ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း၂၆......ကြောက်ပြီလား..?
အဲ့အချိန်မှာပဲ ဟောင်ဝေကလဲ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး ရှောင်လုံရဲ့ စိုက်ကြည့်နေတဲ့အကြည့်နဲ့ ထိပ်တိုက်တွေ့သွားလေသည်။ ဟောင်ဝေရဲ့ မနှစ်မျို့သလို လှောင်ပြုံးပြုံးလိုက်ပြီး သူမျက်လုံးတွေကလဲ အမုန်းတွေနဲ့ တောက်လောင်နေသည်။
ရှောင်လုံ တို့လဲ ဟောင်မင်းတို့သားအဖရှေ့ကကျော်ပြ်ိးတော့ သူတို့ထိုင်ရမယ့်ခုံမှာ ဝင်ထိုင်လိုက်ကျသည်။ ခနကြာတော့သူ့တို့အဖိုး ဟောင်ကိုက်လဲ ရောက်လာလေသည်။
သူ့အဖိုးဒိနှစ်သိုင်းပြိုင်ပွဲကိုလဲ ထပ်လာတာတွေ့တော့ ရှောင်လုံကဘာကြောင့်လဲဆိုတာကို သဘောပေါက်သွားသည်။ ပြီးခဲ့နှစ်က သိုင်းပြိုင်ပွဲမှာ သူ့အဖိုးက ဟောင်ဝေကို သေချာပြုစုပြိုးထောင်ပေးခဲ့ပင်မယ့် ရှောင်လုံဆီမှာ ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့တော့ သူ့ဂုဏ်သိက္ခာကျသလိုဖြစ်သွားခဲ့တယ်လေ။
ဒီတခါတော့သူ့အဖိုး ဟောင်ဝေသူ့ဂုဏ်ကို ပြန်ဆယ်ပေးနိုင်မယ်ထင်ပြီးလာတာပဲ။ ဟောင်ကိုက်သိုင်းပြိုင်ကွင်းဆီကိုလာတော့ အားလုံးကမတ်တပ်ရပ်ပြီး အရိုအသေပေးလိုက်ကျသည်။
"..အင်း......အားလုံးပဲထိုင်ကျပါ...." ဟောင်ကိုက် မျက်နှာက အပြုံးအပြည့်နဲ့ အားလုံးကိုလက်ဝှေ့ယမ်းပြပြ်ိးထိုင်ခိုင်းလိုက်သည်။အားလုံးလဲ ပြန်ထိုင်လိုက်ကျသည်။
မနှစ်ကလိုပဲ အိမ်တော်ထိန်းကြီး ချန်ယင်က ပြိုင်ပွဲကို အခမ်းအနားမှုးအဖြစ်ဆောင်ရွက်လေသည်။ ချန်ယင်က ဟောင်ကိုက်ရဲ့ ခေါင်းညိတ်ပြီး အတည်ပြုပေးတာကို မြင်တော့ " အခုချိန်ကစပြီး မိသားစု စုဝေးပွဲ စပါပြီ....."
မိသားစု စုဝေးပွဲတော့ စလေပြီ...!
အဲ့အချိန်မှာ သိုင်းပြိုင်ကွင်းကြီးတခုလုံး တိတ်ဆိတ်သွားလေသည်။
အဲ့နောက်မှာတော့ အခုမှ သိုင်းဝိညဉ်နှိုးထလာတဲ့လူသစ်တွေက တယောက်ပြီး တယောက် သိုင်းယှဉ်ပြိုင်ကျလေသည်။ အခုမှ သိုင်းဝိညဉ်နှိုးထလာတဲ့ လူတွေရဲ့ ပြိုင်ပွဲကို ဘယ်သူမှ စိတ်ဝင်တစား မကြည့်ရှုကျဘူး ကြည့်ရတာသူတို့ ဟောင်ဝေနဲ့ ရှောင်လုံတို့ရဲ့ ပြိုင်ပွဲကိုအဓိကကြည့်ဖို့လာကျတာပဲ
မနှစ်က ဟောင်ကလန်ရဲ့ ပါရမီရှင်ဟောင်ဝေ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် သေချာပြုစုပြိုးထောင်ထားတဲ့ ဟောင်ဝေတယောက် ရှောင်လုံရဲ့ အနိုင်ယူချင်းကိုခံလိုက်ရတယ် ဒီနှစ်ရော ဘယ်လိုတွေဖြစ်အုံးမှာလဲ...?
ဟောင်ကိုက်လဲ မျှော်လင့်တကြီးနဲ့ဂိုဏ်းချုပ်ထိုင်ခုံ မှာထိုင်လိုက်သည်။ အဲ့အချိန်မှာပဲ ပထမတသုတ် ဂိုဏ်းသားတွေ သိုင်းယှဉ်ပြိုင်ပွဲကပြီးဆုံးသွားတော့သည်။
အဲ့နောက် သိုင်းပြိုင်ကွင်းကြီးတခုလုံး ပြန်လည်တိတ်ဆိတ်သွားပြီး လူတွေအားလုံးက ရှောင်လုံနဲ့ ဟောင်ဝေကို မျှော်လင့်တကြီး ကြဘ့်လိုက်ကျသည်။ မနှစ်ကနဲ့ မတူတာကတော့ ဒိတကြိမ်မှာ ရှောင်လုံက ထိုင်ခုံကနေ အရင်ထပြီးတော့ သိုင်းပြိုင်တဲ့စင်ပေါ်ကို လျှောက်သွားလေသည်။
ရှောင်လုံအရင်ထသွားတာကိုမြင်တော့ လူတွေအားလုံးလဲ အံသြသွားကျသည်။ သိုင်းပြိုင်စင်ပေါ်မှာ ရပ်ရင် ရှောင်လုံက ဟောင်ဝေကို အေးစက်စက်လေသံနဲ့ " ....ဘာလဲ.... မင်းစင်ပေါ် တက်လာရမှာကို ကြောက်နေတာလား..."
ဟောင်ဝေလဲ ဒေါသတကြီး ခုန်ထလိုက်ပြီး သိုင်းပြိုင်စင်ပေါ်ကို ခုန်တက်လိုက်သည်။ သူရှောင်လုံရှေ့ကိုရောက်တော့ "...ငါကလာရမှာ ကြောက်နေတယ် ဟုတ်လား....? အဲ့ဒါက ငါဘဝတလျှောက်ကြားဘူးတဲ့ ဟာသတွေထဲမှာ အရီရဆုံးပဲကွ..... ပြီးခဲ့တဲ့ အခေါက်က မင်းချောင်းပြီးတိုက်လို့ တကွက်အကြောလောက်နဲ့ နိုင်သွားတာပါကွာ.... ဒိနှစ်ရော မင်း အဲ့လိုကံထပ်ကောင်းမယ်လို့ထင်နေတာလား...."
သူ့စကားသံထွက်လာတော့ အားလုံးတိတ်ဆိတ်သွားကျသည်။အားလုံးရဲ့ အမူအရာတွေက ထူးဆန်းသလို ဖြစ်သွားကျသည်။
ချောင်းတိုက်တယ်...? တကွက်အသာနဲ့ နိုင်တယ်..?
ရှောင်လုံလဲ ဟောင်ဝေ ဒိလောက်အရှက်မဲ့ လိမ့်မယ်လို့ မထင်ထားဘူး။
ဟောင်ဝေလဲ သူ့ကိုထူးဆန်းသလိုစိုက်ကြည့်နေတာကို လျစ်လျုရှုပြီး
ဟောင်ကိုက်ကို ကြည့်လိုက်ပြီး " အဖိုး....သိုင်းပြိုင်ပွဲရဲ့ စည်းမျဉ်းအရ သိုင်းပြိုင်နေတုံး ဘယ်သူမှ ဝင်စွက်ဖက်လို့ မရဘူးမလား...."
သူပြောပြီးတော့ ဟောင်ပန်ကို ကြည့်လိုက်ပြီးတော့ သူပြောတဲ့ အဓိပ္ပါယ်က ရှောင်လုံ သေလောက်အောင် အရိုက်ခံရရင် ဟောင်ပန်သူ့ကိုယ်သူမထိန်းနိုင်ပဲ ဝင်စွက်ဖက်မှာ စိုးရိမ်နေလို့ပဲ။
"...ဟုတ်တယ်....ဘယ်သူမှ သိုင်းပြိုင်နေတုံး ဝင်စွက်ဖက်ခွင့်မရှိဘူး..." ဟောင်ကိုက်က ခေါင်းညိတ်ပြကာ သတိပေးတဲ့ အသံနဲ့ ပြောလိုက်သည်။ ဒီစကားကို ကြားလိုက်တော့ လူတွေအားလုံးက ဂိုဏ်းချုပ်ကြီးက ဟောင်ပန်ကို သတိပေးတာမှန်းနားလည်လိုက်ကျသည်။
ဘယ်လို လုပ် ဟောင်ပန်နဲ့ စုရန်တို့ က ဟောင်ကိုက်စကားကို နားမလည်ပဲနေမှာလဲ သူတို့ဒေါသထွက်ပင်မယ့် ရှောင်လုံအတွက်ပဲ အဓိကစိုးရိမ်လိုက်ကျသည်။
ဟောင်ဝေက ဟောင်ကိုက်စကားကြားတော့ ပျော်ရွှင်သွားသည်။ရှောင်လုံကိုစိုက်ကြည့်ရင်း သွေးဆာတဲ့ အရိပ်အရောင်တွေက သူ့မျက်လုံးမှာ ပေါ်လာလေသည်။ လွန်ခဲ့တဲ့ နှစ်က သူမုန်တီးမှုတွေက ရေကာတာကျိုးသလို ထွက်ပေါ်လာတော့သည်။
"...ရှောင်လုံ....ဒိနေ့တော့ အဆင့် ၁၀ သိုင်းဝိညဉ်နဲ့ အဆင့်၇ သိုင်းဝိညဉ် ဘာကွာလဲ ဆိုတာ မင်းကိုနားလည်အောင်ပြရမယ်...! ငါဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာကို
မင်းသိသွားစေရမယ်....." ဟောင်ဝေက လေသံ တိုးတိုးနဲ့ပြောရင်း သူ့ရဲ့အတွင်းအားကီတွေက လှိုင်းလုံးတွေလိုထွက်ပေါ်လာကာ သူ့ရဲ့ သိုင်းဝိညဉ် မျက်စိသုံးလုံအမဲရောင်ကျားကြီးက သူနောက်မှာပေါ်လာရင်း သူ့ခွန်အားကို အားလုံးသိအောင်ပြသလိုက်လေသည်။
လွန်ခဲ့နှစ်ကနဲ့ ယှဉ်ရင် အမဲရောင်ကျားကြီးက သုံးပုံနှစ်ပုံလောက်ပိုကြီးလာပြ်ီးတော့ သူ့ကိုယ် အမဲရောင်အလင်းတန်းတွေနဲ့ တောက်ပနေလေသည်။
"...ဒီလောက်စွမ်းအားကြီးတဲ့ အတွင်းအားကီက မြေကြီးအဆင့်၃ ပဲ ဖြစ်ရမယ်....မဟုတ်သေးဘူး...မြေကြီးအဆင့်၃ အလယ်အဆင့်ပဲ.. ဘုရားရေ.... တကယ်ကို မြေကြီး အဆင့်၃ အလယ်အဆင့်ပဲ.. "
" သခင်လေး ဟောင်ဝေရဲ့ ပါရမီက တကယ်ကို ပြိုင်ဆံရှားပဲ...
သူအချိန်လေး တနှစ်အတွင်းမှာ မြေကြီးအဆင့်၂ ကနေ မြေကြီးအဆင့်၃ အလယ်အဆင့်ထိရောက်အောင် တိုးတက်လာတာပဲ..."
သိုင်းပြိုင်ကွင်းထဲက အကြီးအကဲတွေ အိမ်တော်ထိန်းတွေအားလုံ အံသြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်ကုန်ကျသည် ။တချို့ဆို သူ့တို့ခုန်ကနေတောင် ခုန်ထလိုက်ကျသည် ။ ဂိုဏ်ချုပ်နေရာက ဟောင်ကိုက်လဲ ဟောင်ဝေ ခွန်အားကိုပြလိုက်တော့ အကြီးအကဲတွေရဲ့ ပါးစပ်အဟောင်းသားနဲ့ အံသြသွားကျတာကိုတွေ့တော့ သူ့မျက်နှာက အပြုံးအပြည့်နဲ့ ဖြစ်သွားပြီး အကျယ်ကြီး မရယ်ပဲ မနေနိုင်အောင်ဖြစ်သွားပြီး ဝမ်းသာစွာနဲ့ ရီချလိုက်တော့သည်။
သိုင်းပြိုင်စင်အောက်က ဟောင်မင်းမျက်နှာကလဲ ပြုံးဖီးနေပြီး သူ့သားကို အလွန်စိတ်ကျေနပ်သလို ကြည်လိုက်သည်။
သူ့ခွန်အားကိုပြပြီးတော့ ဟောင်ဝေကရှောင်လုံကို လှောင်ပြုံးပြုံးပြလိုက်ပြီး လေသံအေးစက်စက်နဲ့ " ရှောင်လုံ... မင်းငါ့ခွန်အားကို မြင်တော့ ကြောက်နေပြီလား...?! မရှက်ပါနဲ့ကွာ ကြောက်တယ်တိုတာက သဘာဝပါပဲ မင်းကြောက်လို့ မင်းကိုဘယ်သူမှ မလှောင်ပါဘူး...
နောက်ဆုံးတော့ မင်း ငါတို့ပါရမီချင်းဘယ်လောက် ကွာတယ်ဆိုတာ နားလည်ပြီမလား...? အဲ့ကွာခြားချက်က မင်းရဲ့ ယန်အသီး သုံးလုံးရတဲ့ ခွေးကံမျိုးနဲ့ယှဉ်လို့မရဘူးဆိုတာ မင်းနောက်ဆုံးတော့ နားလည်ပြီမလား..."
" ...ကြောက်ရမယ်...? " ရှောင်လုံက သူ့ကိုယ်သူအထင်ကြီးနေတဲ့ ဟောင်ဝေကိုကြည့်ရင်း ရေခဲလိုအသံနဲ့ " မင်းမှာ ဒိလောက်ပဲ အစွမ်းအစရှိတာလား....? မင်းရှိုးပွဲပြပြီးရင် ငါတို့ သိုင်းပြိုင်ကျမယ်....ဒိတခေါက်တော့ မင်းကို မင်းအဖေ မမှတ်လောက်ယုံမကတော့ဘူး...မင်းအဖိုးပါမမှတ်မိအောင် ရိုက်ပြမယ် ..."
အကြီးအကဲတွေ အိမ်တော်ထိန်းတွေလဲအဲ့စကားကြားတော့ သူတ်ု့ခေါင်းတွေကိုခါလိုက်ကျသည်။ ဘယ်သူမှ မြေကြီးအဆင့်၃ အလယ်အဆင့် ဟောင်ဝေနဲ့ ယှဉ်ပြိုင်ရင် ရှောင်လုံအနိုင်ရလိမ့်မယ်လို့မထင်ထားကျဘူး။
ဟောင်ကိုက် မျက်မှာမှာလဲ ဒေါသဖြစ်တဲ့ အရိပ်အရောင်တွေပေါ်လာပြီး ဒါက သူ့မြေးရှောင်လုံက အရမ်းကို စိတ်ကြီးဝင်နေတာပဲ...!
"...တကယ်ကြီးလားကွ...." ဟောင်ဝေကရီလိုက်သည်။ အဲ့နောက် ရက်စက်တော့မယ် အရိပ်အယောင်တွေ သူ့မျက်လုံးမှာပေါ်လာပြီး
သူ့အရိပ်က လျှပ်တပျက်အတွင်းမှာပျောက်သွားပြီ ရှောင်လုံရဲ့ အနားမှာပြန်ပေါ်လာလေသည်။ အဲနောက် သူ့လက်သီးကို သူ့ခွန်အားအကုန်ထုတ်ရင်း ရှောင်လုံကို ထိုးချလိုက်တော့သည်။
" ရှောင်လုံ.....!" ဟောင်ဝေလက်သီး ရှောင်လုံကို ထိခါနီးမှာ ဟောင်ပန်နဲ့ စုရန်တို့လဲ စိုးရိမ်တကြီးနဲ့ သူတို့ထိုင်ခုံကနေ မတ်တပ်ရပ်လိုက်ကျသည်။ ဒီတကြိမ်မှာတော့ ရှောင်လုံရဲ့ စိတ်ကြီးဝင်မှုကိုဒေါသထွက်နေတဲ့ ဟောင်ကိုက်က သူ့ကိုယ်ထဲက အရှိန်အဝါတွေကို ထုတ်ပြီး ဟောင်ပန်ကိုတားဆီးထားလိုက်ပြီး သူကလေသံအေးစက်စက်နဲ့ " ...သိုင်းပြိုင်ပွဲကို ဝင်စွက်ထက်တဲ့ လူမှန်သမျှ ဟောင်ကလန်ရဲ့ စည်းကမ်းအတိုင်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်..."
ဒါပင်မယ့်အဲ့အချိန်မှာ ဟောင်ကိုက် သိုင်းပြိုင်ပွဲကြီး တခုလုံးတိတ်ဆိတ်သွားတာကို သတိထားမိလိုက်ပြီး သူကြည့်လိုက်တော့ အကြီးအကဲတွေ အိမ်တော်ထိန်းတွေ ဂိုဏ်းသားတွေအကုန် သိုင်းပြိုင်နေတဲ့ စင်ပေါ်ကိုမျက်နှာမူရင်း ပါးစပ်အဟောင်းသားနဲ့ အံသြနေကျတာကိုတွေ့လိုက်လေသည်။
သူလဲ သံသယဖြစ်သွားပြီး အားလုံးလိုပဲ သိုင်းပြိုင်စင်ကိုကြည့်လိုက်လေသည်။ သိုင်းပြိုင်စင်ပေါ်မှာတော့ ဟောင်ဝေလက်သီးက ရှောင်လုံကို ထိခံနီးလေးမှာ ရှောင်လုံက ထိန်းချုပ်လိုက်ပြီးတော့ လေထဲမှာပဲ ရပ်တန့်လိုက်သည်။
လူတွေအားလုံးရဲ့ ရင်ခုန်စွာစောင့်ကြည့်နေမှု အောက်မှာပဲ ရှောင်လုံက ဟောင်ဝေကို အေးစက်စက်ပြောလိုက်သည်
" ...ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာကိုလဲ မင်းသိအောင် ပြရအုံးမှာပေါ့....."
#
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၂၇.....ဒါတကယ်ပဲတရားလို့လား
သူခွန်အားရဲ့တစိတ်တပိုင်း.. ? လူတွေအကုန်လုံးရှောင်လုံ ဘာဆိုလိုတယ်ဆိုတာကို နားမလည်သေးခင်မှာပဲ ဟောင်ဝေထက် ဆယ်ဆလောက် ပြင်ထန်းတဲ့ အတွင်းအားကီတွေ ရှောင်လုံကိုယ်ထဲကနေ ပေါက်ကွဲထွက်လာပြီး လေထဲကိုတဟုတ်ထိုး ထိုးတက်သွားလေသည်။
လူတွေအကုန်လုံး အံသြသွားကျပြီး သရဲမြင်လိုက်ရသလို တုန်လှုပ်သွားကျသည်။ အကြ်ီးအကဲတွေ အိမ်တော်ထိန်းတွေလဲ တခါ သူတို့ဖင်တွေ မီးခဲပေါ်ထိုင်မိကျသလို ထိုင်ခုံကနေ ပြိုင်တူခုန်ထ
လိုက်ကျပြန်သည်။
"....မြေကြီးအဆင့်လေး..! သူတကယ်ပဲ မြေကြီးအဆင့်၄ သိုင်းသမားပဲ.....ဘုရားရေ.... တကယ်မြေကြီးအဆင့်၄ပဲ....."
"..ဒါပုံရိပ်ယောင်တွေပဲတွေလား...? မဟုတ်ဘူး ဘယ်လိုလုပ် ပုံရိပ်ယောင်တွေဖြစ်နိုင်မှာလဲ....!"
" မင်းအမေ ***** .. မင်းဘာလို့ငါ့ကိုလာထိုးလာလဲဟ..."
ဘေးနားကတယောက်ထိုးတာခံလိုက်ရတဲ့ ဂိုဏ်းသားတယောက်က စူးစူးဝါးဝါးကိုအော်ဟစ်လိုက်သည်။
ဟောခန်းမကြီးတခုလုံး ပြောစရာစကားမရှိပဲ တုန်လှုပ်သွားပြီးတော့ တချို့ကစိတ်လှုပ်ရှားလွန်းလို့ ကိုယ်တွေတောင်တုန်ယင်လာတာကိုတောင် မထိန်းချုပ်နိုင်ကျတော့ဘူး...။
ဟောင်ပန်၊ စုရန်နဲ့ ဟောင်မင်းတို့လဲ တခြားသူတွေလို ရူးသွပ်မတတ်အံသြသွားကျသည်။
ဟောင်ကိုက်လဲ အံသြစွာနဲ့ မျက်လုံးပြူးသွားပြီး သိုင်းပြိုင်တဲ့စင်ကိုငေးကြည့်ရင်းကြက်သေသေသွားကာ ဘယ်လို ဖြစ်ကုန်ကျတယ်ဆိုတာကို သူ့စိတ်ထဲမခန့်မှန်းနိုင်တော့ဘူး။
"...မဟုတ်ဘူး....ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.... မင်းမြေကြ်ိး အဆင့်၄ ကိုရောက်တာဘယ်လိုမှမဖြစ်နိုင်ဘူး.....မင်းနောက်တခါ ကံကောင်းခြင်းနဲ့ ထပ်ကြုံပြန်တာလား...." ဟောင်ဝေက ကြောက်ရွံစွာနဲ့ ငိုကြွေးလိုက်သည်။
သူစိတ်ထဲမှာ ရှောင်လုံနောက်တခါ ကံကောင်းခြင်းနဲ့ ထပ်ကြုံပြီး
မြေကြီးအဆင့်၄ ကိုရောက်သွားတာကို ဘယ်လိုမှကို လက်မခံနိုင်ဘူးဖြစ်နေတယ်။
ရှောင်လုံကအရူးတယောက်လို ကြောက်ရွံစွာအော်နေတဲ့
ဟောင်ဝေကိုကြည့်ရင်း အတွင်းအားကီတွေက သူ့လက်ထဲကနေ ထွက်လာပြီး
"..ဟောင်.." ဆိုတဲ့ အသံနဲ့ ဟောင်ဝေကျယ်လောင်စွာ ငိုကြွေးရင်း
လွှင့်ထွက်သွားလေသည်။
အဲ့နောက်ချက်ချင်းပဲ ရှောင်လုံက ဟောင်ဝေအရှေ့မှာ ထပ်ပေါ်လာပြီး ဟောင်ဝေရင်ဘက်ကို ညာတာခြင်းကင်းစွာနဲ့ပဲ နင်းချလိုက်လေသည်။
ဟောင်ဝေမျက်လုံးတွေက ဒေါသရော ကြောက်ရွံမှုတွေရော ပေါ်နေပြီး "....ငါလက်မခံနိုင်ဘူး....ငါကဒီကလန်ရဲ့ ပါရမီရှင်.. !
ဘာကြောင့်...? ဘာကြောင့် မင်းလိုခွေးကောင်က ခွေးကံကောင်းပြီး
ငါကို ခနခနကျော်နေရတာလဲ.... "
" ပါရမီရှင်.." " ခွေးလိုကောင်." ရှောင်လုံကဟောင်ဝေကို အေးစက်စွာစိုက်ကြည့်ရင်း အဲ့နောက် ဟောင်ဝေရင်ဘက်ကို ခြေထောက်နဲ့
ကြမ်းတမ်းစွာ ကန်လိုက်လေသည်။ ဒိကန်ချက်က ဟောင်ဝေကို စင်ပေါ်မှာ လူးလှိမ့်နေစေသည်။
အဲ့အချိန်မှာ အံသြနေကျတဲ့ လူစုလဲ ပြန်သတိလည်လာကျသည်။
ဟောင်မင်းလဲ စင်ပေါ်က သူ့သားခံနေရတာကိုကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင်စုပ်ကာ သူမျက်လုံးတွေက အအေးဓတ်တွေ
ထွက်နေပြီ နောက်ဆုံးမှာတော့ သူကိုယ်သူကြိုးစားပြီးထိန်းချုပ်လိုက်လေသည်။
ဟောင်ကိုက်လဲ သူ့မြေးရှောင်လုံကို အံသြစွာကြည့်ရင်း ဟောင်ဝေပြောသလို ဒီကောင်ကံကောင်းပြီး အစွမ်းထက်တဲ့ ဆေးတွေရှာတွေ့လို့ မြေကြ်ီးအဆင့်၄ ကိုရောက်သွားတာများလား...?
အဲ့အတွေးတွေ ဟောင်ကိုက် ခေါင်းထဲဝင်နေတုံး ဟောင်ဝေကသူရဲ့ တုန်ယင်နေတဲ့ ကိုယ်နဲ့ ဖြည်းဖြည်းချင်းမတ်တပ်ထရပ်လိုက်သည်။ သူမျက်လုံးတွေက အမုန်းမီးနဲ့တောက်လောင်နေပြီး ရှောင်လုံကိုစိုက်
ကြည့်ကာပြောလိုက်သည် "...မင်းသေကိုသေရမယ်..." အဲ့နောက် ဒဏ်ရာရနေတဲ့ တရိစ္ဆာန်တကောင်လို ဟစ်ကျွေးလိုက်လေသည်။
ဟောင်ဝေသူ့ကို အော်နေတာကိုကြည့်ရင်း ရှောင်လုံမျက်လုံးထဲ အရောင်တချက်လက်သွားကာ ဟောင်ဝေရှေ့ကို ရောက်သွားပြ်ိး သူ့လက်နှစ်ဖက်နဲ့ ဟောင်ဝေပုခုံးနှစ်ဖက်ကိုရိုက်ထုတ်လိုက်လေသည်။
".ကာ...ချာ..." ဆိုတဲ့ အသံနဲ့ အရိုးကျိုးတဲ့အသံက တိတ်ဆိတ်နေတဲ့ ဟောခန်းကြီးတခုလုံးကိုလွှမ်းခြုံသွားသည်။
ဟောင်ဝေကနာကျင်စွာအော်နေတုံး ရှောင်လုံက ထပ်ပြီး ဟောင်ဝေခြေထောက်နှစ်ဖက်ကို ကန်လိုက်ကာ ခြေထောက်ကျိုးသံအကျယ်
ကြီး ထပ်ထွက်လာပြန်သည်။
အဲ့ဒါတောင်မှ သူမရပ်သေးဘဲ သူရဲ့အတွင်းအားကီတွေနဲ့ လက်ဝါးကို စက်ဝိုင်းလို ဟောင်ဝေရင်ဘက်အနှံရိုက်ချလိုက်တဲ့ အခါ "...
ဘန်း..." ဆိုတဲ့ အသံနဲ့ ဟောင်ဝေအဝတ်စားတွေအကုန် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကျလေသည်။
ဟောင်ဝေလဲ အဲ့ရိုက်ချက်ကြောင့် စင်ပေါ်ကနေလွှင့်ပျံလာပြ်ိး
မြေကြ်ိးပေါ်ကို ပြင်းထန်စွာကျသွားလေသည်။ သူကိုယ်မှာ မွေးကာစကလေးလို ဘာအဝတ်အစားမှကို မရှိတော့ဘူး။
"...ဝေအာ....." ဟောင်မင်းက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ရင်းခုန်ကာ ဟောင်ဝေအနားကိုတဟုန်ထိုးပြေးသွားသည်။ သူဟောင်ဝေကို ထူကြည့်လိုက်တော့ သူ့သားက အဆက်မပြတ်သွေးတွေအန်နေပြီး လက်ရောခြေထောက်ရော မှာရှိတဲ့ အရိုးတွေအကုန်ကျိုးနေတာကိုတွေ့လိုက်ရသည်။ ဟောင်ဝေပုံစံကို မြင်တော့ ဟောင်မင်းရင်ထဲမှာ အရမ်းကိုနာကျင်သွားလေသည်။
အဲ့နောက်ဟောင်ဝေကိုအနားက အကြီးအကဲတယောက်ကိုပေးလိုက်ကာ အမိန့်ပေးလိုက်သည် "..သခင်လေးကိုသေချာကုပေးလိုက်..."
ပြောပြီးတဲ့နောက်မှာ ဟောင်မင်းက သိုင်းပြိုင်စင်ဘက်ကို ပြန်လှည့်လိုက်ပြီး လူသတ်ချင်စိတ်တွေနဲ့ ရှောင်လုံကို စိုက်ကြည့်ပြီး လမ်းလျှောက်လာကာ "....မင်းအရမ်းကို ရက်စက်တယ်ပေါ့..."
ရှောင်လုံက ဟောင်မင်း သူ့နားလျှောက်လာတာကိုတွေ့တော့ သူ့မျက်နှာကအေးဆေးစွာတည်ငြိမ်နေလေသည်။ စောစောက ဟောင်ဝေက သူ့လက်တွေကို ချိုးပစ်မယ်လို့ချိမ်းခြောက်တယ်လေ အဲ့တုံးကကျတော့ ဟောင်မင်းက သူ့သားရက်စက်လှချည်လားလို့မပြောပါလား..?
လွန်ခဲ့တဲ့နှစ်သိုင်းပြိုင်ပွဲတုံးကလဲ ရှောင်လုံက ဟောင်ဝေကို လက်မချိုးပဲ ညာတာပေးခဲ့ပြီးပြီလေ ။ ဒါပင်မယ့် ဟောင်ဝေက အဲ့ဒါကိုတောင် ကျေးဇူးမတင်ပဲ သူ့ညီနဲ့ ညီမကို လက်တုံ့ပြန်လိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး...!
ဒိအချိန်မှာတော့ ရှောင်လုံလဲ မညှာနိုင်တော့ဘူးလေ...!
ရှောင်လုံက ဂိုဏ်းချုပ်ခုံမှ ထိုင်နေတဲ့ သူ့အဖိုးကိုကြည့်ရင်း " သိုင်းပြိုင်နေစဉ်မှာ ဘယ်သူမှ ဝင်စွက်ဖက်လို့မရဘူးဝင်စွက်ဖက်ခဲ့ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အဖိုးပြောခဲ့တာမလား...?"
ဟောင်ကိုက်ကရှက်ရွံစွာနဲ့ ဘာမှပြန်မဖြေဘူး။
သူ့အဖိုးအမူအရာကိုမြင်တော့ ရှောင်လုံက လှောင်ပြုံးပြုံးလိုက်ကာ
"...ကျွန်တော့အဖေ ဝင်ကယ်ဖို့လုပ်တုံးကကျတော့ ကလန်စည်းမျဉ်းအတိုင်းအရေးယူမယ်ဆိုပြီး အခုဟောင်မင်းဝင်စွက်ဖက်တာကျတော့
အဖိုး မျက်စိကန်းနေလား..? ဒါတကယ်ပဲ တရားရဲ့လား..?"
အိမ်တော်ထိန်းတွေ အကြီးအကဲတွေအကုန်လုံးတိတ်ဆိတ်ကုန်ကျသည်။
"...ရိုင်းလိုက်တာ..." ဟောင်ကိုက်ရဲ့ ရှက်ရွံမှုက ဒေါသအဖြစ်ပြောင်းသွားပြီး သူဘေးနားက ခုံကိုလက်နဲ့ရိုက်ချလိုက်သည်။
ဟောင်မင်းလဲ သူ့အဖေရဲ့အမူအရာတွေကိုမြင်တော့ သူစိုးရိမ်နေတာလျော့သွားပြီး သူ့မျက်လုံးတွေက ရှောင်လုံကိုစိုက်ကြည့်ရင်းနဲ့
ပြောလိုက်သည်
"...မင်းငါ့သားရဲ့ ခြေထောက်နဲ့ လက်ကိုချိုးရဲလိုက်တယ်ပေါ့...ငါအခုမင်းခြေထောက်နဲ့ လက်ကို ပြန်ချိုးမယ်..."အဲ့နောက် ဟောင်မင်းက သူရဲ့ မြေကြီး အဆင့်၇နောက်ဆုံးအဆင့် အတွင်းအားကို အကုန်ထုတ်ကာ သူလက်ဝါး နှစ်ဖက်နဲ့ ရှောင်လုံ လက်နှစ်ဖက်ကို ရိုက်ချလိုက်လေသည်။
" .. ရှောင်လုံ.." ဟောင်ပန်က စင်ပေါ်တက်ပြီးကယ်ဖို့ ပြင်နေတုံးမှာပဲ သူထက်မြန်တဲ့ အရိပ်တခုက မျက်စိတမှိတ်အတွင်း စင်ပေါ်ကိုရောက်သွားကာ ရှောင်လုံ ရှေ့မှာကာရပ်ပြီး ဟောင်မင်းရဲ့တိုက်ခိုက်မှုကို
ပြန်လည်တိုက်ခိုက်လိုက်သည်။
".. ဖူး.." လူအများရှေ့မှာပဲ ရှောင်လုံကို တိုက်ခိုက်လိုက်တဲ့ ဟောင်မင်းက ပါးစပ်နဲ့ အပြည့်သွေးတွေအန်သွားသည်။ ဟောင်မင်းခန္ဓာကိုယ်ကလဲ စင်ပေါ်ကနေလွှင့်ထွက်သွားပြီး မြေကြီးနဲ့သွားထိကာ ထိုင်ခုံတွေအများကြီးနဲ့ တိုက်မိပြီးမှ ရပ်တန်သွားလေသည်။
"..ဘယ်လို့ဖြစ်ရတာလဲ..?" လက်ညှိုးတောင်ထောင်ဖို့ခွန်းအားမရှိတော့ပဲ မြေကြီးပေါ်မှာလဲရင်း သွေးတွေအဆက်မပြတ်အန်နေတဲ့ ဟောင်မင်းကိုကြည့်ကာ သိုင်ပြိုင်ကွင်းက လူတွေအကုန်လုံး အံသြသွားလေသည်။
အားလုံးရဲ့ မျက်လုံးတွေက ရှောင်လုံအရှေ့မှ ရပ်နေတဲ့ သူကိုလှမ်းကြည့်လိုက်ကျသည်။
".သူ..သူပဲ.."
" .ဘယ်လို.... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ?"
ဟောင်ကလန်ကလူတွေအကုန်လုံးက ဟောင်မင်းတိုက်ခိုက်မှုကိုကာကွယ်ပြီး ရှောင်လုံရှေ့မှာ ရပ်နေတဲ့ သူကိုမြင်လိုက်တော့ သူ့ကိုယ်မျက်စိသူတို့မယုံနိုင်အောင်ဖြစ်သွားကျသည်။ အဲ့..အဲ့လူက
ရှောင်လုံဝယ်လာတဲ့ အစေခံမဟုတ်လား..?
ဟောင်ကိုက် ၊ ဟောင်ပန်နဲ့ စုရန်တို့အကုန်လုံးလဲ အံသြသွားကျသည်။ သေချာတာကတော့ ဟောင်မင်းရဲ့ တိုက်ခိုက်မှုကို တုံပြန်တိုက်ခိုက်နိုင်တယ်ဆိုတော့ သူကအနဲ့ဆုံး မြေကြ်ိးအဆင့်၈ သူရဲကောင်းတော့ဖြစ်ရမယ်။
မြေကြ်ိးအဆင့်၈သူရဲကောင်း....!
ဖေးဟိုလဲ ရှောင်လုံဘက်ကိုလှည့်ကာလေးလေးစားစားနဲ့ မေးလိုက်သည် "...သခင်လေး.... ဘာမှမဖြစ်ဘူးမလား...?"
ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီး ".... ငါအဆင်ပြေပါတယ်.."
သူပြောနေတုံး ခုံကျိုးတွေကို အားပြုပြီး ထဖို့ ကြိုးစားနေတဲ့ ဟောင်မင်းကို စိုက်ကြည့်လိုက်လေသည်။ ဟောင်မင်းမျက်လုံးတွေမှာ မုန်တီးမှုတွေ ကြောက်ရွံမှုတွေကို ရှောင်လုံ ရှာတွေ့လိုက်သည်။
".. အဖေ.. " ဟောင်မင်းရဲ့ အက်ကွဲနေတဲ့ အသံထွက်လာပြီး ခေါ်
နေတုံးမှာပဲ နောက်ထပ်ပါးစပ်နဲ့အပြည့် သွေးထပ်အန်လိုက်လေသည်။
ဟောင်ကိုက်လဲ တုန်လှုပ်စွာနဲ့ စင်ပေါ်ကိုခုန်တက်ရင်း ဖေးဟိုက စိုက်ကြည့်ကာ တည်ငြိမ်တဲ့ အသံနဲ့ " .. မင်းက ပုန်းကွယ်နေတဲ့ သူရဲကောင်းတယောက်ဖြစ်လိမ့်မယ်လို့ငါမထင်ထားဘူး... ငါကို ရှေ့မှာထားပြီး ငါ့သားကိုထိခိုက်အောင်လုပ်လိုက်တာက ငါတို့ဟောင်ကလန်ကို ဂရုမစိုက်ပဲ စော်ကားလိုက်တာပဲ..."
ဟောင်ကိုက်က အမှားကိုအမှန်ပြောင်းပြောတာမဟုတ်လား..?
ဟောင်မင်းသာ ကလန်စည်းမျဉ်းအတိုင်း သိုင်းပြိူင်ပွဲမှာ ဝင်မစွက်ဖက်ပဲ ရှောင်လုံကို ထိခိုကိအောင်မလုပ်ခဲ့ဘူးဆိုရင် ဖေးဟိုကရော ဝင်တိုက်ခိုက်ပါ့မလား။ ဒါကိုတောင်မှသူက အရာအားလုံးကို ဖေးဟိုကိုအပြစ်တင်နေတာပဲ မဟုတ်လား။
ဖေးဟိုက ဟောင်ကိုက်ကိုလျစ်လျူရှုလိုက်ပြီး ရှောင်လုံအနားမှာပဲ တိတ်တဆိတ် စောင့်ကြပ်နေလေသည်။
ဟောင်ကိုက်က ဖေးဟိုသူ့ကိုဂရုမစိုက်တာမြင်တော့ ဒေါသပိုထွက်လာပြီး အော်လိုက်သည်။ "... ပြောစမ်း.... ဘာကိစ္စနဲ့ ဟောင်ကလန်မှာ ပုန်းခိုနေရတ.ယလဲ... မင်းအခုပြောမယ်ဆိုရင် ငါကသနားပြီး မင်းအသက်ကိုတော့ ချမ်းသာပေးလိုက်မယ်...ဒါမှမဟုတ်ရင်တော့ မင်းမနက်ဖြန်ကိုတောင် နောက်ထပ်မမြင်ရပဲ ဖြစ်သွားမယ်.."
ဖေးဟိုက ဟောင်မင်းကို လက်ဝါးတချက်ထဲနဲ့ ဒဏ်ရာရအောင်လုပ်နိုင်ပင်မယ့် ဟောင်ကိုက်ကတော့ သိပ်မစိုးရိမ်ဘူး ။ သူထင်နေတာ
ကဖေးဟိုက ခွန်အားမနိမ်ပင်မယ့် အလွန်ဆုံးသူက မြေကြီးအဆင့်၈ နောက်ဆုံးအဆင့်ပဲ စွမ်းအားပဲရှိနိုင်လိမ့်မယ်လို့တွက်ထားလေသည်.....!
#
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၂၈(A).......မြေကြီးအဆင့်၁၀ အထွတ်အထိပ် သိုင်းသမား
" မနက်ဖြန်နေထွက်တာတောင်မမြင်ရဘူး..." ဖေးဟိုက ဒေါသထွက်နေတဲ့ ဟောင်ကိုက်ကို မထူးခြားသလို ကြည့်လိုက်ပြီး သူ့အကြည့်တွေက ရွံရှာစက်စုပ်နေသလိုပဲ။
ဖေးဟိုက သူ့ကိုဂရုမစိုက်ရုံသာမက ရွံရှာသလို ကြည့်နေတော့ ဟောင်ကိုက်ရင်ထဲမှာ ဒေါသတွေကပေါက်ကွဲသွားကာ ပြင်းထန်တဲ့ အတွင်းအားကီတွေက သူ့ကိုယ်ထဲကနေ ပေါက်ကွဲထွက်လာပြ်ီး သူတကိုယ်လုံးကို ရွှေရောင်အလင်းတန်းတွေနဲ့ ဖုံးကွယ်သွားလေသည်။
ဟောင်ကိုက်ရဲ့လက်တွေကလဲ နှစ်ဆလောက်ပိုကြီးသွားပြ်ိး ရွှေရောင်အမွှေးအမြင်တွေက သူအရေပြားတွေရော မျက်နှာ တခုလုံးကို ဖုံးအုပ်လာလေသည်။
ဝိညဉ်အသွင်ပြောင်းခြင်း.....!
ဟောင်ကိုက်ရဲ့ သိုင်းဝိညဉ်က တောင်ပံခြောက်ခု ရွှေရောင်လူဝံဖြစ်တာမို့ ဟောင်ကိုက်ကသူ့ဝိညဉ်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါ သူ့ကိုယ်ခန္ဓာက မီတာဝက်လောက်ကို ပိုကြီးပြီးတော့ ပိုရှည်လာသည်။
သူ့မျက်လုံးတွေကလဲ ရွှေနီရောင်တောက်နေပြီးတော့ သူ့ပတ်ဝန်းကျင်ကလေထူကလဲ အရမ်းကိုကြမ်းတမ်းပြင်းထန်လာလေသည်။
ဖေးဟိုက ဟောင်ကလန်က လူတွေရှေ့မှာ သူ့ကိုထပ်ခါထပ်ခါ ဂရုမစိုက်တဲ့ အပြုအမူက ဟောင်ကိုက်ကို တကယ်ဒေါသနဲ့ ပေါက်ကွဲသွားစေသည်။ ဒါကြောင့်သာမဟုတ်ရင် ဖေးဟိုကို ရင်ဆိုင်မှာ သူဝိညဉ်အသွင်ပြောင်းမှာ မဟုတ်ဘူး။
"...ပကတိလူဝံလက်ဝါး..." ဟောင်ကိုက်ရဲ့ အက်ကွဲတဲ့ပြင်းထန်တဲ့ ကြုံးဝါးလိုက်ပြီး သူ့ကိုယ်က ဖေးဟိုရှိရာကို ခုန်လိုက်ကာ ဖေးဟိုကို သူ့လက်ဝါးသိုင်းနဲ့ တိုက်ခိုက်လိုက်သည်။ တောက်ပတဲ့ အလင်းရောင်တွေရော သားရဲဟိန်းသံတွေရောက ဟောခန်းမကြီးတခုလုံးကို ပဲ့တင်နေလေသည်။
ပကတိလူဝံလက်ဝါးသိုင်းက အဆင့်မြင့်လျှို့ဝှက်ဆန်းကြယ်အဆင့်
သိုင်းကျမ်းတခုဖြစ်ပြီးတော့ ဟောင်ကလန်ရဲ့ တန်းဖိုးထားရတဲ့ သိုင်းကျမ်းသုံးခုထဲက တခုဖြစ်သည်။
ဖေးဟိုက ရှောင်လုံနောက်မှာရပ်နေတာမို့ ဟောင်ကိုက်ရဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုက ရှောင်လုံကိုပါ အဖျားခတ်သွားစေနိုင်ပြီး ရှောင်လုံသာတိုက်ပွဲလမ်းကြောင်းထဲ ရောက်နေခဲ့မယ်ဆို စွမ်းအားကွာခြားချက်ကြောင့် ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရသွားစေနိုင်လေသည်။
သူ့အဖိုးက ဖေးဟိုကို သတ်ချင်တာကြောင့် သူ့ရဲ့ လုံခြုံရေးကို လျစ်လျူရှုလိုက်တာက ရှောင်လုံကို ဒေါသအရမ်းထွက်သွားစေသည်။
ပထမတော့ ဖေးဟိုက ရှောင်လုံအဖိုးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ဟောင်ကိုက်ကို ပြန်တိုက်ဖို့ တုန့်ဆိုင်းနေပင်မယ့် သူရုတ်တရက်ရှောင်လုံရဲ့ အေးစက်စက်လေသံနဲ့ အမိန့်ပေးသံကို ကြားလိုက်သည်
"... စွမ်းအားအကုန်ထုတ်ပြီး ပြန်တိုက်လိုက်..."
ဖေးဟိုလဲ ခနလောက် ဝေခွဲမရဖြစ်ပြီးမှ ရှောင်လုံရဲ့ သဘောထားကို နားလည်သွားကာ သူ့ထိန်းချုပ်မနေတော့ပဲ သူ့ရဲ့ မြေကြီးအဆင့်၁၀အထွတ်အထိပ်အဆင့် အတွင်းအားကီတွေက သူ့ကိုယ်ထဲကနေ တဟုတ်ထိုးထွက်လာပြီး ပတ်ဝန်းကျင်က မတ်တပ်ရပ်ပြီး ကြည့်နေတဲ့ လူတိုင်းရဲ့ ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။
ဒါက ဟောင်ကိုက်လို မြေကြီးအဆင့်၁၀စဦး အဆင့် အတွင်းအားနဲ့ လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။
ဖေးဟိုရဲ့ မျက်လုံးရဲ့ အရောက်တချက်လက်သွားပြီး သူ့လက်သီးနဲ့ ပြန်လည်တိုက်ခိုက်လိုက်သည်။
"...နှလုံးကွဲကြေလက်သီး..."
နှလုံးကွဲကြေလက်သီးက စူးရှတဲ့ အော်မြည်တဲ့နဲ့ အကွာအဝေးတချို့ကို ဖြတ်သွားပြီး ဟောင်ကိုက်ရဲ့လက်ဝါးနဲ့ ရင်ဆိုင်တွေ့လေသည်။
ကြောက်စရာကောင်းတဲ့ စွမ်းအင်ပေါက်ကွဲမှုကြီးဖြစ်လာပြီး ထွက်လာတဲ့ စွမ်းအင်လှိုင်းတွေကနေရာအနှံကို ပျံနှံသွားပြီး ဟောခန်းကြီးရဲ့ပင်မထောက်တိုင်ကြီးတွေကို ပြင်ထန်းစွာ တုန်ခါသွားစေသည်။ အဲ့ဒါကိုမြင်တော့ ပတ်ဝန်းကျင်ကလူတွေအကုန်လုံးလဲဘအနောက်ကိုအလျင်အမြန်ဆုတ်လိုက်ကျပြီး နောက်ထပ်စွမ်းအင်လှိုင်းတွေက သူ့တို့ရှိနေတဲ့ နေရာက ထိုင်ခုံတွေကိုကျိုးကြေကာ လွှင့်ထွက်သွားစေသည်။
ဟောင်ကိုက်လဲ ခြေလှမ်းဆယ့်နှစ်လှမ်းလောက် ဆုတ်ပြီး သိုင်းပြိုင်
တဲ့စင်ရဲ့ အစွန်နားလောက်ရောက်မှ သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းနိုင်လိုက်သည်။
" ..ဝေါ့.." နွေးထွေးတဲ့ အရည်တွေက သူ့့လည်ချောင်းထဲကနေ ထိုးထွက်လာပြီး ဟောင်ကိုက်ရဲ့ပါးစပ်နဲ့ အပြည်သွေးတွေအများကြီး အန်လိုက်သည်။
ဟောင်ကလန်ရဲ့ နံပါတ်တစ်သိုင်းသမား ဟောင်ကိုက်တောင် မနိုင်ပါလား...! ပြန်လည်မယှဉ်နိုင်လောက်အောင်ကို ရှုံးနိမ့်သွားတာပဲ..!
လူတွေအကုန် အံသြကြက်သေသေသွားကျသည်။
"...အဖေ..."
" ...ဂိုဏ်းချုပ်ကြီး..."
အချိန်အနဲငယ်လောက်လာမှ လူတွေအကုန်ပြန်အသက်ဝင်လာကျပြီး ဟောင်ကိုက်ရှိရာကို တဟုန်ထိုးပြေးလာကျသည်။
ဟောင်ကိုက်က သူ့အဆင်ပြေတယ်လို့ ပြတဲ့အနေနဲ့လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ဖေးဟိုကိုကြည့်လိုက်တဲ့ အကြည့်မှာ သူ့ရဲ့ကြောက်ရွံမှုတွေကို အထင်သားမြင်နိုင်လေသည်။ အဲ့နောက် သူဖြည်းဖြည်းချင်းရေရွတ်လိုက်သည်။
"...အဆင့်၁၀အထွတ်အထိပ်အဆင့်..."
.....
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း၂၈(B)
"...မြေကြီးအဆင့်၁၀အထ်ိတ်အထိပ်အဆင့်..." အကြီးအကဲတွေ အိမ်တော်ထိန်းတွေအကုန် ဖေးဟိုကို တုန်လှုပ် ကြောက်ရွံစိတ်တွေနဲ့
ငေးကြည့်လိုက်ကျသည်။ ဟောင်မင်းကတော့ တကိုယ်လုံး ကြောက်ရွံမှုတွေကြောင့် တုန်ခါနေလေသည်။
မြေကြီး အဆင့်၇အထက် နဲနဲချင်း အဆင့်မြင့်တက်မှု တွေက ခွန်းအားကွာခြားချက်ကို အလွန်ကြီးမားစေသည်။
ဟောင်ကိုက်လဲ မြေကြီးအဆင့်၁၀ သိုင်းသမားပင်မယ့် သူကစဦးအဆင့်လေ ။ စဦးအဆင့်နဲ့ အထွတ်အထိတ်အဆင့်ရဲ့ စွမ်းအားကွာ
ခြားချက်က အလွန်ကိုကြီးမားလေသည်။ ဒါကြောင့် ဖေးဟိုက
သူ့သိုင်းဝိညဉ်ကိုမထုတ်ပဲ ဝိညဉ်အသွင်းပြောင်းလဲခြင်းမရှိပဲ
တိုက်ခိုက်တာတောင် ဟောင်ကိုက်ကို အလွယ်တကူပဲ အနိုင်ရလေသည်။
ဖေးဟိုလဲ ဟောင်ကိုက်ကို ပြန်လည်တိုက်ခိုက်ပြီးတော့ အတွင်းအားတွေပြန်ရုတ်လိုက်ပြီး ရှောင်လုံနောက်မှာ ရိုရိုသေသေပြန်ရပ်လိုက်ပြီး သူ့ကိုယ်ရောင်ကိုယ်ဝါတွေကိုပြန်ထိန်းချုပ်လိုက်သည်။
ဖေးဟိုရဲ့ အပြုအမှုကို မြင်တော့ လူတွေအကုန်လုံးက သူတို့
လျစ်လျူရှုပြီး မေ့နေကျတဲ့ရှစ်နှစ်အရွယ် ရှောင်လုံကို အကုန်ဝိုင်း
ကြည့်လိုက်ကျသည်။
ဖေးဟိုကရှောင်လုံဝယ်လာတဲ့ ကျွန်ပင်မယ့် မြေကြီးအဆင့်၁၀ အထွတ်အထိပ်သိုင်းသမားဖြစ်ပြီး ဘာလို့ရှစ်နှစ်အရွယ်ကလေးကို
သခင်လေးလို့ခေါ်ကာ အရမ်းကိုရိုကျိုးနေရတာလဲ...!
ရှောင်လုံနောက်တခါ ကံကောင်းပြန်ပြီလား သူကရော ဘယ်လိုဖြစ်
ပြီး မြေကြီးအဆင့်၄ သိုင်းသမားဖြစ်သွားတာလဲ..? ယန်အသီးထက် ပိုတန်ဖိုးရှိတဲ့ အရာတွေကတောင် တနှစ်အတွင်း လူတယောက်ကို အဆင့်၂ဆင့် မြင့်တက်သွားစေဖုိ့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပြီးတော့ ရှောင်လုံက သူ့ခွန်အားရဲ့တစိတ်တပိုင်းကိုပဲ ပြမယ်လို့ပြောထားတယ်မလား...ဒါဆိုသူ့ရဲ့ ခွန်အားအစစ်အမှန်ကဘာလဲ... ?
မယုံနိုင်စရာကောင်းတဲ့ကံကောင်းမှုကြောင့်သာမဟုတ်ရင် မြေကြီးအဆင့်၄ ကိုတနှစ်အတွင်း ရောက်သွားစေတဲ့ ရှောင်လုံရဲ့ ပါရမီက ဘယ်လောက်တောင် ကြောက်ဖို့ နေသလဲ...?
ဒိအချိန်မှာ အားလုံးရဲ့ စိတ်ထဲမှာ အတွေးမျိုးစုံပေါ်နေကျပြီး ဟောင်ပန်နဲ့ စုရန်တို့တောင်စိတ်ထဲ မရှင်းတာတွေအများကြီး ရှိနေလေသည်။
" ... ဟောင်ရှောင်လုံ မင်းအပြင်သူလျိုနဲ့ပေါင်းပြီး အဖိုးကို
ဒဏ်ရာရအောင်လုပ်တယ်ပေါ့.... ဘယ်လောက်တောင်
အောက်တန်းကျတဲ့ကောင်လဲ..... " အကြီးအကဲတချို့ရဲ့ ပြုစုပေးမှုကြောင့်ပြန်သတိရလာတဲ့ ဟောင်ဝေကကြုံးဝါးလိုက်သည်
" ..... ဟောင်ကလန်ကိုရော မင်းမျက်စိထဲရှိသေးရဲ့လား... ? မင်းအဖိုးကိုရော ကိုယ်အဖိုးလို့ သတ်မှတ်သေးရဲ့လားကွ ...ဟင်...? "
လူတွေအကုန်လုံးရဲ့ အမူအရာတွေကလဲတင်းမာသွားကျသည်။
ဘယ်သူယုံမှာလဲ ဒိကောင်ဟောင်ဝေ ကဒီအချိန်မှာ ဒါမျိုးပြောမယ့်လို့ ဒီလောက်စွမ်းအားကြီးတဲ့ သူရဲကောင်းဖေးဟိုက ရှောင်လုံကို ကာကွယ်ပေးနေတာမြင်တာကြောင့် ဟောင်ဝေက ရှောင်လုံက်ို စော်ကားရဲသေးတယ်လို့..... !
ဟောင်မင်းလဲ ဟောင်ဝေစကားကြောင့်တုန်လှုပ်သွားပြီး ဟောင်ဝေစကားက အခြေအနေတွေကိုပိုဆိုးသွားစေနိုင်တယ်မလား ဒါကြောင့်
" .... ဟောင်ဝေ မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း.... "
အဲ့ဒါကြားပင်မယ့် ဟောင်ဝေ အသံကို ပိုကျယ်လာပြီး
"... အဖေ... ဘာလဲ အဖေက ကြောက်လို့လား.... ? သူကမြေကြီး
အဆင့်၁၀ အထွတ်အထိပ်ဖြစ်တော့ရော ဘာဖြစ်လဲ.....? ကျွန်တော်တို့ ဟောင်ကလန်မှာ လူပေါင်းသောင်းနဲ့ချီပြီး ရှိတာပဲ.... လူတယောက်ထဲကို ကြောက်နေရမှာလား.... "
အဲ့နောက်ဟောင်ဝေ က ဟောင်ကိုက်ကိုထပ်ပြီးတော့
" ... အဖိုး ဒီသစ္စာမရှိတဲ့ ကောင် ရှောင်လုံကို သိုင်းပညာတွေဖျက်စီးပြီးတော့ ဟောင်ကလန်ကနေ နှင်ထုတ်ပစ်ရမယ်.... "
ဟောင်ကိုက်ကဘာမှ ပြန်မပြောရသေးချင်မှာပဲ ဟောင်မင်းက
ဒေါသတကြီးနဲ့ " ... တိတ်စမ်း... " လို့အော်ပြီး ဟောင်ဝေ ဆက်ပြောမှာ စိုးလို့တချက်ရိုက်ကာ အနောက်ကို ဆွဲခေါ်သွားလေသည်။
ဟောင်ဝေ ဒေါသတကြီးနဲ့ ပြောနေတာတွေကြားပြီးတော့ ရှောင်လုံကအေးစက်စက်ပြုံးလိုက်ပြီး "... ငါကသူ့ကို အဖိုးလို မဆက်ဆံဘူး
ဟုတ်လား.... " သူ့လက်ညိုးကဟောင်ကိုက်ကို လက်ညိုးထိုးရင်း
ပြောလိုက်သည်။
" .... ငါပြီးခဲ့တဲ့ပြိုင်ပွဲတုံးကလဲ ပထမနေရာကို ရခဲ့တယ် ဒါတောင်မှ စည်းမျဉ်းတွေကိုဆန့်ကျင်ပြီးတော့ ဝိညဉ်ရေကန်ဖွင့်တော့ မင်းပဲ
သိုင်းလေ့ကျင့်ခွင့်ရခဲ့တယ်... "
" .... ပြီးတော့ ဒိနှစ်ပြိူင်ပွဲမှာလဲ ဟောင်မင်းက စည်းကမ်းဖောက်ဖျက်ပြီး ငါခြေထောက်နဲ့ လက်တွေကိုချိုးဖို့လုပ်ခဲ့တယ် ဒါတောင် သူမျက်စိကန်းနေသလို မမြင်ချင်ယောင်ဆောင်ခဲ့တယ်... "
" .... အခု ဖေးဟိုစွမ်းအားကြောင့်သာမဟုတ်ရင် ဖေးဟိုရော ငါရော
ဒဏ်ရာပြင်းပြင်းထန်ထန်ကိုရမှာ သူတိုက်ခိုက်မှုကြောင့်သေတောင်သေသွားနိုင်တယ်.. အဲ့ဒါကိုမင်းသိလား..? "
ရှောင်လုံက တချက်ချင်းကြီးကို အရိုးထဲစိမ့်အောင်ကြောက်ဖို့ကောင်းတဲ့ အသံနဲ့ ထောက်ပြလိုက်သည်။
ရှောင်လုံစကားကြားတော့ ဟောင်ကိုက်က ခေါင်းငုံပြ်ိးတော့ ရှောင်လုံအကြည့်ကိုရင်မဆိုင်ရဲသလို ရှောင်လိုက်သည်။
ဟောခန်းမကြီးတခုလုံးလဲ အပ်ကျသံတောင်ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားလေသည်။
ဒါပင်မယ့်ဟောင်ဝေကတော့ အလျော့မပေးတဲ့ ပုံနဲ့
" ... ရှောင်လုံ အဖိုးကို ပြန်မေးခွန်းထုတ်ရဲလောက်အောင် မင်းကဘာအဆင့်ရှိလို့လဲ...? ငါကအဆင့် ၁၀သိုင်းဝိညဉ်ကို ပိုင်ဆိုင်ထားတာ မင်းကျတော့ အဆင့်၇သိုင်းဝိညဉ်လေးနဲ့ ဒါကြောင့် ဟောင်ကလန်ရဲ့ နောင်ရေးအတွက် ငါ့ကိုဦးစားပေးတာ ထူးဆန်းသလားကွ?
အဲ့ဒါကဘာများ မှားနေလို့လဲ.. ? မင်းမနာလိုဘူးဆို မနာလိုဘူးလို့
ပြောစမ်းပါကွာ...?"
ဟောင်ကိုက် ဟောင်ဝေမျက်နှာကို လက်ဝါးနဲ့ပြင်းပြင်းထန်ထန်ရိုက် လိုက်ပြီး "... မင်း $ ပါးစမ်းကို ပိတ်စမ်းလို့ပြောနေတယ်မလား..."
ပထမက သူ့အဖေကရိုက်တယ် အခုသူ့အဖိုးကပါ ရိုက်တော့ဟောင်ဝေလဲ မယုံနိုင်အောင်ဖြစ်သွားလေသည်။ မျက်ရည်တွေစီးကျလာပြီး
သူမှားလို့လား.. ? သူပြောတာတွေကဘာများမှားနေလို့လဲ... ? သူမမမှားတာ...!
အကြီးအကဲတွေ အိမ်တော်ထိန်းတွေလဲ ဟောင်ဝေရဲ့ ကိုယ်ကိုကိုယ်အရမ်းအထင်ကြီးနေတဲ့ အယူအဆကိုမြင်တော့
အားလုံးတိတ်တဆိတ် ခေါင်းတွေခါလိုက်ကျသည်။
"... အဖေနဲ့ အမေ သွားကျစို့... " ရှောင်လုံကပြောလိုက်ပြီး နောက်ကိုလှည့်ကာ ဖေးဟို ဟောင်ပန် စုရန်တို့နဲ့ အတူ သူတို့ကိုကြည့်နေတဲ့အကြည့်တွေကိုလျစ်လျူရှုပြီး ဟောခန်းအပြင်ကိုထွက်သွားတော့သည်။ ဒီမှာဆက်နေဖို့ အကြောင်း မရှိတော့ဘူးလေ ။
ကလန်ရဲ့ စည်းမျဉ်အရ သိုင်းပြိုင်ပွဲမပြီးဆုံးသေးခင်မှာ ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး ။ ဒါပင်မယ့် ဘယ်သူမှလဲ မတားရဲကျဘူးလေ။
ဟောင်ကိုက်က ထွက်သွားတဲ့ ရှောင်လုံရဲ နောက်ကျောကိုကြည့်ရင်
သူမျက်နှာမှာ စိတ်ရှုပ်ထွေးတဲ့ အမူအရာတွေပေါ်နေလေသည်။
#
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၂၉.... နတ်ဓားသိုင်း ဒုတိယအကွက်
ရှောင်လုံထွက်သွားပြီး ခနလောက်ကြာတာတောင် ဘယ်သူမှ စကားမပြောရဲကျဘူး။
" ... အဖေ မြင်တယ်မလား.... " ဟောင်မင်က မျက်နှာပျက်နေတဲ့ ဟောင်ကိုက်ကိုကြည့်ပြီးပြောလိုက်သည်။
ဟောင်ကိုက်က သက်ပြင်းကြမ်းကြီးချလိုက်ပြီး သူလက်ကိုဝှေ့ယမ်း
ပြလိုက်ပြ်ိး " ....အားလုံးပဲ ဒီနှစ် မိသားစုတွေဆုံပွဲကို ဒိမှာပဲ ရပ်လိုက်ပြီ... " အဲ့ဒါပြောပြ်ိးတာနဲ့ ချက်ချင်းလှည့်ထွက်သွားပြ်ီး သူ့ကိုကြည့်ရတာ အထီးကျန်နေတဲ့ ပုံစံပေါ်နေလေသည်။
ဒီမှာပဲရပ်လိုက်ပြီ...!
ဟောင်ကလန်က အကြီးအကဲတွေ ဂိုဏ်းသားတွေလဲ တယောက်နဲ့ တယောက် နားကြားလွဲသွားသလိုကြည့်လိုက် ကျသည်။
" ... အားလုံးပဲ လူစုခွဲကျရအောင်... " ဟောင်ကိုက်ထွက်သွားတဲ့ အရိပ်ပျောက်သွားတော့ ဟောင်မင်းက ထပ်ပြီး အမိန့်ပေးလိုက်သည်။
ဒါဟာ ဟောင်ကလန်ကို စတည်ထောင်ထဲက အခုချိန်ထိ ပထမဆုံး တဝက်တပျက်နဲ့ ရပ်ချင်းပဲ။
ဟောခန်းမကလဲ ထွက်လာခဲ့ပြီးတဲ့နောက် ရှောင်လုံလဲ သူ့ခြံလေးကိုပြန်လာလေသည်။ ခနလောက်ကြာတော့သူမိဘတွေလဲ ရှောင်လုံခြံထဲကိုရောက်လာကျသည်။ သူမိဘတွေကိုမြင်တော့ ရှောင်လုံက သူတို့စိတ်ထဲမှာ မေးခွန်းများစွာရှိနေမှန်းသိလိုက်ပြီး သူတို့ပြောတာမစောင့်ပဲ " ... အဖေနဲ့အမေ စိတ်ထဲမှာ မရှင်းတာတွေများနေမှန်းသားသိပါတယ်... ဒါပင်မယ့် လောလောဆယ်တော့ သားကိုဘာမှမမေးပါနဲ့အုံး... "
ဟောင်ပန်တို့လဲ အဲ့ဒါကြေားတော့ တယောက်မျက်နှာ တယောက်
မျက်နှာတယောက်ကြည့်လိုက်ကျသည်။
အဲ့နောက်ဟောင်ပန်ကခနလောက်တုန့်ဆိုင်းပြီးမှ
" .... ရှောက်လုံ စီနီယာ ဖေးဟိုက ဘယ်သူလဲ... "
စီနီယာ ဖေးဟို.... ? ရှောင်လုံကခနလောက်စဉ်းစားလိုက်ပြီးပြောလိုက်သည် " ... သားက အရမ်းကိုစွမ်းအားကြ်ီးတဲ့ လူတယောက်ရဲ့
တပည့်ဖြစ်ခဲ့တယ်... ဖေးဟိုက သူရဲ့ လက်ပါးစေပဲ ဒါကြောင့် သူကသားကို သခင်လေးလို့ခေါ်တာ.. "
ရှောင်လုံက နတ်တံခါးဂိုဏ်း(အရင် အက်ဆူရာဂိတ်ကို နာမယ်ပြောင်း) ရဲ့ ဂိုဏ်းချုပ်ကြီး ရန်ဝူကောင်းအကြောင်းကိုတော့ ထဲ့မပြောတော့ဘူး။
ဟောင်ပန်နဲ့ စုရန်တို့လဲ နောက်ဆုံးတော့ နားလည်သွားပြီး သူ့တို့သား အရမ်းစွမ်းအားကြီးတဲ့လူရဲ့ တပည့်ဖြစ်သွားတာကို အရမ်းကိုပျော်ရွှင်သွားကာ ဖေးဟိုတောင် မြေကြီးအဆင့်၁၀ အထွတ်အထိတ်အဆင့်ဆို သူ့သခင်ဆို ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ.... ?
အဲ့ဒါကိုစဉ်းစားမိတာနဲ့ သူတို့ကိုယ်တွေက စိတ်လှုပ်ရှားလွန်းလို့ တုန်ခါလာလေသည်။
" ရှောင်လုံ... သားရဲ့ အခုအဆင့်ကရော မြေကြီးအဆင့်၄ အလယ်အဆင့်လား.... " စုရန်က ရှောင်လုံကိုမျှော်လင့်တကြီးနဲ့ ကြည့်ကာ မေးလိုက်သည်။
စင်ပေါ်တုံးက ရှောင်လုံက မြေကြီးအဆင့်၄ဆိုတာ သူ့ခွန်အားရဲ့ တစိတ်တပိုင်းပဲ ရှိသေးတယ်လို့ပြောခဲ့တယ်မလား ။
" မြေကြီး အဆင့်၄ အလယ်အဆင့်... " ရှောင်လုံက ခနလောက်အံသြသွားပြီးမှ ခေါင်းညိတ်ပြကာ သူတို့သံသယဖြစ်နေတာကို ဝန်ခံလိုက်သည်။ သူမိဘတွေသူကို မြေကြီးအဆင့်၄ အလယ်အဆင့်လို့ပဲ သိထားတာကောင်းပါတယ် သူသာ မြေကြီးအဆင့်၅ အထွတ်
အထိတ်အဆင့်မှန်း သိသွားရင် သူတို့အရမ်းကိုကြောက်လန့်သွားလိမ့်မယ် မဟုတ်လား ။
" ... အဖေနဲ့ အမေ နှစ်သစ်ကူးပွဲပြီးလို့ နှစ်ရက်နေရင် သားဟောင်ကလန်ကနေ ထွက်သွားပြီးတော့ အပြင်မှာ အတွေ့အကြုံရှာဖို့ ဆုံးဖြတ်လိုက်ပြီ.. " ရှောင်လုံက ဆုံးဖြတ်ချက်ချပြီးတဲ့ ပုံစံနဲ့ ပြောလိုက်သည်။
"... ဘယ်လို.. ? အတွေ့အကြုံရအောင်... ? " ဟောင်ပန်နဲ့ စုရန်တို့လဲ အံသြသွားကျပြီးမှ ပြိုင်တူ " မသွားရပါဘူး... "
အဲ့ဒါကိုကြားတော့ရှောင်လုံက ထပ်ပြီးတော့ " အဖေနဲ့ အမေ သားကို စိတ်မချဘူးဆိုတာကိုသိပါတယ်... ဒါပင်မယ့် ဖေးဟိုလဲ သားနဲ့အတူ လိုက်ပြီးသားကို လိုက်စောင့်ရှောက်မှာလေ အဖေတို့ စိတ်မပူပါနဲ့... "
" ရှောင်လုံ... သားအဖိုးကြောင့် သားဟောင်ကလန်ကနေ ထွက်သွားချင်နေမှာကို အဖေသိပါတယ်... ဘာပဲ ဖြစ်ဖြစ်သူက သား
ရဲ့အဖိုးပဲလေ.. သူ့ကို မမုန်းပါနဲ့...သားရယ်.... ပြီးတော့ သားကအပြင်လောက မှာလှည့်လည်ဖို့ အရမ်းငယ်သေးတယ်... နောက်
၂နှစ်လောက်စောင့်ပြီးမှသွားရင်ရော ဘယ်လိုလဲ... " ဟောင်ပန်က လေသံပျော့လေးနဲ့ ရှောင်လုံကို နားချဖို့ကြိုးစားလိုက်သည်။
မြေကြီးအဆင့်၁၀ သိုင်းသမားကစောင့်ရှောက်မှာတော့ မှန်ပင်မယ့် ရှောင်လုံကအခု အသက်၉နှစ်တောင်မှမရှိသေးတာ စုရန်တို့က ဘယ်စိတ်ချနိုင်မလဲ... !
" အဖေနဲ့ အမေ သားကတော့ ထွက်သွားဖို့ ဆုံးဖြတ်ထားပြီးပြီ
.. နှစ်သစ်ကူးပြီးတာနဲ့ သွားမှာ... " ရှောင်လုံက ခေါင်းကိုခါရင်း
သူ့ရဲ့ ယတိပြတ်ဆုံးဖြတ်ချက်ကို ပြောလိုက်သည်။ ရှောင်လုံအပြင်လောကကိုသွားချင်တာက ဟောင်ကိုက်တို့ ဟောင်မင်းတို့မျက်နှာကို
မမြင်ချင်လို့သွားတာလဲ မှန်ပင်မယ့် သူတို့ကြောင့်ကြီးပဲတော့ မဟုတ်ဘူး သူတကယ်ကို အပြင်လောကအတွေ့အကြုံလိုချင်လို့ သွားချင်တာပဲ ဖြစ်သည်။
သူကအပြင်လောကကိုထွက်ပြီး ပိုပြီးစွမ်းအားကြီးတဲ့လူတွေနဲ့တွေ့ဆုံပြ်ီး သူ့ရဲ့အရည်အချင်းတွေပိုတိုးတက်လာအောင်
ကြိုးစားကြည့်ချင်လေသည်။
သူသားရဲ့အမူအရာကိုကြည့်ပြီး ဟောင်ပန်နဲ့ စုရန်တို့လဲ သက်ပြင်းချလိုက်ကာ သူတို့ ရှောင်လုံကို နားချဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကိုသိလိုက်သည်။
သူ့သား အိမ်ကနေ အဝေးကိုထွက်သွားတော့မယ်ဆိုတာသေချာသွားတော့ စုရန်မျက်လုံးတွေကနီရဲလာကာ " ... ရှောင်လုံသား
အိမ်ကိုဘယ်တော့ပြန်လာမှာလဲ... "
ရှောင်လုံ ရင်ထဲနွေးထွေးသွားသလိုခံစားလိုက်ရပြီး ပြုံးလိုက်ကာ
" ... အမေ ... သား...နောက်နှစ်မိသားစုတွေ့ဆုံပွဲကျရင် အမေတို့ကိုတွေ့ဖို့ သေချာပေါက်ပြန်လာခဲ့မယ် သိလား... အမေသားကို
စိတ်မပူနဲ့နော် ... "
" နောက်နှစ်မိသားစုတွေ့ဆုံပွဲ... " အဲ့ကျမှ စုရန်က နဲနဲခံစားနေရတာသက်သာသွားပြီး ရှောင်လုံလက်မောင်းကိုဖက်ကာ အချိန်အတော်ကြာအောင် အပြင်လောကကိုသွားရင် ကျန်မာရေးဂရုစိုက်ဖို့ရော
အပြင်လောကက လူတွေကို သတိထားဖို့ရော စသဖြင့် အဆက်အပြတ် မှာကြားတော့လေသည်။
ရှောင်လုံလဲ ခေါင်းကို အဆက်မပြတ်ညိတ်ကာ သူ့အမေကို ကတိအထပ်ထပ်ပေးလိုက်လေသည်။
နှစ်နာရီလောက်ရှောင်လုံကို သေချာမှာပြီးမှ သူ့မိဘတွေလဲ ထွက်သွားတော့သည်။
" ဖေးဟို... ငါတို့ နောက်နှစ်ရက်နေရင် ထွက်သွားကျမယ် လိုမယ့်
ပစ္စည်းတွေကို သေချာပြင်ဆင်ထားလိုက်သိလား... " သူမိဘတွေ ထွက်သွားတော့ ရှောင်လုံက ဖေးဟိုက မှာကြားလိုက်သည်။
"... ဟုတ်ကဲ့ပါ.... ဂိုဏ်းချုပ်... "
အဲ့နောက်ညက တဖြည်းဖြည်းကုန်ဆုံးသွားလေသည်။
ရှောင်လုံလဲ ကျောက်စိမ်းကုတင်ပေါ်ထိုင်ရင်းနဲ့ နတ်သိုင်းအတွင်းအားကိုကျင့်လိုက်ပြီး တဖြည်းဖြည်း အာရုံဦးရောက်လာမှ အတွင်းအားကျင့်နေတာကို ရပ်လိုက်ပြီ သူ့ခြံလေးထဲမှာ ငရဲမုန်တိုင်းသိုင်းကွက်ကို စကျင့်တော့သည်။
" ငရဲမုန်တိုင်းဓားသိုင်းကွက်က ပညာရှင်အဆင့်ကို ရောက်သွားပြီ ငါအတွင်းအားများလာဖို့ပဲ လိုတော့တယ် ငါ့အတွင်းအားများလာတာနဲ့အမျှ ဒီသိုင်းကွက်က ပိုပြီးအစွမ်းထက်လာမှာပဲ.. အင်းငါ နတ်ဓားသိုင်းရဲ့ နောက်တကွက်ကို ကျင့်ဖို့ အချိန်တန်ပြီထင်တယ်... "
တနာရီလောက်ကြာတော့ ရှောင်လုံက ငရဲမုန်တိုင်းသိုင်းကွက်လေ့ကျင့်နေတာကို ရပ်လိုက်လေသည်။
အဲ့နောက် သူ့ရဲ့ နတ်လက်စွပ်ထဲကနေ ဒုတိယသိုင်းကွက်နဲ့ဆိုင်တဲ့ စာရွက်တွေကို ထုတ်ပြီး သိုင်းကွက်ပုံစံတွေကို သေချာ လေ့လာတော့သည်။
နတ်ဓားသိုင်း... ဒုတိယအကွက်.... နတ်မျက်ရည်ဓားကွက်
နတ်မျက်ရည်... ! ဒိသိုင်းကွက်နာမယ်က အရမ်းထူးဆန်းတယ်မလား... ရှောင်လုံလဲ သိုင်းကွက်ထဲက လမ်းညွှန်ချက်အတိုင်း အတွင်းအားတွေကို သူ့ကိုယ်ထဲလှည့်ပတ်လိုက်ပြီး သူ့လက်ထဲက နတ်ဓားတွေကို အပြင်ခေါ်ထုတ်လိုက်ပြီး လေထဲကိုခုန်ပျံကာ လေထဲကနေ ဓားကွက်ကိုထုတ်လိုက်တယ်ဆိုရင် အလင်းတန်းတခုက
မြေကြီးပေါ်ကိုကျသွားလေသည်။ ဟုတ်တာပေါ့... ဒီအလင်းတန်းကျသွားတာက မျက်ရည်တစက်မြေကြီးပေါ်ကိုကျသွားတာနဲ့ တူတာပဲ
ပထမသိုင်းကွက် ငရဲမုန်သိုင်းသိုင်းကွက်က မြေကြီးပေါ်ကနေ တိုက်ခိုက်ရတဲ့ သိုင်းကွက်ဖြစ်ပြီးတော့ ဒုတိယ နတ်မျက်ရည်သိုင်းကွက်ကနေ လေထဲကနေတိုက်ခိုက်ရတဲ့ သိုင်းကွက်ပြဲဖစ်သည်။
ရှောင်လုံလဲ သိုင်းကွက်ထုတ်ပြီးတော့ မြေကြီးပေါ်ကိုပြန်ရောက်လာပြ်ိး သူ့နတ်မျက်ရည်သိုင်းကွက်ကို ထုတ်သုံးလိုက်တုံးက အသေးစိတ်လှုပ်ရှားမှုတွေကို သေချာပြန်လည်စဉ်းစားတွေးတောလေသည်။ သူနာရီဝက်လောက် သေချာစဉ်းစားပြီးမှ သိုင်းကွက်ကိုနောက်တခါ ထပ်ထုတ်လိုက်သည်။
ဒီတကြိမ်မှာတော့ ဓားအလင်းတန်းလေးကို ပိုနူးညံသွားပြီး သူ့အလေးချိန်ကလဲ မိုးရေစက်လေးတစက်အလားကိုဖြစ်သွားသည်။
နောက်နာရီဝတ်လောက်ကြာတော့ ရှောင်လုံက သိုင်းကွက်ကို တတိယအကြိမ် ထုတ်သုံးလိုက်သည်။
သူငရဲမုန်တိုင်းသိုင်းကွက်လေ့ကျင့်တုံးကလိုပဲ တခါသုံးပြီး နာရီဝက်လောက်စဉ်းစားပြီးမှ နောက်တခါ ထပ်ကျင့်လေသည်။
ရှောင်လုံသိုင်းကွက်ထဲ စိတ်နှစ်ပြီးလေ့ကျင့်နေတုံးမှာပဲ
ကောင်းကင်ကြီးကတဖြည်းဖြည်းမဲမှောင်လာတော့သည်။
သူခေါင်းကိုခါလိုက်ပြီး သူသိုင်းကွက်လေ့ကျင့်တာက ပထဆုံးအကြိမ်ထက်စာရင် နဲနဲတိုးတက်လာပင်မယ့် ပထမသိုင်းကွက်လေ့ကျင့်တုံးကလို အခြေခံအဆင့်ကိုပြီးမြောက်တဲ့ အဆင့်ရောက်ဖို့တော့ အလှမ်းဝေးသေးတယ်လေ။ စာရွက်ထဲကဖော်ပြချက်အရ နတ်မျက်ရည်သိုင်းကွက်ကိုထုတ်သုံးလိုက်ရင် အသံမြည်လာမှသာ အခြေခံအဆင့်ကိုအောင်မြင်ပြီလုိ့ရေးထားတယ်မလား ။
ရှောင်လုံလေ့ကျင့်နေတဲ့တချိန်လုံး ဖေးဟိုကတော့ ရှောင်လုံရဲ့ မလှမ်းမကမ်းကနေ ရှောင်လုံကို စောင့်ကြပ်ပေးနေလေသည်။
တကယ်တော့ နတ်ဓားသိုင်းနဲ့ နတ်လက်သည်းသိုင်းက နတ်အတွင်းအားနည်းစနစ်ကျင့်တဲ့ သူတွေပဲ လေ့ကျင့်လို့ရတာမို့ ရှောင်လုံက ဘယ်သူမှ သူလေ့ကျင့်တာကိုကြည့်ပြီးခိုးလေ့ကျင့်မှာကို စိတ်ပူစရာမလိုဘူးလေ။
ရှောင်လုံ နတ်မျက်ရည်သိုင်းကွက်ကို လေ့ကျင့်လို့ပြီးတုံးမကြာခင်မှာပဲ သူ့ခြံဝန်းရှေ့ကနေလာတဲ့ လျှောက်လာတဲ့ ခြေလှမ်းတွေကို ကြားလိုက်သည်။ သူကြည့်လိုက်တော့ သူအဖေဟောင်ပန်နဲ့ အတူ သူ့အဖိုးဟောင်ကိုက် နဲ့ သူ့ဘကြီးဟောင်မင်းတို့ တူတူလျှောက်လာတာကိုတွေ့လိုက်ရသည်။
ရှောင်လုံလဲ အဲ့ဒါကိုမြင်တော့ မျက်မှောင်ကြုံလိုက်လေသည်။
#
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၃၀...... ဟောင်ကလန်ကနေ ထွက်ခွာခြင်း
ဟောင်ကိုက်နဲ့ဟောင်မင်းတို့ ခြံဝကိုရောက်တော့ ဖေးဟိုက လက်နဲ့ဟန့်တားလိုက်ပြီး ဟောင်ပန်တယောက်ကိုပဲဝင်ခွင့်ပေးလိုက်သည်။
အဲ့ဒါမြင်တော့ ဟောင်ကိုက်တို့နှစ်ယောက်လဲ ရှိုးတိုးရှုန့်တန့်ဖြစ်သွား
ပြီး သူတို့ဒေါသထွက်ချင်ပင်မယ့် ဒေါသလဲမထွက်ရဲဘူးမလား။
ဖေးဟိုရဲ့ မျက်နှာထားတည်တည်ကြီးကိုမြင်တော့ ဟောင်မင်းလဲ
ကြိုးစားပြုံးပြလိုက်ပင်မယ့်ဖေးဟိုကတော့ လမ်းပိတ်ထားဆဲပဲ။
အဲ့အချိန်မှာ ဟောင်ပန်ကရှောင်လုံကိုကြည့်ပြီး ပြောလိုက်သည်
" ... ရှောင်လုံ သူတို့ကို ဝင်ခွင့်ပေးလိုက်ပါလား.... ?"
ရှောင်လုံက ဖေးဟိုကိုခေါင်းညိတ်ပြလိုက်လေသည်။ ရှောင်လုံခေါင်းညိတ်ပြတာကိုမြင်မှ ဖေးဟိုက ဟောင်ကိုက်နဲ့ ဟောင်မင်းတို့ကို ခြံဝန်းထဲဝင်ခွင့်ပြုလိုက်လေသည်။
အဲ့ကျမှဟောင်ကိုက်တို့လဲစိတ်သက်သာရာရသွားပြီး ရှောင်လုံကို ကျေးဇူးတင်စွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကောင်းပြုံးနိုင်တော့သည်။
အထူးသဖြင့် ဟောင်မင်းရဲ့ အမူအရာတွေကအရမ်းကိုရိုးကျိုးပြီး ရှောင်လုံနားကို လျှောက်လာလေသည်။
" ...ခင်ဗျားတို့ ဘာအတွက်နဲ့ လာတာလဲ... " ရှောင်လုံက ခပ်တည်တည်နဲ့မေးလိုက်သည်။ " ကျွန်တော်မှတ်မိသလောက်ဆို ခင်ဗျားတို့ ဒိခြံဝန်းလေးကိုရောက်ဘူးတာ ဒါပထမဆုံးမလား... ?"
ရှောင်လုံမှတ်မိသလောက်ဆို သူ့အဖိုးနဲ့ သူ့ဘကြီးက ဒိခြံဝန်းလေးကို ပထမဆုံးလာချင်းပဲလေ။ ဟောင်ကိုက်နဲ့ဟောင်မင်တို့နှစ်ယောက်
လုံးရဲ့မျက်နှာတွေက ရှက်ရွံစွာနဲ့ နီရဲသွားပြီး ကံကောင်းစွာနဲ့ပဲ မိုးချုပ်နေပြီဆိုတော့ ဘယ်သူမှသေချာမမြင်ကျတော့ဘူးလေ။
" .. ရှောင်လုံ မင်းအဖိုးနဲ့ မင်းဘကြီးက မင်းကို နှစ်သစ်ကူးစားသောက်ပွဲကိုတက်ဖို့ လာဖိတ်တာ.. " ဟောင်ပန်ကဟောင်ကိုက်တို့ကိုဝင်ကယ်တဲ့အနေနဲ့ ကြားဝင်ပြိ်းရှင်းပြလိုက်သည်။
နှစ်စဉ်မိသားစုတွေ့ဆုံပွဲတိုင်း ပထမနေ့မှာ သိုင်းပြိုင်ပွဲကျင်းပပြီးတိုင်း
နောက်ရက်မှာ မိသားစုစားသောက်ပွဲကိုကျင်းပလေ့ရှိကျသည်။
အကြီးအကဲတွေနဲ့ မျိုးစက်သစ်အစွမ်းထက်တဲ့ လူငယ်တွေ ပဲဟောင်ကလန်ကအကြီးအကျယ်ကျင်းပတဲ့ မိသားစုစားသောက်ပွဲကိုတက်ရောက်ခွင့်ရကျလေသည်။
အမှန်တိုင်းက ရှောင်လုံမနှစ်က ဟောင်ဝေကိုနိုင်တာကြောင့် စားသောက်ပွဲကို တက်ရောက်ခွင့်ရပင်မယ့် ဘယ်သူမှသူ့ကို အရေးတယူမဖိတ်ခဲ့ဘူးလေ ။ ဝိညဉ်ရေကန်လိုပဲ အရေးကြီးတဲ့ဟာ အကုန်လုံးကို ဟောင်ဝေကိုပဲ အခွင့်အရေးပေးခဲ့တာမလား ။
".. ဟုတ်... ဟုတ်တယ်.. ရှောင်လုံရေ ငါတို့မင်းကို မိသားစု စားသောက်ပွဲတက်ဖို့လာဖိတ်တာ.. " ဟောင်မင်းက ရှောင်လုံကို ဂိုဏ်းသားလေးက ဂိုဏ်းချုပ်ကြီးကို ဖိတ်တဲ့အတိုင်း ပြုံးရွှင်ပြ်ီး ရိုကျိုးစွာနဲ့ ဝင်ပြောလိုက်သည်။
ဟောင်ကိုက်က ဝင်မပြောပင်မယ့် သူကလဲသူ့မျက်နှာကို အစွမ်းကုန်ကို ပြုံးထားလေသည်။
ဟောင်ကလန်စတည်ထောင်ထဲက သူတို့နှစ်ယောက် ကိုယ်တိုင်ကိုယ်ကျ လာဖိတ်တာဆိုလို့ ဟောင်ကလန်မှာ ရှောင်လုံတယောက်ပဲ ရှိဘူးလေသည်။
ဒါပင်မယ့်ရှောင်လုံက အေးစက်စက်နဲ့ပဲ
" .. မလာတော့ပါဘူး.. ကျေးဇူးပဲ.. ကျွန်တော် သိုင်းကျင့်ရအုံးမယ်.. "
အဲ့ဒါကိုကြားတော့ ဟောင်ကိုက်နဲ့ ဟောင်မင်းတို့လဲ အပြုံးတွေလဲ တဝက်တပျက်နဲ့ ရပ်သွားတော့သည်။
ဟောင်ပန်က မနေသာတော့ပဲ " ... ရှောင်လုံ... သား...! "
" .. အဖေ.. အဖေကျွန်တော်စိတ်ဓတ်ကိုသိပါတယ်.. " ရှောင်လုံက ပြန်ဖြေလိုက်သည်။
သူသားက ဆုံးဖြတ်ပြီးရင် အရမ်းခေါင်းမာတာကို သိတော့ ဟောင်ပန်လဲ ဘာပြန်ပြောရမလဲမသိဖြစ်သွားလေသည်။
အဲ့အချိန်မှာ ဟောင်ကိုက်က ဟောင်ပန်ကို လက်ကာပြလိုက်ပြီး ရှောင်လုံကို ကြည့်ပြီးရိုးသားတဲ့ လေသံဖြင့် " .. ရှောင်လုံ... ငါအရင်ကမင်းအပေါ်မှားခဲ့တာသိပါတယ်.. ဒါပင်မယ့် အဲ့ဒါတွေကြောင့်တော့ မင်းငါ့ကို မမုန်းဘူးလို့ ငါမျှော်လင့်ပါတယ်ကွာ.. အခုချိန်က စပြီး မင်းတောင်းဆိုတာ မှန်သမျှကို ငါလိုက်လျောပေးမှာပါ.. "
အဲ့ဒါကြားတော့ ရှောင်လုံမျက်နှာထားကတော့ မထူးဆန်းသလိုပဲ သူသိတာပေါ့ သူ့အဖိုးက သူ့ကိုယ်သူ အောက်ကျခံပြီး ယဉ်ယဉ်ကျေးကျေးနဲ့ သူ့ကို လာဖိတ်တယ်ဆိုတာကို.. ။ သူ့အစွမ်းအစကို အသိအမှတ်ပြုတာထက် သူနောက်မှာ မြေကြီးအဆင့်၁၀ အထွတ်အထိပ်အဆင့် သိုင်းသမားရှိတာကြောင့်မလား ။ ဒါမှမဟုတ်ရင် သူ့အဖိုးက ဘယ်တော့မှသူ့ကို အောက်ကျခံပြီး လာဖိတ်မှာမဟုတ်ဘူးလေ။
ရှောင်လုံက တိတ်စိတ်စွာနဲ့ ဘာမှပြန်မပြောဘူး ။
ဟောင်ကိုက်က အဲ့ဒါကိုမြင်တော့ ဒေါသမထွက်ပဲ သူ့ရင်ထဲမှာပဲ သက်ပြင်းချလိုက်ပြီး ရှောင်လုံကိုမေးလိုက်သည် " .. မင်းအဖေကပြောတယ် ဒီနှစ်ကုန်စားသောက်ပွဲပြီးရင် အပြင်လောကမှ သိုင်းလေ့ကျင့်ဖို့ ဟောင်ကလန်ကနေ ထွက်သွားတော့မလို့ဆို.. "
ရှောင်လုံက သူအဖေဟောင်ပန်ကို လှမ်းကြည့်လိုက်ပြီး ဟောင်ပန်က ပြန်ပြောဖို့ပြင်နေတုံး ဟောင်ကိုက်ကပဲထပ်ပြီးပြောလိုက်သည်
" .. မင်းအဖေကို အပြစ်မတင်ပါနဲ့ ငါအတင်းအကျပ်မေးလို့ သူလဲပြောရတာပါ.. "
အဲ့နောက်သူ့လေသံကပြောင်းသွားပြီး " ရှောင်လုံ မင်းငါ့ကို ခွင့်လွှတ်မယ်လို့ ငါမမျှော်လင့်ပါဘူး.. ဒါပင်မယ့် မင်းအဖိုးက မင်းကိုပြောချင်တာက ဟောင်ကလန်ကမင်းရဲ့အိမ်ပဲ ငါတို့ မင်းပြန်လာတာကို အမြဲ မျှော်လင့်နေမှာပါကွာ .. "
အဲ့နောက်ဟောင်ကိုက်ကပြုံးလိုက်ပြီး " .. လွန်ခဲ့တဲ့ နှစ်အနဲငယ်လောက်က အဖိုး ဆေးဖော်စပ်တဲ့လူကိုငှါးပြီးတော့ အဆင့်လေးဝိညဉ်ဆေးလုံး.. နဂါးကျားဆေးလုံးကို ဖော်စပ်ခိုင်းထားတယ်... အဲ့ဒါက အတွင်းအားကို အရမ်း တိုးတက်စေတယ် .. "
ဟောင်မင်းလဲသူ့အဖေ နဂါးကျားဆေးလုံးကိုကိုထုတ်လိုက်တာမြင်တော့ အရမ်းအံသြသွားပြီး ဒီဆေးလုံးကအရမ်းရှားတဲ့ အဆင့်လေးဝိညဉ်ဆေးလုံးမဟုတ်လား သူ့အဖေဒီဆေးလုံးကို သိမ်းထားတာ ဆယ်စု
နှစ်ကျော်လောက်ရှိနေပြီလေ အခုတော့ ရှောင်လုံကို တကယ်ကြီးပေးလိုက်တာလား... ?
အဆင့်လေးဝိညဉ်ဆေးလုံး...!
ရှောင်လုံလဲ ခနလောက်တုန့်ဆိုင်းပြီးမှ ဆေးလုံးကိုလက်ခံလိုက်သည်။
ရှောင်လုံ ဆေးလုံးကိုလက်ခံလိုက်တာမြင်တော့ ဟောင်ကိုက်ကသူကရှောင်လုံဆီက အဲ့ဆေးလုံးကိုရလိုက်သလိုကို သူမျက်နှာက အစွမ်းကုန်ပြုံးလိုက်သည်။
သူအစွမ်းကုန်ပြုံးနေတုံးမှာပဲ ရှောင်လုံကဆေးဘူးကိုယူပြီး သူ့ဘေးကသူ့အဖေကိုပေးလိုက်လေသည် " အဖေ... ဒီနဂါးကျားဆေးလုံးကိုယူလိုက်... "
ချက်ချင်းဟောင်ကိုက်ရဲ့ အပြုံးတွေပျောက်သွားသလို ဟောင်ပန်ကလဲ ကြက်သေသေသွားလေသည်။
" .. ရှောင်လုံ မင်းအဲ့လိုလုပ်လို့မရဘူးလေ.. " ဟောင်ပန်ကငြင်းနေတုံးမှာပဲ ရှောင်လုံက လက်ကိုဝှေ့ယမ်းလိုက်ပြီး " အဖေ.. အဖေကအခု မြေကြီးအဆင့် ၆နောက်ဆုံးအဆင့်ရောက်နေပြီမလား.. အဖေက ဒိဆေးလုံးကို သားထက်ပိုလိုအပ်ပါတယ်.. မငြင်းပါနဲ့ ယူလိုက်ပါ... " ဒီလိုပဲ အရမ်းအဖိုးတန်တဲ့ ဆေးလုံးက ရှောင်လုံက ပေးပလိုက်တာပဲလား။
ဟောင်ပန်ကငြင်းမရတဲ့ အနေအထားနဲ့ ဆေးဘူးကိုယူလိုက်လေသည်။
ရှောင်လုံက သူ့အဖိုးဘက်ကိုလှည့်ပြီး ပြုံးရင်းနဲ့ " အဖိုးက ကျွန်တော်ကိုပေးတယ်... ကျွန်တော်က အဖေကိုပြန်ပေးလိုက်တယ်... အဲ့ဒါအဆင်ပြေတယ်မလား... "
"... အို.. အိုး... ဘာပြသနာရှိရမှာလဲ.. မင်းပဲ သုံးသုံး မင်းအဖေပဲ သုံးသုံးတူတူပဲလေကွာ.. " ဟောင်ကိုက်ရင်ထဲမှာ သွေးတွေစီးကျနေသလိုခံစားနေရပင်မယ့်ပြုံးရင်း ပြန်ဖြေလိုက်သည်။ အဆင့်လေးဝိညဉ်ဆေးလုံး.. အား... သူဒါတောင် ဆယ်နှစ်ကျော်ကျော်တောင်မသုံးရက်ပဲ သိမ်းထားခဲ့တာလေ။
ခနလောက်ကြာတော့ ဟောင်ကိုက် ဟောင်ပန်နဲ့ ဟောင်မင်းတို့လဲ ရှောင်လုံခြံဝန်းထဲကနေ ပြန်သွားကျသည်။
နောက်ဆုံးအထိ ရှောင်လုံက မိသားစုစားသောက်ပွဲသွားဖို့ ငြင်းဆန်ခဲ့လေသည်။
စားသောက်ပွဲကြီးက အရှေ့ဘက်ခန်းမဆောင်မှာ စည်းကမ်းသိုက်မြိုက်စွာနဲ့ ကျင်းပနေပင်မယ့် အဓိကထိုင်ခုံမှာထိုင်နေတဲ့ ဟောင်ကိုက်ရဲ့စိတ်တွေကတော့ စားသောက်ပွဲထဲမှာလုံးဝမရှိဘူးလေ။
အရှေ့ဘက်ခန်းမဆောင်ကစည်းကားမှုနဲ့ ဆန့်ကျင်စွာပဲ ရှောင်လုံရဲ့ခြံဝန်းလေးကတော့ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ အဲ့အချိန်မှာ ရှောင်လုံက ကျောက်စိမ်းကုတင်ပေါ်မှာ ခြေချိတ်ထိုင်နေပြီး နတ်အတွင်းအားနည်းစနစ်အတိုင်း ငရဲက သိုင်းဝိညဉ်စွမ်းအင်တွေကို သူ့ကိုယ်ထဲကို တဟုန်ထိုးစုပ်ယူနေလေသည်။
ရှောင်လုံက နတ်အတွင်းအားစနစ်မှာ ဒုတိယအဆင့်တောင်မရောက်သေးဘူးလေ။
မှတ်တမ်းတွေရဲ့ အဆိုအရ နတ်အတွင်းအားနည်းစနစ်ကို အဆင့်အမြင့်ဆုံးထိ လေ့ကျင့်ပြီးပြီဆိုရင် နတ်တံခါးကိုဖွင့်ပြီး နတ်ပြည်နဲ့တောင်ချိတ်ဆက်နိုင်တယ်လို့ ရေးထားပင်မယ့် သူ့အခုတော့ဘာမှ သေချာမသိနိုင်သေးဘူးလေ။
နှစ်ရက်ကလျင်မြန်စွာကုန်ဆုံးသွားပြီး နှစ်သစ်ကိုရောက်ရှိလာလေသည်။
ဒီနှစ်တော့ အရှေ့ဘက်ခြံဝန်းက အရင်နှစ်တွေကထက် ပိုသက်ဝင်လှုပ်ရှားနေပြီး ရှောင်လုံက သူ့အချိန်တွေကို သူ့မိသားစုနဲ့ ရယ်မောပျော်ရွှင်စွာ ကုန်ဆုံးစေသည်။
သူ့မိသားစုနဲ့ နောက်တနှစ်ကြာမှာ ပြန်ဆုံနိုင်တော့မယ်ဆိုတာကို သူ့သိထားတယ်မလား။
အဲ့လိုနဲ့ နှစ်သစ်ကိုရောက်ရှိလာတော့သည်။
နောက်တရက်မှာတော့ ဟောင်ကိုက်၊ ဟောင်မင်း ၊ ဟောင်ကလန်ကအကြီးအကဲတွေ ဂိုဏ်းသားတွေအကုန် ဟောင်ကလန်ရဲ့ ပင်မဝင်ပေါက်မှာ မတ်တပ်ရပ်ပြီး ရှောင်လုံကို နှုတ်ဆက်ကျလေသည်။
သူ့သားအဝေးကို ထွက်သွားတော့မှာမြင်တော့ စုရန်ကနီရဲနေတဲ့ မျက်လုံးတွေနဲ့ ငိုရင်း ရှောင်လုံကို တင်းတင်းကျပ်ကျပ်ဖက်ကာ " သား..ခရီးသွားနေတဲ့အချိန်မှာ ကျန်းမာရေးကို သေချာဂရုစိုက်နော်.. နေကောင်းအောင်လဲနေအုံး.. "
".. အမေ ကျွန်တော်သိပါပြီ.. " ရှောင်လုံမျက်လုံးတွေကလဲ နီရဲနေပြီး အဲ့နောက်သူချာကနဲ လှည့်ကာ ဖေးဟိုနဲ့ အတူထွက်သွားတော့လေသည်။