အခန်း (၁၀၄၃)(စာစဉ် ၇၅- အပိုင်း ၇)
“ပစ္စည်းများစွာ သိမ်းဆည်းခြင်း”
ကောင်းကင်ဘုံကြီးမှ ထာဝရ တည်တံ့မည့်အရာ ဟူ၍ ဖန်ဆင်းပေးထားခြင်းမျိုး မရှိပေ။
အရာရာတိုင်းက ဖြစ်ပြီးလျှင် ပျက်တတ်သည့် သဘောမျိုးသာ ရှိသည် မဟုတ်ပါလား။
သို့သော် ယခု သစ်ကြမ်းပိုးသီးတွင်မူ ထိုသဘော က သက်ရောက်မှု မရှိပေ။
မစားပစ်မချင်း မြေပေါ်တွင် ထိုအတိုင်းသာ တည် ရှိနေမည် မဟုတ်ပါလား။
ထို့ပြင် အသီးသာမက အပင်၏ အမြစ်ကလည်း ဆန်းကျယ်လှသည်။
ထိုအမြစ်၏ ထူးခြားသော အချက်က ပုပ်သိုးသွား ခြင်းမရှိသည့် အသီးများပေါ် မူတည်နေသည်။
အသီး မြေပေါ်ခကြွေ၍ တစ်စုံတစ်ဦး စားသွားခဲ့ သည်ရှိသော် ထိုလူမှ စွမ်းအင်များကို ရသွားနိုင်သည်။
ထိုသို့ မဟုတ်ပါကလည်း မြေကြီးအတွင်း ရောက် သွားပြီး စိတ်စွမ်းအင် အမြစ်၏ သန့်စင်မှုကို ခံရကာ စိတ်စွမ်းအင် ချီဓာတ်အဖြစ် ပြောင်းလဲသွားနိုင်သည်။
မှော်ဆန်လွန်းသည့် ဖြစ်တည်မှု တစ်ခုဟုပင် ဆို နိုင်သည်။
ထို့ပြင် သစ်ပင်၏ ပတ်လည်၌ သိပ်သည်းလှသည့် စိတ်စွမ်းအင် ချီဓာတ်များစွာ ရှိနေပြန်သည်။
သို့သော် ထူးဆန်းသည်က ထိုချီဓာတ်များမှာ လေ နှင့်အတူ လွင့်ပါသွားခြင်းမျိုး မရှိပေ။
စင်စစ် စိတ်စွမ်းအင် အစိုင်အခဲများအဖြစ် ပြောင်း လဲသွား၍ ထိုသို့ လွင့်မပါသွားခြင်းသာ။
ဤသည်ကလည်း ထူးဆန်းသည့် ဖြစ်တည်မှု တစ် ခုဟုပင် ဆိုရမည်။
ထိုအစိုင်အခဲများကို မြင်သည်နှင့် ရဲရှောင် မှတ်မိရ ခြင်းမှာ ရှောင်ဧကရာဇ် ဘဝ၌ ကြုံတွေ့ခဲ့ရသည့် လေလံပွဲတစ်ခုကြောင့် ဖြစ်၏။
ထိုလေလံပွဲ၌ အနည်းငယ်မျှသော စိတ်စွမ်းအင် အစိုင်အခဲများကို အလုအယက်ပင် လေလံပြိုင်ဆွဲခဲ့ ကြသည်။
ထို အနည်းငယ်လေးကပင် လေလံပွဲ တစ်ခုလုံး အား လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည် မဟုတ်ပါလား။
ထိုအစိုင်အခဲ၏ နောက်ဆုံး ဈေးနှုန်းမှာ မျက်လုံး ပြူးစရာပင် ကောင်းလှသည်။
ရှောင်ဧကရာဇ် ပိုင်ဆိုင်သော အရာအားလုံး၏ အဆ ၁၀၀၀၀ ခန့် တန်ဖိုးကြီးနေခြင်း ဖြစ်၏။
ရှောင်ဧကရာဇ် ဘဝ၌ ကြွယ်ဝသည့် လူတစ်ဦး မဟုတ်သော်ငြား မူလတာအို အဆင့်ကိုးရှိသည့် ပညာ ရှင်ကြီး တစ်ဦးပင် မဟုတ်ပါလား။
သို့တိုင် ရှက်ဖွယ်ကောင်းအောင်ပင် ထိုလေလံပွဲ၌ သူမပါဝင်နိုင်ခဲ့ချေ။
ယခုအခါတွင်မူ အခြေအနေများက ပြောင်းပြန် ဖြစ်သွားကာ အစိုင်အခဲပေါင်းများစွာကို သူပိုင်ဆိုင် သွားခဲ့ချေပြီ။
ရဲရှောင်လည်း အစိုင်အခဲများကို သိမ်းဆည်းလိုက် ပြီးနောက် ဘေးဘီဝဲယာသို့ ကြည့်လိုက်ပြန်သည်။
လက်ရှိတွင် တောသားမြို့ရောက်ဆိုသည့် စကား က ရဲရှောင်အတွက် ဖြစ်နေသည်ဟု ဆိုရမည်။
ယခုအလွှာ၌ သူမြင်တွေ့နေရသည့် အရာအားလုံး မှာ သူတစ်ခါမှ မမြင်ဖူးသည့် တန်ဖိုးကြီး ရတနာများ ပင် ဖြစ်နေသည် မဟုတ်ပါလား။
အကယ်၍ သူသာ မိုင် ၁၀၀၀ ပတ်လည်ကို ကြည့် လိုက်မည်ဆိုပါက သက်တန့်ရောင် သစ်ကြမ်းပိုးသီး ထက် ပိုတန်ဖိုးရှိသည့် အရာများကို တွေ့နိုင်ပေမည်။
“ငါတော့ ချမ်းသာပြီ . . .”
“ငါတော့ လုံးဝကို ချမ်းသာပြီ . . .”
မြင်မြင်သမျှ အရာအားလုံးက တန်ဖိုးကြီးသည့် အရာများသာ ဖြစ်နေ၍ ရဲရှောင် ကတုန်ကယင်ပင် ဖြစ်နေလေသည်။
“အားဟူ . . .”
“ဟင်းလင်းပြင်ထဲမှာ ငါထည့်ထားသမျှကို အစီစဉ် တကျ ဖြစ်အောင် လုပ်ထားစမ်း . . .”
“ပြီးရင် ဆေးလုံးတွေ လုပ်ဖို့ အဆင်သင့်ပြင်ထား၊ ကြားလား . . .”
ရဲရှောင် ပျော်ရွှင်စွာ ပြောရင်း ရှေ့သို့ ဆက်သွား လိုက်သည်။
“ဘုရား ဘုရား . . .”
“သွေးဂျင်ဆင်းပါလား . . .”
“ဒီလို ပစ္စည်းမျိုးတောင် ရှိနေတယ်ပေါ့ . . .”
“ကိုင်းဟာ ဟင်းလင်ပြင်ထဲ သွားပေရော့ . . .”
“ဟာ ရွှေဂျင်ဆင်းပါလားဟ . . .”
“ကောင်းလိုက်တာ ကောင်းလိုက်တာ . . .”
“ဒါလည်း ဟင်းလင်းပြင်ထဲ သွားပေရော့ပဲ . . .”
“ဟင် ဒါက ဝိညာဉ်ကိုးခု ပျံသန်းခြင်းပါလား . . .”
“အံ့ဩဖို့ကောင်းလိုက်တာ မှတ်တမ်းတွေထဲကနဲ့ တစ်ပုံစံတည်းပဲ . . .”
“အလိုလေး . . .”
“ဒါ ဒါ ကနတ်ဘုရားကောင်းကင် အမြစ်ပါလား”
“မင်းလည်း ဟင်းလင်းပြင်ထဲ သွားပေရော့ . . .”
“နေ နေ နေဦး ဒါကဘာပါလိမ့် . . .”
“စွတ်စွတ်ဖြူနေတဲ့ အရာပါလားဟ . . .”
“ဘာမှန်း မသိလည်း အထဲသာ သွားပေတော့”
ရဲရှောင်အဖို့ မြင်မြင်သမျှက တန်ဖိုးကြီးလွန်းနေ၍ တွေ့သမျှကို သိမ်းကြုံး၍ ယူနေမိသည်။
အစပိုင်း၌ သူတွေ့သည့် ပစ္စည်းများကို ဆန်းစစ်မိ သော်လည်း နောက်ပိုင်းတွင်မူ ဆန်းစစ်မနေတော့ဘဲ မြင်သမျှကိုသာ ဟင်းလင်းပြင်ထဲပစ်ထည့်လိုက်သည်။
ထို့ကြောင့် သူသွားရာ လမ်းတစ်လျှောက်၌ ကျင်း ကြီးများသာ ဖြစ်ပေါ်သွားတော့သည်။
မည်သည့် စိတ်စွမ်းအင် ချီဓာတ်ကိုမှ မချန်ထား ခြင်းကြောင့် ထိုသို့ ဖြစ်တည်သွားခြင်းပင်။
လက်ရှိတွင် တတိယအလွှာထက် လေးငါးဆခန့် ပိုကြီးမားသည့် စတုတ္ထအလွှာ၌ တွေ့မြင်သမျှကို ရဲရှောင် စုဆောင်းနိုင်ခဲ့ပြီဟု ဆိုရမည်။
ပုံမှန်အတိုင်းဆိုပါက တောင်၏ အမြင့်ကို ရောက် လေလေ ပစ္စည်းများ နည်းပါးသွားလေလေပင် ဖြစ်ရ မည်။
သို့သော် လက်ရှိတွင်မူ တတိယအလွှာထက် ယခု အလွှာက ပစ္စည်းများ ပိုများပြားနေသည် မဟုတ်ပါ လား။
ထို့ပြင် အခြားနေရာ၌ တန်ဖိုးရှိသည့် အပင်တစ် ပင်နှင့် တစ်ပင် အကွာအဝေးက အနည်းဆုံး ပေ ၁၀၀ ခန့် ရှိရမည်။
သို့မှသာ အပင်တစ်ပင်ချင်းစီက လုံလောက်သည့် စိတ်စွမ်းအင် ချီဓာတ်များကို စုပ်ယူနိုင်ပေလိမ့်မည်။
သစ်ကြမ်းပိုး အပင်ဆိုလျှင်လည်း ထိုနေရာမျိုး၌ တောင်တစ်စာလောက်ကို နေရာယူရလိမ့်မည်။
ထို့ကြောင့် ထိုအပင်သာ တောင်ကြီးတစ်တောင် ပေါ်၌ ပေါက်နေမည်ဆိုလျှင် ထိုတောင်တွင် မည်သည့် အပင်မှ ရှင်သန်ကြီးထွားနိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ ရှင်သန်နိုင်မည်ဆိုလျှင်ပင် စိတ်စွမ်း အင်ချီဓာတ် ရှိဖို့မဆိုနှင့် မည်သည့်ချီဓာတ်မှ မရှိသည့် သာမန်သစ်ပင်များသာ ဖြစ်လိမ့်မည်။
စင်စစ် စုပ်ယူမှု အားကောင်းသည့် အပင်ကသာ စွမ်းအင်များကို မောင်ပိုင်စီးလိုက်သည့် သဘောပါပင်။
သို့သော် ယခုနေရာ၌မူ ထိုဥပဒေသက အလုပ် မဖြစ်ပေ။
အကြောင်းမှာ ယခုနေရာရှိ စိတ်စွမ်းအင်ချီဓာတ် များက သိပ်သည်းလွန်းနေသည် မဟုတ်ပါလား။
ထိုသို့ ဖြစ်သည်ကလည်း ကျိုးကြောင်းဆီလျော်လှ သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ကတည်းက စု စည်းလာခဲ့သည့် စိတ်စွမ်းအင် ချီဓာတ်များပင် မဟုတ် ပါလား။
ချင်းရန်နယ်ပယ် တစ်ခုလုံးရှိ စိတ်စွမ်းအင်များ စု စည်းထားသယောင်ပါပင်။
တဖန် ထိုသို့ စုစည်းပြီးနောက် အစိုင်အခဲများ အဖြစ်သို့ပင် ပြောင်းလဲသွားကြပြန်သည်။
ထို့ကြောင့် အပင်များ မည်မျှထိ စိတ်စွမ်းအင် ချီ ဓာတ်များ လိုအပ်နေပါစေ လုံလောက်သည်ထက် ပို၍ ပေးစွမ်းနိုင်သည့် နေရာတစ်ခုပင် ဖြစ်နေလေသည်။
ထိုအချက်များကြောင့် အပင်များ ရှင်သန်ကြီးထွား ရန်လည်း စွမ်းအင်မလုံလောက်သည့် ပြဿနာ မရှိနေ ခြင်း ဖြစ်၏။
ထို့ကြောင့် ယခုနေရာ၌ တန်ဖိုးကြီး ဆေးပင်မျိုးစုံ ပေါက်ရောက်နေရခြင်းပါပင်။
ထိုသို့ဖြင့် ဆေးပစ္စည်းများစွာ စုဆောင်းပြီးနောက် သူ့ကိုယ်သူ တုံးအသလို ရဲရှောင် ခံစားလိုက်ရသည်။
တစ်ခုချင်း လိုက်သိမ်းနေရသည်က သူ့အဖို့ အချိန် ကုန် လူပင်ပန်းရသည် မဟုတ်ပါလား။
ထို့ကြောင့် ရာနှင့်ချီသော ဧကပေါင်းများစွာကို တစ်ခါတည်းဖြင့် ဟင်းလင်းပြင်အတွင်း ပစ်ထည့် လိုက်ပါတော့သည်။
ထိုသို့ လုပ်ခြင်းက ပို၍ မြန်ဆန်သလို၊ ပို၍ အကျိုး ရှိပေသည်။
ထိုသို့ဖြင့် ၃ ရက်တိုင်တိုင် မရပ်မနား စုဆောင်းပြီး နောက် သူ၏ နောက်ကျောတစ်ခုလုံးပင် နာကျင်မှု ဒဏ်ခံစားလာရသည်။
ထို့ပြင် ခြေကုန်လက်ပမ်းကျကာ အားအင်များ ကုန်ခမ်းလုမတတ်ပင် ဖြစ်နေလေသည်။
ထိုသို့ဖြစ်နေသည့်တိုင် ဦးတည်ချက် တစ်ဖက် တည်းရှိ ဆေးပင်များကိုသာ စုဆောင်းနိုင်ခဲ့သည်။.
ထိုမျှမက ယခု သူရောက်ရာ နေရာမှာ လေးလွှာ၏ အလယ်တွင်သာ ရှိနေပါသေးသည်။
ပေပေါင်း သိန်းနှင့်ချီသော နေရာတွင် ပေလေးငါး ဆယ်ခန့်ကိုသာ အပြောင်းရှင်းနိုင်သေးခြင်း ဖြစ်၏။
ထို့ကြောင့် ကျန်နေရာများတွင် ဆေးပင်များဖြင့် ပြည့်နေတုန်းပါပင်။
ရဲရှောင်လည်း အဝေးသို့ လှမ်းမျှော်ကြည့်ရင်း စိတ် ထဲ၌ စိုးရိမ်လာမိသည်။
ကျန်နေသည့် ပမာဏက အလွန်များပြားသည့် ပမာဏပင် မဟုတ်ပါလား။
ယခုအတိုင်းသာ ဆိုပါက အကုန်လုံးကို ရှင်းနိုင်ရန် အတွက် အချိန် ၃ နှစ်မျှပင် ယူရလိမ့်မည်။
ထို ၃ နှစ်လုံးလုံး ရဲရှောင် မည်သို့ တောင့်ခံနိုင်ပါ မည်နည်း။
“ဟူး . . .”
“တော်တော်ကို များတယ် . . .”
“တော်တော်ကို များလွန်းတယ် . . .”
“ဘယ်လိုဖြစ်ရတာပါလိမ့် . . .”
ရဲရှောင် မကျေမချမ်းဖြင့် ငြီးငြူနေမိသည်။
အခြားလူများသာ သူ၏ ညီးညူသံကို ကြားပါက နေရာချင်း လဲချင်စိတ်ဖြင့် ရိုက်ပုတ်မိမည်သာ။
(ဒီလို ပစ္စည်းတွေ ယူဖို့ အခွင့်အရေး ရှိနေတာ တောင် များလွန်းလို့ဆိုပြီး ညီးညူနေသေးတယ် . . .)
(မိုးကောင်းကင်ကြီးက တရားမမျှတလိုက်တာ)
ထိုလူများမှာ အားမလို အားမရဖြင့် ထိုအတိုင်း တွေးနေမိကြမည်မှာ အသေအချာပင်။
ထိုသို့ မကျေမချမ်း ဖြစ်နေမိစဉ်မှာပင် တစ်စုံတစ်ခု ကို ရဲရှောင် တွေ့ရှိလိုက်ရသည်။
သူ၏ အရှေ့ ပေသုံးဆယ်အကွာ၊ လေးလွှာမြောက် ၏ အလယ်ဗဟိုတွင် ကျောက်တိုင်ကြီး တစ်တိုင် ရှိနေ ခြင်း ဖြစ်၏။
ထိုကျောက်တိုင်ပေါ်၌ စာလုံးအချို့ ရေးထွင်းထား လေသည်။
ထိုစာလုံးများကို ကြည့်ရင်း ရဲရှောင် သွေးအန် မတတ်ပင် ဖြစ်သွားရတော့သည်။
“မင်း အခု ဘာလုပ်နေလဲဆိုတာ ငါသိတယ် . . .”
“မင်းက တကယ့်ကို ကံကောင်းတဲ့ လူပဲ . . .”
“ကြည့်ရတာ မင်းမှာ အပင်တွေကို သိမ်းဆည်း နိုင်တဲ့ သိုလှောင်ရတနာ တစ်ခုခု ရှိနေလိမ့်မယ် ထင် တယ် . . .”
“အဲဒီထဲမှာ အပင်တွေကို သိမ်းဆည်းလာခဲ့တဲ့ပုံပဲ”
“မင်း ဒီကျောက်တိုင်ကြီးကို မြင်တဲ့အချိန်မှာ ဆေး တောင်ကြီးရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ကို သိမ်းဆည်းပြီးလောက်ရောပေါ့ . . .”
စာလုံးများ၏ အဆုံး၌ ပြုံးနေသည့် ပုံစံကိုလည်း ရေးထွင်းထားပါသေးသည်။
ထိုအပြုံးက ရဲရှောင်အတွက်မူ စိတ်အနှောက် အယှက်ဖြစ်ဖွယ် ကောင်းသည့် အပြုံးမျိုးပင် ဖြစ်နေပါ တော့သည်။
#translator
#ကြေရွက်ဝါ
အခန်း (၁၀၄၄)(စာစဉ် ၇၅- အပိုင်း ၈)
“စက်ဆုပ်ဖွယ်ကောင်းသော”
စာလုံးများက နောက်ဆက်တွဲ ကျန်နေသေးသည့် ပုံပင်။
သို့သော် မြက်များဖြင့် ဖုံးလွှမ်းနေ၍ အသေအချာ မမြင်ရပေ။
(ဘုရား ဘုရား . . .)
ရဲရှောင် စာများကို ဖတ်ရင်း မှင်သက်နေမိသည်။
(ငါ့ကို အရူးလာလုပ်နေတာလား . . .)
(ငါ့ကိုလာပြီး ဟာသလုပ်နေတာလား . . .)
(ငါ့မှာတော့ သေလုမတတ် လုပ်လိုက်ရတာ၊ ခြေ ထောက်တွေဆိုလည်း ထုံကျင်နေပြီ . . .)
(နောက်ပြီး ပစ္စည်းတွေ အများကြီး ထည့်နိုင်ဖို့ ငါ့ ရဲ့ ဟင်းလင်းပြင်ကြီးကို ချဲ့ပေးလိုက်ရတာ . . .)
(ဒီလိုသာ အမှန်ဆိုရင် ငါဒီလေးလွှာကြီး တစ်ခု လုံးကို ရှင်းပစ်ဖို့အတွက် အချိန်ဘယ်လောက် တောင် ပေးရမှာလဲဟ . . .)
ရဲရှောင် စိတ်ဓာတ်ကျနေမိသည်။
တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ ထူးဆန်းမှုတစ်ခု ကိုလည်း ခံစားနေရသည်။
(ကျောက်တိုင်ပေါ်က စာလုံးတွေက ဘာလို့ ထူး ခြားသလို ခံစားနေရတာလဲ . . .)
ရဲရှောင်လည်း မျက်မှောင်ကြုတ်ရင်း အနီးသို့ လျှောက်သွားလိုက်၏။
ထို့နောက် မြက်ပင်များကို ရှင်းလင်းလိုက်ပြီး ကျောက်တိုင်ကြီးအား အနီးကပ် ကြည့်လိုက်ပြန် သည်။
ထိုအခါ အပြုံးပုံစံ အရေးအကြောင်းများ၏ ဘေး၌ စာလုံးအချို့ကို ထပ်မံ မြင်တွေ့လိုက်ရသည်။
သူတွေ့လိုက်ရသည့် ပထမစာလုံးက -
“မင်းက ခေါင်းထဲမှာ ချီးတွေနဲ့ ပြည့်နေတဲ့ ငတုံး တစ်ကောင်ပဲ ဖြစ်မယ်ဆိုတာ ငါသိတယ် . . .”
“ခင်ဗျားသာ ငတုံး၊ ခင်ဗျားသာ အရူး . . .”
“ခင်ဗျားကမှ ခေါင်းထဲ ချီးတွေနဲ့ ပြည့်နေတာ”
“ခင်ဗျားတို့ တစ်မျိုးနွယ်စုလုံးက ချီးတွေနဲ့ ပြည့် နေတဲ့ အရူးတွေ . . .”
“ဒီလို အရေးမပါတဲ့ နေရာကြီးမှာ အရေးမပါတဲ့ ဆေးပင်တွေ ဖန်တီးပေးခဲ့တာ ကျပ်မပြည့်လို့ပေါ့”
ရဲရှောင်အဖို့ ကျောက်တိုင်ပေါ်ရှိ စကားလုံးများကို ရေးသားခဲ့သည့် လူကြီးက သူ့အား စော်ကားလိမ့်မည် ဟု မထင်ထားခဲ့မိချေ။
ထို့ကြောင့် ပထမစာလုံးများကို မြင်သည်နှင့် ဒေါသတကြီး အော်ဟစ်မိလိုက်ခြင်းပင်။
သူအော်သည့် အသံကို သူတစ်ယောက်တည်းသာ ကြားမည်ဖြစ်၍ စိတ်ရှိတိုင်း အော်ခွင့်ရှိသည် မဟုတ်ပါ လား။
သို့သော် မထင်မှတ်ထားစွာပင် -
“အော်မနေပါနဲ့ . . .”
“သိုလှောင်ရတနာ ရှိနေတဲ့ အရူးတစ်ယောက်အဖို့ အဲဒီသိုလှောင်တဲ့ နေရာက တန်ဖိုးအရှိဆုံး နေရာတစ် ခု ဖြစ်လိမ့်မယ် . . .”
“ကိုယ့်မျက်နှာကိုယ်လည်း ပြန်ကြည့်ပါဦး . . .”
“မင်းလို လူမျိုးကို ရိုးရိုးသားသား ပြောရရင် ငါက မလေးစားဘူး . . .”
“ဒါများ ကောင်းကင်ဘုံက ရွေးချယ်တဲ့ လူတဲ့လား ထွီ ထွီ . . .”
“ခေါင်းထဲမှာ ချီးတွေနဲ့ ပြည့်နေတဲ့ အရူးကောင်”
ရဲရှောင် ဒေါသထွက်လွန်း၍ တရှူးရှူး တရှဲရှဲပင် ဖြစ်နေမိသည်။
ယခုအချိန်တွင် ထိုလူသာ သူ၏ ရှေ့၌ ရှိနေပါက သေအေ
ာင် ရိုက်နှက်ပစ်မည်သာ။
(ဒီလူက ဘယ်ကလဲ . . .)
(ကောင်းကောင်းမွန်မွန် ပြောလို့ မရဘူးလား . . .)
ထိုသို့တွေးရင်း ကျောက်တိုင်ကြီးကို ရဲရှောင် တစစီ လုပ်ပစ်ချင်လာမိသည်။
သို့သော် စာလုံးအချို့ ကျန်နေသေးသည် မဟုတ် ပါလား။
“သိပ်ပြီးတော့လည်း မကျေမချမ်း ဖြစ်မနေနဲ့ ကောင်လေး . . .”
“ဒါက ကိစ္စကြီး တစ်ခု မဟုတ်ပါဘူး . . .”
“မင်းကို တစ်ခု ပြောပြရဦးမယ် ငါ့ရဲ့ ဆရာသမား လည်း ဒီလို သိုလှောင်ရတနာမျိုး သုံးခဲ့ဖူးတယ် . . .”
“ငါတို့က အရင်တုန်းက သိပ်အစွမ်းမထက်ခဲ့ကြ ဘူးလေ၊ သူကလည်း သိုလှောင်ရတနာကြီး ရှိနေတော့ မော်တကြွားကြွားနဲ့ပေါ့၊ လူတိုင်းကလည်း သူ့ကို လေး စားကြတာပေါ့ကွာ . . .”
“မင်းကတော့ ဒီလို မဟုတ်ပါဘူးလို့ လာမပြောနဲ့၊ မင်းလို ကောင်မျိုးတွေက အထူးသဖြင့် မိန်းမလှလေး တွေကို အခွင့်ကောင်း ယူနေကြ ကောင်တွေပဲ . . .”
“ဒါကြီးကတော့ တရားမျှတမှု မရှိပါဘူး၊ ဒီလို သို လှောင်ရတနာမျိုး ရှိတာက တော်တော်အံ့ဩစရာ ကောင်းမယ်လို့ ငါထင်ခဲ့တယ် . . .”
“ဒါပေမယ့် ကျင့်ကြံမှုပိုင်းမှာ ငါ အနေထားတစ်ခု ရောက်တဲ့အချိန် ဒီလို သိုလှောင်နိုင်တဲ့ အရာမျိုးက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး . . .”
“လူတိုင်း လုပ်နိုင်တဲ့ အရာလို့ပဲ ငါ့စိတ်ထဲ မြင်လာ ခဲ့တယ်လေ . . .”
“အခု မင်းကိုယ်မင်းလည်း ကြည့်စမ်းပါဦး အိန္ဒြေ ကြီး တစ်ခွဲသားနဲ့ . . .”
“ဘာ . . .”
စာသားများကို ဖတ်ရင်း ရဲရှောင် အလွန်အမင်း ဒေါသထွက်နေချေပြီ။
(ဒါတွေကို ရေးခဲ့တဲ့ လူက ဆရာရှန်ဂျိတော့ မဖြစ် နိုင်လောက်ဘူး . . .)
သူ ယခုနေရာသို့ စရောက်ခဲ့စဉ် ဖတ်ခဲ့ရသည့် စာ လုံးများက အထက်တန်းဆန်လွန်းလှသည်။
သို့သော် ယခု ကျောက်တိုင်ပေါ်ရှိ စာလုံးများကမူ အပေါစားဆန်နေ လွန်းသည်။
အဆင့်အတန်း မရှိသည့် ပုံစံမျိုးဖြင့်ပင် ပြောဆိုနေ ခြင်း ဖြစ်၏။
“မင်းလိုလူက ငါတောင် မဖြစ်နိုင်ခဲ့တဲ့ ၄ ယောက် မြောက် ရွေးချယ်ခံရတဲ့ လူတဲ့လား . . .”
“ဘာလို့များလဲ မင်းက ဘာတွေများ စွန့်လွှတ်စွန့် စားခဲ့လို့လဲ ဒါကတော့ မေးခွန်းထုတ်စရာပဲ . . .”
“ငါလည်း မင်းလိုပဲ နေထိုင်စားသောက်ခဲ့တာပဲ လေ ဒါတောင် ငါက ဘာလို့ မင်းလို ကံမကောင်းခဲ့ရ တာလဲ . . .”
ရဲရှောင် စိတ်အနှောက်အယှက် ဖြစ်မိသွားသည်။
ထို့ကြောင့် ဒေါသတကြီးဖြင့် -
“သေလိုက် . . .”
“လဲသေလိုက်တော့ . . .”
ကျောက်တိုင်ပေါ်ရှိ စကားလုံးများက သူ့ကို စော် ကားသည့် စကားလုံးများသာ ဖြစ်နေသည် မဟုတ် ပါလား။
“ချီးထုပ်ကောင် . . .”
“မင်းခေါင်းထဲမှာ ချီးတွေနဲ့ ပြည့်နေမှာပဲ . . .”
“ဒီအလွှာ တစ်ခုလုံးက မင်းအပိုင် ဖြစ်နေပြီပဲလေ၊ အဲဒါတောင် အပင်တွေကို တစ်ပင်ချင်း လိုက်နှုတ်နေ မယ် ဟုတ်လား . . .”
“မင်းကိုယ်မင်း လယ်သမားများ ထင်နေတာလား၊ ဒီလိုလူမျိုးက ဘယ်လိုလုပ် ၄ ယောက်မြောက်လူ ဖြစ် လာရတာလဲ . . .”
“မိုးကောင်းကင်က မျက်လုံးကန်းနေတာပဲ . . .”
“ငါကတော့ ၄ ယောက်မြောက်လူ မဖြစ်နိုင်ခဲ့ဘူး၊ အဲဒီအစား ငါ့ကို နေ့စဉ်နဲ့အမျှ နှိပ်စက်နေတဲ့ မိန်းမ တစ်ယောက်နဲ့ လက်ထပ်ခဲ့ရတယ် . . .”
“အဲဒီလို လူကတောင် မျက်လုံးမကန်းဘူး၊ မိုး ကောင်းကင်က ဘာလို့ မျက်လုံးကန်းနေရတာပါလိမ့်”
“ဒါက ခင်ဗျားအပိုင်းလေ ကောင်းကင်ဘုံက အမြဲ တရားမျှတမှု ရှိတယ် . . .”
“ကိုယ်နဲ့ ထိုက်တန်တာကို ကိုယ်ရတာပဲ . . .”
“ခင်ဗျားကသာ လူယုတ်မာ မကောင်းဆိုးဝါး . . .”
ရဲရှောင်အဖို့ ဒေါသထွက်လွန်း၍ ကျောက်တိုင်ကြီး အား လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ပြောဆို လျက် ရှိသည်။
ယခုကဲ့သို့ အရာမျိုးနှင့် သူတစ်ခါမှ မကြုံခဲ့ဖူးချေ။
သူနှင့် တစ်ခါမှ မဆုံဖူးသည့် လူတစ်ဦးက သူ့အား ဆိုးရွားစွာ ပြောဆိုရေးသားထားသည် မဟုတ်ပါလား။
ထို့ပြင် ထိုလူက အလွန် စိတ်အနှောက်ယှက်ဖြစ် ဖွယ်ကောင်းသည့် လူပင် ဖြစ်လိမ့်မည်။
စင်စစ် ထိုလူမှာ ရဲရှောင် ၄ ယောက်မြောက်လူ ဖြစ်လာသည့်အတွက် မနာလိုကာ စောဒက တက်နေ ခြင်းပင် ဖြစ်၏။
“စောင့်ကြည့်နေလိုက် ခွေးမသား . . .”
“မင်းငါနဲ့ တွေ့ရင် တစ်နေ့ကို လေးငါးကြိမ် လောက် အရိုက်ခံရမယ်မှတ်၊ လေးယောက် မြောက် လူတဲ့ အဟမ့် . . .”
“မင်းကို ခွေးတစ်ကောင်လို ဖြစ်အောင် ငါရိုက်ပြ မယ် . . .”
ရဲရှောင် ထိုစာလုံးများကို ကြည့်ရင်း အသားများ ပင် တဆတ်ဆတ် တုန်လာလေသည်။
“ရဲရှောင်ဆိုတဲ့ ကျုပ် မိုးကောင်းကင်ကို တိုင်တည် ပြီး ကျိန်ဆိုတယ် . . .”
“ခင်ဗျား ဘယ်သူလဲဆိုတာ သိတာနဲ့ ခင်ဗျားကို ရ အောင် ရိုက်ပစ်မယ် . . .”
“ဘယ်နေရာပဲ ရောက်နေရောက်နေ ရအောင်ကို ရိုက်ဦးမှာ . . .”
ရဲရှောင်က ပြတ်သားစွာ ကျိန်ဆိုလိုက်သည်။
“မင်းလို ငတုံးကောင် ခေါင်းထဲမှာ ချီးတွေနဲ့ ပြည့် နေတဲ့ ကောင်ကများ ဘာမှ စဉ်းစားမိမှာ မဟုတ်ဘူး”
“နောက်ပြီး မင်းကို စော်ကားတဲ့ စာသားတွေ ရေး ထားတာတောင်မှ မင်းဘာလို့ ဆက်ဖတ်နေသေးလဲ”
“မင်းသာ စိတ်ဓာတ်မာကြောတဲ့ လူဆိုရင် ဆက် မဖတ်နဲ့တော့ပေါ့ . . .”
ဒေါသကြောင့် ရဲရှောင်၏ မျက်လုံးများ မီးဝင်းဝင်း တောက်နေချေပြီ။
“ဒီလောက်ထိ စော်ကားခံရမှတော့ ကျုပ်က ဘာ လို့ ရပ်တန့်ရမှာလဲ၊ ကျုပ် သတ္တိရှိလား မရှိလားဆိုတာ ကို ခင်ဗျားတွေ့ရင် သိမှာပေါ့ . . .”
“စော်ကားမှုတွေကို ငြိမ်ခံပြီး ဘာမှ ပြန်မလုပ်ဘူး ထင်နေတာလား . . .”
“ခင်ဗျားလို ပါးစပ်ဖွာတဲ့ လူမျိုးကို ကျုပ် တစ်ခါမှ မတွေ့ဖူးဘူး . . .”
ရဲရှောင် ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။
“ရှေးခေတ်က ပညာရှင်ကြီးပေါ့ ဟုတ်လား . . .”
“သေလိုက်တော့ . . .”
“ခင်ဗျားက အရိုက်ခံရဖို့အတွက် မွေးဖွားလာတဲ့ ငတုံးကောင်ပဲ ဖြစ်ရမယ် . . .”
“ငတုံး ငအ သေသေချာချာ ဖတ်စမ်း . . .”
“မင်း ဒီကျောက်တိုင်ကြီးကို သန့်စင်ဖို့ မကြိုးစား ဘူးလား . . .”
“သန့်စင်စေချင်ရင် မင်းလုပ်ရမှာက . . .”
“ . . . .”
ရှည်လျားသော စာလုံးများကို ရဲရှောင် သေသေချာ ချာ ဖတ်လိုက်သည်။
အများစုက ရဲရှောင်ကို စော်ကားထားသည့် ကြမ်း တမ်းသည့် စကားလုံးများပါပင်။
နောက်ဆုံးစာကြောင်းမှာမူ -
“မင်းကို ငါဒီလောက်ထိ ပြောပြပြီးတာတောင်မှ မင်းမလုပ်နိုင်သေးဘူး ဆိုရင်လည်း သေသာသေလိုက် တော့၊ မင်းလို ခေါင်းထဲမှာ ချီးတွေ ပြည့်နေတဲ့လူနဲ့ စကားဆက်မပြောချင်ဘူး . . .”
“သေချာမှတ်ထား ထွီ . . .”
ရဲရှောင်လည်း ဒေါသထွက်လွန်း၍ မြေပြင်ပေါ် ထိုင်လျက်သား ကျသွားကာ သွေးများပင် အန်ထွက် သွားသည်။
“ခွေးမသား . . .”
“ခင်ဗျား စောင့်နေလိုက် . . .”
“ကျုပ် ခင်ဗျားကို တွေ့ရင် ခင်ဗျားတော့ . . .”
“တောက် . . .”
“ခင်ဗျားတော့ တွေ့ပြီသာမှတ် . . .”
ရဲရှောင် အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။
သူ၏ မျက်လုံးများကလည်း ဒေါသကြောင့် ပြူး ကျယ်ထွက်နေလေသည်။
သို့သော် သူ့ဒေါသ၏ ၇၀ ရာခိုင်နှုန်းကိုမူ သွေးများ အဖြစ် အန်ထုတ်လိုက်ပြီ ဖြစ်သည်။
ယခုနေသာ ထိုလူ သူ့ရှေ့ရောက်လာပါက မနိုင်နိုင် မှန်းသိသည့်တိုင် အသက်နှင့်ရင်းကာ တိုက်ခိုက်မည် မှာ မလွဲဧကန်ပင်။
အကယ်၍ သူရှုံးနိမ့်ရမည် ဆိုလျှင်ပင် ထိုလူအား နောက်ဆုံးအချိန်ထိ တိုက်ခိုက်သွားပေဦးမည်။
ယခုကဲ့သို့ စိတ်အနှောက်အယှက် ဖြစ်ဖွယ်ကောင်း သည့် လူရှိမှန်း ရဲရှောင် မထင်ထားခဲ့မိချေ။
သူ့အတွက်မူ အလွန်စိတ်ရှုပ်စရာပင် ကောင်းနေပါ တော့သည်။
#translator
#ကြွေရွက်ဝါ
အခန္း (၁၀၄၃)(စာစဥ္ ၇၅- အပိုင္း ၇)
“ပစၥည္းမ်ားစြာ သိမ္းဆည္းျခင္း”
ေကာင္းကင္ဘုံႀကီးမွ ထာဝရ တည္တံ့မည့္အရာ ဟူ၍ ဖန္ဆင္းေပးထားျခင္းမ်ိဳး မ႐ွိေပ။
အရာရာတိုင္းက ျဖစ္ၿပီးလွ်င္ ပ်က္တတ္သည့္ သေဘာမ်ိဳးသာ ႐ွိသည္ မဟုတ္ပါလား။
သို႔ေသာ္ ယခု သစ္ၾကမ္းပိုးသီးတြင္မူ ထိုသေဘာ က သက္ေရာက္မႈ မ႐ွိေပ။
မစားပစ္မခ်င္း ေျမေပၚတြင္ ထိုအတိုင္းသာ တည္ ႐ွိေနမည္ မဟုတ္ပါလား။
ထို႔ျပင္ အသီးသာမက အပင္၏ အျမစ္ကလည္း ဆန္းက်ယ္လွသည္။
ထိုအျမစ္၏ ထူးျခားေသာ အခ်က္က ပုပ္သိုးသြား ျခင္းမ႐ွိသည့္ အသီးမ်ားေပၚ မူတည္ေနသည္။
အသီး ေျမေပၚခေႂကြ၍ တစ္စုံတစ္ဦး စားသြားခဲ့ သည္႐ွိေသာ္ ထိုလူမွ စြမ္းအင္မ်ားကို ရသြားႏိုင္သည္။
ထိုသို႔ မဟုတ္ပါကလည္း ေျမႀကီးအတြင္း ေရာက္ သြားၿပီး စိတ္စြမ္းအင္ အျမစ္၏ သန္႔စင္မႈကို ခံရကာ စိတ္စြမ္းအင္ ခ်ီဓာတ္အျဖစ္ ေျပာင္းလဲသြားႏိုင္သည္။
ေမွာ္ဆန္လြန္းသည့္ ျဖစ္တည္မႈ တစ္ခုဟုပင္ ဆို ႏိုင္သည္။
ထို႔ျပင္ သစ္ပင္၏ ပတ္လည္၌ သိပ္သည္းလွသည့္ စိတ္စြမ္းအင္ ခ်ီဓာတ္မ်ားစြာ ႐ွိေနျပန္သည္။
သို႔ေသာ္ ထူးဆန္းသည္က ထိုခ်ီဓာတ္မ်ားမွာ ေလ ႏွင့္အတူ လြင့္ပါသြားျခင္းမ်ိဳး မ႐ွိေပ။
စင္စစ္ စိတ္စြမ္းအင္ အစိုင္အခဲမ်ားအျဖစ္ ေျပာင္း လဲသြား၍ ထိုသို႔ လြင့္မပါသြားျခင္းသာ။
ဤသည္ကလည္း ထူးဆန္းသည့္ ျဖစ္တည္မႈ တစ္ ခုဟုပင္ ဆိုရမည္။
ထိုအစိုင္အခဲမ်ားကို ျမင္သည္ႏွင့္ ရဲေ႐ွာင္ မွတ္မိရ ျခင္းမွာ ေ႐ွာင္ဧကရာဇ္ ဘဝ၌ ၾကဳံေတြ႕ခဲ့ရသည့္ ေလလံပြဲတစ္ခုေၾကာင့္ ျဖစ္၏။
ထိုေလလံပြဲ၌ အနည္းငယ္မွ်ေသာ စိတ္စြမ္းအင္ အစိုင္အခဲမ်ားကို အလုအယက္ပင္ ေလလံၿပိဳင္ဆြဲခဲ့ ၾကသည္။
ထို အနည္းငယ္ေလးကပင္ ေလလံပြဲ တစ္ခုလုံး အား လႈပ္လႈပ္႐ွား႐ွား ျဖစ္ေစခဲ့သည္ မဟုတ္ပါလား။
ထိုအစိုင္အခဲ၏ ေနာက္ဆုံး ေဈးႏႈန္းမွာ မ်က္လုံး ျပဴးစရာပင္ ေကာင္းလွသည္။
ေ႐ွာင္ဧကရာဇ္ ပိုင္ဆိုင္ေသာ အရာအားလုံး၏ အဆ ၁၀၀၀၀ ခန္႔ တန္ဖိုးႀကီးေနျခင္း ျဖစ္၏။
ေ႐ွာင္ဧကရာဇ္ ဘဝ၌ ႂကြယ္ဝသည့္ လူတစ္ဦး မဟုတ္ေသာ္ျငား မူလတာအို အဆင့္ကိုး႐ွိသည့္ ပညာ ႐ွင္ႀကီး တစ္ဦးပင္ မဟုတ္ပါလား။
သို႔တိုင္ ႐ွက္ဖြယ္ေကာင္းေအာင္ပင္ ထိုေလလံပြဲ၌ သူမပါဝင္ႏိုင္ခဲ့ေခ်။
ယခုအခါတြင္မူ အေျခအေနမ်ားက ေျပာင္းျပန္ ျဖစ္သြားကာ အစိုင္အခဲေပါင္းမ်ားစြာကို သူပိုင္ဆိုင္ သြားခဲ့ေခ်ၿပီ။
ရဲေ႐ွာင္လည္း အစိုင္အခဲမ်ားကို သိမ္းဆည္းလိုက္ ၿပီးေနာက္ ေဘးဘီဝဲယာသို႔ ၾကည့္လိုက္ျပန္သည္။
လက္႐ွိတြင္ ေတာသားၿမိဳ႕ေရာက္ဆိုသည့္ စကား က ရဲေ႐ွာင္အတြက္ ျဖစ္ေနသည္ဟု ဆိုရမည္။
ယခုအလႊာ၌ သူျမင္ေတြ႕ေနရသည့္ အရာအားလုံး မွာ သူတစ္ခါမွ မျမင္ဖူးသည့္ တန္ဖိုးႀကီး ရတနာမ်ား ပင္ ျဖစ္ေနသည္ မဟုတ္ပါလား။
အကယ္၍ သူသာ မိုင္ ၁၀၀၀ ပတ္လည္ကို ၾကည့္ လိုက္မည္ဆိုပါက သက္တန္႔ေရာင္ သစ္ၾကမ္းပိုးသီး ထက္ ပိုတန္ဖိုး႐ွိသည့္ အရာမ်ားကို ေတြ႕ႏိုင္ေပမည္။
“ငါေတာ့ ခ်မ္းသာၿပီ . . .”
“ငါေတာ့ လုံးဝကို ခ်မ္းသာၿပီ . . .”
ျမင္ျမင္သမွ် အရာအားလုံးက တန္ဖိုးႀကီးသည့္ အရာမ်ားသာ ျဖစ္ေန၍ ရဲေ႐ွာင္ ကတုန္ကယင္ပင္ ျဖစ္ေနေလသည္။
“အားဟူ . . .”
“ဟင္းလင္းျပင္ထဲမွာ ငါထည့္ထားသမွ်ကို အစီစဥ္ တက် ျဖစ္ေအာင္ လုပ္ထားစမ္း . . .”
“ၿပီးရင္ ေဆးလုံးေတြ လုပ္ဖို႔ အဆင္သင့္ျပင္ထား၊ ၾကားလား . . .”
ရဲေ႐ွာင္ ေပ်ာ္႐ႊင္စြာ ေျပာရင္း ေ႐ွ႕သို႔ ဆက္သြား လိုက္သည္။
“ဘုရား ဘုရား . . .”
“ေသြးဂ်င္ဆင္းပါလား . . .”
“ဒီလို ပစၥည္းမ်ိဳးေတာင္ ႐ွိေနတယ္ေပါ့ . . .”
“ကိုင္းဟာ ဟင္းလင္ျပင္ထဲ သြားေပေရာ့ . . .”
“ဟာ ေ႐ႊဂ်င္ဆင္းပါလားဟ . . .”
“ေကာင္းလိုက္တာ ေကာင္းလိုက္တာ . . .”
“ဒါလည္း ဟင္းလင္းျပင္ထဲ သြားေပေရာ့ပဲ . . .”
“ဟင္ ဒါက ဝိညာဥ္ကိုးခု ပ်ံသန္းျခင္းပါလား . . .”
“အံ့ဩဖို႔ေကာင္းလိုက္တာ မွတ္တမ္းေတြထဲကနဲ႔ တစ္ပုံစံတည္းပဲ . . .”
“အလိုေလး . . .”
“ဒါ ဒါ ကနတ္ဘုရားေကာင္းကင္ အျမစ္ပါလား”
“မင္းလည္း ဟင္းလင္းျပင္ထဲ သြားေပေရာ့ . . .”
“ေန ေန ေနဦး ဒါကဘာပါလိမ့္ . . .”
“စြတ္စြတ္ျဖဴေနတဲ့ အရာပါလားဟ . . .”
“ဘာမွန္း မသိလည္း အထဲသာ သြားေပေတာ့”
ရဲေ႐ွာင္အဖို႔ ျမင္ျမင္သမွ်က တန္ဖိုးႀကီးလြန္းေန၍ ေတြ႕သမွ်ကို သိမ္းၾကဳံး၍ ယူေနမိသည္။
အစပိုင္း၌ သူေတြ႕သည့္ ပစၥည္းမ်ားကို ဆန္းစစ္မိ ေသာ္လည္း ေနာက္ပိုင္းတြင္မူ ဆန္းစစ္မေနေတာ့ဘဲ ျမင္သမွ်ကိုသာ ဟင္းလင္းျပင္ထဲပစ္ထည့္လိုက္သည္။
ထို႔ေၾကာင့္ သူသြားရာ လမ္းတစ္ေလွ်ာက္၌ က်င္း ႀကီးမ်ားသာ ျဖစ္ေပၚသြားေတာ့သည္။
မည္သည့္ စိတ္စြမ္းအင္ ခ်ီဓာတ္ကိုမွ မခ်န္ထား ျခင္းေၾကာင့္ ထိုသို႔ ျဖစ္တည္သြားျခင္းပင္။
လက္႐ွိတြင္ တတိယအလႊာထက္ ေလးငါးဆခန္႔ ပိုႀကီးမားသည့္ စတုတၳအလႊာ၌ ေတြ႕ျမင္သမွ်ကို ရဲေ႐ွာင္ စုေဆာင္းႏိုင္ခဲ့ၿပီဟု ဆိုရမည္။
ပုံမွန္အတိုင္းဆိုပါက ေတာင္၏ အျမင့္ကို ေရာက္ ေလေလ ပစၥည္းမ်ား နည္းပါးသြားေလေလပင္ ျဖစ္ရ မည္။
သို႔ေသာ္ လက္႐ွိတြင္မူ တတိယအလႊာထက္ ယခု အလႊာက ပစၥည္းမ်ား ပိုမ်ားျပားေနသည္ မဟုတ္ပါ လား။
ထို႔ျပင္ အျခားေနရာ၌ တန္ဖိုး႐ွိသည့္ အပင္တစ္ ပင္ႏွင့္ တစ္ပင္ အကြာအေဝးက အနည္းဆုံး ေပ ၁၀၀ ခန္႔ ႐ွိရမည္။
သို႔မွသာ အပင္တစ္ပင္ခ်င္းစီက လုံေလာက္သည့္ စိတ္စြမ္းအင္ ခ်ီဓာတ္မ်ားကို စုပ္ယူႏိုင္ေပလိမ့္မည္။
သစ္ၾကမ္းပိုး အပင္ဆိုလွ်င္လည္း ထိုေနရာမ်ိဳး၌ ေတာင္တစ္စာေလာက္ကို ေနရာယူရလိမ့္မည္။
ထို႔ေၾကာင့္ ထိုအပင္သာ ေတာင္ႀကီးတစ္ေတာင္ ေပၚ၌ ေပါက္ေနမည္ဆိုလွ်င္ ထိုေတာင္တြင္ မည္သည့္ အပင္မွ ႐ွင္သန္ႀကီးထြားႏိုင္လိမ့္မည္ မဟုတ္ေပ။
အကယ္၍ ႐ွင္သန္ႏိုင္မည္ဆိုလွ်င္ပင္ စိတ္စြမ္း အင္ခ်ီဓာတ္ ႐ွိဖို႔မဆိုႏွင့္ မည္သည့္ခ်ီဓာတ္မွ မ႐ွိသည့္ သာမန္သစ္ပင္မ်ားသာ ျဖစ္လိမ့္မည္။
စင္စစ္ စုပ္ယူမႈ အားေကာင္းသည့္ အပင္ကသာ စြမ္းအင္မ်ားကို ေမာင္ပိုင္စီးလိုက္သည့္ သေဘာပါပင္။
သို႔ေသာ္ ယခုေနရာ၌မူ ထိုဥပေဒသက အလုပ္ မျဖစ္ေပ။
အေၾကာင္းမွာ ယခုေနရာ႐ွိ စိတ္စြမ္းအင္ခ်ီဓာတ္ မ်ားက သိပ္သည္းလြန္းေနသည္ မဟုတ္ပါလား။
ထိုသို႔ ျဖစ္သည္ကလည္း က်ိဳးေၾကာင္းဆီေလ်ာ္လွ သည္။
လြန္ခဲ့ေသာ ႏွစ္သန္းေပါင္းမ်ားစြာ ကတည္းက စု စည္းလာခဲ့သည့္ စိတ္စြမ္းအင္ ခ်ီဓာတ္မ်ားပင္ မဟုတ္ ပါလား။
ခ်င္းရန္နယ္ပယ္ တစ္ခုလုံး႐ွိ စိတ္စြမ္းအင္မ်ား စု စည္းထားသေယာင္ပါပင္။
တဖန္ ထိုသို႔ စုစည္းၿပီးေနာက္ အစိုင္အခဲမ်ား အျဖစ္သို႔ပင္ ေျပာင္းလဲသြားၾကျပန္သည္။
ထို႔ေၾကာင့္ အပင္မ်ား မည္မွ်ထိ စိတ္စြမ္းအင္ ခ်ီ ဓာတ္မ်ား လိုအပ္ေနပါေစ လုံေလာက္သည္ထက္ ပို၍ ေပးစြမ္းႏိုင္သည့္ ေနရာတစ္ခုပင္ ျဖစ္ေနေလသည္။
ထိုအခ်က္မ်ားေၾကာင့္ အပင္မ်ား ႐ွင္သန္ႀကီးထြား ရန္လည္း စြမ္းအင္မလုံေလာက္သည့္ ျပႆနာ မ႐ွိေန ျခင္း ျဖစ္၏။
ထို႔ေၾကာင့္ ယခုေနရာ၌ တန္ဖိုးႀကီး ေဆးပင္မ်ိဳးစုံ ေပါက္ေရာက္ေနရျခင္းပါပင္။
ထိုသို႔ျဖင့္ ေဆးပစၥည္းမ်ားစြာ စုေဆာင္းၿပီးေနာက္ သူ႕ကိုယ္သူ တုံးအသလို ရဲေ႐ွာင္ ခံစားလိုက္ရသည္။
တစ္ခုခ်င္း လိုက္သိမ္းေနရသည္က သူ႕အဖို႔ အခ်ိန္ ကုန္ လူပင္ပန္းရသည္ မဟုတ္ပါလား။
ထို႔ေၾကာင့္ ရာႏွင့္ခ်ီေသာ ဧကေပါင္းမ်ားစြာကို တစ္ခါတည္းျဖင့္ ဟင္းလင္းျပင္အတြင္း ပစ္ထည့္ လိုက္ပါေတာ့သည္။
ထိုသို႔ လုပ္ျခင္းက ပို၍ ျမန္ဆန္သလို၊ ပို၍ အက်ိဳး ႐ွိေပသည္။
ထိုသို႔ျဖင့္ ၃ ရက္တိုင္တိုင္ မရပ္မနား စုေဆာင္းၿပီး ေနာက္ သူ၏ ေနာက္ေက်ာတစ္ခုလုံးပင္ နာက်င္မႈ ဒဏ္ခံစားလာရသည္။
ထို႔ျပင္ ေျခကုန္လက္ပမ္းက်ကာ အားအင္မ်ား ကုန္ခမ္းလုမတတ္ပင္ ျဖစ္ေနေလသည္။
ထိုသို႔ျဖစ္ေနသည့္တိုင္ ဦးတည္ခ်က္ တစ္ဖက္ တည္း႐ွိ ေဆးပင္မ်ားကိုသာ စုေဆာင္းႏိုင္ခဲ့သည္။.
ထိုမွ်မက ယခု သူေရာက္ရာ ေနရာမွာ ေလးလႊာ၏ အလယ္တြင္သာ ႐ွိေနပါေသးသည္။
ေပေပါင္း သိန္းႏွင့္ခ်ီေသာ ေနရာတြင္ ေပေလးငါး ဆယ္ခန္႔ကိုသာ အေျပာင္း႐ွင္းႏိုင္ေသးျခင္း ျဖစ္၏။
ထို႔ေၾကာင့္ က်န္ေနရာမ်ားတြင္ ေဆးပင္မ်ားျဖင့္ ျပည့္ေနတုန္းပါပင္။
ရဲေ႐ွာင္လည္း အေဝးသို႔ လွမ္းေမွ်ာ္ၾကည့္ရင္း စိတ္ ထဲ၌ စိုးရိမ္လာမိသည္။
က်န္ေနသည့္ ပမာဏက အလြန္မ်ားျပားသည့္ ပမာဏပင္ မဟုတ္ပါလား။
ယခုအတိုင္းသာ ဆိုပါက အကုန္လုံးကို ႐ွင္းႏိုင္ရန္ အတြက္ အခ်ိန္ ၃ ႏွစ္မွ်ပင္ ယူရလိမ့္မည္။
ထို ၃ ႏွစ္လုံးလုံး ရဲေ႐ွာင္ မည္သို႔ ေတာင့္ခံႏိုင္ပါ မည္နည္း။
“ဟူး . . .”
“ေတာ္ေတာ္ကို မ်ားတယ္ . . .”
“ေတာ္ေတာ္ကို မ်ားလြန္းတယ္ . . .”
“ဘယ္လိုျဖစ္ရတာပါလိမ့္ . . .”
ရဲေ႐ွာင္ မေက်မခ်မ္းျဖင့္ ၿငီးျငဴေနမိသည္။
အျခားလူမ်ားသာ သူ၏ ညီးညဴသံကို ၾကားပါက ေနရာခ်င္း လဲခ်င္စိတ္ျဖင့္ ႐ိုက္ပုတ္မိမည္သာ။
(ဒီလို ပစၥည္းေတြ ယူဖို႔ အခြင့္အေရး ႐ွိေနတာ ေတာင္ မ်ားလြန္းလို႔ဆိုၿပီး ညီးညဴေနေသးတယ္ . . .)
(မိုးေကာင္းကင္ႀကီးက တရားမမွ်တလိုက္တာ)
ထိုလူမ်ားမွာ အားမလို အားမရျဖင့္ ထိုအတိုင္း ေတြးေနမိၾကမည္မွာ အေသအခ်ာပင္။
ထိုသို႔ မေက်မခ်မ္း ျဖစ္ေနမိစဥ္မွာပင္ တစ္စုံတစ္ခု ကို ရဲေ႐ွာင္ ေတြ႕႐ွိလိုက္ရသည္။
သူ၏ အေ႐ွ႕ ေပသုံးဆယ္အကြာ၊ ေလးလႊာေျမာက္ ၏ အလယ္ဗဟိုတြင္ ေက်ာက္တိုင္ႀကီး တစ္တိုင္ ႐ွိေန ျခင္း ျဖစ္၏။
ထိုေက်ာက္တိုင္ေပၚ၌ စာလုံးအခ်ိဳ႕ ေရးထြင္းထား ေလသည္။
ထိုစာလုံးမ်ားကို ၾကည့္ရင္း ရဲေ႐ွာင္ ေသြးအန္ မတတ္ပင္ ျဖစ္သြားရေတာ့သည္။
“မင္း အခု ဘာလုပ္ေနလဲဆိုတာ ငါသိတယ္ . . .”
“မင္းက တကယ့္ကို ကံေကာင္းတဲ့ လူပဲ . . .”
“ၾကည့္ရတာ မင္းမွာ အပင္ေတြကို သိမ္းဆည္း ႏိုင္တဲ့ သိုေလွာင္ရတနာ တစ္ခုခု ႐ွိေနလိမ့္မယ္ ထင္ တယ္ . . .”
“အဲဒီထဲမွာ အပင္ေတြကို သိမ္းဆည္းလာခဲ့တဲ့ပုံပဲ”
“မင္း ဒီေက်ာက္တိုင္ႀကီးကို ျမင္တဲ့အခ်ိန္မွာ ေဆး ေတာင္ႀကီးရဲ႕ အပုံတစ္ေထာင္ပုံ တစ္ပုံေလာက္ကို သိမ္းဆည္းၿပီးေလာက္ေရာေပါ့ . . .”
စာလုံးမ်ား၏ အဆုံး၌ ျပဳံးေနသည့္ ပုံစံကိုလည္း ေရးထြင္းထားပါေသးသည္။
ထိုအျပဳံးက ရဲေ႐ွာင္အတြက္မူ စိတ္အေႏွာက္ အယွက္ျဖစ္ဖြယ္ ေကာင္းသည့္ အျပဳံးမ်ိဳးပင္ ျဖစ္ေနပါ ေတာ့သည္။
#translator
#ေၾက႐ြက္ဝါ
အခန္း (၁၀၄၄)(စာစဥ္ ၇၅- အပိုင္း ၈)
“စက္ဆုပ္ဖြယ္ေကာင္းေသာ”
စာလုံးမ်ားက ေနာက္ဆက္တြဲ က်န္ေနေသးသည့္ ပုံပင္။
သို႔ေသာ္ ျမက္မ်ားျဖင့္ ဖုံးလႊမ္းေန၍ အေသအခ်ာ မျမင္ရေပ။
(ဘုရား ဘုရား . . .)
ရဲေ႐ွာင္ စာမ်ားကို ဖတ္ရင္း မွင္သက္ေနမိသည္။
(ငါ့ကို အ႐ူးလာလုပ္ေနတာလား . . .)
(ငါ့ကိုလာၿပီး ဟာသလုပ္ေနတာလား . . .)
(ငါ့မွာေတာ့ ေသလုမတတ္ လုပ္လိုက္ရတာ၊ ေျခ ေထာက္ေတြဆိုလည္း ထုံက်င္ေနၿပီ . . .)
(ေနာက္ၿပီး ပစၥည္းေတြ အမ်ားႀကီး ထည့္ႏိုင္ဖို႔ ငါ့ ရဲ႕ ဟင္းလင္းျပင္ႀကီးကို ခ်ဲ႕ေပးလိုက္ရတာ . . .)
(ဒီလိုသာ အမွန္ဆိုရင္ ငါဒီေလးလႊာႀကီး တစ္ခု လုံးကို ႐ွင္းပစ္ဖို႔အတြက္ အခ်ိန္ဘယ္ေလာက္ ေတာင္ ေပးရမွာလဲဟ . . .)
ရဲေ႐ွာင္ စိတ္ဓာတ္က်ေနမိသည္။
တစ္ခ်ိန္တည္းမွာပင္ စိတ္ထဲ၌ ထူးဆန္းမႈတစ္ခု ကိုလည္း ခံစားေနရသည္။
(ေက်ာက္တိုင္ေပၚက စာလုံးေတြက ဘာလို႔ ထူး ျခားသလို ခံစားေနရတာလဲ . . .)
ရဲေ႐ွာင္လည္း မ်က္ေမွာင္ၾကဳတ္ရင္း အနီးသို႔ ေလွ်ာက္သြားလိုက္၏။
ထို႔ေနာက္ ျမက္ပင္မ်ားကို ႐ွင္းလင္းလိုက္ၿပီး ေက်ာက္တိုင္ႀကီးအား အနီးကပ္ ၾကည့္လိုက္ျပန္ သည္။
ထိုအခါ အျပဳံးပုံစံ အေရးအေၾကာင္းမ်ား၏ ေဘး၌ စာလုံးအခ်ိဳ႕ကို ထပ္မံ ျမင္ေတြ႕လိုက္ရသည္။
သူေတြ႕လိုက္ရသည့္ ပထမစာလုံးက -
“မင္းက ေခါင္းထဲမွာ ခ်ီးေတြနဲ႔ ျပည့္ေနတဲ့ ငတုံး တစ္ေကာင္ပဲ ျဖစ္မယ္ဆိုတာ ငါသိတယ္ . . .”
“ခင္ဗ်ားသာ ငတုံး၊ ခင္ဗ်ားသာ အ႐ူး . . .”
“ခင္ဗ်ားကမွ ေခါင္းထဲ ခ်ီးေတြနဲ႔ ျပည့္ေနတာ”
“ခင္ဗ်ားတို႔ တစ္မ်ိဳးႏြယ္စုလုံးက ခ်ီးေတြနဲ႔ ျပည့္ ေနတဲ့ အ႐ူးေတြ . . .”
“ဒီလို အေရးမပါတဲ့ ေနရာႀကီးမွာ အေရးမပါတဲ့ ေဆးပင္ေတြ ဖန္တီးေပးခဲ့တာ က်ပ္မျပည့္လို႔ေပါ့”
ရဲေ႐ွာင္အဖို႔ ေက်ာက္တိုင္ေပၚ႐ွိ စကားလုံးမ်ားကို ေရးသားခဲ့သည့္ လူႀကီးက သူ႕အား ေစာ္ကားလိမ့္မည္ ဟု မထင္ထားခဲ့မိေခ်။
ထို႔ေၾကာင့္ ပထမစာလုံးမ်ားကို ျမင္သည္ႏွင့္ ေဒါသတႀကီး ေအာ္ဟစ္မိလိုက္ျခင္းပင္။
သူေအာ္သည့္ အသံကို သူတစ္ေယာက္တည္းသာ ၾကားမည္ျဖစ္၍ စိတ္႐ွိတိုင္း ေအာ္ခြင့္႐ွိသည္ မဟုတ္ပါ လား။
သို႔ေသာ္ မထင္မွတ္ထားစြာပင္ -
“ေအာ္မေနပါနဲ႔ . . .”
“သိုေလွာင္ရတနာ ႐ွိေနတဲ့ အ႐ူးတစ္ေယာက္အဖို႔ အဲဒီသိုေလွာင္တဲ့ ေနရာက တန္ဖိုးအ႐ွိဆုံး ေနရာတစ္ ခု ျဖစ္လိမ့္မယ္ . . .”
“ကိုယ့္မ်က္ႏွာကိုယ္လည္း ျပန္ၾကည့္ပါဦး . . .”
“မင္းလို လူမ်ိဳးကို ႐ိုး႐ိုးသားသား ေျပာရရင္ ငါက မေလးစားဘူး . . .”
“ဒါမ်ား ေကာင္းကင္ဘုံက ေ႐ြးခ်ယ္တဲ့ လူတဲ့လား ထြီ ထြီ . . .”
“ေခါင္းထဲမွာ ခ်ီးေတြနဲ႔ ျပည့္ေနတဲ့ အ႐ူးေကာင္”
ရဲေ႐ွာင္ ေဒါသထြက္လြန္း၍ တ႐ွဴး႐ွဴး တ႐ွဲ႐ွဲပင္ ျဖစ္ေနမိသည္။
ယခုအခ်ိန္တြင္ ထိုလူသာ သူ၏ ေ႐ွ႕၌ ႐ွိေနပါက ေသေအ
ာင္ ႐ိုက္ႏွက္ပစ္မည္သာ။
(ဒီလူက ဘယ္ကလဲ . . .)
(ေကာင္းေကာင္းမြန္မြန္ ေျပာလို႔ မရဘူးလား . . .)
ထိုသို႔ေတြးရင္း ေက်ာက္တိုင္ႀကီးကို ရဲေ႐ွာင္ တစစီ လုပ္ပစ္ခ်င္လာမိသည္။
သို႔ေသာ္ စာလုံးအခ်ိဳ႕ က်န္ေနေသးသည္ မဟုတ္ ပါလား။
“သိပ္ၿပီးေတာ့လည္း မေက်မခ်မ္း ျဖစ္မေနနဲ႔ ေကာင္ေလး . . .”
“ဒါက ကိစၥႀကီး တစ္ခု မဟုတ္ပါဘူး . . .”
“မင္းကို တစ္ခု ေျပာျပရဦးမယ္ ငါ့ရဲ႕ ဆရာသမား လည္း ဒီလို သိုေလွာင္ရတနာမ်ိဳး သုံးခဲ့ဖူးတယ္ . . .”
“ငါတို႔က အရင္တုန္းက သိပ္အစြမ္းမထက္ခဲ့ၾက ဘူးေလ၊ သူကလည္း သိုေလွာင္ရတနာႀကီး ႐ွိေနေတာ့ ေမာ္တႂကြားႂကြားနဲ႔ေပါ့၊ လူတိုင္းကလည္း သူ႕ကို ေလး စားၾကတာေပါ့ကြာ . . .”
“မင္းကေတာ့ ဒီလို မဟုတ္ပါဘူးလို႔ လာမေျပာနဲ႔၊ မင္းလို ေကာင္မ်ိဳးေတြက အထူးသျဖင့္ မိန္းမလွေလး ေတြကို အခြင့္ေကာင္း ယူေနၾက ေကာင္ေတြပဲ . . .”
“ဒါႀကီးကေတာ့ တရားမွ်တမႈ မ႐ွိပါဘူး၊ ဒီလို သို ေလွာင္ရတနာမ်ိဳး ႐ွိတာက ေတာ္ေတာ္အံ့ဩစရာ ေကာင္းမယ္လို႔ ငါထင္ခဲ့တယ္ . . .”
“ဒါေပမယ့္ က်င့္ၾကံမႈပိုင္းမွာ ငါ အေနထားတစ္ခု ေရာက္တဲ့အခ်ိန္ ဒီလို သိုေလွာင္ႏိုင္တဲ့ အရာမ်ိဳးက ဘာအဓိပၸာယ္မွ မ႐ွိေတာ့ဘူး . . .”
“လူတိုင္း လုပ္ႏိုင္တဲ့ အရာလို႔ပဲ ငါ့စိတ္ထဲ ျမင္လာ ခဲ့တယ္ေလ . . .”
“အခု မင္းကိုယ္မင္းလည္း ၾကည့္စမ္းပါဦး အိေႁႏၵ ႀကီး တစ္ခြဲသားနဲ႔ . . .”
“ဘာ . . .”
စာသားမ်ားကို ဖတ္ရင္း ရဲေ႐ွာင္ အလြန္အမင္း ေဒါသထြက္ေနေခ်ၿပီ။
(ဒါေတြကို ေရးခဲ့တဲ့ လူက ဆရာ႐ွန္ဂ်ိေတာ့ မျဖစ္ ႏိုင္ေလာက္ဘူး . . .)
သူ ယခုေနရာသို႔ စေရာက္ခဲ့စဥ္ ဖတ္ခဲ့ရသည့္ စာ လုံးမ်ားက အထက္တန္းဆန္လြန္းလွသည္။
သို႔ေသာ္ ယခု ေက်ာက္တိုင္ေပၚ႐ွိ စာလုံးမ်ားကမူ အေပါစားဆန္ေန လြန္းသည္။
အဆင့္အတန္း မ႐ွိသည့္ ပုံစံမ်ိဳးျဖင့္ပင္ ေျပာဆိုေန ျခင္း ျဖစ္၏။
“မင္းလိုလူက ငါေတာင္ မျဖစ္ႏိုင္ခဲ့တဲ့ ၄ ေယာက္ ေျမာက္ ေ႐ြးခ်ယ္ခံရတဲ့ လူတဲ့လား . . .”
“ဘာလို႔မ်ားလဲ မင္းက ဘာေတြမ်ား စြန္႔လႊတ္စြန္႔ စားခဲ့လို႔လဲ ဒါကေတာ့ ေမးခြန္းထုတ္စရာပဲ . . .”
“ငါလည္း မင္းလိုပဲ ေနထိုင္စားေသာက္ခဲ့တာပဲ ေလ ဒါေတာင္ ငါက ဘာလို႔ မင္းလို ကံမေကာင္းခဲ့ရ တာလဲ . . .”
ရဲေ႐ွာင္ စိတ္အေႏွာက္အယွက္ ျဖစ္မိသြားသည္။
ထို႔ေၾကာင့္ ေဒါသတႀကီးျဖင့္ -
“ေသလိုက္ . . .”
“လဲေသလိုက္ေတာ့ . . .”
ေက်ာက္တိုင္ေပၚ႐ွိ စကားလုံးမ်ားက သူ႕ကို ေစာ္ ကားသည့္ စကားလုံးမ်ားသာ ျဖစ္ေနသည္ မဟုတ္ ပါလား။
“ခ်ီးထုပ္ေကာင္ . . .”
“မင္းေခါင္းထဲမွာ ခ်ီးေတြနဲ႔ ျပည့္ေနမွာပဲ . . .”
“ဒီအလႊာ တစ္ခုလုံးက မင္းအပိုင္ ျဖစ္ေနၿပီပဲေလ၊ အဲဒါေတာင္ အပင္ေတြကို တစ္ပင္ခ်င္း လိုက္ႏႈတ္ေန မယ္ ဟုတ္လား . . .”
“မင္းကိုယ္မင္း လယ္သမားမ်ား ထင္ေနတာလား၊ ဒီလိုလူမ်ိဳးက ဘယ္လိုလုပ္ ၄ ေယာက္ေျမာက္လူ ျဖစ္ လာရတာလဲ . . .”
“မိုးေကာင္းကင္က မ်က္လုံးကန္းေနတာပဲ . . .”
“ငါကေတာ့ ၄ ေယာက္ေျမာက္လူ မျဖစ္ႏိုင္ခဲ့ဘူး၊ အဲဒီအစား ငါ့ကို ေန႔စဥ္နဲ႔အမွ် ႏွိပ္စက္ေနတဲ့ မိန္းမ တစ္ေယာက္နဲ႔ လက္ထပ္ခဲ့ရတယ္ . . .”
“အဲဒီလို လူကေတာင္ မ်က္လုံးမကန္းဘူး၊ မိုး ေကာင္းကင္က ဘာလို႔ မ်က္လုံးကန္းေနရတာပါလိမ့္”
“ဒါက ခင္ဗ်ားအပိုင္းေလ ေကာင္းကင္ဘုံက အၿမဲ တရားမွ်တမႈ ႐ွိတယ္ . . .”
“ကိုယ္နဲ႔ ထိုက္တန္တာကို ကိုယ္ရတာပဲ . . .”
“ခင္ဗ်ားကသာ လူယုတ္မာ မေကာင္းဆိုးဝါး . . .”
ရဲေ႐ွာင္အဖို႔ ေဒါသထြက္လြန္း၍ ေက်ာက္တိုင္ႀကီး အား လက္ညိႇဳးေငါက္ေငါက္ထိုးကာ ေအာ္ဟစ္ေျပာဆို လ်က္ ႐ွိသည္။
ယခုကဲ့သို႔ အရာမ်ိဳးႏွင့္ သူတစ္ခါမွ မၾကဳံခဲ့ဖူးေခ်။
သူႏွင့္ တစ္ခါမွ မဆုံဖူးသည့္ လူတစ္ဦးက သူ႕အား ဆိုး႐ြားစြာ ေျပာဆိုေရးသားထားသည္ မဟုတ္ပါလား။
ထို႔ျပင္ ထိုလူက အလြန္ စိတ္အေႏွာက္ယွက္ျဖစ္ ဖြယ္ေကာင္းသည့္ လူပင္ ျဖစ္လိမ့္မည္။
စင္စစ္ ထိုလူမွာ ရဲေ႐ွာင္ ၄ ေယာက္ေျမာက္လူ ျဖစ္လာသည့္အတြက္ မနာလိုကာ ေစာဒက တက္ေန ျခင္းပင္ ျဖစ္၏။
“ေစာင့္ၾကည့္ေနလိုက္ ေခြးမသား . . .”
“မင္းငါနဲ႔ ေတြ႕ရင္ တစ္ေန႔ကို ေလးငါးႀကိမ္ ေလာက္ အ႐ိုက္ခံရမယ္မွတ္၊ ေလးေယာက္ ေျမာက္ လူတဲ့ အဟမ့္ . . .”
“မင္းကို ေခြးတစ္ေကာင္လို ျဖစ္ေအာင္ ငါ႐ိုက္ျပ မယ္ . . .”
ရဲေ႐ွာင္ ထိုစာလုံးမ်ားကို ၾကည့္ရင္း အသားမ်ား ပင္ တဆတ္ဆတ္ တုန္လာေလသည္။
“ရဲေ႐ွာင္ဆိုတဲ့ က်ဳပ္ မိုးေကာင္းကင္ကို တိုင္တည္ ၿပီး က်ိန္ဆိုတယ္ . . .”
“ခင္ဗ်ား ဘယ္သူလဲဆိုတာ သိတာနဲ႔ ခင္ဗ်ားကို ရ ေအာင္ ႐ိုက္ပစ္မယ္ . . .”
“ဘယ္ေနရာပဲ ေရာက္ေနေရာက္ေန ရေအာင္ကို ႐ိုက္ဦးမွာ . . .”
ရဲေ႐ွာင္က ျပတ္သားစြာ က်ိန္ဆိုလိုက္သည္။
“မင္းလို ငတုံးေကာင္ ေခါင္းထဲမွာ ခ်ီးေတြနဲ႔ ျပည့္ ေနတဲ့ ေကာင္ကမ်ား ဘာမွ စဥ္းစားမိမွာ မဟုတ္ဘူး”
“ေနာက္ၿပီး မင္းကို ေစာ္ကားတဲ့ စာသားေတြ ေရး ထားတာေတာင္မွ မင္းဘာလို႔ ဆက္ဖတ္ေနေသးလဲ”
“မင္းသာ စိတ္ဓာတ္မာေၾကာတဲ့ လူဆိုရင္ ဆက္ မဖတ္နဲ႔ေတာ့ေပါ့ . . .”
ေဒါသေၾကာင့္ ရဲေ႐ွာင္၏ မ်က္လုံးမ်ား မီးဝင္းဝင္း ေတာက္ေနေခ်ၿပီ။
“ဒီေလာက္ထိ ေစာ္ကားခံရမွေတာ့ က်ဳပ္က ဘာ လို႔ ရပ္တန္႔ရမွာလဲ၊ က်ဳပ္ သတၱိ႐ွိလား မ႐ွိလားဆိုတာ ကို ခင္ဗ်ားေတြ႕ရင္ သိမွာေပါ့ . . .”
“ေစာ္ကားမႈေတြကို ၿငိမ္ခံၿပီး ဘာမွ ျပန္မလုပ္ဘူး ထင္ေနတာလား . . .”
“ခင္ဗ်ားလို ပါးစပ္ဖြာတဲ့ လူမ်ိဳးကို က်ဳပ္ တစ္ခါမွ မေတြ႕ဖူးဘူး . . .”
ရဲေ႐ွာင္ ေဒါသတႀကီးျဖင့္ ျပန္ေျပာလိုက္သည္။
“ေ႐ွးေခတ္က ပညာ႐ွင္ႀကီးေပါ့ ဟုတ္လား . . .”
“ေသလိုက္ေတာ့ . . .”
“ခင္ဗ်ားက အ႐ိုက္ခံရဖို႔အတြက္ ေမြးဖြားလာတဲ့ ငတုံးေကာင္ပဲ ျဖစ္ရမယ္ . . .”
“ငတုံး ငအ ေသေသခ်ာခ်ာ ဖတ္စမ္း . . .”
“မင္း ဒီေက်ာက္တိုင္ႀကီးကို သန္႔စင္ဖို႔ မႀကိဳးစား ဘူးလား . . .”
“သန္႔စင္ေစခ်င္ရင္ မင္းလုပ္ရမွာက . . .”
“ . . . .”
႐ွည္လ်ားေသာ စာလုံးမ်ားကို ရဲေ႐ွာင္ ေသေသခ်ာ ခ်ာ ဖတ္လိုက္သည္။
အမ်ားစုက ရဲေ႐ွာင္ကို ေစာ္ကားထားသည့္ ၾကမ္း တမ္းသည့္ စကားလုံးမ်ားပါပင္။
ေနာက္ဆုံးစာေၾကာင္းမွာမူ -
“မင္းကို ငါဒီေလာက္ထိ ေျပာျပၿပီးတာေတာင္မွ မင္းမလုပ္ႏိုင္ေသးဘူး ဆိုရင္လည္း ေသသာေသလိုက္ ေတာ့၊ မင္းလို ေခါင္းထဲမွာ ခ်ီးေတြ ျပည့္ေနတဲ့လူနဲ႔ စကားဆက္မေျပာခ်င္ဘူး . . .”
“ေသခ်ာမွတ္ထား ထြီ . . .”
ရဲေ႐ွာင္လည္း ေဒါသထြက္လြန္း၍ ေျမျပင္ေပၚ ထိုင္လ်က္သား က်သြားကာ ေသြးမ်ားပင္ အန္ထြက္ သြားသည္။
“ေခြးမသား . . .”
“ခင္ဗ်ား ေစာင့္ေနလိုက္ . . .”
“က်ဳပ္ ခင္ဗ်ားကို ေတြ႕ရင္ ခင္ဗ်ားေတာ့ . . .”
“ေတာက္ . . .”
“ခင္ဗ်ားေတာ့ ေတြ႕ၿပီသာမွတ္ . . .”
ရဲေ႐ွာင္ အသက္ျပင္းျပင္း႐ွဴရင္း ေျပာလိုက္သည္။
သူ၏ မ်က္လုံးမ်ားကလည္း ေဒါသေၾကာင့္ ျပဴး က်ယ္ထြက္ေနေလသည္။
သို႔ေသာ္ သူ႕ေဒါသ၏ ၇၀ ရာခိုင္ႏႈန္းကိုမူ ေသြးမ်ား အျဖစ္ အန္ထုတ္လိုက္ၿပီ ျဖစ္သည္။
ယခုေနသာ ထိုလူ သူ႕ေ႐ွ႕ေရာက္လာပါက မႏိုင္ႏိုင္ မွန္းသိသည့္တိုင္ အသက္ႏွင့္ရင္းကာ တိုက္ခိုက္မည္ မွာ မလြဲဧကန္ပင္။
အကယ္၍ သူ႐ႈံးနိမ့္ရမည္ ဆိုလွ်င္ပင္ ထိုလူအား ေနာက္ဆုံးအခ်ိန္ထိ တိုက္ခိုက္သြားေပဦးမည္။
ယခုကဲ့သို႔ စိတ္အေႏွာက္အယွက္ ျဖစ္ဖြယ္ေကာင္း သည့္ လူ႐ွိမွန္း ရဲေ႐ွာင္ မထင္ထားခဲ့မိေခ်။
သူ႕အတြက္မူ အလြန္စိတ္႐ႈပ္စရာပင္ ေကာင္းေနပါ ေတာ့သည္။
#translator
#ေႂကြ႐ြက္ဝါ