ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Por Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Mais

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

111 - 115

362 26 0
Por Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၁၁  .... သေချာတာပေါ့....  ငါတို့ကလဲဒိလိုအဆုံးသတ်မျိုးကိုခွင့်မပြုနိုင်ပါဘူး....!

    ကိုင်ဆာခြင်္သေ့အသွင်ပြောင်းပြီးတဲ့နောက်မှာတော့ ယန်အန်လည်ချောင်းထဲကနေ ခြင်္သေ့ဟိန်းဟောက်သံလိုအသံမျိုးက မိုးခြိမ်းလိုက်သလိုမျိုးထွက်ပေါ်လာ၏ ။သူ့ရှေ့ကိုခြေတလှမ်းလှမ်းလိုက်တာနဲ့ သူ့ခြောက်ထောက်အောက်က မြေကြီးတွေပါတုန်ခါသွားလေသည်။
လမ်းတွေဆောက်ရာမှာ အောက်ခံအဖြစ်အသုံးပြုတဲ့ အရမ်းကိုကျစ်လစ်မာကျောလှတဲ့ကျောက်တုံးတွေတောင် ယန်အန်ရဲ့ ခြေလှမ်းကြောင့်နှစ်ခြမ်းကွဲကုန်ကြပြီး လမ်းမထက်မှာထင်ရှားတဲ့ အကွဲကြောင်းကြီးပေါ်ပေါက်လာလေသည်။

  ခြေတလှမ်းရဲ့ အင်အားသက်ရောက်မှုက အဲ့လောက်တောင်မှကိုပြင်းထန်တာပါလား....!
ယန်အန်က နောက်ထပ်ခြေတလှမ်းလှမ်းလိုက်ကာ ရှောင်လုံရှိရာဆီကို တလှမ်းချင်းလျှောက်လာလေသည်။သူ့ခြေတလှမ်း လှမ်းလိုက်တိုင်း လမ်းမထက်မှာ တခါအကွဲကြောင်းတွေဖြစ်ပေါ်လာကြသည်။

အရမ်းကိုမှပြင်းထန်လွန်းလှတဲ့အရှိန်အဟုန်ကြောင့် လမ်းမထက်ကကျောက်စရစ်ခဲလေးတွေကလဲ ယန်အန်ရဲ့ခြေလှမ်းစီးချက်အတိုင်းလိုက်လံခုန်နေကြ၏ ။ယန်အန်ကိုကြည့်ရတာ ကြီးကျယ်မြင့်မြတ်လှတဲ့ ကိုင်ဆာခြင်္သေ့ကြီးတကောင်က ရှေ့ဟောင်တောအုပ်ထဲကနေ ထွက်လာကာ သူရဲ့ သားကောင်ဆီကို တဖြည်းဖြည်းချဉ်းကပ်လာပုံတဲ့ တူနေလေသည်။

ရှောင်လုံကတော့ သူဆီကိုချဉ်းကပ်လာတဲ့ ယန်အန်ကို တည်တည်ငြိမ်ငြိမ်ပဲ စိုက်ကြည်နေလေသည်။ အဲ့နောက် စောင့်ကြည့်နေတဲ့ လူအုပ်ကြီးရဲ့မျက်လုံးတွေရှေ့မှာပဲ ရှောင်လုံကိုယ်ထဲကနေ အတွင်းအားလှိုင်းတွေပြင်ထန်စွာထွက်ပေါ်လာကာ တောက်ပတဲ့ အနက်ရောင်တွေက သူ့တကိုယ်လုံးကိုရစ်ခွေပြီး ဖုံးလွှမ်းသွား၏ ။ အဲ့နောက်ရှောင်လုံဆီကနေ အလွန်ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ချင်းအရှိန်အဝါတွေ ထွက်ပေါ်လာ၏ ။ တချိန်ထဲမှာပဲ ရှောင်လုံမျက်လုံးထဲကနေ အနက်ရောင်အလင်းတန်းတွေဖြင့် တောက်ပလာကြပြီး သူနောက်ကျောဘက်မှာလဲ  အနက်ရောင်ဖြင့်တဖိတ်ဖိတ်တောက်ပနေသော မိစ္ဆာအတောင်ပံနှစ်ခုထွက်ပေါ်လာလေသည်။

ရှောင်လုံခန္ဓာကိုယ်ရဲ့ရုတ်တရက် ပြောင်းလဲမှုကိုကြည့်ရင်းနဲ့ ယန်အန်ပြောင်းလဲမှုကြောင့်အံသြနေရာကနေ ပြန်ပြီးသတိဝင်လာကျတဲ့ လူတွေအကုန်လုံး နောက်တခါထပ်မံအံအားသင့်ကုန်ကြပြန်သည်။
"... ဒါ... ဒါ.. ဘာသိုင်းကျင့်စဉ်လဲမသိဘူး...?"
"... သတ်ဖြတ်ချင်း အရှိန်အဝါတွေက အရမ်းကိုကြောက်စရာကောင်းလှပါလားကွ... "
"...သူပြောင်းလဲပြီးတာနဲ့ သူ့ရဲ့ခွန်အားက အများကြီးကိုမြင့်တက်လာပါလား.... ?  အရမ်းကိုသန်မာလာတာပဲဟ... !"

အံအားသင့်နေကျတဲ့ လူအုပ်ကြီးဆီကနေ ရှောင်လုံအကြောင်းဆွေးနွေးသံတွေက ရုတ်ရုတ်သဲသဲ ထွက်ပေါ်လာကြသည်။ ရှောင်လုံရဲ့ခွန်းအားတွေက အရမ်းကိုမြင့်တက်လာတယ်ဆိုတာ လူတွေအကုန်လုံးခံစားမိလိုက်ကြသည်။ ရှောင်လုံခန္ဓာကိုယ်အသွင်ပြောင်းပြီးတဲ့နောက်မှာ ထွက်ပေါ်လာတဲ့ သူ့အရှိန်အဝါတွေကြောင့် ကိုင်ဆာခြင်္သေ့အသွင်ကိုပြောင်းလဲထားတဲ့ ယန်အန်တောင်မှ သူ့အပေါ်ကိုကြီးမားတဲ့ဖိအားတွေကျရောက်လာသလို ခံစားလိုက်ရ၏ ။

ရှောင်လုံရဲ့အနောက်ဘက် မလှမ်းမကမ်းကနေ သိုင်းပြိုင်ပွဲကို စိတ်ဝင်တစားအကဲခတ်ကြည့်ရှုနေတဲ့ ဖေးဟိုက ရှောင်လုံရဲ့ပြောင်းလဲမှုကိုကြည့်ရင်း သူ့ရင်ထဲမှာ စိတ်လွန်းရှားလွန်းလို့ အရမ်းကိုတုန်လှုပ်သွားကာ သူ့ခန္ဓာကိုယ်ကလဲ စိတ်လှုပ်ရှားမှုကြောင့် စတင်တုန်ခါလာလေသည်။

နတ်ဆိုးခန္ဓာကိုယ်.....
ဒါက နတ်တံခါးဂိုဏ်းအတွက် ဒဏ္ဍာရီပုံပြင်တပုဒ်လိုမျိုး အရမ်းကို နာမယ်ကြီးတဲ့ အထွတ်အထိပ် နတ်ဆိုးအသွင်ပြောင်းလဲခြင်းပဲ ဖြစ်လေသည်။ ရှောင်လုံအနောက်ကို ခုနှစ်နှစ်လောက် လိုက်ခံခစားပြီးတဲ့နောက်မှာတော့ ဖေးဟိုတယောက် သူတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေသာကျင့်ကြံနိုင်တဲ့ နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို ရှောင်လုံဆီမှာ တွေ့မြင်နိုင်ခွင့်ရခဲ့ပြီလေ.. ။

ဖေးရွန်ကလဲ သူ့အဖေ အရမ်းကိုပျော်ရွှင်နေတဲ့ပုံစံဖြင့် ခန္ဓာကိုယ်တွေပါတုန်ယင်နေတာကိုသတိထားမိလိုက်ကာ သူရင်ထဲမှာ အရမ်းကိုထူးဆန်းလာသလိုမျိုးခံစားလိုက်ရ၏ ။ ရှောင်လုံက သူနတ်ဆိုးခန္ဓာကိုယ်အသွင်ပြောင်းလဲပြီးတာနဲ့ သူ့နောက်ကျောဘက်က မိစ္ဆာတောင်ပံနှစ်ခုကိုရုတ်တရက်ဆန့်ထုတ်လိုက်၏ ။ အဲ့နောက်လူအုပ်ကြ်ိးက အမဲရောင်ပုံရိပ်တခုဖျက်ကနဲပျောက်ကွယ်သွားတာကိုမြင်တွေ့လိုက်ကြလေသည်။ပျောက်ကွယ်သွားတဲ့ အမဲရောင်ပုံရိပ်က အရမ်းချင်မြန်လွန်းတာမို့ သူတို့စိတ်ထဲမှာ ထူးဆန်းအံသြနေကျစဉ်မှာပဲ ရှောင်လုံပုံရိပ်က ယန်အန်ကှေ့ကိုရောက်ရှိနေပြီပဲ ဖြစ်သည်။

ယန်အန်ကိုယ်တိုင်ကလဲ ရှောင်လုံရဲ့အမြန်နှုန်းကို အံသြမင်သက်နေတုံးမှာပဲ ရှောင်လုံထိုးချလိုက်တဲ့ တောင်ဖြိုလက်သီးက ယန်အန်ရင်ဘတ်ကို ထိမှန်သွားလေသည်။ ယန်အန်မျက်နှာက နာကျင်မှုကြောင့် တွန့်လိမ်ရှုံမဲသွား၏။ ရှောင်လုံရဲ့ စွမ်းအားပြင်းထန်တဲ့ လက်သီးချက်က သူခုခံနိုင်စွမ်းရဲ့ အပြင်လွှာကိုဖောက်ထွင်းသွားကာ သူရဲ့ကိုယ်တွင်းအင်္ဂါတွေကို တိုက်ရိုက်ထိမှန်သွားလေသည်။ ယန်အန်ကအနောက်ကိုခြေလှမ်းတဒါဇင်လောက် ယိုင်ထိုးကာဆုတ်လိုက်ရသည်။

ရှောင်လုံက ခုန်လိုက်ကာ မျက်စိတမှိတ်လောက်အတွင်းမှာပဲ ရှောင်လုံဆီကနေ ထိုက်ကျိလက်ဝါးရိုက်ချက်တွေအများကြီးထွက်ပေါ်လာကာ ယန်အန်ရင်ဘတ်ကိုအဆက်မပြတ်ထိမှန်သွားတော့သည်။

ယန်အန်တယောက်ကတော့ အဆုံးမရှိသလိုမျိုး အနောက်ကိုကိုထပ်ခါထပ်ခါဆုတ်နေရသည်။ ရှောင်လုံက ယန်အန်ကိုရင်ဆိုင်တဲ့နေရာမှာ  တခြားသိုင်းကိုထုတ်မသုံးပဲ ထိုက်ကျိလက်ဝါးသိုင်းနဲ့ တောင်ဖြိုလက်သီးသိုင်းကိုပဲ တလှည့်ဆီအသုံးပြုလိုက်သည်။ရှောင်လုံဆီက တဒါဇင်ထက်ပိုတဲ့ တောင်ဖြိုလက်သီးချက်နဲ့ ထိုက်ကျိလက်ဝါးချက်တွေက ယန်အန်ကိုထိမှန်သွားကြပြီး ယန်အန်ကိုသူ့ရဲ့နဂိုမူလနေရာထက် မီတာတရာလောက်ဝေးတဲ့နေရာကိုရောက်ရှိသွားစေသည်။

"...ဘုန်း... "
ယန်အန်ကနောက်ဆုံးမှာတော့ မခံနိုင်တော့ပဲအဝေးကို လွှင့်ထွက်သွားကာ အဆောက်အဦးတလုံးရဲ့ ကျောက်နံရံနဲ့ သွားတိုက်မိပြန်သည်။ယန်အန်နဲ့တိုက်မိတဲ့ ကျောက်နံရံကြီးက အက်ကွဲသွားကာ သူ့ကိုယ်ပေါ်ကိုတစစီပြန်ပြိုကျကာ ယန်အန်တကိုယ်လုံးကိုကျောက်တုံးအပိုင်းအစတွေက ဖုံးလွှမ်းသွားလေသည်။

အရပ်လေးမျက်နှာလုံးက လူတွေအကုန်လုံး တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

"..အ..အကိုကြီး.... "
ဒီအဖြစ်အပျက်အပေါ်ကို ယန်ဇန်ဖေးက ပထမဆုံးတုန့်ပြန်နိုင်သူဖြစ်ကာ သူ့ကယန်အန်ရှိရာကိုတဟုန်ထိုးပြေးလွှာလာလေသည်။အဲေ့နာက်မှာတော့ ဇူရီနဲ့ တခြားယန်ဂေဟာကသိုင်းသမားတွေလဲ သတိပြန်လည်လာကျကာ့ကြိုးကြိုးစားစားဖြင့် ကျောက်တုံးတွေအောက်မှာပိနေတဲ့ ယန်အန်ကို တူးထုတ်ကြလေသည်။

ယန်အန်ရဲ့ နဂိုချောမောလှတဲ့ မောက်မာလှသောမျက်နှာက မီးခိုရောင်ဖုန်မှုန်တွေဖြင့်ညစ်ပတ်စုတ်ပြတ်နေ၏ ။ သူ့ ကိုင်ဆာခြင်္သေ့အသွင်ပြောင်းလဲထားတာကလဲ ရှောင်လုံလက်ချက်ကြောင့် ပျောက်ကွယ်သွားပြီပဲဖြစ်ကာသူ့ရဲ့ နဂိုပုံစံကိုပြန်လည်ရောက်ရှိနေ၏ ။
အဲ့နောက်ယန်အန်က ရှောင်လုံက အံသြမင်သက်နေသလို ကြည့်နေရင်းနဲ့
"...ဝေါ့... "
နွေးထွေး ပျစ်ချွဲနေတဲ့ သွေးတွေက သူ့ပါးစပ်ထဲကနေ အန်ထွက်လာလေသည်။ အဲ့နောက် အဆတ်မပြတ်ချောင်းဆိုးကာ သွေးတွေအန်ထုတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်တခုလုံး ယန်အန်ဆီကသွေးတွေဖြင့် ရဲရဲနီနေတော့သည်။

"...ပထမသခင်လေး... "
ဇူရီနဲ့ တခြားယန်ဂေဟာက သိုင်းသမားတွေက ယန်အန်ကိုကြည့်ရင်း အရမ်းကိုတုန်လှုပ်ခြောက်ခြားသွားကြလေသည်။ပထမတော့ အံသြစွာဖြင့် ငြိမ်သက်နေတဲ့ လူအုပ်ကြီးဆီကနေလဲ အံသြစွာဆွေးနွေးငြင်းခုံသံတွေနဲ့ ဆူညံပွက်လောရိုက်လာကြသည်။

ယန်အန်ကသူ့သိုင်းဝိညဉ်ရဲ့ ဒုတိယမွေးရာပါအစွမ်းဖြင်တဲ့
ကိုင်ဆာခြင်္သေ့အသွင်ပြောင်းလြဲကိုခြင်းကိုတောင်အသုံးပြခဲ့တယ်လေ
ဒါတောင်မှ သူ့ပြိုင်ဘက်ဘက်လူငယ်လေးကို အနိုင်ရဖို့ဝေးစွ
သူ့ကိုယ်သူ ခုခံနိုင်စွမ်းတောင်မရှိခဲ့ပါလား... ။ သူ့တကယ်ကိုရစရာမရှိအောင်ရှုံးနိမ့်သွားခဲ့တာပဲ ဖြစ်လေသည်။

"...အကိုကြီး... ဘယ်လိုနေသေးလဲ... "
ယန်ဇန်းဖေးက စိုးရိမ်စွာဖြင့်မေးမြန်လိုက်၏။

ယန်အန်ကတော့ အားနဲစွာဖြင့်သူ့ခေါင်းကိုခါယမ်းပြလိုက်ကာ သူမှာစကားပြန်ပြောဖို့လက်ကျန်ခွန်အားတောင်မရှိတော့ပေ... ။ သူ့ရင်ဘတ်တခုလုံးကလဲ ရှောင်လုံလက်ချက်နဲ့ အထဲကိုချိုင့်ဝင်သွားသလိုတောင် ယန်အန်ကခံစားနေရ၏ ။ သူ့ကရှောင်လုံကိုကြည့်ရင်း သူရင်ထဲကနေ တဖွားဖွား ဖြစ်ပေါ်လာတဲ့ ကြောက်ရွံစိတ်တွေကိုတော့ မထိန်းချုပ်နိုင်တော့ပေ.. ။

ယန်အန်ကတော့ အားနဲစွာဖြင့်သူ့ခေါင်းကိုခါယမ်းပြလိုက်ကာ သူမှာစကားပြန်ပြောဖို့လက်ကျန်ခွန်အားတောင်မရှိတော့ပေ... ။ သူ့ရင်ဘတ်တခုလုံးကလဲ ရှောင်လုံလက်ချက်နဲ့ အထဲကိုချိုင့်ဝင်သွားသလိုတောင် ယန်အန်ကခံစားနေရ၏ ။ သူ့ကရှောင်လုံကိုကြည့်ရင်း သူရင်ထဲကနေ တဖွားဖွား ဖြစ်ပေါ်လာတဲ့ ကြောက်ရွံစိတ်တွေကိုတော့ မထိန်းချုပ်နိုင်တော့ပေ.. ။

ယန်အန်ဝိညဉ်အသွင်ကိုပြောင်းလဲလိုက်ခြင်းက သူရဲ့ခုခံနိုင်စွမ်းကို မြေကြီးအဆင့်၁၀ စဦးအဆင့်သိုင်းသမားလောက်အထိ သန်မာသွားစေတာပဖြစ်သည်။  တကယ်လို့ သူသာဝိညဉ်အသွင်မပြောင်းခဲ့ဘူးဆိုရင် ရှောင်လုံလက်ချက်နဲ့ သူရင်ဘတ်က အခုချိန်လောက်ဆိုပွင့်ထွက်နေပြီမဟုတ်လား ..။

ယန်အန်က အားဖြည့်ဆေးလုံးကိုမြိုချလိုက်ကာ ခက်ခက်ခဲခဲနဲ့ သူ့ကိုသူတည်ငြိမ်အောင်ပြန်လည်ထိမ်းသိန်းလိုက်၏ ။ ခနလောက်ကြာတော့မှ သူဆီကနေ အားဖျော့အက်ကွဲနေတဲ့အသံထွက်ပေါ်လာ၏
"... ငါ...ငါတို့ ပြန်ကြမယ်... "

ယန်အန်ဘေးလက်မောင်းနှစ်ဖက်ကို ယန်ဂေဟာကသိုင်းသမားနှစ်ယောက်က ထူမရင်းနဲ့ ယန်အန်တို့လူစု ရှောင်လုံတို့အနားကနေထွက်ခွာသွားကြလေသည်။

".... သခင်လေး... "
အဲ့အချိန်မှာဖေးဟိုကရှောင်လုံအနောက်ကိုလာရင်းခေါ်လိုက်သည်။

"...သခင်လေး... "
ဖေးရွန် ၊ ဖေးမင်နဲ့ တခြား ဖေးအိမ်တော်က သိုင်းသမားတွေကလဲ ရှောင်လုံကိုရိုရိုသေသေဖြင့် ဂါရဝပြုလိုက်ကြ၏ ။ အခုအချိန်မှာတော့ သူတို့စိတ်ထဲကရှောင်လုံက အရင်သူတို့စိတ်ထဲက ရှောင်လုံနဲ့အရမ်းကိုကွဲ ပြားခြားနားသွားပြီပဲ ဖြစ်လေသည်။ ရှောင်လုံက အားလုံးကိုကြည့်ရင်း ခေါင်းတချက်ညိတ်ပြလိုက်ကာ သူနတ်ဆိုးအသွင်ပြောင်းထားတာကို ပြန်ရုတ်သိမ်းလိုက်၏ ။

"...ငါတို့လဲ သွားကြရအောင်.. "
ယန်အန်တို့ လူစုသူတို့မြင်ကွင်းကနေပျောက်ကွယ်သွားတော့ ကှောင်လုံက ဖေးဟိုတို့ကိုကြည့်ရင်းပြောလိုက်လေသည်။
"...ဟူတ်ကဲ့ သခင်လေး..."

ရှောင်လုံကနောက်ကိုလှည့်ပြီးထွက်သွားဖို့ပြင်လိုက်တော့ လူအုပ်ကြီးက အံသြလေးစားကြောက်လန့်စွာဖြင့် ရှောင်လုံတို့လူစုသွားဖို့ကိာ လမ်းဖယ်ပေးကြလေသည်။ ရှောင်လုံတို့ သူတော်စင်တထောင်လမ်းကနေ ထွက်ခွာသွားပြီးသိပ်မကြာခင်မှာပဲ ရှောင်လုံက ယန်အန်ကိုအနိုင်ယူလိုက်တယ်ဆိုတဲ့ သတင်းက ဆူနာမီလှိုင်လုံးကြီးတွေလိုမျိုး
ယုဝေနန်းတွင်းမြို့တေယ်တခုလုံးကို လျင်မြန်စွာဖြင့် ပြန်နှံရောက်ရှိသွားကာ ယုဝေနန်းတွင်းမြို့တခုလုံးမှာ ရှောင်လုံနဲ့ ယန်အန်အကြောင်းဆွေးနွေးနေသံတွေဖြင့် ရုတ်ရုတ်သဲသဲကို ဆူညံနေတော့သည်။

"... ယန်အန်က တကယ်ပဲ အသက်၁၅ ၊ ၁၆ နှစ်လောက်အရွယ် လူငယ်လေးလက်အောက်မှာရှုံးနိမ့်ခဲ့တာလား...?"

"...ဘယ်ကသာ ဆယ့်ခြောက်နှစ်ကမှာလဲ.... ငါကြားတာတော့ ဆယ်သုံးနှစ်ပါကွ... !"
"...ဆယ်သုံးနှစ်ဟုတ်လား... ? ငါ့အထင်တော့ သူ့အသက်ကအခုမှ ငါးနှစ်ခြောက်နှစ်လောက်ပဲရှိအုံးမယ်ထင်တယ်... "

ဆွေးနွေးမှုတွေက ပိုပြီးပြင်းထန်လာကာ စကားဆိုတဲ့အတိုင်းစရာကနေ မဟုတ်တာတွေဖြင့်  ပြန့်ကားလာလေသည်။ အဲ့အချိန်မှာပဲ ဖေးဟို ကောင်းကင်သိုင်းသမားဖြစ်သွားပြီဆိုတဲ့ သတင်းကိုလဲ လူတွေအကုန်လုံးသိကုန်ကြ၏ ။ ဖေးဟိုကောင်းကင်သိုင်းသမားဖြစ်သွားပြီဆိုတဲ့ သတင်းကသေချာသွားတာနဲ့ ဖေးအိမ်တော်ရဲ့ အခြေအနေအနေအထားကလဲ ယုဝေနိုင်ငံအတွင်းမှာ တဟုန်ထိုးကိုမြင့်တက်လာ၏ ။
ပြီးတော့ ရှောင်လုံရဲ့ လွှမ်းမိုးမှုတွေကြောင့် ဖေးအိမ်တော်က ယုဝေနိုင်ငံကလူတွေရဲ့ စိတ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သော အိမ်တော်တခုဖြစ်လာလေသည်။

ဖေးအိမ်တော်ကိုပြန်ရောက်လာတော့ ဖေးဟိုက ဖေးရွန် နဲ့ ဖေးမင်ကို
သူ့အခန်းထဲကိုခေါ်လိုက်၏ ။
"...ဖေးမင်... မင်ဒဏ်ရာဘယ်လိုနေသေးလဲ... ?"
ဖေးဟိုက ပြုံးတုံတုံအမူအရာဖြင့် သူ့မြေးဖေးမင်ကိုကြည့်ကာမေးလိုက်လေသည်။
ဖေးမင်ကလဲ အလျင်အမြန်ပဲ ပြန်ဖြေလိုက်သည်
"... အဖိုး.... ကျွန်တော်ဒဏ်ရာကတော်တော်လေးကို သက်သာသွားပါပြီ... "
ဖေးဟိုက စိတ်သက်သာသွားတဲ့ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"...အဖေ...  အဖေကောင်းကင်သိုင်းသမားဖြစ်သွားပြီဆိုတဲ့ သတင်းက အခုလောက်ဆို တနိုင်ငံလုံးကိုပျံနှံနေလောက်ပြီ....  အခုပဲ
တကယ့်ထိပ်တန်းမိသားစုတွေကနေ အဖေအတွက် ဂုဏ်ယူလက်ဆောင်လာပို့တဲ့သူတွေ တဖွဲဖွဲရောက်လာကြပြီ ..."
ဖေးရွန်က နှုတ်ခမ်းကို နားရွက်တက်ချိတ်မတတ် နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာပြောလိုက်သည်။

အမှန်တော့ တကယ့်ထိပ်တန်းမိသားစုတွေက ဖေးမင်မင်္ဂလာဆောင်တုံးကတောင် ဂုဏ်ယူလက်ဆောင်လာပို့ခဲ့ခြင်းမရှိချေ... ။ ဒါပေမယ့် ဖေးဟိုကောင်ကင်သိုင်းသမားဖြစ်သွားပြီဆိုတဲ့ သတင်းလဲပျံနှံသွားရော အခုဆိုရင် ယုဝေနိုင်ငံရဲ့ ထိပ်တန်းမိသားစု ၈ ခုကနေ ဖေးဟိုအတွက် ဂုဏ်ယူလက်ဆောင်ကိုလာပို့ပြီးနေပြီပဲ ဖြစ်၏ ။

"... ဖေးရွန်.... တကယ်တော့ ငါကောင်းကင်သိုင်းသမားအဆင့်ကို ဒိလောက်မြန်မြန်ရောက်ရှိခဲ့တာက သခင်လေးရဲ့ကျေးဇူးတွေပဲ... "
အဲ့အချိန်မှာ ဖေးဟိုက ပြောပြလိုက်၏။

"...သခင်လေးရဲ့ကျေးဇူး... ?"
ဖေးရွန်နဲ့ ဖေးမင်တို့နှစ်ယောက်လုံးဖေးဟိုစကားကြောင့်အရမ်းကိုအံသြသွားကြလေသည်။

ဖေးဟိုက သူတို့အံသြနေတာကို အတည်ပြုတဲ့ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်ကာ
"... ဟူတ်တယ်....  သခင်လေးငါ့ကို သင်ကြားပေးခဲ့တဲ့ သိုင်းကျင့်စဉ်ကြောင့်သာ ငါကောင်းကင်သိုင်းသမားမဆင့်ကို ဒိလောက်မြန်မြန်ရောက်ရှိခဲ့တာ....  မင်းတို့အားလုံးလဲ ဖေးအိမ်တော်က သခင်လေးအပေါ်အကြွေးတင်နေတာတွေကိုရင်ထဲအသဲထဲအထိ မှတ်ထားကြဟုတ်ပြီလား ...."
ဖေးရွန်နဲ့ ဖေးမင်တို့က ဖေးဟိုစကားကိုနာခံစွာဖြင့် ခေါင်းညိတိပြလိုက်ကြသည်။

".... အဖေ... သခင်လေးရဲ့ တကယ့်အနေအထားက ဘာလဲ.... ?"
ဖေးရန်က သူရင်ထဲကသိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပဲ ဖေးဟိုက မေးမြန်လိုက်လေသည်။

ဖေးဟိုရဲ့ မျက်နှာအမူအရာက ရုတ်တရက်ခက်ထန်သွားကာ
".. သခင်လေးရဲ့ တကယ့် အနေအထားက မင်းတို့ခန့်မှန်းနေရမယ့် ကိစ္စ မဟုတ်ဘူး .... တကယ်လို့ သခင်လေးဆီကခွင့်ပြုချက်ရမယ်ဆိုရင် ငါမင်းတို့ကိုနောက်ကျရင် ပြောပြမယ်...."

ဖေးရွန်နဲ့ ဖေးမင်က ဖေးဟိုရဲ့ မာထန်ထန်အကြည့်ကြောင့် တုန်ယင်သွားကြကာ သူတို့က ကြည်ညိုစွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
သူတို့စကားပြောနေကြတဲ့အချိန်မှာတော့  ရှောင်လုံက သူ့အတွက်ပြင်ဆင်ပေးထားတဲ့ ခြံဝန်းထဲမှာ တယောက်ထဲ မိုးကြိုးပင်လယ်သိုင်းကွက်ကိုလေ့ကျင့်နေလေသည်။ ယန်အန်နဲ့ တိုက်ခိုက်ပြီးကတည်းက မိုးကြိုးပင်လယ်သိုင်းကွက်ရဲ့ အနှစ်သာရအပေါ် ရှောင်လုံ နားလည်မှုတွေက ပိုမိုတိုးတက်လာသည်။

မိုးကြိုးပင်လယ်ဓားသိုင်းကွက်ကို အချိန်တော်တော်ကြာအောင် လေ့ကျင့်ပြီးတဲ့နောက်မှာ ရှောင်လုံက မီးနဂါးပုလဲတလုံးကိုမြိုချရင်းနဲ့ လင်းလောင်ရတနစေတီရဲ့ ပထမအလွှာအတွင်းသို့ဝင်ရောက်လိုက်သည်။ အဲ့နောက်မှာတော့ သူ့ရဲ့နတ်အတွင်းအားနည်းစနစ်ကိုစတင်လေ့ကျင့်တော့သည်။ လူတောင်းနိုင်ငံကနေ  ယုဝေနိုင်ငံသို့ ခရီးသွားတဲ့ ခရီးစဉ်က ရှောင်လုံကို ပိုပြီးချွန်ထက်လာအောင်သွေးလာသလိုမျိုးဖြစ်ကာ ရှောင်လုံရဲ့ အတွင်းအားအဆင့်ကလဲ မြေကြီးအဆင့်၉ စဦးအဆင့်ကနေ အခုဆိုရင် မြေကြီးအဆင့်၉ အလယ်အဆင့်ကိုရောက်ရှိနေပြီပဲ ဖြစ်သည်။

ရှောင်လုံတယောက် လင်းလောင်ရတနာစေတီအတွင်း ငြိမ်းချမ်းစွာဖြင့် သိုင်းလေ့ကျင့်နေတဲ့အချိန် ယန်ဂေဟာမှာတော့ ယန်ရှင်းရဲ့ မျက်နှာထားက သူ့သားယန်အန်ကိုအစောင့်နှစ်ယောက်က ထူမပြီး ယန်ဂေဟာအတွင်းသို့ခေါ်ဆောင်လာတာကိုမြင်တော့ မြင်တော့ သူမျက်နှာက အလွန်တရာကို ပျက်ယွင်းသွားလေသည်။

"....အဖေ.. ဒီကိစ္စကို ဒီနေရာမှာတင်ပြီးလိုက်လို့မရဘူးနော်...!"
ယန်ဇန်ဖေးက ဒေါသတကြီးဖြင့်ပြောလိုက်၏ ။
ယန်ရှင်းဆီကနေ ခပ်မှိုင်းမှိုင်းအသံထွက်ပေါ်လာလေသည်
"... သေချာတာပေါ့.... ငါတို့ဒီတိုင်းငြိမ်ခံနေလို့ဘယ်ဖြစ်မလဲ...
ဒါပေမယ့် မင်းတို့အဖိုးက တံခါးပိတ်သိုင်းလ့ကျင့်နေရာကနေ အခုထက်ထိမထွက်လာသေးဘူးလေ....  နှစ်ရက်သုံးရက်လောက်တော့ခနလောက်စောင့်ဆိုင်ကြရအောင်ကွာ....  မင်းအဖိုး သိုင်းလေ့ကျင့်ရာနေ ထွက်လာတော့မှ ငါတို့ ဖေးအိမ်တော်ကို အလည်သွားကြတာပေါ့....  အဲ့အချိန်ကျရင် ဖေးမင်ရဲ့ မင်္ဂလာပွဲကို သူ့ရဲ့စျာပနပွဲအဖြစ်ပြောင်းလဲပေးရမယ်...! "

#

#SuperSunday

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၁၂ .....ယန်ဂေဟာကလူတွေရောက်ရှိလာခြင်း

   အချိန်နှစ်ရက်ကလျင်မြန်စွာဖြင့်ကုန်ဆုံးသွားသလို လင်းလောင်ရတနာစေတီအတွင်းမှာသိုင်းလေ့ကျင့်နေတဲ့ ရှောင်လုံကိုယ်တိုင်ကလဲ အပြင်ဘက်သို့ပြန်လည်ရောက်ရှိနေပြီပြဲဖစ်၏။

မြေကြီးအဆင့်၉ ကိုရောက်ရှိသွားတာမို့ အတွင်းအားချီတွေက သူ့ရဲ့
အသား ၊ ကြွက်သားနဲ့ အရိုးအရွတ်တွေကို အဆက်မပြတ် ခွန်အားတွေဖြည့်တင်းပေးလေသည်။ ဒါအပြင်သူရဲ့ တိုးတက်လာတဲ့ လင်းလောင်ရွှေကိုယ်သိုင်းကိုပါထပ်ပေါင်းထဲ့လိုက်မယ်ဆိုရင် ရှောင်လုံရဲ့ အပြင်ဘက်ခုခံနိုင်စွမ်းက  နွားသားရေဟောင်းတွေထက်ကိုပိုပြီးမာကျောနေပြီပဲ ဖြစ်သည်။ သူ့ရဲ့ အရိုးအရွတ်တွေကလဲ အင်မတန်မှကို လိုက်လျောညီထွေ ရှိနေကျပြီး  အရှေ့ကိုနဲနဲလေးဆန့်ထုတ်လိုက်ရုံနဲ့တင် ရှောင်လုံရဲ့ အရိုးအရွတ်တွေဆီကနေ ကြောက်စရာကောင်းလောက်တဲ့  စွမ်းအင်တွေကို ထုတ်ပေးနိုင်စွမ်းရှိလေသည်။

လင်းလောင်ရတနာစေတီရဲ့ ပထမအလွှာထဲကနေ ထွက်လာတာနဲ့ရှောင်လုံက ဖေးအိမ်တော်ရဲ့ မိန်းခန်မဆောင်ထဲကို အရင်သွားလိုက်သည်။ သူမိန်းခန်းမဆောင်ထဲကို သွားတဲ့လမ်းခရီးတလျှောက်လုံးမှာ မြင်မြင်သမျှအစေခံတွေက သူကို "..သခင်လေး" လို့ ရိုရိုသေသေနှုတ်ဆက်ကြကာ ခေါင်းညိတ်ပြီး အရိုအသေပေးကြသည် ။တချို့
ချောမောလှပတဲ့အိမ်ဖော် မိန်းမပျိုလေးတွေဆိုရင်သူတို့ကရှောင်လုံကိုခေါင်းညိတ်အရိုအသေပေးရင်းနဲ့  ရှောင်လုံကိုတိတ်တဆိတ်ခိုးကြည့်ကျကာ သူတို့မျက်နှာတွေက ရှက်ရွံမှုကြောင့် နီရဲလာကြသည်။

ဒီနေ့ကဖေးမင်ရဲ့ မင်္ဂလာပွဲနေ့ဖြစ်တာမို့ ဖေးအိမ်တော်တခုလုံးမှာ ရယ်ရယ်မောမောစကားပြောသံတွေ နဲ့ အရမ်းကိုသက်ဝင်လှုပ်ရှားနေ
ကြ၏ ။ အိမ်တော်တံခါးဝမှာလဲ အနီးရောင်ဗျောက်အ်ိုးတွေကိုအဆက်မပြတ် ဖောက်လွှတ်လျက်ရှိကာ အရမ်းကိုပျော်ရွှင်စရာ ကောင်းနေလေသည်။

ရှောင်လုံမိန်းခန်းမဆောင်ထဲကိုရောက်တော့  ဖေးရွန်၊ ဖေးမင်တို့က တခြား မိသားစုတွေရဲ့ ဂိုဏ်းချုပ်တွေနဲ့ ရယ်ရယ်မောမောစကားပြောဆိုနေကြတာကို မြင်တွေ့လိုက်ရသည်။ သူတို့ကစကားပြောဆိုနေရင်း ရှောင်လုံဝင်လာတာကိုလဲသတိထာမိလိုက်ရော ဖေးရွန် ၊ ဖေးမင်နဲ့ တခြားဂိုဏ်းချုပ်အသီးသီးက သူတို့ထိုင်နေရာကနေကြောက်လန့် စိတ်လှုပ်ရှားစွာဖြင့် သူတို့အောက်မှာမီးခဲခုထိုင်ထားမိသလိုလျင်မြန်စွာ မတ်တပ်ထရပ်လိုက်ကြသည်။

"...သခင်လေး ရောက်လာပြီလား..."
ဖေးရွန်နဲ့ဖေးမင်က အရှေ့သိုထွက်ကာ ရှောင်လုံကိုအလျင်အမြန်နှုတ်က်လိုက်ကြသည်။ တခြားအိမ်တော်တွေက ဂိုဏ်းချုပ်အသီးသီးကလဲ သူတို့မျက်နှာတွေကို တောက်ပလင်းလက်စွာဖြင့်အပြုံးကြီး ပြုံးပြလိုက်ရင်းနဲ့ ဖေးရွန်တို့နောက်ကနေလိုက်ကာ ရှောင်လုံကိုနှုတ်ဆက်စကားဆို လိုက်ကြသည်
"...သခင်လေးရှောင်လုံ.. မင်္ဂလာပါ.... "

ရှောင်လုံကသူ့ကိုနှုတ်ဆက်တဲ့လူတွေကို ခေါင်းညိတ်ပြရင်းနဲ့ ဖေးရွန်ကို မေးလိုက်လေသည်
".... ဖေးဟိုရော ဘယ်ရောက်နေလဲ... "
သူမိန်းခန်းမဆောင်ထဲကိုဝင်လာတော့ ဖေးဟိုကို သူ့တို့ကြားထဲမှာမတွေ့မိဘူးလေ... ။
ဖေးရွန်က အလျင်အမြန်ပဲ ပြန်ဖြေလိုက်သည်
".. အဖေကအခု အတွင်းဆောင်ရောက်နေတာပါ...  သခင်လေးတွေ့ချင်တယ်ဆိုရင် ကျွန်တော်အဖေကို သွားအကြောင်းကြာပေးပါ့မယ်..."

"...အင်း ထားလိုက်ပါ... ငါဘာသာငါပဲသွားလိုက်ပါ့မယ်... "
ရှောင်လုံက သူလက်ကိုဝေ့ယမ်းပြလိုက်ပြီးတာနဲ့ မိန်းခန်းမဆောင်ထဲကနေ အပြင်ကိုပြန်ထွက်သွား၏ ။ ရှောင်လုံအပြင်ပြန်ထွက်သွားတာကိုမြင်တော့မှ မိန်းခန်းမဆောင်ထဲကလူတွေအကုန်လုံး စိတ်သက်သာရာရသွားတဲ့ အရိပ်အယောင်တွေပေါ်လာကြသည်။ အထူးသဖြင့် ဖေးရွန်တို့သားအဖနှစ်ယောက်က အသိသာဆုံးဖြစ်ကာ သူတို့နဖူးမှာစို့နေတဲ့ ချွေးစက်တချို့ကိုတောင် သေချာကြည့်မယ်ဆိုရင် မြင်နိုင်လေသည်။

ဖေးအိမ်တော်တခုလုံး စည်းကားသိုက်မြိုက်နေတဲ့အချိန်မှာပဲ ယန်ဂေဟာရဲ့ တိတ်ဆိတ်ငြိမ်သက်နေသော လျှိုဝှက်အခန်းတခုအတွင်းကနေ ကြေနပ်စွာဖြင့်ရယ်မောသံကြီးထွက်ပေါ်လာကာ အဲ့နောက် လူရိပ်တခုက လျှို့ဝှက်သိုင်းလေ့ကျင့်ခန်းထဲကနေ အပြင်ဘက်ကိုထွက်လာလေသည်။ ပြင်းပြင်းထန်ထန်အသက်ရှုလိုက်တဲ့ အသံကြီးက ယန်ဂေဟာတခုလုံးကိုလွမ်းခြုံသွားကာ ယန်ဂေဟာကလူတွေအကုန်လုံးကြောက်ရွံထိတ်လန့်ကုန်ကြလေသည်။

လျှို့ဝှက်သိုင်းလေ့ကျင်းခန်းအပြင်ဘက်ကနေ စောင့်ဆိုင်းနေကြတဲ့
ယန်ရှင်းနဲ့ ယန်ဇန်ဖေးတို့သားအဖနှစ်ယောက်ကတော့ အခန်းထဲကနေ ထွက်လာတဲ့လူကြီးကိုကြည့်ရင်း အရမ်းကိုကျေနပ်ပျော်ရွှင်သွား
ကြလေသည် ။

"...အဖေ....  အဖိုး...."
ဟု နှုတ်ဆက်လိုက်ရင်းနဲ့ ယန်ရှင်းတို့က အဲ့လူကြီးအရှေ့ကိုအလျင်အမြန်သွားရောက်ကြိုဆိုကြသည်။ လျှို့ဝှက်သိုင်းလေ့ကျင့်ခန်းထဲကနေ ထွက်လာတဲ့လူကြီးကတော့ တခြားသူမဟုတ်ပဲ ယန်အန်ရဲ့ အဖိုးဖြစ်သူ ယန်ဒေါင်ပဲ ဖြစ်သည်။ ယန်ဒေါင်က ကောင်းကင်အဆင့်၂ သိုင်းသမားတယောက်ပဲ ဖြစ်သည်။

ယန်ဒေါင်က သူခြေထောက်မြေကြီးနဲ့ ထိတွေ့ပြီးတာနဲ့ ပတ်ဝန်းကျင်ကိုဝေ့ဝှိုက် အကဲခတ်ကြည့်ရှုလိုက်၏ ။ အဲ့နောက်သူဆီကနေ
မေးမြန်းသံထွက်ပေါ်လာတော့သည်
"... အန်အာတယောက်ရော... ? ငါဘာလို့ အန်အာကိုမတွေ့တာလဲ...?" (အန်အာ... ယန်အန်ကိုချစ်စနိုးခေါ်သံ... )
ယန်ဒေါင်ရဲ့မေးမြန်းသံကိုကြားတော့ ယန်ရှင်းနဲ့ ယန်ဇန်ဖေးတို့နှစ်ယောက်က ခနလောက်ချိတုံချတုံဖြစ်သွားကြသည်။

"...ဘာဖြစ်နေတာလဲကွ...?"
ယန်ဒေါင်ဆီကနေ စိတ်မရှည်တဲ့ ငေါက်ငမ်းသံထွက်ပေါ်လာသည်။

"...အဖေ... ယန်အန်အခုရိုက်နှက်ခံထားရလို့ အခုပြင်းပြင်းထန်ထန်ကိုဒဏ်ရာရနေတယ်... သူအခုလဲ အိမ်ရာထဲမှာ လဲလျောင်းနေရတာ...ဒါကြောင့်မို့လို့ သူကအဖေ သိုင်းလေ့ကျင့်ရာကနေ ပြန်ထွက်လာတာကိုလာမကြိုနိုင်တာပါ.... "
ယန်ရှင်းက အရှေ့ကိုထွက်လိုက်ကာ ယန်အန်ဘာလို့ မလာနိုင်တယ်ဆိုတဲ့အကြောင်းကိုရှင်းပြလိုက်သည်။

"....ဘာပြောတယ်.. ?"
စူးရှတဲ့ အလင်းတန်းတခုက ယန်ဒေါင်ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာကာ ကြောက်စရာကောင်းလောက်တဲ့ အရှိန်အဝါတွေက ကောင်းကင်ယံကိုထွင်းဖောက်ရောက်ရှိသွားသည်။ သူ့မျက်လုံးတွေကတော့ အရမ်းကိုဒေါသထွက်သွားတဲ့ပုံစံပေါ်လာကာ
".. ဘယ်သူလဲ.... ဘယ်ကောင်လုပ်တာလဲ.... ?"

"... ဖေးအိမ်တော်ကလူတွေလုပ်တာပါ အဖိုး.... "
ယန်ဇန်ဖေးက ပြန်ဖြေလိုက်သည်။

"...ဖေးအိမ်တော်ဟုတ်လား....ဖေးအိမ်တော်ကို ဖေးဟိုပြန်ရောက်နေပြီလား.... ?"
ယန်ဒေါင်ကမေးလိုက်သည်။
ယန်ဒေါင်အမြင်ကတော့ ဖေးအိမ်တော်တခုလုံးမှာ ယန်အန်ကိုထိခိုက်ဒဏ်ရာရရှိအောင် လုပ်နိုင်တာက ဖေးဟိုတယောက်ပဲရှိတယ်လို့ သူ့စိတ်ထဲမှာ ထင်မြင်ယူဆလေသည်။ ယန်ရှင်းကခေါင်းကိုခါရမ်းလိုက်ကာ
"... ဖေးဟိုကတော့ ဖေးအိမ်တော်ကိုပြန်ရောက်နေပါပြီ... ဒါပေမယ့် ယန်အန်ဒဏ်ရာကတော့ ဖေးဟိုနဲ့မသက်ဆိုင်ပါဘူး... ယန်အန်ဒဏ်ရာရသွားတာက ဖေးဟိုနဲ့ အတူတူပါလာတဲ့ အသက်၁၆ နှစ်အရွယ်လောက်ရှိတဲ့ ဟောင်မျိုးနွယ်ကောင်လေးရဲ့လက်ချက်ပါ.... "

"...ဟောင်မျိုးနွယ်နဲ့ လူငယ်လေးတယောက်ဟုတ်လား... ?"
ယန်ဒေါင်က ယန်ရှင်းစကားကိုကြားတော့ လုံးဝမမျော်လင့်ထားတဲ့ပုံစံဖြင့် အံသြမင်သက်သွားကာ
"..အသက်ကလဲ ဆယ့်ခြောက်နှစ်ထက်တောင်မကြီးသေးဘူး ဟုတ်လား...?"
တကယ်ပဲ ယန်အန်ကသူ့ထက်ငယ်ရွယ်တဲ့ ချာတိတ်လေးတယောက်ကိုရှုံးနိမ့်သွားတာလား.... ?

ယန်ရှင်းကခေါင်းကိုညိတ်ပြလိုက်ကာ
"... ဟုတ်တယ်အဖေ.... နောက်တခုထူးဆန်းတာရှိသေးတယ်...
ဖေးဟိုကိုယ်တိုင်ကတောင် အဲ့ကောင်လေးကို သခင်လေးလို့ ခေါ်တာအဖေ...  အော်အဖေ....  ဖေးဟိုက အခုကောင်းကင်သိုင်းသမားအဆင့်ကိုရောက်ရှိသွားပြီ.... "

"... အိုး.... သူလဲကောင်းကင်သိုင်းသမားအဆင့်ကိုကျော်ဖြတ်ရောက်ရှိလာပြီလား... ?"
ဒီသတင်းကလဲ ယန်ဒေါင်မမျှော်လင့်ထားတဲ့ သတင်းတခုပဲ ဖြစ်သည်။
"... သူကကောင်းကင်သိုင်းသမားဖြစ်သွားပြီပဲ.... ဒါကြောင့်မို့ သူကကောင်းကင်သိုင်းသမားဆိုတဲ့အရှိန်အဝါနဲ့ ငါတို့ယန်ဂေဟာကိုမျက်စိထဲ မထဲ့ထားပဲ ငါ့မြေးကိုဒဏ်ရာရအောင်လုပ်ရဲတာကို....
အင်း....ငါမှတ်မိသလောက်ဆိုရင် ဒီနေ့က သူမြေးမင်္ဂလာဆောင်မယ့်နေမဟုတ်လား... ?" 

"...ဟုတ်ပါတယ်... အဖေ... "
ယန်ရှင်းကအတည်ပြုပြောလိုက်သည်။
"...လာသွားစို့... မင်းတို့နှစ်ယောက်လဲငါနဲ့အတူတူ ဖေးအိမ်တော်ကိုလိုက်ခဲ့ကျ....  ဒီနေ့ကဖေးဟိုရဲ့မြေးမင်္ဂလာဆေုင်ဆိုမှတော့ ငါတို့လဲလက်ဖွဲ့ကြီးကြီးသွားပေးဖို့လိုတာပေါ့... "

ယန်ရှင်းနဲ့ ယန်ဇန်ဖေးက ယန်ဒေါင်စကားကိုကြားတော့ အရမ်းကိုကျေနပ်ပျော်ရွှင်သွားတဲ့ အရိပ်အယောင်တွေက သူတို့မျက်နှာတွေမှာထင်ဟပ် လာကြသည်။ အဖေကိုယ်တိုင်ဦးဆောင်ပြီးသွားမှတော့
ဒီနေ့က ဖေးဟိုရဲ့စျာပနနေ့ဖြစ်ပြီထင်တယ်..... ယန်ရှင်းက သူစိတ်ထဲမှာပဲ လှောင်ပြုံးပြုံးလိုက်၏။

အဲ့နောက် ယန်ဒေါင်ဦးဆောင်တဲ့ ယန်ဂေဟာရဲ့ များပြားလှတဲ့ သိုင်းသမားတွေက မင်္ဂလာပွဲကျင်းပနေသော ဖေးအိမ်တော်ကို တင်းမာခက်ထန်နေသောအမူအရာဖြင့် ဦးတည်ပြီးသွားကြလေသည်။ သူတို့ဖေးအိမ်တော်ကိုမသွားခင်လေးမှ ယန်ဒေါင်က အစိမ်းရောင်စမ်းချောင်းကိုသွားကာ ယန်အန်ရဲ့ အခြေအနေကိုသွားရောက်ကြည့်ရှုခဲ့သေးသည်။ ယန်အန်ရဲ့ရင်ဘတ်ကချိုင့်ဝင်မတတ် ရိုက်နှက်ခံထားရတာကိုမြင်တော့ ယန်ဒေါင်ရင်ထဲက ဒေါသတရားတွေက ထိန်းမနိုင်သိမ်းမရကိုထကြွလာတော့သည်။

လမ်းခရီးတလျှောက်လုံးမှာ ယန်ဂေဟာကလူတွေရဲ့ တင်းမာခက်ထန်တဲ့အမူအရာတွေက လမ်းမပေါ်မှာဖြတ်သန်းသွားလာနေကြတဲ့လူတွေကို ကြောက်ရွံထိတ်လန့်သွားစေသည်။ တချို့ဆို ယန်ဂေဟာကလူတွေအများကြီးကိုမြင်တာနဲ့ အိမ်တွေထဲကိုတောင်ဝင်ပုန်းကြ၏။
ယန်ဂေဟာကလူတွေဖြတ်သွားပြီးတော့မှ ကိုယ်စီကိုယ်စီတံခါးပိတ်ထားတဲ့အိမ်တွေထဲကနေ ပြန်ထွက်လာရဲကြသည်။

"...ဒါ ယန်ဂေဟာလူတွေမဟူတ်လား.... သူတို့ဦးတည်သွားနေတဲ့နေရာကိုကြည့်ရတာဖေးအိမ်တော်ကိုသွားမလို့ထင်တယ်... "
"...ကြည့်ရတာတော့ ငါတို့ပွဲကြီးပွဲကောင်းတပွဲကိုမြင်တွေ့ရတော့မယ်နဲ့တူတယ်... ဒီနေ့က ဖေးအိမ်တော်မှာလဲ မင်္ဂလာပွဲကျင်းပနေတယ်မဟုတ်လား....ဒီနေ့ သွေးချောင်းစီးကုန်တော့မယ်ထင်တယ်..."

"...လာလာသွားစို့....ဒီလိုပွဲကောင်းမျိုးကိုလက်လွှတ်ခံလို့မဖြစ်ဘူး..."

စပ်စုလိုကြတဲ့လူအုပ်ကြီးက ယန်ဂေဟာကလူတွေရဲ့အနောက်ခပ်လှမ်းလှမ်းအကွာအဝေးကနေ ဖေးအိမ်တော်သို့ လိုက်ပါလာကြ၏ ။
ပထမတော့ လူအုပ်နဲနဲလေးပဲပါလာပေမယ့် အချိန်ကြာလာတာနဲ့အမျှ
ပွဲကြီးပွဲကောင်းကြည့်ရှုလိုတဲ့ လူအရေအတွက်က တဖြည်းဖြည်းများပြားလာလေသည်။ နောက်ဆုံးမှာတော့ ထောင်ချီမက များပြားလှတဲ့ လူအုပ်ကြီးကယန်ဒေါင်တို့ လူအုပ်အနောက်ကနေ ပါလာကြလေသည်။

ဖေးအိမ်တော်မှာတော့
ရှောင်လုံနဲ့ ဖေးဟိုတို့နှစိယောက်က မိန်းခန်းမဆောင်ထဲမှာထိုင်နေ
ကြပြီး တခြားအိမ်တော်က ဂိုဏ်းချုပ်တွေနဲ့ စကားစမြည်ပြောဆိုနေကြလေသည်။ အဲ့အချိန်မှာပဲ ဖေးအိမ်တော်အဝကနေ ကြောက်လန့်တကြားအော်ဟစ်သံနှစ်ခုထွက်ပေါ်လာကာ အိမ်တော်တခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ကြောက်ရွံတုန်လှုပ်နေတဲ့ ဖေးအိမ်တော်စောင့်တယောက်က မိန်းခန်းမဆောင်ဖဲကိုပြေးဝင်လာကာ ဖေးဟိုကို သတင်းပို့လိုက်သည်
".. သခင်ကြီး... အိမ်တော်ရှေ့မှာ ယန်ဂေဟာကလူတွေရောက်နေကြပြီ... သူတို့ကို ယန်ဒေါင်က ဦးဆောင်လာတာပါ... "

"... ယန်ဒေါင်.. ဟုတ်လား... "
မင်္ဂလာပွဲလာတက်ကျတဲ့ တခြားမိသားစုတွေက ဂိုဏ်းချုပိတွေလဲ
အံသြထိတ်လန့်ကုန်ကြသည်။ ယန်ဒေါင်ဆိုတာက ကောင်းကင်အဆင့်၂ ကိုရောက်ရှိနေတဲ့ ယုဝေနိုင်ငံရဲ့ ရှားမှရှားသိုင်းသမားတယောက်
မဟူတ်လား.. ။

ပြီးတော့ ယန်ဒေါင်က သူလူတွေကအရမ်းကာကွယ်တတ်တယ်လို့လဲ
နာမယ်ကြီးလေသည်။ တခါက မြို့စားတယောက်ရဲ့သားက သူတို့ယန်ဂေဟာအစောင့်တယောက်ကို ရိုက်နှက်ခဲ့လေသည်။ အဲ့ဒါကိုသိသွားတော့ ယန်ဒေါင်ကသူကိုယ်တိုင်မြို့စားအိမ်တော်သို့သွားကာ ဖြေ
ရှင်းချက်တောင်ဆိုခဲ့သည်။ ဒါအပြင်သူက သူ့အိမ်တော်စောင့်ကိုရိုက်နှက်ခဲ့တဲ့ မြို့စားရဲ့သားကိုလဲ မသေမရှင်ဖြစ်တဲ့အထိကို ပြန်ပြီးရိုက်နှက်ခဲ့သေးသည်။ မြို့စားက အဲ့ဒီကိစ္စကို ဘုရင်မင်းမြတ်ဆီကို
တိုင်ကြားပေမယ့် ဒီကိစ္စက တိုင်ကြားတဲ့ အဆင့်မှာပဲရပ်တန့်သွားကာအရေးယူတဲ့ အဆင့်အထိကိုမရောက်လိုက်ပေ.... ။

ဒီတကြိမ်မှာတော့ ဒဏ်ရာရရှိသွားတဲ့သူက ယန်ဒေါင်ရဲ့ အချစ်ဆုံး
မြေးယန်အန် မဟုတ်လား.. ။
ဒီတကြိမ်မှာတော့ ယန်ဒေါင်က မသေမရှင်ရိုက်နှက်ရုံနဲကြေနပ်မှာမဟုတ်လောက်ဘူးထင်တယ်... ?

သူနောက်ဆုံးတော့ရောက်လာပြီပဲ... !
ဖေးဟိုရဲ့ မျက်နှာထားက အေးစက်မာကြောသွား၏ ။ ဒီအချိန်နှစ်ရက်စလုံး သူက ယန်ဒေါင်ရောက်လာမယ့်အချိန်အတွက် ကြိုတင်ပြင်ဆင်နေတာပဲ ဖြစ်သည်။

"...သခင်လေး..."
ဖေးဟိုကရှောင်လုံကိုလှည့်ကြည့်လိုက်လေသည်။

"...လာပါ အပြင်ထွက်ပြီး သွားကြည့်ရအောင်... "
ရှောင်လုံက မတ်တပ်ရပ်ရင်း နဲ့ပြောလိုက်လေသည်။ ဖေးရွန် ၊ ဖေးမင်နဲ့ တခြားဂိုဏ်းချုပ်တွေလဲ မတ်တပ်ထရပ်လိုက်ကြသည်။ အဲ့နောက်သူတို့တွေအကုန်လုံးမိန်းခန်းမဆောင်ထဲကနေ ဖေးအိမ်တော်အပြင်ဘက်ဆီကိုထွက်လာကြ၏ ။ သူတို့အိမ်တော်အဝကိုရောက်တော့ ဒဏ်ရာရပြီးမြေကြီးပေါ်မှာ လဲလျောင်းညီးညူနေကျတဲ့ ဖေးအိမ်တော်အစောင့်တွေကိုတချို့ကို သူတို့အရင်မြင်တွေ့လိုက်ရသည်။ တချို့ဖေးအိမ်တော်အစောင့်တွေကတော့ ယန်ဂေဟာကသိုင်းသမားတွေနဲ့ တိုက်ခိုက်နေကြကာ လေထုထဲမှာ အတွင်းအားချီစွမ်းအင်တွေပျံနှံနေလေသည်။

ယန်ဒေါင် ၊ ယန်ရှင်း နဲ့ ယန်ဂေဟာက ထိပ်သီးသိုင်းသမားတွေကတော့ ဝင်မပါသေးပဲ တခြားတဖက်ကနေ မတ်တပ်ရပ်ကြည့်ရှုနေကြသည်။ လမ်းမကြီးရဲ့ ဟိုဘက်ထိပ်ဒီဘက်ထိပ်နှစ်ခုလုံး ပွဲကြီးပွဲကောင်းကိုလာရောက်ကြည့်ရှုကြတဲ့ လူတွေနဲ့ ပြည့်ကျပ်နေတော့သည်။

ဖေးအိမ်တော်အပြင်ဘက်ကို ဖေးဟိုထွက်လာတာမြင်တော့ ယန်ဒေါင်ရဲ့ အကြည့်က သူ့ကိုယ်ပေါ်ကိုတန်းတန်းမတ်မတ်ကျရောက်လာလေသည်။ အဲ့နောက် ဖေးဟိုပြန်ကြည့်တဲ့ အကြည့်နဲ့ ယန်ဒေါင်ရဲ့ အကြည်တို့ ထိပ်တိုက်ရင်ဆိုင်တွေ့ကျကာ မီးထွက်မတတ်ဖြစ်သွားကြသည်။ ခနလောက်ကြာတော့မှ ယန်ဒေါင်က သူအကြည့်တွေကို ဖေးဟိုဆီကနေ ရှောင်လုံဆီကို ရွေ့ဆိုင်းလိုက်၏ ။ ယန်ဒေါင်အကြည့်တွေ့ကရှောင်လုံကိုယ်ပေါ်ကို စူးရှတဲ့ ဓားမြောင်တချောင်လိုမျိုးကျရောက်လာကာ လူသတ်ချင်တဲ့အရိပ်အယောင်တွေက သူ့မျက်လုံးထဲကနေ ထွက်ပေါ်နေလေသည်။

ဖေးဟို ၊ ရှောင်လုံနဲ့ တခြားသူတွေ ဖေးအိမ်တော်ထဲကနေ ထွက်လာကြတာကိုမြင်တော့ တိုက်ခိုက်နေကြတဲ့ နှစ်ဖက်လုံးက အစောင့်တွေအကုန်လုံး တိုက်ခိုက်နေတာတွေကိုရပ်ဆိုင်းလိုက်ကြပြီး ကိုယ်ဘက်ခြမ်းကို ကိုယ်ဆီနေရာပြန်ယူလိုက်ကြသည်။ အဲ့နောက်ခနလောက်ကြာတော့မှ ယန်ဒေါင်နဲ့ ယန်ရှင်းက အစောင့်တွေအရှေ့ကိုထွက်လာကြသည်။

".. ဟေ့ကောင်.... ဟောင်မျိုးနွယ်နာမယ်နဲ့ လူလိမ်လူကောက်ဆိုတာမင်းလား... ?"
ယန်ဒေါင်က သူ့ရဲ့အေးစက်စက်အကြည့်တွေ့ဖြင့် ရှောင်လုံကိုတစိုက်မတ်မတ်စိုက်ကြည့်ကာ
".. မင်းဘယ်သူဘယ်ဝါဆိုတာကို ငါလုံးဝစောက်ဂရုမစိုက်ဘူး...
မင်းကငါ့မြေးကိုဒဏ်ရာရအောင်လုပ်ခဲ့မှတော့.. မင်းလဲတန်ဖိုးတခုပြန်ပေးဆပ်ရမှာပဲ.... ငါကအလွန်အကျွန်ကြီးတော့ မတောင်းဆိုပါဘူး
မင်းလက်နှစ်ဖက်ကိုဖြတ်ပေးမယ်ဆိုရင်တော့...ငါတို့ကမင်းအသက်ကိုချမ်းသာပေးလိုက်မယ်... "
အဲ့နောက်မှာ သူကဖေးဟိုကိုကြည့်လိုက်ကာ
"..အေး.. အဲ့ဒါမှမဟုတ်ရင်တော့ ဒိနေ့ကမင်းသေမယ့်နေ့ဖြစ်သွားရံမက ဖေးအိမ်တော်တခုလုံးကိုနဲ မင်းနဲ့အတူတူမြေမြှပ်ပစ်လိုက်မယ်ကွသိလား..... "

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၁၁၃  .... ရှက်ရွံစွာဖြင့် ပြန်လည် ထွက်ခွာသွားရခြင်း

   ".. ဟေ့ကောင်.... ဟောင်မျိုးနွယ်နာမယ်နဲ့ လူလိမ်လူကောက်ဆိုတာမင်းလား... ?"
ယန်ဒေါင်က သူ့ရဲ့အေးစက်စက်အကြည့်တွေ့ဖြင့် ရှောင်လုံကိုတစိုက်မတ်မတ်စိုက်ကြည့်ကာ
".. မင်းဘယ်သူဘယ်ဝါဆိုတာကို ငါလုံးဝစောက်ဂရုမစိုက်ဘူး...
မင်းကငါ့မြေးကိုဒဏ်ရာရအောင်လုပ်ခဲ့မှတော့.. မင်းလဲတန်ဖိုးတခုပြန်ပေးဆပ်ရမှာပဲ.... ငါကအလွန်အကျွန်ကြီးတော့ မတောင်းဆိုပါဘူး
မင်းလက်နှစ်ဖက်ကိုဖြတ်ပေးမယ်ဆိုရင်တော့...ငါတို့ကမင်းအသက်ကိုချမ်းသာပေးလိုက်မယ်... "
အဲ့နောက်မှာ သူကဖေးဟိုကိုကြည့်လိုက်ကာ
"..အေး.. အဲ့ဒါမှမဟုတ်ရင်တော့ ဒိနေ့ကမင်းသေမယ့်နေ့ဖြစ်သွားရံမက ဖေးအိမ်တော်တခုလုံးကိုနဲ မင်းနဲ့အတူတူမြေမြှပ်ပစ်လိုက်မယ်ကွသိလား..... "

  ယန်ဒေါင်စကားပြီးတယ်ဆိုတာနဲ့ ဖေးဟိုက တိုက်ခိုက်မှုကစတင်နေပြီပဲဖြစ်သည်။ အားလုံးမျက်တောင်မခတ်လိုက်နိုင်သေးခင်မှာပဲ
  ဖေးဟိုက ယန်ဒေါင်အရှေ့ကိုရောက်ရှိနေပြီပဲ ဖြစ်၏ ။ သူ့လက်သီးတချက်ကိုထိုးချလိုက်ကာ လေဟာနယ်ကြီးတခုလုံးတွန့်လိမ်သွားသလိုတောင်ဖြစ်သွားသည်။ ဖေးဟိုလက်သီးရဲ့ အင်အားပြင်ထန်မှုကြောင့် ယန်ဒေါင်ရင်ထဲမှာတောင် တင်းကျပ်လာသလို ခံစားလိုက်ရသည်။ အဲ့နောက်ယန်ဒေါင်ကလဲ ဖေးဟိုလက်သီးကို သူ့လက်သီးဖြင့် တုန်ပြန်ရင်ဆိုင်လိုက်သည်။

လက်သီးနှစ်ခုရင်ဆိုင်တွေ့မိတာနဲ့ နားကွဲမတတ်အသံကြီးက ကျယ်လောင်စွာထွက်ပေါ်လာ၏ ။ ထိပ်တိုက်တွေ့ဆုံမှုကနေ ပြန်ကန်လာတဲ့ အားလှိုင်းတွေကြောင့် နှစ်ယောက်လုံး အနောက်ကိုဆုတ်ပေးလိုက်ရသည်။

"...ကောင်းကင်အဆင့် ၂ သိုင်းသမား... "
ဖေးဟိုက ယန်ဒေါင်ကိုအထင်သေးစွာဖြင့်စိုက်ကြည့်လိုက်ကာ
".. ယန်ဒေါင်...  မင်းနဲ့ မင်းရဲ့မြေး ယန်အန်ကတကယ်တော့ အတူတူပဲကွ သိလား... မင်းတို့ဦးနှောက်တွေက မင်းတို့ဖင်ကနေ ထွက်ကြသွားပြီနဲ့တူတယ်... "

"..ဦးနှောက်တွေက ဖင်ထဲကနေထွက်ကြသွားတယ် ဟူတ်လား...?"
ယန်ဒေါင်က ဖေးဟိုဘာပြောချင်လဲဆိုတာကိုနားမလည်ပဲ ခနတာလောက် ဇဝေဇဝါဖြစ်သွား၏ ။ဒါပေမယ့် သူတို့နှစ်ယောက်သိုင်းပြိုင်ပွဲကိုလာရောက်ကြည့်ရှုနေကြတဲ့ လူအုပ်ကြီးဆီကနေ အုတ်အုတ်ကျွက်ကျွက်ရယ်မောသံတွေ ထွက်ပေါ်လာလေသည်။ ယန်ဂေဟာကလူတွေအကုန်လုံးရဲ့ မျက်နှာထားတွေလဲ ရှုံမဲ့ကုန်ကြသည်။

လူတွေရဲ့ လှောင်ရယ်သံတွေကိုကြားတော့မှ ယန်ဒေါင်တယောက် ဇဝေဇဝါဖြစ်နေရာကနေ လက်ရှိအခြေအနေဆီကိုပြန်လည်သတိကပ်လာ၏ ။ သူကိုယ်တိုင်လဲ ဖေးကိုယ်ဆိုလိုချင်တာကို နားလည်သွားတာ ရင်ထဲကထွက်လာတဲ့ ဒေါသတွေကြောင့် မျက်နှာကြီးကနီရဲလာ၏။

ရှောင်လုံကလဲ ရုတ်တရက်လက်ကိုဝေ့ယမ်းအချက်ပြလိုက်ကာ
". သူတို့အကုန်လုံးကိုဝိုင်းထားလိုက်စမ်း... တယောက်မှ ထွက်မသွားစေနဲ့... "
ရှောင်လုံအသံထွက်ပေါ်လာတာနဲ့ ဖေးအိမ်တော်ထဲကနေ အယောက် ၆၀၀ နီးပါးလောက်ရှိတဲ့ အစောင့်တွေက ဖေးအိမ်တော်ထဘကြနေ အလျင်အမြန်ထွက်ပေါ်လာကြကာ ယန်ဂေဟာကလူတွေကို စက်ဝိုင်းပုံသဏ္ဍာန်ဝန်းရံထားလိုက်ကြသည်။

  ယန်ဒေါင်ကိုယ်တိုင်ကလဲ ဒီတခေါက်အတွက် အစောင့်တွေအများကြီးခေါ်လာတယ်ဆိုပေမယ့် သူရဲ့အစောင့်အရေအတွက်က အများဆုံး အယောက်သုံးရာလောက်ပဲ ပါလာတာဖြစ်သည်။ သူအထင်က သူ့ရဲ့ကောင်းကင်အဆင့် ၂ သိုင်းသမားအစွမ်းတခုထဲက ဖေးအိမ်တော်ကို မြေလှန်ပစ်နိုင်တယ်လို့ ထင်မြင်ယူဆထားတာပဲ ဖြစ်၏။
ဖေးဟိုကိုယ်တိုင်က ကောင်းကင်သိုင်းသမားဖြစ်နေလဲကိစ္စမရှိဘူးလေ...  ဖေးဟိုက အခုမှကောင်းကင်သိုင်းသမားအဆင့်ကိုရောက်ရှိထားတာမို့ သူ့ပြိုင်ဘက်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ....

ဒါပေမယ့် အခု ဖေးဟိုထိုးချလိုက်တဲ့ လက်သီးတချက်က ဖေးဟိုရဲ့ ခွန်းအားဘယ်လောက်ရှိတယ်ဆိုတာကိုဖော်ပြနေလေသည်။

"..သတ်ကြစမ်း..."
ယန်ဒေါင်က သူတို့ကိုဝိုင်းပတ်ထားတဲ့ ေးဖအိမ်တော်အစောင့်တွေကိုကြည့်ရင် ဒေါသတကြီးအော်ဟစ်လိုက်လေသည်။ အဲ့နောက်သူကိုယ်လုံးထဲကနေ တောက်ပတဲ့အလင်းရောင်တွေထွက်ပေါ်လာကာ
ယန်ဒေါင်တယောက် သူ့သိုင်းဝိညဉ်ကိုဆင့်ခေါ်လိုက်ပြီပဲဖြစ်၏။
ယန်ဒေါင်ရဲ့ သိုင်းဝိညဉ်က တကယ်တော့ အရမ်းကို ကြီးမားလှတဲ့
အနက်ရောင်အိုးကြီး တလုံးပဲ ဖြစ်သည်။ အနက်ရောင်အိုးကြီးက
၁၂ မီတာထက်ပိုမိုမြင့်မားကာ ထိပ်ကနေ အောက်ခြေအထိကို တချို့နေရာကထူးခြားလှတဲ့ အနီရောင်ရှေ့ဟောင်းအက္ခရာတွေကလွဲရင် အိုးကြီးတခါလုံးက အနက်ရောင်ဖြင့် တောက်ပြောင်နေသည်။
အနီရောင်ရှေ့ဟောင်အက္ခရာတွေကနေ သူတို့ကိုကြည့်လိုက်တဲ့လူတွေရဲ့ရင်ထဲကို သရဲတစ္စေမြင်လိုက်သကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခံစားချက်တွေကို ဖြစ်ပေါ်စေသည်။

သူ့သိုင်းဝိညဉ်ကိုဆင့်ခေါ်ကာ သူသိုင်းဝိညဉ်ပေါ်ထွက်လာတာနဲ့တပြိုင်နက်ထဲမှာပဲ ယန်ဒေါင်က သူ့သိုင်းဝိညဉ်နဲ့ပေါင်းစပ်ကာ ဝိညဉ်အသွင်ပြောင်းလိုက်လေသည်။ သူ့ခန္ဓာကိုယ်အရေပြားတွေက
သူ့သိုင်းဝိညဉ် အနက်ရောင်အိုးကြီးကဲ့သို့ အနက်ရောင်ဆေးသုတ်လိမ်းထားသလိုမျိုး အရေပြားတခုလုံး မဲနက်သွားကာ တချိန်ထဲလိုလိုမှာပဲ အနက်ရောင်မြူခိုးငွေ့တွေက သူ့ကိုယ်နားကို ရစ်ဆိုင်းလာကြသည်။ သူ့ကိုယ်နားမှာဖြစ်ပေါ်လာတဲ့ အနက်ရောင်မြူခိုးငွေ့တွေကြောင့် ယန်ဒေါင်က သိုင်းယှဉ်ပြိုင်နေစဉ်မှာပဲ သူတို့အထဲကို ဝင်ရောက်ပုန်းခိုနိုင်သွားပြီပဲဖြစ်လေသည်။

ယန်ဒေါင်ခန္ဓာကိုယ်ကလဲ ဖျက်ကနဲဆိုသလို ဖေးဟိုရဲ့ အရှေ့ကိုလျင်မြန်စွာရောက်ရှိလာ၏ ။ အဲ့နောက် အနက်ရောင်လက်တဖက်က အနက်ရောင်မြူခိုးငွေ့တွေထဲကနေ ရုတ်တရက်ထွက်ပေါ်လာကာ ဖေးဟိုရဲ့ ရင်ဘတ်ကိုဦးတည်တိုက်ခိုက်လိုက်၏ ။ ဒါပေမယ့် ဖေးဟိုကလဲ အခြေအနေနဲ့ အချိန်အခါကိုတွက်ဆထားပြီးဖြစ်သည်။ဖေးဟိုကိုယ်ထဲကနေ ငွေရောင်တချက်လင်းလက်သွားကာ သူ့သိုင်းဝိညဉ်ထွက်ပေါ်လာတော့သည်။ အဲ့နောက်ထွက်ပေါ်လာတဲ့ ငွေရောင်မြစ်သိုင်းဝိညဉ်က နဂါးကြီးတကောင်လိုမျိုး ဖေးဟိုရဲ့ ကိုယ်ခန္ဓာကိုယ်ရစ်ပတ်ခွေလိုက်ကာ ဖေးဟိုကိုတိုက်ခိုက်လာတဲ့ ကန်သူရဲ့တိုက်ခိုက်မှုတွေကို ခုခံပေးလိုက်၏ ။

ရန်သူရဲ့တိုက်ခိုက်မှုတွေကိုခုခံပြီးတဲ့နောက် ငွေရောင်မြစ်သိုင်းဝိညဉ်က ဖေးဟိုခန္ဓာကိုယ်နားမှာ အဆက်မပြတ်လည်ပတ်နေ၏ ။ သူတချက်လည်ပတ်လိုက်တိုင်းမှာ နဂိုမူလပုံသဏ္ဍာန်ထက် တဖြည်းဖြည်းပိုမိုကြီးမားလာလေသည်။ ဖေးဟို ခန္ဓာကိုယ်နားက အတွင်းအားချီစက်ဝိုင်းကလဲ ဖေးဟိုရဲ့ ကိုယ်ခန္ဓာကို မံမီတကောင်ကိုအဝတ်ဖြင့်ပတ်ထားသလိုမျိုး အထပ်ထပ်ရစ်ပတ်ထားကာ ရစ်ပတ်ထားတဲ့ အချင်းက တဖြည်းဖြည်းပိုမိုကြီးမားလာ၏ ။ ဖေးဟိုကိုရစ်ပတ်ထားတဲ့ အတွင်းအားချီစက်ဝိုင်းက ပိုမိုကြီးမာလာသလို သူဆီကနေလဲ ပြင်းထန်လှတဲ့ စွမ်းအင်အရိပ်အယောင်တွေ ထွက်ပေါ်နေသည်။

သိုင်းဝိညဉ်သန်မာလာခြင်း...... !

ဖေးဟိုက ကောင်းကင်သိုင်းသမားအဆင့်ကိုမရောက်ခင် သူ့ရဲ့သိုင်းဝိညဉ်ကို  ငါးဆအထိပိုမိုသန်မာလာအောင်လုပ်နိုင်စွမ်းရှိသည်။  အခုသူကောင်းကင်သိုင်းသမားအဆင့်ကိုကျော်ဖြတ်ရောက်ရှိလာပြီးတဲ့နောက်မှာတော့ သူ့သိုင်းဝိညဉ်ကို ခုနှစ်ဆအထိ ပိုမိုသန်မာလာအောင်လုပ်နိုင်နေပြီပဲ ဖြစ်သည်။

ဖေးဟိုရဲ့ သိုင်းဝိညဉ်ပိုမိုသန်မာလာပြီးတဲ့နောက် ဖေးဟိုရဲ့ စွမ်းအားတွေတဟုန်ထိုးတိုးတက်လာတာကိုခံစားမိလိုက်တဲ့ ယန်ဒေါင်တယောက် သူ့မျက်နှာအမူအရာက လုံးဝကို ပျက်ယွင်းသွားလေသည်။ သူ့ကိုယ်ကိုရစ်ပတ်ထားတဲ့ အနက်ရောင်မြူခိုးငွေ့တွေက ရုတ်တရတ်ပိုမိုကျယ်ပြန့်လာကာ ဒေါသကြီးနေတဲ့ အနက်ရောင်တိတ်တိုက်တွေလိုမျိုး အရှိန်အဝါတွေထွက်ပေါ်လာလေသည်။

"...တိမ်နက်လက်ဝါး.... !"
ကြီးမားတဲ့ အနက်ရောင်လက်ဝါးရာကြီးက အနက်ရောင်မြူခိုးငွေ့တွေကြားထဲကနေ ရုတ်တရက်ထွက်ပေါ်လာကာ လေပေါ်မှာ ရစ်ဝဲနေလေသည်။

ဖေးဟိုကလဲ လေထဲကိုခုန်ပျံလိုက်ပြီး
"...နှလုံးကွဲကြေလက်သီး... !"

လက်သီးချက်ကိုထိုးလွှတ်လိုက်တာနဲ့ လေဟာနယ်ကြီးတခုလုံးထွကဖောက်သွားသလို ဖြစ်သွားကာ ယန်ဒေါင်ရဲ့ အနက်ရောင်လက်ဝါးရာကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့လေသည်။

ယန်ဒေါင်နဲ့ ဖေးဟိုတို့နှစ်ယောက်က လေထဲမှာ ပျံဝဲတိုက်ခိုက်နေကြသလို သူတို့အောက်မှာလဲ ဖေးအိမ်တော်နဲ့ ယန်ဂေဟာက သိုင်းသမားတွေရဲ့ တိုက်ပွဲတွေဖြစ်ပေါ်နေသည်။

ဖေးရွန်က ယန်ရှင်းနဲ့ ရင်ဆိုင်တိုက်ခိုက်နေသလို ဖေးမင်က ယန်ဇန်ဖေးကိုရင်ဆိုင်တိုက်လိုက်နေ၏ ။ ပထမတော့ ယန်ဇန်ဖေးက သူ့အရင်နှစ်ရက်တုံးကလိုပဲ ဖေးမင်ကို မြေကြီးပေါ် အလွယ်တကူလှဲ
သိပ်ကာ ခွေးတကောင်ကို ရိုက်နှက်သလို အားရပါးရရိုက်နှက်နိုင်လိမ့်မယ်လို့ ယူဆထားလေသည်။ ဒါပေမယ့် ဒိနေ့လဲကျရော ဖေးမင်ရဲ့ ဒဏ်ရာတွေကလုံးဝအရှင်းပျောက်ကင်းနေရုံမက သူ့ရဲ့သိုင်းကျင့်စဉ်တောင် အဆင့်တက်လာလေသည်။ သူကအရမ်းထူးခြားဆန်းကြယ်တဲ့ လက်သီးသိုင်းကိုအသုံးပြုနေတာကိုမြင်တွေ့လိုက်ရသည်။
ဖေးမင်ရဲ့ ထူးခြားတဲ့ လက်သီးသိုင်းက သူရဲ့ထွက်ပေါက်လမ်းတွေအကုန်လုံးကိုပတ်ဆို့နေသလို ဖြစ်ကာ နောက်ဆုံးမှာတော့ ယန်ဇန်ဖေးကိုယ်မှာ လက်သီးဒဏ်ရာတွေနဲ့ ပြည်နှက်လာတော့သည်။

တကယ့်အဖြစ်မှန်က ယန်ဇန်ဖေးကို ကြောက်လန့်လာစေရုံမက ဒေါသတွေပါ ထွက်လာစေသည်။ ရှောင်လုံက တော့ ဖေးအိမ်တော်ပတ်ဝန်းကျင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုကြည့်ရှုနေကာ ရုတ်တရက် ရှောင်လုံတယောက်ပျောက်ကွယ်သွားလေသည်။ အဲ့နောက်မှာတော့ လက်ရှိနေရာကနေ ပျောက်ကွယ်သွားတဲ့ရှောင်လုံက ယန်ဂေဟာကသိုင်းသမားတယောက်ရဲ့ နံဘေးမှာ ပြန်လည်ပေါ်ထွက်လာ၏။ ယန်ဂေဟာက သိုင်းသမားကိုတုန့်ပြန်ချိန်မပေးတော့ပဲ
ရှောင်လုံက သူ့ရဲ့လက်ဝါးရိုက်ချက်ဖြင့် ယန်ဂေဟာက သိုင်းသမားကို အဝေးသို့ လွှင့်ထွက်သွားစေသည်။

ရှောင်လုံက နှစ်ဖက်တိုက်ပွဲအတွင်း အဆက်မပြတ်ပျောက်လိုက်ပေါ်လာလိုက်လုပ်နေကာ သူတခါပြန်ပေါ်လာတိုင်းမှာ ယန်ဂေဟာက အစောင့်တယောက်အဝေးသို့လွှင့်ထွက်သွားတာကြီးပြဲဖစ်သည်။
ယန်ဂေဟာက သိုင်းသမားတွေက အိမ်တော်ထိန်းကြိး ဇူရီကလွဲရင်
အများစုက မြေကြီးအဆင့်၇ သိုင်းသမားတွေပဲ ဖြစ်ကြသည်။ မြေကြီးအဆင့် ၈ နဲ့ အဆင့် ၉ သိုင်းသမားအရေအတွက်က ယန်ဒေါင်နဲ့အတူ အနဲငယ်ပဲပါလာတာဖြစ်သည်။ သူတို့ရဲ့ အတွင်းအားအဆင့်အရ ရှောင်လုံရဲ့ တိုက်ခိုက်မှုကိုဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ...

ယန်ဒေါင်ကလဲ ဖေးဟိုနဲ့တိုက်ခိုက်နေရင်း သူအောက်ခြေကတိုက်ပွဲတွေမှာ တခုခုထူးခြားနေသလို ခံစားမိလိုက်တာမို့ အောက်မှာဖြစ်ပွဲနေတဲ့တိုက်ပွဲတွေကို အလျင်အမြန်အကဲခတ်လိုက်လေသည်။
သူသေချာ ကြည့်ရှုလိုက်တော့ ရှောင်လုံရဲ့ လုပ်ရပ်ကိုထင်းထင်းရှားရှားကိုတွေ့မြင်သွားတော့သည်။ ယန်ဂေဟာကသိုင်းသမားတွေ တယောက်ပြီးတယောက် အဝေးကိုလွှင့်ထွက်နေတာကိုကြည့်ရင်း သူ့ရင်ထဲကနေ ဒေါသတွေအလိပ်လိုက်ထွက်ပေါ်လာလေသည်။
ကံမကောင်းတာက သူကိုယ်တိုင်ကလဲ ဖေးဟိုရဲ့ ဟန့်တားမှုကိုရင်ဆိုင်နေရတာပဲ ဖြစ်သည်။ ဒါကြောင်မို့ အခုအချိန်မှာ ရှောင်လုံကိုသူကိုယ်တိုင်သွားရောက်တိုက်ခိုက်နိုင်စွမ်းမရှိချေ... ။

ဖေးဟိုနဲ့ ပိုပြီးတိုက်ခိုက်လေလေ... ယန်ဒေါင်တယောက်ပိုပြီးကြောက်ရွံစိတ်လှုပ်ရှားလာလေ ဖြစ်လာသည်။ ဖေးဟိုက အခုမှကောင်းကင်အဆင့်၁ သိုင်းသမားဖြစ်ပေမယ့် သူရဲ့ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်း ၊စွမ်းအား ၊ အတွင်းအားချီတွေကလဲ မြေကြီးအဆင့်၂ သိုင်းသမားဖြစ်တဲ့ သူအောက်ကိုသိသိသာသာလျော့ကျခြင်းမရှိချေ....။

ဒါအပြင်ဖေးဟိုရဲ့ တိုက်ခိုက်မှုတွေကလဲ ပိုပြီးသန်မာလာနေတဲ့ သူ့သိုင်းဝိညဉ်ရဲ့ ကူညီထောက်ပံမှုကြောင့် ယန်ဒေါင်ရဲ့ တိုက်ခိုက်နိုင်စွမ်းထက်တောင်မှ တဖြည်းဖြည်းပိုမို စွမ်းအားကြီးလာလေသည်။
နာကျင်စွာဖြင့် အော်ဟစ်ညီးညူသံတွေက ပင်လယ်ရေလှိုင်းတွေလိုမျိုး တခုပြီးတခုထွက်ပေါ်လာကာ ယန်ဂေဟာကအစောင့်တွေလဲ တယောက်ပြီးတယောက်မြေကြီးပေါ်ကိုလဲကျကုန်၏ ။

ဒီတကြိမ်ဖေးအိမ်တော်ကိုလာတဲ့ ယန်ဂေဟာအစောင့်အရေအတွက်ကလဲသိပ်မများပေ... ဒါအပြင် သူတို့ရဲ့ အဓိကလူဖြစ်တဲ့ ယန်ဒေါင်ကလဲ ဖေးဟိုရဲ့ ထိန်းချုပ်ထားခြင်းကိုခံနေရတာမို့ ယန်ဂေဟာကလူတွေအတွက်တော့ တကယ်ကို အိမ်မက်ဆိုးပဲ ဖြစ်၏ ။ အချိန်တနာရီမရှိတရှိ အချိန်လေးအတွင်းမှာပဲ ယန်ဂေဟာက အစောင့်တွေရဲ့ သုံးပုံနှစ်ပုံလောက်က ဒဏ်ရာတွေရရှိနေကြပြီပြဲဖစ်လေသည်။ အစောင့်အယောက်တရာလောက်ကပဲ ဖေးအိမ်တော်ကသိုင်းသမားတွေကို ကြိုးကြိုးစားစာ့းဖင့် ခုခံနေကြရတာဖြစ်သည်။

ယန်ရှင်းတဲ့ ယန်ဇန်ဖေးတို့လဲ သူတို့ဖက်က ဆိုးရွားနေသောအခြေအနေတွေကိုကြည့်ရင်း သူတို့မျက်နှာတွေကရှုံမဲ့နေကြလေသည်။ ဒီလိုမျိုးသာဆက်သွားနေမယ်ဆိုရင် သူတို့ယန်ဂေဟာက သိုင်းသမားတွေအကုန်လုံး မျိုးပြုတ်ကုန်တော့မှာ မဟုတ်လား.. ။

ရှောင်လုံက နောက်ထပ်အစောင့်အယောက် သုံးဆယ်လောက်ကို အဝေးသို့လွှင့်ပျံသွားစေပြီးတဲ့နောက်မှာ ဖေးမင်းနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ ယန်ဇန်ဖေးဆီကိုရောက်ရှိလာလေသည်။ သူ့ရှေ့ကိုရောက်ရှိလာသော ရှောင်လုံကိုကြည့်ရင်း ယန်ဇန်ဖေးရဲ့ မျက်နှာထားက သွေးဆုတ်ဖြူဖွေးသွားလေသည်။

  "...အေဖေရ... "
".. အဖိုးရေ... "
"...ကျွန်တော်ကိုကယ်ကြပါအုံး... "
ယန်ဇန်ဖေးက တုန်ယင်နေတဲ့အသံဖြင့်အကူအညီလှမ်းတောင်းလိုက်လေသည်။
ယန်ရှင်း နဲ့ ယန်ဒေါင်တို့က ယန်ဖန်ဖေးဆီကနေ အကူအညီတောင်းသံကိုကြားတော့လှည့်ကြည့်လိုက်ကြ၏ ။ သူတို့လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ရှောင်လုံက ယန်ဇန်ဖေးရင်ဘတ်ကိုလက်ဝါး ရိုက်ချလိုက်တဲ့ မြင်ကွင်းကိုမြင်လိုက်ကြသည်။

".. ခွေးစုတ်လေး ဟောင်ရှောင်လုံ.... မင်းလုပ်ရဲတယ်ပေါ့..."
ယန်ဒေါင်က ဒေါသတကြီးဖြင့်အော်ဟစ်လိုက်လေသည်။
"... မင်းငါ့မြေးရဲ့ ဆံပင်တချောင်းကိုထိရဲရင် ငါမင်းကို အစိတ်တသိန်းလောက်ပိုင်းပစ်မယ်ကွ... !"
ဒါပေမယ့် တိုက်ဆိုင်စွာပဲ ယန်ဒေါင် အော်ဟစ်သံလဲဆုံးရော ရှောင်လုံရဲ့လက်ဝါးက ယန်ဇန်ဖေးရဲ့ရင်ဘတ်ပေါ်ကိုကျရောက်သွားလေသည်။ လက်ဝါးရိုက်ချက်က ယန်ဇန်ဖေးရဲ့ ရင်ဘတ်ကိုထိမိသ့်ားတယ်ဆိုရင်ပဲ ယန်ဇန်ဖေးက မိုးကောင်းကင်ကြီးသူပေါ်ပြိုကျလာသလို ပုံစံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏ ။ ယန်ဇန်းဖေရဲ့ စိတ်ထဲမှာ ရှောင်လုံရဲ့ လက်ဝါးတချက်က သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကိုပြောင်းပြန်လှန်သွားအောင်လုပ်လိုက်သလို ခံစားလိုက်ရသည်။ အဲ့နောက်သူက သွေးနဲ့ရောနေတဲ့ အစိမ်းရောင်ချွဲပစ်ပစ်အရည်တွေကိုအန်ထုတ်လိုက်လေသည်။ သွေးဖြင့်ချင်းချင်းနီရဲနေသော မြေကြီးပေါ်မှာ ယန်ဇန်ဖေးပါးစပ်ထဲကနေ အန်ထွက်လာတဲ့ အခဲသေးသေးလေးကိုတော်မြင်နိုင်၏ ။ သူမသိတာက ဒီအစိတ်ပိုင်းလေးတွေက သူရဲ့အသည်းကအစိတ်အပိုင်းလား အဆုတ်ကနေ ကြွေမွပြီးထွက်လာတဲ့ အစိတ်အပိုင်းလားဆိုတာကိုပဲ.. ။

ယန်ဇန်ဖေးက ရှောင်လုံလက်ဝါးတချက်ထဲဖြင့် မြေကြီးပေါ်ကိုလဲကျသွားကာ မြေကြီးပေါ်မှာ လူးလှိမ့်ကာအော်ဟစ်နေလေသည်။ ကှာင်လုံရဲ့ ဒီလက်ဝါးရိုက်ချက်က အရင်နှစ်ရက်တုံးကလက်ဝါးရိုက်ချက်နဲ့မတူပဲ သူ့အားကိုအကုန်ထဲ့ထားတာပဲ ဖြစ်သည်။ ဒါကြောင့်မို့ ယန်ဇန်ဖေးက သွေးတွေအန်ထွက်လာရုံတင်မက မခံမရပ်နိုင်အောင်နာကျင်မှုကြောင့် မျက်ရည်တွေပါ စီးကျလာ၏ ။ သူ့ဘောင်းဘီကလဲ သေးတွေထွက်ကျမတတ်ကို ဖြစ်နေသည်။

"...ဖေးအာ.... "
ယန်ရှင်းက သူ့နှလုံးသားကိုအရှင်လတ်လတ် လှီးခံလိုက်ရသလိုမျိုးနာကျင်စွာ အော်ဟစ်လိုက်လေသည်။ အဲ့နောက် သူကရူးသွားသလိုမျိုး ဖေးရွန်ကို သူ့လက်ဝါးဖြင့် အားကုန်ရိုက်ချလိုက်၏ ။ ယန်ရှင်းရဲ့ ရူးရူးမူးမူးတိုက်ခံပုံကြောင့် ဖေးရွန်ခဲအနောက်ကိုဆုတ်ပေးလိုက်ရသည်။
အဲ့နောက် ယန်ရှင်းက ဖျက်ကနဲဆိုသလို ယန်ဇန်ဖေးရဲ့ နံဘေးကိုရောက်ရှိပြီး မြေကြီးပေါ်ကိုလဲကျနေတဲ့ ယန်ဇန်ဖေးကိုဖေးမထူလိုက်၏။

အဲ့အချိန်မှာပဲ မြေပြင်ကြီးက ပြင်းပြင်ထန်ထန်ကိုတုန်ခါလာလေသည်။ လူတွေအကုန်လုံးက မြေကြိးတုန်ခါလာစေတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ စတီးချပ်ဝတ်တန်ဆာတွေကိုဝတ်ဆင်ထားတဲ့
စစ်သားတွေအများကြီးက တောင့်တင်းကြံခိုင်သော စစ်မြင်းတွေကိုစီးကာ ဖေးအိမ်တော်ရှိရာကို ဦးတည်လာနေတာကိုတွေ့လိုက်လေသည်။

စစ်သားတွေက အယောက်တသောင်းကျော်ကျော်ရောက်ရှိလာကြတာပဖြစ်သည်။ နောက်ဆုံးတော့ ယုဝေနိုင်ငံရဲ့ မြို့စောင့်တပ်ရောက်ရှိလာတာပဲ ဖြစ်သည်။

"... အားလုံးရပ်လိုက်ကြစမ်း... "
မြို့စောင့်တပ်နဲ့ပါလာတဲ့ ဗိုလ်ချုပ်ဝတ်စုံ ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ်လူကြီးက တိုက်ပွဲဖြစ်နေကျတဲ့လူတွေကိုကြည့်ရင်း အော်ဟစ်အမိန့်ပေးလိုက်သည်။ စစ်သူကြီးရဲ့ မာန်ပါသော အမိန့်ပေးသံကိုကြားသော နှစ်ဖက်အိမ်တော်က သိုင်းသမားတွေက တိုက်ခိုက်နေရာကျနေ လူစုခွဲလိုက်ကျ၏ ။ လေထဲက ဖေးဟိုနဲ့ ယန်ဒေါင်တျု့နှစ်ယောက်ရဲ့ နောက်ဆုံးတချက်တိုက်ခိုက်လိုက်ပြီးတဲ့နောက်မှာ မြေကြီးပေါ်ကိုပြန်ဆင်းလာကြသည်။

"...မြို့စား ယန်ဒေါင်..... မှုးမတ် ဖေးဟို.... "
စစ်သူကြီးက မြင်းပေါ်ကခုန်ဆင်းလိုက်ကာ သူတို့နှစ်ယောက်နားကိုလမ်းလျှောက်လာရင်းနဲ့ ဖေးဟိုတို့ကို နှုတ်ဆက်လိုက်လေသည်။
မြို့စောင့်တပ်ရောက်လာမှတော့ တိုက်ပွဲတွေက ဆက်မဖြစ်တော့ပဲ ရပ်ဆိုင်းသွား၏ ။

ယန်ဒေါင်ရဲ့ စိတ်ထဲမှာ အကြိမ်တသိန်းလောက်မကြေမနပ်ဖြစ်နေကာ သူ့ရင်ထဲကဒေါသမီးတွေကလဲတောက်လောင်နေဆဲပဲ မဟူတ်လား.. ။ ဒါပေမယ့် အခုအချိန်မှာတော့ ဘာမှဆက်လုပ်လို့မရဘူးဆိုတာကို သူနားလည်သွား၏ ။ သူက ဟွန့်ကနဲ့အသံပြုရင်းနဲ့ ဖေးဟိုနဲ့ရှောင်လုံကို အေးစက်စက်စိုက်ကြည့်လိုက်ကာ
"... ငါဒိနေ့တော့ မင်းတို့နှစ်ယောက်ကိုချမ်းသာပေးလိုက်မယ်....
နောက်တကြိမ်ဆိုရင်တော့ မင်းတို့နှစ်ယောက်လုံးသေနေ့စေ့ပြီလို့သာ မှတ်ထားပေတော့... "
အဲ့နောက်သူက အကျီလက်ရှည်ကိုဝေ့ယမ်းလိုက်ပြီး
"..သွားကြမယ်... "

ယန်ဒေါင်အနောက်ကနေ ယန်ဂေဟာက သိုင်းသမားတွေက ရောက်လာတုံးကလို ခေါင်းထောင်ထောင် မလုပ်နိုင်တော့ပဲ ရှက်ရွံစွာဖြင့်ခေါင်းတွေကိုငုံရင်း ပြန်လည်ထွက်ခွာသွားကြ၏ ။

အဲ့မြင်ကွင်းကိုမြင်လိုက်တော့ ဖေးအိမ်တော်တခုလုံးက ယန်ဂေဟာကလူတွေ ရေနှစ်ထားတဲ့ကြွက်စုတ်လေးတွေလို ထွက်ပြေးသွားကြတာကိုမြင်တော့ သူတို့ကိုယ်သူတို့ ဂုဏ်ယူတဲ့ပုံစံဖြင့် အော်ဟစ်ရီမောလိုက်ကြသည်။

မင်းတို့သေနေ့စေ့ပြီဟုတ်လား ...?
ရှောင်လုံက ပြန်လည်ဆုတ်ခွာသွားတဲ့ ယန်ဒေါင်နောက်ကျောဘက်ကိုကြည့်ရင်း သူပြောသွားတဲ့စကားကိုပြန်စဉ်းစားမိလိုက်ကာ သူစိတ်ထဲမှာပဲ လှောင်ရယ်မောလိုက်လေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၁၄ ... မိုးကောင်းကင်ရတနာ ထွက်ပေါ်လာတော့မယ်အရိပ်အယောင်ပြသခြင်း

ယန်ဒေါင်နဲ့ သူလူတွေတွေရှက်ရွံစွာဖြင့် ပြန်လည်ထွက်ခွာသွားပေမယ့် ဖေးအိမ်တော်ရဲ့ မင်္ဂလာဆောင် ပွဲတော်အခမ်းကတော့တစက်ကလေးမှ မထိခိုက်လိုက်ပဲ အရင်လိုပဲဆက်လက်ကျင်းပကြလေသည်။ တကယ်ဆိုရင် ပိုပြီး စည်းကားသိုက်မြိုက်လာတယ်ဆိုတောင် ဆိုနိုင်လေသည်။ ဘာကြောင့်လဲဆိုတော့ မင်္ဂလာဆောင်ကိုအစတုံးကလာရောက်ခြင်းမရှိတဲ့ ထိပ်တန်းမိသားစုတွေက ဖေးအိမ်တော်နဲ့ ယန်ဂေဟာတို့ရဲ့ တိုက်ပွဲအပြီးမှာ ဖေးအိမ်တော်သို့ ဂုဏ်ပြုလက်ဆောင်တွေယူဆောင်ကာ တဖွဲဖွဲရောက်ရှိလာကြလို့ပဲ ဖြစ်သည်။

ဒိနေ့မှာတော့ ဖေးအိမ်တော်က အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့နေရာတခုလိုမျိုးဖြစ်နေသည်။ ဖေးရွန်နဲ့ ဖေးမင်တို့ သားအဖနှစ်ယောက်လုံးလဲ ဧည့်ပရိတ်သတ်တွေကို ဧည့်ခံနေရင်း သူ့တို့ပါးစပ်ကနားရွက်တက်ချိတ်မတတ်လို့ ပြုံးဖြီနေကြလေသည်။ မင်္ဂလာဆောင်အခမ်းအနားကို ညအထိဆက်လက်ကျင်းပကြကာ နောက်ဆုံးမှာတော့ ဖေးမင်ရဲ့ မင်္ဂလာပွဲကအောင်မြင်စွာဖြင့် ပြီးဆုံးသွားတော့သည်။

ကမ္ဘာကြီးတခုလုံးကိုညအမှောင်ကဝင်ရောကနေရာယူလာကြပြီး ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်နေတော့သည်။ ရှောင်လုံက သူ့ခြံဝန်းလေးထဲမှာ မတ်တပ်ရပ်ရင်း အေးချမ်းစွာဖြင့် တောက်ပနေသော လမင်းကြီးကိုငေးကြည့်နေလေသည်။ အေးချမ်းစွာဖြင့်တောက်ပနေသောလမင်းကြီးကို တိမ်ညိုတိမ်မဲတချို့ကတခါတရံ ဖုံးလွှမ်းသွားကာ ကောင်းကင်ကြီးက အရမ်းကိုလှပသော ဆေးရေး ပန်ချီးကားတချပ်နဲ့ တူညီနေတယ်လို့ သူစိတ်ထဲမှာ ခံစာနေရသည် ။ ဖေးအိမ်တော်က မိသားစုတွေ ပျော်ရွှင်ကြည်နူးနေကြတဲ့ မြင်ကွင်းကိုပြန်မြင်ယောင်ရင်း သူ့အရင်ဘဝတုံးကမိဘတွအကြောင်းရော အခုလက်ရှိဘဝရဲ့ မိသားစုမကြောင်းရောကိုတလှည့်စီတွေးတောနေလေသည်။ သူစိတ်ထဲကအတွေးတွေက တဖြည်းဖြည်းပိုမိုပျံလွှင့်နေကြသည်။

လမင်းကြီးကိုရပ်ကြည့်နေတာ အချိန်တော်တော်ကြာတော့မှ ရှောင်လုံက သူ့အခန်းထဲကိုပြန်ဝင်လာကာ လင်းလောင်ရတနာစေတီထဲကိုဝင်လိုက်ပြီး သူ့ရဲ့ နေ့စဉ်သိုင်းလေ့ကျင့်ခန်းတွေကိုစတင်တော့သည်။  မီးနဂါးပုလဲတလုံးကိုမြိုချရင်း နတ်အတွင်းအားနည်းစနစ်ကိုစတင်လိုက်တယ်ဆိုရင်ပဲ နဂါးနက်ကြီးနဲ့ နဂါးအပြာရောင်ကြီးက သူနောက်ကျောဘက်ကနေ ထွက်ပေါ်လာကာ သူ့ခေါင်းပေါ်မှာ ဝဲပျံနေကြ၏။
အဲ့နောက် အမြွာနဂါးနှစ်ကောင်က နတ်အတွင်းအားနည်းစနစ်ကြောင့် လေဟာနယ်ထဲကနေ ထွက်ပေါ်လာတဲ့ ငရဲဝိညဉ်စွမ်းအင်တွေကို လောဘတကြီးဖြင့် စတင်ဝါးမြိုတော့လေသည်။ သူတို့ဝါးမြို့သန့်စင်ပြီးတဲ့ ငရဲဝိညဉ်စွမ်းအင်တွေက ရှောင်လုံကိုယ်ထဲကို အတွင်းအားတွေအဖြစ်ရောက်ရှိလာ၏ ။

ရှောင်လုံသွေးကြောထဲကအတွင်းအားချီတွေကလဲ အတွင်းအားအသစ်တွေနဲ့ရောစပ်ကာ သွေးကြောထဲမှာ မုန်တိုင်းထန်သလို စတင်အုံကြွလာကြသည်။ အထူးသဖြင့် သူ့ရဲ့ချီပင်လယ် နေရာမှာ အတွင်းအားအံကြွမှုတွေက ပိုမိုဖြစ်ပွားလေသည်။ ရှောင်လုံက အတွင်းအားကိုစတင်လိုက်တယ်ဆိုရင်ပဲ ငရဲဝိညဉ်စွမ်းအင်တွေက ဆူနာမီလှိုင်းလုံးကြီးတွေလိုမျိုး ဟိန်းသံပေးကာ ထွက်ပေါ်လာကြသည်။

ဒီနှစ်တွေအတော့အတွင်း မီးနဂါးပုလဲက ရှောင်လုံရဲ့ ငရဲဝိညဉ်စွမ်းအင်တွေရဲ့ အရည်အသွေးကိုပိုမိုတိုးတက်လာအောင်ပြုပြင်ပေးခဲ့ကာ ငရဲဝိညဉ်စွမ်းအင်တွေရဲ့ အရည်အသွေးကသိသိသာသာကိုတိုးတက်လာသည်။ ဒါပေမယ့် သူ့ရဲ့ ငရဲဝိညဉ်အတွင်းအားရဲ့ အရည်အသွေးက ဘယ်အဆင့်အတန်းထိတိုးတက်လာတယ်ဆိုတာကတော့ ရှောင်လုံကိုယ်တိုင် ဘယ်လိုတိုင်းတာရမလဲမသိပေ.. ယ

ငရဲဝိညဉ်အတွင်းအားတွေက အနက်ရောင်ပင်လယ်ကြီးကဲ့သို့ရှောင်လုံရဲ့ ချီပင်လယ်နေရာမှာစုစည်းနေကြသည်။ ဒီနှစ်တွေအတွင်း မီနဂါးပုလဲအသုံးပြုရင်း အဆက်မပြတ်သိုင်းလေ့ကျင့်ခဲ့မှုကြောင့်
ငရဲဝိညဉ်အတွင်းအားတွေက အနက်ရောင်တောက်တောက်သို့ပြောင်းလဲသွားလေသည်။ ဒါအပြင် အရမ်းကိုလှပဆွဲဆောင်မှုရှိတဲ့ အနက်ရောင်ထဲမှာမှ ချောမွတ်လှပတဲ့ ပုံဆောင်ခဲအချို့လဲ ဖြစ်ပေါ်နေကြ၏။

ရှောင်လုံက အမြွာနဂါးနှစ်ကောင်ကြောင့် သူ့ကိုယ်ထဲကို အဆက်မပြတ်ဝင်လာသော ငရဲဝိညဉ်စွမ်းအင်တွေက အတွင်းအားချီတွေအဖြစ် အဆက်မပြတ်သန့်စင်ယူလိုက်သည်။ နဂါးနှစ်ကောင်ကလဲ ရှောင်လုံဦးခေါင်းထက်မှာ ရစ်ပတ်ခွေကာ ဝဲပျံနေကျရင်း လောဘတကြီးဖြင့် လေဟာနယ်ထဲက ငရဲဝိညဉ်စွမ်းအင်တွေကို လျင်မြန်စွာဝါးမျိုနေကြ၏။
ငရဲဝိညဉ်စွမ်းအင်တွေက အငမ်းမရဝါးမျိုနေကြတဲ့ နဂါးနှစ်ကောင်ရဲ့ ခန္ဓာကိုယ်ကနေလဲ တောက်ပလင်းလက်နေတဲ့ အနက်ရောင် နဲ့ အပြာရောင်အလင်းတန်းတခုက တခုကိုတခုရစ်ပတ်နေကြကာ လင်းလောင်ရတနာစေတီရဲ့ အတွင်းခန်းတခုလုံး သူတို့ကိုယ်ကအလင်းရောင်တွေဖြင့် တောက်ပလင်းလက်နေ၏ ။

ညအချိန်ကုန်ဆုံးသွားတဲ့အခါမှာတော့ ရှောင်လုံက သူ့မျက်လုံးကိုဖွင့်လိုက်ကာ ဒိနေ့တာအတွက် အတွင်းအားလေ့ကျင့်ခန်းတွေကိုရပ်ဆိုင်းလိုက်၏ ။ အဲ့နောက် လင်းလောင်စေတီအတွင်းကနေ အပြင်ကိုပြန်ထွက်လာသည်။

ရှောင်လုံလင်းလောင်ရတနာစေတီအတွင်းကနေ အပြင်ဘက်ိုပြန်ရောက်လာတော့ ဖေးအိမ်တော်မှာ ယုဝေနန်တွင်းကနေလာတဲ့ သံတမန်အရာရှိတယောက် ရောက်ရှိနေသည်။ သူကဖေးဟိုကို မြို့စားရာထူးပေးဖို့အတွက် ဖေးအိမ်တော်သို့ရောက်ရှိနေခြင်းပဲ ဖြစ်သည်။
မြို့စားရာထူးက မှုးမတ်ရာထူးက တဆင့်မြင့်တာပဲ ဖြစ်သည်။ မှုးမတ်အဆင့်သိုင်းသမားတယောက်က ကောင်းကင်သိုင်းသမားအဖြစ်သို့ရောက်ရှိလာတိုင်းမှာ ယုဝေနိုင်ငံရဲ့ ဘုရင်မင်းမြတ်က အဲ့ဒီမှုးမတ်ကို မြို့စားရာထူးသို့ တိုးမြှင့်ခန့်အပ်လေ့ရှိသည်။

ဒါကြောင့်မို့ ဖေးဟို မြို့စားရာထူးကိုရရှိတာက ထူးဆန်းသောကိစ္စတခုတော့မဟူတ်ပေ... ဒါပေမယ့် ရှောင်လုံမမျှော်လင့်ထားခဲ့တဲ့ ကိစ္စတခုလဲပါလာခဲ့သေးသည်။ အဲ့ဒါကတော့ ယုဝေနိုင်ငံရဲ့ ဘုရင်မင်းမြတ်က ဖေးဟိုကို မြို့စားအဖြစ်ခန့်အပ်ခဲ့ရုံမက သူ့ကိုပါ မြို့စား ဘွဲ့ကိုချီးမြှင့်ခဲ့တာပဲ ဖြစ်လေသည်။
တကယ်တမ်းပြောရရင် ယုဝေနိုင်ငံက ကောင်းကင်အဆင့်သိုင်းသမားတွေကသာ မြို့စားဘွဲ့ကို ရရှိနိုငိတာပဲ ဖြစ်သည်။ ဒါအပြင် ယုဝေနိုင်ငံရဲ့ နံပါတ်တစ်ပါရမီရှင်လို့ သတ်မှတ်ခံထားရတဲ့ ယန်အန်တောင်မှ မှုးမတ်ဘွဲ့ကိုပဲ ရရှိခဲ့သေးတာမဟုတ်လား.. ။ ရှောင်လုံဆိုတာက
အခုမှ ယုဝေနိုင်ငံကိုရောက်ရှိလာတဲ့ သူစိမ်းတယောက်လေ.. ။

ရှောင်လုံက ဖေးအိမ်တော်ကိုရောက်ရှိလာသော သံတမန်အရာရှိကို သူကယုဝေနိုင်ငံသား မဟုတ်ကြောင်း ရှင်းပြလိုက်၏ ။ သံတမန်အရာရှိကာ ရှောင်လုံစကားကိုကြားတော့ ပြုံးလိုက်ကာ
"... သခင်လေးရှောင်လုံက ကျုပ်တို့ ယုဝေနိုင်ငံသားမဟုတ်တာကို အရှင်မင်းကြီးကသိထားပြီးပါပြီ.... ကျုပ်တို့ယုဝေနိုင်ငံမှာက နိုင်ငံသားမဟူတ်တဲ့သူတောင် မြို့စားဘွဲ့ကိုလက်ခံနိုင်ပါသေးတယ်... "

ရှောင်လုံကဖေးဟိုကိုကြည့်လိုက်လေသည်။
"..မှန်ပါတယ် သခင်လေး... "
ဖေးဟိုက ခေါင်းညိတ်ပြရင်းနဲ့ သံအမတ်စကားကို အတည်ပြုလိုက်၏။ အဲ့နောက်သူက သတိထားပြီးပြောလိုက်သည်
".. အရှင်မင်းကြီးက အဲ့လိုစိတ်ဆန္ဒရှိနေတယ်ဆိုမှတော့... သခင်လေးက ...?"
ဖေးဟိုက သူစကားကိုဆက်မပြောပဲရပ်လိုက်၏ ။ ဒါပေမယ့် ဖေးဟိုဘာပြောချင်လဲဆိုတာကိုရှောင်လုံက သဘောပေါက်သွားလေသည်။
သူ့ရဲ့အဆင့်အတန်းအရ ဒီလိုမျိုးတော်ဝင်မြို့စားရာထူးလောက်ကိုသိပ်ဂရုမစိုက်ပေမယ့် ယုဝေနိုင်ငံရဲ့ မြို့စားဘွဲ့ ရယူထားတယ်ဆိုတာကလဲ သူ့ကိုအကျိုးယုတ်စေမယ့် ကိစ္စမှမဟုတ်တာ.. ။ တကယ်လို့အဆင်ပြေမယ်ဆိုရင် တနေ့နေ့တချိန်ချိန်မှာ သူယုဝေနိုင်ငံကို သူ့မိသားစုနဲ့အတူ အချိန်မရွေးပြောင်းရွေ့နေထိုင်နိုင်မှာ မဟုတ်လား.. ။

ဒါကြောင်မြို့ ရှောင်လုံက သံအမတ်အရာရှိပေးအပ်လာတဲ့ မြို့စား
အထိမ်းအမှတ် တံဆိပ်တုံးကို လက်ခံလိုက်လေသည်။ ခနလောက်
ကြာတော့ သူရဲ့တာဝန်တွေအောင်မြင်သွားတဲ့ သံအမတ်ကပျော်ရွှင်စွာဖြင့် နန်တွင်းကိုပြန်လည်သတင်းပို့ရန် ဖေးအိမ်တော်ကနေ ထွက်ခွာသွားလေသည်။

သံအမတ်အရာရှိထွက်ခွာသွားပြီးတဲ့နောက်မှာတော့ ရှောင်လုံက ယုဝေနန်းတွင်းမြို့ကိုနောက်တခေါက်လောက် ပတ်ကြည့်ဖို့ဆုံဖြတ်လိုက်၏။ သူဒိမြို့ကိုရောက်နေတာရက်ပေါင်းမနဲတော့ဘူးလေ... ဒယတောင်မှ သူအခုထိနန်တွင်းမြို့တော်ကို သေသေချာချာ မကြည့်ရှု့ရသေးဘူးမဟုတ်လား.. ။ သူနဲ့ ဖေးဟိုက ရက်အနဲငယ်လောက်နေရင် လူတောင်းနိုင်ငံကိုပြန်တော့မှာမို့လို့  ရှောင်လုံက သူမပြန်ခင်အချိန်လေးရှိတုံး ယုဝေနန်တွင်းမြို့အနှံလျှောက်ကြည့်ချင်နေတာပဲ ဖြစ်သည်။

အဲ့နောက် ရှောင်လုံက ဖေးဟိုနဲ့အတူ မြို့အနှံလျှောက်ကြည့်ကြလေသည်။ သူတုိ့လည်ပတ်နေရင်း နေ့မွန်းတည့်ချိန်ကိုရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှောင်လုံတို့ရောက်ရှိနေတဲ့နေရာက ထိပ်တန်းအရသာစားသောက်ဆိုင်ရှေ့ ဖြစ်နေ၏ ။ အဲ့နောက် သူတို့နှစ်ယောက်လဲ ပထမထပ်မှာ ထိုင်ရင်း မီးတောက်ဝိုင်နှစ်ဂျားကို နာမယ်ကြီးအမည်းတချို့ဖြင့် မည်းစမ်းနေကြသည်။

ရှောင်လုံနဲ့ ဖေးဟိုနောက်တခေါက်ထပ်ရောက်လာတာမြင်တော့ ထိပ်တန်းအရသယစားသောက်ဆိုင်ရဲ့ ဆိုင်ရှင်က  အရင်ကထက်ပိုပြီး
လှိုက်လှိုက်လှဲလှဲကိုကြိုဆိုကာ ရှောင်လုံတို့အပေါ်ကိုလဲ အရင်ကထက်ပိုပြီး လေးလေးစားစားဖြင့်ဆက်ဆံလေသည်။ ဖေးဟိုက ကောင်းကင်သိုင်းသမားအဆင့်ကိုရောက်ရှိနေကာ ရှောင်လုံကိုယ်တိုင်ကလဲ သူတိုနိုင်ငံရဲ့ နံပါတ်တစ်ပါရမီရှင်ကို ပြတ်ပြတ်သားသားအနိုင်ယူထားတဲ့သူမို့ သူတို့နှစ်ယောက်ရဲ့ ဂုဏ်သတင်းက ပိုင်ရှင်ချန်ရဲ့ နားထဲကို
ရောက်ရှိနေတာကြာပြီပဲဖြစိလေသည်။

ရှောင်လုံတို့က စားသောက်ပြီးလို့ ကျသင့်ငွေကိုရှင်းမယ်လဲဆိုရော စားသောက်ဆိုင်ပိုင်ရှင်က ရှောင်လုံတို့ပေးတဲ့ရွေဒင်္ဂါးတွေကို ယူဖို့ခါးခါးသီးသီးကိုငြင်းဆန်လေသည်။ ရှောင်လုံတို့ ကျသင့်ငွေကိုမယူတဲ့အပြင် နောက်ကိုလဲအချိန်ရှိတိုင်း သူရဲ့ ထိပ်တန်းအရသာစားသောက်ဆိုင်မှာ အချိန်မရွေးအခမဲ့လာရောက်စားသောက်ဖို့တောင် ဖိတ်ခေါ်လိုက်သေး၏ ။ ဆိုင်ရှင်ချန်က အရမ်းဖော်ရွေနေတာကိုမြင်တော့ ရှောင်လုံတို့လဲ မငြင်းဆန်တော့ပဲ ကျေးဇူးတင်စကားပြောလိုက်လေသည်။

ငြိမ်းချမ်းစွာနဲ့ပဲ သုံးရက်ဆိုတဲ့အချိန်က ကုန်ဆုံးသွားပြန်၏ ။
ဒီအချိန်သုံးရက်အတွင်းမှာ ရှောင်လုံက လင်းလောင်ရတနာစေတီအတွင်းမှာ အတွင်းအားလေ့ကျင့်သလို ဖေးအိမ်တော်ရဲ့ ခြံဝန်းတခုအတွင်းမှာလဲ သူ့ရဲ့နတ်ဓားသိုင်းကွက်တွေကို လေ့ကျင့်ခဲလေသည်။

ရှောင်လုံက ငရဲမုန်တိုင်းသိုင်းကွက် ၊ နတ်မျက်ရည်သိုင်းကွက် ၊ ငရဲမင်းဒေါသသိုင်းကွက် နဲ့ မိုးကြိုးပင်လယ်သိုင်းကွက်တွေကို တကွက်ပြီးတကွက်ထုတ်သုံးလိုက်ကာ အဆက်မပြတ်ပစ်ချနေသော မိုးကြိုးထဲက ငိုကြွေးအ်ာဟစ်သံတွေ လျှပ်စစ်မုန်တိုင်းတိုက်ခတ်သံတွေဖြင့် ခြံဝန်းတခုလုံး ဆူညံပွက်လောရိုက်နေ၏ ။

တနေ့တော့ ရှောင်လုံကထုံးစံအတိုင်း သူ့ခြံဝန်းလေးထဲမှာ သိုင်းလေ့ကျင့်နေစဉ် ရုတ်တရက်ပြင်းထန်တဲ့ ငလျင်တခု လှုပ်ခတ်လာ၏။
ရှောင်လုံက ငလျင်ပြင်းပြင်းထန်ထန်လှုပ်ခတ်လိုက်လို့ အံသြနေစဉ်မှာပဲ မြေကြီးကနောက်တကြိမ်တုန်ခါလာပြန်သည်။ သူ့ခြံဝန်းထဲမှာ အလှဆင်ထားတဲ့ ကျောက်တောင်လေးက ပြင်းထန်တဲ့ လှုပ်ခတ်မှုကြောင့် မြေကြီးပေါ်ကိုတစစီပြိုကျသွားလေသည်။ ငလျင်က နောက်ထပ်ငါူကြိမ် ခြောက်ကြိမ်လောက်ပြင်းပြင်းထန်ထန်လှုပ်ခတ်ပြီးမှ နောက်ဆုံးငြိမ်သက်သွား၏ ။

အဲ့နောက် အဝေးတနေရာကနေ မီးတောက်အကြီးကြီးတခုထွက်ပေါ်လာကာ မီးစအချို့ကလဲ ကောင်းကင်ထက်ကိုပျံတက်သွားကြသည်။
အဲ့နေရာကနေ ဗဟိုပြုပြီး အရပ်လေးမျက်နှာဆီကို ပူပြင်းတောက်လောင်နေသော အပူချိန်တွေအဆက်မပြတ်ထွက်ပေါ်လာသည်။  တချိန်ထဲမှာပဲ ရှောင်လုံက သူ့ကိုယ်ထဲကနေ တငြိမ်လုံးငြိမ်သက်နေတဲ့ လင်းလောင်ရတနာစေတီက မီးတောက်ကြီးထွက်ပေါ်လာပြီးနောက်မှာ သူကအရမ်းကြောက်လန့်နေသော အရာတခုကို ထိပ်တိုက်ရင်ဆိုင်မိတာကြောင့် အရမ်းကိုကြောက်ရွံနေသလိုမျိုး  အဆက်မပြတ်တုန်ခါနေတာကို ရှောင်လုံကသတိထားမိလိုက်လေသည်။

အရမ်းကိုစည်းကားသိုက်မြိုက်ပြီး သက်ဝင်လှုပ်ရှားနေသော နန်တွင်းမြို့တော်တခုလုံးလဲ မီးတောက်ကြ်ိးထွက်ပေါ်လာပြီးတော့ ငြိမ်သက်သွားလေသည်။ အဲ့နောက် သိပ်မကြာခင်မှာပဲ ဖေးဟိုကရှောင်လုံခြံဝန်းထဲကိုရောက်ရှိလာပြီး ရှောင်လုံကိုသတင်းပို့လိုက်လေသည်
"... သခင်လေး ဘုရင်မင်းမြတ်က မြို့ကိုပိတ်ဆို့ထားပြီး အရေးပေါ်အခြေအနေကြောငြာထားတယ်... ဘယ်သူတဦးတယောက်ကိုမှ မြို့အပြင်ထွက်ခွင့်မပေးတော့ဘူး.... "

"...မြို့ပိတ်လိုက်ပြီ ဟုတ်လား ..!"
ရှောင်လုံ လဲအရမ်းကိုအံသြထူးဆန်းသွား၏ ။ ပုံမှန်အခြေအနေမှာဆိုရင် နိုင်ငံတနိုင်ငံက သူ့ရဲ့နန်းတွင်းမြို့တော်ကိုပိတ်ဆိုလိုက်ပြီဆိုတဲ့သဘောက သူ့တို့တနိုင်ငံလုံး ကပ်ဘေးအကြီးအကျယ်ကျရောက်နေတဲ့ သဘောပဲ ဖြစ်သည်။

မြို့ပိတ်လိုက်ရတဲ့ အကြောင်းအရင်းက အခုငါတို့ ကောင်းကင်ထက်မှာ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းနဲ့ သက်ဆိုင်နေတာလား...?
ရှောင်လုံစိတ်ထဲမှာ အတွေးတွေကချာချာလည်နေရင်းနဲ့ သူကဖေးဟိုကမေးလိုက်သည်
".. ဖေးဟို... စောနကမြင်လိုက်ရတဲ့ မြင်ကွင်းကိုမင်းရောဘယ်လိုထင်လဲ... ?"

ဖေးဟိုက တိတ်ဆိတ်စွာဖြင့် ခနတာလောက်စဉ်းစားလိုက်ပြီးမှ တည်ကြည်စွာဖြင့် ပြန်ဖြေလိုက်သည်
".. ကြည့်ရတာ အခုမြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက အရမ်းကိုတန်ခိုးကြီးတဲ့ ရတနာတခုမွေးဖွားလာသလိုပါပဲ... "

ရတနာတခုမွေးဖွားလာတာ... !

ရှောင်လုံက လင်းလောင်ရတနာစေတီရဲ့ ထူးဆန်းတဲ့အပြုအမူအကြောင်းကို ပြန်စဉ်းစားလိုက်ကာ.....
မိုးကောင်းကင်ရတနာတခုပေါ်ထွက်လာတယ်ဆိုတဲ့သဘောများလား...?
သူခန့်မှန်းချက်သာမှန်မယ်ဆိုရင် အခုပေါ်ထွက်လာတဲ့ မိုးကောင်းကင်ရတနာက ကောင်းကင်ရတနာစာရင်းမှာ လင်းလောင်ရတနာစေတီထ်က်ပိုမို အဆင့်မြင့်တဲ့ ရတနာတခုပဲ ဖြစ်ရမယ် .... ဒါကြောင့်မို့သာ
အဲ့ရတနာလဲ ပေါ်ထွက်လာရော လင်းလောင်ရတနာစေတီက သူ့ကြောက်လန့်တဲ့ အရာတခုပေါ်ထွက်လာသလိုမျိုး အဆက်မပြတ်တုန်ယင်နေတာမဟုတ်လား.... ။

မိုးကောင်းကင်ရတနာတခု.... !

လင်းလောင်ရတနာစေတီထက် ပိုပြီးအဆင့်မြင့်တဲ့ မိုးကောင်းကင်ရတနာ.... !

ရှောင်လုံက အသက်ပြင်းပြင်းတချက်ရှုသွင်းလိုက်ကာ သူ့မျက်လုံးတွေမှာတော့ အလင်းရောင်တွေဖြင့်တောက်ပလာ၏ ။
စောနကမြင်တွေ့လိုက်ရတဲ့ မြင်ကွင်းအပြင် လင်းလောင်ရတနာစေတီရဲ့ အပြုအမူကိုပါထပ်ပေါင်းစဉ်းစားလိုက်မယ်ဆိုရင် ဒီနေရာမှာ
မိုးကောင်းကင်ရတနာတခုပေါ်ထွက်လာဖို့ကသေချာသလောက်ကိုရှိနေလေသည်။ သူယုဝေနိုင်ငံကို ထွက်ခွာလာတဲ့ ခရီးစဉ်တခုက သူကိုမိုးကောင်ကင်ရတနာ တခုနဲ့ ကြုံတွေ့စေလိမ့်မယ်လို့ သူလုံးဝမမျှော်လင့်ထားခဲ့တာပဲဖြစ်သည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၁၁၅  .... ကောင်းကင်ရတနာတခု ပေါ်ထွက်လာတော့မည်..!

   ".... ဖေးဟို ဘာတွေဖြစ်နေလဲဆိုတာကို သွားစုံစမ်းလိုက်... "
ရှောင်လုံကဖေးဟိုကိုပြန်လှည့်ကြည့်လိုက်ကာ လေသံတိုးတိုးဖြင့် တိတ်တဆိတ်အမိန့်ပေးလိုက်၏ ။

ပထမတော့ရှောင်လုံက ဒီမှာရက်အနဲငယ်လောက်ပဲနေကာ ပြီးရင် လူတောင်းနိုင်ငံကိုပြန်ဖို့ စီစဉ်ထားတာပြဲဖစ်သည်။ ဒါပေမယ့် အခုဒိလို ဖြစ်ရပ်မျိုးနဲ့ရင်ဆိုင်ကြုံတွေနေရမှတော့ ရှောင်လုံက သူ့ရဲ့အပြန်ခရီးစဉ်ကို ခနလောက်ရွေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်သည်။

"...ဟုတ်ကဲ့ ဂိုဏ်းချုပ်.... ကျွန်တော်မျိုး အခြေအနေကိုသွားစုံစမ်းလိုက်ပါ့မယ်... "
ဖေးဟိုက လေးစားစွာဖြင့် ရှောင်လုံရဲ့အမိန့်ကိုနာခံလိုက်ကာ ခြံဝန်းထဲကနေညအပြင်ဘက်ကိုထွက်သွား၏ ။ထွက်သွားတဲ့ ဖေးဟိုရဲ့ အရိပ်အယောင်က သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့မှ ရှောင်လုံကသူလက်နှစ်ဖက်ကို ခပ်တင်းတင်းဆုတ်နယ်ကာ သူစိတ်ထဲဆုံးဖြတ်ချက်တခုချလိုက်၏
"...အင်း.... ဘာပဲဖြစ်ဖြစ်... ဒီကောင်းကင်ရတနာကို ငါရကိုရရမယ်..."

ဒီနှစ်တွေအတော်အတွင်း လင်းလောင်ရတနာစေတီကနေ ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေက ရှောင်လုံကို ကောင်းကင်ရတနာတခုက ဘယ်လောက်ထိတန်ဖိုးရှိတယ်ဆိုတာကို နားလည်သဘောပေါက်သွားစေသည်။ အကယ်၍ လင်းလောင်ရတနာစေတီသာ မရှိခဲ့ဘူးဆိုရင်
သူ ထိပ်တန်းအဆင့်လွန်သိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားပေမယ့် သူရဲ့အတွင်းအားအဆင့်တက်နှုန်းက အခုလောက်ထိမြန်ဆန်မှာ မဟုတ်ပေ
..။

လင်းလောင်ရတနာစေတီအဆင့်လောက် ကောင်းကင်ရတနာတခုကိုသာ သူထပ်ပြီးရယူနိုင်မယ်ဆိုရင် သူရဲ့ အတွင်းအားအဆင့်တက်နှုန်းက အတိုင်းအတာတခုထိကို တိုးတက်သွားမှာပဲ ဖြစ်သည်။
ကောင်းကင်သိုင်းသမားအဆင့်ကိုတောင် နှစ်နှစ်သုံးနှစ်လောက်အတွင်းရောက်သွားဖို့ အခွင့်အရေးတောင်ပိုများလာမှာပဲ ဖြစ်သည်။
ပြီးတော့ ရှောင်လုံ ဘေးမှာအန္တရယ်တွေကလဲ ပတ်ချာဝိုင်းနေတာမဟုတ်လား.... ဒါကြောင့်မို့ရှောင်လုံက သူ့ရဲ့အတွင်းအားအဆင့်ကိုအလျင်အမြန်တိုးတက်ချင်နေတာပဲ ဖြစ်လေသည်။

တနာရီနီးပါးလောက်ကြာတော့ ဖေးဟိုပြန်ရောက်လာပြီး ရှောင်လုံကိုသတင်းပို့လိုက်၏
"...ဂိုဏ်းချုပ်... ကျွန်တော်မျိုး သတင်းတချို့ရခဲ့တယ် ... မီးတောက်မြင်ကွင်းပေါ်ထွက်လာတဲ့နေရာက  ညဏ်အလင်းရ ရေကန်ရဲ့ ပတ်ဝန်းကျင်နားမှာလို့ပြောတယ်....  ညဏ်အလင်းရရေကန်က ယုဝေနန်းတွင်းမြို့တော်နဲ့ဆို လီသုံးရာလောက်ပဲကွာဝေးပါတယ်... "

"...အိုး.... ညဏ်အလင်းရရေကန်ဟူတ်လား..?"
ရှောင်လုံက ဖေးဟိုကိုပြန်ကြည့်လိုက်၏ ။ ဖေးဟိုက အလျင်အမြန်ပဲ ရှင်းပြလိုက်သည်
".. ဟုတ်ပါတယ်ဂိုဏ်းချုပ်....  ညဏ်အလင်းရရေကန်က ယုဝေနိုင်ငံရဲ့ ရှုမျှော်ခင်းအလှဆုံးရေကန်ဆိုတဲ့ ဘွဲ့ထူးကိုပိုင်ဆိုင်ထားတဲ့ရေကန်ပါ...  သူက စကွဲမီတာပေါင်းထောင်ပေါင်းများစွာကိုကြီးမားကျယ်ပြန့်ပါတယ်...  ဒါပေမယ့် အခုစစ်သား အယောက်တသိန်းလောက်က ညဏ်အလင်းရရေကန်ပတ်ချာလည်မှာ တပ်စွဲထားပါတယ်....
သူတို့ကညဏ်အလင်းရရေကန်ကို ကာကွယ်ဖို့ ဘုရင်မင်းမြတ်ရဲ့အမိန့်ကြောင့် ညဏ်အလင်းရရေကန်ပတ်ဝန်ကျင်မှာ စောင့်ကြပ်နေကြတာပါ...  အခုဆိုရင်ဘယ်သူ့ကိုမှ ညဏ်အလင်းရရေကန်ရဲ့ လီတရာအကွာအဝေးအတွင်းကိုဝင်ရောက်ခွင့်မပြုတော့ဘူး.... ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က အမိန့်ထုတ်ပြန်ထားတယ်...  အကယ်၍ တစုံတယောက်ကသာ ထုတ်ပြန်ထားတဲ့အမိန့်ကိုမနာခံပဲ ညဏ်အလင်းရရေကန်ရဲ့ လီတရာအတွင်းကိုဝင်ရောက်လာမယ်ဆိုရင် အဲ့ဒီနရာမှာတင်သေဒဏ်ပေးမယ်လို့ အမိန့်ထုတ်ပြန်ထားတယ်.... "

"...ညဏ်အလင်းရရေကန်ကို စစ်သားအယောက်တသိန်းစောင့်ကြပ်နေတယ်ဟုတ်လား...? "
ရှောင်လုံမျက်လုံးတွေက ညဏ်အလင်းရရေကန်ထဲမှာ ဘာပေါ်လာမလဲဆိုတာကို အရမ်းကိုသိချင်နေသည်။ ပြီးတော့ ရှောင်လုံကစဉ်းစားလိုက်၏
"..အင်း.. ဒီယုဝေနိုင်ငံရဲ့ ဘုရင်က တကယ်ကိုမြန်တာပဲ.... စောနကပေါ်လာတဲ့ ပုံရိပ်ကကောင်းကင်ရတနာနဲ့ သက်ဆိုင်နေမယ်ဆိုတာကို သူ့ခန့်မှန်းမိနေတာပဲ... ဒါကြောင့်မို့သာ ကောင်းကင်ရတနာပေါ်ထွက်လာမယ့် ရေကန်နဘေးမှ စစ်သည်းပေါင်းသိန်းနဲ့ချီပြီးစောင့်ကြပ်ခိုင်းထားတာပဲ... "

"...ဟုတ်ပါတယ်... အခုဆိုရင်နိုင်ငံရဲ့ နေရာအနှံမှာစောင့်ကြပ်နေ
ကြတဲ့ တခြားတပ်မဟာတွေကိုလဲ ဘုရင်မင်းမြတ်က ပြန်လာဖို့အတွက်ဆင့်ခေါ်လိုက်ပြီ..  ကျွန်တော့စိတ်ထင် ဒီရက်ပိုင်းအတွင်းမှာပဲ
ညဏ်အလင်းရရေကန်ကိုစောင့်ကြပ်မယ့် စစ်သားဦးရေက အယောက်သုံးသိန်းကနေ လေးသိန်းလောက်အထိကို တိုးတက်များပြားလာလိမ့်မယ်ထင်တယ်... "
ဖေးဟိုက သူ့အမြင်ကိုဖြည့်စွက်ပြောပြလိုက်၏ ။

စောင့်ကြပ်မယ့် စစ်သည်ဦးရေ အယောက်သုံးသိန်းကနေ လေးသိန်းအထိများပြားလာနိုင်တယ်...!

အရမ်းကိုမာကျောပြီး သန်မာလှပါတဲ့ဆိုတဲ့ကောင်းကင်သိုင်းသမားတယောက်တောင်မှ စစ်သည်အယောက်သုံးသိန်းနဲ့ရင်ဆိုင်ရမယ်ဆိုရင် ရှုံးနိမ့်ထွက်ပြေးရမှာပဲဖြစ်လေသည်။ ရှောင်လုံက သူ့နဖူးကြောကို
ရှုံ့ရင်းစဉ်းစားခန်းဝင်လိုက်သည်။

"...မင်းဒီကိစ္စကိုအဆက်မပြတ်စုံစမ်းထားလိုက်... တခုခုအကြောင်းထူးတာနဲ့ ငါကိုသတင်းပို့ပါ... "
ခနလောက်ကြာတော့ ရှောင်လုံကဖေးဟိုကိုပြောလိုက်၏ ။

"..ဟုတ်ကဲ့ ဂိုဏ်းချုပ်.. "
ဖေးဟိုကရှောင်လုံအမိန်ကို ရိုသေစွာဖြင့်နာခံလိုက်ကာ သတင်းစုံစမ်းဖို့ ခြံဝန်းအပြင်ကိုထွက်ခွာသွားလေသည်။ ဖေးဟိုထွက်သွားပြီးတဲ့နောက်မှ ရှောင်လုံလဲ ဒီကိစ္စအပေါ် အလေးအနက်စဉ်းစားခန်းဝင်လိုက်၏။

ဖေးဟိုပြောတဲ့အတိုငိးသာဆိုရင် အခုလောလောဆယ် ညဏ်အလင်းရရေကန်နားကိုသွားဖို့ကမဖြစ်နိုင်တော့ဘူး... သူတို့လုပ်နိုင်တာက
ကိုယ်ဖျောက်ပြီးဖြစ်စေ ရုပ်ဖျက်ပြီးဖြစ်စေ နည်းလမ်းတခုခုအသုံးပြုပြီး
ခိုးဝင်မှပဲရတော့မယ်အနေအထားမဟုတ်လား..။ ဒါပေမယ့် သူ့သိုင်းဝိညဉ်ရဲ့ မွေးရာပါအစွမ်း ကိုယ်ဖျောက်တာကို အသုံးပြုပြီး ညဏ်အလင်းရေကန်ထဲကိုခိုးဝင်မယ်ဆိုရင်တောင် ဒီလောက်စစ်သားအများကြီးရဲ့ မျက်လုံးတွေအကုန်လုံးကိုကျော်ဖြတ်ကာဘရေကန်အတွင်းဝင်နိုင်ဖို့ဆိုတာကတော့ လွယ်ကူတဲ့ကိစ္စတခုမဟုတ်ပေ... ။

တကယ်လို့ စစ်သည်အယောက် လေးသိန်းကိုသာနေရာတခုကိုစောင့်ကြပ်ခိုင်းမယ်ဆိုရင်  မီတာတရာအကွာအဝေးတိုင်းမှာ စစ်သားအဖွဲ့တခုစောင့်ကြပ်နိုင်တဲ့အထိ စစ်သားအရေအတွက်ကလုံလောက်များပြားတာပဲဖြစ်သည်။
အင်း...ကြည့်ရတာ ငါအခြေအနေနဲံချိန်အခါပေါ်မူတည်ပြီးပဲ လှုပ်ရှားရတော့မယ်ထင်တယ်.... ရှောင်လုံက လက်ရှိအခြေအနေအပေါ်ဆုံးတ်ြချက်ချလိုက်၏။

ပုံမှန်ဆိုရင် ကောင်းကင်ကတနာတခုက ကောင်းကင်မှာနိမိတ်ပေါ်လာပြီးနောက် ရက်ခြောက်ဆယ်လောက်အချိန်အတော့အတွင်းမှာ ထွက်ပေါ်လာတတ်တာပဲဖြစ်သည်။ ဒါကြောင်မို့ ရှောင်လုံအနေနဲ့ အချိန်အများကြီးရနေသေးတာပဲ ဖြစ်သည်။ ဒီအချိန်မှာတော့ ရှောင်လုံအနေနဲ့ ကောင်းမွန်တဲ့ အချိန်အခါတခုကိုစောင့်ဆိုင်နေရုံပဲ တတ်နိုင်တော့သည်။

ကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်မဲလာကာ နေ့ရက်တခုကုန်သွားပြီးဆိုတဲ့ လက္ခဏာကို ပြသနေ၏ ။ အရင်တုံးက ဒီအချိန်ဆို စည်းကားသိုက်မြိုက်နေတဲ့ ယုဝေနန်းတွင်းမြို့တော်ကြီးတခုလုံးက သူမဟုတ်သလိုမျိုး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ လမ်းမပေါ်မှာလဲ ကင်းလှည့်နေတဲ့ စစ်သားတွေကလွဲရင် လူတဦးတယောက်မှကိုမမြင်ရပေ.. ။

ရှောင်လုံက လင်းလောင်ရတနာစေတီရဲ့ ပထမအလွှာအတွင်း တင်ပင်ခွေလျက်ရှိနေသည်။ အဲ့နောက်သူက မီနဂါးပုလဲတလုံးကိုမြိုချကာ နတ်အတွင်းအားနည်းစနစ်ကိုစတင်လေ့ကျင့်တော့သည်။

သူတို့ယဝေနိုင်ငံကိုလာဖို့ ငွေလသစ်တောကိုဖြတ်သန်းလာတဲ့ ခရီးစဉ်အတွင်းမှာလဲ ရှောင်လုံနဲ့ဖေးဟိုက မိစ္ဆာသားရဲတွေအများကြီးကိုသတ်ဖြတ်ကာ သူတို့ရဲ့အမြူတေတွေကို ယူဆောင်ခဲ့လေသည်။ ဒါကြောင့်မို့ ရှောင်လုံရဲ့ နတ်လက်စွပ်ထဲမှာ သားရဲအမြူတေအကေအတွက်ကလုံလုံလောက်လောက်ကိုရှိနေ၏ ။ ငွေလသစ်တောကိုဖြတ်သန်းလာခဲ့တဲ့ခရီးစဉ်ကြောင့်ရှောင်လုံအနေနဲ့ သူအတွက်မီးနဂါးပုလဲ ကုန်ခမ်းသွားမှာကိုစိုးရိမ်စရာမလိုပေ...  ။ အခုသူ့ရဲ့နတ်လက်စွမ်ထဲက
သားရဲအမြူတေအရေအတွက်က ရှောင်လုံကို တနှစ်စာလောက် စိတ်ပူစရာမလိုပဲ သိုင်းလေ့ကျင့်နိုင်လောက်အောင် လုံလောက်မှုရှိလေသည် ။

ညချမ်းအချိန်ကတဖြည်းဖြည်းကုန်သွား၏ ။

နောက်တနေ့မနက်မှာတော့ ရှောင်လုံက လင်းလောင်ရတနာစေတီအတွင်းမှာ သိုင်းလေ့ကျင့်နေရာကနေ အပြင်ကိုထွက်လာလေသည်။
အဲ့နောက်သူကခြံဝန်းထဲကိုသွားကာ နတ်ဓားသိုင်း ၊ တောင်ပြိုလက်သီးသိုင်းနဲ့ ထိုက်ကျိလက်ဝါးသိုင်း တွေကိုတလှည့်စီ လေ့ကျင့်လေသည်။

သူ့သိုင်းလေကျင့်နေဆဲမှာပဲ ဖေးဟိုကခြံဝန်အတွင်းသို့ဝင်လာကာ ရှောင်လုံကို ညဏ်အလင်းရရေကန်ရဲ့ နောက်ဆုံးအခြေအနေတွေအကြောင်းလာရောက်သတင်းပို့၏ ။ သူပြောတာက ညဏ်အလင်းရရေကန်မှာ ထိပ်တန်းရတနာတခုပေါ်ထွက်လာတော့မယ်သတင်းတွေက ယုဝေနန်းတွင်းမြို့တော်နဲ့ တခြားအနီးနားမြို့တွေကို အလျင်အမြန်ကိုပျံနှံနေပြီဆိုတာပဲ ဖြစ်သည်။ အဲ့သတင်းကိုကြားတော့ သိုင်းပညာရှင်အများအပြားက ညဏ်အလင်းရရေကန်ရဲ့ လီတရာအတွင်း
ကိုတိတ်တဆိတ်ခိုးဝင်ကြလေသည်။ ဒါပေမယ့် သူတို့ထဲကနေ ကောင်းကင်အဆင့်သိုင်းသမားအချို့ပဲ ညဏ်အလင်းရရေကန်ကိုစောင့်ကြပ်နေကြတဲ့ စစ်သားတွေကိုဖမ်းစီးချင်းကိုမခံရဘဲ လွတ်မြောက်လာကြကာ တော်တော်များများ သိုင်းပညာရှင်တွေကတော့ ညဏ်အလင်းရရေကန်အတွင်းမှာပဲ ဖမ်းဆီးရမိပြီး သူတို့ကိုစစ်တပ်က နေရာမှာတင်သတ်ဖြတ်ခဲ့လေသည်။

ဖေးဟိုပြောပြသောသတင်းစကားကို ရှောင်လုံကခေါင်းညိတ်ကာ နားထောင်ရင်း သူ့ရဲ့ရင်ထဲမှာ တိတ်တဆိတ်ပျော်ရွှင်သွားလေသည်။
သူမျှော်မှန်းထားတဲ့အတိုင်း ညဏ်အလင်းရရေကန်မှာ ထိပ်တန်းရတနာတခုပေါ်ထွက်လာမယ်ဆိုတဲ့ သတင်းကို အပြင်ဘက်ကိုတကယ်ပေါက်ကြားသွားတာပဲမဟုတ်လား.... ။ ဒီကောလဟာလက ပိုပြီးပျံနှံသွားမယ်လို့ သူကယုံကြည်နေ၏ ။ အဲ့သတင်းကိုကြားရင် လောဘတကြီးဖြင့် ညဏ်အလင်းရရေကန်ဆီကို လာရောက်မယ့် သိုင်းပညာရှင်တွေကလဲ ပိုပြီးများပြားလာမှာပဲ ဖြစ်သည်။ သိုင်းပညာရှင်တွေနဲ့ စစ်တပ်တို့ထိပ်တိုက်ရင်ဆိုင်တွေ့ရင် ညဏ်အလင်းရရေကန်ပတ်ဝန်းကျင်မှာ အခြေအနေတွေက ပိုမိုရှုတ်ထွေးလာတော့မှ မဟုတ်လား.. ။

ရှုပ်ထွေးနေတဲ့ အခြေအနေကမှ ရှောင်လုံအတွက် အခွင့်လမ်းကောင်းရအောင် ဖော်ဆောင်နိုင်မှာပဲဖြစ်၏ ။ ရှောင်လုံက ဖေးဟိုကို ညပ်အလင်းရရေကန်ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေကိုလဲ မေးမြန်းလိုက်ကာ ဒီအချိန်မှာ ညဏ်အလင်းရရေကန်တခုထဲကိုပဲ သေသေချာချာစောင့်ကြည့်ထားဖို့ တောင်းဆိုလိုက်လေသည်။
အဲ့လိုနဲ့ရက်ပေါင်းများစွာက ထပ်မံကုန်ဆုံးသွားပြန်လေသည်။

ဖေးဟိုက နေ့တိုင်းလိုလို ညဏ်အလင်းရရေကန်ရဲ့ နောက်ဆုံးအခြေပနေတွေကို ရှောင်လုံဆီ လာရောက်သတင်းပို့၏ ။ အရာရာအားလုံးက ရှောင်လုံ မှန်းဆထားတဲ့အတိုင်းဖြစ်နေလေသည်။ လူတယောက်က သတင်းစကားကို လူဆယ်ယောက်ထံသို့ဖြန့်ကာ လူဆယ်ယောက်ကနေ လူအယောက်တရာ ၊ လူအယောက်တရာကနေ တထောင် စသဖြင့် ညဏ်အလင်းရရေကန်ရဲ့ သတင်းစကားက တနိုင်ငံလုံးကို အုံးအုံးကျွက်ကျွက်ဖြစ်သွားစေတော့သည်။ အဲ့သတင်းစကားက အနီးပတ်ဝန်းကျင်နိုင်ငံတွေကိုပါ ပျံနှံသွားကာ ယုဝေနိုင်ငံရဲ့ အနီးပတ်ဝန်းကျင်နိုင်ငံတွေကနေ ယုဝေနိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့ သိုင်းသမားအရေအတွက်က တဖြည်းဖြည်း ပိုမိုများပြားလာသည် ။

အဖွဲ့အစည်းအသီးသီးက သိုင်းပညာရှင်တွေက စစ်သာတွေစောင့်ကြပ်နေကြတဲ့ ညဏ်အလင်းရရေကန်အတွင်းအခြေအနေသိရအောင် ဘယ်လိုခိုးဝင်ရမလဲဆိုပြီး နည်းလမ်းတွေရှာဖွေ့ကြလသည်။ သိုင်းပညာရှင်တွေပိုမိုများပြားလာတာနဲ့အမျှ သိုင်းပညာရှင်တွေနဲ့ စစ်သာူတွေ ပဋိပက္ခဖြစ်ပွားတဲ့ အခြေအနေတွေကလဲ ပိုမိုများပြားလာကာ ခနခနတိုက်ပွဲတွေဖြစ်လာကြ၏ ။ ညဏ်အလင်းရရေကန်ကိုစောင့်ကြပ်နေတဲ့ စစ်တပ်အပေါ်ကိုကျရောက်လာတဲ့ ဖိအားကလဲ တဖြည်းဖြည်းမြင့်တက်လာလေသည်။

ဒီအခြေအနေအရသာဆိုရင် နောက်ထပ်လဝက်လောက်ဆိုရင်ပဲ
အနီးပတ်ဝန်းကျင်နိုင်ငံက အင်းအားစုတွေပါ ရောက်ရှိလာတော့မှာဖြစ်သည်။ ဒါကြောင့်မို့ စစ်တပ်အပေါ်ကို နောက်ထပ်နှစ်ဆ သုံးဆနီးပါးပိုမိုများပါးတဲ့ ဖိအားတွေ အကြီးအကျယ်ကျရောက်လာမှာဖြစ်ကာ အခြေအနေတွေက ရှောင်လုံအကြိုက်ပိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်လာတော့မှာ မဟုတ်လား..။

ညချမ်းအချိန်မှာ
ရှောင်လုံရဲ့ ခြံဝန်းလေးအတွင်း ရှောင်လုံတယောက် ဘယ်ခြေကို ဘယ်ဘက်အနဲငယ်ဆန့်ထုတ်ရင်း မြင်းထိုင်ထိုင်နေလေသည်။ သူရဲ့တံတောင်ဆစ်ကို ခါးနားရောက်သည်အထိ ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ကာ သူလက်ဝါးနှစ်ဖက်ကိုတော့ လေးလံသောတစုံတကယ်ကို သယ်ဆောင်ထားသလိုမျိုးပုံစံဖြင့် အရှေ့တည့်တည့်ကိုဆန့်ထုတ်လိုက်လေသည်။ ခနလောက်ကြာတော့ သူ့လက်ကို အနောက်ဘက်သို့ ပြန်ဆွဲယူလိုက်၏ ။ ရှောင်လုံက သူ့ရဲ့အသက်ရှုနှုန်းကိုထိန်းချုပ်ရင်း အဲ့လိုလုပ်ဆောင်မှုမျိုးကို ထပ်ခါထပ်ခါ လုပ်ဆောင်လေသည်။ ရှောင်လုံ အသက်ရှုလေ့ကျင့်ခန်းကိုစတင်လိုက်တယ်ဆိုရင်ပဲ
မမြင်နိုင်တဲ့ ဝိညဉ်စွမ်းအင်တွေက သူဆီကိုလှိုင်းလုံးကြီးတွေသဖွယ်
တဟုန်ထိုးရောက်ရှိလာလေသည်။

ရှောင်လုံရဲ့ သိုင်းကျင့်စဉ်တွေကပိုပြီးတိုက်တက်လာသလိုမျိုး သူကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းကိုလေ့ကျင့်နေမှုကလဲ အဆင်ရှစ်
မြေအနေအထားပုံသဏ္ဍာန် အဆင့်သို့ရောက်ရှိနေပြီပဲ ဖြစ်သည်။
ပိုပြီးသေသေချာချာပြောရမယ်ဆိုရင် သူရဲ့ကိုယ်ခန္ဓာအသွင်ပြောင်းသိုင်းကျမ်းက အဆင့်ရှစ်ရဲ့ အထွတ်အထိပ်သို့ရောက်ရှိနေတာပဲ ဖြစ်သည်။ သိပ်မကြာခင်မှာပဲ အဆင့်၉ မိုးပြာရောင်နဂါးလက်သည်းဆန့်ထုတ်ခြင်းအဆင့်ကိုရောက်ရှိတော့မှာ ဖြစ်၏ ။

  ရှောင်လုံက ထူးခြားတဲ့ အသက်ရှုနှုန်းအတိုင်း မပြောင်းလဲပဲ အဆက်မပြတ်အသက်ရှုနေ၏ ။ သူအသက်ရှုနေစဉ်မှာပဲ အဖြူရောင်မြူခိုးငွေ့အချို့က သူ့ခေါင်းနားလောက်သို့ ရောက်ရှိလာကာ တဖြည်းတဖြည်းလည်ပတ်နေရင်းနဲ့ ပန်းပွင့်ပုံစံပေါ်ထွက်လာ၏ ။ အတိအကျဆိုရရင် ရှောင်လုံဦးခေါင်းထက်မှာ မြူခိုးငွေ့တွေက ပန်းသုံးပွင့် ပုံသဏ္ဍာန်ဖြင့် တည်ရှိနေတာပဲ ဖြစ်သည်။

အရမ်းကိုများပြားလှတဲ့ ဝိညဉ်စွမ်းအင်တွေက ရှောင်လုံခန္ဓာကိုယ်ထဲကိုရောက်ရှိလာကြသည်။ အဲ့နောက်ဝိညဉ်စွမ်းအင်တွေကို သူ့ချက်နားက ဒန်တိုင်းနေရာမှာ သန့်စင်စစ်ထုတ်ကာ သူရဲ့ ဒန်တိုင်းထဲသို့ သန့်စင်သော ကိုယ်တွင်းစွမ်းအင်တွေ အဖြစ်ပိုဆောင်ပေးလေသည်။
သူ့ရဲ့ ချီပင်လယ်အတွင်းက အတွင်းအားချီတွေနဲ့ ဒန်တိုင်းထဲက ကိုယ်တွင်းစွမ်းအင် နှစ်ခုက တခုနဲ့တခု ပဋိပက္ခ မဖြစ်ကျပဲ ငြိမ်သက်စွာဖြင့် တသီးတခြားစီတည်ရှိနေကြတာပဲ ဖြစ်သည်။

အခုဆိုရင် ရှောင်လုံက သူ့ရဲ့အတွင်းအားချီတွေကို ထုတ်မသုံးပဲ ကိုယ်တွင်းစွမ်းအင်တခုထဲနဲ့တင် သာမန် မြေကြီးအဆင့်၉ သိုင်းသမားတယောက်ကို အလွယ်တကူရင်ဆိုင်နိုင်စွမ်းရှိလေသည်။ ရှောင်လုံအသက်ရှုသွင်းလိုက်တဲ့ အချိန်အတိုင်းအတာက တခါ ထက်တခါ ပိုမို
ကြာမြင့်လာ၏ ။

အဲ့လိုနဲ့နောက်ထပ်အချိန်ဆယ်ရက်ကကုန်ဆုံးသွားပြန်သည်။
ဒီအချိန်ဆယ်အတွင်းမှာ ရှောင်လုံက သူ့ခြံဝန်းအပြင်ကိုလုံးဝမထွက်ပဲ
သူ့ရဲ့အချိန်တွေကို ခြံဝန်းအတွင်းမှာပဲ နတ်ဓားသိုင်း ၊ ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်း ၊ နတ်အတွင်းအားနည်းစနစ် ၊ ထိုက်ကျိလက်ဝါးသိုင်း
တောင်ပြိုလက်သီးသိုင်းတွေကို တလှည့်စီလေ့ကျင့်ရင်ပဲ ကုန်ဆုံးစေခဲ့သည်။

သူ့သိုင်ူလေ့ကျင့်တဲ့ အချိန်ဆယ်ရက်အတွင်း ညဏ်အလင်းရရေကန်မှာတော့ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ အခြေအနေအထိ ရှုပ်ထွေးနေကြပြီပဲ ဖြစ်သည်။ တခြားတိုင်းပြည်တွေက အင်အားစုတွေကလဲ ညဏ်အလင်းရရေကန်ဆီသို့ တဖွဲဖွဲရောက်ရှိကြကာ သိုင်းပညာရှင်တွေကတဖက် စစ်သားတွေကတဖက် ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေက အချိန်တိုင်းလိုလို ဖြစ်ပွားနေကြ၏ ။ လူအသေအပျောက်ကလဲ အရမ်းကိုများပြားလာလေသည်။

အခုဆိုရင် ညဏ်အလင်းရရေကန်မှာ စောင့်ကြပ်နေကြတဲ့ စစ်သားတွေကလဲ အယောက်လေးသိန်းအထိကို ရှိလာပြီဖြစ်သည်။ ဒါတောင်မှာ ထိုးဖောက်ဝင်ရောက်နေကြတဲ့ သိုင်းပညာရှင်တွေကို ညဏ်အလင်းရရေကန်အတွင်းသို့မဝင်နိုင်အောင် အလူးအလဲကာကွယ်နေရတာပဲ ဖြစ်သည်။ စစ်တပ်ကိုယ်တိုင်ကလဲ တနေ့ထက်တခြား အင်အားဆုတ်ယုတ်လာကာ သိပ်မကြာခင်မှာ ပြိုလဲသွားနေမယ့် အခြေအနေကိုကျရောက်နေသည်။

ညဏ်အလင်းရရေကန်အတွင်းမှာလဲ ရေလယ်ပယ်က သိသိသာသာကိုမြင့်တက်လာကာ ရေမျက်နှာပြင်ပေါ်မှာလဲ ဒေါသကြိးနေတဲ့ ရေလှိုင်းတွေ တဖြည်းဖြည်းများပြားလာသည်။ အဲ့နောက် ညဏ်အလင်းရရေကန်ရဲ့ အောက်ခြေကနေလဲ ထူးဆန်းတဲ့အော်မြည်သံတွေထွက်ပေါ်လာလေသည်။ ဒီလက္ခဏာအကုန်လုံးက သိပ်မကြာခင်မှာပဲ
ထိပ်တန်းရတနာတခု ညဏ်အလင်းရရေကန်အတွင်းကနေ ထွက်ပေါ်လာတော့မယ်ဆိုတဲ့အချက်ကိုပြသနေ၏ ။

ဒါပေမယ့် အခုလို ရှုပ်ရှက်ခက်နေတဲ့ အခြေအနေအတွင်းမှာ ရှောင်လုံက ညဏ်အလင်းရရေကန်အတွင်းကို အလောတကြီးဝင်ဖို့ မကြိုးစားသေးပေ.. ။ သူကသူ့ခြံဝန်းထဲမှာပဲ သိုင်းလေ့ကျင့်ခန်းတွေကိုအဆက်မပြတ်လေ့ကျင့်ရင်း အခွင့်အခါကောင်းကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေတော့လေသည်။

Continuar a ler

Também vai Gostar

41.8K 2.1K 74
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
Re:Cursed Por

Aventura

43K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
195K 2.3K 72
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
31.7K 1.3K 24
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...