ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

41 - 45

381 29 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၄၁ .... ဘယ်ကောင်က ငါ့ညီကိုထိရဲတာလဲ... ?

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

   နတ်သုဒ္ဓါစားသောက်ဆိုင်ရဲ့ ပထမထပ်မှာတော့ နယ်စားမင်းရဲ့ စစ်သားတွေ တိုက်ခိုက်မှုက အချိန်ကြာလာတာနဲ့အမျှပိုမို ပြင်းထန်လာလေသည်။ ဖေးဟိုရဲ့ အတားအဆီးကလဲ ကျိုးပျက်လုမတတ်ဖြစ်နေသည်။

  အဲ့ဒါကိုမြင်တော့ ရှောင်လုံက မျက်မှောင်ကျုံရင်းစဉ်းစားလိုက်သည်
"...ငါ ကိုယ်ဖျောက်ပြီးတော့ အဲ့ကတုံး မန်ရှကို အရင်သွားသတ်လိုက်တာကောင်းမယ်ထင်တယ်.. "

  အဲ့အချိန်မှာပဲ ရုတ်တရက် ကောင်းကင်ထက်ကနေ ကျောက်တုံးတတုံးကိုတောင် ကွဲသွားစေနိုင်တဲ့ စူးရှတဲ့ သိမ်းငှက်အော်သံတခု ထွက်ပေါ်လာသည်။

  မိုင်အနဲအကွာလောက်က လူတွေအကုန်လုံးမကြားရတာကြာနေပြီဖြစ်တဲ့ သိမ်ငှက်အော်သံကို ကြားလိုက်ရလေသည်။ နန်တွင်းမြို့တော်က လူတွေအကုန်လုံးလဲ အိမ်အပြင်ထွက်ပြီး ကောင်းပင်ကိုမော်ကြည့်ကျသည်။

  စူးရှတဲ့သိမ်းငှက်အော်သံကြားတော့ ဖေးဟိုက စိတ်သက်သာရာရသွားပြီး ပျော်ရွှင်သွားကာ နောက်ဆုံးတော့ ငါ့အကုိရောက်လာပြ်ီပဲ... !
 
  မန်ချန်လဲ သူအရမ်းရင်းနှီးနေတဲ့ သိမ်းငှက်အသံကိုကြားလိုက်ရပင်မယ့် သူလက်ရှိမှာ ဘယ်သူလာတယ်ဆိုတာကို သေချာခွဲခြားလို့မရသေးဘူးဖြစ်နေသည်။ ဖေးဟို ပျော်သွားတာကို တွေ့တော့ သူကလှောင်ပြုံးပြုံးလိုက်ပြီး
"..... အိုး... ကြည့်ရတာမင်းမျှော်နေတဲ့ မင်းတို့ရဲ့ အကူအညီရောက်လာပြီထင်တယ်....သူတကယ်ကို အချိန်ကိုက်ရောက်လာတာပဲ....ဒါဆိုငါမင်းတို့အကုန်လုံးကို တခါထဲရှင်းပစ်လို့ရပြီပေါ့... ငါမြင်ချင်သေးတယ် ဘယ်သူက လက် ၆ဖက်နဲ့ ခေါင်းသုံးလုံးရှိတယ်ထင်လို့ ငါ့ကိစ္စကို ဝင်စွက်ဖက်ရဲတယ်ဆိုတာ... !"

   မန်ချန်က အနောက်ကိုတောင် လှည့်မကြည့်ပဲ  ဖေးဟိုကို ပြောလိုက်ပြီး နေမြဲအတိုင်းနေလိုက်သည်။

"...  ဖေးဟိုက အားကုန်နေပြီလေ.... သူကအန္တရာယ်မရှိတော့ဘူး...နောက်ထပ်မြေကြီးအဆင့်၁၀ သိုင်းသမားတယောက်ရောက်လာလဲ ဘာဖြစ်လဲ ငါတို့ အေးဆေးရင်ဆိုင်နိုင်တာပဲ .."
မန်ချန်က သေချာကိုစဉ်းစားလိုက်သည်။

  မန်ချန်ကနောက်လှည့်မကြည့်ပင်မယ့် သူ့သားမန်ရှက သိမ်းငှက်အော်သံထွက်ပေါ်လာတဲ့နေရာကို လှည့်ကြည့်လိုက်တော့ သူမီးခိုးရောင်သိမ်းငှက်အကြီးကြီးပေါ်မှာ အမဲရောင်အရိပ်တခုက သူတို့ဆီ တဟုန်ထိုးလာနေတာကိုတွေ့လိုက်ရသည်။

  သိမ်းငှက်ပေါ်က လူကိုမြင်တော့ သူပါးစပ်အဟောင်းသားဖြစ်သွားကာ အံသြထိတ်လန့်သွားလေသည်။ သူကြောက်လန့်လွန်းလို့ တကိုယ်လုံးတုန်ယင်လာကာ နဖူးကနေ ခြေမအထိ ဇောချွေးတွေထွက်လာသည်။

  "...အ...အဖေ...အဖေ..." သူက အဖေဆိုတာကို လျှာခေါက်နေသလို ခွဲခွဲခေါ်လိုက်ပြီး နောက်ထပ်ဘာမှ ထပ်မပြောနိုင်ဘူးဖြစ်နေသည်။

  သူ့သားမူမမှန်တာကိုတွေ့တော့ မန်ချန်က မျက်ခုံးတွန့်ပြီး ပြောလိုက်သည်
    "... မင်းဘာတွေတုန်လှုပ်နေတာလဲ...! ကောင်းကင်ကြီးပြိုကျလာရင်တောင် မင်းအဖေက မင်းကိုကာကွယ်နိုင်ပါသေးတယ်ကွ... "
  သူပြောပြီး သူ့သားက မကျေနပ်သလို နောက်လှည့်ကြည့်လိုက်သည်။ "...သုံးစားမရတဲ့ကောင်... မင်းဒီကိစ္စသေးသေးလေးကို ကြောက်လန့်နေရင် နောင်အခါ နယ်စားအိမ်တော်ကိစ္စတွေကို မင်းဘယ်လိုကိုင်တွယ်မှာလဲ.. " ပြောပြီးတော့ မန်ရှကြည့်နေတဲ့နေရာကို သူလိုက်ကြည့်လိုက်သည်။

  သူ့သားကြည့်နေတဲ့နေရာကိုလိုက်ကြည့်လိုက်တော့  သိမ်းငှက်
ကြီးပေါ်က ရွှေရောက်ကိုယ်ကျပ်အကျီနဲ့ စစ်သူကြီးချုပ် ဟောက်ထျန်
ကိုမြင်လိုက်လေသည်။

  "...စစ်...စစ်သူ..စစ်သူကြီးချုပ် ဟောက်ထျန်...." မန်ချန်မူးမေ့မတတ်ဖြစ်သွားကာ စကားထစ်သွားလေသည်။ ကောင်းကင်ကြီးက သူ့တည့်တည့်ကို ပြိုကျလာလေပြီမဟုတ်လား....!

  အဲ့အချိန်မှာ သံလက်သည်းသိမ်းငှက်ပေါ်က စစ်သူကြီးချုပ် ဟောက်ထျန်က နတ်သုဒ္ဓါစားသောက်ဆိုင်နဲ့ မီတာ ၃၀၀ လောက်အကွာကိုရောက်လာပြီး လူဆယ်ယောက်ထက်မနဲက လူတယောက်ကိုဝိုင်းတိုက်ခိုက်နေတာကိုတွေ့လိုက်သည်။ သူသေချာကြည့်လိုက်တော့ အဲ့လူက ငွေရောင်မြစ်သိုင်းဝိညဉ်နဲ့ သူ့ညီဖေးဟို ဖြစ်နေလေသည်။

   ဟောက်ထျန် နှလုံးသားထဲကနေ ဒေါသတွေအလိပ်လိုက်ထွက်လာပြီး သူမျက်နှာကဒေါသနဲ့ နီရဲလာကာ သူ့သွေးကြောအစိမ်းတွေက ထင်ထင်ရှားရှားမြင်နိုင်လောက်အောင် ထောင်လာသည်။

  "... ဘယ်ကောင်က ငါ့ညီကို ထိရဲတာလဲ...?" ဟောက်ထျန်က မိုးချိမ်းသလို မီတာ သုံးရာအကွာလောက်ကနေ ဟိန်းဟောက်လိုက်သည်။

  အရမ်းကိုလွှမ်းမိုးနိုင်တဲ့ အရှိန်အဝါတွေက သူ့ကိုယ်ထဲကနေ ပေါက်ကွဲထွက်လာသည်..... သူက စစ်သူကြ်ီးတွေရဲ့ ဘုရင်ပဲ မဟုတ်လား...!

  မိုင်အနဲငယ်အကွာလောက်က အိမ်တော်တွေအကုန် သူ့ရဲ့ မိုးချိမ်းသလို ဒေါသတကြီး ဟိန်းဟောက်သံကို ကြားလိုက်ကျရသည်။

  စစ်သူကြီး ဟောက်ထျန်က သံလက်သည်းသိမ်းငှက်ပေါ်ကနေ ခုန်ချလိုက်ပြီး သူတခါခုန်တာကို ဆယ်မီတာလောက်ကို လေပွေမုန်တိုင်းတိုက်သလို ဖြတ်သန်းသွားလေသည်။ နတ်သုဒ္ဓါစားသောက်ဆိုင်ရဲ့ ပထမထပ်အပေါ်ကနေ သူရဲ့ စစ်ပုဆိန်အသွားနဲ့ လှံရှည်ကိုသုံးကာ ပိုင်းချလိုက်သည်။

  ".. ကောင်းကင်  ဒေါသ...."

  စစ်ပုဆိန်ကပိုင်းချလိုက်ပြီး ပုဆိန်အရိပ်ပေါင်းများစွာ ပထမထပ်က နယ်စားစစ်သားတွေကို လာထောင်းချလေသည်။

  နယ်စားမင်း မန်ချန်လဲ စစ်သူကြီးချုပ်ဟောက်ထျန်ရဲ့ ပါးစပ်ကထွက်လာတဲ့ စကားကို ကြားတော့ သူ့နှလုံးထဲက သွေးကြောတွေပေါက်ကွဲထွက်မတတ် ကြောက်လန့်သွားသည်။

  "...ဂျူနီယာ...ဂျူနီယာ...  ညီလေးဟုတ်လား...? စစ်သူကြီးချုပ်ရဲ့ ညီလား...."

  ဒီအောက်တန်းစားတွေက တကယ်ပဲ စစ်သူကြီးချုပ်ရဲ့ ညီဖြစ်နေတာလား..!

  နယ်စားမင်းရဲ့ စစ်သားတွေလဲ အော်သံအကျယ်ကြ်ိးတခုကို ကြားလိုက်ရပြီး ရုတ်တရက်အရိပ်တခုကျလာကာ သူတို့ပေါ်ကို ပုဆိန်မိုးတွေရွာလိုက်သလိုဖြစ်သွားလေသည်။ သူတို့ကြောက်လန့်တကြား နောက်ပြန်ဆုတ်ဖို့ ကြိုးစားပင်မယ့် နောက်ကျသွားပြ်ီမဟုတ်လား...။

  နာကျင်စွာအော်သံတွေထွက်ပေါ်လာကာ ဖေးဟိုတိုကို တိုက်ခိုက်နေတဲ့ လူတွေအကုန်လုံးလွှင့်ထွက်ကုန်ကျသည်။ ပထမထပ်ကြီး တခုလုံး ပြိုကျမတတ် တုန်ခါသွားလေသည်။

ဆရာ၁ နဲ့ ဆရာ၂ တို့ပါးစပ်ကနေ သွေးတွေစီးကျလာကာ သူတို့မျက်နှာတွေက အကြောက်တရားတွေနဲ့ ပြည့်နှက်နေသည်။ သူတို့နောက်ဆုတ်ကာ သူတို့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူတို့နှစ်ယောက်ကလွဲရင် အကုန်သေနေကျပြီမဟုတ်လား.....!

  တချက်ထဲနဲ့ မြေကြီးအဆင့်၁၀ သိုင်းသမားနှစ်ယောက်ကို ဒဏ်ရာရသွားစေသလို ဆယ်ယောက်ထက်ပိုတဲ့ အဆင့်၈နဲ့ အဆင့်၉ စစ်သားတွေကို ချေမှုန်းပလိုက်လေသည်။

ဒီလို ကြောက်မက်ဖွယ်ရာ စွမ်းအားမျိုးက.... ? သူတို့နှစ်ယောက် အပေါ်ကိုမော့ကြည့်လိုက်ကာ လေပေါ်မှာ မျောလွှင့်နေတဲ့ လူကိုမြင်လိုက်တော့ မယုံနိုင်လောက်အောင်ဖြစ်သွားကျလေသည်။

  "..စစ်သူကြီးချုပ်....ဟောက်ထျန်...!"

  ဟောက်ထျန်က တချက်ထဲက ဖေးဟိုနားက လူတွေအကုန်လုံးကိုရှင်းပြီးတော့ ရှောင်လုံတို့ဆီကို လမ်းလျှောက်လာကာ ဖေးဟိုကို မေးလိုက်သည်
   ".. ညီလေး... မင်းအကိုကြီးနောက်ကျသွားတယ်... မင်းအဆင်ပြေရဲ့လား....?"

  ဖေးဟိုက သူနောက်ကလူကိုကြည့်ပြီး ပြုံးလိုက်ကာ
  "...ကျွန်တော် ဘာမှမဖြစ်ပါဘူး... "

  အဲ့နောက် စစ်သူကြီးချုပ် ဟောက်ထျန်ရဲ့ အကြည့်က ရှောင်လုံပေါ်ရောက်သွားပြီး သူအဝေးကနေထဲက သူညီဖေးဟိုက ဒီကလေးလေးကို အစွမ်းကုန်ကာကွယ်နေတာကိုတွေ့လိုက်တယ်မဟုတ်လား။
ဒီကလေးက ဘယ်သူလဲ.. ? ငါညီရဲ့ မြေးလေးလား.... ။

  သူစဉ်းစားနေတုံးပဲ ဟောက်ထျန်အကြည့်က ရှောင်လုံ ဘယ်လက်ပေါ်ကို ရောက်သွားလေသည်။ ရှောင်လုံ ဘယ်လက် လက်သူကြွယ်ပေါ်က လက်စွပ်အမဲကိုမြင်တော့ ဟောက်ထျန်တကိုယ်လုံး သိသိသာသာ လှုပ်ရှားသွားလေသည်။သူ့မျက်လုံးတွေက ပြူးကျယ်လာကာ ရှောင်လုံလက်စွပ်ကို မယုံနိုင်သလို ငေးကြည့်နေရင်း
ဒါ.....ဒါဟာ...  ဂိုဏ်းချုပ်လက်စွပ် မဟုတ်ဘူးလား....?

  ဟောက်ထျန်က ချက်ချင်းဖေးဟိုကို ဖြေးရှင်းချက်တောင်းသလို ကြည့်လိုက်သည်။

  ဖေးဟိုလဲ သူ့အကို စစ်သူကြ်ီးဘာမေးချင်တာလဲဆိုတာကို သိလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

  သူခန့်မှန်းတာကိုဖေးဟိုက ခေါင်းညိတ်ပြလိုက်တာမြင်တော့ ဟောင်ထျန်ရဲ့ မျက်နှာတွေနီရဲလာကာ တကိုယ်လုံး စိတ်လှုပ်ရှားလွန်းလို့တုန်ယင်နေပြီး ချက်ချင်းဒူးထောက်ချလိုက်လေသည်။

  လေသံတိုးတိုးလေးက ဟောင်ထျန်ဒူးထောက်မချခင်လေးမှာ သူ့နားနားထဲကိုဝင်လာပြ်ီး သူကိုဂိုဏ်းချုပ်လို့ခေါ်ပြီးအရိုအသေမပေးဖို့ သတိပေးလိုက်သည်။ ဟောင်ထျန်ရဲ့ ပါးစပ်ကဂိုဏ်းချုပ်လို့ ထွက်ခါနီးမှာပဲ သတိပေးသံကြောင့် ပြန်မျိုချလိုက်ကာ ပြောင်းပြီးပြောလိုက်သည်။
  "... လူတောင်းနိုင်ငံရဲ့ စစ်သူကြီးချုပ် ဟောင်ထျန်... သခင်လေးကို
  ဂါရဝပြုပါတယ်.. "

  ".. သခင်.... သခင်လေး..!" နယ်စားမင်း မန်ချန်တို့ရဲ့နားထဲမှာ ဗုံးတလုံးပေါက်ကွဲသလို ဖြစ်သွားပြီး အကုန်အရုပ်ကျိုးပျက် ဖြစ်ကုန်ကျသည်။ လူတောင်းနိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ စစ်သူကြီးချုပ်က တကယ်... တကယ်ပဲ ဒီကလေးလေးကို ဂါရဝပြုတာလား.. ဒါအပြင်
ဒီကောင်လေးကို သခင်လေးလို့တောင်ခေါ်လိုက်သေးတယ် မဟုတ်လား။မန်ချန်တို့လူစုအတွက် ကောင်းကင်ကြီး တခုလုံးဂျွမ်းထိုးမှောက်ခုံဖြစ်သလို ခံစားလိုက်ရပြီး ခြေထောက်တွေတုန်ယင်ကာ မူးမေ့မတတ်ဖြစ်ကုန်ကျသည်။

  ဒီအချိန်မှာ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ဒီအမှုလောက်ကြီးမှာမဟုတ်တော့ဘူး။

  စစ်သူကြီးချုပ် ဟောင်ထျန်... ! ရှောင်လုံကိုယ်တိုင်တောင် အံသြသွားလေသည်။ သူကိုဂါရဝပြုနေတဲ့ အသက်၇၀လောက်အရွယ် လူကြ်ိးက ဒီနိုင်ငံက စစ်သူကြီးချုပ် ဟောင်ထျန်ပါလား.....!

  စစ်သူကြီးချုပ်က နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းသားပါလား...!

  ဖေးဟိုရဲ့ စီနီယာ အကို....!

  ဒီလိုဆို နတ်တံခါးဂိုဏ်းက ဘယ်လောက်တောင်စွမ်းအားကြီးတာပါလိမ့်.... ?!

".. သခင်လေး.. " ရှောင်လုံ အံသြ ကြက်သေသေနေတာတွေ့တော့
ဖေးဟိုက သူ့ကိုလေသံတိုးတိုးနဲ့ ခေါ်ပြီး သတိပေးလိုက်သည်။ အဲ့ကျ
မှရှောင်လုံလဲ သတိပြန်ဝင်လာပြီး သူလက်က ဟောင်ထျန်ကို ဖေးမလိုက်ပြ်ိး "... စစ်သူကြီးဟောင်ထျန်...မတ်တပ်ရပ်လိုက်ပါ... " 

  ရှောင်လုံက သူ့ကိုဖေးမပြီး မတ်တပ်ရပ်ခိုင်းလိုက်တော့  စစ်သူပြီးဟောင်ထျန်ရဲ့ နှလုံးက ဝမ်းသာဂုဏ်ယူလွန်းလို့ အပြင်ကိုတောင် ခုန်ထွက်မတတ်ဖြစ်ပြီး သူမတ်တပ်ရပ်လိုက်လေသည်။

  ".. ဟောင်ထျန်...  သခင်လေးကို ကျေးဇူးတင်ပါတယ်.. " မတ်တပ်ရပ်ပြီးတဲ့နောက် ရှောင်လုံကို ကျေးဇူးတင်စကားပြောလိုက်သည်။

  အဲ့နော်ကသူမျက်လုံးတွေက လူလေးယောက်ကို စူးရှစွာ စိုက်ကြည့်လိုက်လေသည်။ မန်ချန် ၊ မန်ရှ ၊ ဆရာ၁ နဲ့ ဆရာ၂

  သူမန်ချန်နဲ့ သူ့သားကိုတော့ မှတ်မိလိုက်သည်။

  လူသတ်ချင်စိတ်တွေက ဟောင်ထျန်မျက်လုံးထဲမှာ ထွက်ပေါ်လာလေသည်။

  သူတို့ သူ့ညီကို ဝိုင်းတိုက်တယ် ဆိုရင်တောင် ဟောင်ထျန်က ဒီကိစ္စကိုလျှော်ပေးလိုက်လို့ရတယ်လေ ဒါပင်မယ့် ခုတော့.... !

  ဟောင်ထျန်က မန်ချန်တို့ သားအဖဆီကို ဖြည်းဖြည်းချင်းလျှောက်လာပြီး ဆရာ၁ နဲ့ ဆရာ၂ တို့နားကိုရောက်တော့ သူ့ခါးကိုလှည့်ပြီး
သူ့လက်ဝါးနဲ့ ဆရာ ၁ နဲ့ ဆရာ၂ တို့ နှစ်ယောက်ကို ရိုက်ချလိုက်လေသည်။ ဆရာ ၁ တို့နှစ်ယောက်လုံး ရင်ဘတ်တွေပွင့်ထွက်ကုန်ကျလေသည်။

  မြေကြီး အဆင့်၁၀ သူရဲကောင်းနှစ်ယောက်က ဒီလိုပုံစံနဲ့ သေသွားပါလား... !

"...စစ်.. စစ်သူကြီး...  ကျွန်တော်... " မန်ချန်ရဲ့မျက်နှာမှာ သူအရင်မောက်မာမှုတွေ လုံးဝကို ပျောက်ဆုံးကုန်ကာ စကားထစ်နေပြီးတော့ အားတင်းကာ "... ကျွန်တော်က နယ်စားမင်း မန်ချန်ပါ.. " ဟုပြောလိုက်သည်။

  စစ်သူကြီးချုပ် ဟောက်ထျန်က အေးစက်စက်အသံနဲ့
  ".. မင်းနယ်စား မန်ချန်ဆိုတာ ငါသိသားပဲ.. "

  မန်ချန်က အဲ့ဒါက်ိုကြားတော့မှ သက်ပျင်းချလိုက်ပြီး ဟောင်ထျန်က ငါဘယ်သူလဲဆိုတာသိနေလို့တော်သေးတယ် ။ မန်ချန် သက်ပြင်းချနေတုံး ဟောင်ထျန်ရဲ့ စစ်ပုဆိန်ကိုင်ထားတဲ့ လက်က ဆန့်ထွက်လာပြီး
မန်ချန်လည်ပင်းကို ဖြတ်လိုက်လေသည်။

  မင်းက နယ်စား ဆိုပင်မယ့် ငါတို့ နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို
သတ်ဖို့ စဉ်းစားရဲတယ်ဆိုမှတော့ မင်းသေသင့်တယ်... !

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၄၂.......ကောင်းကင်အဆင့် သူရဲကောင်း

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

   မန်ရှလဲ လည်ပင်းကသွေးတွေစီးကျနေပြီး ကြမ်းပြင်ပေါ်မှာလဲပျနေတဲ့ သူ့အဖေအလောင်းကိုမြင်လိုက်တော့ သူတသက်လုံးမှာ အကျယ့ဆုံးအသံနဲ့ ကြောက်လန့်တကြားအော်ဟစ်လိုက်လေသည်။ သူ့မျက်နှာမှာ ဘာအရောင်မှမရှိတော့လောက်အောင် ဖျော့တော့သွားပြီး
သူမျက်လုံးတွေက ချာချာလည်နေကာ သူဘောင်းဘီကနောက် တခါ စိုရွှဲသွားပြန်သည်။

  ဟောက်ထျန်လဲ စစ်ပုစိန်က မန်ရှလည်ပင်းကိုတခါ ထပ်ဖြတ်လိုက်ပြီး မန်ရှအော်နေတဲ့ အသံက တိတ်ဆိတ်သွားလေသည်။ စစ်ပုစိန်ကို ပြန်သိမ်းရင်း လဲကျနေတဲ့ အလောင်းတွေကို လည့်ကိုမကြည့်ပဲ
ရှောင်လုံနားကို ပြန်လာပြီး
    "... သခင်လေး...  ကျွန်တော်မျိုးလာတာနောက်ကျသွားလို့... သခင်လေးကို ထိန့်လန့်စေခဲ့ပြီ... "

  အဲ့အချိန်မှာပဲ စစ်သူကြီးချုပ်ရဲ့ စစ်သားတွေကလဲ နတ်သုဒ္ဓါစားစောက်ဆိုင်ကိုရောက်လာပြီး လဲကျသေဆုံးနေတဲ့ မန်ချန်နဲ့ မန်ရှတို့ အလောင်းတွေကို မြင်တော့ အံသြကုန်ကျလေသည်။

  "... စစ်သူကြီးချုပ်.. ဒီ...ဒီဟာက.. " စစ်သားတွေကိုခေါင်းဆောင်လာတဲ့ စစ်သူကြီးတယောက်က သတိနဲ့မေးလိုက်သည်။

  ဟောင်ထျန်က အေးစက်စက်နဲ့ပဲ "... သူတို့ကို ငါသတ်လိုက်တာ
သူတို့အလာင်းတွေကို ရှင်းပလိုက်တော့... "

  စစ်သားတွေအကုန်လုံး အံသြထိတ်လန့်ကုန်ကျလေသည်။

  စစ်သူကြီးချုပ်က လူတယောက်ကို လက်ညှိုးထိုးပြလိုက်ပြီး
  "... သူကိုလဲ ခေါ်သွားပြီး ခေါင်းဖြတ်သတ်ပလိုက်... "
အဲ့လူကတော့ ဖေးဟိုဆီက ရွှေရောင်တံဆိပ်ကိုရပြီး စစ်သူကြီးချုပ်ကို
အကြောင်းမကြားတဲ့ အစောင့်ခေါင်းဆောင်ပဲ ဖြစ်လေသည်။

   ".. စစ်သူကြီး.. သနားပါ...  အား... ကျွန်တော်...ကျွန်တော်မှားသွားပါတယ်...  သနားပါအုံး... " အစောင့်ခေါင်ဆောင်လဲ တုန်လှုပ်ခြောက်ခြားသွားကာ ချက်ချင်းဒူးထောက်ချကာ ဟောင်ထျန်ကို ညှာတာပေးဖို့ တောင်းဆိုလေသည်။ ဒါပင်မယ့် စစ်သားနှစ်ယောက်က ဘယ်ညာညှပ်ခေါ်သွားပြီး ခနနေတော့ နှလုံးခြောက်ခြားဖွယ်အော်သံ
ကြီးထွက်ပေါ်လာလေသည်။

  ".. သခင်လေး..  စစ်သူကြီးချုပ် အိမ်တော်ကို ကျွန်တော်နဲ့ အတူသွားကျမလား.. " ဟောင်ထျန်က ရှောင်လုံဘက်ကို ပြန်လှည့်ကာ ရိုရိုသေသေနဲ့ ရှောင်လုံ သဘောထားကို မေးလိုက်သည်။

  သခင်လေး....! စစ်သူကြီးချုပ်ရဲ့ စစ်သားတွေရော စစ်သူကြီးတွေရော အကုန်လုံး မယုံနိုင်လောက်အောင်ဖြစ်သွားကာ အကုန်လုံး ရှောင်လုံကို အံသြတကြီး ဝိုင်းကြည့်လိုက်လေသည်။

  "... မင်းတို့ အကုန်လုံး ဒူးထောက်ပြီး သခင်လေးကို နှုတ်ဆက်ကျ
စမ်း... " ဟောင်ထျန်က တခြားစစ်သူကြီးတွေ စစ်သားတွေကို အမိန့်ပေးလိုက်သည်။

  "... သခင်လေးကို ဂါရဝပြုပါတယ်.. " စစ်သူကြီးတွေ စစ်သားတွေအကုန်လုံး ချက်ချင်းဒူးထောက်လိုက်ကာ ရှောင်လုံကို ဂါရဝပြုလိုက်လေသည်။

  ".. အကုန်လုံး မတ်တပ်ရပ်ကျပါ... " ရှောင်လုံက ဒူးထောက်နေတဲ့လူတွေကို ကြည့်ပြီးပြောလိုက်လေသည်။ သူ့ရှေ့မှာ လူတွေအများ
ကြီး ဒူးထောကိနေတာကို ရှောင်လုံက ကျင့်သားမရသေးဘူးလေ ဒါအပြင် ဒူးထောကိနေတဲ့လူတွေက လူတောင်းနိုင်ငံရဲ့ စစ်သူကြီးတွေ စစ်သားတွေမဟုတ်လား ။ သူအဖိုး ဟောင်ကိုက်တောင် ဒီလူတွေကို
မြင်ရင် ခေါင်းညွတ်ပြီး အရိုအသေပေးရတယ်မဟုတ်လား ။

  အကုန်လုံးမတ်တပ်ထရပ်လိုက်ကျသည်။ အဲ့နောက် ရှောင်လုံက ဟောင်ထျန်ကို ကြည့်လိုက်ကာ "... သွားကျစို့.. "

ရှောင်လုံက သူ့အိမ်ကို လိုက်မယ်ဆိုတဲ့အသံကိုကြားတော့ ဟောင်ထျန်ရဲ့ အရမ်းကို ပျော်ရွှင်သွားတဲ့အမူအရာက သူမျက်နှာမှာ
ပေါ်လာပြီး သူရိုရိုသေသေပဲပြောလိုက်သည်
  "..  ဟုတ်ကဲ့... သခင်လေး..  သခင်လေး ဒီဘက်ကိုကြွပါ... "

  ရှောင်လုံ ၊ ဖေးဟို ၊ ဟောင်ထျန်နဲ့ ကျန်တဲ့ လူအုပ်ကြ်ိးက စစ်သူကြီးချုပ် အိမ်တော်ကိုပြန်လာကျလေသည်။

  ရှောင်လုံတို့ စစ်သူကြီးချုပ်အိမ်တော်ကို ရောက်ပြီးမကြာခင်မှာပဲ
စစ်သူကြီးချုပ်ဟောင်ထျန်က နယ်စားမင်း မန်ချန် ၊ သူ့သားနဲ့ နယ်စားမင်းစစ်သားတွေအကုန်လုံးကို သတ်လိုက်တယ်ဆိုတဲ့ သတင်းက တောမီးလောင်သလို လူတောင်း နန်းတွင်းမြို့ တခုလုံးက်ို အလျင်အမြန် ပျံနှံသွားလေသည်။

  တော်ဝင်မိသားစုတွေအကုန်လုံး အံသြထိတ်လန့်ကုန်ကျကာ သူတို့အမူအရာတွေပျက်ကုန်ကျလေသည်။

  လွန်ခဲ့တဲ့ နှစ်၂၀၀ လူတောင်းနိုင်ငံတော်ကြီး စတင်တည်ထောင်ထဲက အခုထိ နယ်စားမင်းတယောက်က ပထမဆုံး နန်တွင်းမြို့တော်ရဲ့ လူမြင်ကွင်းမှာ အသတ်ခံရချင်းပဲ ဖြစ်လေသည်။

  ".. ငါကြားတာတော့ နယ်စားမင်း မန်ချန်နဲ့ သူ့စစ်သားတွေက စစ်သူကြီးချုပ် ညီကို နတ်သုဒ္ဓါစားသောက်ဆိုင်မှာ ဖမ်းမလို့ သွားကျတယ်ဆိုပဲ...  စစ်သူကြီးချုပ်လဲ အဲ့ဒါကိုကြားတော့ အရမ်းကိုဒေါသထွက်သွားပြီး မန်ချန်နဲ့ သူလူတွေက ဒေါသတကြီးသတ်လိုက်တာပဲ... "

  မန်ချန်ကံတရားက စစ်သူကြီးချုပ်နဲ့ သွားပတ်သတ်တယ်ဆိုတော့ သူ့တော်တော်ကံဆိုးတာပဲ ။ ဒါပင်မယ့် စစ်သူကြီးကလဲ အရမ်းကိုဗိုလ်ကျလွန်းတယ်မလား ဥပဒေကို လျစ်လျူရှုပြီး နယ်စားမင်းတယောက်ကို မြို့လည်ခေါင်မှာသတ်ခဲ့တယ်လေ။

  နယ်စားတွေ မြို့စားတွေအကုန် ဒီကိစ္စအကြောင်းဆွေးနွေးကျလေသည်။

  လူတောင်းနန်တွင်းထဲမှာလဲ ဘုရင်မင်းမြတ်က သူ့မှုးမတ်တွေရဲ့ အဆုံးမရှိတဲ့ သတင်းပို့တာတွေကို နားထောင်လိုက်ရလေသည်။ ဘုရင်က ခနလောက်တုန့်ဆိုင်းပြီမှ လက်ဝှေ့ယမ်းပြလိုက်ပြီးပြောလိုက်သည် " ... ငါနားလည်ပြီး...  မင်းတို့အကုန်သွားနိုင်ပြီ.. "

  အဲ့ဒါကို ကြားတော့ မှုးမတ်တွေအကုန်လုံး အံသြသွားကာ ဘယ်သူမှ စကားတလုံးမှ ထပ်မလျှောက်တင်ရဲတော့ဘူး ။ သူတို့ တတိတ်တဆိတ်ပဲ နားလည်လိုက်တာက နယ်စားမင်းမန်ချန်ကိစ္စတော့ ဒိလိုနဲပဲ
ပြ်ီးသွားပြီဆိုတာကိုပဲ ။ ဘုရင်က ဘာမှ အမိန့်မချဘူးဆိုမှတော့
ဘုရင်မင်းမြတ်က ဒီကိစ္စကို လျစ်လျူရှုလိုက်ပြီဆိုတာသေချာပြီလေ။

  အဲ့လိုနဲ့ ညအချိန်ကိုရောက်လာကာ လမင်းကြီးက ကောင်ကင်မှာ ထွန်းလင်းနေပြီး ရှောင်လုံလဲ စစ်သူကြီးချုပ်အိမ်တော်ထဲက ဥယျာဉ်ထဲမှာ နှစ်သက်စွာနဲ့ ကြည့်နေရင်း စားသောက်ဆိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြန်လည်တွေးတောလိုက်သည်။

  ဒီနေ့ဖြစ်ရပ်က သူကို သူ့အရမ်းစွမ်းအားနဲသေးတယ်ဆိုတာ သတိပေးနေတယ်မဟုတ်လား ။

  သူက အသက်ကိုးနှစ်နဲ့ မြေကြီးအဆင့်၅ နောက်ဆုံးအဆင့်က်ုရောက်နေပင်မယ့် မြေကြီး အဆင့်၇၊ ၈၊ ၉ သူရဲကောင်းတွေနဲ့ယဉ်ရင် သူ့စွမ်းအားကို အရမ်းကိုနိမ့်ကျသေးလေသည်။

  ဒါအပြင် စစ်သူကြ်ီးချုပ်က သိမ်ငှက်ပျံနေတဲ့ အမြင့်ကြ်ီးကနေ ခုန်ချကာ သူ့စစ်ပုစိန်ကို တချက်လွှဲလိုက်ယုံနဲ့ အဆင့် ၁၀ သိုင်းသမားနှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေယုံမက တခြား စစ်သားတွေကို လဲ သတ်ပလိုက်နိုင်သည်။

  ဒီစွမ်းအားကသာမန် မြေကြီးအဆင့်၁၀ သိုင်းသမားတယောက်ဘယ်လိုမှမစွမ်းဆောင်နိုင်တဲ့ စွမ်းအားပဲ ဒါဆိုရင် စစ်သူကြီးချုပ်ရဲ့စွမ်းအားက မြေကြီးအဆင့် ၁၀ အထွတ်အထိပ်အဆင့်ရဲ့ အထက်ကပဲ ဖြစ်ရမယ် ။

မြေကြီးအဆင့်၁၀ အထွတ်အထိပ်ထက်မြင့်တဲ့ စွမ်းအားက ဘာများပါလိမ့်... ? ရှောင်လုံက ဟောင်ကလန်မှာ ရှိတုံးကလဲ ဖေးဟိုကို မမေးခဲ့ဘူးဘူးလေ ။ သူ့မိဘတွေလဲ ဒီကိစ္စအကြောင်းပြောတာ သူမတခါမှ မကြားဘူးဘူး။

ခနလောက်နေတော့ ရှောင်လုံက ဖေးဟိုကို ခေါ်လိုက်သည်။

".. ဂိုဏ်းချုပ်...  ဘာများ အမိန့်ပေးမလို့လဲ.. " ဖေးဟိုက ရောက်လာတော့ ရိုရိုသေသေမေးလိုက်သည်။

  ".. ထိုင်လိုက်.. " ရှောင်လုံက သူမျက်နှာချင်းဆိုင်က ကျောက်တုံးခုံကို လက်ညိုးထိုးပြပြ်ိး ပြောလိုက်သည်။ ဖေးဟိုထိုင်ပြီးတာနဲ့ ရှောင်လုံက သူမရှင်းတဲ့ အချက်တွေကို မေးမြန်းလိုက်သည်။

"...မြေကြီး အဆင့် ၁၀ အထက်ဆိုရင် ဘယ်အဆင့်ကိုရောက်သွားတာလဲ.. "  ရှောင်လုံလဲ အမေးကိုကြားတော့ ဖေးဟိုကခနလောက် 
ရပ်ကာ စဉ်းစားလိုက်ပြီးမှ ဖြေလိုက်သည်
  ".. ဂိုဏ်းချုပ်...  မြေကြီးအဆင့်၁၀ အထွတ်အထိတ်အဆင့်ကို ကျော်ဖြတ်နိုင်ပြီဆို ဒီကမ္ဘာကြီးမှာ အဲ့လူတွေကို  ကောင်းကင်အဆင့် သိုင်းသမားလို့ သတ်မှတ်ကျတယ်.. "

   "..ကောင်းကင်အဆင့် သူရဲကောင်း.. " ရှောင်လုံက ထပ်ခါထပ်ခါရေရွတ်လိုက်သည်။

  "..ဟုတ်ပါတယ် ..ဂိုဏ်းချုပ်... " ဖေးဟိုက ခေါင်းညိတ်ပြကာ ထပ်ပြောလိုက်သည် ".. ကျွန်တော်တို့ သိုင်းဝိညဉ်တွေက ဝိညဉ်စွမ်းအားတွေကို စုပ်ယူပြ်ိး ကျွန်တော်တို့သွေးကြောတွေထဲကို အတွင်းအားကီတွေအဖြစ်ပြောင်းပေးတယ်မဟုတ်လား..  အတွင်းအားကီတွေက ခန္ဓာကိုယ်တွေကို ကြံခိုင်လာစေတယ်လေ...  မြေကြီး အဆင့် ၁ ကနေ ၃အထိ လူတွေဆို သူတို့ ကြွက်သားတွေကို ကြံခိုင်လာစေတယ်...  အဆင့်၄ ကနေ ၆ အထိ လူတွေက သူတို့ အရွတ်တွေကို ကြံခိုင်သန်စွမ်းလာစေတယ်...  အဆင့်၇ကနေ ၁၀ အထိက သူတို့အရိုးတွေကို ကြံခိုင်သန်မာလာစေတယ်.. "

  " ..ဒါပင်မယ့်...  မြေကြီးအဆင့်၁ ကနေ ၁၀ အထိက ကျွန်တော်တို့ရဲ့ အတွင်းကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို သန်မာလာအောင်လုပ်လို့မရဘူး...  အဲ့ဒါက ကောင်းကင်အဆင့်ကိုရောက်တဲ့ လူတွေပဲ လုပ်နိုင်တာ.. ကောင်းကင်အဆင့်ကိုရောက်ပြီဆိုတာနဲ့ ကျွန်တော်တို့ ကိုယ်ထဲမှာ ရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေအကုန်လုံးကို သန်မာလာအောင်ယုံသာမက ကျွန်တော်တို့ အသက်တွေလဲ ပိုပြီးရှည်လာကျတယ်.. မြေကြီး အဆင့် ၁၀ သိုင်းသမားတယောက်က အသက် ၁၀၀ လောက်ထိပဲ အသက်ရှင်နိုင်တယ်...  ဒါပင်မယ့် ကောင်းကင် အဆင့်ကိုရောက်ပြီဆိုရင်တော့ ကျွန်တော်တို့ သက်တမ်းက ပိုရှည်သွားပြ်ိး ကောင်းကင်အဆင့် သိုင်းသမားတယောက်က အသက် ၁၀၀ ကနေ ၃၀၀ လောက် အထိအသက်ရှင်နိုင်တယ်လေ... "

".. အသက် ၃၀၀ ဟူတ်လား... " ရှောင်လုံလဲ အံသြသွားလေသည်။

  ဖေးဟိုက ခေါင်းညိတ်ပြလိုက်ကာ "..ခန့်မှန်းခြေ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်ကထဲက အကိုကြီးဟောင်ထျန်က ကောင်းကင်သိုင်းသမားအဆင့်ကိုရောက်သွားတာ...  သူ့ကြည့်လိုက်ရင် အသက်၇၀ ဆယ်လောက်ထင်ရပင်မယ့် တကယ်တော့ သူအသက်က ၁၀၀ ကျော်နေပြီ.. "

  ရှောင်လုံလဲ နောက်တခါ အံသြသွားပြီး သူ စစ်သူကြီးဟောင်ထျန်အသက်၁၀၀ ကျော်နေမယ်မှန်း မသိခဲ့ဘူးလေ။

ဖေးဟိုက ဆက်ရှင်းပြလိုက်သည်  " ... တကယ်လို့ တယောက်ယောက်က မြေကြီး အဆင့်၇ ကိုရောက်တယ်ဆိုပါတော့ အဲ့ဒါဆို အတွင်းအားကီ ပင်လယ်က သူရင်ဘက်နားမှာပေါ်လာပြီး သူက ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ပြီတို အဲ့ဒီ ကီပင်လယ်က အရည်အဖြစ်ကိုသိပ်သည်းသွားတယ်...  ဒါကြောင့် ကောင်းကင်အဆင့် သိုင်းသမားတွေက ပိုပြီး စွမ်းအားကြီးနေတာပဲ...  သူတို့ သိုင်းဝိညဉ်တွေက ဆင့်ကဲပြောင်းလဲ နိုင်ယုံမက ဝိညဉ်မဟူတ်ဘဲ တကယ့် ခန္ဓာကိုယ်ပါ ပိုင်ဆိုင်လာကျတယ်လေ... "

  ".. သိုင်းဝိညဉ်က တကယ်ကိုယ်ခန္ဓာ ပိုင်ဆိုင်နိုင်တယ်.. ဟုတ်လား... ? " ရှောင်လုံလဲ အံသြကာ မျက်လုံးပြူးသွားလေသည်။
".. တကယ်လို့ ဝိညဉ်က ကိုယ်ခန္ဓာပိုင်ဆိုင်သွားပြီဆိုတော့ တိုက်ပွဲတွေကျရင်လဲ အသုံးချလို့ရတာလား.."

  ".. ဟုတ်ပါတယ် ဂိုဏ်းချုပ်.. " ဖေးဟိုက ခေါင်းညိတ်ပြလိုက်ကာ
".. သိုင်းဝိညဉ်ရဲ့ အဆင့်မြင့်လေလေ...  သူကိုယ်ခန္ဓာပိုင်ဆိုင်လာပြ်ိဆို ပိုပြီးစွမ်းအားကြီးလေပဲ..  ဥပမာဆိုရင်..  အကိုကြီးဟောင်ထျန်ရဲ့
သိုင်းဝိညဉ်က အဆင့်၁၀ ထိပ်တန်းအဆင့် အမဲရောင်ငရဲခြင်္သေ့ပဲ
တကယ်လို့ သူကို ဆင့်ခေါ်လိုက်ပြ်ိဆို သူတို့နှစ်ယောက်စွမ်းအားက သိပ်မကွားခြားဘူး.. " 

  သူတို့နှစ်ယောက် စွမ်းအားကမကွာခြားဘူး...! ဒါဆို သူ့သိုင်းဝိညဉ်က နောက်ထပ်ကောင်းကင်သိုင်းသမားတယောက်နဲ့ စွမ်းအားချင်းညီမျှတာပေါ့.. ! ဒါဆို ကောင်းကင် သိုင်းသမားအဆင့်သိုင်းသမားနဲ့ မြေကြီးအဆင့် သိုင်းသမားရဲ့ အဓိကကွာခြားချက်ပဲ။

  ရှောင်လုံက တခုခုကို တွေးမိသွားပြီး သူသာကောင်းကင်သိုင်းသမား ဖြစ်သွားမယ်ဆို သူ့သိုင်းဝိညဉ်တွေ ခန္ဓာကိုယ်ပိုင်ဆိုင်လာမယ်။ သူက အမြွာသိုင်းဝိညဉ်က်ို ပိုင်ဆိုင်ထားတာဆိုတော့ သူအရမ်းကိုကံကောင်းပြီမဟူတ်လား ။

နဂါးအပြာတကောင်...  နဂါးအမဲတကောင်လေ...!

သူ့ရဲ့ အဆင့်လွန်ထိပ်တန်း အဆင့် သိုင်းဝိညဉ်တွေက သူကောင်းကင်အဆင့် သိုင်းသမားသာ ဖြစ်သွားပြီဆို ဘယ်လောက်တောင်
ကြောက် ဖို့ကောင်းလောက်အောင် စွမ်းအားကြီးလာမှာပါ
လိမ့်..... ?

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၄၃.......ဒေါင်ရမ်း အင်ပါရာ နိုင်ငံ

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

  "... ဒါပင်မယ့်ကောင်းကင်အဆင့် သိုင်းသမားအဖြစ်ကိုရောက်ဖို့ကတော့ အရမ်းကိုခက်ခဲ့တယ်... တကယ်ကိုခက်ခဲတာ.. "
ရှောင်လုံက သူကောင်းကင်အဆင့် သိုင်းသမားဖြစ်ရင် သူ့သိုင်းဝိညဉ်
ကဘယ်လို အစွမ်းထက်လာမလဲဆိုတာတွေးနေတုံး ဖေးဟိုက
ခေါင်းကိုခါလိုက်ရင်း သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်သည်။

  ".. ကောင်းကင်အဆင့် ကိုရောက်ဖို့က သိုင်းဝိညဉ်အဆင့်၁၀ နဲ့ အထက် သိုင်းသမားတွေအတွက်ပဲ အခွင့်အရေးရှိတာ.. "

  သိုင်းဝိညဉ်နိုးထလာတဲ့အခါ အဲ့သိုင်းဝိညဉ်ရဲ့ အဆင့်က အနာဂတ်မှာ ဒီသိုင်းသမား ဘယ်အဆင့်လောက်ရောက်နိုင်မယ်ဆိုတာကို
ဆုံးဖြတ်ပေးလေသည်။ ဒါကြောင့်လဲ ဟောင်ကိုက်က ဟောင်ဝေကို အဲ့လောက်ထိ အလိုလိုက်ခဲ့တာပေါ့.... ။

  ဟောင်ဝေက အဆင့်၁၀ သိုင်းဝိညဉ် ပိုင်ဆိုင်တာမို့ သူသာ တခုခုမဖြစ်ခဲ့ဘူးဆိုရင် အနာရတ်မှာ ကောင်းကင်အဆင့်သိုင်းသမား ဖြစ်လာမှာပဲ ။

  ".. ကောင်းကင်အဆင့်ကိုရောက်ဖို့ သိုင်းဝိညဉ်က အဆင့်၁၀ နဲ့အထက်ရှိရမှာလား.. "
ရှောင်လုံကမေးလိုက်သည်။

  ဖေးဟိုက ခနလောက်စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်
  "... လိုအပ်တာတော့မဟုတ်ပါဘူး...  တချို့သူတွေရဲ့ သိုင်းဝိညဉ်က အဆင့်၁၀ မဟုတ်ပင်မယ့် သူတို့လဲ ကောင်းကင်အဆင့်သိုင်းသမားဖြစ်ကျပါတယ်...  ဒါပင်မယ့် သိုင်းဝိညဉ်အဆင့် မြင့်တဲ့ လူတွေထက် သူတို့ ကောင်းကင်အဆင့်ကိုရောက်ဖို့က အရမ်းခက်တယ်...
တချို့ကတော့ ပြောကျပါတယ် ... အဆင့်၈ သိုင်းဝိညဉ်သိုင်းသမားတွေလဲ ကောင်းကင်အဆင့်ကိုရောက်ကျတယ်ဆိုတာ... ဒါပင်မယ့်
သက်သေတော့မပြနိုင်ကျဘူး... သိုင်းဝိညဉ်အဆင့်၈ ပိုင်ဆိုင်တဲ့
လူအယောက်တသိန်းလောက်မှာမှ တယောက်လောက်ပဲ ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်မှာ... အဆင့်၇နဲ့ အဲ့အောက်တွေကတော့ သူတို့သေလောက်အောင်ကြိုးစားလဲ ကောင်းကင်သိုင်းသမားအဆင့်က်ုရောက်ဖို့ မဖြစ်နိုင်ဘူး... "

  ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီးမှ တကယ်သာ သူ့သိုင်းဝိညဉ်က အဆင့်၇ ဆိုသူလဲ ဘဝတလျှောက်လုံးဘယ်တော့မှ ကောင်းကင်သိုင်းသမားဖြစ်လာမှာမဟူတ်ဘူးပဲ ။ သူစဉ်းစားမိပြီး ချွေးပါပြန်သွားသည်။ ကံကောင်းလို့ သူ့သိုင်းဝိညဉ်က အဆင့်၇ မဟုတ်တာပဲ...။

  "..ဒါဆို ကောင်းကင်အဆင့် အထက်ကရော ဘာအဆင့်လဲ.. "
ရှောင်လုံက သိချင်စိတ်ပြင်းပြစွာနဲ့ မေးလိုက်သည်။

  ဖေးဟိုက အံသြသွားပြီးမှ ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ
".. ဂိုဏ်းချုပ်..  ကောင်းကင်အဆင့် အထက်မှာ တကယ်ပဲ တခြားအဆင့်ရှိပါတယ် ... သမိုင်းတွေအဆိုအရတော့ အဲ့အဆင့်ကို
စကြာဝဋ္ဌာအဆင့် (saint ဆိုတာက သူတော်စင်ပါ သူတော်စင်အဆင့်ဆို မကောင်းဘူးထင်လို့ ) လို့ ခေါ်ကျတယ်...  တကယ်လို့
စကြာဝဋ္ဌာအဆင့်ကို ရောက်ပြီဆိုရင် အသက် ၁၀၀၀ အထိ
ရှည်နိုင်တယ်လို့ စာတွေထဲမှာရေးထားတာ ကျွန်တော်ဖတ်ဘူးတယ်
ပြီးတော့ သူ့တို့ ခန္ဓာကိုယ်တွေက အဆိပ်ပြီးယုံမက စတီးချောင်းလိုမာပြီးတော့ မသေမျိုးတွေရဲ့ ခန္ဓာကိုယ်မျိုးရကျတယ်တဲ့....
ဒါပင်မယ့် အဲ့အဆင့်ကိုရောက်ဖို့ ကောင်းကင်ကိုတက်ဖို့ထက်တောင် ပိုခက်ပါတယ်လေ..."

" ...မိုးကောင်းကင်ကို တက်ဖို့ထက်တောင် ပိုခက်သေးတယ်...
ဟုတ်လား... "
   ရှောင်လုံလဲ အရမ်းကို အံသြသွားသည်။

  ဖေးဟိုက ခေါင်းညိတ်ပြရင်း
  ".. ကောင်းကင်အဆင့်မှာ တဆင့်ထက်တဆင့်ကို ကျော်ဖြတ်ဖို့က
  မြေကြီးအဆင့်ထက် အများကြီးပိုခက်တယ်...  အကိုကြီး ဟောင်ထျန်ကိုပဲကြည့်...  သူ ကောင်းကင်အဆင့်ကိုရောက်နေတာ အနှစ်သုံးဆယ်ရှိပြီ...  အရမ်းကို အဆင့်လွန်ထိပ်တန်းအဆင့်သိုင်းဝိညဉ်ကို ပိုင်ဆိုင်တဲ့သူတွေလောက်ပဲ စကြာဝဋ္ဌာအဆင့်က်ုရောက်ဖို့ အခွင့်အရေးရှိလောက်မယ်... ဒါတောင်မသေချာပါဘူးလေ..."

  "...ဒီ လူတောင်းနိုင်ငံမှာ မဆိုနဲ့...  တခြားအိမ်နီးချင်း နိုင်ငံတရာမှာတောင် စကြာဝဋ္ဌာအဆင့် သိုင်းသမားမရှိပါဘူး.. ?"

   "တခြားနိုင်ငံ တရာမှာတောင် စကြာဝဋ္ဌာ အဆင့် သိုင်းသမားမရှိဘူး..ဟုတ်လား... ?
  ရှောင်လုံလဲမျက်လုံးပြူးကာ ပိုပြီးအံသြသွားသည်။

.."   ဒီလူတောင်နိုင်ငံမှာ လူဦးရေ ဘယ်လောက်တောင်များလိုက်သလဲ... ?
  အနဲဆုံး မရှိဘူးဆို ၂ဘီလီယံ ၃ ဘီလီယံတော့ရှိမှာ... !
  တခြားနိုင်ငံတရာနဲ့ဆို လူဦရေ ဘီလီယံ ၃၀၀ လောက်ကိုရှိတယ်မဟုတ်လား...  ဒါတောင်မှ စကြာဝဋ္ဌာအဆင့် သိုင်းသမားတယောက်တောင်မရှိဘူး.. ဟုတ်လား... ?" ရှောင်လုံက စဉ်းစားလိုက်လေသည်။

  အဲ့အချိန်မှာ ဖေးဟိုက
  " ... တကယ်တော့ ကျွန်တော်မျိုး စကြာဝဋ္ဌာသိုင်းသမားတယောက်တော့ တွေ့ဘူးပါတယ်.. !"
ဖေးဟိုရဲ့ အသံကိုအရမ်းကို လေးစားအားကျတဲ့ အသံမျိုဖြစ်နေလေသည်။

  အဲ့ဒါကြားတော့ ရှောင်လုံ မျက်လုံးကလဲ အရောင်တောက်လာပြီး
ဖေးဟိုကို ကြည့်လိုက်သည်။ ဖေးဟိုက ရှောင်လုံ အကြည့်ကိုမြင်တော့ သဘောကျကာ ရယ်မောလိုက်ပြီး
".. သူ့ကို ဒေါင်ရမ်း အင်ပါရာနိုင်ငံမှာ ကျွန်တော်မျိုးတွေ့ခဲ့တာပါ..
ဒါတောင် ရိပ်ခနဲပဲတွေ့လိုက်တာပါ..."
ဖေးဟိုကရှောင်လုံကို ပြောပြရင်းနဲ့ သူ့မျက်နှာက နဲနဲရှက်သလိုဖြစ်သွားကာ သူ့မြေကြီးအဆင့်၁၀ အဆင့်လောက်နဲ့ စကြာဝဋ္ဌာအဆင့်သိုင်းသမားလို အရမ်းကြီးကျယ်မြင့်မြတ်တဲ့ သူမျိုးနဲ့ တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ။ သူတွေ့လိုက်တာက  စကြာဝဋ္ဌာသိုင်းသမား ဒေါင်းရမ်းအင်ပါရာ နန်တွင်းမြို့တော်မှာ ပျံသန်းသွားလာနေတုံး ကြုံကြိုက်ပြီး
တွေ့လိုက်တာပဲ ဖြစ်လေသည်။

  "..ဒေါင်ရမ်း အင်ပါရာ နိုင်ငံ.. "
ဒီနာမယ်ကို ရှောင်လုံဘဝမှာ ပထမဆုံးကြားဘူးတာပဲ ဖြစ်သည်။

  ဖေးဟိုက ဆက်ပြီးရှင်းပြလိုက်သည်
".. အမှန်တော့ လူတောင်းနိုင်ငံက ဒေါင်းရမ်းအင်ပါရာ နိုင်ငံရဲ့ လက်အောက်ခံ နိုင်ငံ တထောင်ထဲက တနိုင်ငံပဲ...  လူတောင်းနိုင်ငံနဲ့
တခြားအိမ်နီးချင်းနိုင်ငံ တရာမှာ စကြာဝဋ္ဌာသိုင်းသမားမရှိပင်မယ့်
ဒေါင်ရမ်းအင်ပါရာ နိုင်ငံမှာတော့ သူ့အင်ပါရာကို ကာကွယ်ဖို့ စကြာ
ဝဋ္ဌာအဆင့် သိုင်းသမားရှိတယ်... "
   "... ကျွန်တော်တို့ ကမ္ဘာကြီးကို နှင်းလေ ကမ္ဘာကြီးလို့ ခေါ်ပြီးတော့ ဒေါင်ရမ်း အင်ပါရာနိုင်ငံလိုပဲ တခြားအင်ပါရာနိုင်ငံတွေလဲကှိကျတယ်...  ဒါပင်မယ့် အဲ့ထဲမှာ ကျွန်တော်တို့ လူမျိုးနွယ်အပါအဝင်
တခြားမျိုးနွယ် အင်ပါရာတွေလဲရှိကျတယ်....  ကျွန်တော်မျိုးတို့
လူမျိုးနွယ်အပြင်...  သားရဲနဲ့လူပေါင်းစပ်ထားတဲ့ မျိုးနွယ်...
နတ်မျိုးနွယ်...  လူပုမျိုးနွယ်..  နတ်ဆိုးမျိုးနွယ်... ရွှေရောင်လူသန်မျိုးနွယ် စသဖြင့် မျိုးနွယ်တွေအများကြီးရှိကျတယ်.. "
   ဖေးဟိုက သေသေချာချာကိုရှင်းပြလိုက်လေသည်။

  ရှောင်လုံလဲ ဖေးဟို ရှင်းပြတာတွေကိုကြားတော့ ရင်ခုန်စိတ်လှုပ်ရှားသွားသည်။

  ဒေါင်ရမ်း အင်ပါရာ... !

  နှင်းလေ ကမ္ဘာကြီး.... !

  သားရဲလူမျိုးနွယ် ၊ လူပုမျိုးနွယ် ၊ နတ်ဆိုးမျိုးနွယ်၊ ရွှေရောင်လူသန်ကြီးများ မျိုးနွယ်.... !

  ဒီသိုင်းဝိညဉ်ကမ္ဘာကြီးက တကယ်ကိုပဲ ဒီလောက်တောင် ကြီးမား
ပြီး စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတာပါလား.... !

  သူပိုပြီး လေ့လာသင်ယူချင်တယ်.... ပိုပြီး စွမ်းအား ကြီးမားလာအောင်... ! အဲ့ဒါမှ သူဒေါင်ရမ်းအင်ပါရာ နိုင်ငံကိုသွားပြီး စကြာဝဋ္ဌာအဆင့်သိုင်းသမားနဲ့ တွေ့ဆုံးပညာသင်နိုင်မှာမဟုတ်လား....။

  တနေ့နေ့မှာ သူလဲ ဒဏ္ဍာရီ ထဲက စကြာဝဋ္ဌာအဆင့် သူရဲကောင်းတယောက်ဖြစ်လာစေရမယ်လို့ ရှောင်လုံက ဆုံးဖြတ်ချက်ချလိုက်လေသည်။

  ခနလောက်ကြာတော့ ဖေးဟိုလဲ သူအခန်းကိုပြန်သွားကာ ရှောင်လုံတယောက်ခဲ ဥယျာဉ်ထဲမှာ ထိုင်ကာ သူဖေးဟိုပြောတာတွေကြားပြ်ိး
သူ့နှလုံးသားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားနေတာတွေကို ကြိုးစားထိန်းချုပ်လိုက်သည်။

  ".. မြေကြီး အဆင့် ၆ အဆင့်ကို အရင်ကျော်ဖြတ်တာပဲကောင်းပါတယ်...  ကျန်တာတွေနောက်မှ ထပ်စဉ်စားတာပေါ့.... "
  ရှောင်လုံက ပြုံးကာ ခေါင်းကိုခါရင်း မတ်တပ်ထရပ်လိုက်လေသည်။

  အဲ့ဒီကောင်းကင်းအဆင့် သိုင်းသမားဆိုတာ သူ့အခုလက်ရှိနဲ့ဆို အရမ်းဝေးသေးတယ်မဟူတ်လား.... ။ သူအခုလိုအပ်နေတာက မြေကြီး
အဆင့်၆ အဆင့်ကို ရောက်ရှိဖို့ပဲ... ။

သူဒီနှစ်ရက်လောက်အတွင်းမှာ မြေကြီးအဆင့် ၆အဆင့်က်ို ကျော်ဖြတ်နိုင်တော့မယ်လို့ ရှောင်လုံက သူစိတ်ထဲမှာ ခံစားမိနေလေသည်။

  အဲ့နောက်ရှောင်လုံက သူ့အခန်းထဲပြန်လာပြ်ိး သူ့လက်သူကြွယ်မှာ
ဝတ်ထားတဲ့ နတ်လက်စွပ်ထဲကနေ ကျောက်စိမ်းကုတင်ကိုထုတ်ကာ ခြေချိတ်ထိုင်လိုက်ပြီး နတ်အတွင်းအားသိုင်းကို စတင်လေ့ကျင့်တော့သည်။ သူ့အမြွှာသိုင်းဝိညဉ် နဂါးနှစ်ကောင်က ရှောင်လုံနောက်ကျောဘက်မှာပေါ်လာကာ လေဟာနယ်ထဲက ငရဲဝိညဉ်စွမ်းအင်တွေကို
ရှောင်လုံသွေးကြောတွေထဲမှာ အတွင်းအားကီတွေအဖြစ် ပြောင်းလဲပေးလေသည်။

လွန်ခဲ့တဲ့ လေးလ ဟောင်ကလန်ကနေ ထွက်လာကထဲက သူ့သိုင်းဝိညဉ် နဂါးနှစ်ကောင်က ပိုပိုပြီးကြီးမားလာယုံမက နဂါးအမကြီးနဲ့ နဂါး
အပြာကြ်ီးတို့လဲ ခန္ဓာကိုယ်ပေါ်က အကြေးခွံတွေက ပိုပြီး သန်မာလာကာ သူတို့လက်သည်းတွေကလဲ ပိုပြီး ထက်မြလာလေသည်။

  ညကတိတ်တဆိတ်နဲ့ပဲ ကုန်ဆုံးသွားလေသည်။

  ပြတင်းပေါက်က နေရောင်ဝင်လာတော့မှ ရှောင်လုံလဲ အတွင်းအားလေ့ကျင့်နေတာကို ရပ်လိုက်ကာ ကျောက်စိမ်းကုတင်ကို
နတ်လက်စွပ်ထဲ ပြန်သိမ်းရင်း အခန်းထဲကနေ ထွက်လာလိုက်သည်။
သူ့အပြင်ကိုရောက်တော့ ဖေးဟိုနဲ့ ဟောက်ထျန်တို့က သူနေတဲ့ ခြံလေးထဲကိုဝင်လာတာကိုတွေ့လိုက်သည်။

  "... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ..."
  ဖေးဟိုနဲ့ ဟောက်ထျန်တို့နှစ်ယောက်လဲ ရှောင်လုံကိုမြင်တော့ အလျင်အမြန်ပဲ ဒူးထောက်ပြီး အရိုအသေပေးလိုက်သည်။

  စစ်သူကြီးချုပ်ဟောက်ထျန်က အဆင့်မြင့်တဲ့ ကောင်းကင်သိုင်းသမားပင်မယ့် ဂိုဏ်းချုပ်နဲ့တွေ့ရင်တော့ ဒူးထောက်ပြီးအရိုအသေပေးဖို့လိုအပ်လေသည်။ ဒါက နတ်တံခါးဂိုဏ်းရဲ့ သံမဏိစည်းကမ်းပဲ
ဖြစ်ပေသည်။

  အဲ့စည်းကမ်းက နတ်တံခါးဂိုဏ်းသားတိုင်ရဲ့ စိတ်ထဲမှာ စွဲဝင်နှစ်မြှုပ်နေပြီ့းအခုလက်ရှိ ဂိုဏ်းချုပ် ရှောင်လုံတောင် အဲ့စည်းကမ်းကို ပြန်ပင်ဖို့ခက်လေသည်။

  နတ်တံခါးဂိုဏ်းမှာ ဂိုဏ်းချုပ်ဟာ အရာအားလုံးရဲ့ အထွတ်အထိပ်ဖြစ်လေသည်။

  "... ငါအပြင်ကိုလှည့်ပတ်ကြည့်ပြီးတော့ အိမ်တလုံးလောက်ဝယ်ချင်တယ်... "
ရှောင်လုံက ဖေးဟိုတို့နှစ်ယောက်ကို ထခိုင်းရင်းပြောလိုသည်။ ရှောင်လုံအယူအဆက စစ်သူကြီးချုပ် ဟောက်ထျန်က နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းသားပင်မယ့် စစ်သူကြီးချုပ်အိမ်တော်မှာ သူတို့အကြာကြီးနေဖို့ကျ အဆင့်မပြေဘူးလေ။ သူ့သာ လူတောင်းနန်းတွင်းမြို့တော်မှာ အိမ်တလုံးရှိပြီဆို သူ့သိုးငေလ့ကျင့်တာတို့ တခြားကိစ္စတွေ လုပ်ဖို့အတွက်လဲ သူ့အတွက်ပိုပြီးအဆင်ပြေတယလမဟုတ်လား။

  စစ်သူကြီးချုပ် ဟောက်ထျန်လဲ ခနလောက် အံသြမင်သက်သွားပြီးမှ
သူ့စိတ်လှုပ်ရှားစွာနဲ့မေးလိုက်သည်
  "... ဂိုဏ်းချုပ်...  အစောင့်တွေ.. အစေခံတွေများ ဂိုဏ်းချုပ် စိတ်မကျေနပ်အောင် တခုခုလုပ်မိလို့လား... ? ကျွန်တော်ချက်ချင်း
အသစ်တွေ့နဲ့ ပြောင်းပေးပါ့မယ်... "

  ရှောင်လုံက ပြုံးကာ ခေါင်းခါရင်း
  "... သူတို့နဲ့ ဘာမှမဆိုင်ပါဘူး... ငါကိုယ်တိုင်ကိုက အိမ်တလုံးဝယ်ချင်လို့ပါ... ငါ့အတွက်လဲ ပိုပြီးအဆင်ပြေမယ်ထင်လို့... "

  အဲ့ဒါကိုကြားတော့မှ ဟောက်ထျန် သက်ပြင်းချလိုက်ကာ ရှောင်လုံက ဂိုဏ်းချုပ်မဟုတ်လား သူဆုံးဖြတ်ပြ်ိးနေပြီဆိုမှတော့ စစ်သူကြီးချုပ်ဖြစ်တဲ့ သူလဲ လိုက်နာယုံပဲ ရှိတော့တာမဟုတ်လား ။

"... ကျွန်တော် ဂိုဏ်းချုပ်ကို အဖော်ပြုရင်း အိမ်ရောင်းတဲ့နေရာမှာ အိမ်တော်ကောင်းကောင်းတလုံး ဝယ်ပေးပါ့မယ်.. " ဟောက်ထျန်က
ပြောလိုက်သည်။

  "... မလိုပါဘူး... မင်းအစောင့်နှစ်ယောက်လောက်သာထဲ့ပေးလိုက်
ဖေးဟိုလဲ ရှိနေတာပဲ ဘာမှစိတ်မပူပါနဲ့.. "
  ရှောင်လုံက အမိန့်ပေးလိုက်သည်။

  လူတောင်းနိုင်ငံက စစ်သူကြီးချုပ်က သူ့ကိုအဖော်ပြုရင်း အိမ်တော်
လိုက်ဝယ်ပေးမှတော့ သူ့ဘယ်လိုမှ သူ့ကိုယ်သူလူမသိအောင်နေလို့မရတော့ဘူးလေ ။ ရှောင်လုံရဲ့ ပုံစံအတိုင်း သူက နှိမ့်ချပြီးနေရတာကို
ပိုနှစ်သက်တယ်မဟုတ်လား ။

  ဟောက်ထျန်ထဲ ရှောင်လုံ သဘောထားကိုနားလည်သွားကာ
".. ကျွန်တော်မျိုးနားလည်ပါပြီ...  စစ်သားနှစ်ယောက်ကို အခုချက်ချင်းစီစဉ်ပေးပါ့မယ် .." သူ့ခေါင်းညိတ်ရင်း လေးလေးစားစားပြောလိုက်လေသည်။

နတ်သုဒ္ဓါစားသောက်ဆိုင်မှာထဲက ဟောက်ထျန်က သူ့စစ်သူကြီးတွေနဲ့ စစ်သားတွေကို ရှောင်လုံအကြောင်းတခွန်းမှ မဟကျဖို့ အမိန့်ပေးပြီးပြီဖြစ်သည်။ ဒီလူတောင်းနန်းတွင်းမြို့တော့မှာ ဘယ်အရာရှိ
တော်ဝင်မျိုးနွယ်မှ ရှောင်လုံက စစ်သူကြီးဟောက်ထျန်ရဲ့ သခင်ဆိုတာကို မသိကျဘူးလေ။

ခနလောက်နေတော့ ဟောင်ထျန်က ရှောင်လုံကို ကာကွယ် အဖော်
ပြုဖို့ စစ်သားနှစ်ယောက်လွှတ်လိုက်လေသည်။

စစ်သားနှစ်ယောက်ရယ် ဖေးဟိုနဲ့အတူ ရှောင်လုံလဲ အိမ်ရောင်းဝယ်တဲ့ စျေးရှိတဲ့နေရာကိုသွားလေသည်။

                           ***************

အပိုင်း44 ....... ဆက်ရန်

ဒီအပိုင်းကတော့ နောက်အဆင့်တွေကို ရှင်းပြထားတာများပါတယ်
စကားပြောလဲများတယ် 😁😁

ဇင်ထျန်ပြီးတော့နောက်တဆင့်က saint ပါ အဓိပ္ပါယ်ကတော့
သူတော်စင်ပေါ့
ဇင်ထျန်ကို ကောင်းကင်အဆင့်လို နာမယ်ပေးထားတော့ သူတော်စင်အဆင့်ဆို သိပ်မကောင်းဘူးထင်တာနဲ့ စကြာဝဋ္ဌာအဆင့်လို့နာမယ်
ပေးလိုက်ပါတယ်။
Saint ပြီးရင်တော့ God နတ်ဘုရားအဆင့် highgod
အဆင့်မြင့်နတ်ဘုရားအဆင့်ပါ

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၄၄...... မင်းငါတို့ဆိုင်က ခိုးသွားတာမဟုတ်လား

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

              ရှောင်လုံ ၊ ဖေးဟိုနဲ့ အစောင့်စစ်သားနှစ်ယောက်လဲ စစ်သူကြီးချုပ်အိမ်တော်ကနေ သိုင်းကျင့်စဉ်၊ သိုင်းကျမ်းတွေကိုလေလံတင်တဲ့ အိမ်ရှိရာကိုအရင်သွားလိုက်လေသည်။

    ရှောင်လုံတို့ ငွေလသစ်တောထဲမှာရှိတုံးကလဲ ကြေးစားလူသတ်သမားတွေဆီက ရွှေဒင်္ဂါပြားတွေ အမြောက်အမြားရခဲ့သေးတယ်မလား ။ ဒါပင်မယ့် အဲ့ဒါတွေကြီးပဲဆိုရင် အိမ်ဝယ်ဖို့ကမလုံလောက်သေးဘူး ။ အဲ့ဒါကြောင့်ရှောင်လုံလဲ ခရမ်းရောင်ဓားဂိုဏ်းက အကြီးအကဲ ချန်ဖန်ကို သတ်ပြီးရခဲ့တဲ့ လနက် သိုင်းကျမ်းကို လေလံတင်ပွဲမှာ ရောင်းဖို့ဆုံးဖြတ်လိုက်လေသည်။

   လနက်သိုင်းကျမ်းက အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်းဖြစ်လေသည်။ အဲ့ဒါကြောင့် သိုင်းကျမ်းကိုလေလံတင်မယ်ဆို
ရှောင်လုံ အတွက် ရွှေဒင်္ဂါးအမြောက်အမြားရနိုင်တယ်မဟုတ်လား။

    ခနလောက်ကြာတော့ ရှောင်လုံတို့လေးယောက်လဲ သိုင်းကျမ်းတွေလေလံတင်ရောင်းချတဲ့ ထိပ်တန်းဆိုတဲ့ လေလံတင်အိမ်ကို ရောက်လာသည်။

  စောသေးတာမို့ အိမ်ထဲမှာ လူမရှိသေးဘဲ သူတို့လဲ လေလံတင် ခန်းမထဲကိုဝင်လိုက်ကျသည်။

  "... ဧည့်သည်ကြီးတို့ ဘာများအလို ရှိပါသလဲ...  သိုင်းကျမ်းဝယ်ဖို့လား...  သိုင်းကျမ်းရောင်းချင်လို့လား... "
   ဆိုင် အုပ်ချုပ်တဲ့သူက ရှောင်လုံတို့ ဆိုင်ထဲဝင်လာတာမြင်တော့ မေးလိုက်သည်။

  "...  အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်းကိုလေလံတင်ချင်လို့ပါ.... "
   ရှောင်လုံက ချက်ချင်းပြန်ဖြေလိုက်သည်။

   "... အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့်... ဟုတ်လား... ?"
  ဆိုင်အုပ်ချုပ်သူလဲ ရှောင်လုံကို ကြည့်ရင်းအံသြသွားကာ အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်းကို ရောင်းချင်တဲ့ သူဆိုတာ ခက်ရှားရှားမဟုတ်လား ။

   " ...ဟုတ်တယ်... "
  ရှောင်လုံက အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်သည်။

  ".. ဒါဆို...  ကျေးဇူးပြုပြီး အထဲဝင်ကျပါအုံး... အထဲကျမှ သေချာ
ဆွေးနွေးကျတာပေါ့... "
    ဆိုင်အုပ်ချုပ်သူရဲ့ အမူအရာက ချက်ချင်းပြောင်းသွားပြီး ရှောင်လုံတို့ကို နှစ်လိုဖွယ်ပြုံးပြကာ အတွင်းခန်းမထဲကို ခေါ်လိုက်လေသည်။
အဲ့နောက် ရှောင်လုံတို့ကို ကောင်ကောင်းပြုစုထားဖို့ အစေခံတွေကို မှာကြားလိုက်ပြီး သူကတော့ အကြီးအကဲတွေကို သတင်းသွားပို့လေသည်။

  မကြာခင်မှာပဲ ရွှေရောင်ဝတ်စုံဝတ်ထားကာ အသက်၆၀ လောက်ရှိတဲ့လူကြီးက ဆိုင်အုပ်ချုပ်သူနဲ့ အတူ ခန်းမဆောင်ထဲကို ဝင်လာလေသည်။ သူကတော့ ထိပ်တန်းလေလံတင် ဆိုင်ရဲ့ အကြီးအကဲ လင်ယွမ်ပဲ ဖြစ်သည်။

  လင်ယွမ်လဲ ခန်းမဆောင်ထဲဝင်လာပြီး ရှောင်လုံကိုမြင်တော့ အရမ်းကိုအံသြသွားလေသည်။

  "... ကျုပ်က ထိပ်တန်းလေလံတင်ဆိုင်က လင်ယွမ်ပါ..  ဒီကညီလေးက အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်းကို လေလံတင်ချင်တယ်လုိ့ကြားတယ်... အဲ့ဒါဟုတ်လား... ?"
   လင်ယွမ်က ပြုံးရင်းမေးလိုက်သည်။

  ရှောင်လုံက ပြန်ဖြေမနေတော့ပဲ သူနတ်လက်စွပ်ထဲက အမဲရောင်စာအုပ်ကိုထုတ်လိုက်သည်။ သူပြီးတာနဲ့ အမဲရောင်စာအုပ်ရဲ့ ပထမစာမျက်နှာကိုလှန်ပြီး စားပွဲပေါ်ကိုတင်လိုက်လေသည်။

   " လနက်သိုင်းကျမ်း..."

  လင်ယွမ်လဲ လနက်သိုင်းကျမ်းဆိုတဲ့ နာမယ်ကိုကြားတော့ ပိုပြီးအံ
သြသွားတော့သည်။ ဒီသိုင်းကျမ်းက လထဲက ယင်စွမ်းအားတွေ
ကိုလေ့ကျင့်တဲ့သိုင်းကျမ်းပဲ ။ ဒီသိုင်းကျမ်းကို ညမှာ ကျင့်မယ်ဆိုရင် ပိုပြီးတော့တောင် အစွမ်းထက်နိုင်သေးသည်။

  လင်ယွမ်က သူ့အမူအရာကို ထိန်းချုပ်ရင်း ပြုံးကာ ပြောလိုက်သည်
   ".... ဒါတကယ်ပဲ အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်းပဲ.... ဒီကညီလေးက ဘယ်လို လေလံတင်ချင်တာလဲ... "

   " ကျွန်တော် ပိုက်ဆံလိုတယ်... ခင်ဗျားစျေးပေးကြည့်လေ... "
ရှောင်လုံက ခနလောက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

  သူဒီစာအုပ်ကို လေလံတင်မယ်ဆို အချိန်နှစ်ရက် သုံးရက်လောက်
ကြာအုံးမှာမဟုတ်လား ။ ဒါကြောင့် ရှောင်လုံလဲ အချိန်မဖြုံးချင်တော့ပဲ
တခါထဲရောင်းလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

  ရှောင်လုံစကားကိုကြားတော့ လင်ယွမ်က ရှောင်လုံငွေအားချင်လိုနေတယ်ဆိုတာကိုသိသွားပြီး သူမျက်နှာကိုနဲနဲရှုံမဲ့လိုက်ကာ ပြောလိုက်သည်
    "... ညီလေး...  မင်းသိုင်းကျမ်းတွေကို လေလံမတင်ပဲ တခါထဲရောင်းမယ်ဆိုရင် အရမ်းစျေးနဲတယ်ဆိုတာကိုသိတယ်မဟုတ်လား.. "
အဲ့နောက်သူကဆက်ပြီး
   "... ဒါပင်မယ့် ငါမင်းကို စျေးကောင်းကောင်းပေးမှာပါ...  ငါမင်းကို ရွှေဒင်္ဂါငါးသောင်းပေးမယ်ကွာ... "
လင်ယွမ်က သူလက်ငါးချောင်းထောင်ပြီးပြောလိုက်သည်။

   "..  ရွှေဒင်္ဂါးငါးသောင်း... "
ရှောင်လုံက လင်ယွမ်စကားကြားတော့ သူရင်ထဲမှာ လှောင်ပြုံးပြုံးလိုက်လေသည်။ ဒီလူအိုကြီးကတော့ ငါ့ကိုကလေးဆိုပြီး ရွှေဒင်္ဂါးငါးသောင်းပေးပြီး ညှပ်ချတာပဲ... !

အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်းတခုကို လေလံတင်မယ်ဆို ရွှေဒင်္ဂါ သုံးသိန်းလောက်တော့ အနဲဆုံးရလေသည်။
ဒါကြောင့်မို့ တခါထဲအပြတ်ရောင်းမယ်ဆိုရင်တောင် သူအနဲဆုံး
ရွှေဒင်္ဂါ နှစ်သိန်းခွဲလောက်တော့ ရသင့်တယ်မဟုတ်လား။
လေလံတင်ပွဲမှာ အလယ်အလတ်အဆင့်လျှိုဝှက်ဆန်းကြယ်သိုင်းကျမ်းကို ဝယ်မယ်ဆိုရင်တောင် ရွှေဒင်္ဂါးတသိန်းလောက် ပေးရလေသည်။

   ရှောင်လုံက ဆက်ဆွေးနွေးဖို့ စကားကိုမဟတော့ပဲ စာပွဲပေါ်က လနက်သိုင်းကျမ်းကို ပြန်ယူလိုက်ကာ မတ်တပ်ရပ်ရင်းဖေးဟိုကို ပြောလိုက်သည်
  "... သွားကျမယ်.. "
သူတို့လေးယောက် ထွက်သွားဖို့ ပြင်နေတုံး

  ".... ရပ်လိုက်စမ်း... "
လင်ယွမ်က အော်ဟစ်အမိန့်ပေးလိုက်လေသည်။ သူခန္ဓာကိုယ် ကရုတ်တရက် ရှောင်လုံတို့ ထွက်မယ့် အပေါက်ကို ပိတ်လိုက်ကာ လက်နဲ့တားလိုက်လေသည်။ ရုတ်တရက် မီးခိုးရောင်ဝတ်စုံဝတ်ထားတဲ့
အစောင့်ဆယ်ယောက်က အခန်းထဲကို ရုတ်တရက်ဝင်လာကျလေသည်။

  ရှောင်လုံရဲ့ မျက်နှာထားက အေးစက်သွားကာ လင်ယွမ်တို့ကိုကြည့်ပြီး မေးလိုကည်
    "... မင်းတို့ဒါက ဘာသဘောလဲ... "

လင်ယွမ်မျက်နှာကအပြုံးတွေ ပျောက်သွားပြီး
  ".. ညီလေးက ဘာလို့ မြန်မြန်ပြန်ချင်ရတာလဲ.. မင်းတခုခုများ အပြစ်လုပ်ထားလို့လား.... ? မင်းသိုင်းကျမ်းရဲ့ နောက်ကြောင်းကလဲ သံသယဖြစ်စရာကောင်းတယ် မဟုတ်လား... "

  ရှောင်လုံ က လင်ယွမ်ကို စိတ်ဝင်စားစွာနဲ့ ပြန့်ကြည့်ရင်း
  "... ငါသိုင်းကျမ်းက နောက်ကြောင်းမရှင်းဘူးဟုတ်လား..."

   လင်ယွမ်က လှောင်ပြုံးပြုံးလိုက်ရင်း
  "... ဟူတ်တာပေါ့...  ငါတို့လေလံတင်ဆိုင်က ပြီးခဲ့တဲ့ ရက်အနဲငယ်ကပဲ လနက်သိုင်းကျမ်ပျောက်သွားတယ်လေ... !"

  ရှောင်လုံက လှောင်းပြုံးပြုံးလိုက်ကာ ဒီလူကငါ့သိုင်းကျမ်းကို စျေးပေါပေါနဲ့ ရောင်းစေချင်တယ်နဲ့တူတယ်။  ဒါကြောင့် ငါတို့ကို သိုင်းကျမ်း
ခိုးပါတယ်ဆိုပြီး အကွက်ဆင်တာပဲ... !

  "... ဒီလိုလုပ်ကွာ...  ငါမင်းကိုအခက်တွေ့အောင်မလုပ်ချင်ပါဘူး
မင်းခိုးထားတဲ့ သိုင်းကျမ်းပြန်ပေးလိုက်...  ငါအမှုတွေဘာတွေမလုပ်တော့ပါဘူး..  မင်းတို့ကို အေးဆေးပြန်လွှတ်လိုက်မယ်... "  လင်ယွမ်ကမချိုမချဉ်မျက်နှာနဲ့ ပြောလိုက်လေသည်။

အခုကျတော့ လင်ယွမ်က သူပထမက ကမ်းလှမ်းခဲ့တဲ့ ရွှေဒင်္ဂါငါးသောင်းတောင်မပေးချင်တော့ဘူးမလား ။  ရွှေဒင်္ဂါပြားငါးသောင်းက လင်ယွမ်အတွက်လဲ အချိန်တော်တော်ကြာလောက် သက်တောင့်သက်သာနေနိုင်လေသည် ။

  လင်ယွမ်က ဒိမြို့က တော်ဝင်မျိုးနွယ်ကလေးတွေအကုန်လုံးကိုသိ
ပြီး ရှောင်လုံက အဲ့အထဲကတယောက်မဟုတ်လို့ အခုလိုအကြံအ
စည်မျိုး ကြံစည်ရဲတာမဟုတ်လား ။ သူကို လက်တုန့်ပြန်မှာလဲ စိုးရိမ်စရာမလိုဘူးလေ ။

အရင်ကလဲ သူဒီလိုမျိုးခနခန အကျင့်ယုတ်ခဲ့သေးတယ်လေသည်။

  ထိပ်တန်းလေလံတင်ဆိုင်က ရှောင်လုံသူတို့သိုင်းကျမ်းခိုးသွားပါတယ်လို့ပြောတာကို ဖေးဟိုကလဲ စိတ်ဝင်စားစွာစောင့်ကြည့်နေပြီး
ရှောင်လုံအမိန့်ကို စောင့်မျှော်ရင်းရှောင်လုံနားမှာ တိတ်တဆိတ်
စောင့်ကြပ်နေလေသည်။

  ဖေးဟိုကသည်းခံပြီးနေနိုင်ပင်မယ့် စစ်သူကြ်ိးချုပ်ဟောက်ထျန် ရှောင်လုံကိုစောင့်ကြပ်ပေးဖို့ လွှတ်လိုက်တဲ့ စစ်သားနှစ်ယောက်က ဆက်သည်းခံပြီးမနေနိုင်တော့ဘူးလေ။ စစ်သားနှစ်ယောက်ထဲက တယောက်က ရှေ့ကိုထွက်ပြီး လင်ယွမ်ပါးကိုရိုက်ကာ ဒေါသတကြီးနဲ့
အော်ဟစ်လိုက်လေသည်
   "... မင်းမျက်စိကန်းနေလား....  မင်းငါတို့သခင်လေးကို စော်ကားရဲတယ်...ဟုတ်လား... ?" 

   လက်ဝါးတချက်ထဲနဲ့လင်ယွမ်းကိုနောက်ဘက် ခြေလှမ်းများစွာဆုတ်သွားစေပြီး သူ့မျက်နှာမှာလဲ လက်ငါးချောင်လက်ဝါးရာကြီးသိသိသာသာထင်နေလေသည်။

  ".... မင်း....မင်းငါကိုရိုက်ရဲတယ် ဟုတ်လား...."
  လင်ယွမ်က သူ့ပါးကိုပွတ်ရင်းနဲ့ ဒေါသတကြီးအော်လိုက်သည်။သူ့မျက်လုံးထဲမှာ လူသတ်ချင်စိတ်တွေပေါ်လာလေသည်။ အစောင့်စစ်သားနှစ်ယောက်က သူ့တို့စစ်သားဝတ်စုံမဝတ်ထားပဲ သာမန်အရပ်သား ဝတ်စုံပဲ ဝတ်ထားတာမို့လို့ လင်ယွမ်က သူတို့ကိုမမှတ်မိဘူးလေ။

  "... တက်ကျစမ်း...  သူတို့အကုန်လုံးကိုသတ်ပြီး... လနက်သိုင်းကျမ်းကိုယူခဲ့.... "
   လင်ယွမ်က အလောတကြီးအမိန့်ပေးလိုက်သည်။ သူ့ကိုယ်တိုင်လဲ ရုတ်တရက်ရှောင်လုံရှေ့မှာပေါ်လာပြီး ရှောင်လုံကိုတိုက်ခိုက်လိုက်လေသည်။

   သူရှောင်လုံနားမရောက်ခင်မှာပဲ အရိပ်တခုက သူတို့နှစ်ယောက်ကြားကို ဖြတ်ဝင်လာလေသည်။ ဖေးဟိုပဲ ဖြစ်သည်။ ဖေးဟိုက ဓားချက်တခု ပိုင်းလိုက်ပြီး ဓားချက်က အဖြူရောင်နှင်းမြွေလို လင်ယွမ်ကိုလာရစ်ပတ်လေသည်။ လင်ယွမ်လဲနောက်ကို ကြောက်လန့်စွာပြန်ဆုတ်ဖို့ကြိုးစားပင်မယ့် နှင်းမြွေက သူကိုယ်ထဲကိုပျော်ဝင်သလိုမျိုးဖြစ်ပြီး
လင်ယွမ်လဲ နာကျင်စွာအော်ဟစ်ကာ အနောက်ကို လွှင့်ထွက်သွားပြီး
အမိုးကိုထောက်ထားတဲ့ ကျောက်တိုင်ကြီးနဲ့ သွားတိုက်မိလေသည်။

  အစောင့်စစ်သားနှစ်ယောက်လဲ ခန္ဓာကိုယ်တွေကလဲ ချာချာလည်အောင်တိုက်ခိုက်နေကာ သူတို့တချက်လည်လိုက်တိုင်း လေလံတင်အိမ်က အစောင့်တယောက် လဲကျသွားလေသည်။

   ဟောက်ထျန်က ရှောင်လုံကိုကာကွယ်ဖို့လွှတ်ထားတယ်ဆိုထဲက
အစောင့်စစ်သားနှစ်ယောက်ရဲ့ သိုင်းပညာကလဲ အဆင့်မနိမ့်လှပဲ
သူတို့ မြေကြီးအဆင့်၁၀ အဆင့်ကိုမရောက်သေးပင်မယ့် သူတို့နှစ်ယောက်လုံးက မြေကြိးအဆင့်၉ အထွတ်အထိပ်အဆင့်တွေမဟူတ်လား။ လေလံတင်အိမ်က အစောင့်တွေနဲ့ သူတို့နဲ့ ဘယ်လိုလုပ်ပြီး
ယှဉ်တိုက်ခိုက်နိုင်မှာလဲ ။

  ခနလေးအတွင်းမှာပဲ မီးခိုးရောင်ဝတ်ထားတဲ့ လေလံတင်အိမ်အစောင့်တွေအကုန်လုံး ကြမ်းပြင်ပေါ်မှာနာကျင်စွာနဲ့လူးလှိမ့်နေလေသည်။ အဲ့ကျတော့မှ ရှောင်လုံကို စောက်ရှောက်ဖို့ပါလာတဲ့ စစ်သားနှစ်ယောက်လဲ သူတို့တိုက်ခိုက်နေတာတွေက်ုရပ်လိုက်သည်။

  "... သခင်လေး... အဆင်ပြေရဲ့လား... " သူတို့နှစ်ယောက်လုံး
ရှောင်လုံနားကိုသွားပြ်ိး ရိုရိုသေသေမေးလိုက်လေသည်။

  "... ငါဘာမှမဖြစ်ပါဘူး... "
ရှောင်လုံက ခေါင်းကိုခါရင်းပြောလိုက်သည်။အဲ့နောက်သူ ကျောက်တိုင်နဲ့တိုက်မိပြီး မြေကြ်ီးပေါ်လဲကျနေတဲ့ လင်ယွမ်နားကို လမ်းလျှောက်သွားလေသည်။

ရှောင်လုံသူနားလာတာကိုတွေ့တော့ လင်ယွမ်က ကြောက်လန့်ကာ
".... ညီလေး...ဒါ... ဒါတွေက အထင်လွဲသွားတာနေမှာ ....ငါမှားသွားတယ်ထင်တယ်....  ငါသိုင်းကျမ်းပျောက်တာတော့ဟုတ်တယ်...  ဒါပင်မယ့် လနက်သိုင်းကျမ်းမဟုတ်ဘူး... ငါအမှားတွေပါ.... ငါလိုဝက်ဦးနှောက်နဲ့ကောင်က...  တော်တော်ကိုရူးမိုက်တာပဲ
ငါသေသင့်ပါတယ်ကွာ... " 

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၄၅.......လီလူနဲ့ ပြန်တွေ့ခြင်း

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

       "... နားလည်မှု လွဲတာဟုတ်လား... "
   ရှောင်လုံက လှောင်ပြုံးပြုံးလိုက်ပြီးမှ
     "... မင်းပျောက်သွားတယ်ဆိုတဲ့ သိုင်းကျမ်းက လနက်သိုင်းကျမ်း
ဆိုတာသေချာတယ်ပေါ့... "
   သိုင်းကျမ်းပျောက်တယ်ဆိုတာ သူ့သိုင်းကျမ်းကို အကြီးအကဲ လင်ယွမ်က လိုချင်လို့ ဆင်ခြေပေးတာမှန်း ရှောင်လုံကသိပြီးသားမဟုတ်လား။

  ဒီလိုကိစ္စမျိုးက တကယ်မှမရှိတာကို .... !

  လင်ယွမ်ကလဲ ငိုသံပါကြီးနဲ့
  "...  ဟုတ်ပါတယ်...  ငါမှားသွားတာပါ.. "

  အဲ့အချိန်မှာပဲ လေလံတင်အိမ်အပြင်ဘက်ကနေ မိုးခြိမ်းသံလို ကျယ်လောင်တဲ့ အသံထွက်ပေါ်လာပြီး
   "... ဘယ်လိုလူမျိုးက ကျားအသည်းစားထားလို့ ငါ့လေလံတင်အိမ်ကိုလာပြီး နှောက်ယှက်ရဲတာလဲ.. "
များပြားလှတဲ့့ခြေသံတွေက အတွင်းခန်းတခုလုံးကိုတုန်ခါသွားစေသည်။ ခြေသံတွေကို ကြည့်ရတာ အပြင်ဘက်ကနေ လူအများကြီးဝင်လာတာပဲ ။

  ခဏလောက်ကြာတော့ မုတ်ဆိတ်ထူထူနဲ့ သက်လတ်ပိုင်းအရွယ် လူ
ကြီးတယောက်က လူတွေအများကြီးကို ဦးဆောင်ပြီး အတွင်းခန်းထဲကို ဝင်လာလေသည်။ အတွင်းဘက် အခန်းလဲ အရမ်းကိုကျယ်ပြီးတော့ လူအများကြီးရှိနေတာတောင် ကျပ်တယ်လို့ မခံစားရဘူးလေ။

  မုတ်ဆိတ်နဲ့ လူကြီးက အတွင်းခန်းထဲကိုရောက်တော့ သူ့ထိပ်တန်း
လေလံတင်ဆိုင်က အစောင့်တွေ ဆယ်ယောက်ထက်မနည်း မြေကြီးပေါ်လူးလှိမ့်နေတာကိုတွေ့လိုက်လေသည်။ အဲ့ဒါကိုမြင်တော့ သူမျက်နှာကပိုပြီး တင်းမာသွားသည်။

  ".. ခေါင်းဆောင်ကြီး.. "
  မုတ်ဆိတ်နဲ့ လူကြီးကိုလဲ မြင်ရော လင်ယွမ်က လဲကျနေရာကနေ ကုန်းရုန်းထလိုက်ကာ
  ".. ကျွန်... ကျွန်တော်တို့ကို ကယ်ပါအုံး... "

  မုတ်ဆိတ်နဲ့ လူကြီးက ထိပ်တန်းလေလံတင်အိမ် ပိုင်ရှင် ခေါင်းဆောင်ကြီး ဒူဘေဇီ ပဲ ဖြစ်သည်။

  ".. ဘာဖြစ်ကြတာလဲ .."
  ဒူဘေဇီက မျက်နှာထားတင်းတင်းနဲ့ အေးစက်စက်မေးလိုက်သည်။

  လင်ယွမ်က ခဏလောက် တုံ့ဆိုင်းပြီးမှ သူ့လက်ညှိုးက ရှောင်လုံကို
ညွှန်ပြလိုက်ကာ
  "... ခေါင်းဆောင်ကြီး...  လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျွန်တော်တို့ လေလံတင်အိမ်ကနေ အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်းတခု ပျောက်သွားတယ်မဟုတ်လား...  အဲ့သိုင်းကျမ်းကိုခိုးသွားတာသူတို့တွေပဲ... "

  အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်း ဟုတ်လား....?
ဒူဘေဇီ လဲ လင်ယွမ် စကားကိုကြားတော့ သူ့လက်ဝါးက လင်ယွမ်ကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ပြီး လင်ယွမ်လဲ အနောက်ကို လွင့်ထွက်သွားတော့သည်။

  လင်ယွမ်က နာကျင်စွာအော်ရင်းနဲ့ အတွင်းဘက်နံရံနဲ့တိုက်မိကာ
လေထဲက ပြုတ်ကျလာလေသည်။

  အတွင်းခန်းကြီးတခုလုံးတိတ်ဆိတ်သွားကာ ရှောင်လုံ ၊ ဖေးဟိုနဲ့ အစောင့်နှစ်ယောက်လဲ အရမ်းကိုအံသြသွားကြလေသည်။

လင်ယွမ်က ဖျော့တော့နေတဲ့ မျက်နှာနဲ့ တုန်ခါနေကာ မတ်တပ်ရပ်
ဖို့ကြိုးစားလိုက်သည်။ သူပါးစပ်ကနေ သွေးတွေအများကြီးအန်ချလိုက်ကာ သူ့ခေါင်းဆောင်ကို မယုံကြည်နိုင်စွာနဲ့ ကြည့်ရင်း
  "... ခေါင်း... ခေါင်းဆောင်ကြီး.. "

  ".. မင်းပြောချင်တာက သူတို့က ငါတို့သိုင်းကျမ်းကို ခိုးသွားပြီး ငါတို့ကို ပြန်လာရောင်းတယ်လို့ ပြောချင်တာလား... "
  ဒူဘေဇီက မတ်တပ်ရပ်ဖို့ကြိုးစားနေတဲ့ လင်ယွမ်ကို အေးစက်စက်
စိုက်ကြည့်ရင်း မေးလိုက်သည်။

  ရူးနေတဲ့ အရူးတောင် လင်ယွမ်လိမ်နေမှန်းသိသာတယ်မဟုတ်လား
သူလိမ်နဲ့စကားက ဟာကွက်တွေနဲ့ ပြည့်နှက်နေလေသည်။

  လင်ယွမ်မျက်နှာက ရှက်ရြွံ့ပီး နီရဲလာကာ
  "... ခေါင်းဆောင်ကြီး.. ကျွန်...ကျွန်တော်..."

  "... မင်းက မင်းသူတို့ဆီက အတင်းအကျပ်ဝယ်ချင်လို့ လိမ်ဆင်တွေလုပ်တာကို ငါကမသိဘူးထင်နေတာလား...?"
  ဒူဘေဇီရဲ့ စူးရှတဲ့ အကြည့်တွေတောင် လင်ယွမ်လဲ တုန်ယင်လာကာ မျက်နှာက ဖြူဆုတ်သွားပြီး
   "... ခေါင်းဆောင်ကြီး... ဒိ...ဒီီဟာက... "

  ".. မင်းတော်လိုက်တော့... ထပ်မပြောနဲ့တော့... မင်းညီမကြောင့်သာမဟုတ်ရင် မင်းကိုငါမသန်မစွမ်း လုပ်ပစ်တာ ကြာနေပြီ...
မင်းနဲ့ငါနောက်မှ ထပ်ရှင်းမယ်... "
  ဒူဘေဇီက လက်ကို ဝှေ့ယမ်းပြလိုက်တော့ အစောင့်နှစ်ယောက်က
လင်ယွမ်ကို လာခေါ်သွားလေသည်။

  ဒူဘေဇီက ရှောင်လုံနဲ့ ဖေးဟို ဘက်ကို လှည့်ပြီး
   "... ဧည့်သည်တို့...  ကျုပ်နာမယ်က ဒူဘေဇီပါ...  အခုလို ဖြစ်
သွားတာက ကျုပ်အုပ်ချုပ်မှု ညံဖျင်းတာကြောင့်ပါ...  အားလုံးကိုတောင်းပန်ပရစေ... "

  ".. ရပါတယ်.. ကိစ္စမရှိပါဘူး.. "
  ရှောင်လုံက ပြန်ဖြေရင်းနဲ့.
  ".. အခု ပြသနာက ပြေလည်သွားပြီဆိုတော့ ကိစ္စမရှိတော့ပါဘူး.."

  "... ဒါနဲ့ ဒီကညီလေးက ဘယ်လို သိုင်းကျမ်းမျိုးကို လေလံတင်ချင်တာလဲ.. "
  ဒူဘေဇီက ပြောရင်းနဲ့ လက်ကိုဝှေ့ယမ်းပြလိုက်ကာ သူနဲ့အတူအထဲကို အတင်းဝင်လာတဲ့ အစောင့်တွေကို အပြင်ကိုထွက်ခိုင်းလိုက်လေသည်။

  လင်ယွမ်အကျင့်ယုတ်တဲ့ ကိစ္စပြေလည်သွားပြီဆိုတော့ ရှောင်လုံလဲ အဲ့ကိစ္စကို စိတ်ထဲမထားတော့ဘဲ ထိုင်ခုံမှာ ပြန်ထိုင်လိုက်ရင်း စာအုပ်အမဲရောင်လေးကို ပြန်ထုတ်ပြလိုက်သည်။

  ".. အဆင့်မြင့်လျှိုက်ဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်း... လနက်သိုင်းကျမ်းပဲ.... "
  လင်ယွမ်လိုပဲ ဒူဘေဇီလဲ ရှောင်လုံရဲ့ အမဲရောင်စာအုပ်လေးကိုကြည့်ရင်း အံသြသွားလေသည်။

  "... ဟုတ်တယ်... ကျွန်တော်က အခုလောလောဆယ် ပိုက်ဆံလိုနေတယ်.. အဲ့တော့ လေလံမတင်ချင်တော့ဘူး.. တခါထဲပဲရောင်းချင်တယ်...အဲ့တော့  ခေါင်းဆောင်ကြီးက ဘယ်လောက်ပေးဖို့ စဉ်းစားထားလဲ... "
   ရှောင်လုံက တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်သည်။

  ဒူဘေဇီလဲ ခနလောက်တုံ့ဆိုင်းပြီးမှ ဖြေလိုက်သည်
  ".... ရွှေဒင်္ဂါး သုံးသိန်းခွဲပေးမယ်.. အဲ့လိုဆို ဒီကညီလေးက ကျေနပ်ရဲ့လား..."

ရွှေဒင်္ဂါးသုံးသိန်းခွဲ..... !

ရှောင်လုံလဲ တော်တော့ကို အံသြသွားလေသည်။

ဒီသိုင်းကျမ်းကို လေလံတင်မယ်ဆိုရင်တော့ အဲ့လောက်စျေးနှုန်းရနိုင်ပင်မယ့် အခုက သူက တခါထဲရောင်းတာမဟုတ်လား။ ဒါတောင်
ဒူဘေဇီက ဘာလို့ ဒီလောက်စျေးမြင့်မြင့်နဲ့ စျေးဖြတ်ပေးတာလဲ။

ဒါပင်မယ့် ရှောင်လုံလဲ ဒူဘေဇီက သူ့ကို ပြန်တောင်းပန်ချင်တယ်ဆိုတာကို နားလည်လိုက်သည်။

  ရှောင်လုံလဲ သိပ်စဉ်းစားမနေတော့ဘဲ လနက်သိုင်းကျမ်းကို ရွှေဒင်္ဂါး
သုံးသိန်းခွဲနဲ့ ရောင်းလိုက်လေသည်။

အရောင်းအဝယ်ပြီး ခဏလောက်နေတော့ ဒူဘေဇီလဲ ရှောင်လုံတို့ကို ဆိုင်အဝကိုလိုက်ပို့လိုက်လေသည်။

"... ခေါင်းဆောင်ကြီး...ဒီလနက်သိုင်းကျမ်းက အဆင့်မြင့်လျိုဝှက်ဆန်းကြယ် အဆင့်ဆိုပေမယ့် ရွှေဒင်္ဂါ သုံးသိန်းခွဲနဲ့ စျေးဖြတ်ပေးလိုက်တာတော့ အရမ်းကို များမနေဘူးလား..."
ဒူဘေဇီ အနောက်မှာ ရပ်နေတဲ့ အကြီးအကဲတယောက်က သတိထားပြီးမေးလိုက်ကာ
  "... ပြီးတော့ သူတို့ကကျွန်တော်တို့ အစောင့်တွေကိုတောင် ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်မဟုတ်လား.."

  ဒူဘေဇီက သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့ ရှောင်လုံတို့ လေးယောက်ကို ကြည့်ရင်း သူမျက်လုံးက အရောင်တချက်လက်သွားပြီး ခေါင်းကိုခါရမ်းလိုက်ကာ
   "... မင်းနားမလည်ပါဘူး...  "
သူက ရှောင်လုံပုံစံက သာမန်ပင်မယ့် ပေါ့သေးသေးမဟုတ်ဘူးဆိုတာကို ခံစားမိနေတယ်မဟုတ်လား။ သူက ဒီလိုမျိုး ရှောင်လုံတို့နဲ့
ဆက်ဆံရေး ပြေပြစ်သွားအောင်လုပ်ခဲ့တာက သူတို့ လေလံတင်
ဆိုင်ကို အကျိုးမြတ်တွေ အများကြီးရလာစေမယ်ဆိုတာကို ခံစားမိနေလေသည်။

  ရှောင်လုံတို့ လေးယောက်လဲ လေလံတင်အိမ်ကနေထွက်လာပြီးတဲ့နောက် အိမ်အရောင်းအဝယ်စျေးကွက်ဆီကို သွားလိုက်ကျသည်။
သူတို့စိတ်ကြိုက်ရွေးပြီးတဲ့နောက်မှာတော့ ရှောင်လုံက ဆုံးဖြတ်ချက်ချလိုက်ပြီး ထျန်ယွမ်အိမ်တော်ကို ရွှေဒင်္ဂါး နှစ်သိန်းခွဲနဲ့ ဝယ်လိုက်သည်။

ထျန်ယွမ်အိမ်တော်က စစ်သူကြီးချုပ်အိမ်တော်နဲ့ နီးပြီး သုံးလမ်းပဲ
ခြားကာ ခန့်မှန်းခြေ နာရီဝက်လောက်အကွာအဝေးပဲ ရှိသည်။

  ထျန်ယွမ် အိမ်တော်ကြ်ီးက တထောင်မီတာစကွဲလောက် ကို ကျယ်ဝန်ပြ်ီး ဒီဟာကလဲ ရှောင်လုံကိုရွေးချယ်စေတဲ့ အကြောင်းအရင်းတခုပဲ ဖြစ်သည်။ ရှောင်လုံကလဲ သူ့ကိုယ်ပိုင်အင်အားတခု ထူထောင်ဖို့ဆန္ဒရှိပြီး အဲ့လိုလုပ်ဖို့ အတွက်ကလဲ နေရာကျယ်ကျယ်ဝန်းဝန်းလိုအပ်လေသည်။

  သူက နတ်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုပင်မယ့် နတ်တံခါးဂိုဏ်းက အခုထိတော့ သူ့ကိုယ်ပိုင်အင်းအားစု မဖြစ်သေးဘူးမဟုတ်လား။

ထျန်ယွမ်အိမ်တော် ကိစ္စတွေကိုရှင်းပြီးတော့ ရှောင်လုံတို့လဲ ကျွန်စျေးကွက်ကို သွားပြီး ထျန်ယွမ်အိမ်တော်အတွက် ထိန်းသိမ်းပြုပြင်ဖို့
လိုအပ်တဲ့ အစေခံတွေကို သွားဝယ်လေသည်။

  ရှောင်လုံ အစေခံစျေးကနေ ပြန်ထွက်လာတော့ ဖေးဟိုနဲ့ အစောင့်နှစ်ယောက်ရဲ့ အနောက်မှာ ကျွန် ဆယ့်ခြောက်ယောက်ပါလာလေသည်။ သားရဲလူ လေးယောက် ၊ နတ်မျိုးနွယ်က နှစ်ယောက် ၊ တောင်ပေါ်လူပုမျိုးနွယ် နှစ်ယောက် ၊ တခြားကျန်တဲ့ ရှစ်ယောက်ကတော့ လူမျိုးနွယ်တွေပဲ ဖြစ်သည်။

  ဖေးဟိုလဲ ရှောင်လုံက တောင်ပေါ်လူပုနှစ်ယောက်ကိုတောင် ရွေးပြီးဝယ်ခဲ့တာကိုတွေ့တော့ တော်တော်အံသြသွားကာ ပုံမှန်ဆို သူတို့ကို အစေခံအဖြစ် ဝယ်ကျလေ့မရှိကျဘူးလေ။ ဒါပေမဲ့ရှောင်လုံက ဂိုဏ်းချုပ်ဆိုမှတော့ သူလဲဘာမှ ဝင်မပြောတော့ဘူး။

  ရှောင်လုံက အစေခံအသစ်တွေနဲ့အတူ စစ်သူကြီးချုပ်အိမ်တော်ကိုမသွားဘဲ ထျန်ယွမ်အိမ်တော်ကို တိုက်ရိုက်ပြန်သွားသည်။

     ထျန်ယွမ် အိမ်တော်ကိုရောက်တော့ ရှောင်လုံလဲ အိမ်တော်ထဲက
လှည့်ပတ်ကြည့်လိုက်သည်။ အ်ိမ်ထဲမှာက အခန်းအမြောက်အများအ
ပြင် ခြံဝန်လေးတွေပါရှိပြီး အိမ်ရဲအနောက်ဘက်မှာ မြေကွက်လပ်အကျယ်ကြီးတောင်ရှိလေသည်။ ရှောင်လုံလဲ လှည့်ပတ်ကြည့်ရှုရင်းနဲ့ အရမ်းကိုကျေနပ်သွားသည်။ ဒါပင်မယ့် အိမ်တော်ထဲမှာက လူမနေတာကြာပြီဆိုတော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ပြည့်နှက်နေပြီး တချို့ နံရံတွေက ဆေးအရောင်တွေမှိန်နေလေသည်။

  အစေခံ ဆယ့်ခြောက်ယောက်ထဲက ဘိုလီ အမည်ရှိတဲ့ သားရဲလူကို
တခြားအစေခံတွေရဲ့ ခေါင်းဆောင်အဖြစ်သတ်မှတ်လိုက်ပြီး အိမ်တော်ကိုသေချာ ရှင်းလင်းကာ ဆေးသုတ်ခိုင်းလိုက်သည်။

  စီစဉ်စရာရှိတာတွေ သေချာစီစဉ်ပြီးတာနဲ့ ရှောင်လုံတို့ လေးယောက်လဲ စစ်သူကြီးချုပ်အိမ်တော်ကို ပြန်လာကျသည်။

   စစ်သူကြီးအိမ်ကို ပြန်နေတဲ့ လမ်းတဝက်မှာပဲ ရှောင်လုံက သူအရမ်းရင်နှီးနေတဲ့ ခေါ်သံကို အနောက်ကနေ မမျှော်လင့်ပဲ ကြားလိုက်ရလေသည်
  ".... ရှောင်လုံရေ.... "

  ရှောင်လုံလဲ အံသြသွားကာ နောက်လှည့်ကြည့်လိုက်တော့ အရိပ်တခုက သူရှိရာကို ခုန်လာတာကိုတွေ့လိုက်ရသည်။ အဲ့အရိပ်လေးကတော့ လီလူပဲ ဖြစ်လေသည်။

  လီလူက ကန်ဂလန် မြို့မှာ မဟုတ်ဘူးလား... ?
သူ ဘယ်လို လုပ်ပြီး လူတောင်းနန်တွင်းမြို့တော်ကိုရောက်လာတာလဲ.... ?

  "... ရှောင်လုံ...  တကယ်.... တကယ်ပဲနင်ကို.... "
  လီလူက လှပစွာပြုံးလိုက်ရင်း ရှောင်လုံကိုပြေးဖက်လိုက်သည်။

  လီလူရဲ့ မွေးကြိုင်လှတဲ့ ကိုယ်သင်းရနံက ရှောင်လုံနှာခေါင်းကို လာကျီစယ်လေသည်။

  ရှောင်လုံလဲ နန်းတွင်းမြို့မှာ လီလူနဲ့ တွေ့ပြီး လီလူ ပြေးဖက်တာခံလိုက်ရတော့ ရီရမလို ငိုရမလို ဖြစ်သွားလေသည်။

  ".. ရှောင်လုံ...  နင်လဲ နန်တွင်းမြို့တော်ကို လာတာပေါ့ ... "
ရှောင်လုံကသူမေးဖို့ ကြံနေတုံးလီလူရဲ့ ပျော်ရွှင်စွာမေးလိုက်တဲ့ အသံကိုကြားလိုက်ရလေသည်။

".... ငါလဲ နန်တွင်းမြို့တော်ကို လာတယ်... "
ရှောင်လုံလဲ ဘာပြန်ဖြေရမလဲမသိဘူး ဖြစ်သွားသည်။

"... နင် ကြယ်စကြာဝဋ္ဌာကျောင်းမှာ ကျောင်းတက်ဖို့ စာရင်းလာပေးတာမဟုတ်ဘူးလား... ?"
   ရှောင်လုံက ဘာပြန်ဖြေရမလဲမသိဖြစ်နေတုံး လီလူက ထပ်မေးလိုက်လေသည်။

အပိုင်း ၄၆...  နန်တွင်းမြို့ရဲ့ တိုက်ပွဲ

ရှောင်လုံကို နဲနဲတော့ အမြင်ကတ်သွားပါပြီနော်
ကောင်မလေးက အရင်ပြေးဖက်ရတယ်လို့
ငါနဲ့တော်တော်ကွာတာပဲ 😁😁😁

Thanks for reading

Continue Reading

You'll Also Like

168K 4.9K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
11.5K 248 20
Idk first story so please be nice
31.6K 1.3K 24
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...