ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

63.7K 4.3K 23

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

96 - 100

544 40 3
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၉၆.....သူ့ကိုဖမ်းကျစမ်း

  စစ်သူကြီးကျင်းရှီအမိန့်ကိုကြားလိုက်တာနဲ့ စစ်သားတွေအများကြီး ရှောင်လုံကို ဝန်းရံပိတ်ဆို့လိုက်ကျသည် ။

".....ရပ်... ရပ်ကျစမ်း.... နင်တို့အဲ့လိုလုပ်ရဲတယ်ပေါ့....?!"
ချန်ဖေးယွန်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ ကြယ်စကြာဝဠာကျောင်းက ဆရာနှစ်ယောက်နဲ့ တခြားကျောင်းသားတွေကလဲ ရှောင်လုံဘေးနားကိုလာရင်း စစ်သူကြ်ိးကျင်းရှီနဲ့ စစ်သားတွေကို ရွံရှာစက်စုပ်စွာဖြင့် စိုက်ကြည့်နေကျသည်။

ရှောင်လုံကတော့ ကျင်းရှီကိုကြည့်ရင်း မထီတရီပြုံးလိုက်ကာ သူဆီကနေ တည်ငြိမ်နေတဲ့ စကားသံထွက်ပေါ်လာလေသည်
".... နိုင်ငံဥပဒေအရဆိုရင် နယ်စပ်က ဓားမြကိုသတ်ပေးတဲ့သူကို ဆုချီးမြှင့်မြောက်စားရမှာမဟုတ်လား.... ဒါကြောင့်မို့ တခုလောက်တော့မေးပါရစေ....  ခင်ဗျားတို့က နိုင်ငံရဲ့ ဥပဒေကိုမလိုက်နာပဲ ဘာကြောင့် ကျုပ်ကို ဖမ်းချင်ရတာလဲ... ?"

ရှောင်လုံစကားကိုကြားလိုက်တော့ ကျင်းရှီအရှိုက်ကိုလက်သီးနဲ့ ထိုးလိုက်သလို ဆိုနင့်ခံစားသွားရသည်။

"....ရိုင်းစိုင်းလိုက်တဲ့ ကောင်စုတ်လေး.....  မင်းဒီလောက်ရက်စက်
ကြမ်းကြုတ်စွာ လူသတ်ခဲ့တာတောင်မှ မင်းက ဆုချီးမြှင့်တာကို လိုချင်နေသေးတာလား... ?"
ကျင်းရှီ ပြန်မပြောနိုင်ခင်လေးမှာပဲ ကျင်းရှီဘေးက လက်ထောက်စစ်သူကြီးက ဝင်ပြောလိုက်ကာ
".... ဟေ့ကောင်တွေလာကျစမ်း.... အဲ့မျိုးမစစ်လေးကို ဖမ်းကျ..."

ဒါပေမယ် စစ်သားတွေ ရှောင်လုံနားကိုမရောက်ကျသေးခင်မှာပဲ ချန်ဖေးယွန်အပါအဝင် ရှောင်လုံအတွက်သီးသန့်စောင့်ရှောက်ဖို့ထဲ့ပေးလိုက်သောဆရာ နှစ်ယောက်လက်ချက်နဲ့ အဝေးကိုလွှတ်ထွက်ကုန်ကျသည်။

."...မင်း... မင်းတို့ တိုင်းပြည်ကိုပုံကန်ရဲတယ်ပေါ့လေ ဟူတ်လား...?"
  သူစစ်သားတွေ ရှောင်လုံကို ဖမ်းဆီးတဲ့့နေရာမှာ ချန်ဖေးယွန်တို့ကတားဆီးနေတာကိုမြင်တော့ လက်ထောက်စစ်သူကြီးက အကျယ်
ကြီးအော်ဟစ်ခြိမ်းခြောက် မေးလိုက်ကာ ချန်ဖေးယွန်နဲ့ တခြားဆရာနှစ်ယောက်ကိုလဲ နိုင်ငံတော်ပုံကန်မှုဖြင့် စွပ်စွဲလိုက်လေသည်။

".... တော်တော်ကို ရဲတင်းလွန်းတဲ့ စွပ်စွဲချက်ပါလားကွ... "
အဲ့အချိန်မှာ ကျောင်းသားတွေထဲကနေ အသံတခုထွက်ပေါ်လာလေသည်။

"... ဘယ်သူပြောတာလဲလဲ.... ထွက်ခဲ့စမ်း... !"
လက်ထောက်စစ်သူကြီးက ကျောင်းသားလူအုပ်ထဲကိုကြည့်ရင်း အမိန့်ပေးလိုက်သည်။

ကျောင်းသားအုပ်ထဲကနေ လူတယောက် လမ်းလျှောက်စာလောက်နေရာ ပေါ်လာပြီး အဲ့ကနေ ကျောင်းသားတယောက်ထွက်လာလေသည်။ ထွက်လာတဲ့ ကျောင်းသားကတော့ မင်းသားလေးလူခိုင်ပဲ ဖြစ်၏။
စစ်သူကြီးကျင်းရှီက မင်းသားလူခိုင်ကိုလဲ မြင်ရော သူမျက်နှာထားချက်ချင်းပြောင်းလဲသွားကာ ဆောက်တည်ရာမရဖြစ်သွား၏ ။ ဒါပေမယ့် လက်ထောက်စစ်သူကြီးကတော့ မင်းသားလူခိုင်းကိုမမြင်ဘူးတာမို့  "... ဟေ့ကောင်တွေ အဲ့ ကောင်စုတ်လေးကိုပါတပါထဲ ဖမ်းခဲ့ကျစမ်းကွာ... "

"...ရပ်လိုက်ကျစမ်း... "
စစ်သူကြီး ကျင်းရှီကရုတ်တရက် ကျားဟိန်းသလို ဟိန်းဟောက်အမိန့်ပေးလိုက်၏။ အဲ့နောက် စစ်သူကြီးအမိန့်ကိုကြားလို့ အံသြစွာဖြင့်ငေးမောကြည့်နေကျတဲ့ လက်ထောက်စစ်သူကြီးနဲ့ စစ်သားတွေရဲ့ မျက်စိရှေ့မှောက်မှာပဲ ကျင်းရှီက တုန်တုန်ယင်ယင်နဲ့ သူမြင်းပေါ်ကခုန်ချလိုက်ကာ လူခိုင်ရှေ့ကို အလျင်အမြန်ပြေးလာပြ်ိး ဒူးထောက်ချလိုက်ရင်းနဲ့ အရိုအသေပေးလိုက်သည်
".... ကျင်းရှီ ..........မင်းသားလေး လူခိုင်ကို နှုတ်ခွန်းဆက်သပါတယ်...."

မင်းသား..... !

စစ်သူကြီး အသံကိုကြားတော့ လက်ထောက်စစ်သူကြီးနဲ့ စစ်သားတွေအကုန်လုံး အံသြကြက်သေသေကုန်ကျလေသည်။ အဲ့နောက် သူတို့လဲသတိပြန်ဝင်လာကျကာ မြင်းတွေပေါ်ကနေ တပြိုင်နက် ခုန်ဆင်းပြီး ဒူးထောက်အရိုအသေပေးလိုက်ကျသည်
".... ကျွန်တော်တို့ မင်းသားလေးကိုဂါရဝပြုပါတယ်... "

လက်ထောက်စစ်သူကြီးလဲ သူဖမ်းဖို့အမိန့်ပေးခံလိုက်ရတဲ့သူက မင်းသားလူခိုင်ဖြစ်နေတာကိုလဲသိရော မြေကြီးကိုနမ်းမိမတတ် အလေးပြုရင်း သူ့နဖူးမှာတွေ ဇောချွေးတွေဖြင့် ပြည့်နှက်နေ၏ ။

".... အားလုံး မတ်တပ်ရပ်ကျပါ.... ဒါပေမယ့် မင်း... မင်းကတော့
အဲ့အတိုင်းဒူးထောက်နေအုံး..... "
လူခိုင်က စစ်သူကြီးကျင်းရှီနဲ့ စစ်သားတွေအကုန်လုံးကိုမတ်တပ်ရပ်ခွင့်ပေးလိုက်ပေမယ့် လက်ထောက်စစ်သူကြီးကိုတော့ ဆက်ပြီး ဒူးထောက်ခိုင်းထားလေသည်။

စစ်သူကြီးကျင်းရှီလဲ မတ်တပ်ရပ်လိုက်ကာ လူခိုင်ဘေးမှာ ရိုကျိုးစွာ ရပ်နေ၏ ။ မင်းသား လူခိုင်ကတော့ လက်ထောက်စစ်သူကြီးကိုအေးစက်စက် အကြည့်တွေနဲ့ အကဲခတ်နေကာ
".... မင်းက ငါ့ကိုတောင် ဖမ်းဖုိ့အမိန်းပေးရဲတယ်ပေါ့... "

မင်းသားလူခိုင်ရဲ့ အမေးစကားကိုကြားလိုက်တယ်ဆိုရင်ပဲ လက်ထောက်စစ်သူကြီးရဲ့မျက်နှာပေါ်မှာ ပုတီးလုံးလောက်ရှိတဲ့ ချွေးသီးချွေးပေါက်တွေက ပိုမိုများပြားလာကာ သူက ခေါင်းကိုမြေကြီး
ထိမတတ် အဆက်မပြတ် အရိုအသေပေးရင်း မင်းသားလူခိုင်ကို အသနားခံလိုက်၏
".... ကျွန်တော်မျိုး မင်းသားလေးကို မမှတ်လိုက်လို့သေသင့်ပါတယ်
မင်းသားလေးကပဲ သဘောထားကြီးစွာဖြင့် ကျွန်တော်မျိုးကြီးကို သနားညှာတာပေးပါ.... "

လူခိုင်က ဆက်ပြောလိုက်သည်
".. မင်း ပြောတော့ငါတို့ကနိုင်ငံကို တော်လှန်ပုံကန်ဖို့ကြိုးစားနေတာဆို...? "

လက်ထောက်စစ်သူကြီးမျက်နှာကချက်ချင်းသွေးမရှိသလို ဖြူဖတ်ဖြူရော်ဖြစ်သွားသည် ။ သူကမင်းသား လူခိုင်ရဲ့ မေးခွန်းကို
ဘယ်လိုပြန်ဖြေရမလဲ မသိတော့ပေ.... ။ သူရင်ထဲမှာတော့ ဒီတခေါက်တော့ အသက်ဆက်မရှင်နိုင်ဘူးလို့တောင် တွေးထားပြီးသားဖြစ်နေ၏ ။

အဲ့နောက်မှာတော့ မင်းသားလူခိုင်က သူနောက်မှာ ရိုရိုကျိုးကျိုး မတ်တပ်ရပ်နေတဲ့ စစ်သူကြီးကျင်းရှီကိုလှည့်ကြည့်လိုက်လေသည်။
မင်းသားလူခိုင် သူကိုပြန်လှည့်ကြည့်တာကိုမြင်တော့ စစ်သူကြီး ကျင်းရှီလဲ ဆံပင်မွှေးထောင်မတတ် ကြောက်လန့်သွား၏ ။

".... ကျင်းရှီ မင်းကလဲ သူ့ကို ဖမ်းချင်တယ်ပေါ့.... သူဘယ်သူလဲဆိုတာကို မင်းသိရဲ့လား... ?"
လူခိုင်က ရှောင်လုံဘက်ကို မေးငေါ့ပြရင်း ကျင်းရှီကိုမေးလိုက်၏ ။
ကျင်းရှီလဲ မင်းသားလူခိုင်ရဲ့ အမိန့်အတိုင်း ရှောင်လုံကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်သည် ။

ကျင်းရှီ အကဲခတ်နေတုံး မင်းသားလူခိုင်ရဲ့ အသံကထပ်မံထွက်ပေါ်လာသည်
"... သူကဟောင်ရှောင်လုံပဲ ...."

"...ဘယ်လို... ? ဟောင်ရှောင်လုံ.... ဟူတ်လား.. ?"
"... သူက ဟောင်ရှောင်လုံဆိုတဲ့ တယောက်လား... ?"

စစ်သူကြီးကျင်းရှီ ၊ လက်ထောက်စစ်သူကြီးနဲ့ နယ်ခြားစောင့်စစ်သားတွေအကုန်လုံး ရှောင်လုံ ကို အံသြစွာဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်ကျသည်။ ရှောင်လုံနာမယ်ကြားတာနဲ့ သူတို့အကုန်လုံးကြောက်ရွံ
ထိပ်လန့်ကုန်ကျတယ် ဆိုတာကိုတော့ ယုံမှားသံသယဖြစ်စရာမလိုပေ.... ။

အဆင့်မြင့် အဆင့်၁၂  ကမ္ဘာဦး နဂါးနက်သိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားတဲ့ ဟောင်ရှောင်လုံ ....
လူတောင်းနိုင်ငံရဲ့ ပထမအဆင့် ပါရမီရှင် လူငယ်ကြယ်ပွင့်သိုင်းသမား.....
ရှောင်လုံအကြောင်း သတင်းအချက်တွေက လူတောင်တနိုင်ငံလုံးကိုပျံနှံရောက်ရှိနေပြီးသားလေ.... ။ ပုံပြင်ပြောဆရာတွေကလဲ ရှောင်လုံအကြောင်းကို နဂိုထက်ပိုမို ချဲ့ကားပြီးတောင် ဒဏ္ဍာရီသိုင်းသမားပုံ့ပင်အဖြစ် လူတောင်းနိုင်ငံရဲ့ နေရာအနှံကို လိုက်လံပြောကြားကျလေသည်။ ဒါကြောင့်မို့ လူတောင်းနိုင်ငံမှာဆိုရင် ဘုရင်က အစ သူတောင်းစားအဆုံး ရှောင်လုံကိုသာ မမြင်ဘူးချင်နေမယ် သူအကြောင်းမကြားဘူးတဲ့ လူတော့မရှိပေ.... ။

လူတောင်းနိုင်ငံရဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေကတောင်  သူတို့ရဲ့အထောက်တော်တွေက တဆင့် လူတောင်းနိုင်ငံရဲ့ ပထမတန်းစားပါရမီရှင် ရှောင်လုံအကြောင်းကို သိနေကျ၏ ။

ဒီတခေါက်ကတော့ စစ်သူကြီး ကျင်းရှီ ချွေးသီးချွေးပေါက်ကျရမယ့် အလှည့်ဖြစ်သွားသည် ။ ဘာကြောင့်လဲဆိုတော့ သူတို့နတ်ဘုရားတယောက်လို ဘုရင်မင်းမြတ်ထက်တောင်ပိုမို ကြောက်ရွံ လေးစားရတဲ့ စစ်သူကြီးချုပ် ဟောက်ထျန်နဲ့ ရှောင်လုံတို့က နက်ရှိုင်းတဲ့ ရင်းနီးပတ်သတ်မှုရှိတယ်ဆိုတာကို သူလဲ ကြားဘူးတယ်မဟုတ်လား... ။
ရှောင်လုံနာမယ်ကိုကြားလိုက်တယ်ဆိုရင် မင်းသားလူခိုင်ကိုအပြစ်ပြုမိလို့ ကြောက်လန့်တုန်ယင်နေတဲ့ လက်ထောက်စစ်သူကြီးကတော့ သူခေါင်းကိုဆင်နင်းသလို ခံစားလိုက်ရကာ မူးမေ့လဲကျမတတ် အနောက်ကိုယိုင်ထိုးသွား၏ ။ ပထမက မင်းသား လူခိုင်ကိုအပြစ်ပြုမိလို့ သူသေဖို့ ပြင်ဆင်ထားပေမယ့်အခုတော့ သူအေးအေးချမ်းချမ်းငေခွင့်ရပါမလားဆိုတာကိုတောင် သူမသိတော့ပေ... ။

".... ဒီကိစ္စကို ငါ့ဖခမည်းတော် ဘုရင်မင်းမြတ်ဆီကို ငါတင်ပြရလိမ့်မယ်... "
လူခိုင်ကထပ်ပြောလိုက်သည်။

လူခိုင်စကားကိုကြားလိုက်တယ်ဆိုရင်ပဲ ကျင်းရှီနဲ့ လက်ထေညက်စစ်သူကြီးတို့နှစ်ယောက်ကတော့ ကြောက်လန့်တုန်လှုပ်သွားကာ သူတို့ခန္ဓာကိုယ်တွေ တုန်ယင်နေတာကိုတောင် တွေ့မြင်နိုင်၏ ။

ရှောင်လုံအပါအဝင် ကြယ်စကြာဝဠာကျောင်းက အဖွဲ့တွေထွက်ခွာသွားတာတောင်မှ သူတို့နှစ်ယောက် နေရာမရွေ့လျားနိုင်ပဲ သူတို့ရပ်နေတဲ့နေရာမှာတင် မတ်တပ်သေဆုံးသွားသလို ဖြစ်နေကျသည်။

ဒီမြို့လေးကနေ ထွက်ခွာလာပေမယ့် ရှောင်လုံတို့လူစုက နန်တွင်းမြို့တော်ကို တန်းမပြန်သေးဘဲ တခြားမြို့လေးတွေကို သွားကာ ဓားမြတွေကို ရှင်းလင်းသုတ်သင်ကျလေသည် ။

နှစ်လတာအချိန်အတိုင်းအတာကို ကုန်လွန်သွားတော့မှ ရှောင်လုံတို့လူစုက နယ်စပ်ကနေ နန်တွင်းမြို့တော်ဆီကို ပြန်လည်ရောက်ရှိလာကျသည်။

ရှောင်လုံနဲ့ လူခိုင်တော့ နှစ်ယောက်ကြားက အလောင်းအစားကတော့ ထုံးစံအတိုင်း ရှောင်လုံပဲ အနိုင်ရရှိသွားလေသည်။

သူတို့အဖွဲ့ နယ်စစ်ကနေ ပြန်လာတာ တလလောက်ကြာတော့ လူတောင်းနန်တွင်းကနေ နိုင်ငံအတွက် ဓားမြတွေကိုရှင်းလင်းသုတ်သင်ပေးတဲ့ ရှောင်လုံတို့လူစုကို ဆုငွေတွေ ပေးအပ် ချီးမြှင့်လေသည်။ နိုင်ငံ
ဥပဒေအရ ဓားမြတယောက်ကို သုတ်သင်ပေးနိုင်တဲ့ သူကို ရွှေဒင်္ဂါး
တရာဆုချီးမြှင့်သည်။ ရှောင်လုံလဲ သူသတ်ခဲ့တဲ့ ဓားမြအရေအတွက်အရ ရွှေဒင်္ဂါးတသောင်း ကို ဆုအ့ဖစ်လက်ခံရရှိလေသည်။

သိပ်မကြာခင်မှာပဲ နယ်ခြားစောင့်တပ်က စစ်သူကြီး ကျင်းရှီကို လကလက်ထောက်စစ်သူကြီးအဖြစ် ရာထူး ချလိုက်ကာ လက်ထေညက်စစ်သူကြီးကိုတော့ စစ်တပ်ကနေ ထုတ်ပယ်လိုက်ကြောင်း ကိုဘုရင် လူကျန်းက တရားဝင်ကြော်ငြာစာထုတ်ပြန်လိုက်လေသည်။

ရှောင်လုံ ထျန်ယွမ်အိမ်တော်ကိုညပြန်ရောက်လာတော့ သူမိဘ တွေနဲ့ အတူ ရီရီမောမောစကားပြောနေတဲ့ လီလူကိုပါတွေ့မြင်လိုက်သည်။ အဲ့ဒီညမှာပဲ ရှောင်လုံနောက်တတန်းဖို့ စာမေးပွဲကို အောင်မြင်စွာ
ကျော်ဖြတ်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ညစာစားပွဲကို ထျန်ယွမ်အိမ်တော်မှာကျင်းပလေသည်။ ညစာစားပွဲမှာ တခြားသူတွေမပါဝင်ပဲ ရှောင်လုံရဲ့ မိဘတွေ အရင်းနီးဆုံး မိတ်ဆွေတွေသာ ပါဝင်ကျသည်။
အထူးသဖြင့် ရှောင်လုံညီမလေး ဟောင်မင်း နဲ့ ရှောင်လ့်ုညီလေး ဟောင်ရှောင်ဟိုင်တို့နှစ်ယောက်ကြောင့် ညစာစားပွဲက အရမ်းကို သက်ဝင်လှုပ်ရှားပျော်စရာကောင်းလေသည်။ 

ညစာစားပွဲပြီးတော့ လီလူကလဲ သူမအိမ်ကို ပြန်သွားကာ ရှောင်လုံ မိဘတွေနဲ့အတူ သူ့ညီ ညီမလေးတို့နှစ်ယောက်လဲ အနားယူဖို့ သူတို့အခန်းတွေကို ကိုယ်စီပြန်သွားကျ၏ ။ ဧည့်ခန်းမဆောင်ထဲမှာ ရှောင်လုံ ၊ ဖေးဟိုနဲ့ ဟောက်ထျန်တို့သုံးသောက်သာ ကျန်ရစ်ခဲ့လေသည်။

".... ဒီနှစ်လအတောအတွင်း ဓားကြီးဂိုဏ်းက လူတွေ ဒီပတ်ဝန်းကျင်မှာပေါ်လာကျသေးလား ..."
ရှောင်လုံက ကြည့်ရင်း ဟောက်ထျန်ကိုမေးလိုက်သည်။

".... ဒီအတောအတွင်းတော့ ဓားကြီးဂိုဏ်းဘက်ကဘာလှုပ်ရှားမှုကိုမမြင်ရပါဘူး... ဂိုဏ်းချုပ်.... "
ဟောက်ထျန်က ပြန်ဖြေလိုက်ကာ
".... ဒါပေမယ့် နောက်လကျရင် ဓားကြီးဂိုဏ်းမှာ ခေါင်းဆောင်အသစ်ရွေးချယ်ပွဲ အခမ်းအနားတခုတော့ရှိပါတယ် ဂိုဏ်းချုပ်... "

"....ဂိုဏ်း ခေါင်းဆောင်ရွေးချယ်ပွဲ ဟူတ်လား....  "
ရှောင်လုံဆီက ခပ်မဲ့မဲ့ အသံထွက်ပေါ်လာကာ
".... ဓားကြီးဂိုဏ်းရဲ့ နောက်ထပ်ခေါင်းဆောင်အသစ်က ဘယ်သူလဲ... ?"

".... ခေါင်းဆောင် အသစ်က  လူဝေရဲ့ ညီတော်တဲ့ လူရှီးရန်ဆိုတဲ့ သူပါ ....သူက အခုမှ မြေကြီးအဆင့်၁၀ အထွပ်အထိပ်အဆင့်ပဲ ရှိသးပေမယ့် သူရဲ့ ပါရမီကလဲ လျော့တွက်လို့မရဘူးလို့ဆိုကျပါတယ်
သူကနောက်ဆယ်နှစ်လောက်ဆိုရင်ပဲ ကောင်းကင်အဆင့် သိုင်းသမားဖြစ်လာတော့မယ်လို့တောင် သတင်းတွေထွက်ပေါ်နေတယ်... ဂိုဏ်းချုပ်... "
ဒီတကြိမ်မှာပဲ ဖေဟိုက ဝင်ဖြေလိုက်သည်။

ရှောင်လုံလဲ ခေါင်းညိတ်ပြလိုက်ကာ ဟောက်ထျန်နဲ့ ဖေးဟိုတို့နှစ်ယောက်အား ဓားကြီးဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ်လေ့လာစောင့်ကြည့်ကျဖို့ မှာကြားလိုက်လေသည်။

".... ဟုတ်ကဲ့ ကျွန်တော်တို့ တာဝန်ထားပါ ဂိုဏ်းချုပ်... "
သူတို့နှစ်ယောက်လုံးက လေးလေးစားစားဖြင့်ညပြန်ဖြေလိုက်၏ ။

အဲ့နောက် ရှောင်လုံက လင်းလောင်ရတနာစေတီထဲကနေ မီးနဂါးပုလဲ အလုံးနှစ်ဆယ်ထုတ်ကာ စစ်သူကြီးချုပ်ဟောက်ထျန်နဲ့ ဖေးဟို
နှစ်ယောက်ကို သူတို့သိုင်းလေ့ကျင့်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့အတွက် တယောက်ဆယ်လုံးဆီ ခွဲပေးလိုက်၏ ။ သဘာဝဝိညဉ်စွမ်းအင်တွေကနေ ဖြစ်ပေါ်လာတဲ့ လင်းလောင်းရတနာစေတီထဲက မီးနဂါးပုလဲဆယ်လုံးဆီကို ကိုရှောင်လုံက သူတို့နှစ်ယောက်အတွက်ပေးတာကိုလြဲမင်ရော ဖေးဟိုနဲ့့ဟောက်ထျန်တို့နှစ်ယောက်လုံးအရမ်းကိုစိတ်လှုပ်ရှားပျော်ရွှင်သွားကျကာ ရှောင်လုံကိုလဲ အဆုံးမရှိကျေးဇူးတင်စကားဆိုလိုက်ကျလေသည်။

ဖေးဟိုနဲ့ ဟောက်ထျန်တို့နှစ်ယာက် ဧည့်ခန်းထဲကနေ ထွက်သွားတော်မှညရှောင်လုံလဲ သူမိဘတွေနေထိုင်တဲ့ အခန်းဆီကိုသွားလိုက်သည်။ အဲ့နောက် နောက်နှစ်ရက်လောက်နေရင် သူငွေလသစ်တော့ထဲမှာ သိုင်းသွားလေ့ကျင့်တော့မယ်ဆိုတာကို အသိပေးရင် မီးနဂါးပုလဲလုံး အလုံးခြောက်ဆယ်ကို သူ့မိဘတွေ သိုင်းလေ့ကျင့်ဖို့အတွက် ပေးအပ်လိုက်သည်။

ရှောင်လုံက သူ့အခန်းထဲကိုပြန်ရောက်လာတာနဲ့ သူပုံမှန်ကျင့်စဉ်ဖြစ်တဲ့ နတ်အတွင်းအားနည်းစနစ်ကို စတင်လေ့ကျင့်တော့သည်။ ဓားမြတွေကို သွားရောက်ခြေမှုန်းတဲ့ ဒီနှစ်လတာအချိန်အတော့အတွင်းမှာ ရှောင်လုံက မြေကြီးအဆင့်၇ အလယ်အဆင့်ကို သိုင်းအဆင့်တက်သွားခဲ့ပြီးပဲ ဖြစ်သည်။

ရှောင်လုံက လင်းလောင်ရတနာစေတီရဲ့ ပထမထပ်အတွင်းကိုဝင်လိုက်ကာ မီးနဂါးပုလဲလုံးကိုမြိုချရင်း သူ့သိုင်းကျင့်စဉ်တွေကို ဆက်ပြီးလေ့ကျင့်လေသည်။  ရှောင်လုံ နတ်အတွင်းအားနည်းစနစ်ကို အသုံးပြုလိုက်ရင်ဆိုရင်ပဲ သူရဲ့ အမြွာသိုင်းဝိညဉ် နဂါးကြီးနှစ်ကောင်က
ရှောင်လုံ ခေါင်းပေါ်မှာ လွင့်မျောပေါ်ထွက်လာပြီး နတ်အတွင်းအားနည်းစနစ်ကြောင့် လေဟာနယ်ထဲကနေ ထွက်ပေါ်လာနေတဲ့ ငရဲက ဝိညဉ်စွမ်းအင်တွေကို လောဘကြီးစွာဖြင့် အငမ်းမရ မြိုချစားသုံးနေတော့လေသည်။

အဲ့လိုနဲ့ပဲ အချိန်နှစ်ရက်က ကုန်လွန်သွားကာ ရှောင်လုံငွေလသစ်တောထဲကို နောက်ထပ်တကြိမ်သိုင်းသွားလေ့ကျင့်မယ့် ရက်ကိုရောက်ရှိလာသည်။ အရင်အခေါက်တွေတုံးကလိုပဲ ရှောင်လုံက လိုအပ်တဲ့ ပစ္စည်းတွေအစုံအလင်ပြင်ဆင်ကာ ထျန်ယွမ်အိမ်တော်ကနေ ငွေလသစ်တောဆီကို သွားမယ့် ခရီးစဉ်စတင်တော့လေသည်။ ထုံးစံအတိုင်း သူရဲ့ လူပျက်လေး ဖြစ်တဲ့ ခရမ်းရောင်မျောက်လေးကိုလဲ ရှောင်လုံကသူနဲ့အတူ ခေါ်ဆောင်လာဖို့မမေ့ခဲ့ပေ.... ။

သုံးလခန့်ကြာမြင့်သွားသေါအခါ ငွေလသစ်တောရဲ့ တနေရာက ရေအိုင်တခုအတွင်း ဒေါသပုန်ထနေတဲ့ အဆင့်၇  မီးတောက်ကြံ သားရဲကြီးက ရေအိုင်ရှိရာဆီကို တဟုန်ထိုးပြေးလာနေ၏ ။ ရုတ်တရက် ထက်မြလှတဲ့ ဓားအလင်းတန်းနှစ်ခု ထွက်ပေါ်လာလေသည်။ဓားအလင်းတန်းနှစ်ခုနဲ့ထိမိပြီး မီးတောက်ကြံကြီးဆီကနေ စိတ်မချမ့်မြေ့ဖွယ် နာနာကျင်ကျင် အော်သံ ထွက်ပေါ်လာ၏ ။ အဲ့နောက် မီးတောက်ကြံကြီးရဲ့ ကိုယ်ခန္ဓာကနေသွေးတွေပန်းထွက်လာကာ မြေကြီးပေါ်ကို ဗိုင်းဗိုင်းလဲ ပြုတ်ကျသွားလေသည် ။

ကြံကြီးပေါ်ကြီးကိုလဲကျသွားပြီးနောက် ကုတ်တရက် ရှောင်လုံပုံရိပ်ထွက်ပေါ်လာကာ သူကကြံဘေးနားကိုရောက်လာပြီး သူလက်ထဲကဓားကို တချက်ယမ်းလိုက်ပြန်သည်။ ရှောင်လုံ ဓားတချက်ယမ်းလိုက်တယ်ဆိုရင်ပဲ ကြံကြီးရဲ့ ဦးခေါင်းနှစ်ခြမ်းကွဲသွားကာ ရှောင်လုံလဲ ခေါင်းထဲကနေ ထွက်ပေါ်လာတဲ့ သားရဲအမြူတေကို ယူလိုက်၏ ။

အဲ့နောက်ရှောင်လုံက ရရှိလာတဲ့ သားရဲအမြူတေကို လင်းလောင်ရတနာစေတီရဲ့ ပထမအလွှာထဲကဘလေဟာနယ်ထဲကို ပေးပို့လိုက်၏
လင်းလောင် စေတီကလဲ သားရဲအမြူတေ လေဟာနယ်ထဲကိုရောက်ရှိလာတာနဲ့ သူထံမှ မိစ္ဆာဓတ်စွမ်းအင်တွေအကုန်လုံးကို စုပ်ယူလိုက်၏ ။ ကြံကြီးရဲ့ သားရဲအမြူတေကိုစုပ်ယူပြီးတဲ့နောက်မှာ လင်းလောင်ရတာနစေတီကနေ မီးနဂါး ပုလဲလုံးအသစ်တလုံး ဖြစ်ပေါ်လာတော့မယ့် ပုံစံဖြစ်ပေါ်လာပြီး နောက်ဆုံးမှာတော့ တိမ်တွေကြားထဲကနေ ရဲရဲနီနေသော မီးနဂါးပုလဲအသစ်တလုံး ထွက်ပေါ်လာသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၉၇ .... လေးနှစ်ကြာသောအခါ

   သားရဲအမြူတေရဲ့ မိစ္ဆာစွမ်းအင်ဓတ်တွေကို စုပ်ယူပြီးတဲ့နောက်မှာတော့ နောက်ဆုံး မီးနဂါးတိမ်တွေကြားထဲကနေ မီးနဂါးပုလဲတလုံးပေါ်ထွက်လာလေသည်။

ရှောင်လုံစိတ်ထဲမှာတော့ အခုလိုမျိုး မီးနဂါးပုလဲထုတ်လုပ်တဲ့ နည်းလမ်းက အရမ်းကိုနှေးကွေးတယ်လို့ ထင်နေ၏ ။ရှောင်လုံက ဒီသုံးလလုံးလုံး တရက်ကို အဆင့်၇မိစ္ဆာသားရဲ ၅ကောင်နီးပါးသတ်ခဲ့၏ ။
အခုချိန်ထိဆိုသူသတ်ခဲ့တဲ့ သားရဲအရေအတွက်က အကောင်လေးရာကျော်ပြီပဲ ဖြစ်သည်။ သားရဲအကောင်လေးရာကျော်ရဲ့ မိစ္ဆာဓတ်စွမ်းအင်တွေကို အကုန်အစင်စုပ်ယူခဲ့တာတောင်မှ လင်းလောင်ရတနာစေတီကနေ ပုလဲလုံးအလုံးနှစ်ဆယ်ကျော်လောက်ပဲ ထုတ်ပေးနိုင်ခဲ့လေသည်။ သူရက်ကိုးဆယ်ကျော်လောက် ပြင်းပြင်းထန်ထန်ကြိုးစား အားထုတ်ခဲ့ပေမယ့် ရလဒ်ကတော့ မီးနဂါးပုလဲ အလုံးနှစ်ဆယ်ကျော်လောက်ပဲ ရရှိခဲ့၏ ။ သူ့ကြိုးစားမှုကနေ ပြန်ရလာတဲ့ ရလဒ်ကိုကြည့်ရင်း ရှောင်လုံလဲ စိတ်ပျက်သွားသလို ခေါင်းကိုခါရမ်းလိုက်လေသည်။

ဒီပုံစံအတိုင်းတက်သွားနေမယ်ဆိုရင် လင်းလောင်စေတီက သူသိုင်းလေ့ကျင့်ရာမှာသုံးဖို့ မီးနဂါးပုလဲလုံးကိုအလျင်မှီအောင် ထုတ်လုပ်ပေးနိုင်မှာမဟုတ်ပေ.... ။ ဒါအပြင် သူငွေလသစ်တောထဲကိုမလာခင်မှာ သူမိဘ ၊ ဖေးဟိူနဲ့ ဟောက်ထျန်တို့ အတွက် မီးနဂါး အလုံးရှစ်ဆယ်ကျော်ပေးခဲ့တယ်မဟုတ်လား... ။ လင်းလောင်စေတီထဲမှာလဲ မီးနဂါးပုလဲလုံးတွေက မရှိသလောက်ကို ရှားပါးနေပြီပဲ ဖြစ်သည်။
အခုအခြေအနေတိုင်းသာ ရှေ့ဆက်မယ်ဆိုရင် သူသိုင်းကျင့်စဉ်ရဲ့စွမ်းအင်သုံးစွဲမှုနှုန်း မြန်ဆန်မှုအရ မီးနဂါးပုလဲတွေက နောက်သုံးလဆိုရင်ပဲ ကုန်သွားတော့မှာ ဖြစ်သည်။

ဒါပေမယ့် လင်းလောင်စေတီကနေ မီးနဂါးပုလဲလုံးမြန်မြန်ထုတ်လုပ်ခိုင်းဖို့ကိုတော့ သူလဲ မစွမ်းဆောင်နိုင်ပေ... ။

"... တနှစ်... တနှစ်ပဲ.... ဒီတနှစ်ကျော်လောက် အချိန်အတွင်းမှာ ငါမြေကြ်ိးအဆင့် ၈ သိုင်းသမား ဖြစ်ကိုဖြစ်ရမယ် .."
ရှောင်လုံ ကသူစိတ်ထဲမှာ ကြိုတင်အစီအစဉ် ရေးဆွဲလိုက်၏ ။ သူမြေကြီးအဆင့်၈ကိုရောက်ပြီဆိုတာနဲ့ အဆင့်၈သားရဲကြ်ိးတွေကိုစတင်အမဲလိုက်နိုင်တော့မှာမဟုတ်လား.. ။ ပြီးတော့ အဆင့်၈ သားရဲအမြူတေထဲက မိစ္ဆာဓတ်စွမ်းအင်တွေက အဆင့်၇ သားရဲ အမြူတေတွေထက် အဆပေါင်းများစွာ ပိုမိုများပြား၏ ။ အဆင့်၈ သားရဲအမြူတေရဲ့စွမ်းအားတွေကိုစုပ်ယူနိုင်မယ်ဆို လင်းလောင်ရတနာစေတီလဲ မီးနဂါးပုလဲ တနေ့တလုံးလောက်ကို ထုတ်လုပ်ပေးနိုင်မှာပဲ ဖြစ်သည်။

"...ကြိ.. ကြိ... ကြိ....  "
အဲ့အချိန်မှာပဲ ခရမ်းရောင်မျောက်လေးက အဝေးကနေ ပြေးလာနေသည်။ မီးတောက် ကြံ ကြီးရဲ့ ကမြေကြ်ီးပေါ်မှာသေဆုံးနေတာမြင်တော့ မျောက်လေးက စိတ်မကျေနပ်သွားတဲ့ပုံစံဖြင့် ရှောင်လုံကိုကြည့်ရင်း တကွိကွိ အော်မြည်ကာရန်လုပ်လိုက်၏ ။

လင်းလောင်းရတနာစေတီအတွက် သားရဲအမြူတေ အမြောက်အများလိုအပ်တာမို့ ဒီငွေလသစ်တောထဲကိုလာရောက်တဲ့ ခရီးစဉ်အတော်အတွင်း မျောက်လေးနဲ့ ရှောင်လုံတို့နှစ်ယောက် အပြိုင်အဆိုင် သားရဲကြီးတွေကိုအမဲလိုက်ကျလေသည်။ သူတို့နှစ်ယောက်ပြိုင်ပြီး အမဲလိုက်တဲ့နေရာမှလဲ စည်းကမ်းတခုသတ်မှတ်ထားလေသည်။ အဲ့ဒါကတော့ မိစ္ဆာသားရဲကြီးတွေကို အရင်ဆုံးသတ်နိုင်တဲ့ သူက ငါးရဲအမြူတေတွေကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့ စည်းကမ်းပဲ ဖြစ်သည်။

ထုံးစံအတိုင်းအမဲလိုက်ရာမှာလဲ ရှောင်လုံကမျောက်လေးထက် အမြဲနှာတဖျားသာလေသည်။ ဒါကြောင့်မို့ ဒီတခေါက်လဲ မီးတောက်ကြံ
ကြီး ရှောင်လုံ လက်ချက်နဲ့ သေနေတာကိုမြင်တော့ ဒေါသထွက်နေတဲ့
ခရမ်းရောင်မျောက်လေးက်ုလဲ အပြစ်တင်လို့မရပေ ။

နေကိုညစား ညကိုနေ့စားစသဖြင့်အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ အချိန်တွေတလပြီးတလကုန်ဆုံးသွားရင်းကိုးလဆိုတဲ့ အချိန်ကိုရောက်ရှိသွားလေသည်။ နောက်တကြိမ် နှစ်သစ်ကူးရက်တွေတောင် ပြန်လည်နီးကပ်လာ၏ ။

နှစ်ကုန်တဲ့အချိန်မှာတော့ ရှောင်လုံလဲ သူငွေလသစ်တောထဲမှာ အမဲလိုက်နေတဲ့ ခရီးစဉ်ကို ရပ်နားလိုက်ကာ ထျန်ယွမ်အိမ်တော်ကိုပြန်ဖို့ဆုံးဖြတ်လိုက်သည်။ နှစ်သစ်ကူးပထမရက်မှာ ရှောင်လုံလဲ သူ့မိသားစုနဲ့ နွေးထွေးပျော်ရွှင်စွာ နေထိုင်ချင်၏ ။ ပြီးတော့ သူကြယ်စကြာဝဠာကျောင်းက ကျင်းပမယ့် ဒုတိယနှစ် နှစ်ကုန်သိုင်းပြိုင်ပွဲကိုလဲ ဝင်ရောက်ယှဉ်ပြိုင်ရအုံးမှာမဟုတ်လား... ။

ပြောစရာမလိုပဲ ဒုတိယနှစ် တန်းခွဲချန်ပီယံကိုလဲ လူခိုင်နဲ့ ရဲယွန်တို့ကိုအနိုင်ယူကာ ရှောင်လုံပဲ ရရှိသွားလေသည်။ ရှောင်လုံက ဒုတိယနှစ် တန်းခွဲချန်ပီယံဖြစ်ခဲ့ပေမယ့် ဒုတိယနှစ်အတန်းတစ်တန်းလုံးရဲ့ ချန်ပီယံတော့မဖြစ်ခဲ့ပေ.. ။  ဒုတိယတန်းရဲ့ အစွမ်းအထက်ဆုံးဖြစ်တဲ့ မြေကြီးအဆင့်၈ နောက်ဆုံးအထွတ်အထိပ်အဆင့် သိုင်းသမားကိုတော့ ရှောင်လုံရဲ့ လက်ရှိသိုင်းအဆင့်ဖြင့် မယှဉ်ပြိုင်နိုင်သေးပေ.. ။

နှစ်သစ်ကူးရက်တွေကိ့သူ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးပြ်ီး သိပ်မကြာခင်မှာပဲ ရှောင်လုံက လိုအပ်တဲ့ အထုတ်အပိုးတွေပြင်ဆင်ပြီး
ငွေလသစ်တောဆီကို နောက်တကြိမ်သိုင်းလေ့ကျင့်ဖို့ ခရီးထပ်ထွက်ပြန်၏ ။

နွေးဦးသစ်ရွက်ကြွေအချိန်တွေကုန်ဆုံးလာပြီး အေးချမ်းလှတဲ့ ဆောင်းတွင်းအချိန်အခါကိုရောက်ရှိလာတော့သည်။
ရာသီဥတုတခုပြီးတခုကုန်ဆုံးသွားရင်းကာ တနှစ်ဆိုတဲ့ အချိန်အတိုင်းအတာကိုကျော်ဖြတ်သွားလေသည်။

နှစ်ကုန်တိုင်းနှစ်ကုန်တိုင်းမှာ ရှောင်လုံက ထျန်ယွမ်အိမ်တော်ကိုပြန်ပြီး သူမိသားစုနဲ ပြန်လည် ပေါင်းစုံကာ  ကြယ်စကြာဝဠာကျောင်းက ကျင်းပတဲ့ နှစ်ကုန်စာမေးပွဲတွေကိုလဲ ဝင်ရောက်ယှဉ်ပြိုင်လေသည်။

လေးနှစ်ဆိုတဲ့ အချိန်ကုန်ဆုံးသွားတော့သည်။

ပူပြင်းတောက်လောင်နေတဲ့ နေမင်းကြီးရဲ့ အလင်းရောင်တွေက ကမ္ဘာမြေကြီးကို ကျရောက်ကာ ကမ္ဘာတခွင်လုံး ရွေရောင်အလင်းရောင်တွေဖြင့် တောက်ပနေသည်။ အဲ့အချိန်မှာပဲ အသက်ဆယ့်ငါးနှစ်အရွယ်လောက်ရှိတဲ့ လူငယ်လေးတယောက် သူ့ပခုံးပေါ်က မျောက်လေးတကောင်နဲ့အတူ ငွေလသစ်တောထဲမှာ လျင်မြန်စွာပြေးလွှာနေလေသည်။ သူရွေ့လျားနေတဲ့ ပုံစံကို အလွန်လျင်မြန်တဲ့ ဝိညဉ်တကောင် ဖြတ်သန်းသွားသလိုပုံစံဖြင့်တူနေ၏ ။

လျင်မြန်စွာပြေးလွှာနေတဲ့ လူငယ်လေးက ပြေးလွှာနေရာကနေ ရုတ်တရက်ရပ်တန့်လိုက်၏  ။ လူငယ်ကပြေးလွှားနေရာကနေရန်တန့်ကာ အပေါ်ကိုခုန်တက်လိုက်၏ ။ လူငယ်လေးခုန်လိုက်တဲ့အချိန်မှာပဲ သူ့အရင်ရပ်နေတဲ့နေရာကို ကြီးမားတဲ့ မိစ္ဆာဝက်ဝံကြီးရဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှု တခုကျရောက်လာ၏ ။

မိစ္ဆာဝက်ဝံကြ်ီးရဲ့ တိုက်ခိုက်မှုကိုအောင်အောင်မြင်မြင်ရှောင်းတိမ်းလိုက်ပြီးတာနဲ့ လူငယ်က အနောက်ကို လှည့်လိုက်ကာ ဝက်ဝံကြီးရဲ့ရင်ဘတ်ကို တောင်ပြိုလက်သီးသိုင်းနဲ့ ထိုးချလိုက်၏ ။ လက်သီးရဲ့စွမ်းအားက အရမ်းကိုပြင်းထန်လွန်းပြီးတော့ ဝက်ဝံကြိးရဲ့ ရင်ဘတ်ကိုတောင်ချိုင်ဝင့်သွားစေသည်။ အဲ့နောက် လူငယ်လေးက လက်သီးနေုက်တချက်ထိုးချလိုက်ကာ သူ့လက်သီးက ဝက်ဝံကြီးရင်ဘတ်ကိုထုတ်ချင်းပေါက်သွားတော့သည်။ လကိသီးကိုပြန်ဆွဲထုတ်လိုက်တယ်ဆိုရင်ပဲဝက်ဝံကြီးက အနောက်ကိုယိုင်ထိုးပြီးဆုတ်သွားကာ မြေကြီးပေါ်ကိုလဲကျသွားတော့သည်။

ဝက်ဝံကြီးကိုသတ်လိုက်တဲ့လူငယ်လေးကတော့ ရှောင်လုံပဲ ဖြစ်လေသည်။ လေးနှစ်ဆိုတဲ့ အချိန်ကုန်ဆုံးသွားပြီးတဲ့နောက်မှာ ရှောင်လုံက
ကိုယ်ခန္ဓာကျစ်ကျစ်လစ်လစ်ပုံစံဖြင့် အရမ်းကို ချောမောတဲ့ လူငယ်တယောက် ဖြစ်လာ၏ ။ သူ့အရပ်က ငါးပေ ခုနှစ်လက်မနီးပါးရှည်ကာ တောင့်တင်းကျစ်လစ်တဲ့ ကိုယ်ခန္ဓာ ၊ သောက်ရှုးကြယ်တွေလို
လင်းလက်တောက်ပနေတဲ့ မျက်လုံးအစုံ ၊ ဖြောင့်စင်းသောနှာတံနဲ့
နီရဲနေသောနှုတ်ခမ်းတွေ့ဖြင့် လူချောတယောက်ဖြစ်လာလေသည်။

အခုလေးနှစ်ဆိုတဲ့ အချိန်ကိုကျော်ဖြတ်ပြီးတဲ့နောက်မှာ ရှောင်လုံရဲ့ သိုင်းအဆင့်က မြေကြီးအဆင့်၈ ကိုသိုင်းအဆင့်တက်လာရုံမက
သူ့ရဲ့အခုလက်ရှိ အတွင်းအားကတော့ မြေကြီးအဆင့်၈ နောက်ဆုံးအဆင့်ရဲ့ အထွတ်အထိပ်ကိုရောက်ရှိနေကာ နောက်တဆင့်ကိုဘအချိန်မရွေးကျော်ဖြတ်သွားနိုင်တော့မယ် အနေအထားပဲ ဖြစ်သည်။

ဒါပေမယ့် ရှောင်လုံအခုသတ်လိုက်တဲ့ မြေကြီးပေါ်က မိစ္ဆာဝက်ဝံကြီး
ကအဆင့် ၈ သားရဲ မဟုတ်ပဲ အဆင့်၉ မိစ္ဆာသားရဲကြီးဖြစ်၏ ။

ရှောင်လုံရဲ့ လက်ရှိအတွင်းအားက မြေကြီးအဆင့်၈ ဆိုပေမယ့် သူကအဆင့် ၉ စဦးအဆင့် သားရဲကြီးတွေကိုတောင် အလွယ်တကူသတ်ဖြတ်နိုင်စွမ်းရှိလေသည် ။

ရှောင်လုံက မြေကြီးပေါ်မှာ လဲကျနေတဲ့ ဝက်ဝံကြ်ိးအနားကိုလာကာ ဦးခေါင်းထဲကနေ သားရဲအမြူတေကိုထုတ်ယူလိုက်၏ ။ အဲ့နောက် မဆိုင်းမတွပဲ သားရဲအမြူတေကို လင်းလောင်ရတနာစေတီရဲ့ ပထမအလွှာထဲကိုပစ်သွင်းလိုက်သည်။ လင်းလောင်စေတီရဲ့ လေဟာနယ်ထဲကနေ ဝက်ဝံအမြူတေထဲက မိစ္ဆာစွမ်းအင်ဓတ်တွေက်ု ရုတ်တရက်စပ်ြယူလိုက်ကာ အဲ့နောကိ မီးနဂါးပုလဲအသစ်တလုံး ဖြစ်ပေါ်လာလေသည်။

အဆင့်၉ သားရဲအမြူတေရဲ့ မိစ္ဆာဓတ်စွမ်းအင်တွေက အဆင့်၇ သားရဲတွေထက် ဆယ်ဆလောက်ပိုမိုများပြားကာ အဆင့်၉ သားရဲအမြူတေရဲ့ စွမ်းအင် တခုထဲနဲ့တင် လင်းလောင်ရတနာစေတီက မီးနဂါး
ပုလဲအသစ်တလုံး ထုတ်လုပ်ပေးနိုင်၏ ။

ဒါ အလုံးနှစ်ဆယ်မြောက်ပဲ....  ရှောင်လုံက သူဘာသာရေကွတ်လိုက်၏ ။

ဒီလထဲမှာပဲ ရှောင်လုံသတ်ခဲ့တဲ့ မိစ္ဆာသားရဲတွေအရေအတွက်က အကောင်နှစ်ဆယ်ကျော်လေသည်။ အခန့်မသင့်စွာပဲ အဆင့်၉ မိစ္ဆာသားရဲကြီးတွေက အဆင့်၇ ၊ အဆင့်၈ မိစ္ဆာသားရဲကြီးတွေထက် ရှားပါးလွန်းကာ အလွန်အင်မတန်ကိုရှာရခက်လေသည်။ ပုံမှန်အတိုင်းဆို
ရှောင်လုံအနေဖြင့် မိစ္ဆာသားရဲကြီးတွေကို တနေ့တကောင်လောက်ပဲ အမဲလိုက်ရှာဖွေနိုင်၏ ။

"...ကွိ.. ကွိ.. ကွိ... " အဲ့အချိန်မှာပဲ ခရမ်းရောင် မျောက်လေးက သစ်ပင်ပေါ်ကနေခုန်ချကာ ဝက်ဝံကြီးလဲလျောင်းနေရာကိုရောက်ရှိလာ၏ ။ အဲ့နောက် သူ့လက်သည်းထက်ထက်ဖြင့် ဝက်ဝံကြီးရဲ့ ရင်ဘတ်ကိုဖွင့်လိုက်ကာ ဝက်ဝံသည်းခြေကို ထုတ်ယူလိုက်သည်။

လေးနှစ်ဆိုတဲ့ အချန်ကိုကုန်လွန်သွားပေမယ့် ခရမ်းရောင်မျောက်လေးရဲ့ အသွင်အပြင်ကတော့လုံးဝကိုမပြောင်းလဲပေ  ..။ သူက အခုထက်ထိ မီတာဝက်လောက်ရှည်တဲ့ မျောက်လေးတကောင် ဖြစ်နေဆဲပဲ ဖြစ်သည်။ မျောက်လေးရဲ့အရပ်က ပိုမရှည်လာပေမယ့် သူအမွှေးတွေက ပိုပြီးတောက်ပနူးညံလာကာ သူ့မျက်လုံးရဲ့ သူငယ်အိမ်ကလဲ စူးရှတောက်ပတဲ့ အပြာရောင်အဖြစ်ကိုလုံးဝပြောင်းလဲသွားသည်။

မျောက်လေးရဲ့အခုလက်ရှိခွန်အားကလဲ လင်းလောင်ရတနာစေတီကိုပိုင်ဆိုင်ထားတဲ့  ရှောင်လုံထက်တောင်မှ လုံးဝနှေးကွေးချင်းမရှိပဲ
စွမ်းအားတူတူလိုတောင် ဆိုနိုင်လေသည်။

မိစ္ဆာဝက်ဝံကြီးကိုသတ်ပြီးတဲ့နောက်မှာ ရှောင်လုံနဲ့မျောက်လေးတို့က
သူတို့ရဲ့နောက်ထပ်ပစ်မှတ်သားကောင်းတကောင် ရှာဖွေဖို့ ထွက်ခွာသွားကျလေသည် ။

အချိန်နှစ်လကထပ်ပြီးကုန်လွန်သွားပြန်သည်။

နှစ်တနှစ်ရဲ့ နှစ်ကုန်တော့မယ့်နေရက်တွေက တခါပြန်လည်နီးကပ်လာပြန်၏ ။ ဒါကြောင့်မို့ ရှောင်လုံလဲ ခရမ်းရောင်မျောက်လေးနဲ့အတူ ငွေလသစ်တောထဲက အမဲလိုက်ခရီးစဉ်ကိုရပ်နားလိုက်ကာ
ထျန်ယွမ်အိမ်တော်သို့ အပြန်ခရီးကို စတင်လိုက်လေသည်။

တလခွဲလောက်ကြာတော့ ရှောင်လုံလဲ ခရမ်းရောင်မျောက်လေးနဲ့အတူ လူတောင်းနန်တွင်းမြို့တော်သို့ ပြန်လည်ရောက်ရှိလာ၏ ။

သူထျန်ယွမ်အိမ်တော်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ
"....အကိုကြီး ရှောင်လုံ... "
ဆယ့်လေးဆယ့်ငါးနှစ်အရွယ် မိန်းမပျိုလေးက ရှောင်လုံကိုမြင်သွားကာ ရှောင်လုံနာမယ်အော်ခေါ်ရင်း သူ့ဆီကို ပျော်ရွင်စွာဖြင့်ပြေးလာလေသည်။

ဒီလှပတဲ့ မိန်းမပျိုလေးကတော့ ရှောင်လုံညီမ ဟောင်မင်း ပဲဖြစ်ျလသည်။ လေးနှစ်ဆိုတဲ့ အချိန်က ကလေးငယ်လေးကို လှပတဲ့ မိန်းမပျိုလေးယောက် အဖြစ်ပြောင်းလဲပေးလိုက်သည်။ ရှောင်လုံနားကိုရောက်တာနဲ့ ဟောင်မင်းက ရှောင်လုံလက်ကိုချိတ်တွဲရင်း ထျန်ယွမ်အိမ်တော်ထဲကိုအတူတူဝင်လာကျလေသည်။ ရှောင်လုံက ပျော်ရွှင်နေတဲ့
သူ့ညီမလေးကိုကြည့်ရင်း ရယ်မောကာ မေးလိုက်သည်
".... ဟိတ်ကောင်မလေး နင်ဘာတွေဒီလောက်ပျော်နေရတာလဲ...?"

ဟောင်မင်းက သူမနှုတ်ခမ်းကိုဆူထော်လိုက်ကာ ရှောင်လုံကို ရန့်တွေ့လိုက်၏
".... ဘာကောင်မလေးလဲ.... အကိုကြီးနော် ကျွန်မက အရွယ်ရောက်နေပြီ....  နောက်ဆိုရင် ကောင်မလေးလိုမခေါ်နဲ့တော့... "
အဲ့နောက် ဟောင်မင်း ကမျက်လုံးကလယ်ကလယ် လုပ်ရင်း ရှောင်လုံကိုမေးလိုက်သည်
".... အကိုကြီးခန့်မှန်းကြည့်.... ဒီနေ့အိမ်ကို ဘယ်သူလာမယ်ထင်လဲ.... ?"

"... လီလူပေါ့ .."
ရှောင်လုံက တဟားဟားရယ်မောရင်း ပြန်ဖြေလိုက်သည်။

ဒီပြီးခဲ့တဲ့နှစ်တွေတုံးကလဲ ရှောင်လုံက ငွေလသစ်တောထဲမှာ သိုင်းလေ့ကျင့်လေ့ရှိတာမို့ ထျန်ယွမ်အိမ်တော်ကိုနှစ်ကုန်ခါနီးမှ ပြန်လာလေ့ရှိသည်။ အဲ့ဒါကိုသိထားတဲ့ လီလူ က နှစ်ကုန်တိုင်းမှာ ထျန်ယွမ်အိမ်တော်ကိုလာရောက်လည်ပတ်ကာ ရှောင်လုံကိုစောင့်နေလေ့ရှိသည်။

"....ဟွန်း ပျင်းစရာကောင်းလိုက်တာ... "
ရှောင်လုံအဖြေ မှန်သွားတာမြင်တော့ ဟောင်မင်းက နှုတ်ခမ်းထော်ရင်းပြောလိုက်သည်။ အဲ့နောက် ဟောင်မင်းကပဲ ထပ်ပြောလိုက်သည်
".... အမကြီးလီလူက အိမ်မှာစောင့်နေတာပဲ ငါးရက်လောက်ရှိပြီ..
အကိုကြီးပြန်ရောက်နေပြီဆိုတာသိသွားရင် အမကြီးလီလူတော့အရမ်ူကိုပျော်သွားမှာပဲ... "

ရှောင်လုံလဲ ပြုံးလိုက်ကာ သူလက်ကိုဆွဲရင်း ထျန်ယွမ်အိမ်တော်ထဲကို ပြေးသွားတဲ့ ဟောင်မင်းနောက်ကိုပဲ အမှီလိုက်သွားလေသည်။

ရှောင်လုံတို့ ထျန်ယွမ်အိမ်တော်လဲ မိန်းခန်းမဆောင်ထဲကိုရောက်တော့ အခန်းမှာထိုင်နေတဲ့ သူအဖေနဲ့ အမေကိုတွေ့လိုက်လေသည်။
မိန်းခန်းမဆောင်ထဲမှာက သူမိဘနှစ်ပါးနဲ့အတူ အစိမ်းနုရောင် ဝတ်စုံကိုဝတ်ဆင်ထားတဲ့ မိန်းမပျိုလေး တယောက်ပါရှိနေလေသည်။

မိန်းမပျိုက ဆွတ်ဆွတ်ဖြူနေတဲ့ အသားအရေ ၊ နူးညံတဲ့ ချယ်ရီရောင်နှုတ်ခမ်းအစုံ အပြင် သူမရဲ့တောက်ပတဲ့ မျက်လုံးရွဲကြီးတွေက သူမဘယ်လောက်နွဲ့ဆိုးဆိုးတတ်တယ်ဆိုတာကို ပြောပြနေကာ လှပတဲ့
ပါးချိုင်နှစ်ဖက်ကလဲ ရယ်မောလိုက်တိုင်းမှာ မြင်လိုက်ရတဲ့ လူအပေါင်းကိုအသက်ရှုမှားသွားစေ၏ ။ တကိုယ်လုံးကို ခြုံကြည့်ရင်း မိန်းမပျိုလေးကနတ်ပြည်ပနေ ဆင်းသက်လာတဲ့ နတ်သမီးလေးတပါးနဲ့တူနေလေသည်။

အဲ့ဒီမိန်းမပျိုလေးကတော့ လီလူပဲ ဖြသ်လေသည်။

လေးနှစ်ကြာသွားပြီးတဲ့နောက်မှာတော့ လီလူကအခုအသက် ဆယ့်ငါးနှစ်ရှိပြီပဲ ဖြစ်သည်။ စုရန် နိမိတ်ဖတ်ထားတဲ့အတိုင်းပဲ လီလူက အရမ်းကိုချောမောလှပလွန်းတဲ့ မိန်းမပျိုလေးတယောက် ဖြစ်လာကာ
လီလူအိမ်အပြင်ထွက်လိုက်တိုင်း သူမကိုမြင်တွေ့တဲ့ လမ်းမကြီးထဲကလူတွေအကုန်လုံး အံသြမင်သက်ကုန်ကျတဲ့ အထိကို လီလူက ချောမော လှပလေသည်။

အခုလက်ရှိ ကြယ်စကြာဝဠာကျောင်းမှာ အလှပဂေး သုံးယောက်ရှိပြီး
လီလူလဲ အဲ့သုံးယောက်ထဲမှာ တယောက်အပါအဝင်ဖြစ်သည်။

"...ဟာ... ရှောင်လုံ.... ပြန်လာပြီ"

ရှောင်လုံပြန်ရောက်လာတာကိုမြင်တာနဲ့ ခန်းမဆောင်ထဲမှာ စကားစမြည်ပြောနေကျတဲ့ လူတွေအကုန်လုံးရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းတွေထွက်ပေါ်လာကျ့ပြီး ဝမ်းသာစွာဖြင့် ရှောင်လုံနာမယ် ခေါ်လိုက်ကျသည်။ ဒါပေမယ့် လီလူကတော့ ရှက်ရွံမနေပဲ ထိုင်နေရာကနေ ခုန်ထလိုက်ကာ ရှောင်လုံဆီကို ပြေးလာလေသည်။

ဒါပေမယ့် လီလူက သူမငယ်ငယ်တုံးက ရှောင်လုံမြင်ရင်ပြေးလာပြီး ဖတ်နေကျပုံစံမျိုး ဖက်ဖို့ပြေးလာပေမယ့် ရှောင်လုံနဲ့ တမီတာအကွာလောက်အလိုကိုရောက်တော့ ရုတ်တရက် ရပ်တန့်သွားလေသည်။
အဲ့နောက် သူမမျက်နှာက ပန်းနုရောင်တွေဆေးခြယ်ထားသလိုပေါ်ပေါက်လာကာ ရှက်ရွံတဲ့ပုံစံဖြစ်သွား၏ ။ သူမရဲ့ အစိမ်းနုရောင်ကိုယ်ကျပ်ဝတ်စုံကလဲ သူမရဲ့ သေးငယ်သောခါး လှပဝင့်ကြွားလွန်းတဲ့ တောင်ပို့ငယ်လေးနှစ်ခုကို ပေါ်လွင်အောင် သရုပ်ပြထားကာ သူမရဲ့ ရှက်ရွံမှုပုံစံလေးကိုသာထပ်ပေါင်းထဲ့လိုက်ရင် ကြည့်နေရသူတွေရင်ထဲမှာ အရမ်းကိုလှပပြည့်စုံလွန်းတဲ့ ပန်းချီကားတချပ်ကို ကြဘ့်နေရသလို ခံစားမိနေကျသည် ။

လီလူရဲ့ ဖြစ်ပျက်သွားတဲ့ပုံစံကို မြင်တော့ ရှောင်လုံက ပြုံးလိုက်ကာ
".... ဟောင်မင်း ပြောတော့ နင်ရောက်နေတာ ငါးရက်တောင်ရှိပြီဆို..."

လီလူကရှက်ရွံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"....ရှောင်လုံရေ နင်တုိ့အဲ့မှာပဲရပ်ပြီး စကားပြောမနေကျနဲ့လေ...
မိန်းခန်းမဆောင်ထဲကို ပြန်ဝင်ကျရအောင်....."
စုရန်က ရယ်ရယ်မောမောဖြင့် ထပ်ပြီးစလိုက်သည်
".... နင်းတို့နှစ်ယောက်နောက်ကို စကားပြောဖို့အချိန်တွေအများကြီးရှိပါသေးတယ် ပူမနေပါနဲ့.... "
စုရန်စကားကြားတော့ ရှောင်လုံကအဆင်ပြေသေးပေမယ့် လီလူရဲ့ မျက်နှာလေးကတော့ နီရဲတွတ်သွားလေသည်။

ဒီလေးနှစ်အတွင်းမှာ ဟောင်ပန် နဲ့ စုရန်တို့လဲ ခွန်အားကလဲ အတိုင်းအတာတခုအထိ တိုးတက်လာကျ၏ ။ အခုဆို ဟောင်ပန်က မြေကြီး
အဆင့်၇ နောက်ဆုံးအဆင့်ရဲ့ အထွတ်အထိပ်ကိုရောက်နေပြီဖြစ်ကာ
စုရန်ကတော့ မြေကြီးအဆင့်၇ သိုင်းသမား ဖြစ်လာတာ သိပ်မကြာသေးပေ... ။ ဒီနှစ်တွေအတွင်း ရှောင်လုံပေးခဲ့တဲ့ မီးနဂါးပုလဲတွေကို အသုံးပြုပြီး သိုင်းလေ့ကျင့်ကျတာမို့ မီးနဂါးချီစွမ်းအင်တွေက သူတို့ရဲ့ ရိုးတွင်းခြင်ဆီထဲအထိရောက်အောင် သူတို့ကိုယ်ခန္ဓာတွေကိုဆေးကြောသန့်စင်ပေးလေသည်။ ဒါကြောင့်မို့ သူတို့နှစ်ယောက်က အရင်တုံးကနဲ့မတူပဲ တနေ့ထက်တနေ့ ပိုပိုငယ်ရွယ်နူပျိုလာကျ၏ ။ သူတို့ရဲ့ နဂိုအသက်လေးဆယ်အရွယ်ကနေ အသက်သုံးဆယ်ကျော်ကျော် ပုံစံကိုရောက်ရှိလာကျကာ စုရန်က လီလူနဲ့ ယှဉ်တွဲသွားကျရင်လူတွေက သူတို့နှစ်ယောက်ကို သားအမိနှစ်ယောက်လို့ မထင်ကျပဲ ညီအမနှစ်ယောက်လို ထင်မြင်ကျလေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၉၈ .......မိစ္ဆာတောင်ပံများ

   ရှောင်လုံတို့်အားလုံးလဲ အခန်းထဲဝင်ထိုင်လိုက်ကျသည်။

"..... ရှောင်လုံ သား ဒီတခေါက်တော့ အိမ်မှာ ကြာကြာနေသွားပါသားရယ်.... "
သူတို့အားလုံး ဝင်ထိုင်ပြီးကျတာနဲ့ စုရန်ကရယ်မောကာပြောလိုက်လေသည်
".... ဒီနှစ်တော့ာလီလူလဲ အမေတိုနဲ့အတူတူ နှစ်သစ်ကူးမှာတဲ့... "

"....နင် ကန်ဂလန်ကအိမ်ကိုမပြန်တော့ဘူးလား ...."
ရှောင်လုံက သူ့အမေစကားကြားတော့ အနဲငယ်အံသြသွားကာ လီလူကိုလှမ်းမေးလိုက်၏ ။

ရှောင်လုံက သူမကိုစိုက်ကြည့်နေတာမြင်တော့ လီလူမျက်နှာက ပိုပြီးရဲတွတ်လာကာ ခေါင်းညိတ်ပြရင်း အသံတိုးတိုးဖြင့်ပြန်ဖြေလိုက်၏။
".... အင်း.... ငါအဖေနဲ့ အဖိုးပြောပြီးသား အခုနှစ်မပြန်လာဖြစ်တော့ဘူးဆိုတာကို ဒီနှစ်ရဲ့ နှစ်သစ်ကူးကိုတော့ ဒီမှာပဲနေပြီး ကျင်းပမလို့.... "

"....ကောင်းတယ်.. ကောင်းတယ်... အမလီလူသာ အိမ်မှာနေပြီး နှစ်သစ်ကူးပွဲဆင်နွှဲမယ်ဆိုရင် သမီးအိမ်ရဲ့ နှစ်သစ်ကူးပွဲတောက်ကတော့ အရမ်းကိုပျော်ဖို့ကောင်းမှာပဲ... "
ဟောင်းမင်းက လက်ခုပ်တီးရင်း ပျော်ရွှင်စွာနဲ့ ဝင်ပြောလိုက်၏
".... နောက်နှစ်နှစ်လောက်ပဲစောင့်....  အမလီလူသာ လက်ထပ်ပြီးသွားရင်းတော့ ဒီအိမ်မှာပဲနှစ်တိုင်း နှစ်သစ်ကူးရတော့မှာ.... "

လက်ထပ်ရမယ်.... ?
ဟောင်မင်းစကားကိုကြာူလိုက်တာနဲ့ လီလူရဲ့ နူးညံလှပတဲ့ မျက်နှာလေးက ပုဇွန်ထုတ်ကို မီးကင်လိုက်တာထက်ပို ပိုပြီးလျင်မြန်စွာ ရဲတွတ်သွားတော့သည်။

ရှောင်လုံကိုယ်တိုင်လဲ သူ့ညီမစကားကြောင့် မျက်လုံးပြူးသွားလေသည်။ အဲ့နောက် သူက ဟောင်မင်းကို ခပ်မာမာတချက်စိုက်ကြည့်လိုက်သည်။ ဟောင်မင်းကတော့ သူမ ဘာမှမဟုတ်တာမလုပ်ထားတဲ့ပုံစံဖြင့် ရှောင်လုံကိုလျစ်လျူရှုထားကာ ပြုံးပြုံးရွှင်ရွှင်ပုံစံနဲ့ပဲ ရှိနေလေသည်။

".... ရှောင်လုံ နင်ညီမပြောတာမှန်တယ်.... "
စုရန်ကလဲ အလျင်အမြန်ဝင်ပြောလိုက်၏
"...  အမေအထင်တော့ နောက်နှစ်နှစ်လောက်ဆိုရင်ပဲ သားနဲ့ လီလူတို့လက်ထပ်သင့်ပြီလို့ထင်တယ်....  အမေလဲ လီလူကို ချွေးမအရမ်းတော်ချင်နေတာ.... သားတို့လက်ထပ်ပြီးလို့ နောက်နှစ်အနဲငယ်ဆိုရင်ပဲ အမေတို့ မြေးချီရပြီလေ.... "

မြေး..... ?

သူ့အမေစကားကိုနားထောင်ရင်း ရှောင်လုံနဖူးကနေ အေးစက်စက် ချွေးတွေစီးကျလာ၏ ။
ဒါ..ဒါ.......?

လီလူရဲ့ မျက်နှာကတော့ အရင်ကထက်ပိုမိုရဲတွတ်နေကာ ဒီတကြိမ်ကတော့ သူမမျက်နှာ ရဲနေတာက ရှက်ရွံမှုကြောင့်မဟုတ်ပေ ..။
အဲ့ဒီအစား သူမရဲ့ လှပတဲ့ မျက်လုံးရွဲကြီးတွေထဲမှာ ပျော်ရွှင်စိတ်လှုပ်ရှားတဲ့ အရိပ်အယောင်တွေထင်ဟပ်နေကာ လီလူက ရှောင်လုံဆီကို လှမ်းခိုးပြီးကြည့်လိုက်၏ ။

ရှောင်လုံလဲသူအမေစကားကြောင့်  အရမ်းကိုရှိုးတိုးရှန့်တန့်ဖြစ်နေတာမို့ သူ့အဖေစုရန်ကို ဝင်ကူညီစကားပြောပေးဖို့ တောင်းပန်တဲ့အကြည့်နဲ့ကြည့်လိုက်လေသည်။ ရှောင်လုံသူ့ကိုတောင်းပန်တဲ့အကြည့်နဲ့ကြည့်နေတာကိုမြင်တော့ ဟောင်ပန်က သူလဲဘာမှမတန်နိုင်ဘူးဆိုတဲ့ပုံစံဖြင့် ပုခုံးတွန့်ပြလိုက်၏ ။

တကယ်တော့အခုသိုင်းဝိညဉ်ကမ္ဘာကြီးမှာက ဆယ်ကျော်သက်အရွယ်တွေလက်ထပ်တယ်ဆိုတဲ့ကိစ္စက သိပ်ထူးဆန်းသောကိစ္စတခုမဟုတ်ပေ.. ။ နောက်နှစ်နှစ်ဆိုရင်ပဲ ရှောင်လုံရော လီလူရော အသက်၁၇နှစ်ပြည့်ကျတော့မှာပဲ ဖြစ်သည်။

မိန်းမခန်းထဲက  ရှိုးတိုးရှန့်တန့်ဖြစ်နေမှုက ဟောင်ရှောင်ဟိုင်အခန်းထဲကိုပြေးဝင်လာတဲ့အခါမှာတော့  ပြီးဆုံးသွားလေသည်။ ရှောင်ဟိုင်က အခန်းထဲကိုရောက်တော့ ရှောင်လုံကိုမြင်တာနဲ့ အကျယ်ကြီးအော်ခေါ်လိုက်သည်
"...အကိုကြီး ...အကိုကြီး... "

ရှောင်ဟိုင်အော်သံကြားတော့မှ ရှောင်လုံလဲ စိတ်သက်သာရာရသွားလေသည်။ နန်းတွင်းမြို့တော်ရဲ့ တောင်ဘက်ပိုင်းမှာ သိုင်းပြိုင်ပွဲရှိတာမို့ ရှောင်ဟိုင်ကသူတယောက်ထဲမသွားချင်ပဲ သူ့အကု
ရှောင်လုံကိုပါလိုက်ခဲ့ဖို့ အဖော်လာညှိတာပဲ ဖြစ်၏ ။
"...ဟာအတော်ပဲ... ငါလဲသိုင်းပြိုင်ပွကြည့်ရတာအရမ်းကြိုက်တာ...လာ..လာ သွားစို့....."
ရှောင်ဟိုင်အဆိုပြုချက်ကိုကြားတာနဲ့ ရှောင်လုံလဲ အခန်းထဲကနေညလစ်ပြေးဖို့ အကြောင်းပြချက်ရသွားကာ သူစကားဆုံးတာနဲ့ အခန်းထဲကနေ တချိုးထဲလစ်တော့လေသည်။

အမှောင်တွေနဲ့နက်ရှိုင်းသောညအခါမှာ ပတ်ဝန်းကျင်တခုလုံးတိတ်ဆိတ်ညိတ်သက်နေ၏ ။ ကောင်းကင်ပေါ်က လရောင်ကရှောင်လုံကိုယ်ပေါ်ကိုတဲ့တဲ့ ကျရောက်နေကာ မြေကြီးပေါ်မှာ ရှောင်လုံအရိပ်ထင်နေလေသည် ။

သူ့ခြံဝန်းလေးရဲ့ အလည်တည့်တည့်မှာညရပ်နေရင်း ရှောင်လုံကသူ့ဘယ်ခြေထောက်ကို ဘယ်ဘက်သို့ကားထုတ်လိုက်၏ ။ အဲ့နောက် သူကိုယ်ကိုအောက်သို့အနဲငယ်နိမ့်ချပြီး မြင်းထိုင်ပုံစံမျိုး ဆောင့်ဆောင်ထိုင်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ ဖြောင့်မတ်နေအောင် ထားလိုက်သည်။ သူ့လက်နှစ်ဖက်ကို ခါးနေရာမှာထားလိုက်ကာ သူလက်နှစ်ဖက်ကို အောက်ကနေ လေးလံတဲ့အရာဝတ္ထုတွေမနေသလိုမျိုး မြေကြ်ိးပေါ်ကနေ ခါးနားလောက်ထိအပေါ်တက်အောက်ဆင်းလုပ်လိုက်သည်။ အဲ့နောက် ရှောင်လုံက သူ့ရဲ့ အသက်နှုန်းကိုထိန်းညှိလိုက်၏။ ဝိညဉ်စွမ်းအားတွေက သူကိုယ်ပတ်ပတ်လည်မှာ စတင်စုစည်းလာကျသည်။

လေးနှစ်ကြာတော့ ရှောင်လုံရဲ့ ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကလဲ
အဆင့်၆" တောင်ပံကဲ့သို့လက်သည်းဖြင့်ခွဲခြင်း" နဲ့ အဆင့်၇" ဝိညဉ်ကိုးကောင်ဓားရှည်ဆွဲခြင်း" အဆင့်ကိုကျော်ဖြတ်ကာ နောက်ဆုံးမှာတော့ အဆင့်၈" သုံးထောင်မြေပုံစံ " ရောက်ရှိနေပြီပဲ ဖြစ်သည် (ဘာနာမယ်တွေလဲတော့မသိဘူးနော် 😁😁)

အခုအချိန်မှာတော့ရှောင်လုံက ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းကို အဆင့်၈ ကနေ အဆင့်၉ မိုးပြာနဂါးလက်သည်းဆန့်ထုတ်ခြင်း
အဆင့်ကိုရောက်ရှိဖို့ ပစ်မှတ်ထားလေ့ကျင့်နေတာပဲ ဖြစ်၏ ။

ရှောင်လုံအသက်ရှုထုတ်လိုက်တိုင်း သူ့နှာခေါင်းဝမှာ မြူနှင်းတွေထွက်ပေါ်လာကာ တချိန်ထဲလိုလိုမှာပဲ သူခေါင်းပေါ်မှာလဲ အဖြူရောင်မြူနှင်းတိမ်တိုက်တခု လည်ပတ်နေကာ အခုချိန်ရှောင်လုံကိုသာနယောက်တယောက်မြင်သွားခဲ့မယ်ဆိုရင် အိမ်မက်ဆန်ဆန်ပုံရိပ်တခုကိုမြင်နေရသလိုမျိုး ဖြင်နေရသလိုမျိုး ခံစားမိမှာပဲ ဖြစ်သည်။

ရှောင်လုံရဲ့ အရင်ဘဝ ကမ္ဘာမြေကြီးပေါ်မှာလဲ ကိုယ်တွင်းစွမ်းအားပညာရှင်တွေက သူတို့အသက်ရှုထူတ်တာတွေကိုထိန်းညှိလုက်တာနဲ့
သူတို့ရဲ့ ဦးခေါင်းတွေထက်မှာလဲ ရှောင်လုံလိုမျိုး ပန်းသုံပွင့် ဖူးပွင့်လာသလို ပုံစံမျိုး ဖြစ်တတ်၏ ။

ညခင်းရဲ့အမှောင်ထုနေရာမှာ နေ့ရဲ့အလင်းရောင်တွေက အစားထိုးနေရာယူလာကျသည်။ မနက်ခင်းရဲ့ နွေးထွေးတဲ့နေရောင်ခြည်သူကိုယ်ပေါ်ကိုကျရောက်လာတော့မှ ရှောင်လုံလဲ သိုင်းလေ့ကျင့်နေရာကနေရပ်နားလိုက်၏ ။

သူကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းထဲကအတိုင်းအသက်ရှုလေ့ကျင့်ခန်းပြုလုပ်နေတာကို ရပ်တန့်လိုက်ပြီးတာနဲ့ ရှောင်လုံက ရုတ်တရက် အပေါ်ကိုခုန်လိုက်လေသည်။ လေပေါ်ကိုခုန်တက်ရင်း သူလက်ထဲက နတ်ဓားနှစ်လက်ကို ဆင့်ခေါ်လိုက်သည်။ အဲ့နောက် နတ်ဓားဖြင့် တချက်လွှဲယမ်းလိုက်တယ်ဆိုရင်ပဲ မိုကြိုးပင်လယ်လိုမျိုး မရေတွက်နိုင်တဲ့ ဓားအလင်းတန်းတွေပေါ်ထွက်လာ၏ ။ ပြီးတာနဲ့
နဂါးတကောင် ပင်လယ်ကြီးထဲမှာ စိတ်လွတ်ကိုယ်လွတ်ရေကူးနေသလိုမျိုး  ရှောင်လုံက မိုးကြိုးအလင်းတန်းတွေကြားထဲကို  ကျွမ်ထိုးကာဝင်ရောက်လိုက်သည်။ ကြီးကျယ်လွှမ်းမိုးမှု အရှိန်အဝါတွေက အရပ်လေးမျက်နှာကို ပျံနှံသွား၏ ။

ဒီလေးနှစ်အတွင်းမှာ ရှောင်လုံက နတ်ဓားသိုင်းကျမ်းထဲက တတိယမြောက်သိုင်းကွက်ဖြစ်တဲ့ ငရဲမင်းဒေါသ သိုင်းကွက်ကို ကျွမ်းကျင်ပိုင်နိုင်သူအဆင့်ထိရောက်အောင်လေ့ကျင့်နိုင်ခဲ့ယုံမက စတုတ္ထသိုင်းကွက်ဖြစ်တဲ့ မိုးကြိုးပင်လယ် သိုင်းကွက်ကိုလဲ စဦးပိုင်နိုင်သူ အဆင့်ရောက်အောင်လေ့ကျင့်နိုင်ခဲ့၏ ။

အခုရှောင်လုံ ကစားလိုက်တဲ့ သိုင်းကွက်က နတ်ဓားသိုင်းကျမ်းထဲက စတုတ္ထမြောက် မိုးကြိုးပင်လယ်ဆိုတဲ့ သိုင်းကွက်ပဲ ဖြစ်သည်။

အခုဆိုရင် ရှောင်လုံက နတ်ဓားသိုင်းကျမ်းထဲကနေ ငရဲမုန်တိုင်းသိုင်းကွက် ၊ နတ်မျက်ရည်သိုင်းကွက် ၊ ငရဲမင်းဒေါသ သိုင်းကွက် နဲ့
အခု မိုးကြိုးပင်လယ်သိုင်းကွက်တွေကိုလေ့ကျင့်ခဲ့ပြီးပြီပဲ ဖြစ်သည် ။
သိုင်းကွက်တခုချင်းဆီကို အရမ်းကိုနက်နဲဆန်းကြယ်ရုံမက ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကိုလဲ ပိုင်ဆိုင်ကျသည်။ နောက်ထပ်လေ့ကျင့်တဲ့ သိုင်းကွက်တခုချင်းဆီက အရင်သိုင်းကွက်တွေထက်ကို အများကြီးပိုအစွမ်ထက်လေသည်။

စတုတ္ထသိုင်းကွက်ကို ကျွမ်းကျင်ပိုင်နိုင်သွားပြီဆိုရင် အဲ့ဒီသိုင်းကွက်ကိုအသုံးပြုလိုက်တာနဲ့ မရေတွက်နိုင်တဲ့ မိုကြိုးမုန်တိုင်းတွေဖြစ်ပေါ်လာကာ ကောင်းကင်နဲ့မြေကြီးကိုတောင် ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု သိုင်းကျမ်းထဲမှာ ရေးသားထား၏ ။

လေထဲက ရှောင်လုံက စက္ကန့်အနဲငယ်အကြာမှာတော့ မြေကြ်ိးပေါ်ကိုပေါ့ပါးစွာ ပြန်လည်ကျရောက်လာသည်။ သူမိုးကြိုးပင်လယ်သိုင်းကွက်ကို စတင်လေ့ကျင့်တုံးကဆိုရင် လေထဲမှာ အသက်လေးခါရှုထုတ်ရုံလောက်ပဲ နေနိုင်စွမ်းရှိခဲ့တာပဲဖြစ်သည်။

မိုးကြိုးပင်လယ်သိုင်းကွက်ကို အသုံးပြုလိုက်လို့ရှိရင် ရှောင်လုံလေထဲမှာ လှည့်နေတာတွေကို သာမန်ရိုးရိုးလှည့်နေတာမျိုးမဟုတ်ပဲ သိုင်းကျမ်းထဲမှာဖော်ပြထားတဲ့ အတိုင်း လေထဲမှာကျွမ်းထိုးရင်းနဲ့ သိုင်းကွက်ကိုအသုံးပြရတာပဲ ဖြစ်၏ ။ ဒါကြောင့်မို့ သိုင်းကျမ်းထဲကအတိုင်းလေ့ကျင့်နိုင်ဖို့က အရမ်းကိုခက်ခဲလေသည်။

မြေကြီပေါ်ကိုပြန်ကျလာတော့ ရှောင်လုံက မိုးကြိုးပင်လယ်သိုင်းကွက် ထပ်မလေ့ကျင့်တော့ပဲ နတ်အတွင်းအားနည်းစနစ်ကိုစတင်လေ့ကျင့်လိုက်သည်။ နတ်အတွင်းအားနည်းစနစ်ကို စတင်လိုက်တာနဲ့
သူ့တကိုယ်လုံးက အနက်ရောင်ဖြင့်ဖုံးလွှမ်းသွားကာ ရက်စက်ကြမ်းကြုတ်တဲ့ အနက်ရောင်အရှိန်အဝါတွေက စတင်ပျံလွှင်လာတော့သည်။ ရှောင်လုံဆံပင်တွေက အဖြူရောင်အဖြစ်ကိုတဖြည်းဖြည်းပြောင်းလဲလာကာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကနေလဲ ကင်းလွတ်လာလေသည်။ ဒီအချိန်မှာတော့ ရှောင်လုံရဲ့နောက်ကျောဘက်မှာ တကယ်ကို
အနက်ရောင်ဖြင့်တောက်ပနေသော တောင်ပံတစုံ ပေါ်ထွက်လာလေသည်။

အခုလေးနှစ်ကြာသွားတော့ ရှောင်လုံက နတ်အတွင်းအားနည်းစနစ်ကိုလဲ အဆင့်လေးရောက်အောင် လေ့ကျင်နိုင်ခဲ့ပြီပဲ ဖြစ်သည်။ ဒါကြောင့်မို့ နတ်အတွင်းအားနည်းစနစ်ကို အဆင့်လေးရောက်အောင်လေ့ကျင်နိုင်တဲ့ လူတွေပိုင်ဆိုင်တဲ့အတိုင်း ရှောင်လုံလဲ နတ်ဆိုးကိုယ်ခန္ဓာ ကိုအသွင်ပြောင်းလို့ရသွားပြီပဲဖြစ်၏ ။ သူနောက်ကျော်က အနက်ရောင်တောင်ပံတွေက အသွင်းပြောင်းလိုက်ပြီးတဲ့နောက်မှာ ပေါ်ပေါက်လာတဲ့ နတ်ဆိုးအတောင်ပံတွေပဲ ဖြစ်သည်။

ရှောင်လုံ သူ့နောက်ကျောဘက်ကအတောင်ပံတွေကို ဖြန့်လိုက်တယ်ဆိုရင် အတောင်ပံတခုဆီက ခြောက်မီတာဆီလောက်ရှည်ကာ
အတောင်ပံကို တချက်ခတ်လိုက်တယ်ဆိုရင်ပဲ ရှောင်လုံက လေထဲကိုလျင်မြန်စွာ ပျံသန်းရောက်ရှိလာကာ သူ့ရဲ့အမြန်နှုန်းက
သာမန်မြေကြီးအဆင့် ၉ သိုင်းသမားတယောက်ရဲ့ အမြန်နှုန်းနဲ့ ညီမျှလေသည်။

ရှောင်လုံရဲ့ ကိုယ်ဖော့သိုင်းပညာကလဲ အရင်ကထဲကအစွမ်းထက်တာမို့ အခုနတ်ဆိုးတောင်ပံတွေရဲ့ အကူအညီနဲ့ပါဆိုရင် သူ့က
မြေကြီးအဆင့်၉ အလယ်အဆင့် သိုင်းသမားရဲ့ မြန်နှုန်းလောက်ကို
မြန်ဆန်လာလေသည်။

ရှောင်လုံလဲ အတောင်ပံကို အနဲငယ်လောက်ခတ်လိုက်ကာ သူ့ခြံဝန်းလေးကိုပတ်ပြီးပျံသန်းလိုက်၏ ။ အခုရှောင်လုံက ခြံထောင့်ကိုရောက်ရှိနေကာ ခနချက်ချင်းမှာပဲ လေထဲကိုပြန့လည်ရောက်ကှိသွားလေသည်။ အခု နတ်ဆိုးတောင်ပံတွေကို သူ့သိုင်းဝိညဉ်ရဲ့မွေးရာပါအစွမ်းတခုဖြစ်တဲ့ သရဲအရိပ်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ရှောင်လုံရဲ့ အမြန်နှုန်းကကြောက်စရာကောင်းလောက်အောင် မြန်ဆန်လာတော့သည်။

ခနလောက်ကြာတော့ ရှောင်လုံကသူ့သိုင်းလေ့ကျင့်နေတာတွေအကုန်လုံးကိုရပ်နားလိုက်ကာ နတ်ဆိုးခန္ဓာကိုယ် အသွင်းပြောင်းထားတာကိုလဲ ရပ်တန့်လိုက်၏ ။

"....အင်း... မနက်ဖြန်ဆိုရင် ကျောင်းရဲ့ နှစ်ကုန်သိုင်းပြိုင်ပွဲနေ့ကို ရောက်ပြီပဲ... "
ရှောင်လုံက တကိုယ်တည်း သူ့ဘာသာရေရွတ်လိုက်၏ ။

သူဒုတိယနှစ်အတန်းကိုရောက်ပြီးကတည်းက ရှောင်လုံက တန်းခွဲချန်ပီယံတော့ဖြစ်ခဲ့ပေမယ့် ဒုတိယနှစ်တနှစ်လုံးရဲ့ ချန်ပီယံတော့ အခုထိ မဖြစ်ခဲ့သေးပေ ....။ ဒါပေမယ့် ဒီနေ့ကတော့ သူဒုတိယနှစ်ကို အုပ်စိုးရမယ့်နေ့ကို ကျရောက်လာပြီပဲ မဟုတ်လား....။

နောက်တနေ့မနက်ခင်းမှာ ရာသီဥတုက သာယာကြည်လင်နေကာ နွေးထွေးသောနေရောင်ကြည့်ဖြင့် ကမ္ဘာလောကကြီးတခုလုံးတောက်ပနေ၏ ။

ရှောင်လုံနဲ့ ဖေးဟိုတို့လဲ ထျန်ယွမ်အိမ်တော်ကနေ ကြယ်စကြာဝဠာကျောင်းဆီကို သွားလိုက်၏ ။ ဒီလွန်ခဲ့တဲ့ လေးနှစ်လုံးလုံး ဖေးဟိုလဲ ရှောင်လုံ သင်ပေးခဲ့တဲ့ မိုးကြိုးရေသိုင်းကျင့်စဉ်ကို ကြိုးကြိုးစားစားလေ့ကျင့်ခဲ့တာမို့ အခုဆိုရင်ဖေးဟိုက မြေကြီးအဆင့်၁၀နောက်ဆုံးရဲ့ အထွပ်အဆင့်ကနေ ကောင်းကင်သိုင်းသမားအဆင့်ကိုကျော်ဖြတ် ရောက်ရှိနေပြီပဲဖြစ်သည်။

ကောင်းကင် အဆင့်သိုင်းသမား.... !

လူတောင်နိုင်ငံတခုလုံးမှာတောင် ကောင်းကင်သိုင်းသမားအရေအတွက်က အရမ်းကိုရှားပါးလွန်းကာ ရှိတဲ့ကောင်းကင်သိုင်းသမားတွေကိုလဲ လက်ချိုးရေတွက်လို့တောင်ရနိုင်လေသည်။

ဒါအပြင်ဖေးဟိုက ဒီလေးနှစ်အတွင်း ရှောင်လုံပေးအပ်ချီးမြှင့်ခဲ့တဲ့ မီးနဂါးပုလဲကို အသုံပြုရင်းသိုင်းလေ့ကျင့်ခဲ့တာမို့ မီးနဂါးပုလဲက သူ့တကိုယ်လုံမှာရှိတဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးကာ
သူခန္ဓာကိုယ်ကို ပိုမိုကြံခိုင်သန်မာလာရုံမက သူ့အတွင်းအားတွေရဲ့ အဆင့်အရေအသွေးတွေကိုလဲ တိုးတက်လာစေသည်။ ဒါကြောင့်မို့ ဖေးဟိုက ကောင်းကင်သိုင်းသမား ဖြစ်သွားတာ သိပ်မကြာသေးပေမယ် သာမန်အဆင့်၁ ကောင်းကင်သိုင်းသမားထက်တောင် ပိုမိုသန်မာလေသည်။

ရှောင်လုံနဲ့ ဖေးဟိုတို့နှစ်ယောက် ကျောင်းရဲ့ သိုင်းပြိုင်ပွဲတွေကျင်းပရာ သိုင်းပြိုင်ကွင်းဆီကိုရောက်လာတော့ သိုင်းပြိုင်ကွင်းတခုလုံး
များပြားလှတဲ့ လူအုပ်ကြိးနဲ့ ပြည့်နှက်နေတာကိုမြင်တွေ့လိုက်ရသည်။
ရှောင်လုံရောက်ရှိလာတာကို စကားများနေတဲ့ လူအုပ်ကြ်ိးရဲ့ အာရုံကို သူ့အပေါ်ရောက်ရှိလာစေသည်။

လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာလဲ ရှောင်လုံက ပုံမှန်ဆို ကျောင်းရဲ့အတန်းတွေကို လာတက်ရောက်ချင်းမရှိခဲ့ပေ.. ။ ဒါကြောင့်မို့ ရှောင်လုံကိုကျောင်းထဲမှာ တွေ့မြင်ခဲလေသည်။ သူက ဒီနှစ်တွေအတွင်းမှာ ပေါ်ပေါ်တင်တင်နေထိုင်ချင်းမရှိပဲ နှိမ့်ချပြီးနေထိုင်ပေမယ့် ရှောင်လုံ
အကြောင်းက ကြယ်စကြာဝဠာကျောင်းက လူတွေအတွက် အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ ခေါင်းစဉ်တခုပဲ ဖြစ်ကာ ဆွေးနွေးပွဲတိုင်းမှာ သူအကြောင်းမပါတာမရှိသလောက်ရှားလေသည်။

ပြီးတော့ ရှောင်လုံက သူဒုတိယနှစ်အတန်းကို တက်ရောက်ခဲ့ပြီးကတည်းက ဒုတိယနှစ်တန်းခွဲခြောက်ရဲ့ ချန်ပီယံဆုကို လေးနှစ်ဆက်တိုက် ဆွတ်ခူးထားရုံမက သိုင်းပြိုင်ပွဲတိုင်းမှာလဲ သူ့ပြိုင်ဘက်တွေကို
အမြဲသိုင်းကွက်တကွက်ထဲအတွင်းမှာပဲ အနိုင်ရသွားလေ့ရှိသည်။

သိုင်းပြိုင်ကွင်းထဲက လူအုပ်ကြီးကရှောင်လုံရောက်လာတာကိုမြင်တာနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားကျလေသည်။ ရှောင်လုံရဲ့ အမာခံ
မိန်းကလေးပရိတ်သတ် တချို့ဆိုရင် ရှောင်လုံကိုမြင်တာနဲ့ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကိုတောင်မထိန်းသိမ်းနိုင်တော့ပဲ ရှောင်လုံကြားအောင် ရင်ကွဲမတန်အော်ဟစ် ကျလေသည်။

"....ဟောင်ရှောင်လုံ... နင်ကနတ်သားလေးများလား.... အရမ်းချော  တာပဲနော်..... !"

"..... ဟောင်ရှောင်လုံ.... နင့်ကိုငါအရမ်းချစ်တာပဲ.... "

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၉၉ ...... တကယ်ကိုလူထူးလူဆန်းပဲ.... !

ရှောင်လုံက လူတောင်းနိုင်ငံမှာ သူ့ရဲ့ပါရမီရယ် စွမ်းအားရယ်ကြောင့်ကျော်ကြားလေသည်။ ဒါပေမယ့် ရှောင်လုံက ရုပ်ရည်ကလဲချောမောတာမို့ မိန်းကလေးကျောင်းသူတွေတော်တော်များများ ရဲ့စိတ်ထဲမှာ သူကနတ်သားတပါး သဖွယ်ဖြစ်နေတာက အံသြစရာမှမဟုတ်ပဲ ..။
တကယ်ဆို ရှောင်လုံက ကြယ်စကြာဝဠာကျောင်း တခုထဲမှာပဲ အခုလိုကျော်ကြားနေချင်းမဟူတ်ပေ... ။ ရှောင်လုံရဲ့ နာမယ်ဂုဏ်သတင်းက လူတောင်းနန်တွင်းမြို့တော် တော်ဝင်မျိုးနွယ်မိသားစုတွေရဲ့ သမီးပျိုလေးတွေအထိ ရောက်ရှိနေတာကာ သူတို့အချင်းချင်းတွေ့ဆုံရင်လဲ ရှောင်လုံအကြောင်းမပါရင်မပြီးပေ.... ။ ဒါအပြင် တခြားနိုင်ငံတွေအထိရှောင်လုံရဲ့နာမယ်သတင်းကပျံနှံရောက်ရှိနေကာ သာမန်လူတန်းစားတွေကြားထဲမှာလဲ ရှောင်လုံတယောက်အရမ်းကိုနာမယ်ကြီးနေတာပဲ ဖြစ်၏ ။

အသံတုန်းမြင့်မြင့်နဲ့ သူ့အပေါ်ရင်ဖွင့်သံတွေကိုကြားတော့ ရှောင်လုံလဲ သူ့ရင်ထဲမှာ ကူရာကယ်ရာမဲ့သွားသလို့ မချိပြုံးလေးပြုံးလိုက်ကာ
ဒုတိယနှစ်ကျောင်းသားတွေအတွက် သတ်မှတ်ပေးထားတဲ့ ထိုင်ခုံနေရာဆီကို ဦးတည်ပြီးသွားလိုက်လေသည်။

သူ့ထက်အရင်ရောက်နေတဲ့ မင်းသားလူခိုင်က ရှောင်လုိုံမြင်တော့ညမစပဲမနေနိုင်တော့ပဲ
".... ရှောင်လုံ... ဟေ့ကောင်... မင်းရဲ့လွှမ်းမိုးမှုက ကျောင်းအုပ်
ကြီးစွင်းကျန်း ထက်တောင်သာနေပြီထင်တယ်ကွ... !"

လူခိုင်က သိုင်းပြိုင်ဖို့ စိန်ခေါ်တိုင်းမှာ ရှောင်လုံကို အနိုင်မရပေမယ့်
သူတို့နှစ်ယောက် သိုင်းပြိုင်ကျရင်း ရဲဘော်ရဲဘက်တွေဖြစ်လာကာ
ဒီလေးနှစ် အတောအတွင်း သူတို့နှစ်ယောက်သူငယ်ချင်းကောင်းတွေ
ဖြစ်လာကျ၏ ။

လူခိုင်စကားကြားတော့ ရှောင်လုံက ခေါင်းခါရင်း ရယ်မောလိုက်သည်
".... ငါ့ကိုလာလှောင်မနေနဲ့ကွ....  ငါအထင်တော့ မင်းရဲ့လွှမ်းမိုးမှုကငါထက်တောင် ပိုကြီးမားသေးတယ်မဟုတ်လား... ?"

လူခိုင်က လူတောင်းနိုင်ငံရဲ့ မင်းသားတပါးဖြစ်ရုံသာမက ဘုရင်ထီးနန်းကိုဆက်ခံဖို့ တစ်ပြေးနေတဲ့သူမို့ သူ့ရဲ့သြဇာအာဏာ ကြီးမားမှုကိုလဲ လျော့တွက်လို့မရပေ... ။ သူကတော့ မိန်းကလေးတွေတိုင်းလိုလိုစိတ်ကူးရင်ရတဲ့ ရင်ထဲက တကယ့်မင်းသား တပါးပဲ မဟူတ်လား....။

လူခိုင်ကလဲ ပြုံးရင်းပြန်ပြောလိုက်သည်
".... မင်းဒိတခေါက်တော့ ဒုတိယနှစ်အတန်းရဲ့ ချန်ပီယံနေရာကိုအရယူတော့မှာမဟူတ်လား... ? ငါကြားတာတော့ ချန်ချိုင်ရှု လဲ မြေကြီးအဆင့်၉ သိုင်းသမားဖြစ်သွားပြီဆိုပဲ ..... အဲ့မိန်းမကလဲ
လွယ်ကူတဲ့ပြိုင်ဘက်တယောက်တော့မဟုတ်ဘူးနော်..... "

ချန်ချိုင်ရှုက ဒုတိယနှစ်အတွက် တတန်းလုံး ချန်ပီယံဆုကိုနှစ်နှစ်ဆက်တိုက်ဆွတ်ခူးထားတဲ့ သူတယောက်ပဲ ဖြစ်သည်။

"...မြေကြီးအဆင့်၉ သိုင်းသမားဖြစ်သွားပြ်ိ... ဟုတ်လား... ?"
လူခိုင်စကားကြားတော့ ရှောင်လုံလဲအနဲငယ်အံသြသွားပေမယ့် သူ့စိတ်ထဲမှာတော့ စိုးရိမ်စိတ်တစက်မှ မရှိပေ... ။

သူပြောတဲ့ သတင်းစကားကိုကြားတာတောင်မှ ရှောင်လုံရဲ့ တည်တည်ငြိမ်ငြိမ် အမူအရာကိုမြင်တော့ လူခိုင်က ဆက်ပြောလိုက်၏
".... ဟေ့ကောင် မင်းကိုအကောင်းနဲ့အကြံတခုတော့ပေးမယ်....
အဲ့ မိန်းမကိုတော့ သွားပြီးရန်မစလိုက်နဲ့....  အဲ့မိန်းမကနဂိုကထဲ
ကြမ်းတမ်းပြီးရက်စက်တာမင်းအမြင်ပဲမလား.. အထူးသဖြင့်ငါတို့ယောက်ကျားလေးတွေအပေါ်ကိုလေ....  ဘယ်လိုလဲတော့ ငါလဲသေချာမသိဘူး သောက်ရူးတော်တော်များများ အဲ့မိန်းမကို ရန်သွားစကျတယ်ဆိုပဲ.... အဆုံးသတ်ကတော့ အဲ့မိန်းမလက်ချက်နဲ့ သူတို့အောက်ပိုင်းက အဖိုးတန်ဥလေးတွေကွဲမတတ်ခံလာခဲ့ကျရတယ်တဲ့ကွ .."
လူခိုင်ကပြောနေရင်းနဲ့ ကြက်သီးထလာသလိုမျိုး သူခြေထောက်နှစ်ဖက်ကိုရုတ်တရက်စုလိုက်လေသည်။

ရှောင်လုံကတော့ ခပ်ဖွဖွပြုံးလိုက်ကာ ပြောလိုက်လေသည်
".. စိတ်မပူပါနဲ့ကွာ... "

ခနလောက်ကြာတော့ ကျောင်းအုပ်ကြီးစွင်းကျန်းနဲ့ လက်ထောက်ကျောင်းအုပ် ရှောင်းချူးတို့နှစ်ယောက် သိုင်းပြိုင်ကွင်းဆီကိုရောက်ရှိလာကျလေသည်။ သူတို့ကကျောင်းသားတွေကို ကြိုးစားယှဉ်ပြိုင်ကျဖို့ အားပေးစကားပြောလိုက်ကျပြီး သိုင်းပြိုင်ပွဲအစီအစဉ်ကို သတင်ကြောင်းကြော်ငြာလိုက်လေသည်။

ပြီးခဲ့တဲ့ နှစ်တွေတုံးကလိုပဲ သိုင်းပြိူင်ပွဲကို နေရာအကျယ်ကြီးသုံးခုခွဲပြီး ယှဉ်ပြိုင်ကျရမှာပဲ ဖြစ်၏ ။ အတန်းတိုင်းရဲ့ အစွမ်းအထက်ဆုံးကျောင်းသားတွေက အတန်းပိုင်ဆရာတွေက အဆိုတင်သွင်းကျပြီး
အဲ့ဒါကိုလက်မခံတဲ့ သူတွေက ဆရာတွေအမည်တင်သွင်းထားတဲ့ ကျောင်းသားတွေကို သိုင်းပြိုင်စင်ပေါ်မှာ စိန်ခေါ်တိုက်ခိုက်ရမှာပဲ ဖြစ်လေသည်။

ဒုတိယနှစ် တန်းခွဲခြောက်မှာတော့ ရှောင်လုံက အစွမ်အထက်ဆုံးကျောင်းသားဆိုတာကို တန်းခွဲတခုလုံးက ခြွင်းချက်မရှိလက်ခံထားကိကာ ဒုတိယအစွမ်းအထက်ဆုံးကတော့ ရဲယွန်ဖြစ်ရမယ့်အစား လူခိုင်ဖြစ်နေ၏ ။ လူခိုင်ကလဲ ဒီလေးနှစ်အတွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်ခဲ့တာမို့ အရင်တန်းခွဲခြောက်ရဲ့ ချန်ပီယံရဲယွန်ကိုကျော်ဖြတ်ကာ ဒုတိယနှစ်တန်းခွဲခြောက်မှာ ရှောင်လုံရဲ့ နောက်က ဒုတိယအစွမ်းဆုံးကျောင်းသားတယောက် ဖြစ်လာလေသည်။

ရှောင်လုံနဲ့ လူခိုင်တို့က သိုင်းပြိုင်စင်ပေါ်မှာ မတ်တပ်ရပ်ရင်း တယောက်ကိုတယောက် ကြည့်လိုက်ကျသည်။

"..... ဒီတကြိမ်မှာလဲငါ မင်းရဲ့သိုင်းကွက်တကွက်ကိုတောင်မှ မခုခံနိုင်ဘူးဆိုတာ ငါမယုံဘူးကွ ....."
လူခိုင်ကရှောင်လုံကို စိုက်ကြည့်ရင်းပြောလိုက်လေသည်။

သူတိူ့နှစ်ယောက်လုံး ဒုတိယနှစ်အတန်းကိုအဆင့်တိုးမြှင့်ပေးချင်းခံရပြီးကတည်းက လူခိုင်က ရှောင်လုံရဲ့ သိုင်းတကွက်ကိုတော့မခုခံနိုင်ပဲ အမြဲရှုံးနိမ်ခဲ့လေသည်။

ရှောင်လုံကတော့ ပြုံးရင်း ဘာမှပြန်မပြောပဲ ခပ်ဆိတ်ဆိတ်ပဲနေလိုက်၏။ အဲ့အချိန်မှာပဲ လူခိုင်ရဲ့ တကိုယ်လုံး အလင်းရောင်တွေနဲ့တောက်ပလာကာ လူခိုင်က သူ့ရဲ့သိုင်းဝိညဉ်ဖြစ်တဲ့ ကောင်းကင်ငှက်ကြီးကိုဆင့်ခေါ်လိုက်သည်။ ကြမ်းတမ်းလှတဲ့ အတွင်းအားချီ သိုင်းပြိုင်စင်ပေါ်ကိုရောက်ရှိလာကာ လူခိုင်လဲ အချိန်ဆိုင်းမနေတော့ပဲ သူ့သိုင်းဝိညဉ်နဲ့ပေါင်းစပ်ကာ ဝိညဉ်အသွင်းကိုပါတဆက်ထဲပြောင်းလိုက်လေသည်။ ငှက်မွေးတွေလိုမျိုး ချပ်ဝတ်တန်ဆာတွေက လူခိုင်ကို တဖြည်းဖြည်းဖုံးလွှမ်းလာကာ စွမ်းအားကြီးမားတဲ့ အတောင်ပံလေးခုကလဲ
လူခိုင်နောက်ကျောဘက်ကနေ ထွက်ပေါ်လာကာ အတောင်ပံတွေကို
ဖြန့်ပြီး ခတ်လိုက်တယ်ဆိုရင်ပဲ ပတ်ဝန်ကျင်လေထုရဲ့ လေစီးဆင်းမှုတွေပါ ကပြောင်းကပြန်ဖြစ်ကုန်ကျ၏ ။

".... တောင်ခွဲလက်သီး.... "

လူခိုင်က ဝိညဉ်အသွင်းပြောင်းပြီးတာနဲ့ တုန့်ဆိုင်းမနေပဲ ရုတ်တရက်ရွေ့လျားလိုက်ကာ ရှောင်လုံရဲ့ အနီးနားမှာကို လျင်မြန်စွာရောက်ကှိလာ၏ ။ အဲ့နောက် သူ့ရဲ့ တောင်ခွဲလက်သီးသိုင်း ဖြင့် ရှောင်လုံကို
ထိုးချလိုက်လေသည်။ လူခိုင်ရဲ့ လက်သီးရာကြီးက ရှောင်လုံဆီကိုလျင်မြန်စွာရောက်လာကာ သူ့နောက်ကနေလိုက်လာတဲ့ အရှိန်အဟူန်တွေကြောင့် သိုင်းပြိုင်စင်ပေါ်ကအရာဝတ္ထုတွေလွှင့်ပျံကာ စင်အောက်ကိုပြုတ်ကျကုန်ကျ၏ ။

တောင်ခွဲလက်သီးသိုင်းက လူခိုင် အခုနှစ်တွေအတွင်း ကြိုးကြိုးစားစားလေ့ကျင့်ခဲ့တဲ့ သိုင်းပညာတခုဖြစ်ကာ သူတောင်ခွဲလက်သီးသိုင်းရဲ့ ကျွမ်းကျင်ပိုင်နိုင်သူအဆင့်ရောက်ရှိခဲ့တာတောင် နှစ်လလောက်ပဲရှိသေး၏ ။ လူခိုင်က တောင်ခွဲလက်သီးသိုင်းကိုအသုံးပြုပြီးအစွမ်းကုန်တိုက်ခိုက်ရင်တောင် ရှောင်လုံကိုအနိုင်မရနိုင်ဘူးဆိုတာကိုသိပေမယ့် တောင်ခွဲလက်သီးသိုင်းကြောင့် ရှောင်လုံရဲ့ သိုင်းတကွက်ထက်တော့ သူပိုပြီး ကြာရှည်ခံမယ်လို့ ယုံကြည်ထားလေသည်။

ကြီးမားလှတဲ့ လက်သီးရာကြီး သူ့တကိုယ်လုံးကိုလွှမ်းခြုံလာတာကိုကြည့်ရင်း ရှောင်လုံကတော့ ရှောင်တိမ်ဖို့ စိတ်ကူးမရှိပဲ သူ့နေမြဲနေရာမှာပဲ ရပ်နေ၏ ။ ရှောင်လုံက ရှောင်တိမ်းပြီး လူခိုင်ကို ပြန်တိုက်လိုက်ရမယ့်အစား လူခိုင်လက်သီးရာကြီးကို သူ့လက်သီးဖြင့်ဆောင်ခံလိုက်လေသည်။

လက်သီးနှစ်ခုထိခိုက်မိကျပြီး လေထဲကနေ မိုးခြိမ်သံလိုမျိုး နားကွဲမတတ်ဆူညံတဲ့ အသံကြီးပေါ်ထွက်လာ၏ ။ တောင်ခွဲလက်သီးရာကြီက မျက်စိတမှိတ်အတွင်းမှာပဲ ပြိုကွဲသွားကာ လက်သီးနှစ်ခုထိခိုက်မိလို့ ထွက်ပေါ်လာတဲ့ အင်အားလှိုင်းတွေက လူခိုင်ကိုလာရောက်တိုက်ခိုက်ပြီး သူကိုယ်သူတည်ငြိမ်အောင် မထိမ်းလိုက်နိုင်ခင်မှာပဲ
သိုင်းပြိုင်စင်အောက်ကို ပြုတ်ကျသွားတော့လေသည်။

သိုင်းပြိုင်စင်အောက်ကိုရောက်မှ လူခိုင်က သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားထိန်ချုပ်လိုက်ရင်းနဲ့ ခနလောက်တော့ အံသြမင်သက်သွားသလိုမျိုး ငြိမ်သက်သွား၏ ။ အဲ့နောက်လူခိုင်ကခေါင်းကိုခါယမ်းလိုက်ပြီး ခနဲတဲ့တဲ့ ဖြင့်ပြုံးကာ ရှောင်လုံကိုကြည့်ရင်းနဲ့
".... အင်း.... ကြည့်ရတာ ငါ့ဘဝမှာ မင်းကိုနိုင်ဖို့ဆိုရင် ဒဏ္ဍာရီထဲက နတ်ဆေးလုံးကိုမျိုချနိုင်မှရတော့မယ်ထင်တယ်.... "

သူပထမနှစ်အတွက် သူတို့နှစ်ယောက် သိုင်းပြိုင်ခဲ့တဲ့ ပုံရိပ်တွေကို
ပြန်လည်မြင်ယောင်ကြည့်လိုက်၏ ။ အဲ့အချိန်တုံးကဆို ရှောင်လုံကသူကိုအနိုင်ရဖို့အတွက် အစွမ်းကုန်ကြိုးစားအားထုန်ခဲ့ကတယ်မဟုတ်လား... ။ သူတို့ ဒုတိယနှစ်အတန်းကိုလဲရောက်ရော သူ့အနေနဲ့
ရှောင်လုံဆီက သိုင်းကွက်တခုကိုတောင် မခုခံနိုင်တော့ပဲ အမြဲရှုံးနိမ့်ခဲ့လေသည်။ အခုဆိုရင် နောက်နှစ်သိုင်းပြိုင်ပွဲတွေမှာသူ ရှောင်လုံကိုစိန်မခေါ်ရဲလောက်အောင် ဖြစ်သွား၏ ။

လူခိုင်ရှုံးနိမ့်သွားတဲ့နောက်မှာတော့ တန်းခွဲခြောက်အတွင်း ဘယ်ကျောင်းသားကမှ ရှောင်လုံကို စိန်မခေါ်ရဲတော့ပေ ...။ သံသယဖြစ်စရာမလိုပဲ ရှောင်လုံက တန်းခွဲခြောက်ရဲ့ ချန်ပီယံ ထပ်ဖြစ်သွားခဲ့ပြန်၏ ။

နောက်တဆင့်ကတော့ အတန်းအလိုက်သိုင်းပြိုင်ရမှာပဲ ဖြစ်သည်။

ဒုတိယနှစ်တန်းခွဲစုစုပေါင်း ခြောက်ခုရှိကာ နောက်ဆုံးချန်ပီယံဖြစ်တဲ့သူကိုဆုံးဖြတ်ဖို့အတွက် အဆင့်သုံးဆင့်ဖြင့် ယှဉ်ပြိုင်ကျရမှာပဲ ဖြစ်သည်။

ကျောင်းသား ခြောက်ယောက်ထဲမှာ သုံးယောက်က တန်းခွဲတစ် ၊
တန်းခွဲ ငါးနဲ့ တန်းခွဲခြောက်တို့က ကျောင်းသားတွေဖြစ်ကာ သူတို့နဲ့
ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်ရဲ့ တန်းခွဲနံပါတ်ကို မဲနှိုက်ကျရမှာပဲ ဖြစ်လေသည်။ ဒါပေမယ့် ရှောင်လုံ နှိုက်လိုက်တဲ့ တန်းခွဲနံပါတ်က နံပါတ်တစ်ဂဏန်း ဖြစ်နေတာကို အကုန်လုံးတွေ့လိုက်ကျလေသည်။ရှောင်လုံနံပါတ်တစ်ဂဏန်းမဲနှိုက်မိတာကိုကြည့်ရင်း လူအုပ်ထဲမှာ အနဲငယ်ရုတ်ရုတ်သဲသဲတောင် ဖြစ်သွားကျ၏ ။

အာ.... နံပါတ်တစ်....!

သူတကယိပဲနံပါတ်တစ်မဲကိုနှိုက်မိတာလား... !

မဲလိပ်ပေါ်မှာရေးသားထားတဲ့ နံပါတ်တစ်ဂဏန်းကိုကြည့်ရင်း ရှောင်လုံလဲ မချိပြုံးပြုံးလိုက်ကာ ခေါင်းကိုခါယမ်းလိုက်လေသည်။

နံပါတ်တစ်ဆိုတာက လူခိုင်သိုင်းမပြိုင်ခင်က ရှောင်လုံကိုသွားရန်မစဖို့
အကြံပေးခဲ့တဲ့ ချန်ချိုင်ရှုကိုကိုယ်စားပြုတာမဟူတ်လား... ။ အဲ့နောက်
ရှောင်လုံနဲ့ ချန်ချိုင်ရှုတို့နှစ်ယောက်လဲသိုင်းပြိုင်စင်မြင့်ထက်ကိုတက်လာကျ၏ ။

ချန်ချိုင်ရှုက နူးညံတဲ့ခရမ်းနုရောင် ကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ထားကာ  တော်ဝင်နန်းထိုက်တဲ့ ပန်းတပွင့်လိုမျိုး လှပလေသည်။ ချန်ချိုင်ရှု
က ဒုတိယနှစ်အတန်းအတွက် အစွမ်းအထက်ဆုံးကျောင်းသူအဖြစ်သတ်မှတ်ချင်းခံထားရသလို လီလူလိုမျိုး ကြယ်စကြာဝဠာကျောင်းရဲ့
အလှပဂေးတွေထဲကလဲ တယောက်အပါအဝင်ဖြစ်၏ ။ သူမရဲ့ပုံစံက
သေစေလောက်တဲ့ အဆိပ်ဆူးတွေနဲ့ ပြည့်နှက်နေတဲ့ နှင်းဆီပန်းတပွင့်နဲ့ အလားသဏ္ဍာန်တူ၏ ။ သူမရဲ့ ယောက်ျားတွေအပေါ် ရက်စက်မှုကလဲ သူမရဲ့ အလှအပလောက်ကို တန်းတူနာမယ်ကြီးလေသည် ။

"....ရှောင်လုံ.... ငါလီလူမျက်နှာကိုထောက်ထားပြီးတော့ နင့်ကိုတော့နဲနဲညှင်ညှင်သာသာဆက်ဆံပေးပါ့မယ်.... "
ချန်ချိုင်ရှုက ရှောင်လုံတကိုယ်လုံးကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်ရှုရင်းနဲ့ပြောလိုက်သည်။

ညှင်ညှင်သာသာဆက်ဆံပေးမယ်... ?

မိန်းမတယောက်က ယောက်ျားတယောက်ကို အဲ့လိုစကားမျိုးပြောတာက ကြားလိုက်ရတဲ့သူတွေကိုအထင်လွဲသွားစေနိုင်တယ်မဟူတ်လား....။ သိပ်မကြာခင်မှာပဲ စင်အောက်ကလူအုပ်ကြိးက သူတို့နှစ်ယောက်ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်ကုန်ကျလေသည်။

ရှောင်လုံလဲ လီလူနဲ့ ချန်ချိုင်ရှုက သူငယ်ချင်းကောင်းတွေမှန်းသိတာမို့ လီလူရှိရာကိုတချက်ငဲ့ကြည့်လိုက်၏ ။ ရှောင်လုံက သူမကို
လှည့်ကြည့်တာမြင်တော့ လီလူက ချစ်စရာကောင်းတဲ့ ပါးချိုင်းလေးနှစ်ဖက်ပေါ်လာအောင် အားရပါးရပြန်ပြုံးပြလိုက်၏ ။

ရှောင်လုံလဲ သူပုခုံးနှစ်ဖက်ကိုဖြေလျော့ကာ သူစိတ်အာရုံတွေကို ချန်ချိုင်ရှု အပေါ်စုပြုံထားရင်းနဲ့ ပြောလိုက်လေသည်
"..... နင်က ဒိလိုမျိုးပုံစံနဲ့ စချင်မှတော့ နင်သဘောအတိုင်းပဲလေ..."
ရှောင်လုံရဲ့ ကိုယ်ထဲကနေ အတွင်းအားချီတွေ ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်လေထုကို ပြင်းပြင်းထန်ထန်တုန်ခါသွားစေသည်။

"....မြေကြီးအဆင့်၈ နောက်ဆုံးရဲ့ အထွတ်အထိပ်အဆင့်.... "

လူတွေအားလုံး အံသြဆန်းကြယ်တဲ့အရာတခုကို မြင်လိုက်ရသလိုမျိုး
ရှောင်လုံကို ငေးမောကြည့်နေကျလေသည်။ ရှောင်လုံရဲ့ တကယ်ခွန်အားအစ်းအမှန်ကိုမြင်လိုက်တော့ လူခိုင်လဲ ခနတာလောက် အံသြမင်သက်သွားကာ အဲ့နောက် သူရင်ထဲမှာပဲ မချိပြုံးပြုံးလိုက်လေသည်။
အခုအချိန်မှာ သူကမြေကြီးအဆင့်၇ရဲ့အထွတ်အထိပ်အဆင့်ပဲ ရှိသေးပေမယ့် ရှောင်လုံကတော့ မြေကြီးအဆင့်၈ရဲ့ အထွတ်အထိပ်အဆင့်ကိုရောက်ရှိနေပြီဆိုတဲ့ အမှန်တရားက သူကိုလက်ခံရခက်ခဲစေသည်။ သူနဲ့ ရှောင်လုံကြားက ကွာဟချက်ကိုလဲ လူခိုင်တယောက်ကောင်းကောင်း သဘောပေါက်သွားတော့သည်။

ချန်ချိုင်ရှု ကိုယ်တိုင်ကလဲ ရှောင်လုံကို အံသြထူးဆန်းတဲ့ အမူအရာဖြင့် ငေးစိုက်ကြည့်နေမိကာ
".... မြေကြီးအဆင့် ၈ နောက်ဆုံးရဲ့ အထွတ်အထိပ်အဆင့်...
ဒီ ဟောင်ရှောင်လုံက နှစ်သစ်ကူးပြီးတော့မှ အသက်၁၅နှစ်ပြည့်မှာမဟုတ်လား.... ?"

အသက်၁၅နှစ်နဲ့ မြေကြီးအဆင့်၈ အထွပ်အထိပ်သိုင်းသမား.....?!

သူမကိုယ်တိုင်ကလဲ မြေကြီးအဆင့်၉ စဦးအဆင့်ဖြစ်ပေမယ့် ချန်ချိန်ရှုက အသက်နှစ်ဆယ်ကျော်နေပြီပဲ ဖြစ်လေသည်။

ရှောင်လုံရဲ့ အတွင်းအားအဆင့်တက်နှုန်းအရသာဆိုရင် သူ့သာအသက်၂၀ဆိုရင် အတွင်းအားက ဘယ်လောက်အဆင့်ထိတောင်ရောက်နေမှာပါလိမ့်.... ? မြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့ အထွပ်အထိပ်အဆင့်ကိုတောင်ရောက်နေနိုင်တယ်မဟူတ်လား..... ။

"..... ဒီကောင် လူမှဟုတ်ရဲ့လား မသိပါဘူး.... "
ချန်ချိုင်ရှုတယောက် သူမဘာသာရေရွတ်လိုက်တော့သည်။

လူမှဟူတ်ရဲ့လား... ? ချန်ချိုင်ရှု ရေရွတ်လိုက်တာကအရမ်းတိုးပေမယ့် ရှောင်လုံကတော့ သူမပြောတာကိုကြားလိုက်ရလေသည်။
ရှောင်လုံလဲ ကူရာကယ်ရာမဲ့သလို ပြုံးလိုက်ကာ
အင်း.... ဒီချန်ချိုင်ရှုက ပွင့်ပွင့်လင်းလင်းပုံစံမျိုးထင်တယ်

"...တကယ်လို့ လွန်ခဲ့တဲ့ ခြောက်လလောက်ကသာဆိုရင် နင်နိုင်ချင်နိုင်လိမ့်မယ်....  ဒါပေမယ့် အခုနင့်ရဲ့မြေကြီးအဆင့်၈ နောက်ဆုံးရဲ့အထွပ်အထိပ် အဆင့်လောက်နဲ့တော့ ငါ့ကိုဘယ်လိုမှ အနိုင်တိုက်နိုင်မှာမဟုတ်ဘူး.... "
အဲ့အချိန်မှာပဲ ချန်ချိုင်ရှုက သူမခေါင်းကိုခါရင်းနဲ့ ပြောလိုက်သည်။
သူမစကားဆုံးတာနဲ့ အတွင်းအားချီတွေကို ခန္ဓာကိုယ်ထဲကနေ လွှင့်ထုတ်လိုက်လေသည်။ ရှောင်လုံထက် များစွာသာလွန်တဲ့ အတွင်းအားချီတွေက ချန်ချိုင်ရှုကိုယ်ထဲကနေ ထွက်ပေါ်လာလေသည်။

"... မြေကြီးအဆင့် ၉ ..."

သိုင်းပြိုင်ပွဲကိုလာရောက်ကြည့်ရှုကျတဲ့ လူအုပ်ကြီးဆီကနေ ရုတ်ရူတ်သဲသဲအံသြအာမေထိတ်သံတွေထွက်ပေါ်လာပြန်သည်။

ရှောင်လုံကတော့ ထွက်ပေါ်လာနေတဲ့ အံသြသံတွေကြောင့်မျက်နှာတချက်မပျက်ပဲ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေလေသည်။ သူစိတ်ထဲမှာတော့
".... အင်း ဒိမိန်းမက တကယ်ကို မြေကြီးအဆင့်၉ အဆင့်ကိုရောက်ရှိသွားတာပဲ.... "

အထူးထိုင်ခုံတန်းမှာတော့
စွင်ကျန်းက ရှောင်လုံအပေါ်အာရုံစူစိုက်အကဲခတ်နေရင်းနဲ့ ရှောင်းချူးကိုပြုံးပြီးပြောလိုက်သည်
".... ဒီကောင်လေးကတော့ ငါတို့ကိုနောက်တခါ အံသြရအောင်လုပ်ပြန်ပြိကွ....  ဒီလောက်အချိန်တိုလေးတွင်းမှာ သူတကယ်ကို မြေကြ်ိးအဆင့်၈ နောက်ဆုံးအထွတ်အထိပ်အဆင့်ကို ဘယ်လိုရောက်ရှိသွားလဲမသိပါဘူး... !"

"....ဟုတ်တယ်ကျောင်းအုပ်ကြီးရေ....  ကျွန်တော်တို့ ပထမက သူဒီလိုအဆင့်မျိုးရောက်ဖို့ အနဲဆုံးနောက်ထပ်အချိန်တနှစ်လောက်ယူရလိမ့်မယ်လို့ ခန့်မှန်းထားကျတာမဟူတ်လား.."
ရှောင်ချူးက ဝင်ပြီးထောက်ခံလိုက်ကာ သူကပဲဆက်ပြောဆက်၏
".... ဒါပေမယ့် ချန်ချိုင်ရှုကလဲ မြေကြီးအဆင့်၉ စဦးအဆင့် သိုင်းသမားဖြစ်နေပြီနော်.... ဒီတနှစ်လဲ ချန်ချိုင်ရှုပဲ ချန်ပီယံ ဖြစ်သွားအုံးမယ်ထင်တယ်..."

စွင်းကျန်းက ပြုံးလိုက်ရင်းနဲ့
"...အဲ့လိုမျိုး တထစ်ချကြီးလဲပြောလို့မရဘူးလေ.... ပြီးခဲ့တဲ့နှစ်တွေတုံးက အတွေ့အကြုံတွေကိုမင်းမေ့နေပြီလား... အဲ့အချိန်တုံးကလဲ လူခိုင်က မြေကြီးအဆင့်၇ သိုင်းသမားဖြစ်နေပြီလေ... နောက်ဆုံးမှာတော့ ရှောင်လုံကပဲ အနိုင်ရခဲ့တာမဟူတ်လား.... "

ရှောင်ချူးက ခနလောက်တုန့်ဆိုင်းပြီးမှ
"..... ဒါပေမယ့် ချန်ချိုင်ရှုက မြေကြီးအဆင့်၉လေ.. "

"....သူနိုင်မလား မနိုင်ဘူးလားဆိုတာကို ငါတို့ခနနေရင်တွေ့ကျရတော့မှာပဲ... "
စွင်းကျန်းက ပြောလိုက်သည်
".... ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာကိုညစောင့်ကြည့်ကျတာပေါ့.... "

အဲ့အချိန်မှာပဲ သိုင်းပြိုင်စင်ပေါ်က ချန်ချိုင်ရှုကလဲ သူမရဲ့သိုင်းဝိညဉ်ကို ဆင့်ခေါ်ပြီးနေပြီပဲ ဖြစ်၏ ။ သူမရဲ့ သိုင်းဝိညဉ်ကတော့
ပန်းထိုးအပ် ပဲ ဖြစ်သည်။ ငွေရောင်ပန်းပွင့်တွေနဲ့ အလှဆင်ထားတဲ့
ရွှေရောင် ပန်ထိုးအပ် တချောင်းပဲ ဖြစ်လေသည်။

ငွေရောင်ပန်းပွင့်ပန်းထိုးအပ် သိုင်းဝိညဉ်က အဆင့်၉ သိုင်းဝိညဉ်အမျိုးအစားဖြစ်ကာ သူပုံပန်းသဏ္ဍာန်က သာမန်ချုပ်တဲ့အပ်နဲ့ ဘာမှသိပ်မကွာခြားပေ.. ။ ဒါပေမယ့် အဲ့လိုသိုင်းဝိညဉ်ကိုပိုင်ဆိုင်တဲ့ သူတွေကအရမ်းကိုကြောက်လန့်စရာကောင်းလေသည်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုသိုင်းဝိညဉ်ပုံစံမျိုးက ကြောက်စရာကောင်းလောက်တဲ့ တိုက်ခိုက်မှု စွမ်းရည်ကိုပိုင်ဆိုင်ထားလို့ပဲဖြစ်သည်။ အပ်ချောင်းရဲ့ အရွယ်အစားက အကြီးအသေးကြိုက်သလို အပြောင်းအလဲပြုလုပ်လို့ ရကာ သူတို့က ခုခံရတာအင်မတန်ကိုခက်ခဲလေသည်။

ချန်ချိုင်ရှုက သူမရဲ့သိုင်းဝိညဉ်ကိုဆင့်ခေါ်ပြီးတာနဲ့ သိုင်းဝိညဉ်နဲ့ပေါင်းစပ်ကာ ဝိညဉ်အသွင်ပြောင်းလိုက်၏ ။ ဝိညဉ်အသွင်ပြောင်းလဲပြီးတာနဲ့ သူမရဲ့ ခန္ဓာကိုယ်က ရွေရောင်နဲ့ ငွေရောင်တွေနဲ့ တလက်လက်တောက်ပလာတော့သည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၀၀ ...... ပျောက်ဆုံးနေသောယူမင်း

 
ချန်ချိုင်ရှုက သူမရဲ့သိုင်းဝိညဉ်ကိုဆင့်ခေါ်ပြီးတာနဲ့ သိုင်းဝိညဉ်နဲ့ပေါင်းစပ်ကာ ဝိညဉ်အသွင်ပြောင်းလိုက်၏ ။ ဝိညဉ်အသွင်ပြောင်းလဲပြီးတာနဲ့ သူမရဲ့ ခန္ဓာကိုယ်က ရွေရောင်နဲ့ ငွေရောင်တွေနဲ့ တလက်လက်တောက်ပလာတော့သည်။

ချန်ချိုင်ရှုက ရုတ်တရက် သူမရဲ့လက်နှစ်ဖက်ကိုလွဲယမ်းလိုက်၏။

"....ပန်းမိုးရွာ....."

သူမရဲရေရွတ်သံအဆုံးမှာတော့ ရွှေရောင် ၊ ငွေရောင်အပ်တွေအများကြီးလေထဲမှာပေါ်လာ၏ ။ အဲ့နောက် လေထဲမှာ ရွှေပန်း ငွေပန်းတွေဖူးပွင့်လာသလို အပ်တွေက အရှိန်အဟုန်ပြင်းပြင်းနဲ့ လည်ပတ်နေရင်း ပန်းပွင့်ပုံသဏ္ဍာန်ဖြစ်ပေါ်လာကျသည်။ မြင်လိုက်ရတဲ့သူတွေ အတွက်တော့ တကယ်ကိုအသက်ရှုမှားစေလောက်တဲ့ ပုံရိပ်တခုပဲ ဖြစ်လေသည်။ မျက်စိတမှိတ်လောက်အတွင်းမှာပဲ ရှောင်လုံကို ပန်းပွင့်ပုံသဏ္ဍာန် အပ်တွေက ဝန်းရံသွားလေသည်။

ရှောင်လုံကို အပ်တွေက ဝန်ရံသွားတာမြင်တော့ သိုင်းပြိုင်စင်အောက်ကနေကြည့်နေတဲ့ လီလူက စိတ်လှုပ်ရှားစွာနဲ့ အော်လိုက်သည်
"..... ရှောင်လုံရေ... သတိထား.... "

လီလူအသံဆုံးတာနဲ့ ရှောင်လုံက သူ့လက်ထဲကနတ်ဓားနှစ်လက်ကို ခေါ်ထုတ်ပြီးဖြစ်နေ၏ ။ အဲ့နောက် ရှောင်လုံက ဓားကိုင်လက်နှစ်ဖက်ကို အဆက်မပြတ်မွေ့ယမ်းလိုက်တော့ ဓားအလင်းတန်းတွေက လှိုင်းလုံးကြီးတွေလိုပေါ်ပေါက်လာကာ... "ဒန်... ဒန်.. ဒန်... " ဆိုတဲ့
အသံတွေက အသက်မပြတ်ပဲ့တင်ထွက်ပေါ်လာ၏ ။ မရေတွက်နိုင်အောင်များပြားလှတဲ့ အပ်တွေက ရှောင်လုံဓားလှိုင်းတွေနဲ့ ရင်ဆိုင်တွေကာ ရှောင်လုံဆီကိုမရောက်လာတော့ပဲ လမ်းကြောင်းပြောင်းသွားလေသည်။

"....ငရဲမင်းရဲ့ဒေါသ... "
ရှောင်လုံကရုတ်တရပ် သူဓားနှစ်လက်ကို ဓားကွက်ပုံဖော်လိုက်ပြန်သည်။ ချိုးခြေပစ်တဲ့ အသံတွေနဲ့ လေထုတခုလုံးတုန်ခါလာလေသည်။
အဲ့နောက် လူထုရဲ့မျက်လုံးတွေရှေ့မှာပဲ ဒေါသကြီးနေတဲ့ မီးတောင်နှစ်လုံးပေါက်ကွဲလာသလို ဓားအလင်းတန်းအုပ်စုနှစ်ခုထွက်ပေါ်လာကာ ချန်ချိုင်ရှုက မိစ္ဆာသားရဲကြီးတွေ အကောင်ပါင်းများစွာက ခွာဖြင့်နင်းချလိုက်သလို ပုံစံမျို့းဖြစ်ပေါ်လာ၏ ။

ရှောင်လုံက ငရဲမင်းဒေါသသိုင်းကွက်ကိုထုတ်သုံးလိုက်တာနဲ့ သိုင်းပြိုင်ကွင်းကြီးတခုလုံးတောင် တုန်ခါသွားသလိုဖြစ်သွားကာ ကြည့်ရှုနေကျတဲ့ လူအုပ်ကြီးလဲ ရုတ်ရုတ်သဲသဲ အံသြကုန်ကျ၏ ။

".... ရွှေအပ် ငွေအပ် ချပ်ဝတ်တန်ဆာ.... "
အံသြသွားတဲ့ ချန်ချိုင်ရှုလဲ ရုတ်တရက်သူမလက်နှစ်ဖက်ကိုဝေ့ယမ်းလိုက်လေသည်။ သူမလက်နှစ်ဖက်ကိုဝေ့ယမ်းလိုက်တာနဲ့ အဝေးကိုရောက်နေတဲ့ ရွှေအပ်ငွေအပ်တွေက သူမဆီကို ပြန်လာပြီး အပ်ပင်လယ်ကြီးတခုသဖွယ် ချန်ချိုင်ရှုရဲ့ ခန္ဓာကိုယ်ကို ချပ်ဝတ်တန်ဆာအဖြစ်ကာကွယ်လိုက်၏ ။

နားကန်သွားမတန်ကျယ်လောင်တဲ့ အသံကြီးထွက်ပေါ်လာသည်။
ချန်ချိုင်ရှုလဲ ပြင်းထန်တဲ့ အင်းအားတခုနဲ့ ထိမိလိုက်သလိုမျိုး အနေုက်ကိုထပ်ခါထပ်ခါဆုတ်သွားရသည်။ ချန်ချိုင်ရှုတယောက် ခြေကုပ်ယူရင်း သူမကိုယ်သူမတည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ
ရှောင်လုံကရုတ်တရက်ဆိုသလို သူမအရှေ့ကိုရောက်လာ၏ ။ ရှောင်လုံက ချန်ချိုင်ရှုအရှေ့ကိုရောက်တာနဲ့ တုန့်ဆိုင်းမနေတော့ပဲ လက်သီးဖြင့်ထိုးချလိုက်လေသည်။

တောင်ဖြိုလက်သီး.... !

သက်ရောက်မှုတွေကဆင့်ကာဆင့်ကာ ထွက်ပေါ်လာပြီး လက်သီးရဲ့စွမ်းအားကိုပိုမိုပြင်းထန်သွားစေလေသည်။ ရှောင်လုံ လက်သီးနဲ့ ထိုးချလိုက်တာကိုမြင်တော့ ချန်ချိုင်ရှုလဲ အရမ်းကိုတုန်လှုပ်ခြောက်ခြားသွားကာ သူမရဲ့လက်ဝါးဖြင့် ကဗျာကရာကာကွယ်လိုက်လေသည်။

လက်ဝါးနဲ့ လက်သီးတို့ရင်ဆိုင်တွေ့သွားကျ၏ ။ပြင်းထန်တဲ့ ထိခိုက်မှု နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်တွေ တုန်ခါသွားပေမယ့် ချန်ချိုင်ရှုကပဲ အနောက်ကိုဆုတ်လိုက်ရပြန်သည်။ ချန်ချိုင်ရှုလဲ အရမ်းကိုအံသြတုန်လှုပ်သွားတော့သည်။ မအံသြပဲခံနိုင်ရိုးလား ရှောင်လုံက မြေကြီးအဆင့်၈နောက်ဆုံး အဆင့်ပဲရှိသေးပြီး သူမကတော့ မြေကြီးအဆင့်၉
အတွင်းအားအဆင့်ကိုရောက်ရှိနေပြီမဟုတ်လား.... ။

ဒါအပြင်သူမက ဝိညဉ်အသွင်အဖြစ်တောင်ပြောင်းထားသေးတယ်မဟူတ်လား.. ။ ဒါတောင်မှ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာရော အတွင်းအားပိုင်းဆိုင်ရာရောက အခုထိ မြေကြီးအဆင့်၈ ပဲရှိသေးတဲ့ ရှောင်လုံထက်ပိုအားနဲနေတာလား..... ။

ဒီဟောင်ရှောင်လုံကဘယ်လိုသိုင်းကျင့်စဉ်မျိုးကို လေ့ကျင့်ထားပါလိမ့်.....?

"...အရိပ်မရှိ... ပုံသဏ္ဍာန်မရှိ... "
ရှောင်လုံကြောင့် သူမသိုင်းပြိုင်စင်ပေါ်ကနေ ပြုတ်ကျမတတ်ဖြစ်သွားတော့ ချန်ချိုင်ရှုက ပထမကသူမအံသြနေရာကနေ ဒေါသအရမ်းထွက်လာကာ သူမသိုင်းဝိညဉ်ရဲ့အစွမ်းအထက်ဆုံး သိုင်းကွက်ကိုထုတ်သုံးလိုက်လေသည်။ သူမရဲ့လက်ကိုဆန့်ထူတ်လိုက်ကာ ပုံစံတမျိုးဖြင့် ဝေ့ယမ်းလိုက်တယ်ဆိုရင်ပဲ မရေတွက်နိုင်တဲ့ ရွှေရောင်အပ်တွေက ရှောင်လုံဆီကို တဟုန်ထိုးပြေးသွားကျ၏ ။ ဒါပေမယ့် ရှောင်လုံဆီကိုမရောက်ခင် လမ်းတဝက်လောက်မှာပဲ အဲ့ဒီရွှေရောင်အပ်တွေအကုန်လုံး ရုတ်တရပ်ပျောက်ဆုံးသွားကာ တုန်ခါနေတဲ့ လေထုတခုလုံးငြိမ်သက်သွားပြီး ဘာစွမ်းအင်လှုပ်ရှားထကြွမှုအရိပ်အယောင်မှ
မရှိတော့ပေ... ။

ဒါကတော့ ချန်ချိုင်ရှု ရွှေငွေအပ် သိုင်းဝိညဉ်ရဲ့ အစွမ်းထက်ဆုံးသိုင်းကွက်ဖြစ်တဲ့ အရိပ်မရှိ ပုံသဏ္ဍာန်မရှိဆိုတဲ့ သိုင်းကွက်ပဲ ဖြစ်သည်။
သူက ကိုယ်ပျောက်တိုက်ခိုက်သလိုပုံစံမျိုးဖြစ်ပြီး အရမ်းကိုခုခံရခက်ခဲတဲ့သိုင်းကွက်တခုပဲ ဖြစ်၏ ။

".... ဒီတခေါက်ရော ဒီကောင်လေး ချန်ချိုင်ရှုရဲ့ အစွမ်းအထက်ဆုံးသိုင်းကွက်ကို ဘယ်လိုတုန့်ပြန်တိုက်ခိုက်အုံးမလဲမသိဘူး.... ဒါသာမခုခံနိုင်ရဲ့ရင်တော့ ဒိတကွက်ထဲနဲ့ အဆုံးအဖြတ် အဖြေပေါ်လာမှာပဲ..."
အရေးကြီးဧည်သည်ဆောင်မှာထိုင်နေတဲ့ ရှောင်းချူးက မှတ်ချက်ပေးလိုက်လေသည်။

ကျောင်းအုပ်ကြီးစွင်းကျန်းကတော့ သိုင်းပြိုင်စင်ပေါ်ကိုရှောင်လုံကို မှတ်တောင်မခတ် စူးစိုက်အကဲခတ်နေ၏ ။ သူကိုယ်တိုင်လဲ ချန်ချိုင်ရှုရဲ့
နာမယ်ကြီးသိုင်းကွက်ကို ရှောင်လုံတယောက်ဘယ်လိုချေဖျက်သွားမလဲဆိုတာကို အရမ်းသိချင်နေလေသည်။

စင်အောက်ကလီလူကတော့ ရှောင်လုံအတွက်စိတ်ပူကာ သူမရင်ထဲတင်းကျပ်လာသလိုခံစားလိုက်ရသည်။ လူခိုင် ၊ ချန်ဖေးယွန် နဲ့ တခြား
တန်းခွဲခြောက်ကကျောင်းသားတွေလဲ ရှောင်လုံတယောက် ချန်ချိုင်ရှုရဲ့အသံတိတ်သိုင်းကွက်ကို ဘယ်လိုရှောင်တိမ်းသွားမလဲဆိုတယကိုအရမ်းသိချင်နေကျသည်။

အားလုံးကသံသယဖြင့်စောင့်ကြည့်နေကျတုံးမှာပဲ ရှောင်လုံက လေထဲကိုခုန်လိုက်ကာ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ်လည်ပတ်ရင်း သူ့ဓားတွေကို လွှဲယမ်းလိုက်၏ ။ အားလုံရဲ့ မျက်စိရှေ့မှာပဲ ဓားအလင်းတန်းတွေက မိုးကြိုး လျှပ်ပန်းလျှပ်နွယ်တွေ အဖြစ်ပြောင်းလဲသွားကာ ရှောင်လုံကိုယ်ကလဲ လေထဲမှာ မရပ်မနားလှည့်ပတ်နေကာ
လေထဲက ရှောင်လုံလှည့်ပတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ လျှပ်စီးမုန်တိုင်းကို ပိုမိုဒေါသကြီးပြင်းထန်လာလေသည်။

လျှပ်စီးတချက်လက်လိုက်တိုင်းမှာ အရိပ်မရှိ ပုံသဏ္ဍန်မရှိတဲ့ ရွှေရောင်အပ်တွေအကုန်လုံးကိုယ်ပျောက်နေရာကနေ ပြန်ပေါ်လာကျပြီး
လျှပ်စစ်မုန်တိုင်းနဲ ထိတွေ့မိကာ အဝေးကိုလွှင့်ထွက်သွားကျ၏ ။

တချိန်မှာပဲ လျှပ်စစ်မုန်တိုင်းရဲ့ ဧရိယာကြိးက လျင်မြန်စွာဖြင့် သိုင်းပြိုင်စင်တခုလုံးကို ပျံနှံရောက်ရှိလာလေသည်။ ရုတ်တရက် လျှပ်စစ်မုန်တိုင်းတွေဖုံးလွှမ်းလာတာကိုမြင်တော့ ချန်ချိုင်ရှုလဲ ကြောက်လန့်တကြားရှောင်တိမ်းဖို့ကြိုးစားလိုက်ပေမယ့် လျှပ်စီးတချက်ထိမှန်ကာ
သိုင်းပြိုင်စင်ပေါ်ကျနေပြုတ်ကျသွားလေသည်။

ချန်ချိုင်ရှု စင်ပေါ်ကနေ ပြုတ်ကျသွားတော့မှရှောင်လုံလဲ သူလှည့်ပတ်နေတာတွေကို ဖြည်းဖြည်းချင်လျော့ချကာ လုံးဝရပ်ပလိုက်၏ ။ အဲ့နောက် သူလေထဲကနေသိုင်းပြိုင်စင်ပေါ်ကိုလဲ ပြန်ကျလာရော ဒေါသတကြီးပြင်းထန်နေတဲ့ လျှပ်စစ်မုန်တိုင်းလဲ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

အဲ့ဒိရလဒ်အဖြေက လာရောက်ကြည့်ရှုသးအပေါင်းကို အံသြဘနန်းဖြစ်သွားစေ၏ ။ အခြေအနေတွေပြောင်းလဲသွားတာကအရမ်းကိုမြန်ဆန်လွန်းတာမို့ ကျောင်းအုပ်ကြီး စွင်းကျန်း နဲ့ ရှောင်းချူးတို့တောင်မှ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အချိန်မှီတုန့်ပြန်နိုင်စွမ်းမရှိခဲ့ပေ.. ။
ရှောင်လုံက ချန်ချိုင်ရှုရဲ့ အစွမ်းထက်ဆုံးသိုင်းကွက်ကို ဘယ်လိုရှောင်တိမ်းသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေကျတဲ့ သူတွေက ချန်ချိုင်ရှု ုရုတ်တရက်ရှုံးနိမ့်သွားတာကိုမြင်တော့ပါးစပ်အဟောင်းသား ဖြစ်ကုန်ကျသည်။

".....ဒီကောငိလေးအခုသုံးသွားတဲ့ သိုင်းကွက်က ဘာသိုင်းကွက်လဲဆိုတာ မင်းသိလား... "
ခနလောက်ကြာတော့မှ အံသြနေရာကနေ ပြန်သတိဝင်လာတဲ့ ကျောင်းအုပ်ကြီးစွင်းကျန်းက ရှောင်းချူးကို မေးလိုက်၏ ။

လက်ထောကိကျောင်းအုပ် ရှောင်းချူလဲ သူခေါင်းကိုအဆက်မပြတ်ခါရင်း ပြန်ဖြေလိုက်သည်
".... ကျွန်တော်လဲ သိုင်းလောကထဲရောက်တာ အနှစ်တရာကျော်ပါပြီ.. ဒါပေမယ့် ဒီလိုသိုင်းကွက်မျိုးတခါမှမမြင်ဘူးသေးဘူး....  ဒီသိုင်းကွက်က မင်းသားလေးလူခိုင်ကို အနိုင်ယူသွားတဲ့ သိုင်းကွက်ရဲ့နောက်ဆက်တွဲသိုင်းကွက်ပဲ ဖြစ်ရမယ်.... "

စွင်းကျန်းကလဲ သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်ကာ
".. ဒီကောင်လေး ချန်ချိုင်ရှုကိုအနိုင်ယူဖို့ သူရဲ့ ကမ္ဘာဥိး နတ်နဂါးသိုင်းဝိညဉ် ကိုတောင်ဆင့်မခေါ်ခဲ့ဘူးနော်....  သူသာ သူ့ရဲ့ကမ္ဘာဦးနတ်နဂါးသိုင်းဝိညဉ်ကိုဆင့်ခေါ်ပြီး ဝိညဉ်အသွင်ပြောင်းတိုက်ခိုက်မယ်ဆိုရင် မြေကြီးအဆင့်၉ အလယ်အဆင့်သိုင်းသမားတွေကိုတောင်
အနိုင်ရသွားမယ်ထင်တယ်... "

အဲ့အချိန်မှာပဲ သိုင်ပြိုင်ကွင်းတခုလုံးက လာရောက်ကြည့်ရှုသူတွေ
ကျောင်းသားတွေနဲ့ ဆရာတွေဆီကနေ မိုးခြိမ်းသံကဲ့သို့ တသောသောညံနေတဲ့ ချီးကျူး လက်သံတွေအများကြီးထွက်ပေါ်လာလေသည်။
အထူးသဖြင့် လီလူဆီကပဲ ဖြစ်၏ ။ သူမက သူမလက်နှစ်ဖက်ကို တီးနိုင်သလောက်အကျယ်ဆုံး ဖြစ်အောင် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် တီးနေလေသည်။ သူမရဲ့ လှပတဲ့ မျက်လုံးရွှဲကြီးတွေမှာလဲ ပီတီမျက်ရည်စို့နေကာ အရမ်းကိုချစ်စရာကောင်းနေ၏ ။

စင်အောက်ကိုပြုတ်ကျလာတဲ့ ချန်ချိုင်ရှုကိုကြည့်ရတာ အရမ်းစိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ပုံမပေါ်ပဲ သူမက ရှောင်လုံကိုကြည့်ရင်း တခုခုကို စဉ်းစားနေတဲ့ ပုံစံဖြစ်နေ၏ ။

အဲ့နောက်ချန်ချိုင်ရှုက လီလူအနားကိုလာကာ ပြုံးရင်းပြောလိုက်သည်
"... ညီမလေး လီလူ....  ငါနင်ကို တကယ်အားကျလာပြီသိလား
နောက်နှစ်နှစ်လောက်ကြာလို့ နင်တို့နှစ်ယောက်လက်ထပ်မယ်ဆိုရင် ငါကိုဖိတ်ဖို့မမေ့နဲ့အုံးနော် သိလား.... "

ချန်ချိုင်ရှု စကားကြားတော့ လီလူရဲ့ လှပတဲ့ မျက်နှာလေးက ရဲရဲနီသွားကာ
".... အမချန်.... ဘာတွေပြောနေတာတုံး.... "

လီလူ ရှက်သွားတဲ့ ချစ်စဖွယ်ပုံစံကိုကြည့်ရင်းချန်ချိုင်ရှုက တဟာဟားအော်ရီလိုက်လေသည်။သိပ်မကြာခင်မှာပဲ ပထမနှစ် ၊ ဒုတိယနှစ်နဲ့ တတိယနှစ်တွေအတွက် ချန်ပီယံအသီးသီပေါ်ထွက်လာလေသည်။ ရှောင်လုံက ဒုတိယနှစ်အတန်းအတွက် ချန်ပီယံဖြစ်တာမို့
စဦးအဆင့် ၅ ဝိညဉ်ဆေးလုံးကိုဆုအဖြစ်ရရှိခဲ့သည်။

ဆုပေးအပ်ချီးမြှင့်ပွဲပြီးသွားတော့ လူတွေအကုန်လုံးသိုင်းပြိုင်ကွင်းထဲကနေ တဖွဲဖွဲထွက်ခွာသွားကျလေသည်။ ဒါပေမယ့် စွင်းကျန်းနဲ့ ကှောင်းချူးကတော့ ရှောင်လုံလက်ကို ဆွဲထားတာ မသွားသေးဖို့ မျက်ရိပ်ပြလိုက်၏ ။

အရင်နှစ်တွေတုံးကဆိုရင် နှစ်ကုန်သိုင်းပြိုင်ပွဲပြီးသွားတိုင်း စွင်းကျန်းနဲ့ ရှောင်းချူးတို့က ရှောင်လုံကို ပုံမှန်ဆုတွေအပြင်
အဆင့်မြင့် အဆင့်၅ ဝိညဉ်ဆေးလုံးကို အထူးဆုအဖြစ်ပေးအပ်လေ့ရှိကျသည်။ သူတို့စိတ်ထဲမှာထင်နေတာက ရှောင်လုံ တယောက် ဒိလောက်မြန်မြန်ဆန်ဆန် အတွင်းအားအဆင့်တွေတိုးတက်လာရခြင်းက သူတို့ ပေးခဲ့တဲ့ ဝိညဉ်ဆေးလုံးတွေကြောင့်လို့ ထင်မြင်ယူနေကျလေသည်။ တကယ်တမ်းသူတို့မသိတာက သူတို့ပေးခဲ့တဲ့ ဝိညဉ်ဆေးလုံးတွေအကုန်လုံး ရှောင်လုံရဲ့ မိဘတွေဆီကို ရောက်ကုန်ကျတယ်ဆိုတဲ့ အချက်ပဲ ဖြစ်လေသည်။

ကျောင်းရဲ့ နှစ်ကုန်သိုင်းပြိူင်ပွဲပြီးသွားတော့ရှောင်လုံတို့လဲ ထျန်ယွမ်အိမ်တော်ဆီကိုပြန်လာကျ၏ ။ ရှောင်လုံတို့ ထျန်ယွမ်အိမ်တေယ်ကိုပြန်ရောက်လာတော့ မိန်းခန်းမဆောင်ထဲမှာ သူတို့ကိုစောင့်စားနေတဲ့ စစ်သူကြီးချုပ်ဟောက်ထျန်ကို တွေ့လိုက်လေသည်။

"..... မင်းတို့ဆရာယူမင်း အကြောင်းဘာမှသတင်းမကြားသေးဘူးလား.... ?." ရှောင်လုံက ဟောက်ထျန်ကိုမေးလိုက်သည်။ ယူမင် နတ်တံခါးဂိုဏ်းဋ္ဌာနချုပ်ကိုပြန်ဖို့ တိမ်ကြယ်တာရာတိုင်းကို ထွက်သွားတာက ခုဆိုရင် လေးနှစ်ဆိုတဲ့ အချိန်အတိုင်းတာကိုတောင် ကျော်နေပြီမဟုတ်လား... ။ ဒါပေမယ့် သူထွက်သွားကတည်းက အခုချိန်ထိ သူသတင်းကို လုံးဝမကြားရတော့ပဲ ယူမင်း တယောက် လေထဲကိုပျောက်ကွယ်သလိုမျိုး ဖြစ်သွားလေသည်။ လွန်ခဲ့တဲ့နှစ်နှစ်လုံးလုံး
ရှောင်လုံက စစ်သူကြီးဟောက်ထျန်နဲ့ ဖေးဟိုကို ယူမင်းအကြောင်းကိုတတ်နိုင်သမျှ စုံစမ်းပေးဖို့ စေခိုင်းထားလေသည်။

Continue Reading

You'll Also Like

243K 7.5K 50
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
233K 6.8K 137
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
116K 1.9K 46
A 14 year old Hardcore Punk kid has been working with animals all his life, traveling across the world to help save and protect them. His grandfather...
52.5K 833 15
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...