အခန်း (၉၇၂)(စာစဉ် ၇၀- အပိုင်း၅)
“ကျားရှေ့မှောက်လျက်လဲ”
ရဲရှောင်၏ စကားကြောင့် ရွှမ်ပိုင်မှာ မျက်နှာအား ရေနွေးပူနှင့် ပက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
အံကိုလည်း တင်းတင်းကြိတ်ထားရင်းဖြင့် စိတ် အနှောက်အယှက် အတော်လည်းဖြစ်နေသည့် ပုံပင်။
(အရူးကောင် . . .)
(ဒါကိုပဲ ထပ်ခါတလဲလဲ ဘာလို့ မေးနေတာလဲ)
(အကြောင်းပြချက် ဟုတ်လား . . .)
(အဲဒီတော့ ငါက ဘယ်လို ပြန်ပြောရမှာလဲ ကိုယ် ပိုင် အတွေ့အကြုံက ရတာလို့ ပြောရမှာလား . . .)
(မင်းက ဘာလို့ ဒီလောက်ထိ ခေါင်းမာနေရတာ လဲ နောက်ပြီး ငါ့ကို ထပ်ပြီး ဒေါသထွက်အောင် ဘာ လို့ လုပ်နေရတာလဲ . . .)
(ငါက လုပ်ကြံပြီးလည်း မပြောတတ်ဘူး ငါ့ကိစ္စ က ထုတ်ပြီး ပြောလို့လည်း မရဘူး . . .)
(တခြားဟာတွေ အကုန်လုံး မင်းကို ပြောပြလို့ ရပေမယ့် ဒါကြီးကတော့ မရဘူးလေ ရှက်စရာကြီး)
ရွှမ်ပိုင်အဖို့ သူမက ပိုင်အာဖြစ်ကြောင်း မပြောပြ လို။
လောလောဆယ်တွင် စိတ်ရှုပ်ထွေးနေပြီး အဆင် သင့် မဖြစ်နေသေး၍ ဖြစ်သည်။
သို့သော် ရဲရှောင်မှ ထပ်မေးလာပြီဖြစ်၍ သူမအနေ ဖြင့် ဖြေကိုဖြေရတော့မည်။
အကယ်၍ သူမဘက်မှ အကြောင်းပြချက်မပေးနိုင် ပါကရဲရှောင်ကို ဒေါသထပ်ထွက်စေနိုင်သည်။
“အဟမ်း . . .”
“မင်းလည်း သိပါတယ် . . .”
ရွှမ်ပိုင်မှ ချောင်းတစ်ချက် ဟန့်ရင်း ခဏမျှစဉ်းစား ကာ ပြောလိုက်သည်။
“ငါက စာအုပ်တွေ ဖတ်တယ်လေ . . .”
“ရှေးဟောင်းစာအုပ် တစ်အုပ်ကို ဖတ်မိတော့ အဲဒီ မှာ လျှို့ဝှက်နည်းလမ်း တစ်ခု ပါတယ် . . .”
“ဘယ်လိုနည်းလမ်းလဲဆိုတော့ ငါတို့ရဲ့ ကျင့်စဉ် ကို ဖြေရှင်းနိုင်မယ့် အတူတူနေတဲ့ နည်းလမ်းပေါ့ . . .”
“နောက်ပြီး အဲဒီနည်းလမ်းကပဲ ဖြေရှင်းပေးနိုင် မယ်လို့ ဖော်ပြထားတယ်၊ ငါတို့ကတော့ ဒါမျိုးကြီးကို လက်မခံနိုင်ဘူးလေ . . .”
“အဲဒါကြောင့် ငါမင်းကို အထင်မှားမိတာပါ ငါ့ကို ခွင့်လွှတ်ပါ . . .”
ရွှမ်ပိုင်၏ နှုတ်မှ ‘ငါတို့က ဒါမျိုး လက်မခံနိုင်’ဟု ပြောချိန်၌ အသံမှာ အနည်းငယ် အားပျော့သွားသည်။
ထို့ပြင် ရဲရှောင် ယုံစေရန် တောင်းပန်သည့် အသံ မျိုးဖြင့် ချော့မော့ ပြောဆိုလိုက်ပါသေးသည်။
(ဒါကြီးကတော့ ဘယ်သူမှ လက်မခံနိုင်မယ် မထင် ဘူး၊ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက်နဲ့ ယောက်ျား တစ်ယောက်ဆီမှာ ကိုယ့်အပျိုရည်ကို အပျက်ခံမှာ မဟုတ်ဘူး . . .)
(ဒါပေမယ့် လက်ခံခဲ့တဲ့ သူကတော့ ရှိတယ်၊ အဲဒီ လူက ငါပဲလေ . . .)
ထိုသို့ တွေးမိချိန် ရွှမ်ပိုင်၏ မျက်နှာတစ်ခုလုံး ပူထူ သွားပြီး ဝမ်းလည်း ဝမ်းနည်းသွားမိသည်။
“အင်း ကျုပ်သိပါပြီ . . .”
ရဲရှောင်အဖို့ အပြည့်အဝ မယုံကြည်သည့်တိုင် မိန်း ကလေး တစ်ဦးအဖို့ ကာမစပ်ယှက်သည့် ကိစ္စများနှင့် ပတ်သက်၍ ပြောရန်က ခက်ခဲနေမည်။
ထို့ကြောင့်သာ စကားကို မြန်မြန်အဆုံးသတ်လိုက် ခြင်း ဖြစ်သည်။
အကယ်၍ သူ့ဘက်မှ ထပ်မေးနေပါက ရွှမ်ပိုင်အဖို့ ဒေါသများ ပိုပို၍ ထွက်လာနိုင်သည်။
သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံနေသော ထိပ်သီးပညာရှင်ကြီးအား သူ့ဘက်မှ ပြန်၍ လေးစားရ ဦးမည် မဟုတ်ပါလား။
ထို့ကြောင့် ဆက်၍သာ မေးလိုက်ပါက သူ့အမှားမှ ကိုယ့်အမှားပင် ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဖြင့် လျှောက်လာရင်း နှစ်ဦးသား ဟန်ပိုင်ယွဲ့ ကို မီလာကြသည်။
ထိုအခါ ရွှမ်ပိုင်မှ ဟန်ပိုင်ယွဲ့အား အေးစက်စက် ကြည့်လိုက်ပြီး -
“ဟိုဘက်မှာ မြို့တစ်မြို့ ရှိတယ် မဟုတ်လား”
“ဟုတ်တယ် ရှိတယ် . . .”
ဟန်ပိုင်ယွဲ့မှာ အနည်းငယ် အံ့ဩသွားသည်။
(အဲဒါ ငါအခုနကပဲ ပြောခဲ့တယ် မဟုတ်ဘူးလား၊ ငါပြောတာကို သူတို့ မကြားလိုက်ဘူးလား . . .)
ဟန်ပိုင်ယွဲ့၏ စိတ်ထဲ ထိုသို့ တွေးမိသည့်တိုင် နှုတ်မှမူ ထုတ်ဖော်မပြောဝံ့ချေ။
သူထံတွင် ရဲရှောင်လို ကံကောင်းမှုမျိုး ရှိမနေနိုင် သည်မှာ သေချာလှသည် မဟုတ်ပါလား။
“အင်း မြို့ကြီးတစ်မြို့လား . . .”
စင်စစ် ရွှမ်ပိုင်မှ သူ၏ ရှက်ရွံ့မှုကို ဖြေဖျောက် နိုင်ရန် စကားလမ်းကြောင်း လွှဲနေခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ဟန်ပိုင်ယွဲ့အနေဖြင့် အရေးမပါသည့် မေးခွန်း ဖြစ်နေသည့်တိုင် ဖြေကိုဖြေရတော့ပေမည်။
သူပြန်ဖြေရန် ဟန်ပြင်လိုက်စဉ်မှာပင် -
“ရွှစ် ရွှစ် ရွှစ် . . .”
လူရိပ်များ တစ်ခုပြီးတစ်ခု ၎င်းတို့ထံသို့ ဦးတည်၍ ပျံသန်းလာကြသည်။
ထိုလူများ ရောက်လာသည်နှင့် ကောင်းကင်ထက် ဝယ် မိုးကြိုးပစ်သံများဖြင့် ဆူညံသွားပြီး တိမ်တိုက် များလည်း ဖုံးအုပ်သွားသည်။
“ဝုန်း ဝုန်း ဝုန်း . . .”
ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့တို့ နှစ်ဦးလုံး ထိတ်လန့် သွားကြသည်။
(ဘာပါလိမ့် . . .)
(မူလတာအို အဆင့် ပညာရှင်တွေ အများကြီးပါ လား၊ တစ်ချို့ ပညာရှင်တွေဆိုရင် အဆင့်ကိုးတောင် ပါသေးတယ် . . .)
ဟန်ပိုင်ယွဲ့မှာ သူ၏ အတွေ့အကြုံအရ တစ်ဖက် လူများ၏ အဆင့်ကို ခန့်မှန်းလိုက်မိသည်။
“ဟန်ပိုင်ယွဲ့ . . .”
ထိုသို့ ခေါ်လိုက်သည့် အသံကြီးက ကျယ်လောင် စွာဖြင့် ထွက်ပေါ်လာသည်။
ထို့ပြင် အသံထဲတွင် အထင်သေးသည့် အရိပ်အ ယောင် များလည်း ပါဝင်လျက် ရှိသည်။
ထိုအသံပိုင်ရှင်ဖြစ်သော မုတ်ဆိတ်ဖြူများ ရှိသည့် အဘိုးကြီးမှာ ကောင်းကင်ထက်မှ ဆင်းသက်လာရင်း အော်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဟန်ပိုင်ယွဲ့အား ကြည့်နေသည့် ထိုအဘိုးကြီး၏ မျက်လုံးများထဲတွင်လည်း ရက်စက်ကြမ်းကြုတ်မှုများ အပြည့်ရှိနေသည်။
အဘိုးကြီးနှင့်အတူ လူဆယ်ဦးကျော်ခန့် ပါလာပြီး ရဲရှောင်တို့ရှေ့တွင် ပိတ်ရပ်ထားကြသည်။
ထိုလူများမှာ ကြောင်များမှ ကြွက်ငယ်တစ်ကောင် အား ကြည့်နေသည့်ပမာ ဟန်ပိုင်ယွဲ့အား စူးစိုက်၍ ကြည့်နေကြသည်။
၎င်းတို့၏ ကစားစရာ တစ်ခုပမာ၊ အချိန်မရွေး လုပ်ချင်ရာ လုပ်နိုင်သည့်ပမာ သတ်မှတ်ထားကြသည့် ပုံပင်။
ထိုလူများကို ကြည့်ရင်း ရဲရှောင် အံ့ဩသွားသည်။
(ဟင် ငါရင်းနှီးနေတဲ့ မျက်နှာတွေပါလား . . .)
(ဒီလူ ၁၉ယောက်ထဲက ၁၁ယောက်ကို ငါကောင်း ကောင်း မှတ်မိတယ် . . .)
(သူတို့က အရင်ဘဝမှာ ငါ့ကို လိုက်ဖမ်းခဲ့ကြတဲ့ နေရောင်ဂိုဏ်းက သက်ကြီးပညာရှင် ၁၀ယောက်ပဲ)
(သူတို့ကို ဦးဆောင်လာတဲ့ ကျန်တစ်ယောက်က ဂိုဏ်းရဲ့ ဥသျှောင်ကြီးသုံးပါးထဲက တစ်ယောက်၊ အဲဒီ လူက မူလတာအိုအဆင့်ကိုးရဲ့ ထိပ်ဆုံးကို ရောက်နေ တဲ့ လူပေါ့ . . .)
(ဒီအဘိုးကြီးက မိုးကြိုး၊ တိမ်နဲ့ လေဆိုတဲ့ အဘိုး ကြီး သုံးယောက်နဲ့ အဆင့်တူတူပဲ . . .)
ဟန်ပိုင်ယွဲ့ကို ဖမ်းဆီးရန်အတွက် ထိုလူများအား စေလွှတ်လိုက်ခြင်းသာ ဖြစ်သည်။
ကြက်ပေါက်လေး တစ်ကောင်အား ကျားများ စေ လွှတ်၍ ဖမ်းဆီးခိုင်းသည်နှင့်ပင် တူနေပါသေးသည်။
ထို့ကြောင့် ဟန်ပိုင်ယွဲ့ကို အလွယ်လေး ဖမ်းဆီး နိုင်မည်ဟုလည်း အပြည့်အဝ ယုံကြည်နေကြသည်။
၎င်းတို့၏ မျက်လုံးများထဲ၌ အထင်သေးသည့် အရိပ်အယောင်များ ပေါ်လွင်နေသည် မဟုတ်ပါလား။
အနက်ရောင် ဝတ်စုံ ဝတ်ထားပြီး မြက်ဦးထုပ်ကြီး ဆောင်းထားသော ရွှမ်ပိုင်မှာ ထိုလူများကို မြင်သည် နှင့် ရဲရှောင်နား ပြေးကပ်သွားသည်။
ထိုအရာကြောင့် ရဲရှောင် အံ့ဩသွားသည်။
(သူကြောက်သွားတာများလား . . .)
(နာမည်ကျော် ရွှမ်ပိုင်ကြီးကလေ . . .)
စင်စစ် အမှန်တရားကို ရဲရှောင် မသိချေ။
ရွှမ်ပိုင် ရဲရှောင် အနားတိုးကပ်လာခြင်းမှာ ရဲရှောင် ကို ကာကွယ်ပေးချင်၍ ဖြစ်သည်။
ရဲရှောင် ထိုသို့ ထင်မိခြင်းကလည်း အမှားမဟုတ်။
မကြာသေးခင်ကမှ နှစ်ဦးသား စကားများထား၍ ထိုသို့ ကာကွယ်ပေးမည်ဟု မည်သူက ထင်မိပါမည် နည်း။
သို့သော် အမှန်တရားကို မကြာမီအချိန်အတွင်း ရဲရှောင် မြင်ရတော့မည်။
ရဲရှောင် ထင်ထားသည့်အတိုင်း သူမ ကြောက်ရွံ့ပါ မည်လော။
ချင်းရန်နယ်ပယ်၏ ဒုတိယ စွမ်းအားအကြီးဆုံး ရွှမ်ပိုင်အတွက် နေရောင်ဂိုဏ်းမှ လူ၁၉ယောက်မှာ ဖုန့်မှုန့်အဆင့်သာ ရှိလိမ့်မည်။
ထိုလူများမဆိုနှင့် ဝုဖလို အဆင့်မျိုးရှိသည့် လူ ၁၉ ယောက်ပင် သူမကို တုန်လှုပ်စေလိမ့်မည် မဟုတ်ပါ။
ကြောက်ရွံ့စိတ်ကို ပဓာနမထား အကောင်းဆုံး တိုက်ခိုက်မည်သာ ဖြစ်သည်။
သူမ ရှုံးနိမ့်ကောင်း ရှုံးနိမ့်နိုင်သော်လည်း သူမကို ကြောက်ရွံ့စေရန်ကိုမူ မည်သူကမှ စွမ်းဆောင်နိုင်လိမ့် မည် မဟုတ်ချေ။
နောက်ဆုံးတွင် သူမ၏ ဒေါသများကို ဖွင့်ထုတ်ရန် မြေစာပင်များ ရောက်လာပြီဟု ခံစားမိလိုက်သည်။
နေရောင်ဂိုဏ်းမှ လူများမှာမူ ဒုက္ခလှလှ တွေ့ကြရ တော့မည်။
(ငါ့စိတ်ထဲမှာ တော်တော်ကြီးကို မကျေမချမ်း ဖြစ် ရတယ်၊ ဒီလူတွေကတော့ ကျားရှေ့မှ မှောက်လျက် လာလဲတဲ့ လူတွေပဲ . . .)
ရွှမ်ပိုင်မှ ဒေါသတကြီး တွေးလိုက်ပါတော့သည်။
#translator
#ကြွေရွက်ဝါ
အခန္း (၉၇၂)(စာစဥ္ ၇၀- အပိုင္း၅)
“က်ားေ႐ွ႕ေမွာက္လ်က္လဲ”
ရဲေ႐ွာင္၏ စကားေၾကာင့္ ႐ႊမ္ပိုင္မွာ မ်က္ႏွာအား ေရေႏြးပူႏွင့္ ပက္ခံလိုက္ရသလို ခံစားလိုက္ရသည္။
အံကိုလည္း တင္းတင္းႀကိတ္ထားရင္းျဖင့္ စိတ္ အေႏွာက္အယွက္ အေတာ္လည္းျဖစ္ေနသည့္ ပုံပင္။
(အ႐ူးေကာင္ . . .)
(ဒါကိုပဲ ထပ္ခါတလဲလဲ ဘာလို႔ ေမးေနတာလဲ)
(အေၾကာင္းျပခ်က္ ဟုတ္လား . . .)
(အဲဒီေတာ့ ငါက ဘယ္လို ျပန္ေျပာရမွာလဲ ကိုယ္ ပိုင္ အေတြ႕အၾကဳံက ရတာလို႔ ေျပာရမွာလား . . .)
(မင္းက ဘာလို႔ ဒီေလာက္ထိ ေခါင္းမာေနရတာ လဲ ေနာက္ၿပီး ငါ့ကို ထပ္ၿပီး ေဒါသထြက္ေအာင္ ဘာ လို႔ လုပ္ေနရတာလဲ . . .)
(ငါက လုပ္ၾကံၿပီးလည္း မေျပာတတ္ဘူး ငါ့ကိစၥ က ထုတ္ၿပီး ေျပာလို႔လည္း မရဘူး . . .)
(တျခားဟာေတြ အကုန္လုံး မင္းကို ေျပာျပလို႔ ရေပမယ့္ ဒါႀကီးကေတာ့ မရဘူးေလ ႐ွက္စရာႀကီး)
႐ႊမ္ပိုင္အဖို႔ သူမက ပိုင္အာျဖစ္ေၾကာင္း မေျပာျပ လို။
ေလာေလာဆယ္တြင္ စိတ္႐ႈပ္ေထြးေနၿပီး အဆင္ သင့္ မျဖစ္ေနေသး၍ ျဖစ္သည္။
သို႔ေသာ္ ရဲေ႐ွာင္မွ ထပ္ေမးလာၿပီျဖစ္၍ သူမအေန ျဖင့္ ေျဖကိုေျဖရေတာ့မည္။
အကယ္၍ သူမဘက္မွ အေၾကာင္းျပခ်က္မေပးႏိုင္ ပါကရဲေ႐ွာင္ကို ေဒါသထပ္ထြက္ေစႏိုင္သည္။
“အဟမ္း . . .”
“မင္းလည္း သိပါတယ္ . . .”
႐ႊမ္ပိုင္မွ ေခ်ာင္းတစ္ခ်က္ ဟန္႔ရင္း ခဏမွ်စဥ္းစား ကာ ေျပာလိုက္သည္။
“ငါက စာအုပ္ေတြ ဖတ္တယ္ေလ . . .”
“ေ႐ွးေဟာင္းစာအုပ္ တစ္အုပ္ကို ဖတ္မိေတာ့ အဲဒီ မွာ လွ်ိဳ႕ဝွက္နည္းလမ္း တစ္ခု ပါတယ္ . . .”
“ဘယ္လိုနည္းလမ္းလဲဆိုေတာ့ ငါတို႔ရဲ႕ က်င့္စဥ္ ကို ေျဖ႐ွင္းႏိုင္မယ့္ အတူတူေနတဲ့ နည္းလမ္းေပါ့ . . .”
“ေနာက္ၿပီး အဲဒီနည္းလမ္းကပဲ ေျဖ႐ွင္းေပးႏိုင္ မယ္လို႔ ေဖာ္ျပထားတယ္၊ ငါတို႔ကေတာ့ ဒါမ်ိဳးႀကီးကို လက္မခံႏိုင္ဘူးေလ . . .”
“အဲဒါေၾကာင့္ ငါမင္းကို အထင္မွားမိတာပါ ငါ့ကို ခြင့္လႊတ္ပါ . . .”
႐ႊမ္ပိုင္၏ ႏႈတ္မွ ‘ငါတို႔က ဒါမ်ိဳး လက္မခံႏိုင္’ဟု ေျပာခ်ိန္၌ အသံမွာ အနည္းငယ္ အားေပ်ာ့သြားသည္။
ထို႔ျပင္ ရဲေ႐ွာင္ ယုံေစရန္ ေတာင္းပန္သည့္ အသံ မ်ိဳးျဖင့္ ေခ်ာ့ေမာ့ ေျပာဆိုလိုက္ပါေသးသည္။
(ဒါႀကီးကေတာ့ ဘယ္သူမွ လက္မခံႏိုင္မယ္ မထင္ ဘူး၊ ျပႆနာကို ေျဖ႐ွင္းႏိုင္ဖို႔ အတြက္နဲ႔ ေယာက်္ား တစ္ေယာက္ဆီမွာ ကိုယ့္အပ်ိဳရည္ကို အပ်က္ခံမွာ မဟုတ္ဘူး . . .)
(ဒါေပမယ့္ လက္ခံခဲ့တဲ့ သူကေတာ့ ႐ွိတယ္၊ အဲဒီ လူက ငါပဲေလ . . .)
ထိုသို႔ ေတြးမိခ်ိန္ ႐ႊမ္ပိုင္၏ မ်က္ႏွာတစ္ခုလုံး ပူထူ သြားၿပီး ဝမ္းလည္း ဝမ္းနည္းသြားမိသည္။
“အင္း က်ဳပ္သိပါၿပီ . . .”
ရဲေ႐ွာင္အဖို႔ အျပည့္အဝ မယုံၾကည္သည့္တိုင္ မိန္း ကေလး တစ္ဦးအဖို႔ ကာမစပ္ယွက္သည့္ ကိစၥမ်ားႏွင့္ ပတ္သက္၍ ေျပာရန္က ခက္ခဲေနမည္။
ထို႔ေၾကာင့္သာ စကားကို ျမန္ျမန္အဆုံးသတ္လိုက္ ျခင္း ျဖစ္သည္။
အကယ္၍ သူ႕ဘက္မွ ထပ္ေမးေနပါက ႐ႊမ္ပိုင္အဖို႔ ေဒါသမ်ား ပိုပို၍ ထြက္လာႏိုင္သည္။
သူ႕အား ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေနေသာ ထိပ္သီးပညာ႐ွင္ႀကီးအား သူ႕ဘက္မွ ျပန္၍ ေလးစားရ ဦးမည္ မဟုတ္ပါလား။
ထို႔ေၾကာင့္ ဆက္၍သာ ေမးလိုက္ပါက သူ႕အမွားမွ ကိုယ့္အမွားပင္ ျဖစ္သြားေပလိမ့္မည္။
ထိုသို႔ျဖင့္ ေလွ်ာက္လာရင္း ႏွစ္ဦးသား ဟန္ပိုင္ယြဲ႕ ကို မီလာၾကသည္။
ထိုအခါ ႐ႊမ္ပိုင္မွ ဟန္ပိုင္ယြဲ႕အား ေအးစက္စက္ ၾကည့္လိုက္ၿပီး -
“ဟိုဘက္မွာ ၿမိဳ႕တစ္ၿမိဳ႕ ႐ွိတယ္ မဟုတ္လား”
“ဟုတ္တယ္ ႐ွိတယ္ . . .”
ဟန္ပိုင္ယြဲ႕မွာ အနည္းငယ္ အံ့ဩသြားသည္။
(အဲဒါ ငါအခုနကပဲ ေျပာခဲ့တယ္ မဟုတ္ဘူးလား၊ ငါေျပာတာကို သူတို႔ မၾကားလိုက္ဘူးလား . . .)
ဟန္ပိုင္ယြဲ႕၏ စိတ္ထဲ ထိုသို႔ ေတြးမိသည့္တိုင္ ႏႈတ္မွမူ ထုတ္ေဖာ္မေျပာဝံ့ေခ်။
သူထံတြင္ ရဲေ႐ွာင္လို ကံေကာင္းမႈမ်ိဳး ႐ွိမေနႏိုင္ သည္မွာ ေသခ်ာလွသည္ မဟုတ္ပါလား။
“အင္း ၿမိဳ႕ႀကီးတစ္ၿမိဳ႕လား . . .”
စင္စစ္ ႐ႊမ္ပိုင္မွ သူ၏ ႐ွက္႐ြံ႕မႈကို ေျဖေဖ်ာက္ ႏိုင္ရန္ စကားလမ္းေၾကာင္း လႊဲေနျခင္းသာ ျဖစ္သည္။
ထို႔ေၾကာင့္ ဟန္ပိုင္ယြဲ႕အေနျဖင့္ အေရးမပါသည့္ ေမးခြန္း ျဖစ္ေနသည့္တိုင္ ေျဖကိုေျဖရေတာ့ေပမည္။
သူျပန္ေျဖရန္ ဟန္ျပင္လိုက္စဥ္မွာပင္ -
“႐ႊစ္ ႐ႊစ္ ႐ႊစ္ . . .”
လူရိပ္မ်ား တစ္ခုၿပီးတစ္ခု ၎တို႔ထံသို႔ ဦးတည္၍ ပ်ံသန္းလာၾကသည္။
ထိုလူမ်ား ေရာက္လာသည္ႏွင့္ ေကာင္းကင္ထက္ ဝယ္ မိုးႀကိဳးပစ္သံမ်ားျဖင့္ ဆူညံသြားၿပီး တိမ္တိုက္ မ်ားလည္း ဖုံးအုပ္သြားသည္။
“ဝုန္း ဝုန္း ဝုန္း . . .”
ရဲေ႐ွာင္ႏွင့္ ဟန္ပိုင္ယြဲ႕တို႔ ႏွစ္ဦးလုံး ထိတ္လန္႔ သြားၾကသည္။
(ဘာပါလိမ့္ . . .)
(မူလတာအို အဆင့္ ပညာ႐ွင္ေတြ အမ်ားႀကီးပါ လား၊ တစ္ခ်ိဳ႕ ပညာ႐ွင္ေတြဆိုရင္ အဆင့္ကိုးေတာင္ ပါေသးတယ္ . . .)
ဟန္ပိုင္ယြဲ႕မွာ သူ၏ အေတြ႕အၾကဳံအရ တစ္ဖက္ လူမ်ား၏ အဆင့္ကို ခန္႔မွန္းလိုက္မိသည္။
“ဟန္ပိုင္ယြဲ႕ . . .”
ထိုသို႔ ေခၚလိုက္သည့္ အသံႀကီးက က်ယ္ေလာင္ စြာျဖင့္ ထြက္ေပၚလာသည္။
ထို႔ျပင္ အသံထဲတြင္ အထင္ေသးသည့္ အရိပ္အ ေယာင္ မ်ားလည္း ပါဝင္လ်က္ ႐ွိသည္။
ထိုအသံပိုင္႐ွင္ျဖစ္ေသာ မုတ္ဆိတ္ျဖဴမ်ား ႐ွိသည့္ အဘိုးႀကီးမွာ ေကာင္းကင္ထက္မွ ဆင္းသက္လာရင္း ေအာ္ေခၚလိုက္ျခင္း ျဖစ္သည္။
ဟန္ပိုင္ယြဲ႕အား ၾကည့္ေနသည့္ ထိုအဘိုးႀကီး၏ မ်က္လုံးမ်ားထဲတြင္လည္း ရက္စက္ၾကမ္းၾကဳတ္မႈမ်ား အျပည့္႐ွိေနသည္။
အဘိုးႀကီးႏွင့္အတူ လူဆယ္ဦးေက်ာ္ခန္႔ ပါလာၿပီး ရဲေ႐ွာင္တို႔ေ႐ွ႕တြင္ ပိတ္ရပ္ထားၾကသည္။
ထိုလူမ်ားမွာ ေၾကာင္မ်ားမွ ႂကြက္ငယ္တစ္ေကာင္ အား ၾကည့္ေနသည့္ပမာ ဟန္ပိုင္ယြဲ႕အား စူးစိုက္၍ ၾကည့္ေနၾကသည္။
၎တို႔၏ ကစားစရာ တစ္ခုပမာ၊ အခ်ိန္မေ႐ြး လုပ္ခ်င္ရာ လုပ္ႏိုင္သည့္ပမာ သတ္မွတ္ထားၾကသည့္ ပုံပင္။
ထိုလူမ်ားကို ၾကည့္ရင္း ရဲေ႐ွာင္ အံ့ဩသြားသည္။
(ဟင္ ငါရင္းႏွီးေနတဲ့ မ်က္ႏွာေတြပါလား . . .)
(ဒီလူ ၁၉ေယာက္ထဲက ၁၁ေယာက္ကို ငါေကာင္း ေကာင္း မွတ္မိတယ္ . . .)
(သူတို႔က အရင္ဘဝမွာ ငါ့ကို လိုက္ဖမ္းခဲ့ၾကတဲ့ ေနေရာင္ဂိုဏ္းက သက္ႀကီးပညာ႐ွင္ ၁၀ေယာက္ပဲ)
(သူတို႔ကို ဦးေဆာင္လာတဲ့ က်န္တစ္ေယာက္က ဂိုဏ္းရဲ႕ ဥေသွ်ာင္ႀကီးသုံးပါးထဲက တစ္ေယာက္၊ အဲဒီ လူက မူလတာအိုအဆင့္ကိုးရဲ႕ ထိပ္ဆုံးကို ေရာက္ေန တဲ့ လူေပါ့ . . .)
(ဒီအဘိုးႀကီးက မိုးႀကိဳး၊ တိမ္နဲ႔ ေလဆိုတဲ့ အဘိုး ႀကီး သုံးေယာက္နဲ႔ အဆင့္တူတူပဲ . . .)
ဟန္ပိုင္ယြဲ႕ကို ဖမ္းဆီးရန္အတြက္ ထိုလူမ်ားအား ေစလႊတ္လိုက္ျခင္းသာ ျဖစ္သည္။
ၾကက္ေပါက္ေလး တစ္ေကာင္အား က်ားမ်ား ေစ လႊတ္၍ ဖမ္းဆီးခိုင္းသည္ႏွင့္ပင္ တူေနပါေသးသည္။
ထို႔ေၾကာင့္ ဟန္ပိုင္ယြဲ႕ကို အလြယ္ေလး ဖမ္းဆီး ႏိုင္မည္ဟုလည္း အျပည့္အဝ ယုံၾကည္ေနၾကသည္။
၎တို႔၏ မ်က္လုံးမ်ားထဲ၌ အထင္ေသးသည့္ အရိပ္အေယာင္မ်ား ေပၚလြင္ေနသည္ မဟုတ္ပါလား။
အနက္ေရာင္ ဝတ္စုံ ဝတ္ထားၿပီး ျမက္ဦးထုပ္ႀကီး ေဆာင္းထားေသာ ႐ႊမ္ပိုင္မွာ ထိုလူမ်ားကို ျမင္သည္ ႏွင့္ ရဲေ႐ွာင္နား ေျပးကပ္သြားသည္။
ထိုအရာေၾကာင့္ ရဲေ႐ွာင္ အံ့ဩသြားသည္။
(သူေၾကာက္သြားတာမ်ားလား . . .)
(နာမည္ေက်ာ္ ႐ႊမ္ပိုင္ႀကီးကေလ . . .)
စင္စစ္ အမွန္တရားကို ရဲေ႐ွာင္ မသိေခ်။
႐ႊမ္ပိုင္ ရဲေ႐ွာင္ အနားတိုးကပ္လာျခင္းမွာ ရဲေ႐ွာင္ ကို ကာကြယ္ေပးခ်င္၍ ျဖစ္သည္။
ရဲေ႐ွာင္ ထိုသို႔ ထင္မိျခင္းကလည္း အမွားမဟုတ္။
မၾကာေသးခင္ကမွ ႏွစ္ဦးသား စကားမ်ားထား၍ ထိုသို႔ ကာကြယ္ေပးမည္ဟု မည္သူက ထင္မိပါမည္ နည္း။
သို႔ေသာ္ အမွန္တရားကို မၾကာမီအခ်ိန္အတြင္း ရဲေ႐ွာင္ ျမင္ရေတာ့မည္။
ရဲေ႐ွာင္ ထင္ထားသည့္အတိုင္း သူမ ေၾကာက္႐ြံ႕ပါ မည္ေလာ။
ခ်င္းရန္နယ္ပယ္၏ ဒုတိယ စြမ္းအားအႀကီးဆုံး ႐ႊမ္ပိုင္အတြက္ ေနေရာင္ဂိုဏ္းမွ လူ၁၉ေယာက္မွာ ဖုန္႔မႈန္႔အဆင့္သာ ႐ွိလိမ့္မည္။
ထိုလူမ်ားမဆိုႏွင့္ ဝုဖလို အဆင့္မ်ိဳး႐ွိသည့္ လူ ၁၉ ေယာက္ပင္ သူမကို တုန္လႈပ္ေစလိမ့္မည္ မဟုတ္ပါ။
ေၾကာက္႐ြံ႕စိတ္ကို ပဓာနမထား အေကာင္းဆုံး တိုက္ခိုက္မည္သာ ျဖစ္သည္။
သူမ ႐ႈံးနိမ့္ေကာင္း ႐ႈံးနိမ့္ႏိုင္ေသာ္လည္း သူမကို ေၾကာက္႐ြံ႕ေစရန္ကိုမူ မည္သူကမွ စြမ္းေဆာင္ႏိုင္လိမ့္ မည္ မဟုတ္ေခ်။
ေနာက္ဆုံးတြင္ သူမ၏ ေဒါသမ်ားကို ဖြင့္ထုတ္ရန္ ေျမစာပင္မ်ား ေရာက္လာၿပီဟု ခံစားမိလိုက္သည္။
ေနေရာင္ဂိုဏ္းမွ လူမ်ားမွာမူ ဒုကၡလွလွ ေတြ႕ၾကရ ေတာ့မည္။
(ငါ့စိတ္ထဲမွာ ေတာ္ေတာ္ႀကီးကို မေက်မခ်မ္း ျဖစ္ ရတယ္၊ ဒီလူေတြကေတာ့ က်ားေ႐ွ႕မွ ေမွာက္လ်က္ လာလဲတဲ့ လူေတြပဲ . . .)
႐ႊမ္ပိုင္မွ ေဒါသတႀကီး ေတြးလိုက္ပါေတာ့သည္။
#translator
#ေႂကြ႐ြက္ဝါ