ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Bởi Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Xem Thêm

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

66 - 70

379 34 0
Bởi Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၆၆ ..... သရေကျသွားမယ်ထင်တယ်

   ဂျန်းတန်းရဲ့ မျက်လုံးတွေကမီးလိုရဲရဲနီနေပြီး အလွန်ကိုရက်စက်ကြမ်းကြုတ်ချင်တဲ့ အရိပ်အယောင်တွေက သူမျက်လုံးထဲပေါ်နေလေသည်။ သူပုံစံကိုကြည့်နေတဲ့လူတိုင်း ဂျန်းတန်း ကရှောင်လုံ အပေါ် ဘယ်လောက်ထိ ရန်ငြိုးထားမုန်းတီးနေမလဲဆိုတာကို ခန့်မှန်းနိုင်လေသည်။

ပြီးခဲ့တဲ့  အစမ်းစာမေးပွဲတုံးကလူပုံအလယ်မှာ ရှောင်လုံပညာပေးတာခံပြီးထဲက ဂျန်းတန်ဘဝက ကျောင်းရဲ့ အနှစ်တရာမှ တခါပေါတဲ့
ပါရမီရှင်ဘဝကနေ ကျောင်းကလူတိုင်းရဲ့ လှောင်ရယ်ခံစရာ သတ္တဝါ
တကောင် အဖြစ်ကို ပြောင်းလဲသွားခဲ့လေသည်။

ပြီးတော့ အဲ့ဒီအပြစ်အပျက်က လူတောင်းနန်းတွင်းမြို့တော်တခုလုံးကို ရုတ်ရုတ်သဲသဲ ပြန့်နှံသွားကာ သူကလူတိုင်းရဲ့ လှောင်ရယ်စရာ လူတယောက်အဖြစ်ကိုရောက်သွားခဲ့တယ်မဟုတ်လား.... ။

ဒီငါးလ လုံးလုံး သူကိုလှောင်ပြောင်တဲ့ မျက်လုံးတွေ အကြည့်တွေကို ဂျန်းတန်းနေတိုင်းရင်ဆိုင်ခဲ့ရလေသည်။ အဲ့ဒါတွေက သူရှောင်လုံအပေါ်မုန်တီးမှုကို ပိုပြီး မီစာမြှင့်ပေးနေသလို ဖြစ်ခဲ့လေသည်။ ဂျန်းတန်
က ရှောင်လုံကိုတင်မကပဲ ရှောင်လုံနဲ့ ပတ်သတ် နီးစပ်သမျှ လူအကုန်လုံးကိုလဲ မုန်းတီးနေလေသည်။

သူဒီငါးလလုံးလုံး အရူးတယောက်လို သိုင်းလေ့ကျင့်ခဲ့လေသည်။ သူပင်ပန်းလို့ အားလျော့တော့မယ့်အချိန်တိုင်း ရှောင်လုံမျက်နှာကို မြင်ယောင်လိုက်ပြီး သူအမုန်းတရားတွေကို ပိုတောက်လောင်လာစေကာ သူကိုယ်တိုင်လဲ နေ့မအိပ် ညမအိပ်ကြိုးစားလေ့ကျင့်ခဲ့လေသည်။

ဂျန်းတန်က ရှောင်လုံကိုကြည့်လိုက်တဲ့ မျက်လုံးတွေမှာ အမုန်းမီးတွေနဲ့တောက်လောင်နေကာ သူကြည့်ရတာ ဖြစ်နိုင်ရင် ရှောင်လုံကို
အရှင်လတ်လတ်မြိုချချင်နေပုံရသည်။

ရှောင်လုံကတော့ အေးအေးဆေးဆေးပုံစံနဲ့ မထီတရီပြုံးလိုက်ကာ
".... မနက်ဖြန်.... ဟုတ်လား... ? ဟြောင့်.. မနက်ဖြန်ထိ စောင့်မနေနဲ့ကွာ....မင်းသတ္တိရှိရင်  အခုချက်ချင်း မင်းရဲ့ အဖြစ်မရှိတဲ့ သိုင်းဝိညဉ် ကြောင်လေးကို ဆင့်ခေါ်လိုက်စမ်းပါ ....."

"....အဖြစ်မရှိတဲ့ သိုင်းဝိညဉ်ကြောင်လေး.... ဟုတ်လား....?"

ဂျန်းတန်းနောက်က လက်ပါးစေတွေက ရှောင်လုံ စကားကိုကြားလိုက်တော့ ပွဲကြီးပွဲကောင်းတော့ကြည့်ရပြီဆိုပြီး ဝမ်းသာကုန်ကျလေသည်။

ရှောင်လုံပြောလိုက်တဲ့ စကားကြောင့် ဂျန်းတန်လဲ သူ့အရှိုက်ကို ပင့်လက်သီးတလုံးပစ်ထိုးခံလိုက်ရသလို မွန်ထူသွားပြီး သူမျက်နှာက ရှက်ဒေါသတွေနဲ့ နီရဲသွားလေသည်။ သူမျက်လုံတွေက အငြိုးကြီးပြီး
ရက်စက်ချင်တဲ့ အရိပ်အယောင်တွေ ဖျက်ကနဲ့ပေါ်လာပြီး ပြောလိုက်သည်
"... ဟောင်ရှောင်လုံ..... ကောင်းပြီလေ.....ငါပထမတော့ မင်းကိုမနက်ဖြန်အထိ ချမ်းသာပေးထားအုံးမလို့ပဲ.... မင်းကအရမ်းတောင်းဆိုနေမှတော့ မင်းကိုအခုချက်ချင်း မသန်မစွမ်းဖြစ်အောင်လုပ်ပစ်မယ်.."
စကားဆုံးတာနဲ့ ဂျန်းတန်ရဲ့ ကိုယ်က အတွင်းအားကီတွေပေါက်ကွဲထွက်လာပြီး သူတကိုယ်လုံးတောက်ပလာကာ သူ့ရဲ့သိုင်းဝိညဉ်
အလင်းရောင်နတ်ကျားကြီးက သူကိုယ်နောက်ဘက်မှာပေါ်လာတော့သည်။

ဂျန်းတန်းရဲ့ ကိုယ်ရောင်ကိုယ်ဝါအရှိန်အဝါက အဆမတန်ကို စွမ်းအားကြီးလာကာ ပထမဆုံး မြေကြီးအဆင့် ၄ ပထမအဆင့် အဲ့နောက် မြေကြီး အလယ်အဆင့်ကနေ နောက်ဆုံးအဆင့် ၊ အထွတ်အထိပ်အဆင့်အထိကိုရောက်သွားကာ နောက်ဆုံး အတွင်းအားကီတွေက
တဟုန်ထိုး တိုးတက်များပြားလာပြ်ိး သူ့အတွင်းအားတွေက မြေကြီးအဆင့်၅ စဦးအဆင့်သိုင်းသမား အထိကိုရောက်သွားလေသည်။

"... မြေကြီးအဆင့်၅ စဦးအဆင့်.... !ဘုရားသခင် ဂျန်းတန်းက
မြေကြီးအဆင့်၄ အထွတ်အထိပ်အဆင့်ပဲ ရှိသေးတာမဟုတ်လား ....
သူတကယ်ပဲ မြေကြီးအဆင့်၅ အဆင့်ကိုရောက်သွားတာလား....?"

"....ဒါ....ဒါအရမ်းကိုကြောက်စရာကောင်းတဲ့ ပါရမီမဟုတ်ဘူးလား.... အခုမှ နှစ်ဝက်တောင်မကြာသေးဘူး သူမြေကြီးအဆင့်၄ကနေ အဆင့်၅ကိုရောက်သွားတာလား..... ?"

လီလူအပါအဝင် ပတ်ဝန်ကျင်ကလူတွေအကုန်လုံး အံသြမင်သက်သွားကာ ဂျန်းတန်ကို ကြောင်ပြီးငေးကြည့်နေကျလေသည်။

ဂျန်းတန် မြေကြီးအဆင့် ၄ အထွတ်အထိပ်အဆင့်ကို ရောက်သွားတဲ့ကောလဟာလတွေကတော့ ကျောင်းထဲမှာ ပျံနှံနေခဲ့တာကြာပြီလေ
ဒါပေမယ့် ဘယ်သူတယောက်ကမှ သူရဲ့တကယ်တမ်းအတွင်းအား
အဆင့်က မြေကြီးအဆင့်၅ စဦးအဆင့်ကိုရောက်နေတယ်ဆိုတာမသိခဲ့ချေ..... !

ဂျန်းတန်လဲ သူပတ်ဝန်းကျင်ကလူတွေလဲ အံသြထူးဆန်းနေတဲ့ အသံတွေကြားတော့ ပိုပြီးမာန်တက်လာကာ သူ့ရဲ့ နတ်ကျားကြီးကလဲ
အလင်းရောင်တွေနဲ့ ပိုပြီးတောက်ပလာလေသည်။

နှစ်ကုန်ကျရင်ကျင်းပမယ့် သိုင်းစာမေးပွဲမှာ ကျောင်းတခုလုံးအံသြသွားအောင်လို့ မြေကြီး အဆင့်၄အထွတ်အထိပ်ရောက်နေတဲ့ ဂျန်းတန်က သူရဲ့မိသားစုက နှစ်တရာလောက်မသုံးရက်ပဲသိမ်းဆည်းထားတဲ့ ရတနာပြဒါးရှင်လုံးကို မြိုချခဲ့လေသည်။ မြိုချပြီးတော့ ရတနာပြဒါး
ရှင်လုံရဲ့ စွမ်းအားနဲ့ မြေကြီးအဆင့်၅စဦးအဆင့်ကို ရောက်ရှိခဲ့တာပဲ
ဖြစ်သည်။

"....ဟား....ဟား.....ရှောင်လုံ..... မင်းအခုတော့ကြောက်နေပြီမလား.....?"
  ဂျန်းတန်က တည်တည်ငြိမ်ငြိမ်နဲ့ ရပ်နေတဲ့ ရှောင်လုံကို လှမ်းခနဲ့လိုက်ကာ
".....  မင်းနဲ့ငါက အဆင့်မတူဘူးဆိုတာမင်းသိပြီး မင်းနောင်တရနေပြီမလား....?"

ပုံမှန်ဆိုရင် ရှောင်လုံက သူနဲ့ အဆင့်တူ အဆင့်၁၁ သိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားရင်တောင် ရှောင်လုံအနေနဲ့ အခုသူ့လိုမျိုး မြေကြီး အဆင့်၅ ရောက်နေဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်စရာမှမရှိတာ..... ။

ဂျန်းတန်က အမြင်ကတော့ ရှောင်လုံသာ သူ့လိုရတနာမျိုးနဲ့ မကြုံခဲ့ဘူးဆိုရင် ရှောင်လုံရဲ့လက်ရှိသိုင်းအဆင့်က အခုအချိန်ထိ မြေကြီးအဆင့်၄  အထွတ်အထိပ်အဆင့်မှ ပဲ ရပ်တန့်နေမှာမဟုတ်လား...... ။

ရှောင်လုံ မြေကြီးအဆင့်၅ကိုရောက်ဖို့  ဖြစ်နိုင်ချေရာခိုင်နှုန်း ကလဲ အလွန်အင်မတန်ကို  နဲပါးလှတယ်မဟုတ်လား.... ။

ရက်စက်ကြမ်းကြုတ်ချင်တဲ့ အရိပ်အရောင်တွေ ဂျန်းတန်မျက်လုံးထဲမှာ ထင်ဟပ်လာကာ
".... ပြီးခဲ့တဲ့ သိုင်းပြိုင်ပွဲတုံးက မင်းငါ့ကို ဆယ့်ငါးချက်တိတိရိုက်ခဲ့တယ်နော်....အေး  ငါမင်းကို အချက် သုံးဆယ်ပြန်ရိုက်မယ်.... အိုကွာ အချက်တရာပြန်ရိုက်ပြမယ်....."
ဂျန်းတန်က သူစကားဆုံးတာနဲ့ ရုတ်တရက်ခုန်လိုက်ကာ သူ့လက်ဝါးနဲ့ ရှောင်လုံရင်ဘတ်ကို လှမ်းရိုက်လိုက်လေသည်။ သူ့တိုက်ခိုက်
လိုက်တဲ့ ဒီလက်ဝါးချက်မှာ သူငါးလလုံးလုံးစုထားတဲ့ အမုန်းတရာတွေပါဝင်တာမို့ လက်ဝါးချက်က အလွန်ကိုရက်စက်ပြင်းထန်လေသည်။

".... ကျားမီးတောက်လက်ဝါး.... "

"....ကျား ဘုရင် ပြန်ပေါ်လာချင်း... "

ကြီးမားလှတဲ့ ကျားလက်ဝါးကြီးက လေဟာနယ်ကိုထွင်းဖောက်ပြီး ဖြတ်သန်းလာကာ ရှောင်လုံရှေ့ကိုပေါ်လာသည်။

မလှမ်းမကမ်း တနေရာကနေ ရှောင်လုံတို့ စကားစစ်ထိုးပွဲကို အကဲခတ်နေကျတဲ့ စွင်းကျန်းနဲ့ ရှောင်းချူးတို့လဲ ဂျန်းတန်ပြန်သလိုက်တဲ့
ခွန်အားကို ကြည့်ရင်း အရမ်းကို အံအားသင့်သွားတော့သည်။ သူတိုနှစ်ယောက်ကိုယ်တိုင်ကလဲ ဂျန်းတန်းတယောက် ဒိလောက်မြန်မြန်ဆန်ဆန် မြေကြီးအဆင့်၅ သိုင်းသမားဖြစ်သွားမယ်လို့ မထင်ခဲ့ဘူးလေ ။ အမှန်ဆို သူတို့ဒီနေရာကိုရောက်နေတာ ရှောင်လုံတို့စကားစပြောကျ ထဲကဖြစ်လေသည်။.... ပြီးတော့ သူတို့နှစ်ယောက်လုံးက ရှောင်လုံနဲ့ ဂျန်းတန်ပြိုင်ဆိုင်မှု ကြားမှာ ဝင်တားဆီးဖို့လဲ စိတ်ကူးမရှိချေ ....။

ရှောင်းချူးက သက်ပြင်းချလိုက်ကာ စိတ်သက်သာသွားတဲ့လေသံဖြင့်
".... ဂျန်းတန်က တကယ်ပဲ ကျွန်တော်တို့ကို စိတ်မပျက်စေခဲ့ဘူးပဲ...  ဒီငါးလလောက် အချိန်လေး အတွင်းမှာတောင် သူဒီအဆင့်ထိရောက်နိုင်ခဲ့တာ.....  ပထမတော့ ကျွန်တော်က ဒီနှစ်သိုင်းပြိုင်ပွဲမှာ
ဟောင်ရှောင်လုံပဲ ပထမရတော့မယ်လို့ထင်နေခဲ့တာ .... ဒါပေမယ့်
အခုတော့ အဲ့လို ဖြစ်ချင်မှ ဖြစ်တော့မယ်ထင်တယ်... "

စွင်းကျန်းလဲ အတွေးနက်နေရာမှ ပြန်ပြောလိုက်သည်
".... အခုတော့ ငါစိတ်ထဲမှာ ရှောင်လုံ ဘယ်လို သိုင်းဝိညဉ်မျိုးကိုပိုင်ဆိုင်ထားမလဲဆိုတာကိုပဲ သိချင်နေတယ်ကွာ....  အခုလက်ရှိ
ဂျန်းတန်ရဲ့ ခွန်အားနဲ့ဆို ရှောင်လုံသေချာပေါက်ကို သူ့သိုင်းဝိညဉ်သုံးပြ်ိး ယှဉ်ဆိုင်မှရတော့မှာပဲ.... "

"..... ကျောင်းအုပ်ကြီး ဒီတပွဲမှာရောဘယ်သူနိုင်သွားမယ်လို့ထင်လဲ...."
ရှောင်းချူးက သိချင်စိတ်ကိုထိန်းမရပဲ စွင်းကျန်းအမြင်ကိုမေးလိုက်သည်။

စွင်းကျန်းက တည်ကြည်လေးနက်တဲ့ အသံဖြင့်
".... ငါ့အထင်တော့ သရေကျသွားမယ်ထင်တယ်.. "

ကျောင်းရင်ပြင်ထဲမှာ ရပ်နေတဲ့ ရှောင်လုံကတော့ ကျားလက်ဝါးကြီးသူ့နားနီးလာတာကို နေရာမရွေ့ပဲ အေးဆေးရပ်ရင်းကြည့်နေလေသည်။အဲ့နောက် ရှောင်လုံ မျက်နှာထားက တည်ကြည်သွားကာ သူရပ်နေတဲ့နေရာကနေပဲ လေထုကို ဆန့်ကျင်ပြီး ထိုက်ကျိလက်ဝါးတချက်ကို ကျားလက်ဝါးဆီ ရိုက်ထုတ်လိုက်လေသည်။

လေထဲခုန်ပြီး တိုက်ခိုက်လိုက်တဲ့ ဂျန်းတန်တယောက်တော့ သူရှုံးနိမ့်သွားသလိုခံစားလိုက်ရကာ  သူ့ဆီကို အရမ်းကိုအင်အားကြီးပြီး ပြင်းထန်တဲ့ အားလှိုင်းတခု လာရောက်လိုက်ခတ်တာကိုခံလိုက်ရသည်။

  "....ဟုန်း..... "
ကျယ်လောင်တဲ့ ပြိုလဲကျသံကြီးထွက်ပေါလာကာ ဂျန်းတန်းတယောက်  မုန်းတိုင်းနဲ့ ရင်ဆိုင်တွေ့လိုက်တဲ့ သစ်ရွက်လေးလို သူခန္ဓာကိုယ်ကတုန်ခါသွားကာ အနောက်ကိုလွင့်ထွက်သွားလေသည်။

ဂျန်းတန်း အနောက်ကိုလွှင့်ထွက်သွားတာနဲ့ ချက်ချင်းဆိုသလို ရှောင်လုံက သူနဂိုနေရာကနေ ပျောက်ကွယ်သွားကာ ဂျန်းတန်ဘေးနာမှာ
ပြန်ပေါ်လာလေသည်။ ရှောင်လုံမျက်လုံးမှာ အေးစက်မှုအရိပ်အယောင်တွေ ပေါ်လာကာ အခုထိလေထဲကနေ အောက်မကျသေးတဲ့ ဂျန်းတန်ရဲ့ ရင်ဘတ်ကို ပြင်းပြင်းထန်ထန်ကိုရိုက်ချလိုက်တော့သည်။

"....ရပ်...ရပ်လိုက်စမ်း... "

စွင်းကျန်းနဲ့ ရှောင်းချူးတို့နှစ်ယောက်လုံး တပြိုင်နက်အော်ကာ တားဆီးပြီး အရှေ့ကို တဟုန်ထိုးပြေးထွက်လာပေမယ့် .....
နောက်ကျသွားပြီလေ...... ။

သူတို့အော်လိုက်တဲ့  အချိန်မှာ ရှောင်လုံရဲ့ ပြင်းထန်လှတဲ့ လက်ဝါးရိုက်ချက်က ဂျန်းတန်းရဲ့ရင်ဘတ်အလည်တည့်တည့်ကို ထိနှင့်နေပြီးသားဖြစ်လေသည်။ ဂျန်းတန်လဲ ကျယ်လောင်စွာ ညီးညူလိုက်ရင်း လေထဲကနေ မြေကြီးပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွားလေသည်။

ဂျန်းတန်နဲ့ ထိခိုက်မိတဲ့ မြေကြီးနေရာကနေ ပင်ကူမျှင့်တွေလို
အက်ကွဲကြောင်းတွေအများကြိးပေါ်လာကာ ကျောင်းရင်ပြင်ကြီးတခုလုံးကို လှုပ်ခါသွားစေသည်။ 

ဂျန်းတန်တယောက်ကတော့ မြေကြီးပေါ်မှာ ခွေးသေတကောင်လို ကွေးကွေးလေးလဲလျောင်းနေကာ သူပါးစပ်ကကျယ်ကျယ်ညီးငြူဖို့တောင်အားမရှိတော့ပဲ တိုးတိုးလေးပဲ ညီးတွားနေလေသည်။

အဲ့အချိန်မှာလေထဲကနေ တဟုန်ထိုးခုန်ပျံလာတဲ့ စွင်းကျန်းတို့နှစ်ယောက်လဲ ရှောင်လုံတို့နားကိုရောက်ရှိလာလေသည်။ သူတို့ရောက်တာနဲ့ မြေကြီးပေါ်မှာ ခွေးသေတကောင်လို ကွေးကွေးလေးလဲနေတဲ့ ဂျန်းတန်ကိုမြင်တော့ သူတို့မျက်နှာကသွေးရောင်တွေပျောက်ဆုံးသွားကာ မူးမေ့လဲကျမတတ်ကိုဖြစ်သွားတော့သည်။ အဲ့နောက် စွင်းကျန်းတို့နှစ်ယောက်လဲ ဂျန်းတန်ဘေးကို အလျင်အမြန်သွားလိုက်ကာ
သူတို့အတွင်းအားတွေကို ဖြည့်တင်းပေးပြီး အရင်အကြိမ်တုံးကလို ဂျန်းတန်ကိုစတင်ကုသပေးလေသည်။ 

ဂျန်းတန်ကို အားပေးအားမြှောက်လုပ်နေတဲ့ သူ့လက်ပါးစေတွေလဲ
ရှောင်လုံကို ကြည့်ရင်း တုန်လှုပ်ခြောက်ခြားကုန်ကျလေသည်။

ဂျန်းတန်နဲ့ ရင်းနီးတဲ့ ဆက်ဆံရေးရှိတဲ့ ကျောင်းသားတွေအကုန်လုံး
ရှောင်လုံကိုကြည့်ရင်း ကျောင်းရင်ပြင်ကျယ်ထဲမှာ ဆက်နေရဲတဲ့
သတ္တိမရှိတော့ပဲ အဝေးကို ထွက်ပြေးကုန်ကျသည်။

ဘာကြောင့်ထွက်ပြေးကုန်ကျလဲဆိုတော့ ဂျန်းတန်ကို လက်ဝါးတချက်ထဲနဲ့ မြေကြီးမှာပါ အက်ကြောင်းပေါ်အောင် ရိုက်ပြီးတဲ့နောက် ရှောင်လုံက သူရဲ့အေးစက်စက်အကြည့်နဲ့ ဂျန်းတန်အပေါင်းအဖော်တွေကို တယောက်ချင်းစိုက်ကြည့်လိုက်လို့ပဲ ဖြစ်သည်။

ဒီတကြိမ် ဂျန်းတန်ကို သူဘာလို့ ပြင်းပြင်းထန်ထန် ရိုက်လိုက်တာလဲဆိုတော့ .......
ရှောင်လုံက သူ့ရဲ့လက်ရှိခွန်းအားရဲ့ တပိုင်းစတလောက်ကို သူကိုရန်လာစမယ့်သူ့ပြိုင်ဘက်တွေအကုန်လုံးကို သိသွားစေချင်လို့ပဲဖြစ်
လေသည်။

အဲ့လိုမှမဟုတ်ရင်  အမှိုက်သာသာ ကောင်တွေက နောက်ဆိုရင်လဲ သူ့သွားမယ့်လမ်းကိုလာနှောက်ယှက်ပြီး သူ့ကိုရန်စ ရဲတဲ့သတ္တိရှိနေအုံးမှာမဟုတ်လား....?

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၆၇...... ကျောင်းရဲ့နှစ်ကုန်စာမေးပွဲစလေပြီ

  လီလူတယောက်ကတော့ ရှောင်လုံရိုက်လိုက်လို့ ကျောင်းရင်ပြင်မြေပြင်မှာ တွန့်လိမ့်နေတဲ ဂျန်းတန့်းကိုကြည့်ရင်း အရမ်းကို အံသြသွား
ကာ သူမရပ်နေတဲ့နေရာမှာပဲ မလှုပ်မရှားပဲ အကြာကြီးရပ်ကာ ရှောင်လုံကိုငေးကြည့်နေမိတော့သည်။

ရှောင်... ရှောင်လုံတကယ်ပဲအဲ့လောက်တောင်စွမ်းအားမြင့်တာလား....?

လီလူကပထမက သူမဒီငါးလတာလုံးလုံး ကြိုးစားလေ့ကျင့်မှုက ရှောင်လုံနဲ့ သိုင်းပညာမှာ အနဲငယ်နီးစပ်သွားမယ်လို့ ထင်ခဲ့လေသည်။
ဒါပေမယ့် အခု ရှောင်လုံပြသလိုက်တဲ့ စွမ်းရည်ကိုမြင်ပြီးကတည်းက
သူမနဲ့ ရှောင်လုံဟာ အရမ်းကိုကွာခြားနေပြီဆိုတာကို လီလူတယောက် သဘောပေါက်သွားတော့သည်။

အဲ့အချိန်မှာပဲ ဂျန်းတန်ကိုယ်ထဲကို သူတို့အတွင်းအားတွေဖြည့်တင်းပေးကာ ကုသပေးနေတဲ့ စွင်းကျန်နဲ့ ရှောင်းချူးတို့နှစ်ယောက်လဲ
သူတို့နဖူးက ချွေးတွေကိုသုတ်ရင်း သက်ပြင်းကိုယ်စီချကာ မတ်တပ်ထရပ်လိုက်သည်။ ကံကောင်းလို့ သူတို့ဒီတခေါက်မြန်သွားလို့
သာပေါ့.....။
ဂျန်းတန်တယောက် အရင်တခေါက်ကလို ရှောင်လုံရိုက်တာကိုသာ
အဆက်မပြတ်ခံလိုက်ရရင်တော့ သေချာပေါက် သုံးစားလို့မရတဲ့
မသန်မစွမ်းဖြစ်သွားတော့မှာပဲ...... ။

သူတို့နှစ်ယောက်လဲ တယောက်မျက်နှာ တယောက်ကြည့်ရင်း
ခါးသက်သက်ရီလိုက်ကျသည်။

ပထမတော့ သူတို့အထင်က အော် ဒီတခေါက်ပြိုင်ပွဲတော့
သရေကျပြီပေါ့လို့ ထင်ခဲ့တာမဟုတ်လား......
ဒါပေမယ့် အခြေအနေတွေက အရင်တခေါက်ကလိုပဲ သူတို့ မမျှော်မှန်းထားတဲ့ ရလဒ်မျိုးထပ်ပြီးထွက်ပေါ်လာတဲ့တော့လေသည်။

အခုတခေါက်မှာလဲ ဂျန်းတန်းက ရှောင်လုံကို တကွက်အတွင်းမှာပဲ
ရှုံးနိမ့်ခဲ့လေသည်။

ရှုံးနိမ့်တာမှ တကယ်ကိုဆိုးဆိုးရွားရွား ရှုံးနိမ့်သွားခဲ့တာမဟုတ်လား....။

စွင်ကျန်းနဲ့ ရှောင်းချူတို့နှစ်ယောက်လဲ ရှောင်လုံကိုဝေခွဲမရတဲ့ အ
ကြည့်တွေနဲ့ပဲ ကြည့်လိုက်တော့သည်။ ရှောင်လုံဒီတခေါက် သူတို့ကို
ပေးခဲ့တဲ့ အံသြမှုတွေက အရမ်းကိုကြီးမားလေသည်။ တော်သေးတာပေါ့ သူတို့မှာက ဒီလောက်ကြီးမားတဲ့ အံသြမှုကို လက်သင့်ခံနိင်တဲ့ အားကောင်းတဲ့ နှလုံးသားမျိုးရှိလို့........ ။

".....အာ..... ရှောင်လုံရ..... မင်း ဂျန်းတန်းနဲ့ဘပတ်သတ်လာရင်
နဲနဲလောက်လျော့ပေးလို့မရဘူးလားကွာ.... "
စွင်းကျန်းက မကျေမနပ်ပုံစံမပြရဲပဲ ပြုံးပြရင်း ရှောင်လုံကိုပြောလိုက်သည်။

စွင်းကျန်းကို ပြန်ကြည့်နေတဲ့ ရှောင်လုံရဲ့အမူအရာတွေက
ဖော်ပြနေတာကတော့ "...ကျွန်တော်ဘာကိုမှ ဂရုမစိုက်ဘူးဆိုတာပဲ..." ဖြစ်လေသည်။ အဲ့နောက်ရှောင်လုံက
".... ဒီမှာ ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျွန်တော်အိမ်ကိုပြန်တော့မယ်.... "
သူ့စကားဆုံးတာနဲ့ ရှောင်လုံကနောက်ကိုလှည့်ကာ ထွက်လာလိုက်သည်။

စွင်းကျန်းနဲ့ ရှောင်းချူးလဲ ရှောင်လုံကိုကြည့်ရင်း သူတို့ပါးစပ်တွေက ဘာပြောရမလဲဆိုတာမသိပဲ ဟစိဟစိ ဖြစ်ကုန်ကျသည်။ သူတို့ရှောင်လုံကို တခုခုပြောချင်ပေမယ့် နောက်ဆုံးမှာတော့ ပါးစပ်လေးပိတ်ရင်း ရှောင်လုံ ကလီလူလက်ကိုဆွဲပြီး ထွက်သွားတာကို မျက်လုံးလေးအပြူးသားလေးနဲ့ ငေးကြည့်နေရုံလေးပဲ တတ်နိုင်တော့လေသည်။

ရှောင်လုံနဲ့ လီလူတို့ နှစ်ယောက် သူတို့မြင်ကွင်းကနေ ပျောက်ကွယ်သွားတာကိုမြင်တော့မှ စွင်းကျန်းတို့လဲ တယောက်မျက်နှာ တယောက်ကြည့်ရင်း ခါးသက်သက်ရယ်မောကာ သူတို့ခေါင်းတွေကို
ခါရမ်းလိုက်ကျလေသည်။

ရှောင်လုံတို့ ကျောင်းရင်ပြင်ကျယ်ကြီးထဲကနေဘထွက်ခွာသွားပြီးနဲ့နောက်မှာ အဝေးထောင့်တနေရာကနေ ပုန်းပြီး အကဲခတ်ကြည့်ရှုနေတဲ့ ရှောင်းမေကွီတယောက် အပြင်ကိုထွက်လာလေသည်။ သူမက ရှောင်လုံထွက်သွားတဲ့ နောက်ကျောလေးကိုငေးကြည့်ရင်း သူမမျက်နှာမှာ စိတ်ရှုပ်ထွေးနေတဲ့ အမူအကာတွေဖြစ်ပေါ်နေလေသည်။
သူမကိုယ်တိုင်လဲ စွင်းကျန်းနဲ့ရှောင်းချူးတို့လို့ ကျောင်းရင်ပြင်ထဲမှာ
ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကို အစအဆုံးမြင်ခဲ့တယ်မဟုတ်လား။

ရှောင်လုံလဲ ကျောင်းထဲကထွက်လာပြီးတာနဲ့ လီလူနဲ့အတူ သူရဲ့
ထျန်ယွမ်အိမ်တော်ကိုပဲ တိုက်ရိုက်ပြန်လာလိုက်သည်။

သူတို့အိမ်ပြန်နေတဲ့လမ်းမှာတော့ အံအားသင့်ပြီး ထုံပေပေလေး
ဖြစ်နေတဲ့ လီလူတယောက် ပြန်လည်သတိဝင်လာကာ ရှောင်လုံကိုသူ မရှိနေတဲ့ငါးလအတောအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မှန်တဲ့ကိစ္စတွေရော ကောလဟာလတွေကိုရောကို စပြီးပေါက်ပေါက်ဖောက်ပြောတော့လေသည်။

ရှောင်လုံတယောက် ပြန်ပြီး စိတ်ကြည်လင်လာကာ ပြုံးရွှင်နေတဲ့ သာလိကာမလေးလီလူကိုကြည့်ရင်း ပြုံးလိုက်လေသည်။ သူလဲ
လီလူကို ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင်
အမြဲတမ်း ပြုံးရယ်နေတာကိုပဲ မြင်ချင်တာမဟုတ်လား......။

ရှောင်လုံနဲ့ လီလူတို့ ထျန်ယွမ် အိမ်တော်ရှေ့ကိုရောက်တော့ ရှောင်
လုံအန္တရာယ်ကင်းကင်းနဲ့ ပြန်လာတာကို ဝမ်းသာနေတဲ့ ဖေးဟိုက
ပြေးထွက်ပြီးလာကြိုကာ နှုတ်ခွန်းဆက်လိုက်သည်
"....ဟာ.... သခင်လေး ပြန်လာပြီလား... "

ရှောင်လုံက ဖေးဟိုပုခုံကိုပုတ်လိုက်ကာ ခေါင်းညိတ်တ်ပြရင်း အိမ်ထဲ
ကိုဝင်လာကာ ပြောလိုက်သည်
".... အင်းဟုတ်တယ်..... ကဲပါ လာ အိမ်ထဲရောက်မှပြောကျတာ
ပေါ့.... "

အိမ်ထဲရောက်တာနဲ့ သူတို့သုံးယောက်လဲ မိန်းခန်းမထဲမှာထိုင်လိုက်ကျသည်။ ထိုင်ပြီးတာနဲ့ ရှောင်လုံက ထျန်ယွမ်အိမ်တော်ရဲ့ အင်းအားတိုးချဲ့ဖို့ ပြင်ဆင်နေတဲ့ ကိစ္စရဲ့ တိုးတက်မှု အခြေအနေတွေကို
မေးမြန်လိုက်သည်။ ဖေးဟိုက ဒီငါးလတာအတွင်း တိုးတက်မှုတွေ
ကိုအသေးစိတ်အစီရင်ခံလိုက်လေသည်။ ဖေးဟိုရှင်းပြတာက သူဒီ
ငါးလတာအတောအတွင်း ကျွန်စျေးကို အခေါက်ပေါင်းမြောက်များစွာ
သွားပြီး အစေခံအသစ်တချို့ကို ရှောင်လုံစံညွှန်းအတိုင်း သေချာရွေး
ချယ်ပြီး ဝယ်ယူခဲ့လေသည်။ အဲ့ဒါကြောင့် သားရဲလူဘိုလီအပါအဝင်
ထျန်ယွမ်အိမ်တော်ရဲ့ လက်နက်ကိုင်အင်အားစုက ၆၈ယောက်အထိရှိနေပြီဖြစ်သည်။  ဖေးဟိုရဲ့ တင်းတင်းကျပ်ကျပ်လေ့ကျင့်သင်ကြားပေးမှုအောက်မှာ  ရှောင်လုံထောက်ပံပေးထားတဲ့ လိုဟန်လက်သီးသိုင်းကွက်ရဲ့ အခြေခံအုတ်မြစ်ကို အစေခံတွေအကုန်လုံး နားလည်နေကျပြီပဲ ဖြစ်သည်။

ဖေးဟိုဝယ်လာကတည်းက ဒီအစေခံတွေမှာက အတွင်းအားအခြေခံရှိနှင့်ပြီးနေပြီဖြစ်သည်။ ပြီးတော့ အခုထျန်ယွမ်အိမ်တော်မှာ သူတို့ကို ငါးလတာ ပြင်းပြင်းထန်ထန်လေ့ကျင့်သင်ကြားပေးမှုအောက်မှာတော့ သူတို့တွေအခု လိုဝန်လက်သီးသိုင်းကို သုံးပြီး ရန်သူကိုရင်ဆိုင်နိုင်နေပြီပဲ ဖြစ်လေသည်။ အစေခံတွေထဲက အားအနဲဆုံးဆိုတဲ့.သူက မြေကြီးအဆင့်၅ အဆင့်နဲ့တန်းတူလောက်ရှိပြီး အသန်မာဆုံးကတော့ သားရဲလူဘိုလီဖြစ်ပြီး သူဆိုရင် မြေကြီးအဆင့်၆ ပြိုင်ဘက်သိုင်းသမားနဲ့ရင်ဆိုင်နိုင်လေသည်။

ဖေးဟိုရဲ့ အသေးစိတ်ပြောပြနေတာတွေကို နားထောင်ရင် ရှောင်လုံ
ကသူအစီအစဉ်ရဲ့ တိုးတက်နေမှုတွေကို ကျေနပ်စွာနဲ့ ခေါင်းတဆတ်
ဆတ်ညိတ်လိုက်လေသည်။

အဲ့နောက် ဖေးဟိုက ခနလောက်တုန့်ဆိုင်းပြီးမှ ထပ်ပြောလိုက်လေသည်
".... သခင်လေး မနက်ဖြန်ဆို ကြယ်စကြာဝဠာကျောင်းမှာ နှစ်ကုန်သိုင်းပြိုင်ပွဲစပြီ.....  ကျွန်တော်စုံစမ်းလို့ရသလောက်တော့ ပထမ
နှစ်ကျောင်းသားတွေထဲမှာ စွမ်းအားအမြင့်ဆုံးလူရဲ နာမယ်က လူခိုင်
တဲ့.....  ပြီးတော့အဲ့ လူခိုင်က ပြီးကတည်းနှစ်ကတည်းက မြေကြီး
အဆင့်၆ အထွတ်အထိပ်အဆင့်ကိုရောက်နေတာ...........
သူအခုလောက်ဆိုရင်တော့ မြေကြီးအဆင့်၇ စဦးအဆင့် သိုင်းသမားဖြစ်နေလောက်ပြီ..... "

"....လူခိုင် ...?"  ရှောင်လုံလဲ နဖူးကြောကိုတွန့်လိုက်ကာ
"...မြေကြီး အဆင့်၇ကိုရောက်နေပြီ ဟုတ်လား..... ?"

မြေကြီးအဆင့်၁၀အောက်မှာ ကျော်ဖြတ်ရခက်ခဲတဲ့ သိုင်းအဆင့်၂ခုရှိလေသည်။ အဲ့ဒါကတော့ မြေကြီးအဆင့်၃ ကနေ အဆင့်၄ကိုကျော်ဖြတ်ရတာနဲ့ မြေကြီးအဆင့်၆ကနေ အဆင့်၇ကိုကျော်ဖြတ်ရတာပဲ ဖြစ်လေသည်။ တကယ်လို့ လူတယောက်က မြေကြီး
အဆင့်၇ကိုကျော်ဖြတ်နိုင်သွားပြီဆိုရင်လဲ မြေကြီးအဆင့်၆
အထွတ်အထိပ်သိုင်းသမားတွေ ဘယ်လိုမှမယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားကိုပိုင်ဆိုင်သွားလေသည်။

အဲ့ဒိ လူခိုင်သာ တကယ်ကို မြေကြီးအဆင့်၇ သိုင်းသမားအဆင့်ကိုရောက်နေပြီဆိုရင်တော့ မနက်ဖြန်ကျရင်ကျင်းပမယ့် သိုင်းပြိုင်ပွဲကတော့ခက်ခဲတော့မှာပဲ ဖြစ်လေသည်။

"....ဟုတ်တယ် ရှောင်လုံရေ.....  ငါ ဆရာမ ရှောင်းမေကွီ သူ့အကြောင်းမကြာခနပြောတာကို ကြားဘူးတယ်.....  လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သူကမြေကြီးအဆငိ့၆ နောက်ဆုံး အဆင့်က်ုရောက်နေတာတဲ့  ..... ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး ပထမနှစ်ကျောင်းသားတွေ သိုင်းပြိုင်ပွဲမှာ ပထမနေရာကို သူချည်းပဲရခဲ့တာ....... ။ ပြီးတော့သူ့ဘဝမှာ တခါမှ မရှုံးဘူးသေးသလို သူကအခုငါတို့နေတဲ့ လူတောင်းနိုင်ငံဘုရင်မင်းမြတ်ရဲ့ သားတွေထဲကတယောက်ပဲ.... "
ဖေးဟိုစကားဆုံးတော့ လီလူကထပ်ဖြည့်ပြီးပြောလိုက်သည်။

ရှောင်လုံလဲ သူကြားလိုက်ရတဲ့ စကားကြောင့် နဲ့နဲ့တော့ အံသြသွားကာ
" .... အိုး.....  လူတောင်နိုင်ငံရဲ့ မင်းသားဟုတ်လား... "

  "....ဟုတ်တယ် သခင်လေး.....
ဖေးဟိုက ဝင်ဖြေလိုက်ကာ
".... ပြီးတော့ လူတောင်းဘုရင်မင်းမြတ် လူကျန်းကလဲ လူခိုင်ကို
အရမ်းဂရုစိုက်တယ်လို့ ကြားတယ်....  ပြီးတော့ မနက်ဖြန်သိုင်းပြိုင်ပွဲကျရင် ဘုရင်မင်းမြတ်ကိုယ်တိုင် တက်ရောက်ကြည့်ရှုမယ့်လို့လဲ ကြားတယ် သခင်လေး......"

ရှောင်လုံကပိုပြီး အံအားသင့်သွားကာ
"....ဘုရင်ကိုယ်တိုင်လာမယ် ဟုတ်လား.... "
ကြည့်ရတာ ဘုရင်မင်းမြတ်က လူခိုင်ကို အရမ်းကိုအလေးထား
အားစုံစိုက်ထားတယ်ထင်တယ်...... ။

"..... ပြီးတော့ သခင်လေးနဲ့ လူခိုင်က ပတ်သတ်ဆက်စပ်မှုလဲရှိသေးတယ်.... "
ဖေးဟိုက ဆက်ပြီး အသေးစိတ်ကိုရှင်းပြလိုက်လေသည်
".... လွန်ခဲ့တဲ့ ငါးလတုံးက သခင်လေးနဲ့ ကျုံးယွမ်တို့ လောင်းထားတဲ့ အလောင်းအစားကို သခင်လေး မှတ်မိသေးလား... ? သခင်လေးသာ ပမထနှစ်ကျောင်းသားတွေ သိုင်းပြိုင်ပွဲမှာ ပထမရခဲ့မယ်ဆိုရင်
ကျောင်းအုပ်ကြီးက ကျုံးယွမ်ကို ကျောင်းကနေထုတ်ပယ်ပစ်ရမယ်ဆိုတာလေ......  အဲ့လူခိုင်က ကျုံးယွမ်ရဲ့အမ ကျုံးဝန်ဖေးရဲ့ သားပဲ...... "

ကျုံးဝန်ဖေးရဲ့သား....... !
ရှောင်လုံလဲ အရမ်းကိုအံသြ တုန်လှုပ်သွားတော့သည်။

  ကျုံးဝန်ဖေးက ကျုံးယွမ်ရဲ့ အမ မဟုတ်လား...... ။
ဒါဆို လူခိုင် က ကျုံးယွမ်ရဲ့ တူတော်တာပေါ့...... ။

လူခိုင်.......  အဲ့နာမယ်ကို ရှောင်လုံကသူရင်ထဲမှာ ထပ်ခါထပ်ခါရေရွတ်လိုက်တော့သည်။

မြေကြီးအဆင့်၇ ဟူတ်လား..... ?
ကြည့်ရတာ မနက်ဖြန်ကျရင် ကျင်းပတော့မယ် ကြယ်စကြာဝဠာကျောင်းရဲ့ နှစ်ကုန်အရည်အချင်းစစ် သိုင်းပြိုင်ပွဲက ငါ့အတွက် နဲနဲလောက်တော့ စိတ်ဝင်စားစရာကောင်းလာပြီထင်တယ်..... ။

"..... သခင်လေး....  သခင်လေး မနက်ဖြန်သိုင်းပြိုင်ပွဲမှာ ပထမ
မရသေးလဲ ကိစ္စမရှိပါဘူး..... ဘာကြောင့်လဲဆိုတော့ သခင်လေးက အခုဆို အသက်အရမ်းငယ်သေးတယ်မလား...  အခုမှဆယ်နှစ်ပဲရှိ
သေးတာ..... အဲ့လူခိုင်က အခုဆို အသက်၁၉နှစ် ပြည့်ပြီးနေပြီ.... "
ရှောင်လုံတယောက် အတွေးနက်နေတာကို မြင်တော့ ဖေးဟိုက ရှောင်လုံမနက်ဖြန် ကျရင်ကျင်းပမယ့် သိုင်းပြိုင်ပွဲအကြောင်းကိုစိုရိမ်နေတယ်ထင်ပြီး ရှောင်လုံကိုသိတ်သက်သာရာ ရသွားအောင် ဖေးမစကား
ဆိုလိုက်လေသည်။

ဂိုဏ်းချုပ်မှာ သူနဲ့ရွယ်တူတွေဆိုရင်တော့ ဘက်မရွေးတဲ့ ကြောက်ခမန်းလိလိ ပါရမီတဲ့ ပြည့်စုံပေမယ့် ဖေးဟိုရဲ့ က ရှောင်လုံ
တယောက် မြေကြီးအဆင့်၇ သိုင်းသမားကိုတော့ ယှဉ်နိုင်ဖို့အချိန်လိုအပ်နေသေးတယ်လို့ သူစိတ်ထဲမှာပဲ မှတ်ချက်ချလိုက်သည်။

ဖေးဟိုက သူစိတ်သက်သာရာရသွားအောင် ပြောလိုက်တဲ့ ဖေးမစကားကိုကြားတဲ့ အခါ ရှောင်လုံက ပေါ့ပေါ့ပါးပါးပဲရယ်မောလိုက်သည်။ အဲ့နောက်မှာတော့ သူလက်တွေကို ဝေ့ယမ်းပြကာ စကားခေါင်းစဉ်ကိုပြောင်းပလိုက်လေသည်။ ပြီးတော့ ရှောင်လုံက ဖေးဟိုလေ့ကျင့်နေတဲ့ မိုးကြိုးရေသိုင်းကျင့်စဉ်ရဲ့ တိုးတက်မှုအခြေအနေကို မေးလိုက်သည်။ ဖေးဟိုကလဲ သူကြုံတွေနေရတဲ့ အခက်အခဲအချို့အတွက်
ရှောင်လုံဆီကနေ အကြံညဏ်တောင်းလိုက်သည်။

".... အိုးဟုတ်သားပဲ.... ကြည့်စမ်းငါမေ့နေတာ..... ငါမင်းတို့အတွက် အပြန်လက်ဆောင်ပါလာသေးတယ်... "
ခနလောက်ကြာတော့မှ ရှောင်လုံက သူ့မှာစီကပ်သီးတွေပါလာတာကို သတိရသွားကာ စီကပ်သီးဆယ်လုံးကို သူ့ရဲ့ နတ်လက်စွပ်ထဲကနေ ထုတ်လိုက်လေသည်။

".....ဒါ..... ဒါ စီကပ်အသီးတွေ မဟုတ်လား ...."
ဖေးဟိုက ရှောင်လုံလက်ဖဝါးပေါ်က အသီတွေကိုမြင်တော့ အာမေထိတ် အံသြစွာနဲ့ ပြန်မေးလိုက်သည်။ လီလူလဲ ဖေးဟိုပြောတဲ့ စကားကိုကြားတော့  မျက်လုံးလေးပြုးပြီး သူမရဲ့လှမတဲ့ နှင်းဆီရောင်နှုတ်ခမ်းလေးကို ဟရင်း အံအားတကြီးနဲ့ ရှောင်လုံလက်ပေါ်က အသီးတွေကိုငေးကြည့်နေသည်။

"... အင်းဟူတ်တယ်.... ဒါကစီကပ်သီးပဲ... "
ရှောင်လုံက ပြုံးရင်း ပြန်ဖြေလိုက်ကာ မျောက်လေးကို မေးငေါ့ပြရင်း
"....ငွေလသစ်တောထဲမှာ ဟိုဆရာသမားလေး ရှာတွေ့ခဲ့တာပေါ့.."

အဲ့အချိန်မှာ ရှောင်လုံဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ မျောက်လေးက မတ်တပ်ထရပ်လိုက်ကာ လီလူနားကိုသွားပြီး တကွိကွိနဲ့ လာတွေပြောမှန်းမသိပြောရင်း သူလက်သေးသေးလေးနှစ်ဖက်နဲ့ ရင်ဘတ်ကိုပုတ်ပြလိုက်သည်။ မျောက်လေးက သူ့ခေါင်းကိုတော့ ဂုဏ်ယူစွာနဲ့ မတ်မတ်ထောင်ထားလေသည်။ မျောက်လေးရဲ့ နောက်တီးနောကိတောက်ပုံစံကိုမြင်တော့ လီလူက မျောက်လေးရဲပါးကိုလိမ်ဆွဲပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ပါးချိုင့်လေးနှစ်ဖက်ပေါ်လာအောင် တခစ်ခစ်နဲ့ စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်တော့သည်။

တကယ်ဆိုရင်လဲ စီကပ်သီးလို ရတနာသစ်သီးမျိုးကို ရှာတွေ့နိုင်တာက ဂုဏ်ယူစရာတခုပဲ မဟုတ်လား...... ။

ရှောင်လုံ ကစီကပ်သီး ဆယ်လုံးကို လီလူကို ငါးလုံး ဖေးဟို ကို
ငါးလုံးခွဲဝေပေးလိုက်လေသည်။

ရှောင်လုံစီက အတွေ့အကြုံတွေကို အတော်ကြာအောင်မေးမြန်းပြ်ိးတော့မှာ လီလူနဲ့ ဖေးဟိုတို့လဲဘဧည့်ခန်းမထဲကနေ ထွက်သွားကျသည်။ လီလူပြန်သွားတာနဲ့ ရှောင်လုံလဲ သူကိုယ်ပိုင်ခြံဝန်းလေးကို ပြန်ကာ နတ်လက်သည်းသိုင်းကို စတင့်လေ့ကျင့်တော့သည်။

သိပ်မကြာခင်မှာပဲ စစ်သူကြီးချုပ်ဟောက်ထျန်ကလဲ ရှောင်လုံ ငွေလသစ်တော့ကနေ ပြန်ရောက်နေတဲ့ သတင်းကြားသွားပြ်ိး ထျန်ယွမ်အိမ်
တော်ကို အလျင်အမြန်ရောက်ရှိလာလေသည်။ စစ်သူကြ်ီးချုပ်ဟောက်ထျန်လဲပဲ လူခိုင်ကိုသတိထားဖို့ရှောင်လုံကို စိုးရိမ်တကြီးနဲ့ သတိပေးစကားဆိုလိုက်သည်။

ကြည့်ရတာ ကျောင်းကကျောင်းသူကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေအပြင် ဖေးဟိုနဲ့ ဟောက်ထျန်ကပါ ငါပထမနေရာကို ရနိုင်တယ်ဆိုတာ မယုံကြည်ဘူးပဲ...... ။
ရှောင်လုံလဲ သူဘာသာသူ့ပြန်စဉ်စားကာ ခါးသက်သက်ပြုံးလိုက်ပြီး
ခေါင်းကိုခါယမ်လိုက်လေသည်။

ညချမ်းအချိန်ကို တဖြည်းတဖြည်းရောက်ရှိလာကာ
ကောင်းကင်မှာ အေးချမ်းလှတဲ့ ငွေစန္ဒာလမင်းကြီး စတင်ထွန်းလင်းလာကာ ကမ္ဘာမြေကြီးတခုလုံးကို ငွေရောင်နဲ့ဆေးချယ်လိုက်တော့သည်။

ရှောင်လုံလဲ သူ့အခန်းထဲက ကျောက်စိမ်းကုတင်ပေါ်မှာ တင်ပျင်ခွေထိုင်နေကာ သူခေါင်းနောက်ဘက်မှာ မျောလွင့်တည်ရှိနေတဲ့ အမြွှာနဂါးနှစ်ကောင်ကလဲ စိတ်ဝိညဉ်စွမ်းအင်းတွေကို အငမ်းမရနဲ့ စုပ်ယူနေလေသည်။

အဲ့ဒီလိုနဲ့ ညလေးတညက ငြိမ်းချမ်းစွာနဲ့ကုန်ဆုံးသွားတော့သည်။

နွေးထွေးတဲ့ နေမင်းကြီးရဲ့ နေရောင်ကြည်တွေက ရှောင်လုံမျက်နှာပေါ်ကို ကျလောက်လာတော့ ရှောင်လုံ မျက်စိနှစ်လုံး ကဖြည်းဖြည်းချင်းပွင့်လာပြီး သူ့ကိုယ်သူ တီတိုးရေရွတ်လိုက်တော့သည်

အင်း......ငါမျှော်လင့်ထားတဲ့ စိတ်ဝင်စားစရာနေတနေ့ကိုတော့ ရောက်ရှိလာပြီပဲ......... ။

ဒီနေ့က ကြယ်စကြာဝဠာကျောင်းက အတန်းတွေအားလုံးအတွက်
နှစ်ကုန်အရည်အချင်းစစ်စာမေးပွဲကို ကျင်းပတော့မယ်နေတနေ့ပဲ
ဖြစ်တော့သည်။

ဘာသာပြန်သူ Note...

တချို့က ရှောင်လုံ ၁၀နှစ်သားနဲ့ ဘာလို့ဒီလောက် အသိညဏ်ရှိပြီးကြမ်းနေရတာလဲလို့ ထင်တဲ့ သူတွေအတွက် အမှန်တော့ရှောင်လုံက အရင်ဘဝကရှောင်လင် ဂိုဏ်းရဲ့ သိုင်းအကျော်အမော်တယောက်ပါ သူကလူပြန်ဝင်စားတာဖြစ်ပြီး သူ့အရင်ဘဝကအကြောင်းတွေအကုန်လုံးကိုလဲ မှတ်မိနေလို့ပါ

***** မင်းသားအရမ်းကြမ်းတာမကြိုက်ရင်တော့ ဒီစာစဉ်သည် သင့်အတွက်မဟုတ်ပါလို့ အကြံပေးပရစေဗျာ *****

အားလုံးအတွက် ပျော်ရွှင်စရာ ညနေခင်းလေးဖြစ်ကျပါစေလို့
ဆုတောင်းရင်..........

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၆၈ ...... ဘုရင်လူကျန်း

သိုင်ပြိုင်ပွဲကျင်းပမယ့်နေ့က မနက်ခင်းက နေရောင်ကြည်နဲ့တောက်ပကြည်လင်နေသည်။ ရှောင်လုံလဲ စိတ်လက်ကြည်ကြည်သာသာနဲံအခန်းထဲထွက်လာကာ နေပူစာလှုံလိုက်သည်။ ရှောင်လုံ သူ့အခန်းထဲကနေ ထွက်လာတာကိုမြင်တော့ အပြင်မှာစောင့်ကြိုနေတဲ့ ဖေးဟို
ကရိုရိုသေသေကိုနှုတ်ခွန်းဆက်သလိုက်သည်။

အဲ့နောက် ရှောင်လုံ ၊ ဖေးဟိုနဲ့အစောင့်လေးယောက်တို့အတူ ကြယ်စကြာဝဠာကျောင်းရဲ့ နှစ်ကုန်သိုင်းအရည်အချင်းစစ်ပွဲကျင်းပမယ့် ကျောင်းရင်ပြင်ကျယ်ကြီးဆီကို ထွက်ခွာလာကျ၏။ သူတို့ ကျောင်းရင်ပြင်ကျယ်ကြီးကိုရောက်တော့ သိုင်းပြိုင်ပွဲ လာရောက်ကြည့်ရှုကျတဲ့ လူလူအများဖြင့့်ပြည့်နှက်နေတာကိုတွေ့လိုက်လေသည်။

ဒီနေ့က ကျောင်းရဲ့ နှစ်ကုန်သိုင်းပြိုင်ပွဲနေဖြစ်တာမို့ ကြယ်စကြာ
ဝဠာကျောင်းက ကျောင်းသားမိသားစုဝင်တွေနဲ့ အစေခံတွေကို ကျောင်းဝင်းအတွင်းဝင်ခွင့်ပြုထားလေသည်။

ဒါပေမယ့် ကျောင်းသားတယောက်ကိုတော့ လူငါးယောက်ပဲ ခေါ်ဆောင်ခွင့်ပြုထားသည်။

ရှောင်လုံတို့ ငါးယောက်လဲ ကျောင်းရင်ပြင်ကျယ်ကြီးကနေ သိုင်းပြိုင်ပွဲကျင်းပမယ့် သိုင်းပြိုင်ကွင်းဆီကိုသွားလိုက်သည်။

သိုင်းပြိုင်ကွင်းက ကျောင်းရဲ့အရှေ့ဘက်ကျောင်းရင်ပြင်ကျယ်ထက်ကို အများကြီးပိုကြီးလေသည်။ လူပေါင်းအယောက်တသောင်းလောက် ဝင်လာရင်တောင် ကျပ်တယ်လို့ ခံစားရမှာ မဟုတ်ပေ...။

"....ဒါ... ဒါ ဟောင်ရှောင်လုံ ပဲကွ..... !"

"....သူက အခုနှစ်မှကျောင်းလာတက်တဲ့ ကျောင်းသားသစ်.... ဟောင်ရှောင်လုံလား.... ? ငါကြားတာတော့ မြေကြီးအဆင့်၅ ကိုရောက်နေတဲ့ ဂျန်းတန်တောင် မနေ့က သူ့ကြောင့် မသန်မစွမ်း ဖြစ်တော့မလို့ဆို... !"

ရှောင်လုံတို့ သိုင်းပြိုင်ကွင်းထဲကို ဝင်လာတာကိုမြင်တော့ လူအုပ်ကြီးဆီကနေ ဆူဆူညံညံ ဆွေးနွေသံတွေထွက်ပေါ်လာသည်။ ရှောင်လုံ
က အခုမှ ကျောင်းသားအသစ်ဖြစ်ပေမယ့် ကျောင်းသားဟောင်းတွေရော ဆရာ ၊ ဆရာမတွေရောက သူ့အကြောင်းကို ကြားဘူးကျလေသည်။

ရှောင်လုံကတော့ သူ့အကြောင်းဆွေးနွေးနေကျတဲ့အသံတွေကို လျစ်လျူရှုပြီး ဖေးဟိုတိုနဲ့ အတူ သိုင်းပြိုင်ကွင်းရဲ့ ထောင်စွန်းတနေရာမှာ မတ်တပ်ရပ်ပြီး နေရာယူလိုက်လေသည်။

".... ရှောင်လုံ... နင်ရောက်လာပြီလား... "
အဲ့ဒီအချိန်မှာပဲ ချိုသာပြီး သာယာနာပျော်ဖွယ် ရှိတဲ့ အသံလေးက ရှောင်လုံနောက်ကနေ ထွက်ပေါ်လာသည်။  ရှောင်လုံလဲ နောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ဆီကိုပြုံးပြီးပြေးလာနေတဲ့ လီလူကိုတွေ့လိုက်သည်။

ရှောင်လုံလဲ ပြုံးရွှင်နေတဲ့ လီလူမျက်နှာလေးကိုကြည့်ရင်း သူလဲ ပြန်ပြုံးပြလိုက်ကာ သူရင်ထဲတင်းကျပ်နေသလိုခံစားနေရတာတွေက နဲနဲတော့လျော့ကျသွားလေသည်။

"..... ငါကြားထားတာတော့ ဒီနေ့ပွဲကို ဘုရင်မင်းမြတ်တင်
မဟုတ်ဘူး စစ်သူကြီးချုပ်လဲ လာမှာတဲ့....!"

"....စစ်သူကြီးချုပ်ပါ လာမှာဟုတ်လား ...? ပြီးတော့ အဲ့ ထူးခြားလွန်းတဲ့ မွန်းစတား ရှောင်လုံက စစ်သူကြီးချုပ် ရဲ့ တရားမဝင်သားဆိုတဲ့ ကောလဟာလတွေလဲ ပြန့်နေတယ်နော်..... အဲ့ဒါကြောင့်များ
စစ်သူကြီးချုပ်ကလာတာလားမသိဘူးကွ..... ?"

စစ်သူကြီးချုပ်ပါ လာမယ်ဆိုတဲ့ သတင်းရသွားတော့ လူအုပ်ကြီးဆီကနေ တီးတိုးပြောသံတွေနဲ့ နောက်တခါအုတ်အုတ်ကျွက်ကျွက်ညံသွားပြန်သည်။

သူအကြောင်း မဟုတ်ကဟုတ်ကတွေ ပြောနေကျတဲ့ လူတွေရဲ့ အသံကိုကြားတော့ ရှောင်လုံလဲ မျက်နှာ ရှုံမဲ့သွားရင်း ခေါင်းကို ခါလိုက်ပြီး ခါးသက်သက်ရီလိုက်လေသည်။

ရုတ်တရက် ရှောင်လုံတယောက် အေးစက်သွားကာ သူကို အနောက်ကနေ တယောက်ယောက်ကစူးစုးစိုက်စိုက်ထွင်းဖောက် ကြည့်နေသလို ခံစားလိုက်ရသည်။ ရှောင်လုံ အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုအေးစက်စက်မျက်လုံးတွေနဲ့ စိုက်ကြည့်နေတဲ့ ကျုံးယွမ်ကို လူအုပ်ကြားထဲမှာတွေ့လိုက်လေသည်။

  ကျုံးယွမ်ရဲ့ အရှေ့မှားတော့ ခံငြားထည်ဝါတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တဦးရှိနေလေသည်။ လူငယ်ရဲ့ ဘေးမှာ သူကိုမြှောက်ပင့်
ချီးမွန်းနေကျတဲ့ ကောင်လေးတွေရော ကောင်မလေးတွေရော ဝိုင်းဝိုင်းလည်နေ၏ ။

  အင်း..... ကြည့်ရတာ ဒီလူငယ်က လူတောင်းနိုင်ငံဘုရင်မင်းမြတ်ရဲ့သားတော် ပထမနှစ်ကျောင်းသားတွေထဲမှာ အစွမ်းအထက်ဆုံး မင်းသား လူခိုင်ပဲ ဖြစ်ရမယ် ။

အဲ့အချိန်မှာ လူခိုင်က ရှောင်လုံ သူကိုစိုက်ကြည့်နေတာကိုမြင်လိုက်တော့ သူလဲမျက်မှောင်ကျုံပြီး ပြန်လည်စိုက်ကြည့်လိုက်ကာ သူတို့နှစ်ယောက် အကြည့်ချင်းအရင်ဆုံး ထိပ်တိုက်တွေ့သွားကျသည်။

လူခိုင်က သူ့နားဝိုင်းနေတဲ့ လူအုပ်ကြီးကိုမေးလိုက်လေသည်
".... အဲ့ကောင်လေးက.... ဟောင်ရှောင်လုံဆိုတာလား.... ?"

လူအုပ်ကြီးထဲက တယောက်ယောက်က ဝင်မဖြေခင်လေးမှာပဲ သူ့ဦးလေး ကျုံးယွမ်က ရှေ့ကိုထွက်ကာ ချက်ချင်းပြန်ဖြေလိုက်သည်
".... ဟုတ်တယ်.... ဟောင်ရှောင်လုံဆိုတာအဲ့ကောင်ပဲ... "

လူခိုင်ကတော့ ကျုံးယွမ် ပြောတဲ့စကားကိုကြားလိုက်ပေမယ့်
အမူအရာတချက်မပျက်သွားပဲ အေးအေးဆေးဆေး တည်ငြိမ်နေတဲ့
ပုံစံဖြင့် ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်သည်။

အချိန်တွေကြာလာတာနဲ့ အမျှ သိုင်းပြိုင်ကွင်းထဲကို ဝင်လာတဲ့ လူဦးရေက ပိုပြီးများပြားလာ၏ ။ အဲ့အချိန်မှာပဲ သိုင်းပြိုင်ကွင်း အပြင်ဘက်ကနေ ကျယ်လောင်သံ ကြော်ငြာအသိပေးသံ တခုထွက်ပေါ်လာလေသည်
"..... ဘုရင်မင်းမြတ်နဲ့ စစ်သူကြီးချုပ်တို့ ရောက်ရှိလာပါပြီ......."

ကြော်ငြာသံဆုံးတာနဲ့ သိုင်းပြိုင်ကွင်းထဲကို ဘုရင်လူကျန်း ၊
စစ်သူကြီးချုပ်ဟောက်ထျန်နဲ့ ကျောင်းအုပ်ကြီး စွင်းကျန်တို့က အတူတကွရီရီမောမောစကားပြောရင်းဝင်လာကျသည်။

ရှောင်လုံအပါအဝင် သိုင်ပြိုင်ကွင်းထဲကလူတွေအကုန်လုံးလဲ ဝင်ပေါက်ကနေ ဝင်လာတဲ့ ဘုရင်မင်းမြတ်ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်လိုက်ကျ၏ ။ ဝင်ပေါက်ကနေ သတ်လတ်ပိုင်းအရွယ်လောက်ရှိတဲ့ လူကြီးတယောက်က သူ့ရဲ့ ကိုယ်ရံတော်တွေခြံရံပြီး သိုင်းပြိုင်ကွင်းထဲကိုဝင်လာလေသည်။ အဲ့လူကြီးက အဝါရောင်ဖျော့ဖျော့မှာ နဂါးပုံရေးချယ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူလမ်းလျှောက်တဲ့ ပုံစံကလဲ အရမ်းကိုခံငြားကာ ထီးနန်ဆန်လေသည်။ နှစ်ခါစဉ်းစားစရာမလို...... သူကတော့ လူတောင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ် လူကျန်းပဲ ဖြစ်လေသည်။

ဘုရင်လူကျန်း ဝင်လာတာကိုမြင်တော့ သိုင်းပြိုင်ကွင်းထဲက လူတွေအကုန်လုံးလဲ မတ်တပ်ရပ်ကာ အလေးပြုလိုက်ကျသည်။ အဲ့နောက်
သူတို့ရဲ့ ဆူညံစွာ ဆွေးနွေးသံတွေက တိတ်ဆိတ်သွားတော့သည်။

"....ဟား.... ဟား..... အားလုံပဲ မတ်တပ်ရပ်ကျပါ .... "
လူကျန်းက သူ့အတွက် အထူးတလည်ပြင်ဆင်ပေးထားတဲ့ ထိုင်ခုံမှာထိုင်ရင်း သူ့လက်တွေကိုဝေ့ယမ်းပြလိုက်ကာ ဒူးထောက်အလေးပြုနေတဲ့ သူတွေကို မတ်တပ်ရပ်ခိုင်းလိုက်သည်။

အဲ့နောက်မှာတော့ စစ်သူကြီးချုပ် ဟောက်ထျန်နဲ့ ကျောင်းအုပ်ကြီး စွင်းကျန်းတို့ကလဲ ဘုရင်မင်းမြတ်နဲ့ မနီးမဝေး သူ့တို့အတွက်ပြင်ဆင်ပေးထားတဲ့ ထိုင်ခုံတွေမှာဝင်ထိုင်လိုက်ကျသည်။ သူတို့သုံးယောက်ထိုင်ပြီးမှ တခြားတော်ဝင်မျိုးနွယ်တွေနဲ့ လူတွေအကုန်လုံးကသူတို့နေရာမှာသူတုိ့ထိုင်လိုက်ကျသည်။

လူတွေအကုန်လုံးနေရာယူပြီးတော့ စွင်းကျန်းကမတ်တပ်ထရပ်လိုက်ကာ သိုင်းပြိုင်ပွဲကျင်းပမယ့် ပုံစံနဲ့ ပေးမယ့်ဆုတွေအကြောင်းကို အတိုချုပ်မိတ်ဆက်ပေးလိုက်သည်။ အနိုင်ရတဲ့သူတွေကို ပေးအပ်မယ့် ဆုတွေအကြောင်းကိုရောက်တော့ စွင်းကျန်းက သူ့အသံကိုမြှင့်လိုက်ကာ
"... အင်း..... ဒိတခေါက်သိုင်းပြိုင်ပွဲမှာတော့ အရင်နှစ်က ချီးမြှင့်ခဲ့တဲ့ ဆုတွေအပြင် ဘုရင်မင်းမြတ်ကလဲ ရွှေဒင်္ဂါးတသန်းနဲ့ မြေကြီးအဆင့် သိုင်းကျမ်းတခုဆီကို အတန်းတခုချင်းစီအလိုက် ပထမရတဲ့ ကျောင်းသားတွေကို ထပ်တိုးချီးမြှင့်ပေးမှာပါ..... "

ရွှေဒင်္ဂါးတသန်း....... !

မြေကြီးအဆင့် သိုင်းကျမ်းတခု...... !

ရှောင်လုံကိုယ်တိုင်တောင်ဘုရင်မင်းမြတ်ရဲ့ ရက်ရောမှုကို အရမ်းကို
အံအားသင့်သွားလေသည်။ အရင်နှစ်ကဆုတွေထက် ရွှေဒင်္ဂါးတသန်း
နဲ့ မြေကြီးအဆင့်သိုင်းကျမ်းတခုဆိုတာ ကျောင်းသားတွေအတွက်တော့ အရမ်းကိုများပြားလွန်းတဲ့ ဆုကြေးပဲဖြစ်သည် ။ မြေကြီးအဆင့်
သိုင်းကျမ်းဆိုတာမျိုးက ပိုက်ဆံရှိတိုင်းတောင် လူတောင်းနိုင်ငံမှာ ဝယ်ချင်တိုင်းဝယ်လို့ မရချေ.......။

မြေကြီးအဆင့် သိုင်းကျမ်းက ရှောင်လုံ လို နတ်ဓားသိုင်းနဲ့ နတ်လက်သည်းသိုင်းတို့ပိုင်ဆိုင်ထားသူ အတွက်တော့ သိပ်အသုံးမဝင်ပေမယ့် သူ့မိဘတွေ သူ့ညီ ညီမတွေကို လက်ဆင့်ကမ်းပေးလိုက်ရင်တော့
သူ့တို့အတွက်အရမ်းကိုအကျိုးရှိနိုင်လေသည်။

စွင်းကျန်းက သိုင်းပြိုင်ကွင်းထဲရောက်နေတဲ့ လူထုကိုကြည့်ရင်း
".... ကဲ အဲ့ဒါဆို သိုင်းပြိုင်ပွဲကိုစတင်လိုက်ကျရအောင်..... "

စွင်းကျန်း ကြော်ငြာသံဆုံးတာနဲ့ သိုင်းပြိုင်ကွင်းကြီးတခုလုံး အပ်ကျသံကိုတောင် ကြားနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ အဲ့နောက်မှာတော့ နှစ်အလိုက် သိုင်းပြိုင်ပွဲများကိုစတင်လေသည်။

ကြယ်စကြာဝဠာကျောင်းမှာက အတန်းသုံးတန်းပိုင်းခြားထားတာမို့
သိုင်းပြိုင်ပွဲကိုသုံးနေရာခွဲပြီးကျင်းပလေသည်။

ဒါပေမယ့် အတန်းတိုင်းရဲ့ ချန်ပီယံကသာ နှစ်အလိုက်သိုင်းပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိလေသည်။ ( ဥပမာ ပထမနှစ်ဆို တန်းခွဲပေါင်း ၁၄ခုရှိပါတယ် အဲ့တန်းခွဲမှာ အနိုင်ရတဲ့လူ အချင်းချင်းကမှ
ပထမနှစ်ရဲ့ ချန်ပီယံဘွဲ့ကို လုကျရမှာပါ)

ပထမနှစ်က တန်းခွဲအများဆုံးဖြစ်ပြီး ရှောင်လုံကတော့ နောက်ဆုံးတန်းခွဲ ၁၄ကကျောင်းသား ဖြစ်လေသည်။ တန်းခွဲအတွင်းသိုင်းပြိုင်ပွဲ
မှာက ကျောင်းသားတွေအကုန်လုံး သိုင်းပြိုင်ရတာမျိုး မဟူတ်ပဲ တန်းခွဲရဲ့ အတန်းပိုင်ဆရာက အစွမ်းအထက်ဆုံးနှစ်ယောက်ကိုရွေးချယ်ကာ တန်းခွဲချန်ပီယံအတွက် ယှဉ်ပြိုင်ခိုင်းတာပဲဖြစ်သည်။အဲ့ဒါကိုမှ
တန်းခွဲအတွင်းကကျောင်းသားတွေက ချန်ပီယံဖြစ်တဲ့ သူကို မထိုက်တန်ဘူးလို့ ယူဆရင် စိန်ခေါ်နိုင်လေသည်။

ပထမနှစ် တန်းခွဲ ၁၄ရဲ့ အစွမ်းအထက်ဆုံးလူနှစ်ယောက်ကတော့
အားလုံးသိတဲ့အတိုင်း ရှောင်လုံနဲ့ဂျန်းတန် ပဲ ဖြစ်သည်။ ဒါပေမယ့် မနေ့က ဂျန်းတန်းက ရှောင်လုံလက်ချက်နဲ့ မသန်မစွမ်းဘဝကိုရောက်လုနီးနီးဖြစ်သွားကာ အိပ်ရာထဲမှာ အနဲဆုံး တလလောက်အနားယူရမှာပဲ ဖြစ်သည်။ ဒါကြောင့် ရှောင်းမေကွီလဲ ဂျန်းတန်ဒဏ်ရာရနေကာတခြား ရွေးချယ်စရာလူမရှိတာမို့   ချန်ထုံလို့ အမည်ရတဲ့ ကျောင်းသားတယောက်ကိုရှောင်လုံနဲ့ ယှဉ်ပြိုင်ခိုင်းဖို့ အမည်တင်သွင်းလိုက်ရလေသည်။

ဒါပေမယ့် ချန်ထုံက သိပ်မကြာသေးခင်ကမှ မြေကြီးအဆင့်၄ အဆင့်ကိုရောက်ရှိထားတာပဲဖြစ်သည်။ ချန်ထုံက သူစင်ပေါ်ကိုရောက်တာနဲ့ ချက်ချင်းပဝါဖြူကို ပစ်ကာ အရှုံးပေးလိုက်လေသည်။ သူကိုကြည့်ရင် လူတွေအကုန်လုံး ဘာပြောရမှန်း မသိဖြစ်ကုန်ကျသည်။ ဒါပေမယ့်
သူဘာလို့ ဒိလို လုပ်ခဲ့တယ်ဆိုတာကိုတော့ အကုန်လုံး နားလည်လိုက်ကျသည်။ အဆင့်၁၁ သိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားပြီး မြေကြ်ိးအဆင့်၅သိုင်းသမား ဖြစ်တဲ့ဂျန်းတန်တောင် ရှောင်လုံလက်ချက်နဲ့ မသန်မစွမ်းဖြစ်လုနီးပါးခံစားလိုက်ရတာဆိုတော့ ချန်တုံ ဆိုရင်တော့ ပြောစရာကိုမလိုတော့ဘူးလေ။

ချန်တုံ အရှုံးပေးလိုက်တာက ပြိုင်ဘက်နဲ့ ကိုယ်အခြေအနေရဲ့ တကယ်ကွာခြားမှုကို လက်ခံလိုက်တဲ့ လိမ္မာပါးနပ်တဲ့ အရွေ့တခုပဲ ဖြစ်တယ်မဟုတ်လား ။

ရှောင်လုံနဲ့ ဂျန်းတန်တို့နှစ်ယောက်ပြီးရင် အစွမ်းထက်ဆုံးဖြစ်တဲ့ ချန်တုံကိုယ်တိုင်ကတောင်တိုက်ပွဲမစခင်မှာပဲ အရှုံးပေးလိုက်တဲ့အခါ
တန်းခွဲ၁၄ထဲမှာတော့ ရှောင်လုံကို စိန်ခေါ်ရဲတဲ့သူမရှိတော့ချေ...။
ဒါကြောင့် ရှောင်လုံက အလိုလိုနေရင်း တန်းခွဲး၁၄ရဲ့ ချန်ပီယံဖြစ်သွားတော့သည်။

ရှောင်းမေကွီက ရှောင်လုံ တန်းခွဲ၁၄မှာ အနိုင်ရသွားကြောင်းကိုကြောငြာလိုက်သည်။ ရှောင်းမေကွီတယောက် ရှောင်လုံအနိုင်ရသွားကြောင်း ကြော်ငြာနေရင်း ရှောင်လုံကိုကြည့်ကာ သူမမျက်နှာမှာတော့ ခန့်မှန်းရခက်တဲ့ ခံစားချက်မျိုးစုံဖြစ်ပေါ်နေလေသည်။

တခြားတန်းခွဲ ၁၃မှာက အခုစပြီးသိုင်းပြိုင်နေကျတုံး ရှောင်းမေကွီကရုတ်တရက် တန်းခွဲ၁၄ချန်ပီယံကို ကြော်ငြာလိုက်တော့ အကုန်လုံး
အံသြစွာနဲ့ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကျသည်။

  သီးသန့်ထိုင်ခုံမှာ ထိုင်နေတဲ့ ဘုရင် လူကျန်းကလဲ တန်းခွဲ၁၄ရဲ့ ထူးခြားမှုကို သတိပြုမိကာ စစ်သူကြီးချုပ် ဟောက်ထျန်ကိုပြောလိုက်သည်
  ".... သူက ဟောင်ရှေုင်လုံလား..... ? တကယ့်ကိုလူငယ်သူရဲကောင်းလေးပဲ..... အာ.... ဟောက်ထျန်ရေ... မင်းတို့ငါတို့ အသက်၁၀နှစ်တုံးက မြေကြီးအဆင့်၄ သိုင်းသမားအဆင့်ပဲ ရောက်သေးတာမဟုတ်လား.... ?"

"..... အရှင်မင်းကြီး ပြောတဲ့ အတိုင်းပါပဲ... "
ဟောက်ထျန်က ရယ်ရင်းပြန်ဖြေလိုက်သည်။

လူကျန်းက ခေါင်းညိတ်လိုက်ကာ သူ့သားလူခိုင်ရှိတဲ့နေရာကို
လှမ်းကြည့်လိုက်သည်။ လူခိုင်ကိုမြင်တော့ ဘုရင်လူကျန်းရဲ့မျက်နှာမှာ ကလေးဆိုးလေးကို ချစ်တဲ့ အချစ်မျိုးပေါ်လာပြီး ပြုံးလိုက်ကာ
".. ငါကြားတာတော့ ရှောင်လုံက ကျုံးယွမ်နဲ့ အလောင်းအစားတခုလုပ်ထားတယ်ဆို..... အင်း ရှောင်လုံ ပထမနှစ်အတန်းမှာ ပထမနေရာကိုရချင်ရင်တော့ ခိုင်အာ နဲ့ ယှဉ်ပြိုင်ရမှာပဲ... "

ဘုရင် လူကျန်းက အဲ့ဒီစကားကိုပြောလိုက်ပေမယ့် သူ့အမူအရာက တည်ငြိမ်နေကာ သူက ရှောင်လုံကို သူ့သားနဲ့ ယှဉ်ပြီးပထမနေရာကိုယှဉ်ပြိုင်ရမယ့်  ပြိုင်ဘက်ဖြစ်နိုင်တယ်ဆိုတာ ဘယ်လိုမှမယုံ
ကြည်ထားဘူးလေ ..... ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၆၉

ခနလောက်ကြာတော့ တန်းခွဲဆယ့်လေးခုလုံးအတွက် အနိုင်ရတဲ့သူတွေကိုရွေးချယ်ပြီးသွားလေသည်။ နောက်ပိုင်ပွဲကတော့ အနိုင်ရတဲ့သူတွေထဲကမှ ပထမနှစ်ရဲ့ ချန်ပီယံကိုရွေးချယ်ရမှာပဲ ဖြစ်သည်။

  ".... ကဲအခု ပထမနှစ်အတွက် သိုင်းပြိုင်ပွဲစကျမယ်..... အနိုင်ရထားတဲ့ သူ၁၄ယောက်လုံးမဲနှိုက်ကျပါ... "
ရှောင်ချူးကကြော်ငြာလိုက်သည်။

ရှောင်လုံ တို့လဲမဲနှိုက်လိုက်ကျသည်။ ရှောင်လုံက နံပါတ်လေး ဂဏန်းကျသည်။

ရှောင်လုံပြိုင်ဘက်က တန်းခွဲလေးက ယန်မန်ဝေ ပဲ ဖြစ်သည်။ သူကအသက်၁၇နှစ်ရှိပြီးဖြစ်ပြီး ရှောင်လုံထက်ကျောင်းကို၈ နှစ်စောပြီးရောက်ထားသူဖြစ်လေသည်။  သူကအခုဆို မြေကြီးအဆင့်၆ နောက်ဆုံးအဆင့်ကိုရောက်နေပြီဖြစ်သည်။

လီလူလဲ ရှောင်လုံ နံပါတ်လေး မဲကိုနှိုက်မိတော့ ရှောင်လုံအတွကအရမ်းစိုးရိမ်သွားသည်။

"...ရှောင်လုံ... နင်.... ?" သူမကဘာဆက်ပြောရမလဲမသိဖြစ်သွားသည်။

"...ငါ အဆင်ပြေပါတယ် " ရှောင်လုံက လီလူပြောချင်တာကို နားလည်ကပြန်ပြောလိုက်သည်။

အဲ့နောက် ရှောင်လုံ နဲ့ ယန်မန်ဝေ တို့နှစ်ယောက် စင်ပေါမှာ မျက်နှာချင်းဆိုင်တွေ့ကျသည်။ ရှောင်လုံစင်ပေါတက်လာတော့ မြင်တော့ သူကရီပြီး
"..... ရှောင်လုံ... ငါပထမဆုံးပြိုင်ဘက်က မင်းဖြစ်နေမယ်လို့ငါမ ထင်ထားဘူး....  မင်းမနေ့ကဂျန်းတန်ကိုအနိုင်ယူလိုက်တာတော့ငါကြားပါတယ်....  ဒါပေမယ့် မင်းလက်ရှိအနေအထားနဲ့တော့ ငါ့ပြိုင်ဘက်မဟူတ်သေးဘူး... မင်းကိုယ်ဟာကိုယ်အရှုံးပေးလိုက်တာပိုကောင်းမယ်ထင်တယ် "

ရှောင်လုံက တည်တည်ငြိမ်ငြိမ်နဲ့ ပဲ
"...အဲ့လိုလား..."
"... မင်းအရင်စပြီး တိုက်လိုက်ပါ.... " ရှောင်လုံက ပြောလိုက်သည်။

ယန်မန်ဝေက
".... မင်းကခေါင်းမာနေမှတော့..... မင်းဘာသာမင်းသေချာဂရုသိုက်ပေတော့.... "
ဟုပြောပြီးတာနဲ့ သူတကိုယ်လုံးတောက်ပလာသည်။

လျှက်တပြက် ယန်မန်ဝေက ရှောင်လုံရှေ့ကိုရောက်သွားကာ ရှောင်လုံကို လက်သီးနဲ့တချက်ထိုးလိုက်သည်။

အဲ့ဒါမြင်တော့ ရှောင်လုံက လိုဟန်လက်သီးသိုင်းသုံးလိုက်သည်။

လက်သီးနှစ်ခု တိုက်မိကာ ယန်မန်ဝေကာ အနောက်ကိုဆုတ်လိုက်ရပြီး သူကိုယ်သူတည်ငြိမ်အောင်ပြန်ထိန်းလိုက်ရသည်။

လူတွေအားလုံးကတော့ အငေးသားပေါ့...

"... မင်း...  မင်းမြေကြီးအဆင့် ၆ရောက်နေပြီ... ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... "
ယန်မန်ဝေက လက်မခံနိုင်သလိုပြောလိုက်သည်။
ရှောင်လုံလက်သီးနဲ့ ထိထားတဲ့ သူလက်က အခုထိ ထုံကျင်နေတုံးလေ...။

လူတွေအားလုံးသတိပြန်လည်လာပြီး ဆူညံသံတွေထွက်ပေါလာသည်။

".. ရှောင်လုံ အသက် ဘယ်နှနှစ်ရှိသေးလို့ အဆင့်၆ကိုရောက်နေရတာလဲ... ?" .

အရေးကြီးတဲ့လူတွေထိုင်ခုံမှာ ထိုင်နေတဲ့ ဘုရင်လူကျန်း ၊ ဟောက်ဖျန်နဲ့ စွင်းကျန်းတို့ မျက်လုံးတွေပြူးထွက်မတတ်အံသြကုန်ကျလေသည်။

အထူးသဖြင့် စွင်းကျန်းနဲ့ ရှောင်းချူးတို့ အံသြနေပုံစံက ရီစရာတောင်ကောင်းနေသည်။

သူတို့မနေ့က ရှောင်လုံ ဂျန်းတန်ကို အနိုင်ယူလိုက်တာတောင် သူတို့အတွက် အရမ်းအံသြစရာဖြစ်နေပြီလေ.... သူတို့အထင်က
ရှောင်လုံမြေကြီးအဆင့်၅နေုာက်ဆုံးအဆင့်ရောက်နေပြီပေါ့
အခုကျ အဆင့်၆ ယန်မန်ဝေတောင် နောက်ဆုတ်လိုက်ရတာမြင်တော့ သူတိုရူးသွားမတတ်ခံစားလိုက်ရသည်။

သူတို့ အရမ်းအံသြသွားပြီး အရမ်းလဲ စိတ်လှုပ်ရှားလာကာ စင်ပေါ်က ရှောင်လုံကိုပြေးဖက်စိတ်တွေတောင်ပေါ်လာကျသည်။

အကုန်လုံးအံသြနေကျတုံး ရှောင်လုံက
"... မင်းခွန်းအားကိုအကုန်သုံးပါ.. "
ယန်မန်ဝေ အားအကုန်မသုံးရတာသေးတာကိုသိတော့ ရှောင်လုံကပြောလိုက်သည်။

ယန်မန်ဝေလဲ ရှောင်လုံကိုအထင်မသေးရဲတော့ပဲ အလေးအနက်ထားလိုက်တော့သည်။

"...ကောင်းပြီး ငါစကားပြန်ရုပ်သိမ်းတယ်.... မင်းငါပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းရှိတယ်.. " ယန်မန်ဝေကထပ်ပြောလိုက်သည်
"... ငါအခု စွမ်းအားအကုန်သုံးတော့မယ်.... မင်းစောနကလို အသာရပါစေလို့ ငါဆုတောင်းပေးပါ့မယ်... "

ပြောပြီးတာနဲ့ သူကိုယ်က အရင်ကထက်ပိုတောက်ပလာကာ သူ့
နောက်မှာ လူကြီးအကြီးကြီးတယောက်အရိပ်ပေါ်လာသည်။ လူကြီးက တိုက်ပွဲ ချပ်ဝတ်တန်စာဝတ်ထားပြီး ကြာပန်းပုံစံထိုင်နေသည်။

အဲ့ဒါကတော့ ယန်မန်ဝေရဲ့သိုင်းဝိညဉ်.... ရှေးခတ်လူသားပဲ ဖြစ်သည်။

ယန်မန်ဝေရဲ့ သိုင်းဝိညဉ်က ရှေးခတ် အလင်းရောင်ဘုရင်မျိုးနွယ်စုထဲကဖြစ်သည်။ အလင်းရောင်ဘုရင်မျိုးနွယ်ကရှေးခတ် နတ်ဘုရားအဖွဲ့တွေထဲက အဖွဲ့တခုဖြစ်သည်။

သူကမျိုးနွယ်ပုံစံ သိုင်းဝိညဉ်ထဲကဖြစ်ကာ အဆင့်မြင့်သိုင်းဝိညဉ်တခုလဲ ဖြစ်လေသည်။

ယန်မန်ဝေရဲ့ သိုင်းဝိညဉ်က ထိပ်တန်းအဆင့်၁၀ သိုင်းဝိညဉ်ပဲ ဖြစ်လေသည်။

ယန်မန်ဝေက သူ့သိုင်းဝိညဉ်ကိုဆင့်ခေါလိုက်တာနဲ့ ရွှေရောင်စက်ဝိုင်းကြီးက သူ့နောက်ဘက်မှာပေါ်လာသည်။ ယန်မန်ဝေလဲ ပထမတခေါက်ကလိုပဲရှောင်လုံကို လျှက်တပြက်လက်သီးတချက် လှမ်းထိုးလိုက်သည်။

ရှောင်လုံကလဲ ယန်မန်ဝေလက်သီးကိုမရှောင်ပဲ ထိပ်တိုက်လက်သီးတချက်ပြန်ထိုးလိုက်သည်။

လက်သီးနှစ်ချက်ပြင်းထန်စွာ ထိမိကျကာ ယန်မန်ဝေပဲ နောက်တခါအနောက်ကိုဆုတ်သွားရပြန်သည်။

အလင်းရောင်ဘုရင်သိုင်းဝိညဉ်ကိုပိုင်ဆိုင်တဲ့သူရဲ့ ခန္ဓာကိုယ်ကအရမ်းကိုသန်မာကာခုခံနိုင်စွမ်းမြင့်မားသည်။ ဒါတောင် ရှောင်လုံက အနောက်ကို ဆုတ်သွားအောင် လုပ်နိုင်တယ်ဆိုတော့ သူ့ခန္ဓာကိုယ်က ယန်မန်ဝေထက်ပိုသန်မာနေလိုပဲ ဖြစ်ရမယ်.... ။
ဒါတောင့် ရှောင်လုံက သူ့သိုင်းဝိညဉ်ကိုမခေါ်ထုတ်ရသေးဘူးမဟူတလား....။

ဒီတကြိမ်ယန်မန်ဝေနောက်ဆုတ်သွားတော့ ရှောင်လုံက သူနဂိုနေရာကနေ ဖျက်ကနဲ ယန်မန်ဝေအရှေ့ရောက်သွားကာ ရင်ဘတ်ကိုလက်သီးနဲ့ထိုးလိုက်သည်။

ရှောင်လုံလက်သီးက ယန်မန်ဝေရင်ဘတ်ကိုထိလိုက်တော့ ယန်မန်ဝေမျက်လုံးတွေက ရွှေရောင်တောက်ပလာကာ အလင်းရောင်ဘုရင်သိုင်းဝိညဉ်က သူတကိုယ်လုံးလွှမ်းခြုံသွားပြ်ိး ရှောင်လုံလက်သီကိုကာကွယ်ပေးလိုက်သည်။ ရှောင်လုံလဲ သံနံရံကို ထိုးလိုက်ရသလိုခံစားလိုက်ရသည်။

".. မင်းငါကိုထိခိုက်အောင်မလုပ်နိုင်ပါဘူးကွာ... "
ယန်မန်ဝေက ရှောင်လုံကိုကြည့်ပြီးပြောလိုက်သည်
".... မြေကြီးအဆင့်၇ အထက်ပဲ ငါ့အလင်းရောင်နတ်ဘုရင်စက်ဝိုင်းကို ချေဖျက်နိုင်တာ... "

"....အလင်းရောင်နတ်ဘုရင်စက်ဝိုင်း... "

အဲ့ဒါကတော့ ယန်မန်ဝေသိုင်းဝိညဉ်ရဲ့ မွေးရာပါအစွမ်းပဲ ဖြစ်လေသည်။ အလင်ရောင်နတ်ဘုရင်စက်ဝိုင်းကိုထုတ်သုံးလိုက်ရင် မြေကြီးအဆင့်၇နဲ့အထက်တွေပဲ ချေဖျက်နိုင်လေသည်။

"....မင်းခုခံဖို့ကိုမချေဖျက်နိုင်ဘူးဟုတ်လား... "
ရှောင်လုံကတည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြောလိုက်ကာ
"...ငါတော့ အဲ့လိုမထင်ဘူးကွာ... "
ပြောပြီးတာနဲ့ ယန်မန်ဝေရင်ဘက်ကိုထိနေတဲ့ သူလက်ဝါးကိုရုတ်တရက်ဖိချလိုက်သည်။ နူးညံပျော့ပျောင်းတဲ့ အင်းအားတခုက ယန်မန်ဝေရဲ့ ကိုယ်ထဲကို စီးဝင်သွားလေသည်။

လူတွေရဲ့အံသြနေတဲ့မျက်စိတွေနောက်မှာ ယန်မန်ဝေကရဲကိုယ်က တုန်လာပြီး သိုင်းပြိုင်စင် အဆုံးနားထိ ယိုင်ထိုးကာဆုတ်ခွာသွားရသည်။ အဲ့နောက် သူ့ပါးစပ်က သွေးတွေစီးကျလာသည်။

အဲ့မြင်ကွင်းကိုမြင်လိုက်တဲ့ သိုင်းပြိုင်ကွင်းထဲကလူတွေလဲ ရုတ်ရုတ်သဲသဲ ဆူညံကုန်ကျလေသည်။

".... မင်း... မင်းဘယ်လို သိုင်းမျိုးသုံးလိုက်လို့ ငါ့ရဲ့ အလင်းရောင်နတ်ဘုရင်စက်ဝိုင်းကို ချေဖျက်နိုင်ရတာလဲ...  !"
ယန်မန်ဝေက ရှောင်လုံကို မယုံနိုင်သလိုကြည့်ပြီးမေးလိုက်သည်။

ဒါက ထိုက်ကျိလက်ဝါးသိုင်းရဲ့ ကြောက်စရာကောင်းတဲ့အချက်ပဲ..
သူက နံရံကြီးကာထားရင်တောင် တခြားတဖက်ကလူကိုထိခိုက်အောင်လုပ်နိုင်လေသည်။

ရှောင်လုံ အဲ့ဒါကို ရှင်းပြမနေတော့ပဲ ရုတ်တရက်ယန်မန်ဝေရှေ့ပေါ်လာပြီး လက်ဝါးနောက်တချက်နဲ့  ထပ်ရိုက်လိုက်သည်။ ယန်မန်ဝေ
ရှောင်ဖို့ ကြိုးစားပေမယ့် နောက်ကျသွားကာ စင်ပေါ်ကနေ ပြုတ်ကျလာလေသည်။

ယန်မန်ဝေ ရှုံးသွားလေပြီ......!

စင်ပေါ်ကနေပြုတ်ကျလာတဲ့ ယန်မန်ဝေကိုကြည့်ရင်း
သိုင်းပြိုင်ကွင်းကြီးတခုလုံးတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ 

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၇၀ ......မင်းကအရှုံးမပေးချင်ဘူးပေါ့လေ

ယန်မန်ဝေလဲ စင်အောက်ကိုပြုတ်ကျကာ မလှုပ်မရှက်ပဲ အကြာကြီးငြိမ်သက်နေလေသည်။ပွဲကြည့် ပရိတ်သတ်ရဲ့ ရုတ်ရုတ်သဲသဲဆူညံနေတာကိုတောင် သူအာရုံမထားနိုင်တော့ပဲ သူခန္ဓာကိုယ်ပေါ်က အလင်းရောင်နတ်ဘုရင် စက်ဝိုင်းကိုပဲ ယန်မန်ဝေတယောက် စူးစိုက်ကြည့်နေမိသည်။

အလင်းရောင်နတ်ဘုရင်စက်ဝိုင်းဆိုတာ သူရဲ့အားအထားရဆုံး
လျှိုဝှက်လက်နက်တခုပဲ ဖြစ်လေသည်။ အခုရှောင်လုံနဲ့ ရင်ဆိုင်တွေ့တော့ အလင်းရောင်နတ်ဘုရင်စက်ဝိုင်းက ကလေးကစားစရာတခုလို အသုံးမဝင်တော့ပါလား..... ။

  သူတွေးရင်းတွေးရင်းနဲ့ ဖြစ်ပေါ်လာခဲ့တဲ့ရလဒ်တွေကို နောက်ဆုံးအချိန်အထိ လက်မခံနိုင်အောင်ဖြစ်နေ၏ ။
 
  ယန်မန်ဝေရဲ့ မျက်နှာအမူအရာတွေက မိုးအုံနေတဲ့ ကောင်းကင်ကြီးလို မှိုင်းညှို့ နေလေသည်။

"..... ဒီပြိုင်ပွဲမှာ ဟောင်ရှောင်လုံ အနိုင်ရတယ်... "
ဆရာတယောက်က ရှောင်လုံ အနိုင်ရရှိကြောင်းကိုကြော်ငြာလိုက်တော့မှ အံသြမင်သက်နေတဲ့ယန်မန်ဝေတယောက်  သတိပြန်လည်လာတော့သည်။ သူဝေခွဲမရ ရှုပ်ထွေးနေတဲ့ အမူအရာဖြင့် ရှောင်လုံကိုပြောလိုက်သည်
".... ဒီတကြိမ် ငါရှုံးတာကိုတော့ ငါလက်ခံပါတယ်.....  နောက်
တကြိမ်ပြိုင်ပွဲကျရင်တော့ မင်းကိုသေချာပေါက်ပြန်အနိုင်ယူမယ်..."

"....နောက်နှစ်သိုင်းပြိုင်ပွဲကျရင်.... ဟုတ်လား.... "
ရှောင်လုံကတော့ တည်ငြိမ်စွာနဲ့ပဲ ခေါင်းကိုခါရင်း ရေရွတ်လိုက်သည်။

သူရဲ့ သိုင်းကျင့်စဉ် အတွင်းအားတိုးတက်နှုန်းအရဆို နောက်နှစ်ဆိုရင် ရှောင်လုံတယောက် မြေကြီးအဆင့်၇ကိုရောက်နေလောက်ပြီမဟုတ်လား..... ။ အဲ့လိုဆို သူက ကြယ်စကြာဝဠာကျောင်းရဲ့ ဒုတိယနှစ် အတန်းကိုတက်ရတော့မှာလေ... ။ ယန်မန်ဝေကတော့နောက်နှစ်သိုင်းပြိုင်ပွဲမှာ ပထမနှစ်အတန်း အတွက်ပဲယှဉ်ပြိုင်ရအုံးမှာမဟုတ်လား..... ။ သူဘယ်လိုလုပ်
ရှောင်လုံနဲ့ သိုင်းပြိုင်ဖို့ အခွင့်အရေး ရှိတော့မှာလဲ..... ။

သူပြောတဲ့ စကားကို လက်မခံသလို ရှောင်လုံခေါင်းကိုခါနေတာတွေ့တော့ ယန်မန်ဝေတယောက်အထင်လွဲသွားလေသည်။ သူထင်တာက ရှောင်လုံက
သူနဲ့သိုင်းပြိုင်ဖို့ကို အလေးအနက် မထားတော့ပဲ အထင်သေးနေတယ်လို့ ထင်လိုက်သည်။

ယန်မန်ဝေက ဒေါသတကြီးဖြင့်
".... ဟောင်ရှောင်လုံ.... မင်းခေါင်းခါနေတာက ဘာအဓိပ္ပါယ်လဲကွ.... "

ရှောင်လုံကတော့ ပြန်မဖြေတော့ပဲ ယန်မန်ဝေကိုလျစ်လျူရှုလိုက်ပြီး နောက်ကိုလှည့်ကာ စင်အောက်ကိုဆင်းသွားရင်း
".... မင်းနောက်နှစ် ဒုတိယနှစ်အတန်းတက်နိုင်တယ်ဆိုမှ ဒိကိစ္စကိုဆက်ပြောကျတာပေါ့... "

နောက်နှစ် ဒုတိယနှစ်အတန်းကိုတက်ရမယ် ဟုတ်လား..... ?

ဒါ...ဒါဆို ရှောင်လုံကဆိုလိုချင်တာက .... ?
ယန်မန်ဝေတယောက် ရှောင်လုံစကားနောက်ကွယ်က အဓိပ္ပါယ်ကိုနားလည်လိုက်တော့အခါ မျက်လုံးကြီးပြုးပြီး အရမ်းကိုအံသြတုန်လှုပ်သွားတော့သည်။

အရေးကြီးဧည့်သည်ဆောင်မှာ ထိုင်နေတဲ့ ဘုရင်လူကျန်းကတော့
ရှောင်လုံကိုကြည့်ရင်း ပေါ့ပေါ့ပါးပါးရီလိုက်ကာ စစ်သူကြီးချုပ်ဟောက်ထျန်ကိုပြောလိုက်သည်
".... ဟောင်ရှောင်လုံတယောက်.....  ဒီလိုခွန်အားရှိနေမယ်လို့ မထင်ထားဘူး...... ! တကယ်ကို ငါမယုံနိုင်ဘူး.... "

".... ဟုတ်ကဲ့.... ကျွန်တော်မျိုးလဲ တူတူပါပဲ... "
ဟောက်ထျန်က လေးစားစဖွယ်အပြုံးပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်
သူက ရှောင်လုံ မြေကြီးအဆင့်၆ကိုရောက်နေတယ်ဆိုတာတော့ သိပေမယ့် ရှောင်လုံစောနက ပြသသွားတဲ့ အစွမ်းက သူကိုအရမ်းအံအားသင့်သွားစေသည်။

သူပထမ ရှောင်လုံနိုင်မယ်လုိ့ခန့်မှန်းထားပေမယ့် သူထင်တာက
ခက်ခက်ခဲခဲကြိုးစားအားထုတ်ပြီးမှပဲ ယန်မန်ဝေကို အနိုင်ရမယ့်လို့ ထင်ထားခဲ့တာမဟုတ်လား......
အခုကျ သူခန့်မှန်းထားတာနဲ့ လုံးဝဆန့်ကျင်ဘက်ကြီးကို ဖြစ်နေတော့သည်။

တကယ်တန်းပြောရရင် ရှောင်လုံဒီလိုမျိုး အလွယ်တကူ အနိုင်ယူနိုင်လိုက်တာက ဖေးဟိုအတွက်တောင် နဲနဲအံသြစရာပဲမဟုတ်လား..။

ရှောင်လုံ ယန်မန်ဝေကို အနိုင်ယူပြီးတဲ့နောက် တခြားသိုင်းပြိုင်စင်ခုနှစ်ခုမှာလဲ  ပထမနှစ်သိုင်းပြိုင်ပွဲကိုဆက်ပြီး ကျင်းပကျ၏ ။

သိုင်းပြိုင်စင် ၇ခုကနေ အနိုင်ရမယ့် ကျောင်းသား ၇ယောက်က နေုာက်တဆင့်ကို တက်လှမ်းနိုင်မှာ ဆိုတော့ လူအရေအတွက်က မဂဏန်းဖြစ်နေကာ နောက်တဆင့်မှာ နှစ်ယောက်တွဲဖက်ယှဉ်ပြိုင်ခိုင်းဖို့ လူတယောက်ပိုနေလေသည်။ ဒါကြောင့်မို့ ကျောင်းသားတယောက်ကိုတော့ ချွင်းချက်အနေဖြင့် နောက်တဆင့်ကို တက်လှမ်းခွင့်ပေးအပ်မှာပဲ ဖြစ်သည်။ ဒီနောက်တဆင့်ကို ဘယ်သူကိုတက်ရောက်ခိုင်းမလဲ ဆိုတာကိုတော့ လက်ထောက်ကျောင်းအုပ်ကြီး
ရှောင်းချူးက ဆုံးဖြတ်ပေးရမှာပဲ ဖြစ်သည်။

ရှောင်ချူး ရွေးချယ်လိုက်တဲ့ ကျောင်းသားကတော့ အားလုံးထင်မှတ်ထားကျတဲ့ မင်းသားလူခိုင်ပဲ ဖြစ်၏ ။

လူခိုင်ကို ပထမနှစ်မှာ ပြိုင်ဘက်မရှိ သိုင်းဘုရင်လို့ သတ်မှတ်ထားကျတာမဟုတ်လား..... ။ ဒါကြောင့်မို့ ရှောင်းချူးရဲ့ ဆုံးဖြတ်ချက်ကို
ဘယ်သူမှ မကန့်ကွက်ကျချေ.....။ အဲ့လိုနဲ့ လူခိုင်က နောက်တဆင့်ကို ချော့ချောမွေ့မွေ့ပဲတက်ရောက်သွားတော့သည်။

ရှောင်လုံက နောက်တကြိမ်သိုင်းပြိုင်ဖို့အတွက် မဲနှိုက်ရာ နံပါတ် ၆ဂဏန်းကျလေသည်။

နံပါတ်ဂဏန်းပိုင်ရှင် ပြိုင်ဘက်က တန်းခွဲ ၆ မှာ ပထမရထားသူ
ဟူဒေါင် ပဲ ဖြစ်သည်။ သူ့ခွန်းအားက ပြောရမယ်ဆို ရှောင်လုံ ပထမတပွဲက ယှဉ်ပြိုင်ခဲ့တဲ့ ယန်မန်ဝေ ထက်ကို ပိုပြီးအားနည်းလေသည်။
ဒါကြောင့်မို့ ဒီတခေါက်ပြိုင်ပွဲကလဲ သံသယဖြစ်စရာမလို ရှောင်လုံပဲ
လွယ်လွယ်ကူကူ အနိုင်ယူသွားလေသည်။

သိုင်းပြိုင်စင်အောက် က လူခိုင်ကတော့ ရှောင်လုံ နဲ့ ဟူဒေါင်တို့
သိုင်းပြိုင်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကြည့်ရှုနေလေသည်။

တကယ်တော့ သူမျက်နှာအနေအထားကသာ တည်ငြိမ်နေပေမယ့်
သူရင်ဘတ်ထဲမှာတော့ အရမ်းကိုတုန်လှုပ်ခြောက်ခြားနေသည်။
ရှောင်လုံရဲ့ အဖြစ်အပျက်က သူ့ကိုမယုံနိုင်အောင် တုန်လှုပ်စေလေသည်။

ပထမတော့ သူလဲသူအဖေထင်တဲ့ အတိုင်း......
ရှောင်လုံတယောက် သိုင်းပြိုင်ပွဲအလည်လောက်ရောက်ရင် ရှုံးနိမ့်သွားပြီး သူနဲ့ သိုင်းပြိုင်ဖို့ အခွင့်အရေးဆိုတာ မရှိလောက်ဘူးပေါ....။
တကယ်တန်း ဖြစ်ပျက်ခဲ့တာကျတော့ ယန်မန်ဝေကတောင် ရှောင်လုံကိုမယှဉ်နိုင်ခဲ့ဘူးလေ.... ။
မယှဉ်နိုင်တာမှ ခက်ခက်ခဲခဲပြိုင်ပြီး ရှုံးနိမ့်သွားရင်တော်သေး....
အခုကျ ပြန်တောင်မတိုက်နိုင်ပဲ ခွက်ခွက်လန်အောင် ရှုံးခဲ့တာမဟုတ်လား...။

လူခိုင်စိတ်ရဲ့ အနက်ရှိုင်းဆုံးတနေရာမှာတော့ အရမ်းကိုစိတ်ရှုပ်ထွေးနေသည်။ မင်းညီမင်းသားတွေကြားမှာတော့ သူကပြိင်ဘက်မရှိ
ပထမတန်းစားပါရမီရှင်ပဲ..... ဒါကြောင့်မို့ သူအဖေကလဲ သူကိုအရမ်းချစ်တာမဟုတ်လား... ။ သူဂုဏ်အယူရဆုံး သူရဲ့ ပါရမီရှင်ဆိုတဲ့
ဂုဏ်ပုဒ်က အခုကျ ရှောင်လုံ ခြေဖဝါးအောက်မှာ ပြားပြားဝပ်သက်ဆင်းလိုက်ရပြီလေ....။

ခနလောက်ကြာတော့ ပထမနှစ်ရဲ့ ဒုတိယအကြိမ်မြောက် သိုင်းပြိုင်ပွဲ ပြီးဆုံးသွားလေသည်။ ရှောင်လုံအပါအဝင် တခြားအနိုင်ရတဲ့
ကျောင်းသားနှစ်ဦးက တတိယအကြိမ်မြောက် သိုင်းပြိုင်ပွဲကို
အောက်မြင်စွာ တက်ရောက်လာသည်။

ဒီတကြိမ်လဲ တိုက်ဆိုင်တာလားမတိုက်ဆိုင်တာလားမသိ
ရှောင်လုံ နှိုက်လိုက်တဲ့ နံပါတ်က နံပါတ်၃ ဂဏန်းဖြစ်နေလေသည်။
ဒီတကြိမ်မှာပဲ ရှောင်လုံ နဲ့ လူခိုင်တို့ လွဲသွားပြန်၏။ နံပါတ်သုံး ဂဏန်းပိုင်ရှင် ပြိုင်ဘက်ကတော့ ချန်ချောင် ပဲ ဖြစ်သည်။

ချန်ချောင်ကလဲ ခေသူမဟုတ်.....  သူအစွမ်းကိုလဲ ပထမနှစ်ကလူတွေအကုန်လုံးက အသိအမှတ်ပြုထားကျသည်။ သူက လူခိုင်ပြီးရင်
ပထမနှစ်ကျောင်းသားတွေထဲမှာ အစွမ်းအထက်ဆုံးဆိုတဲ့ ဘွဲ့ကိုပိုင်ဆိုင်ထားလေသည်။ သူလဲပဲ ချန်မန်ဝေလို မြေကြီးအဆင့်၆ နောက်ဆုံး အထွတ်အထိပ်အဆင့်ဖြစ်သည်။ သူရဲ့ သိုင်းဝိညဉ်ကတော့ ထိပ်တန်းအဆင့်၁၀ သားရဲအမျိုးအစား သိုင်းဝိညဉ်........
လက်တံရှည်ရေမျောက်ဝံ ပဲ ဖြစ်သည်။

ချန်ချောင်တယောက် ယန်မန်ဝေထက် အများကြီးပိုအစွမ်းထက်ပေမယ့် နောက်ဆုံးမှာတော့ ရှောင်လုံကပဲ အနိုင်ရရှိသွားလေသည်။
ချန်ချောင်တယောက်လဲ ရှောင်လုံသိုင်းဝိညဉ် ထုတ်ပြလောက်တဲ့အထိ မစွမ်းဆောင်နိုင်ခဲ့ချေ.....။

ချန်ချောင်တယောက်လဲ ထပ်မံရှုံးနိမ့်သွားပြန်တော့ စင်အောက်က လူတွေအကုန်လုံးလဲ ရှောင်လုံကိုကြည့်ရင်း မယုံကြည်နိုင်စွာဖြင့်
ကြောင်အမ်းအမ်းဖြစ်ကုန်ကျလေသည်။

နောက်ဆုံးမှာတော့ ပထမနှစ်သိုင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ရှောင်လုံ
နဲ့ လူခိုင်တို့ တိုက်ထိပ်တွေ့ဆုံ ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်သည်။

ဒီလိုဖြစ်မှာမယ်လို့ ဘယ်သူကထင်ထားမှာလဲ..... ။ အခုက လူခိုင်ပထမနှစ် ချန်ပီယံဖြစ်ဖို့ရာ ရှောင်လုံကို ကျော်ဖြတ်အနိုင်ယူရတော့မှာ
မဟူတ်လား..... ။ ဒီနေ့မတိုင်ခင်က သူတို့ဆွေးနွေးခဲ့ကျတဲ့ လူခိုင်ပြိုင်ဘက်တွေထဲမှာ ရှောင်လုံမှ မပါခဲ့ပဲ......  ကျောင်းသားအသစ်တွေရော ကျောင်းသားဟောင်းတွေရော တွေးထင်ထားတဲ့ လူခိုင်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ကျောင်းသားက  ချန်ချောင် မဟုတ်လား......
သူတို့ကို အဲ့တုံးကသာ တယောက်ယောက်က လူခိုင် ရဲ့ ပြိုင်ဘက်က
ရှောင်လုံလဲ ဖြစ်လာနိုင်တယ်လို့ ပြောမိခဲ့ရင် သူတို့အဲ့လူကို မတန်မရာပြောတယ်ဆိုပြီး ပါးစပ် ပလုတ်သွားကျင်းခိုင်းမှာပဲ ဖြစ်သည်။

အခုကျ လူခိုင်နဲ့ ချန်ပီယံဘွဲ့ကို ယှဉ်ပြိုင်ဖို့ စင်ပေါ်ရောက်ရှိနေတဲ့
ကျောင်းသားကတော့ သူတို့ အိမ်မက်ထဲမှာတောင် မထင်ထားမိခဲ့တဲ့
ဟောင်ရှောင်လုံပဲ ဖြစ်နေတော့သည်။

သိုင်းပြိုင်စင်ပေါ်မှာ ရပ်နေတဲ့ ကျောင်းသားနှစ်ယောက်က တယောက်ကိုတယောက် အကဲခတ်နေလေသည်။ သူတို့နှစ်ယောက်ကြားတိတ်ဆိတ်နေပြီး ဘယ်သူမှ စကားစမပြောကျချေ.....။

စင်အောက်ကလူတွေကတော့ သိုင်းပြိုင်စင်ပေါ်ကလူနှစ်ယောက်ကိုကြည့်ရင်း ရင်တထိတ်ထိတ်နဲ့ပေါ့.....
လူခိုင်များ... ချန်ပီယံဘွဲ့ ဆက်ထိန်းထားမလား .......
ရှောင်လုံတယောက် လူခိုင် ရဲ့ ပထမနှစ်ကျောင်းသားတွေရဲ့ ဘုရင်ဘွဲ့ ကိုလွှဲပြောင်းယူလေမလား ........
အားလုံးက ဖြစ်ပေါ်လာမယ့် ရလဒ်တခုကိာ ရင်သတ်ရှုမောစောင့်မျှော်နေကျသည်။

စင်ပေါ်မှာ အကြည့်ချင်းပြိုင်နေကျတဲ့ ရှောင်လုံနဲ့ လူခိုင်ကိုကြည့်ရင်
လီလူတယောက် စိတ်လှုပ်ရှားစွာဖြင့် သူမရဲ့ သွယ်လျလှပတဲ့ လက်နှစ်ဖက်ကို ဆုတ်နယ်နေလေသည်။
သူမရဲ့ လှပတဲ့ မျက်နှာလေးကလဲ စိုးရိမ်ပူပင်စွာနဲ့ ချွေးတွေစို့လိုပေါ့....။

".... မင်းငါကို တကယ်ကိုအံသြစေခဲ့တာပဲ... "
အကြာကြီးနေမှ လူခိုင်ရဲ့ပြောစကား.....အဲ့နောက်သူကပဲ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်ကာ
".... ဒါပေမယ့် မင်းငါ့ကို မနိုင်ဘူးဆိုတာတော့ မင်းသိနေပြီးသားမဟုတ်လား.... မင်းအရှုံးပေးပြီးတော့ အဝတ်ဖြူကိုတော့ ပစ်တင်လိုက်စမ်းပါ ( အလံဖြူပြခိုင်းတာ 😁😁) ....!"

လူခိုင်စကားကြားတော့ ရှောင်လုံက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်လည်တုံပြန်လိုက်သည်
"..... စောနကလဲ.... ယန်မန်ဝေတယောက် ငါ့ကို ဒီလိုပဲ ပြောသွားတာကိုယ်လူ..... မင်းမကြားလိုက်လို့လား...."

ရှောင်လုံ ပြောချင်တာက ယန်မန်ဝေတယောက် အပြောကြီးပြီး ခွက်ခွက်လန် အောင် ရှုံးသွားတယ်ပေါ့.....

ရှောင်လုံဆိုလိုချင်တဲ့ အဓိပ္ပါယ်ကိုသဘောပေါက် လိုက်တဲ့ လူခိုင်ကတော့ စိတ်မဆိုးပဲ ခပ်ဖွဖွပြုံးလိုက်ရင်း
".... ဒါပေမယ့် ငါက ယန်မန်ဝေမှ မဟူတ်တာ... "
ပြောပြီးတာနဲ့ သူကိုယ်ထဲက အတွင်းအားတွေပေါက်ကွဲထွက်လာတော့သည်။ လူခိုင်က ထိန်ချန်မထားတော့ပဲ အတွင်းအားအကုန်ထုတ်လိုက်လေသည်။သူ့အတွင်းအားတွေက ယန်မန်ဝေရော ချန်ချောင်ရော နှစ်ယောက်လုံးထက်ကို သိသိသာသာ များပြားပြင်းထန်သည်။

"....မြေကြီးအဆင့် ၇ ..... မင်းသားလေး လူခိုင်က တကယ်ကို မြေကြီးအဆင့် ၇ သိုင်းသမား ဖြစ်သွားပြီပဲ.... "

".... အင်းရှောင်လုံအတွက်တော့ စိတ်မကောင်းစရာပဲ..... မင်းသားလေး လူခိုင်ရဲ့ အတွင်းအားနဲ့ဆို ဒီပထမနှစ်ရဲ့ ချန်ပီယံဘွဲ့ကိုလဲ 
သူပဲသိမ်းပိုက်အုံးမှာပဲ......  ဒီလိုအခြေအနေမှာ ဟောင်ရှောင်လုံက
မင်းသားလေး လူခိုင်ကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်တော့မှာလဲ... "

".... အင်း ငါသာ မင်းသားလူခိုင်ရဲ့ မြေကြီးအဆင့်၇ အတွင်းအားကိုမြင်လိုက်ရင်..... ငါတော့နှစ်ခွန်းကိုမပြောဘူးကိုယ်လူ.....
ချက်ချင်းကိုအရှုံးပေးလိုက်တော့မှာပဲ...... ဒီဟောင်ရှောင်လုံကတော့
သူ့အခုလို အရှုံးမပေးပဲ စင်ပေါ်မှာဆက်ပြီးနေရဲတယ်ဆိုကတည်းက တော်တော်လေးခေါင်းကြောမာပြီး ကိုယ်ကိုကိုယ် ယုံကြည်မှုပြင်းထန်
တဲ့ကောင်ထင်တယ်..... တော်တော်မျက်နှာရချင်တဲ့ကောင်ကွာ... "

မင်းသား လူခိုင်ရဲ့ အစွမ်းကို မြင်လိုက်ကျတဲ့ သိုင်းပြိုင်စင်အောက်ကလူတွေကတော့ ရုတ်ရုတ်သဲသဲကို အတင်းတုပ်နေကျတာပေါ့.....။

သေချာတာပေါ့ ရှောင်လုံအစွမ်းအစကို မနာလိုတဲ့ လူတွေကတော့ ရှောင်လုံကို ရင်တွေကွဲမတတ် အော်ဟစ်လှောင်ပြောင်နေကျလေရဲ့.... ။

  ရှောင်လုံ ကတော့ သူကို အော်ဟစ်လှောင်ပြောင်သံတွေကို
နားမကြားတဲ့ အကန်းတယောက်လို ဂရုမစိုက်ပဲ တရားမှတ်နေတဲ့ ဘုန်းတော်ကြီးတပါးလို တည်တည်ငြိမ်ငြိမ်စွာဖြင့် လူခိုင်ကိုပဲ သေချာ အကဲခတ်နေလေသည်။ လူခိုင် မြေကြီးအဆင့်၇ ကိုရောက်နေလောက်ပြီဆိုတာ သူ့ခန့်မှန်းပြီးသားလေ....  ဒါက သူ့ကိုအံအားသင်အောင်မှ  မလုပ်နိုင်ပဲ..... အားလုံးက သူ့ခန့်မှန်းမှုထဲမှာပဲရှိသေးတယ်မဟုတ်လား...... သူဘာကိုစိုးရိမ်ရမှာလဲ.... ။

".... ဘယ်လိုလဲကွ..... မင်ငါ့ကို ကြောက်နေပြီလား  ...."
လူခိုင်က မထီတရီလေးပြုံးရင်း ရှောင်လုံကိုမေးလိုက်သည်။.

"... စောက်စကာစမရှည်နဲ့ကွာ တိုက်မှာသာတိုက်.... "
ရှောင်လုံက ဟန်ပြနေတဲ့ လူခိုင်ကို စိတ်မရှည်ပဲ ပြောလိုက်တော့သည်။

လူခိုင်တယောက်တော့ ရှောင်လုံသူ့ကိုငိုယိုပြီးတောင်းပန်ပြီထင်ထားတာ...... သူမြေကြီးအဆင့်၇ သိုင်းသမား မှန်းသိနေတာတောင်
ရှောင်လုံက သူ့ကို မကြောက်မလန့် ပြောနေတာကိုတွေ့လိုက်ရသည်။ လူခိုင်က ရှောင်လုံအစွမ်းထက်တာကိုတော့သိပါတယ်..... ဒါပေမယ့် ရှောင်လုံ အတွင်းအားက မြေကြီးအဆင့်၆ နောက်ဆုံး အထွတ်အထိတ်အဆင့်ဆိုတာ သူအပါအဝင် အကုန်လုံး မျက်မြင်ကိုယ်တွေ့မဟုတ်လား....။

တကယ်တော့ မြေကြီးအဆင့်၇ ဆိုတာ မြေကြီးအဆင့်သိုင်းသမားတွေကြားထဲမှာ ခွဲခြားထားတဲ့ သတ်မှတ်မျဉ်းတကြောင်းဖြစ်သည်။ ဘယ်လောက်ပဲ အစွမ်းထက်တယ်ဆိုတဲ့ မြေကြီးအဆင့်၆ သိုင်းသမားဖြစ်ပါစေ မြေကြီးအဆင့်၇ သိုင်းသမားကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ လုံးဝကို ဖြစ်နိုင်ချေ မရှိတဲ့ အဖြစ်အပျက်ပဲ ဖြစ်သည်။

မြေကြီးအဆင့်၆ သိုင်းသမားက အဆင့်၇ ကိုနိုင်တယ်ဆိုတာ သူ့တို့သိုင်းဝိညဉ်ကမ္ဘာမှာ ဟိုတုံးကလဲမရှိခဲ့ဘူး အခုထိလဲ မရှိသေးဘူး...... နောင်ကိုလဲ ဖြစ်မလာနိုင်တဲ့ ကိစ္စလို့ အားလုံးက တသမှတ်ထဲ ယူဆထားကျတာမဟုတ်လား.... ။

ဒီ ဟောင်ရှောင်လုံတယောက် သူ့ရဲ့ မဖြစ်စလောက် မြေကြီးအဆင့်၆ နောက်ဆုံး အထွတ်အထိပ် အတွင်းအားလေးကို သုံးပြီး
ဒီအမြဲမှန်ခဲ့တဲ့ အမှန်တရားတခုကို ချိုးဖျက်ချင်နေတာများလား.....။
ဒီကောင်တော့ ခါချဉ်ကောင် မာန်ဟီပြီး တောင်ဖြိုဖို့ ကြံနေပြီထင်တယ်...... ။

လူခိုင်က ရှောင်လုံကို ခပ်ပြင်းပြင်းအကြည့်တချက်နဲ့ စိုက်ကြည့်လိုက်ကာ ခေါင်းကိုညိတ်ပြရင်း
"..... ကောင်းပြီလေ.... မင်းကိုယ်တိုင်အရှုံးပေးဖို့ အသာတကြည် ဆန္ဒမရှိဘူးဆိုမှတော့..... မင်းဆုံးဖြတ်ချက်ကို နောင်တမရပါစေနဲ့လို့ပဲ ငါဆုတောင်းပေးရုံပေါ့..... "
သူပြောပြီးတာနဲ့ လူခိုင်ကသူ့သိုင်းဝိညဉ်ကို ဆင့်ခေါ်လိုက်တော့သည်

Đọc tiếp

Bạn Cũng Sẽ Thích

151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
538K 18.4K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
21.1K 444 42
What If Chloe lukasiak has a twin sister who is the favorite?
168K 5K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...