ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

1 - 5

955 40 1
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း(1)

နှင်းတောင်မြို့

  တဖြည်းဖြည်းနဲ့ ညဦးယံသိုရောက်လာပြီး ကောင်ကင်တခုလုံးလဲ ကြယ်ရောင်လေးများ တဖျက်ဖျက်လင်းလာလေသည်။

   တောင်ခါးပန်းတခုပေါ်မှာ အသက်၆နှစ် အရွယ်လောက်ရှိမယ့်ကောင်လေးတယောက်ဟာ ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ ရပ်နေသည်။ ကောင်လေးဟာ ခြေထောက်နှစ်ဖက်ကို ခွဲထားပြီး ခြေချောင်းလေးတွေကို မြေကြီးနဲ့ထိထားပြီးတော့ ခြေဖနောင့်ကိုကိုကြွထားသည်။ လက်နှစ်ဖက်ကိုလဲခေါင်းပေါ်မှာ မြှောက်ထားပြီးတော့ ခေါင်းကိုမေ့ာထားတဲ့ သူခန္ဓာကိုယ်သေးသေးလေးကို ဖျော့တော့တော့ စိတ်စွမ်းအားတွေဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ လရောင်ကလဲ ကောင်လေးရဲ့ တကိုယ်လုံးကိုလွမ်းခြုံပြီး လင်းလာတော့သည်။

    ကောင်လေးဟာ ထူးဆန်းနဲ့ကိုယ်ဟန်အနေအထားနဲ့ နေရင်းနဲ့ပဲ စိတ်စွမ်းအားတွေကို သူကိုယ်ထဲက သွေးကြောထဲထိရောက်အောင် ရှိုက်သွင်းလိုက်သည်။ တဖြည်းဖြည်းနဲ့ ညဥိးယံကိုလွန်လာပြီ လရောင်ဟာ ဖျော့တော့လာပြီး နေမင်းရဲ့. အလင်းရောက်တစွန်းတစပေါ်ထွန်းလာသည်။ ကောင်လေးကမြှောက်ထားတဲ့လက်နှစ်ဖက်ကိုချလိုက်ပြီးတော့ သူမျက်လုံးတွေကတော့ ရွှေရောင်ဖျော့ဖျော့တောက်နေသည်။

   ဟောင်ရှောင်လုံက သူ့မျက်လုံးတွေနဲ့ ထွက်ပေါ်လာတဲ့နေမင်းကိုစိုက်ကြည့်ရင်းနဲ့ သန့်ရှင်းလတ်ဆတ်သောလေကို အဝရှုလိုက်သည်။ သူဒီကမ္ဘာကြီးမှာ ပြန်လည်မွေးဖွားလာတာဟာ ဘာလိုလိုနဲ့ ၇နှစိတောင်ရှိတေ့ာမယ် သူ့အသက်သုံးနှစ်ကစပြီး ကိုယ်ခန္ဓာအသွင်ပြောင်းသိုင်းကိုကျင်ခဲ့တာ အခုလေးနှစ်နီးပါကြာတဲ့အခါမှာတော့ သူသိုင်းဟာ အဆင့်၃ ကောင်းကင်ထိုးဖောက်လက်ဝါးသိုင်းအဆင့် နီးပါးကိုရောက်လာသည်။

    အရင်ဘဝကတော့ ရှောင်လုံက သူဆရာ့ရဲ့သင်ကြားမှုအောက်မှာ အသွင်ပြောင်းသိုင်းကို ရှောင်လင်မှာလေ့ကျင့်ခဲ့ပြီးတော့ သူနားမလည်တာက သူဒီကမ္ဘာကြီး မှာ ဘာလို့ပြန်မွေးလာတာဆိုတာရယ် သိုင်းကျမ်းကိုလဲ အရင်ဘဝကလို မှတ်မိနေတယ်ဆိုတာရယ်ကို တွေးရင်နဲ့စိတ်ရှုပ်နေသည်။

   နောက်ထပ်သူစိတ်အပျက်ဆုံးကိစ္စကတော့ ခန္ဓာကိုယ်အသစ်မှာ ပြန်မွေးဖွားလာတာကိုပဲ ရှောင်လုံက သူ့ရဲ့လက်သေးသေးလေးနျေစ်ဘက်ကိုကြည့်ရင်း ခါးသက်သက်ပဲ ပြုံးလိုက်သည်။ အရင်ဘဝကလဲ သူအသက်၃နှစ်ကနေ သိုင်းစကျင့်ခဲ့ပြ်ိး ဆယ်လေးနှစ်လောက် ကြိုးကြိုးစားစားလေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာတော့ သိုင့်ကျမ်းရဲ့အဆင့်ကိုးကိုရောက်ခဲ့သည်။ သူလုံးဝမထင်ခဲ့တာက နောက်ဘဝကိုပြန်လည်မွေးဖွားပြီး ဒိသိုင်းကိုပဲအစကနေ ပြန်လေ့ကျင့်ရမယ်ဆိူတာကိုပဲ။

   အဲ့အချိန်မှာ တောင်ခါးပန်းဘက်က ခြေသံဖွဖွနဲ့ပြေးလာတဲ့အသံက သူ့နားထဲကိုဝင်လာရင်ပဲ ရှောင်လုံကလှည့်ကြည့်စရာကိုမလိုပဲ ဘယ်သူလဲဆိုတာကိုအတတ်သိလိုက်သည်။ အဲ့နောက်မှာတော့ နူးညံတဲ့ကလေး အသံလေးကိုကြားလိုက်ရသည် "အကိုကြီး ဒိမှာရှိမယ်မှန်းသိသားပဲ အဖေနဲ့အမေက အကိုကြီးကိုခေါ်ခိုင်းလိုက်တယ် "

  ရှောင်လုံကလှည့်ကြည့်လိုက်ရင်ပဲ ဆံပင်နှစ်ဘက်ကို ကြက်တောင်စည်းစီးထားတဲ့ အသက်၅နှစ်အရွယ် မျက်လုံးဝိုင်းဝိုင်း ချစ်စရာကောင်မလေးကို မြင်လိုက်ရသည်။ သူမကတော့ ဟောင်ရှောင်လုံရဲ့ချစ်စရာညီမလေး ဟောင်မင်ပဲ ဖြစ်သည်။ ရှောင်လုံမှာက ဟောင်မင်အပြင် ဟောင်ရှောင်ဟိုင်ဆိုတဲ့ညီငယ်တယောက်လဲရှိသည်။ "အဖေနဲ့ အမေက ဘာလို့ရှာနေတာလဲ ဘာဖြစ်လို့လဲ" ရှောင်လုံက သူ့ညီမကို ပြန်မေးလိုက်သည် ။

  "မသိဘူးလေ" ဟောင်မင်က အပြစ်ကင်းတဲ့အသံလေးနဲ့ ပြန်ပြောလိုက်သည် "အကိုကြီး မြန်မြန်ပြန်ကျရအောင် နောက်ကျနေရင် တောင်ခါးပန်းကိုအဖေနဲ့အမေ လိုက်လာလိမ့်မယ်နော်"

အဲ့ဒါကိုရှောင်လုံကြားတဲ့ အခါမှာတော့ သူညီမရဲ့မို့မို့ဖောင်းဖောင်းပါးနှစ်ဘက်ကို အသာညစ်လိုက်ရင်းနဲ့ ပြောလိုက်သည် "သွားကျစို့"

   ဟောင်မင်ကရှောင်လုံညစ်လိုက်တဲ့  ပါးနှစ်ဘက်ကိုပွတ်ရင်းနဲ့ နှုတ်ခမ်းဆူပြီး မျက်နှာဆူပုတ်ရင်းနဲ့." အကိုကြီးကတကယ်ကိုမုန့်ဖို့ကောင်းတယ် ညီမလေးပါးကိုမညစ်ပါနဲ့လို့ဒိလောက် အကြိမ်ကြိမ်ပြောထားတာကို " ဟောင်မင်ပြောပြီးပြီးချင်းပဲ သူမပါးက ထပ်ညစ်ခံလိုက်ရသည်။ အဲ့နောက်ရှောင်လုံက ရီမောရင်းနဲ့ ဟောင်မင်ရှေ့ကနေ ထွက်ပြေးတော့သည် ဟောင်မင်ကလဲ ဆူးဆူးဝါးဝါး အော်ရင်းနဲ့ သူနောက်ကနေပြေးလိုက်တော့သည် "အကိုကြီးမပြေးနဲ့နော်"

အဲ့လိုနဲ့ သူတို့မောင်နှမ နှစ်ယောက်ပြေးရင်းနဲ့ တောင်ခြေက သူတို့ရဲ့ ဟောင်မျိုးနွယ်စု နေရာကိုပြန်ရောက်လာသည်။ အရင်ဘဝက ရှောင်လုံက အသက်၁၇နှစ်ပင်မယ့် သူ့ညီမလေးဘေးမှာတော့ သူပါကလေးပြန်ဖြစ်နေတော့သည်။

   သူတို့မျိုးနွယ်စုခြံဝင်းထဲ ပြန်ရောက်တဲ့အခါမှာတော့ တည်ကြည်တဲ့ သတ်လတ်ပိုင်းအရွယ် လူကြီးတယောက်နဲ့ ၃၅နှစ်လောက်ရှိမယ့်  ချောမောလှပတဲ့ အမျိုးသမီးတယောက်ကို မြင်လိုက်သည်။ ဒိလင်မယားကတော့ ရှောင်လုံရဲ့ အဖေနဲ့ အမေ ဟောင်ပန် နဲ့. စုရန်ပဲ ဖြစ်သည်။

  ရှောင်လုံက ခန်းမထဲကိုဝင်ရင်းနဲ့မေးလိုက်သည်။ " အဖေနဲ့အမေ သားကိုရှာနေတာလား  " ။ ဟောင်ပန်က သူမျက်ခုံးထူထူနှစ်ဘက်ကိုပင့်ရင်းနဲ့ "မနက်စောစောစီးစီးကို ဘယ်ကနေပြေးလာကျတာလဲ  "

" ကဲပါ ကလေးတွေကိုဆူမနေပါနဲ့တော့ " ရှောင်လုံအမေ စုရန်က အပြုံလေးနဲ့ဝင်ပြောလိုက်သည်။ "လုံအာ(ဆိုတာက တရုတ်မိသားစုတွေမှာ ကလေးတွေကို နာမယ်အဖျားစွတ်ခေါ်တဲ့ပုံစံ) ရက်အနဲငယ်ဆို သား၇နှစ်ပြည့်ပြီလေ သားကိုယ်ထဲက သိုင်းဝိညဉ်ကို နှိုးထရမယ့်အချိန်ပဲ မင်းအဖေနဲ့ အမေနဲ့က သားကို သိုင်းဝိညဉ်နှိုးထတဲ့ ခန်းမဆောင်ကိုခေါ်သွားမလို့ပါ "
   "သိုင်းဝိညဉ်နှိုးထမယ် " ရှောင်လုံခနတော့ ကြောင်သွားသည်။

     ဒိကမ္ဘာမှာကတော့ လူတွေမှာ သူတို့ကိုယ်ထဲက သိုင်းဝိညဉ်တွေရှိကျတယ် ။ သူရဲကောင်းတယောက်ရဲ့စွမ်းအားအနိမ့် အမြင့်က သူ့ကိုယ်ထဲက သိုင်းဝိညဉ်ရဲ့ အစွမ်းနဲ့ သက်ဆိုင်ပြီးတော့ သိုင်းဝိညဉ်တွေကလဲ အဆင့်နိမ့် /အလယ်အလတ် / အဆင့်မြင့်ဆိုပြီးရှိကျပြီးတော့သိုင်းဝိညဉ်အဆင့်၁၀နဲ့ အထက်ကိုတော့ အဆင့်လွန် သိုင်းဝိညဉ်လို့ခေါ်ကျသည်။ အဲ့အဆင့်ကိုပိုင်ဆိုင်တဲ့ သူတွေကတော့ တခေတ်တယောက် ကျော်ကြားတဲ့ သူရဲကောင်းတွေဖြစ်ကျသည်။ သူတို့ရဲ့ သိုင်းဝိညဉ်တွေနိုးထလာမှ ကမ္ဘာကြီးပေါ်က စိတ်စွမ်းအင်တွေကို စုပ်ယူနိုင်ကျပြီ စစ်သူရဲကောင်းတွေဖြစ်နိုင်ကျတယ် ။
 
သိုင်းဝိညဉ် မပါဘဲမွေးဖွားလာတဲ့သူတွေကိုတော့ ဒိကမ္ဘာကြီးက အမှိုက်သာသာ အဖြစ်သတ်မှတ်ကျသည်။ "သိုင်းဝိညဉ်" ရှောင်လုံရဲ့ မျက်လုံးတွေကလဲ သူ့ဘယ်လိုမျိုးသိုင်းဝိညဉ်ကိုများပိုင်ဆိုင်လဲ ဆိုတာကိုသိချင်စိတ်နဲ့ အရောင်တောပ်လာတော့သည်။ အဲ့နောက်မှာတော့ သူတို့သုံးယောက် သိုင်းဝိညဉ်နိုးထဆောင်သို့သွားကျသည်။

  သူတို့ရောက်တဲ့အချိန်နှာတော့ အဆောက်အဥိးအပြင်ဘက်မှာ လူတွေတော်တော်များများရောက်နေတာကိုတွေ့လိုက်ရသည်။ အဆောင်ထဲရောက်တဲ့အခါမှာတော့ဟောင်ရှောင်လုံအပြင် တခြား ဟောင်မျိုးနွယ်စုရဲ့ ကလေးတွေကို သိုင်းဝိညဉ်နိုးထပွဲကျင်းပနေကျသည်။

  မျက်နှာထားတင်းတင်းနဲ့ လူကြီးတယောက်က အခန်းအလည်မှာရပ်နေပြီးတော့ မျက်ခုံးထူထူနဲ့ ကြမ်းတမ်းမဲ့ပုံစံပေါက်နေတဲ့ အဲ့လူကြီးကတော့ ရှောင်လုံအဖေ ဟောင်ပန်ရဲ့ အကို ဟောင်ဝူပဲ ဖြစ်သည်။ ဟောင်ဝူရဲ့ ဘေးမှာတော့ ရှောင်လုံနဲ့ သက်တူရွယ်တူလောက်ရှိတဲ့ကလေးလေးတယောက် ရပ်နေပြီးတော့ အဲ့ကလေးကတော့ ဟောင်ဝူရဲ့ဒုတိယသား ဟောင်ဝေပဲဖြစ်သည်။ သူကလဲ သိုင်းဝိညဉ်နိုးထဖို့ ဒိအဆောင်ထဲကိုရောက်နေတာပဖြစ်သည်။

ဟောင်အန်နဲ့ စုရန်တို့က ရှောင်လုံနဲ့အတူ ဟောင်ဝူကိုသွားနှုတ်ဆက်လိုက်ကျတယ် "အကိုကြီး" "ဥိးလေး"။  ဟောင်ဝူက ဟောင်ပန်တို့ကိုမြင်လိုက်တဲ့အခါမှာတော့ မျက်နှာထားတင်းတင်းနဲ့ သူ့မျက်နှာက မျက်နှာကြောနဲနဲလျော့သွားပြီးတော့ "မင်းတို့ရောက်လာကျပြီလား"

  ရှောင်လုံးမှတမမိသလောက်ဆိုရင် သူ့ဟာသူ့ဦးလေး ရီတာပြုံးတာကိုတခါမှကိုမမြင်ဘူးဘူး ။ ဟောင်ဝူက ဟောင်မျိုးနွယ်စုရဲ့ စည်းကမ်းထိန်းသိမ်းရေးမှုးဖြစ်ပြီးတော့ စည်းကမ်းပိုင်းလဲအလွန်မှ တင်းကျပ်တဲ့သူတယောက်ပဲဖြစ်သည်။

  ရှောင်လုံရောက်ပြီး ခနကြာတဲ့အခါ ရီမောသံတခုနဲ့ လူအများကြ်ိးခြံရံပြ်ိးတော့ အရပ်ပိန်ရှည်ရှည်လူကြီးတယောက် ခန်းမထဲကိုဝင်လာငည်။ ဒိလူကြီးကတော့ ဟောင်ရှောင်လုံရဲ့ အဖိုးဖြစ်သလို ဟောင်မျိုးနွယ်စုကို စတင်တည်ထောင်ခဲ့တဲ့ ဟောင်မျိုးနွယ်သခင်ကြီး ဟောင်ကိုက် ပဲဖြစ်သည်။

" ဟောင်သခင်ကြီး"
ဟောင်ကိုက်ကို မြင်တဲ့အခါမှာတော့ ခန်းမထဲက လူအားလုံးက ရိုရိုသေသေအလေးပြုနှုတ်ဆက်ကျသည်။ ဟောင်ဝူ ဟောင်ပန် စုရန်တို့လဲ အနားကိုသွားပြီး သွားနှုတ်ဆက်ကျတယ် "အဖေ " ။ ဟောင့်ရှောင်လုံနဲ့ ဟောင်ဝေလဲ အနားသွားပြီး သွားနှုတ်ဆက်ကျတယ် " အဖိုး "

ဟောင်ကိုက်က ဟောင်ဝူတို့အုပ်စုရော သူ့တပည်သားတွေကိုရောကြည့်ပြ်ိးတော့ " ကဲပါ နေသာသလိုနေကျပါ ငါလဲဒိနေ့အခမ်းအနားကိုစိတ်ဝင်စားလို့လာကြည့်တာပါ "ဟု ပြုံရင်းပြောလိုက်သည်။ အရင် ဝိညဉ်နိုးထပွဲ အစီအစဉ်တွေကို သခင်ကြီးလာလေ့မရှိပါဘူး ။ ဒိနေ့တော့ ဟောင်ဝေရော ဟောင်ရှောင်လုံရော သူ့မြေးနှစ်ယောက်ပါလို့သာ သူ့တံခါးပိတ်တရားကျင့်နေရာကနေတောင်ထွက်ပြီး လာကြည့်တာပဲ ။

"ကဲကဲအားလုံးဆုံပြီဆို အခမ်းအနားစကျတာပေါ့    " ဟောင်ကိုက်က အားလုံးကို ခြုံကြည့်ရင်းနဲ့ပြောလိုက်သည်။ အဲ့နောက်မှာတော့ မီးခိုးရောင် ဝတ်စုံဝတ်ထားတဲ့ လူကြီးက ရိုရိုသေသေပြောလိုက်သည်" ဟုတ်ကဲ့ပါ သခင်ကြီး" ။ ဒိလူကြီးကတော့ ဟောင်ကလန်ရဲ့ အိမ်တော်ထိန်းကြီး ချန်ယင်ပဲဖြစ်သည်။ ရှောင်လုံက သူ့အဖေတခါပြောတာကြားဘူးတယ် ချန်ယင်က သူ့အဖိုးဟောင်ကလန်ကို စတင်တည်ထောင်ကတည်းက အခုထိ သစ္စာရှိနောက်လိုက်တယာက်အဖြစ် သူ့အဖိုးဘေးမှာရှိနေခဲ့သည်။ ချန်ယင်က ခန်းမအလည်မှာ ရပ်လိုက်ပြီးတော့ သူ့လက်ကနေ ပြင်းထန်တဲ့ စွမ်းအားတွေကိုခန်းမ ပတ်ပတ်လည်ကို လွှင့်ထုတ်လိုက်သည်။

   ရှောင်လုံရဲ့မျက်လုံးကအရောင်တချက်လက်သွားပြီးတော့ စဉ်းစားလိုက်သည်။ ဒါက မြေကြီးအဆင့် ၉ သိုင်းစွမ်းအားလား?  အရမ်းကိုပြင်းထန်တာပဲ သူအရင်ဘဝကသိုင်းအစွမ်းနဲ့ဆိုရင်တော့ ချန်ယင်ကို ဘယ်လိုမှယှဉ်နိုင်မှာမဟုတ်ဘူး ။

  ချန်ယင်က သူကီစွမ်းအားတွေကို ခန်းမအလည်မှာ ခြောက်ထောင့်ပုံစံစုလိုက်တဲ့အခါမှာတော့ အလင်းရောင်တွေတဖြည်းဖြည်းလက်လာပြီးတော့သိုင်းဝိညဉ်တွေကိုနှိုးထနိုင်တဲ့ စွမ်းအားရှိတဲ့ စက်ဝိုင်းကြီးပေါ်လာတော့သည်။

" ဟောင်ဝေ မင်းအရင်ဝင်" ဟောင်ကိုက်က ဟောင်ဝေကိုကြည့်ရင်းပြောလိုက်သည်။ "ဟုတ်ကဲ့ဖိုးဖိုး " ဟောင်ဝေက ပြန်ဖြေရင်းနဲ့ အလင်းရောင်တွေတောက်နေတဲ့ စက်ဝိုင်းထဲကိုဝင်လိုက်သည်။ စက်ဝိုင်းထဲက အလင်းရောင်တွေကို ဟောင်ဝေကို လွှမ်းခြုံသွားတဲ့အခါမှာတော့ အခန့်ထဲကလူအားလုံးက ဟောင်ဝေကို သေချာကြည့်နေကျပြီး ဘယ်လိုရလဒ်မျိုးပေါ်လာမလဲဆိုတာကိုရင်ခုံစွာ စောင့်မျှော်နေကျသည်။ ဟောင်ဝေရဲ့အဖေ ဟောင်ဝူကလဲ သူ့သားကိုကြည့်ရင်းနဲ့ သူ့ရဲတင်းနေတဲ့မျက်နှာထားမှာ စိုးရိမ်စိတ်တွေပေါနေသလိုပဲ ။

  သိပ်မကြာခင်မှာပဲ ဟောင်ဝေကို အလင်းတန်းကြီး ကလွှမ်းခြုံသွားရင်းနဲ့ အမဲရောင်အလင်းတန်းတွေတဖြည်းဖြည်းထွက်ပေါ်လာပြီး နောက်ဆုံးမှာတော့ ကျားတကောင်ပုံစံ အမဲရောင်အရိပ်ကြီးပေါ်လာပြ်ိးတော့ ဟောင်ဝေရဲ့အနောက်မှာ မျက်လုံးသုံးလုံးနဲ့ အမဲရောင်ကျားကြီးပေါ်လာတော့သည်။ တဖြည်းဖြည်းနဲ့ ကျားအရိပ်ကြီးက ကျားပုံစံစုစည်းသွားပြီးတော့ ကျားကြီးဖြစ်သွားတဲ့အခါ ကျားကြီးရဲ့ဟိန်းသံက ခန်းမတခုလုံးကိုလွှမ်းခြုံသွားပြီးတော့ လူအားလုံးကို ထိပ်လန့်သွားစေတော့သည်။

ဟောင်ကိုက်က ဟောင်ဝေနောက်က ကျားကြီးကိုကြည့်ရင်းနဲ့ အလွန်တရာမှာစိတ်ကျေနပ်တဲ့ အသံကြီးနဲ့ ရယ်မောလိုက်ရင်းလိုက်သည်။ " ဒါဟာ သိုင်းဝိညဉ်စွမ်းဆင် အဆင့် ၁၀က မျက်လုံးသုံးလုံးနဲ့ အမဲရောင်ကျားမဟုတ်လား " လို့ အလွန်တရာအံသြနဲ့ အသံနဲ့ အိမ်တော်ထိန်းပြီး ချန်ယင်ကဝင်ပြောလိုက်သည်။

  အဆင့်မြင့်အဆင့်၁၀သိုင်းဝိညဉ် အမဲရောင်မျက်စိသုံးလုံးကျား ဒါဟာ အဆင့်၁၀ထဲက သိုင်းဝိညဉ်ထဲမှာတောင် အဆင့်အမြင့်ဆုံးဖြစ်ပြီးတော့ အဆင့်လွန်အဆင့်ကိုရောက်ဖို့နဲနဲပဲလိုတော့သာမဟုတ်လား (အဆင့်လွန်က အဆင့် ၁၀အထက် သိုင်းဝိညဉ်ကိုပြောတာပါ) ။ဒါဆို ဟောင်ဝေရဲ့ သိုင်းဝိညဉ်က အဆင့်မြင့် အဆင့်၁၀ မျက်လုံးသုံးလုံး အမဲရောင်ကျားကြီးပေါ့ ခန်းမကြီးတခုလုံးအံသြသံတွေနဲ့ ပြည့်နှက်သွားပါတော့သည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း(2)...အဆင့်၇သိုင်းဝိညဉ်

"အဆင့်၁၀သိုင်းဝိညဉ် ဒါဟာတကယ်ကို အဆင့်၁၀က မျက်စိသုံးလုံး အမဲရောင်ကျားပဲ "!!
အဆင့်၁၀ သိုင်းဝိညဉ်ဆိုတာ ကမ်လန်မြို့တော်မှာ သာမက တနိုင်ငံလုံးအရေအတွက်နဲ့ ကြည့်ရင်တောင်အရမ်းရှားလွန်းတယ်မဟုတ်လား။ ဟောင်ဝူက သူ့သားနောက်မှာပေါ်နေတဲ့ မျက်စိသုံးလုံး အမဲရောင်ကျားကြီးကိုကြည့်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ အရမ်းစိတ်အရမ်းလှုပ်ရှားပြီး ခန္ဓာကိုယ် ယိုင်လဲမကျအောင်မနဲထိန်းထားလိုက်ရသည်။

   ဟောင်မျိုးနွယ်သခင်ကြီး ဟောင်ကိုက်ရဲ့ ရယ်သံတွေကလဲ ခန်းမဆောင်တခုလုံးကိုလွှမ်းခြုံထားရုံမက သူလုံးဝမထင်မိတာက သူအမှတ်မထင် သိုင်းဝိညဉ်နှိုးထပွဲခန်းမကို လာမိခဲ့တာက သူ့ကိုအံသြစရာအကြီးကြီး ကြုံစေလိမ့်မယ်ဆိုတာကိုပဲ ။ "သိပ်ကောင်းတယ်. သိပ်ကောင်းတယ်. သိပ်ကောင်းတယ် "ဟောင်ကိုက်က ရီရင်းနဲ့ "သိပ်ကောင်းတယ်"ဆိုတဲ့ စကားကိုသုံးခါတိတိပြောလိုက်သည်။ သူအသက်ပြင်းပြင်းရှုရင်းနဲ့ သူရင်ထဲက အံသြပျော်ရွှင်မှုတွေကို ငြိမ်သက်အောင်မနဲထိန်းသိမ်းလိုက်ရသည်။

   သူ့မျက်လုံးတွေက သူ့မြေးရဲ့ အဆင့်၁၀သိုင်းဝိညဉ်ကိုကြည့်ရင်းနဲ့ ပျော်ရွှင်မှုအရိပ်အယောင်တွေနဲ့ ပြည့်နှက်နေသည်။ ဟောင်မျိုးနွယ်စုရဲ့ အနာဂတ်ပင်မထောက်တိုင်တွေဟာ ဟောင်ဝေဖြစ်လာမယ်လို့ သူယုံကြည်နေယုံမက သူ့မြေးဟာ သူကိုကျော်တတ်ပြိ်း သူ့မရောက်ဘူးတဲ့အဆင့်ကိုရောက်သွားပြီး သူ့အိမ်မက်တွေကိုဖြည့်ဆည်းပေးမယ်လို့ ယုံကြည်ထားသည်။

  အဲ့ဒိအချိန်မှာပဲ ဟောင်ပန်ကလဲ ဟောင်ဝူအနားကိုလျှောက်လာရင်းနဲ့ ဂုဏ်ပြုစကားပြောလိုက်သည် "အကိုကြီးသားအတွက်အရမ်းကိုဂုဏ်ယူမိပါတယ် " ။ ဟောင်ဝူကလဲ ဟောင်ပန်ရဲ့ ရိုးသားတဲ့မျက်နှာကိုကြည့်ရင်းပြုံးရင်ပြောလိုက်သည် " ညီနှစ် ရှောင်လုံလဲခနနေရင် သိုင်းဝိညဉ်နှိုးထရမှာပဲမလား သူလဲ အဆင့်မြင့်တဲ့ သိုင်းဝိညဉ်တွေကို နှိုးထနိုင်မှာပါ အဆင့်၁၀အဆင့်ကိုတောင် နှိုးထနိုင်ဖို့ အခွင့်အရေးရှိတာပဲ မဟုတ်လားကွ " ဒါပင်မယ့်ဒိစကားကိုကြားတဲ့ သူတော်တော်များများက သူပြောတဲ့အဓိပ္ပါယ်က သူ့ညီကို နှင့်သိမ့်လိုက်မှန်း နားလည်လိုက်ကျသည်။ ဟောင်မျိုးနွယ်စုက တခြားသူတွေလဲ ဟောင်ဝူနဲ့ ဟောင်ဝေကို ဂုဏ်ပြုစကားပြောကျတော့သည်။ အဲ့အချိန်မှာပဲ ဟောင်ကိုက်ကရီရင်းနဲ့ ခန်းမအလည်မှာရပ်နေတဲ့ ဟောင်ဝေကိုလှမ်းခေါ်လိုက်သည် "ဝေအာ ဒီကိုလာထိုင်အုံး "

   "ဟုတ်အဖိုး" ဟုပြောရင်းနဲ့ ဟောင်ဝူက ဟောင်ကိုက်နားကို လျှောက်သွားရင်းနဲ့ ရှောင်လုံကိုအထင်သေးတဲ့မျက်လုံးနဲ့ ကြည့်လိုက်တာကို တခြားသူတွေကို သတိမထားမိပင်မယ့်ရှောင်လုံကတော့ သေချာကိုမြင်လိုက်ရသည်။ " အဆင့်၁၀ သိုင်းဝိညဉ်" ဟုရေရွတ်ရင်းနဲ့ ရှောင်လုံက ဟောင်ဝူုကို တည်ငြိမ်စွာနဲ့ကြည့်လိုက်သည်။

  ဟောင်ဝူက ရှောင်လုံရဲ့ ဝမ်းကွဲညီအကိုဖြစ်ပင်မယ့် လွန်ခဲ့တဲ့၂နှစ်ခန့်က ရှောင်လုံရဲ့ ညီမလေးဟောင်မင်ကို အနိုင်ကျင့်တာကြောင့်ရှောင်လုံနဲ့တွေ့တဲ့အခါရှောင်လုံ ဆုံးမတာခံလိုက်ရတာကို ဟောင်ဝူစိတ်ထဲမှာ သိပ်အစာမကြေဘူးဆိုတာ ရှောင်လုံက နားလည်လိုက်သည်။

   ဟောင်ဝေက ဟောင်ကိုက်ရဲ့ရှေ့ကိုရောက်တော့ ဟောင်ကိုက်က ဟောင်ဝူကချစ်ခင်တဲ့မျက်လုံးတွေနဲ့ ကြည့်ရင်ဟောင်ဝေရဲ့အဖေ ဟောင်ဝူကို ပြောလိုက်သည် " ဒီလိုမြေးမျိုးမွေးပေးထားတဲ့အတွက် မင်းတာဝန်ကြေတယ် ငါ့သား" ။ သူ့အဖေရဲ့ရှားပါးလှတဲ့ ချီမွမ်းမှုကိုခံရင်းနဲ့ ဟောင်ဝူက ကဲပါအဖေရယ် "တခြားသူတွေရဲ့ သိုင်းဝိညဉ်နှိုးထပွဲကိုလဲဆက်လုပ်လိုက်ပါအုံး "

   ဟောင်ကိုက်ကလဲ ချီးမွမ်းတဲ့ကိစ္စကိုအခုမပြောသင့်သေးဘူးလို့ယူဆရင်းနဲ့ "ကောင်းပြီ ဝိညဉ်နှိုးထပွဲကိုဆက်လုပ်ကျ " ။ ဟောင်ဝေရဲ့အလှည့်ပြီးတော့ရှောင်လုံရဲ့ အလှည့်ဆိုတော့ ဟောင်ကိုက်စကားဆုံးတာနဲ့ ရှောင်လုံ ခန်းမထဲက လူအားလုံးရဲ့ အာရုံစိုက်ချင်းကိုခံလိုက်ရသည်။ လူတွေအားလုံးရဲ့ အာရုံစိုက်ချင်းထဲကနေပဲ ရှောင်လုံက ခန်းမအလည်က အလင်းစက်ဝိုင်းထဲကို တည်တည်ငြိမ်ငြိမ်နဲ့ပဲဝင်လိုက်သည်။

   ရှောင်လုံ အလင်းစက်ဝိုင်းထဲနေပြီး မကြာခင်မှာပဲ ရှောင်လုံရဲ့ကျောဘက်မှာလဲ အမဲရောင်အရိပ် ကဖြည်းဖြည်းချင်း ထွက်ပေါ်လာတယ်။ လူတွေအားလုံးအာရုံစိုက်နေစဉ်မှာပဲ အပြာရောင်အလင်းနဲ့ အမဲရောင်အလင်းတန်းနှစ်ခု ပေါ်လာပြီ ကြောက်စရာကောင်းတဲ့ခံစားချက်တွေကို ခံရရစေသည်။

   အဲ့နောကိမှာတော့ အပြာရောင်အရိပ်နဲ့ အမဲရောင်အရိပ်က ရှောင်လုံရဲ့ အနောက်မှာ ခေါင်းနှစ်လုံးပေါ်လာပြီးတော့ အပြာရောင်မြွေနဂါးနဲ့ အမဲရောင်မြွေနဂါး သိုင်းဝိညဉ်အဖြစ်ပေါ်ထွက်လာသည်။ လူတွေအားလုံးဟာတယောက်နဲ့ တယောက်ကြည့်လိုက်ကျသည်။ ခေါင်းနှစ်လုံးနဲ့မြွေနဂါးသိုင်းဝိညဉ်? !

   ဟောင်ကိုက်လဲပထမတော့ ပဟေဠိဖြစ်နေပင်မယ့် တဖြည်းဖြည်းနဲ သူမျက်လုံးမှာ စိတ်ပျက်တဲ့အရိပ်အယောင်တွေပေါ်လာသည်။ သူ့အယူအဆကတော့ သူ့မြေးရဲ့သိုင်းဝိညဉ်က ပြောင်းလဲနိုင်သော ခေါင်းနှစ်လုံးနဲ့ မြွေနဂါးသိုင်းဝိညဉ်ပဲ ။ သူတို့ဟောင်မျိုးနွယ်စုမှာလဲ တချိုတပည့်သားတွေဟာ ပြောင်းလဲနိုင်တဲ့သိုင်ဝိညဉ်အချို့ကိုပိုင်ဆိုင်ကျပြီး ဒိဟာကသိပ်ပြီးထူးဆန်းတဲ့အရာမဟုတ်တော့ဘူး ။ အဆင့်၇ မြွေနဂါးသိုင်းဝိညဉ် က အဆင့်၇သိုင်းဝိညဉ်တွေထဲမှာ ထိပ်တန်းဖြစ်လင့်ကစား ဟောင်ဝေရဲ့ သိုင်းဝိညဉ်နဲ့ယှဉ်ရင်တော့ မိုးနဲ့မြေကြီးလောက်ကိုကွာခြားနေတယ်မဟုတ်လား ။

    ဟောင်ပန်နဲ့ စုရန်လဲ သူ့သားနောက်က သိုင်းဝိညဉ်ကိုမြင်ပင်မယ့် သူတို့ကတော့သူတို့အဖေလောက်ပုံမပျက်ကျဘူး ။ ရှောင်လုံရဲ့ သိုင်းဝိညဉ်စွမ်းအားက ဟောင်မျိုးနွယ်က တချိုတပည့်သားတွေထက် အစွမ်းထက်ပင်မယ့် ဟောင်ပန်ကတော့ အနဲငယ်စိတ်ပျက်မိတယ် ။ ဘယ်မိဘမဆိုသားသမိကို အကောင်းဆုံးဖြစ်တာပဲ မြင်ချင်ကျတာမလား ။

  အိမ်တော်ထိန်းကြီးကလဲ ဒိသိုင်းဝိညဉ်ကိုမမြင်ဘူးသောအခါ ဟောင်သခင်ကြီးကိုပဲ ကြည့်ပြီး မေးလိုက်သည်။ "သခင်ကြီး အဆင့်ဘယ်လောက်ရှိမယ်လို့ထင်လဲ " ဟောင်ကိုက်က "သေချာတယ် အဆင့်၇ပြောင်းလဲနိုင်သောမြွေနဂါးသိုင်းဝိညဉ်ပဲ" တခြားအကြီးအကဲတွေနဲ့ ဟောင်မျိုးနွယ်ကလူတွေလဲ ဟောင်သခင်ကြီးရဲ့ဆုံးဖြတ်ချက်ကို သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ကျသည်။

    အဲ့အချိန်မှာရှောင်လုံတယောက်ပဲ တည်တည်ငြိမ်ငြိမ်ရှိပြီးတော့ သူစိတ်ထဲမှာသိနေတာက သူ့သိုင်းဝိညဉ်က သာမန်ရိုးရိုး ပြောင်းလဲနိုင်တဲ့အဆင့်၇ သိုင်းဝိညဉ်မဟုတ်ဘူးဆိုတာကို သူကိုယ်တိုင်သိနေလို့ပဲ ။ ရှောင်လုံရဲ့ သိုင်းဝိညဉ်အဆင့်ကိုမြင်လိုက်တဲ့ အခါမှာတော့ ဟောင်ဝေက လှောင်ပြုံးပြုံးလိုက်ပြီးတော့ သူမျက်လုံးတွေက စိတ်ခေါ်တဲ့သဘောမျိုးနဲ့ ရှောင်လုံကိုကြည့်နေသည်။ ရှောင်လုံးလဲ သတိထားမိပင်မယ့် နို့နံမစင်သေးနဲ့ ကလေးနဲ့ကစားရမှာကို သူအရမ်းကိုပျင်းနေခဲ့သည်။

  ရှောင်လုံနောက်မှာလဲတခြား ဟောင်ကလန်ရဲ့ကလေးတွေ သိုင်းဝိညဉ်နှိုးထကျပြီးတော့ အဲ့ထဲမှာ ရှောက်လုံညီမကိုဟောင်ဝေနဲ့အတူ အနိုင်ကျင့်ခဲ့တဲ့ သူတို့ဟောင်မျိုးနွယ်အကြီးအကဲ ဇောင်ကန်ရဲ့ မြေး ဇောင်ဒေါင်လဲပါပြီးတော့ သူရဲ့သိုင်းဝိညဉ်က အဆင့်၆ သွေးမျက်လုံးဝံပုလွေပဲဖြစ်သည်။ အဲ့နောက်မှာတော့ တခြားကလေးရဲ့ သိုင်းဝိညဉ်ထပ်နှိုးထကျပြီးတော့ တချို့ကအဆင့်၆ အဆင့်၅ နဲ့တခြားနိမ့်တဲ့သိုင်းဝိညဉ်တွေသာ မက သိုင်းဝိညဉ်ထုတ်လို့မရတဲ့သူတချို့ပါပေါ်ထွက်လာပြီးတော့ နောက်ဆုံးမှာ အခမ်းအနားကိုအဆုံးသတ်လိုက်ကျသည်။

   ပွဲပြီးတဲ့အခါမှာတော့ ဟောင်ကိုက်က ဟောင်ဝူနဲ့ ဟောင်ဝေတို့အနားကိုလာပြ်ိးတော့ ဟောင်ဝေကိုကြည့်ရင်းနဲ့ အားလုံးကြားအောင်ပြောလိုက်သည် "ဟောင်ဝေသိုင်းပညာကို ငါကိုယ်တိုင်သင်ပေးမယ်" အဲ့ဒါကြားလိုက်တာနဲ့ လူအားလုံးကအံသြမင်သက်သွားကျသည်။ ဟောင်ပန်လဲ အဲ့ဒါကိုကြားတော့ ရှောင်လုံကိုစိတ်မကောင်းစွာနဲ့ကြည့်လိုက်သည်။

    သူတို့နေထိုင်တဲ့အဆောင်ကိုပြန်ရောက်တ်ဲခါမှာတော့ စုရန်က မကျေနပိတဲ့အသံနဲ့ " ဘာလို့အဖေက အဲ့လောက်တောငိမျက်နှာသာပေးရတာလဲ?  သူ့ကဟောင်ဝေကို ကိုယ်တိုင်သင်ပေးမယ်ဆိုတော့ ကျွန်မတို့သားဟောင်ရှောင်လုံကရော သူ့မြေးမဟုတ်လို့လား "

  ဟောင်ပန်လဲမျက်မှောင်ကြုံရင်းနဲ့ ပြောလိုက်သည်" တော်ပြီဒိကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်သူမှ ဘာမှထပ်မပြောနဲ့တော့ "ဒါပင်မယ့်သူနှလုံးသားထဲမှာတော့ ဟောင်ဝေတယောက်တည်းကိုပဲ သူ့အဖေကိုယ်တိုင်သင်ပေးမှာကိုမကျေနပ်ခဲ့ဘူး။ "သားရှောင်လုံ မင်းသိုင်းဝိညဉ်ရဲ့ အစွမ်းကလဲမသေးပါဘူးကွ မင်းကြိုးစားရင် နောက်ဆီု မြေကြီးအဆင့် ၈ လောက်ရှိတဲ့ သူရဲကောင်းဖြစ်လာနိုင်ပါတယ်" လို့ရှောငိလုံကိုကြည့်ရင်းနဲ့ပြောလိုက်သည်။

   ရှောင်လုံလဲ သူ့အဖေနဲ့အမေကို သူ့သိုင်းဝိညဉ်အကြောင်းကိုပြောပြချင်ပင်မယ့် နောက်ဆုံးမှာတော့ အလုပ်နဲ့ပဲသက်သေပြမယ့်လိုဆုးူံဖြတ်လိုက်သည်။ အဲ့နောက်မှာတော့ ဟောင်ပန်က တိုက်ပွဲဝင်ကီတွေကို ဘယ်လိုကျင့်ရမယ့်ဆိုတာရယ်နဲ့ သိုင်းလေ့ကျင့်တဲ့နေရာမှာအရေးကြီးတဲ့ ဟာတွေကို ရှောင်လုံကိုရှင်းပြလိုက်သည်။ အဲ့နောက်မှာတော့ သူတို့နေတဲ့ပင်မဆောင်ကနေ ရှောင်လုံက သူသီးသန့်နေတဲ့ အိမ်ခန်းဆောင်အသေးလေးကိုပြန်လာလိုက်သည်။

  အဲ့နောက်မှာတော့ သူ့့အဖေသင်ပေးတဲ့အတိုင်း ကမ္ဘာကြီးရဲ့စွမ်းအင်စုပ်ယူနည်းကိုစတင်လေ့ကျင့်တော့သည်။ ရှောင်လုံလေ့ကျင့်ခန်းကိုစလိုက်တာနဲ့ သူ့ရဲ့မြွေနဂါး သိုင်းဝိညဉ်က သူ့ကိုယ်ထဲကနေ ထွက်ပေါ်လာပြီးတဲ့နောကိမှာ သူတို့ခေါင်းနှစ်လုံးနဲ့ ပါးစပ်တွေကို အကျယ်ကြီးဟရင်းနဲ့ ကမ္ဘာကြီးပေါ်က စွမ်းအင်တွေကို အလွန်လျင်မြန်တဲ့ အရှိန်နဲ့ အငမ်းမရကိုစုပ်ယူပါတော့သည်။ သူတို့စုပ်ယူလိုက်တဲ့ စွမ်းအင်တွေက ရှောင်လုံရဲ့ကိုယ်ထဲက သွေးကြောတွေထဲမှာစီးဆင်းရင်းသွားပြီး တဖြည်းဖြည်းနဲ့ သိုင်းကီစွမ်းအင်များဖြစ်ပေါ်လာတော့သည်။

  တဖြည်းဖြည်းညနက်လာရင်းနဲ့ လမင်းရဲ့အလင်းရောင်က ပြတင်ပေါက်တံခါးကနေ အိပ်ခန်းထဲကိုဝင်ရောက်လာသည်။ ခနနေတဲ့အခါ ရှောင်လုံရဲ့မျက်လုံးနှစ်ဖက်ပွင့်လာပင်မယ့် သူမျက်နှာက စိတ်ရှုပ်တဲ့ပုံစံဖြစ်နေသလိုပဲ ။ အစောပိုင်းက သူ့အဖေသင်ပေးခဲ့တဲ့ ရှုကွင်သိုင်ကျမ်းပထမအဆင့်အတိုင်း သူသိုင်းစွမ်းအင်တွေကို သိပ်သည်းလာအောင်စုစည်းပြီးတော့ သူ့သွေး ွေကြာတွေထဲကို ဘာအနှောက်အယှက်မှမရှိပဲ စီးဆင်းစေခဲသည်။

   နာရီအနဲငယ်ကြာတဲ့အချိန်မှာ သူဟာကမ္ဘာပေါ်က စွမ်းအင်တွေကို သိုင်းစွမ်းအင်အဖြစ်ပြောင်းလဲနိုင်ယုံမက မြေကြီးအဆင့်၁ သိုင်းသမားအဆင့်ကိုရောက်ရှိနိုင်ခဲ့သည်။ ရှောင်လုံရဲ့ စိတ်ထဲမှာရှုပ်ထွေးနေပြီးတော့ သူ့အဖေသင်ပေးခဲ့တာတွေကိုသူပြန်စဉ်စားမိတဲ့အခါ အဖေငါ့ကိုပြောတော့ အဖေဟာမြေကြီးအဆင့်၁ သိုင်းသမားအဆင့်ကိုရောက်ဖို့ ၆လလောက်ကြာတယ်လို့ပြောတာပဲ ။ ငါကအခုချကိချင်း မြေကြီးအဆင့်၁ သိုင်းသမားဖြစ်သွားတယ်ဆိုတော့ ငါသိုင်းလေ့ကျင်းရင်းနဲ့များအိပ်ပျော်ပြီး အခုကအိမ်မက် မက်နေတာများလား ။ သူမသိလိုက်တာက ဒါဟာအိမ်မက်မဟူတ်ဘဲ တကယ်ကို ဖြစ်ပျက်သွားတယ်ဆိုတာကိုပါပဲ ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၃.....(ရှောင်လုံကျတော့ဘာမှ မရဘူးလား)

    ရှောင်လုံကနာရီအနဲငယ်အတွင်းမှာ တိုက်ပွဲဝင်ကီကို စုစည်းနိုင်ပြီး မြေကြီးအဆင့်၁ သိုင်းသမားဖြစ်သွားတာကိုသာ တခြားလူတွေသိခဲ့ရင် အလွန်တရာအံသြထိန့်လန့်သွားမယ်ဆိုတာသေချာတာပေါ့ ။

    ရှောင်လုံတောင်သူဘာသာမယုံနိုင်သာ တခြားသူတွေဆိုပိုဆိုးပြီပေါ့ ။ ပထမထဲကရှောင်လုံက သူ့သိုင်းဝိညဉ်က သာမန်ဆိုတာမယုံကြည့်ခဲ့ပင်မယ့် အခုကျတော့ အလွန်တရာကို အစွမ်းထက်လွန်းနေသည်မဟုတ်ပါလား။

   သူ့အဖေရဲ့ပြောကြားချက်အရ လူတယောက်ရဲ့ အနာဂတ်အောင်မြင်မှုဆိုတာ သူကိုယ်ထဲကသိုင်းဝိညဉ်နဲ့ အဓိကသက်ဆိုင်နေသည်မဟုတ်ပါလား ။ သူ့အဖိုး ဟောင်ကိုက်က အဆင့်၈ သိုင်းဝိညဉ်ကိုပိုင်ဆိုင်ပြီး သူတောင်မြေကြီးအဆင့်၁ သိုင်းသမား အဆင့်ကိုရောက်ဖို့ နှစ်ဝက်လောက်လေ့ကျင့်ခဲ့ရတယ်သူသိထားတယ် ။ သူကနာရီအနဲငယ်နဲ့ အောင်မြင်ခဲ့တယ်ဆိုတော့ သူ့သိုင်းဝိညဉ်ကို အဆင့်၇ မဖြစ်တော့ဘူး သူ့အဖို့ရဲ့ အဆင့်၈ ထက်တောင် အရမ်းသာလွန်နေတယ်မဟုတ်ဘူးလား။

    ဒါဆို အဆင့်၁၀ သိုင်းဝိညဉ်လား? မဖြစ်နိုင်ဘူး အဆင့်၁၀ သိုင်းဝိညဉ်ဆိုရင်တောင် ဒိလောက်အစွမ်းမထက်နိုင်ဘူးလေ ။ ဒါဆို အဆင့်၁၀ထက်ကျော်လွန်တဲ့ ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ ထိပ်တန်းသိုင်းဝိညဉ်များ ဖြစ်နေမလား ။ ထိပ်တန်းသိုင်းဝိညဉ်ဆိုတာက ရှောင်လုံက ရာဇဝင်ထဲ သူရဲကောင်းပုံပြင်တွေမှာသာ ကြားဘူးခဲ့တာလေ ။

     အဆင့်၁၀ရဲ့ အထက်ဆိုရင် အဆင့်၁၁လား ၁၂လား ဒါမှမဟုတ်ဘယ်လောက်အဆင့်မြင့်လဲဆိုတာတောင် သူသာဘာမသိတော့ဘူးဖြစ်နေတယ်။ သေချာတာကတော့ သူ့သိုင်းဝိညဉ်က အဆင့်၁၀ မှာသေချာပေါက်ရှိနေတယ်ဆိုတာပဲ ။ အဲ့ဒါတွေတွေးမိပြီး ရှောင်လုံက သူ့စိတ်ထဲမှာ လှုပ်ရှားနေတာကို ကြိုးစားထိမ်းချုပ်လိုက်ပြီးတော့ သူ့အဖေသင်ပေးထားတဲ့အတိုင်းပဲ သိုင်းကိုဆက်လက်လေ့ကျင့်လိုက်တယ် ။ သူ့သိုင်းလေ့ကျင့်လိုက်တာနဲ့ သူ့နောက်မှာ ခေါင်းနှစ်လုံးနဲ့မြွေနဂါးသိုင်းဝိညဉ်က ပေါ်လာပြီးတော့ သူတို့ရဲ့ပါးစပ်တွေကို အကျယ်ကြီးဟရင်းနဲ့ ကမ္ဘာကြီးပေါ်ကစွမ်အင်တွေက စုပ်ယူပြီးတော့ ရှောင်လုံရဲ့သေွးကြောတွေထဲကို ပို့ဆောင်တော့တယ် ။

   အဲ့အချိန်မှာ သွေးကြောတွေထဲမှာ သိုင်းစွမ်းအားတွေလှည့်ပတ်နှုန်းက ပိုမိုမြန်ဆန်နေပြီးတော့ သူ့သွေးကြောတွေထဲမှာ သိုင်းစွမ်အားတွေ ပိုပြီးသိပ်သည်းလာတာကို ရှောင်လုံသတိထားမိလိုက်တယ် ။ အရမ်းကြီး မသိသာသော်လည်း သွေးကြောထဲမှာ အကြိမ်အရေအတွက်များစွာ လှည့်ပတ်ပြီးတဲ့နောက်မှာ သိုင်းစွမ်းအားတွေက အရင်ကထက်နှစ်ဆလောက်ပိုမို သိပ်သည်းလာတာကို သူခံစားလိုက်ရတယ် ။

     သူမျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ နူးညံတဲ့လရောင်က မရှိတော့ပဲ နွေးထွေးတဲ့နေရောင်ခြည်တွေက သူ့ကိုယ်ပေါ်ကိုကျရောက်နေတာကိုတွေ့လိုက်ရတယ် ။ နွေးထွေးတဲ့နေရောင်အောင်မှာပဲ သူဟာကိုယ်ကို အကြောဆန့်ရင်းထလိုက်နဲ့သူ သတိထားမိလိုက်တာက သူညကျင့်လိုက်တာဟာ မြေကြီးအဆင့်၁ စဦး အဆင့်ကိုကျော်ပြီး အလယ်အဆင့်ကိုရောက်သွားပြီဆိုတာကိုပါ သိလိုက်တယ် ။

   "မြေကြီးအဆင့် ၁အလယ်အဆင့် သိုင်းသမား" ရှောင်လုံက ထိုးထွက်လာတဲ့နေမင်းကြီးကိုကြည့်ရင်းနဲ့ ငါဒီပုံစံ အတိုင်းကျင့်ရင် သုံးရက်လောက်ဆို နောက်ဆုံးအဆင့်မြေကြီးအဆင့်၁ သိုင်းသမား ကိုကျော်ဖြတ်ပြီးတော့ မြေကြီးအဆင့်၂ စဦးအဆင့်ကိုရောက်နိုင်တာပဲ ။

အဲ့နောက်မှာတော့ရှောင်လုံက သူ့အိပ်ခန်းဆောင်ကနေ ခြံထဲကိုထွက်လာပြီးတော့ ခြံဝင်းထောင့်က မီတာဝက်လောက်ရှိတဲ့ ကျောက်တုံးကြီးကို အတွင်းအားစုပြီးတော့ ထိုးချလိုက်တယ် ။

  ဘုံး...  ဆိုတဲ့အသံပေါ်လာပြီးတော့ ကျောက်တုံးကြီးက အစိတ်စိတ်အမွာမွာ မြေကြီးပေါ်ကိုပြန့်ကျဲသွားတယ် ။ ကျောက်တုံးကြီးကိုကြည့်ပြီး ရှောင်လုံက ခေါင်ကိုငြိမ့်ရင်းနဲ့ မြေကြီးအဆင့်၁နောက်ဆုံးအဆင့်က ကျောက်တုံးတတုံးနဲ့ ညီမျှပြီးတော့ သူရဲ့ ခန္ဓာကိုယ်အသွင်ပြောင်းသိုင်းကျမ်းကျင့်ထားမှုက သူရဲ့တိုက်ခိုက်စွမ်းရည်ကို မြေကြီးအဆင့်၁ နောက်ဆုံးအဆင့်နဲ့ ညီမျှသွားစေတယ် ။

   ကျောက်တုံးတတုံးရဲ့စွမ်အားက ပေါင်၁၂၀ရှိတယ် ။ သူညက သိုင်းလေ့ကျင့်မှုဟာ သူခန္ဓာကိုယ်ကိုလဲ ပိုပြီး ကြံခိုင်တောင့်တင်းလာစေတာကိုသတိထားမိလိုက်တယ် ။ မြေကြီး အဆင့်၁ ကနေ ၃ ထိ သိုင်းသမားတွေကို စဦးအဆင့် သိုင်းသမားလို့ခေါ်ပြီးတော့ စဦးအဆင့်မှာ သွေးကြောထဲက အတွင်းအားတွေက ခန္ဓာကိုယ်ကို ပိုပြီး ကျန်းမာတောင့်တင်းလာစေတယ် ။

  အဲ့အချိန်မှာ သူ့နားထဲမှာ ခြေသံဖွဖွကိုကြားလိုက်ရပြီး သူညီမလေး ဝေါင်မင်ရဲ့ စွာကျယ်ကျယ်အသံလေးထွက်ပေါ်လာတယ် " အကိုကြီး .. အကိုကြီး..  " ရှောင်လုံကလှည့်ကြည့်ရင်းနဲ့ သူ့ညီမပြေးလာတာပြီး သူ့ဆီမရောက်သေးခင်မှာပဲလှမ်းအော်လိုက်တယ် " အကိုကြီး အဖေနဲ့အမေ ရန်ဖြစ်နေကျတယ် " ။

   "အဖေနဲ့ အမေရန်ဖြစ်တယ်? ...ဘာဖြစ်လို့လဲ.?.."  ရှောင်လုံက ခနတာတော့ အံသြသွားပြီးတော့ သူသိသလောက် သ့အဖေနဲ့အမေက တခါမှကိုရန်ဖြစ်တာကို မတွေ့ဘူးဘူးလေ ။ ဟောင်မင်က ပြန်ဖြေလိုက်တယ် " ဘာဖြစ်လို့ရန်ဖြစ်တာလဲတော့ မသိဘူး..  ဒါပင်မယ့် ဦးလေးကြောင့်ဖြစ်တာလို့တော့ထင်တယ် "

" ဦလေးကြောင့်... ! ကဲပါငါတုိ့သွားကြည့်ကျတာပေါ့ ဘာဖြစ်လို့လဲဆိုတာကို" ဟုရှောင်လုံကပြောရင်းနဲ့ ဟောင်မင်နဲ့အတူတူသူမိဘာတွေနေတဲ့ အရှေ့ဘက် အဆောင်ကိုသွားကျတယ် ။ သူတို့အဆောင်ရှေ့မရောက်ခင်မှာပဲ အထဲကနေ သူ့အမေရဲ့ ဒေါသနဲ့ပြည့်နေတဲ့အသံတွေကိုကြားလိုက်ရတယ် "အကိုကြီး ဟောင်ဝူက မလွန်လွန်းဘူးလား... သိုင်းနှိုးထပွဲပြီးတဲ့နောက်မှာ ဟောင်ကလန်က ရှောင်လုံးကလွဲပြီး တခြား လူတွေအားလုံး အတွင်းအားဆေးလုံးရကျတယ် " အဲ့အသံကိုကြားတော့ ရှောင်လုံရဲ့ လျှောက်လက်စခြေလှမ်းပါရပ်တန့်သွားတယ် ။

       အတွင်းအားဆေးလုံး?  ဒါက ဒုတိယအဆင့် အတွင်းအားတိုးဆေးပဲ  အဲ့ဒိဆေးကိုစားလိုက်ရင် အတွင်းအားအဖြစ်အလွယ်တကူပြောင်းနိုင်ပြီးတော့ သူ့ရဲ့အာနိသင်က အတွင်းကိုတိုးတက်စေတာပဲ ။

   "အကိုကြီးက အတွင်းအားဆေးလုံးက ကုန်သွားတယ်လို့မပြောဘူးလား .... နောက်ကျရင် သူ ရှောင်လုံ အတွက် အလျော်ပေးမယ်လို့လဲပြောတာပဲကို" ဟု ဟောင်ပန်ရဲ့ စိတ်ရှုပ်ထွေးပြီး ပြောတဲ့အသံကိုလဲ ရှောင်လုံတို့ကြားလိုက်ရတယ် ။

"  ဟောင်မျိုးနွယ်မှာ သိုင်းဝိညဉ်နှိုးထထားတဲ့ ကလေးအားလုံးပေါင်း ၂၆ ပဲရှိတယ် ရှောင်လုံထက် အဆင့်နိမ့်တဲ့ သိုင်းဝိညဉ်ကို ပိုင်ဆိုင်တဲ့ကလေးတွေတောင် အားလုံးရကျပြီးတော့ ရှောင်လုံမှ မရဘူးဆိုတာကတော့ လုံးဝမတရာဘူး " စုရန်က သူအသံကိုမြှင့်ပြီးတော့ ဒေါသနဲ့ပြောလိုက်တယ် ။ "ဘာလို့လဲ ငါတို့ရှောင်လုံလေးကရော သူရဲ့တူမဟုတ်လို့လား " ဟုစုရန် ထပ်ပြောတဲ့အသံကိုကြားလိုက်တော့ ရှောင်လုံက သူမိဘတွေ ရန်ဖြစ်နေရတဲ့အကြောင်းအရင်းကိုနားလည်လိုက်တယ် ။ အတွင်းအားဆေးလုံးက သိုင်းသမားတွေကို အတွင်းအား အလွယ်တကူ စုစည်းနိုင်အောင်ကူညီနိုင်နဲ့ဆေးပဲ ။ ဒါပင်မယ့်လွန်ခဲ့တဲ့ ၂နှစ်ခန့်က ရှောင်လုံနဲ့ သူ့သားဖြစ်ခဲ့တဲ့ ပြသနာကြောင့် သူ့ကိုသူဥိလေးက အငြှိုးထားပြီး တမင်မပေးဘူးဆိုတာကို ရှောင်လုံကနားလည်လိုက်တယ် ။

    သူ့အဖိုးက သူ့ဥိလေးကို ဟောင်ကလန်သခင်ကြီး အဖြစ်မလွှဲ့ပေးရသေးသော်လဲ ဟောင်ကလန်က ကိစ္စတော်တော်များများက သူ့ဦးလေးကပဲ အဓိကတာဝန်ယူထားရတာပဲ ။ သူ့အမေရဲ့ပြောစကားအရ သိုင်းဝိညဉ်မနှိုးထနိုင်တဲ့ အမှိုက်လို့ တခြားတပည့်တွေတောင် အတွင်းအားဆေးလုံးရကျပြီးတော့ သူ့တူဖြစ်တဲ့ ရှောင်လုံကိုမပေူတာကျတော့ လူပုံအလည်မှာ တမင်တကာလုပ်တာမဟုတ်ဘူးလား ။

   ဟောင်ဝူရဲ့ အပြူအမှုက ရှောင်လုံအပေါ်မှာရှိတဲ့ အငြိုးအတေးကို ပြသရုံမက သူ့မိဘတွေကို ဂရုမစိုက်ဘူးဆိုတာကိုပြလိုက်တာပဲ ။

  " ဒါကလုံးဝမတရားဘူး...  ဒိကိစ္စကိာ အဖေကို သွားပြောရမယ်.. " စုရန်ရဲ့ မကျေနပ်တဲ့ အသံကထပ်ပြီး ထွက်လာတယ် ။ "မင်းပြန်လာခဲ့.. ဒီလိုကိစ္စအသေးလေးနဲ့ အဖေကို သွားပြောမယ်ဆိုတော့ ....မင်းငါ့မျက်နှာကိုလုံးဝမထောက်တော့ဘူးလား " ဟောင်ပန်က ဒေါသတကြီးနဲ့အော်လိုက်တယ် ။  အခန်းပြင်က ရှောင်လုံက သူ့အဖေပြောတာကြားတော့ စဉ်းစားလိုက်တယ် ။ ကိစ္စအသေးလေး...  အင်းငါ့ဦးလေးက အခုထိ ဟောင်သခင်ကြီးတောင်မဖြစ်သေးဘူး ဖြစ်သာဖြစ်သွားမယ်ဆိုရင် ငါတို့အတွက် ကိစ္စအသေးလေးတွေသာမက အကြီးတွေနဲ့ပါနှိပ်ကွပ်တော့မှာပဲ ။

   ရှောင်လုံ အခန်းအပြင်ဘက်ကနေ မဝင်ဘဲ ပြန်ထွက်သွားတာကိုတွေ့လိုက်တော့ သူ့ညီမလေးဟောင်မင်ကပါ အနောက်ကနေ ပြေးလိုက်သွားပြီး ရှောင်လုံကိုခေါ်လိုက်တယ် "အကိုကြီး....  အကိုကြီး ဘာလို့အထဲ မဝင်တာလဲ" ရှောင်လုံက တော့ ပြန်မဖြေဘူး သိပ်မကြာခင်ပဲ သူ့တို့အရှေ့ဆောင်ကနေ ထွက်လာခဲ့တယ် ။ အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဟောင်မင်ကိုအနိုင်ကျင့်ခဲ့တဲ့ ဟောင်ဝေနဲ့ သူ့လက်အောင်ငယ်သားတွေ လမ်းလျှောက်လာတာကိုတွေ့လိုက်တယ် ။ ရှောင်လုံတို့ မောင်နှမနှစ်ယောက်ကို မြင်လိုက်ရတော့ ဟောင်ဝေက မဲ့ပြုံးပြုံးရင်းနဲ့ ရှောင်လုံတို့ကို သူ့လူတွေနဲ့ပိတ်ရပ်လိုက်တယ် ။

( လောလောဆယ်အထိကတော့ နဲနဲပျင်းဖို့ကောင်းတုံးပဲ နောက်ပိုင်းသိပ်မကြာတော့ပါဘူး ရှောင်လုံက ကြမ်းတော့မှာပါ တနေ့ကိုတပိုင်းတော့ အားရင်တင်ပေးသွားပါ့မယ် မအားတဲ့အခါကျရင်တော့ နှစ်ရက်တပိုင်းပေါ့  ဖတ်ရတာ အဆင်မပြေရင်လဲဝေဖန်နိုင်ပါတယ် အတတ်နိုင်ဆုံးတော့ အဆင်ချောအောင်တော့ ပြန်ပေးထားတာပါပဲ)

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း(4) .....( ဟောင်မျိုးနွယ်စုဝေးပွဲတော် )

     ဟောင်မင်က ဟောင်ဝေနဲ့ တခြားလူတွေကိုမြင်တော့ ရှောင်လုံနောက်မှာဝင်ပုန်းလိုက်သည်။ ရှောင်လုံကတော့ သူတို့နားကိုကပ်လာတာမြင်ပင်မယ့်မျက်နှာကတော့ ပုံမှန်တိုင်းပဲ ။

   ဟောင်ဝေက ဟောင်ရှောင်လုံရှေ့မှာရပ်ပြီးပြောလိုက်သည် " ရှောင်လုံ..  မင်းညီမကို မင်းတသက်လုံးကာကွယ်နိုင်မယ်များထင်နေတာလား.. ?"

သူပြောတာကိုကြားလိုက်တော့ ရှောင်လုံက ကြောက်စရာကောင်းတဲ့ အပြုံးမျိုးပြုံးလိုက်ပြီးရင်း မျက်လုံးတွေကသွေးဆာနေပြီးတော့ ပေါ့ပေါ့ပါးပါးပဲပြောလိုက်သည် " အဲ့လိုလား.. ဒါဆိုမင်းကတိုက်ခိုက်ချင်လို့လား " 

ဟောင်ဝေအနောက်မှာ ရပ်နေတဲ့ အကြီးအကဲ ဇောင်ကန်ရဲ့သားအကြီးဆုံး ဇောင်ရှုဒေါင်က ရှောင်လုံကို ကြည့်ပြီးတော့ " စောက်ရူး...  မင်းကိုမင်းဘာထင်နေလဲကွ ...!" သူပြောတဲ့အသံ မဆုံးသေးခင်မှာပဲ သနားစရာအော်သံထွက်လာပြီးတော့ ဘာကြောင့်လဲဆိုတော့ ရှောင်လုံက ဇောင်ရှုဒေါင်ရဲ့ဗိုက်ကိုပြင်းပြင်းထန်ထန် ကန်လိုက်လို့ ပုဇွန်တုပ်ကွေပုံစံကွေးပြီး လွှင့်ထွက်သွားလို့ပဲ ။

    ရှောင်လုံရဲ့စိတ်တွေက ဒေါကန်နေကတည်းက သူကန်လိုက်တဲ့အားကလဲ ပြင်းထန်လှပြီး ဇောင်ရှုဒေါင်ကို ၆ မီတာ ၇မီတာလောက်ကို လွှင့်စင်သွားစေသည်။ ဇောင်ရှုဒေါင်က လက်သီးကိုဆုပ်ရင်းနဲ့ ပါးစပ်ကဟနေပင်မယ့်ဘာအသံမှ မထွက်လာပဲ သူ့ဗိုက်ထဲမှာလဲ မီးပင်လယ်ထဲရောက်သွားသလိုခံစားလိုက်ရသည်။

  ခနလောက်ကြာပြီးမှ ဇောင်ရှုဒေါင်ရဲ့ မိုးချိန်းသလိုဆူညံတဲ့အသံနဲ့ ငိုသံကို အဲ့ကလူတွေအကုန်ကြားလိုက်ရတော့သည်။ ရှောင်လုံက  ငိုနေတဲ့ ဇောင်ရှုဒေါင်ကို ကြည့်ရင်းနဲ့ နှုတ်ခမ်းကိုမဲ့လိုက်ပြီး တွေးလိုက်သည်။ ဒိကောင်စုတ်လေးက ကောင်စုတ်ပါပဲ အခုထိတောင်မထိရသေးဘူး မျက်လုံးကနေ မျက်ရေတွေဘူးသီးလုံးလောက်ကျနေပြီမဟုတ်လား ။

   " မင်း.. မင်း " အဲ့အချိန်ကျမှ ဟောင်ဝေနဲ့ တခြား အပေါင်းအဖော်တွေက ရှောင်လုံကို ထိပ်လန့်တဲ့မျက်လုံးတွေနဲ့ ကြည့်ရင်းနဲ့ အာမေထိပ် အသံတွေထွက်လာတော့သည်။ ဒါအပြင် ဟောင်ဝေမထင်မိတာက ရှောင်လုံက လွန်ခဲ့တဲ့ ၂ နှစ်ထက်စာရင်ပိုပြီး ကြမ်းတမ်းလာတာကိုပဲ ။

    "ငါကဘာဖြစ်လို့လဲ...  မင်းတို့ရောအကန်ခံချင်လို့လား" ရှောင်လုံက ဟောင်ဝေနဲ့ သူ့နောက်လိုက်တွေကိုကြည့်ရင်းနဲ့ ပြုံရင်းမေးလိုက်သည်။ အဲ့အသံနဲ့ ကြားတော့ ဟောင်ဝေနဲ့ သူ့အဖော်တွေက ရှောင်လုံရဲ့ ညာခြေထောက်ကိုကြည့်ရင်းနဲ့ ကြောက်လန့်စွာနောက်ဆုတ်လိုက်ကျသည်။

    သူတို့နောက်ဆုတ်သွားတာကိုမြင်လိုက် ရှောင်လုံက အကျယ်ကြီးရီလိုက်သည်။ ရှောင်လုံရီသံက ကိုကြားတော့ ဟောင်ဝေက ဒေါသထွက်လာပြီးတော့ သူကြောက်တာကိုဖုံးဖိဖို့အတွက် " ရှောင်လုံ မင်းအကြီးအကဲရဲ့သားကိုအကြောင်းပြချက်မရှိပဲ စော်ကားပြ်ိးတိုက်ခိုက်ရဲတယ်ဟုတ်လား ..  မင်းဘယ်လိုအပြစ်ဒဏ်ခံရမလဲကိုသာစောင့်နေလိုက်တော့.. " လို့အော်ပြောလိုက်သည်။

"အကြောင်းပြချက်မရှိပဲတိုက်ခိုက်တယ် ဟုတ်လား.." ရှောင်လုံက ဟောင်ဝေကို ဓားတစင်းလို့စူးရှစွာ စိုက်ကြည့်လိုက်သည်။

  ဟောင်ဝေက ရှောင်လုံကို မျက်လုံးချင်းမဆိုင်ရဲပဲပြောလိုက်သည် " မင်း.. မင်း ငါတို့မျိုးနွယ်စု စုဝေးပွဲတော်ကျရင် မင်းကိုငါအကြောင်းသိစေရမယ်ကွ.. " ။ အဲ့နောက်မှာတော့  ဟောင်ဝေတို့လူစုက လဲကျနေတဲ့ ဇောင်ရှုဒေါင်ကိုမရင်း ခြေလှမ်းသုတ်သုတ်နဲ့ပြေးတော့လေသည်။

"  အကိုကြီး..  အကိုကြီးဇောင်ရှုဒေါင်ကို တိုက်လိုက်တာကို ဟောင်ဝေက ဥိလေးကို သွားတိုင်ရင် ဘယ်လိုလုပ်မလဲ..?."  ဟောင်မင်က သူ့တို့ဦလေး စည်းကမ်ဖောက်တဲ့ ကလေးတွေကို ကြာပွတ်နဲ့ ရိုက်ဆုံးမတာကို ပြန်မြင်ယောင်ပြီး ရှောင်လုံအတွက် စိုးရိမ်စွာနဲ့မေးလိုက်သည်။

   ရှောင်လုံက ထွက်ပြေးသွားတဲ့ ဟောင်ဝေတို့လူအုပ်ကိုကြည့်ရင်းနဲ့ အေးဆေးပြောလိုက်သည်  "ဘာမှမဖြစ်ပါဘူးကွာ စိတ်မပူပါနဲ့ " ။ သူကန်လိုက်တဲ့ ဒဏ်ရာတွေက ဘာဒဏ်ရာဒဏ်ချက်မှမပေါ်ဘူးဆိုတာ သူ့ကိုယ်သူယုံတယ်လေ တကယ်လို့ ဟောင်ဝူဖြစ်ဖြစ် ဇောင်ကန်ဖြစ်ဖြစ် စစ်ရင်တောင် ဘာသက်သေမှတွေ့မှာ မဟူတ်ဘူး ။ သူဥိလေးက သူကိုအပြစ်ပေးမယ်ဆိုရင်တောင် သူ့မှာသက်သေရှိမှရမှာလေ ။ဒိဟာကလဲ လွန်ခဲ့တဲ့၂နှစ်ကလိုပဲပေါ့ ရှောင်လုံက ဟောင်ဝေနဲ့ တခြားအကြ်ိးအကဲတွေရဲ့ သားအများစုကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပင်မယ့် အဆုံးသတ်ကျတော့ ရှောင်လုံကို ဘယ်သူမှအပြစ်ပေးလို့မရခဲ့ဘူးလေ ။

   သူမနေ့ညတုံးက အတွင်းအားကျင့်စဉ်ကျင့်တုံးက ရှောင်လုံသတိထားမိတာက သူ့သွေကြောထဲက အတွင်းအားတွေကို တခုခုက ကူညီနေပြီးတော့ အဲ့ဒါကလဲ သူလွန်ခဲ့တဲ့ လေးနှစ်ထဲကစကျင့်ခဲ့တဲ့ ခန္ဓာကိုယ်အသွင်ပြောင်းသိုငိးကျမ်းကြောင့်ပဲနေမှာပါ အဲ့ဒါမှမဟုတ်ရင် ရှောင်လုံမှာ ဘယ်လိုအစွမ်းထက်တဲ့ သိုင်းဝိညဉ်ပဲ ပိုင်ဆိုင်ပစေ သူဘယ်တော့မှာ မြေကြီးအဆင့်၁ အလယ်အဆင့်သိုင်းသမားအဖြစ်ကို တညထဲနဲ့ ဘယ်လိုမှရောက်မှာမဟုတ်ဘူးလေ ။

   သူအိပ်ခန်းလေးကို ပြန်ရောက်တော့ ရှောင်လုံက အတွင်းအားကျင့်စဉ်တွေကို ဆက်ကျင့်လိုက်သည်။ အဲ့လိုနဲ့ အချိန်သုံးရက်ကုန်ဆုံးသွားခဲ့သည်။ အဲ့သုံးရက်လုံးလုံး သူအိမ်သာသွားတာကလွဲပြီး သူရဲ့မိနစ်တိုင်းကို အိပ်ဆောင်ထဲမှာ အတွင်းအားကျင့်တာနဲ့ တောင်အနောက်ဘက်ခြမ်းမှာ ခန္ဓာကိုယ်အသွင်ပြောင်းသိုင်းကျမ်းကျင့်တာနဲ့ပဲ ကုန်ဆုံးစေခဲ့သည်။

   လေးရက်မြောက်နေ့.....
   ပုံမှန်အတိုင်းရှောင်လုံ အိပ်ရာပေါ်မှာ အတွင်းအားကျင့်နေတုံးပဲ ခေါင်းနှစ်လုံး မြွေနဂါးသိုင်းဝိညဉ်ကရှောင်လုံနောက်ကထွက်ပေါ်လာရင်းနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ စွမ်းအင်တွေကို ကြောက်မက်ဖွယ်ရာစွမ်းအားနဲ့စုပ်ယူပြီးတော့ ရှောင်လုံရဲ့ကိုယ်ထဲကို အတွင်းအားအဖြစ်စုစည်းပေးလေသည်။ လွန်ခဲ့တဲ့သုံးရက်ကနဲ့ ယှဉ်ရင် ရှောင်လုံကိုယ်ထဲက အတွင်းအားတွေက ဆယ်ဆလောက်ပိုမိုထူထပ်လာခဲ့သည်။

   သုံးရက်လောက်အရူးအမူးလေ့ကျင့်ပြီးတဲ့နောက်မှာတော့ ရှောင်လုံက မြေကြီးအဆင့်၁ နောက်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့ယုံမက ရှောင်လုံက သူ့ဒီည မြေကြီးအဆင့်၂ သိုင်းသမား သိုင်းသမားအဖြစ်ကိုကျော်ဖြတ်နိုင်တော့မယ်လို့ သူခံစားရနေသည်။ အဲ့နောက် တနာရီလောက်ကြာတော့ အတွင်းအားတွေက ရှောင်လုံရဲ့သွေးကြောတွေထဲမှာ အားကောင်းတဲ့ လှိုင်းလုံးကြီးတွေသယ်ဆောင်လာသလိုဖြစ်လာပြီးတော့ သူ့ကိုနာကျင်စေသည်။ ဒါပင်မယ့်ဒီနာကျင်မှုတွေက ရှောင်လုံအတွက်တော့ ဘာမှကိုမဟုတ်တော့ပါဘူး။ အတွင်းအားတွေ သွေးကြောထဲမှာ လှုပ်ရှားမှုတွေပြင်းထန်လာပြ်ိးတဲ့နောက်မှာတော့ ရှောင်လုံက သူမကျော်ဖြစ်နိုင်တဲ့ ကြီးမားတဲ့နံရံကြီးကို ကြီးမားတဲ့လှိုင်းလုံးကြီးတွေက ရိုက်ခတ်ဖြိုဖျက်ပြီးတော့ သူကျော်လွှားနိုင်တော့မယ်လို့ ခံစားနေရသည်။

    ဒါပင်မယ့်ရှောင်လုံက အားမလျော့ပဲနဲ့ အတွင်းအားကျင့်စဉ်ဆိုတာ စိတ်တည်ငြိမ်ရမယ်ဆိုတာကို သူသိတယ်လေ ။ အဲ့နောက်မှာ သူအတွင်းအားတွေကို ထပ်ခါထပ်ခါ လှည့်ပတ်ရင်းနဲ့ သူ့ကိုယ်ထဲက သူတယောက်ပဲကြားနိုင်တဲ့ အသံအကျယ်ကြီးကိုကြားလိုက်ပြီးတော့ သူမြေကြီးအဆင့်၂ သိုင်းသမားအဖြစ်ကိုရောက်ရှိသွားခဲ့တော့သည်။

   အဆင့်၁ အလွှာ ထဲက အတွင်းအားတွေက အဆင့်၂ ထဲကို အရှိန်အဟုန်နဲ့ သီးဆင်းသွားတော့သည်။ ရှောင်လုံက သူမြေကြီး အဆင့်၂ ကို ကျော်ဖြတ်နိုင်ဖို့ အပြင်းအထန်ကြိုးစားခဲ့ပြီးနောက်မှာ သူအောင်မြင်စွာကျော်ဖြတ်နိုင်တဲ့အတွက် အရမ်းကိုပျော်ရွှင်သွားသည်။

(ရှောင်လုံနဲနဲတော့ကြမ်းလာပြီနော် 😊😊😊)

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်( Invincible)

အပိုင်း(၅)........ ငါ့လက်နှစ်ဖက်လုံးကိုမသန်မစွမ်းဖြစ်အောင်လုပ်ချင်တာလား?

မြေကြီးအဆင့်၂ သူရဲကောင်း
အတွင်းအားပညာကိုစကျင့်နေကစပြီး မြေကြီးအဆင့်၂ သူရဲကောင်းဖြစ်တဲ့အထိ ရှောင်လံက သုံးရက်ကျော်ကျော်လေးပဲအချိန်ယူခဲ့သည်။ ဒါဟာတကယ်ကို အံမခန်းတဲ့ရလဒ်ပဲ..

ပုံမှန်ဆိုရင် အဆင့်၁၀ သိုင်းဝိညဉ်ကို ပိုင်ဆိုင်တဲ့သူတောင် မြေကြီးအဆင့်၂ အဆင့်ကိုရောက်ဖို့ဆိုရင် တနှစ်လောက်အချိန်ယူရသည်။ တကယ်လို့လူတယောက်က အလွန်အဆင့်မြင့် သိုင်းဝိညဉ်တွေကိုပိုင်ဆိုင်ရင်တောင် အဲ့အဆင့်ကိုရောက်ဖို့ဆိုတာ ၆လလောက်အချိန် ယူရသည်။ ဒါပင်မယ့် ရှောင်လုံကျတော့ သုံးရက်ထဲလား..

ရှောင်လုံက သူ့စိတ်ထဲမှာ လှုပ်ရှားနေတာကို ကြိုးစားထိန်းချုပိလိုက်ပြီးတော့ အတွင်းအားကျင့်စဉ်ကိုဆက်လေ့ကျင့်လိုက်သည်။ သူအတွင်းအားတွေက သွေးကြောထဲမှာ လှည့်ပတ်မှုနှုန်းတွေက ပိုပြီးချောမွေ့ပြေပြစ်လာသည်။ ပထမအဆင့်တုံးက သွေကြောတွေက စမ်းချောင်းလေးနဲ့တူတယ်ဆိုရင် အခုဒုတိယအဆင့်အတွင်းအားတွေက မြစ်သေးသေးလေးနဲ့တူပြီးတော့ တဆင့်တက်လာလေ ပိုပိုကြီးလာပြီး အတွင်းအားတွေကိုပိုစုစည်းလာနိုင်သည်။ အဲ့လိုနဲ့တညထပ်ကုန်ဆုံးသွားသည်။

မနက်နေရောင်က ရှောင်လုံပေါ်ရောက်လာတော့ ရှောင်လုံကလေ့ကျင့်နေတာကိုရပ်လိုက်သည်။ သူတညထပ်ကျင့်လိုက်တာက သူရဲ့အဆင့်၂ အတွင်းအားကို သူ့ကိုယ်ထဲမှာ တည်ငြိမ်သွားစေတယ် ။
ဟိုကောင် ဟောင်ဝေရော ဘယ်အဆင့်ရောက်နေပြီလဲ? ရှောင်လုံတွေးလိုက်ရင်းနဲ့ အိပ်ရာထဲကနေထလိုက်သည်။ အဲ့နောက် ခြံအပြင်ိကုထွက်ပြီးနေရောင်ကိုမျက်နှာမူပြီးတော့ အကြောအခြင်တွေဆန့်ရင်းနဲ့ ခြံထောင်တနေရာမှာ ကျောက်တုံးကြီးတတုံးကိုတွေ့လိုက်သည်။ အဲ့ကျောက်တုံးက သူအရင်တုံးက သိုင်းလေ့ကျင့်တဲ့နေရာမှာသုံးတဲ့ဟာဖြစ်ပြီးတော့ အဲ့ကျောက်တုံးကို သူ့အတွင်းအားဘယ်လောက်တိုးတက်လာလဲဆိုလဲ စမ်းချင်စိတ်ပေါ်လာသည်။

အဲ့နောက်မှာ အကျီလက်တွေကိုမရင်းနဲ့ အတွင်းအားကိုစုစည်းကာ ကျောက်တုံးကြီးကို ထိုးလိုက်တယ်ဆိုရင်ပဲ ကျောက်တုံးကြီးက ပြင်းပြင်းထန်ထန်တုန်ခါသွားပြီးတော့ လွှင့်ထွက်သွားသည်။ သူကျောက်တုံးကြီးကိုသွားကြည့်တော့ ကျောက်တုံးမျက်နှာပြင်မှာ အက်ကွဲရာတွေနဲ့ ပြည်နှက်နေတာကိုတွေ့လိုက်ရသည်။ ရှောင်လုံလဲ သူအားကို အံသြရင်နဲ့ ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ သူမျှော်လင့်ထားတဲ့အတိုင်းပဲ သူမြေကြီး အဆင်၂ ကိုစဥိးအဆင့်ပဲရှိပင်မယ့် သူရဲ့ခွန်အားကတော့ မြေကြီးအဆင့်၂ နောက်ဆုံးအဆင့်နဲ့ နှိုင်းယှဉ်လို့ရနေပြီး အဲ့အဆင့်က ကျောက်တုံးနှစ်တုံးရဲ့စွမ်းအားနဲ့ညီမျှတယ် ။

ကမ္ဘာမြေပေါ်မှာဆိုရင်တေယ့ ခုနှစ်နှစ်အရွယ်ကလေးတယောက်ရဲ့အားက ပေါင်နှစ်ရာရှိတယ် ဆိုရင်တော့ အရမ်းအံသြကျမှာပဲလေ ဒါပင်မယ့် သိုင်းဝိညဉ်ကမ္ဘာကြီးမှာတော့ ဒါဟာ အရမ်းထူးဆန်းတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ အဲ့နောက် သူခြံထဲကနေ သူ့မိဘတွေနေတဲ့ အရှေ့ဘက်ခြံဝန်ဆီကိုသွားလိုက်သည်။ သူခြံဝန်ကနေ ထွက်လာတယ်ဆိုရင်ပဲ သူ့ခြံဝန်းနဲ့မနီးမဝေးမှာ အစောင့်တွေ တစုံတခုကို တိုးတိုးတိုးတိုးနဲ့ပြောနေတာကိုတွေ့လိုက်သည်။

" ငါကြားတာတော့ သခင်လေးဟောင်ဝေက အတွင်းအားကို သုံရက်နဲ့ စုစည်းနိုင်လိုက်ပြီတဲ့! ! ငါတို့အလှည့်ကဆို အဲ့အဆင့်ကိုရောက်ဖို့ သုံးလတောင်ကြာခဲ့တာ..ဒီပုံစံဆိုရင် လေးလလောက်ဆိုရင်ပဲ သခင်လေးဟောင်ဝေဟာ မြေကြီးအဆင့်၁ အဆင့်ကိုရောက်မယ်ထင်တယ်ကွ ..." 
"သခင်လေး ရှောင်လုံရော အခြေအနေဘယ်လိုရှိလဲမသိဘူးကွ?"
" သခင်လေးရှောင်လုံ?  သခင်လေးရှောင်လုံရဲ့ အစွမ်းအစကလဲမဆိုးပင်မယ့် အတွင်းအားကိုစုစည်းဖို့ဆိုရင် တလလောက်တော့ကြာအုံမှာပဲ..  သခင်လေးဟောင်ဝေနဲ့တော့ ဘယ်ယှဉ်နိုင်မှာလဲ သခင်လေးရှောင်လုံက မြေကြီးအဆင့်၁ ကိုရောက်ဖို့ဆိုရင် တနှစ်လောက်တော့ကြာမှာပဲ! " ရှောင်လုံက အစောင့်တွေ သူတို့ချင်းပြောနေတာကို အဝေးကနေလှမ်းကြားလိုက်သည်။

ဒါဆို ကောင်စုတ်လေး ဟောင်ဝေက အတွင်းအားကိုစုစည်းနိုင်သွားပြီပေါ့?  ရှောင်လုံက အစောင့်တွေပြောသံကို ပြန်စဉ်းစားလိုက်သည်။ အဲ့နောက်မှာ သူသွားချင်တဲ့ အရှေ့ခြံဝန်းကိုဆက်သွားလိုက်ပြီး အရှေ့ခြံဝန်းထဲရောက်ပြီးနောက် ပင်မအဆောင်ထဲကိုဝင်လိုက်သည်။

ပင်မအဆောငိထဲကို ရောက်တယ်ဆိုရင်ပဲ သူမိဘနှစ်ယောက်ရော အပြင် သူ့ညီမ ဟောင်မင်နဲ့ သူ့ရဲ့လေးနှစ်အရွယ် ညီလေး ဟောင်ရှောင်ဟိုင် ကိုပါတွေ့လိုက်သည်။

"အဖေနဲ့ အမေ " ရှောင်လုံက မြင်တာနဲ့လှမ်းနှုတ်ဆက်လိုက်သည်။
"ထိုင် " သူ့အဖေ ဟောင်ပန်က ထိုင်ခုံက လက်နဲ့ပြပြီးပြောလိုက်သည်။ ရှောင်လုံက သူ့အဖေနဲ့ အမေရဲ့ စိုးရိမ်နေတဲ့ အမူအရာကိုမြင်တော့မေးလိုက်သည် "အဖေ နဲ့အမေ ဘာကိစ္စတွေဖြစ်လို့လဲ"
"လွန်ခဲ့တဲ့ရက်အနဲငယ်က မင်းဇောင်ကန်ရဲ့သားကိုရိုက်နှက်ခဲ့သေးလား " ဟောင်ပန်က သူသားကိုစိုက်ကြည့်ရင်းမေးလိုက်သည်။

ဟောင်ရှောင်လုံလဲ သူ့ညီမဟောင်မင်ကိုတန်းခနဲလှမ်းကြည့်လိုက်ရင်းနဲ့ သေချာတာကတော့ သူ့ညီမဟောင်မင်က သူ့အဖေ ကိုဖြစ်ပျက်ခဲ့တာတွေကိုပြောပြခဲ့ပြီထင်တယ် ဟောင်မင်ကတော့ ရှောင်လုံကို မျက်နှာချင်းမဆိုင်ရဲပဲ မျက်လွှာချထားသည်။

" ဒိကောင်က ရိုက်ချင်စရာဖြစ်အောင်လုပ်တာကို " ရှောင်လုံကတည်တည်ငြိမ်ငြိမ်ပဲပြောလိုက်သည်။ ဟောင်ပန်နဲ့ စုရန်တို့နှစ်ယောက်တယောက်မျက်နှာတယောက် ကြည့်လိုက်ကျသည်။

"ဒီရက်ပိုင်းလေ့ကျင်ရတာရောအဆင်ပြေရဲ့လား " ဟောင်ပန်က ခနကြာတော့ အရင်အကြောင်းတွေကိုမမေးတော့ပဲ သိုင်းလေ့ကျင်တဲ့အခြေအနေကိုမေးလိုက်သည်။ သူ့အဖေရဲ့ မေးခွန်းကိုကြားတော့ ရှောင်လုံ ခနလောက်တုံဆိုင်းလိုက်ပြီး သူအမှန်ကိုပြောသင့်လား?.. ဒါမှမဟုတ်သူ့လေ့ကျင်မှုအခြေအနေကို တစိတ်တပိုင်းလောက်ပဲပြောပြသင့်လားဆိုတာမသေချာဘူးဖြစ်သွားသည်။

သူ့သားက သူ့မေးခွန်းပြန်ဖြေဖို့တုံဆိုင်းနေတာတွေ့တော့ ဟောင်ပန်က ဖေးမပြီးပြောလိုက်သည် " အခုကမင်းစလေ့ကျင့်တာမှမကြာသေးတာ မင်းအတွင်းအားကီတွေကို မစုစည်းနိုင်သေးတာ ကိစ္စမရှိပါဘူးကွ..  ငါဆိုရင် အတွင်းအားကီတွေကို စုစည်းနိုင်ဖို့ တလလောက်အချိန်ယူခဲ့ရတာ ... "။
"ဟုတ်တယ်ရှောင်လုံ သားရဲ့ အရည်အချင်းဖြစ်နိုင်စွမ်းက မင်းအဖေထက်မြင့်တယ် သားတလအတွင်း အတွင်းအားကီတွေကို စုသည်းနိုင်မှာသေချာပါတယ်" စုရန်ကပြောလိုက်သည်။

အမှန်တော့ သူတို့နှစ်ယောက်က ရှောင်လုံတုံ့ဆိုင်းနေတာမြင်ပြီးတော့ ရှောင်လုံအတွင်းအားကီတွေကို မစုစည်းနိုင်သေးဘူးထင်လို့ ရှောင်လုံမရှက်အောင်ပြေပေးနေကျတာပဲ ဖြစ်သည်။

ရှောင်လုံကသူမိဘာနှစ်ယောက်ပြောတာကြားပြိးတဲ့အခါ ခနလောက်တော့ ကြောင်သွားပြီး အဲ့နောက်ခနလောက်စဉ်းစားပြီးတော့ " အဖေနဲ့အမေ စိတ်ချပါ... သားတလအတွင်း အတွင်းအားကီကို စုစည်းနိုင်စေရပါမယ် " ။ သူ့သားရဲ့ ဆုံးဖြတ်ချက်ခိုင်မာနေတဲ့ မျက်နှာကိုမြင်တဲ့အခါ ဟောင်ပန်ရောစုရန်ရောအရမ်းကို ကျေနပ်သွားကျသည်။

ဒါပေမယ့် သူတို့ဆီမှာက စိုးရိမ်စိတ်တွေက ရှိနေတုံးပဲ။ အဲ့နောက်မှာဟောင်ပန်က " ရှောင်လုံ..  မနေ့တုံးက ဟောင်ဝေက မိသားစုသိုင်းပြိုင်ပွဲမှာ မင်းရဲ့လက်နှစ်ဘက်လုံးကို မသန်မစွမ်းဖြစ်အောင်လုပ်မယ်လို့ကြောငြာလိုက်တယ်" ။ ရှောင်လုံးကနောက်ဆုံးမှာတော့ သူ့မိဘတွေဘာကို စိုးရိမ်နေလဲဆိုတာကို နားလည်သွားသည်။

တခြားသူဆို အဲ့လိုမျိုးပြောရဲချင်မှ ပြောရဲမယ် ။ ဒါပေမယ့်ဟောင်ဝေကတော့ မိသားစုသိုင်းပြိုင်ပွဲမှာ ရှောင်လုံကိုမတော်တဆ အနေနဲ့ မသန်မစွမ်းဖြစ်အောင်လုပ်ခဲ့ရင်တော့ သူ့အဖိုးအနဲငယ်ဆူယုံကလွဲပြီး ဘာအပြစ်ဒဏ်မှာ ခံရမှာမဟုတ်ဘူး။

"ငါလက်နှစ်ဖက်ကို သုံးမရအောင်လုပ်ပစ်မယ် " ရှောင်လုံးကပြုံးလိုက်ပြီး သူ့နှလုံးသားထဲမှာ ရက်စက်ချင်စိတ်တွေပေါ်လာသည်။

ရှောက်လုံရဲ အေးဆေးတဲ့ပုံစံကိုကြည့်ပြီး စုရန်က ရှောင်လုံ ဒီကိစ္စအရေးကြီးပုံကိုမသိမှာစိုးလို့ " ရှောင်လုံ.. ဟောင်ဝေက အတွင်းအားကီကို စုစည်းနိုင်သွားပြီ ပြီးတော့ ဒိနှစ်ကုန်လောက်ဆို သူကမြေကြီးအဆင့်၁ နောက်ဆုံးအဆင့်ကိုရောက်လောက်ပြီ ..အဲ့အချိန်ကျရင် သားလက်နှစ်ဖက်လုံး သုံးမရအောင်သူတကယ်လုပ်နိုင်စွမ်းရှိသွားပြီ.. " စုရန်က ရှောင်လုံလက်နှစ်ဖက် ကိုဟောင်ဝေသုံးမရအောင် လုပ်နေတဲ့ ပုံကိုမြင်ယောင်ရင်းနဲ့ သူ့မမျက်စိတွေကရဲလာသည်။

"ငါတို့ဘာလုပ်သင့်လဲ...? ငါတို့ဘာလုပ်သင့်လဲ?   "ရေရွတ်ရင်းနဲ့ စုရန်က ငိုချလိုက်သည်။ ဟောင်ပန်က သူ့မိန်းမငိုနေတာကိုကြည့်ရင်းနဲ့ "မိန်းမမငိုပါနဲ့ကွာ ငိုနေလို့လဲဘာထူးမှာလဲ? "
   စုရန်က မျက်ရည်ပြည့်နေတဲ့ မျက်လုံးနဲ့ ကြည့်လိုက်ရင်းနဲ့ " ရှောင်လုံသာ မသန်မစွမ်းဖြစ်သွားရင် အဲ့ချိန်ကျရှင်ဘာလုပ်ပေးမှာလဲ? ... သူ့လက်နှစ်ဖက်လုံးသာ သုံးလို့မရတော့ဘူးဆိုရင် သူရှေ့လျှောက်ဘယ်လိုအသက်ရှင်ရမှာလဲ ?  ဟောင်ပန် အကိုကြီးကို းပြောပြီးတော့ ရှောင်လုံကို ဟောင်ဝေက ခွင့်လွှတ်ပေးဖို့ သွားပြောပေးပါလား.. "

  " အကိုကြီးကို သွားပြောပေးရမယ် " ဟောင်ပန်က မျက်မှောက်ကျုံလိုက်သည်။
  " ဒါကရှင့်အတွက် မျက်နှာပျက်စေမယ်ဆိုတာကိုသိပါတယ် ဒါပင်မယ့်ရှောင်လုံ မသန်မစွမ်းဖြစ်မှာထက်စာရင် ပိုမကောင်းဘူးလား.. ?"စုရန်က ပိုပြီး ကျယ်ကျယ်လောင်လောင်ငိုရင်းနဲ့ပြောလိုက်သည်။ ဟောင်မင်နဲ့ ဟောင်ရှောင်ဟိုင်တို့ မောင်နှမနှစ်ယောက်လဲ သူ့အမေ စုရန်ငိုနေတာမြင်တော့ သူတို့နှစ်ယောက်လဲ စုရန်နားကိုသွားရင်းနဲ့ သူတို့သုံးယောက်အတူတူငိုကျတော့သည်။

  ရှောင်လုံက တခုခုပြောဖို့ လုပ်နေတုံး ဟောင်ပန်က ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီးတော့ အံကြိတ်တဲ့အသံဖြင့် " ကောင်းပြီ.. ငါသွားမယ်.. " အဲ့ဒါပြောပြီးတဲ့နောက် ရှောင်လုံရဲ့ လက်သေးသေးလေးကိုဆွဲရင်းနဲ့ မြောက်ဘက်ခြံဝင်းဆီကို ထွက်သွားတော့သည်။

" အဖေ... ကျွန်တော်.." သူ့တို့အရှေ့ခြံဝန်းဆီကနေ ထွက်လာတော့ ရှောင်လုံက သူ့အဖေကို ဟောင်ဝူကိုသွားရှာစရာမလိုဘူး ဆိုတဲ့အကြောင်းကိုပြောချင်ပင်မယ့် ဟောင်ပန်ရဲ့စကားဖြတ်ပြောချင်းကိုခံလိုက်ရသည် " ရှောင်လုံ..  မင်းရဲ့ ဦးလေးအကြီးဆုံးရှေ့ရောက်ရင် ကောင်းကောင်းမွန်မွန်နေရမယ်နော်.. နားလည်ပြီလား..? အဲ့ဒါပြောပြ်ီးတဲ့နောက် ရှောင်လုံပြန်ပြောတာကိုမစောင့်တော့ပဲနဲ့ မြောက်ဘက်ခြံဝန်းဆီသို့ ဆက်သွားတော့သည်။

သူ့တို့မြောက်ဘက် ခြံဝန်းဆီကိုရောပ်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟောင်ဝူနဲ့ ဟောင်ဝေတို့သားအဖ နှစ်ယောက်လုံးကို တွေ့လိုက်ရသည် ။

Continue Reading

You'll Also Like

21.1K 445 42
What If Chloe lukasiak has a twin sister who is the favorite?
41.8K 2.1K 74
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
167K 25.7K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
168K 5K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...