ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၂၁.......အက်ဆူရာဂိတ် ရဲ့တပည့်
ခြံထဲကနေ လီလူလက်ဆွဲလာတာကိုခံလိုက်ရတော့ ရှောင်လုံက
မျက်မှောင်ကြုံရင်း " ဟိတ်ကောင်မလေး....ငါ့ကိုအဲ့လိုမဆွဲနဲ့လေ
လူတွေအထင်လွဲကုန်ရင်ဘယ်လိုလုပ်မလဲ..."
လီလူလဲ ခနတော့ အံသြသွားပြီးတော့ နှစ်လို့ဖွယ်ပြုံးလိုက်ပြီး
" ...တခြားသူတွေအထင်လွဲတော့ရော ဘာဖြစ်လို့လဲ.?.. ငါကနင့်မိန်းမပဲဟာကို...မိန်မက ကိုယ်ယောက်ျားလက်ကို ဆွဲတာဘာဖြစ်လို့လဲ
ပြီးတော့ ငါ့ကို ကောင်မလေးလို့မခေါ်နဲ့.... ငါကအရမ်းကြီးနေပြီ.."
လီလူက ရင်ကိုကော့ပြရင်းပြောလိုက်သည်။
ရှောင်လုံလဲ မျက်ခုံးကိုတွန့်လိုက်လေသည်။
မိန်းမ...?
အရမ်းကြီးတယ်...?
ရှောင်လုံလဲ လီလူရဲ့ ရင်ဘက်ကို စောင်းကြည့်လိုက်ပြီးတော့
မချိုမချဉ်ပြုံးကာ အဲ့နေရာက အခုထိ မြေပြန့်ဒေသပဲ ရှိသေးတယ်မဟုတ်ဘူးလား...?
ရှောင်လုံက သူ့ရဲ့ရင်ဘတ်သေးသေးလေးကို စိုက်ကြည့်နေတာကိုတွေ့တော့ လီလူမျက်နှာက ရှက်စိတ်ဖြင့်နီရဲသွားပြီး လေသံတိုးတိုး
ဖြင့် " ....နင်......နင်ဘာလို့လူကိုအဲ့လိုကြည့်တာလဲ...တခြားလူတွေအများကြီးရှိနေတဲ့ဟာကို ငါရှက်တယ်...."
ရှောင်လုံလဲ ဘာပြောရမလဲမသိဖြစ်သွားပြီး သူ့ပါးစပ်ကို ပိတ်ရင်းဘာစကားမှ ထပ်မပြောနိုင်တော့ဘူး။
အဲ့နောက် သူလက်ကို လီလူလက်ထဲက ရုန်းလိုက်ပြီးလီဂေဟာကနေ အပြင်ဘက်ကိုထွက်သွားတော့သည်။ ဒါဟာ ရှောင်လုံအတွက် ကန်ဂလန်မြို့တော်ကို ပထမဆုံး ရောက်ဘူးတာမဟုတ်လား...သူတကယ်ကို မြို့ကို လှည့်ပတ်ကြည့်ရှုချင်လေသည်။
" ရှောင်လုံ....ငါ့ကိုစောင့်အုံး...." လီလူက ရှောင်လုံထွက်သွားတာကိုမြင်တော့ နှုတ်ခမ်းဆူလိုက်ပြီး နောက်ကနေပြေးလိုက်လေသည်။
ဒိတကြိမ်မှာတော့ လီလူက ရှောင်လုံလက်ကို ကိုင်မယ့်အစား ရှောင်လုံလက်မောင်းကို ဖက်ထားပြီး ညားကာစဇန်ီးမှောင်နံလို လုပ်လေသည်။ ရှောင်လုံလဲ လီလူရဲ့ နူးညံတဲ့အထိအတွေ့တဲ့ မွှေးကြိုင်တဲ့ အနံတွေကို ခံစားမိလေသည်။
ရှောင်လုံက သူမဖက်ထားတာကို ရုန်းဖို့ကြိုးစားရင်းနဲ့
"...မင်းပြန်လို့ရပြီ.....ငါတယောက်ထဲသွားလို့ရပါတယ်..."
လီလူက နှုတ်ခမ်းဆူပြီး သူမရဲ့မျက်လုံးတွေကန်ီရဲကာမျက်ရည်တွေ
ဝိုင်းလာရင်း"....ငါပြန်ပြ်ိး အဖိုးကို သွားတိုင်မယ်.....နင်ငါ့ကိုအနိုင်
ကျင့်တယ်ဆိုပြီးတော့...."
ရှောင်လုံလဲ ဘာလုပ်ရမလဲမသိ ခေါင်းကိုက်သွားပြီး လီလူလက်ကိုဆွဲကာ "...ကောင်းပြိီလေ....သွားကျစို့....ဒါပင်မယ့် နင်ငါ့ကိုမဆွဲရဘူးကို ကတိပေးရမယ်..."
လီလူလဲ ချက်ရင်းရယ်လိုက်ပြိး ခေါင်ကိုညိတ်ကာ" ..ကောင်းပြီလေ.."
ရှောင်လုံလဲ လီလူသဘောတူတာကိုတွေ့မှ သက်ပျင်းချလိုက်ပြီး
အဲ့နောက်သူတို့မြို့ထဲကို စလည်ပတ်တော့သည်။ လီလူလေးက ရှောင်လုံ ညာဘက်ကနေ လိုက်လာကာ ရှောင်လုံပြောစကားကို အလွန်နားထောင်ပြီး သူမရဲ့မျက်လုံးဝိုင်းကြီးတွေနဲ့ ရှောင်လုံကို ခိုးခိုးကြည့်လေသည်။
ရှောင်လုံတို့လဲ လမ်းတလျှောက် စကားသိပ်မပြောဖြစ်ပဲနဲ့ သူတို့မြို့ကို လည်ပတ်ပြီး လီဂေဟာကို ပြန်တော့မယ်အချိန်မှာ လမ်းထောင့်တနေရာမှာ လူတွေစုရုံးနေပြီးတော့ လက်ညိုးထိုးကာ တခုခုအကြောင်းကို တီတိုးပြောနေကျတာကို တွေ့လိုက်ရသည်။
ရှောင်လုံလဲ စိတ်ဝင်စားသွားပြီးတော့ သူ့နဲ့လီလူလဲ လူအုပ်ရှိရာကိုသွားပြီး လူအုပ်ထဲဝင်တိုးကာ လူအုပ်အလည်ကအရာကို သွားကြည့်ကျလေသည်။ လူအုပ်ရဲ့အလည်မှာတော့ သတ်လတ်ပိုင်းလောက်ရှိပြီး ဆံပင်တွေဖွာလန်ကျဲကာ အဝတ်စုတ်နဲ့ မျက်နှာ ညစ်ပတ်နေတဲ့ လူကြီး မြေမှာ လှဲလျောင်းနေတာကို တွေ့လိုက်ရသည်။
လူကြီးကမေ့လဲနေပြီးတော့ သူပတ်ဝန်ကျင်မှာ သွေးစက်တွေအများကြီးကိုတွေ့ရပြီး သေချာတာကတော့ အတွင်းဒဏ်ရာရနေတဲ့
လူပြဲဖစ်ရမယ်။
ရှောင်လုံလဲ လဲနေတဲ့လူကြီးကို ခနလောက်အကဲခတ်ပြ်ိးတော့ ခနလောက်တုန့်ဆိုင်းပြီး လူအုပ်အလည်ကိုဝင်ကာ ဒဏ်ရာရနေတဲ့လူကိုမလိုက်လေသည်။ သူကအဆင့်၄ ကိုရောက်နေမှတော့ သူလက်ရဲ့တွေကလဲ သန်မာပြီးတော့ လူကြီးတယောက်ကို အေးဆေးသယ်နိုင်လေသည်။
လီလူလဲရှောင်လုံက လဲနေတဲ့လူကိုမလိုက်တော့ အရမ်းကိုအံသြသွားသည်။
ရှောင်လုံက လီလူကြောင်ပြီးသူ့ကိုရပ်ကြည့်နေတာကိုတွေ့တော့ လဲနေတဲ့လူကို သယ်သွားရင်ပြောလိုက်သည် " သွားကျစို့..."
အဲ့နောက်လီလူလဲ သတိပြန်ရလာပြီး ရှောင်လုံနောက်ကိုပြေးလိုက်ကာ ရှောင်လုံကိုသိချင်စိတ်နဲ့မေးလိုက်လေသည်
"...ရှောင်လုံ......ဒီလူကို နင်ဘာဖြစ်လို့သယ်လာတာလဲ..."
ရှောင်လုံလဲ ပြန်လှည့်မကြည့်ပဲဖြေလိုက်သည်
"..နင့်ကိုငါပြောပြလဲ နင်နားလည်မှာမဟုတ်ဘူး...."
" နင်ပြောတာက နင်ရှင်းပြရင်တောင် ငါကနားမလည်ဘူးပေါ့..."
လီလူလဲ နှုတ်ခမ်းဆူရင်းမျက်နှာကိုမဲ့ကာ ရှောင်လုံကိုဘာမှ ထပ်မမေးဘဲလိုက်လာလေသည်။
လမ်းကျတော့ ရှောင်လုံက လီလူကို လီဂေဟာရဲ့ အနောက်တံခါးဘယ်မှာရှိလဲဆိုတာကိုမေးလိုက်ပြီးတော့ သူတို့အနောက်ဘက်တံခါးကိုဖြတ်ပြီး ဒဏ်ရာရနေတဲ့လူကို လူရှင်းတဲ့နေရာက အခန်းထဲကိုခေါ်
သွားလေသည်။
လဲနေတဲ့လူကိုကြည့်ရင်း ရှောင်လုံကအတွင်းအားကီကို စုလိုက်ကာ
လူကြီးရဲ့ရင်ဘက်ကို လက်ညှိုးနဲ့ချိန်လိုက်ပြီး သွေးကြောအချိုကို လက်ညိုးနဲ့ ထိုးပေးလေသည်။ သူအကြိမ်အနဲငယ်လောက်ထိုးပြီးတဲ့နောက် သူနဖူးကနေ ချွေးတွေအများကြီးကျလာသည်။
လီလူက ဒဏ်ရာရနေတဲ့လူရဲ့ နေရာမျိုးစုံကို လက်ညိုးနဲ့ ထိုးနေတဲ့ ရှောင်လုံကို အံသြစွာနဲ့ ကြည့်နေလေသည်။
"...နင်အစေခံ တယောက်ယောက်ကို အဝတ်အစားတစုံယူလာခိုင်းပြီးတော့ ဒီလူကြီးကိုအတွက် သန့်ရှင်းရေးပါလုပ်ခိုင်းလိုက်ပါလား.."
ရှောင်လုံက အသက်ကို ကိုမှန်မှန်ရှုရင်း လီလူကိုပြောလိုက်သည်။
" အိုး......ကောင်းပြီလေ.." လီလူလဲ အံသြနေရာကနေ ခေါင်းညိတ်ပြီးပြောလိုက်သည်။
ခနကြာတော့ လီဂေဟာရဲ့ အစေခံတယောက်က ဒဏ်ရာရနေတဲ့လူကြီးကိုရေချိုးပေးကာ အဝတ်အစားအသစ်လဲပေးလိုက်သည်။
လူကြီးကတော့ သတိမေ့နေတုံးပဲရှိသေးသည်။
သူလူနာ မနိုးသေးတာကိုတွေ့တော့ ရှောင်လုံကလီလူကို
"...နင်လဲ သွားလို့ရပြီ..."
သူမက ရှောင်လုံကို အဖော်ပြုပြီးဆက်နေချင်သေးတယ်လို့ပြောမယ်
ရှိသေးတယ် ရှောင်လုံက ခပ်မာမာစိုက်ကြည့်လိုက်တဲ့အခါမှာတော့
လီလူက " အဲ့ဒါဆို...ငါသွားတော့မယ်နော်...."
လီလူထွက်သွားပြီး မကြာခင်မှာပဲ သစ်သားကုတင်ပေါ်က ဖေးဟိုလဲ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကာ နိုးလာလေသည်။ သူဘာသာအား
ပြုရင်းနဲ့ ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်တော့ နောက်ဆုံးရှောင်လုံကိုမြင်သွားပြီး သူမျက်နှာမှာ ထူးဆန်းသလိုဖြစ်သွားကာ
" ...ညီလေး....မင်းငါ့ကိုကယ်ခဲ့တာလား...."
" ဟုတ်ပါတယ်...." ရှောင်လုံက ခေါင်းညိတ်ရင်း ဖြေလိုက်သည်။
" ..ငါဘယ်နေရာကိုရောက်နေတာလဲ.."
" ကျွန်တော်တို့....ကန်ဂလန်မြို့တော်ရဲ့ လီဂေဟာကိုရောက်နေတာ..."
ဖေးဟိုလဲ သူကိုယ်သူ အိပ်ရာပေါ်ကနေ ထနိုင်အောင်ကြိုးစားရင်း
မျက်မှောင်ကျုံ့ လိုက်ကာ " ....ကန်ဂလန်မြို့..."
သူမှတ်ညဏ်ထဲမှာတော့ ကန်ဂလန်မြို့နဲ့တူတာဘာမှကို မရှိဘူး။
"...ညီလေး.....အကိုကိုယ်ကယ်ခဲ့တဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်.....အကိုကလုပ်စရာလေးတွေရှိသေးလို့ ..... အကိုအရင်သွားတော့မယ်..." ။ သူအခန်းထဲကနေ ထွက်ဖို့ပြင်နေတုံးမှာပဲ
သူကိုယ်ထဲက ရုတ်တရက်ပြင်ထန်စွာ နာကျင်လာပြီး "..ဝေါ့....." ဆိုတဲ့ သွေးအန်တဲ့အသံနဲ့အတူ ကြမ်းပြင်ပေါ်ကိုလဲကျသွားလေသည်။
ရှောင်လုံလဲ ဖေးဟိုကို ကူညီပြီး ကုတင်ပေါ်တင်ပေးလိုက်ကာ
" ခင်ဗျား ဒဏ်ရာကအရမ်းပြင်းတယ်....ခင်ဗျားခန္ဓာကိုယ်ထဲက သွေး
ကြောတွေအကုန်လုံး ပျက်စီးကုန်ပြီ.....ကျုပ်က ဝိညဉ်ပြန်လက်ညိုး
သုံးပြီးတော့ ခင်ဗျားရဲ့ အရေးကြီးတဲ့ သွေးကြောတွေကို ခနထိန်းပေးထားရုံပဲရှိတယ်....ခင်ဗျားသား မဆင်မခြင်လုပ်မယ်ဆိုရင်...."
ရှောင်လုံလဲ အဓိက အချက်ကိုပြောပြပြီး ရှင်းပြနေတာကိုရပ်လိုက်ကာ အကျိုးဆက်က သေသေချာချာ မြင်နိုင်တယ်မဟုတ်လား။
ရှောင်လုံလဲ ထပ်မရှင်းတော့ပဲ ခေါင်းစဉ်ပြောင်းလိုက်ကာ မေးလိုက်
သည် " .... ခင်ဗျားက အက်ဆူရာဂိတ်က တပည့်မဟုတ်လား..?"
လမ်းပေါ်မှာကတည်းက ရှောင်လုံရဲ့ ဖေးဟိုရဲ့ ဘယ်ဘက်လက်က အက်ဆူရာ တတ်တူးမြင်တော့ အက်ဆူရာဂိတ်ရဲ့တပည့်မှန်း သတိထားမိခဲ့ပြီးတော့ ဒါကြောင့်လဲ ရှောင်လုံက ကယ်ခဲ့ချင်းဖြစ်သည်။
"..ဘာ....? ...မင်းကဘယ်သူလဲ?.....ငါအက်ဆူရာဂိုဏ်သားမှန်း
မင်းဘယ်လိုလုပ်ပြီးသိတာလဲ.." ဖေးဟိုက အလွန်ကိုတုန်လှုပ်သွား
ပြီး ရှောင်လုံကိုစိုးရိမ်စွာနဲ့ ကြည်လိုက်သည်။
"...အ....အာ..အက်ဆူရာလက်စွပ်....!." အမဲရောင်လက်စွပ်ကို
ကြည့်ရင်း ဖေးဟိုရဲ့ကိုယ်ကစိတ်လှုပ်ရှားမှုနဲ့ တုန်လာပြီး သူမယုံကြည်နိုင်စွာနဲ့ပဲ ခနလောက်ကြက်သေလေသည်။
ရှောင်လုံလဲ ဖေးဟိုရဲ့တုန့်ပြန်မှုတွေကို တိတ်တဆိတ်ပဲ ကြည့်နေပြီးတော့ စာရွက်ထဲကမှတ်တမ်းအရ အက်ဆူရာလက်စွပ်က အက်ဆူရာဂိတ်ဂိုဏ်းချုပ်ဖြစ်ကြောင်း သက်သေအထောက်အထားဖြစ်ပြီး
လက်စွပ်ကိုမြင်တဲ့ ဂိုဏ်းသားတိုင်း ဒူးထောက်ပြီးတော့ ရိုသေစွာ ဂါရဝပြုရမယ်ဖြစ်သည်။
ဖေးဟိုလဲ ခနလောက် စိတ်လှုပ်ရှားမှုကြောင့် ကြက်သေသေသွားပြီးတဲ့နောက် သူသတိပြန်လည်လာပြီးတော့ ဒူးထောက်ကာ ရှောင်လုံကို အရိုအသေပြုလိုက်လေသည် " အက်ဆူရာဂိုဏ်းသားဖေးဟို ဂိုဏ်းချုပ်ကြီးဂါရဝပြာပါတယ်....ဂိုဏ်းချုပ်ကြီး သိုင်းကမ္ဘာတခုလုံးကို လွှမ်းမိုးနိုင်ပါစေ..."
ရှောင်လုံရဲ့ ဖေးဟိုရဲ့ တုန့်ပြန်မှုကိုမြင်မှ သက်ပြင်းရှည်ကြ်ိးချလိုက်ကာ တကယ်လို့ ဖေးဟိုသာ သူ့ကို ပုန်ကန်ခဲ့မယ်ဆိုရင် အက်ဆူရာ ဓားသိုင်းနဲ့ သတ်ပလိုက်ဖို့တောင်း စဉ်းစားထားလေသည်။
ဖေးဟိုရဲ့ သွေကြောတွေက ပျက်စီးကာ ပြင်းထန်စွာ ဒဏ်ရာရနေမှတော့ ရှောင်လုံရဲ့ အက်ဆူရာ ဓားသိုင်းကို ဘယ်လိုမှရှောင်နိုင်မှာ
မဟုတ်ဘူးလေ။
"..ဖေးဟို....မင်း မတ်တပ်ရပ်လို့ရပါပြီ..." ဖေးဟိုရဲ့ အလွန်တရာရိုကျိုးတဲ့ ပုံစံနဲ့ မတ်တပ်ရပ်လိုက်လေသည်။ ရှောင်လုံလဲ ဖေးဟိုကိုကြည့်တာနဲ့ သူလဲလေးစားတဲ့အမူအရာက ဟန်ဆောင်တာမဟုတ်ဘဲနဲ့ ရင်ထဲကလာတာဆိုတာကို နားလည်လိုက်သည်။
"..မင်းဘယ်လိုလုပ် ဒဏ်ရာရလာတာလဲ.." ရှောင်လုံက ခနလောက်စဉ်းစားပြီးမေးလိုက်သည်။
" ဟုတ်ကဲ့ပါဂိုဏ်းချုပ်ကြီး....ကျွန်တော်က ငွေလမင်းတောထဲမှာ
အဆင့်၁၀ နတ်ဆိုးဝိညဉ်ပင်ကူကို အမဲလိုက်ရင်းနဲ့ ဒဏ်ရာရလာတာပါ....သူရဲ့အမြုတေကို ဆေးဖော်စပ်ဖို့အတွက်ပါ....ကျွန်တော်မထင်ထားတာက နတ်ဆိုးဝိညဉ်ပင်ကူက အဖိုးအမ နှစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ..." ဖေးဟိုက အနဲငယ် ရှက်သလိုပြောလိုက်သည်။
ဒါဆို သူက တန်ပြန်တိုက်ခိုက်မှုကိုခံလိုက်ရတာပဲ? ရှောင်လုံကစဉ်းစားလိုက်ပြီး ဖေးဟိုက ညဏ်များရပ်စက်တဲ့ အဆင့်၁၀
သားရဲကြီးနှစ်ကောင်စီရဲ့ တန်ပြန်တိုက်ခိုက်မှုကနေတောင်လွှတ်လာတယ်ဆိုတော့ သူလဲ အရမ်းကို အစွမ်းထက်တယ်ထင်တယ်...
အနဲဆုံး သူ့ငါအဖိုးထက်တော့ ပိုပြီးအစွမ်းထက်မှာပဲ ။
#
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း၂၂........ကျွန်လိုကောင်က အရည်အချင်းပြည့်မှီလို့လား
ဖေးဟိုရဲ့ ရှင်းပြချက်ကိုကြားလိုက်တယ်ဆိုရင် ရှောင်လုံလဲ ဖေးဟိုဘာကြောင့် ဒီလိုဒဏ်ရာ ရခဲ့ပြ်ိးတော့ သွေးကြောတွေပျက်စီးခဲ့တယ်ဆိုတာကိုနားလည်သွားသည်။
" မင်ဒဏ်ရာကိုငါအရင်ကုပေးမယ်.....ထိုင်လိုက်အုံး " ရှောင်လုံ
ကခနလောက်စဉ်းစားပြီးပြောလိုက်သည်။ ရှောင်လုံကအက်ဆူရာဂိတ်အကြောင်းကို ပိုပြီးသိချင်ပင်မယ့် ဖေးဟိုရဲ့ ဒဏ်ရာက ပိုပြီးပြင်းထန်တာမို့ သူ့ကိုအရင်ကုပေးဖို့ပဲ ဆုံးဖြတ်လိုက်သည်။
"... ဂုဏ်ချုပ်ကြီး....ကျွန်တော်သွေးပြန်ကြောတွေပျက်စီးကုန်ပြီလား..." ဖေးဟိုက ခနလောက်တုံ့ဆိုင်းပြီး မေးလိုက်သည်။
ပုံမှန်ဆိုရင်သွေးပြန်ကြော ပျက်စီးသွားရင် ဒဏ္ဍာရီထဲကဆေးတွေမှပဲ ပြန်ကုနိုင်လေသည်။
" မင်းဘာမှ စိုးရိမ်စရာမလိုပါဘူး.." ရှောင်လုံက လက်ကိုခါရင်း
" ငါမင်းရဲ့ သွေးပြန်ကြောတွေကို ပြန်ဆက်ပေးမယ်..... ၆လလောက်ပဲ ကြာမှာပါ..."
" ဂိုဏ်းချုပ်ကြီးက.... ကျွန်တော် သွေးပြန်ကြောတွေကို ပြန်ဆက်ပေးနိုင်တယ် ဟုတ်လား...?" ဖေးဟိုက အံသြသွားရင်းမေးလိုက်သည်
သူရှောင်လုံကို ယုံပင်မယ့် အခုဟာကတော့ အရမ်းကို ထူးခြားဆန်းကျယ်လွန်းတယ် မဟုတ်ပါလား။
ဂိုဏ်းချုပ်ကြီး ဒဏ္ဍာရီထဲက ဆေးများရှိနေလားမသိဘူး...?
" အရင်ဆုံးထိုင်လိုက် "
ဖေးဟိုလဲ မေးခွန်းတွေထပ်မေးချင်ပင်မယ့် အမိန့်ကိုတော့ မဆန့်ကျင်ရဲဘူးလေ။ သူထိုင်ပြီးတဲ့နောက်မှာ ရှောင်လုံက ဖေးဟိုရဲ့ နောက်ကျောကို သူ့လက်ဝါနဲ့ထိပြီး သူ့အတွင်းအားတွေကိုလှည့်ပတ်ရင်း
ဖေးဟိုကိုယ်ထဲကို လွှဲပေးလိုက်သည်။ အဲ့အချိန်မှာ ဖေးဟိုက နွေးထွေးတဲ့ စွမ်းအားတွေ သူ့ကိုယ်ထဲကို ဝင်လာတာကို ခံစားလိုက်ရပြီး
ဖေးဟိုလဲချက်ချင်းကို အာရုံစိုက်ကာ ရှောင်လုံနဲ့စွမ်းအားတွေနဲ့ ပူးပေါင်းပြီး သူ့ခန္ဓာကိုယ်ကို ပြန်လည်ကုသလေသည်။
အဲ့လိုနဲ့ တနာရီလောက်ကြာသွားသည်။ ရှောင်လုံလဲ ရပ်လိုက်ပြီး သူ့မျက်နှာကတော့ အားကုန်သဖြင့်ဖျော့တော့နေသည်။
သူရဲ့ ခန္ဓာကိုယ်အသွင်းပြောင်းသိုင်း ကအဆင့်လေးကို ရောက်နေပင်မယ့် သူ့ကိုယ်ထဲက အတွင်းစွမ်းအားတွေကတော့ အနဲငယ်အားနဲသေးသည်။ ရှောင်လုံက ဖေးဟိုကို တနာရီလောက် အတွင်းစွမ်းအားတွေလွှဲပြောင်းပြီးတဲ့နောက် ဖေးဟိုလဲ စွမ်းအားတွေကို လှည့်ပတ်ပြီး သူ့ပြန်ကျန်းမာလာအောင် စွမ်းဆောင်နိုင်နေပြီဖြစ်သည်။
ရှောင်လုံလဲ ဖေးဟို သူ့ဘာသာပြန်ကုနေတာကို ခနလောက်ကြည့်ပြီး အခန်းထဲက ထွက်ကာ သူခြံထဲကိုပြန်လာလေသည်။
ဟောင်ပန်လဲ ရှောင်လုံ ပင်ပန်းလာတာကိုတွေ့တော့ သူလဲထူးဆန်းသွားပြီးတော့ ဒီကောင်လေး လီလူနဲ့ မြို့ကိုပတ်ကြည့်ကျတာမဟုတ်ဘူးလား..?
" ရှောင်လုံ...သား ဘာဖြစ်လာတာလဲ..." ဟောင်ပန်ကမေးလိုက်သည်။
ရှောင်လုံလဲ သူ့အဖေ စိတ်ပူနေတာကိုတွေ့တော့ ရယ်ရင်း
"...အဖေ သားဘာမှမဖြစ်ပါဘူး..."
ဟောင်ပန်လဲ အဲ့ကျမှ သက်ပျင်းချလိုက်ပြီး မေးလိုက်သည်
" လီလူလေးရော ပြန်လာပြီလား.."
ရှောင်လုံလဲ ခေါင်းညိတ်ပြလိုက်သည်။
ရုတ်တရက် ဟောင်ပန်က ပြုံးလိုက်ပြီး သူ့အပြုံးတွေက အဓိပ္ပါယ်တမျိုးဖော်နေပြီးတော့ ရှောင်လုံကို စိုက်ကြည့်ရင်း အရွှန်းဖောက်လိုက်သည် "... လီလူလေးရဲ့ လက်က အရမ်းကိုနူးညံပြီးကိုင်လို့ကောင်းတယ်မလား....? ဒီလိုအချောအလှလေး လက်ကို ကိုင်ပြီး မြို့ကို ပတ်ရတာကောင်းတယ်မလား...?"
ရှောင်လုံလဲ ခနလောက် ကြောင်သွားပြီးမှ ရီပြီး
"...အဖေ... လီလူနဲ့ ကျွန်တော့ ကြားမှာ ဘာအကန့်မှမရှိပါဘူး..."
ဟောင်ပန်လဲ ပြုံးပြီး"....ဟုတ်တာပေါ့ မင်းနဲ့လီလူလေးကြားမှဘာအကန့်မှမရှိပါဘူး...လီလူလေးကသာ တဖတ်သတ်ကြိုက်နေတာမဟုတ်ဘူးလား..." အဲ့နောက် ဟောင်ပန်က ပိုပြီးကျေနပ်စွာပြူံးလိုက်
ပြီး "....သား..မင်းမသိဘူးနော်.... လီလူ မင်းလက်ကို ကိုင်ပြီး ထွက်သွားတော့ ဟိုကောင်စုတ်လေး ဟောင်ဝေမျက်နှာက ခွေးချေးစားမိသလိုပဲကွာ....ရှုံမဲ့နေတာပဲသိလား...."
ရှောင်လုံလဲ ခေါင်းကိုခါရင်းနဲ့ ရီလိုက်လေသည်။
" ဒါပင်မယ့် ရှောင်လုံ မင်း ဟောင်ဝေကိုတော့ သတိထားရမယ်
နော်..." ဟောင်ပန်က လေးနက်စွာပြောလိုက်သည်။
"..... ကျွန်တော်သိပါတယ်အဖေ....တခြားပြောစရာမရှိတော့ရင်....ကျွန်တော် အခန်းကိုပြန်တော့မယ်.."ရှောင်လုံကပြောလိုက်သည်။
ဟောင်ပန်လဲ ခေါင်းညိတ်လိုက်ပြီး" အင်း...သွားနားတော့လေ.."
ရှောင်လုံလဲ အခန်းထဲကိုရောက်တာနဲ ကျောက်စိမ်းကုတင်ကိုထုတ်ပြီး အဲ့နောက် အက်ဆူရာသိုင်းကိုလေ့ကျင့်တော့သည်။
အဲ့လိုညကနေ မနက်ကိုရောက်သွားတော့ ရှောင်လုံလဲ လေ့ကျင့်နေတာကိုရပ်လိုက်တဲ့အခါ သူ့တကိုယ်လုံးလန်းဆန်းနေပြီးတော့ မနေ့
က အားမရှိတာတွေက ပျောက်သွားတာကိုတွေ့လိုက်ရသည်။
ရှောင်လုံလဲ သူ့အခန်းကနေ ဖေးဟိုအခန်းဆိကို သွားလိုက်ပြီးတော့ ဖေးဟိုဆီကိုရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖေးဟိုအပြက်ထွက်လာကိုတွေ့လိုက်သည်။
ဖေးဟိုလဲ ရှောင်လုံကိုမြင်တာနဲ့ ချက်ချင်းဒူထောက်ပြီး အရိုအသေ
ပေးလိုက်ကာ "....ဂိုဏ်းချုပ်ကြီး လောကတခွင်ပြိုင်ဘက်ကင်းသည်...." ( တရုတ်သိုင်းကားတွေထဲကလို အရိုအသေပေးရင် ရွတ်ကျတဲ့ဟာ)
ရှောင်လုံမနေ့ညက သူ့ဒဏ်ရာကိုကိုကုပေးလိုက်တဲ့နောက် ဖေးဟိုက ရှောင်လုံကို ပိုပြီး လေးစားသွားလေသည်။
" မတ်တပ်ရပ်လိုက်ပါ.." ရှောင်လုံက ခေါင်းညိတ်ပြရင်းပြောလိုက်သည်။အဲ့ကျမှသာ ဖေးဟိုလဲ ရိုရိုသေသေနဲ့ မတ်တပ်ရပ်လိုက်သည်။
"...ဖေးဟို တကယ်လို့ တခြားလူတွေရှိရင်.....ငါ့ကို သခင်လေးလို့ပဲ ခေါ်.......သိလား..." ရှောင်လုံက လေသံတိုးတိုးနဲ့ ပြောလိုက်သည်။ " ပြီးတော့ အဲ့ ဂိုဏ်းချုပ်ကြီး လောကတခွင် ပြိုင်ဘက်ကင်းတယ်လို့ အော်တာကိုလဲ ရပ်လိုက်..."
ရှောင်လုံလဲ အရင် ဂိုဏ်ချုပ် ရန်ဝူကောင်း ချမှတ်ထားတဲ့ စည်းကမ်းမှန်းသိပင်မယ့် အဲ့ ဂိုဏ်းချုပ်ကြီး လောကတခွင်ပြိုင်ဘက်ကင်းသည် ဆိုတာကြီးကိုကြားတိုင်းစိတ်ထဲမှာကြောင်တောင်တောင်ကြီး ဖြစ်သွားလေသည်။
ဖေးဟိုက ခနလောက် တုန့်ဆိုင်းပြီးမှ " ဂိုဏ်းချုပ်ကြီး.....အဲ့ ဂိုဏ်းချုပ်ကြီး လောကတခွင် ပြိုင်ဘက်ကင်းသည် ဆိုတာက အရင်ဂိုဏ်းချုပ်ချမှတ်ထားတဲ့ စည်းကမ်းပါ.....တကယ်လို့ ကျွန်တော်တို့ ရပ်လိုက်ရင်...?"
ရှောင်လုံလဲ လက်ကိုခါရင်း " ဒိစည်းကမ်းတွေကို ဆရာသတ်မှတ်ထားတယ်ဆိုတာ ငါသိပါတယ်....ဒါပင်မယ့် စည်းကမ်းဆိုတာ လူတွေက သတ်မှတ်တာမလား....ငါက အခုလက်ရှိဂိုဏ်းချုပ်ပဲလေ
အဲ့တော့ ငါအခုအဲ့စည်းကမ်းကို ပယ်ဖျက်လိုက်ပြီ..."
ဆရာ...? ဖေးဟိုလဲ ရှောင်လုံက အရင်ဂိုဏ်းချုပ်ကို ဆရာလို့ ပြောလိုက်တော့ သူ့တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို အရမ်းသိချင်သွားသည်။ နောက်မှ သူစဉ်းစားမိပြီး...ဟုတ်တာပေါ့ အရင်ဂိုဏ်းချုပ်ရဲ့ တပည့်ကလွဲလို့ ဘယ်သူက အက်ဆူရာ ဂိတ်ရဲ့ ဂိုဏ်းချုပ်လုပ်လို့ရမှာလဲ...?
ဖေးဟိုလဲ ချက်ချင်းပြန်ဖြေလိုက်ပြီး "....ဂိုဏ်းချုပ်ရဲ့ အမိန့်တိုင်းပါ...."
"... မင်းဒဏ်ရာက ဘယ်လိုနေသေးလဲ...."ရှောင်လုံကမေးလိုက်သည်။
" ကျွန်တော့ ဒဏ်ရာက ၇၀ရာခိုင်နှုန်းလောက် ပြန်ကောင်းလာပါ
ပြိ်...သုံးရက်လောက်ဆို ကျွန်တော့ဒဏ်ရာတွေက ပျောက်ပါပြီ...
ဒါပင်မယ့် ကျွန်တော့ သွေးပြန်ကြောတွေကတော့ ..." ဖေးဟိုစကားက အဲ့နေရာမှ ရပ်သွားသည်။
" မင်း.....မင်းရဲ့ သွေးပြန်ကြော ကိစ္စကို စိတ်မပူပါနဲ့... အခုငါ့ကို
အက်ဆူရာဂိတ်ရဲ့ လက်ရှိအခြေအနေကို ပြောပြစမ်းပါ..."
အဲ့ဒါကိုကြားတော့ ဖေးဟို မျက်နှာက စိတ်ရှုပ်သွားသလိုဖြစ်သွားသည်။
".... ဘာဖြစ်လို့လဲ......" ရှောင်လုံက မျက်မှောင်ကြုံရင်းမေးလိုက်သည်။
ရှောင်လုံရဲ့ အမူအရာကိုမြင်တော့ ဖေးဟိုလဲ ရှောင်လုံအထင်လွဲသွားတာကိုသိလိုက်ပြီး မြန်မြန်ပြန်ဖြေလိုက်သည် "....ဂိုဏ်းချုပ်ကြီး
ကျွန်တော့ မပြောပြချင်တာမဟုတ်ပါဘူး...အမှန်တိုင်းပြောရင်
ကျွန်တော်လဲ ဘာမှန်းသေချာမသိလို့ပါ...."
"...သေချာမသိဘူး..?" ရှောင်လုံလဲ အံသြသွားသည်။
"... ဟုတ်ပါတယ်...." ဖေးဟိုက ခေါင်းညိတ်ပြရင်း အဲ့နောက် သူလဲ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကမှ အက်ဆူရာဂိတ်ဂိုဏ်းထဲကို အဖွဲ့ဝင်ခဲ့ပြီးတော့ သိုင်းဋ္ဌာနချုပ်ကို တခါမှ မရောက်ဘူးဘူးဆိုတာကို ရှောင်လုံကို ရှင်းပြလိုက်သည်။
လွန်ခဲ့တဲ့ နှစ်၂၀ဆယ်တုံးကဖေးဟိုလဲ အက်ဆူရာဂိတ်ရဲ့ အကြီးအကဲတယောက်နဲ့တွေ့ပြီးအဲ့အကြီးအကဲက သူ့ကို တပည့်အဖြစ်လက်ခံခဲ့လိ့ သူ့အက်ဆူရာဂိတ်ရဲ့ ဂိုဏ်းသားဖြစ်လာတာပဲ ဖြစ်သည်။
ဒါပင်မယ့်သူ့ဆရာက သူ့ကို အက်ဆူရာဂိတ်ရဲ့ ဋ္ဌာနချုပ်အကြောင်းကိုတော့ တခါမှမပြောပြဘူးဘူး။
သူ့ဆရာနာမယ်က..... ယူမင်း
" ဒါပင်မယ့် ဆရာက လွန်ခဲ့တဲ့ နှစ်၅၀ က အရင်ဂိုဏ်းချုပ်ပျောက်သွားတာကိုတော့ ပြောပြခဲ့တယ်.... အဲ့နောက် အက်ဆူရာဂိတ်ထဲမှာ ဂိုဏ်းချုပ်နေရာကို အားပြိုင်မှုတွေ ပေါ်လာပြီးတော့ အဖွဲ့နှစ်ဖွဲ့ ကွဲသွားခဲ့တယ်လို့ပြောခဲ့ပါတယ်...." ဖေးဟိုက ပြောလိုက်သည်။
"..... အဖွဲ့ နှစ်ဖွဲ့ကွဲသွားတယ်...." ရှောင်လုံက မျက်မှောင်ကြုံရင်နဲ့
မေးလိုက်သည် " ....ဒါဆို အခု မင်းဆရာကဘယ်မှာလဲ..."
"..လွန်ခဲ့တဲ့ ၃ နှစ်တုံးကကျွန်တော်တို့ လမ်းခွဲခဲ့ပြီးတော့ အဲ့ထဲက ဆရာကိုမတွေ့တော့ဘူး...ဆရာပြောခဲ့တာတော့ မိုဟီနိုင်ငံက အင်ပါယာ မြို့မှာ သူ့လုပ်စရာတွေရှိတယ် လို့ပြောခဲ့တယ်..." ဖေးဟိုက ပြန်ဖြေလိုက်သည်။
"မိုဟီ နိုင်ငံ" ရှောင်လုံလဲ မိုဟီနိုင်ငံကို ကြားဘူးပြီး ရှောင်လုံရှိတဲ့
လူတောင်း နိုင်ငံနဲ့ ဆိုရင် အရမ်းဝေးတဲ့ နေရာမှာတည်ရှိလေသည်။
မိုဟီနိုင်ငံကနေ ဒီကိုလာဖို့ဆိုရင် သူဆယ်နိုင်ငံထက်မကကို ကျော်ဖြတ်ရမှာပဲ။
ကြည့်ရတာ အက်ဆူရာဂိတ်အကြောင်း သေချာ စုံစမ်းဖို့က အခုတော့ မဖြစ်နိုင်သေးဘူးထင်တယ် ဟု ရှောင်လုံက တွေးလိုက်သည်။
အဲ့အချိန်မှာ လီလူက အဝေးကနေ ပြေးလာပြ်ီးတော့ ရှောင်လုံကိုမြင်တော့ နှစ်လိုဖွယ်ပြုံးပြလိုက်ကာ "...ရှောင်လုံ... နင်ဒီမှာ ရှိမယ်ဆိုတာငါသိသားပဲ....သွားကျစို့ ဧည့်ခံပွဲက သိပ်မကြာခင်စတော့မှာ.....အခုသွားကျမယ်လေ..."
ရှောင်လုံလဲ လီလူကို မြင်တော့ ခေါင်းစကိုက်လာပြီးတော့ ဖေးဟိုကိုလှည့်ကြည့်ရင်းပြောလိုက်သည် " ငါနဲ့လိုက်ခဲ့..."
" ဟုတ်ကဲ့... သခင်လေး... " ဖေးဟိုက ရိုသေစွာ ပြန်ဖြေလိုက်သည်။
လီလူက ရှောင်လုံကို သခင်လေးလို့ ခေါ်တာကို ကြားတော့ အံသြ
သွားပင်မယ့် သိပ်မစဉ်းစားတော့ဘဲ ရှောင်လုံလက်ကို ဆွဲကာ ခြံဝန်းထဲကနေ ပြေးထွက်သွားတော့သည်။ ရှောင်လုံလက်ကို ဆွဲတာက သူမရဲ့ အကျင့်တခုလို ဖြစ်လာလေသည်။
ရှောင်လုံက သူ့လက်ကို ပြန်ရုန်းထွက်ချင်ပင်မယ့် လီလူကသူ့လက်ကို သေချာကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားတာကိုမြင်တော့ ရှောင်လုံလဲ အံသြသွားလေသည်။ အဲ့နောက်မှာတော့ ရှောင်လုံလဲ သူလက်ကို ပြန်ဆွဲယူဖို့ အစီအစဉ်ကို လက်လျော့လိုက်ရလေသည်။
သူတို့ဧည့်ခံပွဲကိုရောက်တော့ သူတို့လိုပဲ အခုမှရောက်လာတဲ့ ဟောင်ပန်တို့လူစုနဲ့ သွားတွေ့လေသည်။
လီလူက ရှောင်လုံလက်ကိုဆွဲထားတာကို ဟောင်ဝေမျက်နှာပျက်သွားပင်မယ့် သူချက်ချင်းပြန်ပြင်လိုက်သည်။ ဟောင်ပန်ကတော့ ရှောင်လုံကို အဓိပ္ပါယ်ရှိတဲ့ အပြုံးနဲ့ ပြုံးပြလိုက်ကာ လက်မထောင်ပြတာကို မြင်တော့ ရှောင်လုံလဲ ဘာပြောရမလဲကိုမသိဖြစ်သွားလေသည်။
သူတို့အားလုံး ဧည့်ခန်းမထဲဝင်ကာ နေရာယူပြီးတဲ့နောက် ဟောင်ကိုက်ကိုတော့ အဓိကစားပွဲမှာလီမူနဲ့ အတူထိုင်နေတာကိုတွေ့လိုက်သည်။ ရှောင်လုံလဲ ထိုင်တော့မယ့်ဆဲဆဲမှာ လီလူကရှောင်လုံလက်ကိုဆွဲပြီး သူမဘေးကိုခေါ်လိုက်သဖြင့် ဖေးဟိုလဲ ရှောင်လုံနောက်က ကပ်ပါလာလေသည်။
ဟောင်ပန် ၊ ဟောင်ကိုက်နဲ့ တခြားသူတွေကလဲ ရှောင်လုံနောက်က ဖေးဟိုကို သတိထားမိသွားကျသည်။ သူတို့ထင်တာက ရှောင်လုံ မြို့ကို ပတ်ကြည့်တုံး ကျွန်စျေးကနေ ဖေးဟိုကို ဝယ်လာခဲ့တယ်လို့ ထင်သွားကျပြီး ဘယ်သူမှတော့ဘာမှ မမေးတော့ဘူး။
ဘေးကစားပွဲတွေလွတ်နေပင်မယ့် ဖေးဟိုက သူနောက်မှပဲ ရပ်နေတာကိုတွေ့တော့ ရှောင်လုံစိတ်ထဲမှာ အဆင်မပြေတာနဲ့ ".....ဖေးဟို... တခြားတနေရာမှာ ထိုင်ဖို့နေရာရှာလိုက်...." ပြီးတော့ ဖေးဟိုက မြေကြီး အဆင့်၁၀ သူရဲကောင်းမဟုတ်လား။
သူပြောပြီးယုံပဲရှိသေးတယ် ဟောင်ဝေက မောက်မာတဲ့ လေသံဖြင့်
ကျယ်လောင်စွာ "......ထိုင်....ဟူတ်လား....ရှောင်လုံ ဒိနေ့က ဂိုဏ်းချုပ်ကြီး လီရဲ့ မွေးနေ့ဧည့်ခံပွဲလေ....မင်းဝယ်လာတဲ့ ကျွန်လိုကောင်က ဒီမှာ ထိုင်ဖို့ ထိုက်တန်လို့လား..."
#
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၂၃..........
ရှောင်လုံလဲ ဟောင်ဝေကိုလှည့်ကြည့်လိုက်တော့ အေးစက်စက်လေသံနဲ့ " သူသာ ဒီနေရာမှာထိုင်ဖို့မသင့်တော်ဘူးဆိုရင် မင်းက ပိုတောင်ထိုင်ဖို့ အဆင့်မရှိသေးဘူးကွ....."
"...ဘာ......ရှောင်လုံ.......မင်း....."
ဟောင်ဝေက ဒေါသထွက်စွာနဲ့အော်လိုက်သည်။သူကအဆင့်၁၀ သိုင်းဝိညဉ်ကို ပိုင်ဆိုင်တဲ့ သူတယောက် ပြီးတော့ ဟောင်ကလန်ရဲ့ အနာဂတ် ဂိုဏ်းချုပ်ဖြစ်လာမယ့်သူ ဒါကိုတောင်ရှောင်လုံက
သူ့ရဲ့ကျွန်နဲ့ နှိုင်းယှဉ်ပြီးတော့ အဆင့်မရှိဘူးလို့ပြောချင်တာလား.?
အဲ့အချိန်မှာ ဟောင်ကိုက်က ဝင်ပြောလိုက်သည်
"...တော်ကျတော့......ငါတို့အခုက လီဂိုဏ်းချုပ်ရဲ့ မွေးနေ့ပွဲကို
ရောက်နေတယ်ဆိုတာနော်...." သူ့အဖိုးပြောသံ ကြားတော့ ဟောင်ဝေက ရှောင်လုံကို အငြိုးကြီးတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်သည်။
ဟောင်ကိုက်က ရှောင်လုံကိုကြည့်ပြီး "...ရှောင်လုံ ဒိလူက မင်း
ဝယ်လာတဲ့ ကျွန်လား.... သူက ဒီမှာ ထိုင်လို့မရဘူးနော်..."
ရှောင်လုံလဲ မျက်ခုံးတွန့်လိုက်ပြီး ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူ့အဖိုးက ဟောင်ဝေကိုပဲ မျက်နှာလိုက်တာပဲ သိုင်းဝိညဉ်နှိုးထပွဲ ပြီးထဲက ဟောင်ကိုက်ရဲ့ သဘောထားတွေက ဟောင်ဝေကိုပဲ အရေးပေးတာပဲမလား။
ပြီးတော့ လီလူသာ ထပ်ခါထပ်ခါ ရှောင်လုံကိုမွေးနေ့ပွဲလာဖို့ မပူဆာဘူးဆိုရင် သူ့အဖိုးက ရှောင်လုံကို မွေးနေ့ပွဲတောင်ခေါ်လာမှာမှမဟုတ်တာ။
ဟောင်ကိုက်ကပဲ ထပ်ပြောလိုက်သည် " ခန်းမထဲကထွက်ပြီး
ခြံထဲမှာသွားစောင့်နေဖို့ မင်းကျွန်ကိုပြောလိုက်...." ။
ထွက်သွားရမယ်ဟုတ်လား....? ရှောင်လုံလဲပိုဒေါသ ထွက်လာပြီး
သူ့အဖိုးဆိုလိုတာက ဖေးဟိုက ဒီနေရာမှာတောင် မတ်တပ်ရပ်နေဖို့
မထိုက်တန်တာလား?
".... ရှောင်လုံး မင်းအဖိုးပြောနေတာကိုမကြားဘူးလား....မင်းရဲ့
ကျွန်ကို မြန်မြန်သွားခိုင်းလိုက်တော့.....ငါတို့ကအခု ဂိုဏ်းချုပ်ကြီးလီ
ရဲ့မွေးနေ့ပွဲမှာနော်.... မင်းက မင်းကျွန်ကိုခေါ်လာပြီးတော့ မင်းဘာသာပွဲလုပ်နေတာလား..." ဟောင်မင်းကလဲ လေသံမာမာနဲ့
ဝင်ပြောလိုက်သည်။
ထွက်သွားရမယ်? ရှောင်လုံက ဒေါသထွက်လာပြီး လှောင်ပြုံးပြုံး
လိုက်ကာ " ...ငါ့ကျွန်က အသစ်ပင်မယ့် ခင်ဗျားအမိန့်ပေးစရာမလိုပါဘူး.."
"... မင်း...." ဟောင်မင်းက မျက်လုံးတွေ ပြုတ်ထွက်လာမတတ်ဒေါသထွက်လာပြီး ရှောင်လုံက ဒိလိုပွဲမျိုးမှာ သူ့ကို ပြန်ခံပြောမယ်လို့
သူမထင်ထားဘူးလေ။
"...ရှောင်လုံ....တော်တော့..." ဟောင်ပန်က ဝင်ပြောလိုက်သည်။
"...မင်းအဖိုး ခိုင်းတဲ့ သူ့ကို ခြံထဲကိုပြန်ခိုင်းလိုက်..." ဟောင်ပန်လဲ
သူ့အဖေနဲ့ သဘောထားချင်းတူပင်မယ့် ဟောင်ကိုက်နဲ့ ဟောင်မင်းတို့ စကားတွေက လွန်တယ်မဟုတ်လား ဒါပင်မယ့်သူလဲ ဒီလိုနေရာမျိုးကို
ကျွန်တယောက်ခေါ်လာဖို့မသင့်ဘူးလို့ပဲ ထင်နေတယ်။
ရှောင်လုံလဲသူဒေါသကို ထိန်းချုပ်ရင်းနဲ့ ဖေးဟိုကိုခေါင်းညိတ်ပြလိုက်ရင်း ".... ဖေးဟို ငါ့ကို ခြံထဲကနေပဲစောင့်နေတော့.."
ဖေးဟိုက တည်တည်ငြိမ်ငြိမ်နဲ့ပဲ " ဟုတ်ကဲ့ပါ....သခင်လေး...."
သူက ရှောင်လုံကို ရိုသေစွာ အလေးပြုပြီးနောက်ထွက်သွားတော့သည်။
အဲ့အချိန်မှာပဲ ခန်းမဆောင်အပြင်ဘက်က ရယ်သံကြားလိုက်ရပြီး
အကုန်လုံးကကြည့် လိုက်ကျတော့ လီဂိုဏ်းချုပ်ကြီး လီမူက သူ့သားလီချန်အပြင် တခြား ဧည့်သည်တွေနဲ့အတူ အစောင့်တွေရဲ့ကာကွယ်မှုနဲ့ ဟောခန်းမထဲကို ဝင်လာလေသည်။
သူတို့ကိုမြင်တော့ အကုန်လုံးမတ်တပ်ထရပ်လိုပ်ကျသည် ။
ဒါပင်မယ့် လီမူတို့လူစု ဟောခန်းမထဲဝင်မယ့်ဆဲဆဲမှာ စိုးရိမ်တဲ့ အသံကိုကြားလိုက်ရသည် "...ဂိုဏ်းချုပ်ကြီး....ဂိုဏ်းချုပ်ကြီး...
အခြေအနေတွေ....မကောင်းတော့ဘူး"
အဲ့အသံကြားတော့ ရယ်သံတွေအကုန်တိတ်သွားပြီး လီမူနဲ့ အတူ လူတွေအကုန်လုံးလဲ အံသြပြီးနောက်ကို လှည့်ကြည့်လိုက်ကျသည်။
ကြောက်ရွံနေပြီး ပျာယာခတ်နေတဲ့ အစောင့်တယောက်က ပြေး
လာပြီး လီမူနားရောက်တော့ အသက်ကို ခက်ခက်ခဲခဲရှုလိုက်ပြီး သူ့လက်ညှိုးတွေ လီဂေဟာဝင်ပေါက်ကို ထိုးပြလိုက်ပြီး တုန်နေတဲ့ အသံနဲ့
".... ဂိုဏ်ချုပ်ကြီး.....အပြင်.....အပြင်မှာ..."
" အပြင်မှာ..? အပြင်မှာဘာဖြစ်လို့လဲ....." လီမူက ဒေါသတကြီးနဲ့ အော်မေးလိုက်သည်။
"....အပြင်.......အပြင်မှာ အခေါင်းကြီးရောက်နေတယ် "
လီဂေဟာအစောင့်က တုန်နေတဲ့ အသံနဲ့ ပြန်ဖြေလိုက်သည်။
"...ဘာ....အခေါင်းကြီးဟုတ်လား?..."
" ဘာများဖြစ်တာလဲမသိဘူး.." ဟောခန်းထဲက လီမူကို ဂုဏ်ပြုဖို့ရောက်နေကျတဲ့ လူတွေအကုန်လုံးက တယောက်နဲ့ တယောက်တီးတိုးပြောကျလေသည်။
လီမူလဲ နှလုံးခုန်မြန်သွားပြီး တည်ကြည်သွားကာ
" သွားကျမယ်..."
အဲ့နောက် လီမူနဲ့ သူ့သားလီချန်တို့လဲ လီဂေဟာရဲ့ ဝင်ပေါက်ဆီကို ခပ်မြန်မြန်လမ်းလျှောက်သွားကျသည်။ တခြားလူတွေအကုန်လဲ သူ
တို့နောက်က လိုက်လာကျလေသည်။
".... ငါတို့လဲ အခြေအနေကို သွားကြည့်ရအောင်...." ဟောင်ကိုက်ကပြောပြီး ရှောင်လုံတို့နဲ့ အတူလီဂေဟာဝင်ပေါက်ဆီကို သွားကျသည်။ လီလူလေးလဲ ရှောင်လုံဘေးကကပ်လိုက်လာပြီးတော့ သူ့မလဲ သူ့အဖိုးရဲ့ မွေးနေ့ပွဲမှာ ဘာလို့အခေါင်းကြီးလာထားလဲဆိုတာ မသိပင်မယ့် တခုခုတော့ မကောင်းတော့ဘူးဆိုတာ နားလည်လိုက်သည်။
ရှောင်လုံတို့ ဝင်ပေါက်ဆီကို ရောက်တော့ အနီရောင်အခေါင်းကြီကိုလီဂေဟာရဲ့ အဝမှာတွေ့လိုက်လေသည်။ ဒီအခေါင်းမှာလူသွေးတွေနဲ့ ရဲရဲနီနေပြီး သွေးနံတွေကိုလဲ အခေါင်းထဲကရလေသည်။
လူအားလုံးလဲ စိတ်ရှုပ်စရာမြင်ကွင်းကိုမြင်ပြီး ရင်ဘတ်ထဲမှာ တင်းကျပ်ကုန်ကျသည်။
လီမူလဲ အခေါင်းဆီကိုလျှောက်လာရင်း နဲ့ ဒေါသထွက်စွာ
"...ဘယ်လူယုတ်မာက လီဂေဟာကို ပြသနာလာရှာရဲတာလဲ..
ထွက်လာခဲ့စမ်း...." လီမူအော်လိုက်တာနဲ့ ပတ်ဝန်ကျင်မှာ အသံ
လှိုင်းတွေကလေထဲမှာ ခြင်္သေ့ပုံစံကြီးဖြစ်လာကာ ခြင်္သေ့ကြီးကအဆတ်မပြတ် ဟိန်းဟောက်လေသည်။
လူတွေအကုန်လဲ အံသြစွာနဲ့ လေထဲက ခြင်္သေ့ကြီးကို ကြည့်လိုက်ကျသည်။ ရှောင်လုံလဲသူ့အဖေတခါ ပြောပြဘူးတဲ့ လီမူလေ့ကျင်တဲ့ တိုက်ပွဲစွမ်းရည်ကို ပြန်သတိရပြီး ဒါဟာ အလယ်အဆင့်
လျှို့ဝှက်ဆန်းကျယ် တိုက်ပွဲစွမ်းရည် အမျိုးအစား..
ကောင်းကင်ခြင်္သေ့ဟိန်းသံပဲ.......
ခနလောက်ကြာတော့ ခြင်္သေ့ကြီးလဲ လေထဲက တဖြည်းဖြည်းပျောက်သွားပြီး တိတ်ဆိတ်သွားလေသည်။
"....ဟား.....ဟား...." လှောင်သံတခုက ထွက်ပေါ်လာပြီး
သူတို့အသံထွက်လာတဲ့သူကိုကြည့်လိုက်တော့ " လူအိုကြီးလီ....
ဒိနေ့ကမင်းရဲ့ အသက်ရှစ်ဆယ်ပြည့်တဲ့မွေးနေ့မလား....ဒါကြောင့်
ငါကမင်းကိုမွေးနေ့လက်ဆောင်ပေးတာလေ...မင်းပျော်သင့်တာပေါ့
ဘာလို့ ဒေါသထွက်နေရတာတုံး.? ဒေါသထွက်တာများရင် အသက်တိုတယ်ကွ သိရဲလား...."
လီမူလဲ လေပေါ်ပျံလိုက်ကာ ကျယ်လောင်စွာဟစ်ကျွေးပြီး သူ့လက်ဝါးနဲ့ ရိုက်ထုတ်လိုက်ရင်ပဲ လက်ဝါးရာတွေအများပြီး ထွက်လာပြီး
အဲ့ဒါတွေက လည်ပတ်သွားကာ ကြီးမားတဲ့ လေမုန်တိုင်းကြီး ဖြစ်လာလေသည်။
" တိမ်လေလက်ဝါး"
လက်ဝါးရာကနေ ဖြစ်လာသော ကြီးမာတဲ့ လေမုန်တိုင်းကြီးက အရှေ့ဘက်က အဆောက်အအုံကြီးကို လွှမ်းခြုံသွားပြီး ရုတ်တရုက်
ညင်သာတဲ့အစိမ်းရောင်လက်သီးရာကြီးက လေကိုဖောက်ထွင်းလာကာ လီမူရဲ့
လက်ဝါးရာနဲ့ ထိပ်တိုက်တွေ့ကျလေသည်။
စွမ်းအားနှစ်ခုတိုက်မိကျပြီး နားကမ်းမတတ်ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။အဲ့နောက် အစိမ်းရောင်အရိပ်နှစ်ခုက လေထဲကို ပေါ်ထွက်လာလေသည်။
ရှောင်လုံတို့အားလုံးလဲ အဲ့လူနှစ်ယောက်ကို ကြည့်လိုက်တော့ သူတို့ရဲ့ကိုယ်မှာ မြွေလိုအကြေးခွံတွေရှိပြိး မျက်လုံးတွေကမဲနက်ကာ သူတို့မျက်နှာကလဲ အစိမ်းရောင်အစင်းရောင်တွေနဲ့ သူတို့အနောက်
ဘက်မှာတော့ မြွေလိုအမြီးတချောင်စီးပေါက်နေတာကိုတွေ့လိုက်သည်
" ဝိညဉ် ပြောင်းလဲခြင်း..." ရှောင်လုံလဲ အံသြစွာနဲ့ ရေရွယ်လိုက်သည်။
သူရဲကောင်းတွေက မြေကြီးအဆင့်၇ကို ရောက်တဲ့အခါ သူတို့ရဲ့ သိုင်းဝိညဉ်က နောက်တကြိမ်းပြောင်းလဲပြီးတော့ သူရဲကောင်းရဲ့ ကိုယ်နဲ့ သိုင်းဝိညဉ်ကို သူတို့ချိတ်ဆက်လိုတဲ့အခါ ပေါင်းစပ်နိုင်လေသည်။ ဒီစွမ်းရည်ကို ဝိညဉ်ပြောင်းလဲခြင်းလိုခေါ်လေသည်။ ဝိညဉ်ပြောင်းလဲနောပြီးတဲ့နောက်မှာတော့ သူရဲကောင်းတွေက ဝိညဉ်ရဲ့ မွေးရာပါ အစွမ်းကို အသုံးပြုနိုင်လေသည်။ ဒါဆို ဒိလူရဲ့ သိုင်းဝိညဉ်က
အဆိပ်မြွေပဲ ဝိညဉ်ပြောင်းလဲပြီးတဲ့နောက်မှာ ဒိလူရဲ့ကိုယ်ထဲမှာ
အဆိပ်တွေရှိနေမှာပဲ။
သေချာတာကတော့ ဒီသိုင်းဝိညဉ်နှစ်ခုက မြွေအမျိုးအစားထဲက
ဖြစ်ပြီးတော့ ကြည့်ရတာ အဆိပ်အပြင်းဆုံး မြွေသိုင်းဝိညဉ်ထင်တယ်။
" ဟေး......ဟေး.....အဖိုးကြီးလီ.....မင်းရဲ့ တိမ်လေလက်ဝါးက
ဒိလောက်ပဲလားကွ...."
" ငါတို့မင်းကို အခုတော့မသတ်သေးဘူး.....ဒါပင်မယ့် သုံးနှစ်အတွင်းမှာ မင်းရဲ့ အသက်ကို သေချာပေါက် လာယူမယ်..."
" အခေါင်းကိုဖွင့်ကြည့်လိုက်.....ငါတို့ဆီက မွေးနေ့လက်ဆောင်ကို မင်းတွေ့လိမ့်မယ်...."
နှစ်ယောက်လုံးက လှောင်ပြုံးပြုံးလိုက်ကာ သူတို့နှစ်ယောက်က ရုတ်တရက် အစိမ်းရောင် အလင်းတန်းနှစ်ခုလို
အားလုံးမျက်စိရှေ့ကနေ ပျောက်ကွယ်သွားလေသည်။
လီမူလဲ သူတို့နှစ်ယောက်ချက်ချင်းထွက်ပြေးသွားမယ်လို့ မထင်ထားဘူး ။ သူ့အသိပြန်ဝင်လာတဲ့အခါမှာတော့ သူတို့နောက်ကိုလိုက်ဖို့ နောက်ကျသွားပြီမလား..။
"..အဖေ.." လီချန်က လီမူနားကိုလျှောက်လာလိုက်သည်။အဲ့နောက် သူက အဖုံးပိတ်ထားတဲ့ အခေါင်းကြီးကို ကြည့်ရင်း
"...ဖွင့်လိုက်ရမလား...အဖေ..."
လီမူလဲနောက်လှည့်ကာ သက်ပြင်းရှည်ကြီးချလိုက်ရင်း
" .... ဖွင့်လိုက်....."
*************
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း၂၄.... ချစ်တဲ့သူတွေကိုကာကွယ်ရန်
လီမူပြောပြီးတဲ့နာက်မှာ လီချန်လဲစိတ်လှုပ်ရှားစွာနဲ့ပဲ သွေးတွေနဲ့ရဲရဲနီနေတဲ့အခေါင်းကြီးဆီကိုလျှောက်လာလိုက်သည်။ သူ့လက်ကအခေါင်းရဲ့အဖုံးကိုတွန်းဖွင့်လိုက်တယ်ဆိုရင်ပဲ အသက်၁၇-၁၈နှစ်အရွယ်လောက်ရှိတဲ့ ကောင်လေးရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရသည်။
ကောင်လေးရဲ့ကိုယ်က အရေပြားတွေက အစိမ်းရောင်သမ်းနေပြီးတော့ မဲမတတ်ဖြစ်နေသည်။ လီချန်က သေနေတဲ့ လူငယ်ရဲ့ဘမျက်နှာကိုတွေ့လိုက်တော့ တကိုယ်လုံးတုန်သွားကာ မျက်လုံးကရဲရဲနီလာပြီးမျက်ရည်တွေ ကျလာကာ
" ဖန်အာ......! ဒါငါ့သားဖန်အာပဲ..." လီချန်လဲ အလောင်းကိုအခေါင်းထဲကနေ ထုတ်ပြ်ိးတင်းတင်းကျပ်ကျပ်ဖက်လိုက်လေသည်။
"....သားလေဖန်အာ....."
"...မင်းသေတယ်ဆိုတာမဖြစ်နိုင်ဘူး....ဖန်အာရေ...."
လီချန်ရဲ နှလုံကြေကွဲဖွယ်ငိုကြွေသံကြ်ိး ထွက်ပေါ်လာလေသည်။
လီမူကိုယ်တိုင်လဲ လူငယ်ကိုမြင်တော့ အရင်တည်ကြည်မှုတွေကို ဂရုမစိုက်နိုင်ဆော့ပဲ မျက်လုံးက မျက်ရည်တွေကျလာလေသည်။
"...အကိုကြီး.....အကိုကြီး...." အဲ့အချိန်မှာ ရှောင်လုံဘေးမှာရပ်နေတဲ့ဘလီလူကလဲ လူငယ်ရှိရာကိုပြေးထွက်လာပြီး လူငယ်ရဲ့ ပခုံးကို ကိုင်လှုပ်ကာ ရှိုက်ကြီးတငင်ငိုလေသည်။
"...အကိုကြီးရေဘာဖြစ်တာလဲ.....အကိုကြီးထပါအုံး....အကိုကြီးကိုမသေစေချင်သေးဘူး....ညီမလေးကိုထမကြည့်တော့ဘူးလား.."
လီလူလဲငိုနေရင်းအသံတိမ်သွားတာ အသံထပ်မထွက်နိုင်တော့ဘူး။
ဲအချိန်မှာ အစောင့်တွေ အစေခံတွေနဲ့ လီဂေဟာကသိုင်းသမားတွေလဲအကုန်ငိုကျွေးကျလေသည်။ သေသွားတဲ့ လူငယ်လေးက လီလူရဲ့အကို လီဖန်ဖြစ်ပြီးတော့ လီချန်ရဲ့ တဦးတည်းသောသားလဲ ဖြစ်သည်။ လီဖန်ကလဲအရမ်းကို အစွမ်းအစရှိပြီး လီလူလိုပဲအဆင့်၉ သိုင်းဝိညဉ်ကိုပိုင်ဆိုင်လေသည်။
လွန်ခဲ့့တဲ့ သုံးနှစ်တုံးက လူတောင်းနိုင်ငံမှာ ထင်ရှားတဲ့ တိမ်တောင်ဂိုဏ်းက သူ့ကိုမျက်စိကျခဲ့ပြီး အတွင်းသိုင်းတပည့်အဖြစ် ရွေးချယ်ချင်းကိုခံလဲ့ရသည်။ သူကအသတ်ခံရပြီး လီမူရဲ့ မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ်ပြန်ပေးခံရမယ်လို့ညဘယ်သူကမှ မထင်ထားခဲ့ဘူး။
ဂိုဏ်ခေါင်းဆောင်တွေ တခြားသိုင်းမိသားစုတွေလဲ အကုန်အံသြထိန့်လန့်ကုန်ကျလေသည်။ သူတို့ကလီဂိုဏ်းချုပ်ရဲ့ အသက်၈၀ပြည့်မွေးနေ့ကို ဂုဏ်ပြုစကားပြောဖို့လာကျတာလေ အခုတော့ညဘယ်လိုဖြစ်ကုန်ကျတာလဲ...!
"...ဖန်အာ.....အဖိုးရဲ့အပြစ်ပါကွာ.....အဖိုးကြောင့်မင်းသေရတာပါ....." လီမူလဲ ဒူးထောက်ကာ သူရဲ့တုန်ယင်နေတဲ့ လက်တွေနဲ့ သူ့မြေးရဲ့ မျက်နှာကိုထိလိုက်လေသည်။ သူ့မျက်ရည်တေ့်က သူ့မြေးပေါ်ကို ကျကုန်ပြီး သူ့မြေးကလဲ လှုပ်လဲ မလှုပ်နိုင်တော့ဘူး သူ့အသံကိုလဲ မကြားနိုင်တော့ဘူးလေ။
ရှောင်လုံလဲ အဝေးကလေ အဲ့မြင်ကွင်းကိုကြည့်ရင်း မျက်လုံးတွေရဲလာလေသည်။
အားလုံးတိတ်ဆိတ်ကုန်ကျသည်။
ခနလောက်ကြာတော့လီမူကသူ့မြေးကိုလီဂေဟာထဲကို သယ်လာပြီးတော့ အားလုံးလဲ နောက်ကနေ လိုက်လာကျသည်။ လီဂေဟာထဲက မွေးနေ့အတွက် ရောင်စုံပြင်ဆင်ထားတာတွေက အခု အကုန်တခြားစီးဖြစ်ကုန်လေသည်။
မွေးနေ့ပွဲကိုမလုပ်နိုင်တော့ဘူး....!
ခနလောက်ကြာတော့ မွေးနေ့ပွဲကိုဂုဏ်ပြုစကားလာပြောတဲ့ သိုင်းဂိုဏ်းချုပ်တွေရဲ့ ကိုယ်စားလှယ်တွေရော အကုန်ဝမ်းနဲစွာညပြန်ကုန်ကျသည်။ နောက်ဆုံးတော့ ရှောင်လုံတို့ လူငါးယောက်အုပ်စုပဲ လီဂေဟာထဲမှာ ကျန်ခဲ့တော့သည်။
" ... အကိုလီ.... ဒီအဖြစ်အပျက်အတွက် ကျုပ်လဲ တကယ်ကိုဝမ်းနဲရပါတယ်ဗျာ..." ဟောင်ကိုက်က လီမူဘေးကိုကပ်ရင်း တိုးတိုးလေးပြောလိုက်သည်။ "...တကယ်လို့ အကိုလီလိုတာရှိရင် စာသာပို့လိုက်ပါ...ကျုပ်တို့ ဟောင်ကလန်က အရင်ဆုံးကူညီဖို့ရောက်လာစေရမယ်သိလား...."
ဟောင်ကိုက်လဲဒီလိုအခြေအနေတွေ ဖြစ်လာမယ်လို့မမျှော်လင့်ထားပဲ ဒီအခြေအနေရောက်မှတော့ သူတို့လဲ ဆက်နေဖို့မသင့်တော့ဘူးလေ။
" ..အကိုဟောင်ကိုက်ကို ကျေးဇူးတင်ပါတယ်..." လီမူက ဝမ်းနဲတဲ့ အသံနဲ့ပြောလိုက်သည်။
ဟောင်ကိုက်လဲ ခေါင်းပဲညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပဲ ရှောင်လုံတို့နဲ့ အတူ ထွက်သွားဖို့ပြင်နေတုံး လီလူက ရှောင်လုံနားကို ပြေးလာပြီး "..ရှောင်လုံ...နင်မပြန်ပါနဲ့ဟာ..နော်..."
အားလုံးလဲ ရှောင်လုံကို ကြည့်လိုက်ကျသည်။ ရှောင်လုံလဲ ခနလောက်တုန့်ဆိုင်းပြီးမှ လီလူလဲ ပုခုံးကိုညင်သာစွာပုတ်ရင်း "..စိတ်မပူပါနဲ့ဟာ...ငါနင့်ဆီကိုမကြာခနလဲလာလယ်မယ်.... နင့်အကိုကိုယ်သတ်တဲ့သူတွေကိုလဲ ပြန်ကလဲ့စားချေပေးမယ်ဟုတ်ပြီလား..."
ရှောင်လုံစကားကြားတော့ ဟောင်ကိုက်တို့ကပြုံးပြီး ခေါင်းခါလိုက်ကျသည်။ သူတို့ကဒိစကားကို ကလေးစကားလို့ပဲ သတ်မှတ်ကျပြီး ဘယ်သူမှ ရှောင်လုံစကားကို အတည်မယူကျဘူး။ လီမူကိုယ်တိုင်တောင် လူသတ်သမားကိုမသတ်နိုင်တာ ရှစ်နှစ်ကလေးလေးက ဘယ်လိုလုပ် သတ်နိုင်မှာလဲ....?
" ဒါဆို နင်သေချာပေါက် ငါ့ဆီကိုလာလည်ရမယ်နော်..." လီလူက မျက်ရည်တွေစီးကျနေရင် ပြောလိုက်သည်။ ရှောင်လုံက ခေါင်းပဲညိတ်ပြလိုက်လေသည်။
လီမူလဲ မတ်တပ်ရပ်ရင်း ရှောင်လုံတို့ကို လီဂေဟာရဲ့ အပြင်ကိုလိုက်ပို့လေသည်။ ညနေစောင်းလောက်ကျတော့ ရှောင်လုံတို့လဲ ဟောင်ဂေဟာကို ပြန်ရောက်လာသည်။
အဲ့ညမှာတော့ ရှောင်လုံလဲ သိုင်းမကျင့်ဖြစ်ပဲ အနောက်ဘက်တောင်ထိပ်ပေါ်ကို တက်ရင်း ကြယ်တွေကို ငေးကြည့်နေလေသည်။ ရှောင်လုံရဲ့ နှစ်မီတာ အကွာမှာ ဖေးဟိုကလဲ တိတ်တဆိတ်ပဲ စောင့်ကျပ်ပေးနေသည်။
ရှောင်လုံကရုတ်တရက် " .. ဖေးဟို....လူတွေသေသွားတော့ ကောင်းကင်မှာ ကြယ်တွေဖြစ်လာတယ်ဆို မင်းထင်လား..."
ဖေးဟိုလဲ ရုတ်တရက်ကြောင်းသွားပြီး ရှောင်လုံအဲ့မေးခွန်းမေးလိမ့်မယ်လို့ သူမထင်ထားဘူးလေ "...ကောင်ကင်မှာကြယ်တွေ...?"
" ..ငါနေတဲ့ အရင်မြို့တုံးက လူတယောက်ကပြောဘူးတယ် လူတွေသေတဲ့အခါ သူတို့ချစ်တဲ့သူတွေကို ကာကွယ်ဖို့ကောင်းကင်မှာ
ကြယ်တွေ ဖြစ်လာကျတယ်တဲ့.." ရှောင်လုံက တိုးတိတ်စွာပြောလိုက်သည်။
"...ကောင်ကင်မှာကြယ်တွေဖြစ်လာတယ်? သူတို့ချစ်တဲ့သူတွေကိုကာကွယ်ဖို့အတွက်..?" ဖေးဟိုလဲခေါင်းကိုခါရင်းပြုံးလိုက်ကာ
"..ဒီကမ္ဘာကြီးမှာတော့ ခွန်အားနဲ့ စွမ်းရည်ရှိမှပဲ သူတို့ချစ်တဲ့သူတွေကို ကာကွယ်နိုင်မှာ.."
"...ခွန်အားနဲ့ စွမ်းရည်.." ရှောင်လုံက ရေရွတ်လိုက်သည်။
"..ဟုတ်တယ်....ခွန်အားနဲ့ စွမ်ရည်လိုတယ်.." ဖေးဟိုကခေါင်းညိတ်ရင်းပြောလိုက်သည်။
ဟုတ်လိုက်လေ မှန်တာပေါ့ ခွန်အားနဲ့ စွမ်းရည်လိုတယ် ရှောင်လုံက လက်သီးကိုတင်းတင်းဆုပ်ရင် သူ့မျက်လုံးတွေကကြယ်ရောင်တွေလိုတောက်ပလာလေသည်။
ခွန်အားနဲ့ စွမ်းရည်ရှိမှသာ ကိုယ်ချစ်တဲ့ သူတွေကိုကာကွယ်နိုင်မှာပဲ....!
သူအရမ်းကိုသန်မာလာရမယ်! သူအရမ်းကို အစွမ်းကြီးလာရမယ်..!
အဲ့ဒါမှ သူချစ်တဲ့သူတွေကိုကာကွယ်နိုင်မှာ....!
ရှောင်လုံကိုယ်က ထွက်လာတဲ့ မမြင်နိုင်တဲ့ ကိုယ်ရောင်ကိုယ်ဝါတွေက ဖေးဟိုကိုတောင်ကြောက်ရွံစေသည်။
"...ပြန်ကျစို့..." ရှောင်လုံက သူကိုယ်ရောင်ကိုယ်ဝါတွေကို ပြန်ရုတ်သိမ်းရင်းပြောလိုက်သည်။ အဲ့နောက်သူတို့လဲ ဟောင်ဂေဟာဆီကို ပြန်လာကျသည်။
ဟောင်ဂေဟာရဲ့ ရှောင်လုံအိမ်လေးထဲကိုရောက်တော့ ရှောင်လုံလဲ ကျောက်စိမ်းကုတင်ကို ထုတ်လိုက်ပြီး ထိုင်လိုက်ကာ နတ်သိုင်း ( အက်ဆူရာကို နတ်လို့ပြောင်းပါမယ်) ကို စကျင့်လိုက်ဆိုရင်ပဲ ငရဲက ဝိညဉ်စွမ်းအင်တွေက ရှောင်လုံဆီကို ရေတံခွန်လို အရှိန်အဟုတ်နဲ့ ပြေးဝင်လာလေသည်။
အဲ့လို ဆယ်လဆိုတဲ့ အချိန်ကုန်လွန်သွားလေသည်။
ဟောင်ပန်လဲ သူသားလီဂေဟာက ပြန်လာထဲက သိုင်းပညာကို ပိုပြီး
ကြိုးကြိုးစားစားလေ့ကျင့်နေတာကို သတိထားလိုက်မိသည်။ နေ့တိုင်းလိုလို ရှောင်လုံက သူ့အိမ်ထဲမှာပဲနေပြီး အပြင်ကိုတောင်ထွက်ခဲလေသည်။
သူတို့လဲ ရှောင်လုံ အပြင်းအထန်လေ့ကျင့်နေတာကို တွေ့တော့ စိတ်မကောင်းဖြစ်ကျပြီး ရှောင်လုံဆီကို သွားလည်ဖို့ဆုံးဖြတ်လိုက်ကျသည်။
လွန်ခဲ့တဲ့ ဆယ်လအတွင်းမှာ ရှောင်လုံရဲ့ အတွင်းအားကီတွေက ကြောက်စရာကောင်းလောက်အောင်တိုးတက်လာလေသည်။ လီဂေဟာက ပြန်လာပြီး လဝက်လောက်နေတော့ ရှောင်လုံက မြေကြီးအဆင့်၄စဦးအဆင့်ကနေ မြေကြီးအဆင့်၄ အလယ်အဆင့်ကို ရောက်ရှိသွားပြီး နောက်ထပ် နှစ်လလောက်နေတော့ မြေကြီးအဆင့်၄နောက်ဆုံးအဆင့်ကို ရောက်ရှိသွားလေသည်။
ဆယ်လဆိုတဲ့အချိန်ကုန်လွန်သွားတော့ ရှောင်လုံက မြေကြီးအဆင့်၅ သိုင်းသမားဖြစ်လာရုံမက အဆင့်၅ရဲ့ နောက်ဆုံးအထွတ်ထိတ်ကိုပါ ရောက်နေတော့သည်။
ခန္ဓာကိုယ်အသွင်းပြောင်းသိုင်းကလဲ အဆင့်၅ကိုရောက်သွားပြီး နွားလားကိုးကောင်းအလားကို ခွန်အားကြီးများလာလေသည်။
ဒီနေ့မနက်က ရာသီဥတုသာယာလေသည်။ ရှောင်လုံလဲအနောက်ဘက်တောင်မှာ သိုင်းလေ့ကျင့်ဖို့ရောက်နေပြီးတော့ သူဓားတွေကို လွှဲရမ်းလိုက်တယ်ဆိုရင်ပဲ ဓားအရိပ်တွေက အခုတရာလောက်ပေါ်လာကာ ငါးမီတာလောက်ရှည်တဲ့ လေပွေမုန်တိုင်းနှစ်ခါပေါ်လာပြီး မရပ်မနားကိုလည်ပတ်နေလေသည်။
ငရဲမုန်တိုင်းအလား လည်ပတ်နေပြီးတော့ သူ့လမ်းကြောင်းမှာရှိတဲ့ ချုံပုတ်တွေ သစ်ပင်တွေကို အပိုင်းတရာလောက်ပြတ်သွားစေကာ လေပွေမုန်တိုင်းနှစ်ခါကလဲ ရုတ်တရက် ဘယ်ဘက်ကိုကွေ့သွားပြီး အဲ့နောက် ထပ်ပြီး ညာဘက်ကိုကွေ့သွားလေသည်။
ဒိဆယ်လအတွင်းမှာ ငရဲမုန်တိုင်းသိုင်းကွက်က ဆယ်ဆလောက်ကို စွမ်းအင်ပြင်းထန်လာရုံမက ရှောင်လုံကလဲ မုန်တိုင်းရဲ့ လားရာကို သူ့စိတ်ဆန္ဒအတိုင်း ထိန်းချုပ်နိုင်လေသည်။
အခုတော့ လေပွေမုန်တိုင်းက ဆယ်နှစ်စက္ကန့်လောက်ကြာလေသည်။
"...အခု ငါ့ရဲ့ ငရဲမုန်တိုင်းသိုင်းကွက်က ပညာရှင်အဆင့်ကိုရောက်သွားပြီ စွမ်းအားပိုကြီးလာဖို့ပဲ လိုတော့တယ်..." ရှောင်လုံက သူ့ကိုယ်သူရေရွတ်ရင်း ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်လေသည်။ သူကငရဲမုန်တိုင်းဓားကွက်ရဲ့ အနှစ်သာရကို ဖမ်းဆုပ်နိုင်နေပြီးတော့ သိုင်းကွက်ရဲ့ စွမ်းအားကလဲ သူ့ရဲ့အတွင်းအား များရင်များလာသလို ပိုပြီး
ပြင်းထန်လာမှာပဲ ဖြစ်သည်။
သိုင်းကျမ်းထဲမှာ ရေးထားတဲ့အတိုင်းဆို တယောက်ယောက်ကသာ ဒီဓားကွက်ကို သုံးလိုက်မယ်ဆိုရင် လီတသောင်းလောက်အတွင်းမှာ အကုန်လုံးချေမှုန်းခံရပြီးတော့ မြက်ပင်တပင်တောင်မကျန်နိုင်ဘူးလို့ ရေးထားတာပဲ။
"...နောက်ထပ်မိသားစုသိုင်းပြိုင်ပွဲလုပ်ဖို့ရက်နှစ်ဆယ်လောက်လိုသေးတာပဲ....." ရှောင်လုံက စဉ်းစားလိုက်ရင်း သူ့ရဲ့ နတ်ဓားတွေကို
ပြန်ခေါ်လိုက်တယ်ဆိုရင်ပဲ သူ့လက်နှစ်ဖက်ဆီကို သူနတ်ဓားနှစ်လက်က သူ့လက်နှစ်ဖက်ဆီကို ပြန်လာလေသည်။
(***တလီကို မီတာငါးရာကျယ်ပါသည်***)
#
ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း၂၅.....မိသားစုသိုင်းပြိုင်ပွဲ နောကိတကြိမ်ထပ်ရောက်လာပြီပဲ
အနောက်တောင်မှာ ငရဲမုန်တိုင်းသိုင်းကွက်ကို အချိန်အတော်ကြာလောက် ကျင့်ပြီးတဲ့နောက် အဲ့နောက် မိစ္ဆာသတ်ဓားသိုင်းကို ဆက်ကျင့်လေသည်။
မိစ္ဆာသတ်ဓားသိုင်းက နတ်ဓားသိုင်းလောက်အစွမ်းမထက်ပင်မယ့် သာမန်ပြိုင်ဘက်အတွက်တော့ ဒီဓားသိုင်းနဲ့ပဲ လုံလောက်လေသည်။
ဓားတွေကိုလွှဲယမ်းပြီး မိစ္ဆာသတ်ဓားသိုင်းကို ကျင့်လိုက်တယ်ဆိုရင်
ဓားအရိပ်တွေက လှိုင်းလုံးတွေလိုတခုပြီးတခု ဖြန့်ထွက်သွားပြီး အလွန်ကိုဘထက်မြက်ကာ ရှိသမျှမိစ္ဆာတွေ ဝိညဉ်တွေကိုသတ်ဖြတ်နိုင်လောက်အောင်ကို အစွမ်းထက်သည်။
မိစ္ဆာသတ်ဓာသိုင်းကိုကျင့်ပြီးတော့ နေမင်းကြ်ီးကအရှေ့အရပ်ကနေ ထွက်ပေါ်လာတော့သည်။ အဲ့ကျမှ ရှောင်လုံလဲဟောင်ကလန်ကိုဘပြန်လာလေသည်။
ရှောင်လုံ သူခြံလေးထဲကို ပြန်ရောက်လာတော့ ဖေးဟိုစောင့်နေတာကိုတွေ့လိုက်ရသည်။
". ဂိုဏ်းချုပ်ကြီး." ဖေးဟိုလဲ ရှောင်လုံကို မြင်တော့ရိုသေစွာ နှုတ်ဆက်လိုက်သည်။ ဖေးဟိုကရှောင်လုံအနောက်ဘက်ကတောင်မှာသိုင်းကျင့်နေတာကို သိလို့ခြံထဲကပဲစောင့်နေတာပဖြစ်သည်။
ရှောင်လုံလဲ ခေါင်းညိတ်ပြကာ ခြံထဲဝင်လာရင်းမေးလိုက်သည်
".မင်းရဲ့ လိုဟန် ဓားသိုင်းလေ့ကျင့်နေတဲ့ ဘယ်လိုလဲ." လွန်ခဲ့တဲ့ ငါးလထဲက ဖေးဟိုရဲ့ ပျက်စီးနေတဲ့ သွေးကြောတွေကို ရှောင်လုံကပြန်
ပြင်ပေးပြီးထဲက ဖေးဟိုကို လိုဟန် ဓားသိုင်းကို သင်ပေးခဲ့တာပဲဖြစ်သည်။
"..ဟုတ်ကဲ့ ဂိုဏ်းချုပ်...ကျွန်တော် ဆယ်ကွက်လောက်တော့ ပိုင်န်ုင်နေပါပြီ." ဖေးဟိုက ကျေးဇူးတင်စွာနဲ့ ရိုသေစွာပြန်ဖြေလိုက်သည်။
ဂိုဏ်းချုပ်က သူ့ကို ပျက်စီးနေတဲ့ သွေးကြောတွေကို ပြန်ပြင်ပေးခဲ့ယုံမက သူ့ကိုအဆင့်မြင့်တိုက်ပွဲပညာ လိုဟန် ဓားသိုင်းကိုပါသင်ပေးခဲ့သည်။ သွေးကြောတွေပြန်ဆက်ပြီး လိုဟန် ဓားသိုင်းကြောင့် သူ့သိုင်းပညာတွေလဲဒီလေးလအတွင်းကို အရမ်းကိုတိုးတက်လာလေသည်။
".ဆယ်ကွက်." ရှောင်လုံလဲ ကျေနပ်စွာနဲ့ ခေါင်းညိတ်ရင်း ဖေးဟိုက နှစ်ဝက်လောက်အတွင်းမှာကို ဆယ်ကွက်တောင်လေ့ကျင့်နိုင်ခဲ့တာပဲ။
"..ကွိ..ကွိ..ကွိ.." ရှောင်လုံခြံထဲရောက်လာတော့ အကောင်သေးသေးလေးက သူ့ပုခုံးပေါ်ကို ရောက်လာလေသည်။ ရှောင်လုံပုခုံးပေါ်ကို ရောက်လာတဲ့အကောင်လေးက ခရမ်းရောင်မျောက်လေးပဲ ဖြစ်သည်။
တနှစ်လောက် အချိန်ကြာသွားပင်မယ့် ခရမ်းရောင်မျောက်လေးကတော့ဘာမှမပြောင်းလဲပဲ အရင်အတိုင်းပဲရှိလေသည်။ ရုပ်ပိုင်းကအရင်အတိုင်းပင်မယ့် သိုင်းကျင့်စဉ်မှာတော့ ခရမ်းရောင်မျောက်လေးက ရှောင်လုံထက်ကို ပိုကြောက်ပိုကောင်းစွာတိုးတက်လာလေသည်။
ရှောင်လုံရဲ့ မြေကြီးအဆင့်၅အထွတ်အထိပ်အတွင်းအားနဲ့ နတ်ဓားသိုင်းတို့ပေါင်းပြီး တိုက်ခိုက်ရင်တောင် ခရမ်းရောင်မျောက်လေးက ရှောင်လုံကို အေးဆေးယှဉ်ပြိုင်နိုင်လေသည်။
"..ဟိတ်ကောင်လေး.. မင်းဒိရက်ပိုင်းအတွင်း အမဲလိုက်သေးလား.." ရှောင်လုံက သူ့ပုခုံးပေါက မျောက်လေးကိုကြည့်ရင်း ရယ်ရင်းပြောလိုက်သည်။ မျောက်လေးရဲ့ သိုင်းကျင့်စဉ်တွေ အရမ်းတိုးတက်လာရတာက ကြမ်းတမ်းတဲ့ သားရဲကြီးတွေရဲ့ အမြူတေတွေကို မြိုချပြီး စွမ်းအားတွေကို စုပ်ယူနိုင်လို့ပဲ ဖြစ်လေသည်။ အဲ့ဒါက ရှောင်လုံလို အဆင့်မြင့်အမွှာသိုင်းဝိညဉ်ကို ပိုင်ဆိုင်တဲ့ သူကိုတောင် မနာလိုဖြစ်စေသည်။
ရှောင်လုံသူ့ကို မေးနေတာ မြင်တော့ ခရမ်းရောင်မျောက်လေးက သူ့ဒီရက်ပိုင်းတိုးတက်လာတာတွေကို တကွိကွိနဲ့ ဂုဏ်ယူစွာ
ခြေဝန်လက်ဟန်နဲ့ ရှောင်လုံကို ရှင်းပြလေသည်။
မျောက်လေးရဲ့ ချစ်စရာ အမူအရာကိုကြည့်ရင်း ရှောင်လုံက ပြုံးလိုက်ကာ "...ဟုတ်ပြီ...ဟုတ်ပါပြီကွာ...မင်းငါ့ထက်အစွမ်းထက်တာကို ငါဝန်ခံပါတယ် ဟုတ်ပြီလား.."
မျောက်လေးက ခေါင်းကိုညိတ်ကာ ဟုတ်မှန်ကြောင်းထောက်ခံ
လိုက်သည်။
ရှောင်လုံလဲ သူဖေးဟိုနဲ့ သိုင်းပြိုင်ချင်တာကြောင့် မျောက်လေးကို ကိုယ်ဘာသာ ကစားနေဖို့ပဲ ပြောလိုက်သည်။ ဖေးဟိုက သူ့စွမ်းအားတွေကို မြေကြီးအဆင့်၅ အထွတ်အထိပ်ထိ နှိမ့်ချပြီး ရှောင်လုံနဲ့ သိုင်းယှဉ်ပြိုင်လေသည်။
လွန်ခဲ့တဲ့ နှစ်လထဲက ရှောင်လုံက မြေကြီးအဆင့်၁၀ သိုင်းသမား ဖေးဟိုနဲ့ သိုင်းယှဉ်ပြိုင်ရင်း သူ့အတွက် အတွေ့အကြုံတွေများစွာရရှိလေသည်။ ရှောင်လုံ အဝေးကို သွားခိုင်းလိုက်တဲ့ မျောက်လေးက ချက်ချင်းပြန်လာပြီး ခုန်ကာ ဖေးဟိုကိုတိုက်ခိုက်လိုက်သည်။
အဲ့မြင်းကွင်းကတော့ လူနှစ်ယောက်သိုင်းပြိုင်နေတဲ့ မြင်ကွင်းကနေ လူနှစ်ယောက်နဲ့ မျောက်တကောင်သိုင်းပြိုင်နေတဲ့ မြင်ကွင်းအဖြစ်ပြောင်းလဲသွားသည်။
ရှောင်လုံက မျောက်လေးကို တိုက်ခိုက်လိုက်ရင် မျောက်လေးက ဖေးဟိုကို တိုက်ခိုက်ကာ ဖေးဟိုကတော့ ရှောင်လုံကို ပြန်တိုက်ခိုက်လေသည်။ တခါတလေကျတော့ ရှောင်လုံနဲ့ မျောကိလေးတို ပေါင်းပြီး ဖေးဟိုကို တိုက်ခိုက်ကျသည်။
ခြံဝန်းသေသေးလေးထဲမှာ ဓားအရိပ်တွေနဲ့ မျောက်လေးရဲ့ လက်သည်းအရိပ်တွေနဲ့ ရှုပ်ရှက်ခပ်နေလေသည်။
ဖေးဟိုလဲ သူ့သိုင်းအဆင့်ကို အဆင့်၅ အထိ နှိမ့်ချထားတာကြောင့် စွမ်းအားထက်တဲ့ ပြိုင်ဘက်နှစ်ယောက်ကြောင့် တခါတလေ ဒဏ်ရာတောင်ရလေသည်။
ဖေးဟိုနဲ့ မျောက်လေးတို့ရှိနေတာကြောင့် ရှောင်လုံရဲ့ သိုင်းလေ့ကျင့်ရတဲ့ နေ့ရက်တွေကပျင်းစရာ မကောင်းပဲ စိတ်လှုပ်ရှားစရာနဲ့ ပြည့်နှက်နေလေသည်။
အဲ့လိုနဲ့ လျင်မြန်စွာ ရက်နှစ်ဆယ်က ကုန်လွန်သွားလေသည်။
အခုတော့ နှစ်တောင်ကုန်ပြီလေ..။
အရင်နှစ်ကလိုပဲ ဟောင်ကလန်ထဲမှာ ပွဲတော် ကျင်းပဖို့ နဖူးစီးတွေ ရောင်စုံမီးပုံးတွေနဲ့ အလှဆင်ကျသည်။ နေရာတိုင်းမှာ အစေခံတွေ အစောင့်တွေလဲ ပွဲတော်အတွက် ပျော်ရွှင်စွာ ပြင်ဆင်နေကျသည်။
". မနက်ဖြန်က မိသားစု စုဝေးပွဲပဲ.. " ရှောင်လုံက ခြံသေးသေးလေးရဲ့ အလည်မှာ ဖြူဖွေးသန့်စင်တဲ့ နှင်းတွေကျနေတာကိုကြည့်ရင်းနဲ့ ရေရွတ်လိုက်သည်။ သူလက်တွေက နှင်းတွေကို ကိုင်ရင်း နှင်းတွေဆီကနေ အအေးဒဏ်ကို သူခံစားလိုက်ရသည်။ ရှောင်လုံလဲ လွန်ခဲ့တဲ့ သုံးနှစ်က နောက်ဆုံးနှင်းကျတာကို ပြန်သတိရမိလိုက်သည်။
ရှောင်လုံ ကနေရောင်နဲ့ နှင်းကျတာကိုနှစ်သက်ပြီးတော့ နှင်းတွေနဲ့
ပြည့်နှက်နေတဲ့ မြင်ကွင်းကို ကြည့်ရမှာကို အလွန်နှစ်သက်လေသည်။
ဖေးဟိုက ရှောင်လုံနဲ့ နှစ်မီတာလောက်အကွာမှာ ငြိမ်သက်စွာ စောင့်ကြပ်နေလေသည်။
"..လီလူတယောက် ဘာများလုပ်နေမလဲမသိဘူး.." ရှောင်လုံက သူ့ရင်ထဲမှာ ပဲတွေးလိုက်သည်။
သူလီဂေဟာက ပြန်လာကတည်းက အခုချိန်ထိ ရှောင်လုံနဲ့ ဟောင်ပန်တို့လဲ လီဂေဟာကို နှစ်ခါတိတိသွားလည်လေသည်။ မွေးနေ့ပွဲတုံးကဖြစ်ခဲ့တဲ့ကိစ္စပြီးထဲက လီလူက စကားနဲသွားပြီးတော့ ရှောင်လုံလိုပဲ သိုင်းပညာကိုပဲ စိတ်နှစ်ပြီးလေ့ကျင်လေသည်။
နှင်းတွေက ဆက်ကျနေရင်း ခနကြာတော့ ရှောင်လုံ ခြံဝန်းလေးတခုလုံး နှင်းတွေနဲ့ ပြည့်နှက်သွားတော့သည်။
သူ့ကိုယ်ပေါ်ကိုကျနေတဲ့ နှင်းတွေကိုခါရင်းနဲ့ ရှောင်လုံကနောက်သို့လှည့်ကာ ဖေးဟိုနဲ့ အတူ အရှေ့ခြံဝန်းဆီကို ထွက်လာလေသည်။
အရှေ့ခြံဝန်းဆီကို ရောက်တော့ သူ့အမေ စုရန် ငိုရှိုက်နေတာကို
ကြားလိုက်ရသည်။ သူ့ဟောခန်းထဲကို အလျင်အမြန်ဝင်လိုက်တော့ သူ့အမေက သူ့ ညီမဟောင်မင်ကို ဖက်ထားတာကိုမြင်ပြီး သူ့ညီလေး ဟောင်ရှောင်ဟိုင်ကိုလဲ မျက်လုံးတွေနီရဲပြီး ငိုနေတာကိုတွေ့လိုက်ရလေသည်။သူ့အဖေကိုတော့ ဘေးမှာဒေါတကြီးနဲ့ ထိုင်နေတာကိုတွေ့လိုက်သည်။
သူ့ညီမမျက်နှာမှာနီရဲနေတဲ့ လက်ဝါးရာနှစ်ခုကို အထင်းသားမြင်လိုက်ရပြီး သူ့ညီလေးကလဲ နှုတ်ခမ်းကွဲပြီး သွေးတွေစီးကျနေကာ မျက်လုံးနှစ်ဖက်ကလဲ ငြိုမဲနေလေသည်။ သေချာတာကတော့ ထိုးကြိတ်ခံထားရတာပဲ။
"..မင်းတို့နှစ်ယောက်ကို ဘယ်သူရိုက်လိုက်တာလဲ..." ရှောင်လုံက သူ့ညီနဲ့ ညီမကို ကြည့်ရင်း ဒေါသတကြီးနဲ့မေးလိုက်သည်။
"..ဘယ်သူရှိအုံးမှာလဲ...ဟောင်ဝေပေါ့.." သူ့အမေက ငိုနေရင်းပြောလိုက်သည်။
"...ဟောင်ဝေ..." ရှောင်လုံလဲ မျက်လုံးတွေကနေ ရက်စက်တော့မယ့် အေးစက်စက် အရိပ်အယောင်တွေပေါ်လာသည်။ သေချာတာပေါ့ ဟောင်ဝေမှ မဟုတ်ရင် ဘယ်သူက ဒုတိယ သခင်လေးရဲ့ သားနဲ့ သမီးကို ထိရဲမှာလဲ ။
"...ဒီနေ့ ညီမလေးနဲ့ ရှောင်ဟိုင်တို့ အနောက်ခြံဝန်းထဲမှာ သွားကစားကျတယ်....ပြန်လာတော့ ဟောင်ဝေတို့ ဇောင်ရှုဒေါင်တို့ လူစုနဲ့တွေ့တယ်လေ... သူ့တို့က ညီမလေးတို့ကို သူ့တို့ကို လမ်းပိတ်တယ်ဆိုပြီး ရိုက်လိုက်တာ..." ဟောင်မင်က ငိုရင်းပြောလိုက်သည်။
စုရန်က ဆက်ပြီးတော့ "....သူ့တို့က ဟောင်မင်းတို့ကို ရိုက်ပြီးတော့ သူ့တို့ အဝတ်တွေကို ချွတ်လိုက်ကျတယ်... "
"...ဘယ်လို....." ရှောင်လုံက သူ့အသံကိုမြှင့်ပြ်ိးမေးလိုက်ကာ သူရင်ထဲမှာ လူသတ်ချင်စိတ်တွေပေါက်လာလေသည်။
နှင်းတွေကျနေတဲ့ ဒီလောက်အေးတဲ့ရာသီမှာ သူတို့နှစ်ယောက်လုံးမှာ အတွင်းအားကီမှ မရှိသေးတာ ။ သူ့ညီနဲ့ ညီမကို သာ ဒိအချိန်မှာ အဝတ်တွေချွတ်လိုက်ရင် သွေးတွေခဲပြီးသေမတတ်ကို ဖြစ်သွားမှာပဲ။
"..အကိုကြီး...ဟောင်ဝေက အကိုကြီးကိုတောင် စကားပါးလိုက်သေးတယ်....မိသားစုသိုင်းပြိုင်ပွဲကျရင် အကိုကြီးကိုလဲ ပညာပေးမယ်လို့.. " ဟောင်မင်က ဟောင်ဝေပြောတာကို ရှောင်လုံကို ပြန်ပြောပြလိုက်သည်။
"...ငါ့ကိုလဲ ပညာပေးမယ်..." ရှောင်လုံက သူ့ရင်ထဲက လူသတ်ချင်စိတ်တွေကို ထိန်းချုပ်ရင်း မနက်ဖြန်ဆိုရင် သိုင်းပြိုင်ပွဲဆိုတော့ ဒိတရက်လောက်တော့ ဟောင်ဝေကို ပျော်နေခိုင်းလိုက်ပါ့မယ်။
နှင်းတွေကျတာရပ်သွားပြီး ကောင်းကင်ကြီးမှာ နေရောင်တွေနဲ့ တောက်ပလာတော့ ရှောင်လုံလဲ သူ့ခြံထဲမှာ သိုင်းကျင့်နေတာကိုရပ်လိုက်ပြီး ဖေးဟိုနဲ့ အတူ အရှေ့ခြံဝန်းဆီကို ထွက်လာလေသည်။
သူတို့အားလုံး သိုင်းပြိုင်ပွဲကျင်းပတဲ့ ကွင်းဆီကို ရောက်တော့ အကြီးအကဲတွေ ဂိုဏ်းသားတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရသည်။ ရှောင်လုံလဲ ခန်းမဆောင်ထဲကို ကြည့်လိုက်တော့ သူ့ရန်ဘက် ဟောင်ဝေတို့ သားအဖက ရောက်နှင့်နေတာကိုတွေ့လိုက်သည်။