ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

61 - 65

395 30 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း.၆၁ .........စစ်သူကြီးအိမ်တော်တခုလုံးကို အမြစ်ကနေရှင်းပစ်မယ်ဟူတ်လား ......?

  အစိမ်းရောင်ဝတ်စုံနဲ့ လူဆယ်နှစ်ယောက်လောက်က ဆိုင်ကပစ္စည်းတွေကိုဖျက်စီးကာ ဆိုင်ဝန်ထမ်းတွေကိုလဲ ဆဲဆိုနေသည်။

".... ဒါက ပိုးထည်နဲ့ တူလို့လားကွ.... ? ဒီပစ္စည်းတွေနဲ့စာရင် အမှိုက်ပုံကနေ သွားကောက်လာတဲ့ အဝတ်တွေကမှသန့်အုံးမယ်....
ဟာ တော်တော်ဆိုးရွားတဲ့ အနံပဲကွာ....  မင်းတို့ကရာရာစစ ဒိလိုနံစော်နေတဲ့ အဝတ်မျိုးကို ငါတို့အတွက်ချုပ်ပေးရဲတယ်ဟုတ်လား..... ?
မင်းအမေ---------(ဆဲဆိုသံ) ....မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား...... !"

"  .... ညီနောင်တို့....  ရှိသမျှပစ္စည်းအကုန်လုံးကိုဖျက်စီးပစ်ကွာ...
ဘာမှညှာတာမနေနဲ့တော့..... "

တချို့ဆိုင်ဝန်ထမ်းလေးတွေက လူရမ်းကားတွေကိုတားဆီဖို့ ကြိုးစား
ပေမယ့်  လူရမ်းကားအဖွဲရဲ့ ဆိုးဆိုးရွားရွားကို ရိုက်နှက်ချင်းကိုခံလိုက်ရလေသည်။
ဆိုင်ကြမ်းပြင်ပေါ်မှာ ဆိုင်ဝန်ထမ်း ၇ယောက်လောက်လဲကျနေကာ
ဒဏ်ရာတွေကလဲ အနဲငယ် ပြင်းထန်ပုံရလေသည်။

"... မင်း.... မင်းတို့ဘာလုပ်တာလဲ... အခုချက်ချင်းရပ်လိုက်စမ်း....!"
   သူဆိုင်ရှေ့က အနေအထားကိုမြင်တော့လီချန်လဲ အရမ်းကိုစိတ်ဆိုးသွားကာ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ အစိမ်းရောင်ဝတ်စုံနဲ့ သူတွေကတော့ လီချန်စကားကိုမကြားချင်ယောင်ဆောင်ကာ မရပ်တန့်ပဲ ပိုပြီးအားစိုက်ကာ ဆိုင်ကပစ္စည်းတွေကို ဖျက်စီးပစ်လေသည်။

လီချန်လဲ သူ့စကားကိုလျစ်လျူရှုထားတာမြင်တော့ ဒေါသတကြီးနဲ့
သွားတိုက်ခိုက်ဖို့ ပြင်နေတုံးမှာပဲ ရုတ်တရက် အစိမ်းရောင်ဝတ်စုံနဲ့ လူတယောက်က သူလက်နှစ်ဖက်ကိုဆန့်ထုတ်ရင်း လီချန်ရှေ့တည့်တည့်ကို ခုန်လာသည်။ သူလက်ချောင်းတွေကို လက်သည်းပုံစံဖြစ်အောင်စုလိုက်ကာ လီချန်ကိုဆွဲကုတ်လိုက်လေသည်။ သူ့လက်သည်းကလာတဲ့ စွမ်းအားကအလွန်ပြင်းထန်ပြီး ဒီဝတ်စုံစိမ်းနဲ့ လူကတော့
မြေကြီးအဆင့်၇နောက်ဆုံးအဆင့်သိုင်းသမားပဲ ဖြစ်လေသည်။

သူရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ လူကိုကြည့်ရင်း လီချန်းလဲ နဲနဲတုန်လှုပ်သွားကာ သူလက်ဖက်ကို ဝှေ့ယမ်းရင်း သူ့ကိုယ်သူကာကွယ်ဖို့
ကြိုးစားလိုက်လေသည်။ အဲ့အချိန်မှာပဲ လီချန်ထက်ပိုမြန်တဲ့ အရိပ်တခုက လီချန်ရှေ့ရုတ်တရက်ပေါ်လာပြီး ဝတ်စုံစိမ်းနဲ့လူကို လက်ဝါးနဲ့ ရိုက်လိုက်လေသည် ။ ဝတ်စုံစိမ်းနဲ့လူလဲ နာကျင်စွာအော်ရင်းလွှင့်ထွက်သွားကာ ဆိုင်ရှေ့က အဝတ်အစားတင်ထားတဲ့ စင်နဲ့တိုက်မိပြီး မြေကြီးပေါ်ကို ပြန်ကျလာသည်။ သူခန္ဓာကိုယ်က အခဲတခုလို တွန့်လိမ်နေကာ ကြည့်ရတာ လက်ဝါးတချက်ထဲနဲ့ အသက်ပျောက်သွားတဲ့ပုံပဲ..... ။

လီချန်ကို ဝင်ကာကွယ်လိုက်တဲ့သူကတော့ စစ်သူကြီးအိမ်တော် စစ်သားတွေထဲက တယောက်ပဲဖြစ်လေသည်။ ဒီအဖြစ်အပျက်ကိုမြင်လိုက်တော့ တခြားဝတ်စုံစိမ်းနဲ့လူတွေလဲ သူတို့တိုက်ခိုက်ဖျက်စီးနေတာတွေကို ရပ်တန့်လိုက်ကာ သူတို့လူကိုတိုက်ခိုက်လိုက်တဲ့ အစောင့်စစ်သားကို ဝိုင်းအကဲခတ်လိုက်ကျသည်။

ဝတ်စုံစိမ်းတွေထဲက သတ်လတ်ပိုင်းအရွယ်လူကြီးက မြေကြီးပေါ်မှာ
မလှုပ်ရှားတော့တဲ့ သူလူကိုကြည့်ရင်း သူမျက်နှာက တည်ကြည်သွားလေသည်။ အဲ့နောက်မှာတော့ ရှောင်လုံတို့လူစုကိုသေချာအကဲခတ်လိုက်သည်။

"... မင်တို့ဘယ်သူတွေလဲ....  ? ဒါက ငါတို့ သိမ်းငှက်စိမ်းလူဆိုးဂိုဏ်းရဲ့ ကိစ္စပဲ.....  မင်းတို့ မနက်ဖြန်နေထွက်တာမြင်ချင်သေးရင်
မြင်သမျှကိစ္စတွေကို ဝင်မစွက်ဖက်တာကောင်းမယ်... "
  ဝတ်စုံစိမ်းနဲ့သူက ရှောင်လုံတို့ကို ခြိမ်းခြောက်သတိပေးလိုက်သည်။

တခြားလီချန်တို့ဆိုင်ထဲက ပိုးထည်တွေကိုဖျက်ဆီးနေတဲ့သူတွေကသူတို့ဖျက်စီးနေတာတွေကိုရပ်လိုက်ပြီး ဝတ်စုံစိမ်းနဲ့ လူကြီးရဲ့ အနောက်မှာ အကုန်ပြန်လည်စုစည်းလိုက်ကျသည်။

"... သိမ်းငှက်စိမ်းလူဆိုးဂိုဏ်း..."
အဲ့နာမယ်ကိုကြားတော့ လီချန်မျက်နှာအမူအရာတွေ ပျက်သွားလေသည်။

သိမ်းငှက်စိမ်းဂိုဏ်းဟုတ်လား.... ? ရှောင်လုံမျက်လုံးထဲမှာတော့
သူတခါမှမကြားဘူးလို့ စိတ်ရှုပ်နေတဲ့ပုံစံပြနေလေသည်။ အဲ့အချိန်မှာ ရှောင်လုံနောက်က အစောင့်စစ်သားတယောက်က ရှေ့ထွက်ရင်း ရှင်းပြလိုက်သည်
".... သခင်လေး....  သိမ်းငှက်စိမ်းဂိုဏ်းက နန်တွင်းမြို့တော်မှာတော့ အကြီးဆုံး လူဆိုးဂိုဏ်းတခုပဲ.....  သူတို့လူဆိုးဂိုဏ်းချုပ်နာမယ်က ဂျန်ဝေပဲ.... သူကမြေကြီးအဆင့်၁၀ သိုင်းသမားပါ....အဲ့ဂျန်ဝေက နန်းတော်ထဲက တော်ဝင်မိသားစုတချို့နဲ့လဲ မကင်းရာမကင်း
ကြောင်းဆက်ဆံရေးရှိတယ်...."

နန်းတွင်းမြို့တော်ထဲက အကြီးဆုံးလူဆိုးဂိုဏ်းဟုတ်လား... ?
ရှောင်လုံလဲ သဘောပေါက်သွားကာ ခေါင်းညိတ်ပြလိုက်ပြီး
တကယ်တော့ ဒီကမ္ဘာပေါ်က လူဆိုးဂိုဏ်းဆိုတာ သူအရင်ကမ္ဘာကဆိုရင်မာဖီးယားတွေနဲ့ တူတူပဲမဟုတ်လား။ သိမ်းငှက်စိမ်းဂိုဏ်းက သူတို့ကိုယ်သူတို့ အကြီးဆုံးလူဆိုးဂိုဏ်းသုံးခုထဲကတခုလို့
ကြွေးကြော်ရဲမှတော့ သူတို့အင်အားကိုလဲ သွားလျော့တွက်လို့မရဘူးမဟုတ်လား။

အဲ့နောက်ရှောင်လုံက လီချန်ကိုကြည့်လိုက်လေသည်။ သူအမြင်တော့ လီကလန်နဲ့ သိမ်းငှက်စိမ်းဂိုဏ်းကဘာရန်ငြိုးရန်စမှ မရှိဘူးမဟူတ်လား ။ ဒါဆို ဒိကိစ္စမှာ ဖြစ်နိုင်ချေကတခုပဲရှိတော့မယ်.....
တယောက်ယောက်က သိမ်းငှက်စိမ်းဂိုဏ်းကို စေခိုင်းထားလို့ လီပိုးထည်ဆိုင်ကို လာနှောက်ယှက်နေရတာပဲ ဖြစ်မယ်။

"... ဟုတ်တယ်..... ငါတို့က သိမ်းငှက်စိမ်းဂိုဏ်းကပဲ.... ငါတို့ဂိုဏ်းက နန်တွင်းမြို့တော်ထဲမှာ အကြီးဆုံးလူဆိုးဂိုဏ်းသုံးခုထဲကတခုပဲ...."
  ဝတ်စုံစိမ်းတွေရဲ့ ခေါင်းဆောင်က မောက်မာဝင့်ကြွားစွာနဲ့ ပြန်ပြောလိုက်သည်။

သူမျက်လုံးတွေက ရှောင်လုံတို့ကိုတယောက်ချင်းလိုက်ပြီး ရှောင်လုံကိုယ်ပေါ်မှာ သူ့အကြည့်ကရပ်တန့်သွားလေသည်။ အဲ့နောက်ရှောင်လုံကို ကြောက်စရာကောင်းတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်ပြီး
".... ဒိနန်တွင်းမြို့မှာ ငါတို့နဲ့ အတိုက်အခံလုပ်ရဲတယ်လူဆိုလို့
လက်ချိုးရေတွက်လို့ရတယ်...ငါတို့လူကို ထိခိုက်အောင်လုပ်ရဲတဲ့လူကပိုလို့တောင်ရှားသေးတယ်ကွ.... "

ရှောင်လုံကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ
".... ပြောစမ်း... ခင်ဗျားတို့ကို ဘယ်သူစေခိုင်းလို့ လီပိုးထည်ဆိုင်ကိုပြသနာလာရှာရတာလဲ... "

ဝတ်စုံစိမ်းနဲ့လူကြီးကရှောင်လုံရဲ့ မေးခွန်းလဲကြားရော မျက်နှာမဲ့သွားကာ
"... ဟေ့ကောင်....  မင်းဘယ်မိသားစုကလဲကွ....  ? မင်းစကားလုံးတွေကြောင့် မင်းမိသားစုတလုံး အသတ်ခံလိုက်ရနိုင်တယ်ဆိုတာ
မင်းနားမလည်ဘူးလား.... ?"

အဲ့စကားက ခြိမ်းခြောက်တဲ့စကားမဟုတ်ပဲ တကယ်ပြောတဲ့စကားဖြစ်လေသည်။ ဘာကြောင့်လဲဆိုတော့ နန်တွင်းမြို့တော်မှာ သိမ်းငှက်စိမ်းဂိုဏ်းကို အံတုတဲ့မိသားစုမှန်သမျှ အဆုံးသတ်မလှခဲ့ဘူးလေ... ။

ဝတ်စုံစိမ်းနဲ့လူကြီးရဲ့ စကားလဲဆုံးရော ရှောင်လုံနောက်နားမှာ ရပ်နေသော စစ်သူကြီးချုပ်ထဲ့ပေးလိုကိတဲ့ စစ်သားလေးယောက်က တယောက်မျက်နှာတယောက်ကြည့်ရင်း ပြုံးစိစိဖြစ်သွားကာ နောက်ဆုံးမှာ မအောင့်နိုင်တော့ပဲ ဝါးလုံးထိုးရီချလိုက်တော့သည်။

တမိသားစုလုံးက သတ်ပစ်မယ်ဟုတ်လား.... ?

ဒါဆိုရင် သိမ်းငှက်စိမ်းဂိုဏ်းက စစ်သူကြီးချုပ်အိမ်တော်တခုလုံးကို အပြတ်ရှင်းချင်တာများလား.... ?

ရှောင်လုံကိုယ်တိုင်တောင် မအောင့်နိုင်တော့ပဲ ပြုံးတုံတုံနဲ့ ခေါင်းကိုခါလိုက်လေသည်။

တယောက်မျက်နှာတယောက်ကြည့်ရင်း ခွက်ထိုးခွက်လန်ရီနေကျတဲ့
စစ်သားလေးယောက် (ဒါပေမယ့် သိမ်းငှက်စိမ်းဂိုဏ်းက လူတွေကတော့ စစ်သူကြိးချုပ်အိမ်တော်ကစစ်သားတွေမှန်းမသိ)  ကိုကြည့်ရင်း
သိမ်းငှက်စိမ်းအဖွဲ့ကလူတွေက ပိုပြီးမျက်နှာအမူအရာတွေပျက်ကုန်ကျလေသည်။

အဲ့အချိန်မှာပဲ ရှောင်လုံကစစ်သားလေးယောက်ဘက်ကိုလှည့်ကြည့်ရင်းနဲ့ ဖြည်းဖြည်းချင်းပြောလိုက်လေသည်
"... ကဲကိုယ်လူတို့...  ဒီကောင်တွေကို ဖမ်းပြီး ဘယ်သူစေခိုင်းလိုက်လဲဆိုတာ စစ်ကြည့်လိုက်ပါ... "

"...ဟူတ်ကဲ့.... သခင်လေး... "
အဲ့စကားကြားတော့ ဝတ်စုံစိမ်းနဲ့ လူကြီးရဲ့ မျက်နှာကရှုံမဲ့သွားကာ
ချက်ချင်းနောက်ပြန်ဆုတ်ဖို့ ကြိုးစားလိုက်လေသည်။
ဒါပေမယ့် နောက်ကျသွားလေပြီ..... ။
စစ်သူကြီးချုပ်ရဲ့ စစ်သားတွေက လျှပ်စီးလက်လိုက်သလို  ဝတ်စုံစိမ်းအဖွဲ့က လူတွေရဲ့ ပြေးလမ်းတွေကို ပိတ်ပြီးနှင့်နေပြီပဲ ဖြစ်သည်။ ပြီးတာနဲ့ သူရဲကောင်းသိမ်ငှက်စိမ်း ဂိုဏ်းသားတွေရဲ့ ငယ်သံပါအောင်အော်သံတွေ စတင်ထွက်ပေါ်လာပါတော့သည်။

သိမ်းငှက်စိမ်းဂိုဏ်းသားတွေက မြေကြီးအဆင့် ၅ အဆင့်၆ အတွင်းအားလောက်ပဲရှိပြီး ခေါင်းဆောင်သတ်လတ်ပိုင်းသူကြီးကသာ အနဲငယ်ပိုပြီး သန်မာကာ ဒါပေမယ့် သူအတွင်းအားတောင်မှ မြေကြီးအဆင့်၇ နောက်ဆုံးအဆင့်ပဲရှိလေသည်။

သူလို မြေကြီးအဆင့်၇ သိုင်းသမားလောက်ကဘယ်လိုလုပ် ရှောင်လုံရဲ့ ကိုယ်ရံတော်စစ်သားတွေရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလဲ.... ။
လက်ဖက်ရည် တခါသောက်လောက်ကြာချိန်မှာပဲ ကိုယ်ရံတော်စစ်သားတွေက သိမ်းငှက်စိမ်းဂိုဏ်းသားတွေကို မြေကြီးပေါ်မှာ
လှဲသိပ်ပြီးနေပြီပဲ ဖြစ်သည်။

စစ်သူကြီးချုပ်အိမ်တော်ရဲ့ အစောင့်စစ်သားထဲက တယောက်ဖြစ်တဲ့
ဝေါင်နင်က ဝတ်စုံစိမ်းနဲ့ သတ်လတ်ပိုင်းလူကြီးကို ရေခဲတမျှအေးစက်လှတဲ့ အကြည့်နဲ့စိုက်ကြည့်ကာ
"... မင်းကို ငါ့တို့ သခင်လေးမေးနေတယ်မလား ... ဒီမှာပြသနာလာရှာဖို့ကို ဘယ်သူကစေခိုင်းလိုက်တယ်ဆိုတာ.... ?"

ဝတ်စုံစိမ်းနဲ့ လူကြီးက မေးခွန်းကို မဖြေပဲ
"...ဖူး.."
ကနဲ့ သူ့ပါးစပ်ကနေ သွေးတွေထွေးထုတ်ပစ်လိုက်လေသည်။

အဲ့ဒါကိုမြင်တော့ ဝေါင်နင်က ခနဲ့ပြုံးပြုံးလိုက်လေသည်။ ပြီးတာနဲ့ သူလက်နှစ်ဖက်နဲ့ ဝတ်စုံစိမ်းလူကြီးရဲ့လက်တွေကို ကိုင်လိုက်ကာ ဇက်ကနဲ လိမ်ချိုးပလိုက်လေသည် ။

ဝတ်စုံစိမ်းနဲ့ လူကြီးက အသဲခိုက်အောင်နာကျင်သွားကာ အံကြိတ်မခံနိုင်တော့ပဲ အကျယ်ကြီးအော်ငိုလိုက်လေသည်။

"... မင်းခြေထောက်နှစ်ဖက်ကိုရော ဒီလိုမျိုးခံစားချင်သေးလားကွ...
ငါတို့သခင်လေးမေးခွန်းကို  မင်းမြန်မြန်ဖြေလိုက်တာကောင်းမယ်ထင်တယ်နော်.... "
ဝေါင်နင်က ရက်စက်တော့မယ့် အကြည့်နဲ့ကြည့်ကာပြောလိုက်သည်။

"...ကျွန်... ကျွန်တော်ပြောပါတော့မယ်ဗျာ... "
ဝတ်စုံစိမ်းနဲ့ လူကြီးက ဝေါင်နင် စကားဆုံးတာနဲ့ သူမျက်နှာကဖွေးဆုတ်သွားကာ အသံတုန်တုန်ယင်ယင်ဖြင့်
".... လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုံးက လူတယောက်က ကျွန်တော်တို့သိမ်းငှက်စိမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးကိုလာရှာပါတယ်.....
ပြီးတော့ အခုလို လီပိုးထည်တိုက်ကိုမကြာခနလာပြီး ပြသနာရှာဖို့
ကိုလဲ သူပဲစေခိုင်းခဲ့တာပါ  ...."

"...လူတယောက်က စေခိုင်းခဲ့တယ်ဟုတ်လား... "
ရှောင်လုံ မျက်လုံးထဲမှာ အလင်းတချက်တောက်ပသွားလေသည်။
သိမ်းငှက်စိမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို အမိန့်ပေးစေခိုင်းဖို့ဆိုတာက တော်ရုံလူလုပ်နိုင်တဲ့ ကိစ္စမှ မဟူတ်တာ.... ကြည့်ရတာ အဲ့လူလဲ အနေအထားကလဲ ပေါ့သေးသေးမဟုတ်ဘူးပဲ ....။

အဲ့လူက ဘယ်သူဖြစ်နိုင်လဲ.... ?
သူကရော ဘာလို့ လီကလန်ကိုမှ ပစ်မှတ်ထားတိုက်ခိုက်နေရတာလဲ ...?

ဒီသိမ်းငှက်စိမ်းအဖွဲ့ကိုခေါင်းဆောင်လာတဲ့ လူကြီးတောင် အဲ့လူဘယ်သူဘယ်ဝါဆိုတာ မသိဘူးဆိုမှတော့ သူ့ကိုဆက်မေးနေလဲ အလကားပဲမဟုတ်လား.... ။

ရှောင်လုံကလီချန်ကို အဖြေရှာသလို လှည့်ကြည့်လိုက်လေသည်။
လီချန်ကလဲ ခေါင်းကိုခါပြလိုက်ကာ ဘယ်သူကသူ့မိသားစုကိုအဲ့လောက်ထိ အငြိုးတကြီးမုန်းတီးနေလဲဆိုတာ သူလဲစဉ်းစားလို့ မရဘူးဖြစ်နေလေသည်။

"... သူ...သူတို့များဖြစ်နေမလား.. ?"
ရုတ်တရက်လီချန်မျက်နှာက သွေးရောင်ပျောက်ဆုံးသွားကာ ရှောင်လုံကို အသံတုန်တုန်နဲ့ပြောလိုက်လေသည်
"... ရှောင်လုံ....  ငါ့တို့အဖေရဲ့ အသက်ရှစ်ဆယ်ပြည့်မွေးနေ့တုံးကအဖြစ်အပျက်ကိုမင်း မှတ်မိသေးလား ....?"
ပြောပြီးတာနဲ့ သူမျက်နှာမှာ အငြိူးတကြီးနဲ့ ကြိတ်မနိုင်ခဲမရပုံစံပေါ်လာလေသည်။

အသက်ရှစ်ဆယ်ပြည့်မွေးနေ့..... ?
ရှောင်လုံလဲ လွန်ခဲ့တဲ့ နှစ်နှစ်တုံးက ကျင်းပခဲ့တဲ့ လီကလန်းဂိုဏ်းချုပ်ကြီး လီမူရဲ့ အသက်ရှစ်ဆယ်ပြည့်မွေးနေ့အကြောင်းကို ပြန်စဉ်းစားလိုက်လေသည်။

အဆိပ်မြွေသိုင်းဝိညဉ်နဲ့ လူထူးလူဆန်းနှစ်ယောက်....... ?

အဲ့နေ့တုံးက သူတို့က လီလူအကို လီချန်းရဲ့ အလောင်းကို မွေးနေ့လက်ဆောင် အဖြစ် လီမူကို ပေးခဲ့တယ်မဟုတ်လား။

အဲ့နောက် ရှောင်လုံက ဝေါင်နင်ဘက်ကို ပြန်လှည့်လိုက်ကာ မေးမြန်းလိုက်လေသည်
"... သိမ်းငှက်စိမ်းဂိုဏ်းက ဘယ်နေရာမှာရှိတာလဲ... "

ဒိကိစ္စကို အဲ့ဒီလူထူးလူဆန်းနှစ်ယောက် စေခိုင်းခဲ့တာဟုတ်မဟူတ်ဆိုတာကတော့ သိမ်းငှက်စိမ်းဂိုဏ်းရဲ့ ဋ္ဌာနချုပ်ကိုသွားပြီး သိမ်းငှက်စိမ်းဂိုဏ်းချုပ် ဂျန်းဝေကို မေးလိုက်ရင် အဖြေပေါ်လာမှာပဲ မဟုတ်လား... ။

ဟောင်ကလန်နဲ့ လီကလန်က သွေချင်းညီနေုာင်တွေလို ဖြစ်နေမှတော့ ရှောင်လုံလဲ ဒီကိစ္စကိုမမြင်ချင်ယောင်ဆောင်နေလို့ဘယ်ဖြစ်တော့မလဲ... ။

"... ဟူတ်ကဲ့ သခင်လေး....  သိမ်းငှက်စိမ်းဂိုဏ်းရဲ့ ဋ္ဌာနချုပ်က
မြို့ရဲ့ တောင်ဘက်အစွန်နားမှာရှိပြီးတော့ ဒိနေရာနဲ့ဆိုရင်တော့ သိပ်မဝေးပါဘူး... "
ဝေါင်နင်က သွက်သွက်လက်လက်ပဲ ပြန်ဖြေလိုက်ေလသည်။

"... အဲ့အချိန်မှာ အတွေးကမ္ဘာထဲမျောနေတဲ့ လီချန်ကသတိပြန်လည်လာကာ
"... ရှောင်လုံ... မင်းနဲ့အတူဦးလေးလဲလိုက်ခဲ့မယ်... "
လီကလန်ကလဲ ဒီလူသတ်သမားတွေအကြောင်းစုံစမ်းနေတာ အတော်ကိုကြာမြင့်နေပြီပဲ ဖြစ်သည်။ သူ့သားကိုရက်ရက်စက်စက်သတ်ခဲ့တဲ့ အကြောင်းကို တွေးလိုက်တိုင်း လီချန်ကိုယ်ထဲက သွေးတွေက
အမြဲပွက်ပွက်ဆူလာလေသည်။

လီချန်ရဲ့ ယူကြုံးမရနဲ့ အငြိုးတကြီး ဖြစ်နေတဲ့ပုံစံကိုမြင်တော့
ရှောင်လုံကခေါင်းညိတ်ပြကာ အတူသွားဖို့သဘောတူလိုကိလေသည်။
အဲ့နောကိသူက ဖေးဟိုနဲ့ ဝေါင်နင်ကိုကြည့်ရင်း
"...သူကိုပါ တပါတည်းခေါ်ခဲ့လိုက်...  ငါတို့ သိမ်းငှက်စိမ်းဂိုဏ်းချုပ်ဆီကို အလည်အပတ်သွားကျတာပေါ့ကွာ... "
ပြောပြီးတာနဲ့ ရှောင်လုံက မြေကြီပေါ်မှာ နာကျင်စွာလူးလှိမ့်နေတဲ့ လူကြီးကို လက်ညှိုးထိုးပြလိုက်လေသည်။

."...ဟူတ်ကဲ့သခင်လေး..."
ဖေးဟိုနဲ့ ဝေါင်နင်က ရိုရိုသေသေ ပြန်ဖြေလိုက်သည်။

အဲ့လိုနဲ့ ရှောင်လုံ ၊ လီချန် ၊ ဖေးဟိူနဲ့ တခြားသူတွေလဲ ပိုးထည်ဆိုင်ထဲကနေ  သိမ်းငှက်စိမ်းဂိုဏ်းဋ္ဌာနချုပ်တည်နေရာဖြစ်တဲ့ မြို့ရဲ့တောင်ဘက်အစွန်ဆုံးကို ဦးတည်ထွက်ခွာလာကျတော့လေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၆၂......... အဆိပ်သွေးလက်ဝါး

      ရှောင်လုံတို့ လီပိုးထည်တိုက်ကနေထွက်လာပြီး သိပ်မကြာခင်မှာပဲ သိမ်းငှက်စိမ်းဂိုဏ်းတည်ရှိရာမြို့တောင်ဘက်ဆီကို ရောက်ရှိလာကျလေသည်။ သိမ်းငှက်စိမ်းဂိုဏ်းက မြို့ရဲတောင်ဘက်အစွန်ဆုံးမှာတည်ရှိပြီး မြို့နဲ့ အနဲငယ်ကွာဝေးကာ ကြီးမားကျယ်ပြန့်တဲ့မြေနေရာပေါ်မှာ တည်ဆောက်ထားလေသည်။ ရှောင်လုံရဲ့ ထျန်ယွမ်အိမ်တော်ထက်တောင် အများကြီးပိုကြီးမားသည်။

သိမ်းငှက်စိမ်းဂိုဏ်းဋ္ဌာနချုပ်ရဲ့ မုခ်ဦးဝမှာတော့ ကြီးမားတဲ့  သိမ်းငှက်အရုပ် ကြီးနှစ်ကောင်ကို အစိမ်းရောင် ကျောက်တုံးနဲ့ ထုဆစ်ထားပုံဖော်ထားသည်။

သူတို့ မုခ်ဦးအပေါက်ဝရောက်တဲ့အခါ ရှောင်လုံကိုအံသြသွားစေတာက ဝင်ပေါက်မှာ စောင်ကြပ်နေတဲ့ ဂိုဏ်းသားတယောက်မှ မရှိလို့ပဲ
ဖြစ်သည်။

လူတောင်းနန်းတွင်းမြို့တော်ရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းသုံးခုထဲမှာ တခုအပါအဝင်ဖြစ်တဲ့ သိမ်းငှက်စိမ်းဂိုဏ်းရဲ့ဝင်ပေါက်မှာ အစောင့်တယောက်မှမရှိဘူးဟုတ်လား...... ?
ပြီးတော့ ဂိုဏ်းပတ်ဝန်ကျင်တခုလုံးကလဲ အရမ်းကိုတိတ်ဆိတ်ငြိမ်သက်ကာ ပိုမွှားအော်သံလေးတွေကိုတောင်ကြားနိုင်လေသည်။

"... ကဲငါတို့ အထဲဝင်ကျစို့..... အားလုံးပဲသတိထားပြီး ဝင်ကျပါ...."
  ရှောင်လုံကသူနောက်ကလူတွေကို သတိပေးလိုက်လေသည်။

"...ဟုတ်ကဲ့ သခင်လေး... ကျွန်တော်တို့ဂရုစိုက်ပါ့မယ်.... "
အားလုံးက ခေါင်းညိတ်ပြလိုက်ကာ သူတို့အကုန်လုံးလဲ ထူးဆန်းတဲ့
အခြေအနေကို ခံစားမိနေကျတယ်မဟူတ်လား ။

သူတို့လူစု သိမ်းငှက်စိမ်းဂိုဏ်းရဲ့ ပင်မဝင်ပေါက်နဲ့လဲ နီးလာရော
ရှောင်လုံနှာခေါင်းထဲမှာ သွေးညှီနံခပ်ဖျော့ဖျော့ကို ရှုရှိုက်မိလိုက်သည်
အရမ်းကိုမသိမသာ ဖြစ်နေပေမယ့် ဒါတကယ်ပဲ သွေးညှီနံပဲ..... ။

သူတို့တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ကျောက်တုံးကြမ်းပြင်ပေါ်က သွေးကွက်တချို့ကို စတင်မြင်တွေ့လာကျရသည်။

ဒါပေမယ့် သိုင်းငှက်စိမ်းဂိုဏ်းသားတွေကို တယောက်မှအရိပ်အယောင်မမြင်ရသောအခါ အားလုံးလဲ ထူးဆန်းပြီးထိတ်လန့်စရာကောင်းတဲ့ အခြေအနေကို ခံစားလိုက်ကျရပြီး တဖြည်းဖြည်းချင်းပဲ သတိဝိရိယနဲ့ အတွင်းဘက်အခန်းတွေထဲကို ဆက်ပြီးဝင်လာကျသည်။

မကြာခင်မှာပဲ သူတို့မိန်းခန်မဆောင်ထဲကိုရောက်လာကျလေသည်။
မိန်းခန်းမဆောင်ကြီးတခုလုံးလဲ လူရိပ်လူယောင်ကို မမြင်ရပဲ ဗလာကျင်းနေလေသည်။ ဒါပေမယ့် အခန်းရဲ့ အဆုံးနားက ရွှေရောင်ပလ္လင်ပေါ်မှာတော့ သိမ်းငှက်ပုံရေးချယ်ထားသော အကျီကို ဝတ်ဆင်ထားတဲ့ သတ်လတ်ပိုင်းအရွယ် မျက်ခုံထူထူနဲ့ လူကြီးတယောက်မလှုပ်မရှားပဲ ငြိမ်သက်စွာထိုင်နေလေသည်။ သေချာအကဲခတ်ကြည့်တော့မှ သေဆုံနေမှန်းသိလိုက်ရလေသည်။

အဲ့လူကြီးကိုမြင်တော့ ရှောင်လုံတို့လဲ တယောက်မျက်နှာတယောက်ကြည်လိ့ုက်ကျသည်။

အဲ့အချိန်မှာ ဝေါင်နင်က ပလ္လင်ပေါ်ထိုင်ရင်း သေဆုံးနေတဲ့ လူကြီးမျက်နှာကို သေချာလဲ မြင်လိုက်ရော အံသြထိတ်လန့်စွာနဲ့ ရေရွယ်လိုက်သည်
  "...... သူက သိမ်းငှက်စိမ်းဂိုဏ်းချုပ် ဂျန်းဝေပဲ... "

ဝေါင်နင်စကားကို ကြားလိုက်တော့ ရှောင်လုံတို့လဲအလျင်အမြန်ပဲ
ဂျန်းဝေထိုင်နေတဲ့ ရွှေရောင်ပလ္လင်နားကိုချဉ်းကပ်လိုက်လေသည်။
ဂျန်းဝေက ပလ္လင်ပေါ်မှာ ခြေပစ်လက်ပစ်ကိုလဲလျောင်းနေပြီး မျက်လုံးနှစ်ဖက်ကိုလဲ တင်းတင်းကျပ်ကျပ်ကိုမှိတ်ထားလေသည်။
သူလုံးဝအသက်မရှုတော့ပေမယ့် သူကိုယ်ပေါမှာ ဘာဒဏ်ရာဒဏ်ချက် ဘာသွေးကွက် မှကို ရှိနေတာ မမြင်ရချေ.. ။

ရှောင်လုံလဲ ဂျန်းဝေကိုကြည့်ရင်း အကြံတခုရသွားကာ သူလက်ဝါးကိုမြှောက်ပြီး ဂျန်းဝေရင်ဘက်အလည်တည့်တည့်ကို ဖိချလိုကိလေသည်။ဂျန်းဝေရဲ့သိမ်းငှက်ပုံရေးဆွဲထားတဲ့ အကျီက ရှောင်လုံလက်ဝါးနဲ့လဲ ထိလိုက်ရော အစိပ်စိပ်အမြွာမြွာကို ဖြစ်သွားကာ အခန်းထဲကလူတွေအကုန်လုံးလဲ ဂျန်းဝေရဲ့ ဗလာကျင်းနေတဲ့ ရင်ဘတ်မှာ ခပ်ဖျော့ဖျော့ အစိမ်းရောင်လက်ဝါးရာ တခုကို တွေ့လိုက်ကျလေသည်။

အစိမ်းရောင်လက်ဝါးရာရဲ့ဘေးနားက အသားတွေကတဖြည်းဖြည်းစတင်ပြီး ပုပ်လာကာ လက်ဝါးရာကနေဖြန့်ထွက်လာတဲ့ ကြီးမားတဲ့ အစိမ်းရောင်အစင်းကြောင်းတွေက ခန္ဓာကိုယ်တခုလုံးကိုပျံနှံနေတာကိုတွေ့လိုက်ရလေသည်

"... အရမ်းကိုပြင်းထန်တဲ့အဆိပ်လက်ဝါးရိုက်ချက်ပဲ...."
အခန်းထဲက လူတွေအကုန်လုံးအံသြတုန်လှုပ်ကုန်ကျလေသည်။

အဲ့အချိန်မှာဖေးဟိုကဝင်ပြောလိုက်သည်
"..... ဒီလက်ဝါးသိုင်းက အဆင့်နိမ့်မြေကြီးအဆင့် အဆိပ်သွေးလက်ဝါးသိုင်းပဲ ဖြစ်ရမယ်... "

အဆိပ်သွေးလက်ဝါး ......!

ဝေါင်နင်နဲ့ တခြားအစောင့်သူံးယောက်လဲ ဖေးဟိုစကားဆုံးတာနဲ့ အကျယ်ကြီးရေရွတ်လိုက်လေသည်။

  လွန်ခဲ့တဲ့အနှစ် သုံးဆယ်တုံးက လူတောင်းနိုင်ငံရဲ့ မြို့စားအိမ်တော်တခုမှာ ကလေး ကနေ ခွေးအဆုံး ဒီလက်ဝါးသိုင်းအောက်မှာသေဆုံးခဲ့ကျရလေသည် ။

အဲ့အပြစ်အပျက်ပြီးသွားကတည်းက လူတောင်းဘုရင်မင်းမြတ်က
လူသတ်သမားကို နိုင်ငံတခုလုံးအပြင်းအထန်ရှာဖွေပေမယ့် လူသတ်သမားကတော့ မြေလျှိုး မိုးပျံသွားသလို လုံးဝကိုအစအန ပျောက်သွားခဲ့တာပဲ ဖြစ်လေသည် ။ အဲ့အချိန်ကစပြီး ဒီလက်ဝါးသိုင်းသမား သတင်းကလုံးဝကို စုံးစုံးမြှပ်သွားခဲ့တာပဲဖြစ်သည်။

".... အင်း ဒိလက်ဝါးသိုင်းသမား ပြန်ပေါ်လာရင် သွေးတွေတော့
မြေကျကုန်အုံးမယ် ထင်ပါတယ်... "
  တခြားအစောင့်စစ်သားတယောက်ဖြစ်တဲ့ ချန်ယူ က ရေရွတ်လိုက်သည်။

လူတောင်းနိုင်ငံရဲ့ မြို့စားတယောက်မှာက အစောင့်အကြပ်များစွာရှိပြီး မြို့စားအိမ်တော်တခုလုံးဆိုအစောင့် စစ်သား အယောက်တထောင်ထက်မနဲ စောင့်ကြပ်နေထိုင်ကျလေသည်။ အဲ့လိုမျိုး စစ်သားတထောင်အပါအဝင် မြို့စားမိသားစု တခုလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရတဲ့ သတင်းကလူတောင်း နိုင်ငံတခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

ရှောင်လုံလဲ မျက်မှောင်ကြုံပြီးစဉ်းစားလိုက်ကာ ဒီကိစ္စက သူခန့်မှန်းထားတာထက် အရမ်းကိုပိုလို ရှုပ်ထွေးနေပြီပဲ ဖြစ်သည်။ ဂျန်းဝေ က သူဂိုဏ်းတည်နေရာမှာပဲ သေဆုံးနေခဲ့မယ်လို့သူဘယ်တုံးကမှ မမျှော်လင့်ထားခဲ့ဘူးလေ ။ ဒါအပြင် သူအသက်ခံလိုက်ရတာကလဲ အဆိပ်သွေးလက်ဝါးနဲ့ဆိုတော့ အခြေအနေတွေက ပိုလို့ရှုပ်ထွေးလာချေပြီ။

လီပိုးထည်တိုက်ကို အနှောက်အယှက်ပေးဖို့ ဂျန်းဝေကို စေခိုင်းခဲ့တဲ့ လူနဲ့ အခုအဆိပ်သွေးလက်ဝါး နဲ့ရောဆက်စပ်မှုရှိနေတာလား.... ?
ဒါဆို အခုလူသတ်သမားက လီဂိုဏ်းချုပ် လီမူမွေးနေ့ပွဲတုံးက လာတဲ့ လူထူးလူဆန်းနှစ်ယောက်ပဲလား စသဖြင့် အတွေးပေါင်းစုံက ရှောင်လုံခေါင်းထဲကိုဝင်ရောက်လာလေသည်။

".. သခင်လေး...  သူကိုရော ဘယ်လိုလုပ်လိုက်ရမလဲ... "
ဖေးဟိုက လီပိုးထည်တိုက်ကို ပြသနာလာရှာတဲ့ သိမ်းငှက်စိမ်းအဖွဲရဲ့ခေါင်းဆောင်ကိုလက်ညှိုးညွှန်ပြရင်းမေးလိုက်လေသည်။

"... ကျေးဇူး.... ကျေးဇူးပြုပြီး .....ကျွန်တော်ကိုမသတ်ကျပါနဲ့ဗျာ...
တောင်းပန်ပါတယ်....မသတ်ပါနဲ့... "
ဝတ်စုံစိမ်းနဲ့ လူကြီးက ချက်ချင်းရှောင်လုံရှေ့မှာ ဒူးထောက်ရင်းနဲ့ အသနားခံလိုက်လေသည်။

ရှောင်လုံလဲ ခပ်မဲ့မဲ့ အသံဖြင့်
"... သူကိုလွှတ်လိုက်ပါတော့... "

အားလုံးက အံသြသွားကျပေမယ့် ရှောင်လုံအမိန့်အတိုင်း နာခံလိုက်လေသည်။

မြေကြီးအဆင့် ၉ ကိုယ်ရံတော်စစ်သားနှစ်ယောက်က
".... ဟူတ်ကဲ့.... "
ဆိုပြီး ဝတ်စုံစိမ်းနဲ့ လူကြီးကို လွှတ်ပေးလိုက်သည်။

".. ... ကျေးဇူး ....ကျေးဇူးအရမ်းကိုတင်ပါတယ်ဗျာ.... " ဝတ်စုံစိမ်းနဲ့ လူကြီးလဲ အရမ်းကိုပျော်ရွှင်သွားကာ ရှောင်လုံကိုကျေးဇူးတင် စကားပြောပြီးတာနဲ့ ရှောင်လုံပြန်ပြီး စိတ်ပြောင်းသွားမှာကြောက်တဲ့ပုံစံဖြင့် တချိုးထဲကို ထွက်ပြေးလေသည်။

ဒါပေမယ့် သူ့အရိပ်က ရှောင်လုံတို့မြင်ကွင်းကနေ ပျောက်ကွယ်သွားသောအခါ သူပျောက်ကွယ်သွားတဲ့နေရာကနေ အော်သံအကျယ်ကြီး ထွက်ပေါ်လာလေသည်။ အားလုံးလဲ မိန်းခန်းမကနေ အသံထွက်ပေါ်လာတဲ့နေရာကိုချက်ချင်းပြေးကြည့်လိုက်တော့ မြေကြီးပေါ်မှာ တွန့်လိမ်နေတဲ့ ဝတ်စုံစိမ်းနဲ့လူကြီးကို မြင်တွေ့လိုက်ရလေသည်။

ရှောင်လုံလဲ အလောင်းနားကိုသွားလိုက်ကာ သူ့ရင်ဘတ်နေရာက အကျီကို ဆုတ်ဖြဲလိုက်သည်။ အဝတ်တွေဖယ်ပြီးတာနဲ့ ဝတ်စုံစိမ်းလူကြီးရဲ့ ရင်ဘက်မှာ အစိမ်းရောင်လက်ဝါးရာ ကြီးကိုထင်ထင်ရှားရှား
ကြိုမင်တွေ့လိုက်ရသည်။

ဖေးဟို ၊ ဝေါင်နင် ၊ ချန်ယူ နဲ့ တခြားအစောင့် နှစ်ယောက်လဲ ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် အကဲခတ်လိုက်ကျသည်။

ရှောင်လုံက အစိမ်းရောင်လက်ဝါးရာကို မြင်တာနဲ့ မတ်တပ်ရပ်လိုက်ကာ အမိန့်ပေးလိုက်သည်
".... ဖေးဟို.... ဒီနားပတ်ဝန်းကျင်ကိုသေချာရှာလိုက်... "

"...ဟူတ်ကဲ့.... သခင်လေး ...."
ဖေးဟိုလဲ ပြောပြီးတာနဲ့ချက်ချင်း အိမ်အမိုးပေါ်ကိုခုန်တက်ကာ ပျောက်ကွယ်သွားလေသည်။ ခနလောက်ကြာတော့ ဖေးဟိုက ရှောင်လုံ
နားကိုပြန်လာကာ ခေါင်းခါပြလိုက်ပြီး ရိုရိုသေသေ သတင်းပို့လိုက်သည်
"..... သခင်လေး.... တခြားလူကကိုယ်ဖော့သိုင်းအရမ်းကောင်းတယ်.... ကျွန်တော်ဘယ်လိုမှကို လိုက်မမှီဘူး ဖြစ်သွားတယ်.... ကျွန်တော့အမြင်တော့ လူသတ်သမားကလဲ မြေကြီးအဆင့်၁၀ အထွတ်အထိပ်အဆင့် သိုင်းသမားပဲ ဖြစ်ရမယ်... "

  မြေကြီးအဆင့်၁၀ အထွတ်အထိပ်အဆင့်..... !

ရှောင်လုံလဲ မျက်မှောင်ကျုံလိုက်ကာ စိတ်ပျက်သွားတဲ့ အသံဖြင့်
"....ပြန်ကျစို့  အိမ်ပြန်ရောက်မှပဲ ထပ်ပြောကျတာပေါ့..."

ရှောင်လုံတို့ ထွက်သွားပြီး ခနလောက်ကြာတော့ သိမ်းငှက်စိမ်းဂိုဏ်းချုပ်ကြီးကို သူ့ဋ္ဌာနချုပ်ထဲဝင်ပြီး သတ်သွားတဲ့ အကြောင်းက နန်းတွင်းမြို့တခုလုံးကို အုတ်အုတ်ကြွက်ကြွက်နဲ့ ဆူညံပျံနှံသွားတော့သည်။

သိမ်းငှက်စိမ်းဂိုဏ်းချုပ်က မြေကြီးအဆင့်၁၀ သိုင်းသမားဖြစ်ပြီး
သူ့လက်အောက်ခံသိုင်းသမားတွေကလဲ အယောက်တထောင်ထက်မနဲရှိလေသည်။ ဒါတောင်မှ သူဋ္ဌာနချုပ်မှာပဲ အသတ်ခံလိုက်ရလေသည်။ သိမ်းငှက်စိမ်းဂိုဏ်း ကံကြမ္မာငင်သွားပုံ ဆွေးနွေးနေတာတွေကို ကိုနန်တွင်း မြို့ရဲ့ နေရာအနှံမှာ တွေ့မြင်နိုင်လေသည်။

ညပိုင်း ထျန်ယွမ်အိမ်တော်ရဲ့ မိန်းခန်းမထဲမှာ
ရှောင်လုံ ၊ ဖေးဟိုနဲ့ ဟောက်ထျန်တို့ အတူတူထိုင်နေကျပြီး ဖေးဟိုက စစ်သူကြီးချုပ် ဟောက်ထျန်ကို အစောပိုင်းကဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ရှင်းပြနေလေသည်။ ဖေးဟိုရှင်းပြတာကို နားထောင်းရင်နဲ့
ဟောက်ထျန်မျက်နှာက တည်ကြည်သွားလေသည်။

အဲ့နောက် ရှောင်လုံကပြောလိုက်သည်
".... ဟောက်ထျန်ရေ လီလူနဲ့ လီချန်ကိုအကာအကွယ်ပေးဖို့ လူတချို့စီစဉ်ထားလိုက်ပါအုံး.... "

".... ဟူတ်ကဲ့ ဂိုဏ်းချုပ်.... ကျွန်တော် ဒီကိစ္စကို သေချာစီစဉ်ပါ့မယ်...."
စစ်သူကြီးဟောက်ထျန်က လေးလေးစားစားပြန်ဖြေလိုက်ကာ
".... ကျွန်တော်မျိုး ဖြစ်ပျက်ခဲ့သမျှကို သေချာစုံစမ်းပြီး လူသတ်တံရားခံကို မိအောင်ဖမ်းပါ့မယ်... "

အဲ့နောက် သူကခနလောက်တုန့်ဆိုင်းပြီးမှ ဆက်ပြောလိုက်သည်
"... ဂိုဏ်းချုပ်..... ဒီအခြေအနေအရဆို ဂိုဏ်ချုပ် ဒီနှစ်ရက်အတွင်း
ငွေလသစ်တောထဲမှာ တယောက်ထဲ သိုင်းသွားလေ့ကျင့်ဖို့ကိစ္စက အရမ်းကို အန္တရယ် များလွန်းတယ်..... ဒီလို အဖြစ်အပျက်တွေဖြစ်လာတော့ ဂိုဏ်းချုပ်အနေနဲ့ ဖေးဟိူ၊ ဝေါင်နင်နဲ့ တခြားစစ်သားတွေကို သိုင်းသွားလေ့ကျင့်တဲ့နေရာကို ခေါ်သွားသင့်တယ်လို့ ကျွန်တော်မျိုးထင်တယ်.... "

ဟောက်ထျန်ရဲ့ စိုးရိမ်နေတဲ့ စကားကိုကြားပေမယ့် ရှောင်လုံက ခေါင်းခါလိုက်ရင်း
".... ရတယ်... ငါတယောက်ထြဲဖစ်ပါတယ်..."

တကိုယ်လို့ သူသာ ကောင်းကင်အဆင့်သိုင်းသမားတယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီဆို ဖေးဟိုတို့ရှိနေတော့ရောဘာထူးခြားမှာမို့လို့လဲ...။
ပြီးတော့ သူရဲ့ရည်ရွယ်ချက်က ကိုယ်ဟာကိုယ် အန္တရယ် တွေကြားမှာ တွန်းအားပေးပြီး ခန္ဓာကိုယ်က အစွမ်းတွေကို ထုတ်ယူဖို့မဟုတ်လား..... ဖေးဟိုတို့လိုက်ကာကွယ်နေမှတော့ သူ့ရည်ရွယ်ချက်ကဘယ်လိုလုပ်ပြည့်တော့မှာလဲ ။

"... ဟောက်ထျန်....  ကျောင်းကိုတော့ ငါမလာနိုင်သေးဘူးဆိုတာ
စွင်းကျန်းကို အကြောင်းကြားထားပေးပါ... "
သူငွေလ သစ်တောထဲမှာ ငါးလလောက်ကြာအောင် သိုင်းလေ့ကျင့်မှာဆိုတော့ အဲ့လောက်အကြာကြီးဆို ကျောင်ပျက်ဖို့ဆို ကျောင်းကို အကြောင်းကြားထားမှ ဖြစ်မှာလေ... ။

ဟောက်ထျန်လဲ ခေါင်းညိတ်ပြကာ ရှောင်လုံအမိန်ကိုနာခံလိုက်သည်။

ခနလောက်ကြာတော့ ဖေးဟိူနဲ့ ဟောက်ထျန်လဲ အခန်းထဲကနေ ထွက်သွားလေသည်။

သူတို့ထွက်သွားတာနဲ့ ရှောင်လုံလဲ သူ့အခန်းကိုပြန်လိုက်လေသည်။
အခန်းထဲရောက်တာနဲ့ ကျောက်စိမ်းကုတင်ကိုနတ်လက်စွပ်ထဲကနေ
ထုတ်လိုက်ကာ တင်ပျင်ခွေထိုင်လိုက်ပြီး သူ့အမြွှာသိုင်းဝိညဉ်နဂါး
နှစ်ကောင်ထဲက တကောင်ထဲခေါ်ထုတ်နိုင်အောင် စတင်လေ့ကျင့်တော့လေသည်။

အဲ့လိုနဲ့ အချိန်နှစ်ရက်ကလျင်မြန်စွာကုန်ဆုံးသွားလေသည်။

ဒီနှစ်ရက်အတွင်းမှာ ဖေးဟိုက ရှောင်လုံငါးလလောက် ငွေလသစ်တောထဲမှာ သိုင်းလေ့ကျင့်ဖို့ လိုအပ်တဲ့အရာမှန်သမျှကိုပြင်ဆင်ထားပေးသည်။ ပြီးတော့ ရှောင်လုံ အတွက်ကိုလဲ လီချန်က သူကိုယ်တိုင်ချုပ်ထားတဲ့ ပိုးအကျီတွေကို ထျန်ယွမ်အိမ်တော်ကိုလာပေးလေသည်။

ဒီနှစ်ရက်အတွင်းသိုင်းလေ့ကျင့်မှုက ရှောင်လုံကို သူ့အမြွာနဂါးနှစ်ကောင်ကို တကောင်ချင်းဆင့်ခေါ်ဖို့ထိ မတိုးတက်သေးပေမယ့် သူသိုင်းဝိညဉ် ဆင့်ခေါ်မှုကို နားလည်မှုက အရင်ကထက်ပိုပြီး နက်ရှိုင်းလာလေသည်။ရှောင်လုံကတော့ သိပ်မကြာခင်မှာပဲ သူ့အမြွာသိုင်းဝိညဉ်ကို တကောင်ချင်းဆင့်ခေါ်နိုင်တော့မယ်လို့ ယုံကြည်နေလေသည်။

ဒီနှစ်ရက်အတွင်း လီလူကလဲ ရှောင်လုံအတွက်ပိုးထည်အကျီ လာပေးတဲ့ လီချန်နဲ့အတူလိုက်လာပြီး ရှောင်လုံရဲ့ ထျန်ယွမ်အိမ်တော်ကိုလာရောက်လည်ပတ်လေသည်။ သူမထျန်ယွမ်အိမ်တော်ရောက်ပြီး
ရှောင်လုံ တယောက် ငွေလသစ်တောထဲမှာ သိုင်းသွားလေ့ကျင့်တော့မယ့်ဆိုတဲ့ အကြောင်းလဲ ကြားရော မကျေနပ်သလိုနဲ့ မျက်နှာကဆူပုတ်ပြီး ရှုံမဲ့သွားလေသည်။ ရှောင်လုံနဲ့ စကားစမြည်ပြောပြီး ထျန်ယွမ်အိမ်တော်ကနေ သူမအိမ်ကိုပြန်ခါနီးကျတော့ လီလူက ရှောင်လုံဘက်ကိုပြန်လှည့်လိုက်ကာ သူမမျက်နှာထားက အရေးကြီးပြီးသေချာ ဆုံးဖြတ်ချက်ချထားတဲ့ပုံစံနဲ့ ရှောင်လုံကိုပြောလိုက်လေသည်
".... ရှောင်လုံ.... ငါကိုယ်တိုင်လဲ ကြိုးကြိုးစားစားလေ့ကျင့်ပြီးတော့
နင်နဲ့ ထိုက်တန်တဲ့ဇနီးမယား ဖြစ်အောင်ကြိုးစားပါ့မယ်ဟာ... "
လီလူက သူမဆုံးဖြတ်ချက်ကို ထုတ်ပြောပြီးတာနဲ့ ရှောင်လုံပါးကို
ခြေဖျားလေးထောက်ကာ မြတ်မြတ်နိုးနိုး နမ်းလိုက်လေသည်။
ပြီးတာနဲ့ ထောင်ချောက်မိမှာကြောက်တဲ့ ယုန်မလေးလို လစ်ခနထွက်ပြေးသွားလေသည်။

ရှောင်လုံတယောက်ကတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိပဲ သူပါးကိုယောင်ပြီး ပွတ်ရင်း ကျန်နေခဲ့လေသည်။ ပြီးမှ သတိပြန်ဝင်လာကာ သူပါးကိုပွတ်ရင်း လီလူပြောတဲ့ စကားကို ပြန်စဉ်းစားလိုက်မိကာ
မပြုံးချင်ပြုံးချင်နဲ့ ပြုံးလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်
"...  ဒီကောင်မလေးကတော့လေ .."

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၆၃...... မြေအောက်က သစ်ပင်ကြီး

တနာရီလောက်ကြာတော့ ရှောင်လုံလဲလိုအပ်တာမှန်သမျှကို နတ်လက်စွပ်ထဲ ထဲ့လိုက်ကာထျန်ယွမ်အိမ်တော်ကနေ ထွက်ခွာလာလေသည်။
အဲ့နောက်မှာ နန်တွင်းမြို့တော်ရဲ့ ဝင်ပေါက်ကနေ တယောက်ထဲ
ထွက်လာကာ သူရဲ့ ငါးလတာ သိုင်လေ့ကျင့်မှု ခရီးစဉ်ကိုစတင်တော့လေသည်။ ဒီခရီးမှာ ဖေးဟိုကသူနဲ့ အတူတူမပါလာပေမယ့် ရှောင်လုံက ခရမ်းရောင်မျောက်လေးကိုတော့ မမေ့မလျော့ပဲ သူနဲ့အတူတူခေါ်ဆောင်လာလေသည်။ ဒီကောင်လေးသာ သူဘေးမှာရှိနေမယ်ဆိူ သူရဲ့ငါးလတာ သိုင်းလေ့ကျင်မှ့ု ခရ်ီးစဉ်က ဘယ်လိုလုပ်ပျင်းစရာကောင်းတော့မှာလဲ.......။

နှစ်လလောက်ကြာသွားသောအခါ ငွေလသစ်တောထဲက လှိုဏ်ဂူတခုထဲမှာ ရှောင်လုံက တင်ပျင်ခွေထိုင်နေလေသည်။ လှိုဏ်ဂူကြီးတခုလုံး အတွင်းအားစွမ်းအင်တွေနဲ့တောက်ပနေကာ  ရှောင်လုံနောက်
ဘက် လေဟာနယ်ကြီးက ရုတ်တရက် တုန်ခါပြီး နဂါးအမဲကြီးထွက်ပေါ်လာလေသည်။ ထွက်ပေါ်လာတဲ့နဂါး အမဲကြီးက ရှောင်လုံ အနောက်ဘက် ခေါင်းပေါ်မှာ မျောလွင့်ကာ ရပ်နေလေသည်။

သိုင်းဝိညဉ်နဂါးအမဲကြီးပေါ်လာတာ စက္ကန့်ပိုင်းလောက်ကြာတော့
ပြန်ပျောက်သွားကာ အဲ့နောက် သိပ်မကြာခင်မှာပဲ အပြာရောင်နဂါးသိုင်းဝိညဉ်ကြီးက ရှောင်လုံနောက်ဘက်မှာ မျောလွင့်ကာ ထပ်ပြီးပေါ်လာလေသည်။

နှစ်လလုံးလုံး ဇွဲသန်သန်နဲ့လေ့ကျင့်လိုက်တဲ့ ကြိုးစားမှုကအခုတော့
အကျိုးပေးပြီလေ ။

ရှောင်လုံနောက်ဆုံးတော့ သူ့အမြွာသိုင်းဝိညဉ်နှစ်ကောင်ကို တကောင်ချင်းဆင့်ခေါ်နိုင်လေပြီ... ။

ငွေလသစ်တောထဲမှာ နှစ်လလောက်သိုင်းလေ့ကျင့်တာက ရှောင်လုံ ထျန်ယွမ်အိမ်တော်မှာ သိုင်းလေ့ကျင့်တာထက်စာရင် အရမ်းကို ပိုပြီးအကျိုးကျေးဇူးများလေသည်။ သူပိုပြီး သန်မာလာရုံမက သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါ တွေပါ ပြောင်းလဲကုန်သည်။ သူအတွင်းအားအဆင့်ကလဲ မြေကြီးအဆင့်၆ စဦးအဆင့်ကနေ မြေကြီးအဆင့်၆ စဦးအထွတ်အထိပ်အထိကို တိုးတက်လာသည် ( အဆင့်တခုအတွက် လေးဆင့် စဦး၊အလယ် ၊ နောက်ဆုံး ၊ အထွတ်အထိပ် စသဖြင့်လေးဆင့်ရှိပြီး အဲ့လေးဆင့်ကိုလဲ လေးဆင့်ထပ်ခွဲထားတာပါ စဦး အလယ်အဆင့် ၊ စဦးအထွတ်အထိပ်အဆင့် ဆိုရင် အလယ်အဆင့်ကို ရောက်တော့မယ်ဆိုတဲ့ သဘောပါ အင်္ဂလိပ်လိုဆို early peak ပေါ့ ရှင်းလားတော့မသိဘူး 😁😁😁)

လှပ ညှို့ငင်တဲ့လရောင်ကသစ်တောတခုလုံးကိုလွှမ်းခြုံထားကာ စမ်းချောင်းလေးကနေ တသွင်သွင်ရေစီးသံကလွဲလို့ လှိုဏ်ဂူရဲ့ ပတ်ဝန်းကျင်တခုလုံးက တိတ်ဆိတ်ငြိမ်သက်နေလေသည်။

လှိုဏ်ဂူထဲမှာတော့ အမဲရောင်အလင်းတန်းနဲ့ အပြာရောင်အလင်းတန်းတွေက တလှည့်စီထွက်ပေါ်နေသည် ။ တနာရီလောက်ကြာတော့ လှိုဏ်ဂူထဲက အမဲရောင် အလင်းတန်းနဲ့ အပြာရောင်အလင်းတန်းတွေပျောက်ဆုံးသွားကာ လှိုဏ်ဂူကြီးတခုလုံးမဲမှောင်သွားတော့သည်။
အမဲရောင်အလင်းတန်း နဲ့ အပြာရောင်အလင်းတန်းတွေက ရှောင်လုံ
ရဲ့ အမြွှာသိုင်းဝိညဉ်နှစ်ကောင်ကိုတလှည့်စီ ဆင့်ခေါ်လို့ ထွက်ပေါ်လာတဲ့ အလင်းရောင်တွေပဲ ဖြစ်လေသည်။ ရှောင်လုံလဲ တင်ပျင်ခွေထိုင်နေရာမှာ မျက်စိနှစ်လုံးပွင့်လာပြီး သိုင်းဝိညဉ်ဆင့်ခေါ်တဲ့ လေ့ကျင့်ခန်းလုပ်နေတာကို ရပ်တန့်လိုက်လေသည်။ အဲ့နောက်သူက မတ်တပ်ထရပ်ပြီး လှိုက်ဂူအပြင်ဘက်ကိုထွက်လာလိုက်သည်။

လှိုဏ်ဂူအပြင်မှာတော့ လှပတဲ့ လရောင်ကထွန်းလင်းနေပြီး ရှောင်လုံလဲ သူရဲ့အချစ်တော် ခရမ်းရောင်းမျောက်လေးကို လှိုဏ်ဂူပတ်ဝန်းကျင်နားမှာ ရှာဖွေလိုက်သည်။ အဲ့နောက် မျောက်လေးကိုလဲ ရှာမတွေ့
သောအခါ ရှောင်လုံလဲ ပြုံးပြီးခေါင်းခါလိုက်လေသည်။

ဒီကောင်လေး ငါသိုင်းလေ့ကျင့်နေတာကို အခွင့်ကောင်းယူပြီး ဘယ်တွေကိုရှောက်သဝေထိုးနေပြီလဲ မသိပါဘူး...... ။

ရှောင်လုံ လှိုက်ဂူထဲနေ ထွက်လာပြီး တောင်ကုန်းအောက်ဘက်ကိုခုန်ချလိုက်လေသည်။ သူခုန်ချလိုက်တာနဲ့ နတ်ဓားနှစ်လက်က သူလက်ထဲမှာရောက်နှင့်နေပြီဖြစ်လေသည်။ သူခြေထောက်ကမြေကြီးကို ထိတာနဲ့ ရှောင်လုံကနောက်တကြိမ် ထပ်ခုန်လိုက်ကာ နတ်ဓားနှစ်လက်ကို ဝေ့ယမ်းပြီး သိုင်းကွက်ဖေါ်လိုက်သည်။ သူ့ နတ်ဓားနဲ့ တိုက်ခိုက်လိုက်တဲ့နေရာတိုင်းမှာ ကြယ်တွေအစုလိုက်အပြုံလိုက် ကျရောက်လာသလို ဖြစ်သွားသည်။ ကျရောက်လာတဲ့ ကြယ်တွေက တခါတရံမှာ ဒေါသတကြီးနဲ့ မြည်ဟိန်းနေတဲ့ မုန်တိုင်းလိုဖြစ်ကာ တခါတလေတော့ မျက်စိနဲ့မမြင်နိုင်လောက်အောင် အရမ်းနူးညံသိမ်မွေ့တဲ့ ကြယ်တွေလိုမျိုး ဖြစ်နေလေသည်။

နတ်မိစ္ဆာအော်သံတွေကလဲ သူတို့ကိုယ်ပိုင်အသိညဏ်ရှိသလိုမျိုး လေထုထဲမှာ အော်မြည်နေသည်။

ဒီနှစ်လအတွင်းမှာ သူနတ်မျက်ရည်သိုင်းကွက်ကို ကြိုးကြိုးစားစားလေ့ကျင့်လိုက်ရတဲ့ အကျိုးကျေးဇူးကတော့ သူ့နတ်မျက်ရည်သိုင်းကွက်ရဲ့စွမ်းအားက အလွန်ကိုမြင့်မားလာချင်းပဲ ဖြစ်လေသည်။

သူဒီလို လေ့ကျင့်မှုမျိုး တိုးတက်မှုမျိုးဆို ရှောင်လုံကသူဒီခြောက်လအတွင်းမှာပဲ နတ်မျက်ရည်သိုင်းကွက်ကို ကျွှမ်းကျင့်ပိုင်နိုင်သူ အဆင့် ထိရောက်နိုင်တော့မယ့်လို့ ခန့်မှန်းထားလေသည်။

ရှောင်လုံ သိုင်းလေ့ကျင့်ရာမှာ စျန်ဝင်နေတုံး သူခြေထောက်အောက်က မြေကြီးက ပြင်းပြင်းထန်ထန်ကို တုန်ခါလာလေသည်။ ပြင်းထန်တဲ့ မြေကြီးလှုပ်ခတ်မှု လမ်းကြောင်းက ရှောင်လုံသိုင်းလေ့ကျင့်နေတဲ့နေရာကို ဥိးတည်လာလေသည်။

ရှောင်လုံလဲ နောက်ကိုလှည့်ပြီး အဝေးကိုလှမ်းမျှော်ကြည့်လိုက်တော့ မီတာသုံးဆယ်လောက်ကြီးမားတဲ့ မျောက်ဝံကြီးက မီတာဝက်လောက်ပဲ ရှိတဲ့ မျောက်လေးတကောင်နောက်ကို တလကြမ်းလိုက်နေတာကိုတွေ့လိုက်ရလေသည်။ မျောက်ဝံကြီးနဲ့ မျောက်ကလေးက သူရှိရာနေရာဆီကို ဦးတည်ပြီးပြေးလာလေသည်။

မျောက်ဝံကြီးက နောက်ကတလကြမ်းလိုက်ရုံမက သူလက်တွေကလဲ မျောက်လေးကိုထုသတ်ဖို့ မြေကြီးကို အဆက်မပြတ်ထုနှက်နေလေသည်။ ဒါပေမယ့် သူလက်နှစ်ဖက်နဲ့ထုချလိုက်တိုင်းကို လွဲချော်သွားလေသည်။ သူရဲ့ကြီးမားတဲ့ လက်ဝါးကြီးနဲ့ မျောက်လေးကိုထိတော့မယ်အခါတိုင်း မျောက်လေးကလဲ သူ့အသားပြားဖြစ်သွားမယ့်အရေးကို ကြောက်ပြီး ဖြတ်ခန ခုန်ခုန်ရှောင်သွားလေသည်။ သူရိုက်လိုက်တိုင်းလွဲနေတော့ မျောက်ဝံကြီးရဲ့ ဒေါသတွေက တဖြည်းဖြည်းပိုလို့ ပြင်းထန်လာလေသည်။

ရှောင်လုံကတော့ တချိုးထဲမပြေးပဲ ရှေ့ကနေမျောက်ဝံကြီးကို စနေတဲ့ ခရမ်းရောင်မျောက်လေးကို ကြည့်ရင်း မရီပဲမနေနိုင်အောင်ဖြစ်သွားလေသည်။

ဒီကောင်လေး ကတော့လေ...... !

ဒီနှစ်လအတွင်း ရှောင်လုံလှိုဏ်ဂူထဲမှာ သိုင်းလေ့ကျင့်ဖို့ အာရုံစိုက်လိုက်တိုင်း မျောက်လေးက ကစားဖို့ တယောက်ထဲ အပြင်ကိုထွက်ထွက်သွားလေသည်။ သူပြန်လာတိုင်းလဲ သူနောက်မှာ အကောင်ကြီးကြီသားရဲကြီး တကောင်ကအမြဲလိုက်လာလေသည်။ သူ့အခုလိုမျိုး မျောက်ဝံကြီးကိုရန်စပြီး ပြန်လာတာက ပထမဆုံးအကြိမ်မှာ မဟုတ်တော့တာပဲ.... ။

တခါတလေတော့ ဒိကောင်လေးက ရှောင်လုံအတွက်ပါ ဒုက္ခရှာလာပေးသည်။

အဝေးကနေ ထွက်ပြေးလာတဲ့ မျောက်လေးက ရှောင်လုံလဲ မြင်ရော သူမျက်လုံးတွေက အရောင်တောက်သွားလေသည်။
အဲ့နောက် 
"......ကြိ.....ကြိ....ကြိ.... "
လို့အော်ပြီး မျောကိလေးက ရှောင်လုံပျင်းနေမှာစိုးလို့ သူအလုပ်ရှာလာပေးတယ်ဆိုတာကို ခြေဟန်လက်ဟန်နဲ့ ပြသလိုက်လေသည်။

"....ဘန်း.... "
ဆိုတဲ့ အသံနဲ့ မျောက်လေးစောစောက ရှိနေတဲ့နေရာကမြေကြီးက အောက်ကိုချိုင့်ဝင်သွားပြီး အနားကကျောက်တုံးတွေကလဲ အမှုန့်ဖြစ်သွားကာ မြေပြင်မှာ လက်ဝါးရာကြီးပေါ်လာလေသည်။ မျောက်လေးက မျောက်ဝံကြီးလက်ဝါးကို မြင်တာနဲ့ သူ့ဖင်လေးကို ကိုင်ရင်း အလျင်အမြန်ကို ခုန်ရှောင်လိုက်လေသည်။ အဲ့နောက်မှာ သူက မျောက်ဝံကြီးကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြန့်လှည့်ကြည့်လိုက်လေသည်။
မျောက်ဝံကြီးရဲ့ လက်ဝါးကြီးကြောင့် သူ့ဖင်လေးကို ကြေမွမတတ်
ဖြစ်တော့မလို့ မဟုတ်လား....။

ရှောင်လုံလဲ မျောက်လေး ဖြစ်ပျက်သွားတဲ့ အမူအရာကိုကြည့်ရင်း ခေါင်းမာပြီး  ရယ်မောလိုက်လေသည်။ အဲ့နောက်မှာတော့ သူခန္ဓာကိုယ်က ရုတ်တရက် သူရပ်နေတဲ့နေရာကနေ ပျောက်သွားကာ လေထဲမှာ ပြန်ပေါ်လာပြီး သူ့ရဲ့ နတ်ဓားနှစ်လက်ကိုမွေ့ယမ်းပြီး မျောက်ဝံကြီးကို ပိုင်းချလိုက်လေသည်။

ရှောင်လုံ ဝင်ပြီးတိုက်ခိုက်တာကိုမြင်တော့ ထွက်ပြေးနေတဲ့ မျောက်လေးကလဲ ထွက်မပြေးတော့ပဲ ရပ်လိုက်ကာ ရှောင်လုံနဲ့ အတူတူပူပေါင်းပြီး မျောက်ဝံကြီးကို ပြန်တိုက်လိုက်တော့လေသည်။

မျောက်ဝံကြီးရဲ့ သူခန္ဓာကိုယ်က သံမဏိလိုမာကြောတဲ့ သားရဲအမျိုးအစားဖြစ်သည်။ သူကအရမ်းကိုစွမ်းအားကြီးတဲ့ ခွန်အားကိုပိုင်ဆိုင်ထားယုံမက သူခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းကလဲ မြင့်မားလေသည်။
သူခန္ဓာကိုယ်က သံမဏိအလွှာနဲ့ ဖုံးအုပ်ထားသလို ဖြစ်နေပြီး သာမန်လက်နက်တွေက သူခန္ဓာကိုယ်ကို ထိရင် မီပွားပွင့်ရုံလောက်ပဲ တတ်နိုင်လေသည်။

ပြီးတော့ ပိုပြီးကံကောင်းသွားတာ က မျောက်ဝံကြီးက အဆင့်၆အထွတ်အထိပ်သားရဲ့အဆင့်ပဲရှိသေးပြီးတော့ အဆင့်၇သားရဲကြီးမဖြစ်သေးတာပဲ..... ။

ရှောင်လုံရဲ့ နတ်ဓားတွေနဲ့ဆိုရင်တော့ သူ့ရဲ့ စတီးလိုမာကြောလှတဲ့ အရေပြားတွေက ရွံတွေလို ဖြစ်နေကာ မိနစ်အနဲငယ်အတွင်းမှာပဲ မျောက်ဝံကြီးရဲ့ဦးခေါင်းက ရှောင်လုံနတ်ဓားတွေလက်ချက်ဖြင့် လည်ပင်းကနေပြတ်ကာ မြေကြီးနဲ့ မိတ်ဆက်သွားလေသည်။

လည်ပင်းကနေ သွေးတွေပန်းထွက်လာကာ မျောက်ဝံကြ်ိးလဲ တဆတ်ဆတ်တုန်ရင်း  မြေကြီးပေါ်ကိုလဲကျသွားတော့သည်။ 

ခပ်လှမ်းလှမ်းကနေ အကဲခတ်နေတဲ့ မျောက်လေးက မျောက်ဝံကြီး မလှုပ်တော့တာလဲ သေချာရော ချက်ချင်းမျောက်ဝံကြီးပေါ်ကိုခုန်တက်ရင်း သူ့ရဲ့ ဝေစုကိုစတင်ရှာဖွေတော့သည်။

မျောက်လေးက မျောက်ဝံကြီးရဲ့ ခေါင်းကိုသူလက်သည်းနဲ့ထိုးစိုက်လိုက်ကာ အမြူတေကို ရှာပြီးပါးစပ်ဟကာ ချက်ချင်းမြိုချလိုက်လေသည်။

ရှောင်လုံလဲ ဒီကောင်လေး အမြူတေပါတဲ့ သားရဲနဲ့ အမြူတေမပါတဲ့ သားရဲကိူ ဘယ်လိုခွဲခြားတယ်ဆိုတာကိုဝေခွဲမရနိုင်အောင် ဖြစ်နေလေသည်။ ပုံမှန်ဆို အဆင့်၇အောက် သားရဲကြီးတွေမှာ အမြူတေပါတဲ့ သားရဲက အလွန်တရာကိုရှားပါးလေသည်။ ဒါပေမယ့် မျောက်လေးရန်စပြီး ခေါ်လာတဲ့ သားရဲမှန်သမျှက အမြူတေရှိတဲ့ သားရဲတွေကြီးပဲ ဖြစ်နေလေသည်။

မျောက်ဝံကြီး အမြူတေက မျောက်လေးဗိုက်ထဲကိုရောက်သွားတာနဲ့ ရှောင်လုံလဲ မျောက်ဝံကြီးရဲ့ အလောင်းနားကိုလျှောက်လာလေသည်။
မျောက်ဝံကြီးအလောင်းနားရောက်တာနဲ့ သူလက်နှစ်ဖက်ကို
လက်သည်းပုံစံစုလိုက်ကာ မျောက်ဝံကြီးရဲ့ သွေးဝိညဉ်စွမ်းအင်
တွေကို စတင်စုပ်ယူလေသည်။ သူ သွေးဝိညဉ်စွမ်းအင်တွေကို
စတင်စုပ်ယူလိုက်တာနဲ့ အမဲရောင်အမျှင်တန်းတွေက သူလက်ထဲကသွေးကြောတွေကနေတဆင့် သူ့ကိုယ်ထဲကသွေးကြောတွေထဲကိုစီးဝင်လာလေသည်။

မျောက်ဝံကြီးရဲ့ သွေးဝိညဉ်ကီစွမ်းအင်တွေအကုန်လုံးကို စုပ်ယူပြီးတာနဲ့ ရှောင်လုံက ရုတ်တရက်ခုန်လိုက်ကာ သူ့လက်သည်းနဲ့ အဝေးကသစ်ပင်ကြီးကို လှမ်းကုတ်လိုက်လေသည်။

ရှောင်လုံရှိတဲ့နေရာကလရောင်တွေက အမှောင်ထုရဲ့ ဝါးမျိုချင်းကိုခံလိုက်ရသလို ပျောက်ကွယ်သွားလေသည်။

လေထဲမှာ အမဲရောင် လက်သည်းရာကြီးနှစ်ခါပေါ်လာကာ
အမှောင်ထုထဲမှာ
"....ဘန်း.... "
ဆိုတဲ့ အသံအကျယ်ကြီး ထွက်ပေါ်လာတော့သည်။ အသံဆုံးတာနဲ့
မီတာနှစ်ဆယ်လောက်အကွာက နှစ်မီတာခွဲလောက်ရှည်တဲ့သစ်ပင်ကြီးက ရှောင်လုံရဲ့တိုက်ခိုက်မှုကြောင့် အရင်းကနေ ကျိုးပျက်သွားကာ ကြီးမားတဲ့ လက်သည်းရာကြီးနှစ်ခုက သစ်ပင်ရဲ့ ပင်စည်ပေါ်မှာထင်ကျန်နေတာကိုတွေ့လိုက်ရသည်။ သစ်ပင်ကြီးတခုလုံး ကြောက်မက်ဖွယ်ကောင်းသော ဝိညဉ်စွမ်းအင်တွေနဲ့ ဖုံးအုပ်နေကာ အမှောင်စွမ်းအင်တွေကိုညှိုယူနေလေသည်။ အဲ့ဒါကြောင့် သစ်ပင်ကြီးရဲ့ သစ်ရွက်တွေက တဖြည်းဖြည်းအဝါရောင် အဖြစ်ကိုပြောင်းလဲသွားကာ နောက်ဆုံးမှာတော့ မဲနက်သွားလေသည်။

သူနတ်လက်သည်းသိုင်းကွက် ပထမအကွက်ဖြစ်တဲ့
"... နတ်ဆိုးတထောင်ရဲ့ငိုသံ "
သိုင်းကွက်ရဲ့ စွမ်းအားကိုကြည့်ရင်း ရှောင်လုံလဲ ကျေနပ်စွာဖြ့င် ခေါင်းတဆတ်ဆတ်ညိတ်လိုက်လေသည်။

ဒီနှစ်လအတွင်း ငွေလသစ်တောထဲမှာ ပြင်းပြင်းထန်ထန်သိုင်းလေ့ကျင့်မှုရဲ့ အကျိုးရလာဒ်က  သူရဲ့ အမြွာသိုင်းဝိညဉ်နဂါးနှစ်ကောင်ကို တကောင်ချင်းသီးခြားခေါ်ထုတ်လာနိုင်ရုံမက သူ့ရဲ့ ခန္ဓာကိုယ်အသွင်းပြောင်းသိုင်းကျမ်းအပါအဝင် တခြားသိုင်းကွက်တွေရဲ့ စွမ်းအားတွေကလဲ သိသိသာသာကိုတိုးတက်လာလေသည်။

ထျန်ယွမ်အိမ်တော် မှာဖြစ်စေ ကြယ်စကြာဝဋ္ဌာကျောင်းမှာဖြစ်စေသိုင်းလေ့ကျင့်မယ်ဆို သူဒီလို ရလာဒ်မျိုးစွမ်းဆောင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ ။

ရုတ်တရက်သူဘေးနားကမျောက်လေးက တကွိကွိနဲ့ စကားစတင်ပြောလေသည်။
"..... မင်းက မျောက်ဝံကြီးနေတဲ့ သားရဲတွင်းမှာ ရတနာအချို့တွေ့ခဲ့တယ်လို့ပြောချင်တာလား... ?"
  မျောက်လေးကသူခြေဟန်လက်ဟန်နဲ့ သူ့ကို ရှင်းပြနေတဲ့
စကားဆုံးတာနဲ့ ရှောင်လုံလဲ ပြန်မေးလိုက်သည်။ မျောက်လေးက ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလိုက်ကာ ရှောင်လုံကို သူ့နောက်ကလိုက်ခဲ့ဖို့ အချက်ပြရင်း သူနဲ့ မျောက်ဝံကြီး လာရာလမ်းအတိုင်း
ထွက်ပြေးသွားလေသည်။

မိနစ်နှစ်ဆယ်လောက်ကြာတော့ လူလေးတယောက်နဲ့ မျောက်လေးတကောင်က စိမ်းလန်းစိုပြည်နေတဲ့ သစ်တောကြီးရဲ့ အလည်က ကြီးမားတဲ့ လှိုဏ်ဂူကြီးတခုနားကိုရောက်လာတော့သည်။

".... ကြိ.... ကြိ... ကြိ.... "
ဂူထဲကိုဝင်လိုက်တာနဲ့  မျောက်လေးက ပိုစိတ်လှုပ်ရှားပျော်ရွှင်နေကာ ဝမ်းသာစွာနဲ့ တကွိကွိအော်လိုက်သည် ။ မျောကိလေးက ရှေ့ကနေ အလျင်အမြန်ပြေးဝင်သွားကာ ရှောင်လုံလဲအနောက်ကနေလိုက်လာလိုက်သည်။

သူတို့လှိုဏ်ဂူထဲကို ဝင်လိုက်တာနဲ့ မွှေးကြိုင်တဲ့အနံတခု လေနဲ့အတူပါလာတာကို ရှုရှိုက်လိုက်ရသည်။ သူထဲဂူအတွင်းပိုင်းကိုရောက်လေလေ အဲ့အနံက ပိုပြီးမွှေးကြိုင်လာလေပဲ ဖြစ်သည်။

အချိန်တော်တော်ကြာတော့ ရှောင်လုံတိုလဲ တထောင်စကွဲမီတာလောက်ကြီးမားတဲ့ မြေအောက်လှိုက်ဂူကြီးရဲ့ တနေရာကိုရောက်ရှိလာလေသည်။ လှိုဏ်ဂူကြီးရဲ့ မြေကြီးကနေမျက်နှာကျက်အထိဆို မီတာသုံးဆယ်လောက်ကို မြင့်လေသည်။ ရှောင်လုံလဲ အဲ့မြေအောက်လှိုဏ်ဂူကြီးရဲ့ အလည်မှာ လူကြီးရှစ်ယောက်ဖက်စာလောက် ကြီးမားတဲ့ သစ်ပင်ကြီးတပင်ကိုမြင်လိုက်ရသည်။ သစ်ပင်ကြီးရဲ့ သစ်ကိုင်းတွေက လှိုဏ်ဂူကြီးတခုလုံးကိုလွှမ်းခြုံထားကာ သူ့အမြစ်တွေကလဲ လှိုဏ်ဂူရဲ့နံရံတွေကိုတွယ်တက်နေလေသည်။

သစ်ပင်ကြီးနဲ့ သိပ်သည်းလှတဲ့ အရွက်တွေကြားမှာတော့ မထင်မရှားအလင်ရောင်လေးတွေက ဖျက်ခနဲဖျက်ခနဲတောက်ပနေသည်။

ရှောင်လုံလဲ သစ်ပင်ကြီးကိုမြင်တော့ ခနလောက်အံသြမင်သက်သွားကာ  အဲ့နောက်မှာတော့ မယုံကြည်နိုင်လောက်အောင် ပီတီဖြာသွားပြီး
".... ဒါ..... ဒါ...  စီကပ်သစ်ပင်ပဲ.... " ( စီကပ်ဆိုတာက လက်ဝါးပုံစံသစ်ပင်ပါ)

စီကပ် သစ်ပင်က ထူးဆန်းတဲ့ စီကပ်သစ်သီး သီးလေသည်။  သိုင်ေးလ့ကျင့်တဲ့ လူတွေအတွက်ဆိုရင် စီကပ်သစ်သီးက အတွင်းအားကိုတိုးတက်လာစေရုံမက ကိုယ်ခန္ဓာကိုယ်လဲ ကြံခိုင်လာကာ ကြွက်သား
အရိုး ၊ အသား ၊ အတွင်းအင်္ဂါတွေကိုပဲ ကြံခိုင်လာစေတဲ့ အာနိသင်ရှိလေသည်။ စီကပ်သစ်သီးကို အချိန်အကြာကြီးစားသုံးမယ်ဆိုရင် ခုခံနိုင်တဲ့ စွမ်းအင်ကအရမ်းကိုတိုးတက်လာကာ စတီးမျောက်ဝံကြီးလို
ခန္ဓာကိုယ်အရေပြားတွေက မာကြောလာနိုင်သည်။ သာမန်ဓားလက်နက်တွေဆို ခန္ဓာကိုယ်ကို ထိခိုက်အောင်တောင်လုပ်နိုင်မှာမဟုတ်တော့ဘူးလေ။

"....ကြိ.... ကြိ... ကြိ.....  "
အဲ့အချိန်မှာပဲ ပျော်ရွှင်နေတဲ့ မျောက်လေးက သစ်ပင်ကြီးဆီကို တဟုန်ထိုးပြေးသွားကာ ပင်စည်ပေါ်ကိုတက်ရင်း စီကပ်သစ်သီကို သူ့ရဲ့လက်သေးသေးလေးတွေနဲ့ ခူးဆွတ်လိုက်သည်။ အဲ့နောက် သူ့ပါးစပ်ကို အကျယ်ကြီးဟကာ ဂလုဆိုတဲ့ အသံနဲ့ စီကပ်သစ်သီးတလုံးလုံးကို တခါထဲ မြိုချပလိုက်လေသည်။

ရှောင်လုံလဲ အငမ်းမရဖြစ်နေတဲ့ မျောက်လေးကိုကြည့်ရင်း ရယ်မောလိုက်လေသည်။ တခါတရံ သူစဉ်းစားမိတာက ဒီမျောက်လေးမှာ ခွေးနှာခေါင်းများရှိနေသလားဆိုတာပဲ.... အင်း သူ့နှာခေါင်းကခွေးနှာခေါင်းထက်တောင် ပိုကောင်းသေးတယ်ထင်တယ်.....ဒီလိုမှမဟူတ်ရင် ဒီလီတရာလောက်အကွာ ကရတနာသစ်သီးကို သူဘယ်လိုလုပ်အနံခံနိုင်မှာလဲ..... ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၆၄..... ဓားတချက်ပဲသုံးသွားတာလား

ရှောင်လုံလဲ စီကပ်သစ်ပင်ကြီးအောက်ကိုရောက်တော့ သူလက်တွေကိုအတွင်းအားကီနဲ့ လွှမ်းခြုံရင်း သစ်ပင်ပေါ်က စီကပ်သီးတလုံး
ကိုဖြတ်ချလိုက်သည်။ သူဘယ်လက်နဲ့ကျလာတဲ့စီကပ်သီးကိုဖမ်းလိုက်ကာ တကိုက်ကိုက်ပြီး မြိုချလိုက်သည်။

တကိုက်ကိုက်လိုက်တာနဲ့ အရမ်းကိုမွေးကြိုင်ပြီး ချိုမြတဲ့ သစ်သီးရည်က ရှောင်လုံ ပါးစပ်တခုလုံးကိုပျံနှံသွားကာ သူမြို့ချလိုက်တော့
နွေးထွေးတဲ့စွမ်းအင်တခုက သူသွေးကြောတွေထဲမှာ စတင် လှည့်ပတ်စီးဆင်းလေသည်။

ရှောင်လုံလဲချက်ချင်း တင်ပျင်ခွေထိုင်ချလိုက်ကာ နတ်အတွင်းအားနည်းစနစ်အတိုင်း အသီးထဲက စွမ်းအင်တွေကို သန့်စင်ကာ စုပ်ယူဖို့
ကြိုးစားလေသည်။

သူအသီးထဲက စွမ်းအင်တွေကိုစုပ်ယူနေတုံး သူရဲ့ မြေကြီးအဆင့်၆စဦး အထွတ်အထိပ်အဆင့် အတွင်းအားတွေက တဟုန်ထိုးတိုးတက်များပြားလာကာ သူ့ခန္ဓာကိယ်ထဲ လှည့်ပတ်စီးဆင်းရင်း သူ့သွေးကြောတွေကိုအားဖြည့်ပေးလေသည်။ ရှောင်လုံလဲ စီကပ်အသီးထဲက သိပ်မထင်ရှားတဲ့ ဝိညဉ်စွမ်းအင်တွေက သူရဲ့ ကြွက်သားတွေ၊ အရိုးတွေ ၊ကိုယ်တွင်းအင်္ဂါတွေကို ပိုပြီးသန်မာလာအောင် အားဖြည့်ပေးနေသလိုခံစားလိုက်ရသည်။ အဲ့စွမ်းအားတွေက သူကိုယ်ခန္ဓာကို
ပိုပြီးတောင့်တင်းသန်စွမ်းလာအောင် ပြုပြင်ပေးနေသည်။

အမဲရောင် နဲ့ အပြာရောင် အမြွှာဝိညဉ်နဂါးနှစ်ကောင်ကလဲ ရှောင်လုံနောက်ဘက်ခေါင်းပေါ်မှာ လွှင့်မျောပေါ်လာကာ ငရဲကဝိညဉ်စွမ်းအင်တွေက ရှောင်လုံဆီကို အလုံးလိုက်အရင်းလိုက် တိုးဝင်လာလေသည်။

သူ မြေကြီးအဆင့် ၆ သိုင်းသမားဖြစ်ပြီး ကတည်းက သူရဲ့ သိုင်းဝိညဉ်တွေက ဝိညဉ်စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်းကအရမ်းကိုတိုးတက်လာခဲ့သည်။

အဲ့လိုနဲ့ ညချမ်းအချိန်ကုန်ဆုံးသွားကာ နွေးထွေးတဲ့ နေမင်းကြီးကတောင်ထိပ်ကနေထွက်ပေါ်လာတော့သည်။ ရှောင်လုံတကိုယ်လုံးလဲ နေမင်းကြီးရဲ့ အလင်းရောင်အောက်မှာ လင်းလက်တောက်ပနေလေသည်။ ရှောင်လုံလဲ နေထွက်လာတာကို ခံစားမိတော့ သူ့အမြွာသိုင်းဝိညဉ်နှစ်ကောင်ကို ခန္ဓာကိုယ်ထဲ ပြန်ဝင်ခိုင်းလိုက်သည်။ အဲ့နောက် သူ့လေ့ကျင့်နေတဲ့ နတ်အတွင်းအား နည်းစနစ်ကို ရပ်လိုက်ကာ မတ်တပ်ထရပ်လိုက်သည်။ အဲ့နောက်သူက ရုတ်တရက် ပေနှစ်ဆယ်လောက်အကွာက ဂူနံရံကိုလက်သီးထိုးလိုက်တော့ တပေလောက်နက်တဲ့ လက်သီးရာကြီး ဂူနံရံမှာထင်ကျန်နေခဲ့တာကိုမြင်လိုက်ရသည်။

လှိုဏ်ဂူကြီးတခုလုံး ခါရမ်းသွားကာ ဂူအမိုးပေါ်ကနေ ကျောက်အမှုန့်အစတွေ ကြွေကျလာသည်။ အဲ့အခြေအနေကို မြင်လိုက်တော့ ရှောင်လုံလဲ စိတ်လှုပ်ရှားစွာနဲ့ပဲ သူ့မျက်လုံးက အရောင်တွေတောက်ပလာလေသည်။
အင်း..... စီကပ်အသီးထဲမှာပါတဲ့ စွမ်းအင်တွေက တကယ်ကိုအံမခန်းပဲ...... !

ရှောင်လုံ စီကပ်သစ်သီးတလုံးပဲ စားပြီး တညတာသိုင်းလေ့ကျင့်မှုက သူရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို သိသိသာသာကိုတိုးတက်လာစေသည်။ သူတိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တာနဲ့ သူရဲ့ ကြွက်သား ၊ အရွတ်တွေကနေ ပေါက်ကွဲ ထွက်လာမယ့် စွမ်းအားတွေက ပိုပြီးသိသိသာသာ များပြားလာလေသည်။

သူသာဒီပုံစံအတိုင်း ဆက်ပြီးလေ့ကျင့်မယ်ဆိုရင် သူရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းအားရဲ့ ပေါက်ကွဲစွမ်းရည်တခုထဲနဲ့တင် သူနဲ့ အဆင့်တူ
တခြားသိုင်းသမားတွေကို အေးအေးဆေးဆေးယှဉ်ပြိုင်နိုင်တော့မှာပဲ ဖြစ်သည်။

ရှောင်လုံလဲ သူလက်နှစ်ဖက်ကို ပြန်ချလိုက်ကာ ဂူပတ်ဝန်ကျင်းကို အကဲခတ်လိုက်တော့ ခရမ်းရောင်မျောက်လေးကလဲ သစ်ပင်ကြီးရဲ့ သစ်ကိုင်းတခုပေါ်မှာ ထိုင်ရင်း မျက်လုံးမှိတ်ကာ စီကပ် သစ်သီးကစွမ်းအင်တွေကို သန့်စင်ပြီး စုပ်ယူနေတာကို မြင်တွေ့လိုက်လေသည်။
ဒီကောင်လေးက တကယ်ကို ထူးခြားဆန်းကြယ်တာပဲ မဟုတ်လား...။
ဘယ်လို သားရဲမျိုးရဲ့ အမြူတေကို မြိုချလိုက်သည်ဖြစ်စေ
သူအဲ့အမြူတေမှာပါတဲ့ စွမ်းအင်တွေကိုကျ သန့်စင်ပြီး စုပ်ယူဖို့ ကြိုးစားစရာမလိုဘူးလေ။
ဒါပေမယ့် အံသြစရာကောင်းတာက ယန်အသီးတို့ အခု စီကပ်အသီးတို့ကျတော့ သူတို့ထဲမှာပါတဲ့ စွမ်းအင်တွေကိုကျတော့  ဒီကောင်လေးက အရင်သန့်စင်ပြီးမှ စုပ်ယူနိုင်တာပါလား..... ။

အင်း ဒီလိုလေးဖြစ်နေလို့တော်သေးတာပေါ့....  သူအသီးတွေကစွမ်းအင်တွေကိုပါ သန့်စင်ပြီး စုပ်ယူစရာမလိုတော့ဘူးဆိုရင် ဒီကောင်တကယ်ကို မွန်းစတားတကောင် ဖြစ်သွားမှာပါ ( မွန်းစတားကို ဒိနေရာမှာက လိုက်မမှီတဲ့ ပါရမှီရှင်သဘောမျိုးသုံးထားတာပါ.... )

ခရမ်းရောင်မျောက်လေးက စီကပ်အသီးထဲကစွမ်းအားတွေကိုသန့်
စင်ပြီးစုပ်ယူနေတုံးပဲ ဆိုတာကိုမြင်လိုက်တော့ ရှောင်လုံလဲ မနှောက်ယှက်တော့ပဲ ဂူထဲက တခြားမလှမ်းမကမ်း နေရာကျယ်ကြီးတခုဆီကို လျှောက်လာလိုက်သည်။ နေရာကျယ်ကြီးကိုရောက်တာနဲ့ သူ့လက်နှစ်ဖက်ထဲမှာ သိမ်းထားတဲ့ နတ်ဓားနှစ်လက်ကို ခေါ်ထုတ်လိုက်ကာသူရဲ့နတ်မျက်ရည် သိုင်းကွက်ကိုပိုပြီးအစွမ်းထက်လာအောင်လေ့ကျင့်နေတော့သည်။

အဲ့လိုနဲ့ နေ့ကညပြောင်း....
အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားကာ တလဆိုတဲ့ အချိန်ကုန်ဆုံးသွားလေသည်။

ဒီပြီးခဲ့တဲ့ တလလုံးလုံး ရှောင်လုံက သူ့ရဲ့အချိန်အများစုကို မြေအောက်လှိုဏ်ဂူကြီးမှာပဲ သိုင်းလေ့ကျင့်ချင်းဖြင့်သာ ကုန်ဆုံးစေသည်။
နေ့ဘက်မှာ ရှောင်လုံက နတ်ဓားသိုင်းနဲ့ နတ်မိစ္ဆာလက်သည်းသိုင်းကို အဓိကထားလေ့ကျင့်ပြီးတော့ ညပိုင်းကျရင် စီကပ်အသီးတလုံးစားကာ
နတ်အတွင်းအားသိုင်းနဲ့ သူရဲ့ ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းကိုပဲ အဓိကထားလေ့ကျင့်လေသည်။

တခါတလေတော့ ရှောင်လုံကဂူထဲကထွက်ကာ မျောက်လေးကိုအဖော်ပြုရင်း ငွေလသစ်တောထဲက သားရဲကြီးတွေကို အမဲလိုက်ကျလေသည်။

ရှောင်လုံ လဲ ဒီတလလုံးလုံး တရက်ကို စီကပ်သစ်သီးတလုံး ပုံမှန်စားပြီး သိုင်းလေ့ကျင့်ခဲ့လေသည်။ သူတလလောက်စီကပ် သစ်သီးရဲ့ စွမ်းအင်တွေကိုစုပ်ယူပြီးတဲ့နောက်မှာတော့ သူခန္ဓာကိုယ်ရဲ့ ကြွက်သား အရိုး အရွတ်နဲ့ ကိုယ်တွင်းအင်္ဂါတွေက လွန်ခဲ့တဲ့တလထက်စာရင် တဆလောက် ပိုပြီး သန်မာကြံခိုင်လာလေသည်။

ဒါအပြင် စီကပ်သစ်သီးရဲ့ စွမ်းအားတွေအပါအဝင် သူဒီတလလုံးလုံး အပြင်းအထန်ကြိုးစားမှုရဲ့ ရလဒ်က သူ့ကို မြေကြီးအဆင့်၆ အလယ်အဆင့်ကိုရောက်သွားစေခဲ့သည်။

ပုံမှန်ဆို အဆင့်၁၀ သိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားတဲ့ သူတွေတောင်
မြေကြီးအဆင့်၆စဦး အဆင့်ကနေ မြေကြီးအဆင့်၆ အလယ် အဆင့်ကိုရောက်ဖိုဆိုတာ တနှစ်လောက် အချိန်ယူလေ့ကျင့်ရလေသည်။
ဒါပေမယ့် မွန်းစတား ရှောင်လုံကတော့ သုံးလထဲနဲ့ မြေကြီးအဆင့်၆
အလယ်အဆင့်သိုင်းသမား ဖြစ်လာခဲ့ချေပြီ..... ။

ပြီးခဲ့တဲ့ တလတုံးက စီကပ်သစ်ပင်မှာ စီကပ်သီးတွေ အလုံးတရာကျော်လောက်ရှိခဲ့ပေမယ့် အခုကျတော့ ရှောင်လုံနဲ့ မျောက်လေးတက်ညီလက်ညီဖြိုတာမို့ သစ်သီး တဝက်လောက်က ကုန်သလောက်ကို ဖြစ်သွားချေပြီ.. ။

တနေ့ကျတော့ ရှောင်လုံ စီကပ်သစ်ပင်ကြီးရဲ့အောက်မှာ တင်ပျင်ခွေထိုင်ကာ အတွင်းအားလေ့ကျင့်နေစဉ် လှိုဏ်ဂူထဲကို ဝင်လာတဲ့လူတွေရဲ့ ခြေသံတွေက ရှောင်လုံနားထဲကိုဝင်ရောက်လာလေသည်။

ရှောင်လုံလဲ အတွင်းအားကျင့်နေတာကိုရပ်လိုက်ကာ သတိအနေအထား ပြင်ဆင်ထားလိုက်သည်။

တဖြည်းဖြည်း အဝေးကနေလာနေတဲ့ လူတွေရဲ့ စကားသံက ရှောင်လုံကောင်းကောင်းကြားနိုင်လောက် ကျယ်လာလေသည်။

"... စီကပ် သစ်ပင်က တကယ်ပဲ ဒီမြေအောက် လှိုဏ်ဂူထဲမှာ ရှိနေတာလားကွ.... ?"

".... ရတနာကြေးမုံရဲ့ ညွှန်ပြမှုအရဆိုရင်တော့ သေချာသလောက်ကိုရှိတယ်ကွ.... စီကပ်သစ်ပင်ကသေချာပေါက် ဒီနေရာမှာရှိရမယ်.... ပြီးတော့ ငါတို့စောစောက မွေးကြိုင်တဲ့ ခပ်ဖျော့ဖျော့အနံတခု ကိုလေထဲကရှုလိုက်ရတယ်မဟုတ်လား...... အဲ့ဒါသေချာပေါက် စီကပ်အသီးရဲ့ အနံပဲ ဖြစ်ရမယ်..... "

လူတွေရဲ့ ခြေသံကတဖြည်ဖြည်းနီးကပ်လာကာ စကားသံတွေလဲကျယ်လောင်လာသည်။

စကားပြောတဲ့ အသံတွေကိုနားထောင်ကြည့်လိုက်မယ်ဆို အခုလှိုဏ်ဂူထဲကို ဝင်လာတာလူနှစ်ယောက်ထဲ ဖြစ်ရမယ်..... ။

ရှောင်လုံလဲ မတ်တပ်ရပ်လိုက်ကာ သစ်ပင်ကြီးရဲ့ သစ်ကိုင်းတခုမှာ ထိုင်နေတဲ့ ခရမ်းရောင်မျောက်လေးကလဲ ရှောင်လုံပခုံးပေါ်ကိုခုန်တက်လိုက်ကာ  သူမျက်နှာလေးက ဂူထဲဝင်လာတဲ့ လမ်းကိုမျှော်ကြည့်ရင်း စိုးရိမ်နေပုံပေါ်ရလေသည် ။

သိပ်မကြာခင်မှာပဲ အသက်နှစ်ဆယ်ဝန်းကျင်လူနှစ်ယောက်က ရှောင်လုံတို့မြင်ကွင်းထဲကို ဝင်ရောက်လာလေသည်။

နှစ်ယောက်လုံးက အမဲရောင်ခပ်ဖျော့ဖျော့ ဝတ်စုံကိုဝတ်ဆင်ထားကာ သူတို့အကျီရဲ့ ရင်ဘတ်မှာ ထူးဆန်းနဲ့ငှက်ပုံရေးဆွဲထားလေသည်။ အင်း နှစ်ယောက်လုံးကိုကြည့်ရတာ သိုင်းဂိုဏ်းတခုထဲကလာတာဖြစ်ရမယ်.... ။

မြေအောက်လှိုဏ်ဂူထဲကို ရောက်တော့စိတ်လှုပ်ရှားတက်ကြွနေတဲ့ လူငယ်နှစ်ယောက်လဲ ဂူထဲကြိုရောက်နေတဲ့ ရှောင်လုံနဲ့ မျောက်လေးကိုမြင်တော့ အရမ်းကိုအံအားသင့်သွားလေသည်။ သူတို့စိတ်ကူးထဲမှာက ဘယ်သူမှမရောကိသေးဘူးလို့ထင်ထားတာလေ.... အခုကလေးတယောက်နဲ့ မျောက်လေးတကောင်ကိုမြင်မှတော့ သူတို့ အံအားမသင့်ပဲ နေနိုင်ပါ့မလား..... ။

ဒါပေမယ့် ရှောင်လုံနောက်က သစ်ပင်ကြီးကိုလဲ မြင်ရော သူတို့မျက်လုံးတွေက လောဘအရောင်နဲ့တောက်ပလာကာ မျက်နှာတွေကလဲ ပြုံးရွှင်သွားလေသည်။

"....ဒါ... ဒါ.... စီကပ်သစ်ပင်ပဲကွ.... "

".... စီကပ်သစ်ပင်ကတကယ်ကိုမြေအောက်ဂူထဲမှာ ရှိနေတာပါလား... !"

လူငယ်နှစ်ယောက်ထဲက တယောက်က အကျယ်ကြီးအော်ရီလိုက်ကာ
".... ဟား....ဟား....ဟေ့ရောင် ဝူကန် မင်းကိုငါပြောတယ်မဟုတ်လား.... ရတနာကြေးမုံက အမှန်ပြောပါတယ်လို့..... စီကပ်ပင်က အခုမြေအောက်ဂူထဲမှာရှိနေပြီ....  ဒီစီကပ်သီးတွေနဲ့ဆို ငါတို့မြေကြီးအဆင့်၇သိုင်းသမားအဆင့်ကိုရောက်နိုင်ပြီကွ... "

"..... မင်းပြောတာမှန်တယ်.....ငါတို့နှစ်ကုန်ကျရင်ကျင်းပမယ့်
အပြင်တပည့်တွေ သိုင်းပြိုင်ပွဲကျရင်တော့ သေချာပေါက်ကို ထိပ်ဆုံးသုံးယောက်ထဲ ဝင်ပြီကွ ...."
ဝူကန်က အရပ်ရှည်ရှည်နဲ့လူငယ်ကို ပြန်ပြောလိုက်ကာ သူတို့နှစ်ယောက် ပျော်ရွှင်စွာနဲ့ အကျယ်ကြီးအော်ရီလိုက်ကျသည်။

  သူတို့နှစ်ယောက်လုံးက ရှောင်လုံတို့ကို ရှိတယ်လို့ကိုသဘောမထားပဲ စကားပြောလိုက် ရယ်မောလိုက်ရှိနေကျသည်။ သူတို့စိတ်ထဲမှာက
ရှောင်လုံတို့ကို စိုးရိမ်စရာမလိုတဲ့ ကလေးလေးတယောက်နဲ့ မျောက်လေးတကောင်လို့ သဘောထားထားပုံပဲ.... ။

သူတို့စိတ်ထဲမှာတော့ စီကပ်သစ်သီးဟာသူတို့အပိုင်လို့ သတ်မှတ်ထားပြီး ဖြစ်လေသည်။

ရှောင်လုံကလဲ ဘာမှဝင်မပြောသေးပဲ တိတ်တဆိတ်ပဲ အကဲခတ်နေလေသည်။ ရှောင်လုံ သူတို့ဝတ်လာတဲ့ ဝတ်စုံတွေကို စိတ်ဝင်တစား
ကြည့်ရှုနေကာ သူစိတ်ထဲမှာ ခန့်မှန်းလိုက်လေသည်
အင်း......  ဒီလူနှစ်ယောက်က ငါတို့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘေလုံ
နိုင်ငံမှာရှိတဲ့ ဖီးနစ်ကိုးကောင်တောင်ကြားဂိုဏ်းရဲ့ တပည့်ဂိုဏ်းသါးတွေပဲ ဖြစ်ရမယ်...... ။

ဖီးနစ်ကိုးကောင်တောင်ကြားက ဘေလုံနိုင်ငံမှာတော့ အင်အားကြီးထိပ်တန်းသိုင်းဂိုဏ်းတခုဖြစ်ပြီး ဘေလုံနိုင်ငံရဲ့ အင်အားအကြိးဆုံးတွေထဲကတခုလို့တောင်သတ်မှတ်နိုင်လေသည်။

သူတို့ခနလောက်ရယ်မောပြောဆိုပြီး နောက်ဆုံးမှာတော့ ဝူဂန်နဲ့
တခြားဂိုဏ်းသားက ရှောင်လုံတို့ကို ပြန်ပြီးအာရုံစိုက်လိုက်သည်။

".... ငါတို့ ဒိကလေးကိုဘယ်လိုလုပ်လိုက်ရမလဲ... ?"
ဝူဂန်က မေးလိုက်ကာ
"....သူတို့ဒိလိုဘယ်လိုလုပ်ပြီရောက်လာတာလဲ.... ?"
"... သူတို့မိသားစုနဲ့ ခရီးထွက်လာရင် လမ်းပျောက်ပြီးတော့ ဒီနေရာကိုမတော်တဆ ရောက်လာတာများလား... ?"

တခြားဂိုဏ်သား ချန်ယွမ်က ခနဲ့လိုက်ကာ
"....သူဘာသာဘယ်ကလာလာ မင်းဘာလို့ ဂရုစိုက်နေတာလဲဟ.... ဘယ်လိုပဲ ဖြစ်ဖြစ်ဒိလျှို့ဝှက်ချက်က ပေါက်ကြားသွားလို့မဖြစ်ဘူးဆိုတာမင်းသိတယ်မလား.....  ဒီစီကပ်အပင်က တနှစ်ကို အသီတရာလောက်လောက်သီးတယ်လေ..... ဒီအသီးတွေနဲ့ဆို
ငါတို့နောက်ဆယ်နှစ်အတွင်း မြေကြီးအဆင့်၈ သိုင်းသမား ဖြစ်နိုင်ပြီမဟုတ်လားကွ..... ?"
သူကစကားဆုံးတာနဲ့ ချန်ယွမ်က ရှောင်လုံနားကို လမ်းလျှောက်လာလိုက်သည်။

ရှောင်လုံနဲ့ ဆယ်မီတာလောက်အကွာကိုရောက်တော့ သူကဓားအိမ်ထဲက ဓားရှည်ကိုထုတ်လိုက်ပြီး ရှောင်လုံကိုကြည့်ရင်းပြောလိုက်သည်
".... ကောင်လေး.... ့ပထမတော့ ဒီစီကပ်သစ်ပင်ကိုရှာတွေ့တဲ့ မင်းကံကမဆိုးဘူးလို့ပြောရမယ်....  ဒါပေမယ့် ကြည့်ရတာ မင်းစီကပ်သီးတွေတေယ်တော်များများ စားထားပုံပဲ....  အသီးအရသာကဘယ်လိုနေလဲကွ ....ပြောပါအုံး.....? စားလို့မှကောင်းရဲ့လားကွ... ?
မင်းငါတို့နဲ့တွေ့တာကံဆိုးတာပဲ..... အခုတော့ ဒီအသီတွေအကုန်လုံး
ကိုငါတို့ပိုင်သွားပြီလေ..... !"

"....အဲ့တော့ မင်းတို့လုပ်စရာကတခုပဲ ရှိတော့တယ်.....အဲ့ဒါဘာလဲဆိုတော့   သေမင်းဆီကိုသွားပြီး နောက်ဘဝကျရင် ငါတို့ရင်ဆိုင်မတွေ့ပါစေနဲ့လို့ သွားဆုတောင်းဖို့ပဲကွ..... "
ပြောပြီးတာနဲ့ ချန်ယွမ်က သူလက်ထဲက ဓားရှည်ကြီးနဲ့ ရှောင်လုံလည်ပင်းတဲ့တဲ့ကို ထိုးစိုက်လိုက်လေသည်။

".... မစိုးရိမ်ပါနဲ့ကွာ.... ငါဓားတချက်ပဲသုံးမှာပဲ..... မင်းနာကျင်ဆိုတာကိုတောင် သိလိုက်မှာမဟုတ်ပါဘူး...."

ချန်ယွမ်ကိုင်ထားတဲ့ ဓားရှည်က ရှောင်လုံလည်ပင်းကို ထိုးစိုက်တော့မယ့်အချိန်မှာပဲ ချန်ယွမ်ဓားက လမ်းတဝက်မှာရပ်တန့်သွားလေသည်။ ချန်ယွမ်မျက်နှာတခုလုံး တောင့်တင်းသွားကာ သူမျက်နှာကမယုံ
ကြည်နိုင်တဲ့ပုံပေါ်နေလေသည်။ ဘာလို့လဲဆိုတော့ သူ့ဓားရှည်ရဲ့ထိပ်ကို ရှောင်လုံက လက်နှစ်ချောင်းထဲနဲ့ ညှပ်ပြီးဖမ်းထားတာကို မြင်လိုက်လို့ပဲ ဖြစ်သည်။

သူအံသြမင်သက်နေတုံး ရှောင်လုံကရုတ်တရက် ဖျက်ကနဲပျောက်ကွယ်သွားကာ အေးစက်စက်ဓားအလင်းတန်းတချက် ပြန်ပေါ်လာလေသည်။

ချန်ယွမ်ခန္ဓာကိုယ်က မတ်တပ်ရပ်လျက်ပဲ ရှိနေပြီး သူ့မျက်လုံးတွေကတော့ တဖြည်းဖြည်းအိကျကာ အရောင်မှိန်သွားသည်။ အဲ့နောက်မှာတော့ သူခန္ဓာကိုယ်ကြီးက မြေကြီးပေါကို ရုတ်တရက်လဲပြိုသွားတော့သည်။

"... မင်းမှန်တယ်....  ဓားတချက်ထဲပဲ.... နာကျင်တယ်ဆိုတာတောင်သိလိုက်မှာမဟုတ်ပါဘူး... "
ရှောင်လုံက မထီတရီပြုံးကာ မြေကြီးပေါ်ကိုလဲကျသွားတဲ့ ချန်ယွမ်ကိုကြည့်ရင်းပြောလိုက်လေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၆၅ ..... မြို့တော်သို့အပြန်

  ချန်ယွမ် ခန္ဓာကိုယ်ကြီးက မြေကြီးပေါ်ကို ဘိုင်းကလဲ လဲကျသွားကာ
သူ့လည်ပင်းက ကနေ သွေးတွေ ပန်းထွက်လာတော့သည်။

"....ချန်ယွမ်... "
မလှမ်းမကမ်းနေရာ က ဝူဂန်က ချန်ယွမ် အဖြစ်အပျက်ကို မြင်လိုက်တော့ အသံကုန်အော်လိုက်လေသည်။ သူအော်နေတဲ့အချိန်မှာပဲ
ရှောင်လုံကတော့ သူ့နားကိုတဖြည်ဖြည်း လမ်းလျှောက်လာလိုက်သည်။

"....မင်း... မင်း.... "
ဝူကန်ရဲ့ မျက်နှာက တုန်လှုပ်ခြောက်ခြားမှု အပြည့်နဲ့ သူခြေထောက်တွေကလဲ နောက်ဆို တဖြည်းဖြည်းချင်းဆုတ်သွားလေသည်။
အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲ ဝူကန်စိတ်ထဲမှာတော့ ချန်ယွမ်တယောက်
ဆယ်နှစ်သား ကလေးလေးရဲ့ လက်ထဲမှာ သေသွားရတာကို မယုံနိုင်အောင်ဖြစ်နေလေသည်။
ဘာကြောင့်လဲဆိုတော့ ချန်ယွမ်ကိုယ်တိုင်ကလဲ သူနဲ့အဆင့်တူ
မြေကြီးအဆင့် ၆အထွတ်အထိပ်ကိုရောက်နေတဲ့ သိုင်းသမားဖြစ်နေလို့ပဲ...... ။

"... မင်း... မင်း လူမှဟုတ်ရဲ့လား... "
ဝူဂန်က သူကိုလာနေတဲ့ ရှောင်လုံကို တုန်လှုပ်ခြောက်ခြားနေတဲ့ လေသံနဲ့ အော်မေးလိုက်သည်။

".... ငါလူဟုတ်မဟုတ်ဆိုတာ မင်းမမြင်ဘူးလား.... "
ရှောင်လုံ က ဝူကန်နဲ့ ပိုနီးအောင်လျှောက်လာကာ တည်တည်ငြိမ်ငြိမ့အမူအရာနဲ့ပဲ ပြန်ဖြေလိုက်သည်။ ဝူဂန်လဲ ရှောင်လုံက ပိုပြီးတည်ငြိမ်လေလေ သူပိုကြီး ကြောက်လန့်လာလေပဲ ဖြစ်သည်။

ဝူဂန်လဲ ရှောင်လုံလဲ စကားမှာ သူကိုအပြတ်ရှင်းတော့မယ့် အရိပ်အျယာင်တွေကို ခံစားလိုက်မိတဲ့အခါ ချက်ချင်းနောက်ကိုလှည့်ပြီး
လေးညှို့ကနေ ထွက်လာတဲ့ မြားတစင်းလို့ ဂူပေါက်ဝကို ထွက်ပြေးဖို့
ကြိုးစားလိုက်လေသည်။

ဒါပေမယ့် သူဂူအဝမရောက်ခင်မှာပဲ ပုံသဏ္ဍန်တခုက သူရှေ့မှာ ပိတ်ရပ်နေနှင့်ပြီးဖြစ်လေသည်။ သူရှေ့ကနေ အရမ်းကိုကြမ်းတမ်းပြင်းထန်လှတဲ့ အရှိန်အဝါတွေကြောင့် ဝူဂန်လဲ ကြောက်ကြောက်လန့်လန့်နဲ့ပဲ နောက်ကိုပြန်ဆုတ်လိုက်လေသည်။

သူနဂိုမူလနေရာကို ပြန်ရောက်တော့ တကယ်တမ်း သူလမ်းကို ပိတ်ဆို့ထားတဲ့ ပုံသဏ္ဍန် က မျောက်လေးတကောင် ဖြစ်နေတာကို မြင်လိုက်ရသည်။

ဝူဂန် ကြောက်ကြောက်လန့်လန့်နဲ့ သူနဂိုနေရာကို ပြန်ဆုန်လာတာကိုတွေ့တော့ ခရမ်းရောင်မျောက်လေးက တကွိကွိနဲ့ သွားပေါ်အောင်ရယ်လိုက်လေသည်။ မျောက်လေး လုပ်ပြနေတာကိုကြည့်ရင်း
ရှောင်လုံလဲမရယ်ပဲ မနေနိုင်အောင်ဖြစ်သွားတော့သည်။

ဖီးနစ်ကိုးကောင်တောင်ကြားဂိုဏ်းရဲ့ ဂိုဏ်းသားကတော့ မျောက်လေးပြောတာကို နားလည်လား နားမလည်လား မသိပေမယ့်
ရှောင်လုံကတော့ မျောက်လေးဘာပြောချင်တယ်ဆိုတာကိုသိနေပြီးသားမဟုတ်လား... ။

တကယ်တော့ မျောက်လေး ပြောချင်တာက
".... မင်းထွက်ပြေးချင်တယ်ပေါ့.... ဆုတောင်းလေ.... မင်းထွက်မပြေးခင်.... မင်းပါးပါး မျောက်ဆီက အရင်ခွင့်ပြုချက်တောင်းပါအုံးလား...... "

ဝူဂန်က မျောက်လေးဆိုပြောချင်တဲ့ အဓိပ္ပါယ်ကိုနားမလည်ပေမယ့်
မျောက်လေး ရဲ့ ခရမ်းရောင်မျက်လုံးထဲက လှောင်ပြောင်ချင်တဲ့
အရိပ်အယောင်တွေကိုတော့ သူနားမလည်ပဲဘယ်နေမလဲ.... ။
တိရိစ္ဆာန် သေးသေးလေး တကောင်က သူကိုမခန့်လေးစားလုပ်နေတာမြင်တော့  ဝူဂန်လဲ သူဒေါသကိုမထိန်းချုပ်နိုင်တော့ပဲ သူ့အတွင်းအားကိုအစွမ်းကုန်ထုတ်လိုက်ကာ သူ့သိုင်းဝိညဉ်ကို ဆင့်ခေါ်လိုက်လေသည်။

ဝူဂန်ရဲ့ သိုင်းဝိညဉ်ကိုမြင်လိုက်တော့ ရှောင်လုံလဲ အရမ်းကိုအံသြ
သွားသည်။ ဝူဂန်ရဲ့ သိုင်းဝိညဉ်က ဖားပြုပ်အမျိုးအစား သိုင်းဝိညဉ်ဖြစ်ပြီး သူမှာ အမြီးပါနေတာလေးတခုပဲ ပိုပြီးထူးဆန်းနေကာ တခြားအစိပ်အပိုင်းတွေကတော့ ဖားပြုပ်နဲ့ တပုံစံထဲ ဖြစ်သည်။

".... ဒါ ဘယ်လို အမျိုးအစား သိုင်းဝိညဉ်ကြီးလဲ... ?"

ရှောင်လုံ ကြယ်စကြာဝဠာကျောင်းရဲ့ စာကြည်တိုက်မှာ သိုင်းဝိညဉ်တွေအကြောင်းရေးသားထားတဲ့ စာအုပ်တွေအများကြီးကိုဖတ်ခဲ့ပေမယ့်
ဒီလိုပုံစံနဲ့ သိုင်းဝိညဉ်ကိုတော့ သူမမြင်ဘူးချေ..... ။

ဒါပေမယ့် ဒီသိုင်းဝိညဉ်ကမ္ဘာကြီးမှာက သိုင်းဝိညဉ်တွေက ပုံစံမျိုးစုံနဲ့ မရေမတွက်နိုင်အောင် ရှိကျလေသည်။ အဲ့ထဲမှာမှ မျိုးကွဲသိုင်းဝိညဉ်တွေလဲ အများအပြားရှိကာ အသက်တထောင်လောက်ရှည်တဲ့
စကြာဝဠာအဆင့်သိုင်းသမား ဆိုရင်တောင် ဒိသိုင်းဝိညဉ်တွေအကုန်လုံး သိနေဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ ဖြစ်လေသည်။

ဝူကန်လဲ သူ့သိုင်းဝိညဉ်ကို ဆင့်ခေါလို့ပြီးတာနဲ့ သူ့ဓားရှည်နဲ့ ရုတ်တရက် ခရမ်းရောင်မျောက်လေးကို လှမ်းပိုင်းလိုက်လေသည်။

".... မြစ်ကမ်းဘေးက နေဝင်ချိန်... "

ဓား အရိပ်အလင်းတန်းတွေက ဖြာထွက်လာပြီ မြေကြ်ီးနဲ့ နစ်ဝင်သွားလေသည်။ ဓားအလင်းတန်းတွေက ကြည့်ရတာတော့ ညင်သာတဲ့ ပုံရှိပေမယ့် သူထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ရောင်ဝါ
လက္ခဏာတွေက ပုန်းအောင်းကာ တည်ရှိနေသည်။

ခရမ်းရောင်မျောက်လေးက သူကိုခုတ်ပိုက်းလာတဲ့ ဓားချက်ကိုမြင်ျတာ့ ပြုံးလိုက်ကာ နောက်ဆုတ်ကမယ့်အစား ရှေ့ကိုခုန်ထွက်လိုက်ကာ သူ့ရဲ့ ချွန်မြနေတဲ့ လက်သည်းနှစ်ဖက်နဲ့ ပြန်ပုတ်လိုက်လေ
သည်။

ရှောင်လုံက တိုက်ပွဲကိုဝင်ပါဖို့ စိတ်ကူးမရှိပဲ သူနေရာမှာပဲ အေးအေးဆေးဆေး ရပ်နေလေသည်။ ဖီးနစ်ကိုကောင်တောင်ကြားက သိုင်းသမားက အခုမှ မြေကြီးအဆင့်၆ အထွတ်အထိတ်အဆင့်ပဲ ရှိသေး
ပြီး အဆင့်၇ ကို မရောက်သေးဘူးတာကိုမြင်တော့ ရှောင်လုံက
ဝင်ပါဖို့ စိတ်ကူးမရှိပဲ ပွဲကြည့်ပရိတ်သတ်ပဲ လုပ်နေတော့သည်။
ဒီကြားထဲမှာ ခရမ်းရောင်မျောက်လေးနဲ့ မိစ္ဆာသားရဲကြီးတွေကို အတူတူ အမဲလိုက်ခဲ့ဘူးတော့ ရှောင်လုံက မျောက်လေးရဲ့ အစွမ်းကိုသိနေလေသည်။ ဒိလောက်ကတော့ ခရမ်းရောင်မျောက်လေးက သူ့ဘာသာ ကိုင်တွယ်ဖြေရှင်နိုင်တယ်မဟူတ်လား.... ။

ရှောင်လုံ ခန့်မှန်းချက်ကမှန်လေသည် ။တိုက်ပွဲစပြီး သိပ်မကြာခင်
သိပ်မကြာခင်ပဲ ဝူဂန်ရင်ဘတ်က မျောက်လေး လက်သည်းတွေနဲ့မိတ်ဆက်မိပြီး သွေးတွေပန်းထွက်လာလေသည်။

သူရင်ဘတ်မှာ ကုတ်ခြစ်ရာကို ကြည့်ရင်း ဝူဂန်ရဲ့စိတ်က တုန်လှုပ်တာရော ဒေါသဖြစ်တာရော တချိန်ထဲဖြစ်သွားလေသည်။ မျောက်ျလးကလဲ အချိန်ဆိုင်းမနေပဲ ရှေ့ကိုခုန်ထွက်ကာ နောက်တခါ ကုတ်
ဆွဲလိုက်ပြန်သည်။

".... စောက်တိရိစ္ဆာန်....  မင်းဦးနှောက်ကိုဖောက်ပြီး အရက်နဲ့ မြည်းပစ်ကွ..... "
ဝူဂန်က ဒေါသတကြီးနဲ့ သူဓားရှည်နဲ မျောက်လေးကိုလှမ်းထိုးလိုက်ပြန်သည်။ ဝူဂန်ရဲ့ ဓားအလင်းတန်းတွေက တောက်ပလာကာ နေမင်းကြီးလိုလည်ပတ်နေပြီး မျောက်လေးလဲ မတတ်နိုင်ပဲ နောက်ကိုခြေတလှမ်းဆုတ်လိုက်ရသည်။ အဲ့ဒါကိုအခွင့်ကောင်းယူပြီး ဝူဂန်က
ဖျက်ကနဲဆိုသလို ပွင့်နေတဲ့ ဂူပေါက်ဝကနေ ထွက်ပြေးဖို့ ကြိုးစားလိုက်ပြန်သည်။

ဒါပေမယ့်.....  ဘေးနားမှာ ရပ်ပြီး ပွဲကြည့်နေတဲ့ ရှောင်လုံက
ဝူဂန်ကိုအလွတ်ခံပါ့မလား...... ?
ဝူဂန်ရဲ့ အကြံအစည်ကိုမြင်လိုက်တာနဲ့ ရှောင်လုံက သူမူလရပ်နေတဲ့
နေရာကနေ ဖျက်ကနဲ့ ပျောက်ကွယ်သွားကာ သူပြန်ပေါ်လာတော့
ဝူဂန်ရဲ့ ပြေးလမ်းကိုပိတ်နှင့်ပြီးသား ဖြစ်လေသည်။

".... စောက်ကောင်လေး..... ဖယ်စမ်း... "
ဝူဂန်က အဆုတ်ကွဲမတတ်အော်ဟစ်လိုက်ရင်း ရှောင်လုံကိုဓားရှည်နဲ့
ထိုးချလိုက်သည်။

ရှောင်လုံကတော့ ဝူဂန်ကိုအေးစက်စက်နဲ့ ကြည့်လိုက်ကာ အဲ့နောက်မှာတော့ သူလက်ထဲမှာသိမ်းထားတဲ့ နတ်ဓားနှစ်လက်က သူလက်ဝါးပေါ်ရောက်လာပြီး ရှောင်လုံဆီကနေ ရေခဲတမျှအေးစက်နေတဲ့ ရေရွတ်သံထွက်ပေါ်လာလေသည်
".... နတ်မျက်ရည် သိုင်းကွက်.... "
အဲ့နောက် ရှောင်လုံက လေထဲကိုခုန်လိုက်ကာ အောက်ကဝူဂန်ကို
သူ့နတ်ဓားတွေနဲ့ ပိုင်းချလိုက်လေသည်။

ဝူဂန်ရဲ့ တုန်လှုပ်ခြောက်ခြားနေတဲ့ မျက်လုံးတွေအောက်မှာပဲ များပြားလှတဲ့ ဓားအလင်းတန်းတွေကရက်စက် ကြမ်းတမ်းလှတဲ့ မိုးမုန်တိုင်းအဖြစ်ကိုပြောင်းလဲသွားပြီး မီတာခြောက်ဆယ်လောက်ကျယ်ဝန်သွားကာ ဝူဂန်တကိုယ်လုံးကိုလဲ လွှမ်းခြုံသွားလေသည်။

လေထဲကို ခုန်ပြီး နတ်မျက်ရည်သိုင်းကွက်ကိုထုတ်သုံးလိုက်တဲ့ ရှောင်လုံလဲ မြေကြီးပေါ်ကို ပြန်ကျလာပြီး သူလက်ထဲက နတ်ဓားနှစ်လက်ကို သူလက်ဖျံထဲမှာ ပြန်သိမ်းလိုက်လေသည်။

ကြမ်းတမ်းပြင်းထန်တဲ့ မိုးမုန်တိုင်း ဓာအလင်းတန်းတွေက တဖြည်းဖြည်း အရောင်မှိန်သွားတော့သည်။

မျက်လုံးထဲမှာ ကြောက်ရွံ တုန်လှုပ် ခြောက်ခြားမှုတွေပေါ်နေတဲ့
ဝူဂန်လဲ မြေကြီးပေါ်ကိုလဲကျသွားလေသည်။ ဝူဂန်ခန္ဓာကိုယ်တခုလုံး
သွေးတွေပန်းထွက်နေတဲ့ အပေါက်သေးသေးလေးတွေနဲ့ ပြည့်နှက်နေတာကိုမြင်တွေ့လိုက်ရသည်။ ကြည့်ရတာ ထက်ရှတဲ့ဓားမိုးရေစက်တွေက ဝူဂန်ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတဲ့ ပုံစံပဲ..... ။

ဝူဂန်ခန္ဓာကိုယ်တလုံး အပေါက်တရာထက်မနဲရှိကာ တကယ်ကို
သေချင်းဆိုး သေသွားတာပဲ ဖြစ်လေသည်။ (😁)

  မြေကြီးပေါ်မှာလဲလျောင်းနေတဲ့ ဝူဂန်ရဲ့ ကိုယ်ထဲကနေ နတ်ဆိုးအော်သံတခုကရုတ်တရက်ထွက်ပေါ်လာကာ ခနနေတော့ ပြန်လည်ပျောက်ကွယ်သွားလေသည်။

ဝူဂန်ရဲ့ တုန်လှုပ်ခြောက်ခြား မျှော်လင့်ချက်ကင်းမဲ့နေတဲ့ မျက်လုံးတွေကိုကြည့်ရင်း ရှောင်လုံက မထီတရီလေးပြုံးပြီး
".... စီကပ်အသီးက တကယ်ကိုအရသာရှိတာပဲ....  မင်းမစားရလိုက်တာတော့စိတ်မကောင်းပါဘူးကွာ... "

တကယ်ဆို ဝူဂန်နဲ့ ချန်ယွမ်တို့နှစ်ယောက်က သူ့ကိုသတ်ဖို့မကြိုးစားခဲ့ဆိုရင်တောင် ရှောင်လုံက သူတို့နှစ်ယောက်ကိုတော့ ဒီနေရာကနေ အသက်ရှင်ရက်ထွက်သွားဖို့ ဘယ်ခွင့်ပြုနိုင်မလဲ.... ။

သူတို့နှစ်ယောက်စစချင်းကပြောခဲ့သလိုပဲ ဒီမြေအောက်လှိုဏ်ဂူထဲမှာ
ရှိတဲ့ စီကပ်သစ်ပင်ကြီးအကြောင်းကို သတင်းပေါက်ကြားခံဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။

စီကပ်အသီးက ရှောင်လုံ အရင်နှစ်ကစားခဲ့တဲ့ ယန်အသီးနဲ့တောင်ဘှုင်းယှဉ် လိုမရတောင်ပိုပီးတန်ဖိုးရှိလေသည်။ ပြီးတော့ စိကပ်သစ်ပင်ကတကယ့်ကိုရတနာတွင်းကြီးမဟုတ်လား  ။ သူကတနှစ်ကို စီကပ်သီးအလုံးတရာလောက် သီးပေးနိုင်တယ်ဆိုတော့ အတွင်းအားလေ့ကျင့်သူတွေအတွက်ဆိုရင် ရွှေထက်တောင်ပိုပြီးတန်ဖိုးရှိလေသည်။

  ဒီစီကပ်သစ်ပင်ရှိနေမယ်ဆိုရင် နောက်ဆိုရင် ရှောင်လုံတနှစ်ကိုနှစ်လလောက် ငွေလသစ်တောထဲမှာ သိုင်းအဆင့်တက်အောင်လေ့ကျင့်နိုင်ပြီမဟုတ်လား ။ စီကပ်သစ်ပင်ကအသီးတွေက သူ့အတွက်နှစ်လစာလောက်တော့ အေးဆေးဖူလုံလေသည်။

  ပိုပြီးအရေးကြီးတာက ဒီစီကပ်အသီးတွေက သူ့အဖေ သူ့အမေနဲ့
တခြား သူ့သွေသားရင်းတွေကိုလဲ သိုင်းအဆင့်တက်ရာမှာ အရမ်းကိုအထောက်အကူပြုနိုင်မှာပဲ ဖြစ်သည်။ သူ့ညီမလေး ဟောင်မင်ဆိုရင်လဲ အသက်၆နှစ် ပြည့်ခံနီးပြီမုိ့ မကြာခင်မှာ သူ့သိုင်းဝိညဉ်ကနိုးထလာတော့မှာလေ..... ဒီစီကပ်အသီးတွေက သူ့ညီမရဲ့ သိုင်းလေ့ကျင့်ရာမှာလိုအပ်တဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ရာမှာ ကောင်းကောင်းအကူအညီပေးနိုင်တယ်မဟုတ်လား ။

ခနလောက်ကြာတော့ ရှောင်လုံလဲ အလောင်းနှစ်လောင်းကိုမြေမြှပ်လိုက်ကာ အဲ့နားတဝိုက်ကို ခြေရာလက်ရာမကျန်အောင်ရှင်းလင်းလိုက်လေသည်။ သူ့အလောင်းတွေရဲ့ ကိုယ်ပေါ်က အတွင်းအားဆေးလုံးတွေ ရွေဒင်္ဂါးတွေနဲ့ ရတနာကြေးမုံလို့ခေါ်တဲ့ စာအုပ်တအုပ်ကိုလဲ
ရှာတွေ့လိုက်သည်။

ရှောင်လုံလဲ စိတ်ဝင်စားသွာကာ စာအုပ်ကိုလှန်ကြည့်လိုက်တော့ ဒီစာအုပ်က သိုင်းကျမ်းစာအုပ်လိုမျိုး မဟုတ်ပဲ စာအုပ်ထဲမှာက ကမ္ဘာကြီးရဲ့ ထူးခြားဆန်းပြားတဲ့ ရတနာအမျိုးမျိုးအကြောင်းကို မိတ်ဆက်
ဖော်ပြထားလေသည်။ ပြီးတော့ စာအုပ်ထဲမှာ ရတနာတွေဘယ်နေရာမှာ ပေါ်ပေါက်လာနိုင်မယ်ဆိုတာရယ် သူရဲ့အသုံးဝင်ပုံ အကျိုးအပြစ်တွေကို သေချာစွာ ရှင်းလင်းဖေါ်ပြထားလေသည်။

ဒါပေမယ့် စာအုပ်က ရတနာတွေရှိနိုင်မယ်နေရာကို အနီးစပ်ဆုံးခန့်မှန်းရေးသားထားတာပဲ ဖြစ်ပြီး ရတနာတွေတကယ်တမ်းရဖို့ကတော့
ရှာဖွေသူရဲ့ ဇွဲလုံလဝီရီယနဲ့ သာအဓိကသက်ဆိုင်တယ်မဟုတ်လား။

ရှောင်လုံလဲ ခြေရာလက်ရာတွေကိုသေချာဖျောက်ဖျက်ပြီးတဲ့နောက်မှာတော့ သီကပ်သစ်ပင်ပေါက အသီအားလုံးကိုခူးဆွတ်လိုက်ကာ
သူ့ရဲ့နတ်လက်စွပ်ထဲကိုထဲ့ပြီးသိမ်းဆည်းလိုက်သည်။ အဲ့နောက်မှာတော့ မျောက်လေးနဲ့အတူ မြေအောက်လှိုဏ်ဂူကြီးထဲကနေ ထွက်လာကာ ငွေလသစ်တောရဲ့ တောပိုနက်တဲ့ နေရာကို တိုးဝင်ပျောက်ကွယ်သွားလေသည်။

မြေအောက်လှိုဏ်ဂူကြီးထဲမှာ ပြစ်ပျက်ခဲ့တဲ့ အပြစ်အပျက်ပြီးတလလောက်ကြာတော့ ငွေလသစ်တောကြီးရဲ့ တနေရာက ရေကန်တခုထဲမှာ လူကလေးတယောက်က ကိုယ်တုံးလုံးနဲ့ ရေကူးနေသည်။ ရေကန်ကြီးတခုလုံးက ရေတွေရဲ့ အရောင်က စိမ်းမြနေကာ မြင်တွေ့သူအပေါင်းကိုစိတ်ကြည်နူးသွားပြီး ရေကူချင်စိတ်ပေါ်လာအောင် စွမ်းဆောင်နိုင်စွမ်းရှိလေသည်။ ရေကန်ထဲမှာ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်စွာ
ရေကူးခပ်နေတဲ့ကောင်လေးကတော့ ရှောင်လုံပဲ ဖြစ်ပါသည်။

ရှောင်လုံက အသက် ၁၀ နှစ်ပဲ ရှိသေးပေမယ့် သူ့ခန္ဓာကိုယ်ကတော့မာဆယ် ကြွက်သားတွေနဲ့ သေသေချာချာကိုဖွံထားနေလေသည်။
ရုတ်တရက် မျောက်လေးတကောင်က ရေကန်အောက်ကနေ ပေါ်ထွက်လာသည်။ မျောက်လေးက ရေပေါ်ပြန်ပေါ်လာတာနဲ့ တကွိကွိအသံပြုရင်း သူလက်လေးနှစ်ဖက်ကိုစုပြီး ရှောင်လုံကို ရေနဲ့ လှမ်းပက်လိုက်သည်။

ရှောင်လုံလဲ ညဏ်များတဲ့ အပြုံးပြုံးလိုက်ရင်း သူကိုယ်ကိုလှည့်ပတ်ပြီ သူကိုတိုက်ခိုက်လာတဲ့ ရေတွေကို ရှောင်လိုက်ကာ သူလက်ဝါးနဲ့ ရေပြင်ကိုရိုက်ချလိုက်ပြီး မျောက်လေးကိုရေနဲ့ ပြန်ပက်လိုက်သည်။ အဲ့လိုနဲ့ လူလေးတယောက်နဲ့ မျောက်လေးတကောင်ဟာ ငွေလသစ်တော်ကြီးရဲ့တောနက်ထဲမှာ ပျော်ရွှင်စွာရေကစားနေကျလေသည်။

တနာရီလောက်ကြာတော့ ရှောင်လုံလဲ ရေကန်ထဲမှာ ကစားနေတာကိုရပ်ပြီး ကမ်းကိုပြန်ကူးခပ်လာကာ ခန္ဓာကိုယ်ကို ခြောက်ခံလိုက်ပြီး အဝတ်အစားတွေပြန်ဝတ်လိုက်လေသည်။

အခုဆိုသူနန်တွင်းမြို့တော်ကနေထွက်လာတာ လေးလတောင်ကျော်နေပြီမဟုတ်လား ။ မြို့တော်ကို ပြန်ဖို့အချိန်တန်ပြီလေ ။
ရှောင်လုံက သူ့ဘာသာသူစဉ်းစားလိုက်ကာ
အင်း..... ငါအချိန်ချိန် အမြန်ပြန်မှ ကြယ်စကြာဝဠာကျောင်းကကျင်းပတဲ့ နှစ်ကုန်စာမေးပွဲကိုမှီမှာပဲ..... ။

ငွေလသစ်တောထဲမှာ ပြင်းပြင်းထန်ထန်ကို လေ့ကျင့်လိုက်တာဟာ ရှောင်လုံကို မြေကြီးအဆင့်၆ အလယ်အထွတ်အထိပ်အဆင့်ကိုရောက်သွားစေပြီး သူမြေကြီးအဆင့်၆ နောက်ဆုံးအဆင့်ကိုရောက်ဖို့
ခြေတလှမ်းပဲ လိုတော့လေသည်။

အဲ့လိုနဲ့ ရှောင်လုံနဲ့ မျောက်လေးတို့ရဲ့တောထဲကနေ မြို့အပြန်ခရီးက စတင်ပါတော့သည်။

ဆယ်ရက်လောက်ကြာတော့ ရှောင်လုံနဲ့ ခရမ်းရောင်မျောက်လေးက လူတောင်းနန်တွင်းမြို့တော်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မြို့အဝင်တံခါးရှေ့ကို ပြန်လည်ရောက်ရှိလာလေသည်။ ရှောင်လုံလဲ မြို့အဝင်တံခါးထိပ်မှာ ရေးသားထားတဲ့ လူတောင်းနန်တွင်းမြို့တော်ဆိုတဲ့
စကားဆုံးကိုကြည့်ရင်း မဖော်ပြနိုင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာလေသည်။

လူတောင်းမြို့ကြီးရေ..... ငါနောက်ဆုံးတော့ပြန်လာပြီကွ......

မြို့အဝင်တံခါးကိုကျော်ဖြတ်ပြီးတာနဲ့ လူလေးတယောက်နဲ့ မျောက်ျလးတကောင်ဟာ ရှုပ်ရှက်ခတ်နေတဲ့ မြို့လုထူနဲ့ဆိုင်တွေကြားမှာညတိုးဝင်ပျောက်ကွယ်သွားလေသည်။

ရှောင်လုံက မြို့တံခါးကိုဖြတ်သန်းပြီးတာနဲ့ ထျန်ယွမ်အိမ်တော်ကိုပြန်မယ့် အစား ကြယ်စကြာဝဠာကျောင်းဆီကို ဦးတည်ပြီးသွားလိုက်သည်။

ရှောင်လုံ ကြယ်စကြာဝဠာကျောင်းရဲ့ ရင်ပြင်ကျယ်ကြီးဆီကိုရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် လီလူနဲ့ တည့်တည့်တိုးလေသည်။
လီလူက ရှောင်လုံကို အဝေးကနေ လှမ်းမြင်လိုက်တာဖြစ်ပြီး
"....ရှောင်လုံရေ.... ငါဒိမှာ.... "
ဟုအော်ကာပျော်ရွှင်စွာနဲ့  ရှောင်လုံနားပြေးလာပြီး အရင်လိုပဲ ရှောင်လုံလက်မောင်းကို ဖက်တွယ်လိုက်လေသည်။ ဖြတ်သွားဖြတ်လာကျောင်းသားတွေက အကုန်ဝိုင်းကြည့်ကျတော့ ရှောင်လုံလဲ ရှက်သွားကာ မချိပြုံးပြုံးလိုက်တော့သည်။

"... တော်ပြီ.... အဲ့လောက်ဆိုရပြီလေ... လူတွေဝိုင်းကြည့်နေကျပြီဟ..... "
ရှောင်လုံက လီလူကိုဖျောင်းဖျ စကားဆိုလိုက်သည်။
လီလူလဲ အဲ့ကျမှ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ရှက်သွားကာ
ရှောင်လုံလက်ကို ပြန်လွှတ်ပေးလိုက်သည်။

လီလူနဲ့ မတွေ့ရတာ လေးလကျော်ကျော်လောက်ပဲ ရှိသေးပေမယ့်
လီလူက အရပ်ပိုရှည်လာသည်။ သူမမျက်နှာက အရင်ကထက်ပိုမိုနူးညံလှပလာကာ သူမရဲ့ ပါးချိုင့်လေးနှစ်ဖက်ကလဲ လီလူပြုံးလိုက်တိုင်းကို မြင်ရတဲ့သူတိုင်းကို မှတ်မိစွဲလန်းသွားလေကာ သူမကိုပိုပြီလှပလာအောင် ကူညီပံပိုးပေးနေတော့သည်။ သူမရဲ့ ညဏ်ပညာရှိပြီး တောက်ပနေတဲ့ မျက်ဝန်းတောက်တောက်လေးတွေကလဲ သူမက ချစ်စရာကောင်းပြီး နွဲ့ဆိုးဆိုးတတ်တယ်ဆိုတာကို ဖော်ပြနေလေသည်။

လီလူလဲ ရှောင်လုံက သူမကို သေသေချာချာ ငေးကြည့်နေတာမြင်တော့ ရှက်သွားကာ ခေါင်းငုံလိုက်သည်။ သူမရဲ့ ပါးပြင်နှစ်ဖက်လုံကလဲ ရှက်သွေးဖြာကာ နီရဲလာလေသည်။

"..... ရှောင်လုံ.....  မနက်ဖြန်ကျရင် အတန်းနှစ်ကုန်စာမေးပွဲစပြီ
နင် ဂျန်းတန်ကို ဂရုစိုက်ရမယ်သိလား... "
လီလူက ခနလောက်ကြာတော့မှ ခေါင်းမော့ကာပြောလိုက်သည်
".... ဂျန်းတန်ကို နင်ပညာပေးပြီးလို့ သူဒဏ်ရာရသွားတော့ သူကိုကျောင်းအုပ်ကြီးနဲ့ လက်ထောက်ကျောင်းအုပ်ကြီးက ပြန်ကုသပေးခဲ့တယ်လေ...... ပြီးတော့ သူက ဒီလတွေအတွင်းမှာ သိုင်းပညာကို အရူးတယောက်လို ရူးရူးမူးမူးကိုလေ့ကျင့်နေတာ ...... အရမ်းလဲ တိုးတက်လာတယ်....  သူကအခုဆို မြေကြီးအဆင့်၄နောက်ဆုံး အထွတ်အထိပ်အဆင့် သိုင်းသမားတောင့်ဖြစ်နေပြီ... "

မြေကြီးအဆင့်၄ နောက်ဆုံးအဆင့် အထွတ်အထိပ်သိုင်းသမား... !
ရှောင်လုံလဲ လီလူစကားကြားတော့ နဲနဲလောက်တော့အံသြသွားလေသည်။ ဒိကောင်လေး ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ မြေကြီးအဆင့်၄
နောက်ဆုံးအဆင့် အထွတ်အထိပ်သိုင်းသမား ဖြစ်လာမယ်လို့ သူမထင်ထားခဲ့ဘူးလေ... ။

ရုတ်တရက် ကျောင်းရဲ့ ထောင်ချိုးတနေရာကနေ ဂျန်းတန်က သူအပေါင်းအပါတွေခြံရံပြီး သူ့ဆီလာနေတာကိုမြင်လိုက်တော့ ရှောင်လုံက သူတို့အုပ်စုကို မျက်မှောင်ကျုံရင်း  ကြည့်လိုက်လေသည်။

လီလူလဲ ရှောင်လုံရုတ်တရက် မျက်မှောင်ကျုံလိုက်တာမြင်တော့
သူမလဲ နောက်လှည့်ကြည့်လိုက်ကာ ဂျန်းတန်တို့ အုပ်စုကိုမြင်တော့ သူမချက်ချင်းကို အမူအရာပျက်သွားလေသည်။ ဂျန်းတန်ကိုအရမ်းကြောက်နေတဲ့ ပုံနဲ့ ရုတ်တရက် ရှောင်လုံနောက်ကျောမှာ ဝင်ပုန်းလိုက်လေသည်။

လီလူရဲ့ဖြစ်ပျက်သွားတဲ့ အမူအရာကိုကြည့်ရင်း ရှောင်လုံကပိုပြ်ိး
မျက်မှောင်ကျုံသွားလေသည်။

ဂျန်းတန်က ရှောင်လုံရှေ့ကိုရောက်တော့ ရပ်လိုက်ကာ ရှောင်လုံနေုက်မှာပုန်းနေတဲ့ လီလူက်ု လှောင်ပြုံးလေးနဲ့ ကြည့်ရင်း
".... မင်းပြန်လာပြီလို့ပြောသံကြားလို့ ငါထွက်လာကြည့်တာ....
မင်းတကယ်ကို ပြန်ရောက်လာတာပဲကွ.....  ဟောင်ရှောင်လုံ
မနက်ဖြန်ဆိုရင် ကျောင်းရဲ့နှစ်ကုန်စာမေးပွဲ စပြီလေ.....
ငါမင်းကို ထာဝရ နောင်တရသွားအောင်လုပ်ပြမယ်..... "
အဲ့နောက် သူ့လက်ညှိုးက လီလူကိုထိုးပြလိုက်ကာ သူ့အသံကျယ်ကျယ်နဲ့ တလုံးချင်းပြောလိုက်သည်
"....  မနက်ဖြန်စာမေးပွဲကျရင်လဲ....  မင်းသူကို အရင်အကြိမ်တုံး
ကလို ကယ်နိုင်သေးလားဆိုတာကို ငါစောင့်ကြည့်နေမယ်
ဟုတ်ပြီလား.... "

Continue Reading

You'll Also Like

175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
107K 1.6K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥
168K 25.7K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...