အခန်း (၉၉၉)(စာစဉ် ၇၂- အပိုင်း ၅)
"ဦးလေးဆောင်"
ဆောင်ဝုရန်၏ အင်အားစု ပြိုကွဲသွားခြင်းကြောင့် ဆောင်မျိုးနွယ်စု ထိန်းချုပ်ထားသည့် နေရာများမှ လူ များမှာ ခြိမ့်ခြိမ့်သဲ အောင်ပွဲခံကြလေသည်။
ယခင်က ၎င်းတို့အဖို့ မတရားဖိနှိပ်ခံခဲ့ရ၍ ယခုလို တရားမျှတမှု ပြန်ရချိန်၌ ပျော်ရွှင်နေကြခြင်း ဖြစ်၏။
လူအချို့ဆိုလျှင် ဆောင်မျိုးနွယ်၏ အိမ်တော်ရှေ့ သို့ပင် ရောက်လာပြီး ကျေးဇူးတင်သည့်အနေဖြင့် အရို အသေပြုကြသည်။
ထိုအခြင်းအရာကြောင့် ဆောင်မျိုးနွယ်စုမှ ခေါင်း ဆောင်ပိုင်းများအဖို့ ရှက်ရွံ့ဖွယ်အတိပင် ဖြစ်ခဲ့ရသည်။
ယခင်က ဆောင်ဝုရန်တို့မှာ လူများအပေါ် ဖိနှိပ်ခဲ့ သည်ကို သိသည့်တိုင် ၎င်းတို့၏ စိတ်ထဲ၌ အလေး အနက် မထားခဲ့ကြပေ။
ထို့ပြင် လူအများအပြားမှ ၎င်းတို့ကို မုန်းတီးနေခဲ့ သည်ကိုလည်း မသိခဲ့ကြချေ။
ယခုအခါမှသာ လူများ ပျော်ရွှင်နေသည်ကို ကြည့် ရင်း ဆောင်မျိုးနွယ်မှ သက်ကြီးဝါကြီးများမှာ သိက္ခာ ကျသလို ခံစားနေရသည်။
ဆောင်မျိုးနွယ်မှာ ယခုနေရာ၏ အုပ်ချုပ်သူ ဖြစ် သည့်တိုင် လူများ၏ မုန်းတီးခြင်း ခံခဲ့ရသည် မဟုတ်ပါ လား။
သို့သော် အပြင်ဘက်မှ ရောက်လာသည့် လူသုံးဦး မှ ဆောင်ဝုရန်နှင့် အပေါင်းပါများကို ရှင်းပစ်လိုက်ချိန် တွင် အမှားမှ အမှန်ဖြစ်လာခဲ့သည်။
ထိုလူများမှာ ၎င်းတို့၏ မျိုးနွယ်စုအတွက် တရား မျှတမှုကို ဆောင်ကြဉ်းပေးလာခဲ့ချေပြီ။
တဖြည်းဖြည်းဖြင့်လည်း ဆောင်ရွှမ် အပေါ်ထားရှိ သည့် လူများ၏ သဘောထားများ ပြောင်းလဲခဲ့သည်။
(ဒီကောင်လေးက လူကောင်းလေးပဲ . . .)
(ဒီကောင်လေးရဲ့ အနာဂတ်က အရမ်းကို ဖြောင့် ဖြူးသွားပြီ . . .)
. . .
သုတ်သင် ရှင်းလင်းမှုများပြီးနောက် အရာအားလုံး ပုံမှန် ဖြစ်သွားသည့် နေ့တစ်နေ့ ဖြစ်သည်။
ထိုစဉ် ရဲရှောင်မှ အားလုံး မထင်မှတ်ထားသည့် မေးခွန်းတစ်ခုကို မေးလိုက်၏။
"ဦးလေးဆောင် . . ."
"ဦးလေးဆောင်ဂျူက အိမ်မှာရှိလား . . ."
ရဲရှောင်မှ ပြုံးလျက် မေးလိုက်သည်။
"သူရှိရင် ကျုပ် တွေ့ချင်တယ်လို့ ပြောပေးပါလား၊ ကျုပ်ထက် အသက်ပိုကြီးတဲ့ လူကြီးတစ်ယောက်ကို ကျုပ်ဘက်ကပဲ တလေးတစားနဲ့ သွားတွေ့သင့်တာပါ၊ ဒါပေမယ့် အခု အခြေအနေအရ အဲဒီလို သွားတွေ့ဖို့ လည်း မဖြစ်လို့ပါ . . ."
"အဲဒါကြောင့် ကျုပ်ဆီကိုပဲ ဦးလေးဆောင်ကို ခေါ် လာပေးလို့ ရမလား . . ."
"ဆောင်ဂျူ . . ."
"ဦးလေးဆောင် ဟုတ်လား . . ."
အဘိုးကြီးများမှာ မျက်လုံးများ ပြူးကျယ်ရင်းဖြင့် မေးလိုက်သည်။
သူတို့ ကြားလိုက်ရသည့် စကားကြောင့်လည်း ရဲရှောင်ကို တအံ့တဩ ကြည့်နေကြသည်။
တခဏအကြာတွင်မူ အားလုံး သဘောပေါက်သွား ကြလေသည်။
(ဒီကောင်လေးက ဆောင်ဝုရန်ကို ဆန့်ကျင်ခဲ့ပြီး ဆောင်ရွှမ်ကို မြှင့်တင်ပေးခဲ့တယ်ဆိုတာ လက်စသတ် တော့ သူနဲ့ ဆောင်ဂျူက သိလို့ကိုး . . .)
(ဆောင်ဂျူမှာ ဘယ်တုန်းက ဒီလို အစွမ်းထက်တဲ့ မိတ်ဆွေမျိုး ရှိသွားရတာလဲ . . .)
ရဲရှောင်မှ ဆောင်ဂျူနှင့် တွေ့နိုင်ရန် ဆောင်ရွှမ်ကို အသုံးချခဲ့ခြင်း ဖြစ်မည်ဟုလည်း တွေးထင်မိလိုက်ကြ သည်။
(သူက ဆောင်ရွှမ်ကို ရေစက်ပါလို့ တွေ့ရတယ်လို့ ပြောခဲ့တယ်၊ နောက်ပြီး ဆောင်ရွှမ်ကိုလည်း မျက်နှာ သာ ပေးခဲ့သေးတယ်၊ တကယ်တော့ ဒါကဆင်ခြေ တစ်ခုပဲ . . .)
(တကယ့် အမှန်တရားက ဆောင်ဂျူနဲ့ မိတ်ဆွေ ဖြစ်နေလို့သာပေါ့ . . .)
(ဒါမှမဟုတ် အဲဒီမိတ်ဆွေက သူကိုယ်တိုင် မလာ ဘဲ သူ့သားကို လွှတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ)
(တော်တော်ကို အားကောင်းတဲ့ အထောက်အပံ့ တစ်ခုပါလား၊ မျိုးနွယ်စုထဲမှာ ဆောင်ဂျူကတော့ အင် အားအကြီးဆုံး လူကို ဖြစ်လာတော့မယ် . . .)
(ဒီကောင်လေးကလည်း အတော်ကြီးကို အစွမ်း ထက်တယ် ဒါပေမယ့် သူလို လူမျိုးက ဆောင်ဂျူကို တောင် တလေးတစားနဲ့ ဦးလေးဆောင်လို့ ခေါ်တယ် ပေါ့လေ . . .)
ဆောင်မျိုးနွယ်မှ သက်ကြီးဝါကြီးများအဖို့ အံ့ဩ လွန်း၍ ပြောစရာစကား ရှာမရအောင် ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် စိတ်ထဲ၌လည်း ကြိတ်မနိုင် ခဲမရပင် ဖြစ်သွားကြသည်။
ဆောင်ဂျူ၌ ယခုကဲ့သို့ အင်အားတောင့်တင်းသည့် မိတ်ဆွေမျိုး ရှိသည်ကိုသာ ကြိုသိခဲ့ပါက ဆောင်ဂျူ အပေါ် နိမ့်ချဆက်ဆံခဲ့မည် မဟုတ်ချေ။
အကယ်၍ လက်ရှိတွင် ဆောင်ဂျူ၏ အစ်ကိုသာ မျိုးနွယ်စုခေါင်းဆောင် ဖြစ်နေပါက ၎င်းတို့မျိုးနွယ်၏ အနာဂတ်လည်း ပိုဖြောင့်ဖြူးသွားနိုင်သည်။
သို့သော် မျိုးနွယ်စု တစ်ခုလုံးမှာ ဆောင်ဂျူနှင့် သူ၏ အစ်ကိုဖြစ်သူတို့အား အဆုံးစွန်ထိရောက်အောင် တွန်းပို့ခဲ့ကြသည်။
ထိုသို့သော အချိန်မျိုးတွင် ဆောင်ဂျူ၏ အင်အား ကြီးသည့် မိတ်ဆွေဆိုသူမှာ ပေါ်လာခဲ့သည်။
ဆောင်မျိုးနွယ်စုအဖို့ ၎င်းတို့ လုပ်ခဲ့သည့် လုပ်ရပ် များအတွက် အရှက်ရစရာပင် ဖြစ်ခဲ့သည်။
ရဲရှောင်မှာမူ မည်သည့် စကားမှ မပြော၊ ပြုံးရုံသာ ပြုံးကြည့်နေသည်။
အဘိုးကြီးများ၏ ရှက်အမ်းအမ်း ဖြစ်နေသည့် ပုံစံ ကိုသာ ကြည့်ရင်း သူ့စိတ်ထဲ ရယ်ချင်နေမိသည်။
ဆောင်မျိုးနွယ်မှာ နိမိတ်စီရင်စုအတွင်း၌ အင်အား အကြီးဆုံးဖြစ်သော်လည်း ဆောင်ဂျူနှင့် ဆောင်ရွှမ်တို့ ကိုမူ ချောင်ထိုးထားခဲ့သည်။
ထို့ကြောင့် နောက်ပိုင်းတွင်မူ မျိုးနွယ်စုနှင့် ပတ် သက်လျှင် ဆောင်ဂျူထံ၌ အရာရာပုံအပ်ခဲ့ရန် ရဲရှောင် တွေးလိုက်မိသည်။
ထိုသို့သာ ဆိုပါက ဆောင်မျိုးနွယ်၏ ပဲ့ကိုင်ရှင်မှာ ဆောင်ဂျူဖြစ်လာပြီး မည်သူမှ ဆန့်ကျင်တော့မည် မဟုတ်ကြောင်းလည်း တွေးလိုက်မိပါတော့သည်။
. . .
အိမ်တော်၏ အနောက်ဘက်တွင် ဖြစ်သည်။
ဆောင်ဂျူမှာ လက်တစ်ဖက်၌ ကြက်ခြေထောက် ရိုးကို ကိုင်ပြီး ကျန်လက်တစ်ဖက်၌ သေရည်အိုးကို ကိုင်ကာ သောက်စားနေသည်။
သူ့အဖို့ ပျော်၍ သောက်နေခြင်း မဟုတ်၊ နွမ်းလျ နေသည့် စိတ်အစဉ်ကို ကုစားလိုခြင်းကြောင့် သောက် နေရခြင်းသာ။
သူ့ကြောင့်နှင့် အစ်ကိုဖြစ်သူမှာ မျိုးနွယ်စု ခေါင်း ဆောင်နေရာမှ ဖယ်ပေးလိုက်ရ၍ စိတ်ထဲ၌ တနုံနုံ ဖြစ် နေရသည်။
ထိုကိစ္စကိုလည်း ယခုနယ်မြေသို့ ပြန်ရောက်သည့် အခါမှသာ သိခဲ့ရသည်။
ရဲနန်ရှန်ပင် မော်တယ်ကမ္ဘာ၌ ရှိစဉ်တွင် ရဲမျိုးနွယ် ၏ အထောက်အပံ့ကို အမြဲလိုလို ရရှိခဲ့သည်။
သို့သော် ဆောင်ဂျူမှာမူ သူ့မျိုးနွယ်ထံမှ မည်သည့် အကူအညီကိုမှ မရခဲ့ဖူးချေ။
ထိုကိစ္စနှင့် ပတ်သက်၍ အပြင်ပန်း၌ ခံစားချက်မဲ့ သလို နေခဲ့သော်လည်း စိတ်ထဲ၌မူ အလွန်ဝမ်းနည်းခဲ့ ရသည်။
သို့သော် မျိုးနွယ်စုမှ အဘယ့်ကြောင့် သူ့အား ပစ် ထားရသည်ကို ပြန်ရောက်သည့်အခါမှသာ သိခဲ့သည်။
သူ၏ အစ်ကိုဖြစ်သူမှာ သူ့အား အဆင့်နိမ့်နယ်ပယ် သို့ နှင်လွှတ်ခဲ့ပြီး ကိုယ်တိုင်လည်း ဒုက္ခခံခဲ့သည်။
မျိုးနွယ်စုအတွင်း ဖယ်ကျဉ်ခံခဲ့ရပြီး မကြာခင်မှာ ပင် အဆိပ်မိခဲ့ရသည်။
ထို့ကြောင့် အစ်ကိုဖြစ်သူ၏ ကျင့်ကြံမှုအဆင့်မှာ ကိုးပုံတစ်ပုံခန့်ထိ လျော့ကျခဲ့ရသည်။
တစ်ချိန်တည်းမှာပင် တူဖြစ်သူမှာလည်း ရှင်လျက် နှင့် သေနေရသည့် အသုံးမဝင်သည့် လူတစ်ဦး ဖြစ်ခဲ့ရ သည်။
ထိုအဖြစ်အပျက်များကြောင့် ဆောင်ဂျူအဖို့ စိတ် နှလုံးကွဲကြေခဲ့ရပြီး မျိုးနွယ်စုကို စိတ်အနာကြီး နာခဲ့ရ သည်။
သူ့စိတ်အရဆိုလျှင် မျိုးနွယ်စု တစ်စုလုံးကိုပင် တစ်စစီ ဖြစ်သွားအောင် ဖြိုခွဲပစ်ချင်နေမိသည်။
သို့သော် ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆို စကားအတိုင်း မျိုးနွယ်စုမှာ သူ့အပေါ် မကောင်းသော် လည်း ကောင်းသည့် လူများမူ ရှိပါသေးသည်။
ထိုလူများမှာ ရဲနန်ရှန်နှင့် ရဲရှောင်တို့ပင် ဖြစ်သည်။
ယခု နယ်မြေသို့ ပြန်မလာခင်တွင်လည်း ရဲရှောင်မှ သူ့အား ဆေးလုံးအချို့ ပေးခဲ့သည်။
ထိုဆေးလုံးများနှင့် အစ်ကိုဖြစ်သူနှင့် တူဖြစ်သူတို့ အား ကုသနိုင်ခြင်း ရှိမရှိကို မသိသော်လည်း အလုပ် ဖြစ်မည်ကိုမူ ယုံကြည်နေမိသည်။
သို့သော် အသေအချာ စဉ်းစားပြီးနောက်တွင်မူ မ စမ်းသပ်တော့ရန် ဆုံးဖြတ်လိုက်သည်။
သူပြန်လာပြီးနောက်ပိုင်း အစ်ကိုဖြစ်သူနှင့် တူဖြစ် သူတို့ ရုတ်တရက် ပြန်ကောင်းသွားပါက လူတိုင်းမှ သူ လုပ်ပေးသည်ဟုသာ သိသွားကြလိမ့်မည်။
သူ့အဖို့ ယခင်ကထက် ပိုအစွမ်းထက် လာသည်မှာ မှန်သော်လည်း မျိုးနွယ်စုထဲတွင်မူ အစွမ်းထက်ဆုံး မ ဟုတ်သေးချေ။
ထို့ကြောင့် အချိန်ကောင်းကို စောင့်စားနေခြင်းပင် ဖြစ်၏။
ထို့ပြင် သူ့အပေါ်၌ လူများ အာရုံစိုက်လာမည်ကို လည်း မလိုချင်၍ အရှုပ်ထွေးများ ရှင်းနိုင်သည်အထိ စိတ်ရှည်ရှည်ဖြင့် စောင့်စားနေခြင်းသာ ဖြစ်သည်။
ထို့ကြောင့် သူ့လူများကို ကုသနိုင်သည့် ဆေးလုံး များ ရှိသည့်တိုင် အသုံးမပြုဘဲ လျှို့ဝှက်ထားခဲ့သည်။
ထိုအချိန် ပြင်ပမှ လာသည့် လူသုံးဦးမှ မျိုးနွယ်စု အတွင်း ပြဿနာ လာရှာသည်ကို သိသည့်အခါတွင် လည်း လျစ်လျူသာရှုခဲ့သည်။
တကယ်တမ်းတွင် ဆောင်မျိုးနွယ်ကို ဒုက္ခရောက် အောင် လုပ်နေသည့် အတွက်ပင် သူ့စိတ်ထဲ၌ ကြိတ် ကျေးဇူးတင်နေမိသည်။
သူ့အဖို့ အင်အားကြီးသော လူတစ်ဦးဦးမှ ဆောင် မျိုးနွယ်စုကို ဖျက်ဆီးသွားပါစေဟုသာ ဆုတောင်းနေ မိသည်။
(ဒီအသုံးမကျတဲ့ မျိုးနွယ်စုကြီးက ကမ္ဘာပေါ်မှာ ဘာလို့ တည်ရှိနေဦးမှာလဲ . . .)
ထိုအတွေးမှာ ဆောင်ဂျူ ဖြစ်စေချင်သည့် အတွေး ပင် ဖြစ်ပါတော့သည်။
#translator
#ကြွေရွက်ဝါ#Freeတင်တာအပိုင်း၁၀၀၀ပြည့်သွားပါပြီရှင်
အခန်း (၁၀၀၀)(စာစဉ် ၇၂- အပိုင်း ၆)
"ပြန်လည်ဆုံတွေ့ခြင်း"
ဆောင်မျိုးနွယ်စုသာ ပြိုကွဲသွားပါက အစ်ကို ဖြစ်သူနှင့် တူဖြစ်သူကို ခေါ်ကာ တစ်နေရာသို့ ထွက်သွားရန် ဆောင်ဂျူ ကြံရွယ်ထားသည်။
ရဲရှောင် ပေးလိုက်သည့် ဆေးလုံးများနှင့်သာ ဆိုပါက အခြားနေရာ၌ ဆောင်မျိုးနွယ်ကို ပြန် ထူထောင်ရန်မှာ မခက်ခဲလောက်ချေ။
"ပြဿနာတွေကတော့ ပြီးသွားပြီ"
တတိယ အိမ်တော်ထိန်းမှ ဆောင်ဂျူထံ ပြေးလာ ရင်း ပြောလိုက်သည်။
"နောက်ပြီး သခင်လေး . . ."
"သခင်လေးကို ဆရာကြီးက ခေါ်နေပါတယ် . . ."
ထိုစကားကြောင့် ဆောင်ဂျူမှာ အိမ်တော်ထိန်း အား နားမလည်ဟန် ကြည့်လိုက်သည်။
(ဒီလူ ရူးများ ရူးသွားပြီလား မသိဘူး)
(ဒီကို ပြန်ရောက်ကတည်းက ဘယ်သူမှ ငါ့ကို အဖတ်လုပ်ပြီး ဆက်ဆံတာ မဟုတ်ဘူး . . .)
(အခုကျ ရုတ်တရက်ကြီး အခေါ်အဝေါ်တွေ တောင် ပြောင်းသွားပါလား . . .)
(တလေးတစား ဆက်ဆံနေတာများ ငါ့ကို သူ့ရဲ့ အဘိုးလို ဘာလိုလိုနဲ့ . . .)
စင်စစ် ဆောင်ဂျူမှာ အခြေနေမှန်များကို မသိ သေး၍ ထိုသို့ အံ့ဩနေရခြင်းပင်။
အခြေနေများကို သိထားပြီးသည့် အိမ်တော်ထိန်း အဖို့ သူ့ကိုယ်သူ မြေးအဖြစ် ခံယူပြီး ဆောင်ဂျူကို အဘိုးဟုခေါ်ရန်ပင် ဝန်လေးနေမည် မဟုတ်ချေ။
ယခုအခါတွင် အိမ်တော်ထိန်းများအပြင် အခြားလူ များပါ ဆောင်ဂျူနှင့် ဆက်ဆံရေး ကောင်းမွန်ချင်နေ ကြပြီ ဖြစ်သည်။
ထို့ပြင် နဂိုတည်းက ဆက်ဆံရေး ကောင်းမွန် သည့် လူများမှာလည်း ပိုကောင်းမွန်သည့် ဆက်ဆံ ရေးကို တည်ဆောက်ချင်နေကြသည်။
(ဆောင်ရွှမ် ဘယ်လိုဖြစ်သွားလဲဆိုတာ ကြည့်စမ်း ပါဦး . . .)
(သူ့လိုမျိုး ဘယ်သူက မဖြစ်ချင်ဘဲ နေမှာလဲ၊ သူ့လို လူတိုင်း ဖြစ်ချင်ကြမှာပဲလေ)
"ဆောင်ချင်းရန် . . ."
"မင်းစိတ်လွတ်သွားပြီလား . . ."
ဆောင်ဂျူမှ အိမ်တော်ထိန်းအား မကြည်ကြည့် ကြည့်ရင်း ပြောလိုက်သည်။
"ဘာလဲ . . ."
"သူတို့က မင်းကို မသတ်သေးလို့လား၊ ရူးကြောင် ကြောင်နဲ့ ဘာတွေ လာပြောနေတာလဲ . . ."
တတိယ အိမ်တော်ထိန်းမှာ ရှက်အမ်းအမ်းဖြင့် -
"သခင်လေး . . ."
"သခင်လေးကတော့ နောက်နေပြန်ပါပြီ"
"ကျုပ်က အတည်ပြောနေတာပါ ဟဲဟဲ"
"ဘာဟဲဟဲလဲ ငါ့ကို လာနောက်နေတာလား . . ."
"ငါက မင်းနောက်စရာ မဟုတ်ဘူး"
ဆောင်ဂျူမှ မကျေမချမ်းဖြင့် ပြောလိုက်၏။
"မင်းက ငါ့သားလည်း မဟုတ်ဘူး၊ ငါ့ကို မျက်နှာ လာပြောင်ရအောင် မင်းကိုယ်မင်း ဘာထင်နေလဲ . . ."
တတိယ အိမ်တော်ထိန်းမှာ ကြောင်ငေးသွားရင်း-
"သခင်လေး . . ."
"ခင်ဗျားက ကျုပ်ကို အမြဲ မကြည်မလင် ဖြစ်နေ တာ ကျုပ်သိပါတယ် . . ."
"အဲဒီအတွက် ကျုပ်စိတ်ထဲ ဘာမှ မထားပါဘူး ဒါပေမယ့် အမှန်တိုင်း ပြောရရင် ခင်ဗျားနဲ့ ကျုပ် အဆင်ပြေတဲ့ ဆက်ဆံရေးမျိုး ရှိနေတာကိုသာ လူတွေ သိသွားရင် ဘာဖြစ်မယ်ထင်လဲ . . ."
"ကျုပ်နောက်မှာ ကျုပ်ကို မှီခိုနေရတဲ့ မိသားစုက လည်း ရှိသေးတယ် . . ."
"အဲဒါကြောင့်မလို့ အရင်က ဆက်ဆံခဲ့တာတွေ အတွက် ခွင့်လွှတ်ပါ . . ."
"နောက်ပြီး အရင်က သခင်လေးနဲ့ ကျုပ် ရင်းရင်း နှီးနှီးနဲ့ နီးနီးကပ်ကပ် မရှိခဲ့ပေမယ့် ပြဿနာလည်း မရှာခဲ့ဖူးဘူး၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာမျိုးလည်း မရှိဘူးလေ . . ."
"အဲဒီအချက်တွေကို ထောက်ထားပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ . . ."
"အခုကစပြီး သခင်လေးကို ကျုပ် အဘိုးလိုပဲ ဆက်ဆံပါ့မယ် အဲဒီလိုဆိုရင်ရော ဘယ်လိုလဲ . . ."
အိမ်တော်ထိန်းမှ စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့် လင်းလင်းပင် ပြောချလိုက်သည်။
ဆောင်ဂျူလည်း မကျေမချမ်းဖြင့် -
"အခုတော့ ဒါမျိုး ပြောလာပြီပေါ့ . . ."
"မင်းက ငါ့ကို မင်းအဘိုးလိုတောင် ဆက်ဆံမယ် ပေါ့ ဟုတ်လား . . ."
"ငါ့မှာ မင်းလောက် အသက်ကြီးတဲ့ မြေးမျိုး မရှိပါ ဘူး၊ အပိုတွေ လုပ်မနေစမ်းနဲ့ . . ."
တတိယ အိမ်တော်ထိန်းမှာ မချိပြုံးပြုံးလိုက်ရင်း-
"သခင်လေး စိတ်ကြိုက်သာ ပြောပါ ရပါတယ်"
"အခုဆိုရင် အခြေအနေတွေက ပြောင်းလဲသွားပြီ၊ ဆောင်ဝုရန်နဲ့ သူ့လူတွေ အသတ်ခံလိုက်ရပြီဆိုတော့ သူ့ရဲ့ ဩဇာအာဏာကလည်း မရှိတော့ဘူး . . ."
"ဒီတစ်ခေါက် လူ ၃၀၀ ကျော် သေသွားခဲ့ပြီး လူ ၄၀၀ ကျော် အကျဉ်းချခံထားရတယ်၊ နောက်ထပ် လူ ၃၀၀ လောက်ကလည်း မျိုးနွယ်စုကလည်း နှင်ထုတ် ခြင်း ခံခဲ့ရတယ် . . ."
"ဘာ . . ."
"မင်းဘာတွေ ပြောနေတာလဲ . . ."
ဆောင်ဂျူ မျက်လုံးများ ပြူးကျယ်ရင်း မတ်တပ် ပင် ထရပ်သွားမိသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ . . ."
"အဲဒါကြောင့်ပဲ ဆရာကြီးက သခင်လေးကို ခေါ်ရ တာပေါ့၊ သူက အခု ခန်းမထဲမှာ စောင့်နေတယ် . . ."
တတိယ အိမ်တော်ထိန်းမှ ရိုရိုကျိုးကျိုးဖြင့် ပြော လိုက်သည်။
"သွားမယ် . . ."
ဆောင်ဂျူမှ ချက်ချင်းပင် သွားရန် ဟန်ပြင်လိုက် သည်။
ထို့နောက် ရယ်မောလိုက်ပြန်ရင်း -
"ဟားဟား ငါ့ကို အသေးစိတ် ပြန်ပြောပြစမ်း"
"နောက်ဆုံးတော့ သူတို့နဲ့ ထိုက်တန်တာကိုပဲ သူ တို့ ပြန်ရသွားပြီပေါ့ . . ."
"ဒီခံစားမှုကြီးက ကောင်းလိုက်တာ . . ."
"အဲဒီ လူတွေက ဘယ်သူတွေလဲ၊ ဘာလို့ သူတို့က အဲဒီလောက်ထိ အစွမ်းထက်နေရတာလဲ . . ."
"ငါတော့ အထင်ကြီးမိသွားပြီ . . ."
"ငါ့အစ်ကိုရယ်၊ ငါ့တူရယ်၊ အခု ဒီလူတွေရယ်က ငါ အလေးစားရဆုံးလူတွေပဲ ဟားဟား . . ."
ဆောင်ဂျူ ရယ်မောရင်း ပြောလိုက်သည်။
သူဆိုလိုသည်မှာ သူ၏ အစ်ကိုအရင်းနှင့် တူတို့ကို ဆိုလိုလိုက်ခြင်း မဟုတ်၊ ရဲနန်ရှန်နှင့် ရဲရှောင်တို့ကို ဆိုလိုလိုက်ခြင်းပါပင်။
တတိယ အိမ်တော်ထိန်းလည်း နားမလည်နိုင်ဖြစ် သွားသည်။
(အစ်ကိုနဲ့ တူ ဟုတ်လား . . .)
(သူက လေးစားတယ်ပေါ့ . . .)
(ဘုရား ဘုရား သူ့မှာ ဒီလိုမျိုး အစွမ်းထက်တဲ့ အဆက်သွယ်တွေတောင် ရှိနေတာပါလား . . .)
ထို့နောက် အိမ်တော်ထိန်းလည်း ဆောင်ဂျူအနား သို့ ပြေးလိုက်သွားပြီး အခြေအနေများကို ထပ်မံပြော ပြလိုက်ပြန်သည်။
"ငါ့မိတ်ဆွေ၊ ငါ့တူ . . ."
"ငါ့ဆီ လာနေတယ် ဟုတ်လား . . ."
ဆောင်ဂျူ အံ့ဩသွားသည်။
"ငါဖြင့် ချင်းရန်နယ်ပယ်မှာ အဲဒီလို အစွမ်းထက် တဲ့ လူတွေနဲ့ သိတာမျိုး မရှိပါဘူး . . ."
"ဟန်ပိုင်ယွဲ့ ဟုတ်လား၊ ရေခဲဓား ဟန်ပိုင်ယွဲ့ကို ပြောတာမလား . . ."
"သူက ထိပ်တန်း ပညာရှင် တစ်ယောက်လေ အဲဒီ လိုလူမျိုးက ဘယ်လိုလုပ် ငါ့မိတ်ဆွေ ဖြစ်နိုင်မှာလဲ"
"နောက်ပြီး သူ့ရဲ့ ဆရာသမား လူငယ်လေး ဟုတ် လား၊ နားထောင်နေရတာ ဘာမှကို အဓိပ္ပာယ်မရှိဘူး"
ဆောင်ဂျူမှာ မည်သို့ပင် စဉ်းစားပါစေ ဆက်စပ် မရအောင် ဖြစ်နေပါတော့သည်။
. . .
ခန်းမအတွင်းသို့ ဆောင်ဂျူမှာ ခပ်မြန်မြန်ပင် ဝင် လာသည်။
ထိုအချိန် အဘိုးကြီး ၈ ယောက်မှာ သူ့ထံသို့ ပြေး လာပြီး ကပျာကယာပင် လာနှုတ်ဆက်ကြသည်။
"ဟဲဟဲ ဟဲဟဲ . . ."
"ဂျူလေး မင်းရောက်လာပြီပေါ့ . . ."
ထိုမြင်ကွင်းကြောင့် ဆောင်ဂျူမှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားသည်။
သူ့အပေါ် ဆက်ဆံသည့် လူများ၏ အပြုအမူများ မှာ ချက်ချင်းပင် ပြောင်းလဲသွားကြပြီ မဟုတ်ပါလား။
ဆောင်ဂျူ ကြက်သီးများပင် ထသွားပြီး -
"အပိုတွေ ပြောမနေစမ်းနဲ့ . . ."
"ဂျူလေး ဟုတ်လား ဘာဂျူလေးလဲ . . ."
"စောက်ရူး ဂျူလေးလား . . ."
"ကျုပ်ကို အဲဒီ လာခေါ်မနေစမ်းနဲ့ ကျုပ် ကြက် သီးထတယ် . . ."
ဆောင်ဂျူမှာ ထိုသို့ မာန်မဲလိုက်ပြီးနောက် အခန်း ထဲသို့ ခပ်မြန်မြန် ဝင်လိုက်သည်။
ရဲရှောင်နှင့် ရွှမ်ပိုင်တို့မှာမူ ထို 'ဂျူလေး' ဆိုသည့် ခေါ်သံကြောင့် ရယ်ချင်သွားမိကြသည်။
(ဂျူလေးတဲ့လား . . .)
(တော်တော်ကောင်းတဲ့ နာမည်ပဲ . . .)
(စောက်ရူး ဂျူလေးပါလားဆိုတာ ပိုလို့တောင် ရယ်စရာ ကောင်းနေသေးတယ် . . .)
"ဦးလေးဆောင် . . ."
ရဲရှောင်မှာ မတ်တပ် ထရပ်လိုက်ရင်း ဆောင်ဂျူရှိ ရာသို့ အပြေးတပိုင်း သွားလိုက်သည်။
ဆောင်ဂျူမှာ ရဲရှောင်ကို မြင်မြင်ချင်းတွင် ခဏမျှ ကြောင်ငေးသွားသည်။
ထို့နောက် မျက်လုံးတွင် မျက်ရည်များ စို့တက်လာ ပြီး တစ်ကိုယ်လုံးလည်း ကတုန်ကယင် ဖြစ်လာကာ -
"ရှောင် ရှောင် ရှောင်ရှောင် . . ."
"တကယ်ပဲ မင်းလား . . ."
ရဲရှောင်မှာ မည်သည့် စကားမှ မပြော၊ အပြုံးများ ဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။
ဟန်ပိုင်ယွဲ့မှာမူ ပါးစပ် အဟောင်းသား ဖြစ်သွား သည်။
(ဘယ်လို . . .)
(ရှောင်ရှောင်တဲ့လား . . .)
(ဂျူလေး ဆိုတာတောင် တော်တော်ရယ်နေရတာ၊ ရှောင်ရှောင်ဆိုတာကတော့ ပိုတောင် ဆိုးသွားပြီ . . .)
(ဒါပေမယ့် ငါရယ်ချင်ရင်တောင် စိတ်ထဲကနေပဲ ကြိတ်ရယ်မှ ဖြစ်မယ် . . .)
(ငါ့ပါးစပ်ကလည်း သူ့ကို ရှောင်ရှောင်လို့ သွားခေါ် လို့ မဖြစ်ဘူး၊ မဟုတ်ရင် ငါသေလိမ့်မယ် . . .)
သူ့ပါးစပ်မှ ရဲရှောင်အား ထိုသို့သာ ခေါ်လိုက်ပါက အမှန်တကယ်ပင် အရေခွံ အစုတ်ခံရနိုင်သည်။
သို့သော် ဟန်ပိုင်ယွဲ့မှာ နားမလည်နိုင်အောင် ဖြစ် နေရသည်။
မူလအိပ်မက် အဆင့်ခုနှစ်ထက်ပင် မပိုသည့် ဆောင်ဂျူမှ ရဲရှောင်အား အဘယ့်ကြောင့် ထိုသို့ ခေါ်ရ သည်ကို နားမလည်နိုင်နေခြင်း ဖြစ်သည်။
(ဟင် နေပါဦး . . .)
(ဆရာသမားက ဦးလေးလို့ ခေါ်တယ်ဆိုတော့ သူကလည်း ငါ့ရဲ့ ဦးလေးပဲပေါ့ . . .)
(သေလိုက်စမ်းပါတော့ကွာ . . .)
"ဟားဟား ဟားဟား . . ."
"ဘယ်သူများလဲလို့ သိချင်နေတာ တကယ်တော့ ငါ့ရဲ့ အချစ်ဆုံး တူလေးက ငါ့ကို လာတွေ့တာကိုး"
"ကောင်းလိုက်တာ ကောင်းလိုက်တာ . . ."
ဆောင်ဂျူမှ အားရပါးရပင် ရယ်မောရင်း ပြော လိုက်သည်။
ထို့နောက် ရဲရှောင် ရှိရာသို့ ချက်ချင်း ပြေးသွားပြီး ပွေ့ဖက်လိုက်ပြန်ရင်း -
"မင်း နေကောင်းရဲ့လား . . ."
"ထိခိုက်ဒဏ်ရာ ရတာတွေရော ရှိသေးလား . . ."
"ကြည့်စမ်းပါဦး အရပ်ကြီးက ပိုရှည်လာပြီး ပိုခန့် ညားလာသလိုပဲ ဟားဟားဟား . . ."
ဆောင်ဂျူမှ ရဲရှောင်အား နွေးထွေးမှုများ အပြည့် ပါသည့် မျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်သည်။
ထို့ပြင် စိတ်လှုပ်ရှား နေမှုကြောင့်လည်း သူ၏ မျက်နှာတစ်ခုလုံးပင် နီရဲနေပါတော့သည်။
#translator
#ကြွေရွက်ဝါအခန်း (၁၀၀၁)(စာစဉ် ၇၂- အပိုင်း ၇)
"ကိုယ်လုပ်တော်"
ရဲရှောင် ရင်ထဲ နွေးကနဲ ဖြစ်သွားသည်။
ဆောင်ဂျူမှ သူ့အား စစ်မှန်သည့် စိတ်ရင်းများဖြင့် ပင် ဂရုစိုက်နေသည် မဟုတ်ပါလား။
"ကောင်းလိုက်တာ ကောင်လေး . . ."
"အခုတော့ မင်းက လူကြီးတစ်ယောက် ဖြစ်သွား ပြီပေါ့ . . ."
"အဖေတူ သားပဲကွ ဟားဟားဟားဟား . . ."
ဆောင်ဂျူ ရင်ထဲရှိ အပျော်များမှာ ဖုံးဖိမရအောင် ဖြစ်နေ၍ ကျယ်လောင်စွာပင် ရယ်မောလျက် ရှိသည်။
ထိုသို့ ရယ်မောနေရင်းဖြင့် ရဲရှောင် ဘေးရှိ အနက် ရောင်ဝတ် အမျိုးသမီးကို သတိပြုမိသွားသည်။
ထိုအခါ သူ၏ မျက်လုံးများ အရောင်ဝင်းလက် သွားပြီး ပိုပျော်ရွှင်သွားကာ -
"ရှောင်ရှောင် မင်းဘဝကတော့ ပျော်စရာကောင်း ပြီးရင်းကို ကောင်းနေတာပါလား . . ."
"မင်းတို့ နှစ်ယောက်ကို ငါဘယ်လောက်တောင် လွမ်းနေရလဲဆိုတာ သိလား . . ."
"လာမယ့် လာတော့လည်း မင်းတို့က နှစ်ယောက် အတူကို လာခဲ့ကြတယ် . . ."
"ဒီနေ့တော့ ငါအပျော်ကြီး ပျော်သွားပြီဟေ့ ဟား ဟား . . ."
"ဟင် . . ."
ရဲရှောင် ဆောင်ဂျူအား နားမလည်ဟန်ဖြင့် လှမ်း ကြည့်လိုက်သည်။
"လာဟန်ဆောင်မနေစမ်းနဲ့ . . ."
"ဒါမင်းငါ့ကို ရုတ်တရက် အံ့ဩသွားအောင် လုပ်ပြ ချင်လို့ မဟုတ်လား . . ."
"မင်း တကယ်ကို လုပ်နိုင်ခဲ့တာပဲကွ . . ."
ဆောင်ဂျူမှာ ရဲရှောင်ကို ကြည့်ရင်း ရယ်မောကာ ပြောလိုက်သည်။
"မင်းကတော့ တကယ့်ကောင်လေးပဲ . . ."
"ပိုင်အာကိုတောင် ငါ့ဆီ ခေါ်လာနိုင်တယ်၊ ငါဖြင့် အစောပိုင်းတုန်းက သူ့ကို လိုက်ရှာဖို့ ကြိုးစားခဲ့သေး တယ် ဒါပေမယ့် မရှာနိုင်ခဲ့ဘူး . . ."
"ပိုင်အာကလည်း မိန်းမကောင်းလေးတစ်ယောက် ပါကွာ ဟားဟား . . ."
ရဲရှောင် မျက်နှာကွက်ခနဲ ပျက်သွားရင်း ဆောင်ဂျူ ကို တားနိုင်ရန် ကြိုးစားလိုက်သည်။
"ဦးလေးဆောင် ဦးလေးဆောင် . . ."
"ဒါက အထင်မှားနေပြီ . . ."
ထိုသို့ တားရခြင်းမှာ သူ့အတွက် မဟုတ်ဘဲ စကား ကျွံတော့မည့် ဆောင်ဂျူအတွက်သာ ဖြစ်သည်။
ရွှမ်ပိုင်အား စော်ကားပြောဆိုခဲ့သည့် ဆောင်ဖေ့၏ နိဂုံးမှာ မည်သို့ ဖြစ်သွားရပါသနည်း။
သူအပါအဝင် သူ၏ လူများပါ အပြတ်ရှင်းခံလိုက်ရ သည် မဟုတ်ပါလား။
ထို့ကြောင့် ဆောင်ဂျူမှ ရွှမ်ပိုင်အား မရည်ရွယ်ဘဲ ဖြင့် ထိုသို့ စော်ကားမိလိုက်လျှင် တွေးဝံ့စရာမရှိချေ။
ရဲရှောင် သာမက ဟန်ပိုင်ယွဲ့နှင့် ဆောင်ဂျူတို့ပါ သေဆုံးရမည်မှာ မလွဲဧကန်ပင်။
ထိုစဉ် ဆောင်ဂျူမှ ရယ်မောလိုက်ပြန်ရင်း -
"အပိုတွေ လာပြောမနေနဲ့ . . ."
"ငါ့ကို လာဟန်ဆောင်ပြမနေနဲ့တော့ ကောင်စုတ် လေး၊ မင်းရဲ့ ဦးလေးဆောင်က အမြင်စူးရှပါတယ်ကွ"
"ငါ လူကဲခတ် ဘယ်တော့မှ မမှားဖူးဘူး သေချာ တယ် သူက ပိုင်အာပဲ . . ."
"သူသာ ပိုင်အာ မဟုတ်ဘူးဆိုရင် ငါ့မျက်လုံးတွေ ကို ဖောက်ထုတ်ပစ်ပြီး ငါ့ခြေထောက်တွေကို ရိုက်ချိုး ပစ်လိုက်မယ် . . ."
"မင်းက ငါ့လောက်တောင် ပိုင်အာနဲ့ မရင်းနှီးဘူး ထင်တယ် . . ."
ထို့နောက် လေးနက်သော အသံဖြင့် ဆက်လက် ၍-
"ဒီမှာ ရှောင်ရှောင် . . ."
"ပိုင်အာက တစ်ယောက်တည်း နေခဲ့ရတာ၊ သူ့မှာ ဘယ်သူမှ ရှိရှာတာ မဟုတ်ဘူး . . ."
"အဲဒီတော့ မင်းက သူ့အပေါ် ကောင်းကောင်းမွန် မွန် ဆက်ဆံပေးရမှာပေါ့ . . ."
"အနည်းဆုံးတော့ သူ့ကို ကိုယ်လုပ်တော်နေရာမှာ ထားသင့်တာပေါ့ . . ."
ထို့နောက် ရွှမ်ပိုင်အား လက်ညှိုးထိုးပြလိုက်ပြန် ရင်း -
"ဒီကောင်မလေးက ဉာဏ်အမျှော်အမြင်လည်း ရှိ တယ်၊ ချစ်စရာလည်း ကောင်းတယ် . . ."
"ဘာလဲ သူ့ကို ကိုယ်လုပ်တော် အဖြစ် သတ်မှတ်ရ မှာတောင် မင်းဘက်က နာတယ် ထင်နေတာလား"
"အပိုတွေ လာလုပ်မနေနဲ့နော် ငါမင်းကို ရိုက်ပစ်ရ လိမ့်မယ် . . ."
"အလိုလေး . . ."
ဟန်ပိုင်ယွဲ့မှာ ဆောင်ဂျူ ပြောသည့် စကားများကို နားထောင်ရင်း အထိတ်တလန့် ရေရွတ်ကာ ကြမ်းပြင် ပေါ် ဖင်ထိုင်ရက်သား လဲကျသွားသည်။
ထိုစကားများကို သူ့နားနှင့်ဆတ်ဆတ် ကြားလိုက် ရသည့်တိုင် မယုံနိုင်အောင် ဖြစ်နေသည်။
(ကိုယ်လုပ်တော် . . .)
(ဒီကောင်မလေး . . .)
(ကမ္ဘာကြီး ဘာဖြစ်သွားပြီလဲ . . .)
ဟန်ပိုင်ယွဲ့မှာ ခေါင်းထက်ရှိ ဆံပင်များကို တင်း ကျပ်စွာ ဆုပ်ကိုင်ရင်းဖြင့် -
"ဘာတွေ ဖြစ်နေတာလဲ . . ."
"ငါလုံးဝ နားမလည်နိုင်တော့ဘူး . . ."
'ကိုယ်လုပ်တော်' ဆိုသည့် စကားများမှာ သူ့နား ထဲကပင် မထွက်တော့ဘဲ ပဲ့တင်ထပ်လျက် ရှိသည်။
(ကိုယ်လုပ်တော် . . .)
(ရွှမ်ပိုင် . . .)
(သူအခု ပြောနေတဲ့ ကိုယ်လုပ်တော်ဆိုတာ ရွှမ်ပိုင် ကို ပြောနေတာလား . . .)
(ဘုရား ဘုရား အတော်ကို ရဲတင်းတဲ့ ဆောင်ဂျူပဲ)
(သူက ရွှမ်ပိုင်ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး ရဲရှောင်ရဲ့ ကိုယ်လုပ်တော် ဖြစ်ဖို့ ပြောနေတယ် . . .)
(ပြီးတော့ ပိုင်အာလို့လည်း ခေါ်လိုက်သေးတယ်၊ ဒါကြီးကတော့ တော်တော်ကို လွန်သွားပြီ . . .)
ရဲရှောင်မှာမူ မချိပြုံး ပြုံးရင်းဖြင့် -
"ဦးလေးဆောင် မှားနေပြီ . . ."
"သူက ပိုင်အာ မဟုတ်ဘူး တကယ်မဟုတ်ဘူး"
ရဲရှောင်အဖို့ ရွှမ်ပိုင်မှ သူတို့၏ အသက်အား ငဲ့ညှာ ပေးရန်သာ ဆုတောင်းနေတော့သည်။
ဟန်ပိုင်ယွဲ့မှာ လေကြီးလေကျယ် နိုင်သော်လည်း သူနှောက်ယှက်လို့ ရသည့်လူထဲ ရွှမ်ပိုင်မပါသည်ကိုမူ ကောင်းစွာ သိသည်။
သို့သော် ဆောင်ဂျူမှာမူ ထိုသို့ မဟုတ်၊ သူ့စိတ် ခံစားချက်အတိုင်း လိုက်လုပ်တတ်သည့် လူတစ်ဦးသာ ဖြစ်သည်။
မိန်းကလေး တစ်ဦးမှ အပြစ်ပေးမည့် အဖြစ်ကို လည်း လက်ခံမည့် လူမျိုး မဟုတ်ချေ။
ထိုစဉ် ဆောင်ဂျူမှာ ခေါင်းခါယမ်းလိုက်ပြန်ရင်း -
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ . . ."
"မင်း မျက်စိကန်းသွားပြီလား ဒါက ပိုင်အာမှ ပိုင် အာ အစစ်ပဲ . . ."
"သေချာနားထောင် မင်းပိုင်အာကို စွန့်ပစ်ဖို့ ကြိုး စားလို့ကတော့ ငါမင်းကို သေအောင် ရိုက်ပစ်မယ်"
ထိုသို့ ပြောနေရင်းဖြင့် ဆောင်ဂျူမှာ ရွှမ်ပိုင်အား အသေအချာ ကြည့်လိုက်ပြန်သည်။
ရွှမ်ပိုင်မှာမူ သူမ၏ ရေခဲချီဓာတ်များကို ဖြန့်ကျက် ထားရင်းဖြင့် ရှိနေတုန်းပါပင်။
ဆောင်ဂျူ၏ စကားကြောင့် သူမ ဒေါသထွက်သွား ခြင်းပါလော။
စင်စစ် သူမအဖို့ ဒေါသထွက်သွားခြင်း မဟုတ်ဘဲ ဝမ်းနည်းသွားခြင်းသာ ဖြစ်သည်။
ရွှမ်ပိုင်မှာ သူမအား လူများ မမှတ်မိစေရန်အတွက် ခန္ဓာကိုယ် တစ်ခုလုံးကို စွမ်းအင်များဖြင့် ကာရံထားခဲ့ သည်။
သို့သော် ထိုအကာအရံများမှာ ဆောင်ဂျူနှင့် တွေ့ ချိန်တွင် ကျရှုံးသွားရသည်။
ဆောင်ဂျူမှာ သူမအား အနီးကပ် မကြည့်ဘဲ လှမ်း ကြည့်ရုံဖြင့်ပင် မှတ်မိသွားခဲ့သည်။
ထို့ကြောင့် ရွှမ်ပိုင်အဖို့ စိတ်ထဲ၌ ဝမ်းနည်းဝမ်းသာ ဖြစ်သွားခဲ့ရသည်။
သူမအနေဖြင့်လည်း ဆောင်ဂျူအပေါ်တွင် ဒေါသ ထွက်စရာအကြောင်း မရှိပေ။
ဆောင်ဂျူမှာ အဖေတစ်ဦးလိုပင် အမြဲကြင်နာပေး ခဲ့သူပင် မဟုတ်ပါလား။
ထို့ပြင် ဆောင်ဂျူ ပြောခဲ့သည့်စကားများမှာလည်း သူမ ကောင်းဖို့အတွက် ပြောခဲ့သည့် စကားများသာ ဖြစ်သည်။
ထိုသို့သော လူတစ်ယောက်ကို သူမ မည်သို့ စိတ် ဆိုးနိုင်ပါမည်နည်း။
ရဲရှောင်အတွက် ပိုင်အာမှာ ကိုယ်လုပ်တော် အမှန် ပင် ဖြစ်ခဲ့၍ ထိုစကားအတွက်လည်း ဒေါသဖြစ်စရာ အကြောင်းမရှိချေ။
သူမကိုယ်တိုင်ပင် ကျေကျေနပ်နပ် ဖြစ်ချင်ခဲ့သည် မဟုတ်ပါလား။
သို့သော် ထိုသို့ ဖြစ်ချင်သည်မှာ ပိုင်အာသာ ဖြစ်၍ ရွှမ်ပိုင် မဟုတ်ပေ။
ရွှမ်ပိုင်မှာ တိမ်မြူခိုးနန်းတော်၏ ဥသျှောင်ကြီးပင် ဖြစ်၍ ဆောင်ဂျူ၏ စကားများမှာ သူမကို အရှက်ရစေ နိုင်သည်။
ရဲရှောင်မှာမူ ပြောမရ ဆိုမရပင် ဖြစ်နေသည့် ဆောင်ဂျူအား ကြည့်ရင်း စိတ်လေနေမိသည်။
"ဦးလေးဆောင် . . ."
"မဟုတ်ဘူးလို့ ဦးလေးဆောင် မှားနေပြီ . . ."
ရဲရှောင် ဆောင်ဂျူအား ကြည့်ရင်း တိုးလျှိုးသည့် အသံမျိုးဖြင့် ပြောလိုက်သည်။
ထိုအခါ ဆောင်ဂျူမှ ရွှမ်ပိုင်အား ထပ်ကြည့်လိုက် ပြန်ရင်း -
"မဟုတ်ဘူးလား . . ."
"တကယ်ကြီးပေါ့ . . ."
ရဲရှောင်လည်း ခေါင်းညိတ်လျက် -
"မဟုတ်ပါဘူးဆို မဟုတ်ပါဘူးလို့ ကျုပ် အတန် တန် ပြောနေသားပဲ . . ."
ရဲရှောင်၏ စကားကြောင့် ဆောင်ဂျူလည်း ရှက် အမ်းအမ်း ဖြစ်သွားသည်။
ရဲရှောင်နောက်ရှိ အနက်ရောင်ဝတ် မိန်းကလေးကို မြင်မြင်းချင်းပင် ပိုင်အာဟု ထင်မှတ်မိခဲ့သည်။
ထို့ကြောင့် သူ့အဖို့ ဝမ်းသာအားရဖြင့်ပင် စိတ်ထဲရှိ စကားများကို လက်လွတ်စပယ် ပြောဆိုမိခဲ့သည်။
သို့သော် သူထိုသို့ ပြောနေသည့်တိုင် တစ်ဖက်မိန်း ကလေးမှာ တုန့်ပြန်မှုမပြဘဲ မလှုပ်မယှက်သာ ရှိနေ၍ ဆောင်ဂျူအဖို့ သက်သေပြရန် မစွမ်းနိုင်တော့ချေ။
ထို့ပြင် သူပိုင်အာဟု ထင်မှတ်ခဲ့သည့် မိန်းကလေး မှာ ပိုင်အာကဲ့သို့ မဟုတ်ဘဲ အေးစက်စက် ပုံစံဖြင့်သာ ရှိနေသည်။
(အင်း တစ်ခါတစ်လေတော့လည်း ငါမှားတာ ဖြစ် ရင် ဖြစ်မှာပေါ့ . . .)
(သူ့မျက်နှာကို ငါမှ မမြင်ရတာ အဲဒီတော့လည်း ပြောလိုက်မိတာပေါ့ . . .)
ဆောင်ဂျူမှ အရှက်ပြေပင် တွေးလိုက်မိပါတော့ သည်။
#translator
#ကြွေရွက်ဝါအခန်း (၁၀၀၂)(စာစဉ် ၇၂- အပိုင်း ၈)
"နောက်ခံကောင်း"
"အင်း မဟုတ်ဘူးဆိုတော့လည်း . . ."
"ငါ ငါ တောင်းပန်ပါတယ် . . ."
ဆောင်ဂျူမှ ရှက်အမ်းအမ်းဖြင့် ပြောလိုက်သည်။
"ငါက မင်းကို တစ်ယောက်ယောက်နဲ့ အထင်မှား သွားလို့ပါ၊ ငါ့ကို ခွင့်လွှတ်ပါ မိန်းကလေး . . ."
ဆောင်ဂျူမှ စိတ်အလိုလိုက် လုပ်ဆောင်တတ်သူ တစ်ဦးဖြစ်သည့်တိုင် ကျိုးကြောင်းဆီလျော်သည့် လူ တစ်ဦးလည်း ဖြစ်သည်။
အနည်းဆုံးမူ သူ့အမှားသူ လက်ခံသွားခဲ့ပြီ မဟုတ် ပါလား။
ရွှမ်ပိုင်မှာမူ သက်ပြင်းချလိုက်ပြီးနောက် -
"ရပါတယ် . . ."
ရွှမ်ပိုင်မှ ထိုမျှလောက်သာ ပြောပြီး အပိုစကား ထပ်မပြောချေ။
သူမအဖို့ ဆောင်ဂျူအပေါ် ဘာလုပ်၍လည်း ရနိုင် ပါမည်နည်း။
ရဲရှောင် မရှိလျှင်ပင် ဆောင်ဂျူကို နာကျင်အောင် သူမ လုပ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဆောင်ဂျူ တောင်းပန်သည်ကို လက်ခံ ရုံသာ ရှိတော့သည် မဟုတ်ပါလား။
ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့တို့ နှစ်ဦးလုံး မထင်မှတ် ထားသည့် အခြေအနေကြောင့် အံ့ဩသွားသည်။
ရဲရှောင် စိတ်ထဲ၌ မှင်ရောင်အားဖြည့် ကြာပန်း၏ မျက်နှာဖြင့် ရွှမ်ပိုင်မှ ခွင့်လွှတ်ပေးလိုက်ခြင်း ဖြစ်မည် ဟု တွေးထင်လိုက်မိသည်။
ဟန်ပိုင်ယွဲ့မှာမူ ထိုသို့ တွေးစရာအကြောင်းပြချက် မရှိ၍ မျက်လုံးများ ပြူးကျယ်ရင်းဖြင့်သာ အံ့ဩနေရ သည်။
(ဆောင်ဂျူက ဘာတွေ ပြောခဲ့တာလဲ . . .)
(ရွှမ်ပိုင်ကို ကိုယ်လုပ်တော်ဆိုပြီး ပြောခဲ့တာလေ၊ အဲဒါက ရွှမ်ပိုင်ကို စော်ကားရာ မရောက်ဘူးလား . . .)
(ရွှမ်ပိုင်ဆိုတာ သိုင်းလောကမှာ ဘယ်လောက် တောင် အင်အားကြီးတဲ့ လူလဲ . . .)
(ရွှမ်ပိုင်က သဘောကောင်းတဲ့ လူမဟုတ်ဘူး အဲဒါ သေချာတယ်၊ ဆောင်ဂျူက နတ်ဘုရားတွေဆီကနေ အကာကွယ် ရထားမယ်ဆိုရင်တောင်၊ သူ့ဘက်မှာ ဒီ နယ်ပယ်ရဲ့ အစွမ်းထက်ဆုံး ဝုဖရှိနေမယ်ဆိုရင်တောင် ရွှမ်ပိုင်ကတော့ တစစီဖြစ်အောင် လုပ်မှာပဲ . . .)
(အဲဒါတောင် ရွှမ်ပိုင်က ဘာမှ မလုပ်ဘဲ အေးအေး လူလူနဲ့ ရပါတယ်လို့ပဲ ပြောခဲ့တယ်ပေါ့ . . .)
(ဒါကြီးကတော့ အတော်ကို အံ့ဩဖို့ကောင်းသွား ပြီ မဟုတ်ဘူးလား . . .)
ထိုသို့ တွေးရင်းဖြင့် ဟန်ပိုင်ယွဲ့မှာ နားမလည်နိုင် အောင် ဖြစ်နေရသည်။
အကယ်၍ သူ့စိတ်ထဲရှိ စကားများကိုသာ ပြောဆို ခွင့် ရမည်ဆိုပါက -
(ဘာတွေ ဖြစ်နေတာလဲ ရွှမ်ပိုင် . . .)
(သူက ခင်ဗျားကို စော်ကားခဲ့တာတောင် ခင်ဗျား က ရပါတယ်လို့ပဲ ပြောခဲ့တယ်ပေါ့ . . .)
(ကျုပ်ဖြင့် ဘာပြောရမှန်းတောင် မသိတော့ဘူး)
ထိုစဉ် ရဲရှောင်၊ ရွှမ်ပိုင်နှင့် ဆောင်ဂျူတို့ အေးအေး ဆေးဆေး စကားပြောနေသည်ကို ကြည့်ရင်း ဟန်ပိုင် ယွဲ့မှာ ကြောင်ငေးနေမိသည်။
အဖြစ်အပျက်များမှာ မည်သို့ ဖြစ်ပျက်သွားမှန်းကို သူနားမလည်နိုင်အောင် ဖြစ်နေသည်။
ထိုစဉ် စိတ်ထဲ ရုတ်တရက် တွေးလိုက်မိသည့် အတွေးတစ်ခုကြောင့် ဇောချွေးပြန်သွားမိသည်။
(နေစမ်းပါဦး . . .)
(ဒါကြီးကတော့ မဟုတ်သေးဘူး အဓိပ္ပာယ်မရှိဘူး၊ ငါလည်း အဲဒီလောက်ထိ တုံးအတဲ့ လူတစ်ယောက် မဟုတ်ပါဘူး . . .)
(သူဘယ်လောက် စိတ်ဆတ်တယ်ဆိုတာ ငါသိပြီး သားပဲ၊ အဲဒါတောင် ဒီလို စော်ကားခံရတာတောင် သူ က ဒေါသမထွက်ဘူးပေါ့ . . .)
(တောင်းပန်တာကိုလည်း အေးအေး ဆေးဆေးနဲ့ လက်ခံတယ် ဒါကြီးကတော့ တကယ်ထူးဆန်းတယ်)
(အင်း ဒီဇာတ်လမ်းရဲ့ နောက်မှာ အကြောင်းရင်း တစ်ခုတော့ ရှိရမယ် . . .)
(ဟင် ဖြစ်နိုင်တာက သူ သူက ဆရာသမားရဲ့ ကိုယ်လုပ်တော် တကယ် ဖြစ်ခဲ့တာများလား . . .)
ထိုသို့ တွေးမိလိုက်ချိန် ဟန်ပိုင်ယွဲ့မှာ မျက်နှာသေ ကြီးဖြင့် ငူငူငိုင်ငိုင် ဖြစ်သွားသည်။
ထို့ကြောင့် သူ့မျက်နှာသူ တဖြန်းဖြန်းမြည်အောင် ရိုက်ရင်းဖြင့် အသိစိတ် ပြန်ကပ်စေရန် ကြိုးစားလိုက် သည်။
"ဖြန်း . . ."
"အသိစိတ် ပြန်ကပ်စမ်းဟဲ့ . . ."
"ဖြန်း . . ."
"အသိစိတ် ကပ်စမ်းဟဲ့ . . ."
(တယ် ငါ့နှယ်လည်း ခက်လိုက်တာ၊ ဘာတွေ စဉ်း စားနေမိပါလိမ့် ရူးကြောင်ကြောင်နဲ့ . . .)
(ရွှမ်ပိုင်လို လူမျိုးက ဘယ်လိုလုပ် ကိုယ်လုပ်တော် ဖြစ်နိုင်မှာလဲ . . .)
(နောက်ပြီး ဆရာသမားကလည်း ရွှမ်ပိုင်ကို သူ့ရဲ့ ကိုယ်လုပ်တော်လို့ ထင်နေတာမျိုးမှ မရှိတာ . . .)
(ဒါတွေက ဆောင်ဂျူ ပါးစပ်ကနေသာ လျှောက် ပြောနေတဲ့ စကားတွေပဲ . . .)
တကယ်တမ်းတွင် ဆောင်ဂျူ ပြောလိုက်သည့် စကားများမှာ အမှန်ပင် ဖြစ်ကြောင်း သူမသိခဲ့ချေ။
ထိုအမှန်တရားမှာ ဘယ်သောအခါမှ ထုတ်ဖော်၍ မရနိုင်သည့် အမှန်တရား တစ်ခုသာ ဖြစ်၏။
ထိုစဉ် တဖြန်းဖြန်း ရိုက်နေသည့် အသံများကို ကြားလိုက်ရ၍ ရွှမ်ပိုင်မှာ အေးစက်စက် မျက်လုံးများ ဖြင့် ဟန်ပိုင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။
ဟန်ပိုင်ယွဲ့ကိုသာ ထိုသို့ ဆက်ဆံနိုင်သော်လည်း ဆောင်ဂျူကိုမူ ထိုသို့ မဆက်ဆံနိုင်ချေ။
အဘယ့်ကြောင့်ဆိုသော် သူမမှာ တစ်ချိန်တစ်ခါ က ပိုင်အာ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
သို့သော် နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာတွင်မူ ချင်းရန်နယ်ပယ်၏ စွမ်းအားအကြီးဆုံး ပညာရှင်ဆို သည့် စိတ်က ကိန်းအောင်းနေပြန်သည်။
ထို့ကြောင့် သူမ၏ အတွေ့အကြုံများအရ အဘယ့် အတွက်ကြောင့် ဟန်ပိုင်ယွဲ့ သူ့ကိုယ်သူ ရိုက်နေ သည်ကို မှန်းဆမိလိုက်သည်။
ထို့ကြောင့်သာ ဒေါသထွက်သွားခြင်း ဖြစ်၏။
ရွှမ်ပိုင်၏ အေးစက်စက် အကြည့်များကြောင့် ဟန် ပိုင်ယွဲ့မှာ ထိုနေရာမှ ခပ်သုတ်သုတ်ပင် ထွက်ခွာသွား ပါတော့သည်။
ထိုသို့ မဟုတ်ပါက ဒေါသများကို ပုံချချင်နေသည့် ရွှမ်ပိုင်၏ ဒေါသများက ဟန်ပိုင်ယွဲ့ထံ ကျရောက်သွား နိုင်သည် မဟုတ်ပါလား။
(ဒါပြီးရင်တော့ ငါ ဟန်ပိုင်ယွဲ့ကို ကောင်းကောင်း ရိုက်နှက်ပစ်ရဦးမယ် . . .)
(အနည်းဆုံးတော့ တစ်နေ့ကို ရှစ်ကြိမ်လောက်ကို ရိုက်ပစ်မယ် . . .)
"အဟမ်း . . ."
"ငါတောင်းပန်ပါတယ် မိန်းကလေး . . ."
"ငါက အသက်ကလည်းကြီး မျက်လုံးကလည်း မှုန်နေပြီဆိုတော့ မင်းကို တစ်ယောက်ယောက်နဲ့ မှား သွားလို့ပါ . . ."
ဆောင်ဂျူမှ အားတုန့် အားနာဟန်မျိုးဖြင့် ပြော လိုက်သည်။
"နောက်ပြီး ငါက ရှောင်ရှောင်နဲ့ မဆုံရတာလည်း ကြာပြီဆိုတော့ သူ့ကို ရုတ်တရက် မြင်လိုက်ရတော့ အရမ်းအံ့ဩသွားတာ . . ."
"အဲဒါကြောင့်ပဲ ဘာပြောရမှန်း မသိ ဖြစ်သွားပြီး လျှောက်ပြောလိုက်မိတာပါ ဟားဟားဟား . . ."
"ရပါတယ် . . ."
ရွှမ်ပိုင်မှ အပြုံးဖြင့် ယဉ်ယဉ်ကျေးကျေးပင် ပြော လိုက်သည်။
စင်စစ် သူမအနေဖြင့် ဦးလေးဆောင်ကို မည်သို့ ပြောရမည်၊ သုံးနှုန်းရမည်မှန်း မသိ၍ ထိုသို့ ရိုးရှင်း သည့် စကားလုံးကိုသာ ပြောလိုက်ခြင်း ဖြစ်၏။
နောက်ဆုံးတွင် ဆောင်မျိုးနွယ်စုမှ လူများလည်း မနေနိုင်တော့ဘဲ -
"ဂျူလေး . . ."
"သူတို့က မင်းရဲ့ မိတ်ဆွေတွေလား . . ."
ဟန်ပိုင်ယွဲ့နှင့် ရဲရှောင်တို့မှ လွဲ၍ ဆောင်မျိုးနွယ်မှ လူများမှာ အဖြစ်အပျက်များအပေါ် ထူးထူးခြားခြား မခံစားမိကြချေ။
သူတို့၏ အမြင်တွင် ရဲရှောင်မှာ အားအနည်းဆုံး ဖြစ်သော်လည်း ဦးဆောင်သူ ဖြစ်ကြောင်းကိုမူ သိကြ သည်။
ထို့ကြောင့် ဆောင်ဂျူမှ ရွှမ်ပိုင်အပေါ် ပြောမှားဆို မှား ဖြစ်သွားသော်လည်း ကိစ္စကြီးကြီးမားမား မဖြစ် နိုင်ကြောင်း သူတို့ တွေးထင်လိုက်ကြသည်။
ထို့ပြင် ရွှမ်ပိုင်ထံတွင်လည်း ဒေါသထွက်နေသည့် အရိပ်အယောင်မျိုး စိုးစဉ်းမျှပင် မရှိပြီ မဟုတ်ပါလား။
ဆောင်ဂျူမှာမူ သူ့လူများ၏ အမေးကို မဖြေဘဲ လျစ်လျူရှုထားလိုက်သည်။
ထိုစဉ် ရဲရှောင် မျက်ရိပ်ပြလိုက်သည်ကို မြင်သော အခါမှ ဆောင်ဂျူလည်း လည်ပင်းတစ်ချက် ရှင်းလိုက် ပြီး -
"အဟမ်း . . ."
"သူက ငါ့ရဲ့ သွေးသောက် ညီအစ်ကိုရဲ့သားလေ"
"ငါတို့ မဆုံရတာ တော်တော်ကြာသွားပြီ ဟဲဟဲ"
ရွှမ်ပိုင်မှာမူ စိတ်ထဲ မကျေမချမ်းဖြစ်သွားမိသည်။
(တူက မရိုးသားသလောက် ဦးလေးကလည်း လူ လိမ်ကြီးပဲ . . .)
(တော်တော်ကြာသွားပြီ ဟုတ်လား အခုမှ တစ်နှစ် ကျော်လောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား . . .)
ထိုစဉ် ဆောင်မျိုးနွယ်မှ လူများလည်း အံ့ဩနေ ကြသည်။
(သွေးသောက် ညီအစ်ကိုရဲ့သား ဟုတ်လား . . .)
(ဆောင်ဂျူ မင်းမှာ တကယ်ကို အစွမ်းထက်တဲ့ သွေးသောက်ညီအစ်ကို ရှိနေတာပဲ . . .)
(ဟန်ပိုင်ယွဲ့က အဲဒီလူရဲ့ သားနောက်ကို လိုက်နေ တာ၊ နောက်ပြီး တစ်ချိန်လုံး ဆရာသမား ဆရာသမား နဲ့ ခေါ်နေတာ . . .)
(ဒါဆို မင်းရဲ့ သွေးသောက် ညီအစ်ကိုက ဘယ် အဆင့်လောက်တောင် ရှိနေပြီလဲ . . .)
(မင်းမှာ ဒီလို အဆက်သွယ်ကောင်းတွေ ရှိနေတာ ဘာလို့ ငါတို့ကို မပြောခဲ့တာလဲ . . .)
(ဒီကောင်လေး ရောက်လာလို့သာ အမှန်တရားကို သိရတာ၊ မဟုတ်ရင် ငါတို့ သိရမှာကို မဟုတ်ဘူး . . .)
ဆောင်မျိုးနွယ်မှ လူများမှာ တွေးရင်းဖြင့် ချွေးပြန် နေကြသည်။
(ဘုရား ဘုရား . . .)
(ဆောင်ဂျူက ငါတို့ကို ရှင်းပစ်တော့မှာလား မသိ ဘူး၊ အဲဒါကြောင့်မလို့သာ ကြိတ်ပြီး ကြံနေတာ ဖြစ်ရ မယ် . . .)
ဆောင်မျိုးနွယ်မှ လူများမှာ တွေးရင်းဖြင့် ချွေးစေး များပင် ပြန်လာပြီး ဆောင်ဂျူကို အထိတ်တလန့်ဖြင့် ကြည့်နေကြပါတော့သည်။
#translator
#ကြွေရွက်ဝါအခန်း (၁၀၀၃)(စာစဉ်၇၂- အပိုင်း ၉)
"ကျွန်မနာမည် ရွှမ်ပိုင်"
ဆောင်ဂျူမှာ သတိကောင်းသူပီပီ သူ့လူများ၏ အမူအယာကို သတိပြုမိသွားသည်။
ထို့ကြောင့် အသံကျယ်ကျယ်ဖြင့် -
"ငါ့သွေးသောက် ညီအစ်ကိုက ငါနဲ့ပဲဆိုင်တယ်၊ သူ နဲ့ငါကသာ ညီအစ်ကိုတွေဆိုတော့ ဆောင်မျိုးနွယ်စုနဲ့ ဘာမှမဆိုင်ဘူး . . ."
"ငါ့ရဲ့ သွေးသောက်ညီအစ်ကိုကြောင့် မင်းတို့ ငါ့ကို ဒီလို ဆက်ဆံနေစရာ မလိုဘူး၊ ငါ့ကိုလည်း ဂရုစိုက်နေ စရာ မလိုဘူး၊ နောက်ပြီး ငါ့ကို အဲဒီလိုမျိုးတွေ ကြည့် နေစရာလည်း မလိုဘူး . . ."
"မင်းတို့ မျိုးနွယ်စုထဲက ကိစ္စတွေကို ငါဘယ်တုန်း ကမှ စိတ်မဝင်စားခဲ့ဘူး၊ ငါနဲ့ ဘာမှ မသက်ဆိုင်တဲ့ အမှိုက်တွေလိုပဲ . . ."
သက်ကြီးဝါကြီးများ အားလုံး ရှက်အမ်းအမ်း ဖြစ် သွားကြသည်။
သူတို့အဖို့ မည်သို့ ပြန်ပြောရမှန်း မသိအောင် စကားလုံးများ ပျောက်ရှကုန်ကြသည်။
ဆောင်ဂျူမှသာ ၎င်းတို့အား အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆိုနေခြင်း ဖြစ်သည်။
ထိုသို့ အပြောခံရခြင်းမှာ သူတို့အတွက် သိက္ခာကျ စရာပင် ဖြစ်သော်လည်း ခေါင်းငုံ့ခံရန်မှလွဲ အခြားမရှိ ချေ။
၎င်းတို့မှာ ဆောင်ဂျူနှင့် သူ၏ လူများကို ယခင်က ဖိနှိပ် ဆက်ဆံခဲ့ကြသည် မဟုတ်ပါလား။
ထို့ကြောင့် ဆောင်ဂျူ ရင်ထဲရှိ အာဃာတ တရား များကိုလည်း သူတို့ ကောင်းကောင်းကြီး သိနေသည်။
ထိုစဉ် ရဲရှောင်မှ လေသံခပ်အေးအေးဖြင့် -
"ဦးလေးဆောင် . . ."
"သတ်ပစ်ဖို့ကတော့ လွယ်ပါတယ် ဒါပေမယ့် သူ တို့က ခင်ဗျားရဲ့ ဆွေမျိုးတွေပဲ မဟုတ်လား . . ."
"အဲဒါကြောင့် အရင်က ဖြစ်ခဲ့တဲ့အရာတွေကို ထား လိုက်ပါတော့ နောက်ပြီး ဆောင်ဝုရန်နဲ့ သူ့လူတွေ အားလုံးလည်း မရှိကြတော့ဘူးလေ . . ."
"ဆူးငြောင့် ခလုတ်တွေကို ရှင်းပြီးသားဆိုတော့ ဦးလေးဆောင် အရင်က ဖြစ်ခဲ့သလိုမျိုး ထပ်မဖြစ် တော့ဘူးလို့ ကျုပ် ယုံပါတယ် . . ."
"အဲဒါမလို့ စိတ်ထဲ ထားမနေပါနဲ့တော့ အခုဆိုရင် မျိုးနွယ်စုကလည်း ဦးလေးဆောင်ရဲ့ ဦးဆောင်မှုကို လိုအပ်နေပြီ မဟုတ်လား . . ."
"ဒီလိုပုံစံနဲ့သာဆိုရင် ဆောင်မျိုးနွယ်က အနှေးနဲ့ အမြန်ကို မြင့်တက်လာတော့မှာပါ . . ."
ရဲရှောင်၏ စကားအရ ဆောင်ဂျူမှာ မျိုးနွယ်စုကို ခေါင်းဆောင်မည့်သူ ဖြစ်ကြောင်း ကြေညာလိုက်သလို ပါပင်။
ထို့ကြောင့် အခြားလူများအဖို့ ပြောင်းလဲရန် မဖြစ် နိုင်တော့ချေ။
ရဲရှောင် လက်နှင့် ရေးထားသည့် အရာကို မည်သူ က ခြေဖြင့်ဖျက်ဝံ့ပါမည်နည်း။
ထိုစဉ် ဆောင်ဂျူမှ မကျေမချမ်းဖြင့် -
"အစ်ကိုရဲကိစ္စနဲ့ ပတ်သက်ပြီး သူတို့ ဘာလုပ်ခဲ့ကြ လဲ၊ နောက်ပြီး အဲဒီတုန်းက ငါက သူတို့ရဲ့ ဆွေမျိုးပါ ဆိုပြီး သတ်မှတ်ခဲ့ကြလို့လား . . ."
ဆောင်ဂျူ စကား မဆုံးခင်မှာပင် ရဲရှောင်မှ ကြား ဖြတ်လိုက်ပြီး -
"ဦးလေးဆောင် . . ."
"မလိုအပ်တဲ့ တခြားစကားတွေကို ပြောမနေပါနဲ့ တော့၊ သူတို့တွေလည်း ဒါမျိုး ထပ်မလုပ်လောက် တော့ပါဘူး . . ."
"အဲဒါကြောင့် အရင်က အကြောင်းတွေကို ပြန်တူး ဖော်ပြီး ပြောမနေတာ ပိုကောင်းပါတယ် . . ."
ဆောင်ဂျူမှာမူ ရင်ထဲရှိ ဒေါသမီးများကို မငြိမ်းနိုင် အောင် ဖြစ်နေရသည်။
အမုန်းတရားများမှာ အမြစ်တွယ်နေ၍ ချက်ချင်း ဖယ်ရှားပစ်ရန်မှာ ခက်ခဲသည် မဟုတ်ပါလား။
ထို့ကြောင့် ဆောင်ဂျူမှာ နှုတ်ဆိတ်သွားပြီး တစ် ဖက်သို့သာ လှည့်သွားသည်။
ရဲရှောင်လည်း သက်ပြင်းရှည်ကြီးကိုသာ ချလိုက်မိ တော့သည်။
အဖေဖြစ်သူ ရဲနန်ရှန်၏ လုပ်ရပ်ကြောင့် မျိုးနွယ်စု နှစ်ခုလုံး ထိခိုက်နစ်နာခဲ့ရသည်။
တစ်ခုမှာ သူ၏ မျိုးနွယ်စုဖြစ်သည့် ရဲမျိုးနွယ်စုဖြစ် ပြီး ကျန်တစ်ခုမှာ ဆောင်မျိုးနွယ်စုသာ ဖြစ်သည်။
ထိုအတွက်ကြောင့်ပင် ရဲရှောင်လည်း သူတတ်နိုင် သမျှ နည်းလမ်းများဖြင့် ဆောင်မျိုးနွယ်ကို ကူညီပေး ချင်နေခြင်း ဖြစ်သည်။
သူ၏ အဖေဖြစ်သူမှာ ဆောင်ဂျူအပေါ် အကြွေး တင်နေသည် မဟုတ်ပါလား။
ဆောင်မျိုးနွယ်နှင့် ပတ်သက်လျှင် သူလုပ်ခဲ့သမျှ အရာအားလုံးမှာ ဆောင်ဂျူ၏ မျက်နှာ တစ်ခုတည်း ကြောင့်သာ ဖြစ်သည်။
ဆောင်ဖေ့၏ လုပ်ရပ်ကြောင့် မျိုးနွယ်စု တစ်ခုလုံး ကို အပြတ်ရှင်းပစ်၍ ရသော်လည်း ဆောင်ဂျူကြောင့် မျက်နှာသာပေးခဲ့သည်။
လက်ရှိတွင်လည်း ဆောင်မျိုးနွယ်စုအတွင်း ရှေ့ ဆက်၍ လုပ်ရမည့် အလုပ်များနှင့် ပတ်သက်၍ ကူညီ နိုင်သမျှ ကူညီကာ အစီစဉ်များ ချမှတ်ပေးလိုက်သည်။
ဆောင်ဂျူမှာမူ သက်ကြီးဝါကြီးများကို အဖတ်ပင် မလုပ်၍ ထိုလူများမှာ မချိပြုံးသာ ပြုံးနေရသည်။
ခဏအကြာတွင် ဆောင်ဂျူမှာ ရဲရှောင်အား သူ၏ ကိုယ်ပိုင်ခြံဝန်းအတွင်းသို့ ခေါ်သွားလိုက်သည်။
ဆောင်မျိုးနွယ်မှ လူများမှာမူ ထွက်ခွာသွားသည့် ဆောင်ဂျူတို့ကို ကြည့်ရင်း နောင်တအကြီးအကျယ်ရ နေမိသည်။
"ဒီအကြောင်းရင်းတွေကိုသာ အစောကြီးကတည်း က သိခဲ့ရင် ငါဒါမျိုး မလုပ်ခဲ့ဘူး . . ."
အဘိုးကြီးတစ်ဦးမှ နောင်တရဟန်ဖြင့် ပြောလိုက် သည်။
"ဆောင်ဝုရန်နဲ့ သူ့လူတွေ မကောင်းတဲ့ လုပ်ရပ် တွေ လုပ်နေကြတုန်းက ငါတို့ သူ့ဘက်မှာ ရပ်တည်မိ ခဲ့ကြတယ် . . ."
"အဲဒီတုန်းကလည်း ငါတို့က နီးရာဓား ကြောက်ခဲ့ ရတာကိုး၊ အခုတော့ ငါတို့ စိုက်ပျိုးရတာကို ငါတို့ ပြန် ရိတ်သိမ်းကြရပြီ . . ."
"အဲဒီအတွက် ဘယ်သူ့ ဘယ်သူကိုမှ အပြစ်တင်လို့ မရပါဘူးလေ . . ."
အခြားအဘိုးကြီး တစ်ဦးမှ သက်ပြင်းချရင်း ပြော လိုက်သည်။
"ဒါက အဆုံးသတ် မဟုတ်သေးပါဘူး နောက် လည်း မကျသေးပါဘူးလေ . . ."
"ဘယ်လိုပဲဖြစ်ဖြစ် ဆောင်မျိုးနွယ်ရဲ့ ကိစ္စတွေက ပြေလည်သွားပါပြီ . . ."
နောက်ထပ် အဘိုးကြီး တစ်ဦးမှလည်း ပြောလိုက် သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဆောင်ဂျူနဲ့ သူ့လူတွေရဲ့ ရင် ထဲမှာ အမုန်းတွေ၊ အာဃာတတွေ ရှိနေသေးတယ်ဆို ပေမယ့် သူတို့က ဆောင်မျိုးနွယ်စုထဲမှာပဲ ရှိနေကြဦး မှာပဲလေ . . ."
"အဲဒီတော့ နောက်ပိုင်း သူတို့ ဘာပဲလိုလို ငါတို့ အကူအညီပေးရင်း ဖေးမရင်းနဲ့ပဲ ဖြတ်သန်းရမှာပေါ့"
"ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေက ငါတို့ မျိုးနွယ်စု မြင့် တက်လာဖို့ အခွင့်အရေး ရခဲ့တဲ့ သဘောပဲ . . ."
"ဆောင်ဂျူနဲ့ ဆောင်ချန် ညီအစ်ကိုနှစ်ယောက်က မျိုးနွယ်စုကို ဦးစီးလိမ့်မယ် . . ."
"ငါတို့ မျိုးနွယ်စုလည်း သူတို့နှစ်ဦးရဲ့ ဦးဆောင်မှု အောက်မှာ အရင်ကထက် အများကြီး မြင့်တက်လာ မှာပါ . . ."
"ဟုတ်တယ် ဒီနေ့က ဆောင်မျိုးနွယ်စု မြင့်တက် လာမယ့် အထိမ်းအမှတ်နေ့လို့တောင် သတ်မှတ်လို့ရ မယ် . . ."
"ဟုတ်တယ် ငါတို့က အသက်ကြီးပြီ၊ အမြင်တွေ လည်း မစူးရှနိုင်တော့ဘူး . . ."
"လူငယ်တွေ ဖြစ်တဲ့ ဆောင်ဂျူနဲ့ ဆောင်ချန်တို့ပဲ တာဝန်ယူပါစေတော့ . . ."
"ငါတို့အတွက်ကတော့ ခက်ခဲတဲ့ နေ့ရက်တွေ ပြီး သွားခဲ့ပြီ၊ ငါတို့ ခေတ်ကုန်သွားပြီ ဆိုတာကို လက်ခံရ မယ်လေ၊ ဘာပဲလုပ်လုပ် ငါတို့ မျိုးနွယ်စုအတွက်ပဲ ခေါင်းထဲထည့်ပြီး လုပ်ပေးကြတာပေါ့ . . ."
အဘိုးကြီးများမှာ သက်ပြင်းကိုယ်စီချရင်း ပြောဆို လိုက်ကြသည်။
အိုမင်းရင့်ရော်နေသော ၎င်းတို့အတွက် ဝန်ထိုးဝန် ပိုးကြီး တစ်ခု လျော့ကျသွားသလိုပါပင်။
အနည်းဆုံးမူ ဆောင်ဝုရန်နှင့် သူ့လူများ သေဆုံးရ ပြီဖြစ်၍ ဆောင်မျိုးနွယ်စုထဲ၌ ကြီးမားသည့် ပြဿနာ များ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ပေ။
အကယ်၍ နောက်ထပ် ပြဿနာ ကြီးကြီးမားမား ကြုံကြိုက်ခဲ့ရလျှင်လည်း ထိုအချိန်၌ ၎င်းတို့ ရှိချင်မှရှိ တော့ပေမည်။
မည်သို့ပင်ဆိုစေ အမှားမှန်း သိရက် အမှန်ပြင်ရန် ခက်ခဲကြောင်းကို ဆောင်ဝုရန်တို့မှ ဆောင်မျိုးနွယ်စု အား ကောင်းစွာ သက်သေပြသွားခဲ့ပါတော့သည်။
. . .
ဆောင်ဂျူ၏ ခြံထဲ၌ ဖြစ်သည်။
ဆောင်ဂျူမှာ အစ်ကိုဖြစ်သူအား ဖေးမထားရင်း -
"အစ်ကိုချန် . . ."
"အစ်ကိုချန်က သက်သာသွားပြီပဲ . . ."
"ကောင်းတယ် သိပ်ကောင်းတယ် . . ."
ဆောင်ချန်မှာ ရဲရှောင်၏ ထူးခြား အစွမ်းထက် ဆေးလုံးနှင့် ဟန်ပိုင်ယွဲ့၏ စွမ်းအင်များ အကူအညီ ဖြင့် လူကောင်းပကတိ ပြန်ဖြစ်သွားသည်။
မျက်လှည့်ပြလိုက်သည့်ပမာ ခဏလေးအတွင်းမှာ ပင် သက်သာသွားခြင်း ဖြစ်သည်။
ထိုသတင်းမှာ ဆောင်ဂျူအတွက် မင်္ဂလာတစ်ပါး ပါပင်။
သူ့ထံ၌ ရဲရှောင် ပေးခဲ့သည့် ထူးခြားအစွမ်းထက် ဆေးလုံးများ ရှိသော်လည်း ထုတ်မသုံးဝံ့ခဲ့ချေ။
ယခုအခါ သူ့အား ခြိမ်းခြောက်မည့် လူများ မရှိ တော့သလို ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့တို့မှာလည်း ကူညီ ရန် ရောက်လာကြပြီ မဟုတ်ပါလား။
ထို့ကြောင့် ဆောင်ချန်အား အချိန်တိုအတွင်း ကုသပေးရန်မှာ ပြဿနာ မဟုတ်တော့ချေ။
(အစ်ကိုချန်က အခုဆို သက်သာသွားပြီ . .. )
(အရင်ကထက်တောင် ပိုကောင်း သွားသလိုပဲ၊ ပို ပြီးလည်း တိုးတက်လာတယ် . . .)
(ဆောင်ရွှမ်ကလည်း ကောင်းသွားပြီ၊ ကျင့်ကြံမှု ပိုင်းမှာလည်း ပိုပြီးတောင် မြန်လာသေးတယ် . . .)
ဆောင်ဂျူအဖို့ အိပ်မက်ဆိုးများမှ နိုးထနိုင်သွား၍ ယခင်နှင့်မတူတော့ဘဲ စိတ်အစဉ်က လန်းဆန်းနေ သည်။
သို့သော် ရဲရှောင်မှ ဟန်ပိုင်ယွဲ့အား အမိန့်ပေးနိုင် သည်ကို ကြည့်ရင်း နားမလည်နိုင် ဖြစ်နေရသည်။
(ရှောင်ရှောင်က ဒီလို လူမျိုးကို ဘယ်တုန်းက စည်းရုံးလိုက်နိုင်တာလဲ . . .)
ထို့နောက် ဘေးနားတွင် တိတ်ဆိတ်စွာ ရှိနေသည့် မိန်းကလေးအား လှမ်းကြည့်လိုက်ပြန်သည်။
(ဒီမိန်းကလေးကရော ဘယ်သူလဲ . . .)
(ဟန်ပိုင်ယွဲ့လို လူမျိုးကတောင် သူ့ကို ဘာလို့များ ကြောက်နေရတာလဲ . . .)
(သူကရော ဘာလို့ ရှောင်ရှောင်နဲ့အတူတူ ရှိနေရ တာလဲ . . .)
ထိုသို့တွေးရင်း ဆောင်ဂျူမှာ ရွှမ်ပိုင်အပေါ် အထင် ကြီးနေမိသည်။
ထို့ကြောင့် အနားသို့ ကပ်လျှောက်သွားလိုက်ပြီး -
"မိန်းကလေး . . ."
"မင်းကို ငါတစ်ယောက်ယောက်နဲ့ လူမှားသွားမိ တယ်၊ အဲဒီအတွက် ငါတောင်းပန်ပါတယ် . . ."
"ဒါနဲ့ စကားမစပ် မင်းရဲ့ နာမည်လေးကို ငါသိခွင့် ရှိမလား . . ."
ရွှမ်ပိုင်မှ ခပ်အေးအေးဖြင့်ပင် -
"ရွှမ်ပိုင်ပါ . . ."
"အင်း ရွှမ်ပိုင် ရွှမ်ပိုင် . . ."
"တော်တော်ကောင်းတဲ့ နာမည်ပဲ . . ."
"ရွှမ်ဆိုတာက နတ်ဘုရားမပေါ့၊ ရေခဲလို လှပတဲ့ အရိုးတွေ ရှိတဲ့ နတ်ဘုရားမ . . ."
"ဟမ် ဘာ . . ."
ဆောင်ဂျူမှာ ချီးကျူးနေရင်းဖြင့် ရုတ်တရက် တစ် စုံတစ်ခုကို စဉ်းစားမိလိုက်သည်။
ထို့ကြောင့် ချက်ချင်းပင် အထိတ်တလန့်ဖြင့် ထ ခုန်မိမတတ်ပင် ဖြစ်သွားပါတော့သည်။
#translator
#ကြွေရွက်ဝါအခန်း (၁၀၀၄)(စာစဉ် ၇၂- အပိုင်း ၁၀)
"သူ့ကြောင့်သာ"
"ရွှမ် ရွှမ် ရွှမ် . . ."
ဆောင်ဂျူမှာ ရွှမ်ပိုင်အား အထိတ်တလန့်ဖြင့် ငေး ကြည့်နေမိသည်။
သူကဲ့သို့ ရဲရင့်သည့် လူမျိုးပင် မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူရော်ရော်ပင် ဖြစ်နေသည်။
ရွှမ်ပိုင်ဆိုသည့် နာမည်ကြောင့် ထိုင်ခုံပေါ်တွင် ရှိ နေသည့် ဆောင်ချန်မှာလည်း အောက်သို့ ပြုတ်ကျလု မတတ်ပင် ဖြစ်သွားသည်။
ညီအစ်ကို နှစ်ယောက်လုံးမှာ ရွှမ်ပိုင်အား ပြူး ကျယ်သည့် မျက်လုံးများဖြင့်သာ ကြည့်နေကြသည်။
ရွှမ်ပိုင်မှ ထပ်မံ ခေါင်းညိတ်ပြီး သူမဖြစ်ကြောင်း အတည်ပြုပြလိုက်ပြန်သည်။
ဆောင်ဂျူလည်း အံ့ဩလွန်း၍ မြေပြင်ပေါ်သို့ပင် ဖင်ထိုင်လျက်သား လဲကျသွားသည်။
ထိုကဲ့သို့သော အမျိုးသမီးအား ကိုယ်လုပ်တော်ဟု ပြောဆိုမိခဲ့သည်ကို ပြန်တွေးရင်း နဖူးမှ ချွေးစေးများ လည်း ထွက်လာလေသည်။
တိမ်မြူခိုးနန်းတော်၏ ဥသျှောင်ကြီးအား သူအဖို့ မထီမဲ့မြင် စော်ကားမိခဲ့သည် မဟုတ်ပါလား။
(ဘုရား ဘုရား တော်သေးတာပေါ့ . . .)
(ရွှမ်ပိုင်က ဒေါသမထွက်သွားလို့ . . .)
(အဲဒီလိုမှ မဟုတ်ရင် ငါတော့သွားပြီ၊ ငါ တင်မက ဘူး ဆောင်မျိုးနွယ်စု တစ်ခုလုံးပါ သွားပြီ . . .)
(ပြီးရင် ရှောင်ရှောင်နဲ့ ဟန်ပိုင်ယွဲ့ပါ အသတ်ခံရ မှာ သေချာတယ် . . .)
ရွှမ်ပိုင်ဆိုသည်မှာ မည်သူနည်း။
ချင်းရန်နယ်ပယ်ရှိ အစွမ်းထက်ဆုံး ပညာရှင်သုံးဦး ထဲမှ တစ်ဦးပင် မဟုတ်ပါလား။
တိမ်မြူခိုးနန်းတော်၏ ဂိုဏ်းချုပ်ကြီး တစ်ဖြစ်လဲ ဥသျှောင်ကြီးဖြစ်သည့် သူမ၏ ဂုဏ်ဒြပ်များမှာ တွေး ပင် မတွေးဝံ့အောင် ကြောက်စရာကောင်းလှသည်။
ထို့ပြင် ချင်းရန်နယ်ပယ်၌ အစွမ်းထက်ဆုံး အမျိုး သမီးဖြစ်၍ သူမ၏ နာမည်မှာ နယ်ပယ်တစ်ခုလုံးကို ပင် ဖိန့်ဖိန့်တုန်သွားစေနိုင်သည်။
ဆောင်မျိုးနွယ်မှာ ကျင့်ကြံမှု နည်းစနစ်များ အလို ရှိ၍ တိမ်မြူခိုးနန်းတော်အတွက် ဆေးပစ္စည်းများ ရှာ ပေးခဲ့ရသည်။
ယခုအခါတွင် ထိုနန်းတော်၏ အစွမ်းထက်ဆုံး လူ မှာ သူတို့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာ ခဲ့သည်။
ဆောင်ဂျူလည်း အတန်ကြာ အံ့ဩနေပြီးနောက်-
"ဆောင်ဖေ့ . . ."
"တော်တော်ကို ကံဆိုးတဲ့ ကောင်ပဲ . . ."
"မိုးကြုးပစ်ချခံရတာထက်ကို ပိုဆိုးသွားပြီ . . ."
ထိုသို့ ရေရွတ်ရင်းဖြင့် ဆောင်ဂျူမှာ အတွေးနယ် ချဲ့နေမိသည်။
ဆောင်ဖေ့မှ ရွှမ်ပိုင်ကို မည်သို့ စော်ကားခဲ့သည်ကို လည်း ပုံဖော် စဉ်းစားနေမိသည်။
ထို့ကြောင့် ထိုသို့ စော်ကားရဲခဲ့သည့် ဆောင်ဖေ့ကို လည်း လေးစားမိသလို ဖြစ်သွားသည်။
"ဒီကောင်က ဘယ်လိုမှ အသက်ရှင်နိုင်တော့မယ့် ကောင်မဟုတ်ဘူး . . ."
"ကိုယ့်သေတွင်းကိုယ် တူးခဲ့တဲ့ကောင် မိုက်လိုက် တာကွာ . . ."
အတန်ကြာ မှင်သက်နေသည့် ဆောင်ဂျူမှ ယခုကဲ့ သို့ ပြောလာမည်ဟု မည်သူမှ မထင်ထားကြပေ။
ထို့ကြောင့် အားလုံးမှာ ဆောင်ဂျူအား ကြည့်ရင်း စိတ်လွတ်လက်လွတ်ပင် ရယ်မောလိုက်ကြသည်။
ရွှမ်ပိုင် ကိုယ်တိုင်ပင် လိုက်ပါ၍ ရယ်မောလိုက်မိ သည်။
သူမရင်ထဲ၌ ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်းများ ပြည့်နှက်နေခဲ့သည့်တိုင် ယခုအခါ၌ ရယ်မောခြင်းနှင့် အတူ အရာအားလုံး ပျောက်ကွယ်သွားခဲ့ချေပြီ။
အတိတ်နေ့ရက်များတွင် သူမအား ရယ်မော အောင် လုပ်ပေးခဲ့ဖူးသည့် ဦးလေးဆောင်မှာ သူမရှေ့၌ ရောက်နေပြီ မဟုတ်ပါလား။
ထိုစဉ် ဆောင်ရွှမ်မှာ အားလုံးအတွက် လက်ဘက် ရည်ဖျော်ပေးရင်းဖြင့် အလုပ်ရှုပ်လျက် ရှိသည်။
ရွှမ်ပိုင်မှာ ဆောင်ရွှမ်အား လှမ်းကြည့်မိချိန် အနာ ဂတ်၌ အလားအလာရှိသည့် လူတစ်ဦးဖြစ်လာနိုင်မှန်း ရိပ်စားမိလိုက်သည်။
"ဒီကောင်လေးက တော်တော်ကို အလားအလာရှိ တယ်၊ ဒီတစ်ကြိမ်မှာတော့ ဟန်ပိုင်ယွဲ့က အခွင့်အရေး ကို အမိအရ ဖမ်းဆုပ်သွားခဲ့တယ် . . ."
"သူက ဒီကောင်လေးကို သူ့တပည့်အဖြစ် လက်ခံ လိုက်တယ်လေ၊ နှမြောစရာပဲ . . ."
"ကျွန်မတို့ တိမ်မြူခိုးနန်းတော်က ယောက်ျားသား တွေကို ဂိုဏ်းဝင်အဖြစ် လက်မခံဘူး ဒါပေမယ့် သူနဲ့ သင့်တော်မယ့် ကျင့်စဉ်တစ်ခုတော့ ကျွန်မမှာ ရှိတယ်"
"တကယ်တော့ အဲဒီကျင့်စဉ်ကို ကျွန်မလည်း ကံ ကောင်းလို့ ရခဲ့တာပါ . . ."
"ဒါပေမယ့် ကျင့်စဉ်က မိန်းကလေးတွေနဲ့ မသင့် တော်ဘူး ဖြစ်နေတော့ သူနဲ့တော့ သင့်တော်မယ် ထင် တယ် . . ."
ထိုစကားကြောင့် ဆောင်ဂျူနှင့် ဆောင်ရွှမ်တို့ ၏ မျက်နှာ၌ အပြုံးပန်းများ ဝေဆာသွားကြသည်။
ရွှမ်ပိုင်ပေးသော ကျင့်စဉ်ဖြစ်၍ အလွန်ကောင်း မွန်မည်မှာ သေချာလှသည်။
ဆောင်ချန်လည်း ကျေးဇူးတင်လွန်း၍ ရွှမ်ပိုင် ကို အရိုအသေပြုရန် ဆောင်ချန်အား တိုက်တွန်း လိုက်သည်။
ရွှမ်ပိုင်လည်း ပြုံးလိုက်ပြီး ကျောက်စိမ်းပြား လေး တစ်ချပ်ကို ထုတ်ကာ ဆောင်ရွှမ်၏ နဖူးနှင့် ထိလိုက်သည်။
ထိုသို့ ထိထားချိန်တွင် ထူးခြားသည့် စွမ်းအင် များကို စီးဆင်းစေနေလိုက်သည်။.
ခဏအကြာတွင် ကျောက်စိမ်းပြားလေးမှာ ပြာ အဖြစ် ပြောင်းလဲသွားပြီး ဆောင်ရွှမ်လည်း အဆို ပါကျင့်စဉ်ကို ရရှိသွားပါတော့သည်။
ရဲရှောင်တို့မှာ ကျင့်ကြံမှု လမ်းစဉ်အကြောင်း သိ သူများပီပီ ကျောက်စိမ်းပြားထဲမှ ကျင့်စဉ် ဆောင်ရွှမ် ၏ ခေါင်းထဲသို့ ရောက်သွားပြီကို သိလိုက်ကြသည်။
ထိုကျင့်စဉ်က ခက်ခဲသည်ဖြစ်စေ၊ မခက်ခဲသည် ဖြစ်စေ ဆောင်ရွှမ်အဖို့ ခဏလေးဖြင့်ပင် ရရှိသွားခဲ့ချေ ပြီ။
ထိုစဉ် ရွှမ်ပိုင်မှ -
"ဒီကောင်လေးက ကျွန်မ ထင်ထားတာထက်ကို ပို ပြီး ပါရမီပါနေတယ် . . ."
"အရာအားလုံးက အဆင်ပြေသွားပြီ၊ သူသာ ကျင့် ကြံမှုအပေါ်မှာ အားစိုက်မယ်ဆိုရင် မကြာခင်မှာ မူလ တာအိုအဆင့် ပညာရှင် ဖြစ်သွားလိမ့်မယ် . . ."
ရွှမ်ပိုင်မှ ထိုသို့ ပြောလိုက်၍ ဆောင်ရွှမ်မှာ အလွန် အားတက်သွားမိသည်။
ထိုစဉ် ဆောင်ဂျူမှ သက်ပြင်းချလျက်-
"ကျုပ်တို့ ဘယ်လို ကျေးဇူးပြန်ဆပ် ရမလဲတောင် မသိတော့ပါဘူး မိန်းကလေး ရွှမ်ပိုင် . . ."
"ဆောင်မျိုးနွယ်က ဒီကျေးဇူးတရားကို ဘယ် တော့မှ မမေ့ပါဘူး . . ."
ရွှမ်ပိုင်မှ -
"ဒါက ဆောင်မျိုးနွယ်စုနဲ့ မသက်ဆိုင်ပါဘူး . . ."
"ကျွန်မက လူငယ် တစ်ယောက်အပေါ် လုပ်ပေး နိုင်သလောက် လုပ်ပေးလိုက်တဲ့ သဘောပါပဲ . . ."
"အဲဒီအတွက် ကျွန်မကို ကျေးဇူးတင်ဖို့ မလိုအပ် ပါဘူး . . ."
ထို့နောက် ပြုံးလိုက်ရင်းဖြင့် -
"ကျေးဇူး တင်ချင်ရင် ရဲရှောင်ကိုသာ ကျေးဇူး တင်ပါ၊ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်မလည်း ရှင် တို့ကို ဘာမှ ထည့်တွက်စရာ အကြောင်းမရှိဘူး"
"ဒီလူငယ် ဘယ်လောက်ပဲ ပါရမီပါပါပေါ့ . . ."
ရွှမ်ပိုင်မှ ဟန်ဆောင်ခြင်း မရှိ၊ ပွင့်ပွင့် လင်းလင်း ပင် ပြောချလိုက်သည်။
ထိုစကားများအရ ရဲရှောင်ကိုသာ ကျေးဇူးတင် သင့်ကြောင်း မီးမောင်းထိုးပြလိုက်သလိုပါပင်။
ထိုသို့ ပြောပြီးမှ သူမလည်း စိတ်သက်သာရာ ရသွားသည်။
(အိမ်တော်ထိန်းဆောင်က ငါ့ကို ရိပ်မိခဲ့တာ ထူး ဆန်းလိုက်တာ . . .)
(သူက ပိုင်အာ အမှတ်နဲ့ ငါ့အပေါ် ကောင်းဖို့ ကြိုး စားနေတာများလား . . .)
(ဒီလိုတော့ မရဘူးလေ . . .)
. . .
ရဲရှောင်၊ ရွှမ်ပိုင်နှင့် ဟန်ပိုင်ယွဲ့တို့ မသိနိုင်သည့် အချက်တစ်ချက် ရှိနေပါသေးသည်။
သူတို့ ယနေ့ လုပ်လိုက်သည့် ဖြစ်ရပ်က နောင် နှစ်ပေါင်း ၁၀၀ ကျော်၌ ထိပ်သီး ပညာရှင်တစ်ဦး ပေါ် ထွက်စေနိုင်မည့် ဖြစ်ရပ်၏ အစပင် ဖြစ်သည်။
ထိုထိပ်သီး ပညာရှင်မှာလည်း အခြားမဟုတ်၊ ဆောင်ရွှမ်ပင် ဖြစ်၏။
ဆောင်ရွှမ် မည်သည့်နည်းဖြင့် ထိပ်သီးပညာရှင် တစ်ယောက် ဖြစ်သွားပါမည်နည်း။
ရဲရှောင်၏ ထူးခြားအစွမ်းထက် ဆေးလုံး။
ရွှမ်ပိုင်၏ ကျင့်စဉ်။
ဟန်ပိုင်ယွဲ့၏ လေ့ကျင့်ပေးမှုများ။
ထိုအရာများနှင့် သူ၏ ပင်ကိုယ်ပါရမီတို့ ပေါင်းစပ် ကာ ထိပ်ဆုံးသို့ တက်လှမ်းသွားနိုင်မည် ဖြစ်သည်။
ရဲရှောင်တို့ အားလုံး အထက်နယ်ပယ်သို့ တက် ချိန်တွင် ဆောင်မျိုးနွယ်စုမှာ ထိုနယ်မြေတွင် အင်အား အကောင်းဆုံး ဖြစ်လာမည်။
ဆောင်ရွှမ်မှာလည်း ချင်းရန်နယ်ပယ်၌ နှစ်ပေါင်း ၁၀၀ ကြာအောင် ပြိုင်ဘက်ကင်း အနှိုင်းမဲ့ ဖြစ်လာ လိမ့်မည်။
အတိကျဆိုရလျှင် နံပါတ်တစ် ပညာရှင်ဖြစ်သည့် ဝုဖ၏ နေရာကို အစားထိုးဝင်ရောက်သွားမည် ဖြစ် သည်။
ဤသည်မှာ အနာဂတ် အကြောင်းအရာများပင် ဖြစ်တော့သည်။
. . .
ရဲရှောင်တို့မှာ ဆောင်မျိုးနွယ်စုတွင် ခုနှစ်ရက် ကြာအောင် နေခဲ့၏။
ပျော်ရာမှာ မနေရ၊ တော်ရာမှ နေရ ဆိုစကား အတိုင်း ရဲရှောင်လည်း လုပ်စရာကိစ္စများ ပြီးစီး၍ ထွက်ခွာရန် ပြင်ဆင်တော့သည်။
သို့သော် ဆောင်ဂျူက သူ့အား မပြန်စေချင်သေး သည့် ပုံပင်။
ထို့ကြောင့် စိတ်မကောင်းဖြစ်နေသည့် အသံဖြင့် -
"ငါ့အစ်ကိုကို ငါလာတွေ့ဦးမယ်လို့ ပြောလိုက်ပါ"
"ဂရုစိုက်ဖို့လည်း ပြောလိုက်နော် . . ."
"ရှောင်ရှောင် သိုင်းလောကကြီးက အန္တရာယ်တွေ အပြည့်နဲ့မလို့ မင်းလည်း ဂရုစိုက်ပါ . . ."
ထိုသို့ဖြင့် ဆောင်ဂျူမှာ မိန်းမကြီး တစ်ဦးကဲ့သို့ပင် တရစပ် မှာကြားနေတော့သည်။
"ရှောင်ရှောင် . . ."
"ဒီနယ်ပယ်ကို ရောက်ပြီး မင်းဘာတွေ ဖြတ်သန်း ခဲ့ရပြီလဲ ဆိုတာတော့ ငါမသိဘူး ဒါပေမယ့် မင်း သေ သေချာချာ ဂရုစိုက်ပါ . . ."
"မင်းကိုယ်မင်း လုံခြုံအောင် ဂရုစိုက်ပါကွာ . . ."
ဆောင်ဂျူမှာ ရဲရှောင်အား စိုးရိမ်နေ၍ ထိုစကား များကိုသာ ထပ်တလဲလဲ မှာကြားနေပါတော့သည်။
#translator
#ကြေရွက်ဝါ
အခန္း (၉၉၉)(စာစဥ္ ၇၂- အပိုင္း ၅)
"ဦးေလးေဆာင္"
ေဆာင္ဝုရန္၏ အင္အားစု ၿပိဳကြဲသြားျခင္းေၾကာင့္ ေဆာင္မ်ိဳးႏြယ္စု ထိန္းခ်ဳပ္ထားသည့္ ေနရာမ်ားမွ လူ မ်ားမွာ ၿခိမ့္ၿခိမ့္သဲ ေအာင္ပြဲခံၾကေလသည္။
ယခင္က ၎တို႔အဖို႔ မတရားဖိႏွိပ္ခံခဲ့ရ၍ ယခုလို တရားမွ်တမႈ ျပန္ရခ်ိန္၌ ေပ်ာ္႐ႊင္ေနၾကျခင္း ျဖစ္၏။
လူအခ်ိဳ႕ဆိုလွ်င္ ေဆာင္မ်ိဳးႏြယ္၏ အိမ္ေတာ္ေ႐ွ႕ သို႔ပင္ ေရာက္လာၿပီး ေက်းဇူးတင္သည့္အေနျဖင့္ အ႐ို အေသျပဳၾကသည္။
ထိုအျခင္းအရာေၾကာင့္ ေဆာင္မ်ိဳးႏြယ္စုမွ ေခါင္း ေဆာင္ပိုင္းမ်ားအဖို႔ ႐ွက္႐ြံ႕ဖြယ္အတိပင္ ျဖစ္ခဲ့ရသည္။
ယခင္က ေဆာင္ဝုရန္တို႔မွာ လူမ်ားအေပၚ ဖိႏွိပ္ခဲ့ သည္ကို သိသည့္တိုင္ ၎တို႔၏ စိတ္ထဲ၌ အေလး အနက္ မထားခဲ့ၾကေပ။
ထို႔ျပင္ လူအမ်ားအျပားမွ ၎တို႔ကို မုန္းတီးေနခဲ့ သည္ကိုလည္း မသိခဲ့ၾကေခ်။
ယခုအခါမွသာ လူမ်ား ေပ်ာ္႐ႊင္ေနသည္ကို ၾကည့္ ရင္း ေဆာင္မ်ိဳးႏြယ္မွ သက္ႀကီးဝါႀကီးမ်ားမွာ သိကၡာ က်သလို ခံစားေနရသည္။
ေဆာင္မ်ိဳးႏြယ္မွာ ယခုေနရာ၏ အုပ္ခ်ဳပ္သူ ျဖစ္ သည့္တိုင္ လူမ်ား၏ မုန္းတီးျခင္း ခံခဲ့ရသည္ မဟုတ္ပါ လား။
သို႔ေသာ္ အျပင္ဘက္မွ ေရာက္လာသည့္ လူသုံးဦး မွ ေဆာင္ဝုရန္ႏွင့္ အေပါင္းပါမ်ားကို ႐ွင္းပစ္လိုက္ခ်ိန္ တြင္ အမွားမွ အမွန္ျဖစ္လာခဲ့သည္။
ထိုလူမ်ားမွာ ၎တို႔၏ မ်ိဳးႏြယ္စုအတြက္ တရား မွ်တမႈကို ေဆာင္ၾကဥ္းေပးလာခဲ့ေခ်ၿပီ။
တျဖည္းျဖည္းျဖင့္လည္း ေဆာင္႐ႊမ္ အေပၚထား႐ွိ သည့္ လူမ်ား၏ သေဘာထားမ်ား ေျပာင္းလဲခဲ့သည္။
(ဒီေကာင္ေလးက လူေကာင္းေလးပဲ . . .)
(ဒီေကာင္ေလးရဲ႕ အနာဂတ္က အရမ္းကို ေျဖာင့္ ျဖဴးသြားၿပီ . . .)
. . .
သုတ္သင္ ႐ွင္းလင္းမႈမ်ားၿပီးေနာက္ အရာအားလုံး ပုံမွန္ ျဖစ္သြားသည့္ ေန႔တစ္ေန႔ ျဖစ္သည္။
ထိုစဥ္ ရဲေ႐ွာင္မွ အားလုံး မထင္မွတ္ထားသည့္ ေမးခြန္းတစ္ခုကို ေမးလိုက္၏။
"ဦးေလးေဆာင္ . . ."
"ဦးေလးေဆာင္ဂ်ဴက အိမ္မွာ႐ွိလား . . ."
ရဲေ႐ွာင္မွ ျပဳံးလ်က္ ေမးလိုက္သည္။
"သူ႐ွိရင္ က်ဳပ္ ေတြ႕ခ်င္တယ္လို႔ ေျပာေပးပါလား၊ က်ဳပ္ထက္ အသက္ပိုႀကီးတဲ့ လူႀကီးတစ္ေယာက္ကို က်ဳပ္ဘက္ကပဲ တေလးတစားနဲ႔ သြားေတြ႕သင့္တာပါ၊ ဒါေပမယ့္ အခု အေျခအေနအရ အဲဒီလို သြားေတြ႕ဖို႔ လည္း မျဖစ္လို႔ပါ . . ."
"အဲဒါေၾကာင့္ က်ဳပ္ဆီကိုပဲ ဦးေလးေဆာင္ကို ေခၚ လာေပးလို႔ ရမလား . . ."
"ေဆာင္ဂ်ဴ . . ."
"ဦးေလးေဆာင္ ဟုတ္လား . . ."
အဘိုးႀကီးမ်ားမွာ မ်က္လုံးမ်ား ျပဴးက်ယ္ရင္းျဖင့္ ေမးလိုက္သည္။
သူတို႔ ၾကားလိုက္ရသည့္ စကားေၾကာင့္လည္း ရဲေ႐ွာင္ကို တအံ့တဩ ၾကည့္ေနၾကသည္။
တခဏအၾကာတြင္မူ အားလုံး သေဘာေပါက္သြား ၾကေလသည္။
(ဒီေကာင္ေလးက ေဆာင္ဝုရန္ကို ဆန္႔က်င္ခဲ့ၿပီး ေဆာင္႐ႊမ္ကို ျမႇင့္တင္ေပးခဲ့တယ္ဆိုတာ လက္စသတ္ ေတာ့ သူနဲ႔ ေဆာင္ဂ်ဴက သိလို႔ကိုး . . .)
(ေဆာင္ဂ်ဴမွာ ဘယ္တုန္းက ဒီလို အစြမ္းထက္တဲ့ မိတ္ေဆြမ်ိဳး ႐ွိသြားရတာလဲ . . .)
ရဲေ႐ွာင္မွ ေဆာင္ဂ်ဴႏွင့္ ေတြ႕ႏိုင္ရန္ ေဆာင္႐ႊမ္ကို အသုံးခ်ခဲ့ျခင္း ျဖစ္မည္ဟုလည္း ေတြးထင္မိလိုက္ၾက သည္။
(သူက ေဆာင္႐ႊမ္ကို ေရစက္ပါလို႔ ေတြ႕ရတယ္လို႔ ေျပာခဲ့တယ္၊ ေနာက္ၿပီး ေဆာင္႐ႊမ္ကိုလည္း မ်က္ႏွာ သာ ေပးခဲ့ေသးတယ္၊ တကယ္ေတာ့ ဒါကဆင္ေျခ တစ္ခုပဲ . . .)
(တကယ့္ အမွန္တရားက ေဆာင္ဂ်ဴနဲ႔ မိတ္ေဆြ ျဖစ္ေနလို႔သာေပါ့ . . .)
(ဒါမွမဟုတ္ အဲဒီမိတ္ေဆြက သူကိုယ္တိုင္ မလာ ဘဲ သူ႕သားကို လႊတ္လိုက္တာလည္း ျဖစ္ႏိုင္တာပဲ)
(ေတာ္ေတာ္ကို အားေကာင္းတဲ့ အေထာက္အပံ့ တစ္ခုပါလား၊ မ်ိဳးႏြယ္စုထဲမွာ ေဆာင္ဂ်ဴကေတာ့ အင္ အားအႀကီးဆုံး လူကို ျဖစ္လာေတာ့မယ္ . . .)
(ဒီေကာင္ေလးကလည္း အေတာ္ႀကီးကို အစြမ္း ထက္တယ္ ဒါေပမယ့္ သူလို လူမ်ိဳးက ေဆာင္ဂ်ဴကို ေတာင္ တေလးတစားနဲ႔ ဦးေလးေဆာင္လို႔ ေခၚတယ္ ေပါ့ေလ . . .)
ေဆာင္မ်ိဳးႏြယ္မွ သက္ႀကီးဝါႀကီးမ်ားအဖို႔ အံ့ဩ လြန္း၍ ေျပာစရာစကား ႐ွာမရေအာင္ ျဖစ္သြားသည္။
တစ္ခ်ိန္တည္းမွာပင္ စိတ္ထဲ၌လည္း ႀကိတ္မႏိုင္ ခဲမရပင္ ျဖစ္သြားၾကသည္။
ေဆာင္ဂ်ဴ၌ ယခုကဲ့သို႔ အင္အားေတာင့္တင္းသည့္ မိတ္ေဆြမ်ိဳး ႐ွိသည္ကိုသာ ႀကိဳသိခဲ့ပါက ေဆာင္ဂ်ဴ အေပၚ နိမ့္ခ်ဆက္ဆံခဲ့မည္ မဟုတ္ေခ်။
အကယ္၍ လက္႐ွိတြင္ ေဆာင္ဂ်ဴ၏ အစ္ကိုသာ မ်ိဳးႏြယ္စုေခါင္းေဆာင္ ျဖစ္ေနပါက ၎တို႔မ်ိဳးႏြယ္၏ အနာဂတ္လည္း ပိုေျဖာင့္ျဖဴးသြားႏိုင္သည္။
သို႔ေသာ္ မ်ိဳးႏြယ္စု တစ္ခုလုံးမွာ ေဆာင္ဂ်ဴႏွင့္ သူ၏ အစ္ကိုျဖစ္သူတို႔အား အဆုံးစြန္ထိေရာက္ေအာင္ တြန္းပို႔ခဲ့ၾကသည္။
ထိုသို႔ေသာ အခ်ိန္မ်ိဳးတြင္ ေဆာင္ဂ်ဴ၏ အင္အား ႀကီးသည့္ မိတ္ေဆြဆိုသူမွာ ေပၚလာခဲ့သည္။
ေဆာင္မ်ိဳးႏြယ္စုအဖို႔ ၎တို႔ လုပ္ခဲ့သည့္ လုပ္ရပ္ မ်ားအတြက္ အ႐ွက္ရစရာပင္ ျဖစ္ခဲ့သည္။
ရဲေ႐ွာင္မွာမူ မည္သည့္ စကားမွ မေျပာ၊ ျပဳံး႐ုံသာ ျပဳံးၾကည့္ေနသည္။
အဘိုးႀကီးမ်ား၏ ႐ွက္အမ္းအမ္း ျဖစ္ေနသည့္ ပုံစံ ကိုသာ ၾကည့္ရင္း သူ႕စိတ္ထဲ ရယ္ခ်င္ေနမိသည္။
ေဆာင္မ်ိဳးႏြယ္မွာ နိမိတ္စီရင္စုအတြင္း၌ အင္အား အႀကီးဆုံးျဖစ္ေသာ္လည္း ေဆာင္ဂ်ဴႏွင့္ ေဆာင္႐ႊမ္တို႔ ကိုမူ ေခ်ာင္ထိုးထားခဲ့သည္။
ထို႔ေၾကာင့္ ေနာက္ပိုင္းတြင္မူ မ်ိဳးႏြယ္စုႏွင့္ ပတ္ သက္လွ်င္ ေဆာင္ဂ်ဴထံ၌ အရာရာပုံအပ္ခဲ့ရန္ ရဲေ႐ွာင္ ေတြးလိုက္မိသည္။
ထိုသို႔သာ ဆိုပါက ေဆာင္မ်ိဳးႏြယ္၏ ပဲ့ကိုင္႐ွင္မွာ ေဆာင္ဂ်ဴျဖစ္လာၿပီး မည္သူမွ ဆန္႔က်င္ေတာ့မည္ မဟုတ္ေၾကာင္းလည္း ေတြးလိုက္မိပါေတာ့သည္။
. . .
အိမ္ေတာ္၏ အေနာက္ဘက္တြင္ ျဖစ္သည္။
ေဆာင္ဂ်ဴမွာ လက္တစ္ဖက္၌ ၾကက္ေျခေထာက္ ႐ိုးကို ကိုင္ၿပီး က်န္လက္တစ္ဖက္၌ ေသရည္အိုးကို ကိုင္ကာ ေသာက္စားေနသည္။
သူ႕အဖို႔ ေပ်ာ္၍ ေသာက္ေနျခင္း မဟုတ္၊ ႏြမ္းလ် ေနသည့္ စိတ္အစဥ္ကို ကုစားလိုျခင္းေၾကာင့္ ေသာက္ ေနရျခင္းသာ။
သူ႕ေၾကာင့္ႏွင့္ အစ္ကိုျဖစ္သူမွာ မ်ိဳးႏြယ္စု ေခါင္း ေဆာင္ေနရာမွ ဖယ္ေပးလိုက္ရ၍ စိတ္ထဲ၌ တႏုံႏုံ ျဖစ္ ေနရသည္။
ထိုကိစၥကိုလည္း ယခုနယ္ေျမသို႔ ျပန္ေရာက္သည့္ အခါမွသာ သိခဲ့ရသည္။
ရဲနန္႐ွန္ပင္ ေမာ္တယ္ကမ႓ာ၌ ႐ွိစဥ္တြင္ ရဲမ်ိဳးႏြယ္ ၏ အေထာက္အပံ့ကို အၿမဲလိုလို ရ႐ွိခဲ့သည္။
သို႔ေသာ္ ေဆာင္ဂ်ဴမွာမူ သူ႕မ်ိဳးႏြယ္ထံမွ မည္သည့္ အကူအညီကိုမွ မရခဲ့ဖူးေခ်။
ထိုကိစၥႏွင့္ ပတ္သက္၍ အျပင္ပန္း၌ ခံစားခ်က္မဲ့ သလို ေနခဲ့ေသာ္လည္း စိတ္ထဲ၌မူ အလြန္ဝမ္းနည္းခဲ့ ရသည္။
သို႔ေသာ္ မ်ိဳးႏြယ္စုမွ အဘယ့္ေၾကာင့္ သူ႕အား ပစ္ ထားရသည္ကို ျပန္ေရာက္သည့္အခါမွသာ သိခဲ့သည္။
သူ၏ အစ္ကိုျဖစ္သူမွာ သူ႕အား အဆင့္နိမ့္နယ္ပယ္ သို႔ ႏွင္လႊတ္ခဲ့ၿပီး ကိုယ္တိုင္လည္း ဒုကၡခံခဲ့သည္။
မ်ိဳးႏြယ္စုအတြင္း ဖယ္က်ဥ္ခံခဲ့ရၿပီး မၾကာခင္မွာ ပင္ အဆိပ္မိခဲ့ရသည္။
ထို႔ေၾကာင့္ အစ္ကိုျဖစ္သူ၏ က်င့္ၾကံမႈအဆင့္မွာ ကိုးပုံတစ္ပုံခန္႔ထိ ေလ်ာ့က်ခဲ့ရသည္။
တစ္ခ်ိန္တည္းမွာပင္ တူျဖစ္သူမွာလည္း ႐ွင္လ်က္ ႏွင့္ ေသေနရသည့္ အသုံးမဝင္သည့္ လူတစ္ဦး ျဖစ္ခဲ့ရ သည္။
ထိုအျဖစ္အပ်က္မ်ားေၾကာင့္ ေဆာင္ဂ်ဴအဖို႔ စိတ္ ႏွလုံးကြဲေၾကခဲ့ရၿပီး မ်ိဳးႏြယ္စုကို စိတ္အနာႀကီး နာခဲ့ရ သည္။
သူ႕စိတ္အရဆိုလွ်င္ မ်ိဳးႏြယ္စု တစ္စုလုံးကိုပင္ တစ္စစီ ျဖစ္သြားေအာင္ ၿဖိဳခြဲပစ္ခ်င္ေနမိသည္။
သို႔ေသာ္ ခင္ရာေဆြမ်ိဳး ၿမိန္ရာဟင္းေကာင္းဆို စကားအတိုင္း မ်ိဳးႏြယ္စုမွာ သူ႕အေပၚ မေကာင္းေသာ္ လည္း ေကာင္းသည့္ လူမ်ားမူ ႐ွိပါေသးသည္။
ထိုလူမ်ားမွာ ရဲနန္႐ွန္ႏွင့္ ရဲေ႐ွာင္တို႔ပင္ ျဖစ္သည္။
ယခု နယ္ေျမသို႔ ျပန္မလာခင္တြင္လည္း ရဲေ႐ွာင္မွ သူ႕အား ေဆးလုံးအခ်ိဳ႕ ေပးခဲ့သည္။
ထိုေဆးလုံးမ်ားႏွင့္ အစ္ကိုျဖစ္သူႏွင့္ တူျဖစ္သူတို႔ အား ကုသႏိုင္ျခင္း ႐ွိမ႐ွိကို မသိေသာ္လည္း အလုပ္ ျဖစ္မည္ကိုမူ ယုံၾကည္ေနမိသည္။
သို႔ေသာ္ အေသအခ်ာ စဥ္းစားၿပီးေနာက္တြင္မူ မ စမ္းသပ္ေတာ့ရန္ ဆုံးျဖတ္လိုက္သည္။
သူျပန္လာၿပီးေနာက္ပိုင္း အစ္ကိုျဖစ္သူႏွင့္ တူျဖစ္ သူတို႔ ႐ုတ္တရက္ ျပန္ေကာင္းသြားပါက လူတိုင္းမွ သူ လုပ္ေပးသည္ဟုသာ သိသြားၾကလိမ့္မည္။
သူ႕အဖို႔ ယခင္ကထက္ ပိုအစြမ္းထက္ လာသည္မွာ မွန္ေသာ္လည္း မ်ိဳးႏြယ္စုထဲတြင္မူ အစြမ္းထက္ဆုံး မ ဟုတ္ေသးေခ်။
ထို႔ေၾကာင့္ အခ်ိန္ေကာင္းကို ေစာင့္စားေနျခင္းပင္ ျဖစ္၏။
ထို႔ျပင္ သူ႕အေပၚ၌ လူမ်ား အာ႐ုံစိုက္လာမည္ကို လည္း မလိုခ်င္၍ အ႐ႈပ္ေထြးမ်ား ႐ွင္းႏိုင္သည္အထိ စိတ္႐ွည္႐ွည္ျဖင့္ ေစာင့္စားေနျခင္းသာ ျဖစ္သည္။
ထို႔ေၾကာင့္ သူ႕လူမ်ားကို ကုသႏိုင္သည့္ ေဆးလုံး မ်ား ႐ွိသည့္တိုင္ အသုံးမျပဳဘဲ လွ်ိဳ႕ဝွက္ထားခဲ့သည္။
ထိုအခ်ိန္ ျပင္ပမွ လာသည့္ လူသုံးဦးမွ မ်ိဳးႏြယ္စု အတြင္း ျပႆနာ လာ႐ွာသည္ကို သိသည့္အခါတြင္ လည္း လ်စ္လ်ဴသာ႐ႈခဲ့သည္။
တကယ္တမ္းတြင္ ေဆာင္မ်ိဳးႏြယ္ကို ဒုကၡေရာက္ ေအာင္ လုပ္ေနသည့္ အတြက္ပင္ သူ႕စိတ္ထဲ၌ ႀကိတ္ ေက်းဇူးတင္ေနမိသည္။
သူ႕အဖို႔ အင္အားႀကီးေသာ လူတစ္ဦးဦးမွ ေဆာင္ မ်ိဳးႏြယ္စုကို ဖ်က္ဆီးသြားပါေစဟုသာ ဆုေတာင္းေန မိသည္။
(ဒီအသုံးမက်တဲ့ မ်ိဳးႏြယ္စုႀကီးက ကမ႓ာေပၚမွာ ဘာလို႔ တည္႐ွိေနဦးမွာလဲ . . .)
ထိုအေတြးမွာ ေဆာင္ဂ်ဴ ျဖစ္ေစခ်င္သည့္ အေတြး ပင္ ျဖစ္ပါေတာ့သည္။
#translator
#ေႂကြ႐ြက္ဝါ#Freeတင္တာအပိုင္း၁၀၀၀ျပည့္သြားပါၿပီ႐ွင္
အခန္း (၁၀၀၀)(စာစဥ္ ၇၂- အပိုင္း ၆)
"ျပန္လည္ဆုံေတြ႕ျခင္း"
ေဆာင္မ်ိဳးႏြယ္စုသာ ၿပိဳကြဲသြားပါက အစ္ကို ျဖစ္သူႏွင့္ တူျဖစ္သူကို ေခၚကာ တစ္ေနရာသို႔ ထြက္သြားရန္ ေဆာင္ဂ်ဴ ၾကံ႐ြယ္ထားသည္။
ရဲေ႐ွာင္ ေပးလိုက္သည့္ ေဆးလုံးမ်ားႏွင့္သာ ဆိုပါက အျခားေနရာ၌ ေဆာင္မ်ိဳးႏြယ္ကို ျပန္ ထူေထာင္ရန္မွာ မခက္ခဲေလာက္ေခ်။
"ျပႆနာေတြကေတာ့ ၿပီးသြားၿပီ"
တတိယ အိမ္ေတာ္ထိန္းမွ ေဆာင္ဂ်ဴထံ ေျပးလာ ရင္း ေျပာလိုက္သည္။
"ေနာက္ၿပီး သခင္ေလး . . ."
"သခင္ေလးကို ဆရာႀကီးက ေခၚေနပါတယ္ . . ."
ထိုစကားေၾကာင့္ ေဆာင္ဂ်ဴမွာ အိမ္ေတာ္ထိန္း အား နားမလည္ဟန္ ၾကည့္လိုက္သည္။
(ဒီလူ ႐ူးမ်ား ႐ူးသြားၿပီလား မသိဘူး)
(ဒီကို ျပန္ေရာက္ကတည္းက ဘယ္သူမွ ငါ့ကို အဖတ္လုပ္ၿပီး ဆက္ဆံတာ မဟုတ္ဘူး . . .)
(အခုက် ႐ုတ္တရက္ႀကီး အေခၚအေဝၚေတြ ေတာင္ ေျပာင္းသြားပါလား . . .)
(တေလးတစား ဆက္ဆံေနတာမ်ား ငါ့ကို သူ႕ရဲ႕ အဘိုးလို ဘာလိုလိုနဲ႔ . . .)
စင္စစ္ ေဆာင္ဂ်ဴမွာ အေျခေနမွန္မ်ားကို မသိ ေသး၍ ထိုသို႔ အံ့ဩေနရျခင္းပင္။
အေျခေနမ်ားကို သိထားၿပီးသည့္ အိမ္ေတာ္ထိန္း အဖို႔ သူ႕ကိုယ္သူ ေျမးအျဖစ္ ခံယူၿပီး ေဆာင္ဂ်ဴကို အဘိုးဟုေခၚရန္ပင္ ဝန္ေလးေနမည္ မဟုတ္ေခ်။
ယခုအခါတြင္ အိမ္ေတာ္ထိန္းမ်ားအျပင္ အျခားလူ မ်ားပါ ေဆာင္ဂ်ဴႏွင့္ ဆက္ဆံေရး ေကာင္းမြန္ခ်င္ေန ၾကၿပီ ျဖစ္သည္။
ထို႔ျပင္ နဂိုတည္းက ဆက္ဆံေရး ေကာင္းမြန္ သည့္ လူမ်ားမွာလည္း ပိုေကာင္းမြန္သည့္ ဆက္ဆံ ေရးကို တည္ေဆာက္ခ်င္ေနၾကသည္။
(ေဆာင္႐ႊမ္ ဘယ္လိုျဖစ္သြားလဲဆိုတာ ၾကည့္စမ္း ပါဦး . . .)
(သူ႕လိုမ်ိဳး ဘယ္သူက မျဖစ္ခ်င္ဘဲ ေနမွာလဲ၊ သူ႕လို လူတိုင္း ျဖစ္ခ်င္ၾကမွာပဲေလ)
"ေဆာင္ခ်င္းရန္ . . ."
"မင္းစိတ္လြတ္သြားၿပီလား . . ."
ေဆာင္ဂ်ဴမွ အိမ္ေတာ္ထိန္းအား မၾကည္ၾကည့္ ၾကည့္ရင္း ေျပာလိုက္သည္။
"ဘာလဲ . . ."
"သူတို႔က မင္းကို မသတ္ေသးလို႔လား၊ ႐ူးေၾကာင္ ေၾကာင္နဲ႔ ဘာေတြ လာေျပာေနတာလဲ . . ."
တတိယ အိမ္ေတာ္ထိန္းမွာ ႐ွက္အမ္းအမ္းျဖင့္ -
"သခင္ေလး . . ."
"သခင္ေလးကေတာ့ ေနာက္ေနျပန္ပါၿပီ"
"က်ဳပ္က အတည္ေျပာေနတာပါ ဟဲဟဲ"
"ဘာဟဲဟဲလဲ ငါ့ကို လာေနာက္ေနတာလား . . ."
"ငါက မင္းေနာက္စရာ မဟုတ္ဘူး"
ေဆာင္ဂ်ဴမွ မေက်မခ်မ္းျဖင့္ ေျပာလိုက္၏။
"မင္းက ငါ့သားလည္း မဟုတ္ဘူး၊ ငါ့ကို မ်က္ႏွာ လာေျပာင္ရေအာင္ မင္းကိုယ္မင္း ဘာထင္ေနလဲ . . ."
တတိယ အိမ္ေတာ္ထိန္းမွာ ေၾကာင္ေငးသြားရင္း-
"သခင္ေလး . . ."
"ခင္ဗ်ားက က်ဳပ္ကို အၿမဲ မၾကည္မလင္ ျဖစ္ေန တာ က်ဳပ္သိပါတယ္ . . ."
"အဲဒီအတြက္ က်ဳပ္စိတ္ထဲ ဘာမွ မထားပါဘူး ဒါေပမယ့္ အမွန္တိုင္း ေျပာရရင္ ခင္ဗ်ားနဲ႔ က်ဳပ္ အဆင္ေျပတဲ့ ဆက္ဆံေရးမ်ိဳး ႐ွိေနတာကိုသာ လူေတြ သိသြားရင္ ဘာျဖစ္မယ္ထင္လဲ . . ."
"က်ဳပ္ေနာက္မွာ က်ဳပ္ကို မွီခိုေနရတဲ့ မိသားစုက လည္း ႐ွိေသးတယ္ . . ."
"အဲဒါေၾကာင့္မလို႔ အရင္က ဆက္ဆံခဲ့တာေတြ အတြက္ ခြင့္လႊတ္ပါ . . ."
"ေနာက္ၿပီး အရင္က သခင္ေလးနဲ႔ က်ဳပ္ ရင္းရင္း ႏွီးႏွီးနဲ႔ နီးနီးကပ္ကပ္ မ႐ွိခဲ့ေပမယ့္ ျပႆနာလည္း မ႐ွာခဲ့ဖူးဘူး၊ ႐ိုင္း႐ိုင္းစိုင္းစိုင္း ဆက္ဆံတာမ်ိဳးလည္း မ႐ွိဘူးေလ . . ."
"အဲဒီအခ်က္ေတြကို ေထာက္ထားၿပီး က်ဳပ္ကို ခြင့္လႊတ္ေပးပါ . . ."
"အခုကစၿပီး သခင္ေလးကို က်ဳပ္ အဘိုးလိုပဲ ဆက္ဆံပါ့မယ္ အဲဒီလိုဆိုရင္ေရာ ဘယ္လိုလဲ . . ."
အိမ္ေတာ္ထိန္းမွ စိတ္ထဲ႐ွိသည့္အတိုင္း ပြင့္ပြင့္ လင္းလင္းပင္ ေျပာခ်လိုက္သည္။
ေဆာင္ဂ်ဴလည္း မေက်မခ်မ္းျဖင့္ -
"အခုေတာ့ ဒါမ်ိဳး ေျပာလာၿပီေပါ့ . . ."
"မင္းက ငါ့ကို မင္းအဘိုးလိုေတာင္ ဆက္ဆံမယ္ ေပါ့ ဟုတ္လား . . ."
"ငါ့မွာ မင္းေလာက္ အသက္ႀကီးတဲ့ ေျမးမ်ိဳး မ႐ွိပါ ဘူး၊ အပိုေတြ လုပ္မေနစမ္းနဲ႔ . . ."
တတိယ အိမ္ေတာ္ထိန္းမွာ မခ်ိျပဳံးျပဳံးလိုက္ရင္း-
"သခင္ေလး စိတ္ႀကိဳက္သာ ေျပာပါ ရပါတယ္"
"အခုဆိုရင္ အေျခအေနေတြက ေျပာင္းလဲသြားၿပီ၊ ေဆာင္ဝုရန္နဲ႔ သူ႕လူေတြ အသတ္ခံလိုက္ရၿပီဆိုေတာ့ သူ႕ရဲ႕ ဩဇာအာဏာကလည္း မ႐ွိေတာ့ဘူး . . ."
"ဒီတစ္ေခါက္ လူ ၃၀၀ ေက်ာ္ ေသသြားခဲ့ၿပီး လူ ၄၀၀ ေက်ာ္ အက်ဥ္းခ်ခံထားရတယ္၊ ေနာက္ထပ္ လူ ၃၀၀ ေလာက္ကလည္း မ်ိဳးႏြယ္စုကလည္း ႏွင္ထုတ္ ျခင္း ခံခဲ့ရတယ္ . . ."
"ဘာ . . ."
"မင္းဘာေတြ ေျပာေနတာလဲ . . ."
ေဆာင္ဂ်ဴ မ်က္လုံးမ်ား ျပဴးက်ယ္ရင္း မတ္တပ္ ပင္ ထရပ္သြားမိသည္။
"ဘာေတြ ျဖစ္ကုန္တာလဲ . . ."
"အဲဒါေၾကာင့္ပဲ ဆရာႀကီးက သခင္ေလးကို ေခၚရ တာေပါ့၊ သူက အခု ခန္းမထဲမွာ ေစာင့္ေနတယ္ . . ."
တတိယ အိမ္ေတာ္ထိန္းမွ ႐ို႐ိုက်ိဳးက်ိဳးျဖင့္ ေျပာ လိုက္သည္။
"သြားမယ္ . . ."
ေဆာင္ဂ်ဴမွ ခ်က္ခ်င္းပင္ သြားရန္ ဟန္ျပင္လိုက္ သည္။
ထို႔ေနာက္ ရယ္ေမာလိုက္ျပန္ရင္း -
"ဟားဟား ငါ့ကို အေသးစိတ္ ျပန္ေျပာျပစမ္း"
"ေနာက္ဆုံးေတာ့ သူတို႔နဲ႔ ထိုက္တန္တာကိုပဲ သူ တို႔ ျပန္ရသြားၿပီေပါ့ . . ."
"ဒီခံစားမႈႀကီးက ေကာင္းလိုက္တာ . . ."
"အဲဒီ လူေတြက ဘယ္သူေတြလဲ၊ ဘာလို႔ သူတို႔က အဲဒီေလာက္ထိ အစြမ္းထက္ေနရတာလဲ . . ."
"ငါေတာ့ အထင္ႀကီးမိသြားၿပီ . . ."
"ငါ့အစ္ကိုရယ္၊ ငါ့တူရယ္၊ အခု ဒီလူေတြရယ္က ငါ အေလးစားရဆုံးလူေတြပဲ ဟားဟား . . ."
ေဆာင္ဂ်ဴ ရယ္ေမာရင္း ေျပာလိုက္သည္။
သူဆိုလိုသည္မွာ သူ၏ အစ္ကိုအရင္းႏွင့္ တူတို႔ကို ဆိုလိုလိုက္ျခင္း မဟုတ္၊ ရဲနန္႐ွန္ႏွင့္ ရဲေ႐ွာင္တို႔ကို ဆိုလိုလိုက္ျခင္းပါပင္။
တတိယ အိမ္ေတာ္ထိန္းလည္း နားမလည္ႏိုင္ျဖစ္ သြားသည္။
(အစ္ကိုနဲ႔ တူ ဟုတ္လား . . .)
(သူက ေလးစားတယ္ေပါ့ . . .)
(ဘုရား ဘုရား သူ႕မွာ ဒီလိုမ်ိဳး အစြမ္းထက္တဲ့ အဆက္သြယ္ေတြေတာင္ ႐ွိေနတာပါလား . . .)
ထို႔ေနာက္ အိမ္ေတာ္ထိန္းလည္း ေဆာင္ဂ်ဴအနား သို႔ ေျပးလိုက္သြားၿပီး အေျခအေနမ်ားကို ထပ္မံေျပာ ျပလိုက္ျပန္သည္။
"ငါ့မိတ္ေဆြ၊ ငါ့တူ . . ."
"ငါ့ဆီ လာေနတယ္ ဟုတ္လား . . ."
ေဆာင္ဂ်ဴ အံ့ဩသြားသည္။
"ငါျဖင့္ ခ်င္းရန္နယ္ပယ္မွာ အဲဒီလို အစြမ္းထက္ တဲ့ လူေတြနဲ႔ သိတာမ်ိဳး မ႐ွိပါဘူး . . ."
"ဟန္ပိုင္ယြဲ႕ ဟုတ္လား၊ ေရခဲဓား ဟန္ပိုင္ယြဲ႕ကို ေျပာတာမလား . . ."
"သူက ထိပ္တန္း ပညာ႐ွင္ တစ္ေယာက္ေလ အဲဒီ လိုလူမ်ိဳးက ဘယ္လိုလုပ္ ငါ့မိတ္ေဆြ ျဖစ္ႏိုင္မွာလဲ"
"ေနာက္ၿပီး သူ႕ရဲ႕ ဆရာသမား လူငယ္ေလး ဟုတ္ လား၊ နားေထာင္ေနရတာ ဘာမွကို အဓိပၸာယ္မ႐ွိဘူး"
ေဆာင္ဂ်ဴမွာ မည္သို႔ပင္ စဥ္းစားပါေစ ဆက္စပ္ မရေအာင္ ျဖစ္ေနပါေတာ့သည္။
. . .
ခန္းမအတြင္းသို႔ ေဆာင္ဂ်ဴမွာ ခပ္ျမန္ျမန္ပင္ ဝင္ လာသည္။
ထိုအခ်ိန္ အဘိုးႀကီး ၈ ေယာက္မွာ သူ႕ထံသို႔ ေျပး လာၿပီး ကပ်ာကယာပင္ လာႏႈတ္ဆက္ၾကသည္။
"ဟဲဟဲ ဟဲဟဲ . . ."
"ဂ်ဴေလး မင္းေရာက္လာၿပီေပါ့ . . ."
ထိုျမင္ကြင္းေၾကာင့္ ေဆာင္ဂ်ဴမွာ ဘာေျပာရမွန္း မသိေအာင္ ျဖစ္သြားသည္။
သူ႕အေပၚ ဆက္ဆံသည့္ လူမ်ား၏ အျပဳအမူမ်ား မွာ ခ်က္ခ်င္းပင္ ေျပာင္းလဲသြားၾကၿပီ မဟုတ္ပါလား။
ေဆာင္ဂ်ဴ ၾကက္သီးမ်ားပင္ ထသြားၿပီး -
"အပိုေတြ ေျပာမေနစမ္းနဲ႔ . . ."
"ဂ်ဴေလး ဟုတ္လား ဘာဂ်ဴေလးလဲ . . ."
"ေစာက္႐ူး ဂ်ဴေလးလား . . ."
"က်ဳပ္ကို အဲဒီ လာေခၚမေနစမ္းနဲ႔ က်ဳပ္ ၾကက္ သီးထတယ္ . . ."
ေဆာင္ဂ်ဴမွာ ထိုသို႔ မာန္မဲလိုက္ၿပီးေနာက္ အခန္း ထဲသို႔ ခပ္ျမန္ျမန္ ဝင္လိုက္သည္။
ရဲေ႐ွာင္ႏွင့္ ႐ႊမ္ပိုင္တို႔မွာမူ ထို 'ဂ်ဴေလး' ဆိုသည့္ ေခၚသံေၾကာင့္ ရယ္ခ်င္သြားမိၾကသည္။
(ဂ်ဴေလးတဲ့လား . . .)
(ေတာ္ေတာ္ေကာင္းတဲ့ နာမည္ပဲ . . .)
(ေစာက္႐ူး ဂ်ဴေလးပါလားဆိုတာ ပိုလို႔ေတာင္ ရယ္စရာ ေကာင္းေနေသးတယ္ . . .)
"ဦးေလးေဆာင္ . . ."
ရဲေ႐ွာင္မွာ မတ္တပ္ ထရပ္လိုက္ရင္း ေဆာင္ဂ်ဴ႐ွိ ရာသို႔ အေျပးတပိုင္း သြားလိုက္သည္။
ေဆာင္ဂ်ဴမွာ ရဲေ႐ွာင္ကို ျမင္ျမင္ခ်င္းတြင္ ခဏမွ် ေၾကာင္ေငးသြားသည္။
ထို႔ေနာက္ မ်က္လုံးတြင္ မ်က္ရည္မ်ား စို႔တက္လာ ၿပီး တစ္ကိုယ္လုံးလည္း ကတုန္ကယင္ ျဖစ္လာကာ -
"ေ႐ွာင္ ေ႐ွာင္ ေ႐ွာင္ေ႐ွာင္ . . ."
"တကယ္ပဲ မင္းလား . . ."
ရဲေ႐ွာင္မွာ မည္သည့္ စကားမွ မေျပာ၊ အျပဳံးမ်ား ျဖင့္သာ ေခါင္းညိတ္ျပလိုက္သည္။
ဟန္ပိုင္ယြဲ႕မွာမူ ပါးစပ္ အေဟာင္းသား ျဖစ္သြား သည္။
(ဘယ္လို . . .)
(ေ႐ွာင္ေ႐ွာင္တဲ့လား . . .)
(ဂ်ဴေလး ဆိုတာေတာင္ ေတာ္ေတာ္ရယ္ေနရတာ၊ ေ႐ွာင္ေ႐ွာင္ဆိုတာကေတာ့ ပိုေတာင္ ဆိုးသြားၿပီ . . .)
(ဒါေပမယ့္ ငါရယ္ခ်င္ရင္ေတာင္ စိတ္ထဲကေနပဲ ႀကိတ္ရယ္မွ ျဖစ္မယ္ . . .)
(ငါ့ပါးစပ္ကလည္း သူ႕ကို ေ႐ွာင္ေ႐ွာင္လို႔ သြားေခၚ လို႔ မျဖစ္ဘူး၊ မဟုတ္ရင္ ငါေသလိမ့္မယ္ . . .)
သူ႕ပါးစပ္မွ ရဲေ႐ွာင္အား ထိုသို႔သာ ေခၚလိုက္ပါက အမွန္တကယ္ပင္ အေရခြံ အစုတ္ခံရႏိုင္သည္။
သို႔ေသာ္ ဟန္ပိုင္ယြဲ႕မွာ နားမလည္ႏိုင္ေအာင္ ျဖစ္ ေနရသည္။
မူလအိပ္မက္ အဆင့္ခုႏွစ္ထက္ပင္ မပိုသည့္ ေဆာင္ဂ်ဴမွ ရဲေ႐ွာင္အား အဘယ့္ေၾကာင့္ ထိုသို႔ ေခၚရ သည္ကို နားမလည္ႏိုင္ေနျခင္း ျဖစ္သည္။
(ဟင္ ေနပါဦး . . .)
(ဆရာသမားက ဦးေလးလို႔ ေခၚတယ္ဆိုေတာ့ သူကလည္း ငါ့ရဲ႕ ဦးေလးပဲေပါ့ . . .)
(ေသလိုက္စမ္းပါေတာ့ကြာ . . .)
"ဟားဟား ဟားဟား . . ."
"ဘယ္သူမ်ားလဲလို႔ သိခ်င္ေနတာ တကယ္ေတာ့ ငါ့ရဲ႕ အခ်စ္ဆုံး တူေလးက ငါ့ကို လာေတြ႕တာကိုး"
"ေကာင္းလိုက္တာ ေကာင္းလိုက္တာ . . ."
ေဆာင္ဂ်ဴမွ အားရပါးရပင္ ရယ္ေမာရင္း ေျပာ လိုက္သည္။
ထို႔ေနာက္ ရဲေ႐ွာင္ ႐ွိရာသို႔ ခ်က္ခ်င္း ေျပးသြားၿပီး ေပြ႕ဖက္လိုက္ျပန္ရင္း -
"မင္း ေနေကာင္းရဲ႕လား . . ."
"ထိခိုက္ဒဏ္ရာ ရတာေတြေရာ ႐ွိေသးလား . . ."
"ၾကည့္စမ္းပါဦး အရပ္ႀကီးက ပို႐ွည္လာၿပီး ပိုခန္႔ ညားလာသလိုပဲ ဟားဟားဟား . . ."
ေဆာင္ဂ်ဴမွ ရဲေ႐ွာင္အား ေႏြးေထြးမႈမ်ား အျပည့္ ပါသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္ရင္း ေျပာလိုက္သည္။
ထို႔ျပင္ စိတ္လႈပ္႐ွား ေနမႈေၾကာင့္လည္း သူ၏ မ်က္ႏွာတစ္ခုလုံးပင္ နီရဲေနပါေတာ့သည္။
#translator
#ေႂကြ႐ြက္ဝါအခန္း (၁၀၀၁)(စာစဥ္ ၇၂- အပိုင္း ၇)
"ကိုယ္လုပ္ေတာ္"
ရဲေ႐ွာင္ ရင္ထဲ ေႏြးကနဲ ျဖစ္သြားသည္။
ေဆာင္ဂ်ဴမွ သူ႕အား စစ္မွန္သည့္ စိတ္ရင္းမ်ားျဖင့္ ပင္ ဂ႐ုစိုက္ေနသည္ မဟုတ္ပါလား။
"ေကာင္းလိုက္တာ ေကာင္ေလး . . ."
"အခုေတာ့ မင္းက လူႀကီးတစ္ေယာက္ ျဖစ္သြား ၿပီေပါ့ . . ."
"အေဖတူ သားပဲကြ ဟားဟားဟားဟား . . ."
ေဆာင္ဂ်ဴ ရင္ထဲ႐ွိ အေပ်ာ္မ်ားမွာ ဖုံးဖိမရေအာင္ ျဖစ္ေန၍ က်ယ္ေလာင္စြာပင္ ရယ္ေမာလ်က္ ႐ွိသည္။
ထိုသို႔ ရယ္ေမာေနရင္းျဖင့္ ရဲေ႐ွာင္ ေဘး႐ွိ အနက္ ေရာင္ဝတ္ အမ်ိဳးသမီးကို သတိျပဳမိသြားသည္။
ထိုအခါ သူ၏ မ်က္လုံးမ်ား အေရာင္ဝင္းလက္ သြားၿပီး ပိုေပ်ာ္႐ႊင္သြားကာ -
"ေ႐ွာင္ေ႐ွာင္ မင္းဘဝကေတာ့ ေပ်ာ္စရာေကာင္း ၿပီးရင္းကို ေကာင္းေနတာပါလား . . ."
"မင္းတို႔ ႏွစ္ေယာက္ကို ငါဘယ္ေလာက္ေတာင္ လြမ္းေနရလဲဆိုတာ သိလား . . ."
"လာမယ့္ လာေတာ့လည္း မင္းတို႔က ႏွစ္ေယာက္ အတူကို လာခဲ့ၾကတယ္ . . ."
"ဒီေန႔ေတာ့ ငါအေပ်ာ္ႀကီး ေပ်ာ္သြားၿပီေဟ့ ဟား ဟား . . ."
"ဟင္ . . ."
ရဲေ႐ွာင္ ေဆာင္ဂ်ဴအား နားမလည္ဟန္ျဖင့္ လွမ္း ၾကည့္လိုက္သည္။
"လာဟန္ေဆာင္မေနစမ္းနဲ႔ . . ."
"ဒါမင္းငါ့ကို ႐ုတ္တရက္ အံ့ဩသြားေအာင္ လုပ္ျပ ခ်င္လို႔ မဟုတ္လား . . ."
"မင္း တကယ္ကို လုပ္ႏိုင္ခဲ့တာပဲကြ . . ."
ေဆာင္ဂ်ဴမွာ ရဲေ႐ွာင္ကို ၾကည့္ရင္း ရယ္ေမာကာ ေျပာလိုက္သည္။
"မင္းကေတာ့ တကယ့္ေကာင္ေလးပဲ . . ."
"ပိုင္အာကိုေတာင္ ငါ့ဆီ ေခၚလာႏိုင္တယ္၊ ငါျဖင့္ အေစာပိုင္းတုန္းက သူ႕ကို လိုက္႐ွာဖို႔ ႀကိဳးစားခဲ့ေသး တယ္ ဒါေပမယ့္ မ႐ွာႏိုင္ခဲ့ဘူး . . ."
"ပိုင္အာကလည္း မိန္းမေကာင္းေလးတစ္ေယာက္ ပါကြာ ဟားဟား . . ."
ရဲေ႐ွာင္ မ်က္ႏွာကြက္ခနဲ ပ်က္သြားရင္း ေဆာင္ဂ်ဴ ကို တားႏိုင္ရန္ ႀကိဳးစားလိုက္သည္။
"ဦးေလးေဆာင္ ဦးေလးေဆာင္ . . ."
"ဒါက အထင္မွားေနၿပီ . . ."
ထိုသို႔ တားရျခင္းမွာ သူ႕အတြက္ မဟုတ္ဘဲ စကား ကြၽံေတာ့မည့္ ေဆာင္ဂ်ဴအတြက္သာ ျဖစ္သည္။
႐ႊမ္ပိုင္အား ေစာ္ကားေျပာဆိုခဲ့သည့္ ေဆာင္ေဖ့၏ နိဂုံးမွာ မည္သို႔ ျဖစ္သြားရပါသနည္း။
သူအပါအဝင္ သူ၏ လူမ်ားပါ အျပတ္႐ွင္းခံလိုက္ရ သည္ မဟုတ္ပါလား။
ထို႔ေၾကာင့္ ေဆာင္ဂ်ဴမွ ႐ႊမ္ပိုင္အား မရည္႐ြယ္ဘဲ ျဖင့္ ထိုသို႔ ေစာ္ကားမိလိုက္လွ်င္ ေတြးဝံ့စရာမ႐ွိေခ်။
ရဲေ႐ွာင္ သာမက ဟန္ပိုင္ယြဲ႕ႏွင့္ ေဆာင္ဂ်ဴတို႔ပါ ေသဆုံးရမည္မွာ မလြဲဧကန္ပင္။
ထိုစဥ္ ေဆာင္ဂ်ဴမွ ရယ္ေမာလိုက္ျပန္ရင္း -
"အပိုေတြ လာေျပာမေနနဲ႔ . . ."
"ငါ့ကို လာဟန္ေဆာင္ျပမေနနဲ႔ေတာ့ ေကာင္စုတ္ ေလး၊ မင္းရဲ႕ ဦးေလးေဆာင္က အျမင္စူး႐ွပါတယ္ကြ"
"ငါ လူကဲခတ္ ဘယ္ေတာ့မွ မမွားဖူးဘူး ေသခ်ာ တယ္ သူက ပိုင္အာပဲ . . ."
"သူသာ ပိုင္အာ မဟုတ္ဘူးဆိုရင္ ငါ့မ်က္လုံးေတြ ကို ေဖာက္ထုတ္ပစ္ၿပီး ငါ့ေျခေထာက္ေတြကို ႐ိုက္ခ်ိဳး ပစ္လိုက္မယ္ . . ."
"မင္းက ငါ့ေလာက္ေတာင္ ပိုင္အာနဲ႔ မရင္းႏွီးဘူး ထင္တယ္ . . ."
ထို႔ေနာက္ ေလးနက္ေသာ အသံျဖင့္ ဆက္လက္ ၍-
"ဒီမွာ ေ႐ွာင္ေ႐ွာင္ . . ."
"ပိုင္အာက တစ္ေယာက္တည္း ေနခဲ့ရတာ၊ သူ႕မွာ ဘယ္သူမွ ႐ွိ႐ွာတာ မဟုတ္ဘူး . . ."
"အဲဒီေတာ့ မင္းက သူ႕အေပၚ ေကာင္းေကာင္းမြန္ မြန္ ဆက္ဆံေပးရမွာေပါ့ . . ."
"အနည္းဆုံးေတာ့ သူ႕ကို ကိုယ္လုပ္ေတာ္ေနရာမွာ ထားသင့္တာေပါ့ . . ."
ထို႔ေနာက္ ႐ႊမ္ပိုင္အား လက္ညိႇဳးထိုးျပလိုက္ျပန္ ရင္း -
"ဒီေကာင္မေလးက ဉာဏ္အေမွ်ာ္အျမင္လည္း ႐ွိ တယ္၊ ခ်စ္စရာလည္း ေကာင္းတယ္ . . ."
"ဘာလဲ သူ႕ကို ကိုယ္လုပ္ေတာ္ အျဖစ္ သတ္မွတ္ရ မွာေတာင္ မင္းဘက္က နာတယ္ ထင္ေနတာလား"
"အပိုေတြ လာလုပ္မေနနဲ႔ေနာ္ ငါမင္းကို ႐ိုက္ပစ္ရ လိမ့္မယ္ . . ."
"အလိုေလး . . ."
ဟန္ပိုင္ယြဲ႕မွာ ေဆာင္ဂ်ဴ ေျပာသည့္ စကားမ်ားကို နားေထာင္ရင္း အထိတ္တလန္႔ ေရ႐ြတ္ကာ ၾကမ္းျပင္ ေပၚ ဖင္ထိုင္ရက္သား လဲက်သြားသည္။
ထိုစကားမ်ားကို သူ႕နားႏွင့္ဆတ္ဆတ္ ၾကားလိုက္ ရသည့္တိုင္ မယုံႏိုင္ေအာင္ ျဖစ္ေနသည္။
(ကိုယ္လုပ္ေတာ္ . . .)
(ဒီေကာင္မေလး . . .)
(ကမ႓ာႀကီး ဘာျဖစ္သြားၿပီလဲ . . .)
ဟန္ပိုင္ယြဲ႕မွာ ေခါင္းထက္႐ွိ ဆံပင္မ်ားကို တင္း က်ပ္စြာ ဆုပ္ကိုင္ရင္းျဖင့္ -
"ဘာေတြ ျဖစ္ေနတာလဲ . . ."
"ငါလုံးဝ နားမလည္ႏိုင္ေတာ့ဘူး . . ."
'ကိုယ္လုပ္ေတာ္' ဆိုသည့္ စကားမ်ားမွာ သူ႕နား ထဲကပင္ မထြက္ေတာ့ဘဲ ပဲ့တင္ထပ္လ်က္ ႐ွိသည္။
(ကိုယ္လုပ္ေတာ္ . . .)
(႐ႊမ္ပိုင္ . . .)
(သူအခု ေျပာေနတဲ့ ကိုယ္လုပ္ေတာ္ဆိုတာ ႐ႊမ္ပိုင္ ကို ေျပာေနတာလား . . .)
(ဘုရား ဘုရား အေတာ္ကို ရဲတင္းတဲ့ ေဆာင္ဂ်ဴပဲ)
(သူက ႐ႊမ္ပိုင္ကို လက္ညိႇဳးေငါက္ေငါက္ ထိုးၿပီး ရဲေ႐ွာင္ရဲ႕ ကိုယ္လုပ္ေတာ္ ျဖစ္ဖို႔ ေျပာေနတယ္ . . .)
(ၿပီးေတာ့ ပိုင္အာလို႔လည္း ေခၚလိုက္ေသးတယ္၊ ဒါႀကီးကေတာ့ ေတာ္ေတာ္ကို လြန္သြားၿပီ . . .)
ရဲေ႐ွာင္မွာမူ မခ်ိျပဳံး ျပဳံးရင္းျဖင့္ -
"ဦးေလးေဆာင္ မွားေနၿပီ . . ."
"သူက ပိုင္အာ မဟုတ္ဘူး တကယ္မဟုတ္ဘူး"
ရဲေ႐ွာင္အဖို႔ ႐ႊမ္ပိုင္မွ သူတို႔၏ အသက္အား ငဲ့ညႇာ ေပးရန္သာ ဆုေတာင္းေနေတာ့သည္။
ဟန္ပိုင္ယြဲ႕မွာ ေလႀကီးေလက်ယ္ ႏိုင္ေသာ္လည္း သူေႏွာက္ယွက္လို႔ ရသည့္လူထဲ ႐ႊမ္ပိုင္မပါသည္ကိုမူ ေကာင္းစြာ သိသည္။
သို႔ေသာ္ ေဆာင္ဂ်ဴမွာမူ ထိုသို႔ မဟုတ္၊ သူ႕စိတ္ ခံစားခ်က္အတိုင္း လိုက္လုပ္တတ္သည့္ လူတစ္ဦးသာ ျဖစ္သည္။
မိန္းကေလး တစ္ဦးမွ အျပစ္ေပးမည့္ အျဖစ္ကို လည္း လက္ခံမည့္ လူမ်ိဳး မဟုတ္ေခ်။
ထိုစဥ္ ေဆာင္ဂ်ဴမွာ ေခါင္းခါယမ္းလိုက္ျပန္ရင္း -
"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ . . ."
"မင္း မ်က္စိကန္းသြားၿပီလား ဒါက ပိုင္အာမွ ပိုင္ အာ အစစ္ပဲ . . ."
"ေသခ်ာနားေထာင္ မင္းပိုင္အာကို စြန္႔ပစ္ဖို႔ ႀကိဳး စားလို႔ကေတာ့ ငါမင္းကို ေသေအာင္ ႐ိုက္ပစ္မယ္"
ထိုသို႔ ေျပာေနရင္းျဖင့္ ေဆာင္ဂ်ဴမွာ ႐ႊမ္ပိုင္အား အေသအခ်ာ ၾကည့္လိုက္ျပန္သည္။
႐ႊမ္ပိုင္မွာမူ သူမ၏ ေရခဲခ်ီဓာတ္မ်ားကို ျဖန္႔က်က္ ထားရင္းျဖင့္ ႐ွိေနတုန္းပါပင္။
ေဆာင္ဂ်ဴ၏ စကားေၾကာင့္ သူမ ေဒါသထြက္သြား ျခင္းပါေလာ။
စင္စစ္ သူမအဖို႔ ေဒါသထြက္သြားျခင္း မဟုတ္ဘဲ ဝမ္းနည္းသြားျခင္းသာ ျဖစ္သည္။
႐ႊမ္ပိုင္မွာ သူမအား လူမ်ား မမွတ္မိေစရန္အတြက္ ခႏၶာကိုယ္ တစ္ခုလုံးကို စြမ္းအင္မ်ားျဖင့္ ကာရံထားခဲ့ သည္။
သို႔ေသာ္ ထိုအကာအရံမ်ားမွာ ေဆာင္ဂ်ဴႏွင့္ ေတြ႕ ခ်ိန္တြင္ က်႐ႈံးသြားရသည္။
ေဆာင္ဂ်ဴမွာ သူမအား အနီးကပ္ မၾကည့္ဘဲ လွမ္း ၾကည့္႐ုံျဖင့္ပင္ မွတ္မိသြားခဲ့သည္။
ထို႔ေၾကာင့္ ႐ႊမ္ပိုင္အဖို႔ စိတ္ထဲ၌ ဝမ္းနည္းဝမ္းသာ ျဖစ္သြားခဲ့ရသည္။
သူမအေနျဖင့္လည္း ေဆာင္ဂ်ဴအေပၚတြင္ ေဒါသ ထြက္စရာအေၾကာင္း မ႐ွိေပ။
ေဆာင္ဂ်ဴမွာ အေဖတစ္ဦးလိုပင္ အၿမဲၾကင္နာေပး ခဲ့သူပင္ မဟုတ္ပါလား။
ထို႔ျပင္ ေဆာင္ဂ်ဴ ေျပာခဲ့သည့္စကားမ်ားမွာလည္း သူမ ေကာင္းဖို႔အတြက္ ေျပာခဲ့သည့္ စကားမ်ားသာ ျဖစ္သည္။
ထိုသို႔ေသာ လူတစ္ေယာက္ကို သူမ မည္သို႔ စိတ္ ဆိုးႏိုင္ပါမည္နည္း။
ရဲေ႐ွာင္အတြက္ ပိုင္အာမွာ ကိုယ္လုပ္ေတာ္ အမွန္ ပင္ ျဖစ္ခဲ့၍ ထိုစကားအတြက္လည္း ေဒါသျဖစ္စရာ အေၾကာင္းမ႐ွိေခ်။
သူမကိုယ္တိုင္ပင္ ေက်ေက်နပ္နပ္ ျဖစ္ခ်င္ခဲ့သည္ မဟုတ္ပါလား။
သို႔ေသာ္ ထိုသို႔ ျဖစ္ခ်င္သည္မွာ ပိုင္အာသာ ျဖစ္၍ ႐ႊမ္ပိုင္ မဟုတ္ေပ။
႐ႊမ္ပိုင္မွာ တိမ္ျမဴခိုးနန္းေတာ္၏ ဥေသွ်ာင္ႀကီးပင္ ျဖစ္၍ ေဆာင္ဂ်ဴ၏ စကားမ်ားမွာ သူမကို အ႐ွက္ရေစ ႏိုင္သည္။
ရဲေ႐ွာင္မွာမူ ေျပာမရ ဆိုမရပင္ ျဖစ္ေနသည့္ ေဆာင္ဂ်ဴအား ၾကည့္ရင္း စိတ္ေလေနမိသည္။
"ဦးေလးေဆာင္ . . ."
"မဟုတ္ဘူးလို႔ ဦးေလးေဆာင္ မွားေနၿပီ . . ."
ရဲေ႐ွာင္ ေဆာင္ဂ်ဴအား ၾကည့္ရင္း တိုးလွ်ိဳးသည့္ အသံမ်ိဳးျဖင့္ ေျပာလိုက္သည္။
ထိုအခါ ေဆာင္ဂ်ဴမွ ႐ႊမ္ပိုင္အား ထပ္ၾကည့္လိုက္ ျပန္ရင္း -
"မဟုတ္ဘူးလား . . ."
"တကယ္ႀကီးေပါ့ . . ."
ရဲေ႐ွာင္လည္း ေခါင္းညိတ္လ်က္ -
"မဟုတ္ပါဘူးဆို မဟုတ္ပါဘူးလို႔ က်ဳပ္ အတန္ တန္ ေျပာေနသားပဲ . . ."
ရဲေ႐ွာင္၏ စကားေၾကာင့္ ေဆာင္ဂ်ဴလည္း ႐ွက္ အမ္းအမ္း ျဖစ္သြားသည္။
ရဲေ႐ွာင္ေနာက္႐ွိ အနက္ေရာင္ဝတ္ မိန္းကေလးကို ျမင္ျမင္းခ်င္းပင္ ပိုင္အာဟု ထင္မွတ္မိခဲ့သည္။
ထို႔ေၾကာင့္ သူ႕အဖို႔ ဝမ္းသာအားရျဖင့္ပင္ စိတ္ထဲ႐ွိ စကားမ်ားကို လက္လြတ္စပယ္ ေျပာဆိုမိခဲ့သည္။
သို႔ေသာ္ သူထိုသို႔ ေျပာေနသည့္တိုင္ တစ္ဖက္မိန္း ကေလးမွာ တုန္႔ျပန္မႈမျပဘဲ မလႈပ္မယွက္သာ ႐ွိေန၍ ေဆာင္ဂ်ဴအဖို႔ သက္ေသျပရန္ မစြမ္းႏိုင္ေတာ့ေခ်။
ထို႔ျပင္ သူပိုင္အာဟု ထင္မွတ္ခဲ့သည့္ မိန္းကေလး မွာ ပိုင္အာကဲ့သို႔ မဟုတ္ဘဲ ေအးစက္စက္ ပုံစံျဖင့္သာ ႐ွိေနသည္။
(အင္း တစ္ခါတစ္ေလေတာ့လည္း ငါမွားတာ ျဖစ္ ရင္ ျဖစ္မွာေပါ့ . . .)
(သူ႕မ်က္ႏွာကို ငါမွ မျမင္ရတာ အဲဒီေတာ့လည္း ေျပာလိုက္မိတာေပါ့ . . .)
ေဆာင္ဂ်ဴမွ အ႐ွက္ေျပပင္ ေတြးလိုက္မိပါေတာ့ သည္။
#translator
#ေႂကြ႐ြက္ဝါအခန္း (၁၀၀၂)(စာစဥ္ ၇၂- အပိုင္း ၈)
"ေနာက္ခံေကာင္း"
"အင္း မဟုတ္ဘူးဆိုေတာ့လည္း . . ."
"ငါ ငါ ေတာင္းပန္ပါတယ္ . . ."
ေဆာင္ဂ်ဴမွ ႐ွက္အမ္းအမ္းျဖင့္ ေျပာလိုက္သည္။
"ငါက မင္းကို တစ္ေယာက္ေယာက္နဲ႔ အထင္မွား သြားလို႔ပါ၊ ငါ့ကို ခြင့္လႊတ္ပါ မိန္းကေလး . . ."
ေဆာင္ဂ်ဴမွ စိတ္အလိုလိုက္ လုပ္ေဆာင္တတ္သူ တစ္ဦးျဖစ္သည့္တိုင္ က်ိဳးေၾကာင္းဆီေလ်ာ္သည့္ လူ တစ္ဦးလည္း ျဖစ္သည္။
အနည္းဆုံးမူ သူ႕အမွားသူ လက္ခံသြားခဲ့ၿပီ မဟုတ္ ပါလား။
႐ႊမ္ပိုင္မွာမူ သက္ျပင္းခ်လိုက္ၿပီးေနာက္ -
"ရပါတယ္ . . ."
႐ႊမ္ပိုင္မွ ထိုမွ်ေလာက္သာ ေျပာၿပီး အပိုစကား ထပ္မေျပာေခ်။
သူမအဖို႔ ေဆာင္ဂ်ဴအေပၚ ဘာလုပ္၍လည္း ရႏိုင္ ပါမည္နည္း။
ရဲေ႐ွာင္ မ႐ွိလွ်င္ပင္ ေဆာင္ဂ်ဴကို နာက်င္ေအာင္ သူမ လုပ္လိမ့္မည္ မဟုတ္ေပ။
ထို႔ေၾကာင့္ ေဆာင္ဂ်ဴ ေတာင္းပန္သည္ကို လက္ခံ ႐ုံသာ ႐ွိေတာ့သည္ မဟုတ္ပါလား။
ရဲေ႐ွာင္ႏွင့္ ဟန္ပိုင္ယြဲ႕တို႔ ႏွစ္ဦးလုံး မထင္မွတ္ ထားသည့္ အေျခအေနေၾကာင့္ အံ့ဩသြားသည္။
ရဲေ႐ွာင္ စိတ္ထဲ၌ မွင္ေရာင္အားျဖည့္ ၾကာပန္း၏ မ်က္ႏွာျဖင့္ ႐ႊမ္ပိုင္မွ ခြင့္လႊတ္ေပးလိုက္ျခင္း ျဖစ္မည္ ဟု ေတြးထင္လိုက္မိသည္။
ဟန္ပိုင္ယြဲ႕မွာမူ ထိုသို႔ ေတြးစရာအေၾကာင္းျပခ်က္ မ႐ွိ၍ မ်က္လုံးမ်ား ျပဴးက်ယ္ရင္းျဖင့္သာ အံ့ဩေနရ သည္။
(ေဆာင္ဂ်ဴက ဘာေတြ ေျပာခဲ့တာလဲ . . .)
(႐ႊမ္ပိုင္ကို ကိုယ္လုပ္ေတာ္ဆိုၿပီး ေျပာခဲ့တာေလ၊ အဲဒါက ႐ႊမ္ပိုင္ကို ေစာ္ကားရာ မေရာက္ဘူးလား . . .)
(႐ႊမ္ပိုင္ဆိုတာ သိုင္းေလာကမွာ ဘယ္ေလာက္ ေတာင္ အင္အားႀကီးတဲ့ လူလဲ . . .)
(႐ႊမ္ပိုင္က သေဘာေကာင္းတဲ့ လူမဟုတ္ဘူး အဲဒါ ေသခ်ာတယ္၊ ေဆာင္ဂ်ဴက နတ္ဘုရားေတြဆီကေန အကာကြယ္ ရထားမယ္ဆိုရင္ေတာင္၊ သူ႕ဘက္မွာ ဒီ နယ္ပယ္ရဲ႕ အစြမ္းထက္ဆုံး ဝုဖ႐ွိေနမယ္ဆိုရင္ေတာင္ ႐ႊမ္ပိုင္ကေတာ့ တစစီျဖစ္ေအာင္ လုပ္မွာပဲ . . .)
(အဲဒါေတာင္ ႐ႊမ္ပိုင္က ဘာမွ မလုပ္ဘဲ ေအးေအး လူလူနဲ႔ ရပါတယ္လို႔ပဲ ေျပာခဲ့တယ္ေပါ့ . . .)
(ဒါႀကီးကေတာ့ အေတာ္ကို အံ့ဩဖို႔ေကာင္းသြား ၿပီ မဟုတ္ဘူးလား . . .)
ထိုသို႔ ေတြးရင္းျဖင့္ ဟန္ပိုင္ယြဲ႕မွာ နားမလည္ႏိုင္ ေအာင္ ျဖစ္ေနရသည္။
အကယ္၍ သူ႕စိတ္ထဲ႐ွိ စကားမ်ားကိုသာ ေျပာဆို ခြင့္ ရမည္ဆိုပါက -
(ဘာေတြ ျဖစ္ေနတာလဲ ႐ႊမ္ပိုင္ . . .)
(သူက ခင္ဗ်ားကို ေစာ္ကားခဲ့တာေတာင္ ခင္ဗ်ား က ရပါတယ္လို႔ပဲ ေျပာခဲ့တယ္ေပါ့ . . .)
(က်ဳပ္ျဖင့္ ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး)
ထိုစဥ္ ရဲေ႐ွာင္၊ ႐ႊမ္ပိုင္ႏွင့္ ေဆာင္ဂ်ဴတို႔ ေအးေအး ေဆးေဆး စကားေျပာေနသည္ကို ၾကည့္ရင္း ဟန္ပိုင္ ယြဲ႕မွာ ေၾကာင္ေငးေနမိသည္။
အျဖစ္အပ်က္မ်ားမွာ မည္သို႔ ျဖစ္ပ်က္သြားမွန္းကို သူနားမလည္ႏိုင္ေအာင္ ျဖစ္ေနသည္။
ထိုစဥ္ စိတ္ထဲ ႐ုတ္တရက္ ေတြးလိုက္မိသည့္ အေတြးတစ္ခုေၾကာင့္ ေဇာေခြၽးျပန္သြားမိသည္။
(ေနစမ္းပါဦး . . .)
(ဒါႀကီးကေတာ့ မဟုတ္ေသးဘူး အဓိပၸာယ္မ႐ွိဘူး၊ ငါလည္း အဲဒီေလာက္ထိ တုံးအတဲ့ လူတစ္ေယာက္ မဟုတ္ပါဘူး . . .)
(သူဘယ္ေလာက္ စိတ္ဆတ္တယ္ဆိုတာ ငါသိၿပီး သားပဲ၊ အဲဒါေတာင္ ဒီလို ေစာ္ကားခံရတာေတာင္ သူ က ေဒါသမထြက္ဘူးေပါ့ . . .)
(ေတာင္းပန္တာကိုလည္း ေအးေအး ေဆးေဆးနဲ႔ လက္ခံတယ္ ဒါႀကီးကေတာ့ တကယ္ထူးဆန္းတယ္)
(အင္း ဒီဇာတ္လမ္းရဲ႕ ေနာက္မွာ အေၾကာင္းရင္း တစ္ခုေတာ့ ႐ွိရမယ္ . . .)
(ဟင္ ျဖစ္ႏိုင္တာက သူ သူက ဆရာသမားရဲ႕ ကိုယ္လုပ္ေတာ္ တကယ္ ျဖစ္ခဲ့တာမ်ားလား . . .)
ထိုသို႔ ေတြးမိလိုက္ခ်ိန္ ဟန္ပိုင္ယြဲ႕မွာ မ်က္ႏွာေသ ႀကီးျဖင့္ ငူငူငိုင္ငိုင္ ျဖစ္သြားသည္။
ထို႔ေၾကာင့္ သူ႕မ်က္ႏွာသူ တျဖန္းျဖန္းျမည္ေအာင္ ႐ိုက္ရင္းျဖင့္ အသိစိတ္ ျပန္ကပ္ေစရန္ ႀကိဳးစားလိုက္ သည္။
"ျဖန္း . . ."
"အသိစိတ္ ျပန္ကပ္စမ္းဟဲ့ . . ."
"ျဖန္း . . ."
"အသိစိတ္ ကပ္စမ္းဟဲ့ . . ."
(တယ္ ငါ့ႏွယ္လည္း ခက္လိုက္တာ၊ ဘာေတြ စဥ္း စားေနမိပါလိမ့္ ႐ူးေၾကာင္ေၾကာင္နဲ႔ . . .)
(႐ႊမ္ပိုင္လို လူမ်ိဳးက ဘယ္လိုလုပ္ ကိုယ္လုပ္ေတာ္ ျဖစ္ႏိုင္မွာလဲ . . .)
(ေနာက္ၿပီး ဆရာသမားကလည္း ႐ႊမ္ပိုင္ကို သူ႕ရဲ႕ ကိုယ္လုပ္ေတာ္လို႔ ထင္ေနတာမ်ိဳးမွ မ႐ွိတာ . . .)
(ဒါေတြက ေဆာင္ဂ်ဴ ပါးစပ္ကေနသာ ေလွ်ာက္ ေျပာေနတဲ့ စကားေတြပဲ . . .)
တကယ္တမ္းတြင္ ေဆာင္ဂ်ဴ ေျပာလိုက္သည့္ စကားမ်ားမွာ အမွန္ပင္ ျဖစ္ေၾကာင္း သူမသိခဲ့ေခ်။
ထိုအမွန္တရားမွာ ဘယ္ေသာအခါမွ ထုတ္ေဖာ္၍ မရႏိုင္သည့္ အမွန္တရား တစ္ခုသာ ျဖစ္၏။
ထိုစဥ္ တျဖန္းျဖန္း ႐ိုက္ေနသည့္ အသံမ်ားကို ၾကားလိုက္ရ၍ ႐ႊမ္ပိုင္မွာ ေအးစက္စက္ မ်က္လုံးမ်ား ျဖင့္ ဟန္ပိုင္ယြဲ႕ကို လွမ္းၾကည့္လိုက္သည္။
ဟန္ပိုင္ယြဲ႕ကိုသာ ထိုသို႔ ဆက္ဆံႏိုင္ေသာ္လည္း ေဆာင္ဂ်ဴကိုမူ ထိုသို႔ မဆက္ဆံႏိုင္ေခ်။
အဘယ့္ေၾကာင့္ဆိုေသာ္ သူမမွာ တစ္ခ်ိန္တစ္ခါ က ပိုင္အာ ျဖစ္ခဲ့ဖူးသည္ မဟုတ္ပါလား။
သို႔ေသာ္ ႏွလုံးသား၏ အနက္႐ိႈင္းဆုံး ေနရာတြင္မူ ခ်င္းရန္နယ္ပယ္၏ စြမ္းအားအႀကီးဆုံး ပညာ႐ွင္ဆို သည့္ စိတ္က ကိန္းေအာင္းေနျပန္သည္။
ထို႔ေၾကာင့္ သူမ၏ အေတြ႕အၾကဳံမ်ားအရ အဘယ့္ အတြက္ေၾကာင့္ ဟန္ပိုင္ယြဲ႕ သူ႕ကိုယ္သူ ႐ိုက္ေန သည္ကို မွန္းဆမိလိုက္သည္။
ထို႔ေၾကာင့္သာ ေဒါသထြက္သြားျခင္း ျဖစ္၏။
႐ႊမ္ပိုင္၏ ေအးစက္စက္ အၾကည့္မ်ားေၾကာင့္ ဟန္ ပိုင္ယြဲ႕မွာ ထိုေနရာမွ ခပ္သုတ္သုတ္ပင္ ထြက္ခြာသြား ပါေတာ့သည္။
ထိုသို႔ မဟုတ္ပါက ေဒါသမ်ားကို ပုံခ်ခ်င္ေနသည့္ ႐ႊမ္ပိုင္၏ ေဒါသမ်ားက ဟန္ပိုင္ယြဲ႕ထံ က်ေရာက္သြား ႏိုင္သည္ မဟုတ္ပါလား။
(ဒါၿပီးရင္ေတာ့ ငါ ဟန္ပိုင္ယြဲ႕ကို ေကာင္းေကာင္း ႐ိုက္ႏွက္ပစ္ရဦးမယ္ . . .)
(အနည္းဆုံးေတာ့ တစ္ေန႔ကို ႐ွစ္ႀကိမ္ေလာက္ကို ႐ိုက္ပစ္မယ္ . . .)
"အဟမ္း . . ."
"ငါေတာင္းပန္ပါတယ္ မိန္းကေလး . . ."
"ငါက အသက္ကလည္းႀကီး မ်က္လုံးကလည္း မႈန္ေနၿပီဆိုေတာ့ မင္းကို တစ္ေယာက္ေယာက္နဲ႔ မွား သြားလို႔ပါ . . ."
ေဆာင္ဂ်ဴမွ အားတုန္႔ အားနာဟန္မ်ိဳးျဖင့္ ေျပာ လိုက္သည္။
"ေနာက္ၿပီး ငါက ေ႐ွာင္ေ႐ွာင္နဲ႔ မဆုံရတာလည္း ၾကာၿပီဆိုေတာ့ သူ႕ကို ႐ုတ္တရက္ ျမင္လိုက္ရေတာ့ အရမ္းအံ့ဩသြားတာ . . ."
"အဲဒါေၾကာင့္ပဲ ဘာေျပာရမွန္း မသိ ျဖစ္သြားၿပီး ေလွ်ာက္ေျပာလိုက္မိတာပါ ဟားဟားဟား . . ."
"ရပါတယ္ . . ."
႐ႊမ္ပိုင္မွ အျပဳံးျဖင့္ ယဥ္ယဥ္ေက်းေက်းပင္ ေျပာ လိုက္သည္။
စင္စစ္ သူမအေနျဖင့္ ဦးေလးေဆာင္ကို မည္သို႔ ေျပာရမည္၊ သုံးႏႈန္းရမည္မွန္း မသိ၍ ထိုသို႔ ႐ိုး႐ွင္း သည့္ စကားလုံးကိုသာ ေျပာလိုက္ျခင္း ျဖစ္၏။
ေနာက္ဆုံးတြင္ ေဆာင္မ်ိဳးႏြယ္စုမွ လူမ်ားလည္း မေနႏိုင္ေတာ့ဘဲ -
"ဂ်ဴေလး . . ."
"သူတို႔က မင္းရဲ႕ မိတ္ေဆြေတြလား . . ."
ဟန္ပိုင္ယြဲ႕ႏွင့္ ရဲေ႐ွာင္တို႔မွ လြဲ၍ ေဆာင္မ်ိဳးႏြယ္မွ လူမ်ားမွာ အျဖစ္အပ်က္မ်ားအေပၚ ထူးထူးျခားျခား မခံစားမိၾကေခ်။
သူတို႔၏ အျမင္တြင္ ရဲေ႐ွာင္မွာ အားအနည္းဆုံး ျဖစ္ေသာ္လည္း ဦးေဆာင္သူ ျဖစ္ေၾကာင္းကိုမူ သိၾက သည္။
ထို႔ေၾကာင့္ ေဆာင္ဂ်ဴမွ ႐ႊမ္ပိုင္အေပၚ ေျပာမွားဆို မွား ျဖစ္သြားေသာ္လည္း ကိစၥႀကီးႀကီးမားမား မျဖစ္ ႏိုင္ေၾကာင္း သူတို႔ ေတြးထင္လိုက္ၾကသည္။
ထို႔ျပင္ ႐ႊမ္ပိုင္ထံတြင္လည္း ေဒါသထြက္ေနသည့္ အရိပ္အေယာင္မ်ိဳး စိုးစဥ္းမွ်ပင္ မ႐ွိၿပီ မဟုတ္ပါလား။
ေဆာင္ဂ်ဴမွာမူ သူ႕လူမ်ား၏ အေမးကို မေျဖဘဲ လ်စ္လ်ဴ႐ႈထားလိုက္သည္။
ထိုစဥ္ ရဲေ႐ွာင္ မ်က္ရိပ္ျပလိုက္သည္ကို ျမင္ေသာ အခါမွ ေဆာင္ဂ်ဴလည္း လည္ပင္းတစ္ခ်က္ ႐ွင္းလိုက္ ၿပီး -
"အဟမ္း . . ."
"သူက ငါ့ရဲ႕ ေသြးေသာက္ ညီအစ္ကိုရဲ႕သားေလ"
"ငါတို႔ မဆုံရတာ ေတာ္ေတာ္ၾကာသြားၿပီ ဟဲဟဲ"
႐ႊမ္ပိုင္မွာမူ စိတ္ထဲ မေက်မခ်မ္းျဖစ္သြားမိသည္။
(တူက မ႐ိုးသားသေလာက္ ဦးေလးကလည္း လူ လိမ္ႀကီးပဲ . . .)
(ေတာ္ေတာ္ၾကာသြားၿပီ ဟုတ္လား အခုမွ တစ္ႏွစ္ ေက်ာ္ေလာက္ပဲ ႐ွိေသးတာ မဟုတ္ဘူးလား . . .)
ထိုစဥ္ ေဆာင္မ်ိဳးႏြယ္မွ လူမ်ားလည္း အံ့ဩေန ၾကသည္။
(ေသြးေသာက္ ညီအစ္ကိုရဲ႕သား ဟုတ္လား . . .)
(ေဆာင္ဂ်ဴ မင္းမွာ တကယ္ကို အစြမ္းထက္တဲ့ ေသြးေသာက္ညီအစ္ကို ႐ွိေနတာပဲ . . .)
(ဟန္ပိုင္ယြဲ႕က အဲဒီလူရဲ႕ သားေနာက္ကို လိုက္ေန တာ၊ ေနာက္ၿပီး တစ္ခ်ိန္လုံး ဆရာသမား ဆရာသမား နဲ႔ ေခၚေနတာ . . .)
(ဒါဆို မင္းရဲ႕ ေသြးေသာက္ ညီအစ္ကိုက ဘယ္ အဆင့္ေလာက္ေတာင္ ႐ွိေနၿပီလဲ . . .)
(မင္းမွာ ဒီလို အဆက္သြယ္ေကာင္းေတြ ႐ွိေနတာ ဘာလို႔ ငါတို႔ကို မေျပာခဲ့တာလဲ . . .)
(ဒီေကာင္ေလး ေရာက္လာလို႔သာ အမွန္တရားကို သိရတာ၊ မဟုတ္ရင္ ငါတို႔ သိရမွာကို မဟုတ္ဘူး . . .)
ေဆာင္မ်ိဳးႏြယ္မွ လူမ်ားမွာ ေတြးရင္းျဖင့္ ေခြၽးျပန္ ေနၾကသည္။
(ဘုရား ဘုရား . . .)
(ေဆာင္ဂ်ဴက ငါတို႔ကို ႐ွင္းပစ္ေတာ့မွာလား မသိ ဘူး၊ အဲဒါေၾကာင့္မလို႔သာ ႀကိတ္ၿပီး ၾကံေနတာ ျဖစ္ရ မယ္ . . .)
ေဆာင္မ်ိဳးႏြယ္မွ လူမ်ားမွာ ေတြးရင္းျဖင့္ ေခြၽးေစး မ်ားပင္ ျပန္လာၿပီး ေဆာင္ဂ်ဴကို အထိတ္တလန္႔ျဖင့္ ၾကည့္ေနၾကပါေတာ့သည္။
#translator
#ေႂကြ႐ြက္ဝါအခန္း (၁၀၀၃)(စာစဥ္၇၂- အပိုင္း ၉)
"ကြၽန္မနာမည္ ႐ႊမ္ပိုင္"
ေဆာင္ဂ်ဴမွာ သတိေကာင္းသူပီပီ သူ႕လူမ်ား၏ အမူအယာကို သတိျပဳမိသြားသည္။
ထို႔ေၾကာင့္ အသံက်ယ္က်ယ္ျဖင့္ -
"ငါ့ေသြးေသာက္ ညီအစ္ကိုက ငါနဲ႔ပဲဆိုင္တယ္၊ သူ နဲ႔ငါကသာ ညီအစ္ကိုေတြဆိုေတာ့ ေဆာင္မ်ိဳးႏြယ္စုနဲ႔ ဘာမွမဆိုင္ဘူး . . ."
"ငါ့ရဲ႕ ေသြးေသာက္ညီအစ္ကိုေၾကာင့္ မင္းတို႔ ငါ့ကို ဒီလို ဆက္ဆံေနစရာ မလိုဘူး၊ ငါ့ကိုလည္း ဂ႐ုစိုက္ေန စရာ မလိုဘူး၊ ေနာက္ၿပီး ငါ့ကို အဲဒီလိုမ်ိဳးေတြ ၾကည့္ ေနစရာလည္း မလိုဘူး . . ."
"မင္းတို႔ မ်ိဳးႏြယ္စုထဲက ကိစၥေတြကို ငါဘယ္တုန္း ကမွ စိတ္မဝင္စားခဲ့ဘူး၊ ငါနဲ႔ ဘာမွ မသက္ဆိုင္တဲ့ အမိႈက္ေတြလိုပဲ . . ."
သက္ႀကီးဝါႀကီးမ်ား အားလုံး ႐ွက္အမ္းအမ္း ျဖစ္ သြားၾကသည္။
သူတို႔အဖို႔ မည္သို႔ ျပန္ေျပာရမွန္း မသိေအာင္ စကားလုံးမ်ား ေပ်ာက္႐ွကုန္ၾကသည္။
ေဆာင္ဂ်ဴမွသာ ၎တို႔အား အသံက်ယ္က်ယ္ျဖင့္ ေအာ္ဟစ္ေျပာဆိုေနျခင္း ျဖစ္သည္။
ထိုသို႔ အေျပာခံရျခင္းမွာ သူတို႔အတြက္ သိကၡာက် စရာပင္ ျဖစ္ေသာ္လည္း ေခါင္းငုံ႔ခံရန္မွလြဲ အျခားမ႐ွိ ေခ်။
၎တို႔မွာ ေဆာင္ဂ်ဴႏွင့္ သူ၏ လူမ်ားကို ယခင္က ဖိႏွိပ္ ဆက္ဆံခဲ့ၾကသည္ မဟုတ္ပါလား။
ထို႔ေၾကာင့္ ေဆာင္ဂ်ဴ ရင္ထဲ႐ွိ အာဃာတ တရား မ်ားကိုလည္း သူတို႔ ေကာင္းေကာင္းႀကီး သိေနသည္။
ထိုစဥ္ ရဲေ႐ွာင္မွ ေလသံခပ္ေအးေအးျဖင့္ -
"ဦးေလးေဆာင္ . . ."
"သတ္ပစ္ဖို႔ကေတာ့ လြယ္ပါတယ္ ဒါေပမယ့္ သူ တို႔က ခင္ဗ်ားရဲ႕ ေဆြမ်ိဳးေတြပဲ မဟုတ္လား . . ."
"အဲဒါေၾကာင့္ အရင္က ျဖစ္ခဲ့တဲ့အရာေတြကို ထား လိုက္ပါေတာ့ ေနာက္ၿပီး ေဆာင္ဝုရန္နဲ႔ သူ႕လူေတြ အားလုံးလည္း မ႐ွိၾကေတာ့ဘူးေလ . . ."
"ဆူးေျငာင့္ ခလုတ္ေတြကို ႐ွင္းၿပီးသားဆိုေတာ့ ဦးေလးေဆာင္ အရင္က ျဖစ္ခဲ့သလိုမ်ိဳး ထပ္မျဖစ္ ေတာ့ဘူးလို႔ က်ဳပ္ ယုံပါတယ္ . . ."
"အဲဒါမလို႔ စိတ္ထဲ ထားမေနပါနဲ႔ေတာ့ အခုဆိုရင္ မ်ိဳးႏြယ္စုကလည္း ဦးေလးေဆာင္ရဲ႕ ဦးေဆာင္မႈကို လိုအပ္ေနၿပီ မဟုတ္လား . . ."
"ဒီလိုပုံစံနဲ႔သာဆိုရင္ ေဆာင္မ်ိဳးႏြယ္က အေႏွးနဲ႔ အျမန္ကို ျမင့္တက္လာေတာ့မွာပါ . . ."
ရဲေ႐ွာင္၏ စကားအရ ေဆာင္ဂ်ဴမွာ မ်ိဳးႏြယ္စုကို ေခါင္းေဆာင္မည့္သူ ျဖစ္ေၾကာင္း ေၾကညာလိုက္သလို ပါပင္။
ထို႔ေၾကာင့္ အျခားလူမ်ားအဖို႔ ေျပာင္းလဲရန္ မျဖစ္ ႏိုင္ေတာ့ေခ်။
ရဲေ႐ွာင္ လက္ႏွင့္ ေရးထားသည့္ အရာကို မည္သူ က ေျချဖင့္ဖ်က္ဝံ့ပါမည္နည္း။
ထိုစဥ္ ေဆာင္ဂ်ဴမွ မေက်မခ်မ္းျဖင့္ -
"အစ္ကိုရဲကိစၥနဲ႔ ပတ္သက္ၿပီး သူတို႔ ဘာလုပ္ခဲ့ၾက လဲ၊ ေနာက္ၿပီး အဲဒီတုန္းက ငါက သူတို႔ရဲ႕ ေဆြမ်ိဳးပါ ဆိုၿပီး သတ္မွတ္ခဲ့ၾကလို႔လား . . ."
ေဆာင္ဂ်ဴ စကား မဆုံးခင္မွာပင္ ရဲေ႐ွာင္မွ ၾကား ျဖတ္လိုက္ၿပီး -
"ဦးေလးေဆာင္ . . ."
"မလိုအပ္တဲ့ တျခားစကားေတြကို ေျပာမေနပါနဲ႔ ေတာ့၊ သူတို႔ေတြလည္း ဒါမ်ိဳး ထပ္မလုပ္ေလာက္ ေတာ့ပါဘူး . . ."
"အဲဒါေၾကာင့္ အရင္က အေၾကာင္းေတြကို ျပန္တူး ေဖာ္ၿပီး ေျပာမေနတာ ပိုေကာင္းပါတယ္ . . ."
ေဆာင္ဂ်ဴမွာမူ ရင္ထဲ႐ွိ ေဒါသမီးမ်ားကို မၿငိမ္းႏိုင္ ေအာင္ ျဖစ္ေနရသည္။
အမုန္းတရားမ်ားမွာ အျမစ္တြယ္ေန၍ ခ်က္ခ်င္း ဖယ္႐ွားပစ္ရန္မွာ ခက္ခဲသည္ မဟုတ္ပါလား။
ထို႔ေၾကာင့္ ေဆာင္ဂ်ဴမွာ ႏႈတ္ဆိတ္သြားၿပီး တစ္ ဖက္သို႔သာ လွည့္သြားသည္။
ရဲေ႐ွာင္လည္း သက္ျပင္း႐ွည္ႀကီးကိုသာ ခ်လိုက္မိ ေတာ့သည္။
အေဖျဖစ္သူ ရဲနန္႐ွန္၏ လုပ္ရပ္ေၾကာင့္ မ်ိဳးႏြယ္စု ႏွစ္ခုလုံး ထိခိုက္နစ္နာခဲ့ရသည္။
တစ္ခုမွာ သူ၏ မ်ိဳးႏြယ္စုျဖစ္သည့္ ရဲမ်ိဳးႏြယ္စုျဖစ္ ၿပီး က်န္တစ္ခုမွာ ေဆာင္မ်ိဳးႏြယ္စုသာ ျဖစ္သည္။
ထိုအတြက္ေၾကာင့္ပင္ ရဲေ႐ွာင္လည္း သူတတ္ႏိုင္ သမွ် နည္းလမ္းမ်ားျဖင့္ ေဆာင္မ်ိဳးႏြယ္ကို ကူညီေပး ခ်င္ေနျခင္း ျဖစ္သည္။
သူ၏ အေဖျဖစ္သူမွာ ေဆာင္ဂ်ဴအေပၚ အေႂကြး တင္ေနသည္ မဟုတ္ပါလား။
ေဆာင္မ်ိဳးႏြယ္ႏွင့္ ပတ္သက္လွ်င္ သူလုပ္ခဲ့သမွ် အရာအားလုံးမွာ ေဆာင္ဂ်ဴ၏ မ်က္ႏွာ တစ္ခုတည္း ေၾကာင့္သာ ျဖစ္သည္။
ေဆာင္ေဖ့၏ လုပ္ရပ္ေၾကာင့္ မ်ိဳးႏြယ္စု တစ္ခုလုံး ကို အျပတ္႐ွင္းပစ္၍ ရေသာ္လည္း ေဆာင္ဂ်ဴေၾကာင့္ မ်က္ႏွာသာေပးခဲ့သည္။
လက္႐ွိတြင္လည္း ေဆာင္မ်ိဳးႏြယ္စုအတြင္း ေ႐ွ႕ ဆက္၍ လုပ္ရမည့္ အလုပ္မ်ားႏွင့္ ပတ္သက္၍ ကူညီ ႏိုင္သမွ် ကူညီကာ အစီစဥ္မ်ား ခ်မွတ္ေပးလိုက္သည္။
ေဆာင္ဂ်ဴမွာမူ သက္ႀကီးဝါႀကီးမ်ားကို အဖတ္ပင္ မလုပ္၍ ထိုလူမ်ားမွာ မခ်ိျပဳံးသာ ျပဳံးေနရသည္။
ခဏအၾကာတြင္ ေဆာင္ဂ်ဴမွာ ရဲေ႐ွာင္အား သူ၏ ကိုယ္ပိုင္ျခံဝန္းအတြင္းသို႔ ေခၚသြားလိုက္သည္။
ေဆာင္မ်ိဳးႏြယ္မွ လူမ်ားမွာမူ ထြက္ခြာသြားသည့္ ေဆာင္ဂ်ဴတို႔ကို ၾကည့္ရင္း ေနာင္တအႀကီးအက်ယ္ရ ေနမိသည္။
"ဒီအေၾကာင္းရင္းေတြကိုသာ အေစာႀကီးကတည္း က သိခဲ့ရင္ ငါဒါမ်ိဳး မလုပ္ခဲ့ဘူး . . ."
အဘိုးႀကီးတစ္ဦးမွ ေနာင္တရဟန္ျဖင့္ ေျပာလိုက္ သည္။
"ေဆာင္ဝုရန္နဲ႔ သူ႕လူေတြ မေကာင္းတဲ့ လုပ္ရပ္ ေတြ လုပ္ေနၾကတုန္းက ငါတို႔ သူ႕ဘက္မွာ ရပ္တည္မိ ခဲ့ၾကတယ္ . . ."
"အဲဒီတုန္းကလည္း ငါတို႔က နီးရာဓား ေၾကာက္ခဲ့ ရတာကိုး၊ အခုေတာ့ ငါတို႔ စိုက္ပ်ိဳးရတာကို ငါတို႔ ျပန္ ရိတ္သိမ္းၾကရၿပီ . . ."
"အဲဒီအတြက္ ဘယ္သူ႕ ဘယ္သူကိုမွ အျပစ္တင္လို႔ မရပါဘူးေလ . . ."
အျခားအဘိုးႀကီး တစ္ဦးမွ သက္ျပင္းခ်ရင္း ေျပာ လိုက္သည္။
"ဒါက အဆုံးသတ္ မဟုတ္ေသးပါဘူး ေနာက္ လည္း မက်ေသးပါဘူးေလ . . ."
"ဘယ္လိုပဲျဖစ္ျဖစ္ ေဆာင္မ်ိဳးႏြယ္ရဲ႕ ကိစၥေတြက ေျပလည္သြားပါၿပီ . . ."
ေနာက္ထပ္ အဘိုးႀကီး တစ္ဦးမွလည္း ေျပာလိုက္ သည္။
"ဘယ္လိုပဲျဖစ္ျဖစ္ ေဆာင္ဂ်ဴနဲ႔ သူ႕လူေတြရဲ႕ ရင္ ထဲမွာ အမုန္းေတြ၊ အာဃာတေတြ ႐ွိေနေသးတယ္ဆို ေပမယ့္ သူတို႔က ေဆာင္မ်ိဳးႏြယ္စုထဲမွာပဲ ႐ွိေနၾကဦး မွာပဲေလ . . ."
"အဲဒီေတာ့ ေနာက္ပိုင္း သူတို႔ ဘာပဲလိုလို ငါတို႔ အကူအညီေပးရင္း ေဖးမရင္းနဲ႔ပဲ ျဖတ္သန္းရမွာေပါ့"
"ဒီေန႔ ျဖစ္ခဲ့တဲ့ ကိစၥေတြက ငါတို႔ မ်ိဳးႏြယ္စု ျမင့္ တက္လာဖို႔ အခြင့္အေရး ရခဲ့တဲ့ သေဘာပဲ . . ."
"ေဆာင္ဂ်ဴနဲ႔ ေဆာင္ခ်န္ ညီအစ္ကိုႏွစ္ေယာက္က မ်ိဳးႏြယ္စုကို ဦးစီးလိမ့္မယ္ . . ."
"ငါတို႔ မ်ိဳးႏြယ္စုလည္း သူတို႔ႏွစ္ဦးရဲ႕ ဦးေဆာင္မႈ ေအာက္မွာ အရင္ကထက္ အမ်ားႀကီး ျမင့္တက္လာ မွာပါ . . ."
"ဟုတ္တယ္ ဒီေန႔က ေဆာင္မ်ိဳးႏြယ္စု ျမင့္တက္ လာမယ့္ အထိမ္းအမွတ္ေန႔လို႔ေတာင္ သတ္မွတ္လို႔ရ မယ္ . . ."
"ဟုတ္တယ္ ငါတို႔က အသက္ႀကီးၿပီ၊ အျမင္ေတြ လည္း မစူး႐ွႏိုင္ေတာ့ဘူး . . ."
"လူငယ္ေတြ ျဖစ္တဲ့ ေဆာင္ဂ်ဴနဲ႔ ေဆာင္ခ်န္တို႔ပဲ တာဝန္ယူပါေစေတာ့ . . ."
"ငါတို႔အတြက္ကေတာ့ ခက္ခဲတဲ့ ေန႔ရက္ေတြ ၿပီး သြားခဲ့ၿပီ၊ ငါတို႔ ေခတ္ကုန္သြားၿပီ ဆိုတာကို လက္ခံရ မယ္ေလ၊ ဘာပဲလုပ္လုပ္ ငါတို႔ မ်ိဳးႏြယ္စုအတြက္ပဲ ေခါင္းထဲထည့္ၿပီး လုပ္ေပးၾကတာေပါ့ . . ."
အဘိုးႀကီးမ်ားမွာ သက္ျပင္းကိုယ္စီခ်ရင္း ေျပာဆို လိုက္ၾကသည္။
အိုမင္းရင့္ေရာ္ေနေသာ ၎တို႔အတြက္ ဝန္ထိုးဝန္ ပိုးႀကီး တစ္ခု ေလ်ာ့က်သြားသလိုပါပင္။
အနည္းဆုံးမူ ေဆာင္ဝုရန္ႏွင့္ သူ႕လူမ်ား ေသဆုံးရ ၿပီျဖစ္၍ ေဆာင္မ်ိဳးႏြယ္စုထဲ၌ ႀကီးမားသည့္ ျပႆနာ မ်ား ျဖစ္လာႏိုင္စရာ အေၾကာင္းမ႐ွိေတာ့ေပ။
အကယ္၍ ေနာက္ထပ္ ျပႆနာ ႀကီးႀကီးမားမား ၾကဳံႀကိဳက္ခဲ့ရလွ်င္လည္း ထိုအခ်ိန္၌ ၎တို႔ ႐ွိခ်င္မွ႐ွိ ေတာ့ေပမည္။
မည္သို႔ပင္ဆိုေစ အမွားမွန္း သိရက္ အမွန္ျပင္ရန္ ခက္ခဲေၾကာင္းကို ေဆာင္ဝုရန္တို႔မွ ေဆာင္မ်ိဳးႏြယ္စု အား ေကာင္းစြာ သက္ေသျပသြားခဲ့ပါေတာ့သည္။
. . .
ေဆာင္ဂ်ဴ၏ ျခံထဲ၌ ျဖစ္သည္။
ေဆာင္ဂ်ဴမွာ အစ္ကိုျဖစ္သူအား ေဖးမထားရင္း -
"အစ္ကိုခ်န္ . . ."
"အစ္ကိုခ်န္က သက္သာသြားၿပီပဲ . . ."
"ေကာင္းတယ္ သိပ္ေကာင္းတယ္ . . ."
ေဆာင္ခ်န္မွာ ရဲေ႐ွာင္၏ ထူးျခား အစြမ္းထက္ ေဆးလုံးႏွင့္ ဟန္ပိုင္ယြဲ႕၏ စြမ္းအင္မ်ား အကူအညီ ျဖင့္ လူေကာင္းပကတိ ျပန္ျဖစ္သြားသည္။
မ်က္လွည့္ျပလိုက္သည့္ပမာ ခဏေလးအတြင္းမွာ ပင္ သက္သာသြားျခင္း ျဖစ္သည္။
ထိုသတင္းမွာ ေဆာင္ဂ်ဴအတြက္ မဂၤလာတစ္ပါး ပါပင္။
သူ႕ထံ၌ ရဲေ႐ွာင္ ေပးခဲ့သည့္ ထူးျခားအစြမ္းထက္ ေဆးလုံးမ်ား ႐ွိေသာ္လည္း ထုတ္မသုံးဝံ့ခဲ့ေခ်။
ယခုအခါ သူ႕အား ၿခိမ္းေျခာက္မည့္ လူမ်ား မ႐ွိ ေတာ့သလို ရဲေ႐ွာင္ႏွင့္ ဟန္ပိုင္ယြဲ႕တို႔မွာလည္း ကူညီ ရန္ ေရာက္လာၾကၿပီ မဟုတ္ပါလား။
ထို႔ေၾကာင့္ ေဆာင္ခ်န္အား အခ်ိန္တိုအတြင္း ကုသေပးရန္မွာ ျပႆနာ မဟုတ္ေတာ့ေခ်။
(အစ္ကိုခ်န္က အခုဆို သက္သာသြားၿပီ . .. )
(အရင္ကထက္ေတာင္ ပိုေကာင္း သြားသလိုပဲ၊ ပို ၿပီးလည္း တိုးတက္လာတယ္ . . .)
(ေဆာင္႐ႊမ္ကလည္း ေကာင္းသြားၿပီ၊ က်င့္ၾကံမႈ ပိုင္းမွာလည္း ပိုၿပီးေတာင္ ျမန္လာေသးတယ္ . . .)
ေဆာင္ဂ်ဴအဖို႔ အိပ္မက္ဆိုးမ်ားမွ ႏိုးထႏိုင္သြား၍ ယခင္ႏွင့္မတူေတာ့ဘဲ စိတ္အစဥ္က လန္းဆန္းေန သည္။
သို႔ေသာ္ ရဲေ႐ွာင္မွ ဟန္ပိုင္ယြဲ႕အား အမိန္႔ေပးႏိုင္ သည္ကို ၾကည့္ရင္း နားမလည္ႏိုင္ ျဖစ္ေနရသည္။
(ေ႐ွာင္ေ႐ွာင္က ဒီလို လူမ်ိဳးကို ဘယ္တုန္းက စည္း႐ုံးလိုက္ႏိုင္တာလဲ . . .)
ထို႔ေနာက္ ေဘးနားတြင္ တိတ္ဆိတ္စြာ ႐ွိေနသည့္ မိန္းကေလးအား လွမ္းၾကည့္လိုက္ျပန္သည္။
(ဒီမိန္းကေလးကေရာ ဘယ္သူလဲ . . .)
(ဟန္ပိုင္ယြဲ႕လို လူမ်ိဳးကေတာင္ သူ႕ကို ဘာလို႔မ်ား ေၾကာက္ေနရတာလဲ . . .)
(သူကေရာ ဘာလို႔ ေ႐ွာင္ေ႐ွာင္နဲ႔အတူတူ ႐ွိေနရ တာလဲ . . .)
ထိုသို႔ေတြးရင္း ေဆာင္ဂ်ဴမွာ ႐ႊမ္ပိုင္အေပၚ အထင္ ႀကီးေနမိသည္။
ထို႔ေၾကာင့္ အနားသို႔ ကပ္ေလွ်ာက္သြားလိုက္ၿပီး -
"မိန္းကေလး . . ."
"မင္းကို ငါတစ္ေယာက္ေယာက္နဲ႔ လူမွားသြားမိ တယ္၊ အဲဒီအတြက္ ငါေတာင္းပန္ပါတယ္ . . ."
"ဒါနဲ႔ စကားမစပ္ မင္းရဲ႕ နာမည္ေလးကို ငါသိခြင့္ ႐ွိမလား . . ."
႐ႊမ္ပိုင္မွ ခပ္ေအးေအးျဖင့္ပင္ -
"႐ႊမ္ပိုင္ပါ . . ."
"အင္း ႐ႊမ္ပိုင္ ႐ႊမ္ပိုင္ . . ."
"ေတာ္ေတာ္ေကာင္းတဲ့ နာမည္ပဲ . . ."
"႐ႊမ္ဆိုတာက နတ္ဘုရားမေပါ့၊ ေရခဲလို လွပတဲ့ အ႐ိုးေတြ ႐ွိတဲ့ နတ္ဘုရားမ . . ."
"ဟမ္ ဘာ . . ."
ေဆာင္ဂ်ဴမွာ ခ်ီးက်ဴးေနရင္းျဖင့္ ႐ုတ္တရက္ တစ္ စုံတစ္ခုကို စဥ္းစားမိလိုက္သည္။
ထို႔ေၾကာင့္ ခ်က္ခ်င္းပင္ အထိတ္တလန္႔ျဖင့္ ထ ခုန္မိမတတ္ပင္ ျဖစ္သြားပါေတာ့သည္။
#translator
#ေႂကြ႐ြက္ဝါအခန္း (၁၀၀၄)(စာစဥ္ ၇၂- အပိုင္း ၁၀)
"သူ႕ေၾကာင့္သာ"
"႐ႊမ္ ႐ႊမ္ ႐ႊမ္ . . ."
ေဆာင္ဂ်ဴမွာ ႐ႊမ္ပိုင္အား အထိတ္တလန္႔ျဖင့္ ေငး ၾကည့္ေနမိသည္။
သူကဲ့သို႔ ရဲရင့္သည့္ လူမ်ိဳးပင္ မ်က္ႏွာတစ္ခုလုံး ေသြးမ႐ွိေတာ့သလို ျဖဴေရာ္ေရာ္ပင္ ျဖစ္ေနသည္။
႐ႊမ္ပိုင္ဆိုသည့္ နာမည္ေၾကာင့္ ထိုင္ခုံေပၚတြင္ ႐ွိ ေနသည့္ ေဆာင္ခ်န္မွာလည္း ေအာက္သို႔ ျပဳတ္က်လု မတတ္ပင္ ျဖစ္သြားသည္။
ညီအစ္ကို ႏွစ္ေယာက္လုံးမွာ ႐ႊမ္ပိုင္အား ျပဴး က်ယ္သည့္ မ်က္လုံးမ်ားျဖင့္သာ ၾကည့္ေနၾကသည္။
႐ႊမ္ပိုင္မွ ထပ္မံ ေခါင္းညိတ္ၿပီး သူမျဖစ္ေၾကာင္း အတည္ျပဳျပလိုက္ျပန္သည္။
ေဆာင္ဂ်ဴလည္း အံ့ဩလြန္း၍ ေျမျပင္ေပၚသို႔ပင္ ဖင္ထိုင္လ်က္သား လဲက်သြားသည္။
ထိုကဲ့သို႔ေသာ အမ်ိဳးသမီးအား ကိုယ္လုပ္ေတာ္ဟု ေျပာဆိုမိခဲ့သည္ကို ျပန္ေတြးရင္း နဖူးမွ ေခြၽးေစးမ်ား လည္း ထြက္လာေလသည္။
တိမ္ျမဴခိုးနန္းေတာ္၏ ဥေသွ်ာင္ႀကီးအား သူအဖို႔ မထီမဲ့ျမင္ ေစာ္ကားမိခဲ့သည္ မဟုတ္ပါလား။
(ဘုရား ဘုရား ေတာ္ေသးတာေပါ့ . . .)
(႐ႊမ္ပိုင္က ေဒါသမထြက္သြားလို႔ . . .)
(အဲဒီလိုမွ မဟုတ္ရင္ ငါေတာ့သြားၿပီ၊ ငါ တင္မက ဘူး ေဆာင္မ်ိဳးႏြယ္စု တစ္ခုလုံးပါ သြားၿပီ . . .)
(ၿပီးရင္ ေ႐ွာင္ေ႐ွာင္နဲ႔ ဟန္ပိုင္ယြဲ႕ပါ အသတ္ခံရ မွာ ေသခ်ာတယ္ . . .)
႐ႊမ္ပိုင္ဆိုသည္မွာ မည္သူနည္း။
ခ်င္းရန္နယ္ပယ္႐ွိ အစြမ္းထက္ဆုံး ပညာ႐ွင္သုံးဦး ထဲမွ တစ္ဦးပင္ မဟုတ္ပါလား။
တိမ္ျမဴခိုးနန္းေတာ္၏ ဂိုဏ္းခ်ဳပ္ႀကီး တစ္ျဖစ္လဲ ဥေသွ်ာင္ႀကီးျဖစ္သည့္ သူမ၏ ဂုဏ္ျဒပ္မ်ားမွာ ေတြး ပင္ မေတြးဝံ့ေအာင္ ေၾကာက္စရာေကာင္းလွသည္။
ထို႔ျပင္ ခ်င္းရန္နယ္ပယ္၌ အစြမ္းထက္ဆုံး အမ်ိဳး သမီးျဖစ္၍ သူမ၏ နာမည္မွာ နယ္ပယ္တစ္ခုလုံးကို ပင္ ဖိန္႔ဖိန္႔တုန္သြားေစႏိုင္သည္။
ေဆာင္မ်ိဳးႏြယ္မွာ က်င့္ၾကံမႈ နည္းစနစ္မ်ား အလို ႐ွိ၍ တိမ္ျမဴခိုးနန္းေတာ္အတြက္ ေဆးပစၥည္းမ်ား ႐ွာ ေပးခဲ့ရသည္။
ယခုအခါတြင္ ထိုနန္းေတာ္၏ အစြမ္းထက္ဆုံး လူ မွာ သူတို႔ေ႐ွ႕သို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ပင္ ေရာက္လာ ခဲ့သည္။
ေဆာင္ဂ်ဴလည္း အတန္ၾကာ အံ့ဩေနၿပီးေနာက္-
"ေဆာင္ေဖ့ . . ."
"ေတာ္ေတာ္ကို ကံဆိုးတဲ့ ေကာင္ပဲ . . ."
"မိုးၾကဳးပစ္ခ်ခံရတာထက္ကို ပိုဆိုးသြားၿပီ . . ."
ထိုသို႔ ေရ႐ြတ္ရင္းျဖင့္ ေဆာင္ဂ်ဴမွာ အေတြးနယ္ ခ်ဲ႕ေနမိသည္။
ေဆာင္ေဖ့မွ ႐ႊမ္ပိုင္ကို မည္သို႔ ေစာ္ကားခဲ့သည္ကို လည္း ပုံေဖာ္ စဥ္းစားေနမိသည္။
ထို႔ေၾကာင့္ ထိုသို႔ ေစာ္ကားရဲခဲ့သည့္ ေဆာင္ေဖ့ကို လည္း ေလးစားမိသလို ျဖစ္သြားသည္။
"ဒီေကာင္က ဘယ္လိုမွ အသက္႐ွင္ႏိုင္ေတာ့မယ့္ ေကာင္မဟုတ္ဘူး . . ."
"ကိုယ့္ေသတြင္းကိုယ္ တူးခဲ့တဲ့ေကာင္ မိုက္လိုက္ တာကြာ . . ."
အတန္ၾကာ မွင္သက္ေနသည့္ ေဆာင္ဂ်ဴမွ ယခုကဲ့ သို႔ ေျပာလာမည္ဟု မည္သူမွ မထင္ထားၾကေပ။
ထို႔ေၾကာင့္ အားလုံးမွာ ေဆာင္ဂ်ဴအား ၾကည့္ရင္း စိတ္လြတ္လက္လြတ္ပင္ ရယ္ေမာလိုက္ၾကသည္။
႐ႊမ္ပိုင္ ကိုယ္တိုင္ပင္ လိုက္ပါ၍ ရယ္ေမာလိုက္မိ သည္။
သူမရင္ထဲ၌ ေဒါသထြက္ျခင္း၊ စိတ္ဆိုးျခင္းမ်ား ျပည့္ႏွက္ေနခဲ့သည့္တိုင္ ယခုအခါ၌ ရယ္ေမာျခင္းႏွင့္ အတူ အရာအားလုံး ေပ်ာက္ကြယ္သြားခဲ့ေခ်ၿပီ။
အတိတ္ေန႔ရက္မ်ားတြင္ သူမအား ရယ္ေမာ ေအာင္ လုပ္ေပးခဲ့ဖူးသည့္ ဦးေလးေဆာင္မွာ သူမေ႐ွ႕၌ ေရာက္ေနၿပီ မဟုတ္ပါလား။
ထိုစဥ္ ေဆာင္႐ႊမ္မွာ အားလုံးအတြက္ လက္ဘက္ ရည္ေဖ်ာ္ေပးရင္းျဖင့္ အလုပ္႐ႈပ္လ်က္ ႐ွိသည္။
႐ႊမ္ပိုင္မွာ ေဆာင္႐ႊမ္အား လွမ္းၾကည့္မိခ်ိန္ အနာ ဂတ္၌ အလားအလာ႐ွိသည့္ လူတစ္ဦးျဖစ္လာႏိုင္မွန္း ရိပ္စားမိလိုက္သည္။
"ဒီေကာင္ေလးက ေတာ္ေတာ္ကို အလားအလာ႐ွိ တယ္၊ ဒီတစ္ႀကိမ္မွာေတာ့ ဟန္ပိုင္ယြဲ႕က အခြင့္အေရး ကို အမိအရ ဖမ္းဆုပ္သြားခဲ့တယ္ . . ."
"သူက ဒီေကာင္ေလးကို သူ႕တပည့္အျဖစ္ လက္ခံ လိုက္တယ္ေလ၊ ႏွေျမာစရာပဲ . . ."
"ကြၽန္မတို႔ တိမ္ျမဴခိုးနန္းေတာ္က ေယာက်္ားသား ေတြကို ဂိုဏ္းဝင္အျဖစ္ လက္မခံဘူး ဒါေပမယ့္ သူနဲ႔ သင့္ေတာ္မယ့္ က်င့္စဥ္တစ္ခုေတာ့ ကြၽန္မမွာ ႐ွိတယ္"
"တကယ္ေတာ့ အဲဒီက်င့္စဥ္ကို ကြၽန္မလည္း ကံ ေကာင္းလို႔ ရခဲ့တာပါ . . ."
"ဒါေပမယ့္ က်င့္စဥ္က မိန္းကေလးေတြနဲ႔ မသင့္ ေတာ္ဘူး ျဖစ္ေနေတာ့ သူနဲ႔ေတာ့ သင့္ေတာ္မယ္ ထင္ တယ္ . . ."
ထိုစကားေၾကာင့္ ေဆာင္ဂ်ဴႏွင့္ ေဆာင္႐ႊမ္တို႔ ၏ မ်က္ႏွာ၌ အျပဳံးပန္းမ်ား ေဝဆာသြားၾကသည္။
႐ႊမ္ပိုင္ေပးေသာ က်င့္စဥ္ျဖစ္၍ အလြန္ေကာင္း မြန္မည္မွာ ေသခ်ာလွသည္။
ေဆာင္ခ်န္လည္း ေက်းဇူးတင္လြန္း၍ ႐ႊမ္ပိုင္ ကို အ႐ိုအေသျပဳရန္ ေဆာင္ခ်န္အား တိုက္တြန္း လိုက္သည္။
႐ႊမ္ပိုင္လည္း ျပဳံးလိုက္ၿပီး ေက်ာက္စိမ္းျပား ေလး တစ္ခ်ပ္ကို ထုတ္ကာ ေဆာင္႐ႊမ္၏ နဖူးႏွင့္ ထိလိုက္သည္။
ထိုသို႔ ထိထားခ်ိန္တြင္ ထူးျခားသည့္ စြမ္းအင္ မ်ားကို စီးဆင္းေစေနလိုက္သည္။.
ခဏအၾကာတြင္ ေက်ာက္စိမ္းျပားေလးမွာ ျပာ အျဖစ္ ေျပာင္းလဲသြားၿပီး ေဆာင္႐ႊမ္လည္း အဆို ပါက်င့္စဥ္ကို ရ႐ွိသြားပါေတာ့သည္။
ရဲေ႐ွာင္တို႔မွာ က်င့္ၾကံမႈ လမ္းစဥ္အေၾကာင္း သိ သူမ်ားပီပီ ေက်ာက္စိမ္းျပားထဲမွ က်င့္စဥ္ ေဆာင္႐ႊမ္ ၏ ေခါင္းထဲသို႔ ေရာက္သြားၿပီကို သိလိုက္ၾကသည္။
ထိုက်င့္စဥ္က ခက္ခဲသည္ျဖစ္ေစ၊ မခက္ခဲသည္ ျဖစ္ေစ ေဆာင္႐ႊမ္အဖို႔ ခဏေလးျဖင့္ပင္ ရ႐ွိသြားခဲ့ေခ် ၿပီ။
ထိုစဥ္ ႐ႊမ္ပိုင္မွ -
"ဒီေကာင္ေလးက ကြၽန္မ ထင္ထားတာထက္ကို ပို ၿပီး ပါရမီပါေနတယ္ . . ."
"အရာအားလုံးက အဆင္ေျပသြားၿပီ၊ သူသာ က်င့္ ၾကံမႈအေပၚမွာ အားစိုက္မယ္ဆိုရင္ မၾကာခင္မွာ မူလ တာအိုအဆင့္ ပညာ႐ွင္ ျဖစ္သြားလိမ့္မယ္ . . ."
႐ႊမ္ပိုင္မွ ထိုသို႔ ေျပာလိုက္၍ ေဆာင္႐ႊမ္မွာ အလြန္ အားတက္သြားမိသည္။
ထိုစဥ္ ေဆာင္ဂ်ဴမွ သက္ျပင္းခ်လ်က္-
"က်ဳပ္တို႔ ဘယ္လို ေက်းဇူးျပန္ဆပ္ ရမလဲေတာင္ မသိေတာ့ပါဘူး မိန္းကေလး ႐ႊမ္ပိုင္ . . ."
"ေဆာင္မ်ိဳးႏြယ္က ဒီေက်းဇူးတရားကို ဘယ္ ေတာ့မွ မေမ့ပါဘူး . . ."
႐ႊမ္ပိုင္မွ -
"ဒါက ေဆာင္မ်ိဳးႏြယ္စုနဲ႔ မသက္ဆိုင္ပါဘူး . . ."
"ကြၽန္မက လူငယ္ တစ္ေယာက္အေပၚ လုပ္ေပး ႏိုင္သေလာက္ လုပ္ေပးလိုက္တဲ့ သေဘာပါပဲ . . ."
"အဲဒီအတြက္ ကြၽန္မကို ေက်းဇူးတင္ဖို႔ မလိုအပ္ ပါဘူး . . ."
ထို႔ေနာက္ ျပဳံးလိုက္ရင္းျဖင့္ -
"ေက်းဇူး တင္ခ်င္ရင္ ရဲေ႐ွာင္ကိုသာ ေက်းဇူး တင္ပါ၊ သူ႕ေၾကာင့္သာ မဟုတ္ရင္ ကြၽန္မလည္း ႐ွင္ တို႔ကို ဘာမွ ထည့္တြက္စရာ အေၾကာင္းမ႐ွိဘူး"
"ဒီလူငယ္ ဘယ္ေလာက္ပဲ ပါရမီပါပါေပါ့ . . ."
႐ႊမ္ပိုင္မွ ဟန္ေဆာင္ျခင္း မ႐ွိ၊ ပြင့္ပြင့္ လင္းလင္း ပင္ ေျပာခ်လိုက္သည္။
ထိုစကားမ်ားအရ ရဲေ႐ွာင္ကိုသာ ေက်းဇူးတင္ သင့္ေၾကာင္း မီးေမာင္းထိုးျပလိုက္သလိုပါပင္။
ထိုသို႔ ေျပာၿပီးမွ သူမလည္း စိတ္သက္သာရာ ရသြားသည္။
(အိမ္ေတာ္ထိန္းေဆာင္က ငါ့ကို ရိပ္မိခဲ့တာ ထူး ဆန္းလိုက္တာ . . .)
(သူက ပိုင္အာ အမွတ္နဲ႔ ငါ့အေပၚ ေကာင္းဖို႔ ႀကိဳး စားေနတာမ်ားလား . . .)
(ဒီလိုေတာ့ မရဘူးေလ . . .)
. . .
ရဲေ႐ွာင္၊ ႐ႊမ္ပိုင္ႏွင့္ ဟန္ပိုင္ယြဲ႕တို႔ မသိႏိုင္သည့္ အခ်က္တစ္ခ်က္ ႐ွိေနပါေသးသည္။
သူတို႔ ယေန႔ လုပ္လိုက္သည့္ ျဖစ္ရပ္က ေနာင္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္၌ ထိပ္သီး ပညာ႐ွင္တစ္ဦး ေပၚ ထြက္ေစႏိုင္မည့္ ျဖစ္ရပ္၏ အစပင္ ျဖစ္သည္။
ထိုထိပ္သီး ပညာ႐ွင္မွာလည္း အျခားမဟုတ္၊ ေဆာင္႐ႊမ္ပင္ ျဖစ္၏။
ေဆာင္႐ႊမ္ မည္သည့္နည္းျဖင့္ ထိပ္သီးပညာ႐ွင္ တစ္ေယာက္ ျဖစ္သြားပါမည္နည္း။
ရဲေ႐ွာင္၏ ထူးျခားအစြမ္းထက္ ေဆးလုံး။
႐ႊမ္ပိုင္၏ က်င့္စဥ္။
ဟန္ပိုင္ယြဲ႕၏ ေလ့က်င့္ေပးမႈမ်ား။
ထိုအရာမ်ားႏွင့္ သူ၏ ပင္ကိုယ္ပါရမီတို႔ ေပါင္းစပ္ ကာ ထိပ္ဆုံးသို႔ တက္လွမ္းသြားႏိုင္မည္ ျဖစ္သည္။
ရဲေ႐ွာင္တို႔ အားလုံး အထက္နယ္ပယ္သို႔ တက္ ခ်ိန္တြင္ ေဆာင္မ်ိဳးႏြယ္စုမွာ ထိုနယ္ေျမတြင္ အင္အား အေကာင္းဆုံး ျဖစ္လာမည္။
ေဆာင္႐ႊမ္မွာလည္း ခ်င္းရန္နယ္ပယ္၌ ႏွစ္ေပါင္း ၁၀၀ ၾကာေအာင္ ၿပိဳင္ဘက္ကင္း အႏိႈင္းမဲ့ ျဖစ္လာ လိမ့္မည္။
အတိက်ဆိုရလွ်င္ နံပါတ္တစ္ ပညာ႐ွင္ျဖစ္သည့္ ဝုဖ၏ ေနရာကို အစားထိုးဝင္ေရာက္သြားမည္ ျဖစ္ သည္။
ဤသည္မွာ အနာဂတ္ အေၾကာင္းအရာမ်ားပင္ ျဖစ္ေတာ့သည္။
. . .
ရဲေ႐ွာင္တို႔မွာ ေဆာင္မ်ိဳးႏြယ္စုတြင္ ခုႏွစ္ရက္ ၾကာေအာင္ ေနခဲ့၏။
ေပ်ာ္ရာမွာ မေနရ၊ ေတာ္ရာမွ ေနရ ဆိုစကား အတိုင္း ရဲေ႐ွာင္လည္း လုပ္စရာကိစၥမ်ား ၿပီးစီး၍ ထြက္ခြာရန္ ျပင္ဆင္ေတာ့သည္။
သို႔ေသာ္ ေဆာင္ဂ်ဴက သူ႕အား မျပန္ေစခ်င္ေသး သည့္ ပုံပင္။
ထို႔ေၾကာင့္ စိတ္မေကာင္းျဖစ္ေနသည့္ အသံျဖင့္ -
"ငါ့အစ္ကိုကို ငါလာေတြ႕ဦးမယ္လို႔ ေျပာလိုက္ပါ"
"ဂ႐ုစိုက္ဖို႔လည္း ေျပာလိုက္ေနာ္ . . ."
"ေ႐ွာင္ေ႐ွာင္ သိုင္းေလာကႀကီးက အႏၲရာယ္ေတြ အျပည့္နဲ႔မလို႔ မင္းလည္း ဂ႐ုစိုက္ပါ . . ."
ထိုသို႔ျဖင့္ ေဆာင္ဂ်ဴမွာ မိန္းမႀကီး တစ္ဦးကဲ့သို႔ပင္ တရစပ္ မွာၾကားေနေတာ့သည္။
"ေ႐ွာင္ေ႐ွာင္ . . ."
"ဒီနယ္ပယ္ကို ေရာက္ၿပီး မင္းဘာေတြ ျဖတ္သန္း ခဲ့ရၿပီလဲ ဆိုတာေတာ့ ငါမသိဘူး ဒါေပမယ့္ မင္း ေသ ေသခ်ာခ်ာ ဂ႐ုစိုက္ပါ . . ."
"မင္းကိုယ္မင္း လုံျခဳံေအာင္ ဂ႐ုစိုက္ပါကြာ . . ."
ေဆာင္ဂ်ဴမွာ ရဲေ႐ွာင္အား စိုးရိမ္ေန၍ ထိုစကား မ်ားကိုသာ ထပ္တလဲလဲ မွာၾကားေနပါေတာ့သည္။
#translator
#ေၾက႐ြက္ဝါ