ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Af Azure5549

46.7K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Mere

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

51 - 55

353 29 0
Af Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၅၁.......တခုခုတော့ အကြီးအကျယ်ကိုဖြစ်တော့မယ်

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

    သူညီကိုပါ ခေါင်းဖြတ်သတ်မယ်လို့ကြားတာနဲ့ စစ်သူကြီးချုပ်ရဲ့ ဒေါသတာတမံက မထိန်းချုပ်နိုင်တော့ပဲ ကျိုးပေါက်သွားကာ အော်ပြီးအမိန့်ပေးလိုက်သည်
     "... ငါအမိန့်...  အခုချက်ချင်း တပ်မဟာ ဆယ်ခုပြင်ပြီး စကြာဝဠာကျောင်းကို ဝိုင်းဖို့ပြင်ဆင်ကျ.... "

  တပ်မဟာဆယ်ခု....  ဒါဆို စစ်သားအဟောက်တသိန်းပဲ.....!

စစ်သား တသိန်းနဲ့ စကြာဝဠာကျောင်းကို ဝိုင်းမယ်..... !

အဲ့ဒါကို ကြားတော့ ဟောက်ထျန်ကို အစီရင်ခံလိုက်တဲ့စစ်သားနှစ်ယောက်လဲ အရမ်းကို အံသြသွားလေသည် ( ဆေးထိုးတုံးက ထိုးပြီးတော့ 😁😁)

  " ... မင်းတို့က ဘာကြောင်ပြီး ရပ်နေတာလဲ ငါပြောတာမကြားဘူး
လား.... "
   စစ်သားနှစ်ယောက် အံသြမင်သက်ပြီး မလှုပ်ရှားသေးတာကို တွေ့တော့ စစ်သူကြီးက အော်ပြီးကြိမ်းမောင်းလိုက်လေသည်။

".. ဟူတ်...  ဟူတ်ကဲ့ စစ်သူကြ်ိး..."
  စစ်သားနှစ်ယောက်လဲ တုန်လှုပ်ခြောက်ခြားစွာနဲ့ စစ်သူကြီးအမိန့်ကို ပြင်ဆင်ဖို့ ထွက်သွားကျလေသည်။

  "... သံလက်သည်း သိမ်းငှက်... "
  သူတို့နှစ်ယောက် ထွက်သွားတာနဲ့ ဟောက်ထျန်လဲ ကောင်းကင်ကိုမျက်နှာမူကာ အကျယ်ကြီး အော်ခေါ်လိုက်သည်။ ဟောက်ထျန်အော်သံဆုံးသွားတာနဲ့ ကောင်းကင်ထက်ကနေ ကြီးမားတဲ့ မီးခိုးရောင် သိမ်းငှက်ကြီးက ကျယ်လောင်စွာ ဟိန်းသံပေးရင် ပေါ်လာလေသည်။

  အိမ်တော် အစောင့်တွေနဲ့ စစ်သားတွေလဲ သိမ်းငှက်ကြီးပေါ်လာတာကိုကြည်ရင်း သူတို့အမူအရာတွေ ချက်ချင်းပြောင်းလဲသွားကျကာ
တခုခုတော့သေချာပါက်ကို ကြီးကြီးမားမားဖြစ်တော့မှာပဲ.... !

  အရမ်းကို အရေးကြီးတဲ့ ကိစ္စကျမှ စစ်သူကြီးချုပ်က သူ့သိမ်းငှက်ကို ဆင့်ခေါ်တာမဟုတ်လား..... ။

".....  မြေကြီး အဆင့် ၈ နဲ့ အထက် စစ်သားအားလုံး စစ်မြေပြင်ကွင်းမှာ စုစည်းကျ... "
   အဲ့နောက်မှာ စစ်သူကြီး ဟောက်ထျန်ရဲ့ ကျယ်လောင်စွာ အမိန့်ပေးသံက အိမ်တော်တခုလုံးကိုလွှမ်းခြုံသွားလေသည်။

  စစ်ဖြစ်တော့မလို အရိပ်အယောင်တွေက အိမ်တော်တခုလုံးကို ပြည့်နှက်သွားတော့သည်။

ရှောင်လုံနဲ့ ဖေးဟိုလဲ သူတို့ခြံဝန်းတွေထဲကနေ စစ်သူကြီးဟောက်ထျန်အမိန့်ပေးတာကို ကြားလိုက်ကျသည် ။

"... ဘာဖြစ်တာလဲ မသိဘူး..  သွားကြည့်ရအောင်..."
  ရှောင်လုံနဲ့ ဖေးဟိုတို့ စစ်မြေပြင်ကွင်းဆီကို ရောက်လာတော့ စစ်သူကြီး ဟောက်ချန်က စစ်သားအယောက်တသိန်းကို ဦးဆောင်ပြီး ကြယ်စကြာဝဠာကျောင်းကို သွားဝိုင်းဖို့ အသင့်ဖြစ်နေတာကိုတွေ့လိုက်လေသည်။ အဲ့ဒါကို မြင်တာနဲ့ ရှောင်လုံလဲ စစ်သူကြီးချုပ်ရဲ့ ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်သွားသည်။

".. နေအုံး.... "
".... သခင်လေး... " ရှောင်လုံရောက်လာတာကိုတွေ့တော့ ဟောက်ထျန်လဲ သိမ်းငှက်ပေါ်ကနေ ဆင်းပြီး ရှောင်လုံကို အရိုအသေပေးလိုက်သည်။

".. ဟောက်ထျန်...  ငါဒီကိစ္စကို အကြီးကြီး မဖြစ်စေချင်ဘူး..."
ရှောင်လုံက သေချာစဉ်းစားပြီးပြောလိုက်သည်။ ဒီကိစ္စသာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရင် သူ့အတွက်ရော ဟောက်ထျန်အတွက်ရော မကောင်းနိုင်ဘူးမလား ။

သူထောက်ခံစာက ကြယ်စကြာဝဠာကျောင်းရဲ့ ကျောင်းအုပ်ဆီကနေ တဆင့်သွားတယ်ဆိုတာကို ရှောင်လုံကသိတော့ ဟောက်ထျန်နဲ့ ကျောင်းအုပ်ကြီးတို့က အရမ်းခင်မယ်ဆိုတာကိုလဲ နားလည်လိုက်သည်။ တကယ်လို့သာ စစ်သူကြီးဟောက်ထျန်က ဒီလောက်များတဲ့ စစ်သားတွေနဲ့ ကျောင်းကိုသွားဝိုင်းရင် သေချာတာကတော့ အရင်ဆုံး သူတို့အချင်းချင်း သေချာပေါက်ရန်သူဖြစ်သွားကျမှာမလား ။

ဒါအပြင် ကြယ်စကြာဝဠာကျောင်းကို ဒီလိုမျိုးအကြီးအကျယ်ဖိနှိပ်လိုက်ရင် ဟောက်ထျန်ရဲ့ ဂုဏ်သတင်းလဲ အရမ်းကို ကျဆင်းသွားနိုင်တယ်မဟုတ်လား ။

".. သခင်လေး...  " ဟောက်ထျန်က ထပ်ပြောချင်သေးပင်မယ့် ရှောင်လုံက ခေါင်းကိုခါရင်း
   " ... ဒီကိစ္စကို ဒိမှာပဲ ရပ်လိုက်တော့... "

".. အကိုကြီး...  သခင်လေးက ဒိလိုပြောနေမှတော့ ဒိကိစ္စကို ဒိမှာပဲ အဆုံးသတ်လိုက်ပါတော့... "
   ဖေးဟိုက ထပ်ပြီး ချော့ပြောလိုက်သည်။

    ဟောက်ထျန်က ဘာမှမပြောပဲ မလှုပ်မရက်အကြာကြီး ရပ်နေပြီးမှ  သက်ပြင်းအကျယ်ကြီးချလိုက်ပြီး
   "... ဟုတ်ကဲ့ သခင်လေး...  သခင်လေး အမိန့်ကို ကျွန်တော်မျိုး
နာခံပါ့မယ်... "
   အဲ့နောက် သူကစစ်သားတွေကို လူစုခွဲခိုင်းကာ မာရှယ်လောကို ပြန်ရုပ်သိမ်းလိုက်တော့သည်။

   အဲ့နောက် ရှောင်လုံ ၊ ဖေးဟိုနဲ့ ဟောက်ထျန်တို့လဲ မိန်းခန်းမထဲ ပြန်ထိုင်လိုက်ကျသည်။

  " ... ဂိုဏ်းချုပ်...  ဂိုဏ်းချုပ်က နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ
ဒါပေမယ့် ကျွန်တော့နယ်မြေဖြစ်တဲ့ ဒီလူတောင်းနိုင်ငံမှာတော့ ဂိုဏ်းချုပ်ကို ခနခန အသက်အန္တရယ်ချိန်းခြောက်ခံနေရတာဟာ ကျွန်တော်အပြစ်တွေပါ.... ကျွန်တော်ကို အပြစ်ပေးပါ... "
  အားလုံးထိုင်ပြီးတာနဲ့ ဟောက်ထျန်က ထိုင်နေရာကနေ ဒူးထောက်ချပြီး ပြောလိုက်လေသည်။

ရှောင်လုံက ချက်ချင်း ဟောက်ထျန်ကို လက်နှစ်ဖက်ကနေ ဖေးမပြီး
  "..... ဟောက်ထျန် အဲ့လိုမလုပ်ပါနဲ့ ထပါ..."

  "... ကျွန်တော်မျိုးကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ ဂိုဏ်ချုပ်... "
ဟောက်ထျန်ကကြမ်းပြင်မှာ ဒူးထောက်ရင်းပဲ ထပ်ပြောလိုက်သည်။

ရှောင်လုံလဲ ဖေးဟိုကို ကူရာကယ်ရာမဲ့သလို ကြည့်လိုက်တော့
ဖေးဟိုက ဝင်ပြောလိုက်သည်
  "... အကိုကြီး...  ဂိုဏ်းချုပ်က မတ်တပ်ရပ်ခိုင်းနေမှတော့ မတ်တပ်ရပ်လိုက်ပါ...  ပြီးတော့ ဒါတွေအားလုံးက အကို အပြစ်တွေကြီးပဲ
မဟုတ်ပါဘူး... "

  ဟောက်ထျန်က ခနလောက်တုန့်ဆိုင်းပြီးမှ နောက်ဆုံးတော့ မတ်တပ်ထရပ်လိုက်ကာ
   "... ဂိုဏ်ချုပ် ကို ကျေဇူးတင်ပါတယ်... "

နတ်တံခါးဂိုဏ်းမှက အရမ်းကိုတင်းကျပ်တဲ့ စည်းမျဉ်စည်းကမ်းတွေ
ရှိလေသည်။ တကယ်လို့ သာ ဂိုဏ်းချုပ်ဖြစ်တဲ့ ရှောင်လုံတယောက်
ဟောက်ထျန် နယ်မြေထဲမှာ ဒဏ်ရာရခဲ့ရင် ဟောက်ထျန်အတွက်
စဉ်းစားယုံနဲကို ကြောက်ဒူးတုန်သွားရမယ့်လောက်ထိကို ပြင်းထန်တဲ့ အပြစ်ဒဏ်တွေက စောင့်ကြိုနေတယ်မဟုတ်လား။ သူအသက်ကိုချမ်းသာပေးရင်တောင် သူ့သိုင်းပညာတွေအကုန်လုံးကိုတော့ ဖျက်စီးပစ်မှာပဲ ဖြစ်လေသည်။

ဟောက်ထျန် မတ်တပ်ရပ်တာမြင်တော့မှ ရှောင်လုံကမေးလိုက်သည်
   "... ဒါနဲ့ အကြီးအကဲ ယူမင်း  သတင်းရော  ရပြီလား... "

ရှောင်လုံ က ဖေးဟိုရဲ့ ဆရာက မိုဟီနိုင်ငံကိုခရီးဆက်သွားတာကိုသိတော့ ဟောက်ထျန်ကို အကြီးအကဲ ယူမင်းသတင်းကို စုံစမ်းပေးဖို့ အမိန့်ပေးထားလေသည်။

"... ဂိုဏ်းချုပ်....  အကြီးအကဲ ယူမင်းသတင်းတော့ ဘာမှမကြားရသေးပါဘူး...  ကျွန်တော်မျိုး စိုးရိမ်တာက သူ မိုဟီနိုင်ငံကနေ
တခြားနိုင်ငံကို ခရီးဆက်သွားပြီးလားဆိုတာပါပဲ... "
ဟောက်ထျန်က လေးလေးစားစား ပြန်ဖြေလိုက်သည်။

ရှောင်လုံလဲ စိတ်ပျက်သွားပေမယ့် ဒီလို ရလာဒ်မျိုး သူမျှော်လင့်ခဲ့ပြီးသားမဟုတ်လား။အကြီးအကဲ ယူမင်းက မိုဟီနိုင်ငံကို သွားတာနှစ်တွေအတော်ကြာပြီလေ သူအဲ့နိုင်ငံမှာပဲ ရှိနေဖို့ဆိုတာတော့ မသေချာ
နိုင်တဲ့ကိစ္စပဲ မဟုတ်လား.... ။

ရှောင်လုံဆရာ ရန်ဝူကောင်းက ရှောင်လုံအတွက် နတ်တံခါးဂိုဏ်းရဲ့
ဋ္ဌာနချုပ်မှာ သူလိုအပ်တဲ့ ပစ္စည်းတခု ချန်ထားခဲ့လေသည်။ အဲ့ဒါကလဲ ရှောင်လုံ နတ်အတွင်းအား နည်းစနစ်ကို ဆက်ပြီးလေ့ကျင့်ဖို့အတွက် အရမ်းကိုအရေးကြီးလေသည်။ ဒါကြောင့်မို့ ရှောင်လုံက ယူမင်းကို နတ်တံခါးဂိုဏ်းရဲ့ ဋ္ဌာနချုပ် ဘယ်မှာ တည်ရှိတယ်ဆိုတာကို စုံစမ်း
မေးမြန်းချင်လေသည်။

စစ်သူကြီးချုပ် ဟောက်ထျန်တောင် နတ်တံခါးဂိုဏ်းရဲ့ ဋ္ဌာနချုပ်ဘယ်မှာရှိတယ်ဆိုတာကို မသိဘူးမဟုတ်လား ။

ခနလောက်နေတော့ ရှောင်လုံလဲ မိန်းခန်းမထဲကနေ သူခြံဝန်းလေးဆီကိုပြန်လာလိုက်သည်။ သူခြံဝန်းထဲ ဝင်လိုက်တာနဲ့ အကောင်သေးသေးလေးတကောင်က သူပုခုံးပေါ်က်ုိ ခုန်တက်လာလေသည်။

".. ဟိတ်ကောင်လေး...  မင်းဒိရက်ပိုင်း ဘယ်တွေကို လျှောက်ပြီး လမ်းသလားနေတာလဲ... "
  ရှောင်လုံက သူဆီပြေးလာတဲ့ အကောင်လေးကို မြင်တော့ မရှောင်တော့ပဲ မေးလိုက်သည်။ ဟုတ်ပါတယ် အဲ့အကောင်လေးကတော့
ခရမ်းရောင်မျောက်လေးပဲ ဖြစ်ပါသည်။

ဒီရက်ပိုင်းအတွင်းမှာ ရှောင်လုံက ဒီကောင်လေးကို အရိပ်အယောင်တောင် မမြင်မိဘူးမဟုတ်လား။

"... ကြိ...ကြိ.. ကြိ..."
  ခရမ်းရောင် မျောက်လေးက ရှောင်လုံ မေးခွန်းတွေကို ကြားတော့
ခြေဟန်လက်ဟန်နဲ့ သေချာကို ဟန်ပါပါ ပြန်ပြောလေသည်။

  သူ့ကိုသေချာရှင်းပြနေတဲ့ မျောက်လေးကို ကြည့်ရင်း ရှောင်လုံလဲ
မအောင့်နိုင်တော့ပဲ ရီချလိုက်သည်။ ဒီကမ္ဘာမှာ သူတယောက်ပဲ ဒီကောင်လေးဘာပြောတယ်ဆိုတာကို နားလည်မယ်လို့ သူတွေးလိုက်သည်။

  ဒီသိုင်းဝိညဉ်ကမ္ဘာကြီးမှာက သိုင်းလေ့ကျင့်တဲ့ သားရဲတိရစ္ဆာန် တွေလဲ သူတို့လူစကားပြောနိုင်ဖို့အတွက် ကောင်းကင်အဆင့်ကိုရောက်ဖို့လိုအပ်လေသည်။ ဒီကောင်လေး စကားဖို့တော့ အတွက်တော့ အရမ်းကိုကြာအုံးမှာမလား  ဒါကြောင်မို့ မျောက်လေးက ရှောင်လုံကို ခြေဟန်လက်ဟန်နဲ့ပဲ ဆက်သွယ်နိုင်လေသည်။

ခနလောက်ကြာတော့ ရှောင်လုံလဲ မျောက်လေးကို တယောက်ထဲ ကစားနေဖို့ မှာပြီးသူကတော့ သိုင်းလေ့ကျင့်ဖို့ အခန်းကို ဝင်လိုက်
သည်။ အခန်းထဲရောက်တာနဲ့ ကျောက်စိမ်းကုတင်ကို ထုတ်ကာ အတွင်းအားနည်းစနစ်ကို စလေ့ကျင့်တော့သည်။ သူ့မြေကြီးအဆင့်၆ ရောက်ထဲက သူငရဲကနေ သိုင်းဝိညဉ်စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်းက နောက်တဆင့်ကိုထပ်ပြီး တိုးတက်လာလေသည်။

သူ့ရဲ့ အမြွှာနဂါးသိုင်းဝိညဉ်ကလဲ တဖြည်းဖြည်းနဲ့သိသိသာသာကို
ကြီးမားလာကာ အမဲရောင်နဂါးရဲ့ အကြေးခွံတွေက အနက်ရောင်နဲ့တောက်ပနေကာ အပြာရောင်နဂါးကတော့ တော်ဝင်အပြာရောင်နဲ့ ခန်
ထယ်နေလေသည်။

  အဲ့လိုနဲ့ သုံးရက်ဆိုတဲ့ အချိန်က ငြိမ်းချမ်းစွာကုန်ဆုံးသွားလေသည်။

  ဒီသုံးရက်အတွင်းမှာ ရှောင်လုံက သူရဲ့ ခွန်အားအသစ်တွေနဲ့ အသားကျဖို့ ကြိုးစားရင်း သူရဲ့ အတွင်းအားကီတွေကလဲ
သူသွေးကြောတွေထဲမှာ ပိုပြီး ချောချောမွတ်မွတ်ကို  လည်ပတ်နိုင်ကာ တဖြည်းဖြည်းပိုမို များပြားလာတော့သည်။

"... နောက်ဆုံးတော့  ကျောင်းစတက်ရမယ့်နေ့ကို ရောက်လာပြီပဲ..."
   ရှောင်လုံက အခန်းအပြင်ဘက်ကို ထွက်လိုက်ကာ နွေးထွေးလှတဲ့ နေရောင်ခြည်ကို ခံယူရင်း သူ့ဘာသာရေရွတ်လိုက်သည်။

ကျောင်း ပထမ နေ့.... !

ခနလောက်ကြာတော့ ရှောင်လုံလဲ ဖေးဟိုအပြင် ဟောက်ထျန်ထဲ့ပေးလိုက်တဲ့ အစောင့်လေးယောက်နဲ့ အတူ ကြယ်စကြာဝဠာကျောင်းဆီကို ဦးတည်ပြီးသွားလေသည်။ ဟောက်ထျန်က ရှောင်လုံ ကျောင်းမှာ
ဖြစ်ပျက်ခဲ့တာတွေကို သိပြီးနောက်မှာ ရှောင်လုံအတွက် အစွမ်းထက်တဲ့ အစောင့်နှစ်ယောက် ထပ်ပြီး ထဲ့ပေးလိုက်လေသည်
( ဆေးထပ်ထိုးမယ့် ကောင် နှစ်ယောက် ထပ်ပါလာပြီ.... 😁😁)

သိပ်မကြာခင်ပဲ သူတို့ကျောင်တံခါးဝကိုရောက်လာသည်။

ဖေးဟိုနဲ့ တခြားအစောင့်လေးယောက်ကလဲ ရှောင်လုံကို ကျောင်းတံခါးပေါက်ဝကိုရောက်တဲ့အထိကို အဖော်ပြုရင်း ပို့ဆောင်ပေးလေသည်။

ရှောင်လုံက တံခါးပေါက်ထဲကိုတော့ တယောက်ထဲဝင်လိုက်ပြီး
တခြားဖြတ်သွားဖြတ်လာ ဆရာတွေနဲ့ ကျောင်းသားတွေဆီကနေ သူတက်ရမယ့် အခန်းကို စုံစမ်းလိုက်သည်။ အဲ့နောက် သူတက်ရမယ့် အခန်းကို ဥိးတည်ပြီး လမ်းလျှောက်သွားလေသည်။

"... ရှောင်လုံ ... "
  သူအခန့်ထဲကို ဝင်လိုက်တာနဲ့ သူမမျှော်လင့်ထားတဲ့ ရင်းနီးနေတဲ့အသံက်ု ကြားလိုက်ရလေသည်။

ရှောင်လုံလဲ အသံလာရာကို ကြည့်လိုက်တော့ လီလူက သူ့ကို ပါးချိုင့်လေးနှစ်ဖက် ပေါ်အောင် ပြုံးပြရင်း တက်တက်ကြွကြ နဲ့ လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်နေတာကို တွေ့လိုက်ရသည်။

ရှောင်လုံလဲ ပြုံးပြလိုက်ကာ ရင်ဘက်ထဲမှာတော့ ကူရာကယ်ရာမဲ့သွားကာ
ငါတော့သေပါပြီကွာ ဒီရှုပ်ထုတ်လေးက ငါနဲ့ တခန်းထဲကို ကျနေတာပဲ .....!

ရှောင်လုံမသိလိုက်တာက စကြာဝဠာကျောင်းက နှစ်တိုင်းနှစ်တိုင်းအတွက် စာသင်ခန်းကို တခန်းထဲထားပြီး တော့ ကျောင်းသားသစ်တွေအကုန်လုံးကို လဲ တခန်းထဲမှာ ပညာသင်ပေးတယ်ဆိုတာကိုပဲ... ။

ရှောင်လုံအခန်းထဲဝင်လိုက်တာနဲ့ ကျောင်းသားတွေအကုန်လုံးက
ရှောင်လုံကို ဝိုင်းပြီးအကဲခတ်လိုက်ကျသည်

"... သူက ဟို ခန့်ငြားတဲ့ အမှိုက် မဟုတ်လား...."

"... ကျောင်းစအပ်တဲ့နေက ဒီကောင်အစောင့်တွေက ဆရာတွေကို ရိုက်နှက်ခဲ့တာတောင် ဒီကောင် ဘာပြစ်ဒဏ်မှ မခံရတဲ့အပြင် ကျောင်းလခပါ ကင်းလွတ်ရလိုက်သေးတယ်လေ ဟုတ်တယ်မလား..."

"... ခန့်ခြားတယ် ဟုတ်လား... ?"
သူဘယ်လောက်ပဲ ခန့်ငြားနေပစေ သူ့က သူမိသားစု နောက်ခံနဲ့မှ ကျောင်းလာတက်နိုင်တဲ့ အမှိုက် လို သုံးစားမရတဲ့ကောင်ပဲ ။
ထောက်ခံစာသာမရှိရင် သူဒီကျောင်းမှာ တက်လို့ရမှာမဟုတ်ဘူး..။
ငါအထင်တော့ သူ့သိုင်းဝိညဉ်က အများဆုံး အဆင့် ၆ အဆင့်လောက်ပဲ ဖြစ်ရမယ် ။

                            **************

#Gpလေးလဲစနေပြီနော်တလတထောင်ပါ

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၅၂.......တလောကလုံး ပြိုင်ဘက်ကင်းသည်

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

  ကျောင်းသားအများစုက ကျောင်းအပ်တဲ့နေ့က ရှောင်လုံနဲ့ ရှောင်းမေကွီတို့ ဘာဖြစ်ကျတယ်ဆိုတာကို သိပြီးကျပြီမဟုတ်လား။

သူ့အကြောင်းကို တီးတိုးတီတိုးနဲ့ ပြောနေတဲ့ ဝေဖန်သံတွေကိုကြားလိုက်တော့ ရှောင်လုံက မျက်မှောင်ကျုံလိုက်လေသည်။

အဲ့အချိန်မှာပဲ လီလူက သူမနားက အတင်းပြောသံတွေကို လျစ်ရှုလိုက်ကာ
  " ... ရှောင်လုံ...  လာ...  ငါဘေးမှာ လာထိုင်... "
သူမကရှောင်လုံလက်ကို ဆွဲရင်းပြောလိုက်သည်။ ရှောင်လုံလဲ ပြုံးရင်းခေါင်းခါလိုက်ပေမယ့် နောက်ဆုံးတော့ လီလူရဲ့ နွေးထွေးတဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်လေသည်။

ရှောင်လုံ ထိုင်ပြီးရုံပဲ ရှိသေးတယ် အသက် ၁၀နှစ်အရွယ်လောက်ရှိတဲ့ ရွှေအိုရောင်ဆံပင်နဲ့ ကောင်လေးတယောက်က အခန်းထဲကို ဝင်လာလေသည် ။ ရွှေအိုရောင် ဆံပင်နဲ့ကောင်လေးက ရုပ်ချောပြီးတော့ မောက်မာတဲ့ ဟန်ပန်ရှိသည်။

  ဂျန်းတန်..... !

သူက ဂျန်းတန်လား......? သူ့့သိုင်းဝိညဉ်က အလင်းရောင်နတ်ကျားကြီးလို့  ကျောင်းအပ်တဲ့နေ့ကငါကြားလိုက်တယ် ... သိုင်းဝိညဉ်ရဲ့ အဆင့်ကလဲ အဆင့်၁၁တဲ့...... !

"... ငါတို့ကြယ်စကြာဝဠာကျောင်းက စတည်ထောင်ကထဲက ဒီလိုမျိုး
ထိပ်တန်းပါရမီနဲ့ သိုင်းဝိညဉ်မျိုးမပေါ်ဘူးသေးဘူးကွ .... ကျောင်းအုပ်ကြီးနဲ့ လက်ထောက်ကျောင်းအုပ်ကတော့ သူ့ကို တပည့်ရင်းအဖြစ်
မွေးဖို့ လုနေကျလေရဲ့.... "

" ကျောင်းအုပ်နဲ့ လက်ထောက်ကျောင်းအုပ် သူကိုလုနေတယ်ဟုတ်လား ဟုတ်လား... "

" ဒါငါတို့ ကြယ်စကြာကျောင်းရဲ့ သမိုင်းမှာ တခါမှ ဒိလိုမဖြစ်ခဲ့ဘူးဘူးမဟုတ်လား... "

သူ့အကြောင်းကို တီးတိုးတီတိုးနဲ့ ဆွေးနွေနေတဲ့   ကျောင်းသားကျောင်းသူတွေ အလည်ကဖြတ်ပြီး ရွှေအိုရောင်ဆံပင်နဲ့ လူငယ်လေးက
ခန်းမအလည်က ထိုင်ခုံအလွတ်မှာ ဝင်ထိုင်လိုက်လေသည်။

ဒုတိယတန်းမှာ ထိုင်နေတဲ့ ရှောင်လုံလဲ ရွှေအိုရောင်ဆံပင်နဲ့ လူငယ်ကိုကြည့်ရင်း ဒီကောင်ရဲ့ သိုင်းဝိညဉ်က တကယ်ပဲ အလင်းရောက်နတ်ကျားလား.... ?

ရှောင်လုံ စိုက်ကြည်နေတာကိုခံစားမိလိုက်တော့ ဂျန်းတန်လဲ အနောက်ကိုလှည်ကြည့်လိုက်ကာ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားလေသည်။ သူတို့အကြည့်ချင်းဆုံလိုက်တာနဲ့ ရွှေအိုရောင်ဆံပင်နဲ့လူငယ်ရဲ့ မျက်လုံးထဲမှာ ရှောင်လုံကျောင်းအပ်တုံးက ရှောင်လုံထောက်ခံစာကိုမြင်လိုက်တော့ ဖြစ်သွားတဲ့ ရှောင်းမေကွီရဲ့ အကြည့်တွေလိုပဲ ရွံရှာစက်စုပ်မှုတွေပေါ်လာလေသည်။

  အဲ့နောက်သူက အထင်သေးစွာနဲ့ ကြည့်ပြီးတော့ ရှေ့ကိုပြန်လှည့်လိုက်လေသည်။

ရှောင်လုံက ဂျန်းတန်ရဲ့ အထင်သေး စက်ဆုပ်တဲ့ အကြည့်တွေကို
ကြည့်နေရင်း သူ့ရင်ထဲလှောင်ပြုံးပြုံးလိုက်ကာ သူလဲ ဂျန်းတန် အပေါ် ပထမဆုံး အမြင်က လုံးဝကို စိတ်ပျက်သွားပြီမဟူတ်လား။

ကျောင်းသားတွေ အချင်းချင်းဆွေးနွေးပြောဆိုနေတဲ့ အချိန်မှာပဲ
အေးစက်စက်နဲ့ အမျိုးသမီးဆရာမတယောက်က အခန်းထဲကိုဝင်လာလေသည် ။ သူမကတော့ ရှောင်လုံရဲ့ ရန်သူတော်ကြီး ရှောင်း
မေကွီပဲ ဖြစ်လေသည်။

ရှောင်းမေကွီကို မြင်တော့ ရှောင်လုံလဲ နဲနဲတော့အံသြသွားကာ
သူရင်ထဲမှာပဲ ငြီးတွားလိုက်သည်
"... ဒီဝက်ဝံမက ငါဆရာမလိုတော့မပြောစမ်းပါနဲ့... "

ရှောင်းမေကွီလဲ အတန်းထဲ ဝင်လာပြီး ဆရာတွေစာသင်တဲ့ ခုံမြင့်လေးပေါ်ရပ်လိုက်ရင်း အတန်းထဲကိုဝေ့ဝှိုက် ကြည့်ကာ
   "... ငါကတော့ မင်းတို့ရဲ့ အတန်းပိုင်ဆရာမ ရှောင်းမေကွီပါ... "

ရှောင်းမေကွီက သူမစကားဆုံးတာနဲ့ မျက်လုံးက ဓားမြှောင်တချောင်းလို့ စူးစူးရှရှနဲ့ ရှောင်လုံကို ခနလောက်စိုက်ကြည့်လိုက်လေသည်။

ရှောင်လုံကတော့ ရှောင်းမေကွီကို လျစ်လျူ ရှုထားပြီး တည်တည်ငြိမ်ငြိမ်ပဲ ရှိနေလေသည်။

ရှောင်လုံ အမူအရာကိုမြင်တော့ ရှောင်းမေကွီက အေးစက်စက်ပြုံးလိုက်ကာ ကြယ်စကြာဝဠာကျောင်းရဲ့ စည်းမျဉ်စည်းကမ်းတွေအပြင်
ဒီလာမယ့် ရက်တွေမှာ သူတို့ဘာတွေသင်ကြားရမယ် အတန်းထဲမှာ ဘယ်လို စာမေးပွဲတွေရှိမယ်ဆိုတာကို ရှင်းပြလိုက်သည်။

ကြယ်စကြာဝဠာကျောင်းမှာ အတန်းသုံးတန်းပဲရှိပြီး မြေကြီး အဆင့်၆နဲ့အောက်တွေက ပထမတန်းမှာတက်ရောက်ရပြီးတော့ မြေကြီး အဆင့်၆ နောကိဆုံးအဆင့်ကနေ မြေကြီးအဆင့်၇ အထိက ဒုတိယတန်းစာမေးပွဲကိုဖြေဆိုခွင့်ရှိလေသည်။ အဲ့ကနေမှ အောင်ပြီး တတိယတန်းတက်ရောက်ဖို့ အတွက်ကတော့ မြေကြီးအဆင့်၉ အဆင့် အတွင်းအားရှိရန်လိုအပ်ပေသည်။

အသက် ၂၂ ပြည့်တာတောင် ဒုတိယတန်းကို မတက်ရောက်နိုင်တဲ့သူတွေကိုတော့ စကြာဝဠာကျောင်းကနေ ခြွင်းချက်မရှိ ထုတ်ပယ်ပစ်လေသည်။

ရှောင်းမေကွီက ထပ်ပြောလိုက်သည်
"... အသက် ၂၂ မတိုင်ခင်မှာ မြေကြီးအဆင့် ၇ ကိုရောက်ဖို့ဆိုတာတော့ မင်းတို့အကုန်လုံးအတွက်လွယ်ကူတဲ့အလုပ်မဟုတ်ဘူး
သိုင်းဝိညဉ် အဆင့်၉ နဲ့ အထက်ရှိပြီး ကျောငိးရဲ့ သင်ကြားနည်းစနစ်တွေကို သေချာလိုက်နာမယ်ဆိုရင်တော့ ပုံမှန်ဆို တော်တော်များများက အသက်၂၂ မတိုင်ခင်မှာမြေကြီး အဆင့်၇ သိုင်းသမားတော့ ဖြစ်သွားကျတာကြီးပဲ....  တချို့ ထောက်ခံစာနဲ့ လာတဲ့ အမှိုက်တွေကတော့ ကျောင်းကဘယ်လိုပဲပြုစု ပျိုးထောင်ပေးပေး သူတို့ရဲ့ လူ့ အမှိုက်ဖြစ်မယ့် ဇာတာကို က လူ့အမှိုက် ဖြစ်သွားကျမှာပဲ... "

ရှောင်မေကွီက ရည်ရွယ်သလိုလို မရည်ရွယ်သလိုနဲ့ ရှောင်လုံကို ကြည့်ကာ ပြောလိုက်လေသည်။

အဲ့ဒါကို ကြားတော့ ရှောင်လုံက မထီတရီပြုံးလိုက်သည်။

"... ထောက်ခံစာနဲ့မှ ကျောငိးတက်နိုင်တဲ့ လူ့အမှိုက်တွေကတော့ သူတို့သိုင်းဝိညဉ်က အများဆုံး အဆင့်၇ လောက်ပဲ ရှိကျတာ တချို့ဆို သိုင်းဝိညဉ် အဆင့် ၅ ၊ ၆ လောက်ပဲ ပိုင်ဆိုင်ကျတာ.....
သူတို့ အသက် ၄၀ ၊ ၅၀လောက် အစွမ်းကုန် လေ့ကျင့်ရင်တောင် မြေကြီး အဆင့်၇ အဆင့်ကို ရောက်ကျမှာမဟုတ်ဘူး...  သူတို့အတွက်တော့ အဆုံးသတ်ကျတခုပဲ ရှိတယ်...  အဲ့ဒါဘာလဲ သိကျလား
ကျောင်းကနေ အရှက်တကွဲနဲ့ နှင်ထုတ်ခံရတာပဲ.... "
  ရှောင်းမေကွီက မုန်းတီးစက်ဆုပ်စွာနဲ့ ရှောင်လုံကို စိုက်ကြည်ရင်း
ပြောလိုက်သည်။

ကျောင်းသားတွေအကုန်လုံးလဲ ရှောင်လုံကိုအကုန်ဝိုင်းကြည့်လိုက်ကျကာ ရှောင်လုံက လူအများအာရုံစိုက်စရာ လူကြီးဖြစ်သွားတော့သည်။

အဲ့နောက်မှာတော့ ရှောင်းမေကွီရဲ့ အေးစက်စက်လေသံက ပြောင်းလဲသွားကာ သူရဲ့ အေးစက်စက်အမူအရာကနေ နှစ်သက်တဲ့ အမူအရာကိုပြောင်းသွားပြီး ပြုံးကာပြောလိုက်သည်
  "... အခုအကုန်လုံးနဲ့ မိတ်ဆက်ပေးချင်တာကတော့ ငါတို့ကျောင်းရဲ့ နှစ်တရာအတွင်း အထူးချွန်ဆုံးပါရမီရှင် ကျောင်းသား
ဂျန်းတန်ပါ......  !"
   ရှောင်းမေကွီက သူမစကားဆုံးတာနဲ့ ဆံပင်ရွှေရောင်နဲ့လူငယ်ကို လက်ညိုး ညွန်ပြလိုက်ကာ နောက်တခါထပ်ပြီး မိတ်ဆက်ပေးလိုက်သည်
     "..... ကျောင်းသား ဂျန်းတန်ကတော့ ဆရာမတို့ ကြယ်စကြာဝဠာကျောင်းကို စတင်တည်ထောင်ကထဲက အခုထိ ထိပ်တန်းအစွမ်းအစနဲ့ သိုင်းဝိညဉ် ကိုပိုင်ဆိုင်ထားတဲ့ ပထမဦးဆုံးလူပဲ..  သူကတော့
အဆင့်၁၁ သိုင်းဝိညဉ် အလင်းရောင်နတ်ကျားကို ပိုင်ဆိုင်တဲ့သူပဲ...."

အဲ့အချိန်မှာ ဂျန်းတန်က မာနကြီးစွာနဲ့  မတ်တပ်ရပ်လိုက်ကာ အတန်းဖော်တွေကို ခေါင်းညိတ်ပြရင်း နှုတ်ဆက်လိုက်လေသည်။

ရှောင်းမေကွီနဲ့ တခြားကျောင်းသားတွေလဲ လက်ခုပ်အကျယ်ကြီးတီးကာချီးကျူးလိုက်ကျသည်။

မနာလို လေးစားတဲ့ အကြည့်တွေကို ခံယူရင်း ဂျန်းတန်က ပိုပြီးမာန်တက်လာကာ ရှောင်လုံက သူ့ကိုအထင်သေးစွာနဲ့ လက်ခုပ်မတီးပဲ
သူကိုကြည့်နေတာကိုတွေ့တော့ သူမျက်နှာက အပြုံးတွေကနဲနဲလျော့ကျသွားလေသည်။ အဲ့နောက် သူကရှောင်လုံကို ပိုပြီး စက်ဆုပ်အထင်သေးစွာ ကြည့်လိုက်သည်။

အဲ့အချိန်မှာပဲ ရှောင်းမေကွီကထပ်ပြီးပြောလိုက်လေသည်။
"... အားလုံးကို အံသြမင်သက်စရာကောင်းတဲ့ သတင်းတခုပြောပြရအုံးမယ်...ငါတို့ရဲ့ စူပါစတားကျောင်းသား ဂျန်းတန်က အခုမှ အသက်၁၀ ပြည့်ပေမယ့် သူက မြေကြီးအဆင့်၄ သိုင်းသမားဖြစ်နှင်နေပြီ
ဒါအပြင်ကို မြေကြီးအဆင့်၄ တောင် စဦးအဆင့်ကနေ အလယ်အဆင့်ရောက်ဖို့ ခြေတလှမ်းပဲ လိုတော့တာနော်....."

" ... အသက် ၁၀ နှစ်နဲ့ မြေကြီး အဆင့်၄ အလယ်အဆင့်ကို ရောက်တော့မယ် ဟုတ်လား...! "

"... ဒါဟာ အရမ်းကို ကြောက်ဖို့ မကောင်းလွန်းဘူးလား.... "

ကျောင်းသားသစ်တွေအကုန်လုံး အံသြပြီး ကျောက်ရုပ်ကြီးတွေကို ဖြစ်ကုန်ကျကာ အဲ့နောက်မှာတော့ ဂျန်းတန်းကို လေးစားအားကျတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်လိုက်ကျသည်။

"... ဂျန်းတန်...ကျောင်းအုပ်ကြီးနဲ့ လက်ထောက်ကျောင်းအုပ်က
မင်း သိုင်းကျမ်းတွေကို စပြီး လေ့ကျင့်နေပြီလို့ ပြောကျတယ် အဲ့ဒါတကယ်လား... "
   ရှောင်းမေကွီက ဂျန်းတန်ကို အပြုံးလေနဲ့ မေးလိုက်သည်။

".. အဲ့ဒါ အမှန်ပါပဲ ဆရာမ.. "
ဂျန်းတန်က ဂုဏ်ယူစွာနဲ့ ရယ်မောရင်းပြန်ဖြေလိုက်သည်။

".. ဒါဆို သားက အားလုံး တွေ့ဘူးသွားအောင် နဲနဲလောက် သိုင်းကစားပြလိုက်ပါလား... "
   ရှောင်းမေကွီက တောင်းဆိုလိုက်သည်။

".. ဟူတ်ကဲ့...  ဆရာမ.. "
  ဂျန်းတန်က ခေါင်းညိတ်ကာ ဂုဏ်ယူစွာနဲ့ အခန်းထောင်က လူရှငိးတဲ့နေရာကိုထွက်လိုက်လေသည်။ သူတည်တည်ငြိမ်ငြိမ် မတ်တပ်ရပ်နေရင်းကပဲ ရုတ်တရက်တောက်ပတဲ့ အလင်းရောင်ဖြာထွက်လာကာ တကိုယ်လုံး အလင်းရောင်တွေနဲ့ တောက်ပနေတဲ့ကျားအကြီးကြီးက သူနောက်ကျောဘက်မှာပေါ်လာပြီး အသက်ရှုလိုက်တိုင်းကိုမီးတောက်မီးလျှံတွေ ဖြာထွက်နေလေသည်။ အဲ့နောက်မှာတော့
ကြောက်မက်ဖွယ်ရာအသံနဲ့ ဟိန်းဟောက်လိုက်ကာ ထိပ်တန်းအစွမ်းအစနဲ့ သိုင်းဝိညဉ်ရဲ့ အရှိန်အဝါကို ထုတ်ပြလိုက်လေသည်။

ဂျန်းတန်က ခုန်ပြီး မာန်သွင်း အော်ဟစ်လိုက်သည်
  " ... ကျားမီးတောက် လက်ဝါးသိုင်း.. "
ကြီးမားတဲ့ ကျားလက်ဝါးရာကြီးတွေ တခုပြီးတခု လေထဲမှာပေါ်လာလေသည်။

အဲ့ဒါကိုမြင်တော့ ကျောင်းသားသစ်တွေက အရမ်းကို အံသြထူးဆန်းသွားကျပြီး မရပ်မနားကို လက်ခုပ်တီးကာ အားပေးလိုက်ကျသည်။

ဒါပေမယ့်ရှောင်လုံကတော့ ခေါင်းကိုခါလိုက်လေသည်။ ကျားမီးတောက်လက်ဝါးသိုင်းက အဆင့်မြင့်လျှိုဝှက်ဆန်းကြယ် အဆင့်သိုင်းကျမ်းမို့လို့ အစွမ်းတော့ထက်ပါရဲ့ ဒါပေမယ့် ဂျန်းတန်ရဲ့ ရွေ့လျားမှုတွေကြောင် အခုတော့ အဲ့သိုင်းကျမ်းက  အားနဲချကိအပြည်နဲ့ ဖြစ်နေပြီမဟုတ်လား။

လက်ခုပ်သံတွေ ချီးကျူးအားပေးသံတွေကြောင့် ဂျန်းတန်က ပိုပြီး
ကြိုးစားစကားပြလိုက်ကာ နောက်ဆုံးမှာတော့ သူကယုံကြည်မှု အပြည်နဲ့ သူ့အတန်းဖော်တွေကို ကြည့်ရင်း အော်ပြောလိုက်သည်
  " ... အလင်းရောင်နတ်ကျားပေါ်လာတာနဲ့ တလောကလုံး ပြားပြားဝတ်အရိုအသေပေးရမယ်....  အလင်းရောင်နတ်ကျားက တလောကလုံးမှာ ပြိုင်ဘက်ကင်းသည်.... "

တလောကလုံး ပြိုင်ဘက်ကင်းတယ် ဟုတ်လား... ?

ရှောင်လုံရဲ့ ဂျန်းတန်ရဲ့ အမူအရာအပြည့်နဲ့ အော်နေသံကိုကြားတော့ သူရီချင်တာကို ထိန်းချုပ်လို့မရတော့ပဲ
"... ဖူး "
ဆိုတဲ့ အသံကြီး နဲ့ အားရပါးရကိုရီချလိုက်တော့သည်။

ရှောင်လုံရဲ့ ရီသံကြီးက တခန်းလုံးကို ကြောက်မက်ဖွယ်ကောင်းအောင် ငြိမ်သက်သွားစေသည်။ အားလုံးလဲ ရှောင်လုံကို အကုန်ဝိုင်း
ကြည့်လိုက်ကျသည်။

ရှောင်းမေကွီရဲ့ မျက်နှာမှာလဲ အပြုံးတွေပျောက်ဆုံးသွားကာ
ရှောင်လုံကို အသံကုန်ဟစ်ပြီး ကြောက်စရာကောင်းအောင် အော်လိုက်လေသည်
  " ... ဟောင်ရှောင်လုံ....  နင်... နင်...အခုချက်ချင်း  မတ်တပ်ရပ်စမ်း....! "

  ရှောင်လုံက မျက်မှောင်ကျုံလိုက်ပင်မယ့် သူမတ်တပ်ရပ်ပေးလိုက်သည်။ ရှောင်လုံ ဘေးနားက လီလူကတော့ ရှောင်လုံကို စိုးရိမ်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေလေသည်။

ရှောင်းမေကွီက ဒေါသတကြီးနဲ့
"... နင်က ဘာကိုရယ်တာလဲ... "

ရှောင်လုံက ခပ်ဖွဖွပြုံးလိုက်ကာ
" ... ဘာလို့ရီလဲ ဟုတ်လား..  ဒီလောက် စောက်သုံးမကျတဲ့ သိုင်းက လူတွေအကုန်လုံးက အားပါးတရကို အားပေးနေလို့ပဲ
ဟုတ်ပြီလား..."

"... ဘာပြောတယ်.. "
ရှောင်းမေကွီရဲ့ မျက်နှာက ဒေါသထွက်လွန်းလို့ နီရဲနေကာ
" .. နင်လို ထောက်ခံစာ နဲ့ အမှိုက်ကများ သူများသိုင်းကစားနေတာကို ဝေဖန်ရအောင် နင်နဲ့ သူနဲ့ အဆင့်ချင်းတူလို့လား.. "

ရှောင်လုံက လှောင်ပြုံးပြုံးရင်း ခွန်းတုံ ပြန်လိုက်လေသည်
" ... ဝေဖန်ဖို့ အဆင့်မရှိဘူးဟုတ်လား... ? ဒါဆို နင်လို ဝက်ဝံမ
ကရော ဘာအဆင့်ရှိလို့ ငါ့ကို အမှိုက်လို့ ပြောနေရတာလဲ.... "

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၅၃.....နင်နဲ့ငါလောင်းကြေးထပ်ကျမလား...?

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

  ဝက်ဝံမဟုတ်လား..... ?

ရှောင်လုံက လူတွေအများကြီးရှေ့မှာ ဆရာမ ရှောင်းမေကွီကို ဝက်ဝံမလို့ခေါ်ရဲလိုက်တာကိုတွေ့တော့ အကုန်လုံးလဲ ပွဲကြီးပွဲကောင်းကြည့်ရပြီဆိုပြီးတော့စိတ်လှုပ်ရှား ကုန်ကျလေသည်။

"...နင်... နင်.... "
ေ ရှောင်မေးကွီလဲ ဒေါသထွက်လွန်းလို့ ပေါက်ကွဲထွက်တော့မလိုဖြစ်သွားလေသည်။ သူမရဲ့ ဖွံထွားမို့မောက်တဲ့ ရွှေရင်အစုံက နိမ့်တုံမြင့်တုံဖြစ်နေကာ ရှောင်လုံကို လက်ညှိုးနဲ့ ထိုးရင်း
  "... ကောင်းပြီလေ...  နင်က နင့်ကိုနင် အမှိုက်လိုကောင်ဆိုတာတော့ဝင်မခံဘူးပဲ...  နောက်သုံးရက်နေရင် ကျောင်းသားသစ်တွေအတွက် အစမ်းစာမေးပွဲရှိတယ်...  အဲ့စာမေးပွဲမှာ နင်အဆင့် ၁၀ အတွင်းကို ဝင်မယ်ဆိုရင်တော့ ငါက နင့်ကို အမှိုက်မဟုတ်ဘူဆိုတာ လက်ခံပေးလိုက်မယ်...  ဘယ်လိုလဲ... ?"

အစမ်းစာမေးပွဲမှာ အဆင့် ၁၀ အတွင်းဝင်ရမယ် ... ဒိကန့်သတ်ချက်ကြီးက အရမ်းမများလွန်းဘူးလား..... ! ကျောင်းသားတွေက တီးတိုးတီးတိုးနဲ့ ဆွေးနွေးလိုက်ကျသည်။

ရှောင်လုံကတော့ မထီတရီပြုံးလိုက်ကာ
   " .... ငါက သုံးစားလို့မရတဲ့ အမှိုက်ဟုတ်လား မဟုတ်လားဆိုတာ
ခင်ဗျား အသိအမှတ်ပြုပေးနေစရာလိုလို့လား...   ?
  အိုကေ... ကောင်ပြီလေ...  တကယ်လို့ ငါကအဆင့်တဆယ်အတွင်းဝင်ရင်ရော နင်ဘာပြန်လုပ်ပေးမလဲ...  ငါအဆင့်၁၀ အတွင်းဝင်ရင် နင် ကျောင်းရဲ့ ကွင်းပြင်မှာ ဒူးထောက်ပြီး ဝက်ဝံလို သုံးခါ အော်ပြမလား...  အော် ပြမယ်ဆို နင်နဲ့ငါ လောင်းလိုက်ချင်သေးတယ်... "

  ဝက်ဝံလို သုံးခါအော်ပြရမယ်.... !

  ရှောင်းမေကွီက စူးရှပြီး ကြောက်စရာကောင်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ကာ သူမမျက်လုံးတွေထဲမှာက ရှောင်လုံကိုအရှင်လတ်လတ် မျိုချချင်စိတ်တွေပေါ်နေပြီး အံကိုကြိတ်လိုက်ကာ
   " နင်အဆင့်၁၀ အတွင်းမဝင်ရင်ရော နင်ကဘာပြန်လုပ်ပေးမှာလဲ
...."

" ...ငါအဆင့် ၁၀ ထဲကိုမဝင်ဘူးဆိုရင် ငါကျောင်းကနေ ထွက်ပေးမယ့် အပြင် ခွေးလို သုံးခါ အူပြမယ် ဘယ်လိုလဲ.... ?"
  ရှောင်လုံက အေးစက်စက်ပြန်ပြောလိုက်လေသည်။

  ရှောင်းမေကွီလဲ စိတ်မပြတ်မသားနဲ့ မျက်နှာ ရှုံ မဲ့သွားသည်။

".. ဘယ်လိုလဲ...  နင်မလောင်းရဲဘူးမလား... "
ရှောင်လုံက လှောင်ပြုံးလေးနဲ့ ပြောလိုက်သည်။

ရှောင်းမေကွီက နှုတ်ခမ်းကိုကိုက်ရင်း
   " ကောင်ပြီလေ.. "
အကြင်နာမဲ့တဲ့ အရိပ်အယောင်တွေက သူမရဲ့ မျက်လုံးမှာ ပေါ်လာပြီး ချက်ချင်းပြန်ပျောက်သွားလေသည်။ ရှောင်းမေကွီအတွက်တော့
မိသားစုထောက်ခံချက်နဲ့မှ ကျောင်းတက်နိုင်တဲ့ အမှိုက်လိုကောင်က အစမ်းစာမေးပွဲမှာ အဆင့်၁၀ အတွင်းဝင်ဖို့ဆိုတာ ဘယ်လိုမှကိုလက်မခံနိုင်တဲ့ အမှန်တရား မဟုတ်လား ။

ရှောင်းမေကွီက အံကြိတ်ရင်း သူ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တာတွေ့တော့ ရှောင်လုံက စိတ်ထဲမှာ ကြိတ်ရယ်ကာ အခန်းအပြင်ကိုထွက်သွားလေသည်။

" .. နင် အဲ့မှာ ရပ်နေစမ်း... အဲ့ဒါက ဘယ်သွားမလို့လဲ.. "
ရှောင်းမေကွီက အော်လိုက်သည်။

" ... ငါဘယ်သွားမယ်ဆိုတာ နင်ကို သံတော်ဦးတင်နေစရာလိုလို့လား..?"
  ရှောင်လုံက အော်သံကြားတော့ ခနရပ်ပြီး ပြန်ဖြေလိုက်ကာ အခန်းအပြင်ဘက်ကို ထွက်သွားတော့သည်။ သူ ဂျန်းတန် ဘေးကနေဖြတ်သွားတော့ ရှောင်လုံက တီတိုးရေရွတ်လိုက်သည်
   " ကိုဘာသာမှန်နေတယ်လို့ ထင်နေတဲ့ စောက်ရူးတကောင်ပဲဟ. "

ရှောင်လုံဘာဆိုလိုတယ်ဆိုတာကို နားလည်လိုက်တော့ ဂျန်းတန်လဲ ချက်ချင်း သူ့မျက်နှာက တင်းမာနီရဲလာလေသည်။ မိသားစုကျောထောက်နောက်ခံနဲ့မှ ကျောင်းတက်နိုင်တဲ့ လူ့အမှိုက်က ငါ့ကို လူတွေရှေ့မှာ စောက်ရူးလို ပြောရဲတယ်ဟုတ်လား....? သူခန္ဓာကိုယ်ပတ်ပတ်လည်လည်မှာ တောက်ပတဲ့ အလင်းတန်းတွေထွက်လာပြီး
ရှောင်လုံနောက်ကျော်ကိုကြည့်ကာ ဂျန်းတန်က လူသတ်တော့မလို့ ဖြစ်သွားလေသည်။ 
 
  အဲ့ဒါကိုမှ သူကိုစောက်ဂရုမစိုက်ပဲ ဆက်ပြီးထွက်သွားတော့ ရှောင်လုံကိုမြင်လိုက်တော့ ဂျန်းတန်က သူရန်စလိုက်တာ မအောင်မြင်ပဲ ဖြစ်သွားပြီး သူဒေါသကို ဖွင့်ထုတ်လို့မရပဲ ဖြစ်သွားလေသည်။

   အခန်းပြင်ဘက်ရောက်တော့ ရှောင်လုံက စာကြည့်တိုက်ဆီကိုဦးတည်ပြီးသွားလိုက်သည်။ သူစာသင်ခန်းထဲထိုင်ပြီး စာသင်နေရတာ မထူးခြားမှတော့ စာကြည့်တိုက်မှာ သူ့ရှာချင်တဲ့ အချက်အလက်တွေရှာနေရတာကပိုကောင်းတယ်မလား ။

  စာကြည့်တိုက်အဝကိုရောက်တော့ ရှောင်လုံက ကျောင်းသားကဒ်ပြပြီးအထဲကိုဝင်လိုက်လေသည်။ စာကြည့်တိုက်ကို ခနလောက်လှည့်ပတ်ကြည့်ပြီးတဲ့နောက် သိုင်းဝိညဉ်အကြောင်းသီးသန့်ရေးသားထားတဲ့ စာအုပ်စဉ်တန်းကိုသွားပြီးတော့
   " သိုင်းဝိညဉ်အမျိုးအစားများ " ဆိုတဲ့ စာအုပ်ကို ယူပြီး စတင်ဖတ်ရှုတော့လေသည်။ ဒိစာအုပ်မှာက သိုင်းဝိညဉ်အမျိုးအစားတွေကို
အခြေခံလောက်ဖော်ပြထားပြီးတော့ သူတို့ရဲ့မွေးရာပါစွမ်းရည်တွေကိုလဲ အကြမ်းဖျင်း ရေးသားထားသည်။

ရှောင်လုံလဲ မှတ်ညဏ်က အရမ်းထက်တာမို့ သူစာအုပ်ကစာမျက်နှာတွေကို မြန်မြန်ဆန်ဆန်ပဲ ဖတ်ရှုလေ့လာလိုက်ပြီးတဲ့နောက်မှာ
တော့ သူဒိကမ္ဘာမြေကြီးက  သိုင်းဝိညဉ်တွေအကြောင်းကို တော်တော်နားလည်သွားလေသည်။

သိုင်းဝိညဉ်အမျိုးအစားများ စာအုပ်ကိုဖတ်ပြီးတော့ ရှောင်လုံက
သိုင်းဝိညဉ်အဆင့်ကွာခြားချက်များဆိုတဲ့ စာအုပ်ကိုထပ်ပြီးလေ့လာလိုကိသည်။ ဒီစာအုပ်မှာက သိုင်းဝိညဉ်တွေရဲ့ အဆင့်နဲ့ သူတို့ရဲ့ အစွမ်းထက်လာနိုင်ပုံတွေကို ဖော်ပြထားလေသည်။

အမွှာ သိုင်းဝိညဉ်ဆိုတဲ့ စာမျက်နှာကိုရောက်တော့ ရှောင်လုံက သေချာကို စိတ်ဝင်တစား ဖတ်ရှုလိုက်သည်။

" အမျိုးအစားတူတဲ့ အမြွှာ သိုင်းဝိညဉ်နှစ်ခု တခုထဲ ဖြစ်သွားအောင်ပေါင်းစပ်နိုင်သလို ထာဝရ နှစ်ခု ဖြစ်သွားအောင်လဲ ခွဲခြားနိုင်သည်..." ဆိုတဲ့ စာမျက်နှာကို ရောကိတော့ရှောင်လုံလဲ အရမ်းကိုအံအားသင့်သွားတော့သည်။

အမြွှာသိုင်းဝိညဉ် နှစ်ခုက တခု ထဲ ဖြစ်အောင်ပေါင်းစပ်နိုင်တယ် ဟုတ်လား..... ?

ဒါဆို သူသိုင်းဝိညဉ်စပြီးနှိုးထတဲ့ နေ့က သူ့သိုငိးဝိညဉ်က ဘာလို့ တခုထဲ ဖြစ်နေတာလဲ ဆိုတာကို ရှောင်လုံက သဘောပေါက်သွားလေသည်။ သူ့မြေကြီး အဆင့် ၄ ကိုရောက်တော့မှ သူ့သိုင်းဝိညဉ်တွေက သီးခြားနှစ်ခုကို ခွဲထွက်လာတာမဟုတ်လား ။

ရှောင်လုံက တူညီတဲ့ သိုင်းဝိညဉ်နှစ်ခုကို ဘယ်လို ပေါင်းစပ် ခွဲခြားရမလဲဆိုတာကိုရေးသားထားတဲ့ စာမျက်နှာကိုရောက်တော့ သူမျက်လုံးကအရောင်တွေတောက်လာကာ အရမ်းကိုပျော်ရွှင်သွားလေသည်။

အဲ့စာအုပ်ကို ဖတ်ပြီးတာနဲ့ ရှောင်လုံလဲ အရမ်းကိုစိတ်အားတက်ကြွသွားကာ ဒိနည်းစနစ်နဲ့ဆိုရင် သူအနာဂတ်မှာ သူ့သိုင်းဝိညဉ်တွေကို လိုသလို ပေါင်းစပ်ခွဲခြားလို့ ရနိုင်သွားပြီးတော့ တခြားသူတွေက သူ့အမြွှာသိုင်းဝိညဉ်ကို ပိုင်ဆိုင်တယ်ဆိုတာ သိမှာကို စိုးရိမ်စရာမလိုတော့ဘူးလေ ။

ရှောင်လုံက အဲ့စာပုဒ်ကိုထပ်ခါထပ်ခါဖတ်လိုက်ပြီး သူမှတ်ညဏ်တ်ေထဲကိုသေချာမှတ်သားထားလိုက်ကာ စာအုပ်စဉ်ကိုတခါပြန်သွားပြီးတော့ သားရဲကြီးတွေ အကြောင်းကိုဆက်လေ့လာလိုက်သည်။

   ရှောင်လုံက သူ ငွေလ သစ်တောထဲမှာ ရခဲ့တဲ့ သားရဲဘာသာစကားနဲ့ မြေပုံနဲ့တူတာကိုစာအုပ်ထဲမှာ တခုချင်း ရှာဖွေလိုက်လေသည်။ ခနလောက် ကြာတော့ သူသားရဲသိုင်းသမားရဲ့ ရတနာသိုက်မြေပုံက စာသားတွေကို အဖြေဖော်နိုင်လိုက်သည်။

"   မြင့်မြတ်တဲ့ နတ်ဆိုးသားရဲမိစ္ဆာနယ်မြေ...
   ဆင်တထောင်တောင်....  လေမဲ့ လိုဏ်ခေါင်း ..."

ရှောင်လုံလဲ မျက်မှောင်တွန့်လိုက်ကာ စဉ်းစားလိုက်သည်။

တကယ်ပဲ ရတနာတွေက မြင့်မြတ်တဲ့နတ်ဆိုးသားရဲမိစ္ဆာနယ်မြေထဲမှာ ရှိနေတာလား..... ?

ဒီကမ္ဘာလောကကြီးမှာက နတ်ဆိုးသားရဲမိစ္ဆာတွေက မျိုးနွယ်က သာမန်သားရဲလူ မျိုးနွယ်စာရင် ပိူပြီး စွမ်းအားထက်ကာ ပိုလဲ များပြားလေသည်။ သူတို့က လူသားမျိုးနွယ်တွေကို အရမ်းကိုမုန်းတီးကာ
သူတို့ရဲ့ မြင့်မြတ်တဲ့ နတ်ဆိုးသားရဲမိစ္ဆာနယ်မြေထဲကို ဝင်ဖို့ဆိုတာက
အရမ်းကိုခက်ခဲလေသည်။ အခု လက်ရှိ ရှောင်လုံအနေအထာတဲ့ကတော့ လုံးဝကို ဖြစ်နိုင်ချေမရှိလေသည်။

ရှောင်လုံက ရတနာမြေပုံကို ဘာသာပြန်ပြီးတော့ နေမင်းကြီးက ဥိးခေါင်းတည့်တည့်ကိုရောက်နေပြီဖြစ်သည်။ ရှောင်လုံလဲ အတန်းထဲပြန်ဝင်မယ့်အစား ကျောင်းထဲကနေ ထွက်လာလိုက်သည်။ သူကျောင်းထဲကနေ ထွက်လာတော့ အပြင်ဘက်မှာ စောင့်ကျန်နေခဲ့တဲ့
တခြား အစောင့်လေးယောက်နဲ့ ဖေးဟိုက ရှောင်လုံကိုမြင်သွားကာ သူဆီကို အပြေးလာလိုက်သည်
"...ဟိုမှာ  သခင်လေးပါလား.... " 

ရှောင်လုံက ခေါင်းညိတ်ပြလိုက်ကာ
"  ... လာ အိမ်ပဲ ပြန်ရအောင်... "
အဲ့နောကိရှောင်လုံတို့လဲ ထျန်ယွမ် အ်ိမ်တော်ကိုပြန်လာကျလေသည်။

ပြန်နေတဲ့ လမ်းမှာတော့ ဖေးဟိုက သိချင်စိတ်ကိုမအောင့်နိုင်တေယ့ပဲ
".... သခင်လေး ကျောငိးတောင်မဆင်းသေးဘူး... သခင်လေးကဘာလို့ အရင်ထွက်လာတာလဲ... "

  တခြားအစောင့်လေးယောက်ကလဲ ရှောင်လုံကိုသိချင်စိတ်အပြည့်နဲ့ ဝိုင်းကြည့်လိုက်ကာ သူ့တို့ရင်ထဲမှာလဲ အဲ့ဒါကိုမရှင်းဘူးမဟုတ်လား...။

ရှောင်လုံကရှင်းပြလိုက်လေသည်
  "... အင်း...  ကျောင်းအပ်တဲ့နေ့ကတွေ့ခဲ့တဲ့ ဝက်ဝံမက ငါ့အတန်းပိုင်ဖြစ်နေတယ်လေ... "

" ... ဘယ်လို.. ? အဲ့ အမျိုးသမီး ဝက်ဝံမက သခင်လေးရဲ့ အတန်းပိုင်ဟုတ်လား.... ?" ဖေးဟိုလဲ အရမ်းကိုအံအားသင့်သွားပြီးနောက်
သူက အလောတကြီးနဲ့မေးလိုက်သည်
    "... သခင်လေး...  အဲ့မိန်းမက သခင်လေးကို အဆင်မပြေဖြစ်အောင် လုပ်သေးလား... ?"

ရှောင်လုံက ပြုံးလိုက်ကာ
  " ... တချို့ ရယ်စရာကောင်းတဲ့ဟာတွေတော့ ရှောင်လွှဲလို့မရဘူးလေကွာ...  "
  အဲ့နောက်မှာတော့ ရှောင်လုံက နောက်သုံးရက်နေရင်စစ်မယ့် အစမ်းစာမေးပွဲမှာ သူနဲ့ ရှောင်းမေကွီတို့ ဘယ်လိုလောင်းထားတယ်ဆိုတာကိုရှင်းပြလိုက်သည်။

ဖေးဟိုလဲ အဲ့ဒါကိုကြားတော့ ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပဲ
အကျယ်ကြီး အော်ရီချလိုက်ကာ သူစိတ်ထဲမှာတော့ နောက်သုံးရက်နေရင် ဝက်ဝံလို အော်ပြမယ့် ရှောင်းမေကွီရဲ့ ပုံရိပ်ကိုမြင်ယောင်လိုက်လေသည်။

သိပ်မကြာခင်မှာပဲ ရှောင်လုံတို့လဲ ထျန်ယွမ်အိမ်တော်ကို ပြန်ရောက်လာပြီး သားရဲလူ ဘိုလီက ရှောင်လုံရောက်လာတာကိုမြင်တော့ တခြားအစေခံတွေကိုအော်ခေါ်ပြီး  အလျင်အမြန်ပြေးလာကာ
ရှောင်လုံကို အရိုအသေပေးလိုက်သည်။ ရှောင်းလုံလဲ အားလုံးကိုမတ်တပ်ရပ်ခိုင်းလိုက်ကာ မိန်းခန်းမထဲကို ဝင်လိုက်ပြီး အထဲရောက်တော့ ဘိုလီကို ထျန်ယွမ်အိမ်တေယ်ရဲ့ အခြေအနေကို မေးမြန်းလိုက်သည်။

သားရဲလူ ဘိုလီက အခြေအနေ အရပ်ရပ်ကို ရိုရိုသေသေပဲ ရှင်းပြလိုက်သည်။

ဒိရက်ပိုင်းအတွင်းမှာပဲ ဘိုလီကို အိမ်တော်ထဲကို လိုအပ်တဲ့ ပရိဘောပတွေနဲ့ အလှဆင်ကာ မြေကွက်လပ်မှာပဲ သစ်ပင်ပန်းပွင့်တွေကို လှလှပပစိုက်ပျိုးထားလေသည်။ နံရံအဟောင်းတွေကိုလဲ ဆေးခြစ်ကာ ဆေးအသစ်နဲ့ လှပစွာဆေးခြယ်ထားလေသည်။

ရှောင်လုံလဲ ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်
  " ...မင်းတို့ လုပ်ထားတာတော်တော်ကောင်းတယ်... မင်းတို့သွားလို့ရပြီ.. "  
ဘိုလီနဲ့တခြားအစေခံတွေလဲ ရှောင်လုံကို အရိုအသေပြလိုက်ကာ မိန်းခန်းမထဲကနေ ထွက်သွားကျသည်။

အဲ့နောက်မှာတော့ ရှောင်လုံလဲ ထျန်ယွန်အိမ်တော်ကနေ စစ်သူကြီးချုပိ အိမ်တော်ကို ပြန်လာလေသည်။

ပြန်လာနေတုံးမှာပဲ ရှောင်လုံက ရုတ်တရက်မေးလိုက်သည်
" ...ဖေးဟို..  မင်း ကောင်းကင်အဆင့် သိုင်းသမား ဖြစ်ချင်လား..?"

"... ကောင်းကင်အဆင့် သိုင်းသမား... ဟုတ်လား... ?"
ဖေးဟိုက တုန်လှုပ်သွားကာ စကားပါထစ်သွားပြီး
"... ဂိုဏ်း.... ဂိုဏ်းချုပ်မှာ...  နည်း... နည်းလမ်းများ ရှိလို့လား...?"

ရှောင်လုံက ခေါင်းညိတ်ပြလိုက်ကာ
  " ... ငါမှာနည်းလမ်းတခုရှိတယ်...  အဲ့ဒါကမင်းကို ငါးနှစ်အတ်ငးမှာ ကောင်းကင်အဆင့်ကို ရောက်သွားစေနိုင်တယ်.. "

" ... ငါး....  ငါးနှစ်... ဟုတ်လား... ?"
ဖေးဟိုလဲ အရမ်းကိုအံအားသင့်သွားလေသည်။

သူ မြေကြီးအဆင့် ၁၀ အထွတ်အထိပ်ကိုရောက်နေတာက မကြာသေးဘူးမဟူတ်လား ။ အချိန်အတိုင်းတာအရဆို သူကောင်းကင်သိုင်းသမားဖြစ်ဖို့ဆိုတာ နေ့မနားညမနားလေ့ကျင့်ရင်တောင် အချိန် အနှစ် ၂၀လောက်လိုအပ်တယ် မဟုတ်လား...  အခုရှောင်လုံက အချိန်ငါးနှစ်ထဲနဲ့ ကောင်းကင်သိုင်းသမားဖြစ်သွားနိုင်တယ်ဆိုတော့ သူမှမအံသြရင်ဘယ်သူအံသြတော့မလဲ.... !

ခနကြာတော့မှ အံသြမင်သက်နေတဲ့ ဖေးဟိုလဲ သတိပြန်လည်လာကာ သူမျက်နှာမှာတော့ စိတ်လှုပ်ရှားမှုတွေက သိသိသာသာကိုပေါ်လွင်နေလေသည်။ သူရှောင်လုံနောက်ကို လိုက်လာတဲ့ နှစ်ပေါင်းကမနဲတော့ဘူးလေ ။ ရှောင်လုံက သူ့ကိုယ်သူယုံကြည့်မှု အပြည့်မရှိဘဲနဲ့ စကားတခွန်းကို ဘယ်တော့မှ လွယ်လွယ်မပြောတတ်ဘူးဆိုတာ သူအသိဆုံးမဟုတ်လား ။

#

်ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၅၄.....ကျောင်းသားသစ်တွေအတွက် အစမ်းစာမေးပွဲ

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

  "... လာဒီကိုလာထိုင်... "
ရှောင်လုံက ဖေးဟိုကိုပြောလိုက်ကာ
" ... ငါမင်းကို သိုင်းကျင့်စဉ် တခုသင်ပေးမယ်.. "

" ... သိုင်းကျင့်စဉ် ဟုတ်လား.. "
ဖေးဟိုလဲ အံသြမင်သက်သွားပြီးမှ ထိုင်ခံမှာဝင်ထိုင်လိုက်သည်။

အဲ့နောက်မှာတော့ ရှောင်လုံက ဖေးဟိုကို မိုကြိုးရေ သိုင်းကျမ်းကိုစသင်ပေးလေသည်။ မိုးကြိုးရေ သိုင်းကျမ်းက ရှောင်လုံ လေ့ကျင့်နေတဲ့ ခန္ဓာကိုယ်အသွင်းပြောင်း သိုင်းကျမ်းလောက် အစွမ်းမထက်ပင်မယ့် သူကို ကျွမ်းကျင့်သူအဆင့်အထိ ရောက်အောင်ကျင့်နိုင်သွားပြီဆိုရင်တော့ အရမ်းကိုအစွမ်းထက်လေသည်။ ဒိသိုငိးဝိညဉ်ကမ္ဘာမှာဆို
ကောင်းကင်အဆင့် သိုင်းကျမ်းရဲ့ အဆင့်လောက်ရှိလေသည်။

ဖေးဟိုရဲ့ သိုင်းဝိညဉ်က ငွေရောင်မြစ်သိုင်းဝိညဉ်ဆိုတော့ သူ့သိုင်းဝိညဉ်နဲ့ မိုးကြိုရေ သိုင်းကျမ်းကိုပေါင်းစပ်ပြီးလေ့ကျင့်လိုက်ရင်တော့ဖြင့် အရမ်းကို သိုင်းအဆင့်တက်နှုန်းက မြန်ဆန်လာနိုင်ပြီး နောကိ ၅နှစ်ဆိုရင် ကောင်းကင့်သိုင်းသမားအဆင့်ကို ရောက်နိုင်ဖို့ဆိုတာ ပြသနာမရှိတော့ဘူးလေ။

"... ကျွန်တော်မျိုး ဂိုဏ်းချုပိကြီးရဲ့ စေတနာကို ဒိတသက်မေ့မှာမဟုတ်တော့ပါဘူး..ဂိုဏ်းချုပ်ကိုလဲ အမြဲတမ်းသစ္စာရှိသွားပါ့မယ်.. "
ရှောင်လုံသင်ပေးတဲ့ မိုးကြိုးရေ သိုင်းကျင့်စဉ်ကို မှတ်သားပြီးတာနဲ့
ဖေးဟိုက ကျေးဇူးတင်စွာဖြင့်ဒူးထောက် အရိုအသေပေးလိုက်လေသည်။

ရှောင်လုံက သူလက်ကို ဝေ့ယမ်းပြလိုက်ပြီမှ ဖေးဟိုကို လက်ကနေ ဖေးမလိုက်လေသည်။ သူဖေးဟိုရဲ့ သစ္စာတရားကိုယုံကြည်ပြီးသားမဟုတ်လား အဲ့လိုမှမဟုတ်ရင် သူက မိုကြိုးရေ သိုင်းကျင့်စဉ်ကို ဘယ်သင်ပေးမှာလဲ ။

" ... မင်း စစ်သူကြီး အိမ်တော်ကိုအရင်ပြန်နှင့်ပြီး  ဟောက်ထျန်ကို ပြောလိုက် ငါသူကိုလဲ သိုင်းကျင့်စဉ်တခု သင်ပေးမယ်လို့..."

" ... ကျွန်တော်မျိုးက အကိုကြီး ဟောက်ထျန်ကိုယ်စား ဂိုဏ်းချုပ်ရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ်... "
ဖေးဟိုရဲ့မျက်နှာက ဝမ်းသာမှုတွေနဲ့ ပြည့်နှက်သွားပြီး နောက်တခေါက်ဒူးထောက်ချကာ ရှောင်လုံကို အရိုအသေထပ်ပေးလိုက်သည်။

ရှောင်လုံလဲ ဖေးဟိုကိုမတ်တပ်ရပ်ဖို့ပြောရင်းနဲ့ မိုးကြိုးရေသိုင်းကျင့်စဉ်ရဲ့ အဓိက အဆီအနှစ်တွေကို ဖေးဟို နားလည်သွားအောငိသချာရှင်ပြလိုက်သည်။ အဲ့နောက်မှာတော့ ရှောင်လုံက အစေခံတွေပိုဝယ်ပြီး
သိုင်းလေ့ကျင့်ခိုင်းကာ သူကိုယ်ပိုင်အင်အားတခုဖြစ်အောင် လုပ်ဖို့အစီအစဉ်ရှိတယိဆိုတာကို ဖေးဟိုကိုထပ်ရှင်းပြလိုက်သည်။

"..ဂိုဏ်းချုပ်...  ဒါကိုတော့ ကျွန်တော်မျိုးတာဝန်သာထားပါ...  ကျွန်တော် အကောင်းဆုံးကိုင်တွယ်လုပ်ဆောင်ပေးပါ့မယ်..  "
  ဖေးဟိုက ယုံကြည်မှုအပြည်နဲ့ပြောလိုက်လေသည်။

ရှောင်လုံလဲ ခေါင်းညိတ်ပြကာ ဖေးဟိုကို  သတင်းစကားသွားပါးခိုင်းလိုက်သည် ။

ဖေးဟိုထွက်သွားတာနဲ့ ရှောင်လုံလဲ ခြံဝန်းထဲကို ပြန်လာလိုက်ကာ နတ်မျက်ရည် သိုင်းကွက်ကို ခနလောက်လေ့ကျင့်လိုက်လေသည်။ အဲ့နောက်မှာတော့ သူ့အရင်ဘဝ မှတ်ညဏ်ထဲက သိုင်းပညာတွေဖြစ်တဲ့ ထိုက်ကျိလက်ဝါးသိုင်း ၊ နတ်ဆိုးသုတ်သင်ဓားသိုင်းနဲ့ လိုဟန်လက်သီးသိုင်းတွေကို ဆက်ပြီးလေ့ကျင့်လိုက်သည် (ရှောင်လုံက အရင်
ဘဝက ရှောင်လုံကျောင်းက. သိုင်းအကျော်အမော်တယောက်ပါနော် မသိသေးသူတွေအတွက် စစချင်းအပိုင်းတွေမှာတော့ပါပြီးသားပါ .. )

အဲ့နောက်တော့ ကျောင်းရဲ့ နေ့လည်အတန်းကိုတော့ သွားတက်ဖို့ ရှောင်လုံက စိတ်မပါတော့ပဲ ထျန်ယွမ်အိမ်တော်မှာပဲ သိုင်းပဲဆက်
ပြီးလေ့ကျင်နေလိုက်သည်။

တကယ်တော့ သူ့ စကြာဝဠာကျောင်းကို ကျောင်းတက်ဖို့ သွားအပ်ခဲ့တာကလဲ နဂါးမီးတောက်တောင်ကြားမှာ သိုင်းလေ့ကျင့်ခွင့်ရဖို့ပဲမလား။ အဲ့မှာသိုင်းလ်ေကျင့်ခွင့်ရရင် သူခန္ဓာကိုယ်က ပိုပြီးကြံခိုင်လာစေယုံမက သူ့ရဲ့အတွင်းအားကျင့်စဉ်တွေကလဲ အရမ်းကိုလျင်မြန်စွာတိုးတက်လာမှာပဲ ဖြစ်လေသည်။ ဒါအပြင် ကျောင်းစာသင်နှစ်ဆုံးတာနဲ့ ကျင်းပမယ့် သိုင်းပြိုင်ပွဲတွေမှာပေးမယ့် ဆုတွေကလဲ သူ့အတွက် အရမ်းကိုမက်မောစရာပဲမဟုတ်လား ။ သူစိတ်အဝင်စားဆုံးကတော့ ကျောင်းရဲ့ကိုယ်စားလှယ်ဖြစ်ပြီး ဒေါင်းရမ်းအင်ပါရာ နိုင်ငံမှာ နိုင်ငံကိုယ်စားပြု သိုင်းသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ပဲ ဖြစ်လေသည်။

ကျောင်းက အတန်းတွေကို တက်တာက ရှောင်လုံအတွက်တော့
အလကား အချိန်ကုန်ဆုံးစေတာပဲမဟုတ်လား ။ သူကအတန်းထဲ မှာ ခနလောက် အရိပ်အယောင်ပြပြီး ကျောင်းစာသင်နှစ်ဆုံးမှာ ကျင်းပမယ့် သိုင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ကပဲ အရေးကြီးလေသည်။ 
 
မနက်အချိန်မှာ ရှောင်းမေကွီကို မနက်စာသင်ချိန်က လျစ်လျူရှုပြီး အိမ်ပြန်သွားတဲ့  ရှောင်လုံ တယောက် နေလည် အတန်းချိန်မှာ အတန်းမတက်တာက ရှောင်းမေကွီကို ပိုပြီး ဒေါသထွက်စေသည်။ 

" .. သုံးစားမရတဲ့ အမှိုက်...  နောက်သုံးရက်နေရင် ကျောင်းကွင်းပြင်မှာ နင်ခွေးလိုမျိုး ဘယ်လို အူပြမလဲ ကြည့်ကျသေးတာပေါ့.. "
ရှောင်းမေကွီက အဲ့ မြင်ကွင်းကိုပုံဖော်ရင်းရီမောလိုက်ကာ သူမကို ရှောင်လုံက ဝက်ဝံမလို့ နာမယ်ပြောင်ပေးခဲ့တာကို သတိရသွားတော့ တခါပြန်ပြီး ဒေါသထွက်လာလေသည်။ အခုဆို သူမရဲ့ နာမယ်ပြောင် က ဝက်ဝံမ ဆိုတာကို တကြောင်းလုံး သိကုန်ကျပြီလေ ။

ထျန်ယွမ်အိမ်တော်မှာ ရှောင်လုံက သိုင်းလေ့ကျင့် လို့ ပြီးတဲ့အချိန်မှာပဲ ဖေးဟိုက ဟောက်ထျန်ကို ခေါ်ပြီးပြန်လည်ရောက်ရှိလာသည်။
ဖေးဟိုက ဟောက်ထျန်ကို ရှောင်လုံ သိုင်းကျင့်စဉ်အသစ်တခုသင်
ကြားပေးမယ်ဆိုတာ အသိပေးပြီးသားဖြစ်လေသည်။ အဲ့ဒါကြောင့်
ဟောက်ထျန်က ရှောင်လုံကို မြင်တာနဲ့ တက်ကြွတဲ့ ကြက်ဖကြီးလို
ဖြစ်နေတော့သည်။

အဲ့နောက်မှာတော့ ရှောင်လုံက ဟောက်ထျန်ကို ယန်ငါမျိုး ဆိုတဲ့ သိုင်းကျင့်စဉ်ကို သင်ပေးလိုက်သည်။ ဟောက်ထျန်က ကောင်းကင် အဆင့်၁ ကနေ အဆင့် ၂ သိုင်းသမားဖြစ်ဖို့ အနှစ်သုံးဆယ်လောက်အချိန်ယူခဲ့ရလေသည်။ ဒီကျင့်စဉ်နဲ့ဆို သူကောင်းကင်အဆင့် ၃ သိုင်းသမားဖြစ်ဖို့အချိန်က တဝက်လောက်ကို လျော့ကျနိုင်လေသည်။

တကယ်တော့ ၁၅နှစ်လောက်ဆိုတာက အရမ်းကိုကြာပေမယ့် ကောင်းကင် အဆင့်၂ ကနေ အဆင့် ၃ ကိုရောက်နိုင်တယ်ဆိုတာကတော့ တကယ်ကို အံသြစရာကောင်းတဲ့ရလဒ်ပဲ ဖြစ်သည်။ တချို့ သိုင်းဝိညဉ် အဆင့်၁၁ ပိုင်ဆိုင်တဲ့သူတွေတောင် အဲ့လောက်တော့အချိန်ယူမှ ကောင်းကင်အဆင့်၃ သိုင်းသမားအဆင့်ကိုရောက်ရှိနိုင်ေလသည်။

အခုဆို သိုင်းဝိညဉ် အဆင့်၁၀ ကိုပိုင်ဆိုင်ထားတဲ့ ဟောက်ထျန်က ယန်ငါးမျိုး သိုင်းကျင့်စဉ်ကြောင့် သိုင်းဝိညဉ်အဆင့် ၁၁ သမားတွေနဲ့ အတူတူလောက်ကို သိုင်းအဆင့်တက်ရာမှာ မြန်ဆန်သွားပြီမဟုတ်လား ။

ယန် ငါးမျိုး သိုင်းကျင့် စဉ်က ဟောက်ထျန်ကို အဆင့် မြန်မြန်တက်စေပေမယ့် သူရဲ့ သိုင်းဝိညဉ်အဆင့်ကြောင့် ကန်သတ့်မှုကိုတော့ တိုးတက်လာအောင် လုပ်ဆောင်နိုင်စွမ်းတော့ မရှိဘူးလေ ။ ထိပ်ဆုံးအဆင့် ၁၀ သိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားတဲ့ လူတယောက်က စကြာဝဠာအဆင့်သိုင်းသမား ဖြစ်ဖို့တော့ အရမ်းကိုအခွင့်အရေးနဲပါးလေသည်။

ဒါပေမယ့် ဟောက်ထျန်ကတော့ ရှောင်လုံလဲ ချီးမြှင့်မှုကို အရမ်းကို
ကျေးဇူးတင်လွန်းလို့ မျက်ရည်တွေစီးကျလာကာ စတင်ငိုရှိုက်လေသည်။

"... ဂိုဏ်းချုပ်...  ကျွန်တော်မျိုး ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေရပါဘူး...  ကျွန်တော်မျိုးကြီး ကောင်းကင်အဆင့်၃ သိုင်းသမားဖြစ်ဖို့ အရိုးကြေကြေအရေခမ်းခမ်းကို ကြိုးစားပါ့မယ်.. "
ယန်ငါးမျိုး သိုင်းကျင့်စဉ်ကို သင်ကြားပြီးတာနဲ့ ဟောက်ထျန်ကလဲ
ရှောင်လုံကို ကျေးဇူးတင်စွာနဲ ဒူးထောက်ကာ အရိုအသေပေးလိုက်လေသည်။

ရှောင်လုံလဲ ဟောက်ထျန်ကို ဖေးမပြီးပြန်ထူလိုက်သည်။

ခနကြာတော့ ဟောက်ထျန် ထျန်ယွမ်အိမ်တော်ကနေ ပြန်သွားတော့ ရှောင်လုံက ဟောက်ထျန်ကို သူ့အတွက် ခရမ်းရောင်မျောက်လေးကို ထျန်ယွမ်အိမ်တော်ကို ခေါ်လာပေးဖို့ တောင်းဆိုလိုက်သည်။

ရှောင်လုံလဲ စစ်သူကြီးပြန်သွားတာနဲ့ အခန်းထဲဝင်ကာ ကျောက်စိမ်းကုတင်ကိုထုတ်လိုက်ပြီး ကုထင်ပေါ်မှာ ထိုင်ကာ သူအမြွှာသိုင်းဝိညဉ်
နဂါးနှစ်ကောင်ကို ခေါ်ထုတ်လိုက်လေသည်။ ဒါပေမယ့် သူကသိုင်းလေ့ကျင့်ဖို့အတွက်မဟုတ်ဘဲ သူမနေ့က ဒိနေ့စာကြည့်တိုက်မှာ ဖတ်ခဲ့တဲ့ နည်းလမ်းအတိုင်း သူ့အတွင်းအားကီတွေကို ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်ကာ ပေါ်လာတဲ့ အမြွှာနဂါးနှစ်ကောင်နဲ့ သူ့အတွင်းအားတွေကို ပေါင်းစပ်ဖို့ကြိုးစားလိုက်လေသည်။

ရှောင်လုံ ဖြည်းဖြည်းချင်း သူ့အတွင်းအားကီတွေကို လှည့်ပတ်ကာ အမြွှာနဂါးနှစ်ကောင်ကို ပေါင်းစပ်ဖို့ကြိုးစားလိုက်တာနဲ့ အမဲရောင်နဂါးနဲ့ အပြာရောင်နဂါးတွေက တကောင်နဲ့ တကောင် ခွေ့ပတ်သွားပြီး အပြာရောင်အလင်းတန်းနဲ့ အမဲရောင်အလင်းတန်းနှစ်ခုကဖြည်းဖြည်းချင်း ထွေးတင်ရောယှက်နေကာ ရုတ်တရက် တောက်ပတဲ့ အလင်းတန်းကြီးထွက်ပေါ်လာပြီး သူ့ရဲ့အရင်က ခေါင်းနှစ်လုံး မြွေနဂါး သိုင်းဝိညဉ် အစား ခေါင်းနှစ်လုံး နဂါးသိုင်းဝိညဉ်အဖြစ်ကို အောင်မြင်စွာနဲ့ ပေါင်းစပ်သွားလေသည်။ (သူ့သိုင်းဝိညဉ် စပြီး နိုးထလာတော့ ခေါင်းနှစ်လုံးမြွေနဂါး သိုင်းဝိညဉ်ပါ)

အမြွှာနဂါးနှစ်ကောင်က တကောင်ထဲအဖြစ်ပေါင်းစပ်သွားတဲ့အခါမှာတော့ နဂါးတကောင်ပိုင်ဆိုင်တဲ့ မြင်သူတကာကို ဖိနှိပ်ကာ ကြောက်လန့်သွားစေနိုင်တဲ့ အရှိန်အဝါတွေက ပိုမိုတိုးပွားလာပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကြီးကလဲ ပိုမိုကာကြီးထွားလာလေသည်။

".. ဒါပေမယ်...ငရဲကသိုင်းဝိညဉ်စွမ်းအင်တွေကိုစုပ်ယူနိုင်စွမ်းကတော့ အရင်အမြွှာနှစ်ကောင်ဖြစ်နေတာလောက် မမြန်ဆန်ဘူးပဲ.. "
ရှောင်လုံကသတိထားမိပြီး သူ့ဘာသာရေရွတ်လိုက်သည်။

သူပေါင်းစပ်နည်းကို အောင်မြင်စွာလေ့ကျင့်ပြီးတဲ့နောက်မှာတော့ ရှောင်လုံက နတ်မျက်ရည်သိုင်းကွက်နဲ့ ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်း
ကို ထပ်ပြီးလေ့ကျင့်လိုက်ကာ သူမကြာခင်မှာ သူသွေးကြောတွေက
အဆင့့်လေး ကြယ်စွမ်းအားပြောင်းလဲ ခြင်းအဆင့်ကို ရောက်တော့မယ်ဆိုတာကို ရှောင်လုံခံစားမိနေလေသည်။

အဆင့်လေး သွေးကြောတွေပွင့်သွားတာနဲ့ ရှောင်လုံရဲ့ ကိုယ်တွင်းစွမ်းအားတွေက အဲ့အချိန်မှာ ပိုမိုများပြားလာမှာဖြစ်ပြီးတော့ အတွင်းအားမထုတ်ပဲ ကိုယ်တွင်းစွမ်းအားတခုထဲနဲ့ သူ့မြေကြီးအဆင့်၆နဲ့အောက် သိုင်းသမားတွေကို တိုက်ခိုက်နိုင်တော့မှာပဲ ဖြစ်သည်။

အဲ့လိုနဲ့ အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားကာ သုံးရက်မြောက်ကုန်လွန်သွားလေသည်။

ဒိသုံးရက်အတွင်းမှာတော့ ရှောင်လုံက ထျန်ယွန်အိမ်တော်မှာပဲ နေထိုင်ကာ ကြယ်စကြာဝဠာကျောင်းရဲ့ ဘယ်အတန်းကိုမှ တက်ရောက်ချင်း မပြုပဲရှိလေသည်။ ရှောင်လုံရဲ့ အပြုအမူက သူဆရာမ ရှောင်းမေကွီကို ပိုလို့ ဒေါသတွေ တိုးပွားလာစေသည်။ ဒါပေမယ့်က ရှောင်လုံလို အမှိုက်တယောက်က အစမ်းစာမေးပွဲမှာ ဘယ်လို မှ အဆင့်၁၀ အတွင်းမဝင်နိုင်ဘူးဆိုတာကိုသေချာပေါက် ယုံကြည်ထားတော့ ဒိရက်ပိုင်းတွေမှာ ရှောင်လုံ သဘောကျနေထိုင်ခွင့်ပြုထားလေသည်။

သုံးရက်မြောက်နေ့ကိုရောက်တဲ့အခါ ရှောင်လုံက အခန်းထဲကနေ ထွက်လာပြီး အကြောအခြင်တွေ ဆန့်ထုတ်ရင်း တီးတိုးရေရွတ်လိုက်သည်
  " .... အင်း...  ဒီနေ့က အစမ်းစားမေပွဲ စစ်မယ့်နေပဲ  ..."
သူကတောက်ပနေတဲ့ ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ဒီနေ့ကို သူတကယ်စောင့်မျှော်နေတာပဲ မဟုတ်လား ။

သူခြံအပြင်ကိုထွက်လိုက်တော့ ဖေးဟိုက တိတ်တဆိတ် ခြံအပြင်မှာ
စောင့်ကြပ်နေတာကိုတွေ့လိုက်ရသည်။

ရှောင်လုံက ဖေးဟိုက နှုတ်ဆက်ရင်း
" .... လာ... ကြယ်စကြာဝဠာကျောင်းကိုသွားကျစို့.. "

" ဟုတ်ကဲ့ ဂိုဏ်းချုပ်... "

ရှောင်လုံ ကျောင်းကိုရောက်တော့ ရှောင်းမေကွီနဲ့ တခြားကျောင်းသားသစ်တွေက ကျောင်းရင်ပြင်မှာ စုစည်းရောက်ရှိနေကျပြီ ဖြစ်ပြီး
ရှောင်လုံ ကွင်းပြင်ထဲကို ဝင်လာတာတွေ့တော့ သူတို့အကုန်လုံးရဲ့မျက်လုံးတွေက ရှောင်လုံဆီကို စူးစိုက် ရောက်ရှိလာလေသည်။

ရှောင်လုံရောက်လာတာတွေ့တော ရှောင်းမေကွီက လှောင်ပြုံးပြုံးရင်း
"... ထောက်ခံစာနဲ့မှ ကျောင်းတက်ခွင့်ရတဲ့ နင်လိုကောင်က...အစမ်းစာမေးပွဲကို လာရဲမယ်လို့ ငါတကယ်ကို မထင်ထားဘူး... "

ရှောင်လုံက ခပ်ဖွဖွရယ်လိုက်ကာ
  " .. ငါကဘာလို့မလာရဲရမှာလဲ.. ? တကယ်လို့ စာမေးပွဲမှာ အဆင့်၁၀ အတွင်းဝင်ရင်သာ နင်ကတ်ိမတည်မှာကိုပဲ ငါစိုးရိမ်တာ.. " .

စူးရှတဲ့ အလင်းတန်းတခုက ရှောင်းမေကွီ မျက်လုံးထဲမှာ ခနအရောင်လက်သွားကာ
  " ...  ရှောင်းမေကွီ ဆိုတဲ့ ငါဟာ...  ဘယ်တော့မှ ငါ့ကတိကိုမဖျက်ဘူးဘူး.. . "

အဲ့နောက်တော့ရှောင်လုံလဲ တန်းစီနေတဲ့ လူတွေကြားထဲ ဝင်ကာမတ်တပ်ရပ်လိုက်လေသည်။ လူအုပ်ထဲက ရွှေအိုရောင်ဆံပင်နဲ့ ဂျန်းတန်ကတော့ ရှောင်လုံကိုမနှစ်မြို့သလို စိုက်ကြည့်လိုက်ပြီးမှ သူမျက်နှာကိုရှေ့ပြန်လှည့်ပလိုက်သည်။

အဲ့အချိန်မှာ စိုးရိမ်နေတဲ့ လီလူလေးက ရှောင်လုံဘေးနာကိုလာရင်း
လေသံတိုးတိုးနဲ့မေးလိုက်လေသည်
" ... ရှောင်လုံ...နင်တကယ်ပဲ အဆင့်၁၀ အတွင်းဝင်နိုင်ရဲ့လား..?"

ဟောင်ကလန် မိသားစုသိုင်းပြိုင်ပွဲတုံးက ရှောင်လုံ ဟောင်ဝေကို အနိုင်ယူတိုက်ခိုက်ပြီးတော့ သူ့ရဲ့မြေကြီးအဆင့်၄ စဦး အဆင့်အတွင်းအားကို ထုတ်ပြခဲ့တာကို လီလူက မသိသေးဘူးလေ ။

" ..စိတ်မပူပါနဲ့ဟာ.. "
ရှောင်လုံက စိတ်သက်သာစေတဲ့ အကြည့်နဲ့ လီလူကို ကြည့်ရင်း
သူမကို စိတ်မပူဖို့ ပြောလိုက်သည်။

လူတွေအကုန်လုံးစုံတာနဲ့ ရှောင်းမေကွီက ကျောင်းသားသစ်စာမေးပွဲရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ရလာဒ်ကို ဆုံးဖြတ်တဲ့ စံ သတ်မှတ်ချက်တွေအကြောင်း စတင်ရှင်းပြလေသည်။

ကျောင်းသားအသစ်တွေရဲ့ ခွန်းအားကို စမ်းသတ်ဖုိ့က သူတို့အချင်းချင်းကို သိုင်းပြိုင်ခိုင်းတာက အကောင်းဆုံးနည်းလမ်းပဲမဟုတ်လား........

                        ************

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်  ( Invincible)

အပိုင်း ၅၅..... အားလုံးကိုတယောက်ထဲနဲ့စိန်ခေါ်ချင်း

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

  ကျောင်းသားသစ်တွေအတွက်အစမ်းစာမေးပွဲက လူအားလုံးကို အုပ်
စုငါးစုဖွဲ့ပြီး  မဲနှိုက်ကာ ကျတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ခိုင်းတာပဲ ဖြစ်သည်။

အနိုင်ရတဲ့ အုပ်စုကနောက်တဆင့်ကိုတက်သွားပြိး အဲ့ထဲကမှ ထိပ်ဆုံးကျောင်းသားဆယ်ယောက်ကို ရွေးချယ်တာပဲ ဖြစ်လေသည်။

  သိုင်းပြိုင်ပွဲတွေကိုတော့ ကျောင်းရဲ့ သိုင်းပြိုင်ကွင်းမှာကျင်းပလေသည်။

ကျောင်းသားသစ်တွေ သိုင်းပြိုင်ပွဲနေ့မို့လို့ အရင်ပထမနှစ် ၊ ဒုတိယနှစ် ၊ တတိယနှစ်  ကျောင်းသားဟောင်းတွေအများအပြားလာရောက်
ကြည့်ရှုနေကာ ကျောင်းသိုင်းပြိုင်ကွင်းတခုလုံး သက်ဝင်လှုပ်ရှားနေလေသည်။

ဒါပေမယ့် ရှောင်းမေကွီရဲ့ ရှင်းပြချက်လေး ဆုံးယုံရှိသေးတယ် အသံတခုကအနောက်ကနေ ပေါ်ထွက်လာလေသည်
" ..... ဆရာမရှောင်း...  ဒီလိုမျိုးက အရမ်းကြာပါတယ်...  ကျွန်တော်တယောက်ထဲနဲ့ အကုန်လုံးကိုတယောက်ပြီးတယောက် ရင်ဆိုင်တိုက်ခိုက်လိုက်မယ်...ကျွန်တော်နဲ့ ကြာကြာတိုကိခိုက်နိုင်လေ အဆင့်ပိုမြင့်လေပေါ့...အဲ့လိုဆို ပိုပြီး အဆင်ပြေတယ် မလား.... !"

အားလုံးလဲ အံအားသင့်စွာနဲ့ အသံပေါ်ထွက်လာတဲ့နေရာကိုကြည့်လိုက်တော့ အဲ့စကားကိုပြောလိုက်တဲ့သူက ဂျန်းတန်ဖြစ်နေတာကိုတွေ့လိုက်ရသည်။

ဂျန်းတန်ရဲ့ အသံက သိုင်းပြိုင်ကွင်းတခုလုံးကို လွှမ်းခြုံသွားကာ
လာပြီးလေ့ကာကြည့်ရှုနေတဲ့ ကျောင်းသားဟောင်းတွေဆီကပါ
ပွက်လောရိုက်သံတွေထွက်ပေါ်လာလေသည်။

".... ဒီကောင်လေးက ထိပ်တန်းအစွမ်းအစနဲ့ အဆင့်၁၁ သိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားတဲ့ ဂျန်းတန်ဆိုတဲ့ ကောင်မဟုတ်လား...  ?! ဒိကောင်တကယ်ရူးတာပဲ... ! သူတယောက်ထဲနဲ့ တကယ်ပဲ ကျောင်းသားသစ်တွေအကုန်လုံးကိုရင်ဆိုင်မလို့လား.... "

".... စွမ်းအားရှိတဲ့ သူတွေကအဲ့လိုပဲ မောက်မာတတ်ကျတာပဲလေကွာ.... !"

ကျောင်းသားဟောင်းတွေဆီကနေ တိုးတီး ဆွေးနွေးသံတွေထွက်ပေါ်လာလေသည်။

ရှောင်းမေကွီ ကိုယ်တိုင်လဲ အရမ်းကိုအံသြသွားလေသည်။

ဒီကောင်လေး... ဂျန်းတန် တကယ်ပဲ ကျောင်းသားသစ်တွေအကုန်လုံးကိုတယောက်ထဲ ရင်ဆိုင်ချင်တာလား.... ?

ဒီနှစ်ကျောင်းသား အသစ်တွေ အုပ်စုက လူတရာလောက်ကိုရှိလေသည်။

ကျောင်းသိုင်းပြိုင်ကွင်းရဲ့ ဒေါင့်တနေရာမှာတော့ အရပ်ရှည်ရှည်နဲ့ အဖိုးကြီးနှစ်ယောက် မတ်တပ်ရပ်ပြီးကြည့်ရှုနေကာ သူတို့ထဲက တယောကိက လက်ထောက်ကျောင်းအုပ် ရှောင်းချူးဖြစ်ပြီးတော့ တခြား
တယောက်က မျက်လုံးကြီးကြီးနဲ့ အဖိုးကြီးဖြစ်သည်။ အထူးသဖြင့် သူနားတွေက သာမန်လူတွေရဲ့ နားတွေထက် နှစ်ဆလောက်ကိုပိုကြီး
ကာ သူကို တခါကြည့်လိုက်ရုံနဲ့ အမြဲတမ်းမှတ်မိသွားလောက်အောင်
ထူးဆန်းတဲ့ အသွင်အပြင်ကိုပိုင်ဆိုင်ထားလေသည်။

"... ကျောင်းအုပ်ကြီး...  ဂျန်းတန်က ငယ်သေးတော့ တကယ်ကိုသွေးဆူလွယ်တာပဲ... "
  ရှောင်းချူးက သူ့ဘေးနားကအဖိုးကြီးကိုပြောလိုက်သည်။
" သူ အစွမ်းထက်ပင်မယ့် ဒိနှစ်ကျောင်းသားတွေကအယောက်တရာလောက်ရှိတာမလား...  ဘယ်လိုလုပ်ပြီး သူတယောက်ထဲ ရင်ဆိုင်နိုင်မှာလဲ.... ?"

ရှောင်းချူးဘေးက တခြားအဖိုးကြီး ကြယ်စကြာဝဠာကျောင်းရဲ့ ကျောင်းအုပ်ကြီး စွင်းကျန်းပဲ ဖြစ်သည်။

စွင်းကျန်း က ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်
" ... ထားလိုက်ပါ ကလေးတွေက ငယ်သေးတော့ ဒိလိုပဲ တက်ကြွနေကျမှာပဲ ပြီးတော့ ဂျန်းတန်က ထိပ်တန်း အစွမ်းအစနဲ့ အဆင့်၁၁ သိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားတာမဟူတ်လား .... ကျောင်းသားသစ်တွေက လူဦးရေ များပင်မယ့် အလင်းရောင်နတ်ကျားရဲ့ စွမ်းအားကိုလဲ အထင်သေးလို့မရဘူး...  !"

စွင်းကျန်း ဆိူလိုချင်တာက ဂျန်းတန်းရဲ့ စွမ်းအားနဲ့ဆို ကျောင်းသားသစ်တွေအကုန်လုံးကို ရင်ဆိုင်နိုင်တယ်ဆိုတာပါပဲ..... !

ရှောင်းချူးလဲ မအံသြပဲမနေနိုင်အောင် ဖြစ်သွားလေသည်။

" ... မင်း ခနနေရင် နားလည်သွားပါလိမ့်မယ်... "
စွင်းကျန်းက ရှောင်းချူးကို ပြုံးရင်းပြောလိုက်သည်။

ရှောင်းမေကွီက ဂျန်းတန် တောင်းဆိုတာကို ခွင့်ပြုရမပြုရ စဉ်းစားနေတုံးမှာပဲ သူ့အဖေက ဂျန်းတန်တောင်းဆိုတာကို ခွင့်ပြုပေးလိုက်ဖို့ပြောတဲ့  လျို့ဝှက်အသံက သူမနားထဲကိုရောက်လာလေသည်။

လူတွေအကုန်လုံးလဲ ရှောင်းမေကွီရဲ့ ဆုံးဖြတ်ချက်ကို စောင့်စားနေလေသည်။

ခနလောက်ကြာတော့ ရှောင်းမေကွီက ကျောင်းသားသစ်တွေကို ဝှေ့ဝှိုက်ကြည့်ပြီးမှ ဂျန်းတန်ကိုကြည့်ကာခေါင်းညိတ်ပြလိုက်ကာ
"... ကောင်းပြီလေ အဲ့လိုပဲ လုပ်ကျတာပေါ့... "

ခွင့်ပြုလိုက်တယ် ဟုတ်လား.... !

ရှောင်းမေကွီရဲ့ ခွင့်ပြုချက်က ပတ်ပတ်လည်မှာရှိနေတဲ့ လူအုပ်ကို
ပိုပြီးရုတ်ရုတ်သဲသဲ ဖြစ်သွားစေလေသည်။

ရှောင်းမေကွီက တကယ်ပဲ ဂျန်းတန်ကို ကျောင်းသားသစ်တွေအကုန်လုံးနဲ့ တယောက်ပြီးတယောက် တိုက်ခိုက်ဖို့ခွင့်ပြုလိုက်တာလား...!

ရှောင်းမေကွီက ကွင်းပြင်အလည်ကို လျှောက်သွားကာ သူမလက်နှစ်ဖက်နဲ့ ဆယ်မီတာလောက်ကျယ်တဲ့ သိုင်းပြိုင်ရမယ့် စက်ဝိုင်းကိုဝိုင်းလိုက်လေသည်။ အဲ့ဒီစက်ဝိုင်းထဲကနေ ထွက်သွားတဲ့ သူကအရှုံးပဲ ဖြစ်လေသည်။

ဂျန်းတန်က ပထမဆုံး စက်ဝိုင်းထဲ ခုန် ဝင်လိုက်ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး  စက်ဝိုင်းအလည့်တည့်တည့်မှာ ရပ်ကာစောင့်
နေလေသည်။ အဲ့နောက်မှာတော့ မောက်မာဝင့်ကြွားသောလေသံဖြင့်
" ... ဘယ်သူအရင်ဆုံး လာမှာလဲ.. "

သူအသံဆုံးတာနဲ့ သိုင်းပြိုင်ကွင်းကြီးတခုလုံး ငြိမ်သက်တိတ်ဆိတ်သွားလေသည်။

အဲံချိန်မှာပဲ
" ... ငါလာမယ်.. "
ဆိုတဲ့ အသံနဲ့ လူငယ်တယောက်က စက်ဝိုင်းထဲကိုခုန်ဝင်လာလေသည်။  အဲ့နောက်လူငယ်ကမစောင့်ဆိုင်းတော့ပဲ သူနောက်ကနေတောက်ပတဲ့ အလင်းတန်းတွေထွက်ပေါ်လာကာ သူ့သိုင်းဝိညဉ်ကိုခေါ်ထုတ်လိုက်သည်။ သူရဲ့ သိုင်းဝိညဉ်က နီကြောင်ကြောင်အမွေးတွေနဲ့ ပြည်နှက်နေတဲ့ ဝဝတုတ်တုတ်နဲ့ သားရဲ ကြီးဖြစ်ကာ သူဥိးခေါင်းထိပ်မှာလဲ ဥိးချို နှစ်ခုရှိပြီး ကြည့်ရတာအရမ်းကို ချစ်စရာကောင်းလေသည်။

အဲ့ဒါကိုမြင်တော့ ကျောင်းသားတွေ တော်တော်များများက ဝိုင်းရီလိုက်ကျသည်။

ရှောင်လုံလဲ ခေါင်းကိုခါလိုက်ကာ ဒိကောင်သိုင်းဝိညဉ်ကတကယ်ကိုပဲ ရီစရာကောင်းနေတယ်မဟုတ်လား ။ ဒါပေမယ့် လွန်ခဲ့တဲ့သုံးရက်လောက်က ရှောင်လုံစာကြည့်တိုက်ကို သွားတုံးက ဒီဝဝတုတ်တုတ်နဲ့ သိုင်းဝိညဉ်ကို မြင်ခဲ့ ပြီးတော့ သူ့ဖက်တီးသိုင်းဝိညဉ်က
အဆင်မြင့် အဆင့်၁၀ သိုင်းဝိညဉ်ဖြစ်ပြီး သူ့နာမယ်က မြေနဂါးပဲ ဖြစ်သည်။ သူကနဂါးမျိုးနွယ်စုထဲက မဟုတ်ပဲ သူ့မှာ နဂါးသွေးနဲ့
တခြား တိရစ္ဆာန် တွေရဲ့ သွေးတို့ရောစပ်ပြီးမွေးဖွားလာတဲ့ နဂါးမျိုးဆက်ပဲ ဖြစ်သည်။

ဖက်တီးလေးက သူ့သိုင်းဝိညဉ်ကိုဆင့်ခေါ်ပြီးတာနဲ့ ဂျန်းတန်ဆီ
ကိုပြေးသွားကာ သူ့လက်သီးတချက်နဲ့ထိုးချလိုက်လေသည်။ သူ့လက်သီးကထွက်လာတဲ့ စွမ်းအင်ကလဲ တော်တော့ကို ပြင်းထန်လေသည်။

သူက မြေကြီး အဆင့်၃အလယ် အဆင့်ကို ရောက်နေပြီဆိုတာကို
သူ့စွမ်းအားကို ကြည့်ပြီး ရှောင်လုံလဲ နားလည်လိုက်လေသည်။

ဒါပေမယ့် မြေကြီးအဆင့်၃အလယ်အဆင့်က မြေကြီးအဆင့်၄ သိုင်းသမား ဂျန်းတန်နဲ့ တိုက်ခိုက်ဖို့ကတော့ အရမ်းကိုအားနဲတယ်မဟုတ်လား ။ ဂျန်းတန်က သူ့ဆီကိုနီးလာတဲ့ လက်သီးကိုကြည့်ရင်း သူဘယ်လက်ကိုအတွင်းအားထဲ့ရင်းမြှောက်လိုက်ကာ ဖက်တီးလေးရဲ့ လက်သီးတဲ့တဲ့ကို ထိုးချလိုက်လေသည်။

"..ဘန်း.. "
အသံတိုးတိုးနဲ့ လက်သီးနှစ်ခုထိခိုက်မိကျတဲ့ အသံထွက်ပေါ်လာကာ
ဖြစ်ပေါ်လာတဲ့ အားကြောင့် ဖက်တီးလေးက အနောက်ကို ယိုင်ထိုးယိုင်ထိုးနဲ့ ဆုတ်သွားရလေသည်။ အဲ့နောက် စည်းဝိုင်းအပြင်ဘက်စည်းနားကိုရောက်တော့ သူခန္ဓာကိုယ်တုန်ယင်ကာ ရပ်တန့်သွားသည်။

ဂျန်းတန်ကတော့ သူရဲ့မူလနေရာမှာပဲ ရပ်လျှက်ရှိပြီး သူ့လက်ဝါးနဲ့
လေဟုန်ကိုခွဲ ပြီး ဖက်တီးကို စည်းအပြင်ဘက်ရိုက်ထုတ်လိုက်လေသည်။

မြေကြီး အဆင့်၃အလယ် ထိပ်ဆုံးအဆင့်၁၀သိုင်းဝိညဉ်ကို ပိုင်ဆိုင်ထဲတဲ့ ဖက်တီးလေးက ဒိလိုလွယ်လွယ်ကူကူပဲရှုံးနိမ့်သွားတာလား ....!

   တိုက်ပွဲအစကနေ အချိန်ကို စရေတွက်ကြည့်မယ်ဆို အသက်သုံးခါရှုသွင်း ရှုထုတ် လောက် ပဲ ကြာမြင့်လေသည်။

အဲ့မြင်ကွင်းကိုမြင်လိုက်ကျတော့ လူတွေအကုန်လုံးလဲ ပါးစပ်အဟောင်းသားနဲ့ အံအားသင့်ကုန်ကျလေသည်။

အဲ့နောက်မှာတော့ ဂျန်းတန်က ခြောက်ပွဲဆက်တိုက်ကိုအနိုင်ယူလိုက်ကာ သူနဲ့ အချိန် အကြာဆုံးယှဉ်ပြိုင်နိုင်တဲ့ ကျောင်းသားက
အသက် ၆ခါ ရှုသွင်းရှုထုတ် ယုံလောက်ပဲ ကြာမြင့်ကာ အမြန်ဆုံးကျောင်းသားကတော့ အသက်တခါ ရှုသွင်းရှုထုတ်ယုံလောက်ပဲ ကြာမြင့်လေသည်။

ဂျန်းတန်က ခုနှစ်ယောက်မြောက်ကျောင်းသားကို အနိုင်ယူပြီးတဲ့နောက်မှာတော့ ဂျန်းတန်ရဲ့ ခေါင်းကနေ ခြေအဆုံး အလင်းရောင်တွေနဲ့ တောက်ပလာလေသည်။ အလင်းရောင်တွေနဲ့ ခနလောက်တောက်ပပြီး အရောင်ပြန်မှိန်သွားတဲ့ အခါမှာတော့ ပင်ပန်းနေတဲ့ ဂျန်းတန်က
အားအင်အပြည့်နဲ့ ပြန်ဖြစ်သွားကာ လန်းဆန်းတက်ကြွလာလေသည်။

"... ဒါ အတွင်းအား ချက်ချင်း ဖြည့်တင်းမှု မဟုတ်လား.. ?"
အဲ့မြင်ကွင်းကိုမြင်လိုက်တော့ ကျောင်းသားဟောင်းထဲက တယောက်က အာမေထိတ်သံ အကျယ်ကြီးနဲ့ ရေရွတ်လိုက်သည်။

အတွင်းအားချက်ချင်းဖြည့်တင်းမှု ဟုတ်လား... ?

ဂျန်းတန် မြေကြီးအဆင့် ၄သိုင်းသမားဖြစ်သွားတော့ သူ့သိုင်းဝိညဉ်ကလဲ ဆင့်ကဲတိုးတက်ပြောင်းလဲလာကာ သူရဲ့မွေးရာပါ အစွမ်း အတွင်းအားချက်ချင်းဖြည့်တင်းမှုနဲ့ ဂျန်းတန်ရဲ့ ကုန်ဆုံးသွားတဲ့ အတွင်းအားတွေကို ဖြည့်တင်းပေးလိုက်လေသည်။

ဒါဆို သူ့သိုင်းဝိညဉ်ရဲ့ မွေးရာပါအစွမ်းက အရမ်းကိုအစွမ်းထက်လွန်းမနေဘူးလား ...?!

အဝေးကနေ ကြည့်ရှုနေတဲ့ ရှောင်းချူးကိုယ်တိုင်လဲ အဲ့မြင်ကွင်းကိုမြင်လိုက်တော့ အံအားသင့်သွားကာ နောက်ဆုံးတော့ ကျောင်းအုပ်ကြီး
စွင်းကျန်းက ဘာလို့ ဂျန်းတန်းတယောက်ထဲနဲ့ ကျောင်းသားသစ်တွေအကုန်လုံး အနိုင်ယူနိုင်တယ်လို့ ပြောမှန်း သူနားလည်သွားတော့သည်။ သူလူတယောက်ကို အနိုင်ယူလိုက်တိုင်း သူအတွက် အနားယူဖို့ အချိန်ခနပေးလေသည်။ အဲ့အချိန်မှာ ဂျန်းတန်က သူသိုင်းဝိညဉ်ရဲ့ မွေးရာပါအစွမ်းနဲ့ အတွင်းအားကို ပြန်ဖြည့်တင်းနေမယ်ဆို
ကျောင်းသားသစ်တွေ အကုန်လုံးကို အနိုင်ယူဖို့ဆိုတာ ဘယ်ခက်တော့မလဲ..... !

ရှောင်းချူးရဲ့ မျက်လုံးတွေလဲ အရောက်တောက်သွားလေသည်။ကျောင်းအုပ်ကြီး စွင်ကျန်းကိုယ်တိုင်ကိုက ကျေနပ်နေတဲ့ အကြည့်နဲ့ ဂျန်းတန်ကို ကြည့်ရင်း ရယ်မောကာပြောလိုက်သည်
   " ... ငါတို့ကျောင်း စတင်တည်ထောင်လာကတည်းက အခုအထိ
နှစိတရာကျော်ပြီ မဟူတ်လား...  ဒေါင်းရမ်းအင်ပါရာ နိုင်ငံကကျင်းပတဲ့ သိုင်းပြိင်ပွဲမှာ ငါတို့ဘယ်တုံးကမှ အဆင့်၁၀၀ ထဲကိုမဝင်ဘူးဘူး..... အခုဂျန်းတန်က ငါတို့ရဲ့တခုတည်းတော့မျှော်လင့်ချက်ပဲ..
သူကိုငါတို့သေချာပြုစုပြိုးထောင်မယ်ဆို နောက်အနှစ် နှစ်ဆယ်လောက်ဆိုရင် ဂျန်းတန်ကသေချာပေါက်ကို ဒေါင်းရမ်း အင်ပါရာ နိုင်ငံကကျင်းပမယ့် သိုင်းပြိုင်ပွဲမှာ  အဆင့်၃၀အတွင်းဝင်နိုင်တာပဲ .....!

  ရှောင်းချူးကအားရပါးရပြုံးလိုက်ကာ
"... တကယ်လို့ ဂျန်းတန်သာ ဒေါင်းရမ်းအင်ပါရာ သိုင်းပြိုင်ပွဲမှာ အဆင့်၃၀ အတွင်းဝင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ကျောင်းတော်ကြီးတော့ တကယ်ကို ဂုဏ်တက်ပြီး ကျောင်းအုပ်ကြီးရေ... အဲ့အချိန်ဆို
ဒေါင်းရမ်းအင်ပါရာ နိုင်ငံကလဲ သေချာပေါက် ကျွန်တော်တို့ကျောင်းကို အကောင်းစားဆုတွေချီးမြှင့်မှာပဲလေ... !"

စွင်းကျန်းလဲ ရှောင်းချူးပြောတာကိုကြားပြီး ပါးစပ်ကနားရွက်တက်ချိတ်မတတ်ကို ပြုံးလိုက်လေသည်။

အဲအချိန်မှာပဲလူအုပ်ထဲကနေ ရပ်ကြည့်နေတဲ့ ရှောင်လုံကကျောင်းသားတွေတယောက်ပြီးတယောက် ရှုံးနိမ့်သွားကာ တဖြည်းဖြည်း
ပိုပြီးမောက်မာလာတဲ့ ဂျန်းတန်းကိုကြည့်ရင်း သူကတော့ စည်းဝိုင်းအပြင်ဘက်မှာပဲ အေးအေးလူလူရပ်ကြည့်နေလေသည်။

ဂျန်းတန်က ခုနှစ်ယောက်မြောက်ကျောင်းသားကိုလဲ အနိုင်ယူပြီးရော ရှောင်လုံးဘေးနားမှာ ငြိမ်ငြိမ်လေး ရပ်နေတဲ့ လီလူက ရပ်တရုတ်ခုန်ပြီး စည်းဝိုင်းထဲကို ဝင်လိုက်လေသည်။

လီလူစည်းဝိုင်းထဲ ဝင်လာတာကိုမြင်တော့ ဂျန်းတန်က အေးစက်စက် လှောင်ပြုံး ပြုံးလိုက်ကာ သူသိတယ်လေ ဒီကောင်မလေးက ထောက်ခံစာနဲ့ ကျောင်းလာတက်တဲ့ လူ့အမှိုက် သူ့အမြင်အကတ်ဆုံးကောင်နဲ့ နီးစပ်တယ်ဆိုတာကို.... !

သူမျက်လုံးတွေက ရှောင်လုံကို စွေကြည့်လိုက်ပြီး လီလူကို ပြန်ကြည့်လိုက်ကာ သူမျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တွေပေါ်လာတော့လေသည်။

ဂျန်းတန်က လီလူကို ကြည့်ရင်းအေးစက်စက်လေသံနဲ့
"... မိန်းကလေး ငါ့ကိုတော့အပြသ်မတင်နဲ့...  ငါဘဝမှာ အမုန်းဆုံးက မိသားစုကို အရမ်းအားကိုးတဲ့ အမှိုက်လိုကောင်တွေပဲ..
   ပြီးတော့ အဲ့အမှိုက်နဲ့ ပေါင်းတဲ့ လူကလဲ အမှိုက်ပဲ ဖြစ်မှာပဲ..  အဲ့တော့ ငါနင့်ကိုညှာမှာ မဟုတ်တော့ဘူး...  နင်အပြစ်တင်ချင်တယ်ဆိုရင်တော့ နင်ပတ်သတ်မိတဲ့ သုံးစားမရတဲ့ အမှိုက်ကိုပဲ အပြစ်တင်တော့.... "
ဂျန်းတန်းက သူ့စကားဆုံးသွားတာနဲ့ ရှောင်လုံကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်လေသည်။

  ဂျန်းတန်းရဲ့ စကားလုံးတွေက သိုင်းပြိုင်ကွင်းကြီးတခုလုံးကိုလွှမ်းခြုံသွားကာ အကုန်လုံးလဲ ရှောင်လုံကိုဝိုင်းကြည့်လိုက်ကျ
  လေသည်။

ရှောင်လုံဘေးနားမှာ ရပ်နေတဲ့ ကျောင်းသားတယောက်က ဂျန်းတန် ရှောင်လုံကို ရုတ်တရက်လက်ညှိုးထိုးကာပြောလိုက်တာကို ကြားလိုက်တော့ သူကိုလဲ ရှောင်လုံ သူငယ်ချင်းလို့ ဂျန်းတန်အမြင်မှားသွားမှာကို သူကြောက်လန့်သွားကာ  ရှောင်လုံလဲ ဝေးရာဘက်မှာ သွားရပ်လိုက်လေသည်။ ။ ဂျန်းတန်အမြင်မှားသွားရင် ရေအိုင်တခုထဲကငါးတွေလိုပဲ သူလဲ ကံကြမ္မာဆိုးကြုံတွေတော့မှာမဟုတ်လား။

အဲ့မြင်ကွင်းကိုမြင်လိုက်တော့ ဂျန်းတန်လဲ အရမ်းကိုကျေနပ်သွားကာ အချက်မပေးပဲနဲ့ လီလူကို ရုတ်တရက်တိုက်ခိုက်လိုက်လေသည်။

" ... ကျားမီးတောက် လက်ဝါး... "

နတ်ကျားကြီးရဲ့ လက်ဝါးရာကြီးက လီလူရင်ဘတ်နားကို ချက်ချင်းရောက်ရှိလာသည်။ ဂျန်းတန်က သူ့ရဲ့ မြေကြီးအဆင့်၄ အတွင်းအားတွေကို အစွမ်းကုန်ထုတ်သုံးလိုက်တဲ့အခါ သူအရင်ကျောင်းသားတွေကို တိုက်ခိုက်တဲ့ စွမ်းအားထက် စွမ်းအားနှစ်ဆပိုပြီး ပြင်းထန်သွားလေသည်။

  ပတ်ပတ်လည်က လူအုပ်ကြီးလဲ ဂျန်းတန်လဲ ခွန်းအားအစစ်အမှန်ကို အံသြစွာနဲ့ ငေးကြည့်နေကျလေသည်။ သူတို့ ဂျန်းတန်ရဲ့ စွမ်းအားကို အံအားသင့်သွားကျသလို ဂျန်းတန်က လီလူကို  အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်း ကျားမီးတောက် လက်ဝါးသိုင်းကိုတောင် အသုံးပြုပြီးတိုက်ခိုက်လိုက်တာ မြင်တော့ ပိုပြီး အံသြ
သွားကျလေသည်။

အရင်တိုက်ပွဲတွေတုံးက ဂျန်းတန်ကသူပြိုင်လက်တွေက ဘာသိုင်းကျမ်းမှ မသုံးပဲ အခုလီလူနဲ့ ရင်ဆိုင်တွေ့တော့မှ သိုင်းကျမ်းထဲက သိုင်းကွက်တွေ ထုတ်သုံးလိုက်တာမြင်တော့ ဂျန်းတန်က ရှောင်လုံကို သူ့ရဲ့မုန်တီးမှုတွေကို ပြချင်လို့ လီလူကို တရားခံရှာလိုက်တယ်ဆိုတာ အားလုံးနားလည်သွားကျသည်။

လူတွေအကုန်လုံးလဲ လီလူကိုသနားစွာနဲ့ကြည့်လိုက်ကျကာ လီလူသာ ဒီလက်ဝါးချက်ကိုထိလိုက်မယ်ဆို အိပ်ရာထဲမှာတော့ သုံးလလောက်မထနိုင်ပဲ လဲလျောင်းနေရမှာပဲ .....!

အမှိုက်တကောင်ကြောင့်သာ ဒီလို ဒဏ်ရာမျိုးရသွားတယ်ဆိုရင်တော့ သူမကတကယ်ကို ကံဆိုးတာပဲ .....!

ရှောင်းမေကွီလဲ ကျားမီးတောက်လက်ဝါးက လီလူကို ပြင်းပြင်းထန်ထန်ထိတော့မှာတွေ့ပေမယ့် တားဆီးဖို့မကြိုးစားပဲ ဆိတ်ဆိတ်ပဲနေလိုက်လေသည်။

လီလူရဲ့ မျက်လုံးထဲမှာ ကြောက်လန့် တုန်လှုပ်မှုတွေပေါ်လာလေသည်။ လီလူက  မြေကြီးအဆင့်၃ သိုင်းသမားအဆင့်ကို ရောက်နေပင်မယ့် ဂျန်းတန်က အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် ကျားမီးတောက် လက်ဝါးသိုင်းကို အင်ပြည့်အားပြည့် နဲ့ တိုက်ခိုက်လာတာကို ခုခံဖို့တော့ ဘယ်လိုမှ မတတ်နိုင်ဘူးမဟုတ်လား ။

လူတွေအကုန်လုံးက လီလူ ကျားမီးတောက် လက်ဝါးစာကိုမိပြီး စည်းဝိုင်း အပြင်လက်ကို ထွက်သွားတော့မယ်လို့ ထင်နေကျတုံးမှာ ရုတ်တရက် အရိပ်တခု လျှပ်စီးလက်သလိုပေါ်လာပြီး လီလူကို ရင်ဘတ်ထဲကို ဆွဲသွင်းလိုက်ကာ ဂျန်းတန်ရဲ့ ပြင်းထန်လှတဲ့ လက်ဝါးချက်ကို ရှောင်းတိမ်းလိုက်တော့လေသည်။

Fortsæt med at læse

You'll Also Like

16.4K 709 29
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...
78.8K 1.9K 56
Y/n and Luz are best friends who have gone through thick and thin. But this time, they will go through thicker and thinner. They are both considered...
61.4K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
20.8K 511 34
----"𝚆𝙴 𝚆𝙴𝚁𝙴 𝙱𝙾𝚁𝙽 𝙵𝙾𝚁 𝚃𝙷𝙸𝚂."---- ⚜️Meet Xavier Mikaelson he's the original heretic and happens to be the twin brother of the big bad...