အခန်း (၁၀၄၁)(စာစဉ် ၇၅- အပိုင်း ၅)
“အကျိုးမြတ်များစွာ ရသွားသည့် ရဲမျိုးနွယ်”
လီမျိုးနွယ်က ရဲမျိုးနွယ်ထက် လူအင်အားနည်း သည့်တိုင် လုံခြုံစွာဖြင့် ပြန်လာနိုင်ခဲ့ကြသည်။
ထို့ပြင် ရဲမျိုးနွယ်မှ လူများမှာလည်း အခွင့် အရေးကို ရလျှင် ရသလို ယူမည့် လူများသာ ဖြစ်၏။
ထို့ကြောင့် အကျိုးအမြတ် အများဆုံး ရသွားမည့် လူများမှာ ရဲမျိုးနွယ်စုသာ ဖြစ်တော့သည်။
လီမျိုးနွယ်လည်း အကျိုးအမြတ်များ ရခဲ့သည့်ဟု ဆိုသော်ငြား ရေရေရာရာ တန်ဖိုးရှိသည့် အရာများမူ မဟုတ်ချေ။
“မင်းတို့ လေးယောက်က အသုံးမကျတဲ့ ကောင် တွေပဲ . . .”
လီခေါင်းဆောင်က ထွက်ပြေးလာသည့် လူ ၄ ဦး အား ကြည့်ရင်း မာန်မဲလိုက်သည်။
သူ ဒေါသထွက်လည်း ထွက်ချင်စရာ အခြေအနေ ပင် မဟုတ်ပါလား။
ထိုလူ ၄ ဦးလည်း သူ့တို့အပြစ် သူတို့ သိ၍ မျက်နှာ ငယ်ဖြင့်သာ ရှိနေကြသည်။
ကျန်လူများ အားလုံး ယခုလို ပြန်လာမည့်အစား သေသွားခဲ့လျှင်သာ ကောင်းမည်ဟု ၎င်းတို့စိတ်ထဲ တွေးလိုက်မိကြသည်။
ယခုကဲ့သို့ ပြန်လာကြ၍သာ သူတို့ အပြစ်ပေးခံရ တော့မည် မဟုတ်ပါလား။
တောင်ပေါ်မှ ပြန်ဆင်းလာချိန် ရဲမျိုးနွယ်က ပျော် ရွှင်မှုကို ရင်ဝယ်ပိုက်ရင်း ဆင်းလာနိုင်သော်လည်း လီ မျိုးနွယ်မှ လူများ၏ မျက်နှာများကမူ ပြိုတော့မည့် မိုးလိုပင် ဖြစ်နေကြသည်။
“မင်းတို့ အားလုံး ပြန်လာကြတာ ကောင်းတယ်”
“ဒါနဲ့ ငါတို့ မိတ်ဆွေလေး ရဲရော . . .”
ရဲရှန်ချန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
နောက်ဆုံးတွင် တစ်စုံတစ်ခု မှားယွင်းကြောင်း သူ သဘောပေါက်သွား၍ မေးလိုက်ခြင်းပါပင်။
“သူ ဘာဖြစ်ခဲ့တာလဲ . . .”
“သူ ဘယ်မှာလဲ . . .”
လူတိုင်း ကြောင်ငေးသွားကြသည်။
(ဟုတ်သားပဲ . . .)
(ဘာလို့ ငါတို့ချည်းပဲ ဖြစ်နေရတာလဲ . . .)
(ငါတို့နဲ့ အတူတူသွားတဲ့ လူက ဘယ်ရောက်သွား တာလဲ . . .)
မျိုးနွယ်စု နှစ်စုမှာ ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများ ကိုယ်စီ ခံစားခဲ့ကြရ၍ လူတစ်ယောက် လိုနေသည်ကို သတိမပြုမိခဲ့ကြပေ။
ထိုအချင်းအရာက ၎င်းတို့အတွက် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမည်ကိုလည်း မသိကြချေ။
ရွှမ်ပိုင် အလွန်ဂရုစိုက်သည့်၊ ကာကွယ်ပေးချင်ခဲ့ သည့် လူမှာ ကျန်ရစ်ခဲ့သည် မဟုတ်ပါလား။
ထိုရွှမ်ပိုင်ဆိုသူက မျိုးနွယ်စု နှစ်စုအား အပြတ် ရှင်းပစ်နိုင်သည်ကို ရဲရှန်ချန်တို့မှလွဲ၍ တောင်ပေါ်သို့ တက်သွားသည့် လူများ မသိကြပြီ။
ထို့ကြောင့် အဘိုးကြီး နှစ်ဦးမှာ အထိတ်တလန့် ဖြင့် ရွှမ်ပိုင်အား လှမ်းကြည့်လိုက်ကြသည်။
ရွှမ်ပိုင်မှာ ဟန်ပိုင်ယွဲ့နှင့်အတူ ခပ်လှမ်းလှမ်း၌ ရပ် နေပြီး ပျော်ရွှင်စွာ ပြန်လာသည့် လူများကို လျစ်လျူရှု ကာ တည်ငြိမ်စွာဖြင့်သာ ရှိနေသည်။
ရဲရှောင် လုံခြုံစွာ ရှိနေသည်ကို ဟန်ပိုင်ယွဲ့နှင့် စကားပြောပြီးနောက် သူမ သိရှိခဲ့ပြီ မဟုတ်ပါလား။
လေးလွှာမြောက်သို့ ရဲရှောင် ဝင်သွားကြောင်းကို လည်း သူမ သိထားပြီး ဖြစ်သည်။
ထို့ကြောင့် ရဲရှောင် ကြုံနိုင်သည့် အဆိုးဆုံး အခြေ အနေက ဟန်ပိုင်ယွဲ့ကဲ့သို့ တောင်အောက်သို့ ပြုတ်ကျ လာနိုင်ခြင်းပင်။
ထိုသို့မဟုတ်ဘဲ အကျိုးအမြတ်များသာ ရသွားပါ က ရဲရှောင်အတွက်မူ များစွာ အကျိုးဖြစ်ထွန်းသွားစေ နိုင်သည်။
ထို့ကြောင့် လက်ရှိတွင် သူမ တတ်နိုင်သည်က စိတ်ရှည်ရှည်ဖြင့် စောင့်စားရန်သာ ရှိတော့သည်။
ဟန်ပိုင်ယွဲ့မှာမူ ရဲရှောင်အား ကောင်းစွာ မစောင့် ရှောက်နိုင်ခဲ့၍ ပြင်းစွာ ရိုက်နှက်ခံထားရသည်။
ထိုသို့ ရိုက်နှက်ခဲ့ချိန် သူ့အား အခြားလူများ ကြည့် နေမည်ကိုလည်း ရွှမ်ပိုင်မှ ဂရုမစိုက်ချေ။
ထိုသို့ပင် ကြမ်းတမ်းနေသည့် ရွှမ်ပိုင်အား ကြည့် ရင်း မျိုးနွယ်စု နှစ်စုမှ လူများမှာ ထိတ်လန့်ကြောက်ရွံ့ ခဲ့ကြလေသည်။
ထို့ကြောင့် အများစု၏ အမြင်တွင် ရွှမ်ပိုင်မှာ ကိုယ့် လူကိုယ်ပင် အနိုင်ကျင့်နှိပ်စက်တတ်သည့် အမျိုးသမီး တစ်ဦးအဖြစ်သာ ရှိနေတော့သည်။
ရွှမ်ပိုင်မှ ဟန်ပိုင်ယွဲ့ကို ရိုက်နှက်ချိန် ဟန်ပိုင်ယွဲ့၏ ခန္ဓာကိုယ်ရှိ စွမ်းအင်များက အလိုအလျောက်ပင် အ ကာအကွယ် ဖြစ်သွားခဲ့သည်။
သို့သော် ထိုသို့ အကာအကွယ် ဖြစ်သည့်တိုင် ရွှမ်ပိုင်၏ ထူးခြားလှသည့် စွမ်းအင်များနှင့် ရင်ဆိုင်ရ ချိန်တွင်မူ အလုပ် မဖြစ်ခဲ့ချေ။
ထို့ကြောင့် ရွှမ်ပိုင်အဖို့ စိတ်ကြိုက် ရိုက်နှက်နိုင်ခဲ့ သည်ဟု ဆိုနိုင်သည်။
မျိုးနွယ်စု နှစ်စုမှ အဘိုးကြီးများမှာမူ ရွှမ်ပိုင် မည် မျှ အစွမ်းထက်သည်ကို မသိသည့်တိုင် ကြောက်မက် ဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်ကိုမူ ကောင်းစွာ သိကြ၏။
ထို့ပြင် ဟန်ပိုင်ယွဲ့ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကိုလည်း သိကြသည်။
ထို့ကြောင့် အဘိုးကြီးများအဖို့ ရွှမ်ပိုင်တို့နှစ်ဦးအား လှမ်း၍ပင် မကြည့်ဝံ့ကြတော့ချေ။
“သွားကြတော့ . . .”
လီမျိုးနွယ် ခေါင်းဆောင်လည်း မျက်နှာပျက်ယွင်း စွာဖြင့် သူ့လူများကို ထွက်သွားခိုင်းလိုက်သည်။
ခေါင်းဆောင်၏ အမိန့်ပေးသံအဆုံး၌ လီမျိုးနွယ်မှ လူများလည်း မြင်းစီးကာ ထွက်သွားကြတော့သည်။
ယခုအခေါက်၌ အကျိုးမြတ်များစွာ ရသွားခဲ့သည် မှာ ရဲမျိုးနွယ်စုသာ ဖြစ်၏။
သို့သော် အကြီးမားဆုံး ပြဿနာမှာမူ ရှိနေသေး သည်။
သူတို့အား တတိယအလွှာသို့ ဦးဆောင်ခေါ်သွား သည့် လူငယ်လေးမှာ ပျောက်နေလေသည်။
ထို့အတူ လီမျိုးနွယ်စု၏ အကြံအစည်မှာလည်း သဲ ထဲရေသွန်လိုက်သည့်ပမာ ပျောက်ဆုံး ပျက်စီးသွားရခဲ့ သည်။
ထို့ကြောင့် ၎င်းတို့ လီမျိုးနွယ်အတွက် ရွေးချယ် စရာမရှိတော့၍ တွေဝေတုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ ထွက်ခွာသွားကြခြင်း ဖြစ်သည်။
ထိုသို့သာ ထွက်ခွာ မသွားပါက ယခုနေရာ၌ ရှုပ် ထွေးလာမည့် အခြေအနေများနှင့် ၎င်းတို့ ကြုံကြိုက် ရနိုင်သည် မဟုတ်ပါလား။
ရွှမ်ပိုင်နှင့် ဟန်ပိုင်ယွဲ့တို့မှာ အစွမ်းထက်ပညာရှင် များဖြစ်၍ သူတို့နှစ်ဖွဲ့လုံး အနိုင်တိုက်ရန်မှာ မဖြစ်နိုင် ချေ။
အကယ်၍ ရွှမ်ပိုင်တို့ဘက်မှသာ ဒေါသတကြီး တုန့်ပြန်လာပါက ကောင်းကျိုးများ မရှိ၊ ဆိုးကျိုးများ သာ ရှိနိုင်သည်။
(မင်းတို့ ရဲမျိုးနွယ်စုက အကျိုးအမြတ်တွေ အကုန် လုံးကို ယူခဲ့တယ် . . .)
(အဲဒီတော့ ဒုက္ခတွေကိုလည်း ယူလိုက်ကြတော့ ပေါ့၊ နေခဲ့ပေတော့ ရဲမျိုးနွယ်ရေ . . .)
. . .
လီမျိုးနွယ် ထွက်ခွာသွားသည်ကို ကြည့်ရင်း ရဲရှန်ချန်လည်း ဖင်တကြွကြွ ဖြစ်နေမိသည်။
လီမျိုးနွယ်စုမှာ ရဲမျိုးနွယ်အား ကောင်းကောင်း ကြီး အသုံးချသွားနိုင်သည်ဟု ဆိုနိုင်သည်။
သို့သော် ၎င်းတို့ ထွက်ခွာသွားခြင်းက ရဲမျိုးနွယ်၏ လုပ်ရပ်ကို သဘောမတွေ့၍၊ ဒေါသထွက်၍ ပြန်သွား ခြင်းဖြစ်၍ သဘာဝကျလှသည်။
ရဲမျိုးနွယ်အတွက်မူ မည်သို့ အကြောင်းပြ၍ ထွက် ခွာသွားရပါမည်နည်း။
ပစ္စည်းများ မရ၍ဟုလည်း အကြောင်းပြ၍ မရ။
ပစ္စည်းများစွာ ရခဲ့သည့်အပြင် လီမျိုးနွယ်ထံမှပင် လက်ဝါးကြီးအုပ်ခဲ့ကြသည် မဟုတ်ပါလား။
ထို့ပြင် ရဲရှောင်နှင့်လည်း စကားများစွာ ပြောဆိုခဲ့ ပြီး ရင်းနှီးမှု ရယူရန် ကြိုးစားခဲ့ကြသည်။
ထို့ကြောင့် ယခုအခြေအနေမျိုး၌ ၎င်းတို့သာ ထွက်ခွာသွားပါက ကိုယ့်သေတွင်း ကိုယ်တူးသလိုပင် ဖြစ်သွားလိမ့်မည်။
ရဲရှန်ချန်လည်း ရွှမ်ပိုင်နှင့် ဟန်ပိုင်ယွဲ့တို့၏ အစွမ်း ကို သိမြင်နိုင်ရန် ကြိုးစားလိုက်သည်။
မည်သို့ပင် ဖြစ်နေပါစေ ရွှမ်ပိုင်မှသာ ၎င်းတို့မျိုး နွယ်စုအား အပြတ်ရှင်းချင်ပါက အလွန်လွယ်ကူမည် ကိုမူ သိနေလေသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ငြိမ်ငြိမ်လေးထိုင်နေ ရန်သာ အကောင်းဆုံး အကြံဖြစ်ကြောင်း သူသဘော ပေါက်လိုက်သည်။
ထိုင်နေလျှင်ကောင်းသား၊ ထသွားမှ ကျိုးနေမည် မဟုတ်ပါလား။
“မိန်းကလေး . . .”
“ငါတို့တွေ ညီလေးရဲနဲ့ အဆက်အသွယ်ပြတ်ခဲ့ကြ တယ်၊ ဒါပေမယ့် သူ့အတွက် ဆိုးဆိုးဝါးဝါးတော့ မဖြစ် လောက်ပါဘူး . . .”
“သူက ကံကောင်းမှုတွေ အမြဲတမ်း ရနိုင်တဲ့ လူပါ၊ ဒါကြောင့် မင်းတို့ ဒီမှာ စောင့်နေမယ့်အစား ငါတို့နဲ့ လိုက်ခဲ့ပြီး ညီလေးရဲကို ဆက်စောင့်နေကြမလား . . .”
ထို့နောက် ခဏမျှ စဉ်းစားလိုက်ပြန်ရင်း -
“ညီလေးရဲက ပါရမီရှိတဲ့ လူငယ်လေးဆိုတော့ သူ့ ကို ကောင်းကင်ဘုံက ကောင်းချီးပေးမှာပါ . . .”
“အန္တရာယ်တွင်းထဲ သေသွားမှာ မဟုတ်ပါဘူး မစိုး ရိမ်ပါနဲ့ . . .”
ရွှမ်ပိုင်က အေးစက်စက်ဖြင့် -
“မရဘူး . . .”
“ကျွန်မတို့ ဒီနေရာမှာပဲ စောင့်မယ် . . .”
ထို့နောက် သူမ၏ ခန္ဓာကိုယ်မှ အစွမ်းထက်သည့် အငွေ့အသက်များ ထွက်ပေါ်လာပြီး ဘေးနားရှိ လူ များကို တွန်းထုတ်စေလိုက်သည်။
မည်သူနှင့်မှ စကားမပြောလို၍ ထိုသို့ လုပ်လိုက် ခြင်းသာ။
ရဲရှန်ချန်လည်း သက်ပြင်းချလိုက်ပြီး -
“မင်းက ဒီလိုဆိုမှတော့ ငါတို့ မင်းကို မနှောက် ယှက်တော့ပါဘူး . . .”
“နှုတ်ဆက်ပါတယ် မိန်းကလေး . . .”
ထိုသို့ ပြောဆိုပြီးနောက် ရဲရှန်ချန်လည်း သူ့လူများ နှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
“ရှန်စင် . . .”
“မင်း မှင်ရောင်အားဖြည့် ကြာပန်း ဘယ်လောက် စုဆောင်းမိခဲ့လဲ . . .”
ရဲရှန်ချန်က လေသံတီးတိုးဖြင့် မေးလိုက်၏။
“ဆရာကြီး . . .”
“ကျုပ်တို့တွေ ကြာပန်း ၄၈ ပွင့် ရခဲ့ပါတယ် . . .”
“အားလုံးကလည်း အရည်အသွေးအကောင်းတွေ ချည်းပါပဲ၊ နောက်ပြီး တခြားပစ္စည်းတွေ အများကြီး လည်း ရခဲ့သေးတယ် . . .”
“ဒီတစ်ခေါက်ကတော့ ကျုပ်တို့ အကျိုးအမြတ် အများကြီးကို ရခဲ့တာ၊ တခြားပစ္စည်းတွေသာ ပေါင်း လိုက်မယ်ဆိုရင် မှင်ရောင်အားဖြည့် ကြာပန်း အပွင့် ၃၀၀ လောက်နဲ့ကို ညီမျှမှာ . . .”
“ကျုပ်တို့ အဲဒီကနေ ပြန်မဆင်းလာခင်တုန်းက လီမျိုးနွယ်ဆီက ကြာပန်း ၁၀ ပွင့်ကိုလည်း ရခဲ့သေး တယ် . . .”
“သူတို့ကို ကျုပ်က တစ်ပွင့်ပဲ ပြန်ပေးလိုက်တာ”
ရဲရှန်စင်က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက် သည်။
“အခုဆိုရင် ကျုပ်တို့က အရည်သွေးကောင်းတဲ့ မှင်ရောင်အားဖြည့် ကြာပန်း ၅၈ ပွင့် ရသွားတဲ့ သဘောပေါ့ . . .”
“နောက်ပြီး တခြားဆေးပင် ၄၀၀ လောက်လည်း ပါတယ် . . .”
ရဲရှန်စင်မှ သွားများပေါ်အောင် ပြုံးလိုက်ရင်းဖြင့် ပြောလိုက်ပါတော့သည်။
#translator
#ကြွေရွက်ဝါ
အခန်း (၁၀၄၂)(စာစဉ် ၇၅- အပိုင်း ၆)
“သက်တန့်ရောင် သစ်ကြမ်းပိုးသီး”
“ကောင်းတယ် . . .”
“သိပ်ကောင်းတယ် . . .”
ရဲရှန်ချန် ခေါင်းညိတ်၍ ချီးကျူးစကားဆိုလိုက်၏။
“ကြည့်ရတာတော့ ငါတို့ရဲမျိုးနွယ်က အရင်ဆုံးရှုံး ခဲ့တာတွေကို ပြန်ယူနိုင်ခဲ့တာ ထင်တယ် . . .”
“ပိုပြီးတော့တောင် အောင်မြင်မှု ရလာတယ် ပြော ရမယ်၊ အလယ်အလတ် သက်တမ်းကို ကျော်လွန်နေ တဲ့ မှင်ရောင်အားဖြည့် ကြာပန်းတွေဆိုတာ တကယ် ကို ရှားတယ် . . .”
“အရည်အသွေးမြင့်တဲ့ ကြာပန်းတွေလောက် တန် ဖိုးမရှိနိုင်ပေမယ့် တိမ်မြူခိုး နန်းတော်အတွက်တော့ ကျေနပ်စေနိုင်မှာပါ . . .”
“အခုဆိုရင် ရဲမျိုးနွယ်စုက လုံခြုံသွားပြီ ဒါပေမယ့် လီမျိုးနွယ်က အစောကြီး ထွက်သွားတော့ လမ်းမှာ ငါတို့ကို စောင့်နေနိုင်တယ် . . .”
“အဲဒါကြောင့်မလို့လည်း ဟိုလူနှစ်ယောက်ကို ငါ တို့နဲ့ အတူလိုက်ဖို့ ဖိတ်ခေါ်လိုက်တာပဲ . . .”
“ဒါပေမယ့် သူတို့ မလိုက်လာကတော့ စိတ်ပျက် စရာပဲ၊ ဒါက ရဲမျိုးနွယ်စုရဲ့ အနာဂတ်နဲ့ ပတ်သက်နေ တယ်၊ ငါတို့ အလျှော့ပေးလို့ မဖြစ်ဘူး . . .”
“ကောင်းပါပြီ . . .”
“အားလုံး ဂရုစိုက်ကြဟေ့ . . .”
“ငါတို့ရဲ့ အိမ်ကို ရောက်ဖို့အတွက် မိုင် ၄၀၀ နီးပါး လောက် ရှိတာဆိုတော့ မြန်မြန်သွားကြတာပေါ့ . . .”
“အိမ်ကို မြန်မြန်ပြန်ကြမှ ဖြစ်မယ် . . .”
“ကောင်းပါပြီ . . .”
ထိုသို့ဖြင့် ရဲမျိုးနွယ်မှ လူများလည်း လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
. . .
ခရီးနှင်နေသော်လည်း ရဲရှန်ချန်၏ မျက်နှာကမူ မသာမယာ ဖြစ်နေလေသည်။
“စိတ်ညစ်စရာပဲ . . .”
“ညီလေးရဲကတော့ အဆင်ပြေမှာပါ . . .”
“သူနဲ့ ငါတို့မျိုးနွယ်စုက တစ်နည်းတစ်ဖုံ ပတ် သက်မှု ရှိနေမယ်လို့ ငါ့စိတ်ထဲ ထင်နေမိတယ် . . .”
ရဲရှန်ချန် သက်ပြင်းချရင်း ပြောလိုက်ပါတော့ သည်။
. . .
“ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ . . .”
ဟန်ပိုင်ယွဲ့က ရွှမ်ပိုင်အား ကြည့်ရင်း မေးလိုက် သည်။
“စောင့်မယ် . . .”
“ဘယ်လောက်ကြာကြာလဲ . . .”
“သူထွက်လာတဲ့အထိ . . .”
“သူက ရက်နဲ့ချီပြီး ကြာနေရင်ရော . . .”
“ဒါဆိုလည်း ကျွန်မတို့ရက်နဲ့ချီပြီး စောင့်တာပေါ့”
“ဒါဆို လချီပြီး ကြာရင်ရော . . .”
“လနဲ့ချီပြီး စောင့်မယ် . . .”
“နှစ်နဲ့ချီပြီး ဆိုရင်ရော . . .”
ဟန်ပိုင်ယွဲ့၏ နှုတ်မှ အဆက်မပြတ်ပင် မေးလိုက် သည်။
“ဘုန်း ဘုန်း ဘုန်း . . .”
“သနားပါဦး ကျုပ်ကို ခွင့်လွှတ်ပါ . . .”
“ကျုပ် တောင်းပန်ပါတယ် . . .”
“ကျုပ် စောင့်ပါ့မယ် ဘယ်လောက်ကြာကြာ ကျုပ် စောင့်ပါ့မယ် . . .”
“အမလေး သေပါပြီဗျ . . .”
. . .
“ချွမ် ချွမ် ချွမ် . . .”
ရွှမ်ပိုင်နှင့် ဟန်ပိုင်ယွဲ့တို့ နှစ်ဦးလုံး တိုက်သံခိုက် သံများကို ကြားလိုက်ရသည်။
ထိုအသံများက မလွဲဧကန် ရဲမျိုးနွယ်နှင့် လီမျိုး နွယ်တို့၏ တိုက်ခိုက်သံများပါပင်။
ဟန်ပိုင်ယွဲ့ အသံလာရာဆီသို့ လှမ်းမျှော်၍ ကြည့် လိုက်သည်။
သို့သော် ရွှမ်ပိုင်ကမူ အနည်းငယ်မျှ စိတ်မဝင်စား။
မျက်လုံး အကြည့်ဖြင့်ပင် လှမ်းမကြည့်ခြင်း ဖြစ် သည်။
သူတို့အတွက် မည်သည့်ဘက်မှ အနိုင်ရပါစေ၊ မည်သူများ သေဆုံးသွားပါစေ အရေးမကြီးပေ။
ထိုလူများက ၎င်းတို့နှင့် မပတ်သက်သည့် လူများ ပင် မဟုတ်ပါလား။
ထို့ကြောင့် မျိုးနွယ်စု နှစ်စုမှ လူများအားလုံး သေ သွားလျှင်ပင် ဂရုစိုက်ကြလိမ့်မည် မဟုတ်ချေ။
ထိုအခြေအနေမျိုးတွင် ၎င်းတို့အနေဖြင့် သွား ကြည့်ရန် လိုအပ်ပါမည်လော။
ထို့ပြင် ထိုသို့ တိုက်ခိုက်ကြသည့် တိုက်ပွဲပေါင်း များစွာကိုလည်း သူတို့ ကြိမ်ဖန်များစွာ တွေ့ဖူးခဲ့ကြ သည်။
ထို့ကြောင့် ယခု ဖြစ်နေသည့် ရဲမျိုးနွယ်နှင့် လီမျိုး နွယ်စုတို့ကြား တိုက်ပွဲမှာ ၎င်းတို့အတွက် သာမန် တိုက်ပွဲ တစ်ခုမျှသာ။
အရေးမကြီးသည့် အရာတစ်ခုအတွက် သူတို့ အချိန်မဖြုန်းလိုသည်မှာ သဘာဝကျလှသည်။
လက်ရှိတွင် သူတို့အတွက် အရေးကြီးသည်မှာ ရဲရှောင်ကိစ္စသာ ဖြစ်နေပါတော့သည်။
. . .
ရဲရှောင်မှာမူ စိတ်လှုပ်ရှားပြီးနောက် စိတ်တည်ငြိမ် စ ပြုနေပြီ ဖြစ်သည်။
သူသည်လည်း ဟင်းလင်းပြင် ၉ ခုကို ပိုင်ဆိုင်ထား သည့် ကြွယ်ဝချမ်းသာသည့် လူပင် မဟုတ်ပါလား။
သို့သော် ယခု သူမြင်တွေ့နေရသည့် မြင်ကွင်းကမူ အခြားမြင်ကွင်းများနှင့် မတူ။
အလွန်အံ့ဩဖွယ်ပင် ကောင်းလွန်းနေသည်။
စိတ်ကျေနပ်စရာ ကောင်းသည့် အရာများစွာကို မြင်တွေ့ဖူးသည့်တိုင် ယခုအရာမှာမူ တစ်မူထူးခြားနေ ခြင်းပင် ဖြစ်သည်။
ပထမဆုံး သူကြည့်မိသည့် အရာက သက်တန့် ရောင် သစ်ကြမ်းပိုးပင် ဖြစ်၏။
ကောင်းကင် ပြိုကျလာလျှင်ပင် တည်ကြည်မှု မပျက်အောင် နေနိုင်သည့် သူလိုလူမှာ ယခုအခါတွင် စိတ်တည်ငြိမ်အောင် မနည်းကြိုးစားနေရသည်။
အထူးသဖြင့် ထိုသစ်ကြမ်းပိုးပင်ကို စမြင်ခဲ့သည့် ဟန်ပိုင်ယွဲ့ထက်ပင် စိတ်လှုပ်ရှားနေမိခြင်း ဖြစ်၏။
ထိုသို့ စိတ်လှုပ်ရှားနေခြင်းကလည်း အပြစ်မဆို သာ။
အဆိုပါ သက်တန့်ရောင် သစ်ကြမ်းပိုးသီးမှာ သူ၏ ဟင်းလင်းပြင်ကြီးထဲ၌ပင် မရှိနိုင်သည့် အရည်အသွေး မျိုး ဖြစ်နေသည် မဟုတ်ပါလား။
ယခုအခါ အသက်ဝင်လှသည့် လေးလွှာမြောက်၏ မြင်ကွင်းအား သူရှင်းလင်းစွာ မြင်တွေ့လိုက်ရချေပြီ။
ထို့ပြင် သစ်ကြမ်းပိုးသီးများကို မြင်တွေ့လိုက်ရစဉ် ရဲရှောင် အလွန်အံ့ဩသွားခဲ့ရသည်။
တန်ဖိုးကြီးလှသည့် ထိုအသီးများမှာ အပင်ပေါ်၌ အနည်းဆုံး အလုံး ၅၀ ခန့်ပင် ရှိနေသည် မဟုတ်ပါ လား။
ထိုမြင်ကွင်းက ကြည်လင်လှသည့် ပုလဲလုံးလေး များအား ချိတ်ဆွဲထားသလိုပါပင်။
ထိုသို့ လှရက်လွန်း၍ ကြည့်ရုံဖြင့်ပင် ချက်ချင်းယူ စားပစ်ချင်စိတ်ပေါက်အောင် ဆွဲဆောင်နိုင်လွန်းသည်။
“၁ ၂ ၃ ၄ . . .”
. . .
“၁၉ ၃၅ ၇၇ . . .”
ရဲရှောင် အသီးများကို ရေတွက်နေခြင်း ဖြစ်၏။
ထိုသို့ ရေတွက်ခြင်းကလည်း အသီးများကို ခူးရင်း ဖြင့် ရေတွက်နေခြင်းပါပင်။
“ကောင်းလိုက်တာ . . .”
“အများကြီးပါလား . . .”
ထိုသို့ဖြင့် ခူးယူပြီးသည့်အခါ သစ်ပင်ကိုပင်နှုတ်၍ ဟင်းလင်းပြင်အတွင်း ပစ်ထည့်လိုက်ပါသေးသည်။
“ငါနဲ့ လိုက်ခဲ့ . . .”
“ဒီမှာ အသီးသီးနိုင်ဖို့ ဘယ်လောက်တောင် ကြာခဲ့ တာလဲ . . .”
“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကြီး တစ်ခုလုံးက ငါ့ အတွက်ပဲ . . .”
ရဲရှောင်အဖို့ အသီးများကို ခူးသည့်အပြင် သစ်ပင် ကိုပါ ယူလိုက်ရသည့်အတွက် စိတ်ထဲ နောင်တရခြင်း အလျဉ်းမရှိပေ။
သို့သော် အပင်ကို ဆွဲနှုတ်လိုက်သည့် အချိန်တွင်မူ ထူးခြားမှုတစ်ခုကို သူမြင်တွေ့လိုက်ရလေသည်။
သက်တန့်ရောင် သစ်ကြမ်းပိုးသီးက တန်ဖိုးရှိ၍ အဖိုးတန်သည် ဆိုသော်ငြား သူထပ်မံ မြင်တွေ့လိုက်ရ သည်နှင့်ယှဉ်လျှင်မူ အမှုန်အမွှားသာ ဖြစ်နေသည်။
ရဲရှောင် မြင်တွေ့လိုက်ရသည့် အရာမှာ မည်သည့် အရာဖြစ်နိုင်သနည်း။
သစ်ပင်၏ အမြစ်ပတ်ပတ်လည်၌ စိတ်စွမ်း အင် ချီဓာတ်များစွာ ရှိနေခြင်းပါပင်။
“အသီးဆိုတာ အပင်အောက်ခြေကိုပဲ ကြွေကျတဲ့ သဘောပဲ . . .”
“ဘုရား ဘုရား ဒီနေရာမှာ ဘယ်လောက်တောင် အလဟဿ ဖြစ်ခဲ့တာလည်း မသိဘူး . . .”
ရဲရှောင် တွေးရင်း အသက်ပြင်းပြင်း ရှူလိုက်မိ သည်။
သစ်ပင်၏ အောက်ခြေ၌ သိပ်သည်းလှသည့် စိတ် စွမ်းအင် ချီဓာတ်များ ထူထပ်စွာ ရှိနေပြီး ကြည်လင်၍ လှပသည့် အရောင်အဆင်းမျိုးလည်း ရှိနေသည်။
စင်စစ် အစိုင်အခဲကဲ့သို့ ဖြစ်တည်နေခြင်းပင်။
သက်တန့်ရောင် သစ်ကြမ်းပိုးပင်က အပွင့်ပွင့်ရန် နှစ် ၁၀၀၀ ကြာသည်။
အသီးသီးရန် အတွက်လည်း နှစ် ၁၀၀၀ ခန့်ကြာ နိုင်ပြီး၊ ထိုအသီးရင့်မှည့်ရန်မှာမူ နှစ် ၁၀၀၀ ခန့် ထပ် ကြာနိုင်လေသည်။
ထိုသို့ ရင့်မှည့်ပြီးနောက်တွင် အသီးမှာ သစ်ပင် ပေါ်၌ ရက် ၁၀၀ ရှိနေပြီး ထိုရက် ၁၀၀ ကျော်ပါက အောက်သို့ ကြွေကျမည်သာ။
ထို့နောက်တွင် အသီးက ပတ်ဝန်းကျင်ရှိ စိတ်စွမ်း အင်ချီဓာတ်များကို စုပ်ယူမည် ဖြစ်သည်။
ထို့ပြင် ထိုအသီးက သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိသည်။
ထိုမျှမက အချိန်မည်မျှကြာကြာ အကောင်းတိုင်း ရှိနေမည် ဖြစ်ပြီး ပုပ်သိုးလိမ့်မည် မဟုတ်ချေ။
လုံလောက်သော ချီဓာတ်များသာ ရှိနေမည်ဆိုပါ က အဆက်မပြတ် ရင့်မှည့်လာနိုင်လေသည်။
အခြားသော အပင်များကဲ့သို့ တကူးတက ဂရုစိုက် စရာမလိုသည့် အပင်မျိုးလည်း ဖြစ်သည်။
အထူးဆန်းဆုံး အချက်မှာ အသီးများ မြေပြင်ပေါ် သို့ ကြွေကျသည့်တိုင် မစားပစ်မချင်း ထိုအတိုင်းသာ ထာဝရ ရှိနေပေလိမ့်မည်။
ထိုအချက်ကလည်း စဉ်းစားကြည့်မည် ဆိုပါက ကျိုးကြောင်း ဆီလျော်မှုရှိသည့် အချက်ဟုပင် ဆိုရ မည်။
အသီးဖြစ်တည်ရန် အတွက်ပင် နှစ်ပေါင်း ၃၀၀၀ ကျော် ကြာမြင့်သည့် အသီးမျိုးက မြေပေါ်သို့ ကြွေကျ ရုံဖြင့် ပျက်စီးသွားရပါမည်လော။
ထို့ပြင် ထိုအသီး၌ အခြားသော ဂုဏ်သတ္တိတစ်မျိုး လည်း ရှိနေပါသေးသည်။
မြေပြင်ပေါ်သို့ ကြွေကျပြီး အမြစ်နားတွင်သာ ရှိ နေမည်ဆိုပါက အမြစ်များမှ အသီးအား သန့်စင်သည့် ချီဓာတ်များအဖြစ် ပြောင်းလဲပေးလိုက်မည်သာ။
ထို့ကြောင့် ထိုအသီးသီးသည့် အပင်၏ အမြစ်၌ ထူးဆန်းသည့် နာမည်တစ်မျိုး ထပ်ရှိနေပါသေးသည်။
စိတ်စွမ်းအင် အမြစ်ဆိုသည့် နာမည်ပင် ဖြစ်၏။
စိတ်စွမ်းအင် ချီဓာတ်များ အမြစ်နား၌ ပိုစုဆောင်း လာမိသည့်အချိန် တဖြည်းဖြည်းဖြင့် ဖယောင်းကဲ့သို့ ခပ်ပျော့ပျော့ အစိုင်အခဲအဖြစ် ဖြစ်တည်လာသည်။
ထိုအစိုင်အခဲများမှာ သန့်စင်သည့် စိတ်စွမ်းအင် ချီဓာတ်များ စုစည်းမှုဟုလည်း ဆိုနိုင်သည်။
အလွန်ထူးခြားသည့် ဖြစ်တည်မှုများပါပင်။
ဂိုဏ်းကြီး ခုနှစ်ခုကဲ့သို့ ယခုနယ်ပယ်၌ နှစ်ပေါင်း သောင်းချီ သမိုင်းရှိသည့် အဖွဲ့အစည်းမျိုး၌ပင် ထိုသို့ သော အစိုင်အခဲမျိုး မရှိနိုင်သည်မှာ သေချာလှသည်။
ထို့ကြောင့် အလွန်ရှားပါး၍ တန်ဖိုးရှိသည့် ရတနာ တစ်ပါးဟုပင် ဆိုနိုင်လေသည်။
ထို့ပြင် ယခုအပင်အောက်ခြေ၌ ရှိသည့် အစိုင်အခဲ များမှာ ခြေမျက်စိမြုပ်သည်အထိ ထူထပ်လှပြီး အ ကျယ်အားဖြင့်လည်း ၁၀ ပေနီးပါး ကျယ်ဝန်းလှသည်။
ထို့ကြောင့် ယခုကဲ့သို့ စိတ်စွမ်းအင် အစိုင်အခဲ ကြီးများ ဖြစ်ပေါ်စေရန် အသီးပေါင်း ထောင်နှင့်ချီ၍ ကြွေကျခဲ့ရမည်ဟု ရဲရှောင် တွေးလိုက်မိသည်။
သင်္ချာနည်း သဘောတရားအရ စဉ်းစားကြည့်မည် ဆိုပါက အသီးရင့်မှည့်ရန်မှာ နှစ်ပေါင်း ၃၀၀၀ ခန့် ကြာနိုင်သည်။
တစ်ခါသီးလျှင်လည်း အလုံး ၁၀၀ ထပ် မပိုနိုင် လောက်ချေ။
ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ဆယ်ကြိမ် လောက် သီးမှသာ ယခုကဲ့သို့ အစိုင်အခဲများ ဖြစ်လာ နိုင်ပေမည်။
ထိုသို့ဆိုလျှင် ယခုသစ်ပင်ကြီးမှာ ရာစုနှစ်ပေါင်း ထောင်နှင့်ချီ၍ တည်ရှိခဲ့သည်မှာ သေချာလှသည်။
(မယုံနိုင်စရာပဲ . . .)
(အံ့ဩစရာ ကောင်းလိုက်တာ . . .)
ရဲရှောင်လည်း အဆိုပါ အစိုင်အခဲများကို သူ၏ ဟင်းလင်းပြင်အတွင်း ပစ်ထည့်လိုက်ပြန်သည်။
အသီး၏ အသားမှာ ပါးလွှာလှပြီး ရွှေရောင်ကဲ့သို့ အဆင်းရှိသည်။
သို့သော် ထိုသို့ ပါးလွှာသည့်တိုင် အသီးထဲရှိ ချီဓာတ်စွမ်းအင်များ အပြင်သို့ ထွက်ပေါ်သွားခြင်းမျိုး မရှိပေ။
စိတ်စွမ်းအင် အမြစ်မှ အသီးများအား စိတ်စွမ်း အင် အစိုင်အခဲများအဖြစ်အောင် ပြောင်းလဲပစ်လိုက် ခြင်းသာ ဖြစ်၏။
ထိုသို့ မပြောင်းလဲပစ်ပါက ရဲရှောင်အဖို့ အသီးများ စွာကို ရရှိမည် ဖြစ်ပါတော့သည်။
#translator
#ကြွေရွက်ဝါ
အခန္း (၁၀၄၁)(စာစဥ္ ၇၅- အပိုင္း ၅)
“အက်ိဳးျမတ္မ်ားစြာ ရသြားသည့္ ရဲမ်ိဳးႏြယ္”
လီမ်ိဳးႏြယ္က ရဲမ်ိဳးႏြယ္ထက္ လူအင္အားနည္း သည့္တိုင္ လုံျခဳံစြာျဖင့္ ျပန္လာႏိုင္ခဲ့ၾကသည္။
ထို႔ျပင္ ရဲမ်ိဳးႏြယ္မွ လူမ်ားမွာလည္း အခြင့္ အေရးကို ရလွ်င္ ရသလို ယူမည့္ လူမ်ားသာ ျဖစ္၏။
ထို႔ေၾကာင့္ အက်ိဳးအျမတ္ အမ်ားဆုံး ရသြားမည့္ လူမ်ားမွာ ရဲမ်ိဳးႏြယ္စုသာ ျဖစ္ေတာ့သည္။
လီမ်ိဳးႏြယ္လည္း အက်ိဳးအျမတ္မ်ား ရခဲ့သည့္ဟု ဆိုေသာ္ျငား ေရေရရာရာ တန္ဖိုး႐ွိသည့္ အရာမ်ားမူ မဟုတ္ေခ်။
“မင္းတို႔ ေလးေယာက္က အသုံးမက်တဲ့ ေကာင္ ေတြပဲ . . .”
လီေခါင္းေဆာင္က ထြက္ေျပးလာသည့္ လူ ၄ ဦး အား ၾကည့္ရင္း မာန္မဲလိုက္သည္။
သူ ေဒါသထြက္လည္း ထြက္ခ်င္စရာ အေျခအေန ပင္ မဟုတ္ပါလား။
ထိုလူ ၄ ဦးလည္း သူ႕တို႔အျပစ္ သူတို႔ သိ၍ မ်က္ႏွာ ငယ္ျဖင့္သာ ႐ွိေနၾကသည္။
က်န္လူမ်ား အားလုံး ယခုလို ျပန္လာမည့္အစား ေသသြားခဲ့လွ်င္သာ ေကာင္းမည္ဟု ၎တို႔စိတ္ထဲ ေတြးလိုက္မိၾကသည္။
ယခုကဲ့သို႔ ျပန္လာၾက၍သာ သူတို႔ အျပစ္ေပးခံရ ေတာ့မည္ မဟုတ္ပါလား။
ေတာင္ေပၚမွ ျပန္ဆင္းလာခ်ိန္ ရဲမ်ိဳးႏြယ္က ေပ်ာ္ ႐ႊင္မႈကို ရင္ဝယ္ပိုက္ရင္း ဆင္းလာႏိုင္ေသာ္လည္း လီ မ်ိဳးႏြယ္မွ လူမ်ား၏ မ်က္ႏွာမ်ားကမူ ၿပိဳေတာ့မည့္ မိုးလိုပင္ ျဖစ္ေနၾကသည္။
“မင္းတို႔ အားလုံး ျပန္လာၾကတာ ေကာင္းတယ္”
“ဒါနဲ႔ ငါတို႔ မိတ္ေဆြေလး ရဲေရာ . . .”
ရဲ႐ွန္ခ်န္က မ်က္ေမွာင္ၾကဳတ္ရင္း ေမးလိုက္၏။
ေနာက္ဆုံးတြင္ တစ္စုံတစ္ခု မွားယြင္းေၾကာင္း သူ သေဘာေပါက္သြား၍ ေမးလိုက္ျခင္းပါပင္။
“သူ ဘာျဖစ္ခဲ့တာလဲ . . .”
“သူ ဘယ္မွာလဲ . . .”
လူတိုင္း ေၾကာင္ေငးသြားၾကသည္။
(ဟုတ္သားပဲ . . .)
(ဘာလို႔ ငါတို႔ခ်ည္းပဲ ျဖစ္ေနရတာလဲ . . .)
(ငါတို႔နဲ႔ အတူတူသြားတဲ့ လူက ဘယ္ေရာက္သြား တာလဲ . . .)
မ်ိဳးႏြယ္စု ႏွစ္စုမွာ ေပ်ာ္႐ႊင္မႈမ်ား၊ ဝမ္းနည္းမႈမ်ား ကိုယ္စီ ခံစားခဲ့ၾကရ၍ လူတစ္ေယာက္ လိုေနသည္ကို သတိမျပဳမိခဲ့ၾကေပ။
ထိုအခ်င္းအရာက ၎တို႔အတြက္ ကိုယ့္ေသတြင္း ကိုယ္တူးသလို ျဖစ္ေနမည္ကိုလည္း မသိၾကေခ်။
႐ႊမ္ပိုင္ အလြန္ဂ႐ုစိုက္သည့္၊ ကာကြယ္ေပးခ်င္ခဲ့ သည့္ လူမွာ က်န္ရစ္ခဲ့သည္ မဟုတ္ပါလား။
ထို႐ႊမ္ပိုင္ဆိုသူက မ်ိဳးႏြယ္စု ႏွစ္စုအား အျပတ္ ႐ွင္းပစ္ႏိုင္သည္ကို ရဲ႐ွန္ခ်န္တို႔မွလြဲ၍ ေတာင္ေပၚသို႔ တက္သြားသည့္ လူမ်ား မသိၾကၿပီ။
ထို႔ေၾကာင့္ အဘိုးႀကီး ႏွစ္ဦးမွာ အထိတ္တလန္႔ ျဖင့္ ႐ႊမ္ပိုင္အား လွမ္းၾကည့္လိုက္ၾကသည္။
႐ႊမ္ပိုင္မွာ ဟန္ပိုင္ယြဲ႕ႏွင့္အတူ ခပ္လွမ္းလွမ္း၌ ရပ္ ေနၿပီး ေပ်ာ္႐ႊင္စြာ ျပန္လာသည့္ လူမ်ားကို လ်စ္လ်ဴ႐ႈ ကာ တည္ၿငိမ္စြာျဖင့္သာ ႐ွိေနသည္။
ရဲေ႐ွာင္ လုံျခဳံစြာ ႐ွိေနသည္ကို ဟန္ပိုင္ယြဲ႕ႏွင့္ စကားေျပာၿပီးေနာက္ သူမ သိ႐ွိခဲ့ၿပီ မဟုတ္ပါလား။
ေလးလႊာေျမာက္သို႔ ရဲေ႐ွာင္ ဝင္သြားေၾကာင္းကို လည္း သူမ သိထားၿပီး ျဖစ္သည္။
ထို႔ေၾကာင့္ ရဲေ႐ွာင္ ၾကဳံႏိုင္သည့္ အဆိုးဆုံး အေျခ အေနက ဟန္ပိုင္ယြဲ႕ကဲ့သို႔ ေတာင္ေအာက္သို႔ ျပဳတ္က် လာႏိုင္ျခင္းပင္။
ထိုသို႔မဟုတ္ဘဲ အက်ိဳးအျမတ္မ်ားသာ ရသြားပါ က ရဲေ႐ွာင္အတြက္မူ မ်ားစြာ အက်ိဳးျဖစ္ထြန္းသြားေစ ႏိုင္သည္။
ထို႔ေၾကာင့္ လက္႐ွိတြင္ သူမ တတ္ႏိုင္သည္က စိတ္႐ွည္႐ွည္ျဖင့္ ေစာင့္စားရန္သာ ႐ွိေတာ့သည္။
ဟန္ပိုင္ယြဲ႕မွာမူ ရဲေ႐ွာင္အား ေကာင္းစြာ မေစာင့္ ေ႐ွာက္ႏိုင္ခဲ့၍ ျပင္းစြာ ႐ိုက္ႏွက္ခံထားရသည္။
ထိုသို႔ ႐ိုက္ႏွက္ခဲ့ခ်ိန္ သူ႕အား အျခားလူမ်ား ၾကည့္ ေနမည္ကိုလည္း ႐ႊမ္ပိုင္မွ ဂ႐ုမစိုက္ေခ်။
ထိုသို႔ပင္ ၾကမ္းတမ္းေနသည့္ ႐ႊမ္ပိုင္အား ၾကည့္ ရင္း မ်ိဳးႏြယ္စု ႏွစ္စုမွ လူမ်ားမွာ ထိတ္လန္႔ေၾကာက္႐ြံ႕ ခဲ့ၾကေလသည္။
ထို႔ေၾကာင့္ အမ်ားစု၏ အျမင္တြင္ ႐ႊမ္ပိုင္မွာ ကိုယ့္ လူကိုယ္ပင္ အႏိုင္က်င့္ႏွိပ္စက္တတ္သည့္ အမ်ိဳးသမီး တစ္ဦးအျဖစ္သာ ႐ွိေနေတာ့သည္။
႐ႊမ္ပိုင္မွ ဟန္ပိုင္ယြဲ႕ကို ႐ိုက္ႏွက္ခ်ိန္ ဟန္ပိုင္ယြဲ႕၏ ခႏၶာကိုယ္႐ွိ စြမ္းအင္မ်ားက အလိုအေလ်ာက္ပင္ အ ကာအကြယ္ ျဖစ္သြားခဲ့သည္။
သို႔ေသာ္ ထိုသို႔ အကာအကြယ္ ျဖစ္သည့္တိုင္ ႐ႊမ္ပိုင္၏ ထူးျခားလွသည့္ စြမ္းအင္မ်ားႏွင့္ ရင္ဆိုင္ရ ခ်ိန္တြင္မူ အလုပ္ မျဖစ္ခဲ့ေခ်။
ထို႔ေၾကာင့္ ႐ႊမ္ပိုင္အဖို႔ စိတ္ႀကိဳက္ ႐ိုက္ႏွက္ႏိုင္ခဲ့ သည္ဟု ဆိုႏိုင္သည္။
မ်ိဳးႏြယ္စု ႏွစ္စုမွ အဘိုးႀကီးမ်ားမွာမူ ႐ႊမ္ပိုင္ မည္ မွ် အစြမ္းထက္သည္ကို မသိသည့္တိုင္ ေၾကာက္မက္ ဖြယ္ေကာင္းသည့္ အမ်ိဳးသမီးတစ္ဦး ျဖစ္သည္ကိုမူ ေကာင္းစြာ သိၾက၏။
ထို႔ျပင္ ဟန္ပိုင္ယြဲ႕ထက္ ပို၍ ေၾကာက္မက္ဖြယ္ ေကာင္းသည္ကိုလည္း သိၾကသည္။
ထို႔ေၾကာင့္ အဘိုးႀကီးမ်ားအဖို႔ ႐ႊမ္ပိုင္တို႔ႏွစ္ဦးအား လွမ္း၍ပင္ မၾကည့္ဝံ့ၾကေတာ့ေခ်။
“သြားၾကေတာ့ . . .”
လီမ်ိဳးႏြယ္ ေခါင္းေဆာင္လည္း မ်က္ႏွာပ်က္ယြင္း စြာျဖင့္ သူ႕လူမ်ားကို ထြက္သြားခိုင္းလိုက္သည္။
ေခါင္းေဆာင္၏ အမိန္႔ေပးသံအဆုံး၌ လီမ်ိဳးႏြယ္မွ လူမ်ားလည္း ျမင္းစီးကာ ထြက္သြားၾကေတာ့သည္။
ယခုအေခါက္၌ အက်ိဳးျမတ္မ်ားစြာ ရသြားခဲ့သည္ မွာ ရဲမ်ိဳးႏြယ္စုသာ ျဖစ္၏။
သို႔ေသာ္ အႀကီးမားဆုံး ျပႆနာမွာမူ ႐ွိေနေသး သည္။
သူတို႔အား တတိယအလႊာသို႔ ဦးေဆာင္ေခၚသြား သည့္ လူငယ္ေလးမွာ ေပ်ာက္ေနေလသည္။
ထို႔အတူ လီမ်ိဳးႏြယ္စု၏ အၾကံအစည္မွာလည္း သဲ ထဲေရသြန္လိုက္သည့္ပမာ ေပ်ာက္ဆုံး ပ်က္စီးသြားရခဲ့ သည္။
ထို႔ေၾကာင့္ ၎တို႔ လီမ်ိဳးႏြယ္အတြက္ ေ႐ြးခ်ယ္ စရာမ႐ွိေတာ့၍ ေတြေဝတုန္႔ဆိုင္းျခင္း အလ်ဥ္းမ႐ွိဘဲ ထြက္ခြာသြားၾကျခင္း ျဖစ္သည္။
ထိုသို႔သာ ထြက္ခြာ မသြားပါက ယခုေနရာ၌ ႐ႈပ္ ေထြးလာမည့္ အေျခအေနမ်ားႏွင့္ ၎တို႔ ၾကဳံႀကိဳက္ ရႏိုင္သည္ မဟုတ္ပါလား။
႐ႊမ္ပိုင္ႏွင့္ ဟန္ပိုင္ယြဲ႕တို႔မွာ အစြမ္းထက္ပညာ႐ွင္ မ်ားျဖစ္၍ သူတို႔ႏွစ္ဖြဲ႕လုံး အႏိုင္တိုက္ရန္မွာ မျဖစ္ႏိုင္ ေခ်။
အကယ္၍ ႐ႊမ္ပိုင္တို႔ဘက္မွသာ ေဒါသတႀကီး တုန္႔ျပန္လာပါက ေကာင္းက်ိဳးမ်ား မ႐ွိ၊ ဆိုးက်ိဳးမ်ား သာ ႐ွိႏိုင္သည္။
(မင္းတို႔ ရဲမ်ိဳးႏြယ္စုက အက်ိဳးအျမတ္ေတြ အကုန္ လုံးကို ယူခဲ့တယ္ . . .)
(အဲဒီေတာ့ ဒုကၡေတြကိုလည္း ယူလိုက္ၾကေတာ့ ေပါ့၊ ေနခဲ့ေပေတာ့ ရဲမ်ိဳးႏြယ္ေရ . . .)
. . .
လီမ်ိဳးႏြယ္ ထြက္ခြာသြားသည္ကို ၾကည့္ရင္း ရဲ႐ွန္ခ်န္လည္း ဖင္တႂကြႂကြ ျဖစ္ေနမိသည္။
လီမ်ိဳးႏြယ္စုမွာ ရဲမ်ိဳးႏြယ္အား ေကာင္းေကာင္း ႀကီး အသုံးခ်သြားႏိုင္သည္ဟု ဆိုႏိုင္သည္။
သို႔ေသာ္ ၎တို႔ ထြက္ခြာသြားျခင္းက ရဲမ်ိဳးႏြယ္၏ လုပ္ရပ္ကို သေဘာမေတြ႕၍၊ ေဒါသထြက္၍ ျပန္သြား ျခင္းျဖစ္၍ သဘာဝက်လွသည္။
ရဲမ်ိဳးႏြယ္အတြက္မူ မည္သို႔ အေၾကာင္းျပ၍ ထြက္ ခြာသြားရပါမည္နည္း။
ပစၥည္းမ်ား မရ၍ဟုလည္း အေၾကာင္းျပ၍ မရ။
ပစၥည္းမ်ားစြာ ရခဲ့သည့္အျပင္ လီမ်ိဳးႏြယ္ထံမွပင္ လက္ဝါးႀကီးအုပ္ခဲ့ၾကသည္ မဟုတ္ပါလား။
ထို႔ျပင္ ရဲေ႐ွာင္ႏွင့္လည္း စကားမ်ားစြာ ေျပာဆိုခဲ့ ၿပီး ရင္းႏွီးမႈ ရယူရန္ ႀကိဳးစားခဲ့ၾကသည္။
ထို႔ေၾကာင့္ ယခုအေျခအေနမ်ိဳး၌ ၎တို႔သာ ထြက္ခြာသြားပါက ကိုယ့္ေသတြင္း ကိုယ္တူးသလိုပင္ ျဖစ္သြားလိမ့္မည္။
ရဲ႐ွန္ခ်န္လည္း ႐ႊမ္ပိုင္ႏွင့္ ဟန္ပိုင္ယြဲ႕တို႔၏ အစြမ္း ကို သိျမင္ႏိုင္ရန္ ႀကိဳးစားလိုက္သည္။
မည္သို႔ပင္ ျဖစ္ေနပါေစ ႐ႊမ္ပိုင္မွသာ ၎တို႔မ်ိဳး ႏြယ္စုအား အျပတ္႐ွင္းခ်င္ပါက အလြန္လြယ္ကူမည္ ကိုမူ သိေနေလသည္။
ထို႔ေၾကာင့္ လက္႐ွိအခ်ိန္တြင္ ၿငိမ္ၿငိမ္ေလးထိုင္ေန ရန္သာ အေကာင္းဆုံး အၾကံျဖစ္ေၾကာင္း သူသေဘာ ေပါက္လိုက္သည္။
ထိုင္ေနလွ်င္ေကာင္းသား၊ ထသြားမွ က်ိဳးေနမည္ မဟုတ္ပါလား။
“မိန္းကေလး . . .”
“ငါတို႔ေတြ ညီေလးရဲနဲ႔ အဆက္အသြယ္ျပတ္ခဲ့ၾက တယ္၊ ဒါေပမယ့္ သူ႕အတြက္ ဆိုးဆိုးဝါးဝါးေတာ့ မျဖစ္ ေလာက္ပါဘူး . . .”
“သူက ကံေကာင္းမႈေတြ အၿမဲတမ္း ရႏိုင္တဲ့ လူပါ၊ ဒါေၾကာင့္ မင္းတို႔ ဒီမွာ ေစာင့္ေနမယ့္အစား ငါတို႔နဲ႔ လိုက္ခဲ့ၿပီး ညီေလးရဲကို ဆက္ေစာင့္ေနၾကမလား . . .”
ထို႔ေနာက္ ခဏမွ် စဥ္းစားလိုက္ျပန္ရင္း -
“ညီေလးရဲက ပါရမီ႐ွိတဲ့ လူငယ္ေလးဆိုေတာ့ သူ႕ ကို ေကာင္းကင္ဘုံက ေကာင္းခ်ီးေပးမွာပါ . . .”
“အႏၲရာယ္တြင္းထဲ ေသသြားမွာ မဟုတ္ပါဘူး မစိုး ရိမ္ပါနဲ႔ . . .”
႐ႊမ္ပိုင္က ေအးစက္စက္ျဖင့္ -
“မရဘူး . . .”
“ကြၽန္မတို႔ ဒီေနရာမွာပဲ ေစာင့္မယ္ . . .”
ထို႔ေနာက္ သူမ၏ ခႏၶာကိုယ္မွ အစြမ္းထက္သည့္ အေငြ႕အသက္မ်ား ထြက္ေပၚလာၿပီး ေဘးနား႐ွိ လူ မ်ားကို တြန္းထုတ္ေစလိုက္သည္။
မည္သူႏွင့္မွ စကားမေျပာလို၍ ထိုသို႔ လုပ္လိုက္ ျခင္းသာ။
ရဲ႐ွန္ခ်န္လည္း သက္ျပင္းခ်လိုက္ၿပီး -
“မင္းက ဒီလိုဆိုမွေတာ့ ငါတို႔ မင္းကို မေႏွာက္ ယွက္ေတာ့ပါဘူး . . .”
“ႏႈတ္ဆက္ပါတယ္ မိန္းကေလး . . .”
ထိုသို႔ ေျပာဆိုၿပီးေနာက္ ရဲ႐ွန္ခ်န္လည္း သူ႕လူမ်ား ႏွင့္အတူ ထြက္ခြာရန္ ဟန္ျပင္လိုက္သည္။
“႐ွန္စင္ . . .”
“မင္း မွင္ေရာင္အားျဖည့္ ၾကာပန္း ဘယ္ေလာက္ စုေဆာင္းမိခဲ့လဲ . . .”
ရဲ႐ွန္ခ်န္က ေလသံတီးတိုးျဖင့္ ေမးလိုက္၏။
“ဆရာႀကီး . . .”
“က်ဳပ္တို႔ေတြ ၾကာပန္း ၄၈ ပြင့္ ရခဲ့ပါတယ္ . . .”
“အားလုံးကလည္း အရည္အေသြးအေကာင္းေတြ ခ်ည္းပါပဲ၊ ေနာက္ၿပီး တျခားပစၥည္းေတြ အမ်ားႀကီး လည္း ရခဲ့ေသးတယ္ . . .”
“ဒီတစ္ေခါက္ကေတာ့ က်ဳပ္တို႔ အက်ိဳးအျမတ္ အမ်ားႀကီးကို ရခဲ့တာ၊ တျခားပစၥည္းေတြသာ ေပါင္း လိုက္မယ္ဆိုရင္ မွင္ေရာင္အားျဖည့္ ၾကာပန္း အပြင့္ ၃၀၀ ေလာက္နဲ႔ကို ညီမွ်မွာ . . .”
“က်ဳပ္တို႔ အဲဒီကေန ျပန္မဆင္းလာခင္တုန္းက လီမ်ိဳးႏြယ္ဆီက ၾကာပန္း ၁၀ ပြင့္ကိုလည္း ရခဲ့ေသး တယ္ . . .”
“သူတို႔ကို က်ဳပ္က တစ္ပြင့္ပဲ ျပန္ေပးလိုက္တာ”
ရဲ႐ွန္စင္က စိတ္လႈပ္႐ွားမႈ အျပည့္ျဖင့္ ေျပာလိုက္ သည္။
“အခုဆိုရင္ က်ဳပ္တို႔က အရည္ေသြးေကာင္းတဲ့ မွင္ေရာင္အားျဖည့္ ၾကာပန္း ၅၈ ပြင့္ ရသြားတဲ့ သေဘာေပါ့ . . .”
“ေနာက္ၿပီး တျခားေဆးပင္ ၄၀၀ ေလာက္လည္း ပါတယ္ . . .”
ရဲ႐ွန္စင္မွ သြားမ်ားေပၚေအာင္ ျပဳံးလိုက္ရင္းျဖင့္ ေျပာလိုက္ပါေတာ့သည္။
#translator
#ေႂကြ႐ြက္ဝါ
အခန္း (၁၀၄၂)(စာစဥ္ ၇၅- အပိုင္း ၆)
“သက္တန္႔ေရာင္ သစ္ၾကမ္းပိုးသီး”
“ေကာင္းတယ္ . . .”
“သိပ္ေကာင္းတယ္ . . .”
ရဲ႐ွန္ခ်န္ ေခါင္းညိတ္၍ ခ်ီးက်ဴးစကားဆိုလိုက္၏။
“ၾကည့္ရတာေတာ့ ငါတို႔ရဲမ်ိဳးႏြယ္က အရင္ဆုံး႐ႈံး ခဲ့တာေတြကို ျပန္ယူႏိုင္ခဲ့တာ ထင္တယ္ . . .”
“ပိုၿပီးေတာ့ေတာင္ ေအာင္ျမင္မႈ ရလာတယ္ ေျပာ ရမယ္၊ အလယ္အလတ္ သက္တမ္းကို ေက်ာ္လြန္ေန တဲ့ မွင္ေရာင္အားျဖည့္ ၾကာပန္းေတြဆိုတာ တကယ္ ကို ႐ွားတယ္ . . .”
“အရည္အေသြးျမင့္တဲ့ ၾကာပန္းေတြေလာက္ တန္ ဖိုးမ႐ွိႏိုင္ေပမယ့္ တိမ္ျမဴခိုး နန္းေတာ္အတြက္ေတာ့ ေက်နပ္ေစႏိုင္မွာပါ . . .”
“အခုဆိုရင္ ရဲမ်ိဳးႏြယ္စုက လုံျခဳံသြားၿပီ ဒါေပမယ့္ လီမ်ိဳးႏြယ္က အေစာႀကီး ထြက္သြားေတာ့ လမ္းမွာ ငါတို႔ကို ေစာင့္ေနႏိုင္တယ္ . . .”
“အဲဒါေၾကာင့္မလို႔လည္း ဟိုလူႏွစ္ေယာက္ကို ငါ တို႔နဲ႔ အတူလိုက္ဖို႔ ဖိတ္ေခၚလိုက္တာပဲ . . .”
“ဒါေပမယ့္ သူတို႔ မလိုက္လာကေတာ့ စိတ္ပ်က္ စရာပဲ၊ ဒါက ရဲမ်ိဳးႏြယ္စုရဲ႕ အနာဂတ္နဲ႔ ပတ္သက္ေန တယ္၊ ငါတို႔ အေလွ်ာ့ေပးလို႔ မျဖစ္ဘူး . . .”
“ေကာင္းပါၿပီ . . .”
“အားလုံး ဂ႐ုစိုက္ၾကေဟ့ . . .”
“ငါတို႔ရဲ႕ အိမ္ကို ေရာက္ဖို႔အတြက္ မိုင္ ၄၀၀ နီးပါး ေလာက္ ႐ွိတာဆိုေတာ့ ျမန္ျမန္သြားၾကတာေပါ့ . . .”
“အိမ္ကို ျမန္ျမန္ျပန္ၾကမွ ျဖစ္မယ္ . . .”
“ေကာင္းပါၿပီ . . .”
ထိုသို႔ျဖင့္ ရဲမ်ိဳးႏြယ္မွ လူမ်ားလည္း လ်င္ျမန္စြာ ထြက္ခြာသြားေတာ့သည္။
. . .
ခရီးႏွင္ေနေသာ္လည္း ရဲ႐ွန္ခ်န္၏ မ်က္ႏွာကမူ မသာမယာ ျဖစ္ေနေလသည္။
“စိတ္ညစ္စရာပဲ . . .”
“ညီေလးရဲကေတာ့ အဆင္ေျပမွာပါ . . .”
“သူနဲ႔ ငါတို႔မ်ိဳးႏြယ္စုက တစ္နည္းတစ္ဖုံ ပတ္ သက္မႈ ႐ွိေနမယ္လို႔ ငါ့စိတ္ထဲ ထင္ေနမိတယ္ . . .”
ရဲ႐ွန္ခ်န္ သက္ျပင္းခ်ရင္း ေျပာလိုက္ပါေတာ့ သည္။
. . .
“က်ဳပ္တို႔ ဘာဆက္လုပ္ၾကမလဲ . . .”
ဟန္ပိုင္ယြဲ႕က ႐ႊမ္ပိုင္အား ၾကည့္ရင္း ေမးလိုက္ သည္။
“ေစာင့္မယ္ . . .”
“ဘယ္ေလာက္ၾကာၾကာလဲ . . .”
“သူထြက္လာတဲ့အထိ . . .”
“သူက ရက္နဲ႔ခ်ီၿပီး ၾကာေနရင္ေရာ . . .”
“ဒါဆိုလည္း ကြၽန္မတို႔ရက္နဲ႔ခ်ီၿပီး ေစာင့္တာေပါ့”
“ဒါဆို လခ်ီၿပီး ၾကာရင္ေရာ . . .”
“လနဲ႔ခ်ီၿပီး ေစာင့္မယ္ . . .”
“ႏွစ္နဲ႔ခ်ီၿပီး ဆိုရင္ေရာ . . .”
ဟန္ပိုင္ယြဲ႕၏ ႏႈတ္မွ အဆက္မျပတ္ပင္ ေမးလိုက္ သည္။
“ဘုန္း ဘုန္း ဘုန္း . . .”
“သနားပါဦး က်ဳပ္ကို ခြင့္လႊတ္ပါ . . .”
“က်ဳပ္ ေတာင္းပန္ပါတယ္ . . .”
“က်ဳပ္ ေစာင့္ပါ့မယ္ ဘယ္ေလာက္ၾကာၾကာ က်ဳပ္ ေစာင့္ပါ့မယ္ . . .”
“အမေလး ေသပါၿပီဗ် . . .”
. . .
“ခြၽမ္ ခြၽမ္ ခြၽမ္ . . .”
႐ႊမ္ပိုင္ႏွင့္ ဟန္ပိုင္ယြဲ႕တို႔ ႏွစ္ဦးလုံး တိုက္သံခိုက္ သံမ်ားကို ၾကားလိုက္ရသည္။
ထိုအသံမ်ားက မလြဲဧကန္ ရဲမ်ိဳးႏြယ္ႏွင့္ လီမ်ိဳး ႏြယ္တို႔၏ တိုက္ခိုက္သံမ်ားပါပင္။
ဟန္ပိုင္ယြဲ႕ အသံလာရာဆီသို႔ လွမ္းေမွ်ာ္၍ ၾကည့္ လိုက္သည္။
သို႔ေသာ္ ႐ႊမ္ပိုင္ကမူ အနည္းငယ္မွ် စိတ္မဝင္စား။
မ်က္လုံး အၾကည့္ျဖင့္ပင္ လွမ္းမၾကည့္ျခင္း ျဖစ္ သည္။
သူတို႔အတြက္ မည္သည့္ဘက္မွ အႏိုင္ရပါေစ၊ မည္သူမ်ား ေသဆုံးသြားပါေစ အေရးမႀကီးေပ။
ထိုလူမ်ားက ၎တို႔ႏွင့္ မပတ္သက္သည့္ လူမ်ား ပင္ မဟုတ္ပါလား။
ထို႔ေၾကာင့္ မ်ိဳးႏြယ္စု ႏွစ္စုမွ လူမ်ားအားလုံး ေသ သြားလွ်င္ပင္ ဂ႐ုစိုက္ၾကလိမ့္မည္ မဟုတ္ေခ်။
ထိုအေျခအေနမ်ိဳးတြင္ ၎တို႔အေနျဖင့္ သြား ၾကည့္ရန္ လိုအပ္ပါမည္ေလာ။
ထို႔ျပင္ ထိုသို႔ တိုက္ခိုက္ၾကသည့္ တိုက္ပြဲေပါင္း မ်ားစြာကိုလည္း သူတို႔ ႀကိမ္ဖန္မ်ားစြာ ေတြ႕ဖူးခဲ့ၾက သည္။
ထို႔ေၾကာင့္ ယခု ျဖစ္ေနသည့္ ရဲမ်ိဳးႏြယ္ႏွင့္ လီမ်ိဳး ႏြယ္စုတို႔ၾကား တိုက္ပြဲမွာ ၎တို႔အတြက္ သာမန္ တိုက္ပြဲ တစ္ခုမွ်သာ။
အေရးမႀကီးသည့္ အရာတစ္ခုအတြက္ သူတို႔ အခ်ိန္မျဖဳန္းလိုသည္မွာ သဘာဝက်လွသည္။
လက္႐ွိတြင္ သူတို႔အတြက္ အေရးႀကီးသည္မွာ ရဲေ႐ွာင္ကိစၥသာ ျဖစ္ေနပါေတာ့သည္။
. . .
ရဲေ႐ွာင္မွာမူ စိတ္လႈပ္႐ွားၿပီးေနာက္ စိတ္တည္ၿငိမ္ စ ျပဳေနၿပီ ျဖစ္သည္။
သူသည္လည္း ဟင္းလင္းျပင္ ၉ ခုကို ပိုင္ဆိုင္ထား သည့္ ႂကြယ္ဝခ်မ္းသာသည့္ လူပင္ မဟုတ္ပါလား။
သို႔ေသာ္ ယခု သူျမင္ေတြ႕ေနရသည့္ ျမင္ကြင္းကမူ အျခားျမင္ကြင္းမ်ားႏွင့္ မတူ။
အလြန္အံ့ဩဖြယ္ပင္ ေကာင္းလြန္းေနသည္။
စိတ္ေက်နပ္စရာ ေကာင္းသည့္ အရာမ်ားစြာကို ျမင္ေတြ႕ဖူးသည့္တိုင္ ယခုအရာမွာမူ တစ္မူထူးျခားေန ျခင္းပင္ ျဖစ္သည္။
ပထမဆုံး သူၾကည့္မိသည့္ အရာက သက္တန္႔ ေရာင္ သစ္ၾကမ္းပိုးပင္ ျဖစ္၏။
ေကာင္းကင္ ၿပိဳက်လာလွ်င္ပင္ တည္ၾကည္မႈ မပ်က္ေအာင္ ေနႏိုင္သည့္ သူလိုလူမွာ ယခုအခါတြင္ စိတ္တည္ၿငိမ္ေအာင္ မနည္းႀကိဳးစားေနရသည္။
အထူးသျဖင့္ ထိုသစ္ၾကမ္းပိုးပင္ကို စျမင္ခဲ့သည့္ ဟန္ပိုင္ယြဲ႕ထက္ပင္ စိတ္လႈပ္႐ွားေနမိျခင္း ျဖစ္၏။
ထိုသို႔ စိတ္လႈပ္႐ွားေနျခင္းကလည္း အျပစ္မဆို သာ။
အဆိုပါ သက္တန္႔ေရာင္ သစ္ၾကမ္းပိုးသီးမွာ သူ၏ ဟင္းလင္းျပင္ႀကီးထဲ၌ပင္ မ႐ွိႏိုင္သည့္ အရည္အေသြး မ်ိဳး ျဖစ္ေနသည္ မဟုတ္ပါလား။
ယခုအခါ အသက္ဝင္လွသည့္ ေလးလႊာေျမာက္၏ ျမင္ကြင္းအား သူ႐ွင္းလင္းစြာ ျမင္ေတြ႕လိုက္ရေခ်ၿပီ။
ထို႔ျပင္ သစ္ၾကမ္းပိုးသီးမ်ားကို ျမင္ေတြ႕လိုက္ရစဥ္ ရဲေ႐ွာင္ အလြန္အံ့ဩသြားခဲ့ရသည္။
တန္ဖိုးႀကီးလွသည့္ ထိုအသီးမ်ားမွာ အပင္ေပၚ၌ အနည္းဆုံး အလုံး ၅၀ ခန္႔ပင္ ႐ွိေနသည္ မဟုတ္ပါ လား။
ထိုျမင္ကြင္းက ၾကည္လင္လွသည့္ ပုလဲလုံးေလး မ်ားအား ခ်ိတ္ဆြဲထားသလိုပါပင္။
ထိုသို႔ လွရက္လြန္း၍ ၾကည့္႐ုံျဖင့္ပင္ ခ်က္ခ်င္းယူ စားပစ္ခ်င္စိတ္ေပါက္ေအာင္ ဆြဲေဆာင္ႏိုင္လြန္းသည္။
“၁ ၂ ၃ ၄ . . .”
. . .
“၁၉ ၃၅ ၇၇ . . .”
ရဲေ႐ွာင္ အသီးမ်ားကို ေရတြက္ေနျခင္း ျဖစ္၏။
ထိုသို႔ ေရတြက္ျခင္းကလည္း အသီးမ်ားကို ခူးရင္း ျဖင့္ ေရတြက္ေနျခင္းပါပင္။
“ေကာင္းလိုက္တာ . . .”
“အမ်ားႀကီးပါလား . . .”
ထိုသို႔ျဖင့္ ခူးယူၿပီးသည့္အခါ သစ္ပင္ကိုပင္ႏႈတ္၍ ဟင္းလင္းျပင္အတြင္း ပစ္ထည့္လိုက္ပါေသးသည္။
“ငါနဲ႔ လိုက္ခဲ့ . . .”
“ဒီမွာ အသီးသီးႏိုင္ဖို႔ ဘယ္ေလာက္ေတာင္ ၾကာခဲ့ တာလဲ . . .”
“ဘယ္လိုပဲျဖစ္ျဖစ္ ဒီေနရာႀကီး တစ္ခုလုံးက ငါ့ အတြက္ပဲ . . .”
ရဲေ႐ွာင္အဖို႔ အသီးမ်ားကို ခူးသည့္အျပင္ သစ္ပင္ ကိုပါ ယူလိုက္ရသည့္အတြက္ စိတ္ထဲ ေနာင္တရျခင္း အလ်ဥ္းမ႐ွိေပ။
သို႔ေသာ္ အပင္ကို ဆြဲႏႈတ္လိုက္သည့္ အခ်ိန္တြင္မူ ထူးျခားမႈတစ္ခုကို သူျမင္ေတြ႕လိုက္ရေလသည္။
သက္တန္႔ေရာင္ သစ္ၾကမ္းပိုးသီးက တန္ဖိုး႐ွိ၍ အဖိုးတန္သည္ ဆိုေသာ္ျငား သူထပ္မံ ျမင္ေတြ႕လိုက္ရ သည္ႏွင့္ယွဥ္လွ်င္မူ အမႈန္အမႊားသာ ျဖစ္ေနသည္။
ရဲေ႐ွာင္ ျမင္ေတြ႕လိုက္ရသည့္ အရာမွာ မည္သည့္ အရာျဖစ္ႏိုင္သနည္း။
သစ္ပင္၏ အျမစ္ပတ္ပတ္လည္၌ စိတ္စြမ္း အင္ ခ်ီဓာတ္မ်ားစြာ ႐ွိေနျခင္းပါပင္။
“အသီးဆိုတာ အပင္ေအာက္ေျခကိုပဲ ေႂကြက်တဲ့ သေဘာပဲ . . .”
“ဘုရား ဘုရား ဒီေနရာမွာ ဘယ္ေလာက္ေတာင္ အလဟႆ ျဖစ္ခဲ့တာလည္း မသိဘူး . . .”
ရဲေ႐ွာင္ ေတြးရင္း အသက္ျပင္းျပင္း ႐ွဴလိုက္မိ သည္။
သစ္ပင္၏ ေအာက္ေျခ၌ သိပ္သည္းလွသည့္ စိတ္ စြမ္းအင္ ခ်ီဓာတ္မ်ား ထူထပ္စြာ ႐ွိေနၿပီး ၾကည္လင္၍ လွပသည့္ အေရာင္အဆင္းမ်ိဳးလည္း ႐ွိေနသည္။
စင္စစ္ အစိုင္အခဲကဲ့သို႔ ျဖစ္တည္ေနျခင္းပင္။
သက္တန္႔ေရာင္ သစ္ၾကမ္းပိုးပင္က အပြင့္ပြင့္ရန္ ႏွစ္ ၁၀၀၀ ၾကာသည္။
အသီးသီးရန္ အတြက္လည္း ႏွစ္ ၁၀၀၀ ခန္႔ၾကာ ႏိုင္ၿပီး၊ ထိုအသီးရင့္မွည့္ရန္မွာမူ ႏွစ္ ၁၀၀၀ ခန္႔ ထပ္ ၾကာႏိုင္ေလသည္။
ထိုသို႔ ရင့္မွည့္ၿပီးေနာက္တြင္ အသီးမွာ သစ္ပင္ ေပၚ၌ ရက္ ၁၀၀ ႐ွိေနၿပီး ထိုရက္ ၁၀၀ ေက်ာ္ပါက ေအာက္သို႔ ေႂကြက်မည္သာ။
ထို႔ေနာက္တြင္ အသီးက ပတ္ဝန္းက်င္႐ွိ စိတ္စြမ္း အင္ခ်ီဓာတ္မ်ားကို စုပ္ယူမည္ ျဖစ္သည္။
ထို႔ျပင္ ထိုအသီးက သဘာဝ ေဘးအႏၲရာယ္ အမ်ိဳးမ်ိဳးကိုလည္း ကာကြယ္ေပးႏိုင္စြမ္း ႐ွိသည္။
ထိုမွ်မက အခ်ိန္မည္မွ်ၾကာၾကာ အေကာင္းတိုင္း ႐ွိေနမည္ ျဖစ္ၿပီး ပုပ္သိုးလိမ့္မည္ မဟုတ္ေခ်။
လုံေလာက္ေသာ ခ်ီဓာတ္မ်ားသာ ႐ွိေနမည္ဆိုပါ က အဆက္မျပတ္ ရင့္မွည့္လာႏိုင္ေလသည္။
အျခားေသာ အပင္မ်ားကဲ့သို႔ တကူးတက ဂ႐ုစိုက္ စရာမလိုသည့္ အပင္မ်ိဳးလည္း ျဖစ္သည္။
အထူးဆန္းဆုံး အခ်က္မွာ အသီးမ်ား ေျမျပင္ေပၚ သို႔ ေႂကြက်သည့္တိုင္ မစားပစ္မခ်င္း ထိုအတိုင္းသာ ထာဝရ ႐ွိေနေပလိမ့္မည္။
ထိုအခ်က္ကလည္း စဥ္းစားၾကည့္မည္ ဆိုပါက က်ိဳးေၾကာင္း ဆီေလ်ာ္မႈ႐ွိသည့္ အခ်က္ဟုပင္ ဆိုရ မည္။
အသီးျဖစ္တည္ရန္ အတြက္ပင္ ႏွစ္ေပါင္း ၃၀၀၀ ေက်ာ္ ၾကာျမင့္သည့္ အသီးမ်ိဳးက ေျမေပၚသို႔ ေႂကြက် ႐ုံျဖင့္ ပ်က္စီးသြားရပါမည္ေလာ။
ထို႔ျပင္ ထိုအသီး၌ အျခားေသာ ဂုဏ္သတၱိတစ္မ်ိဳး လည္း ႐ွိေနပါေသးသည္။
ေျမျပင္ေပၚသို႔ ေႂကြက်ၿပီး အျမစ္နားတြင္သာ ႐ွိ ေနမည္ဆိုပါက အျမစ္မ်ားမွ အသီးအား သန္႔စင္သည့္ ခ်ီဓာတ္မ်ားအျဖစ္ ေျပာင္းလဲေပးလိုက္မည္သာ။
ထို႔ေၾကာင့္ ထိုအသီးသီးသည့္ အပင္၏ အျမစ္၌ ထူးဆန္းသည့္ နာမည္တစ္မ်ိဳး ထပ္႐ွိေနပါေသးသည္။
စိတ္စြမ္းအင္ အျမစ္ဆိုသည့္ နာမည္ပင္ ျဖစ္၏။
စိတ္စြမ္းအင္ ခ်ီဓာတ္မ်ား အျမစ္နား၌ ပိုစုေဆာင္း လာမိသည့္အခ်ိန္ တျဖည္းျဖည္းျဖင့္ ဖေယာင္းကဲ့သို႔ ခပ္ေပ်ာ့ေပ်ာ့ အစိုင္အခဲအျဖစ္ ျဖစ္တည္လာသည္။
ထိုအစိုင္အခဲမ်ားမွာ သန္႔စင္သည့္ စိတ္စြမ္းအင္ ခ်ီဓာတ္မ်ား စုစည္းမႈဟုလည္း ဆိုႏိုင္သည္။
အလြန္ထူးျခားသည့္ ျဖစ္တည္မႈမ်ားပါပင္။
ဂိုဏ္းႀကီး ခုႏွစ္ခုကဲ့သို႔ ယခုနယ္ပယ္၌ ႏွစ္ေပါင္း ေသာင္းခ်ီ သမိုင္း႐ွိသည့္ အဖြဲ႕အစည္းမ်ိဳး၌ပင္ ထိုသို႔ ေသာ အစိုင္အခဲမ်ိဳး မ႐ွိႏိုင္သည္မွာ ေသခ်ာလွသည္။
ထို႔ေၾကာင့္ အလြန္႐ွားပါး၍ တန္ဖိုး႐ွိသည့္ ရတနာ တစ္ပါးဟုပင္ ဆိုႏိုင္ေလသည္။
ထို႔ျပင္ ယခုအပင္ေအာက္ေျခ၌ ႐ွိသည့္ အစိုင္အခဲ မ်ားမွာ ေျခမ်က္စိျမဳပ္သည္အထိ ထူထပ္လွၿပီး အ က်ယ္အားျဖင့္လည္း ၁၀ ေပနီးပါး က်ယ္ဝန္းလွသည္။
ထို႔ေၾကာင့္ ယခုကဲ့သို႔ စိတ္စြမ္းအင္ အစိုင္အခဲ ႀကီးမ်ား ျဖစ္ေပၚေစရန္ အသီးေပါင္း ေထာင္ႏွင့္ခ်ီ၍ ေႂကြက်ခဲ့ရမည္ဟု ရဲေ႐ွာင္ ေတြးလိုက္မိသည္။
သခ်ၤာနည္း သေဘာတရားအရ စဥ္းစားၾကည့္မည္ ဆိုပါက အသီးရင့္မွည့္ရန္မွာ ႏွစ္ေပါင္း ၃၀၀၀ ခန္႔ ၾကာႏိုင္သည္။
တစ္ခါသီးလွ်င္လည္း အလုံး ၁၀၀ ထပ္ မပိုႏိုင္ ေလာက္ေခ်။
ထိုအခ်င္းအရာကို ၾကည့္ျခင္းအားျဖင့္ ဆယ္ႀကိမ္ ေလာက္ သီးမွသာ ယခုကဲ့သို႔ အစိုင္အခဲမ်ား ျဖစ္လာ ႏိုင္ေပမည္။
ထိုသို႔ဆိုလွ်င္ ယခုသစ္ပင္ႀကီးမွာ ရာစုႏွစ္ေပါင္း ေထာင္ႏွင့္ခ်ီ၍ တည္႐ွိခဲ့သည္မွာ ေသခ်ာလွသည္။
(မယုံႏိုင္စရာပဲ . . .)
(အံ့ဩစရာ ေကာင္းလိုက္တာ . . .)
ရဲေ႐ွာင္လည္း အဆိုပါ အစိုင္အခဲမ်ားကို သူ၏ ဟင္းလင္းျပင္အတြင္း ပစ္ထည့္လိုက္ျပန္သည္။
အသီး၏ အသားမွာ ပါးလႊာလွၿပီး ေ႐ႊေရာင္ကဲ့သို႔ အဆင္း႐ွိသည္။
သို႔ေသာ္ ထိုသို႔ ပါးလႊာသည့္တိုင္ အသီးထဲ႐ွိ ခ်ီဓာတ္စြမ္းအင္မ်ား အျပင္သို႔ ထြက္ေပၚသြားျခင္းမ်ိဳး မ႐ွိေပ။
စိတ္စြမ္းအင္ အျမစ္မွ အသီးမ်ားအား စိတ္စြမ္း အင္ အစိုင္အခဲမ်ားအျဖစ္ေအာင္ ေျပာင္းလဲပစ္လိုက္ ျခင္းသာ ျဖစ္၏။
ထိုသို႔ မေျပာင္းလဲပစ္ပါက ရဲေ႐ွာင္အဖို႔ အသီးမ်ား စြာကို ရ႐ွိမည္ ျဖစ္ပါေတာ့သည္။
#translator
#ေႂကြ႐ြက္ဝါ