဝင်တာပဲ ဖြစ်သည် ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၃၀ ...... ဓားကြီးဂိုဏ်းသားအချို့နှင့် ရင်ဆိုင်တွေ့ခြင်း

       သံမဏိမိချောင်းတွေအများကြီး သူရှိရာကို အလျင်အမြန်လာနေကြတာကိုခံစားမိလိုက်တော့ ရှောင်လုံမျက်နှာက ရှုံမဲ့သွားလေသည်။
သူ့ဆီကလာနေတဲ့ သံမဏိမိချောင်းအုပ်ထဲမှာ ကောင်းကင်အဆင့်
သားရဲကြ်ိး ဖြစ်ဖို့သိပ်မလိုတော့တဲ့ အရမ်းကိုအစွမ်းထက်လှသော
သံမဏိမိချောင်းတွေပါဝင်တာပဲ ဖြစ်သည် ။

    သူဆီကိုလာနေကြတဲ့ သံမဏိမိချောင်းတွေထဲမှာဆိုရင် တချို့မိချောင်းတွေက ကောင်းကင်အဆင့်ကိုတက်လှမ်းသွားနိုင်လောက်အောင် အစွမ်းထက်တဲ့ ကိုယ်ရောင်ကိုယ်ဝါတွေထွက်ပေါ်နေတာပဲ ဖြစ်သည်။ ရှောင်လုံ မလှုပ်ရှားရသေးခင်မှာပဲ ရုတ်တရက် စူးရှတဲ့တဲ့လေချွန်သံနဲ့အတူ ခရမ်းရောင်မျောက်လေးကရှောင်လုံပုခုံထက်သို့လျက်တပြက် ရောက်ရှိလာလေသည်။ မျောက်လေးက သူလက်သည်းတွေကိုဖြင့် အရပ်လေးမျက်နှာကို ကုတ်ဆွဲတဲ့ပုံသဏ္ဍာန်ပြုလုပ်လိုက်သည်။

မျောက်လေးလက်သည်းတွေကနေ ထွက်ပေါ်လာတဲ့ အာလှိုင်းတွေက အောက်ခြေရွံတောကိုသွားရောက်ရိုက်ခတ်မိပြီး ရွံနွံတောထဲက ရေတွေက လေရဟတ်ကြီးလိုအဆက်မပြတ်လည်ပတ်ကာ အရပ်လေးမျက်နှာကိုကာရံထာတဲ့ လေတံတိုင်းကြီးသဖွယ်ဖြစ်ပေါ်လာကြသည်။

တချိန်ထဲမှာပဲ လေရဟတ်ကြီးဆီကနေ ပြင်းထန်လှတဲ့ စုပ်အားတခုဖြစ်ပေါ်လာကာ ရွံနွံတောထဲမှာရှိနေတဲ့ သံမဏိမိချောင်းတွေကို လေပေါ်သို့ဆွဲမြှောက်ပစ်လိုက်၏ ။ အဲ့နောက်လေပေါ်ကနေ ရွံနွံတောပေါ်ကိုအရှိန်အဟုန်ဖြင့် ပြန်လည်ရိုက်ခတ်ပလိုက်သည်။ မျောက်လေးသိုင်းကွက်ထုတ်ပြီးတာနဲ့ ရွံနွံတောတခုလုံး ကစင့်ကလျားတွေဖြစ်ကုန်ကာ ရှုပ်ရှက်ခတ်ကုန်တော့သည်။

ရှောင်လုံလဲ မျောက်လေးသိုင်းကွက်ကိုကြည့်ရင်း ပျော်ရွှင်သွားကာ သူကလဲသူ့လက်ထဲက နတ်ဓားနှစ်လက်ကိုအလျင်အမြန်ဆင့်ခေါ်ကာ လေထဲပျံဝဲလာတဲ့ မိချောင်းတွေကို ခုတ်ပိုင်းချလိုက်၏ ။ အဲ့နောက်သူ့လက်ကနေ စုပ်အားတခုထွက်ပေါ်လာကာ သံမဏိမိချောင်းတွေဆီကကျောက်စိမ်းသားရဲ အမြူတေက သူ့လက်အတွင်းကိုကျရောက်လာ၏ ။
"....မြန်မြန်သွားစို့.. "
သူ့လက်ထဲကို သားရဲအမြူတေရောက်ရှိလာတာနဲ့ ရှောင်လုံက ခကမ်းရောင်မျောက်လေးကို ဆုပ်ကိုင်ကာ သူ့အတောင်ပံတွေကို တချက်ခတ်လိုက်ရင်းနဲ့ ရွံနွံတောထဲကနေ ကမ်းခြေဆီသို့ခုန်ထွက်လိုက်လေသည်။

ရှောင်လုံနဲ့ ခရမ်းရောင်မျောက်လေးတို့ ကမ်းနဖူးဆီကိုရောက်သည်ဆိုရုံပဲရှိသေးတယ် ရွံနွံတောထဲကနေ ဧရာမသံမဏိမိချောင်းကြီးတတကောင် လေထဲကို ဝဲပျံထွက်ပေါ်လာသည်။ အဲ့ဒီသံမဏိမိချောင်းကြီးက မီတာနှစ်ရာကျော်ရှည်လျားပြီး တောင်ကုန်းငယ်လေးတခုနဲ့တောင် အလားသဏ္ဍာန်တူညီနေသည်။

မိချောင်းကြီးကလေထဲကိုရောက်ရှိလာတာနဲ့ သူ့ရဲ့လက်သည်းတိုတိုလေးဖက်ကို ရှောင်လုံနဲ့ ခရမ်းရောင်မျောက်လေးရှိနေတဲ့နေရာသို့ချိန်ရွယ်ကာ ပြင်းထန်စွာဖြင့် ရိုက်ထုတ်လိုက်သည်။ ရှောင်လုံနဲ့ မျောက်လေးတို့ရဲ့အနောက်ဘက်ဆီကနေ ကြောက်စရာကောင်းတဲ့ စွမ်းအားကြီးတခု လိုက်ပါလာတော့သည်။

သံမဏိမိချောင်းကြီးရဲ့ တိုက်လိုက်မှုကအရမ်းကိုပြင်းထန်ပေမယ့် ရှောင်လုံတို့နှစ်ယောက်မှာက ရှောင်တိမ်းဖို့အချိန်ရှိနေသေး၏ ။
သံမဏိမိချောင်းကြီးရဲ့ ပြင်းထန်တဲ့ရိုက်ချက်က သူတို့ဆီကိမကျရောက်လာခင်လေးမှာပဲ ပုံရိပ်နှစ့ခုကရုတ်တရက်ပျောက်ကွယ်သွားလေသည်။ ဒါကြောင်မို့ သံမဏိမိချောင်းကြီးရဲ့ လက်သည်းရိုက်ချက်က ဘာမှမရှိတဲ့လေထုပေါ်ကိုပဲကျရောက်သွားပြီး အဲ့နောက် ရွံနွံတောပေါ်သို့ကျရောက်သွားကာ ပျစ်စေးနေသောရွံနွံတွေက နေရာအနှံဆီသို့ လွှင့်စင်သွားတော့သည်။

သံမဏိမိချောင်းကြီးက သူရိုက်ချက်ထိသွားလားမထိသွားလား ဝေခွဲမရဖြစ်နေစဉ်မှာပဲ ရှောင်လုံနဲ့ ခရမ်းရောင်မျောက်လေးက ကမ်းခြေဆီသို့ ရောက်ရှိသွားပြီပဲဖြစ်သည်။ ရှောင်လုံတို့နှစ်ယောက် သူလက်ထဲကနေ လွတ်ထွက်သွားတာမြင်တော့ သံမဏိမိချောင်းကြီးက ဒေါသတကြီးဟိန်းဟောက်လိုက်တော့သည်။ အဲ့နောက်သူ့ခန္ဓာကိုယ်ကို ပြည့်လည်တည့်မတ်လိုက်ကာ ရှောင်လုံတို့ရှိနေတဲ့နေရာဆီသို့ ကူးခတ်လာသည်။ သံမဏိမိချောင်းကြ်ီးရဲ့ ဟိန်းဟောက်အမိန့်ပေးသံကိုကြားတာနဲ့ အနီအနားရွံနွံတောထဲမှာ ငုပ်လျိုးနေကြတဲ့ သံမဏိမိချောင်းတွေကလဲ အစီအရီပေါ်ထွက်လာကာ ကမ်းခြေဆီသို့ကူးခတ်လာ
ကြသည်။

ရှောင်လုံက ခရမ်းရောင်မျောက်လေးကို လက်တဖက်ဖြင့် ဖက်တွယ်ကာ သူ့ရဲ့ ကိုယ်ပျောက်စွမ်းရည်နဲ့ ကိုယ်ဖော့သိုင်းကိုအစွမ်းကုန် ပေါင်းစပ်အသုံးပြုလိုက်တော့သည်။ ရှောင်လုံရဲ့အခုကိုယ်ဖျောက်စွမ်းရည်ဟာဆိုရင် တခြားသူတဦးကိုပါကိုင်ဆောင်ရင်းနဲ့ အသုံးပြုလာနိုင်ပြီပဲ ဖြစ်သည်။ ရှောင်လုံတို့နှစ်ယောက်က ရုတ်တရက်ပျောက်ကွယ်သွားကာ သူတိုနဂိုရှိနေတာနေရာရဲ့ မီတာတရာလောက်နီးပါး ကွာ
ဝေးတဲ့ဆီသို့ရောက်ရှိသွားလေသည်။ ဒါပေမယ့် ရှောင်လုံက ရပ်တန့်ဖို့စိတ်ကူးမရှိပဲ ကိုယ်ပျောက်စွမ်းရည်းကိုအဆက်မပြတ်အသုံးပြုကာ
ရွံနွံတောထဲကနေ ထွက်ခွာလာကြသည် ။

ပျောက်ကွယ်သွားတဲ့ ရှောင်လုံတို့နှစ်ယောက်ရဲ့ ပုံရိပ်ကိုကြည့်ရင်း
ဒေါသတကြီးဟိန်းဟောက်နေကြသော သံမဏိမိချောင်းတွေရဲ့ အသံက ရွံနွံတောတခုလုံးကိုဆူညံပွက်လောရိုက်နေတော့သည်။

ခနလောက်ကြာတော့ သံမဏိမိချောင်းတွေလဲ ရှောင်လုံအနောက်ကိုလိုက်လို့မမှီနိုင်ဘူးဆိုတာ နားလည်သွားပြီး ရွံနွံတောထဲသို့ပြန်လည်ငုပ်လျိုးသွားကြသည်။ သံမဏိမိချောင်းတွေ သူနောက်ကိုဆက်မလိုက်ကြတော့တာမြင်တော့မှ ရှောင်လုံလဲ စိတ်သက်သာရာရသွားကာ သက်ပြင်းမောတချက်မှုတ်ထုတ်လိုက်၏ ။ သံမဏိမိချောင်းရဲ့ ကျောက်စိမ်းရောင်တေုက်ပနေသော အမြူတေကို လက်ထဲမှာဆုပ်ကိုင်ထားရင် အခုအချိန်ကျမှ သူ့ရဲ့နတ်လက်စွပ်ထဲ သိပ်ဆည်းနိုင်လိုက်တော့သည်။

အခုဆိုရင်ရှောင်လုံက သူ့အတန်းတက်လာမှာလိုအပ်တဲ့ သားရဲအမြူတေကိုရလိုက်ပြီမို့ သူရဲ့တတိယအတန်းကိုတက်ရောက်မယ့် စာမေးပွဲက အောင်မြင်သွားပြီလို့ဆိုင်နိုင်သည်။

ဒါကြောင့်မို့ရှောင်လုံနဲ့ မျောက်ငယ်လေးတို့နှစ်ယောက်က လူတောင်းနန်းတွင်းမြို့တော်သို့ ပြန်လာကြသည်။ သူတို့ရွံနွံတောထဲကနေ ထွက်ခွာလာပြီးသိပ်မကြာခင်မှာပဲ သူ့တို့ရဲ့အရှေ့ဘက်မှာ တိုက်ပွဲဖြစ်နေတဲ့အသံတွေကိုကြားလိုက်ရသည်။ ဒေါသတကြီး ၊ ကျိတ်မနိုင်ခဲမရ
အော်ဟစ်သံတွေက လေနဲ့အတူလွင့်ပျံလာသည်။

"...မင်းတို့ ဓားကြီးဂိုဏ်းသားတွေက တကယ်ကို ပုပ်သိုးယုတ်မာတဲ့ကောင်တွေပဲ... ! တကယ်ကိုနှလုံးသားမရှိဘူး ၊ မိုက်ရိုင်းတယ်..
မင်းတို့က အသက်သုံးနှစ်တောင်မပြည့်သေးတဲ့ ကလေးလေးကိုတောင် အလွတ်မပေးဘူးနော်....!"

"...ငါတို့အားလုံးသေချင်သေပစေ... မင်းတို့ကိုပြန်တိုက်မယ်..."
နားကျည်းစွာဖြင့် အော်ဟစ်သံတွေကို ကြားလိုက်ရသည်။

ဓားကြီးဂိုဏ်း..ဟူတ်လား.. ?ဓားကြီးဂိုဏ်းဆိုတဲ့နာမယ်ကြားတာနဲ့ ရှောင်လုံရဲ့ မျက်နှာထားကကြောက်စရာကောင်းအောင် အေးစက်သွားလေသည်။ အဲ့နောက်မှာတော့ ရှောင်လုံနဲ့ ခရမ်းရောင်မျောက်လေးတို့က တိုက်ပွဲတွေဖြစ်သွားနေတဲ့နေရာဆီသို့ ဦးတည်သွားလိုက်ကာ တိုက်ခိုက်နေကြတဲ့နေရာသို့ရောက်ရှိလာကြသည်။

ရှောင်လုံတို့နှစ်ယောက် တိုက်ခိုက်နေကြတဲ့နေရာကိုရောက်တော့
မြင်လိုက်ရတဲ့မြင်ကွင်းက ရှောင်လုံကို ဒေါသမထွက်ပဲ မနေနိုင်အောင်ဖြစ်သွားလေသည်။ သူနဲ့သိပ်မဝေးလှတဲ့နေရာမှာ အလောင်းတွေပုံထပ်ကာ သွေတွေအိုင်ထွန်းမေတာကိုမြင်တွေ့လိုက်ရသည်။

သေနေတဲ့လူတွေတော်တော်များများက အဖိုးကြီးအဖွားကြီးတွေနဲ့
ကလေးငယ်လေးတွေပဲ ဖြစ်ကြသည်။ အဖိုးကြီး အဖွားကြီးတွေက အသက်၈၀ နီးပါးရှိကြပြီး ကလေးငယ်တွေက အခုမှအသက်၂နှစ် သုံးနှစ်သားလောက်ပဲ ရှိကြသေးတာဖြစ်သည်။ အခုမှမွေးကင်းစကလေးလေးတွေရဲ့ အလောင်းတွေကိုတောင် တွေ့မြင်နိုင်လေသည်။

ရှောင်လုံကြည့်လိုက်တော့ ဓားကြ်ိးဂိုဏ်းသား ဆယ့်နှစ်ယောက်လောက်က ရူးသွပ်နေသလိုမျိုး လူတွေကိုသတ်ဖြတ်နေတာမြင်တွေ့လိုက်ရသည်။ သူတို့ရဲ့ ဓားတွေကို လူအုပ်ကြီးထဲ အညှာအတာကင်းစွာဖြင့် လွှဲယမ်းသတ်ဖြတ်နေ၏ ။ သူတို့ကိုကြည့်ရတာ လူသတ်ပြိုင်ပွဲကျင်းပနေသလိုတောင် ထင်ရသည်။

ဓားကြီးဂိုဏ်းကလူတွေသတ်နေတဲ့ လူအုပ်ကြီးက လူတောင်းနိုင်ငံရဲ့တောင်ဘက်အစွန်ဆုံးမှာနေထိုင်ကြတဲ့ မျိုးနွယ်စုတခုဖြစ်ဟန်တူသည်။ ဓားကြီးဂိုဏ်းသားတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ လူတွေကိညသတ်ဖြတ်နေတာကြည့်ရင်း ရှောင်လုံမျက်လုံးထဲကနေ အေးစက်စက်အလင်းတန်းတွေထွက်ပေါ်လာလေသည်။

အဲ့နောက်မျက်စိတမှိတ်အတွင်းမှာပဲ ရှောင်လုံကသူရှိနေတဲ့နေရာကနေ ပျောက်ကွယ်သွားကာ လူတွေကို ပျော်ရွှင်စွာညှင်းပန်းနှိပ်စက်နေတဲ့ ဓားကြီးဂိုဏ်းသားတယောက်ဘေးသို့ရောက်ရှိသွားသည်။
အဲ့ဒီဓားကြီးဂိုဏ်းသားက ကိုယ်ဘန်ဆောင်အမျိုးသမီးကို သတ်ဖြတ်ဖို့ကြံစည်နေတာပဲ ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးကလဲ သ့ကိုချိတ်ရွယ်ပြီးခုတ်ပိုင်းလိုက်တဲ့ ဓားကြီးဂိုဏ်းသားရဲ့လက်ထဲက သွေးစွန်နေသောဓားရှည်ကိုကြည့်ရင်း သူမမျက်လုံးတွေကိုကြောက်လန့်တကြားစုံမှိတ်လိုက်ကာ ကယ်ရာကယ်ရာမဲ့သလို အော်ဟစ်ငိုကြွေးလိုက်သည်။

ဒါပေမယ့် ကြောက်လန့်တကြားအော်ဟစ်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက သူရှေ့မှာရပ်နေတဲ့ ဓားကြ်ိးဂိုဏ်းသားရဲ့ နာကျင်စွာအော်ဟစ်သံကိုကြားလိုက်ရသည်။ သူမက အံသြတကြီးမျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်တော့ သူရှေ့က ဓားကြ်ိးဂိုဏ်းသားက နှစ်ပိုင်းပြတ်ပြီး မြေကြီးပေါ်လဲကျသေဆုံးနေတာကိုမြင်တွေ့လိုက်ရလေသည်။ သူမရှေ့မှာ ရပ်နေတဲ့သူကိုကြည့်လိုက်တော့ အသက်၁၆ နှစ့အရွယ် လူငယ်လေးတယောက်ဖြစ်နေတာကို အံအားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။

ပျော်ရွှင်စွာလူသတ်ပွဲကြီးကျင်းပနေကြတဲ့ ဓားကြီးဂိုဏ်းသားတွေလဲ သူ့တို့လူရဲ့ နာကျင်စွာဖြင့်အော်ဟစ်သံကိုကြားလိုက်ကြတော့ သူတို့သတ်ဖြတ်ခုတ်ထစ်နေတာတွေကို ခနရပ်ဆိုင်းလိုက်ကာ အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

"...ဟေ့ကောင်... မင်းအသက်မရှင်ချင်တော့ဘူးလား..? မင်းကငါတို့ဓားကြီးဂိုဏ်းရဲ့ အရေယကိုဝင်ရှုပ်ရဲရုံမက ငါတို့ဓားကြီးဂိုဏ်းသားတယောက်ကိုပါသတ်ရဲတယ်ပေါ့လေ ဟူတ်လား... ?"
မျက်နှာစုတ်ချွန်းချွန်းနဲ့ ဓားကြီးဂိုဏ်းသားတယောက်က ရှောင်လုံတကိုယ်လုံးထွင်းဖောက်သွားမတတ် ခပ်စိန်းစိန်း စိုက်ကြည့်ကာ ပြောလိုက်သည်။

မျက်နှာစုတ်ချွန်းချွန်းနဲ့ ဓားကြ်ိးဂိုဏ်းသား ပြောပြီးလို့သိပ်မကြာခင်လေးမှာပဲ သူ့အနောက်ဘက်က နောက်ထပ်ဓားကြ်ိးဂိုဏ်းသားတယောက်က တုန်ယင်နေတဲ့ အသံဖြင့်ရေရွတ်လိုက်လေသည်
"... စီ..စီနီယာ ကျူး....  သူ..သူ...သူက ဟောင်...ဟောင်ရှောင်လုံပဲ.. !"

သူနောက်က ဓားကြ်ိးဂိုဏ်းသားရဲ့အသံက်ုကြားတော့ စီနီယာကျူးက
သူတကယ်ဆိုလိုချင်တဲ့အဓိပ္ပါယ်ကို နားမလည်နိုင်ပဲ ဖြစ်သွားကာ
"... ဘာနဂါးလဲ နဂါးဝါတွေ နဂါနီးတွေ ငါစောက်ဂရုမစိုက်ဘူး...
(ရှောင်လုံ ဆိုတာက တရုတ်လို little dragon နဂါးလေးလို့ အဓိပ္ပါယ်ရပါတယ်.. )
သူကဘာနဂါးလဲ....!"
သူကပြောနေရင်းတန်းလန်းနဲ့ ရပ်တန့်သွားကာ မျက်လုံးတွေပြူးကျယ်လာပြီး သူနောက်ကလူဆိုလိုချင်တဲ့ ရှောင်လုံဆိုတာ နဂါးကိုဆိုလိုချင်တာမဟူတ်ဘဲ လူဟောင်ရှောင်လုံကို ဆိုလိုတယ်ဆိုတာကို သဘောပေါက်သွားလေသည်။ သူသဘောပေါက်သွားတာနဲ့ တကိုယ်လုံးအားမရှိတော့သလို ခြေတွေလက်တွေပျော့ခွေသွားမတတ် ကြောက်လန့်တုန်လှုပ်သွားသည်။

"....ဟောင်...ဟောင်ရှောင်လုံ ဟူတ်လား... !"
"...မင်းဆိုလိုချင်တာက... ဟောင်ရှောင်လုံတိုတဲ့ လူကိုဆိုလိုချင်တာလား...?"
"...သူ..သူ့နာမယ်ကငါတို့ဂိုဏ်ချုပ်သတိပေးထားတဲ့ ဟောင်ရှောင်လုံလား....?"

တခြားဓားကြီးဂိုဏ်းသားတွေကပါ အံသြတကြီးရေရွတ်လိုက်ကာ ကြောက်လန့်တကြားဖြင့်ရှောင်လုံနဲ့ ဝေးရာဆီသို့ အလျင်အမြန်ဆုတ်ခွာ်လိုက်ကြသည်။

ညဏ်အလင်းရရေကန်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ပြီးဆုံးသွားကတည်းက ဓားကြ်ီးဂိုဏ်းသားတွေရင်ထဲမှာ ရှောင်လုံကို လူသတ်နတ်ဘုရားတဦးသဖွယ် ကြောက်လန့်နေကြတာပဲ ဖြစ်သည်။
သူတို့စိတ်ထဲမှာ ရှောင်လုံနဲ့ရင်ဆိုင်မတွေ့ချင်ထဲက ထွက်ပြေးဖို့ သံဓိဋ္ဌာန် ချထားကြတာပဲ ဖြစ်သည်။

"...ပြေးကြဟေ့.... ပြေးကြဟ..."

ရုတ်တရက်ဓားကြိးဂိုဏ်းသားတွေက ရွာထဲကိုဂေါ်ဇီလာ ဝင်လာသလိုမျိုး ကြောက်လန့်တကြားဖြင့် ဦးတည်ရာမဲ့ထွက်ပြေးကြတော့သည်
😁

ကုလားသိုက်ကျားဝင်ကိုက်သလို ကြောက်လန့်တကြားထွက်ပြေးနေကြတဲ့ ဓားကြီးဂိုဏ်းသားတွေကိုကြည့်ရင်း ရှောင်လုံက မျက်နှာမှာ လှောင်ပြုံးတခုပေါ်ထွက်လာသည်။ သူ့လက်ထဲက နတ်ဓားနှစ်လက်ကိုလွှဲယမ်းလိုက်တော့ လေပြင်းမုန်တိုင်းနှစ်ခုထွက်ပေါ်လာကာ
ထွက်ပြေးနေတဲ့ ဓားကြီးဂိုဏ်သားတွေ လေပွေမုန်တိုင်းနှစ်ခုက လျင်မြန်စွာ ဝါးမြိုသွားလေသည်။

ရှောင်လုံပုခုံးထက်က ခရမ်းရောက်မျောက်လေးကလဲ ပွဲကြည့်ပရိတ်သတ်လုပ်မနေပဲ ရှောင်လုံနဲ့အတူ ဓားကြ်ိးဂိုဏ်းသားတွေ အမျိုးဖြုတ်ပွဲကို  သူပါဝင်ရောက်ဆင်နွဲလိုက်သည်။ သူလက်သည်းလေးနှစ်ဖက်ကလဲ ဓားကြီးဂိုဏ်းသားအတော်များများရဲ့ ဇိဝိတ်ကိုချွေပလိုက်နိုင်သည်။

အသက်သုံးခါရှုသွင်းရှုထုတ်ရုံလောက်ကြတော့ ဓားကြီးဂိုဏ်းသားတွေအကုန်လုံးမြေကြီးပေါ်လဲကျသေဆုံးကုန်လေသည်။ ရှောင်လုံက သေဆုံးနေတဲ့ ဓားကြီးဂိုဏ်းသားတွေကိုကြည့်ရင်း သူ့မျက်နှာထားက အလွန်တရာအေးစက်မာကျောနေ၏ ။

အဲ့အချိန်မှာပဲ မျိုးနွယ်စုထဲမှာ အသက်ရှင်ကျန်ရှိခဲ့ကြတဲ့ လူတွေက ရှောင်လုံကိုဒူးထောက်အရိုအသေပေးရင်း ကျေးဇူးတင်စကားလာပြောကြသည်။ ရှောင်လုံက ဓားကြီးဂိုဏ်းသားတွေ သူတို့ကိုဘာလို့ အမဲလိုက်နေသလိူမျိုးသတ်ဖြတ်နေတာလဲဆိုတာကို မေးမြန်ရင်း အကုန်လုံးကိုမတ်တပ်ရပ်ခိုင်းလိုက်လေသည်။

မျက်နှာမှာ အရေးအကြောင်းတွေအပြည့်နဲ့ အသက်ရှစ်ဆယ်နီးပါး အဖိုးအိုက မျက်နှာတွေစီးကျရင်း နာကျင်စွာဖြင့် ရှောင်လုံ အမေးစကားကိုပြန်ဖြေလိုက်၏
".. ကျွန်တော်တို့ ဒီနေရာက ဓားကြီးဂိုဏ်းဋ္ဌာနချုပ်နဲ့ အတော်ကိုနီးစပ်ပါတယ်...  ဓားကြီးဂိုဏ်းသားတွေက လေဝံပုလွေလို့ခေါ်တဲ့ မိစ္ဆာသားရဲကြီးတွေကို ဒီနေရာနားမှာ လာရောက်အမဲလိုက်လေ့ရှိကြပါတယ်...  သူတို့ သိုင်းကျင့်စဉ်ကျင့်လေ့ကျင့်တဲ့့နေရာမှာ လေဝံပုလွေရဲ့ အမြူတေကိုလိုအပ်တယ်လို့တော့ ကျွန်တော်ကြားဘူးပါတယ်...
သူတိုက လေဝံပုလွေသားရကြီးတွေကို ဒိနေရာမှာ အမဲလာလိုက်တိုင်း ကျွန်တော်တို့ရွာတွေမှာ ခနရပ်နားကာ ကျွန်တော်တို့ရွာကလူတွေကိုလဲ အပျော်သလိုမျိုးဖြင့် သတ်ဖြတ်လေ့ရှိပါတယ်... "

"... သူတို့က လူတွေကို ဘယ်သူကပိုပြီး များများနဲ့ မြန်မြန်သတ်နိုင်လဲဆိုတာကိုတောင် ပြိုင်ပွဲကျင်းပကြပါသေးတယ်.. "
လူအုပ်ကြီးထဲက လူငယ်တယောက်က ကြိတ်မနိုင်ခဲမရလေသံဖြင့် နားကျည်းစွာဝင်ပြောလိုက်သည်။

"... ဒါဆိုရင် တောက်ဘက်တောင်ကြားစစ်တပ်ကရော ဒီကိစ္စကိုမသိကြဘူးလား..?"
ရှောင်လုံက အလေးအနက်မေးမြန်လိုက်သည်။
"...တောင်ဘက်တောင်ကြားစစ်တပ်... ?"
အသက်ရှစ်ဆယ်နီးပါး အဖိုးအိုကပဲ ထပ်ပြောလိုက်သည်
"... တောင်ဘက်တောင်ကြားစစ်တပ် အုပ်ချုပ်သူရဲ့ အကြ်ိးဆုံးသားကလဲ ဓားကြီးဂိုဏ်းဝင်တယောက်ပါ...  ကျွန်တော်တို့ရွာလူကြီးက
အခုလိုမျိုး ဓားကြီးဂိုဏ်းသားတွေကျွန်တော်တို့ရွာထဲဝင်ရောက်သောင်းကန်းနေတာကို တောင်ဘက်တောင်ကြားစစ်တပ် အုပ်ချုပ်တဲ့သူဆီကိုသွားရောက်သတင်းပို့တိုင်ကြားခဲ့ပါတယ်... သူကစားပွဲခုံကို မှောက်ပစ်ပြ်ီး နှစ်နိုင်ငံငြိမ်းချမ်းရေးပျက်စီးအောင် ကျွန်တော်တို့ကလုပ်တယ်ဆိုပြီတောင် ပြန်စွပ်စွဲပါသေးတယ်...  အဲ့ဒါအပြင်ကို ကျွန်တ်ာတို့လူရွာကြ်ိးရဲ့ ခြေထောက်တဖက်ကိုပါအပြစ်ပေးတဲ့အနေနဲ့ ဖြတ်ပစ်ခဲ့ပါတယ်....  နောက်တခါ အခုလိုမျိုး မဟုတ်ကဟုတ်က လာတိုင်ကြားရင် ရွာလူကြီးရဲ့နောက်ထပ်ကျန်တဲ့ ခြေထောက်တဖက်ကိုဖြတ်ပစ်မယ့်အပြင်  ကျွန်တော်ရွာကလူတွေကိုပါ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့လဲ သတိပေးလိုက်ပါတယ်.... "

အားလုံးက တောင်ဘက်တောင်ကြားစစ်တပ်အုပ်ချုပ်သူနေတဲ့နေရာကို အငြိုးတကြီးစိုက်ကြည့်ရင်း သူတို့ကိုယ်တိုင်လဲ တောင်ဘက်တောင်ကြာူအုပ်ချုပ်သူက ဓားကြ်ိးဂိုဏ်းရဲ့ လက်အောက်ငယ်သားတယောက်ဖြစ်နေပြီဆိုတာကို မသိပဲနေပါ့မလား... ?

"...တောင်ဘက်တောင်ကြားစစပ်တပ်အုပ်ချုပ်.... တောင်ဘက်တောင်ကြားစစ်တပ်အုပ်ချုပ်သူ.... "
ရှောင်လုံပါစပ်ကနေ အဲ့လူနာမယ်ကို ထပ်ခါထပ်ခါရေရွတ်ရင်း သူမျက်လုံးတွေက လူသတ်ချင်စိတ်ဖြင့် အေးစက်သောအငွေ့အသက်တွေ ထွက်ပေါ်နေလေသည်။

"... သခင်လေး တောင်ဘက်တောင်ကြားစစ်တပ်အုပ်ချုပ်သူက လူတောင်းနန်းတွင်းမြို့ကမှုးမတ်တယောက်ဖြစ်တဲ့ ဝေဘီ ရဲ့ ညီလေးဆိုတာကျွန်တော်တို့ ကြားဘူးပါတယ်..."
အဖိုးအိုကပဲ ထပ်ပြောလိုက်သည်။

"... သူတို့ကအရမ်းကို အင်းအားကြီးမားကြပါတယ်လေ...  သခင်လေးအနေနဲ့ ဒီကိစ္စကို ဒီနေရာမှာပဲ ရပ်လိုက်ပါ... ထပ်ဝင်မပါပါနဲ့တော့...  အဲ့ဒါမှမဟုတ်ရင် ကျွန်တော်တို့ကြောင့် သခင်လေးရော သခင်လေးမိသားစုပါ ဒုက္ခရောက်ကြပါလိမ့်မယ်... "

  အသက်ရှစ်ဆယ်အဖိုးအိုက သူ့အတွက်စိုးရိမ်လို့ သတိပေးတယ်တိုတာကို ရှောင်လုံ နားလည်လိုက်သည်။ အဖိုးအိုရဲ့ ရင်ထဲက ကြင်နာမှုကိုလဲ သူမြင်တွေ့လိုက်ရ၏  ။ ဒါကြောင်မို့ သူက ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြလိုက်ကာ
"... ဟုတ်ကဲ့.. ကျွန်တော်နားလည်ပါပြီ... "
         

Continue Reading

You'll Also Like

21K 441 42
What If Chloe lukasiak has a twin sister who is the favorite?
Re:Cursed By

Adventure

42.5K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
41.1K 2K 74
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
535K 18.2K 77
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...