ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

11 - 15

405 30 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်(Invincible)

အပိုင်း၁၁..........မြေကြီးအဆင့်၁သိုင်းသမားဘယ်လိုဖြစ်သွားတာလဲ

          " ဟောင်ဝေရဲ့ သိုင်းဝိညဉ်က အဆင့်၁၀ပင်မယ့် အဖေရဲ့လုပ်ရပ်တွေက သူ့ကိုအရမ်းမျက်နှာသာ ပေးတာပဲ " စုရန်က မကျေမနပ်ပြောလိုက်သည်။ " နှစ်ကုန်ကျရင်ကျင်းပရင် မိသားစုပြိုင်ပွဲကျရင် ငါတို့ရှောင်လုံလေးတော့... သူ....သူ...တကယ်ပဲ....?" စုရန်ရဲ့မျက်လုံးတွေက နီရဲလာပြီးတော့ စကားဆက်မပြောနိုင်တော့ပဲ ပြောလက်စမှာပဲ ရပ်သွားတော့သည်။

     အဲ့ချိန်မှာ ဟောင်ပန်လဲ ဒေါသနဲ့ထရပ်ရင်းနဲ့ " ငါဒီကိစ္စကို အဖေ့ကို သွားပြောမယ် " ဟုပြောလိုက်သည်။
    " အဖေ....ခနနေပါအုံး  " ရှောင်လုံကအမြန်ဝင်ပြောလိုက်ပြီး " အဖေ အဖိုးကို ဒိကိစ္စ သွားပြောစရာမလိုပါဘူး " ဟောင်ပန်နဲ့ စုရန်လဲအဲ့ဒါကိုကြားတော့ ရှောင်လုံကိုကြည့်လိုက်သည်။ ဟောင်ပန်ကတခုခုပြောမယ်လုပ်နေတုံး သူ့သားရဲ့ကိုယ်ကနေ တောက်ပတဲ့အတွင်းအားကီတွေ ထွက်လာတာကိုတွေ့လိုက်ရသည်။

    " အတွင်းအားကီ....  ဒါ...ဒါဟာ.. အတွင်းအားကီ ထုတ်လွှင့်ခြင်းမလား " ဟောင်ပန်နဲ့ စုရန်တို့နှစ်ယောက်လုံး ခနလောက်ကြက်သေသေသွားပြီးတော့ မယုံကြည်နိုင်စွာနဲ့ ရှောင်လုံကိုကြည့်လိုက်သည်။ အတွင်းအားကိုထုတ်နိုင်ပြီ? .. ဒါဆို အတွေးတခုက ဟောင်ပန်နဲစုရန်တို့ ဆီကို ပြိုင်တူဝင်လာကျသည်။ မြေကြီးအဆင့်၁ သူရဲကောင်း... ! အတွင်းအားကီတွေကို စုစည်းနိုင်တဲ့အဆင့်ဆိုရင်တောင် အတွင်းအားကိုအပြင်ကိုမထုတ်နိုင်သေးလေ မြေကြီးအဆင့်၁ သူရဲကောင်းအဆင့် ကိုရောက်မှ အတွင်းအားကိုစပြီး ထုတ်နိုင်တာမလား။

  "  ရှောင်လုံ....မင်း.... မင်း မြေကြီးအဆင့်၁ ကိုရောက်သွားတာလား.." ဟောင်ပန်က တုန်ယင်နေတဲ့အသံနဲ့မေးလိုက်သည်။ သူမျက်စိကိုယ်တိုင် မြင်ပင်မယ့် မယုံရဲသေးဘဲ ပုံရိပ်ယောင်ဖြစ်နေမှာကို သူစိုးရိမ်နေလေသည်။
   
    "ဟုတ်တယ်... အဖေနဲ့အမေ...  ကျွန်တော် မြေကြီးအဆင့်၁ သိုင်းသမားဖြစ်သွားပြီ.. " ရှောင်လုံက ခေါင်းညိတ်ပြီးပြောလိုက်သည်။ သူမိဘတွေ မိသားစုပြိုင်ပွဲကျရင် သူ့အတွက်မစိုးရိမ်စေချင်လို့ သူစွမ်းအားရဲ့ တစိတ်တပိုင်းကိုပဲ သူပြသလိုက်လေသည်။

သူ့တို့သားရဲ့အတည်ပြုချက်ကိုရမှပဲ  အဲ့ကျမှ သူတို့ကဒီကိစ္စကတကယ်ဆိုတာကို လက်ခံနိုင်သွားကျသည်။ ပျော်ရွှင်မှုတွေက သူတို့မျက်နှာပေါ်မှာ ပေါ်လာပြီးတော့ အထူးသဖြင့် စုရန်က အရမ်းကို အံသြပျော်ရွှင်သွားပြီး ရှောင်လုံကို ပြေးဖက်ကာ ပြောလိုက်သည်  " အရမ်းကိုအံသြစရာကောင်းတာပဲ.. ငါတို့သားလေးနောကိဆုံးတော့ မြေကြီးအဆင့်၁ သူရဲကောင်းဖြစ်ပြီပေါ့  " ။ ပျော်ရွှင်လို့ကျတဲ့ မျက်ရည်တွေနဲ့ စုရန်မျက်နှာတခုလုံး ပြည်နှက်နေလေသည်။

    စုရန်က သန်မာထွားကြိုင်းတဲ့ မိန်းကလေးမျိုးဖြစ်ပြီးတော့ သူ့အမေရဲ့ တင်းတင်းကျပ်ကျပ်ဖက် ခံရတာက ရှောင်လုံကို အသက်ရှု ရတာကိုတောင် ခက်ခဲစေသည်။ ရှောင်လုံလဲ မြေကြီးအဆင့်၁ ကိုရောက်တာ အဲ့လောက်တောင်ကြီးမားတဲ့ ကိစ္စကြီးလားဟု သူဘာသာစဉ်းစားလိုက်သည်။ ဒါပင်မယ့် ဟောင်ပန်နဲ့ စုရန်တို့က သူ့အပေါ် တကယ်ကိုနှစ်နှစ်ကာကာ ချစ်တာကိုတော့ သူခံစားမိလိုက်သည်။

   " ရှောင်လုံး..သား... ဘယ်လိုလုပ်ပြီး မြေကြိးအဆင့်၁ သိုင်းသမားဖြစ်သွားတာလဲ..?" ဟောင်ပန်က မယုံကြည်နိုင်တဲ့ အသံနဲ့မေးလိုက်သည်။ ရှောင်လုံရဲ့ အဆင့်၇ သိုင်းဝိညဉ်နဲ့ ဆိုရင် မြေကြီးအဆင့်၁ ကိုရောက်ဖို့ဆိုတာ တနှစ်လောက်ကို ကြာမှာလေ ။ စုရန်ကလဲ စိတ်ဝင်စားစွာနဲ့ ရှောင်လုံရဲ့အဖြေ ကိုစောင့်နေသည်။

   ရှောင်လုံလဲ ပြန်ဖြေမယ့်အစား  သူလက်က အနီရောင်အသီးနှစ်လုံးကို သူ့မိဘတွေကို ပြလိုက်လေသည်။ အသီးကထွက်တဲ့ အန်ီရောင်တောက်တောက် အရောင်တွေက ကြည့်တဲ့လူတွေကိုတောင်ခေါင်းမူးစေနိုင်သည်။ အဲ့နောက် ဟောင်ပန်တို့လဲ အံသြစွာနဲ့ မေးလိုက်သည် " ဒါ ယန်အသ်ီးတွေ မဟုတ်လား " ။

  " ဟုတ် " ရှောင်လုံက ရီရင်းနဲ့ပြောလိုက်သည် " လွန်ခဲ့တဲ့ တလလောက်တုံးက အနောက်ဘက်တောင်ရဲ့ ချောက်ကမ်းပါးကနေ ယန်အသီး ငါးလုံးရခဲ့တာ..အဲ့အထဲက သားက သုံးလုံးစားလိုက်တယ်လေ " ။
   
     တကယ်တော့ ယန်အသီးငါးလုံးမှာ ရှောင်လုံတကယ်စားတာက တလုံးထဲမဟုတ်လား။
" အသီး သုံးလုံးတောင်စားလိုက်တယ် " ဟောင်ပန်တို့လဲတယောက်မျက်နှာ တယောက်ကြည့်လိုက်ကျသည်။ သူတို့နောက်ဆုံးတော့ ဘာကြောင့် ရှောင်လုံ မြေကြီးအဆင့်၁ ကိုမြန်မြန်ရောက်သွားတယ်ဆိုတာကိုနားလည်သွားတော့သည်။

    " ဟားဟား.... ကောင်းတယ် ... ရှောင်လုံတကယ်ကို ကံကောင်းတာပဲ...  ယန်အသီးဆိုတာက မင်းရဲ့အဖိုး ဟောင်ဝေ အတွက်ဝယ်ပေးတဲ့ နှင်းနှလုံးမြက်နဲ့ အာနိတင်တူတူလောက်ရှိတဲ့ အသီးပဲ " ဟောင်ပန်က ဝမ်းသာစွာနဲ့ရယ်လိုက်ပြီး " ဒါဟာ မင်းရဲ့နောက်ပိုင်း သိုင်းကျင့်စဉ်တွေကိုလဲ အများကြီးအထောက်အကူပြုမှာ " ။

   "  အဖေနဲ့အမေလဲ ဒီကျန်တဲ့ အသီးနှစ်လုံးကို တယောက်တလုံးစားလိုက်ပါလား " ဟု ရှောင်လုံပြောသံကိုကြားတော့ ဟောင်ပန်နဲ့ စုရန်တို့က ငြင်းဆန်ဖို့ပြင်နေတုံး ရှောင်လုံက ထပ်ပြီးပြောလိုက်သည် " ကျွန်တော်က သုံးလုံးတောင်စားပြီးပြ်ီလေ ထပ်စားရင်လဲ ကျွန်တော်အတွက် သိပ်အကျိုးမထူးတော့ဘူး.... အဖေနဲ့အမေ စားလိုက်တာက ပိုပြီးကောင်းပါတယ် "

    ဟောင်ပန်လဲ ခနလောက်စဉ်းစားလိုက်ပြီး " ကောင်းပြီလေ " ပြီးတော့ရှောင်လုံ လက်ထဲကအသီး နှစ်လုံးကိုကြည့်ရင်း သူ့ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို သက်ပြင်းအရှည်ကြီးချရင်းနဲ့ ကြိုးစားထိန်းချုပ်လိုက်လေသည်။ ဟောင်ပန်က မြေကြီးအဆင့်၆ နောက်ဆုံးအဆင့်မှာ ကျော်ဖြတ်ဖို့ ခက်ခဲနေတုံး ရှောင်လုံရဲ့ ယန်အသီးကိုသာ စားလိုက်ရင် သူနှစ်လအတွင်းမှာ မြေကြီးအဆင့်၇ ကိုရောက်နိုင်ပြီလေ ။

    အမှန်တော့ ဟောင်ပန်လဲ ယန်အသီးလိုမျိုး စွမ်းအားကိုတကယ်လိုနေတာမဟုတ်ပါလား။ အဲ့နောက်ဟောင်ပန်လဲ အခြေအနေကိုသေချာစဉ်းစားပြီးတော့ " ရှောင်လုံ... သားမင်း မြေကြီး အဆင့်၁ကိုရောက်တာကို ဘယ်သူကိုမှမပြောနဲ့အုံးနော် ... ပြီးတော့ ဒိနှစ်ကုန်လောက်ကျရင် မြေကြီးအဆင့်၁ အလယ်အဆင့်လောက်ရောက်အောင်ကြိုးစားရမယ်နော်သိလား..." ဟောင်ပန်အထင်က ရှောင်လုံသာ မြေကြီးအဆင့်၁ အလယ်အဆင့်ဆိုရင် ဟောင်ဝေက မြေကြီးအဆင့်၁ နောက်ဆုံးအဆင့်ကိုရောက်တယ်ဆိုရင်တောင် ရှောင်လုံရဲ့ လက်တွေကို မသန်မစွမ်းဖြစ်အောင်လုပ်နိုင်ဖို့ ခက်ခဲသွားပြီလေ ။ မြေကြီးအဆင့်၁ မှာက အလယ်အဆင့်နဲ့ နောက်ဆုံးအဆင့်က အဲ့လောက်မကွာဘူးလေ။

    "  အဖေနဲ့ အမေ စိတ်ချပါ..  ကျွန်တော်က အမေနဲ့အမေကို မျက်နှာမပျက်စေရပါဘူး...    " ရှောင်လုံက ပြောလိုက်သည်။

     အဲ့နောက်ရှောင်လုံလဲ သူ့သိုင်းကျင့်တဲ့ ခြံလေးကိုပြန်လာရင်းနဲ့ အတွင်းအားကီလေ့ကျင့်ခန်းတွေကိုဆက်လေ့ကျင့်တော့သည်။ သူ့မြေကြီးအဆင့်၃ ကိုရောက်ထဲက သူ့ရဲ့ ခေါင်းနှစ်လုံးမြွေနဂါး သိုင်းဝိညဉ်က စိတ်ဝိညဉ်စွမ်းအားတွေကို စုပ်ယူတဲ့နေရာမှာ ပိုအစွမ်းထက်လာသလို သူ့ကိုယ်ထဲက အတွင်းအားကီတွေကလဲ ပိုပြီးအားကောင်းလာသည်။

    ရှောင်လုံသိုင်းကျင့်တဲ့ နေရာက ဟောင်ကလန်ရဲ့ အရှေ့ဘက်ဆုံးမှာ ရှိပြီးတော့ သူမိဘတွေရော သူ့ညီမလေးရော လာခဲလေသည်။ အဲ့ဒါကလဲ ရှောင်လုံကို သိုင်းလေ့ကျင့်ဖို့ ပိုပြီးအဆင်ပြေစေသည်။ ရှောင်လုံရဲ့ အရူးအမူး သိုင်းလေ့ကျင့်မှုတွေကြောင့် သူ့အတွင်းအားကီတွေကလဲ တနေ့တခြား သိသိသာသာကို များပြားလာလေသည်။ ရှောင်လုံရဲ့ သုံးလလောက် နေ့ရောညရော လေ့ကျင့်မှုတွေက ရှောင်လုံကို မြေကြီးအဆင့်၃ နောက်ဆုံးအဆင့်ကို ရောက်သွားစေပြီး အဲ့အချိန်မှာ နှစ်ကုန်မိသားစုသိုင်းပြိုင်ပွဲစဖို့လဲ နှစ်ပတ်လောက်ပဲ လိုတော့လေသည်။

   အဆင့်၄ကိုရောက်ဖို့တားဆီးထားတဲ့ အတားအဆီးကို အဆင့်၃ ထက်စာရင် ဖြတ်ကျော်ဖို့ အရမ်းကိုခက်ခဲလေသည်။ ဟောင်ကလန်က အဆင့်၇သိုင်းဝိညဉ်ပိုင်ဆိုင်တဲ့ တပည့်တွေဆို အဆင့်၃ အထွပ်အထိပ်အဆင့်ကနေ အဆင့်၄ကို ရောက်ဖို့ဆိုတာ နှစ်နှစ်အချိန်ယူရသလို အဆင့်၈သိုင်းဝိညဉ်ကိုပိုင်ဆိုင်တဲ့လူတွေဆို တနှစ်ကျော်ကျော်လောက်အချိန်ယူရလေသည်။

   အဲ့လိုနဲ့အချိန်နှစ်ပတ်က တရွေ့ရွေ့နဲ့ကုန်ဆုံးသွားတော့သည်။ သိုင်းပြိုင်ပွဲနီးလာတာနဲ့အမျှ ဟောင်ကလန်တခုလုံးကသက်ဝင်လှုပ်ရှားလာပြ်ိး နှစ်သစ်ကြိုဆိုတဲ့ပွဲတော်အတွက် ခြံဝန်းတခုလုံးကိုလှလှပပ ပြင်ဆင်ကျလေသည်။ ခြံဝန်းကြီးတခုလုံးမှာ ရှောင်လုံရဲ့ ခြံဝန်လေးတခုပဲ တိတ်ဆိတ်ငြိမ်သက်ပြီး အထီးကျန်နေတော့သည်။

  "  မနက်ဖြန်ဆိုရင် ..မိသားစု .. စုဝေးပွဲကို ရောက်ပြီပဲ " ရှောင်လုံကရေရွတ်ရင်းနဲ့ သူခြံဝန်းအပြင်ကိုထွက်လာသည်။
     သူခြံထဲကနေ အပြင်ထွက်လာတာနဲ့ အစောင့်တွေရဲ့ တီးတိုးပြောသံတွေကိုကြားလိုက်သည်။
   " မနက်ဖြန်မိသားစုတွေ့ဆုံပွဲကျရင် သခင်ကြီးပါတက်ရောက်မယ်တဲ့  အဲ့သတင်းကိုမင်းကြားပြီးပြီလား " " ဒီနှစ်က သခင်လေး ဟောင်ဝေ သူ့ရဲ့သိုင်းဝိညဉ် နှိုးထလာပြီးနောက် မိသားစုသိုင်းပြိုင်ပွဲမှာ ပထမဆုံးဝင်ပြိုင်တာမဟုတ်လား အဲ့ဒါကြောင့် သခင်ကြီးကိုတိုင် မိသားစု သိုင်းပြိုင်ပွဲကိုတက်ရောက်တာပဲ..... ငါကြားတာကတော့ သခင်ကြီးက လီမိသားစုရဲ့သခင်ကြီးကိုတောင် ဖိတ်ထားသေးတယ်ဆို...."

  "  ဒါဆို....လီမိသားစုရဲ့ သခင်ကြီးလဲလာမှာပေါ့...ဟုတ်လား..?"
   လီမိသားစုနဲ့ ဟောင်မိသားစုဆိုတာ ကန်ဂလန်မြို့ထဲ အဓိက အင်အားကြီးတဲ့ မိသားစုတွေဖြစ်ပြီးတော့ လီမိသားစုရဲ့ သခင်ကြီး လီမူနဲ့ ဟောင်ကလန်ရဲ့ သခင်ကြီး ဟောင်ကိုက်တို့ကလဲ အရမ်းကိုရင်းနှီကျသည်။ 

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း (12.A).......မိသားစုတွေ့ဆုံပွဲစလေပြီ

      " ဒီနှစ် အဖိုးက လီသခင်ကြီးကိုတောင် ဖိတ်ခေါ်ထားတယိဆိုတော့ ဒိနှစ်သိုင်းပြိုင်ပွဲအတွက် တကယ်ကိုအားစိုက်ထားတာပဲ " ရှောင်လုံကစဉ်းစားလိုက်သည်။ သူယုံကြည်တာက သူအဖိုး လီသခင်ကြီးကို ဖိတ်ထားတဲ့ ကိစ္စကအဲ့လောက် မရိုးရှင်းဘူးဆိုတာပဲ။

     သူဖြတ်သန်းလာတဲ့ အရှေ့ဘက်ခြံဘက်ခြံဝန်းတခုလုံး မီးပုံးတွေ စာတန်းတွေနဲ့ အလှဆင်နေကျပြီးတော့ အလှဆင်နေတဲ့ အလုပ်သမားတွေက ရှောင်လုံကိုတွေ့တော့ " သခင်လေး ရှောင်လုံ " ဆိုပြီး အရိုသေပေးကျသည်။ ရှောင်လုံလဲ ခေါင်တချက်ညိတ်ပြပြီးလမ်း ဆက်လျှောက်လာလိုက်သည်။

     ရှောင်လုံက သူလျှောက်လာတဲ့ လမ်းတလျှောက်လုံးမှာ အလုပ်သမားတွေကို သူ့ကိုကြည့်နေတဲ့အကြည့်တွေက ထူးဆန်းနေသလိုခံစားလိုက်ရသည်။ အဲ့လိုနဲ့ သူအရှေ့ခြံဝန်းကိုရောက်လာသည်။ အခန်းထဲကို ဝင်လိုက်တော့ သူ့မိဘနှစ်ယောက်ကိုတွေ့လိုက်ရသည်။

   " အဖေနဲ့ အမေ " ရှောင်လုံကနှုတ်ဆက်လိုက်တဲ့အခါ  " ရှောင်လုံ...သားရောက်လာပြီလား.." စုရန်က ရှောင်လုံကို သူမနားမှာထိုခိုင်းပြီးတော့ မေးလိုက်သည် "  မနက်ဖြန်မိသားစုတွေ့ဆုံပွဲနော်...  ဒိအတော့အတွင်း သားရဲ့လေ့ကျင့်မှု အခြေအနေက ဘယ်လိုလဲ.." ။
ဟိုဘက်တခြမ်းမှာ ထိုင်နေတဲ့ ဟောင်ပန်ကလဲ ရှောင်လုံကိုစိုက်ကြည့်နေလေသည်။

    ရှောင်လုံကအနဲငယ်ရီလိုက်ပြီးမှ " အဖေနဲ့ အမေ.. စိတ်မပူပါနဲ့ဗျာ..ကျွန်တော်ကြောင့်တော့ အဖေနဲ့ အမေ မျက်မှာမပျက်စေရပါဘူး.." ။ သူ့စကားဆုံးတာနဲ့ စုရန်က ရုတ်တရုတ်မေးလိုက်သည် " ရှောင်လုံ..သားမြေကြီးအဆင့်၁ အလယ်အဆင့်ကို ရောက်ပြီလား.." သူ့အမေ ထင်တာက သူယုံကြည်မှုရှိရှိပြောတာက သူမြေကြီးအဆင့်၁ အလယ်အဆင့်ကြောင့်လို့ပဲထင်နေသည်။

    ဟောင်ပန်ကလဲ ဟက်ဟက်ပက်ပက်ရီလိုက်ပြီးတော့ " ကောင်းတယ်.. ငါတို့သားက ငါ့ကိုတကယ် စိတ်မပျက်စေဘူးပဲ.." ။

   ရှောင်လုံလဲ သူ့မိဘတွေစကားကြားတော့ ပြုံးလိုက်ပြီးတော့ ငါမိဘတွေက ငါ့ကို မြေကြီးအဆင့်၁ အလယ်အဆင့်ကို ပဲ အမြင့်ဆုံးရောက်နိုင်မယ်လို့ထင်ထားကျတာပဲ ။

" အဖေ. အစောင့်တွေဆီကနေ လီသခင်ပြီးလဲလာမယ်လို့ကြားလိုက်တယ် ..အဲ့ဒါဟုတ်လား " ရှောင်လုံက ခေါင်းစဉ်ပြောင်းရင်းနဲ့ မေးလိုက်သည်။ ဟောင်ပန်က ခေါင်းကိုညိတ်ရင်းနဲ့ " ဒိတကြိမ်မှာ လီသခင်ကြီးအပြင် သူ့မြေးမလေး လီလူ ပါပါလာမှာ" ။ " သူ့မြေးလေး လီလူ " ရှောင်လုံနဲ့ အနဲငယ်အံသြသွားပြီးမှ လှောင်တဲ့အသံနဲ့ " ဒါဆို လီသခင်ကြီးက သူ့မြေးကို ကြင်ဘက်တွေ့ပေးဖို့ ခေါ်လာတာလား " ။

  ဟောင်ပန်က လေးနက်တဲ့အသံနဲ့ " ဒါကက မင်းအဖိုးနဲ့ လီသခင်ကြီးတို့ စီစဉ်ထားကျတာပဲ.. မိသားစုသိုင်းပြိုင်ပွဲပြီးရင်.. ဟောင်ဝေနဲ့ လီလူကို စေ့စပ်ပေးကျမယ်ထင်တယ်.. အဲ့ဒါဆို လီကလန်နဲ့ ဟောင်ကလန်က အနာဂတ်ကျရင် ဆွေမျိုးတော်ပြီလေ "။

    " ကြားရတဲ့ သတင်းအရ လီလူရဲ့ အရည်အသွေးကလဲ မသေးဘူး.. သူ့ရဲ့ သိုင်းဝိညဉ်က အဆင့်၉ အမဲရောင်နတ်ဓား ပဲ" စုရန်ကလဲ ဝင်ပြောလိုက်သည်။ အဆင့်ကိုး သိုင်းဝိညဉ်တွေထဲမှာမှ  အမဲနတ်ဓားက ထိပ်တန်းအဆင့်ရှိတဲ့ သိုင်းဝိညဉ်မဟူတ်လား။

    ရှောင်လုံလဲ လီမူရဲ့ မြေးက အဆင့်ကို အမဲရောင်နတ်ဓား သိုင်းဝိညဉ်ကို ပိုင်ဆိုင်တယ်ဆိုတော့ သူတော်တော်အံသြသွားသည်။

    ဒီသိုင်းဝိညဉ်  ကမ္ဘာကြီးမှာက သိုင်းဝိညဉ်တွေက သားရဲကြီးများ ၊ လက်နက်များ ၊ သစ်ပင်များ ၊ တခြားသူတွေဆို သဘာဝသိုင်းဝိညဉ်တွေ မိုးကြိုး ၊ လေ ၊ ရေ ၊ မီး စတဲ့ သိုင်းဝိညဉ်ဆိုပြီး ပုံစံ အမျိုးမျိုးကို ပိုင်ဆိုင်ကျသည်။ အမဲရောင်နတ်ဓားက လက်နက်အမျိုးအစား သိုင်းဝိညဉ်ပဲ ။

     သိုင်းဝိညဉ် ကမ္ဘာကြီးမှာ သိုင်းဝိညဉ် အများစုက သားရဲကြီးတွေပုံစံ ဥပမာ ရှောင်လုံရဲ့ ခေါင်းနှစ်လုံးမြွေနဂါး ၊ ဟောင်ဝေရဲ့ မျက်စိသုံးလုံးအမဲရောင်ကျား ၊ ဟောင်ကိုက်ရဲ့ အတောင်ပံခြောက်ခုရွှေရောင်မျောက်ဝံ စသဖြင့် သားရဲကြီးတွေပုံစံက ပိုများလေသည်။

    အဲ့လိုနဲ့ ရှောင်လုံလဲ သူခြံလေးပဲ ပြန်ပြီးတော့ အက်ဆူရာသိုင်းကျမ်းကို ဆက်လေ့ကျင့်တော့သည်။ အဲ့လိုနဲ့ညအချိန်ရောက်လာသည်။
ရှောင်လုံလဲ အနောက်ဘက်တောင်ရဲ တောင်ဂုန်းပေါ်မှာ တလက်မမှမရွေ့ပဲ ရပ်နေသည်။ ဒါပင်မယ့် သူသိုင်းကျင့်ခြင်းမဟုတ်ဘဲနဲ့ သူ့ရှေ့က သွေးပင်လယ်ကြီးကို စိုက်ကြည့်နေလေသည်။ အမှန်တော့ ဟောင်ဝေ အဆင့်လောက်ကတော့ သူတကယ်ကို $ဂရုစိုက်တာပြဲဖစ်သည်။

   သူ့ရဲသိုင်းဝိညဉ်ကို သူနောက်ကျောမှာ ပျံလွှင့်စေပြီးတော့ ရှောင်လုံက သူရဲ့ ခေါင်းနှစ်လုံးမြွေနဂါး သိုင်းဝိညဉ်ကြီး ဘယ်လောက်စွမ်းအားကြီးတယ် ဆိုတာကို သူတယောက်ထဲ သိလေသည်။

    " ကြည့်ရတာ..ငါစာကြည့်တိုက်သွားပြီးတော့..  ငါရဲ့သိုင်းဝိညဉ်အကြောင်းကို ရှာမှပဲ.. " ရှောင်လုံက သူဘာသာရေရွတ်လိုက်သည်။ ဒါပင်မယ့် ဟောင်ကလန် စာကြည့်တိုက်က ၄ နဲ့ အထက် သိုင်းသမားမှ ဝင်ခွင့်ရှိတာမို့ သူအဆင့်၄ ကိုရောက်ဖို့ အသဲအသန်ကြိုးစားဖို့ လိုလေသည်။ အဲ့လိုနဲ့ လရောင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နေရောင်ထွက်လာမှ ရှောင်လုံလဲ ဟောင်ကလန်ကိုပြန်လာတော့သည်။
 
     " နောက်ဆုံးတော့ မိသားစုသိုင်းပြိုင်ပွဲ စပြီပေါ့! " ရှောင်လုံက တိုးတိုးလေး ရေရွတ်လိုက်တော့သည်။

.............

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် (12B)

      မိသားစု သိုင်းပြိုင်ပွဲစပြီလေ။

      ဟောင်ကလန်ကိုရှောင်လုံပြန်ရောက်တော့ အရှေ့ဘက်ခြံကိုပဲ တန်းသွားလိုက်သည်။ ဟောင်ပန်တို့လဲ ရှောင်လုံလာတာမြင်တာနဲ့ အပိုစကားမပြောတော့ ပဲ ရှောင်လုံကိုခေါ်ရင်း သိုင်းပြိုင်ကွင်းရှိရာကိုပဲ တူတူထွက်လာကျတော့သည်။

     ဟောင်ကလန်ရဲ့ သိုင်းပြိုင်ကွင်းက အလွန်ကိုကြီးမားပြီးတော့ လူတထောင်လောက် သက်သက်သာသာနေလို့ရလောက်အောင် ကျယ်ဝန်းလေသည်။ သိုင်ပြိုင်ကွင်းရဲ့ အရှေ့ဘက်ကတော့ အကြီးအကဲနဲ့ အိမ်တော်ထိန်းတွေအတွက် ထိုင်ခုံတွေနဲ့ ပြင်ဆင်ထားပြီး တခြားတပည့်တွေ အစောင့်တွေကတော့ အရှေ့ဘက်မှာကြည့်ရှုခွင့်မရှိပဲ အနောက်ဘက်ကနေပဲ မတ်တပ်ရပ်ရင်း ကြည့်ရှုလို့ပဲရသည်။

    ဟောင်ပန်တို့ စုရန်တို့ သိုင်းပြိုင်ကွင်းကိုရောက်တော့ အကြီးအကဲတွေ အိမ်တော်ထိန်းတွေနဲ့ ပြည့်လုမတတ်ဖြစ်နေလေသည်။
ဟောင်ပန်ကို မြင်တော့
"   ဒုတိယသခင်လေး " " ဒုတိယခင်လေး " စသဖြင့် အကြီးအကဲတွေ အိမ်တော်ထိန်းတွေက ချက်ချင်း မတ်တပ်ရပ်ပြီးနှုတ်ဆက်ကျသည်။ 

   ဟောင်ပန်လဲ ခေါင်းညိတ်ပြပြီး ပြန်နှုတ်ဆက်လိုက်ကာ ရှောင်လုံတို့ကိုခေါ်ကာ သူတို့အတွက်ပြင်ဆင်ထားတဲ့ စားပွဲမှာထိုင်လိုက်ကျသည်။  ရှောင်လုံက ထိုင်လိုက်တာနဲ့ အေးစက်စက်အကြည့်တခုက သူ့ကိုစိုက်ကြည့်နေသလိုခံစားလိုက်ရပြီး သူလှမ်းကြည့်လိုက်တော့ သူ့ရဲ့ အဓိကပြိုင်ဘက် ဟောင်ဝေက သူမျက်နှာချင်းဆိုင်မှာ ထိုင်နေတာကိုတွေ့လိုက်ရသည်။ ဟောင်ဝေနဲ့ မျက်လုံးချင်းဆုံလိုက်တဲ့ အခိုက်မှာ ဟောင်ဝေရဲ့ မျက်လုံးထဲမှာ မာနထောင်လွှာမှု ၊ အထင်သေးမှု ၊ ရန်လိုမှု  တွေကိုအထင်းသားမြင်လိုက်ရသည် ။

      ဟောင်ဝေက လူသေလို မျက်နှာသေနဲ့ ထိုင်နေတဲ့ သူ့အဖေ ဟောင်မင်ဘေးမှာ ထိုင်နေလေသည်။ ဟောင်ပန်က ထိုင်လိုက်ပင်မယ့် သူ့အကိုဟောင်မင် လုံးဝကိုမနှုတ်ဆက်ဘူး မြောက်ဘက်ခြံဝန်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စပြီးထဲက သူတို့ညီအကို နှစ်ယောက်ရဲ့ ဆက်ဆံရေးက သူစိမ်းနီးပါးကို ဖြစ်သွားလေသည်။

     ရှောင်လုံတို့သုံးယောက်ရောက်ပြီး သိပ်မကြာခင်မှာ အပြင်ဘက်ကနေ အူလှိုက်သည်းလှိုက်ရယ်သံကြီး ကြားလိုက်ရပြီး အဲ့အသံလကြားရော အားလုံကမတ်တပ်ရပ်ရင်း အသင့်စောင့်နေကျသည်။ အဲ့နောက် ဝင်လာတဲ့ သူက မျက်နှာတခုလုံးပြုံးနေတဲ့ ရှောင်လုံရဲ့ အဖိုး ဟောင်ကိုက်ဖြစ်ပြီးတော့ သူ့ဘေးမှာလဲ ပိန်ပိန်နဲ့ ခေါင်းတခုလုံးဆံပင်ဖြူနေတဲ့ အဖိုးအိုတယောက်လဲပါလာလေသည် ။ ရှောင်လုံလဲ ချကိချင်းကိုသိလိုက်သည် ။ ဒါ လီကလန်ရဲ့ သခင်ကြီး လီမူပဲ လီမူလဲနောက်မှာတော့ အရာရာကိုစပ်စပ်စုစု လိုက်ကြည့်နေတဲ့ ကျစ်ဆံမြီးနှစ်ခုချထားပြီး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အလွန် ချစ်စရာကောင်မလေးတယောက်ကို တွေ့လိုက်ရလေသည်။

"  ဟောင်ကလန်သခင်ကြီး "
" သခင်ကြီး လီ "

   သိုင်းပြိုင်ကွင်းထဲက လူတွေက မတ်တပ်ရပ်နှုတ်ဆက်ကျပြီးတော့ အဲ့နောက် ဟောင်မင် ဟောင်ပန် နဲ့ စုရန်တို့လဲ နှုတ်ဆက်ကျသည် " အဖေ...  သခင်ကြီးလီ " ။ အဲ့နောက်မှာတော့ ရှောင်လုံတို့ ဟောင်ဝေတို့ကလဲ နှုတ်ဆက်လိုက်ကျလေသည် " အဖိုး... သခင်ကြီးလီ "။

   ဟောင်ဝေနှုတ်ဆက်တာကို မြင်တော့ ဟောင်ကိုက်က ခေါင်းညိတ်ပြရင်း ပြုံးလိုက်ပြီးတော့ ဟောင်ဝေကို ညွှန်ပြရင်းနဲ့ လီမူကို " ဒါက ကျုပ်မြေး ဟောင်ဝေလေ.. " ဒါပင်မယ့် ဟောင်ကိုက်က ဟောင်ဝေတယောက်ထဲကို မိတ်ဆက်ပေးပြီးတော့ ရှောက်လုံကိုတော့ အဖတ်တောင်မလုပ်ဘူး။

   လီမူလဲ ဟောင်ဝေက်ို ခေါင်းအစခြေအဆုံးအကဲခတ်ပြီးတော့ အဲ့နောက်အသိအမှတ်ပြုတဲ့ လေသံနဲ့ " မဆိုးဘူး... တကယ်တော်တာပဲ..  အကို ဟောင်ကိုက်.. ကျုပ်ကြားတာတော့ ခင်ဗျားမြေးက မြေကြီးအဆင့်၁ သူရဲကောင်းအဆင့်ကို နှစ်လအတွင်းကျင့်နိုင်ခဲ့တာဆို...ကျုပ်အလှည့်ကဆို အဲ့အဆင့်ရောက်ဖို့ ငါးလတောင်ကျင့်ခဲ့ရတာဗျို့.."

   လီမူရဲ့ချီးကျူးသံကိုကြားတော့ ဟောင်ကိုက်ကို ပိုကျေနပ်သွားပြီးတော့ " အကိုလီမူ.. ဒိကလေးကို အကိုကို့အပ်ပါတယ်.. နောက်ပိုင်းကျရင်လဲ ကြည့်ရှု စောက်ရှောက်ပေးပါအုံးနော်.." ။

"   နောက်ပိုင်းကျရင်... ဟာ......စောက်ရှောက်ရမှာပေါ့.. " လီမူလဲရီရင်းနဲ့ ပြန်ဖြေလိုက်လေသည်။ အဲ့နောက်လူတွေအကုန်လုံးကိုယ်နေရာ ကိုယ်ပြန်ထိုင်လိုက်ကျသည်။ အဲ့နောက်အိမ်ထောင်ထိန်းကြီး ချန်ယင်က မိသားစုတွေ့ဆုံပွဲ အစီအစဉ်စဖို့ ထရပ်ရင်းဟောင်ကိုက်ကို အတည်ပြုချက်တောင်းသလိုကြည့်လိုက်သည်။ ဟောင်ကိုက်ခေါင်းညိတ်ပြတာကိုမြင်တော့ သူကအသံကျယ်ကြီးနဲ့ " မိသားစုတွေ့ဆုံပွဲ အခမ်းနားအစီစဉ်ကို စတင်ပါသည်" ။

   ချန်ယင်ကြော်ငြာသံလဲ ကြားရော သိုင်းပြိုင်ကွင်းကြီးတခုလုံး တိတ်ဆိတ်သွားလေသည်။ မနှစ်က ကျင်းပခဲ့တဲ့ အစီအစဉ်အရ သိုင်းဝိညဉ် စတင်နှိုးထတဲ့ လူငယ်တွေက သိုင်းစပြိုင်ရမှာပဲ ဖြစ်သည်။ အဲ့လောက်အားလုံးရဲ့အကြည့်က ဟောင်ဝေပေါ်ကို ကျရောက်လာလေသည်။

   ဟောင်ကလန် သခင်ကြီး ဒိနှစ်ပွဲကို အဓိက တက်ရောက်ရတဲ့ အကြောင်းအရင်းက ဟောင်ဝေကြောင့်ပဲ မဟုတ်လား။

"  ဟောင်ဝေ... မင်းငါးလလောက် ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ကို အားလုံးကို သိသွားအောင်ပြလိုက်စမ်းပါ.." ဟောင်ကိုက်က သူ့မြေးကို အားပေးတဲ့ အသံနဲ့ပြောလိုက်သည်။

" ဟုတ်ကဲ့..အဖိုး " ဟောင်ဝေကပြန်ဖြေကာ အဲ့နောက် မာန်သွင်းပြီး စင်ပေါ်ကို ခုန်တက်လိုက်လေသည်။ စင်ပေါ်ကိုရောက်တာနဲ့ သူရဲ့သိုင်းဝိညဉ်ကို ဆင့်ခေါ်လိုက်တဲ့ အခါ ဟောင်ဝေရဲ့နောက်မှာ အလွန်စွမ်းအားကြီးတဲ့ မျက်စိသုံးလုံအမဲရောင်ကျားကြီး က ကြမ်းတမ်းစိုးမိုးနိုင်တဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ လွှင့်ထုတ်ရင်းပေါ်လာလေသည်။

"  မြေကြီးအဆင့်၁... အထွပ်အထိပ်အဆင့် " ဟောင်ဝေ ထုတ်လိုက်တဲ့ အတွင်းအားကီတွေရဲ့ စွမ်းအားကို ခံစားမိတယ်ဆိုရင်ပဲ အကြီးအကဲတွေရော အိမ်တော်ထိန်းတွေအားလုံးက အံသြမင်သက်ကုန်ကျပြီးတော့ အံသြစွာရေရွတ်လိုက်တဲ့ အာမေထိတ်သံ အကျယ်ကြီးပေါ်လာလေသည်။ သိုင်းစကျင့်တာ ငါးလတောင်မရှိသေးပင်မယ့် ဟောင်ဝေက တကယ်ကို မြေကြီးအဆင့်၁ အထွတ်အထိပ်အဆင့်ကို ရောက်သွားတာပဲ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၃....မင်း$ခွက်ကို မင်းအဖေမမှတ်မိနိုင်အောင် ရိုက်ပြမယ်

          မြေကြ်ိးအဆင့်၁ အထွပ်အထိပ်အဆင့်!

         လီမူကလဲ အံသြသွားတဲ့ အကြည့်နဲ့ ဟောင်ဝေကို ကြည့်လိုက်လေသည်။ သူပထမအထင်က ဟောင်ဝေက အဆင့်၁၀ သိုင်းဝိညဉ်ကို ပိုင်ဆိုင်ပင်မယ့် ငါးလလောက် သိုင်းကျင့်တဲ့ကာလအတွင်းတော့ အလွန်ဆုံး မြေကြ်ိးအဆင့်၁ နောက်ဆုံးအဆင့်လောက်ပဲရောက်မယ်လို့ထင်ထားတာ အခုဟောင်ဝေကို ကြည့်ရတာ အထွတ်အထိတ်အဆင့်ကို ရောက်နေပြီးတော့ သိုင်းအဆင့်၂ ကိုအချိန်မရွေးကျော်ဖြတ်နိုင်တဲ့ ပုံစံမျိုးပဲ ။

   အစကတော့ လီမူက သူမြေးနဲ့ ဟောင်ဝေကို စေ့စပ်ပေးဖို့ သိပ်သဘောမတူချင်ပင်မယ့် အခုတော့ အဲ့အတွေးက ပိန်းကြာရွက်မှာ ရေမတင်သကဲ့သို့ လုံးဝပျောက်ကွယ်သွားပြီး မဟုတ်ပါလား။ သူဟောင်ဝေကို ကြည့်လေလေ ပိုပြီးနှစ်သက်လာလေပဲဖြစ်လာသည်။

   ဟောင်ကိုက်လဲ လီမူက ဟောင်ဝေကို နှစ်သက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကိုမြင်တော့ သူလဲပိုပြီးကျေနပ်သွားတော့သည်။ ဒီငါးလအတွင်း သူမြေးအတွက် အစွမ်းကုန်ထောက်ပံပေးထားတာလေ ။ ဒီကောင် ဟောင်ဝေ ငါ့ကို စိတ်မပျက်စေဘူးပဲ.။ သူလဲ လီမူလိုပဲ ဟောင်ဝေကို ပိုကြည့်လေလေ ပိုနှစ်သက်လာလေဖြစ်လာသည်။

  ဒါပင်မယ့် ဟောင်ပန်နဲ့ စုရန်တို့ကတော့ ဟောင်ဝေကိုကြည့်ရင်း ရှောင်လုံအတွက် ပိုပိုပြီး စိုးရိမ်လာကျသည်။

  စင်ပေါ်မှာ မတ်တပ်ရပ်ရင်း သူအကြောင်းတီးတိုးပြောတာတွေအားလုံးကိုနားထောင်ရင်းနဲ့ ဟောင်ဝေက ပိုမိုဂုဏ်ယူ မာန်တက်လာပြ်ိးတော့ အဲ့အချိန်မှာ သူက သူ့အဖိုးကိုတောင်းဆိုလိုက်လေသည် " အဖိုး... ဒီအတော့အတွင်း ရှောင်လုံလဲ အတော်ကို ကြိုးကြိုးစားစား သိုင်းကျင့်တယ်လို့ ကျွန်တော်ကြားတယ်...  ကျွန်တော် ရှောင်လုံနဲ့ သိုင်းပညာဖလှယ်ချင်လို့...  အဖိုးခွင့်ပြုပေးပါလား.."

   အဲ့ဒါကိုကြားတော့ လူတိုင်းက စိတ်လှုပ်ရှားစွာနဲ့ပဲ ရှောင်လုံတော့ကံဆိုးပြီးဆိုပြီး အကုန်ဝိုင်းကြည့်လိုက်ကျလေသည်။

ဟောင်ကိုက်လဲ ခနတော့ အံသြသွားတော့ပြီးတော့မှ ပြုံရင်းခေါင်းညိတ်ပြကာ " ကောင်းပြီ... သိုင်းပညာချင်းပဲဖလှယ်ကျပေါ့...ဘယ်သူမှ ဒဏ်ရာမရစေနဲ့.. ဟုတ်ပြီလား.." ဟုသဘောတူကြောင်းပြောလိုက်လေသည်။

    ရှောင်လုံကတည်တည်ငြိမ်ငြိမ်ပဲ ရှိပြီးတော့ သူရဲ့သိုင်းဝိညဉ်က တကယ်ပဲ အဆင့်၇ ဆိုရင် ဒိငါးလ အတွင်းမှာ မြေကြီးအဆင့်၁ ကိုရောက်နိုင်မှာ မဟူတ်သလို စင်ပေါ်တက်ပြီးပြိုင်ရင်လဲ ရှောင်လုံပဲအရှက်ကွဲမှာပဲမလား ။ ဒါဆိုသိရက်နဲ့တောင် ဟောင်ကိုက်က ဟောင်ဝေနဲ့ ရှောင်လုံနဲ့ ယှဉ်ပြိုင်ဖို့ကိုခွင့်ပြုခဲ့တာပဲ ။

    ဟောင်ကိုက်က ရှောင်လုံရဲ့ခံစားချက်ကိုမမေးပဲ ဒီပြိုင်ပွဲကို ခွင့်ပြုခဲ့တာပဲ ။ သူ့အဖိုးရဲ့ ခွင့်ပြုသံကိုလဲကြားရော ဟောင်ဝေက ရှောင်လုံကိုစသလိုနဲ့ ကြည့်ပြီးတော့ " ရှောင်လုံ... ဘယ်လိုလဲ? ...မင်းလာရဲရဲ့လား....? စိတ်မပူစမ်းပါနဲ့ကွာ....ငါ မင်းကိုအကြောပေးပါ့မယ်....ငါလက်နှစ်ဖက်လုံး မသူံးဘူးကွာ ဘယ်လိုလဲ.." ဟောင်ဝေက တောက်ပစွာနဲ့ ပြုံးလိုက်သည်။

" ရှောင်လုံ  " ဟောင်ပန်နဲ့ စုရန်တို့လဲ ရှောင်လုံကို စိုးရိမ်စွာနဲ့ ကြည့်လိုက်တဲ့အခါ ရှောင်လုံက သူတို့က စိတ်မပူဖို့ ခေါင်ခါပြလိုက်သည်။ အဲ့နောက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ သိုင်းပြိုင်မယ့် စင်ပေါ်ကိုတက်လာပြီး ဟောင်ဝေရဲ့ အရှေ့မှာ ရင်ဆိုင်ရပ်လိုက်လေသည်။

   ရှောင်လုံနဲ့ မျက်နှာချင်းဆိုင်မိတော့ ဟောင်ဝေက ကြမ်းတမ်းချင်တဲ့ စိတ်တွေပေါ်လာပြီးတော့ " ရှောင်လုံ......ရှောင်လုံ.... မင်းငါဒူးထောက်တောင်းပန်ခိုင်းတုံးက မတောင်းပန်မိတာကို နောင်တရနေပြ်ိမလား.."

   ရှောင်လုံက မထူးခြားတဲ့ ပုံစံနဲ့ပဲ " မင်းက $စကားတော်တော်များတာပဲ... " ဟုပြောပြီး ဟောင်ဝေ ပြန်ပြောမလိုပြင်နေတုံး ရှောင်လုံ သိုင်းပြိုင်တဲ့ စင်ရဲ့ အခြားတဖက်က သူ့အဖိုးရှိရာကို လျှောက်လာလိုက်သည်။ သူ့အဖိုးကိုကြည့်ပြီးတော့   "   အဖိုး.... သိုင်းပြိုင်ပွဲစည်းကမ်းအရ... သိုင်ပြိုင်နေတုံး တခြားလူတွေ ဝင်တားလို့မရဘူးမလား.."

  ဟောင်ကိုက်လဲ ခနလောက် အံသြသွားပြီးတော့ ရှောင်လုံဘာရည်ရွယ်ချက်နဲ့ မေးလဲမသိပင်မယ့် သူခေါင်းကိုညိတ်ပြပြီးတော့ ဖြေလိုက်သည် " ဒါအမှန်ပဲလေ.."

    လူတိုင်းကလဲ ရှောင်လုံဘာအတွက်နဲ့ မေးမှန်းမသိလို့ အံသြသွားကျပြီး အဲ့အချိန်ကျမှ ရှောင်လုံက ဟောင်ဝေကိုပြုံးကြည့်ရင်း " အဲ့အချိန်ကျရင်... မင်း$ခွက်ကို  မင်းအဖေတောင် မမှတ်မိရင် ငါထိုးပြမယ်.." ဟုပြောလိုက်သည်။

   အဲ့စကားကိုကြားလိုက်တဲ့ လူတိုင်းက ပြုံးရင်းနဲ့ ခေါင်းခါလိုက်ကျသည်။

    ဟောင်ကိုက်ဘေးမှာ ထိုင်နေတဲ့လီမူ ကလဲ ပြုံးရင်းနဲ့ " အကို ဟောင်ကိုက်...ခင်ဗျား မြေးကရူးများရူးသွားတာလား...? သူက အဆင့်၇ သိုင်းဝိညဉ်ရှိတဲ့ ဟောင်ရှောင်လုံ.. မဟုတ်လား?.ဒိလို ခွန်အားမရှိပဲ စကားကြီး စကားကျယ် ပြောတဲ့သူမျိုးဆို ကျုပ်တော်တော်ကို သဘောမကျဘူး."

  ဟောင်ကိုက် လဲမျက်နှာပျက်သွားပြီးတော့ ရှက်ရှယ်ရယ်ရင်း သူမျက်လုံးတွေကတော့ ဟောင်ပန်တို့ကို ဝေ့ဝှိက်ကြည့်ရင်းနဲ့ ကြည့်ရတာတော့ ငါ့ဒုတိယသားကိုပြောအုံးမှပဲ သူ့သားကို သေချာဆုံးမထားဖို့ ဒါမှ နောက်ထပ် မိသားစု အရေးကြီးတဲ့ ပြိုင်ပွဲတွေကျရင် ငါအရှက်မရမှာ ။

     ဟောင်ဝေက ကျယ်လောင်စွာ ရယ်ရင်းနဲ့ " မင်းဘာပြောလိုက်တာလဲ?..ငါနားကြားများလွဲသလားကွာ..? မင်းက ငါ့မျက်နှာကို ငါ့ ့အဖေတောင်မမှတ်မိအောင် ထိုးမယ်လို့ ပြောလိုက်တာလား"

  သူစကားပြီးပြီးချင်းပဲ အရိပ်တခုက ဟောင်ဝေရဲ့ အံသြနေတဲ့ အရှေ့မှာပေါ်လာပြီးတော့ ဟောင်ဝေရဲ့ အံသြပြုးကျယ်နေတဲ့ မျက်လုံးနှစ်လုံးထဲက ဘယ်ဘက်မျက်လုံးကို လက်သီး အကြီးကြီးနဲ့ထိုးချလိုက်လေသည်။

  စိတ်မကောင်းစွာပဲ သူရှောင်ဖို့က အရမ်းနောက်ကျသွားပြီလေ သူစကားထပ်ပြောဖို့ ပြင်နေတုံး လက်သီးကြီးက သူ့ဘယ်ဘက်မျက်လုံးကို ထိသွားပြီး ဟောင်ဝေလဲ နာကျင်လို့ ကျယ်လောင်စွာနဲ့ အော်ပြီး သူမျက်လုံးပတ်ချာလည်မှာလဲရွှေရောင် ကြယ်တွေပေါ်လာလေသည်။

  ရှောင်လုံကို ကြည့်ရင်းလှောင်ပြောင်နေကျတဲ့ ရယ်သံတွေလဲ ချက်ချင်းရပ်သွားပြီးတော့ သိုင်းပြိုင်စင်ပေါ်မှာ နာကျင်စွာ လေးဘက်ထောက်ပြီး ဝမ်းလျားထိုးသွားနေတဲ့ ဟောင်ဝေကို အကုန်အံသြပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကျလေသည်။

   အဲ့အချိန်မှာ လီမူက မျက်မှောင်ကျုံရင်းနဲ့ " ဒိလောက် အသက်ငယ်ငယ်ပဲရှိသေးတယ်.. ခိုးကြောင်ခိုးဝှက်တိုက်တတ်နေပြီ.. အသက်များကြီးလာရင် ဘယ်လောက်တောင်ဆိုးရွာလိမ့်မလဲမသိဘူး." ဟုပြောလိုက်သည်။ရှောင်လုံကို ကြည့်ရင်း ဟောင်ကိုက်ရဲ့မျက်နှာက လဲ အကြီးအကျယ်ကို ရှုံမဲ့သွားသည်။

  "မင်း..မင်း.. မင်းငါ့ကို ရိုက်ရဲတယ်...ဟုတ်လား.." ဟောင်ဝေက ဒေါသတကြီးနဲ့ ကြည့်ရင်း သူ့ဘယ်လက်က သူ့ဘယ်မျက်လုံးကို ကာထားတာကို ဖယ်လိုက်မိတော့ သူ့ဘယ်မျက်လုံးမှာ ပန်ဒါမျက်လုံးလို အမဲရောင်အကွင်းကြီးပေါ်နေတာကိုတွေ့လိုက်ကျရသည်။

  ရှောင်လုံလဲ ဘာမှမပြောပဲ သူ့အရိပ်က ဟောင်ဝေရှေ့မှာ နောက်တခါပေါ်လာပြ်ီး ဒီတခါတော့ သူ့က ညာမျက်လုံးကိုချိန်ရင်းထိုးချလိုပ်သည်။ နောက်လက်သီးချက်ကလဲ ဟောင်ဝေမျက်လုံးကို တည့်တည့်ထိသွားပြီး ဟောင်ဝေလဲ အူလှိုက်သဲလှိုက်နဲ့ နာကျင်စွာအော်လေသည်။

   ဟောင်ဝေရဲ့ ပန်ဒါမျက်လုံးတွေကို ကြည့်ရင်း လီမူဘေးမှာထိုင်နေတဲ့ လီလူလေးက သူ့မကိုယ်သူမ မထိန်းနိင်တော့ပဲ ရီချလိုက်လေသည်။ ဆွဲဆောင်မှုရှိတဲ့ ရယ်သံလေးကသိုင်းပြိုင်ကွင်းတခုလုံးကို ပျံနှံသွားပြီး သူမရဲ့ပါးနှစ်ဖက် ကလဲ ချစ်စရာကောင်တဲ့ ပေါက်စိလေးနှစ်လုံးချိတ်ထားသလို လုံးဝန်းနေသည်။

  စင်အောက်မှာတော့ လူတိုင်းက ဝေခွဲမရတဲ့ ပုံစံတွေပေါ်လာကျသည်။

  နောက်ဆုံးတော့ ဟောင်ဝေရဲ့ ဒေါသလဲပေါက်ကွဲထွက်လာပြီးတော့ " ဟောင်ရှောင်လုံ... မင်းကိုငါ..သတ်မယ်" ဟုကျယ်လောင်စွာဟစ်ကြွေးရင်းနဲ့ သူ့အတွင်းအားကီတွေကို ထုတ်ကာ ရှောင်လုံရင်ဘက် တည့်တည့်ကို ထိုးချလိုက်တော့သည်။

     ဟောင်ဝေရဲ့ လက်သီးက ရှောင်လုံရင်ဘက်က ထိတော့မှာကိုတွေ့တော့ ဟောင်ပန်နဲ့ စုရန် တို့ရဲ့နှလုံးတွေက ပြင်းထတ်စွာခုန်နေပြီးတော့  ဟောင်ဝေက အဆင့်၁ ရဲ့အထွတ်အထိပ်အဆင့်ကို ရောက်နေပြီလေ ဟောင်ဝေလက်သီး တချက်သာ ပိန်ပိန်ပါးပါးရှောင်လုံလေးကို ထိလိုက်ရင် သူဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ?

   ဒါပဲမယ့် ဂိုဏ်းချုပ်ခုံမှာ ထိုင်နေတဲ့ ဟောင်ကိုက်ကတော့ ဒီဖြစ်ရပ်ကို တားဆီးချင်းမရှိပဲနဲ့ သူအမူအရာအရ ဟောင်ဝေက ရှောင်လုံကို သင်ခန်းစာကောင်းကောင်းပေးမှာကိုခွင့်ပြုတဲ့ ပုံစံဖြစ်နေသည်။

   ဟောင်ဝေလက်သီးက ရှောင်လုံကို ထိလုထိခင်မှာပဲ ရှောင်လုံက ဟောင်ဝေတိုက်ခိုက်တာကိုရှောင်ရင်း အရိပ်တခုလို ပျောက်ကွယ်သွားလေသည်။ အဲ့နောက် ဟောင်ဝေအနောက်မှာ ပြန်ပေါ်လာပြ်ီးတော့ သူ့လက်သီးနဲ့ ဟောင်ဝေလဲ နောက်ကျောကို ထိုးလိုက်ရင်ပဲ ဟောင်ဝေမျက်နှာက သိုင်ပြိုင်စင်နဲ့ ထပ်ပြီး မိတ်ဆက်သွားလေသည်။

   " အတွင်းအားထုတ်လွှင့်ခြင်း....."

   " မြေကြီး အဆင့်၁ သူရဲကောင်း"

   သိုင်းပြိုင်ပွဲပြီးတခုလုံး ဆူညံသွားပြီးတော့ ဟောင်ကိုက် လီမူနဲ့ ဟောင်မင်တို့အပါ လူတိုင်းက ရှောင်လုံကို မယုံကြည်နိုင်စွာနဲ့ငေးကြည့်နေကျလေသည်။ ငါးလအတောအတွင်းမှာ ရှောင်လုံလဲ မြေကြီးအဆင့်၁ သူရဲကောင်းဖြစ်သွားတာပဲ ။

   အရှက်ရသွားတဲ့ ဟောင်ဝေက မတ်တပ်ပြန်ရပ်ရင်းနဲ့ သူမျက်နှာက ဒေါသထွက်လွန်းလို့ ရဲရဲနီနေပြီး သူမျက်လုံတွေကပေါက်ထွက်မတတ်နီရဲနေကာ တခြားသူတွေက စိတ်ထဲမှာ အံသြကျပင်မယ့် သူ့စိတ်ထဲမှာတော့ ရှောင်လုံကို မသန်မစွမ်းလုပ်ပစ်ဖို့ပဲ ဆန္ဒရှိပြီးတော့ သတ်ပစ်လိုက်ဖို့တောင် သူတွေးလိုက်ပြီး ရုတ်တရုတ်ရှောင်လုံကို လက်သီးနဲ့ ထိုးချလိုက်သည်။
သေစမ်းကွာ...!

   ဟောင်ဝေသူ့ကို လက်သီးနဲ့ ထိုးလာတာကို မြင်တော့ ရှောင်လုံက အေးစက်စက်နဲ့ ကြည့်ရင်း ဒီတခါတော့ သူရှောင်ဖို့ စိတ်ကူးမရှိတော့ပဲနဲ့ သူ့လက်သီးနှစ်ဖက်ကို မြေကြီးနောက်ဆုံးအဆင့် အတွင်းအားကီတွေထုတ်ရင်း လူတိုင်းရဲ့မျက်စိရှေ့မှာပဲ ဟောင်ဝေရဲ့ လက်သီးတွေနဲ့ ထိပ်တိုက်ထိုးချလိုက်တော့သည်။

လက်သီးလေးဖက်တိုက်မိသံ အကျယ်ကြီးပေါ်လာပြီးတော့ ဟောင်ဝေကို အနောက်ကို ဆက်တိုက်ဆုတ်လိုက်ရပြီးတော့ ရှောင်လုံကတော့ သူလဲအနောက်ကို ဆုတ်ရသလို ဟန်ဆောင်ပြီး ဆုတ်လိုက်လေသည်။

"  ဘယ်လို?...    " "ဒါ......ဒါက..."
" မြေကြီးအဆင့်၁ အထွတ်အထိပ် အဆင့်ပဲ "

အကြီးအကဲတွေ အိမ်တော်ထိန်းတွေအားလုံး ရှောင်လုံ မြေကြီးအဆင့်၁ ကိုရောက်သွားတာကို အံသြနေတာတောင် မဆုံးသေးပဲနဲ့ အခု အထွတ်အထိပ်အဆင့်ဆိုတော့ သူတို့အားလုံး အံသြလွန်းလို့ ပြိုင်တူမတ်တပ်ထရပ်မိပြီးတော့ ရူးမတတ်ဖြစ်ကုန်ကျသည်။

  ဟောင်ကိုက် လီမူနဲ့ ဟောင်မင်တို့လဲ သူတို့အနေအထားကိုမေ့ပြီးတော့ အံသြပြီးတော့မတ်တပ်ရပ်မိသွားသည်။ ဟောင်ပန်နဲ့ စုရန်တို့လဲ သူတို့သားကိုကြည့်ရင်း အရမ်းကို အံသြသွားပြီးတော့ " ငါတို့သားက မြေကြီး အဆင့်၁ အလယ်အဆင့်ပဲ ရှိသေးတာမလား ဘယ်လိုလုပ်ပြီး အထွတ်အထိပ် အဆင့်ကို ရောက်သွားတာလဲ? .

   အဲ့အချိန်မှာ ဟောင်ပန်ရင်ထဲမှာ ခါးသီးစွာနဲ့ ပြုံးရင်း ဒိကောင်စုတ်လေး ငါ့တို့ကိုတောင် လျှိူဝှက်ထားတာပဲ! 

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အခန်း၁၄(A)......မြေကြီးအဆင့်၂ သူရဲကောင်း

      မြေကြီးအဆင့်၁ အထွတ်အထိပ်အဆင့် သူရဲကောင်း!

      စုရန်ရဲ့အမူအရာကလဲ ဟောင်ပန်လိုပဲ ဒါပင်မယ့်သူမက အံသြတာထက်စာရင်ပိုပြီးတော့ ပျော်ရွှင်လေသည်။ သူမရဲ့ ပျော်လို့မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း " ဒီကောင်းလေးကတော့လေ.."

  ဘာလို့ ရှောင်လုံက သူမတို့ကို ပြိုင်ပွဲကျရင် မျက်နှာမပျက်စေရဘူးလို့ ကတိပေးခဲ့တာလဲဆိုတာကို   နောက်ဆုံးကျမှ စုရန်သဘောပေါက်သွားပြီးပြုံးလိုက်လေသည် ။

     ငါတို့သားလေးက တကယ်ကို မြေကြီးအဆင့်၁ နောက်ဆုံးအထွတ်အထိပ်အဆင့်ကိုရောက်နေတာပဲ... ဒါကြောင့်သူဟောင်ဝေ အဆက့်တက်သွားပြီလို့ကြားတော့ မကြောက်တာကို ။

   ဟောင်ဝေလဲ ကြမ်းပြင်ပေါ်မှောက်နေရာမှ ပြန်ထလာပြီး စိတ်ဆိုးစွာနဲ့ " မဖြစ်နိုင်ဘူး....ဒါ..ဒါ..လုံးဝကိုမဖြစ်နိုင်ဘူး....မင်းလဲ မြေကြီးအဆင့်၁ နောက်ဆုံးအဆင့်ကိုရောက်သွားတယ်ဆိုတာ လုံးဝကိုမဖြစ်နိုင်ဘူး.."

    သူ အဆင့်၁၀ သိုင်းဝိညဉ်ကို ပိုင်တဲ့သူ.  မိုးနတ်မင်းရဲ့သားလို့ သတ်မှတ်ခံထားရတဲ့သူ.  နှစ်တထောင်နှင်းနှလုံးမြက်ကို စားပြီး ငါးလလောက် အသဲအသန်ကြိုးစားမှ ဒိမြေကြီး အဆင့်၁ အထွတ်အထိပ် အဆင့်ကိုရောက်လာတာလေ ။ ရှောင်လုံ အဆင့်၇ သိုင်းဝိညဉ်ပဲ ပိုင်ဆိုင်တဲ့ သူက ဘယ်လို့ဖစ်ပြီး....?

  ဟောင်ကိုက်.  ဟောင်မင်နဲ့ တခြားသူတွေလဲ ဟောင်ဝေတို့ပဲ စဉ်းစားနေကျသည်။

    အဲ့အချိန်မှာ ဟောင်ပန်ကထပြီး ရှင်းပြလိုက်သည် " အဖေ လွန်ခဲ့တဲ့ လေးလတုံးက အနောက်ဘက်တောင်ရဲ့ ချောက်ကမ်းပါးမှာ ရှောင်လုံက ယန်အသီး ငါးလုံးတွေခဲ့တယ်" ။

"  ဘာ....? ယန်အသီး.. ဟုတ်လား?! " ဟောင်ကိုက်နဲ့ တခြားသူတွေလဲ အံသြ မင်သက်သွားကျလေသည်။

"  ဟုတ်တယ်အဖေ.... ရှောင်လုံက သုံးလုံးစားလိုက်ပြီးတော့....ကျန်တဲ့နှစ်လုံးကို ကျွန်တော်နဲ့ စုရန်တ်ု့စားလိုက်တယ်.... အခုဆိုရင် ကျွန်တော်တောင် မြေကြ်ိးအဆင့်၆ နောက်ဆုံးအဆင့်ကို ရောက်နေပြီ "
ဟောင်ပန်က ခေါင်းကိုညိတ်ပြရင်း သူရဲ့ အတွင်းအားကိုထုတ်ပြလိုက်သည်။

   " အတွင်းအားကျင့်ဖို့ အသီးသုံးလုံးစားပလိုက်တယ် " ဟောင်ကိုက်လဲ ရှောင်လုံကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေလေသည်။ အဲ့ကျမှ လူအားလုံးလဲ ရှောင်လုံဘာလို့ မြေကြီးအဆင့်၁ အထွတ်အထိပ်အဆင့်ကို ရောက်သွားတယ်ဆိုတာကို နားလည်ကျသွားလေသည်။

   ယန်အသီးသုံးလုံးတောင်!
   အသီးတလုံးစီက နှစ်တထောင် နှင်းနှလုံးမြက်နဲ့ တန်ဖိုးချင်းတူညီတယ်မဟုတ်ပါလား။

  " ရှောင်လုံ....တကယ်ကို အဲ့လောက်ကံကောင်းလိမ့်မယ်လို့ ငါတကယ်မထင်ထားဘူး...ဒါလဲကောင်းပါတယ်လေ" ဟောင်ကိုက်က ရှိုးတိုးရှန့်တန့် ရယ်ရင်းနဲ့ ပြောလိုက်သည်။ တကယ်လို့ အဲ့ယန်အသီးတွေကို ဟောင်ဝေသာစားလိုက်ရင် အခုဆို မြေကြီး အဆင့်၂ သူရဲကောင်းဖြစ်နေလောက်ပြီလေ!  ဟောင်ကိုက် သူ့စိတ်ထဲမှာပဲ ရေရွတ်လိုက်သည်။

     ရှောင်လုံ ယန်အသီးသုံးလုံးကိုအကုန်စားလိုက်တယ်ကြားတော့ လီမူတောင် တော်တော်အံသြသွားလေသည်။ အကုန်လုံး အုန်းအုန်းကြွက်ကြွက် အံသြနေကျရာမှ ပြန်ငြိမ်ကျသွားတော့သည်။

   စင်ပေါ်မှာ ဟောင်ဝေကမနာလိုစွာနဲ့ ကြည့်ရင်း မုန်းတီးစွာနဲ့ " ငါပြောမယ်...မင်းကတကယ်ကိုခွေးကံကောင်းပဲ...ယန်အသီးသုံးလုံးစားလိုက်လို့သာ မင်းအဆင့်၁ ရဲ့ အထွတ်အထိပ်အဆင့်ကိုရောက်သွားတာမလား.."

  ရှောင်လုံကလဲ သရော်ပြုံးပြုံးလိုက်ပြီးတော့ " မင်းငါ့ကိုဘာမှလာပြောနေစရာမလိုပါဘူး... မင်းလဲ နှစ်တထောင် နှင်းနှလုံးမြက်ကြောင့် ဒိအဆင့်ကို ရောက်လာတာမလား"

   ဟောင်ဝေမျက်နှာလဲ ရှက်ရွံစွာနဲ့ နီနဲသွားပြီး သတိမပေးပဲနဲ့ ရှောင်လင်ကို ပြေးထိုးလိုက်လေသည်။ ရှောင်လုံလဲ အေးဆေးပဲသူလက်ကိုမရင်း သူဆီလက်သီးနဲ့ ပြေးလာတဲ့ ဟောင်ဝေရဲ့ လက်သီးတဲ့တဲ့့ကို ပြန်ထိုးလိုက်ပြီး နောက်ယိုင်သွားတဲ့ ဟောင်ဝေရဲ့ ဗိုက်ကို ခြေထောက်ကို ကန်လိုက်တဲ့အခါ လွန်ခဲ့တဲ့ လအနဲငယ်က ဇောင်ရှုဒေါင်ခံရတဲ့အတိုင်းပဲ ဟောင်ဝေလဲ ၁၀ပေလောက် လွှင့်သွားပြီးမှ ရပ်သွားလေသည်။

     သူဗိုက်ကိုင်ရင်းနဲ့ ဟောင်ဝေလဲ အရမ်းနာလွန်းလို့ မျက်ရည်တွေပါကျလာပြီးတော့ သူဗိုက်ထဲက ကလီစာတွေ ပြုတ်ထွက်မတတ်ခံစားလိုက်ရသည်။

   ရှောင်လုံလဲ ဟောင်ဝေရှေ့ကိုလျှောက်လာရင်း လှောင်ပြုံးပြုံးလိုက်ပြီး " လွန်ခဲ့တဲ့ ငါးလလောက်က မင်းမိသားစု သိုင်းပြိုင်ပွဲကျရင် ငါကိုမသန်မစွမ်းဖြစ်အောင် လုပ်မယ်ဆို.." ဟောင်ဝေမျက်နှာပေါ်ကို ခြေထောက်ဖြင့်နင်းရင်းမေးလိုက်သည်။ ဟောင်ဝေဆီက ငိုသံအကျယ်ကြိး ထပ်ထွက်လာလေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၁၄(B)

လက်နှစ်ဖက်လုံးကို ..မသန်မစွမ်းလုပ်ပစ်မယ်....? ဟောင်ကိုက်လဲ မျက်ခုံးတွန့်ပြီးတော့ သူ့သားအကြီးဆုံး ဟောင်မင်း က သူကို ဘာမှမပြောတဲ့ အတွက် လှမ်းကြည့်လိုက်သည်။ သူ့အဖေရဲ့ အကြည့်တွေအောက်မှာ ဟောင်မင်းလဲ သူမသိသလိုနဲ့ ပုန်းရှောင်ဖို့ ကြိုးစားလိုက်လေသည်။

    ရှောင်လုံကန်တာ သုံးချက်လောက်လဲ ကျရော ဟောင်ဝေ မျက်နှာက သာမန်ထက်ပိုဖူးယောင်သွားပြီး ဝက်မျက်နှာလိုဖြစ်သွားတော့သည်။ သူ့သားကို သူကိုယ်တိုင်မမှတ်မိနိုင်လောက်အောင် ဖြစ်လာတာကိုကြည့်ရင်း ဟောင်မင်းရဲ့ လူသေလိုအပြောင်းအလဲမရှိတဲ့ မျက်နှာမှာ ဒေါသနဲ့နီရဲလာပြီး လက်သီးကိုတင်းတင်းဆုပ်ရင်း မျက်စိကလဲအေးစက်စက်အရောင်တွေ ထွက်နေတော့သည်။

    "  အား........ " ရှောင်လုံရဲ့ သုံးချက်လောက်ဆင့်ကန်ခံလိုက်ရတာဟာ ဟောင်ဝေကို ရူးသွားမတတ်ဖြစ်သွားစေပြီး သူကအသံအကျယ်ကြီးအော်လိုက်ရင်း သူ့ခန္ဓာကိုယ်က ထူးခြားတဲ့ အတွင်းအားကီတွေ ပေါက်ကွဲ ထွက်ပေါ်လာလေသည်။

     ဒိရုတ်တရက်ပြောင်းလဲ မှုကြောင့် လူတွေအကုန်လုံးက ဟောင်ဝေကို ကြည့်ပြီး အံသြသွားစေသည်။ သူ့သားရဲ့ ရုတ်တရက်ပြောင်းလဲမှုကို မြင်မှ ဟောင်မင်းက ဒေါသဖြစ်နေရာကနေ ရုတ်တရက် ပျော်ရွှင်သွားလေသည်။

      " သခင်လေး....ဟောင်ဝေ...  အဆင့်ကျော်ဖြတ်သွားပြီ.."
       " ဒါ...ဒါဟာ မြေကြီး အဆင့်၂ ရဲ့ ကိုယ်ရောင်ကိုယ်ဝါပဲ မဟုတ်လား.."

      အချို့အကြီးအကဲအချို့က အံသြပြီး အသံအကျယ်ကြီးနဲ့ရေရွယ်လိုက်ကျသည်။

   မြေကြီးအဆင့်၂....

   ရုတ်တရက် ဟောင်ဝေရဲ့ ခန္ဓာကိုယ်က အတွင်းအားတွေပေါက်ကွဲထွက်လာပြီးတော့ မြေကြီးအဆင့်၂ သူရဲကောင်းအဆင့်ကို ဖြတ်ကျော် ရောက်ရှိ  သွားလေသည်။ အဲ့ဒါကို မြင်တော့ ဟောင်ပန်နဲ့ စုရန်တို့လဲ ရှောင်လုံကို စိုးရိမ်တဲ့ မျက်စိတွေနဲ့ ကြည့်လိုက်သည်။

  " ကောင်းတယ်...ကောင်းတယ် " ဟောင်ကိုက်က သူ့မြေးအဖြစ်ကိုမြင်တော့ ပျော်ရွှင်စွာနဲ့ ဟစ်ကြွေးလိုက်ပြီးတော့ ဟောင်ဝေ ဒိနှစ်မိသားစုသိုင်းပြိုင်ပွဲမှာ မြေကြီးအဆင့် ၂ ကိုရောက်သွားတာက သူ့အတွက်တော့ တကယ်ကို အံသြထူးဆန်းတဲ့ အဖြစ်အပျက်ပဲ။

   ရှောင်လုံလဲ အနောက်ဘက်ကို အနဲငယ်ဆုတ်ရင်းနဲ့ အခုမှ အဆင့်တက်သွားတဲ့ ဟောင်ဝေကိုကြည့်ရင်း သူလဲနဲနဲထူးဆန်းသွားတယ်။

     အဲ့အချိန်မှာ ဟောင်ဝေက မြေကြီးပေါ်ကထလာကာ ရှောင်လုံကို လူသတ်ချင်တဲ့ မျက်လုံးတွေနဲ့စိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်က ပိုစွမ်းအားကြီးလာတာကို ခံစားမိလိုက်တဲ့အခါ ဟောင်ဝေက ရှောင်လုံကို ကြည့်ရင်းတလုံးချင်းပြောလိုက်သည်" မင်း.....မင်းဒူးထောက်ပြီးတော့ ငါခြေချောင်းတွေကို လာလျှက်စမ်း.." ။ အဲ့လိုမှ ပဲသူစောစောက. စော်ကားခံထားရတာကို ပြန်လည်ဖြေသိမ့်နိုင်မှာမလား..။

    ရှောင်လုံက အေးအေးဆေးဆေးပဲ ပြန်ကြည့်ရင်း  " တကယ်ကြီးလား.."

အဲ့ဒါကိုကြားတော့ဟောင်ဝေက  ဒေါသသံနဲ့ အော်ဟစ်ပြီး  အတွင်းအားအကုန်လုံးကို သူ့လက်သီးနှစ်ဖက်မှာစုရင်း ရှောင်လုံကို အားကုန်ထိုးချလိုက်တော့သည်။ အဆင့်၂ ကိုရောက်သွားပြီးတဲ့ နောက်မှာ သူ့ခွန်အားတွေသာမက သူ့အမြန်နှုန်းတွေပါ အရမ်းကိုတိုးတက်လာတော့သည်။

   ရှောင်လုံက တည်တည်ငြိမ်ငြိမ်ပဲ သူ့လက်နှစ်ဖက်မှာ အတွင်းအားတွေကို စုရင်းဟောင်ဝေလက်သီးတွေနဲ့ ထပ်ပြိး ထိပ်တိုက်တွေ့လိုက်လေသည်။

  " ဘန်း......." ပြင်းထန်းတဲ့ အသံကြီးပေါ်လာပြီး ဟောင်ဝေကနောက်ကို ထပ်လွှင့်သွားပြန်သည်။
"  ဘာ...?! မဖြစ်နိုင်ဘူး...ဒါဘယ်လိုဖြစ်ရတာလဲ.."

" မြေကြီးအဆင့်၂ ..! ဒါသေချာပေါက်ကို မြေကြီးအဆင့်၂ သူရဲကောင်းရဲ့ အတွင်းအားကီပဲ..." ထိုင်ခုံမှာ ထိုင်နေတဲ့ အကြီးအကဲတွေက တခါပြန်မတ်တပ်ရပ်ရင်း သူတို့မျက်လုံးတွေ ထွက်ကျလာမတတ် အံသြပြီး ပါးစပ်အဟောင်းသားနဲ့ ရှောင်လုံကို ကြည့်လိုက်ပြန်သည်။

  ဟောင်ကိုက်နဲ့ လီမူတို့နှစ်ယောက်လဲ အံသြလွန်းလို့ ဘာပြောရမှန်းကိုမသိဘူး ဖြစ်နေကျသည်။

  ဒါ.....ဒါကဘယ်လိုဖြစ်ရတာလဲ!...ဒီခွေးကောင်လေးရဲ့ ကံကအဲ့လောက်တောင်ကောင်းသလား...!

ဟောင်ကိုက်က နောက်ကိုလှည့်ပြီး သူ့သားဟောင်ပန်ကိုကြည့်လိုက်တော့ သူ့ထက်နှစ်ဆလောက်ပိုအံသြနေတဲ့ ဟောင်ပန်ကိုတွေ့လိုက်ရသည်။ " အဖေ.. ဒိကိစ္စကတော့.. ကျွန်တော်လဲ တကယ်ကိုမသိတာပါ.." သား....အိုး...ငါ့သား.....ငါ့ကိုတော်တော်ကိုစိုးရိမ်စေတာပဲ...ဟောင်ပန်ရဲ့ အိမ်မက်ထဲမှာတောင် ရှောင်လုံက ၂ သူရဲကောင်းဖြစ်နေမယ်လို့ လုံးဝကိုမထင်ခဲ့ဘူး။

  မြေကြီးအဆင့်၂သူရဲကောင်း....!. ဟောင်ပန်လဲသူ့သားကိုကြည့်ရင်း  သူခန္ဓာကိုယ်က စိတ်လှုပ်ရှားရင်းနဲ့ တုန်ခါနေလေသည်။ အဲ့အချိန်မှာ သူစင်ပေါ်ပြေးတက်ရင်း ရှောင်လုံကိုကို ဖက်ကာငိုချလိုက်ချင်သလိုတောင်ဖြစ်နေသည်။ ဟောင်ပန်ရင်ထဲမှာ ဂုဏ်ယူတဲ့စိတ်တွေပေါ်လာပြီးတော့ ငါးလပဲကျင့်ပြီး မြေပြီးအဆင့်၂ သူရဲကောင်းဖြစ်သွားတာ ငါ့သားကွ..!

" မဟုတ်ဘူး......ဒါမဖြစ်နိုင်ဘူး....ဒါအမှန်မဟုတ်ဘူး..." ဟောင်ဝေက ရှောင်လုံကိုကြည့်ရင်းအရူးတယောက်လို ခေါင်းကိုအဆက်မပြတ်ခါရင်းနဲ့ အရူးတယောက်လိုအော်ဟစ်နေလေသည်။

စာရေးသူ မှတ်ချက်...

ဟောင်ဝေရဲ့ အဖေနာမယ်က ဟောင်ဝူလို့အရင်ကရေးပါတယ် သူ့တကယ့်နာမယ်က ဟောင်မင်ပါ ရှောင်လုံညီမလေး ဟောင်မင်နာမယ်နဲ့ နဲနဲပဲကွာလို့ လူထပ်သွားမှာဆိုးလို့ အခုတော့ ဟောင်မင်း လို့ပဲရေးပါ့မယ် ဘာသာပြန်နေရင်းနဲ့ ဟောင်မင်လို့ထဲ့ထဲ့ရေးမိတော့ရှုပ်ကုန်မှာစိုးလို့ပါ ကိုဘာသာဟောင်ဝူလို  နာမယ်ပေးထာတာမေ့ပြီး ဟောင်မင်လို့ပဲရေးနေလို့ နဲနဲလေးကွဲသွားအောင် ဟောင်မင်းလို့ရေးပါ့မယ်

ရှင်းပြမှပိုရှုပ်ကုန်သလားမသိပါဘူး😁😁😁

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၁၅..........လက်ချော်သွားလို့ပါ

            ဟောင်ဝေရဲ့ ရူးမလိုဖြစ်နေတာကိုကြည့်ရင် ရှောင်လုံက လှောင်ပြုံးပြုံးလိုက်ကာ သူ့နားကိုလျှောက်သွားလိုက်သည်။ ရှောင်လုံသူ့နားကိုလျှောက်လာတာကိုမြင်တော့ ဟောင်ဝေရဲ့ ကယောင်တန်းရွတ်နတာတွေက ရပ်တန့်သွားသည်။ သူမျက်လုံးတွေမှာ ကြောက်ရွံမှုတွေပေါ်လာပြီး အနောက်ကိုဖြည်းဖြည်းချင်ဆုတ်ကာ အရှုံးပေးတယ်လို့ ပြောမယ်ကြံနေတုံး ရှောင်လုံလက်သီးကအရိပ်တခုလို့ သူ့မျက်နှာကို လာထိလေသည်။

     ဟောင်ဝေနဲ့ နာကျင်စွာနဲ့ အော်လိုက်ပြီး အနောက်ကို ထပ်လွှင့်ထွက်သွားသည်။ အဲ့နောက်ရှောင်လုံရဲ့ လက်သီးချက်တွေက ဟောင်ဝေမျက်နှာကို အဆက်မပြတ်ကျလာတော့သည်။ အဲ့နောက်ဟောင်ဝေတယောက် အရှေ့၊ အနောက်စသည့် အရပ်မျက်နှာကိုတောင်
မခွဲခြားနိုင်တော့ပဲ သူ့မျက်နှာကလဲ ပိုပိုဖူးယောင်လာလေသည်။

   သူ့သား အဆက်မပြတ် အထိုးခံနေရတာကိုကြည့်ရင်းနဲ့ စင်အောက်ကဟောင်မင်းလဲ ဘယ်လိုမှသည်းမခံနိုင်တော့ပဲနဲ့ သူ့အဖေကိုကြည့်ရင်း..." အဖေ... အဖေ မြင်တဲ့အတိုင်ပဲ..... ဒီလောက်ဆို ရပ်သင့်ပြီထင်တယ်.."

    ဟောင်ကိုက်လဲ ခနလောက်တုန့်ဆိုင်းပြီးမှ " ရှောင်လုံ.....ဒီလောက်ဆို တော်လိုက်တော့....." ဟုပြောလိုက်သည်။ သူ့အဖိုးရဲ့အသံကို ကြားတော့ ရှောင်လုံရဲ့ လက်သီးတချက် ပြင်းပြင်းထန်ထန်ထိုးပြီးမှ ရပ်လိုက်လေသည်။
      ဟောင်မင်းကဒေါသတကြီးကြည့်ရင်းနဲ့.. " မင်း."

    ဟောင်မင်းရဲ့ အကြည့်တွေကို ဂရုမစိုက်ပဲနဲ့ ရှောင်လုံက " အန်ကယ်ကြိ်း.... ကျွန်တော်လက်ချော်သွားတယ်ဗျာ ..ခွင့်လွှတ်နော်.."

   လက်ချော်သွားလို့..!
  
   ဝက်မျက်နှာလိုဖြစ်နေတဲ့ ဟောင်ဝေကိုကြည့်ရင်း လူတိုင်း ရီချင်တဲ့ စိတ်ကိုမနဲထိန်းလိုက်ကျရသည်။

   လီမူဘေးက ထိုင်နေတဲ့ လီလူလေးက သူ့ရယ်သံကို မထိန်းနိုင်တော့ပဲနဲ့ ဒုတိယအကြိမ် သိုင်းပြိုင်ကွင်းကို သူ့မရဲ့ ဆွဲဆောင်မှုရှိတဲ့ ရယ်သံနဲ့ လွှမ်းခြုံလိုက်ပြန်သည်။

   ဟောင်ကိုက်လဲ စင်ပေါ်ကရှောင်လုံကို ကြည့်ရင်းနဲ့ မျက်မှောင်ကို
ကြုံလိုက်ပြီး သူတခုခု ပြောဖို့ပြင်ပြီးမှ နောက်ဆုံးတော့ ဘာပြောကမလဲမသိဖြစ်သွားတော့သည်။ သူပြောနိုင်တာက ဟောင်ဝေရဲ့ ဒဏ်ရာတွေက အပေါ်ယံကွဲပြဲတာတွေပဲ ဖြစ်ပြီးတော့ ဒါကလဲ ရှောင်လုံသက်ညှာထားလို့ဆိုတာ ပေါ်လွင်နေသည်။

     ဟောင်မင်းကတော့ သူသားကိုကြည့်ပြိးတော့ ရှောင်လုံကိုဒေါသထွက်လွန်းလို့ သွေးအန်မတတ် ဖြစ်သွားသည်။ အဲ့အချိန်မှာ ဟောင်ဝေက ကျယ်လောင်စွာငိုရင်းနဲ့ ဟောင်မင်းဆီကိုလျှောက်လာပြီးတော့
" အဖေ....အဖေ....သူသားကို တကယ်ထိုးတယ်..သိလား.." သူကရှောင်လုံကို လက်ညှိုးထိုးပြီးတော့ မျက်ရည်တွေကလဲ အဆက်မပြတ်စီး ကျနေလေသည်။

      နောက်ဆုံးတော့ ဟောင်ဝေဆိုတာလဲ အခုမှ အသက်၇နှစ်ပဲ ရှိသေးတဲ့ ကလေးလေးမဟုတ်လား သူလဲရှောင်လုံရဲ့ အထိုးခံထားကတာ လူနဲ့ကိုမတူတော့ဘူးလေ။

     အကြီးအကဲတွေ အိမ်တော်ထိန်းတွေရဲ့ ဟောင်ဝေကို ကြည့်ရင်းအထင်သေးသလို ခေါင်းကိုခါနေတာကိုတွေ့တော့ ဟောင်မင်လဲ
အရမ်းကိုအရှက်ရသွားလေသည်။ ဒီတကြိမ် ရှောင်လုံနဲ့ ဟောင်ဝေတို့ သိုင်းပြိုင်ပွဲမှာတော့ ဟောင်ဝေက ဝက်ခေါင်းဖြစ်သွားတာနဲ့အဆုံးသတ်သွားတယ်။ အဲ့နောက်မှာတော့ တခြားသူတွေရဲ့သိုင်းပွဲကို ဆက်လက်ကျင်းပကျသည်။

      နောက်နာရီအနဲငယ်ကြာတော့ မိသားစုသိုင်းပြိုင်ပွဲပြိကြီးလဲ ပြီးဆုံးသွားတော့သည်။ ရှောင်လုံတို့ သိုင်းပြိုင်ပွဲနဲ့ စာရင် တခြားယှဉ်ပြိုင်မှုတွေက သိပ်စိတ်လှုပ်ရှားစရာမကောင်းကျဘူး။

     သိုင်းပြိုင်ပွဲကတော့တကယ်ရယ်စရာအဖြစ်အဆုံးသတ်ခဲ့တာပဲ ဝက်ခေါင်းဖြစ်မယ်လို့ထင်ခဲ့တဲ့ ရှောင်လုံက တောက်ပတဲ့
ကြယ်တပွင့်ဖြစ်လာပြီးတော့ ကြယ်တပွင့်ဖြစ်လာမယ်လို့ထင်တဲ့ ဟောင်ဝေက ဝက်ခေါင်းအဖြစ်အဆုံးသတ်သွားလို့ပဲ။

       မြောက်ဘက်ခြံဝန်း..

        ဟောင်ဝေက ဒေါသထွက်ပြီးတော့ " ရှောင်လုံသာ.. ခွေးကံကောင်းမဖြစ်ခဲ့ရင်...သူ့သိုင်းဝိညဉ်အဆင့်နဲ့.....မြေကြီးအဆင့်၂ အဆင့်ကိုဘယ်လိုမှရောက်မှာမဟုတ်ဘူး...ရှောင်လုံ နောက်တနှစ်သိုင်းပြိုင်ပွဲကျရင်တော့ မင်းနဲ့ငါထပ်တွေကျတာပေါ့... ငါအရှက်ရတာထက် အဆတရာလောက် မင်းပိုပြီး အရှက်ကွဲစေရမယ်ကွ.." လို့သူရဲ့ဝက်ခေါင်းလို့အရိုက်ခံထားရတဲ့မျက်နှာက ပြုံးလိုက်မိတဲ့အခါ အရိုက်ခံရထားတဲ့ ဒဏ်ရာတွေကြောင့်နာကျင်ပြီး ရှုံမဲ့သွားလေသည်။

        ဟောင်မင်းကတော့ မျက်နှာသေနဲ့ပဲထိုင်နေပြီးတော့ သူမျက်လုံးတွေက အေးစက်စက်အရောင်တွေထွက်နေလေသည်။ဒိနှစ် သိုင်းပြိုင်ပွဲကတော့ ရှောင်လုံကို သူ့မျက်နှာကို တကယ်အိုးမဲ သုတ်ခဲ့လေပြီ။

        မြောက်ဘက်ခြံဝန်းနဲ့ မတူဘဲ အရှေ့ဘက်ခြံဝန်းမှာတော့ ရယ်သံတွေ ချီးကျူးသံတွေနဲ့ ပျံလွှင့်နေသည်။

       " တော်လိုက်တဲ့..... ငါ့သား.....မင်းတကယ်ကို ငါ့ကိုမျက်နှာ မပျက်စေဘူးပဲ.." ဟောင်ပန်ကရီးရင်းနဲ့ " အား.....နေလို့ကောင်းလိုက်တာ.....တကယ်ကိုနေလို့ကောင်းလိုက်တာကွာ.."သူ့အကိုရဲ့ ရှုံမဲ့နေတဲ့ မျက်နှာကိုပြန်စဉ်းစားမိလေ သူပိုပြီးပျော်ရွှင်လေ ဖြစ်လာသည်။

       " ရှောင်လုံ......လာပါအုံး....သားကိုအမေသေချာကြည့်ပါရစေအုံး.." စုရန်လဲရှောင်လုံကို သူမအရှေ့ကိုဆွဲခေါ်လိုက်ပြီးတော့ ပြုံးရင်းနဲ့ " ကောင်စုတ်လေး... မင်းမြေကြီး အဆင့်၂ ကိုရောက်နေတာကို အမေတို့ကို ဘာလို့မပြောတာလဲ.....ငါတို့မှာတော့ စိုးရိမ်လိုက်ရတာ.." ။ အဲ့ဒါကိုကြားတော့ ဘာပြန်ပြောရမလဲမသိဖြစ်သွားပြီး ရှောင်လုံက ပြုံးရုံပဲ ပြုံးလိုက်သည်။

     သူမိဘတွေသာ သူမြေကြီးအဆင့်၂မဟုတ်မှန်းသာ သိသွားရင် သူတို့ဘယ်လိုများ ဖြစ်သွားလိမ့်မလဲ။ ရှောင်လုံကတော့ သူ့မြေကြီးအဆင့်၃ အဆင့်ကို လျို့ဝှက်ထားဖို့ပဲ ဆုံးဖြတ်လိုက်ပြီးတော့ ခွန်အားကိုသာ အကုန်ပြသလိုက်ရင် ကြုံလာရမယ့် ပြသနာတွေက မသေးဘူးလေ။

     သူ့လက်ရှိ မြေကြီးအဆင့်၂ အတွက်တော့ ယန်အသီးတွေကြောင့်လို ဆင်ခြေပေးလို့ ရသေးတယ် မြေကြီးအဆင့်၃ နောက်ဆုံးအဆင့်ဆိုရင်တော့ သံသယဖြစ်စရာတွေဖြစ်လာပြီလေ။ တကယ်လို့ သူ့ သိုင်းဝိညဉ်က ထိပ်တန်းအဆင့် သိုင်းဝိညဉ်မှန်း လူတွေသိကုန်ကျရင် သူတို့ဟောင်ကလန်ကြီး တခုလုံးတောင် ကပ်ဘေးကြုံတွေရနိုင်တယ်မဟုတ်ဘူးလား။

      အရှေ့ခြံဝန်းမှာ သူမိဘတွေနဲ့ စကားတော်တော်ကြာကြာပြောပြီးမှ ရှောင်လုံလဲ သူ့ခြံဝန်းလေးဆီကို ပြန်လာလိုက်သည်။

     သူ့အိမ်ထဲဝင်လိုက်တာနဲ့ အကောင်လေးသေးတကောင်က သူပခုံးပေါ်ကိုခုန်တက်လာတာတွေ့တော့ ရှောင်လုံလဲမရှောင်တော့ဘဲနဲ့
" ကောင်လေး....... ဒိနှစ်ရက်အတွင်း မင်းဘယ်တွေ လျှောက်သွားနေတာတုံး.." ကောင်လေးဆိုတာက ဝါးမြိုခရမ်းရောင်မြောက်ကိုခေါ်တာပဲ ဖြစ်သည်။

    နှစ်ဝက်လောက် ကြာလာပင်မယ့် မျောက်လေးရဲ့ မျက်လုံးတွေက ရေခဲအပြာရောင်သန်းလာတာကလွဲရင် သူ့ခန္ဓာကိုယ်ကတော့ အရင်အတိုင်းလိုပဲ ရှိသေးသည်။

    " ကွိ..... ကွိ....ကွိ...."အသံပြုကာ မျောက်လေးနဲ့ ရှောင်လုံပခုံးနှစ်ဘက်ကို ကူးရင်းနဲ့ ခြေဟန်လက်ဟန်နဲ့ အချက်ပြလိုက်လေသည်။
"  မင်းက ငါ့ကို မင်းနဲ့ အနောက်ဘက်တောင်ကို အတူတူလိုက်စေချင်တာလား " ရှောင်လုံက ပြန်မေးလိုက်ပြီးတော့ သူ့မျောက်လေးနဲ့နေတာ နှစ်ဝက်လောက်ကြာပြီဆိုတော့ မျောက်လေးရဲ့ ခြေဝန်လက်ဟန်တော်တော်များများကို သူနားလည်နေပြီလေ။

   "  ကွိ.....ကွိ....ကွိ " ဟုပျော်ရွှင်စွာ အော်ရင်း မျောက်လေးက ခေါင်းကို အဆက်မပြတ်ညိတ်ပြလေသည်။

    " ကောင်းပြီလေ...သွားကျစို့...." ရှောင်လုံလဲ လုပ်စရာမရှိတာနဲ့ ခေါင်းညိတ်ရင်းသဘောတူလိုက်လေသည်။ ဟောင်ကလန်ကထွက်လာပြီး အတော်ကြာတော့ မျောက်လေးရဲ့ လမ်းညွှန်မှုနဲ့ တောင်ဂုန်းထူထပ်တဲ့ နေရာကိုသူတို့ရောက်လာပြီး သူ့တို့ရှေ့မှာ ဆယ်မီတာလောက်ရှည်တဲ့ စပါးကြီးမြွေကြီးပေါ်လာလေသည်။

    ပန်းပွင့်ဘာရာမြွေကြီး...! ရှောင်လုံလဲ လေအေးကိုရှိုက်သွင်းလိုက်ကာ ပန်ပွင့်ဘာရာမြွေကြီးကိုကြည့်ရင်းနဲ့ နောက်ဆုံးတော့ မျောက်လေးသူ့ကို ခေါ်လာတာကို မြွေကြီးကို ရင်ဆိုင်ခိုင်းဖို့ပဲဆိုတာကို သဘောပေါက်သွားသည်။

    ရှောင်လုံနဲ့ မျောက်လေးကိုမြင်တော့ မြွေကြီးလဲ ခေါင်ကိုထောင်လိုက်ပြီးတော့ သူ့လျှာအရှည်ကြီးကို ထုတ်လိုက်သွင်းလိုက်လုပ်ရင်း တဟုန်ထိုး ပြေးလာလေသည်။

   ရှောင်လုံလဲ တဟုတ်ထိုးပြေးလာတဲ့ မြွေကြီးကိုကြည့်ရင်းနဲ့ မြေကြီးက အဆင့်၄ အဆင့်ရှိပြီး ညဏ်များတဲ့ သားရဲကြီးဆိုတာကိုသူသိလိုက်ပြီးတော့ မြေကြီးအဆင့် ၃ ရှိတဲ့ သူ့အတွက်တောင် အန္တရယ်အလွန်ကြီးမားတယ်မဟုတ်ပါလား။

    မြွေကြီးရဲ့တိုက်ခိုက်မှုကို ရှောင်လုံက ရုတ်တရက်ဘေးကိုရှောင်လိုက်ပြီးတော့ ရှောင်လုံပုခုံးပေါ်က မျောက်လေးကလဲ ခုန်ဆင်းလာကာ မြွေကြီးရဲ့ ခေါင်းကို သူ့လက်သည်းနှစ်ဖက်နဲ့ ကုတ်လိုက်လေသည်။

   ခေါင်းကိုကုတ်တာခံလိုက်ရတယ်ဆိုရင်ပဲ မြွေကြီးကနာကျင်လို့ ကျယ်လောင်စွာအော်လိုက်ပြီး သူ့ကိုယ်လုံးကြီးက မျောက်လေးကို ပတ်ပြီးတော့ မြိုချဖို့ ဟန်ပြင်လိုက်လေသည်။ အဲ့ဒါကိုမြင်တေယ့ ရှောင်လုံလဲ ရင်ခုန်ထိတ်လန့်သွားပြီးတော့ မြွေကြီးရဲ့ပါးစပ်နားကနေ မျောကိလေးရှောင်လိုက်တာကိုတွေ့မှ သူလဲသက်ပြင်းရှည်ကြီးကိုချလိုက်လေသည်။

   အဲ့နောက်ရှောင်လုံက  ဆက်ဆူရာ သိုင်းကိုထုတ်သုံးလိုက်တယ်ဆိုရင်ပဲ သတ်ဖြတ်ချင်းကိုယ်ရောင်ကိုယ်ဝါ အမဲရောင်တွေက အလွှာတခုဖြစ်လာပြီးတော့ ရှောင်လုံရှေ့မှာ ပေါ်လာလေသည်။ ရှောင်လုံမျက်လုံးနှစ်ဖက်လဲရဲရဲနီကာ သူ့ဆံပင်တွေက ဖြူဖွေးကုန်ပြီး ရှောင်လုံက ချက်ချင်းမတ်ိုက်သေးပဲနဲ့ တခြားတဖက်မှာ ရပ်ပြီးစောင့်နေပြီးတော့ သူ့မျက်လုံးတွေကတော့ ခရမ်းရောင်မျောက်လေးနဲ့ တိုက်ခိုကိနေတဲ့ မြွေကြီးကို မျက်ခြေမပြတ်အကဲခေတ်နေလေသည်။

   မြေကြီးခန္ဓာကိုယ်ကို တွန့်လိမ်လိုက်တာကိုမြင်ရင် တဘက်မှာစောင့်နေတဲ့ ရှောင်လုံက စတင်လှုပ်ရှားလိုက်ရင်ပဲ နေရောင်အောက်မှာ သူကိုယ်ပတ်လည်မှာ အမဲရောင်တိမ်တိုက်တွေပေါ်လာလေသည်။

    အဲ့နောက်သူ့ကမြွေကြီးရဲ့ခေါင်းနားမှာရောက်လာပြီးတော့ သူ့လက်နှစ်ဖက်မှာက ဆက်ဆူရာဓားနှစ်ဖက်ပေါ်လာကာ သူလက်နှစ်ဖက်ကိုလှုပ်ရှားလိုက်တယ်ဆိုရင်ပဲ အလင်းတန်းနှစ်ခုလက်သွားပြီးတော့ မြွေကြီးခေါင်းကိုဖြတ်သွားလေသည်။

   အဲ့နောက်မှာတော့ ကျယ်လောင်စွာအော်သံကြီးပေါ်လာပြီး အော်သံပျောက်သွားတော့ မြွေကြီးရဲ့ ခေါင်းလဲ မြေကြီးပေါ်ကို လိမ့်သွားကာ လည်ပင်းမှ သွေးတွေက ရေတံခွန်လို့ကြီးလို့ ထွက်ကျလာလေသည်။

ရှောင်လုံရဲ့မျက်လုံးနဲ့ ဆံပင်တွေလဲ နဂိုပုံစံပြန်ဖြစ်သွားကာ သူ့လက်ထဲကဓားနှစ်လက်ကို ပြန်သိမ်းလိုက်ရင်းနဲ့ မျောက်လေးရှိတဲ့နေရာဆီကို လမ်းလျှောက်သွားတော့သည်။

Continue Reading

You'll Also Like

21.1K 443 42
What If Chloe lukasiak has a twin sister who is the favorite?
151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
12.9K 289 15
An alternate Jason Uchiha timeline
168K 4.9K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...