ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

51K 3.5K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

46 - 50

399 39 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၄၆.......နန်းတွင်းမြို့ရဲ့ တိုက်ပွဲ

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

  "... ကြယ်စကြယဝဋ္ဌာကျောင်းမှာ ကျောင်းအပ်ဖို့ဟုတ်လား.."
ရှောင်လုံလဲ အံသြစွာနဲ့ ပြန်မေးလိုက်သည်။

  အဲ့အချိန်မှာပဲ နောက်မှာကျန်နေခဲ့တဲ့  လီလူအဖေ လီချန်နဲ့ ကိုယ်ရံတော်တချိုလဲ  ရှောင်လုံတို့ဆီကိုရောက်လာလေသည်။

"... ဦလေး.. "
ရှောင်လုံက လီချန်ကိုမြင်တော့ လီလူဖက်ထားတဲ့ သူလက်မောင်းကို
ရုန်းဖယ်လိုက်ကာ လီချန်ကို နှုတ်ဆက်လိုက်သည်။

  လီချန်လဲ ရှောင်လုံကို အဓိပ္ပါယ်ပါပါနဲ့ ပြုံးကြည့်ရင်း ပြောလိုက်သည်
  "... ရှောင်လုံ...  မင်းကိုငါမတွေ့တာ လအနဲငယ်ပဲ ရှိသေးတယ်..
မင်းအရပ်တွေတော်တော်ရှည်လာပါလားကွ...  ဒီအတောအတွင်းမှာ
လီလူကလဲ မင်းကိုအရမ်းသတိရနေတာနော် သိလား..."

  ".. အဖေ... ဘာတွေလျှောက်ပြောနေတာတုံး..."
လီလူက ရှက်သွားပြီ မြေကြီးကို ခြေနဲ့ဆောင့်ရင်းပြောလိုက်သည်။

လီချန်လဲ ပြုံးလိုက်ပြီး ဖေးဟိုဘက်ကိုလှည့်ကာ
"... စီနီယာဖေးဟို...  နေကောင်းရဲ့လားဗျ..."

ဖေးဟိုက မြေကြီးအဆင့်၁၀နောက်ဆုံးအဆင့် ဟောင်ကလန် သခင်ကြီးဟောင်ကိုက်ကို အနိုင်ယူလိုက်တယ်ဆိုတဲ့ သတင်းက ကန်ဂလန်မြို့ တခုလုံးကို ပျံနှံနေပြီးသားမဟုတ်လား ။ လီချန်လဲ အဲ့သတင်းကိုကြားတုံးက အရမ်းကိုအံသြသွားလေသည်။

  ဖေးဟိုက မျက်နှာသေနဲ့ ခေါင်းကို အသာညိတ်ပြလိုက်သည်။

".. ရှောင်လုံ..  မင်းနေဖို့နေရာရပြီလား...  မရသေးရင် ငါတို့နဲ့လိုက်နေပါလား...?"
  လီကလန်က ပိုးဖဲအဝတ်တွေနဲ့ ပတ်သတ်လာရင် လုပ်ငန်းတွေအများကြီးရှိလေသည်။ ဒါကြောင့် သူတို့က နန်တွင်းမြို့မှာလဲ သူတို့ဆိုင်တွေနဲ့ အိမ်ဂေဟာလဲရှိသည်။ ဒါပင်မယ့် သူတို့အိမ်ကတော့ နှစ်ရာစကွဲပေ လောက်ပဲ ကျယ်ပြီး ရှောင်လုံဝယ်ထားတဲ့ အိမ်တော်ထက် အရမ်းကိုသေးငယ်လေသည်။

  အတူလိုက်နေရမယ်... ? ရှောင်လုံလဲ လီလူကို ကြည့်ကာ တံတွေး
မြို့ချလိုက်ရင်း
  "... ရပါတယ်ဦးလေး ... ကျွန်တော်မှာ နေစရာရှိပါတယ်... "

"... အိုး..."
  လီလူက စိတ်ပျက်သွားသလိုနဲ့ နှုတ်ခမ်းဆူလိုက်လေသည်။ အဲ့နောက်ချက်ချင်းပဲ သူ့ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် လှပစွာ ပြုံးလိုက်ပြ်ိး
"... ဒီနန်တွင်းမြို့ကြီးက ငါတို့မြို့ထက်အရမ်းကြီးတာပဲ..  ငါတို့လျှောက်လည်ကျရအောင်... "
  လီလူက ပြောပြီးတာနဲ့ ရှောင်လုံလက်ကိုဆွဲကာ သွားဖို့ပြင်လိုက်လေသည်။

  လျှောက်ကြည့်မယ်... ? ရှောင်လုံလဲ မျက်နှာ ရှုံမဲ့သွားပင်မယ့်
နောက်ဆုံးတော့ အလျော့ပေးလိုက်ရလေသည်။ ရှောင်လုံက လီလူနဲ့အတူ နှစ်နာရီလောက် လျှောက်ကြည့်ရင်း အချိန်ဖြုန်းပေးလိုက်ရသည်။

နှစ်နာရီကြာတော့မှာ ရှောင်လုံလဲ လီလူကို နှုတ်ဆက်ကာ စစ်သူကြီးချုပ် အိမ်တော်ကို ဖေးဟိုတို့နဲ့ အတူပြန်လာကျသည်။ ရှောင်လုံလဲ မိုးလင်းကထဲက ထွက်သွားပြီး မိုးချုပ်ခါနီးမှ ပြန်ရောက်လာတော့သည်။

  စစ်သူကြီးချုပ် အိမ်တော်ကိုရောက်တော့ ရှောင်လုံက စစ်သူကြီးချုပ် ဟောက်ထျန်ကို သူနေတဲ့ ခြံလေးဆီကို အခေါ်လွှတ်လိုက်သည်။

  ".. ဂိုဏ်းချုပ်... "
  မကြာခင်ပဲ ဟောက်ထျန်ကရောက်လာပြ်ိး ရှောင်လုံကို ရိုရိုသေသေနှုတ်ဆက်လိုက်လေသည်။

  ရှောင်လုံက ဖေးဟိုနဲ့ ဟောက်ချန်ကို ထိုင်ခုံတွေဆီညွှန်ပြရင်း
  "... မင်းတို့ နှစ်ယောက်လုံး ထိုင်ကျ.... "

  သူတို့နှစ်ယောက်လုံးထိုင်ပြီးတာနဲ့ ရှောင်လုံက ဟောက်ထျန်ကို
"... ငါ ကြယ်စကြာဝဋ္ဌာကျောင်း ရဲ့ အချက်အလက်တွေကို သိချင်တယ် ပြောပြပါလား... "

  ဟောက်ထျန်လဲ ခနလောက် စဉ်းစားပြီမှ ရှောင်လုံကို ကြယ်စကြာဝဋ္ဌာ ကျောင်းရဲ့ သမိုင်းကြောင်းကို ပြည့်ပြည့်စုံစုံရှင်းပြလိုက်သည်။
သူက ရှောင်လုံက ကြယ်စကြာဝဋ္ဌာကျောင်းမှာ ကျောင်းတက်ချင်တယ် လို့ ထင်လိုက်လေသည်။

  သူမိနစ်နှစ်ဆယ်လောက်ရှင်းပြပြီးမှ ရှောင်လုံက်ို မေးလိုက်လေသည်။
     ".... ဂိုဏ်းချုပ်...  ကြယ်စကြာဝဋ္ဌာကျောင်းမှာ ကျောင်းတက်ချင်လို့လား...?"

  ရှောင်လုံဆီမှာက သူတို့ဂိုဏ်းရဲ့ အထွတ်အမြတ်သိုင်းပညာတွေဖြစ်တဲ့ နတ်ဓားသိုင်း ၊ နတ်အတွင်းအားသိုင်းနဲ့ နတ်လက်သည်းသိုင်းတို့ရှိပြီးပြီမလား ။ သူအမြင်တော့ ရှောင်လုံအနေနဲ့ ကြယ်စကြာဝဋ္ဌာကျောင်းမှာ ကျောင်းတက်ဖို့မလိုအပ်ဘူးလို့ ထင်လေသည်။

  အဲ့နောက် ဟောက်ထျန်ကပဲ ဆက်ပြောလိုက်သည်
  ".. တကယ်လို့ ဂိုဏ်းချုပ် ကြယ်စကြာဝဋ္ဌာကျောင်းမှာ ကျောင်းသွားတက်မယ်ဆိုရင်တော့ ဂိုဏ်းချုပ်ကို အဲ့ကျောင်းက သိုင်းလေ့ကျင့်တဲ့နေရာမှာတော့ အထောက်အကူပေးနိုင်တယ်..။ ပြီးတော့ ကြယ်စကြာဝဋ္ဌာကျောင်းက နှစ်တိုင်း အတန်းအလိုက် ပြိုင်ပွဲတွေအများကြီးရှိတယ်..  ပြိုင်ပွဲမှာ ပထမရတဲ့သူဆိုရင် နဂါးမီတောက်တောင်ကြားမှာတောင် သိုင်းသွားလေ့ကျင့်ခွင့်ပေးတယ်...  ဂိုဏ်းချုပ်ရေ..   နဂါးမီးတောက် တောင်ကြားကတော့ သိုင်းလေ့ကျင့်ဖို့ အတွက်တကယ်လို့ ရတနာမြေပဲ...  အဲ့နေရာမှာ သိုင်းလေ့ကျင့်ရင် ကိုယ်ခန္ဓာကိုယ် ကြံခိုင်သန်စွမ်းလာစေယုံမက အတွင်းအားကီတွေရဲ့ အရည်အသွေးကိုပါ တိုးတက်လာစေတယ်လို့ ကျွန်တော်ကြားဘူးတယ်... "

နဂါးမီးတောက်တောင်ကြား.... !
ခန္ဓာကိုယ်ကို သန်မာလာစေယံမက အတွင်းအားကီအရည်အသွေးကိုပါ တိုးတက်လာစေနိုင်တယ်..... !

  ရှောင်လုံလဲ ဟောက်ထျန်စကားကြားတော့ အံသြမင်သက်သွားလေသည်။ ရှောင်လုံအတွက်တော့ အတွင်းအားကီတွေရဲ့ အရည်အသွေးအဆင့်ကို မြင့်တက်အောင်လုပ်ပေးတဲ့အရာရှိတယ်ဆိုတာကို ပထမဆုံးကြားဘူးတာပဲ ဖြစ်လေသည်။

   " .. ဟုတ်ပါတယ်ဂိုဏ်းချုပ်...  နဂါးမီးတောက် တောင်ကြားရဲ့
မြေကြီးအောက်မှာ သဘာဝ နဂါးသွေးကြောရှိတယ်လေ...  အဲ့ဒါကြောင့်လဲ နဂါးမီးတောက်တောင်ကြားမှာ သိုင်းလေ့ကျင့်ရင် ခန္ဓာကိုယ်တွေက ကြံခိုင်လာယုံသာမက အတွင်းအားအရည်အသွေးတွေပါ တိုးတက်လာတာပဲ....  ဒါပင်မယ့် အဲ့နေရာက မြေကြီးအဆင့် ၁၀ အောက်တွေအတွက်ပဲ အကျိုးရှိနိုင်တာ..  မြေကြီးအဆင့်၁၀ ကျော်သွားရင်တော့ သိုင်းလေ့ကျင့်သူကို အဲ့လောက်အကျိုးမပြုတော့ဘူး..."
ဖေးဟိုကလဲ ထပ်ပြီးရှင်းပြလိုက်သည်။

  သဘာဝနဂါးသွေးကြော...!

  ကြယ်စကြာဝဋ္ဌာကျောင်းမှာ တကယ်ပဲ သဘာဝနဂါးသွေးကြော ရှိတာလား....!

  ရှောင်လုံရဲ့ မျက်လုံးတွေက စဉ်းစားရင်အရောင်တောက်လာလေသည်။ အဲ့နေရာက မြေကြီးအဆင့်၁၀အောက်တွေကိုပဲ အကျိုးရှိနိုင်တယ်ဆိုတော့ သူလက်ရှိအဆင့်နဲ့ဆို အံဝင်သေးတယ်မဟုတ်လား။
ပြီးတော့ ရှောင်လုံလို နဂါးဝိညဉ်ရှိတဲ့ လူအတွက်ဆိုရင် နဂါးမီးတောက်တောင်ကြားက အရမ်းကိုအကျိုးအမြတ်ရှိစေမှာမဟုတ်လား....။

  "... အဲ့ဒါအပြင်ကို စကြာဝဋ္ဌာကျောင်းက ပထမနေရာရတဲ့လူကို ဆေးလုံးတလုံးဆုချီးမြှင့်လေ့ရှိတယ်... ပထမနှစ်ရဲ့ ပထမနေရာရသူကို အဆင့်မြင့်အဆင့်၄ ဝိညဉ်ဆေးလုံးဆုချတယ် ... ဒုတိယနှစ်အတွက်ဆို စဦးအဆင့်၅ ဆေးလုံး....  တတိယနှစ်ပထမနေရာရတဲ့သူကို အလယ်အဆင့်၅ ဆေးလုံး၊ နောက်ဆုံးတကျောင်းလုံးရဲ့ ချန်ပီယံကိုတော့ အဆင့်မြင့်အဆင့်၅ဆေးလုံး ဆုချတယ်...  !"
  ဖေးဟိုက ရှောင်လုံအရမ်းစိတ်ဝင်စားနေတာကိုမြင်တော့ သေချာကိုအသေးစိတ်ရှင်းပြလိုက်လေသည်။

  အဆင့်မြင့် အဆင့်၄ဆေးလုံး ၊ စဦးအဆင့် ၅ဆေးလုံး ၊ အလယ် အဆင့်၅ ဆေးလုံး ၊ အဆင့်မြင့် အဆင့်၅ ဆေးလုံး အဲ့ဒါတွေကြားတော့
ရှောင်လုံလဲ မယုံကြည်နိုင်စွာနဲ့ မျက်လုံး ပြူးသွားလေသည်။ သူတို့က အဆင့်၅ ဆေးလုံးတွေကိုတောင် ဆုချတယ်တော့ ကြယ်စကြာဝဋ္ဌာကျောင်းက တကယ်ကိုရက်ရောတာပါလား။

   အဆင့်၅ ဆေးလုံးဆိုတာ လူတောင်းနိုင်ငံမှာဆို ပိုက်ဆံရှိတိုင်းတောင် ဝယ်လို့ရတာမှမဟူတ်တာ။

  သူ့အဖိုး ဟောက်ကိုက်ဆို ရှောင်လုံကို သူအနှစ်နှစ်ဆယ်လောက် မသုံးရက်ပဲ စုထားတဲ့  နဂါးကျား ဝိညဉ်ဆေးလုံးကို ပေးတုံးကဆို သူ့နှလုံးသားဖြုတ်ပေးလိုက်ရသလိုတောင် ခံစားရသေးတယ်မဟုတ်လား။ ဒါအပြင် ရှောင်လုံ သူ့အဖေကို ပြန်ပေးလိုက်တဲ့ နဂါးကျားဝိညဉ်ဆေးလုံးဆိုရင် အဆင့်မြင့်အဆင့်၄ ဆေးလုံး အဆင့်ပဲရှိလေသည်။

  "....ဒါအပြင် ဂိုဏ်းချုပ် ကျောင်းတကျောင်းလုံး ချန်ပီယံက ကြယ်စ
ကြာဝဋ္ဌာကျောင်းကိုကိုယ်စားပြုပြီးတော့ ဒေါင်ရမ်းအင်ပါရာနိုင်ငံမှာ အင်ပါရာပြိုင်ပွဲကိုသွားပြိုင်ခွင့်ရှိသေးတယ်... "
  ဖေးဟိုက ထပ်ပြောလိုက်သည်။

  "... ဒေါင်ရမ်းအင်ပါရာနိုင်ငံသွားပြီးတော့တောင် သိုင်းသွားပြိုင်ခွင့်ရတယ်.... "
   ရှောင်လုံလဲ သူ့ကြားသမျှကို အံသြစွာနဲ့ နားထောင်နေလေသည်။

  "... ဟုတ်ပါတယ် ဂိုဏ်းချုပ် နှစ်တိုင်းနှစ်တိုင်း တကျောင်းလုံးပထမရတဲ့သူက ဒေါင်ရမ်းအင်ပါရာက အုပ်ချုပ်တဲ့ အင်ပါရာမြို့တော်မှာ နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲကိုသွားယှဉ်ပြိုင်ရတယ်... "
  ဟောက်ထျန်က ထပ်ပြီး ရှင်းပြလိုက်သည်
  " ... အဲ့ပြိုင်ပွဲမှာ တကယ်လို့ ထူးချွန်စွာနဲ့ အဆင့်၁၀၀ အတွင်းကိုဝင်ခဲ့မယ်ဆိုရင် ဒေါင်ရမ်းအင်ပါရာ မြို့ရဲ့ ဒေါင်ရမ်းကောလိပ်မှာ ပညာသင်ခွင့်ရှိတယ်...  ဒေါင်ရမ်းကောလိပ်မှာ ပညာသင့်ခွင့်ရပြီဆိုရင် အဲ့ကျောင်းသားရဲ့ နိုင်ငံရော မိသားစုရောက အရမ်းကို ဂုဏ်တက်ကျတာပေါ့... "

   "... ဒေါင်ရမ်းအင်ပါရာနိုင်ငံက အဆင့်၁၁ ကနေ အဆင့်၁၀၀ အထိကို စဦးအဆင့် ၆ ဝိညဉ်ဆေးလုံးဆုချတယ်... "
  "... ဒုတိယကနေ အဆင့်၁၀ အထိကို အလယ်အဆင့်၆ ဝိညဉ်ဆေးလုံးဆုချတယ်... "
  "... အင်း... ချန်ပီယံဆိုရင်တော့ အဆင့်မြင့်အဆင့် ၆ ဝိညဉ်ဆေးလုံးကိုတောင်ဆုရတာ... "
ဟောက်ထျန်လဲ ဆုတွေကို ပြောပြရတာတောင် အရမ်းကိုစိတ်
လှုပ်ရှားနေလေသည်။

အဆင့်မြင့် အဆင့်၆ ဝိညဉ်ဆေးလုံး..... !

အဆင့်မြင့်အဆင့်၆ ဝိညဉ်ဆေးလုံးက ကောင်းကင်သိုင်းသမားဖြစ်တဲ့ ဟောက်ထျန်အတွက်တောင်မှ အရမ်းကိုမက်မောစရာကောင်းတဲ့ ဆုလဒ်မဟုတ်လား။

ဖေးဟိုလဲ ဟောက်ထျန်ပြောတဲ့ဆေးလုံး တွေကိုကြားရင်း သူ့မျက်လုံးကပါ မီးတွေထွက်မတက်အရမ်းကိုလိုချင် တောင့်တမိနေလေသည်။
ရှောင်လုံလဲ ဟောက်ထျန်ပြောတာနားထောင်ရင်း တံတွေးကို "...ဂလုဂလု.. " မည်အောင်မျိုချလိုက်မိသည်။

  မင်းဘိုးအေ.... အဆင့်မြင့်အဆင့်၆ ဝိညဉ်ဆေးလုံး ဟုတ်လား...!
ရှောင်လုံက ဟောက်ထျန်ပြောစကားကိုကြားရင်း သူဘာသာသူစဉ်းစားရင်းကို တုန်လှုပ်သွားလေသည်။

  အဆင့်မြင့်အဆင့်၆ ဝိညဉ်ဆေးလုံးက မြေကြီးအဆင့်၁၀ အထွတ်အထိပ်သိုင်းသမားကိုတောင် ကောင်းကင်အဆင့်သိုင်းသမားဖြစ်သွားနိုင်စေတဲ့ အခွင့်အရေးအရမ်းများတယ်မဟုတ်လား။

ရှောင်လုံလဲ သူကိုယ်သူ တဖြည်းဖြည်းတည်ငြိမ်လာအောင် ပြန်ထိန်းချုပ်လိုက်သည်။

အဲ့နောက် ရှောင်လုံက ဟောက်ထျန်ကို ကြယ်စကြာဝဋ္ဌာကျောင်းကို ဘယ်လိုကျောင်းအပ်ရမယ်ဆိုတာရယ် ဘာတွေလိုအပ်တယ်ဆိုတာရယ်ကို ထပ်မေးလိုက်သည်။

  "... ဂိုဏ်းချုပ် အသက်နဲ့ မြေကြီးအဆင့်သိုင်းသမားက ကျောင်းအပ်လို့ရပါတယ် အဲ့ဒါက ပြသနာမရှိပါဘူး... သူရဲ့ အခြေခံလိုအပ်ချက်က အသက်ဆယ့်နှစ်နှစ်အောက်ရယ် သိုင်းဝိညဉ်က အဆင့်၉ နဲအထက်ဖြစ်ရမယ်ဆိုတာရယ်ပဲ.. "
  ဟောက်ထျန်က ပြန်ဖြေလိုက်သည်။

  "... သိုင်းဝိညဉ် အဆင့်၉ အနဲဆုံးရှိရမယ်.. " အဲ့ဒါကြားတော့ ရှောင်လုံလဲ မျက်မှောင်တွန့်လိုက်သည်။ သိုင်းဝိညဉ်အဆင့်ကို စစ်ဆေးမယ်ဆိုရင် သူရဲ့ အမြွှာနဂါးသိုင်းဝိညဉ်အကြောင်းကို လူတွေသိကုန်မှာပေါ့.... ။

  "... တကယ်တော့... ဂိုဏ်းချုပ်မှာ သိုင်းဝိညဉ် အဆင့်၉ ရှိရှိမရှိရှိ
ကိစ္စမရှိပါဘူး...  ကျွန်တော်ကဂိုဏ်းချုပ် ကျောင်းတက်ခွင့်ရအောင်
လုပ်ပေးနိုင်ပါတယ်... " ဟောက်ထျန်က ရှောင်လုံသိုင်းဝိညဉ်ကို တခါမှ မမြင်ဘူးသေးတော့ ရှောင်လုံ မျက်မှောင်တွန့်လိုက်တာကိုတွေ့လိုက်တဲ့အခါ သူက ရှောင်လုံ ကျောင်းလိုအပ်ချက်နဲ့မကိုက်လို့ မျက်မှောင်တွန့်လိုက်တယ်လို့ ထင်သွားလေသည်။

  သူလို လူတောင်းနိုင်ငံရဲ့ စစ်သူကြီးချုပ်အနေ နဲ့ လူတယောက်ကို
ကြယ်စကြာဝဋ္ဌာကျောင်းမှာ ကျောင်းတက်ခွင့်ရအောင်လုပ်ဖို့တော့အသာလေး စွမ်းဆောင်နိုင်တယ်မဟုတ်ပါလား။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၄၇....... ပြိုင်ဘက်ကင်း ဂိုဏ်းချုပ်

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

   အဆင့် ၉ သိုင်းဝိညဉ်မရှိဘူး ဟုတ်လား...? ရှောင်လုံလဲ စစ်သူ
ကြီးချုပ် အထင်မှားသွားတာကိုတွေ့တော့ ခေါင်းကိုခါရင်း ခါးသက်သက်ပြုံးလိုက်လေသည်။ ပြီးတော့ ခနလောက်စဉ်းစားပြီးမှ ပြောလိုက်သည်
   ".... တကယ်တော့ ငါသိုင်းဝိညဉ်အဆင့်က အဆင့်၉ မရောက်တာမဟုတ်ပါဘူး....  ငါက ငါသိုင်းဝိညဉ်အကြောင်း လူတွေသိကုန်မှာပဲ စိုးတာ... "

  ဟောက်ထျန်နဲ့ ဖေးဟိုတို့လဲ တယောက်ကို တယောက်ကြည်
လိုက်ကာ ....ဂိုဏ်းချုပ်က သူသိုင်းဝိညဉ်အကြောင်း ပေါ်သွားမှာကိုကြောက်နေတယ်ဟုတ်လား....? ပုံမှန်ဆို သူအဆင့်၁၀ သိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားရင်တော့ သူအဲ့လောက် စိုးရိမ်နေစရာလိုလို့လား..?

ဟောက်ထျန်နဲ့ ဖေးဟိုတို့ စဉ်းစားရင်းခေါင်းရှုပ်နေကျတုံး ရှောင်လုံကိုယ်ထဲကနေ အလင်းရောင်တွေ တောက်ပစွာ ပေါ်ထွက်လာလေသည်။ အဲ့နောက်မှာတော့ နဂါးလေးနှစ်ကောင်....
  အမဲရောင်နဂါးနဲ့ အဖြူရောင်နဂါးလေးတွေက ရှောင်လုံအနောက်ဘက်ခေါင်းပေါ်မှာ ပေါ်လာလေသည်။

နှလုံးသားကို အားငယ်သွားစေနိုင်တဲ့ ကြီးကျယ်လွှမ်းမိုးတဲ့ အရှိန်အဝါက ရှောင်လုံခေါင်းပေါ်က နဂါးနှစ်ကောင်ဆီကနေ ထွက်ပေါ်လာတာကို ဖေးဟိုတို့ခံစားလိုက်ရသည်။

  ဟောက်ထျန်တို့နှစ်ယောက်လုံး ရှောင်လုံသိုင်းဝိညဉ်ကိုမြင်တော့ မင်သက်အံသြသွားကာ သူတို့မျက်စိနဲ့ မြင်တာတောင် မယုံနိုင်လောက်အောင်ဖြစ်သွားကျလေသည်။

  "... အမြွှာ...အမြွှာသိုင်းဝိညဉ်...!"
ဖေးဟိုက တုန်ခါနေတဲ့ အသံနဲ့ ရေရွယ်လိုက်သည်။

  ဂိုဏ်းချုပ်ရဲ့ သိုင်းဝိညဉ်က ဒဏ္ဍာရီတွေထဲမှာသာ ကြားဘူးခဲ့တဲ့ အ
မြွှာသိုင်းဝိညဉ်ပဲ.... !

  "... နဂါး... အမြွှာနဂါးနှစ်ကောင်... ထိပ်တန်းပါရမီရှိတဲ့ အမြွှာသိုင်းဝိညဉ်ပဲ... "
စစ်သူကြ်ီးချုပ်ဟောက်ထျန်က စိတ်ရှုပ်ရှားလွန်းလို့ တုန်ယင်နေကာ အိမ်မက်မက်နေသလို ထပ်ခါထပ်ခါရေရွတ်လိုက်သည်။

     မိုးကောင်းကင်...! တကယ်ကို ထိပ်တန်းပါရမီနဲ့ အမြွှာသိုင်းဝိညဉ်ပဲ.... !

  ဒါက တကယ်ပဲ ဂိုဏ်းချုပ်ရဲ့ သိုင်းဝိညဉ်လား.....?

  ဖေးဟိုနဲ့ ဟောက်ထျန်တို့ စိတ်လှုပ်ရှားလွန်းလို့ မေ့မျောသွားမတတ်လို့ဖြစ်သွားကျသည်။

အဲ့နောက် နှစ်ယောက်လုံး မတိုင်ပင်ပဲ တူညီစွာပဲ ထိုင်နေရာကနေ ဒူးထောက်ချလိုက်ကာ
    "... ဂိုဏ်းချုပ်ကြီး သိုင်းကမ္ဘာတခုလုံး ပြိုင်ဘက်ကင်းသည်...!"
   "...ဂိုဏ်းချုပ်ကြီး သိုင်းလောကတခုလုံး ပြိုင်ဘက်မရှိ...."

   သာမန်ဆို တည်တည်ငြိမ်ငြိမ်ရှိတဲ့ သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားလွန်းလို့ စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ ခေါင်းကိုထပ်ထပ်ညွတ်ကာအလေးပြုရင်း သူတို့ဂိုဏ်းရဲ့ ဆောင်ပုဒ်ကို အကြိမ်ကြိမ်ရေရွတ်နေကျလေသည်။

  ရှောင်လုံလဲ သူကို အဆက်မပြတ် အလေးပြုရင်း ဆောင်ပုဒ်ကို ထပ်ခါထပ်ခါ ရေရွယ်နေတဲ့ ဖေးဟိုနဲ့ ဟောက်ထျန်ကို မြင်တော့ သူလဲအရမ်းကိုအံသြသွားလေသည်။ ပြောစရာစကားမရှိဖြစ်သွားပြီး သူ့ရင်ထဲမှာပဲ ခါးသက်သက်ရီလိုက်လေသည်။အာ.... ဒါက ထိပ်တန်းပါရမီနဲ့ သိုင်းဝိညဉ်လေးပဲ မဟုတ်လား...  သူတို့နှစ်ယောက်လုံးဘာလို့ အဲ့လောက် အမူအရာပျက်သွားရတာလဲ..... ?

"... မင်းတို့နှစ်ယောက်လုံး ထကျတော့... "
နောက်ဆုံးတော့ ရှောင်လုံလဲ မနေနိုင်တော့ပဲပြောလိုက်သည်။

ဖေးဟိုတို့ နှစ်ယောက်လုံးက မတ်တပ်မရပ်ပဲ ဒူးထောက်ရက်ပဲ ရှိနေလေသည်။

  ဟောက်ထျန်က စိတ်လှုပ်ရှားစွာနဲ့ ပြုံးရင်း မျက်ရည်တွေစီးကျလာကာ
    "...  ဂိုဏ်းချုပ်ရဲ့ သိုင်းဝိညဉ်က ထိပ်တန်းပါရမီနဲ့ သိုင်းဝိညဉ်ပဲ...
ဒါတကယ်ပဲ ငါတို့ နတ်တံခါးဂိုဏ်းက ကောင်းကင်က ကောင်းချီးပေးတာပဲ...  ငါတို့ နတ်တံခါးဂိုဏ်း  သေချာပေါက်ကို ပြန်ခေါင်းထောင်လာရမယ်.... ငါတို့ အတိတ်က ရွှေရောင်ခေတ်ကို သေချာပေါက်ပြန်ရောက်ပြီ...."

  ထိပ်တန်းပါရမီနဲ့ သိုင်းဝိညဉ်....!

  ဒါဟာတကယ်ကို ရှားပါးလွန်းတဲ့ သိုင်းဝိညဉ်ပဲ...  ဒေါင်ရမ်းအင်ပါရာနိုင်ငံကိုထားတော့ ငါတို့ နှင်းလေ ကမ္ဘာကြီးမှာတောင် အရင်ကမရှိခဲ့တဲ့ ဒဏ္ဍာရီထဲက သိုင်းဝိညဉ်ပဲ....!

  ဖေးဟိုကလဲ စိတ်လှုပ်ရှားစွာနဲ့ ချီးကျူးစကားတွေကို အဆတ်မပြတ်ပြောလေသည်။ သူ့တို့နှစ်ယောက်လုံး ဆယ်မိနှစ်လောက် ဝအောင်ချီးကျူးစကားပြောပြီးမှ ပြန်တပ်ရပ်လိုက်ကျပြီးတော့ အခုချိန်ထိကို သူတို့ စိတ်လှုပ်ရှားနေတာတွေကို ငြိမ်သက်အောင်မထိန်းနိုင်ကျဘူးဖြစ်နေလေသည်။

  "... ငါသိုင်းဝိညဉ်အကြောင်းကို ပေါက်ကြားလို့မဖြစ်ဘူး.."
  ရှောင်လုံက ဖေးဟိုတို့ မတ်တပ်ရပ်တာမြင်တော့ သတိပေးလိုက်သည်။

  "... ဂိုဏ်းချုပ်... စိတ်ချစမ်းပါ... ကျွန်တော်တို့ကို အသေသတ်ရင်တောင် ဂိုဏ်းချုပ်သိုင်းဝိညဉ်အကြောင်း တလုံးမဟပါဘူး..."
  ဖေးဟိုနဲ့ ဟောက်ထျန်က နောက်တခါ ဒူးထောက်ချလိုက်ပြီး သစ္စာ
ဆိုလိုက်ကျသည်။

  ရှောင်လုံလဲ ခေါင်းညိတ်လိုက်ကာ သူလျှိုဝှက်ချက်ကိုပြောပြတယ်ဆိုထဲက ဖေးဟိုနဲ့ ဟောက်ထျန်က နတ်တံခါးဂိုဏ်းအပေါ်ကို အကျွမ်းမဲ့
သစ္စာရှိမယ်ဆိုတာကို သူယုံကြည်လို့မဟုတ်လား။

  ရှောင်လုံကသူတို့နှစ်ယောက်ကို မတ်တပ်ရပ်ခိုင်းလိုက်ပြီး မေးလိုက်သည်
  "... ငါ့သိုင်းဝိညဉ်က အဆင့်ဘယ်လောက်လဲ မင်းတို့သိလား...?"

  ဟောက်ထျန်နဲ့ ဖေးဟိုလဲ တယောက်မျက်နှာ တယောက်ကြည့်ရင်း ဘာပြန်ဖြေရမလဲမသိဖြစ်သွားလေသည်။ သူတို့ပြန်မဖြေပဲ အကြာကြီးတိတ်ဆိတ်နေပြီးမှ ဟောက်ထျန်က အရမ်းအရေးကြီးတဲ့လေသံဖြင့်
  "... ပုံမှန်ဆိုရင်တော့ နဂါးနက်သိုင်းဝိညဉ်က အဆင့်၁၀ သိုင်းဝိညဉ်ပဲ...  ဒါပင်မယ့် ကျွန်တော်မျိုး မြင်တာတော့ ဂိုဏ်းချုပ်ရဲ့ သိုင်းဝိညဉ်က ပုံမှန်နဂါးနက်သိုင်းဝိညဉ်ထက် နဲနဲထူးဆန်းတယ် ... ဂိုဏ်းချုပ်ရဲ့ သိုင်းဝိညဉ်က ဆင့်ကဲပြောင်းလဲနိုင်တဲ့ သိုင်းဝိညဉ်ပဲ ဖြစ်ရမယ်..
နဂါးအပြာရောင်ကတော့ အခုထိ ဒီကမ္ဘာကြီးမှာ မှတ်တမ်းမရှိသေးပါဘူး..."

  "... မှတ်တမ်းမရှိဘူး ဟုတ်လား..?"
  ရှောင်လုံလဲ အရမ်းကို အံသြသွားသည်။

"... ဟုတ်ပါတယ် ဂိုဏ်းချုပ်...  ဒီနှင်းလေ ကမ္ဘာကြီးမှာ ဘယ်တုံးကမှ နဂါးပြာ သိုင်းဝိညဉ် မပေါ်ထွက်ဘူးသေးဘူး....  ကျွန်တော် ဂိုဏ်းချုပ်ရဲ့ သိုင်းဝိညဉ်အဆင့်ကို အတိအကျမပြောနိုင်ပင်မယ့် ကျွန်တော်အထင်ကတော့ နဂါးအပြာရောင်က ဆင့်ကဲပြောင်းလဲနိုင်စွမ်းရှိတဲ့ နဂါးအနက်ထက်ကို ပိုပြီး အဆင့်မြင့်ရမယ်...  "
  ဟောက်ထျန်က သူ့အတွေ့အကြုံနဲ့ ခန့်မှန်းပြီးပြောလိုက်သည်။

ရှောင်လုံလဲ ဟောက်ထျန်စကားကြားတော့ ပိုအံသြသွားကာ ဒီနှင်းလေ ကမ္ဘာကြီးမှာ နဂါးအပြာရောင်းသိုင်းဝိညဉ်မရှိဘူးသေးဘူး ဟုတ်လား...? ဒါဆို ငါရဲ့ သိုင်းဝိညဉ်ကို တကယ်ကို အရမ်းထူးခြားဆန်းကြယ်တဲ့ သိုင်းဝိညဉ်မျိုးပေါ့... !

  အဲ့နောက် ရှောင်လုံ လဲ နဂါးနက်သိုင်းဝိညဉ်အကြောင်ကို သေချာဆက်ပြီးမေးလိုက်လေသည်။

  ခနလောက်ကြာတော့မှ ဖေးဟိုတို့နှစ်ယောက်လဲ ရှောင်လုံခြံလေးထဲကနေ ပြန်သွားကျသည်။

  သူတို့နှစ်ယောက် ထွက်သွားပြီးတဲ့နောက်မှာလဲ ရှောင်လုံက ဥယျာဉ်ထဲ ဆက်ထိုင်နေရင်း သူကြားခဲ့တဲ့ စကားတွေကို ပြန်လည်စဉ်းစားနေလေသည်။ သူသိုင်းဝိညဉ်အဆင့်ကို မဆုံးဖြတ်နိုင်သေးပင်မယ့်
သူသေချာသိနေတာကိုတော့ သူ့သိုင်းဝိညဉ်က အဆင့်၁၂ အထက်မှာပဲ ဖြစ်ရမယ်... ။ အဲ့နောက် ရှောင်လုံလဲ ဒေါင်ရမ်းနိုင်ငံရဲ့ ပြိုင်ပွဲ ၊ နတ်တံခါးဂိုဏ်းရဲ့ အတွင်းဘက်မှာ အားပြိုင်မှုတွေ အကြောင်းကိုဆက်စဉ်းစားလိုက်ပြီး နောက်ဆုံးမှာတော့ လီလူအကြောင်းက သူခေါင်းထဲကိုရောက်လာလေသည်။

"... ဒီကိစ္စတွေအခု မစဉ်းစားသေးပဲ...ငါသိုင်းလေ့ကျင့်တာပဲကောင်းပါတယ်... "
  ရှောင်လုံက မတ်တပ်ရပ်လိုက်ကာ သူကြယ်စကြာဝဠာကျောင်းမှာ ကောင်းမအပ်ခင် မြေကြီးအဆင့် ၆ကို ရောက်နေချင်တယ်လေ။

ရှောင်လုံလဲ သူ့အခန်းကိုပြန်လိုက်ပြီး ကျောက်စိမ်းကုတင်ပေါ်ထိုင်ကာ နတ်အတွင်းအားနည်းစနစ်ကို စလေ့ကျင့်တော့သည်။ စလေ့ကျင့်လိုက်တာနဲ့ အမြွှာနဂါးသိုင်းဝိညဉ်က သူနောက်ဘက်မှာပေါ်လာရင်း ငရဲကသိုင်းဝိညဉ်စွမ်းအင်တွေကို သူသွေးကြောထဲကို အရှိန်အဟုတ်နဲ့ စုပ်သွင်းပေးကာ သူ့ရဲ့ မြေကြီးအဆင့်၆ အဆင့်ကိုကျော်ဖြတ်နိုင်ဖို့ တားဆီးနေတဲ့ အတားအဆီးကို ပြင်းထန်းစွာ ဖြိုဖျက်ပေးလေသည်။

အဲ့လိုနဲ့ပဲ အချိန်တွေက မသိလိုက်မသိဘာသာပဲ ကုန်ဆုံးသွားတော့သည်။ အဲ့နောက်မှာတော့ ရှောင်လုံတယောက်ထဲ ကြားနိုင်တဲ့ ကြက်ဥအခွံကွဲသလို အသံက ပဲ့တင်ထွက်လာရင်း တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။

  ရှောင်လုံရဲ့ မျက်လုံးတွေမှာ ပျော်ရွှင်မှုတွေအထင်သားပေါ်လာလေသည်။

မြေကြီးအဆင့် ၆ကို ရောက်သွားပြီ.....!

အတွင်းအားကီတွေက ပိုပြီးကျယ်လာတဲ့ သွေးကြောတွေဆီကို ဖြတ့သန်းစီးဆင်းရင်း တဖြညိးဖြည်းနဲ့ သူအတွင်းအားကီတွေက ပိုမိုသိပ်သည်းများပြားလာလေသည်။

အဲ့လိုနဲ့ ညအချိန်က ကုန်ဆုံးသွားလေသည်။

ပြတင်းပေါက်ကနေ အလင်းရောင်ဝင်လာတော့ ရှောင်လုံလဲ အခန်းထဲကနေ ဥယျာဉ်ထဲကို ထွက်လာလိုက်သည်။ သူ့လက်ဝါးနဲ သံတိုင်ကြီးကိုရိုက်လိုက်တယ်ဆိုရင်ပဲ တလက်မလောက်နက်တဲ့ လက်ဝါးရာကြီးက သံတိုင်မှာပေါ်လာကာ သံတိုင်ကြီးကအဆက်အပြတ်တုန်ခါနေလေသည်။

  ရှောင်လုံက သူလက်ဝါးရိုက်ထုတ်လိုက်တဲ့ တချိန်ထဲမှာပဲ သူရဲ့ကြွက်သားထဲက စွမ်းအားတွေပေါက်ကွဲထွက်လာတာကိုလဲ ခံစားလိုက်မိသည်။ အရင်ကထက်ကို ပိုပြီး ကြံခိုင်သန်မာလာတာပဲ...!

  ရှောင်လုံ အဆင့် ၆ ရောက်ပြီးတာနဲ့ သူအတွင်းအားတွေက အရမ်းကို တိုးတက်လာလေသည်။ အဲ့နောက်ရှောင်လုံလဲ လေထဲကို ခုန်လိုက်ကာ သူလက်ထဲမှာ ဓားနှစ်လက်ပေါ်လာပြီး အောက်ကိုပိုင်းချလိုက်သည်။ ဓားအလင်းတန်းတွေ အမြောက်အမြားထွက်ပေါ်လာပြီး ခြံဝန်းထဲကို မိုးသည်းကြီးမဲကြီးရွာချလိုက်သလိုဖြစ်သွားကာ မိုးချိန်းသလို ကျယ်လောင်သံ လေချွန်သံကြီးထွက်ပေါ်လာသည်။

ထူးဆန်းတာက ခြံဝန်းတခုလုံး မုန်တိုင်ဧရိယာထဲကိုရောက်နေပက်မယ့် သစ်ပင်တွေမြက်ပင်တွေက ပုံမှန်အတိုင်းရှိနေပြီး ဒီသိုင်းကွက်က
မြေကြီးပေါ်က အရာတွေကို အကျိုးမသက်ရောက်စေပဲရှိလေသည်။

ပထမတချက်ပြီးတာနဲ့ ရှောင်လုံကဓားချက် နောက်တချက် ထပ်ထုတ်လိုက်ပြီး ဒီတခါမှာတော့ ဓားရိပ်တွေက မိုးဖွဲဖွဲကျနေသလို့ဖစ်သွားကာ မိုးရေစက်တစက်တိုင်းက ယင်ကောင်တကောင်လောက် အရွယ်အစားရှိလေသည်။ အာရုံမစူးစိုက်ဘူးဆိုရင် အသံတွေကို ကြားရဖို့တောင်ခက်ခဲလေသည်။

  ပြီးခဲ့တဲ့လတွေက ရှောင်အတွက်အတွက် နတ်မျက်ရည်သိုင်းကွက်အပေါ် နားလည်နိုင်စွမ်းကိုပိုမို နက်ရှိုင်းလာစေသည်။

  သူထပ်ခါထပ်ထာလေ့ကျင့်ရင်းနဲ့ပဲ အချိန်နှစ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

  ဒီနှစ်ရက်လုံးလုံး ရှောင်လုံကခြံဝန်းထဲကနေမထွက်ပဲ သိုင်းကိုပဲအာရုံစိုက်လေ့ကျင့်လေသည်။ရှောင်လုံက ဒီနှစ်ရက်ကို နတ်အတွင်းအားစနစ်ရယ် နတ်မျက်ရည်သိုင်းကွက်ရယ်အပြင် ခန္ဓာကိုယ်အသွင်ပြောင်းသိုင်းကိုပဲ လေ့ကျင့်ပြီး ကုန်ဆုံးသွားစေသည်။

  တတိယမြောက်နေမှာတော့ ဟောက်ထျန်က ရှောင်လုံအတွက်
ကြယ်စကြာဝဠာကျောင်းအပ်ဖို့ ထောက်ခံစာကိုယူလာပေးလေသည်။
သူခနလောက်နေရင်း ရှောင်လုံ ကျောင်းအပ်ရာမှာ သတိထားရယ့်အချက်တွေကို ပြောပြလေသည်။ အဲ့နောက် ရှောင်လုံကို ကျောင်းသွားအပ်ရာမှာ စောက်ရှောက်ဖို့ အစောင့်နှစ်ယောက်ကိုလဲ ထပ်ထဲ့ပေးလိုက်သည်။

  ကြယ်စကြာဝဠာကျောင်းက နန်တွင်းမြို့တော်ရဲ့ မြောက်ဘက်မှာတည်ရှိပြီး စစ်သူကြီးအိမ်တော်နဲ့ဆို တနာရီလောက်အကွာအဝေးခရီးမှာ ရှိလေသည်။ ကျောင်းအပ်ဖို့ ထွက်လာတဲ့ ရှောင်လုံတို့လဲ တနာရီလောက်နေတော့ ကြယ်စကြာဝဠာကျောင်းတံခါးဝကိုရောက်ရှိလာလေသည်။

"... ရှောင်လုံရေ... "
  လီလူက ကျောင်းတံခါးဝမှာ ရှောင်လုံကိုမြင်တော့ အားရဝမ်းသာနဲ့ခေါ်လိုက်သည်။ အဲ့နောက်မှာတော့ အရင်လိုပဲ ပြေးလာပြီး ရှောင်လုံလက်မောင်းကို ဖက်တွယ်လိုက်လေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၄၈......ကျောင်းတက်ခွင့်အပယ်ခံရချင်း

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

  လီလူက ရှောင်လုံကိုပြေးဖက်တာမြင်လိုက်တော့ အနားကလူတွေလဲ သူတို့ကိုဝိုင်းကြည့်လိုက်ကျလေသည်။
 
  သူတို့က အခုမှအသက်၉နှစ်ပဲ ရှိသေးပင်မယ့်လူတွေအများကြီးဝိုင်း
ကြည့်တာမြင်လိုက်တော့ ရှောင်လုံလဲနဲနဲတော့ရှက်သွားလေသည်။

  " အန်ကယ် "
ရှောင်လုံက လီလူဖက်ထားတာကို ခွာဖို့ကြိုးစားရင်းနဲ့ လီလူနောက်မှာပါလာတဲ့ လီချန်ကိုနှုတ်ဆက်လိုက်သည်။ ဒီကောင်မလေးကြည့်ရတာ ငါကိုမြင်တာနဲ့ တန်းပြီးဖက်ရမှ ကျေနပ်တာထင်တယ် သူငါ့ကိုမြင်တိုင်းအနဲဆုံးတော့ တခါလောက်ဖက်တယ်မဟုတ်လား.....။

  အဲ့ဒါတွေထက်အံသြစရာကောင်းတာကတော့ လီလူရဲ့အဖေ လီချန်ပြဲဖစ်လေသည်။ သူက လီလူရဲ့ အဖေဖြစ်ပြီးတော့ လီလူ ငါ့ကိုပြေးဖက်တာကို ဘာလို့ဘာမှမပြောရတာလဲ... ?

  လီချန်လဲ ရှောင်လုံကိုပြုံးရင်း ခေါင်းညိတ်ပြလိုက်ကာ ရှောင်လုံဘေးက ဖေးဟိုကို လေးလေးစားစားနဲ့ နှုတ်ဆက်လိုက်လေသည်။

  သူတို့အပြန်အလှန်နှုတ်ဆက်ကျပြီးတာနဲ့ အတူတူ ကြယ်စကြာဝဠာကျောင်းတံခါးအပေါက်ဝကနေ ကြယ်ရောင်ကျောက်တုံးတွေနဲ့ အလှဆင်ထားတဲ့ အခန်းကျယ်ကြီးအထိရောက်အောင်ဝင်သွားကျသည်။

  ကြယ်ရောင်ကျောက်တုံးတွေက ဝိညဉ်စွမ်းအင်တွေကိုစုပ်ယူထားပြီး အနားကလူကိုအတွင်းအား အားဖြည့်ပေးနိုင်လေသည်။ကြယ်ရောင်ကျောက်တုံး တတုံးတိုင်းက ရွှေဒင်္ဂါးတထောင် တန်ကြေးရှိပြီးတော့
ဒီလောက်ကျယ်တဲ့အခန်းကြီးကို အပြည့်အလှဆင်ထားနိုင်တယ်ဆိုတော့ ဘယ်လောက်တောင်များ ကုန်ကျလိုက်မလဲ  .... ? ဒီကြယ်စ
ကြာဝဠာကျောင်းက တကယ်ကို အာဏာကြီးမားပြ်ီး ချမ်းသာတာပဲ...။

  ဒီအခန်းကျယ်ကြီးထဲမှာ ကျောင်းလာအပ်ဖို့လူတွေ နဲ့ပြည့်နှက်နေပြီး
အားလုံးပေါင်းအယောက်တရာထက်မနဲရှိလေသည်။

  ရှောင်လုံ တို့လဲကျောင်းထဲကို လှည့်ပတ်ကြည့်ရှုပြီး ကျောင်းအပ်ရမယ့်နေရာဆီကိုပဲ ဦးတည်ပြီးသွားလိုက်ကျသည်။

  ကျောင်းအပ်လက်ခံတဲ့နေရာကိုရောက်တော့ ကျောင်းအပ်လက်ခံတာကိုထာဝန်ယူထားတဲ့ သူက အသက်နှစ်ဆယ်ဝန်းကျင်လောက်ရှိတဲ့ မျက်ခုံးလှလှ ဖီးနစ်ငှက်မျက်လုံးနဲ့ မိန်းမပျိုပဲ ဖြစ်လေသည်။သူမရဲ့ အသားအရေက အရိုးထိမြင်နိုင်အောင် ကြည်လင်နေပြီး သူမကတကယ်ကို အေးစက်စက်အမူအရာနဲ့ စံတင်လောက်အောင်လှတဲ့ အမျိုးသမီးပဲ ဖြစ်လေသည်။

  "... မင်္ဂလာပါ ဆရာမ....  သမီးတို့ ကျောင်းအပ်ဖို့လာတာပါ..."
လီလူက သူမရဲ့ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးပြရင်းပြောလိုက်သည်။ ရှောင်းမေကွီ လဲ အသံလာရာကိုကြည့်လိုက်ပြီး လီလူရဲ့
ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနှစ်ဖက်ကိုမြင်လိုက်တော့ သူမမျက်နှာကအေးစက်စက်အမူအရာတွေက အနဲငယ်လျော့ကျသွားလေသည်။

သူမက ဖွဖွပြုံးရင်းမေးလိုက်သည်
"... နာမယ်ရယ်... အသက်ရယ် ပြောပါ... "

လီလူက ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ပြန်ဖြေလိုက်သည်။ အားလုံးမှတ်တမ်းတင်ပြီးသွားတော့ ရှောင်းမေကွီ ကလီလူကိုသစ်သားတံဆိပ်ပြားလေးတခုပေးလိုက်ပြီး အတွင်းခန်းထဲမှာ သူမရဲ့သိုင်းဝိညဉ်နဲ့ တခြားစစ်ဆေးစရာရှိတာကို စစ်ဆေးဖို့ စေလွှတ်လိုက်သည်။

ကျောင်းအပ်ရာတွင် အသက်၁၂နှစ်အောက် သိုင်းဝိညဉ်အဆင့်၉ အထက်ရှိရမယ့် အပြင် တခြားလိုအပ်ချက်လေးတွေလဲရှိသေးသည်။
သစ်သားတံဆိပ်ပြားလေးရတော့ လီလူကဘေးမှာရပ်ကာ ရှောင်လုံကိုစောင့်နေလိုက်သည်။

ရှောင်လုံလဲ ရှေ့ကို လျှောက်လာပြီးထောက်ခံစာကို သူအကျီထဲကနေထုတ်လိုက်သည်။

ရှောင်လုံ ထောက်ခံစာကိုထုတ်လိုက်တာလဲမြင်ရော ရှောင်းမေကွီက လီလူကို ဆက်ဆံသလို ပျော့ပျောင်းတဲ့ အမူအရာကနေ ချက်ချင်းအေးစက်စက်နဲ့ တင်းမာတဲ့ မျက်နှာထားကို ပြောင်းသွားလေသည်။
သူမက ရှောင်လုံကို မနှစ်မြို့သလို ကြည့်လိုက်သည်။ သိုင်းဝိညဉ်အဆင့် ၉မရှိပဲ မိသားစုရဲ့ အဆက်အသွယ်ကိုအားထားပြီးတော့ ကြယ်စကြာဝဠာကျောင်းကို အထူးအခွင့်အရေးနဲ့ ကျောင်းတက်ဖို့လာတဲ့သူတွေက သူမကအမုန်းဆုံးမဟုတ်လား။

".. နာမယ်နဲ့ အသက်ပြော..! "
ရှောင်းမေကွီက မာဆတ်ဆတ်အသံနဲ့မေးလိုက်သည်။

" ...ဟောင်ရှောင်လုံ... အသက်က ၉နှစ်ခွဲပါ.. "
ရှောင်လုံကပြန်ဖြေလိုက်လေသည်။

ရှောင်းမေကွီလဲ ရှောင်လုံရဲ့မှတ်တမ်းကိုယူလိုက်ပြီးလက်မနှစ်ခုစာလောက်ရှိတဲ့ ကြယ်အလင်းရောင်တောက်ပနေတဲ့ အပြားလေးကို ကြမ်းပြင်ပေါ်ပြစ်ပေးရင်းပြောလိုက်သည်
"... ဒါက နင်ရဲ့ ကျောင်းသား ကဒ်ပဲ... "

တောက်ပနေတဲ့ ကျောင်းသားကဒ်လေးက ရှောင်လုံခြေထောက်နားကိုကျနေပြီး ဒါမတော်မဆကျသွားတာမဟုတ်မှန်းသိသာလေသည်။

အဲ့ဒါကိုမြင်တော့ ဖေးဟိုနဲ့ အစောင့်နှစ်ယောက်က ဒေါသထွက်သွား
ပြီး သူတို့ရှေ့ကို ထွက်ပြီးပြောတော့မယ်အချိန်မှာပဲ ရှောင်လုံကတား
ပြီး ခေါင်းကိုခါပြလိုက်ကာ သူတို့ကို စိတ်ထိန်းဖို့အချက်ပြလိုက်သည်။
ဖေးဟိုက ရှောင်လုံခြေထောက်နားက ကျောင်းသားကဒ်လေး
ကိုကောက်လိုက်သည်။

  ရှောင်းမေကွီက သူကျောင်းသားကဒ်ကို ပစ်ပေးလိုက်တာတွေ့တော့ ရှောင်လုံလဲ အဲ့လိုလူမျိုးကို ယဉ်ယဉ်ကျေးကျေး ပြောမနေတော့ပဲ
အေးစက်စက်လေသံနဲ့
"... ကျောင်းလခကို ဘယ်မှာသွင်းရမလဲ... "

  ရှောင်းမေကွီကလဲ အေးစက်စက်လေသနဲ့ ပြန်တုံပြန်လိုက်သည်
"...   နင် ဆွံအနေလား...? " "... တခြားတယောက်ကိုသွားမေးပါလား....?"

ဖေးဟိုလဲ ရှောင်းမေကွီက သူဂိုဏ်းချုပ်ကို ".. ဆွံအနေလား.." လို့ စော်ကားလိုက်တာကိုတွေ့တော့ သူရဲ့မြေကြီးအဆင့်၁၀ အရှိန်အဝါတွေက ခန်းမဆောင်ကိုလွှမ်းခြုံသွားရင်း ဒေါသတကြီးပြောလိုက်သည်
"...နင် မိုက်ရိုင်းလှချည်လား..."

  ရှောင်းမေကွီလဲ ဖေးဟိုရဲ့ မြေကြီးအဆင့်၁၀ အရှိန်အဝါတွေကိုမြင်တော့ ခနလောက်မင်သက်သွားပြီး သူမက ကြောက်သွားရမယ့်အစား အေးစက်စက်ပြုံးလိုက်ကာ
   " ... ပြသနာရှာချင်တယ်ပေါ့..."
ပြောပြီးတာနဲ့ သူမရဲ့ အတွင်းအားကို ထုတ်လိုက်ကာ သူမရဲ့ သိုင်းဝိညဉ်က နောက်ကျောဘက်မှာပေါ်လာလေသည်။

  ရှောင်းမေကွီရဲ့ သိုင်းဝိညဉ်က လိပ်ပြာသိုင်းဝိညဉ်ပဲ ဖြစ်လေသည်။
ဒါပေမယ့် သူမရဲ့ လိပ်ပြာသိုင်းဝိညဉ်က သာမန်လိပ်ပြာမျိုးမဟူတ်ဘဲ
အတောင်ပံ ရွှေရောင်အတောင်ပံ ရှစ်ခုပါကာ ခန္ဓာကိုယ်တခုလုံးကတော့ အရောင်ခုနှစ်ရောင်နဲ့တောက်ပနေသည်။

".. ခုနှစ်ရောင်ခြယ်လိပ်ပြာ.. "

ဒီသက်တန့်လိပ်ပြာ သိုင်းဝိညဉ်က ရှားပါးသိုင်းဝိညဉ်ဖြစ်သည်။ ဒါပင်မယ့် သူကရိုးရိုးအဆင့်၉ သိုင်းဝိညဉ်ပဲ ဖြစ်သည်။

သိုင်းဝိညဉ် အဆင့်တူတူတွေမှာလဲ  ရိုးရိုး ၊ အထက်တန်းနဲ့ ထိပ်ဆုံးဆိုပြီး အဆင့်ကွဲလေသည်။

အဲ့အချိန်မှာပဲ ရှောင်လုံတို့ အခန်းထဲကို နေရာပေါင်းစုံက အရိပ်တွေကလဲ လျင်မြန်စွာပျံသန်းရောက်ရှိလာပြီး သူတို့ရှေ့ကိုရောက်လာလေသည်။ အဲ့လူတွေအကုန်လုံးက ရှောင်းမေကွီရဲ့ ကြယ်စကြာဝဠာကျောင်း ဆရာဝတ်စုံလိုမျိုး  ဝတ်စုံတူဝတ်ထားကျလေသည်။ သူတို့အားလုံးက ကြယ်စကြာဝဠာကျောင်းရဲ့ ဆရာတွေပဲ ဖြစ်သည်။

ရောက်လာတဲ့ သုံးယောက်ထဲကတယောက်က နဖူးမှာ တတိယမျက်လုံးရှိသလိုမျိုး ဒေါင်လိုက်အကွဲကြောင်းရှိပြီး သူကြည့်ရတာ နတ်ဆိုးပုံစံနဲ့ ဆွဲဆောင်မှုရှိလေသည်။

အခန်းထဲကို ရောက်တော့ သူနဖူးက ဒေါင်လိုက်အကွဲရာနဲ့ ရှောင်းမေကွီကိုကြည့်ရင်း
   "... မေကွီ...  ဘာဖြစ်ကျတာလဲ.. "
သူကမေးခွန်းဆုံးတာနဲ့ ဖေးဟိုကို စိုက်ကြည့်လိုက်သည်။

ရှောင်းမေကွီလဲ  ရှောင်လုံနဲ့ ဖေးဟိုကို ဒေါသတကြီးကြည့်ရင်း
"... သုံးစားလို့မရတဲ့ အမှိုက်လို ကျောင်းသားတယောက်က မိသားစုနောက်ခံကို အားကိုးပြီး ပြသနာလာရှာနေတာလေ.."

  ထောက်ခံစာနဲ့ အမှိုက်လိုကောင် ဟုတ်လား.....?

မိသားစုနောက်ခံကိုအားကိုးတယ်..... !

  ပြသနာလာရှာတယ်...... !

  ရှောင်လုံမျက်နှာက ချက်ချင်းအေးစက်သွားကာ ပထမတော့ သူစိတ်ထဲမှာ ဒီအမျိုးသမီး အချိုးမပြေသလို ခံစားရပင်မယ့် အခုတော့ချက်ချင်း လုံးဝကို မနှစ်သက်တဲ့ အထိဖြစ်သွားလေသည်။ ရှောင်လုံက ထောက်ခံစာနဲ့ ဝင်ခွင့် စာမေးပွဲမဖြေပဲ ကျောင်းလာအပ်တာဆိုရင်တောင် ဒါကျောင်းကထုတ်ထားတဲ့ စည်းကမ်းပဲ....  ဒီဘီလူးမက ဝင်စွက်ဖက်စရာအာဏာရှိလို့လား....  သူကကျောင်းကဆရာမအဆင့်ပဲရှိတာ သူမကျေနပ်ချက်တွေကို ငါအပေါ်လာပုံတယ်ဆိုရင်တော့ ဒိအမျိုးသမီးတော့ တကယ်ကို လူမှားသွားပြီ ။

"..... အိုး...  ဒါဆို ထောက်ခံစာနဲ့ အမှိုက်တကောင်ပေါ့... ကောင်လေး... မင်းဒီမှာ မင်းပြသနာရှာတယ်ဆိုရင်တော့ မင်းနေရာရွေးမှားသွားပြီ... မင်းပတ်ဝန်းကျင်းကို နဲနဲအကဲခတ်ပြီးတော့ မင်းဘယ်နေရာကိုရောက်နေလဲဆိုတာ နားမလည်ဘူးလား...!"
   နဖူးမှာအရာနဲ့ ကျုံးယွမ်က အော်ပြောလိုက်ရင်း ထပ်ပြီးတော့ အေးစက်စက်အသံနဲ့
"... အခု မင်း ဒူးထောက်ပြီး ဆရာမ ရှောင်းကိုတောင်းပန်လိုက်..
ဒါဆို ငါဆိုမင်းကိုခွင့်လွှတ်လိုက်မယ်...  အဲ့လိုမှမဟုတ်ရင်တော့....!"
   
ထောက်ခံစာနဲ့လူတဲ့လူတွေရဲ့ နောက်ခံကလဲ အင်အားကြီးပင်မယ့်
ကျုံးယွမ်ရဲ့ အမြင်ကတော့ အဲ့လိုလူမျိုးကို ဒူးထောက်ပြီးတောင်းပန်ခွင့်ပေးလိုက်တာကပဲ အရမ်းကို ညှာတာပြီး ဆုံးဖြတ်လိုက်တယ်လို့ ထင်မြင်လေသည်။

  သူတို့အဲ့လိုမလုပ်ဘူးဆိုရင်တော့ သူကအဲ့ကောင်လေးရဲ့ ကျောင်းတက်ခွင့်ကို ပယ်ဖျက်ပြီး သူတို့ကို မောင်းထုတ်ပစ်ရမှာပဲ... ။

ဒူးထောက်ပြီး တောင်းပန်ရမယ် ဟုတ်လား....?
ဖေးဟိုနဲ့ အစောင့်နှစ်ယောက်က ရှောင်လုံကိုဒူးထောက်တောင်းပန်ခိုင်းတာကိုလဲ ကြားရော အရမ်းကိုဒေါသထွက်ကုန်ကျသည်။ အဲ့အချိန်မှာပဲ ရှောင်လုံအကြည့်က ကျုံးယွမ်ဆီကိုရောက်သွားလေသည်။
ရှောင်လုံက ရှောင်းမေကွီးကို လက်ညိုးထိုးပြလိုက်ရင်းနဲ့ သူနှုတ်ခမ်းက လှောင်ပြုံးလေးကို မထီတရီပြုံးလိုက်ကာ
   " .. ငါလဲ မင်းနဲ့ ဒီဝက်ဝံမကို ရွေးချယ်ခွင့်တခုပေးလိုက်မယ်...
  ငါ့ကိုဒူးထောက်ပြီး တောင်းပန်မလား... ဒါမှမဟုတ်ရင်တော့.. !"
ပြောရင်းနဲ့ ရှောင်လုံမျက်လုံးတွေကအေးစက်စက် အလင်းရောင်တွေနဲ့တောက်ပလာလေသည်။

  ဒီနှစ်ယောက်က ငါ့ကိုပြသနာလာရှာမှတော့ မင်းတို့ဆန္ဒကိုဖြည့်ဆီးပေးရမှာပေါ့..... !

အတိတ်ကမင်းတို့ကို ဘယ်သူမှမလွန်ဆန်ရဲပင်မယ့် အမြဲတန်းအဲ့
လိုဖြစ်နေမယ်လို့ ထင်နေတာလား.....!

  အဲ့အချိန်မှာပဲ ကျောင်းအပ်ဖို့လာတဲ့ တခြားမိသားစုတွေကလဲ ရှောင်လုံတို့နားကို ဝိုင်းအုံလာကျပြီး ရှောင်လုံက ဆရာနှစ်ယောက်ကို ဒူးထောက်ပြီးတောင်းပန်ဖို့ ပြောလိုက်တာလဲကြားရော လူတွေအားလုံး အံသြတုန်လှုပ်ကာ ပါးစပ်အဟောင်းသားနဲ့ ဖြစ်ကုန်ကျလေသည်။

" ဒိအကိုကြီး စတိုင်က အရမ်းကိုမိုက်တာပဲ " တချို့ကျောင်းသားတွေရဲ့ စိတ်ထဲမှာတွေးလိုက်လေသည်။

  ရှောင်းမေကွီရော ကျုံးယွမ်ရော နှစ်ယောက်လုံး အံသြတုန်လှုပ်သွားကာ သူတို့မျက်နှာတွေက ဒေါသထွက်လွန်းလို့ အနီရောင်ကနေ ခကမ်းရောင်ကို ပြောင်းသွားကာ ထောက်ခံစာနဲ့လာတဲ့ အမှိုက်လိုကောင်က တော်တော်ကို မျက်နှာပြောင်ပါလား သူလုပ်ရမယ့်အစား ငါတို့ကိုတောင် ဒူးထောက်တောင်းပန်ခိုင်းသေးတယ်ဟုတ်လား။

ရှောင်းမေကွီက သူမရဲ့အရမ်းကို ဖွံထွားကြီးမားလှတဲ့ ရင်ဘက်ကို နိမ့်ချည်မြင့်ချည်ဖြစ်လောက်အောင် ဒေါသထွက်ကာ ရှောင်လုံကိုလက်ညှိုးထိုးလိုက်ပြီး
    "... ငါနင့်ကျောင်းတက်ခွင့်ကို ပယ်ဖျက်လိုက်ပြီ...  နင့်ရဲ့ ကျွန်သုံးကောင်ကိုခေါ်ပြီး ငါ့မျက်စိရှေ့ကနေ အခုထွက်သွားစမ်း.." 

  ရှောင်လုံက မထီတရီပြုံးလိုက်ရင်း
   "... နင်က ငါ့ကျောင်းတက်ခွင့်ကို ပယ်ဖျက်တယ်ဟုတ်လား.. ?
နင်လို ဆရာအဆင့်က ငါ့ကျောင်းတက်ခွင့်ကို ပယ်ဖျက်နိုင်လောက်တဲ့ အရည်အချင်းမျိုးရှိလို့လား... ?"

  ရှောင်လုံပြောတာကလဲ တကယ်ကိုအမှန်တရားပဲ ဖြစ်သည်။
ထောက်ခံစာနဲ့ ကျောင်းလာအပ်တဲ့  ကျောင်းသားတွေရဲ့ ကျောင်းတက်ခွင့်ကို ကျောင်းအုပ်ကြီးတယောက်ထဲကပဲ ဖယ်ဖျက်ဖို့ အခွင့်အာဏာရှိလေသည်။

                      ********************

   ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၄၉.......ခေါင်းဖြတ်သတ်သင့်တယ်

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

   "... နင်.. "
  ရှောင်းမေကွီလဲ ဒေါသထွက်လွန်းလို့ အသားတဆတ်ဆတ်တုန်ရင်း
ဘာပြန်ပြောရမလဲမသိဖြစ်သွားသည်။ ကျောင်းစည်းမျဉ်းစည်းကမ်းအရ ကျောင်းအုပ်ကြီးနဲ့ လက်ထောက်ကျောင်းအုပ်ကပဲ အထူးကျောင်းတက်ခွင့်နဲ့လာတဲ့ ရှောင်လုံလိုကျောင်းသားတွေကို ကျောင်းတက်ခွင့်ပယ်ဖြတ်နိုင်လေသည်။ ရှောင်းမေကွီလဲ ဒေါသထွက်သဖြင့် ရှောင်လုံက အထူးကျောင်းသားဆိုတာကိုသတိမေ့သွားပြီး ကျောင်းတက်ခွင့်ကို ပယ်ဖျက်လိုက်တာပြဲဖစ်လေသည်။

ဒါပင်မယ့် ကျုံးယွမ်ကတော့ ရှောင်လုံရဲ့ အငြင်းစကားကို ကြားတော့ ဟွန့်ခနဲလုပ်လိုက်ပြီး
"... မင်းကျောင်းတက်ခွင့်ကိုငါတို့က ပယ်နိုင်ဖို့ အာဏာမရှိပင်မယ့် 
ငါတို့ကမင်း အရည်အချင်းမပြည့်မှီတာကိုတော့ အဆိုပြုလွှာတင်သွင်းလို့ရတယ်....ပြီးတော့ မင်းကကျောင်း ထဲမှာ ပြသနာလာရှာတာမဟုတ်လား...  ငါတို့က ဆရာတွေအနေနဲ့ မင်းကို ဖမ်းပြီး ကျောင်းစည်း
ကမ်းထိန်းသိမ်းရေး ဋ္ဌာနကိုပို့ခွင့်ရှိတယ်ဆိုတာ မင်းနားလည်လား ..."
    ကျုံးယွမ်က တလုံးချင်းပြောရင်းနဲ့ စကားလဲဆုံးရော သူ့ခန္ဓာကိုယ်ကတောက်ပလာပြီး သူ့သိုင်းဝိညဉ်ကိုခေါ်ထုတ်လိုက်လေသည်။

  သူ့ရဲ့သိုင်းဝိညဉ်ကတော့ " တောင် " အမျိုးအစား သိုင်းဝိညဉ်ပဲ ဖြစ်သည်။

ကျုံးယွမ်ရဲ့သိုင်းဝိညဉ်က ဒေါင့်သုံးဖက်နဲ့ အမဲရောင်တောင်ကြီးဖြစ်
ပြီးတော့ တောင်ပေါ်မှာ မျက်စိသုံးလုံးလဲရှိလေသည်။

"... မျက်စိသုံးလုံး အမဲရောင်တောင်...."

  ဖေးဟိုရဲ့ ငွေရောင်မြစ်သိုင်းဝိညဉ်လိုပဲ မျက်စိသုံးလုံးအမဲရောင်တောင်ကလဲ သဘာဝကိုအခြေခံထားတဲ့ သိုင်းဝိညဉ်ဖြစ်သည်။ ဖေးဟိုရဲ့ ငွေရောင်မြစ်သိုင်းဝိညဉ်က သဘာဝမြစ်ရဲ့ မူကွဲသိုင်းဝိညဉ်ဖြစ်
ပြီးတော့ မျက်စိသုံးလုံးအမဲရောင်တောင် သိုင်းဝိညဉ်ကတော့ မွေးရာပါပုံစံကွဲ တောင်အမျိုးအစားသိုင်းဝိညဉ်ဖြစ်လေသည်။

ကျုံးယွမ်လဲ သူ့သိုင်းဝိညဉ်ကိုဆင့်ခေါ်ကာ ချက်ချင်းဝိညဉ်အသွင်ပြောင်းလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ပေါ်မှာ အမဲရောင် ချပ်ဝတ်တန်ဆာတွေနဲ့ ဖုံးလွှမ်းလာလေသည်။ အဲ့နောက်သူက ရှောင်လုံကို လက်ဝါးနဲ့ ရိုက်ချလိုက်သည်။

  ကျုံးယွမ်ကရှောင်လုံကို ဖမ်းယုံပဲဖမ်းမယ်လို့ပြောပေမယ့်
သူ့လက်ဝါးရိုက်ချက်က ရှောင်လုံကိုသေသွားနိုင်စေတဲ့အထိ အရမ်းကို စွမ်းအား ပြင်းထန်လေသည်။ ရှောင်လုံကံကောင်းလို့ မသေရင်တောင် မသန်မစွမ်းဖြစ်သွားနိုင်သည်။

  အဲ့ဒါကိုမြင်တော့ ရှောင်လုံမျက်နှာက အေးသထက်အေးစက်သွားကာ သူ့ပါးစပ်ကနေ အမိန့်ပေးသံထွက်လာတော့သည်
  "... အဲ့ကောင်ကို သတ်စမ်း... "

".. ဟုတ်ကဲ့...  သခင်လေး..."
ရှောင်လုံကို အမိန့်ကိုစောင့်နေတဲ့ ဖေးဟိုက ကျယ်လောင်စွာပြန်ဖြေလိုက်ပြီး သူ့ငွေရောင်မြစ်သိုင်းဝိညဉ်ကို ဆင့်ခေါ်ပြီးသူလဲ ဝိညဉ်အသွင်ပြောင်းလိုက်လေသည်။ အဲ့နောက် ကျုံးယွမ် လက်ဝါးကိုထိပ်တိုက်ရင်ဆိုင်ရိုက်ချလိုက်သည်။

   ဟောက်ထျန်ထဲ့ပေးလိုက်တဲ့ စစ်သားနှစ်ယောက်ကလဲ ကျန်တဲ့ ဆရာတွေနဲ့ တိုက်ခိုက်ကျလေသည်။

  "... Boom.. "

  ဖေးဟိုနဲ ကျုံးယွမ်တို့ရဲ့ စွမ်းအားနှစ်ခုတိုက်မိပြီး ကျယ်လောင်တဲ့
မြည်ဟီးသံ ထွက်ပေါ်လာကာ ကျုံးယွမ်ကအနောက်ကို ယိုင်သွားကာ သူ့ကိုယ်ပေါ်က ချပ်ဝတ်တန်ဆာတွေကလဲ သိသိသာသာကိုအရောင်မှိန်သွားလေသည်။

"... မင်း...မင်းက မြေကြီးအဆင့်၁၀ အထွတ်အထိတ်
အဆင့်သိုင်းသမားပဲ ... "
ကျုံးယွမ်က ဖေးဟိုကိုကြည့်ရင်း အံသြတုန်လှုပ်သွားလေသည်။
အစောပိုင်း ဖေးဟိုက မြေကြီးအဆင့်၁၀ အဆင့် အရှိန်အဝါတွေကို ထုတ်ပြပင်မယ့် ကျုံးယွမ်က သူကိုသာမန်မြေကြီးအဆင့် ၁၀ လောက်ပဲ ထင်ခဲ့လေသည်။ သူ မထင်မှတ်ထားခဲ့တာက ဖေးဟိုရဲ့ တကယ့် သိုင်းအဆင့်က မြေကြီးအဆင့်၁၀ အထွတ်အထိပ်ဖြစ်နေတာပဲ။

ငွေရောင်မြစ်သိုင်းဝိညဉ်နဲ့ မြေကြီးအဆင့်၁၀ အထွတ်အထိပ်အဆင့်
သိုင်းသမား.....!

  ဖေးဟိုလဲ ကျုံးယွမ်ရဲ့ အံသြသွားတဲ့ အမူအရာတွေကို ဂရုမစိုက်ပဲ
ကျုံးယွမ်ကို နောက်ထပ်လက်သီး တလုံးပစ်ကြွေးလိုက်လေသည်။
ဖေးဟိုက ချက်ချင်းဆိုသလို ကျုံးယွမ်ရှေ့မှာပေါ်လာကာ လက်သီးတချက်ထိုးချလိုက်သည်
  "... နှလုံးကွဲကြေလက်သီး... "

  ကြီးမားပြင်းထန်တဲ့ လက်သီးရာကြီးက လေထုကိုဖြတ်သန်းသွားပြီး ပတ်ဝန်းကျင်လေထုကိုပါ အက်ကြောင်းတွေဖြစ်လာစေသည်။

ကြောက်လန့်တုန်လှုပ်သွားတဲ့ ကျုံးယွမ်က အံကိုကြိတ်ကာ အကြောက်အလန့်မရှိလုပ်ချင်စိတ်တွေက သူ့မျက်လုံးထဲပေါ်လာပြီး သူနဖူးက ဒေါင်လိုက်အကွဲကြောင်းကြီးက ရုတ်တရုက်ပွင့်သွားကာ ကြောက်စရာကောင်းတဲ့ အမဲရောင်မျက်လုံးကြီးပေါ်လာလေသည်။ အဲ့ဒါကတော့ ကျုံးယွမ်း သိုင်းဝိညဉ်ရဲ့ မွေးရာပါစွမ်းရည် ဖြစ်သည်။
  " နတ်ဝိညဉ် မျက်လုံး... "

  နက်မှောင်နေတဲ့အမဲရောင်အလင်းတန်းက ကျုံးယွမ်နဖူးက မျက်လုံးဆီကနေ ထွက်ပေါ်လာကာ ပတ်ဝန်ကျင်လေထုကို ကြောက်မက်ဖွယ်ရာကောင်းအောင် တုန်လှုပ်သွားစေကာ အနားရှိလူတွေကို ခိုက်ခိုက်တုန်သွားစေသည်။

အမဲရောင်အလင်းတန်းကြီးနဲ့ ဖေးဟိုရဲ့လက်သီးရာကြီးတို့ ထိပ်တိုက်ရင်ဆိုင်တိုက်မိကျလေသည်။

"...Boom.. "
တိုက်မိတော့ အမဲရောင်မျက်လုံးကြီးဆီကနေ တဖြစ်ဖြစ် အသံတွေအဆတ်မပြတ်ထွက်ပေါ်လာကာ လေထဲမှာပဲ ပေါက်ကွဲသွားတော့သည်။ အဲ့နောက် ပြင်းထန်တဲ့ နောက်ဆက်တွဲ အတွင်းအားလှိုင်းတွေက
ကျုံးယွမ်ကို တုန်ခါသွားစေကာ အနောက်ကိုတွန်းလှန်လိုက်လေသည်။

ဖေးဟိုကိုယ်တိုင်လဲ အနောက်ကို ယိမ်းထိုးကာဆုတ်သွားရလေသည်။ မျက်လုံးကြီးပျောက်ကွဲသွားမှုကြောင့် သူ့ဦးနှောက်ထဲမှာ တဝီဝီမြည်သံတွေကပျောက်သွားမသွားပဲ သူစိတ်ထဲမှာ ပတ်ဝန်းကျင်က အရာအားလုံးပျောက်သွားကာ သူ့ကိုစိုက်ကြည့်နေတဲ့ အမဲရောင်မျက်လုံးကြီးတခုပဲ ကျန်ခဲ့တော့သည်။

  ကျုံးယွမ်လဲ အနောက်ကို လွှင့်ထွက်သွားရင်းနဲ့ သူ့မျက်လုံးတွေက ဖေးဟိုကို စူးစိုက်ကြည့်လိုက်တော့ ဖေးဟိုက စိတ်ရှုပ်ထွေးနေတဲ့မျက်လုံးတွေနဲ့ အဲ့နေရာမှာပဲ မလှုပ်ရှားတော့ပဲ ရပ်တန့်နေတာကိုတွေ့လိုက်လေသည်။ အဲ့ဒါကတော့ သူ့သိုင်းဝိညဉ်ရဲ့ အထူးအားသာချက်ဖြစ်ပြီးတော့ သူ့သိုင်းဝိညဉ်မှာက တခြားပြိုင်ဘက်တွေကသူတို့ကိုယ်တိုင် သတိမထားမိလိုက်ပဲ ပုံရိပ်ယောင် ကမ္ဘာထဲကို ကျရောက်သွားစေသည်။

ရက်စက်ယုတ်မာတဲ့အရိပ်အယောင်တွေကကျုံးယွမ် မျက်လုံးထဲပေါ်လာပြီး အချိန်မဆိုင်းတော့ပဲ ကျုံးယွမ်က ဖေးဟိုကို အဆုံးသတ်ဖို့ကြိုးစားလိုက်လေသည်။ ကျုံးယွမ်က သူလက်တချောင်းနဲ့ ဖေးဟိူရဲ့ နားထင်ကို စိုက်ချလိုက်သည်။
"... တောင်ဖောက် လက်ညှိုး... "

အတွင်းအားကီတွေက ကျုံးယွမ်လက်ညှိုးမှာ ပြင်းထန်စွာလည်ပတ်နေကာ ဖေးဟိုနားထင်နဲ့ နီးလာတော့ သတ်တန့်ပုံစံ လက်ညိုးရာကြီး ဖြစ်သွားလေသည်။ စိတ်ရှုပ်ထွေးပြီးရပ်တန့်နေတဲ့ ဖေးဟို
က ရုတ်တရက်သတိပြန်လည်လာကာ လက်ရှိခြေအနေကို ချက်ချင်း
အာရုံပြန်စိုက်လိုက်လေသည်။ ထက်ရှတဲ့ အလင်းတခုက ဖေးဟိုမျက်လုံးထဲမှာ တဖျက်ဖျက်လက်လာသည်။ ဖေးဟိုရဲ့ ငွေရောင်မြစ်သိုင်းဝိညဉ်က ဖေးဟိုဘေးမှာကာကွယ်ရင်း အဆက်မပြတ်လည်ပတ်နေကာ တဖြည်းဖြည်းအရွယ်အစားပိုကြီးမားလာလေသည်။

  "... နတ်ဝိညဉ်မျက်လုံး ဟုတ်လား... ?"

  ".. မင်းအလှည့်ပြီးတော့ ငါအလှည့်ပေါ့ကွာ မင်းကိုလဲ ငါ့သိုင်းဝိညဉ်ရဲ့ စွမ်းရည်ကိုသိအောင်ပြပေးရမှာပေါ့... "

  ဖေးဟိုက လှောင်ပြုံးပြုံးလိုက်ရင်း သူ့သိုင်းဝိညဉ်ရဲ့ အထူးစွမ်းအား ငါးဆပိုပြီးစွမ်းအားကြီးလာစေတဲ့ အစွမ်းကိုထုတ်သုံးကာ ကျုံးယွမ်တိုက်ခိုက်မှုကို အပိုင်းပိုင်းခွဲခြေပလိုက်လေသည်။

  ကျုံးယွမ်က နာကျင်စွာနဲ့ ကျယ်ကျယ်လောင်လောင်အော်ကာ အနောက်ဘက်ကို ဆယ်ပေလောက်လွင့်ထွက်သွားကာ ကျောက်နံရံနဲ့တိုက်မိပြီး မြေကြီးပေါ်ကို ပြန်ပြုတ်ကျလာလေသည်။

အနားမှာ ဝိုင်းအုံကြည့်နေကျတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေလဲ ဖေးဟိုကကျုံးယွမ် တို့ရဲ့ပြင်းထန်တဲ့ ရင်ဆိုင်တွေ့မှုတွေကို
မြင်ထဲက အဝေးကို ထွက်ပြေးကျလေသည်။ အဝေးကနေ ရပ်ကြည့်နေကျတဲ့ သူတွေတွေအကုန်လုံး ရပ်ကြည့်နေတဲ့နေရာမှာပဲ ကြောက်လန့်တုန်လှုပ်ပြီး မလှုပ်မရက်ဖြစ်ကုန်ကာ အခန်းကြီးတခုလုံး အပ်ကျသံကိုတောင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားလေသည်။

  လီချန်နဲ့ လီလူတို့လဲ အဲ့မြင်ကွင်းကိုမြင်တော့ သူတို့နှလုံးတွေကတုန်ခါသွားကျလေသည်။ လီချန်က ရှောင်လုံလက်ထဲက ထောက်ခံစာကိုမြင်တော့ အံသြသွားကာ ဒီထောက်ခံစာက ဟောင်ကလန်ဂိုဏ်းချုပ်ဆီကဟာလား...  ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟောင်ကလန်က ဂိုဏ်းချုပ်မဆိုထားနဲ့ ကန်ဂလန်မြို့က အာဏာအကြီးဆုံးလူတောင် ကြယ်စကြာဝဠာကျောင်းကို ကျောင်းတက်ခွင့်ရဖို့ ထောက်ခံပေးနိုင်တဲ့ စွမ်းအားမရှိနိုင်ဘူး.... ။

  ဒါအပြင် လီချန်က ဖေးဟိုရဲ့ တကယ့်စွမ်းအားကိုမြင်တော့ ပိုပြီး တုန်လှုပ်သွားကာ ရှောင်လုံကိုကြည့်ရင်း ရူးချင်သလိုပါဖြစ်သွားလေသည်။ ဒီကောင်လေး တကယ်ပဲ ကြယ်စကြာဝဠာကျောင်းက ဆရာကိုတောင် သတ်ဖို့ အမိန့်ပေးရဲတာပဲ... ။

  အား.... ဒါက ကြယ်စကြာဝဠာကျောင်းလေ....!

ဒါဆို ရှောင်လုံရဲ့ တကယ့် နောက်ခံလူက ဘယ်သူ့များပါ့လိမ့်...!

ပြီးတော့ရှောင်လုံ ဘယ်တုံးက မြေကြိ်းအဆင့်၉ သိုင်းသမား အစောင့်နှစ်ယောက်ထပ်ရသွားတာလဲ.... ?!

ဒါကဘာကြောင့်လဲဆိုတော့ ဟောက်ထျန် ရှောင်လုံအတွက်ထဲ့ပေးလိုက်တဲ့ စစ်သားနှစ်ယောက်ကလဲသာမန်လူအဝတ်အစား ဝတ်ထားတာမို့ သူတို့ကို စစ်သူကြီးချုပ်အိမ်တော်က စစ်သားတွေဆိုတာ ဘယ်သူမှမသိကျဘူး ဖြစ်နေသည်။

စစ်သားနှစ်ယောက်နဲ့ တိုက်ခိုက်နေတဲ့ ရှောင်းမေကွီလဲ ကျုံးယွမ်ရဲ့ ဆိုးဆိုးရွားရွား အဆုံးသတ်ကိုမြင်တော့ တုန်လှုပ်ခြောက်ခြားသွားလေသည်။

ဆယ်မီတာ အဝေးကနေ တုန်နေတဲ့ ကျုံးယွမ်က မြေကြီးပေါ်ကနေ ကုန်းထဖို့ ကြိုးစားနေကာ ဖေးဟိုကို ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့
ကြောက်လန့်စွာစိုက်ကြည့်နေရင်း ရေရွယ်လိုက်သည်
   "... သိုင်းဝိညဉ် ခွန်အားကြီးမားလာချင်း... "

  သိုင်းဝိညဉ် ခွန်အားကြီးမားလာချင်းက သိုင်းဝိညဉ်တွေရဲ့ မွေးရာပါအစွမ်းတွေထဲမှာ အစွမ်းအထက်ဆုံး စွမ်းရည်ပြီးတော့ ကျုံးယွမ်
မမျှော်လင့်ထားတာကတော့ ဖေးဟိုက ဖေးဟိုရဲ့ သိုင်းဝိညဉ်က အဲ့လိုစွမ်းအားမျိုးပိုင်ဆိုင်နေတယ်ဆိုတာကိုပဲ ။

အဲ့အချိန်မှာ အဝေးကနေ လူတွေအများကြီး လျင်မြင်စွာရောက်လာကျပြီး သူတို့အရှိန်အဝါတွေက အခန်းတခုလုံးကို လွမ်းခြုံသွားလေသည်။

  ရှောင်လုံလဲ ပျံသန်းရောက်လာကျတဲ့ လူတွေကိုကြည့်ရင်း မျက်မှောင်ကျုံလိုက်ကာ...  နောက်ဆုံးတော့ ကြယ်စကြာဝဠာကျောင်းရဲ့ အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေ ရောက်လာကျပြီပဲ.... !

   ရှောင်လုံလဲ ရောက်ရှိလာတဲ့ လူတွေထဲက စွမ်းအားအကြီးဆုံး အရှိန်အဝါတွေထွက်နေတဲ့ အသက်၆၀အရွယ်လောက်လူကြီးကို အာရုံစိုက်ပြီး ကြည့်လိုက်သည်။

  ဒိလူကြီးက အရှိန်အဝါတွေက ဖေးဟိုထက်နဲနဲလောက်ပိုပြီးစွမ်းအားကြီးပေမယ့် ဟောက်ထျန်ထက်တော့ စွမ်အားအနဲငယ်လျော့လေသည်။ ဒါဆို သူက မြေကြီးအဆင့်၁၀ အထွတ်အထိတ်ကနေ ကောင်းကင်သိုင်းသမားအဆင့်ကို ရောက်ဖို့ခြေတလှမ်းပဲလိုတော့တဲ့ သိုင်းသမားပဲ ဖြစ်ရမယ် ။

  "... လက်ထောက် ကျောင်းအုပ်ကြီး.. "
ရောက်လာတဲ့ သူကိုမြင်တော့ ကျုံးယွမ်က ဝမ်းမြောက်ဝမ်းသာဖြစ်သွားကာ အော်ပြီးနှုတ်ဆက်လိုက်လေသည်။

ဒါပင်မယ့် အဲ့ထက်ပိုပြီး ပျော်ရွှင်သွားတဲ့ သူက ရှောင်းမေကွီဖြစ်ပြီးတော့ သူမက ပျော်ရွှင်စွာနဲ့ခေါ်လိုက်သည်
   "... အဖေ.... "

အဖေ.....!

လက်ထောက်ကျာင်းအုပ်က ဒိဝက်ဝံမရဲ့ အဖေလား.... !

ရှောင်လုံ အနဲငယ်တုန်လှုပ်သွားကာ ဖေးဟိုဖြစ်ပေါ်လာတဲ့အခြေအနေတွေကို အံသြသွားသည်။

အဲ့အချိန်မှာ တိုက်ခိုက်နေတဲ့ လူတွေအကုန်လုံးလဲ တိုက်ခိုက်နေတာတွေကို ရပ်လိုက်ကျပြီး အစောင့်နှစ်ယောက်ကလဲ ရှောင်လုံဘေးနားကို ပြန်လာလိုက်သည်။

ရှောင်းချု လဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာ ရနေတဲ့ ကျုံးယွမ်ကိုမြင်တော့ မျက်မှောင်ကျုံလိုက်ကာ မေးလိုက်သည်
   "... ဘာတွေ ဖြစ်နေကျတာလဲ... ?"

ကျုံးယွမ်က ပြန်ဖြေမလို့ ပါးစပ်ဟနေတုံး ရှောင်းမေကွီက ဝင်ပြောလိုက်သည်
"...... ဒီထောက်ခံစာနဲ့လာတဲ့ အမှိုက်ကောင်ရဲ့ အစောင့်တွေက ကျောင်းမှာလာပြီး ပြသနာရှာနေတာအဖေ... ဒီလိုသုံးစားလို့မရတဲ့ကောင်စားမျိုးကို သေချာပေါက်ကျောင်းဝင်ခွင့်ပိတ်သင့်တယ်... !"

"... အိုး...."
အဲ့ဒါကြားတော့ ရှောင်းချုလဲ ရှောင်လုံကို နောက်တခါထပ်ပြိ်း အကဲခတ်ကြည့်လိုက်သည်။ ကြယ်စကြာဝဠာကျောင်းကို တည်ထောင်လာတာ အနှစ်တရာကျော်ပြီ.....  ဒါကျောင်းမှာ တစုံတယောက် ပထမဆုံး ပြသနာလာရှာရဲတာပဲ....။

  "... လက်ထောက်ကျောင်းအုပ်.....  ကျောင်းတက်ခွင့်ပယ်ဖျက်လိုက်ရုံပဲဆို အရမ်းလျော့ပေါ့ပေးရာ ရောက်သွားမယ်နော်.... "
  ကျုံးယွမ်က ဝင်ပြောလိုက်ကာ  ဖေးဟိုကို မုန်းတီးမှုအပြည့်နဲ့ စိုက်
ကြည့်ရင်းနဲ့
  "...ဒီလူက ကြယ်စကြာဝဠာကျောင်းရဲ့ ဆရာကို ထိခိုက်အောင်လုပ်ခဲ့တယ်....  ဒါကြောင့် သူကိုခေါင်းဖြတ်သတ်သင့်တယ်....
အဲ့လိုမှမလုပ်ထားရင် လူတိုင်းကျောင်းကိုလာပြီး ပြသနာလာရှာနေမှာပေါ့..."

                                 ********

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၅၀.......မင်းတို့ကငါ့သခင်လေးကိုထိရဲတယ်ပေါ့

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

      ကျုံးယွမ်စကားဆုံးတာနဲ့ ရှောင်းမေကွီကလဲ စိတ်အားထက်ထက်သန်သန်ကို ဝင်ပြောလိုက်သည်
   ".... အဲ့ဒါအမှန်ပဲ အဖေ..  ဒီအမှိုက်က တကယ်ကိုသေသင့်တယ်... ဒိကောင်အပြင်ကို သူနဲ့အတူပါလာတဲ့ အစောင့်သုံးယောက်လဲတူတူပဲ...  မိသားစုနောက်ခံကိုအမြဲမှီခိုနေတဲ့လူတွေက လူ့အမှိုက်တွေပဲ.... "

ရှောင်းမေကွီက ရှောင်လုံကို ထပ်ပြီး လက်ညှိုးထိုးလိုက်ကာ
  " ... သူတို့ကိုပထမဆုံး ဖမ်းထားပြီး သူတို့မိသားစုကအကြီးအကဲတွေကို သမီးတို့ကျောင်းကို ကိုယ်တိုင်ကိုယ်ကျတောင်းပန်ပြီး သူတို့ကိုလာခေါ်ခိုင်းရမယ်.."

အဲ့ဒါကိုနားထောင်းရင်း ရှောင်လုံက လှောင်ပြုံးပြုံးလိုက်ကာ ငြိမ်ငြိမ်ပဲနေလိုက်သည်။ ဒီဝက်ဝံမရဲ့ အဖေ ဘယ်လိုတုံပြန်မလဲဆိုတာကို
သူစောင့်ကြည့်ချင်သေးတယ်လေ။

ရှောင်းချုးရဲ့ အမူအရာက တည်ငြိမ်နေပြီး သူ့သမီးပြောတာကိုနားထောင်ရင်း ရှောင်လုံနဲ့ သူနားက အစောင့်သုံးယောက်ကို အကဲခတ်လိုက်လေသည်။ သူ့သမီးစကားဆုံးတော့ သူကပြောလိုက်သည်
  "... ငါ့ဆီကို ဒိကောင်လေးရဲ့ ထောက်ခံစာယူလာခဲ့... "

ရှောင်းမေကွီလဲ အံသြမင်သက်သွားပင်မယ့် နာခံစွာနဲ့ပဲ ထောက်ခံစာကို ထုတ်ပေးလိုက်လေသည်။

ရှောင်းချူးက ထောက်ခံစာကို ဖွင့်ဖတ်လိုက်ပြီး အောက်ခြေနားက တံဆိပ်တုံးကိုမြင်တော့ မျက်မှောင်ကြုံလိုက်ကာ
ဒီထောက်ခံစာက ကျောင်းအုပ်ကြီးဆီက ထောက်ခံစာပဲ....!

နှစ်တိုင်းကျောင်းသားသစ်တွေအတွက် ထောက်ခံစာကို ဆယ်စောင်ပဲ ခွင့်ပြုပြီးတော့ အဲ့ဒါတွေအကုန်လုံးကိုပဲ ရှောင်းချူးကပဲ ကိုင်တွယ်ဖြေရှင်းရသည်။ ဒီတကြိမ်မှာတော့ ချွင်းချက်အနေနဲ့ အရင်က ထောက်ခံစာကိစ္စတွေကို ဂရုမစိုက်တဲ့ ကျောင်းအုပ်ကြီးက လွန်ခဲ့တဲ့ နှစ်ရက်လောက်တုံးက သူကို ထောက်ခံစာတစောင် ပြင်ပေးထားဖို့ အမိန့်ပေးခဲ့တယ်မဟုတ်လား။

ဒီကောင်လေးရဲ့ ထောက်ခံစာက ကျောင်းအုပ်ကြီးကိုယ်တိုင် ကိုင်တွယ်တဲ့ ထောက်ခံစာပဲ ။

ကျောင်းအုပ်ကြီးက ခွင့်ပြုပြီးမှတော့ ဒီကိစ္စကိုဖြေရှင်းဖို့ သူမှာအာဏာမရှိဘူးလေ ။ ဒီအမှိုက်လိုကောင်က ကျောင်းအုပ်ကြီးရဲ့ အဆက်အသွယ်နဲ့ တ်ိုက်ရိုက်လာမှတော့ ကျောင်းအုပ်ကြီးကိုပဲ လက်လွှဲပေးလိုက်ရမှာပဲ ။

ရှောင်းချူးလဲ ထောက်ခံစာကို ပြန်သိမ်းလိုက်ပြီး ခနလောက်စဉ်းစား
ပြီးမှ ရှောင်လုံကိုပြောလိုက်သည်
    "... ကောင်လေး...  မင်းနဲ့ မင်းရဲ့ ကိုယ်ရံတော် သုံးယောက်ကသာ ပြန်ပြီးတောင်းပန်မယ်ဆို ငါဒီကိစ္စကို ဒီမှာပဲ ကြေအေးပေးလိုက်မယ်... "

ဒိမှာပဲ ကြေအေးပေးမယ်ဟုတ်လား....!

အဲ့ဒါကိုကြားတော့ အကုန်လုံး အံသြမင်သက်သွားကာ မယုံနိုင်အောင်ဖြစ်သွားကျသည်။

  ကြယ်စကြာဝဠာကျောင်းက ဆရာတွေကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်လေ ဒါတောင်မှ လက်ထောက်ကျောင်းအုပ်က တောင်းပန်လိုက်ယုံနဲ့ ကြေအေးပေးလိုက်တာလား.... ?

  ".... အဖေ...  ဘာလို့... !"
  ရှောင်းမေကွီက စိတ်တိုပြီး သူ့မအဖေကို အကြောင်းပြချက်တောင်းဖို့ ပြင်နေတုံး ရှောင်းချူးက သူမကို လက်ဝှေ့ယမ်းပြလိုက်ကာ ပြောလိုက်သည်
  " ... တော်တော့...  နင်လဲ ထပ်မပြောနဲ့တော့... "

  အဲ့စကားကြားတော့ ရှောင်းမေကွီလဲ ပြောစရာစကားလုံးတွေအများကြီးကို မပြောလိုက်ရပဲ နင်သွားကာ ရှောင်လုံကိုပဲ မုန်တီးစွာနဲ့
စိုက်ကြည်နေတော့လေသည်။

အားလုံးက ရှောင်လုံပြန်ပြီး တောင်းပန်တော့မယ်လို့ ထင်နေတုံးမှာပဲ
သူတို့ကြားလိုက်ရတာက
"... ကျွန်တော်တို့က ဘာလို့ တောင်းပန်ရမှာလဲ... ? သူတို့ကကျွန်တော်တို့ကို တောင်းပန်တာပဲ လိုချင်တယ်.... !"
ရှောင်လုံက ရှောင်းမေကွီကို လက်ညှိုးထိုးရင် ပြောချလိုက်သည်။

"... ဘယ်လို..?"
ရှောင်လုံပြောလိုက်တဲ့ စကားက ရှောင်လုံတောင်းပန်တာကိုစောင့်ကြည့်နေတဲ့ လူတွေအကုန်လုံးကို မျက်လုံးပြုးပြီးအံသြသွားစေကာ ရှောင်လုံကိုထူးဆန်းသလို ဝိုင်းကြည့်လိုက်ကျပြီး
ဒီကောင်လေး ရူးများရူးနေတာလား..... ?
သူလက်ထောက် ကျောင်းအုပ်ကြီး ပြောချင်တာကိုနားမလည်တာလား....?

"... နင်ဘာပြောလိုက်တယ်... ?"
ု "... ငါတို့က နင့်ကိုတောင်းပန်ရမယ်ဟုတ်လား...?"
ရှောင်းမေကွီလဲ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မလိုဖြစ်ကာ
သူ့အဖေက ရှောင်လုံတို့ ပြန်တောင်းပန်ရင်ကြေအေးပေးမယ်ဆိုကထဲက သူတော်တော်မကြေမနပ်ဖြစ်သွားတာမဟုတ်လား
အခုတော့ ဒီအမှိုက်က ဒီလိုတောင်တောင်းဆိုရဲတယ်ဟုတ်လား....?

ရှောင်းမေကွီက ရှောင်းချူးကို ပြန်လှည့်ကြည့်လိုက်ပြီး အော်ဟစ်တော့မလိုလေသံနဲ့
   "... အဖေ အခုတော့ အဖေကိုယ်တိုင်မြင်ပြီမလား... ဒီအမှိုက်က သမီးတို့ ကြယ်စကြာဝဠာကျောင်းကို နဲနဲလေးမှ မျက်စိထဲ လုံးဝမထဲ့ဘူးဆိုတာကို.... "

  ရှောင်လုံကို တချိန်လုံးအကဲခတ်နေတဲ့ ရှောင်းချူးလဲ မျက်နှာပျက်သွားကာ ကျောင်းအုပ်ကြီးရဲ့ ထောက်ခံစာနဲ့ လာတဲ့ ဒီအမှိုက်ကောင်က တော်တော်လေးကို ထုံအပါလား ။
ဘယ်အချိန်မှာ နောက်ဆုတ်သင့်တယ်ကို ဒိကောင်နားမလည်ဘူး။
သူက ကျောင်းအုပ်ကြီးမျက်နှာနဲ့မို့ စိတ်လျော့ပြ်ိး ဒီကောင်ပြန်တောင်းပန်ယုံနဲ့ ကြေအေးပေးထားတာမဟုတ်လား ဒါကို ဒိကောင်က
တလက်မလောက် အသာပေးလိုက်တာကို တပေလောက်လိုချင်နေပါလား ။

  ရှောင်လုံလဲ မထီတရီပြုံးလိုက်ရင်း သူမျက်လုံးတွေက ရှောင်းမေကွီကို အေးစက်စက်စိုက်ကြည့်ကာ
  "... နင်က ထပ်ခါထပ်ခါနဲ့ ငါ့ကိုအမှိုက်လို့ပြောတယ်...  ငါတို့က ကျောင်းကို ပြသနာရှာလာတယ်လို့လဲ ပြောတယ်...  ဒိလိုဆိုမှတော့
ငါတို့အခန်းထဲမှာ မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတင်ကမ္ဘာလုံးကို
ပြန်ကြည့်ကျတာပေါ့... ဘယ်လိုလဲ... ?"

  မှတ်တမ်းတင် ကမ္ဘာလုံးက အတိတ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို မှတ်တမ်းတင်ပေးတဲ့ ကိရိယာဖြစ်ပြီးတော့ ဒိလောက်အဆင့်မြင့်တဲ့ ကြယ်စကြာဝဠာကျောင်းရဲ့ အခန်းထဲမှာဆိုရင်တော့ မှတ်တမ်းတင်ကမ္ဘာ
လုံးကို တပ်ထားမှာပဲလေ ။( cctv လိုမျိုးပေါ့)

  ရှောင်းချူးရဲ့ အမူအရာလဲအေးစက်သွားကာ
  "... မှတ်တမ်းတင် ကမ္ဘာလုံးကို သွားယူခဲ့ကျစမ်း..."

  "... ဟုတ်ကဲ့ လက်ထောက်ကျောင်းအုပ်... "
ဆရာတယောက်က လေးလေးစားစား ပြန်ဖြေလိုက်ကာ မှတ်တမ်းတင်ကမ္ဘာလုံးကို သွားယူလေသည်။ ခနလောက်နေတော့ သူလက်ထဲမှာ
သလင်းကျောက် လိုမျိုး အလုံးလေးကို ယူပြီးပြန်လာလေသည်။

  ".. မှတ်တမ်းတင်ထားတာကို ဖွင့်လိုက်... "
ရှောင်းချူးကပြောလိုက်သည်။

သလင်းကျောက်အလုံးလေးက်ု ကိုင်ထားတဲ့ ဆရာက မှတ်တမ်းကို
ပြန်ဖွင့်လိုက်တယ်ဆိုရင်ပဲ ရွေ့လျားနေတဲ့ ပုံရိပ်တွေက လေထဲမှာပေါ်လာကာ အစောပိုင်းက ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတာကို အားလုံးရှင်းရှင်းလင်းလင်းတွေ့လိုက်ကျလေသည်။

ပထမအနေနဲ့ ရှောင်းမေကွီက ရှောင်လုံကျောင်းသားကဒ်ကိုမြေ
ကြီးပေါ်ပစ်ချကျလိုက်တာကို ပြပြီး ကျုံးယွမ်နဲ့ တခြားဆရာနှစ်ယောက်ရောက်လာတာ အဲ့နောက် ရှောင်လုံကို ဒူးထောက်ပြီး တောင်းပန်ခိုင်းတာ တချိန်ထဲမှာပဲ ကျုံးယွမ်က ရှောင်လုံကို ဒဏ်ရာရအောင်တိုက်ခိုက်လိုက်တာ အဲ့နောက် သူကိုယ်တိုင်ဒဏ်ရာရသွားတာ စသဖြင့်
မှတ်တမ်းတင် ကမ္ဘာလုံးက အားလုံးကို သေချာစွာ ပြန်လည်ပြသလေသည်။

ရှောင်းမေကွီနဲ့ ကျုံးယွမ်တို့လဲ အဲ့မှတ်တမ်းကို ပြန်ကြည့်ရင်း
မျက်နှာတွေပျက်ကုန်ကျလေသည်။

  တရိပ်ရိပ်ရွေ့လျားနေတဲ့ ပုံရိပ်တွေကို ကြည့်ရင်း ရှောင်းချူးရဲ့ မျက်နှာထားက ဆိုးဆိုးရွားရွားကို တင်းမာသွားတော့သည်။

ပြန်ပြတာ ဆုံးသွားတာနဲ့ ရှောင်လုံက လှောင်ပြုံးလေးနဲ့ ပြောလိုက်သည်
   ".... ကျွန်တော်တို့က ဘာမှ ပြသနာမရှာခဲ့ဘူးနော်.. ဒါကို ခင်ဗျားတို့က စွပ်စွဲတယ်...  ဆရာလို့ခေါ်တဲ့ကောင်ကလဲ ကျွန်တော်ကို သတ်ဖို့တောင်လုပ်သေးတယ် ဒါကို ကျွန်တော်ကိုယ်ရံတော်က ပြန်ကာကွယ်တာလေ...  အဲ့ဒါကို ပြသနာရှာတယ်လို့ ပြောချင်တာလား..?
ဒါဆို ပြသနာရှာသလိုမျိုး မဖြစ်အောင် အဲ့ဆရာကောင်ရဲ တိုက်ခိုက်တာကို ငြိမ်ငြိမ်နေပြီး သူလုပ်သမျှခံပေးရမှာလား ..."
  ရှောင်လုံက ကျုံးယွမ်ကို လက်ညှိုးထိုးပြီးပြောလိုက်သည်။

အဲ့နောက် ရှောင်လုံက ရှောင်းချူးကို အကဲခတ်ရင်း ပြောလိုက်သည်
" ... ကဲ အခုတော့ ဘယ်သူ မှားလဲ ဘယ်သူမှန်လဲဆိုတာ သိပြီလား
ကျွန်တော်တို့က စကတည်းကမှ မမှားခဲ့တာ ဘာကိုတောင်းပန်ရမှာလဲ...  သူ့တို့က စကြာဝဠာကျောင်းက ဆရာတွေမို့လို တောင်းပန်ရမယ့်ဆိုတဲ့ စကားကိုတော့ လာမပြောနဲ့နော်... "
ရှောင်းချူးလဲ အဲ့ဒါကြားတော့ နှုတ်ဆိတ်သွားလေသည်။

"... အဖေ..."
အဲ့အချိန်မှာပဲ ရှောင်းမေကွီက ပြီးခဲ့တဲ့ ဟာတွေကို ပြန်ရှင်းပြဖို့ ကြိုးစားနေတုံး ရှောင်းချူးက စကားဖြတ်ချလိုက်ကာ
"... နင့် ပါးစပ်ကို ပိတ်ထားစမ်း... "
အဲ့နောက် ရှောင်ချူးက ရှောင်လုံကိုကြည့်ကာပြောလိုက်သည်
"... ကောင်လေး...  မင်းကို တနှစ်စာ ကျောင်းအပ်ခနဲ့ ကျူရှင်ခ ကင်းလွတ်ခွင့်ပေးလိုက်မယ်...  ဒိပြသနာကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင် ဘယ်လိုလဲ... "

ကျောင်းအပ်ခနဲ့ ကျူရှင်ခတွေကို ကင်းလွတ်ခွင့် ပေးမယ်....!

ကျောင်းသားအသစ်တွေအကုန်လုံး အံသြလွန်းလို့ ကျောက်ရုပ်လိုဖြစ်ကုန်ကျကာ ရှောင်လုံကို အကုန်ဝိုင်းကြည့်လိုက်ကျလေသည်။

ဆရာကိုဒဏ်ရာရအောင်လုပ်လိုက်တာတောင် ဘာမှအပြစ်ပေးမခံရယုံမက ကျောင်းလခပါ ကင်းလွတ်ခွင့်ရလိုက်တယ် ဟုတ်လား....!

ရှောင်းချူး ကို တဲ့တဲ့ စိုက်ကြည့်ရင်း  ရှောင်လုံကဖြည်းဖြည်းချင်းခေါင်းညိတ်ပြလိုက်ကာ
   "... သွားကျစို့... "
အဲ့နောက်သူတို့လေးယောက် အခန်းထဲကနေထွက်သွားလေသည်။
ရှောင်လုံတို့ထွက်သွားတာကိုမြင်တော့ လူတွေအားလုံးလဲအမူအရာတွေမျိုးစုံဖြစ်ကုန်ကျသည်။

ရှောင်းချူးလဲ ဘာမှထပ်မပြောတော့ပဲ အလင်းတချက်လက်လိုက်သလို  သူလဲ အခန်းထဲကနေ ပျောက်ကွယ်သွားတော့သည်။စုရုံးနေတဲ့ လူစုကြီးလဲ လူအုပ်ခွဲလိုက်ကျသည်။

ကြယ်စကြာဝဠာကျောင်းရဲ့ အခန်းတနေရာထဲမှာ
ရှောင်ချူးကထိုင်နေကာ သူ့ကိုယ်ထဲကနေ တဖျက်ဖျက်လက်နေသော
ကြယ်အလင်းရောင်တွေက အခန်းထဲကို တောက်ပနေစေသည်။
အခန်းထဲက အခြေအနေက တင်းမာခက်ထန်နေပြီး အသက်ရှုဖို့တောင်ခက်ခဲနေသည်။

ရှောင်းမေကွီနဲ့ ကျုံးယွမ်တို့လဲ ရှောင်းချူး အနောက်မှာ စကားတခွန်းမှမဟရဲဘဲ အချိန်အကြာကြီး မတ်တပ်ရပ်နေကျသည်။

"... ဒိကောင်လေးရဲ့ ထောက်ခံစာက ကျောင်းအုပ် ပတ်သတ်နေတယ်..."
  အကြာကြီးနေတော့မှ ရှောင်းချူးက စကားစပြောလိုက်သည်။

အဲ့ဒါကိုကြားတော့ ရှောင်းမေကွီရော ကျုံးယွမ်ရော အံသြတုန်လှုပ်သွားကျလေသည်။
ကျောင်းအုပ်ကြီးနဲ့ ပတ်သတ်နေတယ်  ....ဒါ...ဒါက.... !

  " မင်းတို့ နှစ်ယောက်လုံး သွားကျတော့.. "
ရှောင်းချူးက ထပ်ပြောလိုက်သည်။

ရှောင်းမေကွီက တခုခုပြောဖို့ ကျုံးယွမ်အကျီကိုဆြွဲပီး အချက်ပြနေပင်မယ့် ကျုံးယွမ်ကနေ သူမျက်လုံးနဲ့ပဲ ဘာမှထပ်မပြောဖို့ အချက်ပြလိုက်သည်။ ကျုံးယွမ် လဲ တိတ်တဆိတ်ပဲ အရိုအသေပြုပြ်ိးတာနဲ့ အခန်းထဲကနေထွက်သွားတော့သည်။

ကြယ်စကြာဝဠာကျောင်းကနေ ပြန်လာတော့ ရှောင်လုံက စစ်သူကြီးချုပ်အိမ်တော်ကို မပြန်သေးပဲ သူ့ရဲ့ ထျန်ယွမ်အိမ်တော်ကို ပြန်လာလေသည်။ ထျန်ယွမ်အိမ်တော်ရောက်တော့ ရှောင်လုံက လှည့်ပတ်ကြည့်လိုက်ကာ နှစ်ရက်လောက်ရှင်းလင်းထားတော့ အိမ်တော်ထဲမှာ ချုံးတွေနဲ့ သစ်ပင်တွေက အကုန်လုံးရှင်းလင်နေလေသည်။

အဲ့နောက်ရှောင်လုံလဲ သားရဲလူ ဘိုလီကို တခြား အစေခံဆယ်ခြောက်ယောက်ကို စုခိုင်းလိုက်ပြီး အိမ်တော်ကိစ္စတွေကို မေးမြန်လိုက်သည်။ အဲ့နောက် ရှောင်လုံက ဘိုလီကို ရွှေဒင်္ဂါး တွေပေးပြီး လိုအပ်တဲ့ ပရိဘောဂတွေအပြင် အိမ်တော်ကို သစ်ပင်ပန်းမန် တွေနဲ့ အလှဆင်ထားဖို့စေခိုင်းလိုက်သည်။

ရှောင်လုံက ကျောင်းစတက်တာနဲ့ ဒိအိမ်တော်မှာပဲနေထိုင်ဖို့ စိတ်ကူးထားလေသည်။ ထျန်ယွမ်အိမ်တော်က ကျောင်းနဲ့ နီးပြီးတော့ ကြယ်စ
ကြာဝဠာကျောင်းကလဲ ကျောင်းသားတွေကို ကျောင်းဧရိယာ အပြင်ဘက်မှာနေထိုင်ဖို့ ခွင့်ပြုထားလေသည်။

အားလုံးစီစဉ်ညွန်ကြားပြီးတာနဲ့ ရှောင်လုံတို့လဲ စစ်သူကြီးချုပ်အိမ်တော်ကို ပြန်လာကျသည်။

"... ဘာ...  "
"... ကြယ်စကြာဝဋ္ဌာကျောင်းက ဆရာဆိုတဲ့ကောင်က ငါ့သခင်လေးကို  ထိခိုက်အောင်လုပ်ဖို့ ကြိုးစားရဲတယ်ဟုတ်လား.. ?"
  သူတို့ စစ်သူကြီးချုပ်အိမ်တော်ကို ပြန်ရောက်လာတာနဲ့ ဟောက်ထျန်ထဲ့ပေးလိုက်တဲ့ စစ်သားနှစ်ယောက်က ဟောက်ထျန်ကို ကြယ်စ
ကြာဝဠာကျောင်းမှာ ဖြစ်ခဲ့သမျှကို ပြန်ပြီးအစီရင်ခံလိုက်သည်။
သူ့လက်အောက်ခံ စစ်သားတွေရဲ့ အစီရင်ခံတာကို နားထောင်ရင်း
ဟောက်ထျန်ရဲ့ ဒေါသတကြီး ကြိမ်းဝါးသံတွေက စစ်သူကြီးအိမ်တော်တခုလုံးကိုတောင် တုန်ခါသွားစေနိုင်လေသည်။

".. ဟုတ်ပါတယ် စစ်သူကြီးချုပ်.. "
စစ်သားတယောက်က ရှေ့ထွက်ပြီး အတည်ပြုလိုက်ကာ
" .... ပြီးတော့ အဲ့ကျောင်းကဆရာမဆိုတဲ့ မိန်းမက သခင်လေးရဲ့ ကျောင်တက်ခွင့်ကိုတောင် ပယ်ဖျက်ချင်သေးတယ်.. "

"... သခင်လေး ကျောင်းတက်ခွင့်ကို ပယ်ဖျက်မယ် ဟုတ်လား...?"
စစ်သူကြီးချုပ် ဟောက်ထျန်ရဲ့ ဒေါသတွေက မိုးကောင်ကင်အထိရောက်လောက်အောင် မြင့်တက်လာလေသည်။

"... ဟုတ်ပါတယ် စစ်သူကြိး..  ပြီးတော့အဲ့မိန်းမကပြောသေးတယ်
သခင်လေးကို ထိန်းသိမ်းထားပြီးတော့...  တော့.... "
အစောင့်က အဲ့နေရာရောက်တော့ တွန်ဆုတ်တွန်ဆုတ်ဖြစ်သွားလေသည်။

  "... တော့..  ဘာဖြစ်လဲ ပြောစမ်းပါ... "
စစ်သူကြီးချုပ် ဟောက်ထျန်က ကြိမ်းမောင်းလိုက်သည်။

".. ဟုတ်ကဲ့ စစ်သူကြီး...  အဲ့မိန်းမက သခင်လေးကို ထိန်းသိမ်းထားပြီး စစ်သူကြီးကို ကိုယ်တိုင် လာခေါ်ခိုင်းပြီး သူတို့ ကျောင်းကိုလဲ လူသိရှင်ကြားတောင်းပန်ခိုင်းမယ်လို့ပြောပါတယ်... "
အစောင့်က တုန်ခါနေတဲ့ အသံနဲ့ ဖြစ်ခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။

အဲ့တုံးက ရှောင်းမေကွီက ရှောင်လုံကို ထိန်းသိမ်းထားပြီး ရှောင်လုံရဲ့နောက်က အကြီးအကဲတွေကို လာပြီး ကျောင်းကိုလာတောင်းပန်ခိုင်းတာက ရှောင်လုံရဲ့ နောက်ကလူဆိုတာက စစ်သူကြီးချုပ် ဟောက်ထျန်မှန်းမှ မသိတာ ။

"... ဘာပြောတယ်... "
ဟောက်ထျန်လဲ ဒေါသတကြီးမတ်တပ်ထရပ်လိုက်ကာ သူအောက်က ကျောက်ထိုင်ခုံကြီးက အစိတ်စိတ်အမွှာမွှာကြေမွသွားတော့သည်။

".. ပြီးတော့ အဲ့ကျောင်းကကျောင်းဆရာဆိုတဲ့ ကောင်က စီနီယာဖေးဟိုကိုတောင် ခေါင်းဖြတ်သတ်ဖို့ လက်ထောက်ကျောင်းအုပ်ကို အ
ကြံပေးသေးတယ်... "
တခြားစစ်သားတယောက်က ထပ်ပြီးဝင်ပြောလိုက်သည်။

"ဘာ..............?
ငါ့ညီကို လူလယ်ခေါင်မှာ ခေါင်းဖြတ်သတ်မယ် ဟုတ်လား..... ?"

စစ်သားနှစ်ယောက်က သိပ်ဆေးမထိုးတတ်ဘူးနော် 😁😁

မီးပုံကြီးကို ဓတ်ဆီသွားဖြန်းနေတယ် 😂😂

Continue Reading

You'll Also Like

15K 311 20
It's my first time writing an Story so please bear with me. Anyways...... Story: Future Caelus, lost everyone. His friends, family and Comrades...
68.8K 1.5K 76
A student from the Paldea region took an interest in traveling to other regions to learn new things.
191K 5.6K 113
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
10.5K 584 38
Liz is an unclaimed kid with no family and no idea of who she is. Her only home is Camp Half-Blood When Camp is at risk of being in the middle of a w...