ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

121 - 125

336 28 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၂၁ .... အမဲလိုက်ခြင်း

   အစိမ်းရောင်ကျွဲစပါးကြီးမြွေကို တချက်ထဲနဲ့ ဒဏ်ရာရရှိသွားအောင်
လုပ်သွားနိုင်တဲ့သူကိုကြည့်ရင်း ရေကန်ပတ်ဝန်းကျင်က အစွမ်းထက်သိုင်းပညာရှင်တွေအကုန်လုံး အံသြမင်သက်ကုန်ကြသည်။
အံသြမင်သက်နေတဲ့လူတွေကြားထဲမှာ ယုဝေနိုင်ငံရဲ့ ဘုရင်မင်းမြတ်
ဖြစ်သလို အစွမ်းထက်သိုင်းသမားတယောက်ဖြစ်တဲ့ ဖန်ရှီလဲတယာက်အပါအဝင်ဖြစ်သည်။

"....ဒါ ဒုတိယမင်းသားလေးပဲ... !"

".. ဒါ.. ဒေါင်ရမ်းအင်ပါရာနိုင်ငံက ဒုတိယမင်းသားလေး
   ဒေါင်ဝူဟန်ပဲ.... "

ယုဝေနိုင်ငံရဲ့ ဝန်ကြီးတွေကြားထဲက တယောက်ဆီမှ အံအားသင့်စွာဖြင့် အာမေထိတ်သံထွက်ပေါ်လာလေသည်။

"..ဒေါင်ဝူဟန်... !"
ရှောင်လုံက ဒေါင်ရမ်းအင်ပါရာနိုင်ငံရဲ့ ဒုတိယမင်းသားဆိုတဲ့အသံကိုကြားတော့ ရေမျက်နှာပြင်ပေါ်ကနေ အစိမ်းရောင်သားရဲကြီးကို တိုက်လိုက်နေသော လူကိုလှမ်းကြည့်လိုက်သည်။ ဒါတကယ်ပဲ
ကောင်းကင်အဆင့်၉ သိုင်းသမား... ဒေါင်ဝူဟန်လား... ?
သူပုံစံက အသက်သုံးဆယ်အရွယ်လောက်ပဲ ရှိသေးပြီး ဓားတချောင်း
ဖြင့် ဖန်တီးတည်ဆောက်ထားသလိုမျိုး သူ့ကိုကြည့်ရတာ ချွန်ထက်စူးရှနေလေသည်။ ဒါအပြင် သူ့ခန္ဓာကိုယ်ပတ်ဝန်းကျင်ကနေ
မမြင်နိုင်တဲ့ အေးစက်စက် အငွေ့အသက်တွေ့ထွက်ပေါ်နေလေသည်။

ဒေါင်ဝူဟန်ကတော့ သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါတွေကို တကယ်ထုတ်ဖော်ထားတာမဟုတ်ပေ.. ။ ဒါပေမယ့် သူနဲ့ မီတာတထောင်အကွာအဝေးလောက်မှာ ရပ်နေတဲ့ ရှောင်လုံအနေနဲ့ကတော့ ဒေါင်ဝူဟန်ကိုယ်က ထွက်ပေါ်လာနေတဲ့ ဖိအားတွေကို ခံစားမိနေသည်။ အဲ့ဒီဖိအားတွေက အရှိန်အဟုန်တခုနဲ့အတူ ကောင်းကင်ကြီးကို အပေါက်ကြီးတပေါက်ဖြစ်သွားနိုင်သည်အထိ ပြင်းထန်စူးရှလေသည်။

ဒေါင်ဝူဟန်ကို ကြည့်ရတာက အရမ်းကိုအစွမ်းထက်လှသော ရတနာဓားတချောင်း ကသူ့ဓားအိမ်ထဲကနေ အချိန်မရွေးထွက်ပေါ်လာနိုင်သလိုမျိုး ဖြစ်နေကာ အရမ်းကိုမှ ကြောက်လန့်တုန်လှုပ်စရာ ခံစားမှုမျိုး ခံစားမိစေသည်။

အံသြတုန်လှုပ်နေကြသော လူအုပ်ကြိးအရှေ့မှာပဲ ဒေါင်ဝူဟန်က လေထဲမှာ ဝဲပျံရင်းနဲ့ သူ့လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရေကန်
အောက်ခြေနားက အစိမ်းရောင်ကျွဲစပါးကြီးမြွေကြီးကိုကြည့်ရင်း
မာန်ပါပါဖြင့် အော်မေးလိုက်လေသည်။
"... နတ်ဆိုးသားရဲ...  ငါမင်းကိုရွေးချယ်စရာ အခွင့်အရေးနှစ်ခုပေးမယ်...   ငါရဲ့ စီးတော်ယာဉ်သားရဲ လုပ်မလား...  မင်းငါ့လက်ထဲမှာပဲ
သေမလား မင်းကြိုက်တာရွေး.... !"

အစိမ်းရောင်ကျွဲစပါးကြီးမြွေကြီးက ဒေါင်ဝူဟန်ကို သူ့မျက်လုံးဖြင့် ဒေါသတကြီး စိုက်ကြည့်ကာ လူစကားနဲ့ပဲ ပြန်ပြောလိုက်သည်
"... မင်းရဲ့ စီးတော်ယာဉ် လုပ်ပေးရမယ်ဟုတ်လား....  ?
သောက်လူသား.... မင်းစိတ်ကူးယဉ်နေတာတွေ အခုရပ်လိုက်... "
အဲ့နောက် သူ့ရဲ့ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ညဏ်အလင်းရရေကန်ထဲကနေ လေထဲကိုဝဲပျံလာသည်။

အစိမ်းရောင်ကျွဲ သားရဲကြီး ဝမ်းဗိုက်အောက်နားမှာရှိတဲ့ လက်သည်းနှစ်ဖက်ကတင် တောင်ကုန်းငယ်လေးနှစ်ခုစာလောက်ကြီးမားလေသည်။ သူ့ရဲ့ ခန္ဓာကိုယ်ကြီးဆို ဘယ်လောက်အထိ ကြီးမလဲဆိုတာ
ခန့်မှန်းကြည့်ရုံနဲ့တင်သိနိုင်လေသည်။

အစိမ်းရောင်ကျွဲ သားရဲကြီး လေထဲကိုဝဲပျံလိုက်သောအခါ ရေကန်ထဲက ရေတွေကလေမုန်တိုင်းကြီးတခုလို ပြင်းပြင်းထန်ထန်လည်ပတ်ရင်း စုပ်ဝဲကြီးတခု ရေကန်ထဲမှာ ဖြစ်ပေါ်လာသည်။ စုပ်ဝဲကြီးက သားရဲကြီးရဲ့ ခန္ဓာကိုယ်ပတ်ချာလည်မှာ လည်ပတ်နေ၏ ။ အစိမ်းရောင်ကျွဲစပါးကြီးမြွေသားရဲကြီး ရေထဲကနေ လေထဲကို ပျံတက်လာကတည်းက ရေတွေကသူ့ကိုယ်ပတ်ချာလည်မှာ အလွှာတခုလိုမျိုး ရစ်ပတ်နေတာကို ရှောင်လုံတယောက် သတိထားမိလိုက်သည်။ အဲ့ဒီရေတွေကို အစိမ်းရောင်ကျွဲ သားရဲကြီးက စုပ်ယူလိုက်လေသည်။

ရေတွေကို ထပ်ခါထပ်ခါ စုပ်ယူရင်း အစိမ်းရောင် ကျွဲသားရဲကြီးရဲ့
ကိုယ်အရေပြားပေါ်မှာ မှာ ရေတွေက ရေချပ်ဝတ်တန်ဆာ တခုသဖွယ်ပေါ်ပေါက်လာ၏ ။ တချိန်ထဲလိုလိုမှာပဲ ဒေါင်ဝူဟန်ကြောင့်ရခဲ့တဲ့
သူ့ဝမ်းဗိုက်နေရာက ဒဏ်ရာကြီးက အားလုံးရဲ့ မျက်စိရှေ့မှာတင်
လျင်မြန်စွာ ပြန်လည်သက်သာသွားသည်။

အစိမ်းရောင်ကျွဲသားရဲကြီးက သူ့ကြောင့်ရရှိသွားတဲ့ ဒဏ်ရာကိုလျင်မြန်စွာ ပြန်လည်ကုစားနိုင်တာကိုမြင်ပေမယ့် ဒေါင်ဝူဟန်မျက်နှာထားကတော့ အဲ့ဒီအချက်ကို သိပ်ပြီးဂရုမစိုက်တဲ့ ပုံပေါ်လေသည်။

သူ့ဝမ်းဗိုက်အောက်ဗိုက်ခြေနားက ဒဏ်ရာပြန်လည်သက်သာလာတာနဲ့ အစိမ်းရောင်ကျွဲသားရဲကြီးက မိုးချိန်းသံလိုမျိုးကျယ်လောင်တဲ့ အသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်
"... တောင်ကိုပြိုလဲ ..ပင်လယ်ကိုမှောက်လှန်... "
အစိမ်းရောင်ကျွဲသားရဲကြီးအော်သံဆုံးတာနဲ့ ညဏ်အလင်းရရေကန်ထဲကရေတွေက ကောင်းကင်ယံသို့ ထောင်တက်လာကာ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေသဖွယ်ဖြစ်ပေါ်လာပြီး ဒေါင်ဝူဟန်ရှိရာဆီကို တဟုန်ထိုး သွားလေသည်။

လှိုင်းလုံးကြီးတွေက ဒေါင်ဝူဟန်ရှိရာဆီကို ဦးတည်နေရင်း တလက်မလောက်အလိုကိုလဲရောက်ရော ဓားတချောင်ကဲ့သို့ ချွန်မြနေသော သွား ပုံသဏ္ဍာန်ကိုပြောင်းလဲသွား၏ ။ အဲ့ဒီချွန်မြတဲ့ သွားလှိုင်းလုံးကြီးတွေက ဒေါင်ဝူဟန်ကို ထိတော့မယ်အချိန်မှာပဲ ဒေါင်ဝူဟန်က သူလက်ကိုရုတ်တရက်ပင့်မြှောက်လိုက်ကာ အရှေ့သို့ ညင်သာစွာ ဆန့်ထုတ်လိုက်လေသည်။ သူလက်ကို အရှေ့သို့ ညင်သာစွာဆန့်ထုတ်လိုက်တယ်ဆိုရင်ပဲ ဓားကဲ့သို့ချွန်ထက်နေတဲ့ သွားပုံသဏ္ဍာန်
လှိုင်းလုံးကြီးတွေက ရေမှုန်ရေစက်အများအဖြစ်သို့ အစိတ်စိတ်အမွာမွာ ပြိုကွဲသွားကာ ရေကန်အသွင်းသို့ ပြန်ကျသွားလေသည်။

ဒေါင်ဝူဟန်ရဲ့ ဘာမဟူတ်သလို ဆန့်ထုတ်လိုက်တဲ့ လက်ဝါးတချက်က သူ့ရဲ့ အင်းအားကြီးမားပြင်ထန်လှသော တိုက်ခိုက်မှုကို အလွယ်တကူချေဖျက်နိုင်သွားတာကိုမြင်တော့ အစိမ်းရောင်ကျွဲ စပါးကြီးမြွေ သားရဲကြီးက အရမ်းကိုတုန်လှုပ်သွားသည်။ အဲ့နောက်သားရဲကြီးက လေထဲမှာ ဝဲပျံနေရင်းနဲ့ပဲ သူ့ရဲ့ကြီးမားလှတဲ့လက်သည်းနှစ်ဖက်ဖြင့် ဒေါင်ဝူဟန်ကို ဖိထောင်းချလိုက်သည်။ လက်သည်းနှစ်ဖက်ကနေ ထွက်ပေါ်လာတဲ့ အင်းအားကြီးမားလှသော ဖိအားတွေက ရေကန်ပတ်ဝန်ကျင်မှာရှိနေသော ကျောက်ဆောင် ကျောက်တုံးကြိးတွေက်ု သွားရောက်ထိခတ်ကာ ကျောက်တုံးကြီးက ကျောက်မှုန့်လေးတွေ
အဖြစ်သို့ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။

အစိမ်းရောင်ကျွဲသားရဲကြီးရဲ့ လက်သည်းကြီးက လေချွန်သံပေးကာ လေဟာနယ်ကိုထွင်းဖောက်ပြီး သူ့ဆီကိုရောက်ရှိလာတာကိုကြည့်ရင်း ဒေါင်ဝူဟန်က သူ့လက်ကိုခပ်တင်းတင်းဆုပ်လိုက်ကာ သူ့ဆီရောက်ရှိလာတဲ့ လက်သည်းဆီကို ပန်လည်တိုက်ခိုက်လိုက်လေသည်။

"....ဘုန်း... "
လက်သီးချက်ကနေ ထွက်ပေါ်လာတဲ့ ပြင်ထန်းလွန်းသော အင်းအားကြောင့် လေထဲမှာပေါက်ကွဲသံထွက်ပေါ်လာလေသည်။
အစိမ်းရောင်ကျွဲသားရဲကြီးရဲ့ ကြီးမားလှသောကိုယ်ခန္ဓာကြီးက
ဒေါင်ဝူဟန်ရဲ့ အင်းအားပြင်ထန်လွန်းလှသော လက်သီးချက်ကြောင့်
အဝေးသို့လွင့်စင်သွားကာ ခပ်လှမ်းလှမ်မှာရှိနေတဲ့ တောင်ကြီးတတောင်ကိုသွားရောက်တိုက်မိလေသည်။ အစိမ်းရောင်ကျွဲသားရဲကြီးနဲ့ ထိခိုက်မှုကြောင့် တောင်ကြီးက ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားကာ ကျောက်တုံးကျောက်ခဲတွေ တောင်ပေါ်ကနေပြိုကျလာသည်။

ဒေါင်ဝူစန်က ဖျက်ကနဲဆိုသလို အစိမ်းရောင်ကျွဲသားရဲကြီးဘေးသို့ရောက်ရှိလာကာ သူ့လက်ဝါးကို ဓားတချောင်ကဲ့သို့ သားရဲကြီးရဲ့ ခန္ဓာကိုယ်ရှိရာသို့ ခုတ်ပိုင်းလိုက်၏ ။
အစိမ်းရောင်ကျွဲသားရဲကြီးရဲ့ လည်ချောင်းထဲကနေ နာနာကျင်ကျင်အော်ဟစ်သံကြီး ကျယ်လောင်စွာလာပြီး သိပ်မကြာခင်မှာပဲ အသံကတိမ်ဝင်ပျောက်ကွယ်သွားလသည်။ ။ သူ့ကိုယ်ခန္ဓာကနေ ပန်းထွက်လာတဲ့သွေးတွေကလဲ မီတာသုံးရာအမြင်လောက်ထိကိုရောက်ရှိသွားကာ ညဏ်အလင်းရရေကန်နဲ့ အနီးပတ်ဝန်းကျင်က တောင်ထိပ်တွေအကုန်လုံး သွေးတွေဖြင့် ချင်းချင်းနီရဲသွားတော့သည်။ သူ့ခန္ဓာကိုယ်ကြီးက ရေထဲကို ပြန်ပြုတ်ကျသွား၏ ။ သူ့ရဲ့ ခန္ဓာကိုယ်ပြန်ပြုတ်ကျလာတဲ့ အရှိန်ကြောင့် ညပ်အလင်းရေရေကန်ထဲက ရေတွေက လှိုင်းလုံးကြီးတွေသဖွယ် ထကြွသောင်းကျန်းလာကြသည်။

ပတ်ဝန်းကျင်တခုလုံး လုံးဝကိုတိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ဒေါင်ဝူဟန်တယောက် အစိမ်ရောင်ကျွဲစပါးကြီးမြွေသားရဲကြီးကို အလွယ်တကူ သတ်ဖြတ်နိုင်လိုက်တာကိုကြည့်ရင်း တခြားသိုင်းသမားတွေရဲ့ နှလုံးသားထဲမှာ ပြင်းပြက်းထန်ထန်ကို တုန်လှုပ်အံသြသွားကြသည်။
ဒါဟာ တကယ်ကို ကောင်းကင်အဆင့် သားရဲကြီးမဟုတ်လား.. ။
ကောင်းကင်အဆင့်သားရဲကြီးတကောင်က သူ့တို့မျက်လုံးရှေ့မှာ
အခုလိုမျိုးလွယ်လွယ်ကူကူလေးနဲ့ သေဆုံးသွားတာပါလား... ။
ကောင်းကင်အဆင့်သားရဲကြီးဆိုတာက သိုင်းသမားတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ တကယ့်ကို ကပ်ဆိုးတခုလို အရမ်းကိုကြောက်ရွံရတဲ့
သင်္ကေတတခုမဟုတ်လား ။

အစိမ်းရောင်ကျွဲစပါးကြီးမြွေသားရဲကြီးကိုသတ်ပြီးတဲ့နောက်မှာတော့
ဒေါင်ဝူဟန်ရဲ့လက်ကနေ စုပ်အားတခုဖြစ်ပေါ်လာကာ သားရဲကြီးရဲ့ဦးခေါင်းနေရာကနေ ထွက်ပေါ်လာတဲ့ တလက်လက်တောက်ပနေသော သားရဲအမြူတေက ဒေါင်ဝူဟန်လက်ထဲသိူ့ရောက်ရှိသွားလေသည်။ ကောင်းကင်အဆင့်သားရဲတကောင်ဆီက မိစ္ဆာဓတ်ချီစွမ်းအင်တွေက သိုင်းလေ့ကျင့်သူတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတ
နာတပါးပဲ ဖြစ်သည်။ မိစ္ဆာဓတ်ချီစွမ်းအားတွေကို အတွင်းအားအတင့်တက်ရာမှာအသုံးပြုနိုင်တဲ့ ဆေးဝါးတွေအဖြစ်ဖော်စပ်နိုင်သလို တခြားအသုံးဝင်တဲ့ နေရာတွေအများကြီးလဲရှိလေသည်။

သားရဲကြီးဆီက ဝိညဉ်အမြူတေကို သူ့ရဲ့ သိုလှောင်လက်စွမ်ထဲသို့ သိမ်ဆည်းပြီးတာနဲ့ ဒေါင်ဝူဟန်က ရုတ်တရက် ရေထဲသို့ဒိုင်ဗင်ထိုးချသွားလေသည်။ ဒေါင်ဝူဟန်ရေထဲကို ဒိုင်ဗင်ထိုးချလိုက်တာနဲ့ ညဏ်အလင်းရရေကန်ရဲ့ ရေမျက်နှာပြင်က ရေကန်ကြမ်းပြင်အထိမြင်နိုင်လောက်အောင် နှစ်ခြမ်းကွဲထွက်သွားလေသည်။

ဒေါင်ဝူဟန်ပုံရိပ်ပျောက်ကွယ်သွားတဲ့အချိန်ကျမှ ရေကန်မျက်နှာပြင်က အရင်လိုကြည်လင်တောက်ပနေသော မှန်ပုံစံပြန်ဖြစ်သွားသည်။
ပတ်ဝန်ကျင်က လူအုပ်ကြီးကလဲ ကိုယ်စီကိုယ်စီ အကြံထုတ်နေကြသည်။ ဒေါင်ဝူဟန်ရေကန်ထဲသို့ ဒိုင်ဗင်ထိုးဝင်သွားကာ အချိန်တော်တော်ကြာလာပေမယ့် ဘယ်သူတဦးတယောက်ကမှ ဒေါင်ဝူဟန်နောက် ပထမဆုံးစပြီး မလှုပ်ရှားရဲကြပေ.. ။

ဒေါင်ဝူဟန်ရဲ့ အစိမ်းရောင်ကျွဲသားရဲကြီးကို သတ်ဖြတ်လိုက်တဲ့ ဟန်ပန်အမူအရာက သူတို့တွေရဲ့ စိတ်ထဲကိုနက်နက်ရှိုင်းကှိုင်း ကြောက်လန့်သွားစေသည်။ ဒါကြောင်မို့ ဒေါင်ဝူဟန်အနောက်ကိုလိုက်ပြီး
ရတနာသွားရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်က ကိုယ်ဟာကိုယ်သေကြောင်း
ကြံတဲ့တခုကိစ္စတခုပဲ မဟုတ်လား.. ။

ထိပ်တန်းရတနာဆိုတဲ့လေဘက သူတိုိ့ုကို အလွန်အင်မတန်ရဲ့ ဆွဲဆောင်နေပေမယ့် လူတွေအကုန်လုံးက ကိုယ်အသက်ကိုယ်ကို တန်ဖိုးအထားဆုံးပဲ မဟုတ်လား.. ။

ဒါပေမယ့် ထိပ်တန်းရတနာရဲ့ ဆွဲဆောင်မှုကိုမလွန်ဆန်နိုင်နဲ့ လူတချို့ကတော့ ရှိနေဆဲပဲလေ.. ။ အဲ့နောက်မှာတော့ တစုံတယောက်က နောက်ဆုံးမနေနိုင်တော့ပဲ ညဏ်အလင်းရရေကန်အတွင်းသို့ ဒိုင်ဗင်ထိုးချလိုက်တော့သည်။ အဲ့နောက် ပထမပြီး ဒုတိယ ၊ ဒုတိယပြီး တတိယလူ စသဖြင့် ရေကန်ထဲသို့ ဒိုင်ဗင်ထိုးချတဲ့ လူဦးရေက တဖြည်းဖြည်းများပြားလာလေသည်။

အဲ့နောက် ထိပ်တန်းသိုင်းသမားတွေက သူ့တို့လူအင်အားကိုစုစည်းလိုက်ကျကာ ရေကန်အတွင်းဝင်ဖို့ ပြင်ဆင်လိုက်ကြသည် ။
လူတွေအများကြီး ရေကန်အတွင်း ဝင်ရောက်သွားတာကိုမြင်တော့
".... ဂိုဏ်းချုပ်... ကျွန်တော်သို့ရော... ?"
ဖေဟိုက ရှောင်လုံရဲ့ အကြံညဏ်ကိုတောင်ခံလိုက်၏ ။

ရှောင်လုံက တည်ကြည်တဲ့ မျက်နှာထားဖြင့် ဖေးဟိုကို ပြန်ဖြေလိုက်သည်
".. ကောင်ပြီးလေ...ငါတို့လဲသွားကြမယ်...  "
သူ့စကားဆုံးတာနဲ့ သူတို့နှစ်ယောက်လုံးလေထဲကိုခုန်ကာ ရေကန်အတွင်းသို့ ဒိုင်ဗင်ထိုးချလိုက်သည်။
သူတို့ရေထဲကိုရောက်လာပြီဆိုတာနဲ့   ရေခဲတမျှအေးစက်နေတဲ့ ရေကန်ထဲကရေတွေက သူတို့ကိုစောင့်ကြိုနေလေသည်။ ရှောင်လုံက အနဲငယ် သံသယဖြစ်သွား၏ ။
ညဏ်အလင်းရရေကန်ထဲက ရေထဲက ရေခဲကဲ့သို့အေးစက်နေပါလား...။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အခုက နွေရာသီကိုရောက်ရှိနေတာပဲ ဖြစ်သည်။ ဒါပေမယ့် ညဏ်အလင်းရရေကန်ထဲက ရေတွေကတော့ သွေးတွေအေးခဲသွားမတတ်ကို အေးစက်နေလေသည်။

ရေကန်အောက်ခြေနားကိုရောက်ရှိလာတော့ ညဏ်အလင်းရရေကန်က သူထင်တာထက်ပိုကြီးနေတယ်ဆိုတာကို ရှောင်လုံတယောက် သဘောပေါက်သွား၏ ။ ဒါရဲ့ အရွယ်အစားက ရေကန်နဲ့မတူပဲ ပင်လယ်အသေးစားလေးလောက်ကို ကျယ်ပြန့်တာပဲဖြစ်သည်။အရပ်လေးမျက်နှယလုံး ဘယ်ကိုကြည့်လိုက်ကြည့်လိုက် မဲမှောင်နေကာ ကမ်းခြေကိုလုံးဝမတွေ့မြင်ရပေ.. ။

ရှောင်လုံက ကောင်းကင်သိုင်းသမားအဆင့်သို့မရောက်သေးပေမယ့်
သူ့ရဲ့ကိုယ်တွင်းစွမ်းအင် နဲ့ အတွင်းအားချီတွေကို အားကိုးလိုက်မယ်ဆိုရင် ရေထဲမှာ အချိန်သုံးလေးနာရီလောက် ကြာအောင် နေထိုင်နိုင်လေသည်။ ရေကန်အောက်ခြေမှာ အချိန်အတော်ကြာအောင် သွားလာပြီးတဲ့နောက်မှာတော့ ရှောင်လုံက ဖေးဟိုကိုပြောလိုက်သည်
".. ငါတို့ လူခွဲပြီးရှာကြရအောင်...  တကယ်လို့ တစုံတရာဖြစ်ပေါ်လာပြီဆိုရင် မင်းဖေးအိမ်တော်ကို အရင်ပြန်သွားပြီး ငါ့ကိုအဲ့နေရာမှာပဲ စောင့်နေ.... ကြားလား... "

"...ဒါ...ဒါက... "
ဖေးဟိုက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားသည်။
".. ငါ့ရဲ့လုံခြုံရေကိုစိတ်ပူစရာမလိုပါဘူး... "
ရှောင်လုံက ဖေးဟိုစိတ်ပူနေတဲ့အချက်ကို သတိထားမိတာမို့ ဖေးဟိုကို ဖျောင်းဖြစကားဆိုလိုက်သည်
"... ငါဆုံးဖြတ်လိုက်ပြီ...  တကယ်လို့ အခြေအနေ ထူးခြားမှုတစုံတရာမရှိဘူးဆိုရင် ငါဖေးအိမ်တော်ကို သုံးရက်အတွင်းရောက်အောင်ပြန်လာခဲ့မယ်... ဟုတ်ပြီလား.. "

"...ကောင်းပါပြီ... ဂိုဏ်းချုပ်ရဲ့ အမိန့်တိုင်းပါ... "
ရှောင်လုံ စိတ်ဆုံးဖြတ်သွားပြီးတာကိုမြင်တော့ ဖေးဟိုကနောက်ထပ်အထွန့်မတက်ရဲတော့ပေ.. ။ ရှောင်လုံအမိန့်ကိုလေးလေးစားစားနာခံလိုက်ပြီး ဖေးဟိုက နောက်သို့လှည့်ကာ ရတနာကိုရှာဖွေဖို့
တခြားနေရာသို့ထွက်ခွာသွားတော့လေသည်။

ဖေးဟိုနဲ့ လမ်းခွဲလာပြီးတဲ့နောက်မှာ ရှောင်လုံက ရေကန်အောက်ခြေအတွင်း ဆက်လက်ပြီး လေ့လာစူးစမ်းနေ၏ ။ သူရေကန်အပြင်ဘက်
တောင်ထိပ်ပေါ်မှာ ရှိနေတုံးက ကောင်းကင်ရတနာကနေ ထွက်ပေါ်လာတဲ့ တောက်ပတဲ့ အလင်းတန်းကြီးကို သူ့မြင်တွေ့ခဲ့တယ်မဟူတ်လား.. ။ ဒါပေမယ့် ရေကန်အတွင်းမှာတော့ ဘာအလင်းရောင်မှမရှိတော့ပဲ မှောင်မဲတိတ်ဆိတ်နေသည်။

နာရီဝက်လောက်ကြာသွားသောအခါ...
ရှောင်လုံက ရေကန်အောက်ခြေမှာ ဆက်လက်ရှာဖွေနေစဉ်မှာပဲ လူတစုကရုတ်တရက် သူ့သွားမယ့်လမ်းကိုလာရောက်ပိတ်ဆို့ကြလေသည်။
ဓားကြီးဂိုဏ်းက လူတွေပါလား....!

ရှောင်လုံမျက်လုံးနှစ်ဖက်က ဓားကြီးဂိုဏ်းကလူတွေကိုကြည့်ရင်း
ကြောက်စရာကောင်းအောင် ကျဉ်းမြောင်းသွားကာ ရှောင်လုံက
ရုတ်တရပ် သူ့ဆက်သွားနေတာကို ရပ်တန့်လိုက်၏ ။
ဓားကြီးဂိုဏ်းက လူတွေကလဲ ရှောင်လုံရပ်သွားတာကို သတိပြုမိလိုက်ကြသည်။ ရှောင်လုံကို စိုက်ကြည့်ရင်း လင်ရှီယန်ရဲ့ မျက်လုံးထဲမှာ
ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တွေပေါ်ထွက်လာပြီး သူဆီကနေ မသတီစရာ ရယ်သံထွက်ပေါ်လာလေသည်
"... တကယ်ပဲ မင်းထွက်ပြေးနေပေမယ့် ငါတို့ကမင်းအရှေ့ကိုရောက်လာပြ်ိပဲ မဟူတ်လား...   ဓားကြီးဂိုဏ်းသားတွေ ငါ့အမိန့်နာခံကြစမ်း...  ဒီကောင်စုတ်လေးက သတ်နိုင်တဲ့သူဘယ်သူပဲ ဖြစ်စေ
ငါတို့ဂိုဏ်းရဲ့ ထိပ်တန်းအဆင့်ဆုကြေးကို ချီးမြှင့်မယ်.... "

ထိပ်တန်းအဆင့်ဆုကြေး.... !

"... ဟူတ်ကဲ့ပါ..  ဂိုဏ်းချုပ်ကြီး.... "
ဓားကြီးဂိုဏ်းက ဂိုဏ်းသားတွေနဲ့ အကြီးအကဲတွေက ပျော်ရွှင်စွာနဲ့ပဲ
ပြန်ဖြေလိုက်ကြသည်။ အဲ့နောက်ရေထဲမှာ အလျင်အမြန်ကူးခတ်လာကာပြီး ရှောင်လုံကို စတင်တိုက်လိုက်တော့သည်။

သူတို့ကိုကြည့်ရင်း ရှောင်လုံမျက်နှာထာယက မဲမှောင်သွား၏ ။
တောက်ပတဲ့ အနက်ရောင်အလင်းတန်းက သူကိုယ်ထဲကနေ ထွက်ပေါ်လာကာ မိစ္ဆာနတ်ဆိုးတောင်ပံနှစ်ဖက်က သူ့နောက်ကျောဘက်ကနေ ပေါ်ထွက်လာသည်။ ရှောင်လုံကသူ့ရဲ့ မိစ္ဆာအတောင်ပံကို တချက်ခတ်လိုက်တယ်ဆိုရင်ပဲ သူလက်ရှိနေရာကနေ မီတာတရာလောက်ကွာဝေးတဲ့ နေရာဆီသို့ရောက်ရှိသွားလေသည်။

"...ဒီ ခွေးစုတ်လေးကို မလွတ်သွားစေနဲ့.. !"
လင်ရှီယန်က ဒေါသတကြီးအော်ဟစ်အမိန့်ပေးလိုက်၏ ။ အဲ့နောက်သူကိုယ်တိုင်ကလဲ အလွန်တရာမှလျင်မြန်လှတဲ့ အမြန်နှုန်းဖြင့် ရှောင်လုံအနောက်သို့ တဟုန်ထိုးလိုက်တော့လေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုငိး ၁၂၂ ....ကောင်းကင်ရတနာရှာဖွေတွေ့ရြှိခင်း

     သူတို့ကိုကြည့်ရင်း ရှောင်လုံမျက်နှာထာယက မဲမှောင်သွား၏ ။
တောက်ပတဲ့ အနက်ရောင်အလင်းတန်းက သူကိုယ်ထဲကနေ ထွက်ပေါ်လာကာ မိစ္ဆာနတ်ဆိုးတောင်ပံနှစ်ဖက်က သူ့နောက်ကျောဘက်ကနေ ပေါ်ထွက်လာသည်။ ရှောင်လုံကသူ့ရဲ့ မိစ္ဆာအတောင်ပံကို တချက်ခတ်လိုက်တယ်ဆိုရင်ပဲ သူလက်ရှိနေရာကနေ မီတာတရာလောက်ကွာဝေးတဲ့ နေရာဆီသို့ရောက်ရှိသွားလေသည်။

"...ဒီ ခွေစုတ်လေးကို မလွတ်သွားစေနဲ့.. !"
လင်ရှီယန်က ဒေါသတကြီးအော်ဟစ်အမိန့်ပေးလိုက်၏ ။ အဲ့နောက်သူကိုယ်တိုင်ကလဲ အလွန်တရာမှလျင်မြန်လှတဲ့ အမြန်နှုန်းဖြင့် ရှောင်လုံအနောက်သို့ တဟုန်ထိုးလိုက်တော့လေသည်။
ရှောင်လုံက နတ်ဆိုးခန္ဓာကိုယ်အသွင်ပြောင်းခြင်းကို အသုံးပြုကာ
မိစ္ဆာတောင်ပံတွေစတင်လှုပ်ရှားပြီး သရဲအရိပ်ကိုယ်ဖော့သိုင်းကိုပါ
တပြိုင်နက်အသုံးပြုလိုက်မယ်ဆိုရင်တောင် မြေကြီးအဆင့်၁၀ အလယ်အဆင့်သိုင်းသမားရဲ့ အမြန်နှုန်းလောက်ပဲ လျင်မြန်နိုင်တာဖြစ်သည်။ ဒါကြောင့်မို့ အခုသူ့နောက်ကိုလိုက်နေတဲ့ လူတွေလက်ကနေ လွတ်အောင် ထွက်ပြေးဖို့ကတော့ မလွယ်ကူပေ.. ။

ဒါအပြင်လင်ရှီယန်ကလဲ ကောင်းကင်အဆင့်သိုင်းသမားဖြစ်ဖို့ ခြေတလှမ်းသာလိုတော့တဲ့ သူမဟူတ်လား.. ။ ဒါကြောင့်သိပ်မကြာခင်မှာပဲ လင်ရှီယန်က ရှောင်လုံကို အမှီလိုက်လာနိုင်လေသည်။
ရှောင်လုံနဲ့ ဆယ်မိတာလောက်အကွာကိုရောက်တော့ လင်ရှီယန်ရဲ့
မျက်လုံးထဲကနေ လူသတ်ချင်စိတ်တွေ ထိန်းမရသိမ်းမရထွက်ရှိလာ၏ ။ အဲ့နောက် သူလက်ထဲက ဓားရှည်ဖြင့် ရှောင်လုံကို လျင်မြန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

"....ခွေးစုတ်လေး... သေပေတော့... "
ဓားအရှည်ကနေ ထွက်ပေါ်လာတဲ့ ဓားအလင်းတန်းတွေက နဂါးတကောင်ပုံသဏ္ဍာန်ဖြစ်ပေါ်လာကာ ရှောင်လုံရဲ့ အနောက်ဘက်ကိုစတင်တိုက်ခိုက်လေသည်။ ဓားရှည်ကနေ ထွက်ပေါ်လာတဲ့ နဂါးကြီးက ရှောင်လုံနောက်ကျော်ကို ဆုတ်ဖြဲပသ်တော့မယ်အချိန်မှာပဲ ရှောင်လုံခန္ဓာကိုယ်က လင်ရှီယန်မျက်လုံးရှေ့ကနေ လုံးဝကိုပျောက်ကွယ်သွား၏ ။လင်ရှီယန်ရဲ့ ဓားချက်က လွဲချော်သွားကာ မီတာတရာလောက်အကွာအဝေးမှာရှိနေတဲ့ သန္တာကျောက်တန်းကြီးကို ထိမှန်သွားသည် ။ ရှောင်လုံကိုယ်စား ထိမှန်သွားတဲ့ သန္တာကျောက်တန်းကြီးရဲ့
လင်ရှီယန်ရဲ့ ဓားချက်ကြောင့် အစိတ်စိတ်မွှာမွှာ ဖြစ်သွား၏ ။

"...ဒီကောင်ပျောက်သွားပါလား.. ? ဘယ်လိုလုပ်ပြီးငါတို့ရှေ့ကနေ
ပျောက်ကွယ်သွားရတာလဲ... ?"
ခနလောက်အံသြမင်သက်သွားပြိးတဲ့နောက် လင်ရှီယန်ဆီကနေ ဒေါသတကြီးအော်ဟစ်သံထွက်ပေါ်လာသည်။ ရေအောက်ဘက်ကအသံ
လှိုင်းတွန့်တွေက အရမ်းကိုကြမ်းတမ်းပြင်းထန်နေပြီး လင်ရှီယန်က ရှောင်လုံပျောက်ကွယ်သွားတဲ့ အနီးပတ်ဝန်းကျင်ကို သွေးဆာနေတဲ့
မျက်လုံးဖြင့် စေ့စေ့စပ်စပ် အကဲခတ်လိုက်လေသည် ။ သူ့ကိုကြည့်ရတာ ဒဏ်ရရနေတဲ့ ကျားနာကြီးတကောင်နဲ့ တူနေသည်။

အဲ့အချိန်မှာပဲ ရှောင်လုံကိုလိုက်ဖမ်းဖို့ အနောက်ကနေ လိုက်ပါလာတဲ့ ဓားကြီးဂိုဏ်းကအကြီးအကဲတွေလဲ လင်ရှီယန်နားသို့ရောက်ရှိလာ
ကြသည်။
"... ဂိုဏ်ချုပ်....  ဟိုဟာခွေးစုတ်လေးထွက်ပြေးနေပြီ... "
ရုတ်တရက် ဓားကြီးဂိုဏ်းအကြီးအကဲတယောက်က အရှေ့သို့လက်ညှိုးထိုးပြလိုက်ရင်း အော်ဟစ်သတိပေးလိုက်သည်။ အကြီးအကဲ
အော်သံကြောင့် လင်ရှီယန်က သူ့အရှေ့ကို လျင်မြန်စွာ အကဲခတ်ကြည့်လိုက်တော့ ရှောင်လုံက သူတို့နဲ့ မီတာတထောင်လောက်ကွာဝေးတဲ့နေရာ ရောက်ရှိနေတာကို တွေ့လိုက်ရသည် ။

"... ခွေးကလေးရှောင်လုံ...  မင်းဘယ်ကိုပြေးမလဲကြည့်ကြသေးတာပေါ့... !"
လင်ရှီယန်က စူးရှစွာအော်ဟစ်ကာ ရေပြင်ကိုခွဲဖြတ်ရင်း ရှောင်လုံနောက်သို့ တလကြမ်းလိုက်ပြန်သည် ။ တခြားအကြီးအကဲတွေ ဂိုဏ်းသားတွေလဲ တုန့်ဆိုင်းချင်းမရှိပဲ ရှောင်လုံအနောက်ကို လိုက်ကြကာ ရှောင်လုံကို စတင်အမဲလိုက်ကြလေသည်။

တမိနစ်မပြည့်သေးခင်မှာပဲ လင်ရှီယန်က ရှောင်လုံနဲ့သူ့ကြားကွားခြားနေတဲ့ အကွာအဝေးကို တဝက်လောက်လျော့ချနိုင်လိုက်လေသည်။ သူနောက်ထပ်တကြိမ်တိုက်ခိုက်ဖို့ ပြင်ဆင်နေတုံးမှာပဲ ရှောင်လုံကသူ့ရှေ့ကနေ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် နောက်တကြိမ်ပျောက်ကွယ်သွားကာ လင်ရှိယန်အရှေ့ နောက်ထပ် မီတာတထောင်လောက် ကွာဝေးတဲ့နေရာတဲ့ သူနဂိုထွက်ပြေးလာတဲ့နေရာကို ပြန်လည်ရောက်ရှိနေလေသည်။ လင်ရှိယန်ကနောက်ကလိုက်ဖို့ကြိုးစားကာ ရှောင်လုံနားကိုရောက်တာနဲ့ ရှောင်လုံကပျောက်ကွယ်သွားပြီး သူနဂိုထွက်ပြေးလာတဲ့နေရာကို ပြန်လည်ရောက်ရှိနေတာက ထပ်ခါထပ်ခါ ဖြစ်နေပြီး သူတို့နှစ်ယောက်က စိန်ပြေးတမ်းကစားတာနဲ့ တူညီနေလေသည်။

လင်ရှီယန်လဲ ရှောင်လုံကြောင့် ဒေါသထွက်လွန်းလို့ ရူးသွပ်သွားမတတ်ဖြစ် အရမ်းကိုလဲ မောပန်းနေသည်။ တခြားရှောင်လုံကိုလိုက်ဖမ်းနေကြတဲ့ ဓားကြီးဂိုဏ်းသားတွေနဲ့ အကြီယအကဲတွေလဲ ရှောင်လုံကို
လိုက်ရတာ ပိုမို စိတ်ပျက်အားကုန်လာကြ၏ ။ တနာကီလောက် ရှောင်လုံကို မရပ်မနားလိုက်ဖမ်းပြီးတဲ့အခါမှာတော့ တော်တော်များများဂိုဏ်းသားတွေက အမောဆို့ပြီး လျှာထွက်နေပြီပဲ ဖြစ်သည်။ ရေထဲမှာ လှုပ်ရှားမှုကြောင့် ကုန်ဆုံးတဲ့ အတွင်းအားချီတွေက ကုန်းပေါ်ကထက် အဆပေါင်းများစွာ ပိုမိုကုန်ဆုံးတာပဲဖြစ်သည် ။

ရှောင်လုံက သီခြားအာကာသလေဟာနယ်ထဲမှာ ပုန်အောင်းရင်း
ဓားကြီးဂိုဏ်းသားတွေရဲ့ အခြေအနေကို တချိန်လုံးအကဲခတ်နေလေသည်။ အဲ့နောက်မှာတော့ နတ်ဓားနှစ်လက်က သူ့လက်ထဲကိုရောက်ရှိလာကာ ရှောင်လုံက ရုတ်တရက်သူပုန်းအောင်နေရာကနေ အပြင်ကိုထွက်လိုက်ပြီး အနားက ဓားကြီးဂိုဏ်းသားတယောက်ရဲ့ လည်ပင်းကိုလှီးလိုက်လေသည် ။

ရှောင်လုံရဲ့ချောင်းမြောင်း တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ဓားကြီးဂိုဏ်းသားက အခုမှ မြေကြီးအဆင့်၉ စဦးအဆင့်ကိုရောက်ရှိသေးတာပဲ ဖြစ်သည် ။ ပျောက်ကွယ်နေတဲ့ရှောင်လုံက သူ့အနီးနားမှာ ပုန်အောင်းနေကာ သူ့ကိုရုတ်တရက်တိုက်ခိုက်လာလိမ့်မယ်လို့ သူဘယ်တုံးကမှ မထင်ခဲ့ပေ.. ။ ခနတာလောက် သတိလက်လွတ်နေထိုင်မှုလေးကြောင့် သူ့အသက်ကိုပေးဆပ်လိုက်ရတာပဲ ဖြစ်သည် ။

ဓားကြီးဂိုဏ်းသားရဲ့ လည်ပင်းကနေ သွေးတွေထွက်လာကာ သူနားပတ်ဝန်းကျင်က ရေတွေအကုန်လုံးအနီရောင်ဖြစ်သွား၏ ။
"... ညီကိုး... "
ဓားကြီးဂိုဏ်းသားတချို့က အံသြထိတ်လန့်စွာဖြင့် သေဆုံးသွားသော ဂိုဏ်းသားရဲ့ အမှတ်စဉ်ကိုအော်ခေါ်လိုက်လေသည် ။ သူတို့စိတ်ထဲမှာ အရမ်းစိတ်လှုပ်ရှားဒေါသထွက်သွားကြပေမယ့် သူတို့ ကယ်ဆယ့်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာတော့ အရမ်းကိုနောက်ကျသွားပြီပဲ ဖြစ်သည် ။ သူတို့လှုပ်ရှားဖို့ကြိုးစားလိုက်တဲ့အချိန်မှာတော့ ရှောင်လုံက ဓားကြီးဂိုဏ်းသားကိုသတ်ပြီးလို့ မီတာတထောင်လောက်အဝေးသို့
ရောက်ရှိနေလေပြီ... ။

သူတို့ရှောင်လုံကိုရှာမတွေ့လို့ရပ်နားလိုက်တဲ့အချိန်တိုင်းမှာ ရှောင်လုံက နတ်ဓားနှစ်လက်ကို ကိုင်ဆွဲကာ သူပုန်းအောင်းနေရာကနေ ထွက်ပေါ်လာလေသည်။  ရှောင်လုံပေါ်ထွက်လာတာနဲ့ သူ့အနားက ဓားကြီးဂိုဏ်းသားတယောက်ပြီးတယောက် သေဆုံးသွားရတာပဲ
ဖြစ်သည် ။

  ရှောင်လုံလက်ချက်နဲ့ သူရဲ့ဓားကြီးဂိုဏ်းသားတယောက်ပြီးတယောက် လဲကျသေဆုံးကုန်ကြတာကို ကြည့်ရင်း လင်ရှီယန်က ဒေါသထွက်နေတဲ့ ခြင်္သေ့ကြီးတကောင်လို စိတ်ဆိုးမာန်ဆိုးဖြင့် ခုန်ပေါက်နေ
၏ ။ သူ့စိတ်ထဲမှာ ရှောင်လုံကို အပိုင်းပိုင်းခုတ်သတ်ပစ်ချင်စိတ်တွေ ဖြစ်ပေါ်နေလေသည်။ အခုရှောင်လုံလက်ချက်နဲ့သေဆုံးသွားတဲ့ ဂိုဏ်းသားခြောက်ယောက်က သူတို့ဓားကြီးဂိုဏ်းက အားထားရတဲ့ ပင်မလက်ရင်းတပည့် ခြောက်ယောက်ပဲ ဖြစ်၏ ။ သူတို့ကို ဒီအခြေအနေထိရောက်အောင် ဓားကြီးဂိုဏ်းက ငွေတွေ ပစ္စည်းအရာဝတ္ထုတွေအများကြီးအကုန်ကျခံပြီး ပြုစုပြိုးထောင်လာခဲ့ရတာမဟုတ်လား.. ။ အခုတော့မျက်စိတမှိတ်အတွင်းမှာပဲ သူတို့အကုန်သေဆုံးသွားတာကိုမြင်တော့ လင်ရှီယန်မှ ဒေါသမထွက်ရင် ဘယ်သူကဒေါသထွက်တော့မှာလဲ... ?
လင်ရှီယန်က သူတို့အကြောင်းသွေမိတာနဲ့ သူ့ရင်ထဲမှာသွေးတွေစီးကျနေသလို ခံစားနေရသည်။

နောက်ထပ်နှစ်နာရီလောက်ကြာသွားတဲ့အချိန်မှာတော့ ရှောင်လုံက ညဏ်အလင်းရရေကန်အောက်ခြေက ရေအောက်လှိုဏ်ဂူတခုထဲမှာ တင်ပျင်ခွေထိုင်ရင်း သူ့ရဲ့ခနချက်ချင်းအတွင်းအားပြန်လည်ဖြည့်တင်းပေးမှု စွမ်းရည်ကို ထုတ်သုံးနေလေသည်။ ရှောင်လုံခန္ဓာကိုယ်ကနေ ရွှေရောင်ခပ်ဖျော့ဖျော့ အလင်းတန်းတွေထွက်ပေါ်နေရင်း မိနစ်ပိုင်းလောက်အတွင်းမှာပဲ သူရဲ့ ချီပင်လယ်အတွင်းက ကုန်ဆုံးသွားတဲ့အတွင်းအားချီတွေအကုန်လုံး ပြန်လည်ပြည့်နှက်လာလေသည်။

ရှောင်လုံက သူ့နောက်ကိုဒေါသတကြီးတဟုန်ထိုးလိုက်နေတညြ့ လင်ရှီယန်ကိုရှောင်တိမ်းရင်း ဓားကြီးဂိုဏ်းသား ရှစ်ယောက်ကို အောင်မြင်စွာ သတ်နိုင်ခဲ့လေသည်။ ဓားကြီးဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်ဖြစ်တဲ့
အဖိုးကြီးချန် ဒီလူစုထဲမပါလာတာက သူ့ကိုကံကောင်းသွားစေတာပဲ
ဖြစ်သည်။ အကယ်၍သာ အဖိုးကြီးချန်ပါလာမယ်ဆိုရင် ဓားကြီးဂိုဏ်းက ဂိုဏ်းသားတွေအစား သေဆုံးသွားမယ့်သူက သူကိုယ်တိုင်ဖြစ်နေမှာမဟူတ်လား.. ။ အခုဆိုရင် သူတို့ညဏ်အလင်းရရေကန်ထဲကို ရောက်ရှိနေတာ အချိန်နှစ်နာရီနီပါး ကြာမြင့်နေပြီးပဲ ဖြစ်ကာ နောက်ထပ်တနာကီလောက်ဆိုရင်ပဲ ရှောင်လုံအနေနဲ့ ရေကန်အပေါ်ကို ပြန်တက်ပြီး လေရှုရမှာပဲ ဖြစ်သည်။

"...အင်း ဖေးဟိုတယောက်ရော ဘာတွေဖြစ်နေမလဲမသိဘူး.."
ဒီနှစ်နာရီလုံးလုံး ညဏ်အလင်းရရေကန်အတွင်းမှာ ကောင်းကင်ရတနာကို အသားထားလို့  အီးတုံးတတုံးတောင် ရှာမတွေ့ခဲ့ပေ..။
ဘယ်ဟာကိုရှောင်လုံကို ပိုပြီးစိတ်ပျက်လက်ပျက်ဖြစ်စေလဲဆိုရင်
သူ့ကိုယ်ထဲက လင်းလောင်ရတနာစေတီက ရေကန်ထဲကကောင်းကင်ရတနာကြောင့် လှုပ်ခတ်နေရမယ့်အစား ဘာကောင်ယကင်ကတနာမှမရှိတဲ့ပုံစံဖြင့် တချိန်လုံးငြိမ်သက်နေလို့ပဲ ဖြစ်သည်။

"..ကောင်းကင်ကတနာကို ဆယောက်ယောက်များ ရှာတွေ့သွားပြီလား... ?"
ရှောင်လုံက စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကျုံလိုက်၏ ။
အဆင့် ၁ ကနေ ၁၀ အတွင်းဝင်တဲ့ ကောင်းကင်ရတနာတွေက အဆင့်၁၃ နဲ့ အထက်သိုင်းဝိညဉ် ပိုင်ဆိုင်တဲ့သူကိုသာ သူ့ရဲ့ ပိုင်ရှင်
အဖြစ်အသိအမှတ်ပြုကြတာမဟုတ်လား.. ။ ဒါဆိုရင်... ?
ရှောင်လုံက စဉ်းစားရင် သူစိတ်ထဲမှာ နာမယ်တခုပေါ်လာလေသည်
ဒေါင်ဝူဟန် များရသွားပြီလားမသိဘူး....  ပြီူတော့ ရေကန်ထဲကို ပထမဆုံး ရောက်လာတဲ့သူကလဲ ဒေါင်ဝူဟန်ပဲလေ... သူရေကန်ထဲဆင်းသွားပြီး အချိန်တော်တော်ကြာတော့မှ နောက်လူတွေလိုက်ဆင်းကြတာဆိုတော့ ကောင်းကင်ကတနာသာ တကယ်တမ်းတယောက်တယောက်ရရှိသွားပြီ ဆိုရင် အဖြစ်နိုင်ဆုံးလူက ဒေါင်ဝူဟန်ပဲ ဖြစ်သည်။

ဒေါင်ဝူဟန်ရဲ့ အခုလက်ရှိအတွင်းအား ၊ အသက် နဲ့ တခြားထက်မြက်လှတဲ့ ပါရမီတွေကိုချိန်ထိုးကြည့်ရင် ဒေါင်ဝူဟန်တယောက် အဆင့်၁၃ နဲ့အထက် သိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားတဲ့ရာခိုင်နှုန်းက အရမ်းကိုမြင့်မာတာပဲ ဖြစ်သည်။ ဖြစ်နိုင်ခြေတွေကို စဉ်းစားရင်း ရှောင်လုံတယောက် အရမ်းကိုစိတ်ပူသွားသည်။

သူတွေးခဲ့တဲ့အတိုင်းသာမှန်နေမယ်ဆိုရင် သူ့ကောင်းကင်သိုင်းသမားအဆင့်သို့ သုံးနှစ်အတွင်းရအောင်ကျော်ဖြတ်မယ့် ဆိုတဲ့ စိတ်ကူးက လေထဲမှာပဲ ပျောက်ကွယ်သွားရတော့မှာမဟူတ်လား.. ။
တကယ်ကိုဒေါင်ဝူဟန်သာ တကယ်ကိုကောင်းကင်ရတနာပိုင်ဆိုင်သွားပြီဆိုရင် သူ့အနေနဲ့ဒေါင်ရမ်းအင်ပါ ကျောင်းတော်ကို ကျောင်းတက်ခွင့်ရအောင်ကြိုးစားပြီး ကျောင်းတော်ထဲမှာ ဖွက်ထားတဲ့ ကောင်းကင်အဆင့်၄ ပကတိစိတ်ဝိညဉ်ပုလဲလုံးကိုရအောင် ကြိုးစားဖို့ နည်းလမ်းတခုပဲ ရှိတော့လေသည်။

တကယ်လို့ အခြေအနေအရပ်ရပ်က သူ့ခန့်မှန်းသာမလိုမဖြစ်လာခဲ့ရင် သူ့အတွက်အရမ်းကို  အန္တရာယ်များတဲ့ အခြေအနေကိုရင်ဆိုင်ရမှာပဲ ဖြစ်သည်။ သူဖြစ်နိုင်ခြေတွေကို အပြန်အလှန်စဉ်းစားနေစဉ်မှာပဲ
သူ့ကိုယ်ထဲမှာ တချိန်လုံးငြိမ်သက်နေတဲ့ လင်းလောင်ကတနာစေတီက မသိမသာလေးတကြိမ်လှုတ်ခတ်သွားလေသည်။

"...အာ... ဒါ..ဒါက.. "
ရှောင်လုံက ထခုန်မတတ်ကို ဝမ်းသာသွား၏ ။ အဲ့နောက်မှာတော့ လင်လောင်ရတနာအာရုံခံမိလိုက်တဲ့နေရာကို လျင်မြန်စွာသွားလေသည်။
ခနလောက်ကြာတော့ ရှောင်လုံက နေရာတခုသို့ရောက်ရှိလာသည်။
သူ့အကြည့်တွေက ခပ်လှမ်းလှမ်းမှာရှိတဲ့ ရေအောက်တောင်တန်းတခုပေါ်ကိုကျရောက်သွား၏ ။ သူက တောင်းတန်နဲ့ ပိုနီးကပ်လာအောင်လျှောက်လာရင်း တောင်နံရံနားကိုရောက်တော့ ရပ်တန့်လိုက်သည်။

တောင်ကြီးက ခန့်မှန်းခြေ မီတာနှစ်ဆယ်လောက်ကြီးမားကာ
တောင်နံရံပေါ်မှာ ထွင်းဖောက်ရေးဆွဲထားတဲ့ ပန်းပုရုပ်ပုံတချို့ကို မြင်တွေ့လိုက်ရသည်။ ရှောင်လုံက လေ့လာနေရင်းနဲ့ ပိုပိုပြီး အံသြာကာ
ဒီရုပ်ပုံတွေက ရှေ့ဟောင်းစစ်ပွဲတခုက မြင်ကွင်းတွေကို ပုံဖော်နေသလိုမျိုး သူစိတ်ထဲမှာ ခံစားလိုက်ရသည်။ စစ်ပွဲမှာ ပါဝင်ကြတဲ့ ထူးတွေကတော့ ထူးဆန်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ ရှိကြလေသည်။ ရုပ်ပုံတွေထဲမှာ လူမျိုးစုနှစ်ခုလောက်အကြမ်းမျဉ်း ပါဝင်ကာ
တောင်ပံလေးဖက် ခြောက်ဖက် ရှိတဲ့လူတွေကို ရင်ဆိုင် သတ်ဖြတ်နေကြတဲ့ပုံတွေ ရေးဆွဲထားလေသည်။

တောင်နံရံပေါ်မှာ ရေဆွဲထားတဲ့ရုပ်ပုံတွေကို တခုပြီးတခုကြည့်ရင်း
ရှောင်လုံရဲ အာရုံစူးစိုက်မှုက တိုက်ပွဲရုပ်ပုံတွေအပေါ်ဘက်နားက
ရွှေရောင်စက်ဝိုင်းလေး ဆီသို့ရောက်ရှိသွားသည်။ သူဘယ်လိုပဲ ကြည့်ကြည့် ရွှေရောင်စက်ဝိုင်းလေးက အရမ်းထူးခြားနေသလို ခံစားမိနေသည်။ ရှောင်လုံစိတ်ထဲ သံသယအချို့ ဝင်ရောက်လာ၏ ။

ရှောင်လုံရဲ့ အကြည့်တွေက ရွှေရောင်စက်ဝိုင်းလေးပေါ်သိူ့ကျရောက်နေတဲ့အချိန်မှာပဲ တောင်နံရံပေါ်မှာရေးဆွဲထားတဲ့ ရုပ်ပုံတွေက ရုတ်တရက်လှုပ်ခတ်လာကာ သူ့ထဲကနေ ထွက်ပေါ်လာတဲ့ ကြောက်စရာစွမ်းအင်တွေက အရပ်လေးမျက်နှာသို့ ရောက်ရှိသွားလေသည်။

တောင်နံရံက စက်ဝိုင်းလေးဆီကထွက်လာတဲ့ စွမ်အင်းလှုပ်ရှားမှုတွေက လင်းလောင်ရတနာစေတီက ထွက်ပေါ်လာတဲ့ စွမ်းအင်လှုပ်ရှားမှုတွေနဲ့ အတော်ကိုတူညီလေသည်။ ဒါပေမယ့် ရွှေရောင်စက်ဝိုင်းဆီကထွက်ပေါ်လာတဲ့ စွမ်းအင်တွေက လင်းလောင်ရတနာစေတီကထွက်ပေါ်လာတဲ့ စွမ်းအင်ထက် ပိုမိုကြောက်စရာကောင်းလောက်အောင်
စွမ်းအားပြင်းထန်လေသည်။

အဲ့အချိန်မှာပဲ ရှောင်လုံကိုယ်ထဲက လင်းလောင်ရတနာစေတီက အရင်တခေါက်ကလို ကြမ်းကြမ်းတမ်းတမ်းစတင်လှုပ်ခတ်လာ၏ ။ ရှောင်လုံရဲ့ အမြွာသိုင်းဝိညဉ် နဂါးနှစ်ကောင်ကလဲ သူတို့ကိုဆင့်ခေါ်ချင်းမရှိပဲ ရှောင်လုံကိုယ်အပြင်ဘက်သို့ ထွက်လာကြ ရွှေရောင်စက်ဝိုင်းလေးကို ခုန်အုပ်လိုက်ကြသည်။

ရှောင်လုံရဲ့ နဂါးအနက်ကြီးနဲ့ နဂါးအပြာကြီးတို့က ရွှေရောင်စက်ဝိုင်းလေးဆီကို ပျံသန်းသွားတဲ့အချိန်မှာပဲ ညဏ်အလင်းရရေကန်ပေါ်သို့ပြန်လည်ရောက်ရှိနေကြတဲ့ သိုင်းပညာရှင်တွေအကုန်လုံးက ရေကန်အောက်ခြေကနေ တောက်ပတဲ့ အလင်းတန်းတွေ ကောင်းကင်ယံသို့ထောင်တက်လာတာကို မြင်တွေ့လိုက်ကြရသည် ။

ရေကန်ထဲကထွက်ပေါ်လာတဲ့ အလင်းတန်းတွေကိုကြည့်ရင်း ဒေါင်ဝူဟန်ရဲ့ တင်းမာတဲ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုအရိပ်အယောင်တွေပေါ်ထွက်လာလေသည်။ အဲ့နောက်သူက ဖျက်ကနဲဆိုသလို ရှောင်လုံရှိနေတဲ့ရေအောက်ကြမ်းပြင်ဆီသို့ ကြောက်စရာကောင်းတဲ့အမြန်နှုန်းဖြင့် ဒိုင်ဗင်ထိုးချလိုက်တော့သည်။

ဒေါင်ဝူဟန်အပြင် ဓားကြီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း ယုချန် ၊ နင်သိုင်းပညာမိသားစုဂိုဏ်းချုပ် နင်ဝမ်နဲ့ ယုဝေနိုင်ငံက တခြားကောင်းကင်အဆင့်သိုင်းသမားတွေအကုန်လုံး ရှောင်လုံ ရှိနေတဲ့နေရာကို သူထက်ငါအလုအယက်လျင်မြန်စွာ ခုန်ဆင်းလိုက်ကြသည်။

သူနေရာကနေ တောက်ပတဲ့အလင်းရောင်တွေက အရပ်လေးမျက်နှာသို့ပျံနှံရောက်ရှိသွားတာကိုမြင်တော့ ရှောင်လုံမျက်နှာက မဲ့ရှုံသွားတော့လေသည်။ အဲ့နောက်ကေရှာင်လုံက သူထဲမှာရှိနေတဲ့ အတွင်းအားတွေအကုန်လုံးကို ထုတ်သုံးလိုက်ပြီယ ရွှေရောင်စက်ဝိုင်းလေးပတဝန်းကျင်မှာ လည်ပတ်နေကျတဲ့ သူ့သိုင်းဝိညဉ် နဂါးနှစ်ကောင်ကို
သူ့ကိုယ်ထဲသို့ ပြန်ခေါ်လိုက်သည်။ ဒါပေမယ့် ရွှေရောင်အကွင်းလေးက "ဟုန် " ဆိုပြီး ရုတ်တရက်တုန်ခါသွားကာ လျှိုဝှက်ဆန်းကြယ်သောစွမ်းအင်တချို့ထွက်ပေါ်လာပြီး သူအနားမှာကနေ ထွက်သွားဖို့
ကြိုးစားနေတဲ့ နဂါးနှစ်ကောင်ကို ရုတ်တရက်ရစ်ပတ်ဆွဲငင်ထားတော့လေသည်။

အဲ့ဒီအချိန်မှာ ဒေါင်ဝူဟန်က ရှောင်လုံနဲ့ မီတာတရာလောက်ပဲကွာဝေးတဲ့နေရာကိုရောက်ရှိနေပြီပဲ ဖြစ်သည်။ ရှောင်လုံက ဒေါင်ဝူဟန်တဖြည်းဖြည်း သူ့နားကိုနီးကပ်လာမှုနဲ့အတူ သူ့ဆီသို့ကျရောက်လာတဲ့ဖိအားတွေကို ပိုမိုမြားပြားလာကာ ဒေါင်ဝူဟန်ရဲ့ ကိုယ်ကနေထွက်ပေါ်နေသော ကိုယ်ရောင်ကိုယ်ရောင်တွေကြောင့် ရှောင်လုံတကိုယ်လုံး
ကျောက်ရုပ်ကြီးသဖွယ် တောင့်တင်းသွားမတတ်ဖြစ်သွားလေသည်။

တကယ်လို့သာ ဒေါင်ဝူဟန်ရောက်ရှိလာလို့ ရှောင်လုံကြိုရောက်နေတာကိုသာမြင်တွေ့သွားမယ်ဆိုရင် ဒေါင်ဝူဟန်က သူ့ကိုသေချာပေါက်ကို အပြတ်ရှင်းတော့မှာပဲ ဖြစ်သည်။ ဒါအပြင် ရှောင်လုံအနေနဲ့ဘယ်လောက်ပါရမီထက်ထက် ဒေါင်ဝူဟန်ရှေ့မှာတော့ စဉ့်နှီးတုံးပေါ်ခေါင်းတင်ထားတဲ့ ငါးတကောင်ကဲ့သို့ ဘာမှကိုလွန်ဆန်နိုင်စွမ်း မရှိပေ..။

   _______ -----_______@______------__________

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၂၃ ..... ကောင်းကင်ရတနာ နှောင်ဖွဲ့ခြင်းနတ်လက်စွပ်

     တကယ်လို့သာ ဒေါင်ဝူဟန်ရောက်ရှိလာလို့ ရှောင်လုံကြိုရောက်နေတာကိုသာမြင်တွေ့သွားမယ်ဆိုရင် ဒေါင်ဝူဟန်က သူ့ကိုသေချာပေါက်ကို အပြတ်ရှင်းတော့မှာပဲ ဖြစ်သည်။ ဒါအပြင် ရှောင်လုံအနေနဲ့ဘယ်လောက်ပါရမီထက်ထက် ဒေါင်ဝူဟန်ရှေ့မှာတော့ စဉ့်နှီးတုံးပေါ်ခေါင်းတင်ထားတဲ့ ငါးတကောင်ကဲ့သို့ ဘာမှကိုလွန်ဆန်နိုင်စွမ်း ရှိမှာမဟုတ်ပေ.. ။

"..ငါပြေးသင့်လား... ဒါမှမဟုတ်နဲနဲလေးထပ်စောင့်လိုက်ရမလား.."
ရှောင်လုံစိတ်ထဲမှာအတွေးနှစ်ခုကအပြန်အလှန် လွန်ဆွဲနေ၏ ။
သူအခုထွက်သွားဖို့ ကြိုးစားမယ်ဆိုရင်တော့ လွတ်ဖို့အခွင့်အရေးများသေးသည်။ ဒါပေမယ့် သူအနေနဲ့ ရတောင့်ရခဲ ကောင်းကင်ရတနာကိုချန်ထားခဲ့ရမှာပဲ ဖြစ်သည်။ အကယ်၍သူသာ ကောင်းကင်ရတနာကို
လက်မလျော့ပဲ ဆက်ပြီး ရယူပိုင်ဆိုင်ဖို့ကြိုးစားနေမယ်ဆိုရင်တော့ ဒေါင်ဝူဟန်အနေနဲ့ သူကောင်းကင်ရတနာကိုရယူနေတဲ့အချိန်အတွင်းမှာ ရှောင်လုံဆီကိုရောက်ရှိလာမှာပဲ ဖြစ်သည်။

ဘာလုပ်ရမလဲ.... ?
ငါဘာလုပ်ရမလဲ.. ?
ရှောင်လုံစိတ်ထဲမှာ စားရမှာလဲသဲတရှပ်ရှပ် ပစ်ရမှာလဲ အဆီတဝင်းဝင်းပုံစံမျိုး ဖြစ်နေသည်။ သူအနေနဲ့ အခုလိုရခဲလှတဲ့ကောင်းကင်ရတနာတခုကိုလွယ်လွယ်ကူကူနဲ့ လက်မလျော့လိုပေ... တဖက်မှာလဲ ဒေါင်ဝူဟန်
ရဲ့အခုလက်ရှိအမြန်နှုန်းနဲ့ဆို သူကောင်းကင်ရတနာကိုပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့အချိန်အတွင်း သေချာပေါက်ရောက်ရှိလာမှာပဲ ဖြစ်သည်။

ရှောင်လုံတယောက် မချင့်မရဲနဲ့ သူ့အတွေးကမ္ဘာထဲမှာ ရောက်ယက်ခက်နေတုံး ရွှေရောင်အကွင်းရဲ့ ချုပ်နှောင်ခြင်းကိုခံထားရတဲ့ ရှောင်လုံရဲ့ သိုင်းဝိညဉ်နဂါးနှစ်ကောင်က ဒေါတတွေတရှူးရှူး ထွက်လာလေသည်။ အဲ့နောက်မှာတော့ နဂါးနှစ်ကောင် ရဲ့ ခန္ဓာကိုယ်မှာ အလင်းတန်းတွကတောက်ပစွာထွက်ပေါ်လာကြသည်။  သူတို့က ရွှေရောင်အကွင်းကို ဒေါသတကြီးစိုက်ကြည့်ကာ ရေထုကြီးတခုလုံး တုန်ခါသွားစေနိုင်တဲ့အသံဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

ရှေးကမ္ဘာဦးနတ်နဂါးတွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အရှိန်အဝါတွေထွက်ပေါ်လာကြပြီး နဂါးနှစ်ကောင်က ပိုပြီးအစွမ်းတွေထက်မြက်လာ၏ ။ အဲ့နောက်မှာတော့ သိုင်းဝိညဉ်နဂါးနှစ်ကောင်က ရွှေရောင်အကွင်းလေးကို သူ့တို့ကိုယ်လုံးတွေနဲ့ ရစ်ပတ်လိုက်လေသည် ။ နဂါးနှစ်ကောင်ရဲ့ ရစ်ပစ်ခြင်းကိုခံလိုက်ရတဲ့ ရွှေရောင်အကွင်းလေးဆီကနေ
ထူးခြားတဲ့ အော်မြည်သံထွက်ပေါ်လာ၏ ။ အဲ့နောက် သူ့ကိုယ်ကနေ ရွှေရောင်အလင်းတန်းတွေတောက်ပစွာထွက်ပေါ်လာပြီး ရွှေရောင်အကွင်းလေးကလဲ နဂါးနှစ်ကောင်ရစ်ပတ်ထားတဲ့နေရာကနေ လွတ်ဖို့ အားကုန်ရုန်းလိုက်သည်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ သူကနဂါးနှစ်ကောင်ကို အဝေးသို့ ခါထုတ်နိုင်စွမ်း မရှိတော့ပေ... ။

နဂါးနှစ်ကောင်က သူတို့လင်းလောင်ရတနာစေတီကို ရယူခဲ့စဉ်တုံးကပုံစံလိုမျိုး ရွှေရောင်အကွင်းလေးကို တရားခံတယောက်ကဲ့သို့ ချုပ်နှောင်ကာ တင်းတင်းကျပ်ကျပ် ရစ်ပတ်ရင်းနဲ့ ရှောင်လုံရှိရာသို့
ပြန်လာကြသည်။

ရွှေရောင်အကွင်းလေးက သိုင်းဝိညဉ်နဂါးနှစ်ကောင်နဲ့အတူ ရှောင်လုံကိုယ်ထဲ ဝင်ရောက်ပျောက်ကွယ်သွား၏ ။ ရွှေရောင်အကွင်းလေးပျောက်ကွယ်သွားတာနဲ့ ရှောင်လုံပတ်ဝန်းကျင်နားက လုံးဝကိုမှောင်မိုက်သွားကာ တွင်းပေါက်ကြီး တပေါက်ဖြစ်ပေါ်လာ၏ ။

ဖြစ်ပေါ်လာတဲ့တွင်းပေါက်ကြီးကနေ အလွန်တရာပြင်းထန်တဲ့ စုပ်အားတခုပေါ်ပေါက်လာကာ ရှောင်လုံကိုအပေါက်ထဲသို့စုပ်သွင်းလိုက်တော့သည်။ ရှောင်လုံကိုအထဲသို့ စုပ်သွင်းပြီးတာနဲ အနက်ရောင်အပေါက်ကြီးက သူဘယ်တုံးကမှမရှိခဲ့သလိုမျိုး ညဏ်အလင်းရရေကန်ကြမ်းပြင်ကနေ ပျောက်ကွယ်သွားလေသည်။

အနက်ရောင်တွင်းပေါက်ကြီးပေါက်ကွယ်သွားနေစဉ်မှာပဲ အရမ်းကိုလျင်မြန်တဲ့အမြန်နှုန်းနဲ့ လူတယောက်က အနက်ရောင်တွင်းပေါက်နားသို့ ရောက်ရှိလာလေသည်။ အခုရောက်ရှိလာတဲ့သူကတော့ ဒေါင်ရမ်းအင်ပါရာနိုင်ငံတော်ရဲ့ ဒုတိယမင်းသား ဒေါင်ဝူဟန်ပဲ ဖြစ်သည်။

သူ့မျက်လုံးရှေ့မှာပဲ လျင်မြန်စွာပျောက်ကွယ်နေတဲ့ အနက်ရောင်အပေါက်ကြီးကိုကြည့်ရင်း ဒေါင်ဝူဟန်ရဲ့ လက်ဝါးဆီကနေလဲ အရမ်းကိုပြင်ထန်တဲ့ စုပ်အားတခုဖြစ်ပေါ်လာ၏ ။ သူ့လက်ဝါးစုပ်အားက ကမ္ဘာ
ကြီးတခုလုံးကို စုပ်ယူနိုင်သည်အထိ ပြင်းထန်တာပဲ ဖြစ်သည်။

သူ့ရဲ့ ပြင်းထန်လှတဲ့ စုပ်အားကြောင့် အနက်ရောင်အပေါက်ထဲသို့ စုပ်ယူခြင်းခံထားရတဲ့ ရှောင်လုံက ကျွဲနှစ်ကောင်ကြားမြေဇာပင်လိုမျိုး
အပိုင်းပိုင်း ပြတ်သွားမတတ်ဖြစ်သွားသည်။ အဲ့အချိန်မှာပဲ အနက်ရောင်တွင်းပေါက်ထဲကနေ ကြောက်စရာကောင်းလောက်အောင်ပြင်ထန်တဲ့ ဖိအားတခုထွက်ပေါ်လာကာ ဒေါင်ဝူဟန်ရဲ့ စုပ်အားကို ရှောင်လုံဆီမရောက်အောင် ပယ်ဖျက်လိုက်ပြီး ရှောင်လုံ အသက်ကိုကယ်ဆယ်လိုက်လေသည်။

အနက်ရောင်တွင်းပေါက်ကနေ တွန်ကန်လိုက်တဲ့ ဖိအားကြောင့် ဒေါင်ဝူဟန်ရဲ့အနောက်ကို ယိုင်ထိုးကာဆုတ်လိုက်ရသည်။ သူပါးစပ်နားရောက်တဲ့ အစာတခုပုတ်ထုတ်ခံလိုက်ရသလိုမျိုး သူ့ရင်ထဲဒေါသတွေအလိပ်လိပ်ထွက်ပေါ်လာကာ သူ့မျက်နှာထားကလဲ နီရဲတင်းမာသွားသည်။ အဲ့နောက်သူ့ကရင်ကွဲမတတ် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူလက်နှစ်ဖက်ကိုလဲ ဒေါသတကြီးလွှဲယမ်းလိုက်ကာ သူ့နားမှာရှိနေတဲ့ ကျောက်တုံးတွေ သန္တာကျောက်တန်းတွေ ငါးတွေ အကုန်လုံး အစိတ်စိတ်အမွှာမွှာပေါက်ကွဲထွက်သွား၏ ။

"...သေစမ်း...သေစမ်း..."
"..ငါရတော့မှာကို... ငါရဖို့အရမ်းနီးစပ်နေတာကို... "
"...ခြေတလှမ်းလောက်လေးပဲ လိုသွားတာကွာ... "
အခုတော့ သူ့ခြေတလှမ်းလောက်နောက်ကျသွားလို့ ကောင်းကင်ကတနာက တခြားသူတယောက်နဲ့ အတူသူ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပြီလေ... ။

သူ့ပုံစံကအရင်က တည်ကြည်ခံညားကာ ဘယ်လောက်ပဲ အိနြေ္ဒ
သိက္ခာနဲ့နေတယ်ဆိုစေကာမူ အခုချိန်မှာတော့ လုံးဝကို ကွဲပြားခြားနားသွားတဲ့လူတယောက်လိုမျိုး ပါးစပ်ကနေ အယုတ်တအနန္တတွေ
အဆက်မပြတ်ဆဲဆိုနေလေသည်။

ဒေါင်ဝူဟန်က ဒီကောင်းကင်ရတနာကို လိုချင်လွန်းလို့ စကြာဝဠာအဆင့် ကောင်းကင်အာကာသဟင်းလင်ပြင်ဆိုင်ရာစွမ်းအင်နဲ့ အချိန်စွမ်းအင်ကိုထိန်းချုပ်နိုင်တဲ့ ရှေးဟောင်းရတနာကိုအသုံးပြုခွင့်ပေးဖို့ သူ့အဖေကို နည်းမျိုးစုံနဲ့ အသနားခံတောင်းဆိုခဲ့တာမဟုတ်လား..။
ဒီရှေးဟောင်းရတနာကိုသာအသုံးမပြုခဲ့ရင် သူယုဝေနိုင်ငံက ညဏ်အလင်းရရေကန်ကို အခုလိုအချိန်မှီရောက်ရှိလာနိုင်မှာမဟုတ်ပေ.. ။

သူ့အနေနဲ့ အခုရှေးဟောင်းရတနာကို တကြိမ်အသုံးပြုနိုင်ဖို့အတွက် ဝိညဉ်ဆေးလုံးပေါင်း တသိန်းထက်မကကို အသုံးပြုခဲ့ရတာပဲ ဖြစ်သည်။ ဝိညဉ်ဆေးလုံးပေါင်းတသိန်းကျော်က သူ့မျက်လုံးရှေ့မှာပဲ ရေထဲပစ်ချလိုက်သလို အစရှာမရတော့ပဲ စုံးစုံးမြှပ်သွားတာကိုမြင်တော့ သူရင်ထဲက စိတ်ပျက်လက်ပျက်ဖြစ်မှုနဲ့ ဒေါသထွက်နေမှုကိုကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာပဲ ဖြစ်သည်။ ကောင်းကင်ကတနာက ဘယ်လိုပုံစံမျိုးလေးလဲဆိုတာကိုတောင် သူသိခွင့်မရလိုက်ပေ.. ။

ဒေါင်ဝူဟန်တယောက် အရမ်းကို ပေါက်ကွဲနေတဲ့အချိန်မှာပဲ ဘေလုံနိုင်ငံက အထင်ကရသိုင်းဂိုဏ်းကြီးတခုရဲ့ ဂိုဏ်းချုပ်တယောက်က ဒေါင်ဝူဟန်ရှိနေတဲ့နေရာနဲ့ မလှမ်းမကမ်းကိုရောက်ရှိလာ၏ ။ သူကဒေါင်ဝူဟန်ဖြစ်ပျက်နေတဲ့ ပုံစံကိုကြည့်ရင်း အရမ်းကိုအံသြသွားသည်။

ဒါပေမယ့် သူ့စိတ်ထဲမှာတမျိုးထင်လိုက်ကာ သူကဒေါင်ဝူဟန်ရှိနေတဲ့နေရာကို ကပ်ဖားရပ်ဖားလုပ်ချင်တဲ့ မျက်နှာထားဖြင့် လမ်းလျှောက်လာကာ ပြောလိုက်သည်
"...အခုလိုမျိုး ဒုတိယမင်းသားကောင်းကင်ရတနာကို ပိုင်ဆိုင်သွားတာကို ကျွန်တော်မျိုးကြီး အရမ်းကိုဂုဏ်ယူမိပါတယ်...  အခုချိန်ကနေစပြီး ဒုတိယမင်းသားလေးရဲ့ ဂုဏ်သတင်းက အရင်ကထက်ပိုပြီး
တလောကလုံးကိုကျော်ဇော်တော့မှာပါ..... "

ဒေါင်ဝူဟန်က နောက်ကိုလှည့်ကာ ရောက်ရှိလာတဲ့ ဂိုဏ်းချုပ်ကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်သည် ။ အဲ့နောက် ဘေလုံနိုင်ငံကသိုင်းဂိုဏ်းကြီးရဲ့ ဂိုဏ်းချုပ် မရိပ်မိလိုက်ခင်မှာပဲ သူ့မျက်လုံးထဲကနေ အေးစက်စက်လူသတ်ချင်တဲ့ အရိပ်အယောင်တွေဖျက်ကနဲ ပေါ်လာကာ အလျင်အမြန်ပဲ ပြန်လည်ပျောက်ကွယ်သွားသည်။

ဂိုဏ်းချုပ်က ဒေါင်ဝူဟန်ရဲ့ ထူးခြားနေတဲ့ ပုံစံကိုဝေခွဲမရပုံစံမျိုး ကြည့်နေစဉ်မှာပဲ ဒေါင်ဝူဟန်က ဂိုဏ်းချုပ်ကို သူ့လက်သီးဖြင့် ရုတ်တရက်ထိုးချလိုက်လေသည်။ ဒေါင်ဝူဟန်ရဲ့ လက်သီးက ကံမကောင်းရှာတဲ့ ဂိုဏ်းချုပ်ရဲ့ ရင်ဘတ်ကို တည့်တည့်မတ်မတ်ထိမှန်သွားကာ
နောက်ကျောအထိကို ထုတ်ချင်းဖောက်ထွက်သွား၏ ။ ဒေါင်ဝူဟန်ရဲ့ လက်တခုလုံး ရင်ဘတ်အတွင်းသို့ ဖောက်ဝင်သွားတာပဲ ဖြစ်သည်။

သိုင်းဂိုဏ်းကြီးရဲ့ ဂိုဏ်းချုပ်လဲ သူ့ရင်ဘတ်ကပေါက်ထွက်သွားတာကို အံသြမင်သက်နေတဲ့ပုံစံဖြင့် ငုံ့ကြည့်လိုက်သည်။ အဲ့နောက် သူလက်တဖက်ကိုမကာ ဒေါင်ဝူဟန်ကို လက်ညိုးထိုးရင်း စကားပြောဖို့ ကြံနေစဉ်မှာ ရေအောက်ရေစီးကြောင်းနဲ့အတူမျောပါသွားလေသည်။
သူ့နောက်ဆုံးသေသွားတဲ့အချိန်အထိ အဲ့ဒီဂိုဏ်းချုပ်အနေနဲ့ ဒေါင်ဝူဝန်သူ့ကိုဘာကြောင့် သတ်လိုက်တယ်ဆိုတာကို သိသွားခြင်း မရှိခဲ့
ပေ.. ။

ဒေါင်ဝူဟန်တယောက် သူ့ကောင်းကင်ရတနာ ရသွားတာကိုလူသိမခံချင်လို့ သူ့ကိုအခုလို လူသတ်နှုတ်ပိတ်လိုက်တာလား.... ?
သူပြောလိုက်တဲ့ မြောက်ပင့်ချီုးကျူးစကားက ဒေါင်ဝူဟန်ရဲ့ နာကျင်နေတဲ့ ဒဏ်ရာကို ဆားသိပ်ထဲ့လိုက်သလို ဖြစ်သွားတယ်ဆိုတာကိုတော့ အဲ့ဒီသနားစရာဂိုဏ်းချုပ်အနေနဲ့ သိလိုက်မှာမဟုတ်ပေ.. ။

အဲ့နောက်မှာတော့ အထင်ကရ တခြားသိုဏ်းဂိုဏ်းကြီးတွေနဲ့ သိုင်းမသားစုကြီးတွေက ဂိုဏ်းချုပ်တွေအကုန်လုံး ဒေါင်ဝူဟန်ရှိရာကိုရောက်ရှိလာကြပြီး သူတို့အားလုံးက ဒေါင်ဝူဟန်လူသတ်နေတဲ့ မြင်ကွင်းကိုပါ တပါထဲမြင်တွေ့လိုက်ကြသည်။ ဒေါင်ဝူဟန်က ဂိုဏ်းချုပ်တယောက်ကို သူ့လက်သီးတချက်ထဲနဲ့ ဇိဝိတ်ချွေပလိုက်တာကို မြင်တော့ သူတို့ရင်ထဲက နှလုံးသားတွေအပြင်ကိုထွက်ကျလုမတတ်ကြောက်လန့်တုန်လှုပ်ကုန်ကြ၏ ။

အဲ့နောက်မှာတော့ လူတိုင်းလိုလိုက ကြောက်လန့်တကြားပုံစံဖြင့်
ရောက်ပါပေါက်ရာအရပ်သို့ အလျင်အမြန် ထွက်ပြေးကြသည်။
ဒေါင်ဝူဟန်က သူ့ကိုကြည့်ရင်း နှုတ်တောင်မဆက်တော့ပဲ ထွက်ပြေးသွားကြတဲ့လူတွေကိုမြင်တော့ ဒေါသတွေပိုထွက်လာလေသည်။

အဲ့နောက်သူ့ကရေထဲကို လက်သီးတချက်ထိုးချလိုက်လေသည်။
သူလက်သီးချက်ကနေ လက်သီးအရာလေးပေါင်းများစွာခွဲထွက်သွားကာ လက်သီးရာလေးတွေက ထွက်ပြေးသွားတဲ့လူတွေနောက်ကိုလိုက်ပါသွားကြသည်။ သိုင်းမိသားစုဂိုဏ်းချုပ်ဖြစ်စေ သိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်စေ ဒေါင်ဝူဟန်ရဲ့ လက်သီးရာတွေက သူတို့ရင်ဘတ်အသီးသီးကို ဖောက်ထွက်သွားလေသည်။

"....သုံးစားမရတဲ့ ကျွန်လိုကောင်တွေ.. "
သူ့လက်ချက်နဲ့ သေဆုံးသွားကြတဲ့ အလောင်းတွေကိုကြည့်ရင်း
ဒေါင်ဝူဟန်က အေးစက်စက်မျက်နှာထားဖြင့်
". ဟွန့် " ကနဲအသံပြုလိုက်၏ ။ အဲ့နောက်မှာတော့ ဒေါင်ဝူဟန်က အလာင်းတွေရှိနေတဲ့ ရေအောက်ကြမ်းပြင်ကနေ လျင်မြန်စွာပျောက်ကွယ်သွားလေသည်။

ဒေါင်ဝူဟန်ပျောက်ကွယ်သွားပြီး သိပ်မကြာခင်မှာပဲ ဓားကြီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း ယုချန် နဲ့ နင်သိုင်းပညာမိသားစုရဲ့ နင်ဝမ်တို့အပါအဝင် တခြားသိုင်းဂိုဏ်းချုပ်တွေအကုန်လုံး အခင်းဖြစ်ပွားတဲ့နေရာသို့ရောက်ရှိလာကြသည်။ သူတို့ရောက်လာတာနဲ့ ရေအောက်ကြမ်းပြင်မှာ ပြန့်ကျဲ့နေတဲ့ ရုပ်အလောင်းတွေကိုမြင်တွေ့လိုက်ကြရသည်။

အားလုံးထူးဆန်းအံသြသွားကြတဲ့ ပုံစံဖြင့် တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်။
အခုသေနေတဲ့ ရုပ်အလောင်းတွေကို သူ့တို့မှတ်မိနေတယ်မဟုတ်လား.. ။ အခုသေဆုံးနေတဲ့လူတွေက ထင်ရှားတဲ့ သိုင်းဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေဆိုတာကို သူတို့မှတ်မိသွားလေသည်။ ဒါအပြင်
အခုသေဆုံးနေတဲ့ လူတွေအကုန်လုံးက ကောင်းကင်အဆင့် သိုင်းသမားတွေကြီးပဲ ဖြစ်သည်။ ဒီလိုကောင်းကင်အဆင့်သိုင်းသမားတွေအများကြီးကို အချိန်တိုအတွင်းမှာ သတ်နိုင်တဲ့လူဆိုလို့ တယောက်ပဲကှိတယ်မဟုတ်လား.. ။ အဲ့တယောက်က ဒေါင်ရမ်းမင်ပါရာနိုင်ငံတော်ရဲ့ ဒုတိယမင်းသားလေးဆိုတာကို သူ့တို့နားလည်သဘောပေါက်သွားကြသည်။

ဒီလူတွေအကုန်လုံးက ဒေါင်ရမ်းအင်ပါရာနိုင်ငံက ဒုတိယမင်းသားလေးဒေါင်ဝူဟန် သတ်ခဲ့တာလား.. ။ ဒါဆိုရင် ညဏ်အလင်းရေကန်အတွင်းက ကောင်းကင်ရတနာကို သူရသွားတယ်ဆိုတဲ့ သဘောပဲပေါ့..။

ဘယ်သူတဦးတယောက်ကမှ အပြင်ကိုထုတ်ဖော်မပြောပေမယ့်
သူတို့စိတ်ထဲမှာ ကောင်းကင်ရတနာကို ရသွားတဲ့သူက ဒေါင်ဝူဟန်ဆိုတာကို တထစ်ချသတ်မှတ်လိုက်ကြသည်။

သူတုိ့စိတ်ထဲမှာ သိပ်ပြီးမကျေနပ်ပေမယ့် အခုရလဒ်က သူတို့မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာပဲ မဟူတ်လား.. ။ ဒေါင်ဝူဟန်လက်ထဲက ရတနာကိုတော့ သူတို့အနေနဲ့ မျက်စောင်းတောင် မထိုးရဲကြပေ.. ။ သက်ပြင်းကိုယ်စီချရင်း အခင်းဖြစ်ပွားတဲ့နေရာကနေ အကုန်လုံးထွက်ခွာသွားကြသည်။

မှောင်မဲနေသော အနက်ရောင်အပေါက်အတွင်းသို့ အချိန်တော်တော်ကြာအောင် စုပ်ယူခြင်းခံလိုက်ရပြီးတဲ့နောက် ရှောင်လုံမျက်လုံးထဲမှာ တောက်ပလင်းလက်နေတဲ့ အလင်းရောင်တွေပေါ်ထွက်လာလေသည်။  အနက်ရောင်အပေါက်ကြီးက သူ့ကိုရှေးခတ်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတခုဆီသို့ ခေါ်ဆောင်လာတာပဲ ဖြစ်သည်။

အခုသူရောက်ရှိနေတဲ့ ရှေးခတ်က တိုက်ပွဲနေရာက သူမြင်တွေ့ခဲ့ရတဲ့ သူတောင်နံရံပေါ်မှာ ထွင်းထု ရေးဆွဲထားသောရုပ်ပုံတွေနဲ့ တူညီနေသည်။ရှေးခတ်တိုက်ပွဲဖြစ်ပွာခဲ့တဲ့နေရာကိုကြည့်ရင်း သူစိတ်ထဲမှာ အထီးကျန်မှု ၊ ကြမ်းတမ်းရက်စက်မှု ၊ သေချင်းအရိပ်အယောင် ၊ သတ်ဖြင်ခြင်းအရိပ်အယောင်တွေကို တလှည့်စီခံစားမိနေသည်။ 

ရှောင်လုံလဲ မပေါ့ဆရဲပဲ သူ့အတွင်းအားချီတွေကို အချိန်မရွေးအသုံးပြုလို့ရအောင်ပြင်ဆင်လိုက်ကာ သူ့ပတ်ဝန်းကျင်က အလေးအနက်ထားပြီး ကြည့်ရှုလိုက်သည်။ အဲ့နောက် သတိကြီးကြီးထားပြီး အရှေ့ကိုတလှမ်းချင်း လျှောက်လာလိုက်၏ ။

သူခြေထောက်အောက်ခြေက သဲတွေက မီခိုးဝါရောင်သမ်းနေကာ
ကြမ်းတမ်းမနေပဲ နူးညံနေတာပဖြစ်သည် ။ အပျက်အစီးတချို့နဲ့ အရိုးစု တချို့ကလဲ သူ့ပတ်ဝန်းကျင်မှာ ပြန့်ကျဲနေလေသည်။ ဒါပေမယ့်တောင်နံရံပေါ်မှာရေဆွဲထားတဲ့ တောင်ပံ နှစ်ခု ၊ လေးခု ၊ ခြောက်ခု ပါတဲ့ လူမျိုးစုရဲ့ အလောင်းတွေကိုတော့ သူမမြင်တွေ့မိပေ.. ။

ရှောင်လုံအရှေ့ဘက်သို့ဆက်ပြီး လမ်းလျှောက်လာနေစဉ်မှာပဲ သူ့ကိုယ်ထဲက ရွှေရောင်အကွင်းလေးက ရုတ်တရက်တကြိမ် လှုပ်ခတ်လိုက်သည်။ အဲ့နောက် သူ့စိတ်ထဲမှာ တဝီဝီမြည်နေသံတခုထွက်ပေါ်လာကာ သူ့ရဲ့အသိညဏ်ထဲကို မှတ်ညဏ်တချို့ ဝင်ရောက်လာသည်။

"... နှောင်ဖွဲ့ခြင်းနတ်လက်စွပ်...."
သူ့အသိညဏ်ထဲကိုရောက်ရှိလာတဲ့ မှတ်ညဏ်တွေအရ ရှောင်လုံအနေနဲ့ သူ့ကိုယ်ထဲရောက်နေတဲ့ ရွှေရောင်အကွင်လေးရဲ့ နာမယ်ကိုသိရှိသွားသည်။ ရွှေရောင်အကွင်းလေးရဲ့နာမယ်က နှောင်ဖွဲ့ခြင်းနတ်လက်စွပ်ပဲ ဖြစ်သည်။

ရှောင်လုံက မျက်လုံးပိတ်ပြီး တောင့်တောင့်တင်းတင်းကြီး မတ်တပ်ရပ်နေရာကနေ မျက်လုံးနှစ်ဖက်က ရုတ်တရက်ပွင့်လာ၏ ။အဲ့နောက် သူ့လက်ဝါးနှစ်ဖက်ကို အရှေ့သို့ဆန့်ထုတ်လိုက်တယ်ဆိုရင်ပဲ စက်ဝိုင်းပုံသဏ္ဍာန်လက်ဝါးရာကြီးက လေထုကိုဆုတ်ဖြဲကာ မီတာပေါင်းများစွာကွာဝေးတဲ့နေရာအထိ ရောက်ရှိသွားလေသည်။ သူ့ခန္ဓာကိုယ်အရှေ့က တိုက်ခတ်နေတဲ့ လေတွေအကုန်လုံးရပ်တန့်သွား၏ ။

ဒါသိုင်းကွက်ကတော့ နှောင်ဖွဲ့ခြင်နတိလက်စွပ်က သူ့ကိုပိုင်ရှင်အဖြစ်အသိအမှတ်ပြုလိုက်တဲ့အတွက် သူရရှိလာတဲ့ နှောင်ဖွဲ့ခြင်းနတ်လက်ဝါးသိုင်းပဲ ဖြစ်သည်။

သူ့ခေါင်းထဲက မှတ်ညဏ်တွေအရဆိုရင် ဒီသိုင်းပညာရပ်ကိုသာ အထွတ်အထိပ်ထိရောက်အောင်လေ့ကျင့်လိုက်မယ်ဆိုရင် အဲ့ဒီသူက
ကာင်းကင် ၊ မြေကြီး ၊ မိုးကောင်းကင်အာကာသဆိုင်ရာစွမ်းအင် ၊
အချိန်စွမ်းအင်တွေ အပြင် နတ်ဘုရားတွေကိုပါ ရစ်ပတ်နှောင်ဖွဲ့ပြီး တသားထဲဖြစ်အောင် ပေါင်းစပ် ပစ်နိုင်တယ်လို့ သူ့ခေါင်းထဲကိုဝင်လာတဲ့ မှတ်ညဏ်ထဲမှာ ဖော်ပြထားသည်။

တကယ်ကို နတ်ဘုရားအစစ်ကိုတောင် ရစ်ပတ်နိုင်တာလား.. !

"... တကယ့်နတ်ဘုရားတယောက်ကိုသာ နှောင်ဖွဲ့ပြီးပေါင်းစပ်နိုင်မယ်ဆိုရင်.... အရမ်းကိုစွမ်းအားကြီးမှာပဲ... "
ရှောင်လုံတယောက် အရမ်းကိုအံသြသွားတော့သည် ။ ကောင်းကင်စွမ်းအင် မြေကြီးစွမ်းအင် ၊ မိုးကောင်ကင်အာကာသစွမ်းအင် ၊ အချိန်စွမ်းအင်တွေအကုန်လုံးက မမြင်နိုင်တဲ့ အရာဝတ္ထုတွေပဲ ဖြစ်သည်။

အကယ်၍သာ နှောင်ဖွဲ့ခြင်းနတ်လက်စွပ်က အဲ့ဒီလက်ဆုပ်လက်ကိုင်ပြလိုမရတဲ့ အရာဝတ္ထုတွေကိုတောင် စိတ်ကြိုက်စေခိုင်းနိုင်စွမ်းရှိတယ်ဆိုရင် သက်ရှိလက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အရာတွေကိုလဲ နှောင်ဖွဲ့ရစ်ပတ်ကာ ပေါင်းစပ်နိုင်တယ်ဆိုတဲ့ သဘောပဲ မဟုတ်လား ။

"... ဒီနှောင်ဖွဲ့ခြင်းနတ်လက်စွပ်က ကောင်းကင်ရတနာတွေကြားထဲမှာ အဆင့်ဘယ်လောက်ရှိတဲ့ရတနာလဲ မသိဘူးနော်... ? ဒေါင်ရမ်းအင်ပါရာကျောင်းတော်က ပကတိဝိညဉ်ပုလဲကကောင်းကင်ရတနာတွေကြားထဲမှာ အဆင့်လေးချိတ်ကာ သူ့မှာလဲ သူ့ပိုင်ရှင်သာလေ့ကျင့်နိုင်တဲ့ သိုင်းကျမ်းတခုရှိသည် ။ အဲ့ဒါကတော့ ပကတိဝိညဉ်လက်ညိုးသိုင်းပဲ ဖြစ်သည်။ပကတိ ဝိညဉ်လက်ညိုးသိုင်းကို အထွတ်အထိပ်ထိ ရောက်အောင်လေ့ကျင့်နိုင်မယ်ဆိုရင် မြေကြီးကိုလက်ညိုးထိုးလိုက်တာနဲ့ သူ့စွမ်းအားက ငရဲပြည်အထိရောက်အောင် ထွင်းဖောက်သွားနိုင်တယ်လို့ ဆိုကြတာမဟုတ်လား... ငါအထင် အခုနှောင်ဖွဲ့ခြင်းနတ်လက်စွပ်နဲ့ ပကတိဝိညဉ်ပုလဲဆိုရင် ဘယ်တခုက ပိုအစွမ်းထက်မလဲမသိဘူးနော်... "

"... နှောင်ဖွဲ့ခြင်းနတ်လက်စွပ်ကို ပွတ်သပ်လိုက်မယ်ဆိုရင် အဲ့ဒီလက်စွပ်ပိုင်ရှင်က ရှေးခတ်တိုက်ပွဲဖြစ်တဲ့နေရာသို့ ဝင်ရောက်နိုင်တယ်မလား.. ? ဘာလို့အဲ့နေရာကို သွားနိုင်တာလဲ...
ဘာရည်ရွယ်ချက်နဲ့လဲ ..?
ရှောင်လုံခေါင်းထဲ အတွေးတွေနဲ့ ချာချာလည်နေတော့သည်။

လက်စွပ်ကိုပွတ်သပ်လိုက်လို့ အဲ့နေရာကိုပို့ဆောင်ပေးလိုက်တယ်ဆိုကတည်းက ရယ်ရွယ်ချက်တခုခုတော့ရှိမှာပဲ မဟုတ်လား.. ။
ဒါမှမဟူတ် အဲ့နေရာမှာ သိုင်းလေ့ကျင့်နိုင်ဖို့ အတွက်များလား...?"
အတွေးတခုက ရှောင်လုံစိတ်ထဲရုတ်တရက်ပေါ်ထွက်လာကာ ရှောင်လုံးက တင်ပျင်ခွေထိုင်ချလိုက်ရင်းနဲ့ သူ့ရဲ့နတ်အတွင်းအားနည်းစနစ်ကို စတင်လေ့ကျင့်လိုက်သည် ။ အမြွာဝိညဉ်နဂါးနှစ်ကောင်က ရှောင်လုံအနောက်ဘက်ကနေ ထွင်ပေါ်လာကာ သူ့ခေါင်းပေါ်မှာ ဝဲပျံနေ၏ ။

ငရဲဝိညဉ်စွမ်းအင်တွေကလဲ နတ်အတွင်းအားနည်းစနစ်စတင်လိုက်ပြီဆိုတာနဲ့ လေဟာနယ်ထဲက ရေတံခွန်ကြီးတဖွယ် ရွာကျလာလေသည်။ ငရဲဝိညဉ်စွမ်းအင်တွေကိုကြည့်ရင်း ထူးခြားမှုတခုကို ရှောင်လုံစိတ်ထဲမှာ သတိထားမိလိုက်၏ ။ ငရဲဝိညဉ်စွမ်းအင်တွေအပြင် ရှေးခတ်တိုက်ပွဲဖြစ်တဲ့နေရာကနေလာတဲ့ တခြားပြင်ပ ဝိညဉ်စွမ်းအင်တခုကပါ သူ့ကိုယ်ထဲကိုရောက်ရှိနေတာကို သူသတိထားမိလိုက်သည်။

"....ဒါက ဘာ ဝိညဉ်စွမ်းအင်မျိုးပါ့လိမ့်... "
ရှောင်လုံလဲ အရမ်းကိုအံသြသွားလေသည်။
အဲ့ဒီဝိညဉ်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲကိုရောက်ရှိလာတော့ သူသွေးကြောထဲက ငရဲဝိညဉ်စွမ်းအင်တွေနဲ့ ချောချောမွေ့မွေ့ပေါင်းစပ်နိုင်လေသည်။ဒါအပြင် အဲ့ဒီဝိညဉ်စွမ်းအင်က ငရဲဝိညဉ်စွမ်းအင်တွေကိုသန့်စင်ကာ အတွင်းအားချီအဖြစ် ချီပင်လယ်နေရာမှာ စုစည်းမှု ဖြစ်စဉ်ကိုပါ အရမ်းမြန်ဆန်လာစေသည်။

အချိန်က မြစ်တစင်းသဖွယ်လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
ရှောင်လုံအနေနဲ့ ရှေးခတ်တိုက်ပွဲဖြစ်တဲ့နေရာအတွင်းမှာ ရက်အနဲငယ်လောက် အတွင်းအားသိုင်းလေ့ကျင့်ခဲ့၏ ။ သူရဲ့ငရဲဝိညဉ်စွမ်းအင်တွေကနေ ငရဲဝိညဉ်အတွင်းအားချီအဖြစ် သန့်စင်ယူတဲ့ ဖြစ်စဉ်ကလဲ အံသြစရာကောင်းလောက်အောင်မြန်ဆန်လာသည်။ ဒီနေရာမှာ ရက်အနဲငယ်သိုင်းလေ့ကျင့်လိုက်လို့တိုးတက်လာတဲ့ အတွင်းအားချီတွေက အပြင်ဘဏ်မှာဆိုရင် တလလောက်မရပ်မနား အတွင်းအားလေ့ကျင့်လုိ့ရရှိလာမယ့် အတွင်းအားချီတွေနဲ့ တူညီနေ၏ ။

ရှောင်လုံလဲ အလွန်ကိုပျော်ရွှင်သွား၏ ။ ဒီမြန်နှုန်းအတိုင်းသာဆိုရင် နောက်ထပ်အချိန်နှစ်ပတ်လောက်အတော့အတွင်းမှာပဲ သူမြေကြီးအဆင့်၉ နောက်ဆုံအဆင့်ကို ရောက်ရှိနိုင်တော့မှာပဲ ဖြစ်သည်။

   _______ -----_______@______------__________

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၂၄ ...... လီဂေဟာ အမြစ်ပြတ်ချေမှုန်းခံရခြင်း

    အချိန်က မြစ်တစင်းသဖွယ်လျင်မြန်စွာ ရွေ့လျားသွားလေသည်။
ရှောင်လုံအနေနဲ့ ရှေးခတ်တိုက်ပွဲဖြစ်တဲ့နေရာအတွင်းမှာ ရက်အနဲငယ်လောက် အတွင်းအားသိုင်းလေ့ကျင့်ခဲ့၏ ။ သူရဲ့ငရဲဝိညဉ်စွမ်းအင်တွေကနေ ငရဲဝိညဉ်အတွင်းအားချီအဖြစ် သန့်စင်ယူတဲ့ ဖြစ်စဉ်ကလဲ အံသြစရာကောင်းလောက်အောင်မြန်ဆန်လာသည်။ ဒီနေရာမှာ ရက်အနဲငယ်သိုင်းလေ့ကျင့်လိုက်လို့တိုးတက်လာတဲ့ အတွင်းအားချီတွေက အပြင်ဘဏ်မှာဆိုရင် တလလောက်မရပ်မနား အတွင်းအားလေ့ကျင့်လုိ့ရရှိလာမယ့် အတွင်းအားချီတွေနဲ့ တူညီနေ၏ ။

ရှောင်လုံလဲ အလွန်ကိုပျော်ရွှင်သွား၏ ။ ဒီမြန်နှုန်းအတိုင်းသာဆိုရင် နောက်ထပ်အချိန်နှစ်ပတ်လောက်အတော့အတွင်းမှာပဲ သူမြေကြီးအဆင့်၉ နောက်ဆုံအဆင့်ကို ရောက်ရှိနိုင်တော့မှာပဲ ဖြစ်သည်။ ရှောင်လုံလဲ ရှေးခတ်တိုက်ပွဲနေရာမှာ ရက်အနဲငယ်အတွင်းအားလေ့ကျင့်ပြီးတဲ့နောက် အပြင်ကိုပြန်ထွက်လာတော့သည်။

သူပြန်လည်ထွက်ပေါ်လာတဲ့နေရာက သူကိုအနက်ရောင်အပေါက်ကြီး စုပ်ယူသွားတဲ့ ညဏ်အလင်းရရေကန်အတွင်း တူညီတဲ့နေရာမှာပဲ ပြန်လည်ထွက်ပေါ်လာတာဖြစ်သည် ။ ဒါပေမယ့် ဒေါင်ဝူဟန်နဲ့
တခြားသူတွေအကုန်လုံး ထွက်ခွာသွားကြတာကြာနေပြီမို့ သူ့ပတ်ဝန်းကျင် ရေထုတခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ရှောင်လုံက သူ့ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ရေအောက်တောင်တန်းတွေ ၊  သန္တာကျောက်တန်းတွေနဲ့ တခြားရေအောက်သစ်ပင်တွေ ပျက်စီးပြိုလဲနေတာကို မြင်တွေ့လိုက်ရသည်။ ဒါက သူအလိုလိုဖြစ်တာမျိုးမဟုတ်ဘဲ တစုံတယောက်က ဖျက်ဆီးထားတယ်ဆိုတာကိုကြည့်တာနဲ့ သိနိုင်လေသည်။ အဲ့ဒါအပြင့် ရေကန်ကြမ်းပြင်မှာ မီတာတထောင်လောက်ကြီးမားတဲ့ လက်ဝါးရာကြီးကိုလဲ မြင်တွေ့လိုက်သည်။

လက်ဝါးရာကြီးကိုကြည့်ရင်း ဒီလက်ဝါးရိုက်ချက်က ဘယ်လောက်ပြင်းထန်မလဲဆိုတာကိုတွေးကြည့်မိကာ ရှောင်လုံတယောက် နဲနဲတော့ကျောချမ်းသွား၏ ။ ဒီလိုလက်ဝါးရာမျိုး ထင်ကျန်အောင် ရိုက်နိုင်တဲ့ သူကဒေါင်ဝူဟန်တယောက်ပဲ ရှိတယ်ဆိုတာကို သူသဘောပေါက်လိုက်သည်။ အကယ်၍ အနက်ရောင်တွင်းပေါက်ကြီးကသာ သူ့ကိုအချိန်မှီ ရှေးခတ်တိုက်ပွဲဖြစ်ပွားတဲ့နေရာကို မပို့ဆောင်ခဲ့ဘူးဆိုရင်
ဒီလက်ဝါးရိုက်ချက်ကြောင့် အခုချိန်လောက်ဆို သူ့စေ့စေ့ညှက်ညှက်
ကြေနေလောက်ပြီမဟူတ်လား.. ။

ဘာပဲ ဖြစ်ဖြစ် ငါကောင်းကင်သိုင်းသမားအဆင့်ကို အမြန်ဆုံးရောက်ရှိနိုင်အောင်ကြိုးစားရမယ်.. ။
ကောင်းကင်သိုင်းသမားတယောက် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကိုမြင်လာလေလေ ရှောင်လုံကပိုပြီးကောင်းကင်သိုင်းသမား ဖြစ်ချင်လာလေပဲ ဖြစ်သည်။ ဒီညဏ်အလင်းရ ရေကန်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်ကြောင့် သူနဲ့ကောင်းကင်အဆင့် သိုင်းသမားတွေကွာဟချက် ဘယ်လောက်ကြီးမားနေတယ်ဆိုတာကို နားလည်သွားကာ ကောင်းကင်သိုင်းသမားအဆင့်ကို အမြန်ဆုံးရောက်ရှိချင်နေတာပဲ ဖြစ်သည်။

ကောင်းကင်သိုင်းသမားအဆင့်ကိုရောက်မှသာ ဤသိုင်းဝိညဉ်ကြီးရဲ့ အခြေခံလိုအပ်ချက်ကိုကိုက်မှီသွားပြီး သူ့ကိုယ်သူလဲကာကွယ်နိုင်မှာပဲ
ဖြစ်သည်။ ရှောင်လုံအနေနဲ့လဲ သူ့ကိုကာကွယ်ဖို့ သူများအားကိုးနေရတဲ့အဖြစ်မျိုး မလိုချင်ပေ.. ။ 

ပတ်ဝန်းကျင်ကိုနောက်တခေါက်အကဲခတ်ပြီးနောက်မှာတော့ ဖျက်ကနဲဆိုသလို ရှောင်လုံတယောက်လက်ရှိနေရာကနေ ပျောက်ကွယ်သွားလေသည်။

သိပ်မကြာခင်မှာပဲ ပျောက်ကွယ်သွားတဲ့ရှောင်လုံက ညဏ်အလင်းရရေကန်ရဲ့ ရေမျက်နှာပြင်ထက်ကိုပြန်လည်ရောက်ရှိလာ၏ ။ သူ့ရောက်ရှိလာတဲ့ အချိန်မှာတော့ ညဏ်အလင်းရရေကန်ပတ်ဝန်းကျင်မှာ
လူသူကင်းမဲ့တိတ်ဆိတ်နေလေသည်။ ကြည့်ရတာ သိုဏ်းဂိုဏ်းက သိုင်းပညာရှင်တွေအကုန်လုံး တယောက်မကျန်ထွက်ခွာသွားကြတဲ့ ပုံစံပဲ ဖြစ်သည် ။

ဖေးဟိုတယောက် သူ့ကိုဖေးအိမ်တော်မှာစောင့်မျှော်နေတော့မယ်တိုတာကို ရှောင်လုံသတိရသွားလေသည်။ သူနဲ့ဖေးဟိုတို့ရဲ့ သဘောတူညီမှုအရ  အကယ်၍ တခုခုသာ ဖြစ်ပွားခဲ့မယ်ဆိုရင် တခုက ဖေးအိမ်တော့ကို ဘာပဲဖြစ်ဖြစ် သုံးရက်အတွင်းအရောက်ပြန်လာခဲ့ရမယ်လို့
သဘောတူထားတာပဲဖြစ်သည်။ အခုရှောင်လုံ ရှေးဟောင်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာမှာ အတွင်းအားလေ့ကျင့်နေခဲ့တာက သုံးရက်ထက်များစွာကျော်လွန်နေပြီမဟုတ်လား.. ။ ညဏ်အလင်းရရေကန်မှာ တိုက်ပွဲတွေကလဲ အကြီးအကျယ်ဖြစ်ပွားခဲ့တာမို့ ဖေးဟိုတယောက်သူကို စိတ်ပူပြီး နေရာအနှံလူလွှတ်ရှာဖွေနေတော့မယ်ဆိုတာကို
ရှောင်လုံတွေးမိသွား၏ ။

ရှောင်လုံခန့်မှန်းထားတဲ့အတိုင်းပဲ သူညဏ်အလင်းရရေကန်ကနေ ဖေးအိမ်တော်ကို အလျင်အမြန်ပြန်လာနေတဲ့အချိန်မှာပဲ သစ်တောအတွင်း သူ့ကိုလာရောက်ရှာဖွေနေ့ကတဲ့ ဖေးအိမ်တော်က အစောင့်တချို့နဲ့ တွေ့ကြလေသည်။ ဖေးအိမ်တော်အစောင်တွေက ရှောင်လုံကို မြင်တော့ သူတို့မျက်နှာပေါ်မှာ အရမ်းကိုပျော်ရွှင်သွားတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာကြသည်။

ရှောင်လုံတယောက် ဘာဒဏ်ရာဒဏ်ချက်မှမရဘဲ ဖေးအိမ်တော်ကိုပြန်လာမြင်တော့ ဖေးဟိုက ကောင်းကင်ဘုံမှာရှိနေတဲ့ နတ်မင်းတွေအကုန်လုံးကို တယောက်ချင်း ရှိခိုးကန်တော့ရအောက်အောင့ အရမ်းကိုကျေးဇူးတင်သွား၏ ။ တချိန်လုံ မျက်နှာထားပျက်နေတဲ့ ဖေးဟိုလဲ ရှောင်လုံ မထိမခိုက်ပဲ ပြန်လာတာမြင်တော့မှ ပြန်ပြ်ီး ပြုံးပြုံးရွှင်ရွှင်ဖြစ်လာသည်။

ဖေးအိမ်တော်ရဲ့ မိန်းခန်းမအတွင်း....
ရှောင်လုံက သူမရှိတဲ့အချိန်အတောအတွင်းမှာ ညဏ်အလင်းရရေကန်မှာ ဘာတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဖေးဟိုအသေးစိတ်ပြောပြတာကို နားထောင်လိုက်လေသည်။

"...ကောင်းကင်သိုင်းသမား ၈ ယောက်တောင် သေသွားတယ်ဟုတ်လား... ?"
ကြားလိုက်ရတဲ့ သတင်းအပေါ် ရှောင်လုံမယုံနိုင်အောင် အံသြထိတ်လန့်သွားလေသည်။
ဖေးဟိုက ခေါင်းညိတ်အတည်ပြုရင်း ပြန်ဖြေလိုက်သည်
".. သူတို့အကုန်လုံးကို ဒေါင်ရမ်းအင်ပါရာနိုင်ငံတော်ရဲ့ ဒုတိယမင်းသား ဒေါင်းဝူဟန်က သတ်ခဲ့တာပါ...  ဒီကောင်းကင်သိုင်းသမား ၈ ယောက်က ဒေါင်ဝူဟန်ကောင်းကင်ရတနာကို ရသွားတဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဒေါင်ဝူဟန်ရှိနေတဲ့နေရာကို ရောက်သွားခဘြ့တယ်လေ...  ဒါကြောင့်မို့ဒေါင်ဝူဟန်က သူကောင်းကင်ရတနာရသွားတာသတင်းပြန့်သွားမှာစိုးရိမ်ပြီး ဒီကောင်းကင်သိုင်းသမား ၈ ယောက်လုံးကို တယောက်မကျန် နှူတ်ပိတ်ခဲ့တာပဲ ဖြစ်ရမယ်..."

"...ဘယ်လို .... ဒေါင်ဝူဟန်က ကောင်းကင်ရတနာကိုရသွားတယ်ဟူတ်လား.. ?"
ဖေးဟိုပြောတာကိုကြားတော့ ရှောင်လုံပိုပြီး အံသြသွား၏ ။ ဖေးဟိုက ခေါင်းညိတ်ပြရင်းထပ်ပြောလိုက်သည်
"... ဟုတ်ပါတယ် ဂိုဏ်းချုပ်... ဒေါင်ဝူဟန် ကောင်းကင်ရတနာကို ရသွားတယ်သတင်းက အခုဆိုရင် တလောကလုံးကိုပျံနှံနေတာပါ... "

ဖေးဟိုရဲ့ အတည်ပြုလယချက်ကိုကြားတော့ ရှောင်လုံရင်ထဲမှာ ခနိုးခနဲ့ ကြိတ်ရယ်လိုက်ကာ သူ့ခေါင်းကိုခါရမ်းလိုက်သည်။ ဒေါင်းရမ်းအင်ပါရာနိုင်ငံက မင်းသးလေးက သူရှေ့မှာဝင်ကာကွယ်ပေးတဲ့ အကာအရံတခုဖြစ်သွားမယ်ဆိုတာကို ရှောင်လုံဘယ်တုံးကမှ မထင်မိခဲ့ပေ.. ။

"... ဒါဆို ဒေါင်ဝူဟန်တို့ရော ဒေါင်ရမ်းအင်ပါရာနိုင်ငံကို ပြန်သွားကြပြီလား ..? " ရှောင်လုံက ထပ်မေးလိုက်၏ ။
"...သူတို့ ပြန်သွားကြပြီထင်ပါတယ်...  ဒေါင်ဝူဟန် ကောင်းကင်ရတနာကိုရသွားတဲ့နေမှာပဲ အာကာသဟင်းလင်းပြင်ဆိုင်ရာစွမ်းအင်နဲ့ အချိန်စွမ်းအင်ကို ထိန်းချုပ်နိုင်တဲ့  ဒေါင်ရမ်းအင်ပါရာနိုင်ငံက ရှေးဟောင်းရတနာကြီး ကောင်းကင်ပေါ်ကို ပြန်တက်ပျောက်ကွယ်သွားတာကို ကျွန်တော်မျိုးတွေ့လိုက်ပါတယ်... "
ဖေးဟိုကပဲ ထပ်ပြောလိုက်သည်
"... ညဏ်အလင်းရရေကန်ကို စောင့်ကြပ်ခဲ့တဲ့ စစ်တပ်အတွင်းမှာလဲ အတော်လေးကိုကြီးကြီးမားမားဆုံးရှံးခဲ့ပါတယ်ဂိုဏ်းချုပ်... ကျွန်တော်မျိုးကြားတာတော့ စစ်သည်းအယောက်၇သောင်း၈သောင်းနီးပါးက ညဏ်အလင်းရရေကန်လာရောက်တဲ့ သိုင်းပညာရှင်တွေကို တားဆီရင်း သေဆုံးခဲ့တယ်လို့ကြားမိပါတယ်... "

အမှန်တော့ ယုဝေနိုင်ငံက ဒေါင်ရမ်းအင်ပါရာနိုင်ငံကြီးရဲ့ သစ္စာခံနိုင်ငံတွေအတွင်းမှာ အင်းအားအကြီးမားဆုံးနိုင်ငံတခုပဲ ဖြစ်သည် ။ စစ်သည် အယောက် ၈သောင်းနီးပါးစေဆုံးခဲ့တာက ယုဝေနိုင်ငံလို အင်းအားကြီးနိုင်ငံအတွက်တောင်မှ နဲပါးတဲ့အရေအတွက်တခုမဟုတ်ပေ.. ။ ဒါပေမယ့် သူတို့လဲပင်မအသက်သွေးကြောကတော့ ဒီလောက်လူအရေအတွက်နဲ့ ယိုင်လဲမသွားနိုင်သေးပေ.. ။

အဲ့နောက်မှာတော့ ဖေးဟိုကဒီရက်ပိုင်းတွေအတွင်း ဓားကြီးဂိုဏ်းနဲ့ နင်သိုင်းပညာမိသားစုတွေရဲ့ လှုပ်ရှားအခြေအနေအသေးအစိတ်ကို ထပ်ပြီးသတင်းပို့လိုက်၏ ။ ဓားကြ်ီးဂိုဏ်းရဲ့ ထိပ်တန်းတပည့်သား ရှစ်ယောက်သေဆုံးသွားခဲ့တယ်ဆိုတာကိုပြောဟိုကပြောတော့
ရှောင်လုံလဲပြုံးရင် ဂုဏ်ယူစွာနဲ့ ပြန်ဖြေလိုက်လေသည်
"... သူတို့ကိုငါသတ်ခဲ့တာလေ... "

ဖေးဟိုကခနလောက်အံသြသွားပြီးမှ
"...အော် သူတို့ကဂိုဏ်းချုပ် လက်ချက်နဲ့ သေဆုံးခဲ့တာကို... ကျွန်တော်ကတော့ ဘယ်သူများ ဓားကြီးဂိုဏ်းရဲ့တပည့်တွေကို အပျောက်ရှင်းခဲ့ပါ့လိမ့်လို့တွေးနေတာ... အဲ့လူက ဂိုဏ်းချုပ်ဖြစ်နေတာကိုး.. သူ့တပည့်တွေသေခဲ့တာ ဂိုဏ်းချုပ်လက်ချက်မှန်းသာသိရင် အဲ့အဖိုး
ကြီးယုချန်တယောက်တော့ ဒေါသတကြီးခုန်ပေါက်နေတော့မှာပဲ...
ဒါပေမယ့် ဂိုဏ်းချုပိ.... ကျွန်တော်မျိုးတို့အနေနဲ့ သူ့ကိုတော့ အလေးအနက်ဂရုစိုက်ဖို့လိုအပ်ပါတယ်... "

ရှောင်လုံက ဖေးဟိုစကားကို သဘောတူတယ်ဆိုတဲ့ အနေဖြင့်ပြန်ပြီးခေါင်းညိတ်ပြလိုက်သည်။ ခနလောက်ကြာတော့ ဖေးဟိုလဲ မိန်းခန်းမဆောင်ထဲကနေ ထွက်ခွားသွား၏ ။ ရှောင်လုံက ဒေါင်ဝူဟန်မဟုတ်ဘဲ တကယ်တမ်းကောင်းကင်ရတာနကိုရရှိခဲ့တဲ့သာကသူဆိုတာကိုတော့ ဖေးဟိုကိုမပြောပြသေးပေ.. မလိုအပ်သေးဘဲနဲ့ ရှောင်လုံကဘယ်သူကိုမှမပြောပြချင်သေးပေ .. ပြီးတော့ ကောင်းကင်ရတနာတွေအကြောင်းကိုလဲ ဖေးဟိုကသိပ်မသိဘူးမဟုတ်လား.. ဒါကြောင်မို့
ရှောင်လုံပြောပြလဲ ဖေးဟိုက နှောင်ဖွဲ့ခြင်းနတ်လက်စွပ်ရဲ့ အသုံးပြုပုံနဲ့ ကောင်းကင်ရတနာတွေကြားထဲမှာ အဆင့်ဘယ်လောက်ဆိုတာကို သူနားလည်မှာမဟုတ်ဘူးလေ.. ။

ဖေးဟိုမိန်းခန်းမဆောင်ထဲကနေ ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ ရှောင်လုံလဲ သူခြံဝန်းထဲကိုပြန်လာလိုက်သည်။ အဲ့နောက် နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ကို ပွတ်သပ်ကာ ရှေးခတ်တိုက်ပွဲဖြစ်ပွဲတဲ့နေရာကို ဝင်ရောက်လိုက်သည်။

ရှောင်လုံစိတ်ထဲမှာ လက်ရှိအချိန် အရေးအကြီးဆုံးအချက်က သူ့ကောင်းကင်အဆင့်၉ နောက်ဆုံးအဆင့်ကို အဆင့်တက်ရောက်ရှိနိုင်ဖို့ပဲဖြစ်သည်။ သူကောင်းကင်အဆင့်၉ နောက်ဆုံးအဆင့်ကိုရောက်တော့မှ ရှောင်လုံက လူတောင်းနိုင်ငံကို ပြန်ဖို့စီစဉ်ထားလေသည်။

ရှေးခတ်တိုက်ပွဲတွေဖြစ်ပွဲခဲ့တဲ့နေရာကိုရောက်တော့ ရှောင်လုံက သူ့ကိုယ်ထဲက လင်းလောင်ကတနာစေတီကိုအပြင်ဘက်သို့ ဆင့်ခေါ်ထုတ်လိုက်၏ ။ အဲ့နောက် တင်ပျင်ခွေထိုင်ကာ သိုင်းစတင်လေ့ကျင့်ဖို့ ကြိုးစားတော့သည်။

ဒီနေရာမှာ သူနောက်ဆုံးအကြိမ်သိုင်းလေ့ကျင့်ခဲ့တုံးက သိပ်မပြီပြင်တဲ့ လူအစုလိုက်အပြုံလိုက် သေဆုံးခြင်းကနေ ထွက်ပေါ်လာတဲ့ ချီစွမ်းအင်တချို့က သူ့သိုင်းကျင့်စဉ်တိုးတက်လာရာမှာ အထေညက်အကူပြုခဲ့တယ်ဆိုတဲ့ အချက်ကိုသူတွေ့ရှိခဲ့တယ်မဟုတ်လား.. ။
ဒါ့အပြင် အဲ့ဒီချီစွမ်းအင်က သူ့ရဲ့စိတ်ဝိညဉ်နဲ့ စိတ်ဓတ်ကိုပါ တည်ကြည်ခိုင်မာလာစေတဲ့ အစွမ်းသတ္တိရဲ့ ရှိတာကို သူမြင်တွေ့ခဲ့ရသည်။

အချိန်ဆယ့်နှစ်ရက်က လျင်မြန်စွာကျော်ဖြတ်ကုန်ဆုံးသွားတော့သည်။ အခုဆိုရင် ညဏ်အလင်းရရေကန်အတွင်း ကောင်းကင်ရတနာစတင်မွေးဖွားလာခြင်းက ရက်နှစ်ဆယ်ကိုကျော်လွန်သွားချေပြီ.. ။ညပ်အလင်းရရေကန်ရဲ့ ကောင်းကင်ရတနာကြောင့် သက်ဝင်လှုပ်ရှားမှု မုန်တိုင်းကြီးကလဲ တဖြည်းဖြည်းနဲ့ တိတ်ဆိတ်ငြိမ်သက်သွားပြီပဲ ဖြစ်သည်။ ဒီကောင်းကင်ရတနာအကြောင်းကို လူတွေက အခုထက်ထိပြောဆိုနေကြပေမယ့် အရင်ကလောက် သိပ်ပြီး စိတ်ဝင်စားမှု မရှိကြတော့ပေ.. ။

ရှေးခတ်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာမှာ ရှောင်လုံတယောက် ၁၂ရက်လောက် ပြင်းပြင်းထန်ထန်အတွင်းအားလေ့ကျင့်လိုက်ပြီးနောက်ဆုံးမှာတော့ မြေကြီးအဆင့် ၉ နောက်ဆုံးအဆင့် သိုင်းသမားဖြစ်လာခဲ့ချေပြီ.. ။ သူဆုံးဖြတ်ထားတဲ့အတိုင်းမြေကြီးအဆင့်၉ သိုင်းသမားဖြစ်တော့မှ ရှောင်လုံလဲရှေးဟောင်းတိုက်ပွဲမြေကနေ ပြန်ထွက်လာတော့သည်။

အဲ့နောက်မှာတော့ ရှောင်လုံနဲ့ဖေးဟိုတို့လူတောင်းမြို့သို့အပြန်ခရီးစတင်တော့လေသည်။ သူ့တို့နှစ်ယောက်က သူတို့ယုဝေနိုင်ငံသို့လာရာလမ်းအတိုင်းပဲ ငွေလသစ်တောကိုဖြတ်ကာ လူတောင်မြို့သို့ပြန်လာကြသည်။ လမ်းခရီးစဉ်တလျှောက်လုံးမှာလဲ မိစ္ဆာသားရဲကြီးတွေကိုသတ်ကာ သိုင်းသမားအဆက်မပြတ်လေ့ကျင့်ခဲ့သေးသည်။

နှစ်လဆိုတဲ့အချိန်အတိုင်းအတာ နဲနဲလေးကျော်သွားတဲ့အခါမှာတော့
ယုဝေနိုင်ငံကနေ အိမ်အပြန်ခရီးနှင်လာကြတဲ့ ရှောင်လုံနဲ့ဖေးဟိုတို့နှစ်ယောက် ထျန်ယွမ်အိမ်တော်သို့ ချောချောမွေ့မွေ့ပြန်လည်ရောက်ရှိလာကြသည်။

"...ဟေး...အကိုကြီးပြန်လာပြီဟေ့... "
ထျန်ယွမ်အိမ်တော်ထဲသို့ ခြေလှမ်းစဝင်လိုက်ပြီဆိုတာနဲ့ သူညီမလေး ဟောင်မင်းနဲ့ အရင်ဆုံးစတင်တွေ့လေသည်။ သူမက ရှောင်လုံကိုမြင်တော့ ပျော်ရွှင်စွာဖြင့် ရှောင်လုံလက်ကိုလာဆွဲကာ
"...အကိုကြီး...  အကိုကြီးယုဝေနိုင်ငံကိုသွားတဲ့ ခရီးစဉ်မှာ ညီမလေးအတွက် ဘာတွေပါခဲ့သလဲ... ဟီး..ဟီး...."

"...နင်အတွက်သာမပါရင် ကမ္ဘာကြီးမိုးမီးလောင်သွားမယ်ဆိုတာငါသိပါတယ်ဟာ... "
ပြောပြီးတာနဲ့ သူဟောင်မင်းအတွက် ရည်စူးပြီးဝယ်လာတဲ့ မိန်းကလေးအသုံးအဆောင်တွေကို နတိလက်စွပ်ထဲကနေ ထုတ်ပြီပေးလိုက်သည်။ သူမအတွက်ပစ္စည်းတွေအများကြီး ဝယ်လာတာမြင်တော့ ဟောင်မင်းက အရမ်းကိုပျော်ရွှင်သွားကာ ပါးစပ်ကိုမပိတ်နိုင်တော့ပဲ
တဟီးဟီး ဖြစ်နေတော့သည်။

ရှောင်လုံကတော့ သူ့ညီမလေးဟောင်မင်းကိုကြည့်ရင် ခေါင်းကိုခါယမ်းလိုက်သည်။ နောက်ထပ်တလနှစ်လလောက်ဆိုရင်ပဲ ဒီကောင်မလေး အသက်၁၅ နှစ်ပြည့်တော့မယ်....  အခုထိ ကလေးဆိုးကြီးလုပ်နေတုံးပါလား..... ။

ရှောင်လုံမိန်းခန်းမဆောင်ထဲကိုရောက်တော့ မိန်းခန်းမဆောင်အတွင်းမှာ သူ့မိဘနှစ်ပါးအပြင် လီလူကိုပါတပါထဲ မြင်တွေ့လိုက်၏ ။ ဒါပေမယ့် လီလူမျက်နှာမှာ မျက်ရည်တွေစီးကျနေကာ သူမရဲ့ မျက်လုံးနှစ်ဖက်ကလဲ နီရဲနေသည်။ သူမကိုမြင်တွေ့လိုက်တာနဲ့ အချိန်တော်တော်ကြာအောင် ငိုကြွေးထားမှန်းသိနိုင်လေသည်။

မိန်းခန်းမဆောင်ထဲကလူတွေက တက်တက်ကြွကြွမရှိကြပဲ အကုန်လုံးရဲ့ မျက်နှာတွေ ညှိုးငယ်နေကြလေသည်။
ရှောင်လုံက ထျန်ယွမ်အိမ်တော်ကို မိန်းခန်းမဆောင်ထဲကို လျှောက်လာရင်းမေးလိုက်သည်
".... ဘာတွေဖြစ်ကြလို့လဲ... ?"

သူမေးလိုက်တဲ့ အချိန်မှာပဲ ထိုင်ခုံမှာထိုင်ရင်း တရှုံရှုံ ငိုကြွေးနေတဲ့ လီလူက ရှောင်လုံရဲ့ရင်ခွင်ထဲ့သို့ ပြေးလာနေပြီပဲ ဖြစ်သည်။အဲ့နောက်သူ့ကို တင်းတင်းကျပ်ကျပ်ဖက်ကာ သနားစဖွယ် အဆက်မပြတ်ငိုကြွေးတော့သည်။

ရှောင်လုံလဲ လီလူရဲ့ အပြုအနူကြောင့် အရမ်းကိုကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ အဲ့နောက်ရှောင်လုံက လီလူဘာဖြစ်နေလဲဆိုတာကိုသိရအောင် သူ့မိဘတွေကို မျက်လုံးဖြင့် အသံတိတ်လှမ်းမေးလိုက်၏ ။

ဟောင်ပန်က တည်ကြည်နေတဲ့ မျက်နှာထားဖြင့်ရှင်းပြလိုက်သည်
"... ငါတို့အခုပဲ ကန်ဂလန်မြို့ကနေ သတင်းပို့လိုက်တာကို သိရတာ
လီဂေဟာတခုလုံး ချေမှုန်းဖျက်စီးခံလိုက်ရတယ်တဲ့...  လူအယောက်တရာကျော်လောက်လဲ အသတ်ခံလိုက်ရတယ်.... !"

"... ဟောင်ကန်ပြောပြတဲ့ သတင်းစကားကိုကြားတော့ ရှောင်လုံလဲ လုံးဝကို ရှော့ရကာ အံအားသင့်သွားသည်။ လီဂေဟာတခုလုံး ချေမှုန်းခံလိုက်ရတယ်ဟူတ်လား... ? ဒါဆိုရင် လီလူ အဖေ လီချန်နဲ့ လီလူအဖိုး လီမူတို့ရောအသတ်ခံလိုက်ရတာလား... ?

"...လီလူ.. အဆင်ပြေသွားမှာပါဟာ...မငိုပါနဲ့တော့နော်... "
ရှောင်လုံက လီလူကျောဘက်ကို ညင်သာစွာပုတ်ရင်း နူးညံတဲ့လေသံဖြင့် ဖျောင်းဖျစကားဆိုလိုက်၏ ။ လီလူကလဲ ရှောင်လုံရင်ခွင်ထဲမှာ အချိန်တော်တော်ကြာအောင်ငိုကြွေးခဲ့လေသည်။ အဲ့နောက်မှာမှ ရှောင်လုံကိုဖက်ထားတာကို ပြန်ခွာလိုက်သည်။ လီလူက သူမမျက်နှာက မျက်ရည်တွေကိုသုတ်ရင်းကြည့်လိုက်တော့ သူမမျက်ရည်တွေနဲ့ ရှောင်လုံရင်ခွင်တခုလုံး စိုရွဲနေတာကိုမြင်တွေ့လိုက်လေသည်။ ရှောင်လုံရင်ဘတ်က သူမမျက်ရည်ကွက်ကိုကြည့်ရင်း ရှက်ရွံစွာဖြင့် လီလူမျက်နှာက ခရမ်းချဉ်သီးတလုံးလိုမျိုး နီရဲတွတ်သွားလေသည်။

အားလုံးလဲ မိန်းခန်မဆောင်ထဲမှာ ရှောင်လုံနဲ့အတူပြန်ထိုင်လိုက်ကြသည်။
"....လီဂေဟာကိုပျက်စီးအောင် ဘယ်သူလုပ်လဲဆိုတာကိုရော ရှာတွေ့ပြီလား  ...?"
ထိုင်ပြီးတာနဲ့ ရှောင်လုံကမေးလိုက်သည်။

စုရန်ကပြန်ဖြေလိုက်၏
".. လီချန်နဲ့ လီဂိုဏ်းချုပ်ကြီးလီမူတို့ရင်ဘတ်မှာ အဆိပ်သွေးလက်ဝါးရာကို မြင်တွေ့ခဲ့တယ်တဲ့... ဒီကိစ္စကို စစ်သူကြီးချုပ်ဟောက်ထျန်ကိုတိုင် အတည်ပြုပြီးပြီ.... "
"...အဆိပ်သွေးလက်ဝါး...?"
ရှောင်လုံလဲ မျက်မှောင်ကျုံရင်း စဉ်းစားလိုက်သည်။ သိမ်းငှက်စိမ်းဂိုဏ်းချုပ် ဂျန်ဝေတုံးကလဲ အဆိပ်သွေးလက်ဝါးနဲ့ပဲ သေဆုံးခဲ့ကတာမဟူတ်လား.. ။ ဒါဆိုရင် ဂျန်ဝေ ၊ လီချန် နဲ့ လီမူတို့ကို သတ်ခဲ့တဲ့လူကတယောက်ထဲများလား ....?

ရှောင်လုံက လွန်ခဲ့တဲ့ ခုနှစ်နှစ်တုံးက လီမူရဲ့အသက်ရှစ်ဆယ်ပြည့်မွေးနေ့အကြောင်းကို ပြန်စဉ်းစားမိသွားသည်။ အဲ့တုံးက အဆိပ်မြွေသိုင်းဝိညဉ်နဲ့ လူနှစ်ယောက်က လီမူကို သုံးနှစ်အတွင်းရအောင် သတ်မယ်လို့ ကျိမ်ဆိုခဲ့တယ်မဟူတ်လား.. ။  ဒါပေမယ့် အခုကခုနှစ်နှစ်တောင်ကြာမြင့်နေပြီလေ.. ။ လီမူတို့ လီချန်တို့ကိုသတ်ခဲ့တဲ့ တရားခံက အဲ့တုံးက အဆိပ်မြွေသိုင်းဝိညဉ်ပိုင်ရှင် လူနှစ်ယောက်များလား... ?

ယုဝေနိုင်ငံကနေ ထျန်ယွမ်အိမ်တော်ကိုပြန်လာပြီးတဲ့နောက်မှာ လီဂေဟာချေမှုန်းခံရတဲ့ သတင်းကိုပထမဆုံးကြားရလိမ်မယ့်လိုလ ရှောင်လုံစိတ်ထဲ လုံးဝမထင်ထားပေ.. ။ ဒီလွန်ခဲ့တဲ့နှစ်တွေအတွင်း ကှောင်လုံက စစ်သူကြီးချုပ် ဟောက်ထျန်ကို လီဂေဟာကို နောက်ကွယ်ကနေ တိတ်တဆိတ်စောင့်ရှောက်ဖို့ စေခိုင်းထားခဲ့တာပဲ ဖြစ်သည်။ ဒါတောင်မှ လီဂေဟာက ဒီကပ်ဆိုးကြီးကနေ မကျော်လွှားနိုင်ခဲ့ပါလား.....။

#

ပြိင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၂၅ .... မြေကြီးအဆင့် ၁၀ ရဲ့အတားအဆီးအလွှာကို
                      တိုက်က်ခိုက်ခြင်း

       
ယုဝေနိုင်ငံကနေ ထျန်ယွမ်အိမ်တော်ကိုပြန်လာပြီးတဲ့နောက်မှာ လီဂေဟာချေမှုန်းခံရတဲ့ သတင်းကိုပထမဆုံးကြားရလိမ်မယ့်လိုလ ရှောင်လုံစိတ်ထဲ လုံးဝမထင်ထားပေ.. ။ ဒီလွန်ခဲ့တဲ့နှစ်တွေအတွင်း ကှောင်လုံက စစ်သူကြီးချုပ် ဟောက်ထျန်ကို လီဂေဟာကို နောက်ကွယ်ကနေ တိတ်တဆိတ်စောင့်ရှောက်ဖို့ စေခိုင်းထားခဲ့တာပဲ ဖြစ်သည်။ ဒါတောင်မှ လီဂေဟာက ဒီကပ်ဆိုးကြီးကနေ မကျော်လွှားနိုင်ခဲ့ပါလား.....။

ရှောင်လုံပြန်လာပြီဆိုတဲ့ သတင်းကြားတာနဲ့ စစ်သူကြီးချုပ် ဟောက်ထျန်လဲ ထျန်ယွမ်အိမ်တော်ကို အလျင်အမြန်ပြေးလာလေသည်။
ရှောင်လုံကိုနှုတ်ဆက်ပြီးတဲ့နောက် စစ်သူကြီးချုပ်ဟောက်ထျန်က လီဂေဟာချေမှုန်ခံရခြင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တွေကို  အစီရင်ခံလိုက်သည်။

"...ဂိုဏ်းချုပ်.... ကျွန်တော်လီဂေဟာကိုချေမှုန်းတဲ့တရားခံကိာ လိုက်လံစုံစမ်းခဲ့ပါတယ်.... အခုဆိုရင် အဓိကတရားခံကိုရှာတွေ့ပါပြီ..."
လီဂေဟာဘယ်လိုချေမှုန်းခံလိုက်ရတယ်ဆိုတဲ့ အကြောင်း အသေးစိတ်ပြောပြိပြီးတဲ့နောက်မှာ စစ်သူကြီးချုပ်ဟောက်ထျန်က နောက်ဆုံ်းနေနဲ့ထပ်ပြောလိုက်သည်။

"... ဟောက်ထျန်...  မင်းအမြင်အရ.. တရားတဖက်ကတရားခံက ဘယ်လောက်အစွမ်းထက်သလဲ.. ?"
ရှောင်လုံက မျက်နှာထားတည်ကြည်စွာဖြင့် အလေးအနက်မေးမြန်လိုက်သည်။

"... လီမူနဲ့ လီချန်တို့ကိုယ်ပေါ်က အဆိပ်သွေးလက်ဝါးရာကို အကဲခတ်ရသလောက်တော့ သူတို့ကိုသတ်သွားတဲ့ တရားခံက ကောင်းကင်အဆင့်သိုင်းသမားတယောက် ဖြစ်ဖို့များပါတယ် ဂိုဏ်းချုပ်.. "
ဟောက်ထျန်ကလဲ အလေးအနက်မျက်နှာထားဖြင့် သူထင်မြင်ယူဆချက်ကိုထုတ်ပြောလိုက်သည်။

"...ကောင်းကင်အဆင့်သိုင်းသမား ..ဟူတ်လား.. ?"
ရှောင်လုံက နဖူးကြောကို တွန့်လိုက်သည်။ သိမ်းငှက်စိမ်းဂိုဏ်းချုပ် ဂျန်းဝေကို သတ်တုံးက အဲ့တရားခံက ကောင်ကင်အဆင့်၁၀ နောက်ဆုံးအဆင့်ပဲရှိသေးတာမဟူတ်လား.. ။ အခုဟောက်ချန်ရဲ့ပြောဆိုပုံအရဆို အဲ့ဒီတရာခံက မြေကြီးအဆင့်၁၀ ကနေ ကောင်းကင်သိုင်းသမားအဆင့်ကို အဆင့်တက်သွားတာများလား.. ။ အခုသူခန့်မှန်းတာတွေသာ မှန်ခဲ့မယ်ဆိုရင် အခုကိစ္စက သူထင်ာထက်ကို အများကြီးပိုပြီးရှုပ်ထွေးတော့မှာပဲ ဖြစ်သည်။

တရားခံက အခုမှကောင်းကင်သိုင်းသမား ဖြစ်ခါစဆိုရင် သိပ်ပြသနာမရှိသေးဘူး.. ။အခုမှကောင်းကင်သိုင်းသမားဖြစ်ခါစဆိုရင် အဲ့လူကို စစ်သူကြီးချုပ်ဟောက်ထျန်နဲ့ ဖေးဟိုတို့က ကောင်းကောင်းရင်ဆိုင်နိုင်တယ်မဟုတ်လား ..။

ခနလောက်ကြာတော့ စစ်သူကြီးချုပ်ဟောက်ထျန်လဲ သတင်းထပ်မံစုံစမ်းဖို့ထွက်ခွာသွားသလို ဖေးဟိုကလဲ သူမရှိတဲ့ အချိန်အတွင်းထျန်ယွမ်အိမ်တော်မှာ လစ်ဟာတွေရှိနေတာကို စီမံဖို့ ထွက်သွားသည်။
ရှောင်လုံက ဖေးဟိုကို ထျန်ယွမ်အိမ်တော်အတွင်း အစောင့်အကြပ်ထူထဲစွာ ချထားဖို့ စေခိုင်လိုက်သည်။ အထူးသဖြင့် လီလူရဲလုံခြုံရေးကို အဓိကသတိထားဖို့ ထပ်မှာလိုက်၏ ။

အခုဆိုရင် လီလူက လီဂေဟာရဲ့ တဦးတည်းသော အသက်ရှငကျန်ရစ်ခဲ့တယ်သူမဟုတ်လား.. ။ လူသတ်သမားက လီဂေဟာကို မျိုးဆက်ကိုမချန်ဖို့ ကြံရွယ်ထားတာမို့ လီလူကိုလဲလာရောက်နှုတ်ပိတ်လိမ့်မယ်လို့ ရှောင်လုံက ထင်မြင်နေတာပဲ ဖြစ်သည်။ 
    
  ကြည်လင်အေးမြနေသော လမင်းကြီးရဲ့ အလင်းရောင်ဖြင့် ညအချိန်အခါမှာတောင် တောက်ပလင်းလက်နေသည်။ ရှောင်လုံက သူ့ခြံဝန်းထဲမှာ ထိုင်ရင်း အေးချမ်းစွာဖြင့် ကမ္ဘာလောကကြီးတခုလုံးကို အလင်းဓတ်ပေးနေတဲ့ ငွေစန္ဒာ လမင်းကြီးကို ငေးမောကြည့်နေလေသည်။

အဲ့အချိန်မှာပဲ သူနောက်ဘက်နားက ခြေသံတိုးတိုးကြားလိုဘ ရှောင်လုံကလှည့်ကြည့်လိုက်တော့ ခရမ်းနုရောင်ညဝတ်အကျီကို ဝတ်ဆင်ထားတဲ့ လီလူကိုမြင်တွေ့လိုက်သည်။ ညချမ်းရဲ့ လေပြည်လေးညှင်းလေးတွေကြောင့် လီလူရဲ့ ညဝတ်အကျီက သူမကိုယ်မှာကပ်နေကာ သူမရဲ့ ခန္ဓာကိုယ်အလှကောက်ကြောင်းကို ထင်ဟပ်ပြသနေ၏။

လရောင်ဖြင့်တောက်ပနေတဲ့ ဥယျာဉ်ထဲမှာ သူဆီကို လာနေတဲ့ လီလူကိုကြည့်ရင်း ရှောင်လုံစိတ်ထဲမှာ နတ်ပြည်ကနတ်သမီးလေးတပါး
လူလောကကြီးသို့ ဆင်းသက်လာသယောင် ခံစားလိုက်ရသည်။

လီလူကရှောင်လုံအရှေ့တည့်တည့်ထိ လမ်းလျှောက်လာကာ ကှောင်လုံရှေ့ကိုရောက်တော့မှ ရပ်တန့်လိုက်သည်။
"...ရှောင်လုံ...
လီလူရဲ့ နှင်းဆီရောင်နှုတ်ခမ်းပါးလေးကနေ ရှောင်လုံနာမယ်ခေါ်သံ
ထွက်ပေါ်လာသည်။ လီလူက ရှောင်လုံနာမယ်ကို ခပ်တိုးတိုးခေါ်ပြီယနောက် ခနလောက်တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပြီမှ ပြောလိုက်သည်
"...ငါနင့်ကိုပြောစရာစကားရှိလို့... "

"...ပြောလေ.. "
ရှောင်လုံက လီလူကိုစိုက်ကြည့်ရင်းပြောလိုက်သည်။
"... ငါအခုဆိုရင် မြေကြီးအဆင့်၇ သိုင်းသမားအဆင့်ကိုရောက်သွားပြီ.. " လီလူကပြောလိုက်၏ ။
"...မြေကြီးအဆင့်၇ ဟုတ်လား.. ? "
ရှောင်လုံစိတ်ထဲ နဲနဲတော့ အံသြသွားလေသည်။ လီလူရဲ့ ပါရမီအဆင့်အရ သူမအနေနဲ့ မြေကြီးအဆင့်၇ ကိုဒိလောက်မြန်မြန်ရောက်ရှိလာနိုင်ဖို့ မလွယ်ကူပေ.. ။ သူပေးခဲ့တဲ့ စီကပ်အသီးတို့ မီနဂါးပုလဲလုံးတို့ကိုထဲ့တွက်ရင်တောင် သူမအခုလို မြေကြီးအဆင့်၇ ကိုရောက်ရှိလာတာက အရမ်းမြန်တယ်လို့ ဆိုနိုင်သေးသည်။

လီလူလဲ ကံကောင်းခြင်းတချို့ကို ကြုံတွေ့ခဲ့တာများလား...?
ရှောင်လုံရဲ့ ပဟေဋ္ဌိဖြစ်နေတဲ့ မျက်နှာကိုမြင်တော့ လီလူက ရှင်းပြလိုက်သည်
".. သိပ်မကြာသေးခင်ကပဲ ကျောင်းကနေ ငါ့ကိုအပြင်ဘက်မှာ ကိစ္တခုလုပ်ဆောင်ခိုင်းလိုက်တယ်လေ...  အဲ့ဒီခရီးစဉ်အတွင်းမှာ ငါရေကန်တခုထဲကို ကျသွားတာ...ငါလဲရေကန်ထဲကျတော့ အရမ်းကိုဗိုက်ဆာသွားတာနဲ့ မှိုနဲ့တူတဲ့ မြက်ပင်လေးတချို့ကိာ စားခဲ့တာ..
စားပြီးတာနဲ့ဟယ်.... ငါရဲ့ မြေကြီအဆင့်၆ နောက်ဆုံးအဆင့်ကနေ
မြေကြီးအဆင့်၇ ကိုတခါထဲ အဆင့်တက်သွားတော့တာပဲ..."

လီလူစကားကိုနားထောင်ရင်း ရှောင်လုံမျက်စိနှစ်လုံးက မယုံကြည်နိုင်သလို အလွန်ကိုပြူးကျယ်သွားသည်။ အဆင့်၆နောက်ဆုံး ကနေ အဆင့် ၇ ကို တိုက်ရိုက်အဆင့်တက်သွားစေတဲ့အထိ လီလူရဲ့ ကံတရားကအလွန်တရာကို ကောင်းမွန်နေတာလား.. ? လီလူစားလိုက်တဲ့ မှိုနဲ့ပုံသဏ္ဍာန်တူတဲ့ မြက်ကဘာမြက်ပါလိမ့်.. ?

ရှောင်လုံတယောက် မျက်လှည့်ဆန်ဆန်အစွမ်းထက်တဲ့ မှိုအကြောင်းစဉ်းစားနေဆဲမှာပဲ လီလူကိုယ်ကနေ ရုတ်တရက် အလင်းရောင်တွေ တောက်ပစွာထွက်ပေါ်လာ၏ ။ အဲ့နောက် တောက်ပလင်းလက်နေတဲ့ အနက်ရောင်ဓားရှည်တချောင်းက သူမအနောက်ဘက်မှာ ဝဲပျံနေလေသည်။

ထူးဆန်းတဲ့ ရှေးဟောင်းအက္ခရာတွေကလဲ အနက်ရောင်ဓားရှည်ရဲ့ မျက်နှာပြင်ပေါ်မှာ အရည်ပုံစံဖြင့် စီးဆင်းနေကြသည်။

ဒါကတော့ လီလူရဲ့ သိုင်းဝိညဉ်ဖြစ်တဲ့ အနက်ရောင်နတ်ဓားကြီးပဲ ဖြစ်သည်။ ဒါပေမယ့် အဲ့အချိန်မှာပဲ လီလူကိုယ်ကနေ တောက်ပတဲ့ အလင်းတန်းတွေနောက်တကြိမ်ထွက်ပေါ်လာပြန်သည်။ အလင်းရောင်တွေရဲ့ အဆုံးမှာ အဖြူရောင်ဓားရှည်တလက် ပေါ်ထွက်လာပြန်သည်။ အဖြူရောင် ဓားရှည်ကြီးကလဲ အနက်ရောင်ဓားရှည်ကြီးနဲ့ အတူလီလူခေါင်းပေါ်မှာ ဝဲပျံနေ၏ ။

အဖြူရောင်ဓားရှည်က ထွင်းဖောက်မြင်ရမတတ် ကြည်လင်တောက်ပနေကာ သူ့ဆီကနေ မြင့်မြတ်ကြီးကျယ်တဲ့ ကိုယ်ရောင်ကိုယ်ဝါထွက်ပေါ်နေသလို သူ့ဘေးပတ်ပတ်လည်မှာ ရွှေရောင်အလင်းစက်လေးတချို့က မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏ ။ ရွှေရောင်အလင်းစက်လေးတွေက ရွှေရောင်နတ်သူငယ်လေးတွေနဲ့ ပုံသဏ္ဍာန် တူညီလေသည်။

"...ဒါ.. ဒါက.. ?"
ရှောင်လုံလဲ လီလူရဲ့ အဖြူရောင်နတ်ဓားကြီးကို အံသြမင်သက်စွာဖြင့် ငေးကြည့်နေ၏ ။ လီလူက အနက်ရောင်နတ်ဓားအပြင် နောက်ထပ်သိုင်းဝိညဉ်တခု ပိုင်ဆိုင်သေးတာပါလား ။ ဒါဆို လီလူကလဲ ငါလိုမျိုး အမြွာသိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားတဲ့ လူတယောက်လား ။

ဒါအပြင် သူမရဲ့ အနက်ရောင်ဓားနဲ့ အဖြူရောင်ဓား သိုင်းဝိညဉ်က ရှောင်လုံလိုမျိုး အမျိုးအစားတူညီနေသော အမြွာသိုင်းဝိညဉ်ပဲ ဖြစ်သည်။ 

ကြည်လင်တောက်ပနေသော အဖြူရောင် နတ်ဓားရှည်သိုင်းဝိညဉ်က အနက်ရောင်နတ်ဓား သိုင်းဝိညဉ်ထက် အများကြီးပိုသန်မာတယ်ဆိုတာကို ကြည့်တာနဲ့ သိနိုင်လေသည်။ အဖြူရောင်နတ်ဓားသိုင်းဝိညဉ်က ထိပ်တန်း သိုင်းဝိညဉ်တခုပဲ ဖြစ်သည်။

  လီလူအမြွာ သိုင်းဝိညဉ်ကိုပိုင်ဆိုင်ထာတာကို သူအရင်က ဘာဖြစ်လို့မသိတာပါလိမ့်.. ?

"... အခုပေါ်လာတဲ့ အဖြူရောင်နတ်ဓား သိုင်းဝိညဉ်က ငါသိုင်းအတင့် ၇ ကိုအဆင့်တက်သွားတဲ့အချိန်မှာ ငါ့ခန္ဓာကိုယ်ထဲကနေ နိုးထလာတာဟ...  သူက မြင့်မြတ်တဲ့နတ်ဓားသိုင်းဝိညဉ်လို့ ငါစာအုပ်ထဲ ဖတ်ဘူးတယ်...  ပြီးတော့ သူက ထိပ်တန်း အဆင့်၁၂ သိုင်းဝိညဉ်တခုပဲ  ..."
လီလူက ရှောင်လုံတယောက် အံသြစွာဖြင့် သူမရဲ့ အဖြူရောင်နတ်ဓားသိုင်းဝိညဉ် မျက်လုံးပြူးကြည့်နေတာ မြင်တော့ ရှောင်လုံသဘောပေါက်သွားအောင်ရှင်းပြလိုက်လေသည်။

အခုမှနိုးထာလာတာ...!

ရှောင်လုံလဲ နောက်ဆုံးကျမှသဘောပေါက်သွားတော့သည်။
"..အော် ဒါကြောင့်မို့ လီလူအမြွာသိုင်းဝိညဉ်ပိုင်ဆိုင်ထားတာကို ငါအစထဲက မသိတာကိုး...  သူမရဲ့ သိုင်းဝိညဉ်က အခုမှ နိုးထလာတာပဲ... "

လွန်ခဲ့တဲ့ ကျောင်းတက်ချိန်တွေတုံးက ရှောင်လုံက ကြယ်စကြာဝဠာစာကြည့်တိုက်အတွင်း သိုင်းဝိညဉ်နဲ့ သတ်ဆိုင်တဲ့ စာအုပ်တွေအများကြီးဖတ်ခဲ့ဘူးလေသည်။ လီလူလိုမျိုး သတ်မှတ်ထားတဲ့ အဆင့်တခုကိုရောက်တော့မှ ဒုတိယသိုင်းဝိညဉ်နိုးထလာတာမျိုးက အတိတ်ကလဲ ဖြစ်ခဲ့ဘူးကြသည်။ ပုံမှန်ဆိုရင် ဤသိုင်ဝိညဉ်ကမ္ဘာကြီးက လူသားတွေက အသက်၇ နှစ်ဆိုရင် သိုင်းဝိညဉ်စတင်နှိူးထလာလေ့ရှိကြသည်။ တချို့နောက်ကျမှ သိုင်းဝိညဉ်နိုးထလာတာမျိုးလဲ ကှိကြသည်။ တချို့ဆိုရင် မြေကြီးအဆင့်၄ ကိုရောက်မှ အဆင့်၇ ကိုရောက်မှ သူတို့ရဲ့ သိုင်းဝိညဉ်တွေထလာတဲ့ ကိစ္စမျိုးတွေလဲ ရှိခဲ့ဘူးသည်။

သိုင်းဝိညဉ်ဆိုတာက နောက်ကျမှ နိုးထလာလေ ပိုပြိးအစွမ်းထက်လေပဲ ဖြစ်ကာ နောက်ကျမှနိုးထလာတဲ့ သိုင်းဝိညဉ်တွေက ပထမသိုင်းဝိညဉ်ထက် အဆင့်ပိုမြင့်လေ့ရှိသည်။ ပိုင်ရှင် မြေကြီးအဆင့်၄ကိုရောက်တော့မှ နိုးထလာတဲ့ ဒုတိယသိုင်းဝိညဉ်ဆိုရင် သူရဲ့ပိုင်ရှင် ပထမနိုးထပြီးသား သိုင်းဝိညဉ်ထက် အဆင့်၂ ဆင့်နီးပါးလောက်ကိုမြင့်လေ့ရှိသည်။

ဒါပေမယ့် လီလူက သူမရဲ့ ဒုတိယသိုင်းဝိညဉ်ကို မြေကြီးအဆင့်၇ ကိုရောက်တော့မှ စတင်နိုးထလာတာဆိုတော့ သူမရဲ့ သိုင်းဝိညဉ်က အနက်ရောင်နတ်ဓားသိုင်းဝိညဉ်ထက် ၃ ဆင့်ပိုမြင့်ကာ အဆင့်၁၂ ထိပ်တန်းသိုင်းဝိညဉ် ဖြစ်သွားချင်းပဲ ဖြစ်၏ ။

တကယ်ဆိုရင် လီလူလို အဖြစ်အပျက်မျိုးက အရင်ကလဲ ရှိခဲ့ပေမယ့် အရမ်းကိုရှားပါးလွန်လေသည်။ သိုင်းဝိညဉ်ကမ္ဘာကြီးမှာ အခုလိုမျိုးနောက်ကျမှနိုးထလာတဲ့ သိုင်းဝိညဉ်ပိုင်ရှင်တွေကို လက်တဖက်နဲ့တောင်ရေတွက်နိုင်သည်အထိရှားပါးလေသည်။

လီလူနောက်ကျောမှာ ဝဲပျံနေတဲ့ သိုင်းဝိညဉ်နတ်ဓားနှစ်လင်ငိုကြည့်ရင်း ရှောင်လုံက သူမကိုယ်စား အရမ်းကိုဝမ်းသာပျော်ရွှင်သွားသည်။
ပြီးတော့ သူမနိုးထလာတဲ့ သိုင်းဝိညဉ်က ထိပ်တန်းအဆင့်၁၂ သိုင်းဝိညဉ်မဟုတ်လား...  အဲ့ဒီသိုင်းဝိညဉ်ရဲ့ အစွမ်ကြောင့် လီလူရဲ့ တိုးတက်နိုင်စွမ်းကရှောင်လုံလောက်ကြောက်စရာမကောင်းပေမယ့်
တခြားသူတွေနဲ့ယှဉ်ရင် အရမ်းကိုလျင်မြန်စွာသိုင်းအဆင့်တက်နိုင်တော့မှာ မဟုတ်လား.. ။ သူမရဲ့ ဒုတိယသိုင်းဝိညဉ်ကြောင့် လီလူတယောက် ကောင်းကင်အဆင့်ကိုရောက်ဖို့ဆိုတာ သေချာသလောက်ကိုရှိနေသည်။

"...ရှောင်လုံ... ငါ့ကိုပြောပါအုံး... ငါသေတော့မှာလား...ဟင်...?"
ရုတ်တရက် ကောက်ခါငင်ခါ လီလူက မေးလိုက်၏ ။
ရောင်လုံလဲ လီလူစကားကြားတော့ ခနလောက် အံသြသွားပြီးမှ
လီလူကို သေချာပြောပြလိုက်သည်
"...စိတ်မပူပါနဲ့ဟာ... နင်ဘာမှမဖြစ်စေရပါဘူး ငါကတိပေးတယ်ဟူတ်ပြီလား.. "

လီလူက ခေါင်းညိတ်ပြလိုက်၏ ။ အဲ့နောက်သူမက ရှောင်လုံရင်ခွင်ထဲရုတ်တရက်တိုးဝင်လိုက်ကာ
"... ရှောင်လုံ... နင်ကတော့သိမှာမဟူတ်ပါဘူး...ငါအရမ်းကြောက်တာပဲ... ငါနင့်ကို မတွ့ရတော့မှာကို အရမ်းကြောက်တာပဲ..
နင်သိရဲ့လား... "
လီလူက ရှောင်လုံကိုတင်းကျပ်စွာဖက်ရင်း ငိုသံဖြင့် ပြောလိုက်သည်။

ရှောင်လုံလဲ စိတ်ရှည်လက်ရှည်နဲ့ သူမနောက်ကျောကို ပွတ်သပ်ပေးကာ နူးညံစွာဖြင့် နှစ်သိမ့်စကားဆိုလိုက်၏
".. ဘာမှမစိုးရိမ်ပါနဲ့ဟာ.. ဘာမှမဖြစ်ဘူးဟူတ်ပြီလား...  ပြီးတော့ စစ်သူကြီးချုပ် ဟောက်ထျန်ကလဲ လူသတ်တရားခံကို ရှာတွေ့ထားပြီးပါပြီ...  ငါတို့ အတူတူရင်ဆိုင်ကြတာပေါ့.... အခုချိန်ကစပြီး နင်
ထျန်ယွမ်အိမ်တော်ကို နင်အိမ်လို့သာသဘောထားလိုက်တော့"

အဲ့ဒီနောက်ဆုံးပိတ်စကားကြားတော့ ရှောင်လုံရင်ခွင်ထဲက လီလူကိုယ်လုံးလေးကရုတ်တရက်တုန်ယင်သွားလေသည်။ သူမကရှောင်လုံကို မြတ်မြတ်နိုးနိုးဖြင့် စိုက်ကြည့်ရင်း လရောင်အောက်မှာ ရှက်ရွံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ခနလောက်ကြာတော့ လီလူလဲ ရှောင်လုံခြံဝန်းထဲကနေ သူမအခန်းကို ပြန်သွား၏ ။ လီလူပုံရိပ်လေး သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အချိန်ကျမှ ရှောင်လုံက အတွင်းအား သိုင်းလေ့ကျင့်ဖို့ မီနဂါးပုလဲတလုံယကိုမြိုချရင်း ရှေးခတ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ နေရာသို့ ဝင်ရောက်လိုက်သည်။

အဲ့လိုနဲ့့အချိန်သုံးလက ငြိမ်ချမ်းစွာကုန်ဆုံးသွားသည်။
ဒီအချိန်သုံးလအတွင်းမှာတော့ ကှောင်လုံက ငွေလသစ်တောထဲသို့ သိုင်းလေ့ကျင့်ဖို့မသွားပဲ ထျန်ယွမ်အိမ်တော်မှာပဲ သိုင်းလေ့ကျင့်ခဲ့လေသည်။ သူကအခုဆိုရင် မြေကြီးအဆင့်၉ နောက်ဆုံးအဆင့်ရဲ့ အထွတ်အထိပ်သို့ရောက်ရှိနေပြီပဲ ဖြစ်သည်။ မြေကြီးအဆင့် ၁၀ ကိုရောက်ဖို့ ခြေတလှမ်းသာလိုတော့လေသည်။

ဒီသုံးလအတွင်းမှာ ရှောင်လုံက လီလူကို အပြင်မထွက်ခိုင်းပဲ ထျန်ယွမ်အိမ်တော်အတွင်းမှာပဲ နေထိုင်ခိုင်းလေသည်။ ကြယ်စကြာဝဠာကျောင်းသို့ သွားတဲ့အချိန်ကလွဲပြီး လီလူကလဲ ထျန်ယွမ်အိမ်တော်မှာပဲ သိုင်းလေ့ကျင့်သည်။ ကြယ်စကြာဝဠာကျောင်းကို လီလူသွားတဲ့ အချိန်မှာလဲ ရှောင်လုံက လီလူကိုအနီးကပ်စောင့်ရှောက်ဖို့ ဖေးဟိုကို တာဝန်ပေးအပ်ထားသည်။

ဒုတိယသိုင်းဝိညဉ် စတင်နိုးထလာပြ်ိးတဲ့နောက်မှ လီလူရဲ့ သိုင်းအဆင့်တွေကလဲ အလျင်အမြန်ကိုတိုးတက်လာလေသည်။ သုံးလဆိုတဲ့
အချိန်တိုလေးအတွင်းမှာ လီလူက မြေကြီးအဆင့်၇ စဦးအဆင့်ကနေ မြေကြီးအဆင့်၇ အလယ်အဆင့်သို့ ရောက်ရှိနေပြီပဲ ဖြစ်သည်။

ဒီသုံးလအတွင်း တခုတည်းသောအဆင်မပြေတဲ့ကိစ္စကတော့ လီဂေဟာကိုချေမှုန်းခဲ့တဲ့ တရားခံကို စစ်သူကြီးချုပ်ဟောက်ထျန်တယောက် သူရဲ့အဆက်အသွယ်တွေအားလုံးကို အသုံးပြုကာ မရပ်မနားရှာဖွေခဲ့ပေမယ့် အခုထက်ထိ လူသတ်သမားတည်နေရာကို မရှာဖွေနိုင်သေးတဲ့ ကိစ္စပဲ ဖြစ်သည်။

စစ်သူကြီးချုပ်ဟောက်ထျန်တောင် မရှာနိုင်ဘူးဆိုမှတော့ ဖြစ်နိုင်ချေတခုက လူသတ်တရားခံက လူတောင်းနိုင်ငံကနေ ထွက်ခွာသွားလို့ပဲ ဖြစ်နိုင်သည်။ အဲ့ဒီတရားခံက လုံးလုံးကို သတင်းပျောက်နေပေ့မယ့် ရှောင်လုံကတော့ တချက်လေးမှ အလွတ်မပေးပဲ သူ့ရဲ့ထျန်ယွမ်အိမ်တော်ကို အစောင့်အကြပ်ထူထဲစွာ ချထားလေသည်။

အဲ့လိုနဲ့ နောက်ထပ်အချိန်နှစ်လက ကုန်ဆုံးသွားပြန်သည်။

ရှောင်လုံတယောက် ရှေးခတ်တိုက်ပွဲတွေနေရာမှာ တင်ပျင်ခွေထိုင်ရင်း အတွင်းအားကျင့်စဉ်လေ့ကျင့်နေ၏ ။ အနက်ရောင်နဂါးကြီးနဲ့ အပြာရောင်နဂါးကြီးက ရှောင်လုံဦးခေါင်းထက်မှာ ဝဲပျံနေရင်း အတွင်းအားကျင့်စဉ်ကြောင့် လေဟာနယ်ထဲကနေ ထွက်ရှိနေတဲ့ ငရဲက သိုင်းဝိညဉ်စွမ်းအင်တွေကို အငမ်းမရဝါးမြိုနေသည်။ နဂါးနှစ်ကောင်ဗိုက်ထဲက သိုင်းဝိညဉ်စွမ်းအင်တွေကို  ရှောင်လုံက သန့်စင်ယူလိုက်ပြီး
သူ့ရဲ့ ချီပင်လယ်ထဲမှာ စုဆောင်သိမ်းဆည်ထားလိုက်သည်။ သိုင်းဝိညဉ်နဂါးနှစိကောင်ရဲ့ ငရဲဝိညဉ်စွမ်းအင်ဝါးမျိုနိုင်စွမ်းက အရမ်းကိုမြင့်မားတာပဲဖြစ်သည်။ ဒါကြောင့် ရှောင်လုံရဲ့ ချီပင်လယ်ထဲမှာ ဝင်ရောက်လာတဲ့ အတွင်းအားချီတွေက ပင်လယ်ထဲမှာကြမ်းတမ်းနေတဲ့ လှိုင်းလုံးကြီးတွေလို သူ့ချီပင်လယ်ထဲ သောင်းကျန်းနေကြသည်။

ရှောင်လုံကလဲ နဲနဲလေးမှ အလျော့မပေးဘဲ နတ်အတွင်းအားနည်စနစ်ကို ထပ်ခါထပ်ခါလေ့ကျင့်နေသည်။ ငါ့ရဲ့ ငရဲဝိညဉ်အတွင်းအားတွေကလဲ အဆင့်၉ကနေ အဆင့် ၁၀ တက်ရာမှာ ကာဆီးထားတဲ့ အတားအဆီးအလွှာကို ထပ်ခါထပ်ခါရိုက်ခတ်ဖျက်စီးနေ၏ ။ သူတို့က ရှောင်လုံမြေကြီးအဆင့်၁၀ ရောက်ဖို့ လမ်းခရီးမှာ ကားဆီးထားတဲ့
အတားအဆီးတွေကို ဒေါသတကြီးချိုးဖျက်နေကြလေသည်။

အဆင့်၁၀ ကိုတားဆီးထားတဲ့ အလွှာက အဆင့်၉ ကိုတားဆီးထားတာထက် အရမ်းကို ထူထဲခိုင်မြဲတာပဲ ဖြစ်လေသည်။ ဒါပေမယ့် အတွင်းအားတွေက အတားအဆီးအလွှာကို အဆက်မပြတ်တိုက်ခိုက်ဖျက်စီးနေ၏ ။ အဲ့နောက်မှာတော့ ရှောင်လုံရင်ထဲမှာ စူးရှတဲ့ နာကျင်မှုတခုကိုခံစားလိုက်ရကာ နောက်ပိုင်းမှာတော့ ထက်မြနေသော ထောင်းသောင်းမကများပြာူလှတဲ့ အပ်တွေက သူ့ကိုယ်တွင်းအင်္ဂါတွေထဲကို တပြိုင်နက်ဖောက်ဝင်သွားသလိုမျိုး ခံစားလိုက်ရသည်။ တကယ်ကို
မခံမရပ်နိုင်အောင်နာကျင်တာပဲ ဖြစ်သည်။

Continue Reading

You'll Also Like

31.9K 1.3K 24
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
17.2K 759 29
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...
21.2K 446 42
What If Chloe lukasiak has a twin sister who is the favorite?
Re:Cursed By

Adventure

43.3K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...