ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

91 - 95

409 34 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၉၁ ......မြေကြီးအဆင့်၇ကိုရောက်ရှိချင်း

    ရှောင်လုံလဲ ရှောင်းမေကွီသင်တဲ့ အတန်းကိုတချိန်လောက်ပဲတက်ပြီးတာနဲ့ ကျောင်းစာကြည့်တိုက်ကိုသွားလိုက်၏ ။ သူ့ရဲ့နတ်တံခါးဂိုဏ်း တည်နေရာဋ္ဌာနချုပ်က တိမ်ကြယ်တာရာတိုင်းမှာ တည်ရှိတယ်ဆိုတာကို သိပြီးကတည်းက သူတိမ်ကြယ်တာရာ တိုင်းကြီးရဲ့ အကြောင်းကို ပိုပြီးပြည့်ပြည့်စုံစုံသိချင်နေလေသည် ။

ရှောင်လုံလဲ စာကြည့်တိုက်မှာ တိမ်ကြယ်တာရာအကြောင်းရေးသားထားတဲ့ စာအုပ်တွေကို လေ့လာနေရင်းဖြင့် တရက်တာကျောင်းတက်ချိန်ကို ကုန်ဆုံးလိုက်သည်။ ရှောင်လုံ ကျောင်းစာကြည့်တိုက်ကနေထွက်လာတဲ့အချိန်မှာတော့ နေခင်းအချိန်ကိုရောက်ရှိသွားလေသည်။ အခုချိန်က နှစ်သစ်ကူးရက်တွေပြီးလို့ တလကျော်ကျော်လောက်ပဲရှိသေးပေမယ့် နေရောင်ခြည်ရဲ့ အပူချိန်ကအရမ်းကိုပြင်းထန်နေကာ စာကြည့်တိုက်ထဲကနေ ထွက်လာတဲ့ ရှောင်လုံတကိုယ်လုံး နေရောင်ကြည်စွမ်းအင်တွေနဲ့ ထိတွေ့ကာ နွေးထွေးသွားသလိုခံစားလိုက်ရသည်။

သူထျန်ယွမ်အိမ်တော်ကိုပြန်ရောက်လာတော့ သူ့ညီနဲ့ ညီမက နန်းတွင်းမြို့တော်ထဲမှာ ကစားဖို့ အပြင်ကိုလစ်ထွက်သွားကျပြီ ဖြစ်ပြီး အိမ်တော်တခုလုံးမှာ သူတို့အရိပ်အယောင်ကိုမတွေ့ရချေ..... ။
ခရမ်းရောင်မျောက်လေးကလဲပျောက်ချက်ကောင်းနေ၏ ..။ ကြည့်ရတာဒိကောင်လေးလဲ မိစ္ဆာသားရဲကြီးတွေရဲ့ အမြူတေကို မြိုချပြီး သိုင်းလေ့ကျင့်ဖို့အတွက်  ငွေလသစ်တောထဲကိုသွားပြီး အမဲလိုက်နေတယ်ထင်တယ်..... ။

အဲ့ကောင်လေးသုံးကောင်က ထျန်ယွမ်အိမ်တော်မှာ ပျောက်ချက်သားနေပေမယ့် သူ့မိဘတွေကတော့ ထျန်ယွမ်အိမ်တော်မှာရှိနေလေသည်။ ရှောင်လုံက သူ့အဖေနဲ့ အမေကို သူ့ရဲ့ ကိုယ်တွင်းအားသိုင်းကျင့်စဉ်ကို သင်ကြားပေးထား၏ ။  ကိုယ်တွင်းအားသိုင်းကျင့်စဉ်က
သူတို့အတွက် အရမ်းကိုအကျိုးကျေးဇူးရှိစေမှာမို့ ကြိုးကြိုးစားစား လေ့ကျင့်ဖို့လဲ အကြံပေးထားသည်။

သူ့အဖေနဲ့အမေရဲ့နောက်ပိုင်း သိုင်းအဆင့် တိုးတက်လာနိုင်စွမ်းကတော့ သူတို့ရဲ့သိုင်းဝိညဉ်အဆင့်နိမ့်တာမို့  သူတို့သိုင်းအဆင့်တက်နိုင်စွမ်းကအရမ်းကိုအခွင့်အရေးနဲပါး၏ ။ သူတို့ကောင်းကင်အဆင့် သိုင်းသမားဖြစ်ဖို့အခွင့်အရေးကတော့မရှိသလောက်ကို နဲပါးလှသည်။ ဒါပေမယ့် ရှောင်လုံသင်ပေးထားတဲ့ ကိုယ်တွင်းအားကျင့်စဉ်ရဲ့ အထောက်အကူနဲ့ဆိုရင် သူတို့ကောင်းကင်အဆင့်သိုင်းသမား ဖြစ်နိုင်ဖို့ အခွင့်အရေး အရမ်းကိုတိုးတက်လာနိုင်၏။

ဥပမာအနေနဲ့ ရှောင်လုံကသာ သူ့ရဲ့ကိုယ်ခန္ဓာအသွင်းပြောင်း
သိုင်းကျမ်းကို အဆင့် ၁၀ ကိုရောက်အောင်ကျင့်နိုင်မယ်ဆိုရင် သူ့ရဲ့ကိုယ်တွင်းအင်အားတွေက ကောင်းကင်သိုင်းသမားအဆင့်ရဲ့ ကိုယ်တွင်းအင်အားတွေနဲ့ ညီမျှလာနိုင်သည်။

ဟောင်ပန်နဲ့ စုရန်တို့လဲ သူတို့သာ ကိုယ်တွင်းအင်အားကျင့်စဉ်ကို
ကြိုးကြိုးစားစားလေ့ကျင့်မယ်ဆိုရင် သူတို့ကောင်းကင်အဆင့်သိုင်းသမားဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေရှိလာနိုင်တယ်ဆိုတာ
ကိုရှောင်လုံဆီကနေ ကြားတော့ သူတို့နှစ်ယောက် အရမ်းကို ပီတိဖြာသွားကျသည်။ အရင်က သူတို့အတွက်ကောင်းကင်သိုင်းသမားဆိုတာ ကောင်းကင်ကလမင်းကြီးလို့ သူတို့နဲ့လားလားမှ မဆိုင်တဲ့အရာတခုမဟုတ်လား....။

သူမိဘတွေကို ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းသင်ကြားလိုက်ပေးပြီးတဲ့နောက် ရှောင်လုံက သူတို့ သိုင်းကျင့်စဉ်ကိုလေ့ကျင့်ရာမှာ
ကြုံတွေလာနိုင်တဲ့ အခက်အခဲတွေ ကျင့်စဉ်ထဲက နားလည်ရခက်တဲ့
အဆင့်တွေ အကြောင်းကိုသေသေချာချာ အသေးစိတ်ရှင်းပြလိုက်၏။

နှစ်နာရီကျော်ကျော်လောက် သေသေချာချာ ရှင်းပြခဲ့ ပြီးတဲ့နောက်မှ ရှောင်လုံလဲ သူမိဘတွေနေထိုင်တဲ့ ခြံဝန်းထဲကနေ ထွက်ခွာလာကာ
သူ့ကိုယ်ပိုင်ခြံဝန်းဆီကိုပြန်လာလိုက်သည်။ သူကိုယ်ပိုင်ခြံဝန်းထဲကိုရောက်တာနဲ့ သူ့လေ့ကျင့်လက်စ ငရဲမင်းဒေါသ သိုင်းကွက်နဲ့ နတ်အတွင်းအားနည်းစနစ်ကို တလှည့်စီ စတင်လေ့ကျင့်တော့သည်။

အဲ့လိုနဲ့ အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးလာပြီး တလဆိုတဲ့ အချိန်က ကုန်ဆုံးသွားလေသည် ။ ဒီတလ လုံးလုံးမှာ ရှောင်လုံက သူ့အခန်း
အပြင်ဘက်ကိုတောင် လုံးဝမထွက်ပဲ နတ်အတွင်းအားနည်းစနစ် ၊ ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်း ၊ ငရဲမင်းရဲ့ဒေါသ သိုင်းကွက်တွေအပေါ်မှာပဲ လုံးဝကိုအာရုံစူးစိုက်ထားကာ တလလုံးလုံး ပြင်ပြင်းထန်ထန်လေ့ကျင့်ခဲ့လေသည်။

တခုသောညချမ်းအချိန်......
ရှောင်လုံက ပုံမှန်အတိုင်းပဲ သူ့ရဲ့ကျောက်စိမ်းကုတင်ပေါ်မှာတင်ပျင်ခွေထိုင်ကာ နတ်အတွင်းအားနည်းစနစ်ကိုလေ့ကျင့်နေသည်။ လမင်းရဲ့ ဝိုးတဝါးနဲ့တောက်ပနေတဲ့ အလင်းရောင်က ရှောင်လုံကိုယ်အနောက်ဘက်မှာ မျောလွင့်ကာရပ်နေတဲ့ အမဲရောင်နဂါးကြီးနဲ့ အပြာရောင်နဂါးကြီးတို့ရဲ့ ကိုယ်ပေါ်ကိုဖြန့်ကျက် ကျရောက်နေ၏။
ရှောင်လုံရဲ့ အမြွာသိုင်းဝိညဉ် နဂါးနှစ်ကောင်က နတ်အတွင်းအားနည်းစနစ်ကြောင့် လေဟာနယ်ထဲကနေ တိုးထွက်နေတဲ့ ငရဲကနေလာတဲ့ ဝိညဉ်စွမ်းအင်တွေကို အငမ်းမရဝါးမြိုနေကျသည်။အတွင်းအားချီတွေက ရှောင်လုံကိုယ်ထဲမှာ စတင်မြည်ဟိန်းလာကာ သွေးကြောတွေအတွင်းရုတ်တရက် အတွင်းအားချီတွေ ဆောင့်တက်များပြားလာ၏ ။

လင်းလောင်ရတနာစေတီကလဲ ရှောင်လုံညာဘက်ခေါင်းပေါ်မှာ မျောလွင့်တည်ရှိနေပြီ အဆုံးမရှိတဲ့ မီးနဂါးချီတွေကို လွှတ်ထုတ်ပေးနေ၏
ရှောင်လုံက သူ့ရဲ့ နတ်အတွင်းအားနည်းစနစ်ကို ထပ်ခါထပ်ခါလေ့ကျင့်နေ၏ ။ ရှောင်လုံကိုယ်ထဲက လျှံတက်များပြားလာတဲ့ အတွင်းအားကီတွေကလဲ သူ့သွေးကြောတွေထဲမှာပိုမို မြန်ဆန်စွာ စီးဆင်းလာကျသည်။ သူတို့ရဲ့ အဆက်မပြတ်လှည့်လည်စီးဆင်း တိုက်ဖျက်မှုကြောင့် ရှောင်လုံ မြေကြီးအဆင့်၆ ကနေ အဆင့် ၇ ကိုကျော်ဖြတ်ရောက်ရှိနိုင်ဖို့ကာရံထားတဲ့ အတားအဆီးအလွှာက အတွင်းအားချီတွေရဲ့ တိုက်ဖျက်မှုကြောင့် တဖြည်းဖြည်းပါးလှပ်လာလေသည်။

ရှောင်လုံလဲ ဇွဲသန်သန်နဲ့ ထပ်ခါထပ်ခါ သိုင်းလေ့ကျင့်မှာနေရာ အချိန်ဘယ်လောက်ကြာသွားလဲဆိုတာကိုတောင် သူမသိနိုင်တော့ချေ.... ။ အဲ့နောက် တစ်ခုသောအချိန်မှာ ပြင်းပြင်းထန်ထန်သိုင်းလေ့ကျင့်နေတဲ့ ရှောင်င်လုံကိုယ်လုံးက ရုတ်တရက်တုန်ခါသွား၏ ။ အဲ့နောက် သူ့ကိုယ်ထဲမှာ အဆင့် ၇ ကိုကာရံထားတဲ့ အတားအဆီးအလွှာ ကျိုးပေါက်သွားသံကို ရှောင်လုံ ကြားလိုက်ရခေသည် ။
အင်း..... မြေကြီးအဆင့် ၇ ကိုနောက်ဆုံးတော့ရောက်ရှိလာပြီပဲ... ။

ငရဲက ဝိညဉ်စွမ်းအင်တွေက ရှောင်လုံရဲ့ မြေကြီးအဆင့် ၇ အသစ်စက်စက်သွေးကြောတွေထဲကို အရှိန်အဟုန်ပြင်းထန်စွာဖြင့် တဟုန်ထိုးတိုးဝင်လာကျသည်။ အဲ့နောက် ရှောင်လုံရဲ့ နှလုံးသားနေရာလောက်မှာ အတွင်းအားချီပင်လယ် ဖြစ်ပေါ်လာလေသည်။ အတွင်းအားချီတွေက မြေကြီးအဆင့်၇ သွေးကြောတွေထဲကနေ အဆက်မပြတ်တိုးဝင်လာကာ ရှောင်လုံ နှလုံးသားနေရာလောက်မှာ အသစ်ဖြစ်ပေါ်နေတဲ့ ချီပင်လယ်ဆီကို သွားစုစည်း ကျလေသည်။

မြေကြီးအဆင့် ၇သိုင်းသမားဖြစ်လာတော့ ရှောင်လုံခန္ဓာကိုယ်မှာ
အရင်မြေကြီးအဆင့်၇ အောက်ပိုင်းအတွင်းအားအဆင့်တွေနဲ့ မတူပဲ
မြေကြီးအဆင့်၇ သိုင်းသမားတွေရဲ့ ထုံးစံအတိုင်း အတွင်းအားစုဖို့ ချီပင်လယ်က သူ့ရင်ဘက်နားမှာပေါ်ပေါက်လာ၏ ။  ချီပင်လယ်သူ့ထဲမှာ  အတွင်းအားချီတွေက အလျှံအပယ်ကိုသိုလှောင်ထားနိုင်စွမ်းရှိသည်။
အကယ်၍ အရင်က သွေးကြောတွေထဲမှာ သိုလှောင်ထားတဲ့ အတွင်းအားတွေက မြစ်လေးတခု နဲ့တူတယ်ဆိုရင် အခု ချီပင်လယ်ထဲမှာ သိုလှောင်ထားနိုင်တဲ့ အတွင်းအားတွေက ကြီးမားကျယ်ပြန့်လှတဲ့ ပင်လယ်တစင်းနဲ့ တူ၏ ။

အဆင့် ၇ သိုင်းသမား ဖြစ်သွားပြီး တစ်စက္ကန့်လောက်အကြာမှာပဲ
ရှောင်လုံအနောက်မှာမျောလွင့်တည်ရှိနေကျတဲ့ နဂါးအမဲကြီးနဲ့ နဂါးအပြာရောင်ကြီးတို့ဆီကနေ ရုတ်တရက် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ဖြစ်ပေါ်လာသည်။ အမြွာနဂါးနှစ်ကောင်ရဲ့ ကိုယ်ခန္ဓာတွေ ပိုမိုကြီးမားလာကာ အမဲရောင်နဲ့ အပြာရောင် အကြေးခွံတွေက ပိုမိုသိပ်သည်းကျစ်လစ်လာကျသည်။ အဲ့ဒါတွေထဲကမှ အထူးခြားဆုံးအချက်ကတော့
နဂိုလက်သည်းလေးခုပဲရှိတဲ့ နဂါးကြီးနှစ်ကောင်က အခုအပိုလက်သည်းတခုဆီထပ်ထွက်လာကာ လက်သည်းငါးခုနဲ့ နဂါးတွေဖြစ်ကုန်ကျလေသည်။ နဂါးနှစ်ကောင်က သူတို့ဦးခေါင်းတွေကို ကောင်းကင်ဘက်သို့ မျက်နှာမူလိုက်ပြီး အဆက်မပြတ်ဟိန်းဟောက်လိုက်လေသည်။ နဂါးတကောင်ပိုင်ဆိုင်တဲ့  ကြီးကျယ်မြင်မြတ် အရှိန်အဝါတွေက အခန်းတခုလုံးကိုပျံနှံရောက်ရှိသွား၏ ။

ရှောင်လုံကိုယ်မှာလဲ အလင်းရောင်အတားအဆီးတခုလိုမျိုး တဖျက်ဖျက်လင်းလက်နေတဲ့ အလင်းရောင်တွေက သူတကိုယ်လုံးကိုလွှမ်းခြုံထားလေသည်။

ရှောင်လုံလဲ လက်ရှိအခြေအနေကို ကြည့်ရင်း အရမ်းကိုပိတီဖြာသွားလေသည်။
သူနောက်ဆုံးတော့..... မြေကြီးအဆင့်၇ သိုင်းသမားတယောက်ဖြစ်လာခဲ့ပြီလေ.......။

မြေကြီးသိုင်းသမားအဆင့်တွေမှာဆိုရင် အဓိကပိုင်းခြားထားတဲ့ အဆင့်နှစ်ခုပဲရှိ၏ ။ တဆင့်က မြေကြီးအဆင့်၄ ဖြစ်ပြီး နောက်တဆင့်ကတော့ မြေကြီးအဆင့်၇ပဲ ဖြစ်သည်။  လူတော်တော်များများကတော့ ဆယ်စုပေါင်းများသွာ သိုင်းလေ့ကျင့်ပြီးမှ မြေကြီးအဆင့်၇ ကိုကျော်ဖြတ်နိုင်ကျသည်။ တချို့ဆို မြေကြီးအဆင့် ၇ ကိုတောင် မကျော်ဖြတ်နိုင်ကျချေ..... ။

ဒီလူတောင်းနိုင်ငံရဲ့ မြို့လေးတွေမှာဆိုရင် ရှောင်လုံလို မြေကြီးအဆင့် ၇ သိုင်းသမားတယောက်က ဘုရင်တယောက်လိုအနေအထားနဲ့တူညီလေသည်။ ဒါပေမယ့် အခုချိန်မှာ ရှောင်လုံရဲ့ အသက်က ၁၁နှစ်တောင် မပြည့်သေးဘူးလေ.... ။

သူသိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် လူတောင်းနိုင်ငံရဲ့ဘုရင်မင်းမြတ်တောင် အသက်၁၃နှစ်ကျမှ မြေကြီးအဆင့်၇ သိုင်းသမားအဆင့်ကို ရောက်ရှိခဲ့တာပဲ ဖြစ်သည်။

ရှောင်လုံက သူ့ရင်ထဲက အပျော်တွေကို ထိန်းချုပ်လိုက်ပြီး နတ်အတွင်းအားနည်းစနစ်ကိုဆက်လက်လေ့ကျင့်လိုက်ကာ ငရဲဝိညဉ်စွမ်းအင်တွေကို သန့်စင်ပြီး သူ့ကိုယ်ထဲကိုစုပ်ယူလိုက်သည်။ နဂါးအမဲနဲ့ နဂါးအပြာကြီးတို့ ဆင့်ကဲပြောင်းလဲသွားပြီးတဲ့နောက်မှာ သူတို့ရဲ့ ငရဲမှ
ဝိညဉ်စွမ်းအင်တွေကို ရှောင်လုံကိုယ်ထဲရောက်အောင်စုပ်ယူနိုင်စွမ်းက သူမြေကြီးအဆင့်၆အထွတ်အထိပ်တုံးက အခြေအနေတွေနဲ့ နှိုင်း
ယှဉ်ကြည့်ရင် သုံးဆလောက်ပိုမိုမြန်ဆန်လာလေသည်။

ရှောင်လုံကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ချီပင်လယ်က စစဖြစ်ပေါ်လာချင်းမှာ မိုးခေါင်တဲ့ ဒေသက ဘာမှမရှိတဲ့ ပင်လယိကြီးလိုခြောက်ကပ်နေသည်။  ဒါပေမယ့် ရှောင်လုံက ငရဲကဝိညဉ်စွမ်အင်တွေကို သန့်စင်ပြီးအတွင်းအားအဖြစ်ပြောင်းလဲကာ ချီပင်လယ်ထဲမှာ အဆက်မပြတ်စုစည်းသိုလှောင်နေ၏ ။ တဖြည်းဖြည်းနဲ့ ခြောက်ကပ်နေတဲ့ ချီပင်လယ်
ကြီးက အတွင်းအားချီတွေနဲ့ ပြည့်လျှံလာသည်။

တချိန်ထဲမှာပဲ ငရဲဝိညဉ်အတွင်းအားတွေကို ရှောင်လုံရဲ့ ကြွက်သားတွေ၊ အသားတွေ၊ အရိုးအရွတ်နဲ့ အရေပြားတွေကို ဆေးကြောသန့်စင်ပေးနေသည်။ သူမြေကြီးအဆင့်၇ကိုမရောက်ခင်ကတော့ အတွင်းအားချီတွေက ခန္ဓာကိုယ်ရဲ့ အပြင်ဘက်အလွှာတွေကို သန်မာလာအောင်မလုပ်နိုင်ခဲ့ပေ..... ။ ဒီလိုအစွမ်းမျိုးက မြေကြိးအဆင့်၇ ကိုရောက်ရှိလာတဲ့ သိုင်းသမာတွေ ပြုလုပ်နိုင်တဲ့ အစွမ်းဖြစ်လေသည်။

မနက်ခင်းနေရောင်ကြည်တွေက ကမ္ဘာကြီးပေါကို ခန့်ငြားစွာကျရောက်လာတဲ့ အချိန်မှာတော့ ရှောင်လုံက သူ့အတွင်းအားလေ့ကျင့်နေတာကိုရပ်လိုက်ပြီး ကျောက်စိမ်းကုတင်ပေါ်ကနေ ထကာ မတ်တပ်ရပ်လိုက်သည်။ ရှောင်လုံကသူအခု မြေကြီးအဆင့်၇ ကိုရောက်ရှိသွားမို့ အရမ်းကိုပျော်ရွှင်ကျေနပ်နေပြီး ကောင်းကင်ကိုမျက်နှာမူကာ အကျယ်ကြီးအော်ဟစ်လိုက်လေသည်။

တညလုံးလုံး အတွင်းအားချီတွေနဲ့ သူ့တကိုယ်လုံးကိုသန့်စင်ဆေးကြောပြီးတဲ့နောက်မှာ ရှောင်လုံက သူကိုယ်ပေါ်က အရေပြားတွေကအရင်ကနဲ့ မတူပဲလုံးဝအသစ်လိုဖြစ်နေတာကို သတိထားမိလိုက်သည်။ ဒါတင်မကသေးပဲ သူ့ကိုယ်ကကြွက်သားတွေက ပိုပြီးတောင့်တင်းကြံခိုင်လာ၏ ။ သူ့ခန္ဓာကိုယ်က အရိုးအရွတ်တွေကလဲ အရမ်းကို သန်မာလာသည်။

မြေကြီးအဆင့်၁၀ သိုင်းသမားတယောက်ရဲ့ အပြင်ဘက်အသားလွှာက နွားသားရေထက်တောင် ပိုပြီးသန်မာတယ်လို့ ပြောစမှတ်ရှိကျ၏။ မြေကြီးအဆင့် ၁၀ သိုင်းသမားတွေရဲ့ ကြွက်သားတွေက သံမဏိလိုမာကြောကာ အရိုးအရွတ်တွေကလဲ သံမဏိစပရိန်တခုလို ပေါက်ကွဲတွန်းကန်အားတွေနဲ့ ပြည်နှက်နေကျသည်။

".....အင်း.... ငါ မြေကြီးအဆင့်၇ သိုင်းသမားဖြစ်ပြီးပြီပဲ....ဒါဆို ငါသိုင်းဝိညဉ်နဲ့ပေါင်းစပ်ပြီး ဝိညဉ်အသွင်ပြောင်းလို့ရပြီပဲ.....  ဝိညဉ်အသွင်ပြောင်းလိုက်ရင် ဘယ်လောက်ပိုပြီးအစွမ်းထက်လာမလဲ မသိဘူး ....." 
ရှောင်လုံက သူ့တကိုယ်လဲ စဉ်းစားလိုက်ရင်း သူ့အခန်းထဲကနေ ခြံဝန်းထဲကိုထွက်လာလေသည်။ အဲ့နောက် သူ့သိုင်းဝိညဉ်နဂါးနှစ်ကောင်လုံးကိုဆင့်ခေါ်လိုက်ကာ ဝိညဉ်အသွင်းပြောင်းတဲ့ဖို့ ပြင်ဆင်လိုက်၏။ အမဲရောင်နဲ့ အပြာရောင်အလင်းတန်းတွေက ချက်ချင်းပေါင်းစပ်သွားပြီး အလင်းတန်းတွေပေါက်ကွဲထွက်လာလေသည်။ အဲ့နောက်အဲ့အလင်းတန်းတွေက ရှောင်လုံကိုယ်ပတ်ဝန်းကျင်မှာလည်ပတ်နေပြီး ရှောင်လုံရဲ့ ခန္ဓာကိုယ်နဲ့ စတင်ပေါင်းစပ်တော့လေသည်။

ပထမဦးဆုံး နဂါးအကြေးခွံတွေက ရှောင်လုံလက်တွေကိုဖုံးအုပ်လာပြီး နောက်ဆုံးမှာတော့ သူ့အရေပြားတခုလုံးကိုနဂါးအကြေးခွံတွေက ဖုံးအုပ်သွားတော့သည်။ ရှောင်လုံရဲ့ဘယ်ဘက်လက်မှာ အနက်ရောင်အကြေးခွံတွေနဲ့ ဖုံးအုပ်ထားပီးတော့ ညာဘက်လက်ကိုတော့ တောက်ပတဲ့ အပြာရောင်နဂါးအကြေးခွံတွေက ဖုံးအုပ်ထားသည်။ နောက်ဆုံးမှာတော့ ရှောင်လုံမျက်နှာကလွဲပြီး သူ့တကိုယ်လုံးကို
နဂါးအကြေးခွံတွေက ဖုံးကွယ်သွား၏ ။ သူ့တကိုယ်လုံကိုအကြေးခွံ
တွေကဖုံးအုပ်သွားပေမယ့် ရှောင်လုံကနဲနဲလေးမှ အဆင်မပြေဖြစ်တာမျိုးမရှိပဲ အကြေးခွံတွေက သူနဲ့ တသားထဲကျနေလေသည်။

  သူ့တကိုယ်လုံးကိုဖုံးအုပ်ထားတဲ့ နဂါးအကြေးခွံတွေကြောင့်ရှောင်လုံ
ခန္ဓာကိုယ်ရဲ့ မာကျောမှုအရည်အသွေးက အဆင့်တခုကိုရောက်ရှိသွားကာ ခုခံနိုင်စွမ်းကလဲ အရမ်းကိုမြင့်တက်လာလေသည်။

အရမ်းကိုသန်မာတာပဲဟ..... ။
ဒါကတော့ ရှောင်လုံ သူ့သိုင်းဝိညဉ်တွေနဲ့ပေါင်းစပ်ကာ ဝိညဉ်အသွင်ပြောင်းပြီးတဲ့နောက်မှာ သူ့နှုတ်ခမ်းကနေပထမဆုံး ထွက်ပေါ်လာတဲ့ စကားလုံးပဲ ဖြစ်သည်။ ရှောင်လုံလဲ သူ့ရဲ့ပထမဆုံးဝိညဉ်အသွင်းပြောင်းလိုက်တဲ့ ဖြစ်ပေါ်လာတဲ့ အရာတွေကို အရမ်းကို နှစ်သက်သွား၏ ။

ဝိညဉ်အသွင်းပြောင်းလိုက်ပြီးတဲ့နောက်မှာ နဂါးကြီးနှစ်ကောင်ရဲ့ ဦးခေါင်းတွေက သူ့ကျောဘက်မှာ တက်တူးထိုးထားသလိုမျိုး တည်ရှိနေကာ  သူတို့ဆီကနေ ခမ်းနားကြီးကျယ်မှု အရှိန်အဝါတွေ ထွက်ပေါ်နေသည်။

တချိန်ထဲမှာပဲ ရှောင်လုံမျက်လုံးထဲက သူငယ်အိမ်တွေရဲ့ အရောင်တွေကပြောင်းလဲ ကုန်ကျသည် ။ သူဘယ်ဘက်မျက်လုံးရဲ့ သူငယ်အိမ် တခုလုံးမဲနက်သွားကာ ညာဘက်မျက်လုံးကတော့ အပြာရောင်အဖြစ်ပြောင်းလဲသွားသည်။

ရှောင်လုံက သူလက်သီးကို အရှေ့ဘက်ကို ရုတ်တရက်ထိုးချလိုက်သည်။ လေချွန်သံလိုမျိုး အသံအကျယ်ကြီးထွက်ပေါ်လာကာ လက်သီးရာကြီးက လေဟာနယ်ကို ပြေပစ်စွာဖြတ်သန်းသွားကာ ရလဒ်ကတော့ ထျန်ယွမ်အိမ်တော်က ရှောင်လုံခြံဝန်းရဲ့ မီတာအနဲကွာလောက်က အလှဆင်ထားတဲ့ ကျောက်တောင်အတုကြီးက ကျောက်ခဲအသေးလေးတွေအဖြစ် တစစီကွဲကျေသွားလေသည်။

ခနလောက်ကြာတော့ ရှောင်လုံလဲ သူဝိညဉ်အသွင်ပြောင်းထားမှုကို ရပ်ဆိုင်းလိုက်လေသည်။ သူ့နောက်ကျောက တက်တူးထိုးထားသလို နဂါးခေါင်းကြီးတွေကပျောက်ကွယ်သွားကာ သူ့လက်က နဂါးအကြေးခွံတွေကလဲ တဖြည်းဖြည်းပြန်လည်ပျောက်ကွယ်သွားတော့သည်။
ရှောင်လုံလဲ ရုတ်တရက် အရမ်းကိုအားအင်တွေကုန်ခမ်းသွားသလိုခံစားလိုက်ရသည်။

ဝိညဉ်အသွင်းပြောင်းလိုက်တာက သူ့ရဲ့ခွန်အားတွေကို အဆပေါင်းများစွာပိုမိုသန်မာလာစေမယ့် အဲ့အတွက် သူ့အတွင်းအားတွေအများကြီးကို အသုံးပြုရ၏ ။ ပြီးတော့ ရှောင်လုံက အခုမှ မြေကြီးအဆင့် ၇ သိုင်းသမားအဆင့်ကို စရောက်ခါစပဲရှိသေးတာ မဟုတ်လား..... ။

ရှောင်လုံက ဝိညဉ်အသွင်းပြောင်းထားရာကနေ သူ့နဂိုပုံစံကိုပြန်ပြောင်းပြီးတဲ့နောက်မှာ ရှောင်လုံကိုယ်ပတ်ပတ်လည်မှာ အပြာရောင်အစက်သေးသေးလေးတွေက တလက်လက်ပေါ်ပေါက်လာကာ အစက်လေးတွေက တဖြည်းဖြည်းနဲ့ တောက်ပလာကျ၏ ။ ရှောင်လုံလဲ သူ့ဝိညဉ်အသွင်ပြောင်းလိုက်လို့ အတွင်းအားကုန်ခမ်းပြီး မောပန်းနေသလို ခံစားနေရတဲ့ ခံစားမှုတွေအကုန်လုံး ချက်ချင်းကိုပျောက်ကွယ်သွားလေသည်။ သွေးကြောတွေတလျှောက်ကုန်ဆုံးသွားတဲ့ အတွင်းအားချီတွေကလဲ စက္ကန့်အနဲငယ်အကြာမှာပဲ ပြန်လည်ပြည့်နှက်လာကျသည်။

ဒါကတော့ ရှောင်လုံ မြေကြီးအဆင့်၇ ကိုရောက်ရှိလာပြီး သူ့သိုင်းဝိညဉ်ဆင့်ကဲ့ပြောင်းလဲ သွားပြီးနောက် ပိုင်ဆိုင်လာတဲ့ သူ့သိုင်းဝိညဉ်ရဲ့ တတိယမြောက်စွမ်းရည် ဖြစ်တဲ့ ကုန်ဆုံးသွားတဲ့ အတွင်းအားတွေကို ချက်ချင်းပြန်လည်ဖြည့်ဆည်းချင်းဆိုတဲ့ စွမ်းရည်ပဲ ဖြစ်သည်။

#

ပြိ်ုင်ကင်ကင်းသိုင်းဝိညဉ်

အပိုင်း၉၂ ........လင်းလောင်ရတနာစေတီရဲ့ပထမအလွှာကိုဝင်ခွင့်ရချင်း

ကြော်ငြာလေးနဲနဲလောက်ဝင်ပရစေ 😊😊
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်paid groupလေးလဲရှိပါတယ်groupထဲမှာ၁၂၈ရောက်နေပါပြီဝင်ချင်ရင်စာရေးသူအကောင့်ပေးထားပါ့မယ်အောက်ဆုံးမှာလာပြောလို့ရပါတယ်

  တခနချင်းမှာ ကုန်ဆုံးသွားတဲ့ အတွင်းအားတွေကို ပြန်လည်ဖြည့်တင်းပေးချင်...... !

စက္ကန့်ပိုင်းလောက်အကြာမှာပဲ ဝိညဉ်အသွင်ပြောင်းလိုက်လို့ကုန်ဆုံးသွားတဲ့ ရှောင်လုံရဲ့ အတွင်းအားချီတွေအကုန်လုံး အပြည့်အဝကိုပြန်လည်စုစည်းလာ၏ ။ သူ့ရဲ့ ကုန်ဆုံးသွားတဲ့ အတွင်းအားချီတွေကို ပြန်လည်စုစည်းနိုင်ဖို့အတွက် အချိန် ဆယ်စက္ကန့်လောက်ကြာပေမယ့်
အဲ့ဒါကိုက ကောင်းကင်ကို ဒူးနဲ့တက်ပြီးတက်နိုင်လောက်တဲ့ အရည်အသွေးမဟုတ်လား.... ။ တကယ်သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် တခနချင်း အတွင်းအားပြန်လည်ဖြည့်တင်းမှုက ရှောင်လုံသိုင်းဝိညဉ် မြေကြီးအဆင့်၄ကိုရောက်တော့ ရရှိလာတဲ့ ကိုယ်ပျောက်စွမ်းရယ်ရယ် သရဲအရိပ် စွမ်းရည်ရယ်ထက်စာရင် အများကြီးကိုပိုအသုံးဝင်တယ်မဟုတ်လား.... ။

သူသာကိုယ်ဖျောက်လိုက်ပြီး တခဏချင်းအတွင်းအားဖြည့်တင်းမှုစွမ်းရည်နှစ်ခုကို ပြိုင်တူအသုံးချလိုက်ရင် ရှောင်လုံအတွက်နောက်ပိုင်း
တိုက်ပွဲတွေမှာ အတွင်းအားကုန်ခမ်းသွားမှာကိုစိုးရိမ်နေစရာဘယ်လိုတော့မလဲ..... ။

ဒီစွမ်းရည်ရဲ့ တခုထဲသောအားနဲချက်က သူကကုန်ခမ်းသွားတဲ့ အတွင်းအားချီတွေကိုသာပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ရရှိလာတဲ့ ဒဏ်ရာတွေကိုတော့ ကုသပေးနိုင်စွမ်းမရှိပေ..... ။

ဆယ်စက္ကန့်လောက်အကြာရှောင်လုံရဲ့ အတွင်းအားချီတွေအကုန်လုံး ပြန်လည်ရရှိလာတော့ ရှောင်လုံက ရုတ်တရက်သူရပ်နေတဲ့ နေရာကနေ ပျောက်ကွယ်သွားလေသည်။ ပျောက်ကွယ်သွားတာမှ သူ့ဘေးနားက ထိုင်ခုံကပါသူနဲ့အတူပျောက်ကွယ်သွားလေသည်။ အသက်ဆယ်ခါရှုထုတ်ချိန်လောက်ကြာတော့ရှောင်လုံက လေဟာနယ်ကြားကွက်လပ်ထဲကနေ ပြန်လည်ပေါ်ထွက်လာ၏ ။

သူကိုယ်ဖျောက်ထားရာကနေ ပြန်လည်ဖော်လိုက်ပြီးတာနဲ့ ရှောင်လုံက ဒီစွမ်းရည်ကိုလဲ ထပ်ခါထပ်ခါစမ်းသပ်လိုက်ပြန်သည်။ ရုတ်တရက်ပြန်လည်ပျောက်ကွယ်သွားကာ မျက်စိတမှိတ်လောက်အတွင်းမှာပဲ သူနဂိုရပ်နေတဲ့နေရာရဲ့ ဆယ်မိတာလောက်အကွာအဝေးမှာ ပြန်လည်ပေါ်ပေါက်လာ၏ ။

သူ့သိုင်းဝိညဉ်ရဲ့ ဒုတိယအကြိမ်ဆင့်ကဲပြောင်းလဲမှုပြီးတဲ့နောက်မှာ
တတိယစွမ်းရည်ကိုရရှိလာတဲ့အပြင် အရင်ရှိပြီးသားစွမ်းရည်နှစ်ခုကလဲ ပိုပြီးအစွမ်းထက်လာလေသည်။ အရင်တုံးက သူကိုယ်ဖျောက်လိုက်မယ်ဆိုရင် သူတယောက်ထဲ သွားချင်တဲ့နေရာကိုသွားနိုင်ပေမယ့် အခုဆိုရင်တော့ဖြင့် သူနဲ့အတူလူတယောက်ကိုပါကိုယ်ဖျောက်ရင်း
ခေါ်ဆောင်သွားနိုင်တဲ့အထိ သူရဲ့ကိုယ်ဖျောက်စွမ်းရည်က ပိုမိုတိုးတက်လာ၏ ။ ဒါအပြင်ကိုယ်ဖျောက်တဲ့စွမ်းရည်ကို သူရဲ့ သရဲအရိပ်ကိုယ်ဖော့စွမ်းရည်နဲ့သာ ပူးပေါင်းအသုံးချလိုက်ရင် သူစိတ်ထဲတချက်အာရုံပြုလိုက်တယ်ဆိုတာနဲ့ သူရှိနေတဲ့နေရာကနေ ဆယ်မိတာလောက်အကွာကို တမဟူတ်ချင်းသွားရောက်နိုင်တော့မှာမဟုတ်လား....။
သူရဲ့အမြန်နှုန်းကလဲ ကောင်းကင်ငှက်သိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားတဲ့ လူခိုင်ထက်တောင် နှစ်ဆလောက်ပိုပြီးမြန်ဆန်လာလေသည်။

ရှောင်လုံလဲ မြေကြီးအဆင့်၇ကိုရောက်တော့ သူရရှိလာတဲ့ စွမ်းရည်တွေကိုကြည့်ရင် အရမ်းကိုကျေနပ်ပျော်ရွှင်သွားကာ အသက်ပြင်းပြင်းတချက်ရှုထုတ်လိုက်၏ ။ သူ့သိုင်းဝိညဉ် ဒုတိယအကြိမ်ဆင့်ကဲ့ပြောင်းခဲမှု ဖြစ်ပြီးတဲ့နောက်မှာ သူ့သိုင်းဝိညဉ်ရဲ့ အရင်စွမ်းရည်နှစ်ခုကိုအရမ်းကိုတိုးတက်လာလိမ့်မယ်လို့သူမမျှော်လင့်ထားပေ.....
ဒါအပြင် သူ့သိုင်းဝိညဉ်က သူ့အတွက်အရမ်းကိုအသုံးဝင်လှတဲ့
တတိယစွမ်းရည်ကိုပါထပ်ပြီးပိုင်ဆိုင်လာတယ်မဟုတ်လား....။

အဲ့နောက်မှာတော့ ရှောင်လုံလဲ သူ့ကိုယ်ထဲမှာ မီးနဂါးချီတွေကိုအဆက်မပြတ်ထုတ်လွှတ်ပေးနေတဲ့ လင်းလောင်ရတနာစေတီကို အပြင်ဘက်သို့ ခေါ်ထုတ်လိုက်၏ ။

ယူမင်းပြောတဲ့အတိုင်းသာဆိုရင် သူ့အခုမြေကြီးအဆင့်၇ သိုင်းသမားဖြစ်ပြီဆိုတော့ သူ့လင်းလောင်ရတနာစေတီရဲ့ ပထမအလွှာထဲကိုဝင်ရောက်နိုင်တော့မှာမဟုတ်လား.... ။

ရှောင်လုံလဲ ပထမဆုံးအနေဖြင့် သူ့လက်နှစ်ဖက်ကို ယူမင်းရဲ့ ညွန်ကြားချက်အတိုင်း သူ့ငရဲအတွင်းအားချီတွေဖြင့် ထုံမွှမ်းလိုက်၏ ။ အဲ့နောက်သူ့လက်ထဲက ငရဲအတွင်းအားချီတွေကိုလင်းလောင်ရတနာစေတီဆီကို ပို့ဆောင်လိုက်သည်။ သူ့ရဲ့အတွင်းချီတွေက လင်းလောင်ရတနာစေတီထဲကို ဝင်ရောက်သွားတဲ့အခါမှာတော့ စေတီက အလင်းရောင်တွေနဲ့တောက်ပလာကာ ရှောင်လုံရဲ့အတွင်းအားတွေအကုန်လုံးကိုစုပ်ယူလိုက်လေသည်။

အဲ့နောက်ရှောင်လုံကိုဆွဲငင်အားတခုက စုပ်ယူလိုက်သလိုမျိုး သူမျက်လုံးတွေပြာသွားကာ တခြားတနေရာက လေဟာနယ်ကြားကွက်လပ်တခုထဲကိုရောက်ရှိသွားလေသည်။

ရှောင်လုံရောက်သွားတဲ့နေရာက အရမ်းမကြီးပဲ မီတာတရာ ပတ်ချာလည်လောက်ပဲကျယ်ပြီး အမြင်ကဆယ်မီတာရှိသည်။ လေးဘက်လေလံက နံရံတွေကိုတော့ ဘာမှန်းမသိတဲ့ အရာဝတ္ထုတမျိုးနဲ့ တည်ဆောက်ထား၏ ။

".....ဒါ လင်းလောင်းရတနာစေတီရဲ့ ပထမအလွှာများလား.... ?"
ရှောင်လုံကအံသြ ပြုးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကိုအကဲခတ်ရင်းရေရွတ်လိုက်သည်။ လင်းလောင်စေတီပထမအလွှာကဘယ်လိုပုံစံမျိုးဆိုတာကို ယူမင်းကိုယ်တိုင်လဲမသိတာမို့ သူရှောင်လ့်ုကိုပြောပြတဲ့အချက်အလက်တွေထဲမှာ ပထမအလွှာအကြောင်းမပါပေ....ယ

"....ဒီလင်းလောင်ရတနာစေတီက တကယ်ပဲ သူ့ရဲ့ပိုင်ရှင်ကို အထဲဝင်ခွင့်ပြုတာလား.... ?"
ဒါ ဒါဆိုရင်....... !

ရှောင်လုံတယောက် အံသြသွားပြီးတဲ့နောက်မှာတော့ အရမ်းကိုပျော်ရွှင်သွားလေသည်။ ဘာကြောင့်လဲဆိုတော့ လင်းလောင်ရတနာစေတီအတွင်းမှာက ပိုမိုထူထပ်များပြားတဲ့ ဝိညဉ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေကာ အပြင်ကထက်လဲ အရည်အသွေးကပိုပြီးသန့်စင်လေသည်။ ဒါအပြင် ပထမအလွှာရဲ့ အပေါ်ဘက်လေဟာနယ်အတွင်းမှာ မီးနဂါးချီတွေကလဲ တရိပ်ရိပ်ပြေးလွှာနေကျ၏ ။ အဲ့နောက် ထူထပ်များပြာတဲ့ မီးနဂါးတိမ်အစုတွေ ဖြစ်ပေါ်လာကျသည်။ တကယ်လို့ရှောင်လုံသာ အဲ့အပေါ်ဘက်လေဟာနယ်ထဲမှာ မီးနဂါးတိမ်တွေကို စုပ်ယူရင် သိုင်းလေ့ကျင့်ခဲ့ရင် သူသိုင်းအဆင့်တက်တာတွေက နဂါးမီးတောက်တောင်ကြားမှာ လေ့ကျင့်ခဲ့တာထက်တောင် ပိုပြီးမြန်ဆန်အကျိုးကျေးဇူးများစေမှာပဲ ဖြစ်သည်။

အဲ့ဒီတိမ်တွေကြားထဲမှာ လက်မအရွယ်အစားလောက်ရှိတဲ့ ပုတီးစေ့လို အလုံးလေးတွေက မျောလွင့်နေကျသည်။ သူတို့ကိုယ်ကနေ ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းလက်နေတဲ့ ကြယ်လေးတွေလိုမျိုး အရောင်တွေတောက်ပလင်းလက်နေ၏ ။ ဒါပေမယ့် ကြယ်တွေကအဖြူရောင်ဖြစ်ပြီး အဲ့ဒီပုတီးစေလို အစေ့လေးတွေဆီကတော့ ရဲရဲနီနေတဲ့ အရောင်တွေနဲ့ တဖျက်ဖျက်လင်းနေလေသည်။

".....မီးနဂါးပုလဲ.... "
အတွေးတခုကရှောင်လုံခေါင်းထဲကိုဝင်ရောက်လာ၏ ။

"ဒါ ယူမင်းငါ့ကိုပြောပြခဲ့တဲ့ မီးနဂါးပုလဲဆိုတဲ့ ပုလဲလုံးတွေပဲ ဖြစ်ရမယ် "
ရှောင်လုံက ရဲရဲနီနေတဲ့ အစေ့လေးတွေကိုကြည့်ကာရေရွတ်လိုက်သည်  ။

တစ်...နှစ်.....သုံး.....!
ရှောင်လုံက ရဲရဲနီနေတဲ့ မီးနဂါးပုလဲလုံးတွေကို ဖြည်းဖြည်းချင်းရေတွက်ကြည့်လိုက်တော့ အားလုံးပေါင်း ၁၀၈ လုံးရှိနေတာကို တွေ့လိုက်ရ၏ ။ ၁၀၈လုံးဆိုတဲ့ ရေတွက်မှုလဲဆုံးသွားရော ရှောင်လုံမျက်လုံးကနေ အရောင်တွေတောက်လာတော့သည်။

အခုအရည်အတွက်က သူမျှော်မှန်းထားတာထက်ကိုအများကြီး ပိုများပြာလေသည်။ ဒီမီနဂါးပုလဲတွေနဲ့ဆို သူ့သိုင်းလေ့ကျင့်ရာမှာ အချိန်အတိုင်းအတာတခု အထိ အထောက်အကူပြုနိုင်မှာပဲ ဖြစ်သည်။
ဒါအပြင် သူ့မိဘတွေ ညီနဲ့ ညီမကိုလဲ မီးနဂါးပုလဲလုံးတွေနဲ့ သူတို့သိုင်းအဆင့်တက်တဲ့နေရာမှာ ထောက်ပံပေးနိုင်တော့မှာမဟုတ်လား..။

  ရုတ်တရက် ရဲရဲနီနေတဲ့အလင်းရောင်နဲ့ တောက်ပနေတဲ့ အရာဝတ္ထုတခုက ရှောင်လုံကိုယ်ပေါ်ကိုကျရောက်လာပြီး ရှောင်လုံမတုန်ပြန်နိုင်လိုက်ခင်မှာပဲ သူ့ကို မံမီတကောင်လိုပုံစံမျိုးဖြစ်သွားအောင် ရစ်ပတ်လိုက်လေသည်။ တဖြည်းဖြည်းနဲ့ ရှောင်လုံစိတ်ထဲမှာ ကိုယ်ခန္ဓာသန်မာလာအောင်လေ့ကျင့်တဲ့ သိုင်းကျင့်စဉ်တခု ဖြည်းဖြည်းချင်းပေါ်လာလေသည်။ ရှောင်လုံခေါင်းထဲပေါ်လာတဲ့ ကိုယ်ခန္ဓာကျင့်စဉ်ကတော့ အပြင်လောကမှာ နာမယ်ကြီးနေတဲ့ လင်းလောင်ရွှေကိုယ်ကျင်စဉ်ပဲ ဖြစ်လေသည်။

လင်းလောင်ရွှေကိုယ်ကျင့်စဉ်မှာက အဆင့်ကိုးဆင့်ရှိကာ အဆင့်တဆင့်ကိုရောက်ရှိသွားတိုင်း ဘယ်သူမှမယုံကြည်နိုင်လောက်တဲ့ ဒဏ္ဍာရီလာ အစွမ်းအစမျိုးတွေကို ပိုင်ဆိုင်လာနိုင်စေသည်။

တကယ်၌သာ လင်းလောင်းရွှေကိုယ်ကျင့်စဉ်ကို အဆင့်၉အထိ အောင်မြင်အောင်လေ့ကျင့်ပြီးပြီးဆိုရင် အဲ့ဒီလူရဲ့ ကိုယ်ခန္ဓာက လင်းလောင်ရတနာစေတီကဲ့သို့ အရမ်းကိုကြံခိုင်ကာ ဒူပေနာပေခံနိုင်သွားနိုင်ပြီး သူ့ကိုယ်ခန္ဓာက တလောကလုံးမှာ ပြိုင်ဘက်ကင်းတဲ့အဆင့်ကိုတောင် ရောက်ရှိသွားနိုင်၏ ။

ရှောင်လုံလဲ လင်းလောင်ရွှေကိုယ်သိုင်းကျင့်စဉ်ကို ထပ်ခါထပ်ခါရွေရွတ်လိုက်သည်။ အဲ့နောက်စက္ကန့်ပိုင်းလောက်ကြာတော့ တင်ပျင်ခွေထိုင်ချလိုက်ပြီး ကျင့်စဉ်ထဲမှာ ညွှန်ပြထားတဲ့ အတိုင်းစတင်လေ့ကျင့်တော့လေသည်။ မျက်စိတမှိတ်အတွင်းမှာပဲ လင်းလောင်ရတနာစေတီကတောက်ပနေတဲ့ ရွှေနီရောင်တွေနဲ့ တူနဲ့ အလင်းရောင်တွေက
ရှောင်လုံ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်လာလေသည်။

နာရီအနဲငယ်လောက်ကြာတော့ရှောင်လုံက သူလင်းလောင်ရွှေကိုယ်သိုင်းလေ့ကျင့်နေမှုကိုရပ်တန့်လိုက်ကာ သူ့ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို လေ့လာစမ်းစစ်လိုက်သည်။ရှောင်လုံ
သူ့ကိုယ်ထဲက ဖြစ်စဉ်တွေကို အကဲခတ်ကြည့်လိုက်တော့ ထူးခြားဆန်းကြယ်တဲ့ အားတခုက သူရဲ့ကြွက်သားတွေ ၊ အရိုး အရွတ်တွေ
သူရဲ့ကိုယ်အရေးပြားတွေကိုပိုမိုသန်မာလာအောင်ပြုပြင်ပေးနေတာကို တွေ့ရှိလိုက်ရသည်။

သိုင်းလေ့ကျင့်မှုရပ်လိုက်ပြီးတဲ့နောက်မှာ ရှောင်လုံရဲ့အကြည့်တွေက မီးနဂါးတိမ်တွေကြားထဲမှာ မျောလွင့်နေတဲ့ အနီရောင်ပုလဲတွေဆီကိုရောက်ရှိသွား၏ ။ ရုတ်တရက်ရှောင်လုံက သူ့နဂိုနေရာကနေ ပျောက်ကွယ်သွားကာ ရဲရဲနီနေတဲ့ ပုလဲလုံးတလုံးနားမှာ ပြန်လည်ပေါ်ထွက်လာ၏ ။ သူမျောလွင့်နေတဲ့ ပုလဲလုံးကိုဆုတ်ကိုင်လိုက်တော့ ပုလဲလုံးမှာ ၅၀ –၆၀ ဒီဂရီ ဆဲစီးယပ် လောက်အပူချိန်ရှိနေကာ နဲနဲပူနေ၏ ။

ရှောင်လုံလဲ သိပ်ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ ပဲ သူ့လက်ထဲကပုလဲလုံးကို ပါးစပ်ထဲ ပစ်ထဲ့ကာမြိုချလိုက်လေသည်။ ပုလဲလုံး သူ့အစာအိမ်ဆီကိုရောက်သွားတဲ့အခါမှာတော့ ပူနွေးကာ သက်တောင့်သက်သာရှိတဲ့ အနွေးဓတ်တွေက ရှောင်လုံတကိုယ်လုံးကနေရာအနှံကို ပျံနှံသွားလေသည်။

အဲ့ဒါကိုခံစားမိလိုက်တော့ ရှောင်လုံက သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းလိုက်ကာ နတ်အတွင်းအားနည်းစနစ်ကိုသုံးပြီး သူ့ကိုယ်ထဲက အပူဓတ်စွမ်းအင်တွေကို သန့်စင်ကာအတွင်းအားအဖြစ်ပြောင်းလဲတော့လေသည်။ သူ့ကိုယ်ထဲက ငရဲအတွင်းအားတွေကလဲ ရှောင်လုံအပူဓတ်စွမ်းအင်တွေကိုစတင်စုပ်ယူလိုက်တော့ ပိုမိုလှုပ်ရှားထကြွလာကာ အတွင်းအားတွေတိုးတက်များပြားလာပြီး သူ့တို့ရဲ့ နဂိုမူလ မီးခိုးအနက်ရောင်ကနေ မီးခိုးရောင်ဖျော့ဖျော့အရောင် အဖြစ်သို့ပြောင်းလဲလာ၏ ။

ရှောင်လုံ နဂါးမီးတောက်တောင်ကြားမှာ သိုင်းလေ့ကျင့်ခဲ့စဉ်က ဖြစ်ပျက်ခဲ့တဲ့ သူ့ကိုယ်ထဲက အမဲရောင်အညစ်ကြေးတွေထွက်လာသလိုမျိုး တူညီတဲ့ ပုံစံက အခုရှောင်လုံကိုယ်မှာဖြစ်ပေါ်နေသည်။
အမဲရောင်အညစ်အကြေးတွေက သွေးရည်ကြည်တွေနဲ ရောစပ်သွားကာ ရှောင်လုံအရေပြားထက်မှာ အလွှာတခုလို ဖြစ်လာလေသည်။
အခုထွက်ပေါ်လာတဲ့ အညစ်အကြေးတွေက ရှောင်လုံကိုယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရောက်ရှိနေတဲ့ သန့်စင်ရခက်တဲ့ အညစ်အကြေး
တွေပဲ ဖြစ်၏ ။

အဲ့လိုနဲ့ နာရီအနဲငယ်ကုန်ဆုံးသွားကာ
မာကျောတဲ့ သွေးအညစ်အကြေးအလွှာကြီးက ရှောင်လုံကို ဖုံးကွယ်သွားလေသည်။

တရက်ကြာသွားတဲ့အခါ ရှောင်လုံကိုယ်ပေါ်က အညစ်အကြေးအလွှာကပြိုပျက်ပြုတ်ကျသွားကာ နောက်ထပ်ထပ်ထွက်လာတဲ့ အညစ်အကြေးအလွှာတခုထပ်ဖြစ်ပေါ်လာပြန်သည်။ အဲ့လိုဖြစ်စဉ်က တကြိမ်ပြီးတကြိမ်ဖြစ်ပေါ်လာပြီး ငါးရက်ကြာတော့မှ အဲ့ဖြစ်စဉ်ကရပ်တန့်သွား၏။

ရှောင်လုံက မီးနဂါးပုလဲတလုံးရဲ့ စွမ်းအင်တွေကို သန့်စင်စုပ်ယူနိုင်ဖို့
တရက်လောက်အချိန်ယူရပြီး သူမီးနဂါးပုလဲတလုံးကိုသန့်စင်ပြီးသွားတာနဲ့ တိမ်တွေကြားထဲကနောက်ပုလဲတလုံးကိုယူပြီး စွမ်းအင်တွေကိုထပ်ခါထပ်ခါ စုပ်ယူလိုက်လေသည်။ အချိန်ဆယ်ရက်ကြာတော့ ရှောင်လုံက မီးနဂါးပုလဲ ဆယ်လုံးရဲ့ စွမ်းအားတွေကို စုပ်ယူပြီးသားဖြစ်သွား၏ ။ သူဆယ်လုံးမြောက် မီးနဂါးပုလဲကိုစုပ်ယူပြီးနဲ့နောက်မှာတော့ မီးနဂါးပုလဲတွေကို ထပ်ပြီးမမြိုချတော့ပဲ ရပ်တန့်လိုက်လေသည်။

ရှောင်လုံက သူ့ကိုယ်ခန္ဓာကိုလေ့လာစမ်းစစ်ကြည့်လိုက်တော့ သူ့ကိုယ်ထဲက ဝန်ထုပ်ဝန်ပိုးတွေအကုန်လုံးလွှတ်ချလိုက်သလိုမျိုး ခေါင်းကနေ ခြေအဆုံး တကိုယ်လုံး ပေါ့ပါးလန်းဆန်းတက်ကြွနေတာကိုခံစားမိလိုက်သည်။ .

ဆယ်ရက်လောက် မီးနဂါးပုလဲတွေကို စုပ်ယူလိုက်ရတဲ့ ရလဒ်ကတော့ ရှောင်လုံ ပိုပြီးသန်မာလာကာ သူ့အတွင်းအားတွေကလဲ မြေကြီးအဆင့်၇ စဦးအထွတ်အထိပ် နီးပါးအဆင့်ကိုရောက်ရှိသွားလေသည်။

ရှောင်လုံရဲ့ ခန့်မှန်းချက်အရ သူသာလင်းလောင်ရတနာစေတီရဲ့ ပထမအလွှာမှာဆက်နေကာ မီးနဂါးပုလဲလုံးတွေရဲ့ စွမ်းအားတွေကိုသန့်စင်စုပ်ယူရင်း နောက်နှစ်ပါတ်လောက် သိုင်းလေ့ကျင့်မယ်ဆိုရင်
သူ့အတွင်းအားအဆင့်က မြေကြီးအဆင့်၇ စဦးအထွတ်အထိပ်အဆင့်ကိုရောက်ရှိသွားနိုင်လေသည်။ အချိန်နှစ်လလောက်သာ ဒိပုံစံအတိုင်းဆက်လေ့ကျင့်မယ်ဆို သူမြေကြီးအဆင့်၇ အလယ်အဆင့်ကိုရောက်ရှိသွားနိုင်မှာပဲ ဖြစ်သည်။

  ဒါပေမယ့် သူရဲ့မြန်ဆန်တဲ့သိုင်းအဆင့်တက်နှုန်းနဲ့သာဆိုရင် ရှောင်က မီးနဂါးပုလဲ ၁၀၈လုံးလုံးကို အသုံးချပြီး သိုင်းလေ့ကျင့်မယ်ဆိုရင်တောင် မီးနဂါးပုလဲတွေက လေးလတာအချိန်လောက်ပဲ သူ့သိုင်းလေ့ကျင့်နိုင်ဖို့ ထောက်ပံပေးနိုင်မှာပဲ ဖြစ်သည်။ ပြီးတော့ လင်းလောင်ရတနာစေတီရဲ့ မီးနဂါးပုလဲလုံး ဖြစ်အောင် ပြုလုပ်နိုင်တဲ့အမြန်နှုန်းကလဲ အချိန်ဆယ်ရက်တောင်မှ မီးနဂါးပုလဲတလုံးကို ဖြစ်ပေါ်လာအောင်မပြုလုပ်နိုင်ပေ..... ။ ဒါကြောင့်မို့ရှောင်လုံအနေနဲ့ လင်းလောင်ရတနာစေတီ ပုလဲလုံးမြန်မြန်ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်မယ့် နည်းလမ်းကိုရှာဖွေရမှာပဲ ဖြစ်လေသည်။

ရှောင်လုံလဲတိမ်တွေကြားထဲမှာ အနီရောင် တလက်လက်တောက်  
ပနေတဲ့ မီးနဂါးပုလဲလုံးတွေကို ငေးကြည့်ရင်း သူ့စိတ်ထဲမှာ အကြံတခုပေါ်လာလေသည်။ အဲ့နောက်ရှောင်က စီကပ်အသီတလုံးကို နတ်လက်စွပ်ထဲကနေထုတ်လိုက်သည်။

သူစီကပ်သီးကိုနတ်လက်စွပ်ထဲကနေ ထုတ်လိုက်တာနဲ့ ချက်ချင်းဆိုသလို ဆွဲငင်းအားတခုက လင်းလောင်ရတနာစေတီဆီ ထွက်ပေါ်လာသည်။ အဲ့နောက် စီကပ်အသီးရဲ့ ဝိညဉ်စွမ်းအင်တွေအကုန်လုံးက စွမ်းအင်စီးကြောင်းတွေအဖြစ် လင်းလောင်ရတနာစေတီက စုပ်ယူလိုက်လေသည်။ ရှောင်လုံ မျက်စိရှေ့မှာပဲ လှပစိုပြေနေတဲ့ စီကပ်အသီက ခြောက်ကပ်သွားလေသည်။ အဲ့နောက် အသီးမျက်နှာပြင်မှာ အစင်းရာတွေပေါ်လာပြီး လေထုတ်လိုကိတဲ့ ဘောလုံးတလုံးလို ပြားချပ်သွားတော့သည်။

#

ပြိုင်လက်ကင်းသိုင်းဝိညဉ်

အပိုင်း ၉၃ ........ အတန်းတက်ရန် စစ်ဆေးချင်း

    ခြောက်ကပ်သွားတဲ့ စီးကပ်အသီးက ဝိညဉ်စွမ်းအင်တွေက လင်းလောင်ရတနာစေတီက စုပ်ယူလိုက်၏ ။ စီးကပ်အသီးက စွမ်းအင်တွေအကုန်လုံးကိုစုပ်ယူလိုက်ပြီးတာနဲ့ ရှောင်လုံခေါင်းပေါ်မှာရှိနေတဲ့ မီးနဂါးချီတွေက လျင်မြန်စွာ လည်ပတ်တော့လေသည်။ အဲ့နောက်မှာတော့ မီးနဂါးပုလဲတလုံး ဖြစ်ပေါ်လာတော့မယ် ပုံစံဖြစ်ပေါ်လာသည်။

အဲ့ဒီအဖြစ်အပျက်ကိုကြည့်ရင်းရှောင်လုံလဲအရမ်းကိုပျော်ရွှင်သွားကာ
သူစမ်းကြည့်လိုက်တဲ့ နည်းလမ်းက တကယ်ပဲ အသုံးဝင်နေတယ်မဟုတ်လား..... ။

အဲ့နောက် ရှောင်လုံကဘသူ့ရဲ့နတ်လက်စွပ်ထဲကနေ စီကပ်အသီးတလုံးထပ်ပြီးထုတ်လိုက်လေသည်။ စောစောကဖြစ်သွားသလိုပဲ စီးကပ်အသီးရဲ့ စွမ်းအင်တွေအကုန်လုံး လင်းလောင်ရတနာစေတီထဲက လေထုအတွင်း ပျောက်ကွယ်သွားကာ စေတီရဲ့ စုပ်ယူချင်းကိုခံလိုက်ရသည်။ ရှောင်လုံလဲ စီကပ်အသီးတလုံးပြီးတလုံး သူ့နတ်လက်စွပ်ထဲကနေထုတ်လိုက်သည်။ တဖြည်းဖြည်းနဲ့ သူထုတ်လိုက်တဲ့ စီးကပ်သီးတွေက ဆယ်လုံးကိုကျော်သွား၏ ။ အဲ့ကျမှ တိမ်တွေကြားထဲကနေ မီးနဂါးပုလဲ တလုံး ဖြစ်ပေါ်လာတာကိုတွေ့လိုက်ရသည်။

တိမ်တွေကြားထဲကနေ အသစ်ထွက်ပေါ်လာတဲ့ မီးနဂါးပုလဲလုံးကိုကြည့်ရင် ရှောင်လုံစိတ်ထဲမှာငိုချင်သလိုတောင် ဖြစ်သွားလေသည်။
စီကပ်အသီးက မီးနဂါးပုလဲလုံးမြန်မြန်ဖြစ်ပေါ်စေဖို့ အတွက် အထောက်အကူပြုပေးနိုင်ပေမယ့် မီးနဂါးပုလဲတလုံးအတွက် သုံးလိုက်ရတဲ့ တန်ဖိုးရအရမ်းကိုကြီးမားလေသည်။

စီကပ်သီး ဆယ်လုံးကျော်တောင်...... !

အခုဆိုရင်ရှောင်လုံရဲ့နတ်လက်စွပ်ထဲမှာ စီးကပ်သီး အလုံးနှစ်ဆယ်ကျော်ကျော်သာ ကျန်ရှိတော့လေသည်။ စီကပ်အသီးလိုမျိုး အသီးတွေနဲ့
မီးနဂါးပုလဲဖြစ်ပေါ်ဖို့လိုအပ်တဲ့ လောင်စာတွေကို လေ့လံတင်အိမ်တွေကနေ ဝယ်ယူနိုင်ပေမယ့် သူတို့ရဲ့စျေးနှုန်းကတော့မဟားတရားကိုကြီးမာလေသည်။ မီးနဂါးပုလဲအတွက်လောင်စာတွေက ရှောင်လုံမဆိုထားနှင့် လူတောင်းနိုင်ငံရဲ့ အချမ်းသာဆုံး ဘုရင်မင်းမြတ်တောင် ကြာရှည်ဆိုရင် မွဲတေသွားနိုင်တယ်မဟုတ်လား....။

အဲ့နောက်တော့ ရှောင်လုံက အတွင်းအားဆေးလုံး အလုံးတရာကျော်ကျော်လောက်ကိုနတ်လက်စွပ်ထဲကနေ ထပ်ပြီးထုတ်လိုက်လေသည်။ သူတို့အကုန်လုံးကိုစုပ်ယူပြီးတော့မှ စေတီဆီကနေ နောက်ထပ်မီးနဂါးပုလဲတလုံးထွက်ပေါ်လာ၏ ။ အတွင်းအားဆေးလုံး အလုံးတရာကျော်လောက်မှ မီးနဂါးပုလဲတလုံး ဖြစ်လာနိုင်တယ်ဟုတ်လား....
ဒီအတွင်းအားဆေးလုံး အရေအတွက်ရဲ့ တန်ဖိုးကိုပြန်နှိုင်းယှဉ်ကြည့်
ရင် သူတို့တန်ဖိုးကလဲ စီကပ်အသီးဆယ်လုံးစာလောက်ရှိလေသည်။

အင်း မိစ္ဆာသားရဲကြီးတွေရဲ့ အမြူတေနဲ့ဆိုရင် အသုံးဝင်မလားမသိဘူး....
ရှောင်လုံက ရုတ်တရက် အတွေးဖြစ်နိုင်ချေတခုကိုစဉ်းစားမိသွားလေသည်။ ဒါပေမယ့် သူနတ်လက်စွပ်ထဲမှာက လက်ကျန်သားရဲအမြူတေ် မကျန်ရှိတော့ပေ..... ။

အချိန်အနဲငယ်ကြာတော့ သူလင်းလောင်းရတနာစေတီထဲကနေဘထွက်လာပြီး မိန်းခန်းမဆောင်ထဲကို ပြန်လာလိုက်သည်။ အဲ့နောက် သူကဖေးဟိုက သူဆီလာဖို့ ဆင့်ခေါ်လိုက်သည်။ ဖေးဟိုရောက်လာတော့ရှောင်လုံကဖေးဟိုကို ရွှေဒင်္ဂါ တသိန်းပေးပြီး နန်တွင်းမြို့ရဲ့ သားရဲတရိစ္ဆာန် အစိတ်အပိုင်းတွေ ရောင်းဝယ်ကျတဲ့ မြို့လယ်စျေးကို သွားခိုင်းကာ သားရဲအမြူတေတွေကိုဘရနိုင် လောက်ဝယ်လာဖို့စေခိုင်းလိုက်သည် ။

ဖေးဟိုလဲ ရှောင်လုံရဲ့ ရုတ်တရက်သားရဲအမြူတေတွေအများကြီးဝယ်ဖို့ ခိုင်းစေမှုကို အနဲငယ် အံသြသွားပေမယ့် သူရှောင်လုံကို မေးခွန်းအများကြီးပြန် မမေးရဲဘူးလေ.... ။

တနာရီနီးပါးလောက်ကြာတော့ ရှောင်လုံညွှန်ကြားချက်အတိုင်း သားရဲအမြူတေသွားဝယ်တဲ့ ဖေးဟိုတယောက်ထျန်ယွမ်အိမ်တော်ကိုပြန်လည်ရောက်ရှိလာလေသည်။ သူက အဆင့်၇ သားရဲကြီးတွေရဲ့ အမြူတေ ၄၅ ထက်မနဲ ဝယ်လာခဲ့၏ ။

ရှောင်လုံရဲ့ သူရဲ့သီအိုရီ မှန်မမှန်ကို စမ်းသပ်ဖို့တက်ကြွနေလေသည် ။ သူဖေးဟိုလက်ထဲက သားရဲအမြူတေတွေကိုရတာနဲ့ သူအခန်းကိကဗျာကရာ ပြန်လိုက်၏ ။ အဲ့နောက် လင်းလောင်ရတနာစေတီရဲ့
ပထမအလွှာထဲကို ပြန်လည်ဝင်ရောက်လိုက်ပြီး ဝယ်လာတဲ့ သားရဲအမြူတေတွေအကုန်လုံး ကိုထုတ်လိုက်လေသည်။

ရှောင်လုံ ခန်းမှန်းထားသလိုပဲ လင်းလောင်ရတနာစေတီက သားရဲအမြူတေတွေဆီက ပြင်းထန်ကြမ်းတမ်းတဲ့ မိစ္ဆာဓတ်စွမ်းအင်ကို စုပ်ယူနိုင်လေသည်။ သိပ်မကြာခင်မှာပဲ စေတီရဲ့လေဟာနယ်ထဲကနေ
ခုလေးဆယ်ထက်မနဲတဲ့ သားရဲအမြူတေတွေ အကုန်လုံးရဲ့ မိစ္ဆာစွမ်းအင်ကို အကုန်အစင်စုပ်ယူလိုက်သည်။ မိစ္ဆာဓတ်စွမ်းအင်တွေစုပ်ယူချင်းခံလိုက်ရတဲ့ သားရဲအမြူတေတွေကတော့ အရောင်းမှိုင်းမှိုင်းကြီး
့ဖစ်သွားကာ တဖြည်းဖြည်း မီးခိုပြာတွေအဖြစ် လေထဲကို ပျံလွှင့်သွား၏ ။

သားရဲအမြူတေ အခုလေးဆယ်ကျော်ကျော်ရဲ့ မိစ္ဆာဓတ်စွမ်းအင်တွေကို စုပ်ယူထားသော လင်းလောင်ရတနာစေတီရဲ့ လေဟာနယ်ထဲကနေ မီးနဂါးပုလဲ နှစ်လုံး ဖြစ်ပေါ်လာလေသည်။

အဲ့ဒိရလဒ်ကို မြင်တော့မှ ရှောင်လုံက သက်ပြင်းမောကြီး မှုတ်ထုတ်ကာ စိတ်သက်သာရာရသွား၏ ။ ဒီရလဒ်အနေအထားကတော့ သူလက်ခံနိုင်တဲ့ အခြေအနေအတွင်းမှာပဲ ရှိနေသေးသည်။ သားရဲအမြူတေ အခုငါးဆယ်လောက်က မီးနဂါးပုလဲနှစ်လုံးနဲ့ ညီမျှတယ်ဆိုတော့ ရွှေဒင်္ဂါးငါးသောင်းက မီးနဂါးပုလဲတလုံးနဲ့ ညီမျှတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား.... ။

ဒီရလဒ်က ရှောင်လုံကို စိတ်သက်သာရာရသွားစေသည်။ သူအခုစမ်းသပ်နိုင်လိုက်တဲ့ ရလဒ်က စီးကပ်အသီးတို့ အတွင်းအားဆေးလုံးတို့ အသုံးပြုချင်းထက် အများကြီးပိုထိရောက်လေသည်။

ဒါပေမယ့်လဲ ရွှေဒင်္ဂါ ငါးသောင်းဆိုတာက သေးငယ်တဲ့ ပမဏာမဟုတ်ပဲ.... ။ ဒါကြောင့်မို့ ရှောင်လုံက ငွေလသစ်တော်ထဲကိုသွားပြီး သူကိုယ်တိုင် အဆင့်၇ မိစ္ဆာသားရဲကြီးတွေကို အမဲလိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ဒီတကြိမ် ငွေလသစ်တောထဲကို သွားမယ့်ခရီးစဉ်က သူအရင်သိုင်းလ်ေကျင့်ဖို့ သွားခဲ့တဲ့ ခရီးစဉ်ထက်ပိုမိုကြာနိုင်လေသည်။ ဒါကြောင့်မို့ယရှောင်လုံက အမဲလိုက်ဖို့   ငွေလသစ်တောထဲကိုသွားမယ့် ခရီးစဉ်မစသေးခင်မှာ ပထမဆုံး ကျောင်းက တခေါက်လောက်ထပ်သွားဖို့ ဆုံးဖြတ်လိုက်၏ ။ သူ့က အခုဆိုရင် မြေကြီးအဆင့်၇ သိုင်းသမား ဖြစ်နေပြီမို့ သူအတန်းအဆင့်တက်ဖို့ အချိန်တန်ပြီးမဟုတ်လား....
ဒါကြောင့် အတန်းတက်ဖို့လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ဆောင်ဖို့ ရှောင်လုံက ကြယ်စကြာဝဠာကျောင်းဆီကို သွားဖို့ ဆုံးဖြတ်လိုက်လေသည်။

နောကိနေ့ သာယာနေတဲ့ မနက်ခင်းမှာ ရှောင်လုံက ကြယ်စကြာဝဠာကျောင်းကိုရောက်ရှိလာ၏ ။ သူကျောင်းကိုရောက်တာနဲ့ တခြားဘယ်မှသွားမနေတော့ပဲ ကျောင်းအုပ်ကြီးကို သူ့ရုံးခန်းထဲဝင်ပြီး တိုက်ရိုက်ဝင်တွေ့လိုက်၏ ။ တကယ်တော့ ကျောင်းသားတယောက်အတန်းနောက်တဆင့်တက်ဖို့က ကြယ်စကြယဝဠာကျောင်းရဲ့ ဆရာတွေကသာလုပ်ဆောင်လေ့တာပဲ ဖြစ်၏ ။ ဒါပေမယ့် ဆရာတွေစစ်ဆေးမယ်ဆိုရင် စစ်ဆေးမှုတွေအကုန်လုံးပြီးဆုံးနိုင်ဖို့ဘအချိန်ခြောက်လပတ်ဝန်းကျင်လောက်ကြာလေသည်။ တကယ်လို့ သူသာ ကျောင်းအုပ်ကြီး စွင်းကျန်းဖြစ်စေ လက်ထောက်ကျောင်းအုပ် စွင်းကျန်း ဖြစ်စေ စစ်ဆေးပေးမယ်ဆိုရင် ရှောင်လုံအတွက် အတန်းနောက်တဆင့်တက်ဖို့က အချိန်တွေအများကြီး အကုန်ကျသက်သာနိုင်လေသည်။

ရှောင်လုံ ကျောင်းအုပ်ကြီး အခန်းထဲကိုရောက်တော့ တိုက်ဆိုင်စွာဖြင့် ကျောင်းအုပ်ကြီးအခန်းထဲမှာ စွင်းကျန်း ရှိနေတဲ့အပြင် လက်ထောက်ကျောင်းအုပ် ရှောင်းချူပါ ရောက်ရှိနေ၏ ။

ရှောင်လုံ အခန်းထဲဝင်လာတာကိုမြင်လိုက်တော့ ထိုင်ရင်း စကားပြောနေကျတဲ့ စွင်းကျန်းတို့နှစ်ယောက်လုံး အံသြသွားကျပြီး ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ မတ်တပ်ရပ်လိုက်ကျသည်။

"...... သားရှောင်လုံ ဆရာကြီးတို့ကို ဘာလို့လာရှာတာလဲ.... "
စွင်းကျန်းက ပြုံးရင်းနဲ့ ထပ်မေးလိုက်သည်
"..... သိုင်းလေ့ကျင့်တဲ့နေရာမှာ တခုခုအခက်အခဲတွေ့နေလို့လားကွ..."

ရှောင်းချူးကလဲ ပြုံးနေတဲ့ မျက်နှာဖြင့်
"..... ကဲပါ ရှောင်လုံရေ ဘာပြသနာရှိရှိ အားမနာနဲ့ကွာ ဟုတ်ပြီလား
ဆရာကြီးတို့ကိုပြော ဘာပြသနာရှိလို့လဲ..... "

သူတို့နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာက ရှောင်လုံသိုင်းလေ့ကျင့်ရာမှာ အခက်အခဲတခုခုရှိနေလို့ သူတို့ကိုလာရှာတယ်လို့ပဲ မှတ်ထင်နေကျသည်။ ဒါကြောင်မို့လို့ ရှောင်လုံ သူတို့ဆီက အကြံညဏ်လာတောင်းတာပေါ့..... ။

ရှောင်လုံက ကျောင်းအုပ်ကြီးတို့စကားကိုကြားတော့ ခေါင်းခါပြလိုက်ကာ သူလာရတဲ့ အကြောင်းရင်းကို ပြောပြလိုက်သည်
".... ကျွန်တော်လာတာက ပထမနှစ်ကနေ ဒုတိယနှစ်ကိုပြောင်းတက်ဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ချင်လို့လာတာပါ.... "

"......အတန်းအဆင့်တက်ဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ချင်လို့ဟုတ်လား.... "
အဖိုးကြီးနှစ်ယောက်လုံး ခနတာ အံသြမင်သက်သွားကျ၏ ။ အဲ့နောက်သူတို့နှစ်ယောက်က အံသြပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ တယောက်မျက်နှာတယောက်ကြည့်ရင်း မယုံနိုင်အောင်ဖြစ်နေကျသည်။

".....ရှောင်လုံ.... သား...သား မြေကြီးအဆင့်၇ သိုင်းသမားဖြစ်သွားတာလား..... ?"
စွင်းကျန်းက အံသြစွာဖြင့်မေးမြန်းလိုက်သည်။ ဟူတ်တယ်လေ အခုမှ ကျောင်းနှစ်ကုန်စာမေးပွဲပြီးလို့ နှစ်ဝက်တောင်မှ မကြာသေးတာ.....။ အကယ်၍ ရှောင်လုံက ရှောင်းယောင်ဝိညဉ်ဆေးလုံး နဲ့ ချီပင်လယ် ဝိညဉ်ဆေးလုံး နှစ်ခုလုံးကိုတပြိုင်နက် သောက်လိုက်မယ်ဆိုရင်တောင် သူအနေနဲ့ ဒီလောက်အချိန်တိုလေးအတွင်းမှာ မြေကြီးအဆင့်၆ အထွတ်အထိတ်အဆင့်ကနေ အဆင့်၇ သိုင်းသမား ဖြစ်သွားဖို့ဆိုတာက ဖြစ်နိုင်တဲ့ ကိစ္စတခုမဟူတ်ပေ..... ။
သူတို့ခန့်မှန်းထားချက်အရဆို ရှောင်လုံမြေကြီးအဆင့်၇ သိုင်းသမားအဆင့်ကိုရောက်ဖို့ တနှစ်လောက် အနဲဆုံးအချိန် အနေဖြင့် အချိန်ပေးလေ့ကျင့်ရမှာပဲ ဖြစ်သည်။

စွင်းကျန်းဘေးက ရှောင်းချူးကလဲ မယုံနိုင်လောက်အောင်အံသြနေသောမျက်နှာဖြင့် ရှောင်လုံကိုငေးကြည့်နေလေသည်။ ရှောင်လုံက ခေါင်းညိတ်ပြလိုက်ကာ သူစောနကပြောလိုက်တာကို ထပ်ပြီးအတည်ပြုလိုက်၏
"..... ဟုတ်ပါတယ်ဗျ..ကျွန်တော်အခုမြေကြီးအဆင့်၇ သိုင်းသမားဖြစ်နေပါပြီ...."
စကားဆုံးတာနဲ့ ရှောင်လုံက သူအတွင်းအားချီတွေကို ထုတ်ပြလိုက်လေသည်။

"....မြေကြီးအဆင့် ၇   .... ဒါတကယ် မြေကြီးအဆင့် ၇ အတွင်းအားချီတွေပဲ.... "
ရှောင်လုံ အတွင်းအားချီတွေ သူ့ကိုယ်ထဲကနေ ထွက်လာတာနဲ့ စောနက ရှောင်လုံကို မယုံကြည်နိုင်စွာဖြင့် ငေကြည့်နေကျတဲ့ စွင်းကျန်းနဲ့ ရှောင်ချူးတို့က အရမ်းကို စိတ်လှုပ်ရှားတက်ကြွလာကျ၏ ။

အချိန်တော်တော်ကြာတော့မှ စိတ်လှုပ်ရှားနေတဲ့ သူတို့နှစ်ယောက် သူတို့ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိလာ၏ ။ ဒါပေမယ့် စွင်းကျန်းရော ရှောင်းချူးရောက ရှောင်လုံကို ထူးဆန်းတဲ့ အကြည့်တွေဖြင့် ခေါင်းအစခြေအဆုံး စေ့စေ့စပ်စပ်ကို အကဲခတ်နေကျလေသည်။

ဒီလေးလ အချိန်အတောအတွင်း သုံးလကျော်ကျော်အချိန်လေးမှာ ရှောင်လုံဆီကနေ နောက်ထပ် အံသြဖို့ကောင်းတဲ့ထူးဆန်းသော
အခြေအနေတစ်ခုကို ထပ်ပြီးကြုံတွေကျရလိမ့်မယ်လို့ သူလို့လုံးဝကိုမမျှော်လင့်ထားကျပေ.... ။

ရှောင်လုံ အတွင်းအားတိုးတက်နှုန်းသာ ဒိလောက်မြန်ဆန်မယ်ဆိုရင်
နောက်ဆယ်လောက်ဆိုရင်ပဲ သူတကျောင်းလုံးရဲ့ ချန်ပီယံတောင် ဖြစ်လာနိုင်တော့မှာမဟူတ်လား.... ။

"....ဒါဆို ကျွန်တော်အတန်းအဆင့်တက်ဖို့ စာမေးပွဲကရော...?"
စွင်းကျန်း နဲ့ ရှောင်ချူးတို့က အသေကောင်ကြီးတွေလို သူမေးထားတဲ့မေးခွန်းကိုပြန်မဖြေပဲ သူကို မလှုပ်မရက်ငေးကြည့်နေကျတာမြင်တော့ ရှောင်လုံက မျက်မှောင်ကျုံလိုက်ပြီး သူတို့ဆီက အဖြေတခုကိုတောင်းခံလိုက်လေသည်။

ရှောင်လုံ မေးခွန်းကို ကြားတော့မှ အတွေးကမ္ဘာထဲမှာ စီးမျောနေကျတဲ့စွင်းကျန်းတို့နှစ်ယောက်လုံး ပြန်လည်သတိဝင်လာကျ၏။
"....အာ... ရှောင်လုံရ.... မင်းဒီလောက်မြန်မြန်အဆင့်တက်သွားနိုင်လိမ့်မယ်လို့ ငါတကယ်ကိုမထင်ထားမိတာပါကွာ.... "
စွင်းကျန်းက မြူးမြူးကြွကြွနဲ့ ရှောင်လုံကို ပြုံးပြလိုက်ကာ
".....အင်ဟုတ်ပြီ.... သားက နောက်တတန်းကိုတက်ဖိုဆရာတို့ကို စာမေပွဲစစ်ပေးဖို့့တောင်းဆိုထားတယ်နော်... ဟုတ်ပြီ ဒိလိုလုပ်ကျရအောင် မနက်ဖြန်ဆိုရင် ဒုတိယနှစ်တန်းခွဲခြောက်က ဓားမြတွေကိုချေမှုန်းဖို့အတွက် နယ်စပ်ကိုသွားတော့မှာ..... သားလဲ တန်းခွဲခြောက်ကကျောင်းသားတွေနဲ့အတူတူလိုက်သွားလေ.....  သားဓားမြဆယ်ယောက်သတ်နိုင်ပြီဆိုတာနဲ့ စာမေးပွဲအောင်ပြီ ဘယ်လိုလဲ.... "

"....မင်းသားလေး လူခိုင်ကလဲ လွန်ခဲ့တဲ့ နှစ်ရက်လောက်တုံးက
အတန်းတက်စစ်ဆေးမှု လုပ်ပေးဖို့တောင်းဆိုထားတယ် "
အဲ့အချိန်မှာပဲ ရှောင်းချူကလဲ ရှောင်လုံကို ဝင်ပြီး အသိပေးလိုက်ကာ
"..... မနက်ဖြန်ကျရင် သူလဲ သားလိုပဲ ဒုတိယနှစ်တန်းခွဲခြောက် နယ်စပ်ကဓားမြတွေကိုချေမှုန်းတဲ့ ခရီးစဉ်ကို အတူတူလိုက်လိမ့်မယ်...."

လူ ခိုင်လဲ အတူတူလိုက်မယ် ဟူတ်လား.... ? ရှောင်လုံလဲ သူကြာူလိုက်တဲ့ သတင်းအပေါ် နဲနဲတော့အံသြသွားလေသည်။ အဲ့နောက် ရှောင်လုံက စွင်းကျန်းတို့ကို ခေါင်းညိတ်နှုတ်ကဆက်ပြပြီး အခန်းထဲကနေ ထွက်လာလိုက်သည်  ။

"..... နောက်ဆယ်နှစိနေရင် ဒိလောက်လေးဘယ်လောက်ထိ တိုးတက်လာနိုင်မလဲဆိုတာ ငါတကယ်ကိုသိချင်နေပြီကွာ.... "
စွင်းကျန်းက မျှော်လင့်တကြီး ရေရွတ်လိုက်သည်။

ရှောင်ချူးကလဲ ဝင်ပြီးထောက်ခံစကားဆိုလိုက်သည်
"..... ဟုတ်တယ်ကျောင်းအုပ်ကြီး နောက်အနှစ်တရာလောက်ဆိုကျွန်တော်တို့ကျောင်းက သူရဲ့ကာကွယ်မှုတောင် လိုအပ်ချင်လိုအပ်နေတော့မှာ.... "

စွင်းကျန်းကခေါင်းညိတ်ပြလိုက်ကာ အဲ့ကိစ္စအပေါ်ကို နက်နဲစွာစဉ်းစားနေလေသည်။

ကျောင်းအုပ်ကြီးအခန်းထဲကနေထွက်လာတဲ့ ရှောင်လုံက အတန်းဆီကိုတောင်သွားမနေတော့ပဲ ထျန်ယွမ်အိမ်တော်ကိုပဲ တန်းတန်းမတ်မတ်ပြန်လာလေသည်။ အဲ့နောက် သူ့အခန်းထဲရောက်တာနဲ့ လင်းလောင်ရတနာစေတီရဲ့ ပထမထပ်ကိုဝင်ရောက်လိုက်ကာ မီးနဂါးပုလဲလုံးတွေအသုံးပြုရင်း သိုင်းကိုဆက်လေ့ကျင့်လိုက်၏။

တရက်ဆိုတဲ့အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားပြန်သည်။

နောက်တရက်မနက်ခင်းလဲရောက်ရော ရှောင်လုံက ကြယ်စကြာဝဠာကျောင်းကိုသွားလိုက်ပြီး ရင်ပြင်ကျယ်ထဲမှာ တန်းခွဲခြောက်ကိုစောင့်ဆိုင်းနေလေသည်။ သိပ်မကြာခင်မှာပဲ တန်းခွဲခြောက်ကကျောင်းသားတွေက ကျောင်းရင်ပြင်ဆီကိုရောက်ရှိလာကျ၏ ။ ရှောင်လုံလဲ သူတို့ထဲက တယောက်ကို မှတ်မိလိုက်သည်။ ရှောင်လုံ သိတဲ့တယောက်က ဒုတိယနှစ်အတန်းတွေရဲ့သိုင်းပြိုင်ပွဲမှာ တန်းခွဲခြောက်အတွက်အနိုင်ရခဲ့တဲ့ ရင်းယွန်း ဆိုတဲ့ ကျောင်းသားပဲ ဖြစ်သည်။ ရင်းယွန်းကလဲ နဂါးမီးတောက်တောင်ကြားမှာ သိုင်းသွားလေ့ကျင့်ခွင့်ရခဲ့တဲ့ ကျောင်းသားတွေထဲက တယောက်ပဲ ဖြစ်သည်။

တန်းခွဲခြောက်က ကျောင်းသားတွေက ကျောင်းရင်ပြင်ထဲမှာ ရပ်စောင့်နေတဲ ရှောင်လုံကို ထူးဆန်းအံသြနေတဲ့ အကြည့်တွေနဲ့ အကဲခတ်နေကျ၏ ။ ရှောင်လုံ မနေ့က ကျောင်းအုပ်ကြီး ရုံးခန်းကနေ ထွက်လာ
ပြီး ထျန်ယွမ်အိမ်တော်ကို ရောက်လို့ သိပ်မကြာခင်ပဲ သူမြေကြီးအဆင့်၇ သိုင်းသမားဖြစ်ပြီး အတန်းအဆင့်ရန် စစ်ဆေးပေးဖို့ ကျောင်းအုပ်ကြီးဆီမှာလာတောင်းဆိုတယ်ဆိုတဲ့ သတင်းက ကျောင်းတကျောင်းလုံးကို ပျံနှံသွားလေသည်။

နောက်တကြိမ် ရှောင်လုံက ကြယ်စကြာဝဠာတကျောင်းလုံးမှာပဲ အာရုံအစိုက်အခံရဆုံးလူသားတယောက် ဖြစ်လာပြန်၏။

ရဲယွန်းကဒုတိယနှစ် ကျောင်းသားအုပ်စုထဲကနေ ရယ်ရယ်မောမောဖြင့်ရှောင်လုံအနားကို လမ်းလျှောက်လာကာ
".... ရှောင်လုံ..... ငါတို့နောက်ဆုံးတွေ့ခဲ့တာ သုံးလတောင်မကြာသေးဘူးနော်... မင်းတကယ်ပဲ မြေကြီးအဆင့်၇ ကိုရောက်ရှိသွားမယ်လို့ ငါတကယ်ကိုမထင်ထားမိဘူး..... "

ရှောင်လုံက ပြုံးရင်းပြန်ဖြေလိုက်၏
"....ကံကောင်းသွားလို့ရောက်သွားတာပါ သိပ်အထင်မကြီးပါနဲ့အုံး ... "

ကံကောင်းတယ်ဟုတ်လား.... ? ရဲယွန်းကရှောင်လုံစကားကြားတော့ ခေါင်းကိုခါယမ်းလိုက်သည်။ အကယ်၍ ကံကောင်းချင်းကသာ လူတယောက်ကို သိုင်းအဆင့်တက်စေမယ်ဆိုရင် ဒီသိုင်းဝိညဉ်ကမ္ဘာကြီးက လူတော်တော်များများက ဘာလို့ မြေကြီးအဆင့် ၄ မြေကြီးအဆင့်၅ တို့နဲ့ သူတို့ဘဝတလျှောက် နေထိုင်သွားရမှာလဲ.... ။
တကယ်တော့ မြေကြီးအဆင့်၇ သိုင်းသမား တယောက်ဖြစ်လာဖို့ဆိုတာက ကံကောင်းချင်းတခုထဲနဲ့ မစွမ်းဆောင်နိုင်ဘူးဆိုတာ သူတို့အကုန်လုံးသိနေကျတာပဲ မဟုတ်လား.... ။

အဲ့အချိန်မှာပဲ အဝေးကနေ နန်းတွင်းအစောင့်တွေ ခြံရံပြီးရောက်ရှိလာတဲ့ မင်းသားလူခိုင်ကိုတွေ့လိုက်လေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၉၄ ......ထူးဆန်းသောမြို့လေး

     ကျောင်းရင်ပြင်ကျယ်ကိုအစောင့်တွေခြံရံကာ ရောက်ရှိလာတဲ့ လူခိုင်ကတော့ ရှောင်လုံ ကျောင်းပြင်ကျယ်ကိုရောက်နေတဲ့ အပေါ်မှာ ထူးဆန်းအံသြဟန်မပြချေ..... ။ သေချာတာကတော့ သူလဲပဲ ရှောင်လုံသိုင်းအဆင့်တက်သွားပြီး ကျောင်းမှာနောက်တတန်းတက်ဖို့ စာမေးပွဲဖြေတော့မယ်ဆိုတဲ့ သတင်းကိုကြားပြီးသား ဖြစ်နိုင်လေသည်။

ဒါပေမယ့်လူခိုင်က ရှောင်လုံကိုကြည့်နေရင်း သူစိတ်ထဲမှာ စိတ်ရှုပ်ထွေးလာသလို ခံစားလိုက်ရသည်။ တကယ်လို့သူတို့နှစ်ယောက်လုံးသာ အတန်းတက်စာမေးပွဲ စစ်ဆေးမှု ကိုအောင်မြင်လိုက်ပြီဆိုရင် သူတို့နှစ်ယောက်လုံးတန်းခွဲခြောက်မှာ အတန်းဖော်အတန်းဖက်တွေဖြစ်လာကျတော့မှာမဟုတ်လား.... ။

"..... ငါတို့ဒီစာမေးပွဲကိုလဲ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းအောင် အလောင်းအစားလေးတခုလောက်လုပ်ကျရအောင်.... မင်းဘယ်လိုသဘောရလဲ.... "
လူခိုင်က ရှောင်လုံကိုကြည့်ရင်းနဲ့လောင်းကြေးထပ်လိုက်၏
"..... ရွှေဒင်္ဂါး သုံးသိန်းကြေးကွာ မင်းလောင်းရဲလား....?"

"....ရွှေဒင်္ဂါသုံးသိန်းကြေး..... ကောင်းပြီလေ ငါတို့ဘာကိုပြိုင်ကျမှာလဲ..... ?"
တယောက်ယောက်က သူကိုရွှေဒင်္ဂါးသုံးသိန်းတောင် အလကား အလှုလာပေးချင်မှတော့ ရှောင်လုံက ငြင်းပယ်လိုက်ရင် ငါးကြော်မကြိုက်တဲ့ကြောင်မိုက်တကောင်နဲ့ တူသွားမှာမဟုတ်လား... ။

"..... အခုစာမေးပွဲ စစ်ဆေးတာက ဓားမြတွေကိုသတ်ဖို့ဆိုမှတော့
ဓားမြတွေကို ဘယ်သူအများဆုံးသတ်နိုင်လဲဆိုတာကို ပြိုင်ရမှာပေါ့ကွ...... "
လူခိုင်က ခပ်မဲ့မဲ့အသံဖြင့် ပြောလိုက်လေသည်။ လူခိုင်က သူ ရှောင်လုံကို ကျောင်းရဲ့ နှစ်ကုန်သိုင်းစာမေးပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဓားမြတွေကို သတ်တာမျိုးကျတော့ စွမ်းအားကြီးမားတခုထဲကိုမှီခိုလို့မရနိုင်တော့ဘူးမဟုတ်လား...။ ဒါကြောင့်မို့ လူခိုင်က သူဓားမြတွေကို ပြိုင်ပြီးသတ်တဲ့နေရာမှာသူ ရှောင်လုံကိုထပ်ပြီး ရှုံးနိမ်လိမ့်မယ်လို့ လုံးဝကိုမထင်ပေ... ။

ရှောင်လုံနဲ့ လူခိုင်ရဲ့ ပြိုင်ပွဲအကြောင်းအဆိုပြချက်ကိုကြားတော့သဘောတူစွာဖြင့်ခေါင်းညိတ်ပြလိုက်လေသည် ။ ခနလောက်ကြာတော့ တန်းခွဲခြောက်ကလူတွေအကုန်လုံး ကျောင်းရင်ပြင်မှာ စုစည်းပြီးသွားကျလေသည်။ ဒုတိယနှစ်တန်းခွဲခြောက်ရဲ့ အတန်းပိုင်ကတော့
ချန်ဖေးယွန်လို့ခေါ်တဲ့ အရမ်းကိုလှပကျက်သရေရှိသော မိန်းမပျိုတယောက်ပဲ ဖြစ်လေသည်။ ချန်ဖေးယွန်းက ရှောင်းမေကွီရဲ့ ပုံစံမျိုးနဲ့ မတူပဲ ရှောင်မေးကွီက အေးစက်မောက်မာသလောက် သူမကတော့ နူးညံလန်းဆန်းလှပနေတဲ့ အဖြူရောင်လီလီ ပန်လေးနဲ့ တူ၏ ။ သူမရဲ့ လှုပ်ရှားမှုတိုင်းက နူးညံညင်သာပြီး စကားပြောနေတုံးမှာလဲ ကျက်သရေရှိကာလှပလွန်းပြီး တောက်ပတဲ့ အပြုံးလေးတွေက သူမမျက်နှာမှာ အမြဲပြည့်နှက်နေကာ ချန်ဖေးယွန်းကိုမြင်လိုက်တဲ့ သူတိုင်းရဲ့စိတ်နှလုံးသားထဲမှာ အေးချမ်းမှုကို ခံစားမိကျလေသည်။

ဒီတကြိမ်နယ်စပ်ကို သွားပြီး ဓားမြတွေကို သွားသတ်ဖို့ စစ်ဆင်ရေးကို ချန်ဖေးယွန်းက ဦးဆောင်ရမှာပဲ ဖြစ်သည်။ ချန်းဖေးယွန်းက ကျောင်းသားတွေစုရပ်နေကျတဲ့ ကျောင်းရင်ပြင်ကိုရောက်ရှိလာတော့
ရှောင်လုံနဲ့ လူခိုင်ကိုကြည့်ပြီး လှပစွာပြုံးပြလိုက်၏ ။ ရှောင်လုံနဲ့ လူခိုင်နှစ်ယောက်လုံးက ကျောင်းရဲ့အကျော်ကြားဆုံး သူတွေထဲက နှစ်ယောက်မို့လို့ သူမက ရှောင်လုံတို့ကိုမြင်တာနဲ့ တခါထဲတန်းမှတ်မိသွားလေသည်... ။

မနေ့က ကျောင်းအုပ်ကြီး စွင်းကျန်းက ရုတ်တရက် သူမကို သူ့ရုံးခန်းလာဖို့အခေါ်လွှတ်ခဲ့လေသည်။ ရုံးခန်းထဲရောက်တော့
ကျောင်းအုပ်ကြီးရဲ့ ထုံထုံမှိုင်းမှိုင်း မျက်နှာသေက အရမ်းကိုတည်ကြည်လေးနက်လေ၏ ။ အဲ့နောက်သူမကို ဒီခရီးစဉ်အတွင်း ရှောင်လုံနဲ့ လူခိုင်ကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ကာကွယ်ပေးရမယ်ဆိုတဲ့အကြောင်းကို အရေးတကြီး ထပ်ခါထပ်ခါမှာကြားလေသည်။

ဒီအကြောင်းပြချက်ကြောင့်မို့လို့ပဲ ဒီစစ်ဆင်ရေးကို သူမကိုယ်တိုင်ဦးဆောင်လာတဲ့အပြင် ချန်ဖေးယွန်တို့နဲ့အတူ တခြားမြေကြီး အဆင့်၁၀ ဆရာနှစ်ယောက်ကလဲ သူတို့ကိုအဖေါ်ပြုရင်းလိုက်လံစောက်ရှောက်ကျမှာပဲ ဖြစ်သည်။

".... ကဲအားလုံးပဲ လူစုံပြီးဆိုရင်  ..  ဆရာမတို့တို့ ခရီးစဉ်ကိုစလိုက်ကျရအောင်....."
ချန်ဖေးယွန်းက အမိန့်ပေးလိုက်လေသည်။

တနာရီကျော်ကျော်လောက်ကြာတော့ သူတို့လူအုပ်စုက နန်တွင်း
မြို့တော် ဧရိယာထဲကနေ အပြင်ဘက်ကိုရောက်ရှိလာကျသည်။ အဲ့နောက် လူတောင်းနိုင်ငံရဲ့ နယ်စပ်မြို့တနေရာကို ဦးတည်ကာ ဆက်လက်ထွက်ခွာလာကျသည်။

အဲ့လိုနဲ့ လဝက်လောက်အချိန် ကုန်ဆုံးသွားလေသည်။
"....အားလုံးပဲ.... သတိထားကျပါ...... ဒီမြို့လေးထဲမှာ ဓားမြတွေခနခနပေါ်လာတတ်တယ်နော်..... ဓားမြတွေရဲ့ စွမ်းအားကအရမ်းကြီးမမြင့်မားပေမယ့် သူတို့တကြိမ်လှုပ်ရှားတိုင်းမှာ လူအယောက်တရာလောက်စုစည်းလှုပ်ရှားလေ့ရှိကျတယ်..... ပြီးတော့ သူတို့က အရမ်းကိုရက်စက်ကြမ်းကြုတ်လေ့ရှိတယ်.... ဒါကြောင့်မို့ မင်းတို့အနေနဲ့ သူတို့နဲ့ ရင်ဆိုင်တွေ့မိပြီဆိုရင် လုံးဝကို သက်ညှာလို့မဖြစ်ဘူးနော်....
သိကျပြီလား.... ? "
အေးစက်ခြောက်ကပ်နေတဲ့ မြို့လေးရဲ့ အဝင်ပေါက်မှာ ခနစုရပ်လိုက်ကာ ချန်ဖေးယွန် ကကျောင်းသားတွေကိုထပ်ပြီး သတိပေးလိုက်လေသည်။

ခရီးထွက်ခွာလာကျတာ နှစ်ပါတ်ဆိုတဲ့ အချိန်ကိုရောက်လာတော့ ရှေုင်လုံတို့က သူတို့ရဲ့ ပစ်မှတ်တည်တည်နေရာကို ရောက်ရှိလာကျ၏ ။ ဒီနေရာကတော့ လူတောင်းနိုင်ငံနဲ့ ဘေလုံနိုင်ငံတို့လဲ ကြားမြို့လေးတမြို့ပဲ ဖြစ်သည်။

ချန်ဖေးယွန် ရဲ့ ပြောကြားမှုအရဆိုရင် ဒီဓားမြတွေက ဘေလုံနိုင်ငံထဲက လူတွေဖြစ်ပြီး သူတို့က လူတောင်းနိုင်ငံထဲကိုခိုးဝင်လာကျကာ လူတောင်းနိုင်ငံရဲ့ မြို့ငယ်တချိုမှာ လူသတ်၊ ဓားမြတိုက် ၊ ပြန်ပေးဆွဲ
စသဖြင့် လှည့်ပတ်လှုပ်ရှားလေ့ရှိကျသည်။ ဓားမြတွေက မြို့တမြို့ကိုပစ်မှတ်ထား တိုက်ခိုက်လို့ ပြီးပြီဆိုရင် သူတို့ရဲ့ ဘေလုံနိုင်ငံရဲ့ ပိုင်နက်အတွင်းကို အလျင်အမြန်ဆုတ်ခွာသွားလေ့ ရှိကျသည်။ ဒါကြောင့်မို့ သူတို့ကို လိုက်လံနှိမ်နင်းနေကျတဲ့ နယ်စပ်စစ်သားတွေကတော့ သူတို့ကို ဘေလုံနိုင်ငံထဲထိ လိုက်ပြီးတိုက်ခိုက်လို့မရတာမို့ ဘာလုပ်ရမလဲမသိပဲ အကြီးအကျယ်ခေါင်းခဲနေကျလေသည်။

ချန်ဖေးယွန်းကကျောင်းသားတွေအကုန်လုံးကို သိသင့်သိထိုက်တာတွေပြောပြပြီးတဲ့နောက်မှာ သူတို့အကုန်လုံးခြောက်ကပ် တိတ်ဆိတ်နေတဲ့ မြို့လေးအတွင်းကို သတိနဲ့ ချဉ်းကပ်ဝင်ရောက်လိုက်ကျသည်။

သူတို့မြို့ထဲကိုရောက်လာတော့ မြို့တမြို့လုံး လူအရိပ်အယောင်ကိုမမြင်ရပဲ တိတ်ဆိတ်ငြိမ်သက်နေ၏ ။  အိမ်တိုင်းကိုယ်ဆီကလဲ သူတို့တံခါးတွေကိုတင်းတင်းကျပ်ကျပ် ပိတ်ထားကျလေသည်။ ဒီတိတ်ဆိတ်မှုကြောင့် ကျောင်းသားတွေစိတ်ထဲမှာ စိုးရိမ်ထိပ်လန့်မှုတွေက အစားထိုနေရာယူလာကျသည်။ မြို့ရဲ့နေရာအနှံက တချို့ အဆောက်အအုံတွေကနေ အမဲရောင်မီးခိုးငွေတွေက တလူလူထွက်ရှိနေ၏ ။

ခနလောက်ကြာတော့ ချန်ဖေးယွန်က ကျောင်းသားတွေအကုန်လုံးကို
လူစုသုံးစုခွဲလိုက်ကာ သူမနဲ့ နောက်ဆရာနှစ်ယောက်က ကျောင်းသားအုပ်စုတခုချင်းဆီကို ဦးဆောင်လိုက်ကျသည် ။ လူတစုမှာ ခန့်မှန်းခြေအားဖြင့် ကျောင်းသားအယောက်နှစ်ဆယ်နီးပါးပါရှိကျလေသည်။ အုပ်စုသုံးခုက သီးခြားစီ စစ်ဆင်ရေးကို ဆင်နွှဲ့ကျမှာဖြစ်ပြီး
နောက်ဆုံးအနေဖြင့် မြို့တံခါးအဝင်ပေါက်မှာ ပြန်လည်စုစည်းကျမှာပဲဖြစ်၏ ။ ဓားမြတွေကို ဘယ်အုပ်စုကပဲ အရင်တွေ့သည်ဖြစ်စေ
တခြားအုပ်စုနှစ်ခုကို သူတို့ဓားမြတွေတွေ့တဲ့ နေရာအား အသိပေးအချက်ပြရမှာပဲ ဖြစ်သည်။

ရှောင်လုံနဲ့ လူခိုင်တို့နှစ်ယောက်ကတော့ ချန်ဖေးယွန် ဦးဆောင်တဲ့ လူစုအတွင်းပါဝင်လေသည်။ ချန်ဖေးယွန် ဦးဆောင်လာတဲ့ လူစုကတော့ တခြားအုပ်စုနှစ်ခုနဲ့ လမ်းခွဲလာကျပြီး ဓားမြတွေကို မြို့နေရာအနှံစတင်ရှာဖွေတော့လေသည်။ တနာရီကျော်ကျော်လောက် ကြာတဲ့အချိန်ထိ သူတို့ဓားမြတွေရဲ့ အရိပ်အယောင်ကိုမမြင်ရပေ..... ။
မြို့တမြို့လုံးကို မျှော်လင့်ချက်မရှိ အေးစက်ခြောက်ကပ်နေတဲ့ ပတ်ဝန်းကျင်အနေအထားဖြင့် လွှမ်းခြုံထားကာ သူတို့စိတ်ထဲမှာ တခုခုတော့ အရမ်းကိုထူးဆန်းနေသလို ခံစားချက်မျိုးခံစားလိုက်ကျရလေသည်။

".....အရမ်းထူးဆန်းတာပဲ..... ဒီမြို့ထဲကလူတွေဘယ်ရောက်ကုန်ကျတာလဲမသိဘူးနော်.... ? ဘာလို့ အခုထိလူတယောက်ရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရသေးတာလဲ...... ?"
ရှောင်လုံတိုနဲ့ အတူတဖွဲ့ထဲပါလာတဲ့ ရဲယွန်က အသံကျယ်ကျယ်နဲ့
အံသြစကားဆိုလိုက်၏ ။

".... ဒီကလူတွေအကုန်လုံး သေကုန်ကျတာများလား..... အကုန်လုံးသေသွားကျတယ်ဆိုရင်လဲ သူတို့အလောင်းတွေက ဘယ်ရောက်ကုန်ကျတာလဲ..... ?"
လူခိုင်က ကြားဖြတ်ပြောလိုက်လေသည်။

မြို့တမြို့လုံး လူတွေတယောက်မှမရှိသလို အလောင်းတွေကိုလဲမမြင်ရပေ.... ။ ရုတ်ရင်းဆန်ခတ် တိုက်ခိုက်မှု အရိပ်အယောင်တွေကိုလဲမမြင်ရပဲ ဒီမြို့ကလူတွေအကုန်လုံး ရုတ်တရက်လေထဲပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေ၏ ။

ရှောင်လုံလဲ လက်ရှိအခြေအနေကို အကဲခတ်ရင်း မျက်မှောင်တင်းတင်းကျုံလိုက်သည် ။ ဒါပေမယ့် သူတို့လူစုကို အရှေ့ကိုဆက်ပြီးခရီးဆက်လာကျသည်။သူတို့လူစု မြို့လေးရဲ့ မြောက်ဘက်ပိုင်းတနေရာကိုရောက်တော့ ရှောင်လုံကရုတ်တရက် ရပ်တန့်လိုက်ကာ
ဒါ.... ဒါ..... ? သွေးညှီနံတွေမဟုတ်လား..... သေချာတာပေါ့ ဒါသွေးညှီနံတွေပဲ.... !

သွေးညှီနံက လေထုထဲမှာ မထင်မရှားပုံစံဖြင့် ပျံလွှင့်နေသော်လဲ ရှောင်လုံကတော့ သွေးညှီနံဆိုတာကို  ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်လိုက်လေသည်။ သူ့မြေကြီးအဆင့် ၇ သိုင်းသမားတယောက်ဖြစ်လာကာ သူ့သိုင်းဝိညဉ်ရဲ့နောက်တကြိမ် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်လာပြီးကတည်းက သူရဲ့ အကြားအာရုံနဲ့ အနံခံအာရုံတွေက သိသိသာသာကို ဖွံဖြိုးတိုးတက်လာလေသည်။

လူခိုင်နဲ့ ရဲယွန်တို့နှစ်ယောက်လဲ ရှောင်လုံ တုံခနဲရပ်သွားတာကိုမြင်တော့ သူတို့ရင်ထဲမှာ သံသယစိတ်တွေဝင်လာကျလေသည်။ အဲ့အချိန်မှာပဲ ရပ်တန့်နေတဲ့ ရှောင်လုံပုံရိပ်က အရှေ့ကို ရုတ်တရက် လျင်မြန်စွာ ပြေးထွက်သွားလေသည်။  ချန်ဖေးယွန် တို့လူစုတခုလုံး ရှောင်လုံကိုကြည့်ရင်း အံသြထူးဆန်းကုန်ကျလေသည်။

"....အာ... ရှောင်လုံ နင်ဘယ်သွားတာလဲ.... ?"
ချန်ဖေးယွန်က အော်ဟစ်မေးလိုက်ကာ သူတို့လူစုရဲ့ ရှောင်လုံနေုက်ကိုအရှိန်မြှင့်ကာ လိုက်သွားကျ၏ ။ ရုတ်တရက်ပြေးသွားတဲ့ ရှောင်လုံက သိပ်မကြာခင်မှာပဲ လမ်းခွဲတခုအတွင်းမှာ မနှစ်မြို့ဖွယ် ထူးထူးဆန်းဆန်း အဝတ်တွေဝတ်ဆင်ထားတဲ့ သတ်လတ်ပိုင်းအရွယ် လူကြီးနှစ်ယောက်ကိုမြင်တွေ့လိုက်လေသည် ။

ထူးဆန်းတဲ့အဝတ်အစားဝတ်ဆင်ထားတဲ့ လူနှစ်ယောက်က သူတို့ပုန်းအောင်းနေကျတဲ့ နေရာကို ရောက်လာကျတဲ့ ရှောင်လုံ အပါအဝင် သူ့နောက်ကနေပြေးလိုက်လာကျတဲ့ လူအယောက်နှစ်ဆယ်ကျော်လောက်ပါသော ချန်ဖေးယွန်တို့လူစုကိုလဲ မြင်လိုက်ရောလန့်ဖြန်တုန်လှုပ်သွားကျလေသည် ။ အဲ့နောက် သူတို့နှစ်ယောက်လဲ ပုန်းအောင်းနေရာကနေထွက်ပြေးဖို့ကြိုးစားလိုက်ကျသည် ။

မြို့လေးထဲကိုမဝင်ခင်ကတည်းက ချန်ဖေးယွန်က ရှောင်လုံတို့ကို ဓားမြတွေဝတ်ဆင်လေ့ရှိကျတဲ့ အဝတ်အစားတွေအကြောင်းကိုသေသေချာချာရှင်းပြပြီးသားဖြစ်၏ ။ အခုသူတို့နှစ်ယောက်ဝတ်ဆင်ထားတဲ့ အဝတ်အစားရယ် ရှောင်လုံတို့လူစုကိုလဲမြင်ရော အလျင်အမြန် ထွက်ပြေးဖို့ ကြိုးစားနေတာကိုကြည့်ချင်းအားဖြင့်သူတို့နှစ်ယောက်က ဘေလုံနိုင်ငံရဲ့ နယ်စပ်ကိုဖြတ်သန်းကာ ရှောင်လုံတို့ လူးတောင်းနိုင်ငံကို လာတဲ့ ဓားမြအဖွဲ့ထဲကလူတွေပဲ ဖြစ်နိုငတယ်မဟုတ်လား ။

လူတို့နှစ်ယောက် ထွက်ပြေးဖို့ ကြံစည်နေတာကိုမြင်တော့ ရှောင်လုံမျက်နှာမှာ အေးစက်စက် လှောင်ပြုံးတခုပေါ်လာကာ
".....ထွက်ပြေးချင်တယ်ပေါ့လေ... ?"
အဲ့နောက်ရှောင်လုံက သူ့သိုင်းဝိညဉ်ရဲ့ မွေးရာပါစွမ်းရည်ဖြစ်တဲ့ သရဲအရိပ် ကိုယ်ဖော့သိုင်းကို ထုတ်သုံးလိုက်၏ ။ မျက်စိတမှိတ်အတွင်းမှာပဲ ရှောင်လုံကသူနဂိုရပ်နေတဲ့ နေရာကနေ ဖျက်ကနဲဆိုသလို ထူးထူးခြားခြားဝတ်ဆင်ထားတဲ့ ဓားမြနှစိယောက်နဲ့ ဆယ်ပေလောက်အကွာကို ရောက်ရှိလာလေသည်။  သူတို့နှစ်ယောက်အနားကိုရောက်တာနဲ့ ရှောင်လုံက သူ့လက်ထဲကနတ်ဓားနှစ်လက်ကို အပြင်ကိုခေါ်ထုတ်လိုက်ကာ ဓားနှစ်လက်ကို မွေ့ယမ်းလိုက်သည်။ ထက်မြတဲ့ အလင်းတန်းတခုထွက်ပေါ်လာကာ ဓားမြတယောက်လဲ လည်ပင်းမှာ အနီရောင်အစင်းရာတခုပေါ်လာလေသည်။ နောက်ဓားမြတယောက်ကိုတော့ စစ်ဆေးမေမြန်းဖို့ မသတ်သေးပဲ လက်သီးတချက်ထိုးလိုက်လေသည်။ ရှောင်လုံလက်သီးချက် မိသွားတဲ့ ဓားမြလဲ အဝေးကိုလွှင့်ထွက်သွား ၏ ။ ဒါပေမယ့် အသက်ရှင်နေတုံးပဲ ရှိသေးသည်။

ရှောင်လုံက လွှင့်ထွက်သွားတဲ့ ဓားမြရှိနေတဲ့နေရာကိုလာလိုက်၏ ။
အဲ့နောက် အေးစက်မာကျောနေသောလေသံဖြင့် ဓားမြကိုမေးလိုက်သည်
".... ပြောစမ်း..... ဒီမြို့ကလူတွေဘယ်ရောက်ကုန်ကျပြီလဲ... ?"

သတ်လက်ပိုင်းအရွယ်လူကြီးကတော့ ကြောက်တလန့်တကြားဖြင့်
အော်ပြီး ပြန်ဖြေလိုက်သည်
"..... ကျွန်တော်ကိုမသတ်ပါနဲ့..... ကျွန်တော်ပြောပါမယ် ....
ဒီမြို့ကလူတွေ ဟိုအရှေ့ဘက်ကကွင်းပြင်ထဲမှာ အစုလိုက်အပြုံလိုက်ရှိနေကျပါတယ်.... "

ဓားမြက သူစကားဆုံးသွားရုံပဲရှိသေးတယ်..... ရှောင်လုံက သူ့လက်ညှိုးဖြင့် ဓားမြရဲ့ နဖူးချိန်ထိုးလိုက်ကာ လက်ညှိုးက နားထင်ကိုဖောက်ထွက် သွားလေသည်။ အဲ့နောက်ရှောင်လုံရဲ့ အရိပ်က ဓားမြညွန်ပြလိုက်တဲ့ အရပ်ဆီကို ဥိးတည်ကာ ပျောက်ကွယ်သွားလေသည်။

ချန်ဖေးယွန်တို့လူစုရောက်လာတော့ အသက်မရှိတော့တဲ့ ဓားမြနှစ်ယောက်ကိုပဲ မြင်လိုက်ကျသည်။ သေဆုံးနေတဲ့ ဓားမြနှစ်ယောက်ကိုကြည့်ရင်း ချန်ဖေးယွန် က ရဲယွန်ကို အမိန့်ပေးလိုက်လေသည်။
"....မြန်မြန်....  အချက်ပြပြီးထုတ်ပြီး  ငါတို့ရှိနေတဲ့ နေရာကို တခြားသူတွေသိသွားအောင်လို့ အချက်ပေးလိုက်စမ်းလိုက်စမ်း ....!"

"....ဟူတ်ကဲ့ဆရာမ.... အချက်ပဲ အချက်ပြလိုက်ပါ့မယ်.... "
ရဲယွန်က ပြန်ဖြေလိုက်သည်။ အဲ့နောက် သူအိတ်ထဲမှာ သိမ်းဆည်းထားတဲ့ မီးခိုးဗုံး တလုံးကို ထုတ်လိုက်ကာ ချေမွလိုက်ပြီး ကောင်းကင်ယံကိုပစ်ဖောက်လိုက်လေသည်။ ခနချက်ချင်းမှာပဲ အပြာရောင်အလင်းတန်းက ကောင်းကင်ထက်မှာ တောက်ပလာလေသည်။

  ရှောင်လုံလဲ ဓားမြညွန်ပေးတဲ့ ကွင်းပြင်ကျယ်ကို အလျင်အမြန်ပြေးလာလိုက်၏ ။ ကွင်းပြင်ကျယ်နားကိုရောက်တော့ ကွင်းပြင်က လူနှစ်ထောင်လောက် ကျယ်ကျယ်ဝန်းဝန်းသက်တောင့်သက်သာ နေနိုင်လောက်အောင်ကြီးမားလေသည်။ ဒါပေမယ့် ကွင်းပြင်ထဲမှာတော့ အလောင်းတွေအများကြီးက ပြန့်ကျဲနေလေသည်။ တချို့အလောင်းတွေကို ခြေလက်လေးဖက်လုံး ဖြတ်ခံထားရပြီးတော့ တချို့က ခေါင်းဖြတ်ခံထားရကာ တချို့အလောင်းတွေကျတော့ သူတို့ကိုယ်တွင်းအင်္ဂါတွေပါနှိုက်ထုတ်ခံထားရတာကို ရှောင်လုံ တွေ့လိုက်ရလေသည်။

ဒိရုပ်အလောင်းတွေက မြို့လူထုရဲ့ အလောင်းတွေပဲ ဖြစ်ကျသည်။
ကွင်းပြင်ကျယ်ထဲမှာတော့ ဓားမြအယောက်တရာကျော်လောက်က ဓားထက်ထက်တွေကိုကိုင်ရင်း မြို့နေလူထုကို အနိုင်ကျင့် ညှင်းပန်နှိပ်စက်နေကျ၏ ။ သူတို့ နှိပ်စက်တာအားရတော့မှ မြို့လေးထဲကလူတွေကို သတ်ပစ်လိုက်ကျလေသည် ။ နာကျင်စွာညည်းတွားသံ အော်ဟစ်တောင်ပန်သံတွေနဲ့ ကွင်းပြင်ကျယ်ကြီးတခုလုံး ဆူညံပွက်လောရိုက်နေကျသည်။ ဒီဓားမြလူစုရဲ့ တကယ့်အရေအတွက်က အယောက်သုံးရာနီးပါးရှိ၏ ။

ကွင်းပြင်ကျယ်ကို အလျင်အမြန်ပြေးလာတဲ့ ရှောင်လုံလဲ ဓားမြတွေရဲ့ လူတွေအပေါ် ရက်စက်ယုတ်မာနေတဲ့ မြင်ကွင်းကိုမြင်လိုက်လေသည်။ အဲ့မြင်ကွင်းကို ကြည့်ရင်း ရှောင်လုံရင်ထဲမှာ ဒေါသတွေအလိပ်လိုက်ထွက်လာကာ လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ သူမျက်လုံးတွေကနေ လူသတ်ချင်တဲ့ အရိပ်အယောင်တွေပေါ်ထွက်လာလေသည်။

သိပ်မကြာခင်မှာပဲ နောကိကျနေလိုက်လာကျတဲ့ ချန်ဖေးယွန် ၊ လူခိုင်
ရဲယွန်နဲ့ တခြားကျောင်းသားတွေအကုန်လုံး ကွင်းပြင်ကျယ်ဆီကိုရောက်ရှိလာကျသည်။ ကွင်းပြင်ထဲက မြင်ကွင်းကိုမြင်လိုက်ရတဲ့ သူတိုင်းကရှောင်လုံလိုမျိုး တပုံစံထဲတွေဖြစ်ကုန်ကျသည်။

သူတို့လူစု ရောက်လာတာကိုမြင်တော့ ကွင်းပြင်ကျယ်ထဲမှာ မြို့လေးထဲကလူတွေကို ပျော်ရွှင်စွာနှိပ်စက်သတ်ဖြတ်နေကျတဲ့ ဓားမြတွေက
သူတို့လုပ်လက်စအလုပ်တွေကို ရုတ်တရက်ရပ်ဆိုင်းလိုက်ကျပြီး
သူတို့ဆီကိုလာတဲ့ ဧည့်သည်အသစ်တွေကို လှည့်ကြည့်လိုက်ကျလေသည်။

"....ကိုယ်လူတို့......ဒီမှာကြယ်စကြာဝဠာကျောင်းကဧည့်သည်တွေရောက်နေပီလေ ....."
မျက်နှာတဝက်လောက်အထိ ဖုံးကွယ်ထားနိုင်တဲ့ အနက်ရောင်ဥိးထုတ်ဆောင်းထားသော သတ်လတ်ပိုင်းအရွယ်ဓားမြကြီးက ဓားမြအုပ်စုထဲကနေ အပြင်ကို ထွက်လာကာပြောလိုက်သည်။ အဲ့နောက် ဓားမြကြီးရဲ့ မျက်လုံးတွေက ရှောင်လုံတို့လူစုကိုအကဲခတ်လိုက်ကျပြီး သူ့အကြည့်တွေက ချန်ဖေးယွန်ရဲ့တောင့်တင်း လှပတဲ့ ခန္ဓာကိုယ်ပေါ်မှာရပ်တန့်သွားလေသည်။ချန်ဖေးယွန်ရဲ့ တောင့်တင်းစိုပြေလှတဲ့ကိုယ်ခန္ဓာကိုကြည့်ရင်း ဓားမြကြီးက ကြာကူလီဆန်ဆန်ပြုံးလိုက်ကာ
".... ငါအခုပဲ ဒီမြို့ထဲကမိန်းမတွေ တယောက်မှ ပုံမလာ သုံးစားမရဘူးလို့ပြောနေတာ..... အခုတော့ ငါရှေ့တည့်တည့်ကို ဖွံဖွံထွားထွားရေးဆေးငါးလေး တကောင် ရောက်လာပြီဟ.... "

"...ညီကိုတုိ့... မင်းတို့ဘာမှစိတ်မပူနဲ့..... ငါအလှည့်ပြီးတာနဲ့
မင်းတို့ တယောက်ချင်းဆီအလှည့်ရောက်လာစေရမယ်
ဟူတ်ပြီလား...."

"....ခေါင်ဆောင်ကြီး သက်တော်ရာကျော်ရှည်ပြီး မိန်းမချောချောတွေလဲ အများကြီးရရှိခံစားနိုင်ပါစေ.... "
သူတို့ခေါင်းဆောင်ရဲ့ ကတိစကားကိုကြားလိုက်တယ်ဆိုရင်ပဲ အယောက်သုံးရာလောက်ရှိတဲ့ ဓားမြတွေဆီကနေ တဏှာဆန်ဆန် စိတ်လှုပ်ရှားအော်ဟစ်သံတွေထွက်ပေါ်လာကျသည်။

ချန်ဖေးယွန်ရဲ့ နူးညံလှပတဲ့ မျက်နှာလေးမှာချက်ချင်းဒေါသတွေနဲ့ ပြည့်နှက်သွားကာ နီရဲပြာနှမ်းသွားလေသည်။ သူမရဲ့ လှပတဲ့ မျက်လုံးရွဲကြီးတွေကတော့ လူသတ်ချင်တဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နှက်နေ၏ ။

ချန်ဖေးယွန် စူပုတ်ရှုံမဲသွားသောမျက်နှာလေးကိုကြည့်ရင်း ဦးရောင်အမဲရောင်ဝတ်ထားတဲ့ ဓားမြကြီးမျက်နှာက ပိုပြီးစပ်ဖြဲဖြဲဖြစ်လာကာ
".... မိန်းမပျက်လေး ... နင်ခနနေရင် ကမ္ဘာပေါ်က အကာင်းဆုံးဆိုတဲ့ အရသာကိုတဝကြီးခံစားရတော့မှမို့လို့ အရမ်းစိတ်လှုပ်ရှားနေတာလားကွ....."
ဟုပြောရင်း  သူလက်နှစ်ဖက်က ဓားမြအယောက်သုံးရာကျော်ကို ဝေ့
ယမ်းအချက်ပြလိုက်ကာ ရှောင်လုံတို့ရဲ့ လူနှစ်ဆယ်ကျော်ကျော် လူစုလေးကို ပြေးပေါက်မရှိအောင် ဝန်ရံလိုက်တော့သည်။

ရှောင်လုံကတော့ သူတို့လူစုကိုလာဝိုင်းတဲ့ ဓားမြတွေက ရေခဲတောင်လိုရေစက်နေ့တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်လေသည်။
အဲ့အချိန်မှာပဲ ဓာမြခေါင်းဆောင်ရဲ့အသံထွက်ပေါ်လာလေသည်
"....ဒိမိန်းကလေးကိုပဲ အရှင်ထား....  တခြားကောင်တွေအကုန်လုံးကိုသတ်ပစ်ကျစမ်းကွာ.... "
ဓားမြခေါင်းဆောင်ရဲ့ အမိန့်သံဆုံးသွားတာနဲ့ နတ်ဓားနှစ်လက်ကိုကိုင်ဆောင်ထားတဲ့ ရှောင်လုံ အရိပ်က ချက်ချင်းဆိုသလို ဓားမြတွေကြားထဲကို တိုးဝင်သွားတော့သည်။

သူ့ဓားတချက် လွှဲယမ်းလိုက်တိုင်းဓားမြတွေဘက်မှာ ကောက်ပင်ရိတ်သိမ်းလိုက်သလိုမျိုး အတုံးအရုန်းလဲကျကုန်ကျပြီး နာကျင်စွာ အော်ဟစ်ညည်းညူသံတွေနဲ့ ကွင်းပြင်ကျယ်ကြီးကနောက်တခါ ဆူညံပွက်လောရိုက်လာပြန်သည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၉၅ ....... နင်...  သိုင်းပညာမိသားစု

        ရှောင်လုံ ဝင်တိုက်လိုက်တာကိုမြင်တာနဲ့ လူခိုင် ၊ ရဲယွန် နဲ့ တခြားကျောင်းသားတွေလဲတုန့်ဆိုင်းမနေတော့ပဲ ဝင်ရောက်တိုက်လိုက်ကျလေသည်။

  ချန်ဖေးယွန် ကလဲ သူမလက်ဝါးသိုင်းနဲ့ ဓားမြတော်တော်များများရဲ့
အသက်ကို ချွေခဲ့သည်။ အဲ့နောက်သူမက ဓားမြခေါင်းဆောင်ကို သူမလက်ဝါးနဲ့ လှမ်းရိုက်လိုက်၏ ။

ချန်ဖေးယွန် သူဆီကို တိုက်ခိုက်လာတာမြင်တော့ ဦးထုတ်အနက်ရောင်ဆောင်းထားတဲ့ ဓားမြခေါင်းဆောင်က လှောင်ပြုံးလေးပြုံးလိုက်ကာ သူ့လက်တဖက်က သူရောင်းရင်းတွေကို အချက်ပြလိုက်၏ ။
"..... ဟေ့ကောင်တွေ ဒိမိန်းမပျက်လေးကို ဖမ်းကျစမ်း.....  ဒဏ်ရာရအောင်တော့မလုပ်ကျနဲ့ ဟုတ်ပြီလား....  သူမလေး ဒဏ်ရာရသွားရင် ငါစိတ်ကြိုက် မပျော်လိုက်ရပဲနေမယ် ကြားကျလား...."
သူတပည့်တွေကလဲ အသံကျယ်ကျယ်နဲ့ ပြန်အော် သူတို့ခေါင်းဆောင်ရဲ့ အမိန့်ကိုနာခံလိုက်ကျပြီး ချန်ဖေးယွန်ဆီကို ပြေးပေါက်မရှိအောင် လူအုပ်နဲ့ ဝန်းရံလိုက်ကျသည်။

  ချန်ဖေးယွန်က မြေကြီးအဆင့်၉ နောက်ဆုံးအဆင့်သိုင်းသမားဖြစ်ပေမယ့်လဲ သူမကိုလာဝိုင်းတဲ့ ဓားမြတွေထဲမှာ သူ့မနဲ့ သိုင်းအဆင့်တူ
သိုင်းသမားတွေမပါပေမယ့် လူအရေအတွက်ကတော့ အရမ်းကိုများပြားလွန်းလေသည်။သူမကိုလာဝိုင်းတဲ့ ဓားမြအများစုက မြေကြီးအဆင့်၇ သိုင်းသမားတွေဖြစ်ကျပြီ အနဲစုကတော့ မြေကြီးအဆင့်၈ သိုင်းသမားတွေဖြစ်သည်။ မြေကြီးအဆင့်၈ ဓားမြတွေက ချန်ဖေးယွန်ကိုပြိုင်တူတိုက်ခိုက်လိုက်ကျ၏ ။ ချန်ဖေးယွန်လဲ သူ့မဆီကို တပြိုင်နက်
တိုက်ခိုက်လာကျတဲ့ ဓားမြတွေကိုကြည့်ရင်း စိတ်တွေရှုပ်ထွေးလာသည်။

ဒီလောက်သိုင်းပညာအဆင့်နဲ့ ဓားမြအများကြီးကိုရင်ဆိုင်တွေ့ရမယ်လို့မမျှော်လင့်ထားခဲ့မိတော့ အခုလဲ ရင်ဆိုင်တွေ့ရော ချန်ဖေးယွန်ရဲ့ လှပတဲ့ မျက်နှာလေးက စိုးရိမ်စိတ်တွေနဲ့ ပျက်ယွင်းလာသည်။
အရင်အခေါက်ဓားမြတွေကို ချေမှုန်တဲ့ စစ်ဆေးရေတုံးက ဘေလုံနိုင်ငံကနေ နယ်စပ်ကိုဖြတ်ပြီး လူတောင်းနိုင်ငံကိုလာတဲ့ ဓားမြအရေအတွက်က အယောက်တရာထက်မပိုပေ..... ဒါအပြင် သူတို့ထဲမှာလဲ
မြေကြီးအဆင့်၈ သိုင်းသမားက အများဆုံး တယောက်နှစ်ယောက်လောက်ပဲ ပါရှိလေသည်။ တခါတရံဆို မြေကြီးအဆင့်၇ သိုင်းသမားအင့်တွေတောင်မှ မပါဝင်ပေ.... ။ လူတောင်းနိုင်ငံကို လာရောက်လုယက်တဲ့ ဓားမြတွေရဲ့ ယေဘုယျ သိုင်းအရည်အချင်းက မြေကြီးအဆင့်
၆ သိုင်းသမားတွေပဲ ဖြစ်ကျသည်။

ချန်ဖေးယွန်ရဲ့ ပုံရိပ်က လွင့်မျောနေတဲ့ တိမ်တိုက်တွေလို သူမကိုတိုက်လိုက်လာတဲ့မြေကြီးအဆင့်၈ သိုင်းသမားတွေရဲ့ တိုက်ခိုက်မှုတွေကို လှပချောမွတ်စွာ ရှောင်တိမ်းလိုက်၏။ ချန်ဖေးယွန်ကပတ်ဝန်းကျင်ကိုတချက်စောင်ငဲ့ ကြည်လိုက်တော့ လူခိုင်နဲ့ ရဲယွန်တို့နှစ်ယောက်ကိုမြင်တွေ့လိုက်သည်။ တကယ်တမ်းတော့ သူမဥိးဆောင်လာတဲ့လူစုရဲ့ ကျောင်းသားတော်တော်များများက ဓားမြတွေအများကြီးနဲ့
ရင်ဆိုင်တိုက်ခိုက်နေရပြီ အလွန်အင်မတန်မှ အန္တာရယ်များလှတဲ့
အနေအထားကိုကျရောက်နေသည်။

ဒါပေမယ့် ချန်ဖေးယွန် ရဲ့ အကြည့်တွေက ရှောင်လုံတိုက်ခိုက်နေတဲ့နေရာကိုလဲရောက်သွားရော ချန်ဖေးယွန် တယောက် သူမမြင်လိုက်ရတဲ့ မြင်ကွင်းအပေါ် အရမ်းကိုအံသြသွား၏ ။ဘာကြောင့်လဲဆိုတော့ များများလှတဲ့ ဓားမြတွေကြားထဲမှာ  ရှောင်လုံ ပုံရိပ် က သူရဲ့အေးစက်စက်ပုံစံ ဓားသွားနှစ်ခုကိုကိုလွှဲယမ်းရင်း ပေါ်ချင်တဲ့နေရာကနေ ပေါ်လာလို့ပဲ ဖြစ်သည်။

ဓားတချက်လွှဲလိုက်တိုင်း  ဓားမြနှစ်ယောက်ကတော့ သေချာပေါက်ကို နာကျင်စွာအော်ဟစ်ရင်း မြေကြီးပေါ်ကို လဲကျသွားကျသည်။ 
သူရဲ့ တိုက်လိုက်မှုတိုင်းက သေစေနိုင်လောက်တဲ့နေရာတွေကို ဦးတည်တိုက်ခိုက်နေသည်။ ချန်ဖေးယွန်မြင်နေရတာကတော့ ရှောင်လုံကလူတယောက်ကို နှစ်ခါပြန်တောင်မှ တိုက်ခိုက်စရာမလိုပဲ တချက်ထဲနဲ့တင် ပြွဲပတ်ကုန်ကျသည်။ ရှောင်လုံရဲ့ ပြိုင်ဘက်က မြေကြီးအဆင့်၇ အလယ်အဆင့် ၊ နောက်ဆုံးအဆင့် ဓားမြတွေတောင်မှ ရှေုင်လုံ နှစ်ခါတိုက်ခိုက်မှုကို မခံရပေ.... ။တချက်ထဲနဲ့ မြေကြီးပေါ်ကိုလဲကျကုန်၏ ။

ရှောင်လုံရဲ့ လျင်မြန်မှုနှုန်းက သတ်မှတ်စံနှုန်းတခုကိုကျော်လွန်နေပြီး
မြင်လိုက်ရတဲ့ လူအပေါင်းကို အံသြသွားစေသည်။

ချန်ဖေးယွန်လဲ ရှောင်လုံလျင်မြန်စွာ တိုက်ခိုက်နေမှုကို မျက်လုံးကြီးပြူးကာငေးကြည့်နေရင်း သူမရင်ထဲမှာတော့ အရမ်းကိုတုန်လှုပ်အံသြသွား၏ ။
သူမသေချာပေါက်ပြောနိုင်တာတခုကတော့ ရှောင်လုံရဲ့ အမြန်နှုန်းက
သာမန် မြေကြီးအဆင့်၇ အထွတ်အထိပ်သိုင်းသမားတွေထက် အများကြီးကိုသာလွန်နေပြီဆိုတာပဲ.... ။

ဒါပေမယ့် အခုချိန်က အံသြနေရမယ့်အချိန်မှမဟူတ်ပဲ.... သူမမှာရှောင်လုံ အံသြမင်သက်စရာကောင်းတဲ့ လျင်မြန်မှု အကြောင်းကိုသေချာစဉ်းစားနေဖို့အချိန်မရှိပေ ....
သူမကအော်ဟစ်အမိန့်ပေးလိုက်၏
".... အားလုံး ကိုယ်သိုင်းဝိညဉ်တွေကို ဆင့်ခေါ်ကျ....  အစွမ်းကုန်ကြိုးစားပြီး နောက်ထပ်ငါးမိနစ်လောက်အချိန်လေးပဲ တောင့်ခံထားကျဟူတ်ပြီလား.... "

ချန်ဖေးယွန်အမိန့်ကိုကြားလိုက်တာနဲ့ လူခိုင် ၊ ရဲယွန် အပါအဝင် ကျောင်းသားတွေအကုန်လုံး သူတို့သိုင်းဝိညဉ်တွေကို ဆင့်ခေါ်လိုက်ကျသည်။ အဲ့နောက်အချိန်မဆိုင်းတော့ပဲ သူတို့သိုင်းဝိညဉ်တွေနဲ့ ပေါင်းစပ်ကာ ဝိညဉ်အသွင်ပြောင်းလိုက်ကျသည်။ သူတို့အတွက် ငါးမိနစ်ဆိုတဲ့ အချိန်ကို တောင်ခံထားနိုင်ရင် တခြား ဆရာအဖွဲ့နှစ်ဖွဲ့က သူတို့ကိုလာရောက်ကူညီနိုင်ပြီမဟူတ်လား.... ။ ဒါကြောင့်မို့ အကုန်လုံးကတုန့်ဆိုင်းမနေကျပဲ ကိုယ်ရဲ့ အစွမ်းအထက်ဆုံး ဖြစ်တဲ့ သိုင်းဝိညဉ်တွေနဲ့ အသွင်းပြောင်ပေါင်းစပ်လိုက်ကျ၏ ။

သူတို့က အုပ်သုလိုက်ဝန်းရံတိုက်ခိုက်နေကျတဲ့ ဓားမြတွေကလဲ
အားကျမခံ သူတို့သိုင်းဝိညဉ်တွေကို ဆင့်ခေါ်လိုက်ကျကာ ဝိညဉ်အသွင်းပြောင်းလဲလိုက်ကျသည်။

တဖက်မှာရပ်ရင်းညအခြေအနေကိုအကဲခတ်နေတဲ့ ဓားမြခေါင်းဆောင်က အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တော့ လှောင်ပြုံးလေးပြုံးလိုက်လေသည်။ အဲ့နောက်သူက ရှောင်လုံကိုပဲ အပြည့်အဝအာရုံစိုက် အကဲခတ်နေသည်။

ရှောင်လုံ ပတ်ဝန်းကျင်က ဓားမြတွေကရှောင်လုံရဲ့ နတ်ဓားနှစ်လက်စာမိပြီး  တယောက်ပြီးတယောက် လဲကျနေတာကို ဓားမြခေါင်းဆောင်ကသတိပြုမိလိုက်သည်။ အဲ့နောက် သူမျက်လုံးထဲမှာ စူးရှတဲ့ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တွေထင်ဟပ်လာ၏။
ရုတ်တရက် ဓားမြခေါင်းဆောင်က လေထဲကို ဝဲပျံခိုက်ကာ ရှေုင်လုံနောက်ကျော်ဘက်ကို သူ့လက်ဝါးနဲ့ အလစ်အငိုက် လှမ်းရိုက်လိုက်လေသည်။

"..... ချီချေမှုန်းချင်း လက်ဝါး.... !" ( Qi ကိုအရင်က အသံထွက်အလိုက်" ကီ " လို့ ရေးခဲ့ပါတယ် အတွင်းအားဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့ သူရဲ့အသံထွက်အမှန်က " ချီ "  အဲ့ဒါကြောင့်မို့ အခုကနေကစပြီး ချီလို့ပဲ ပြန်သုံးပါ့မယ်)

".... မျိုးမစစ်လေး သေပေတော့... "

ကြီးမားတဲ့ လက်ဝါးရာကြီးက လေချွန်သံလိုမျိုး အသံပြုရင်း လေဟာနယ်ကိုဖြတ်သန်းလာလေသည်။ ဓားမြခေါင်းဆောင်ရဲ့ လက်ဝါးရာ
ကြီးကိုအကဲခတ်ကြည့်ရှုလိုက်မယ်ဆိုရင် အလည်ဗဟိုချက်မှာ ပြင်းထန်တဲ့ ချီပျက်စီးချင်း အင်အားတွေက ဟာရီကိန်းမုန်တိုင်းရဲ့ မျက်လုံးလို အလည်မှာ စုစည်းနေတာကို တွေ့မြင်နိုင်သည်။

"....အာ.....ရှောင်လုံ ရေ..... သတိထား..... "
အဲ့ဒီအချက်ကို သတိပြုမိတဲ့ လူခိုင် ၊ ရဲယွန်နဲ့ တခြားကျောင်းသားတွေက ရှောင်လုံကိုအော်ဟစ် သတိပေးလိုက်ကျသည်။

ရှောင်လုံ ကြုံတွေနေရတဲ့ အနေအထားကို မြင်လိုက်တော့ ချန်ဖေးယွန်ရဲ့ လှပတဲ့ မျက်နှာလေးက စိုးရိမ်စိတ်ဖြင့် ပျက်ယွင်းသွားသည်။
ရှောင်လုံက ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကို သူမအသိဆုံးမဟုတ်လား.. ။ ဓားမြတွေကိုချေမှုန်းနဲ့ စစ်ဆင်ရေးမှာ ရှောင်လုံကလွဲပြီး တခြားဘယ်သူဘာဖြစ်ဖြစ် လက်ခံနိုင်သေးသည်။ ရှောင်လုံတယောက်ကတော့ လုံးဝကို အထိအခိုက်မခံနိုင်တဲ့ လူတောင်းနိုင်ငံရဲ့ရတနာတပါးမဟုတ်လား... ။

"....ဖယ်ကျစမ်း... "
ချန်ဖေးယွန်က မြေကြီးအဆင့်၈ ဓားမြဆယ်ယောက်ရဲ့ ဝန်ရံတိုက်ခိုက်မှုကိုခံနေရကာ လက်ဝါးရာကြီးက ရှောင်လုံကိုထိတော့မှာလဲ မြင်ရော ချန်ဖေးယွန်က ဒေါသတကြီးဖြင့်ဟိန်းဟောက်ကာ ရှောင်လုံကိုကယ်ဆယ်ဖို့ကြိုးစားလိုက်သည်။ စွတ်စွတ်ဖြူနေတဲ့ အလင်းတခုက ရုတ်တရက်တောက်ပလာကာ တချိန်ထဲမှာပဲ ခေါင်းအုံးကဲ့သို တိမ်တွေက ပေါ်ထွက်လာ၏ ။ တိမ်တွေရဲ့ အရောင်တွေကတော့ ထွင်းဖောက်မြင်နိုင်တဲ့ ရေခဲပြာရောင် ဖြစ်နေသည်။

ခေါင်းအုံးကဲ့ သို့တိမ်တွေပေါ်ထွက်လာတဲ့ ပတ်ဝန်းကျင်လေထုက ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတန်းကိုရောက်သွားသလိုမျိုး အပူချိန် သိသိသာသာကိုလျော့ကျသွားကာ ရေခဲမတတ်မတတ် ဖြစ်သွားလေသည်။
အဲ့ဒါကတော့ချန်ဖေးယွန်ရဲ့ ရေခဲတိမ်သိုင်းဝိညဉ်ပဲ ဖြစ်လေသည်။

ချန်းဖေးယွန်ရဲ့ သိုင်းဝိညဉ်ကလဲ ဖေးဟိုရဲ့ သိုင်းဝိညဉ်ပုံစံမျိုးနဲ့အလားသဏ္ဍာန်တူကာ သူတို့သိုင်းဝိညဉ်တွေက သဘာဝကနေ တိုက်ရိုက် ဆင်းသက်လာတဲ့ သိုင်းဝိညဉ်တွေပဲ ဖြစ်ကျသည်။

".... ရေခဲ လှောင်ပိတ် ကမ္ဘာ.... "

ချန်ဖေးယွန်က သူမလက်ဝါးကို လေထဲကိုရိုက်ထုတ်လိုက်ကာ သူမလက်ဝါးနဲ့ ထိမိကျတဲ့ လေထုတွေအကုန်လုံး အေးခဲကုန်ကာ လေထဲကနေ ရေခဲပန်းဆွဲတွေအမြောက်အမြား ဖြစ်ပေါ်လာကျသည်။
ချန်ဖေးယွန် ကို ပူးပေါင်းတိုက်ခိုက်နေကျတဲ့ ဓားမြဆယ့်နှစ်ယောက်ကျော်က လေထဲက ရေခဲပန်းဆွဲတွေကိုလဲ မြင်ရော အလျင်အမြန် ဆုတ်ခွာထွက်ပြေးကျလေသည်။

ချန်းဖေးယွန်က သူမကို ဝိုင်းတိုက်ခိုကိနေကတဲ့ ဓားမြတွေကိုနောက်
ဆုတ်သွားအောင် လုပ်နိုင်လိုက်ပေမယ့် ရှောင်လုံကို ဝင်ကယ်နိုင်ဖို့ကတော့ အချိန် လုံလောက်မှု မရှိတော့ပေ... ။ ရှောင်လုံ နောက်ကျော်ကို ဓားမြခေါင်းဆောင်ရဲ့ လက်ဝါးရာကြီး ထိမိတော့မှာကိုမြင်တော့ လူခိုင်နဲ့ တခြားကျောင်းသားတွေအကုန်လုံး သူတို့ရင်ထဲမှာ တင်းတင်းကျပ်ကျပ် ခံစားမှုမျိုး ခံစားလိုက်ကျရသည်။ ဒါပေမယ့် သူတို့မျက်စိရှေ့မှာပဲ ရှောင်လုံတယောက် ပျောက်ကွယ်သွားလေသည်။
လက်ဝါးရာကြီယက ဘယ်သူမှမရှိတော့တဲ့ လေထုပေါ်ကိုပဲ ကျရောက်သွားကာ လက်ဝါးရာကြီးနဲ့ ထိမိကျတဲ့ မြို့လေးမှာနေထိုင်သောလူတွေရဲ့ အလောင်းတွေအကုန်လုံး အပိုင်းပိုင်းပြတ်ကာ အဝေးကိုလွှင်ထွက်ကုန်ကျသည်။

ဓားမြခေါင်းဆောင်ရဲ့ မျက်နှာက ရက်စက်ကြမ်းကြုတ်မှု အပြုံးတွေကလဲ ပျောက်ကွယ်သွားချေပြီ.... ။ အဲ့ဒီရလဒ်အဖြေက လူတွေအကန်လုံးကို အံသြကြောင်အမ်းသွားစေ၏ ။ အဲ့နောက် အနောက်ဘက်ကနေ နာနာကျင်ကျင်အော်ဟစ်သံတွေထွက်ပေါ်လာလေသည်။
အော်သံထွက်ပေါ်လာတဲ့နေရာကိုဝိုင်းကြည့်လိုက်ကျတော့ ရှောင်လုံက သူနဂိုနေရာထက် ဆယ်မီတာလောက်ဝေးကွာတဲ့နေရာကိုရောက်ရှိနေတာမြင်လိုက်ကျရသည်။ ဒါအပြင် သူရဲ့ဓားချက်တွေကလဲ နောက်ထပ် ဓားမြနှစ်ယောက်ကို ဇိဝိတ်ချွေသွားပြန်၏ ။

သူကို အံသြထိတ်လန့်စွာ ဝိုင်းကြည့်နေကျတဲ့ အကြည့်တွေကိုလျစ်လျူရှုရင်း ရှောင်လုံက သူ့သိုင်းဝိညဉ်တွေက်ု ဆင့်မခေါ်ပဲနဲ့ သူ့လက်ထဲကို နတ်ဓားနှစ်လက်ကို အသုံးပြုရင်း ရန်သူဓားမြတွေကို ကောင်းကောင်း အဆုံးသတ်ပေးနေသည်။

ဓားမြအချို့ ထပ်ပြီးသေဆုံးသွားတာကိုမြင်တော့
".... အဲ့ခွေးကောင်လေးကို ဝိုင်းသတ်ကျစမ်း.... "
သူတိုက်ခိုက်မှုကိုရှောင်တိမ်းသွားယုံမက သူ့တပည့်တွေကို စိတ်ေ့ပနပြေသတ်နေတာမြင်တော့ ဓားမြခေါင်းဆောင်မျက်နှာ ဒေါသဖြင့် ရှု့မဲသွားပြီး သူလက်အောက်ငယ်သားတွေကို မိုးကြိုးပစ်သလို လေသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်လေသည်။

အဲ့နောကိ ဓားမြခေါင်းဆောင်က ဖျက်ကနဲ့ဆိုသလို သူနေရာကနေ ပျောက်ဆုံးသွားကာ ရှောင်လုံကို နောက်ထပ်လက်ဝါးတချက်ရိုက်ဖို့ညကြိုးစားလိုက်လေသည်။ ကံမကောင်းစွာနဲ့ပဲ သူရှောင်လုံအနားကိုရောက်သွားတော့ ဘယ်ကပေါ်လာမှန်းမသိပေါ်လာတဲ့ အရိပ်တခုက ရှောင်လုံရှေ့ကိုရောက်ရှိလာကာ ဓားမြခေါင်းဆောင်ရဲ့ ရင်ဘတ်ကို လက်ဝါးဖြင့်ရိုတ်ထုတ်လိုက်သည်။ လက်ဝါးချက်မိသွားတဲ့ ဓားမြခေါင်းဆောင်လဲ တုန်ခါပြီး အဝေးကိုလွှင့်ထွက်သွားသည်။

အဲ့လူကတော့ ရဲယွန်ရဲ့ အချက်ပြမှုကိုရကတည်းက အချက်ပြတဲ့နေရာကို တဟုန်ထိုးပြေးလာတဲ့ ကြယ်စကြာဝဠာကျောင်းက ရှောင်လုံနဲ့ လူခိုင်ကို ကာကွယ်စောင့်ရှောက်ဖို့ ထဲ့ပေးလိုက်သော ဆရာနှစ်ယောက်ထဲက တယောက်ပဲ ဖြစ်သည်။

သူမတို့ဆီကို စစ်ကူတွေရောက်လာတာမြင်တော့မှ ချန်ဖေးယွန်လဲ သက်ပြင်းချကာ စိတ်သက်သာရာရသွား၏ ။ အဲ့အချိန်မှာပဲ တခြားဆရာတယောက်နဲ့ စစ်ဆေးရေးထွက်လာတဲ့ ဒုတိယနှစ် တန်းခွဲခြောက်ကကျောင်းသားတွေအကုန်လုံး မြေကွက်လပ်အကျယ်ကြီးဆီကို ရောက်ရှိလာကျလေသည်။

မြေကြီးအဆင့်၁၀ သိုင်းသမားနှစ်ယောက် ဝင်ကူတိုက်ခိုက်လိုက်တာနဲ့ မြေကြီးအဆင့်၈ ဓားမြတွေဝိုင်းဝန်းတိုက်ခိုက်မှုကိုခံနေကသော ချန်ဖေးယွန်လဲ အခြေအနေပြန်ကောင်းလာပြီး အဲ့နောက် ကွင်းပြင်ကျယ်ထဲက ဓားမြအယောက်တရာလုံး ရှောင်လုံအပါအဝင် တခြားကျောင်းသားတွေလက်ချက်နဲ့ ကိစ္စချောကုန်ကျသည်။

နောက်ဆုံးမှာတော့ ဓားမြခေါင်းဆောင်တယောက်ပဲ အသက်ရှင်ရက်ကျန်ခဲ့ပြီး တခြားဓားမြတွေအကုန်လုံး သေဆုံးကုန်ကျ၏။
ချန်ဖေးယွန်က သူမလက်ထဲမှာ ဓာကိုကိုင်ဆောင်ရင်း အေးစက်စက်အမူအရာဖြင့် ဓားမြခေါင်းဆောင်ဆီကို ဖြည်းချင်းချင်းလမ်းလျှောက်လာလိုက်သည်။

".... ငါက ဘေလုံနိုင်ငံ နင် သိုင်းပညာမိသားစုကလူတယောက်.... ငါအကိုကြီးက နင် သိုင်းပညာမိသားစုရဲ့ ဂိုဏ်းချုပ်ကြီးပဲ....  မိန်းမပျက်လေး နင်ငါ့ကို သတ်ရဲလို့လား... ?"
ဓားမြခေါင်းဆောင်က ဓားကိုင်ပြီး သူရှိနေတဲ့နေရာကို လမ်းလျှောက်လာတဲ့ ချန်ဖေးယွန်ကို မြင်တော့ လှောင်ရယ်ရယ်ရင်း ပြောလိုက်သည်။

နင် သိုင်းပညာမိသားစု..... !
ဓားမြခေါင်းဆောင် စကားကြာတော့ အားလုံ အံသြသွားကျလေသည်။ နင် သိုင်းပညာ မိသားစုက ဘေလုံနိုင်ငံရဲ့ ပထမတန်းစားမိသားစုတခုဖြစ်ကာ ဒီဓားမြအုပ်စုကို တကယ်ပဲ နင် သိုင်းပညာမိသားစုက ထောက်ပံပေးနေတာလား.... ? ဒါကြောင့် သူတို့ရဲ့ သိုင်းပညာတွေက အရင်တခေါက်က ဓားမြတွေနဲ့ မတူပဲ အရမ်း မြင့်မားနေကျတာကို.....။

ဘယ်သူမှ တုန့်ပြန်စကားမဆိုခင်လေးမှာပဲ ရှောင်လုံ လက်ထဲက နတ်ဓားနှစ်လက်က ရုတ်တရက်လှုပ်ရှားသွားကာ ဓားအလင်းတန်းတွေက ဓားမြခေါင်းဆောင်ရဲ့ လည်ပင်းကို ရောက်ရှိသွားလေသည်။ 
ဓားမြခေါင်းဆောင်ရဲ့ လည်ပင်းမှာ အနီရောင်အစင်းရာနှစ်ခုဖြစ်ပေါ်လာကာ သွေးတွေတလဟောစီးကျလာသည် ။ ဓားမြခေါင်းဆောင်လဲ သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်ထားရင်း သူ့မျက်လုံးတွေကတော့ ရှောင်လုံကို မယုံကြည်နိုင်သလို ငေးကြည့်နေ၏ ။

"....ငါက ကြယ်စကြာဝဠာ ကျောင်းက ဟောင်ရှောင်လုံပဲ.... "
ရှောင်လုံလဲ ဓားမြခေါင်းဆောင်ကိုကြည့်ရင်း သူကိုယ်သူမိတ်ဆက်လိုက်သည် ။

ဘေလုံနိုင်ငံကနင် သိုင်းပညာမိသားစု ဟုတ်လား.....?
အဲ့တော့ ဘာဖြစ်လဲ.... ?

ရှောင်လုံ က ဓားမြခေါင်းဆောင်ရဲ့ လည်းပတ်ကို ဓားနဲ့ ခုတ်လိုက်ပြီး သိပ်မကြာခင်မှာပဲ မြေကြီးတခုလုံး သိမ့်သိမ့်တုန်လာကာ သိပ်မကြာခင်မှာပဲ မြင်းဟီသံတွေနဲ့ စစ်သားတွေရဲ့ အသံတွေကို ကြားလိုက်ရလေသည်။ ကြည့်ရတာ လူတောင်းနိင်ငံရဲ့ နယ်စပ်ကို စောင့်ကြပ်နေကျတဲ့ မြင့်စောင့်တပ်ရောက်ရှိလာတဲ့ ပုံစံပဲ.... ။

ခနလောက်ကြာတော့ စစ်သားအယောက်တထောင်လောက်ရှိတဲ့ တပ်မဟာနှစ်ခုက ရှောင်လုံတို့ လူစုကို ဝန်းရံပိတ်ဆို့လိုက်၏ ။ စစ်သားတွေက ကွင်းပြင်ကျယ်ဆီကိုရောက်တော့ သေဆုံးနေကျတဲ့ မြို့မှာနေထိုင်တဲ့လူတွေနဲ့ ဓားမြတွေအလောင်းကို ကြည့်ရင်း အံသြထိတ်လန့် မျက်နှာတွေ ပျက်ကုန်ကျသည်။

သူတို့ဒီနေရာမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သေချာမသိပေမယ့်
ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တာနဲ့ အကြမ်းမျင်းတော့ ခန့်မှန်းနိုင်သွားကျပြီ မဟူတ်လား.. ။

".... ကျင်း စစ်သူကြီး....  ဒီမှာကြည့်ပါအုံး....  ဒီတယောက်က နင်
သိုင်းပညာမိသားစုက ဂိုဏ်းချုပ်ရဲ့ ညီ နင်ဖေး နဲ့ မတူဘူးလား....?"
စစ်သူကြီး ကျင်းရှီ ကို လက်ထောက် စစ်သူကြီး က ဓားမြခေါင်းဆောင်အလောင်းကိုလက်ညှိုးဖြင့် ထိုးပြရင်း သတင်းပို့လိုက်သည်။

စစ်သူကြီးကျင်းရှီရဲ့ အကြည့်ကလဲ လက်ညိုးညွှန်ပြတဲ့နေရာက အလောင်းဆီကို ကျရောက်ကျသွားသည်။ သူက ဓားမြခေါင်းဆောင် အလောင်းကိုမြင်တော့ မျက်မှောင်ကျုံလိုက်ကာ သေဆုံးနေတဲ့ ဓားမြခေါင်းဆောင်က နင်သိုင်းပညာ မိသားစုက နင်ဖေးမှန်း သူသိသွား၏ ။
ဒီ နင်ဖေးက လူတောင်းနိုင်ငံ နယ်စပ်ကို မကြာခန ကျူးကျော်ဝင်ရောက်ခဲ့ပြီး အမှုတော်တော်များများလဲ ကျူးလွန်ပြီး လွတ်မြောက်သွားလေ့ရှိသည် ဒါကြောင်မို့ စစ်သူကြီး ကျင်းရှီက နင်းဖေးကို သေသေချာချာ မှတ်မိနေတာပဲ ဖြစ်သည်။

".... စစ်သူကြီး ကျင်း....  နင်ဖေး သေသွားပြီးဆိုတော့ ကြည့်ရတာ
ဒီကိစ္စကို ကိုင်တွယ်ဖို့ ခက်ပြီထင်တယ်....  နင်ဝမ် က သေချာပေါက် ဘေလုံနိုင်ငံရဲ့ ဘုရင်မင်းမြတ်ကို အသုံးချပြီး ကျွန်တော်တို့ကို သူ့ဘီကို သတ်ခဲ့တဲ့ လူသတ်တရားခံ လွှဲပြောင်းပေးဖို့  ဖိအားပေးတော့မှာပဲ"
လက်ထောက်စစ်သူကြီးက ထပ်ပြောလိုက်သည်
".... စစ်သူကြီးလဲ သိတယ်မလား နင်ဝမ် အကြောင်းကို.... ?"

စစ်သူကြီးကျင်းရှီက ခေါင်းညိတ်ပြလိုက်သည်။ ဘာနောက်ခံအင်အားမှမရှိတဲ့ လူတယောက်သေသွားခြ့တယ်ဆိုရင်တော့ ကိစ္စမရှိဘူးလေ
ဒါပေမယ့် အခုသေဆုံးသွားတဲ့ လူက နင်ဖေး ဖြစ်နေတယ်မဟုတ်လား  ..... ။ ဒါက သူတို့အတွက် ပြသနာရှိလာနိုင်တယ်လေ

ကျင်းရှီက ဓားမြခေါင်းဆောင်ကို သူ့လက်ညှိုးနဲ့ ထိုးပြလိုက်ကာမေးလိုက်လေသည်
".... သူကို ဘယ်သူသတ်လိုက်တာလဲ... ?"

".... ကျွန်တော် သတ်လိုက်တာပဲ.... ဘာဖြစ်လို့လဲ.... "
ရှောင်လုံက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်သည်

"..... အဲ့ဒါဆို သူကိုဖမ်းကျစမ်း....."
ကျင်းရှီက ရှောင်လုံကို မျက်စိမှေးကြည့်ရင်း စစ်သားတွေကို အမိန့်ပေးလိုက်လေသည် ။

Continue Reading

You'll Also Like

21.2K 446 42
What If Chloe lukasiak has a twin sister who is the favorite?
59.1K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...
533K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
540K 18.4K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...