မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မ...

By Ssinlet_aeri

600K 105K 11.1K

Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3... More

Description
အပိုင်း(၁)နိဒါန်း
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)Ouroboros
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)ပြောင်းရွှေ့စခန်း
အပိုင်း(၂၇)ပရမ်းပတာ
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉) ငါဘယ်သူလဲ
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)ပြောင်းရွှေ့စခန်း
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)ရောင်စုံကုဗတုံး
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း
အပိုင်း(၉၄)
အပိုင်း(၉၅)အလျှံအပယ်
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)လင်းလက်တောက်ပသော အချိန်များ
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)

အပိုင်း(၁၀၄) အချပ်ပို

5.4K 756 53
By Ssinlet_aeri

『Unicode』

Extra(၁)
《ကျစ်ယွီရှီရဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ Voice-con》

ထျန်းချုံ ကျန်းမြို့ဌာနခွဲ၏ အပြင်ဘက်တွင် ။

လမ်းမ၏ တစ်ဘက်တစ်ချက်စီ၌ ထူထဲသော နှင်းများက စုပုံနေပြီး လမ်းမ မျက်နှာပြင်ထက်တွင် ရေခဲအလွှာပါးတစ်ထပ်က ဖုံးလွှမ်းထားလေ၏ ။ လမ်းတစ်လျှောက် ကြီးမားသော အနီရောင် အလိုအလျောက် နှင်းဖယ်ရှားသည့်စက်က ဖြည်းညှင်းစွာ မောင်းနှင်နေလျက် ။

ညနေစောင်းဖြစ်သော်လည်း အနားတစ်ဝိုက်တွင် လူ သိပ်မရှိပေ ။

စုန့်ချင်းလန် ထွက်လာသည်နှင့် လမ်းဘေးတွင် ရပ်ထားသော ခေတ်နောက်ကျနေသည့်ကားကို မြင်လိုက်ရသည် ။ ကားကိုယ်ထည်မှာ အလွန်သန့်ရှင်းနေပြီး ဆေးရောင်များက တောက်ပနေသော်လည်း ‌ကားအောက်ပိုင်း၌ ရွှံ့များဖြင့် ပေကျံနေသည်--ကျန်းမြို့၌ ပထမဆုံးဆောင်းရာသီကို ကုန်ဆုံးခဲ့ရပြီးနောက် ကားပိုင်ရှင်မှာ နှင်းထူသော နေ့များတွင် အပြင်ထွက်ရသည့် နောက်ဆက်တွဲ အကျိုးဆက်များကို အသားကျနေပြီဖြစ်သည် ။

စုန့်ချင်းလန် ကားထဲသို့ ဝင်လိုက်လေ၏ ။ ကားရှေ့ဘေးခုံတံခါးကို ဖွင့်လိုက်သည်နှင့် ကားအထဲရှိ လေနွေးများက သူ့ခန္ဓာကိုယ်ထက်ရှိ ချမ်းစိမ့်မှုများကို ဖယ်ရှားပေးလိုက်သည် ။

ရေဒီယိုမှ မှတ်တမ်းအစီအစဉ်လာနေ၏ ။ လူသားမျိုးနွယ်က အလိုအလျောက် မောင်းနှင်သည့် လုပ်‌ဆောင်ချက်နှင့် ကားများကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ခဲ့သော ဤခေတ်ကာလတွင် လူများက ‌ကားမောင်းရင်း ဟိုလိုဂရပ်ဖစ်မျက်နှာပြင်အား တိုက်ရိုက်ကြည့်ရှုနိုင်သည်ဖြစ်ရာ ရေဒီယို နားထောင်သည့်သူ သိပ်မရှိတော့ချေ ။ ကျစ်ယွီရှီ၏ကားသည်သာ ဤလုပ်‌ဆောင်ချက်ရှိခြင်းဖြစ်လိမ့်မည် ။

"ဒရယ်ချိုပြားမျိုးက သမင်မျိုးနွယ်ဝင်ထဲက အကြီးဆုံးအမျိုးအစား ဖြစ်ပါတယ် ။ အမြင့်ပေ သုံးမီတာအထိ ကြီးမားနိုင်ပြီး ကီလိုဂရမ် ၁၀၀၀အထိ အလေးချိန်ရှိပါတယ် ။ သူက........"

စုန့်ချင်းလန် : "..........."

သူသည် ကိုယ်ကို ညွှတ်ကိုင်းကာ ကျစ်ယွီရှီမျက်နှာကို နမ်းရှုံ့လိုက်လေ၏ ။ "မင်းက သမင်တွေအကြောင်း မှတ်တမ်းကိုတောင် နားထောင်နေတာလား ? "

ကျစ်ယွီရှီသည် အနက်ရောင် ပျော့အိအိဂျက်ကတ်ကို ဝတ်ဆင်ထားသည် ။ သူ၏ဖြူဖျော့ဖျော့မျက်နှာမှာ အပြင်ဘက်ရှိ လမ်းမီးတိုင်များကြောင့် လိမ္မော်ရောင်ဖျော့ဖျော့သန်းနေ၏ ။ သူသည် အိမ်မှ ခုနကလေးတင် ထွက်လာခြင်းဖြစ်ပြီး မျက်နှာထက်တွင် အိမ်မှာနေနေကျ ပျင်းရိပျင်းတွဲအမူအရာ ရှိနေဆဲ ။ သူသည်လည်း ကိုယ်ကိုရို့ကာ စုန့်ချင်းလန်နှုတ်ခမ်းကို နမ်းလိုက်သည် ။ "အင်း "

ကားက ကျန်းမြို့ဌာနခွဲ အပြင်ဘက်၌ ရပ်ထားခြင်းပင် ။ ‌ဤသည်က ကောင်းမွန်သောလွှမ်းမိုးမှု ဖြစ်စေလိမ့်မည်မဟုတ် ။

ဌာနမှူးဝမ်က ဌာနရှိ ဆင်ဂယ်ခွေးများ၏ စိတ်အခြေအနေအား သက်ရောက်မည်စိုးသဖြင့် နှစ်ယောက်သားကို ဌာနတွင်း၌ လူကြားထဲချစ်ကြည်နူးပြမနေရန် အကြိမ်ပေါင်းများစွာ သတိပေးပြီးဖြစ်သည် ။ ဤနေရာရှိ စောင့်ရှောက်သူအများစုက တစ်ကိုယ်တည်းသမားတွေ ဖြစ်နေသည်ကိုး ။ သူတို့က ဂေးစုံတွဲဖြစ်နေလျှင်တောင် သူတို့နှစ်ယောက်ကို အားကျစွာ ကြည့်နေကြမြဲပင် ။

တပ်ဖွဲ့၇၏ ဂေးမုန်းတီးလှပါချည်ရဲ့ဆိုသော အဖြောင့်ခေါင်းဆောင် ၊ စုန့်ချင်းလန်နှင့် နျဉ်းမြို့မှ ရွှေ့ပြောင်းလာသော အထူးအကြံပေး ၊ ကျစ်ယွီရှီတို့ တွဲခုတ်နေကြသည့်သတင်း ပျံ့နှံသွားသောအခါ ထျန်းချုံကွန်ရက်တစ်ခုလုံး ရုတ်ချည်းပင် အုံးအုံးကြွကြွဖြစ်သွားခဲ့သည် ။

မယုံကြည်နိုင်ဖြစ်ရုံမှတစ်ပါး သူတို့မှာ ပို၍ မယုံမကြည်သာ ဖြစ်နိုင်တော့၏ ။ ထိုအဖြစ်များမတိုင်ခင်က စုန့်ချင်းလန်၏ စကားများမှာ အလွန် အညှာအတာမဲ့ခဲ့ခြင်းကြောင့် လက်ရှိအခြေအနေက ပို၍ပင် ထိတ်လန့်အံ့အားသင့်ဖွယ် ကောင်းနေတော့သည် ။

တတိယကြီးကြပ်စင်တာရှိ ရွှေ့ပြောင်းပလတ်ဖောင်းထက် သူတို့၏ ချစ်မြတ်နိုးမှုအပြည့်နှင့်အနမ်းကို မျက်မြင်ကြုံတွေ့ခဲ့ရသော ကြီးကြပ်ခေါင်းဆောင်က အရင်ဆုံး အထိတ်တလန့် ဖြစ်ခဲ့ရသူ ဖြစ်သော်ငြား တည်ငြိမ်စွာ လက်သင့်ခံလိုက်နိုင်သည် ။ ထိုဖြစ်ရပ်က မည်မျှအံ့ဩဖွယ်ကောင်းကြောင်း တစ်စုံတစ်ယောက်ကပြောလာသည့်အချိန်တိုင်း သူသည် "အံ့ဩရတာကိုပဲ အာရုံစိုက်မနေနဲ့ ၊ မင်းမှာ လက်တွဲဖော်ရှိလို့လား ? "ဟု တည်တည်ငြိမ်ငြိမ်ပြန်မေးကာ ထိုသူတို့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာ လုပ်ပစ်လိုက်သည် ။

အပြောင်းအရွှေ့ လုပ်ငန်းစဉ်များကို ကိုင်တွယ်ရန် ကျစ်ယွီရှီ နျဉ်းမြို့သို့ သွားခဲ့သည့်နေ့က ဌာနမှူးလင်း၏ လက်များမှာ အနည်းငယ် တုန်ယင်နေလျက် "မ--မင်း တကယ်ကြီး သူ့ကို အပိုင်ဖမ်းလိုက်တာလား ?"

ကျစ်ယွီရှီ : "ဖမ်းလိုက်ပြီ "

အစက ဌာနမှူးလင်း၏ ရွှေ့ပြောင်းရန် တောင်းဆိုချက်ကို ငြင်းဆိုရန်အလို့ငှာ သူတစ်ခါက ပြောခဲ့ဖူးသည်က "တကယ်လို့ ကျွန်တော့်ကိုယောက်ျားတွေ အများကြီးရှိတဲ့ နေရာကို ရုတ်တရက်ပို့လိုက်ရင် ကျွန်တော့်ရဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ မလိုလားအပ်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာပြီး ကျန်းမြို့ဌာနခွဲရဲ့ တည်ငြိမ်နေတဲ့အခြေအနေကို နှောင့်ယှက်မိမှာ စိုးရိမ်တယ် " ဟူ၍ ။

ဌာနမှူးလင်းခမျာ သူ့နဖူးသူသာ ပြန်ရိုက်လိုက်တော့သည် ။ "ငါအဲ့တုန်းက မင်းရဲ့စကားတွေကို အတည်မယူခဲ့မိဘူး ။ လူငယ်တွေရဲ့ ခံစားချက်အလိုဆန္ဒတွေကို ထည့်မတွေးမိတဲ့ ငါ့အမှားပဲ ။ တွေးကြည့်လိုက်ရင် ငါငယ်ငယ်တုန်းက ဆန့်ကျင်ဘက်လိင်တွေနဲ့ အဖွဲ့ထဲကို ပို့ခံရရင်လဲ ငါထိန်းနိုင်လောက်မှာ မဟုတ်ဘူး.........ဒါပေမဲ့ ရပါတယ်ကွာ ။ ဒါကလဲ ချစ်သူရည်းစားဆက်ဆံရေးတစ်ခုပဲကို ။ ရှောင်စုန့်က မင်းကိုရတာ တကယ်ကံကောင်းသွားတာပဲ ......"

မူလက နေရာလွတ်တစ်ခုကို ယာယီဖြည့်ဆည်းပေးရန် တစ်ကြိမ်တစ်ခါတည်းသာဖြစ်ခဲ့သည့် ရွှေ့ပြောင်းမှုက သူ၏အရည်အချင်းရှိသော လက်အောက်ငယ်သားကို ကျန်းမြို့ဌာနခွဲထံ တရားဝင် ရွှေ့ပြောင်းသွားခဲ့ရသည့်အဖြစ်သို့ ရောက်သွားခဲ့သည်ပေ ။

ဌာနမှူးလင်း အနည်းငယ် နောင်တရမိလေ၏ ။

ထျန်းချုံရှိ လူများထဲတွင်တော့ လင်ရှင်းလန်က ခါးခါးသီးသီးအဖြစ်ဆုံးသူပင် ။

တပ်ဖွဲ့၉၏ လေ့ကျင့်ရေးကွင်းမှာ ဒေါသတိမ်မည်းများဖြင့် အမြဲတစေ ပြည့်နှက်နေတော့သည် ။ သူတို့အတွက် ပြင်ဆင်ပေးထားသည့် ဘာသာစကားအညွှန်းကို ကျစ်ယွီရှီ သွားပေးခဲ့ချိန်တွင် တပ်ဖွဲ့၇ရှိလူများမှာ သူအသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဟုပင် တွေးမိခဲ့၏ ။

သို့သော် ကျစ်ယွီရှီက သူ့ခန္ဓာကိုယ်ရှိ အမွေးတစ်မွေးပင် မကျွတ်ဘဲ ပြန်ထွက်လာနိုင်ခဲ့သည် ။

ရှန့်ယွင်၏ကိစ္စရပ်ကြောင့် ကျစ်ယွီရှီ မှားယွင်းအသတ်ခံလိုက်ရသော ဖုံးကွယ်ထားသည့်အမှုလည်း ပြန်ဖော်ထုတ်ခံလိုက်ရသည် ။ အတိတ်နှင့်ပစ္စုပ္ပန်တို့ ပါဝင်နေပြီး အတည်မပြုနိုင်သေးသော ပြဿနာများစွာ ရှိနေသေးသဖြင့် လတ်တလော၌ ကျစ်ယွီရှီကို မည်သည့်မစ်ရှင်မျှ ပေးအပ်မလာခဲ့ချေ ။ အချိန်အတော်ကြာမည်ဖြစ်ကြောင်း သူတို့အကုန် သိနေ၏ ။

ကျစ်ယွီရှီမှလွဲလျှင် တပ်ဖွဲ့၇ရှိ အဖွဲ့ဝင်များအားလုံး ပြန်သွားရပြီး Aအဆင့်မစ်ရှင်များစွာကိုပင် လုပ်ဆောင်ပြီးဖြစ်သည် ။ 'ခေတ်တိုင်း၏ထျန်းချုံ'ဟူသည်က မိခင်စနစ်အဖြစ် လွှဲပြောင်းယူလိုက်ပြီးချိန်၌ ကျစ်ယွီရှီ တပ်ဖွဲ့သို့ ပြန်ရောက်ချိန် သူလုပ်ဆောင်ရန် စောင့်ဆိုင်းနေသည့် မစ်ရှင်အသစ်များ ရှိနေဆဲပင် ။

စုန့်ချင်းလန်က နှစ်ရက်တာ အဝေးရောက်နေခဲ့၏ ။ ကျစ်ယွီရှီ သူ့ကို လာကြိုမည်မှန်း သူခန့်မှန်းမိပြီးသားဖြစ်သည် ။

သို့သော် ကျစ်ယွီရှီ ဤအစီအစဉ်ကို နားထောင်နေဆဲဖြစ်လိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ ။

တိရစ္ဆာန်များအကြောင်း မှတ်တမ်းက ဘာတွေဒီလောက်ထိ စိတ်ဝင်စားစရာကောင်းနေမှန်း စုန့်ချင်းလန် နားမလည်ချေ ။ ကျစ်ယွီရှီ ငယ်စဉ်က ဤမှတ်တမ်းအစအဆုံးကို နားထောင်ဖူးပြီး တစ်လုံးချင်းစီအကုန် ပြန်ချရေးနိုင်ကာ စိတ်ပါပါက နောက်ပြန်ပင် ရေးနိုင်ကြောင်းကို စုန့်ချင်းလန် သိနေသော်လည်း နားထောင်သည့်ချိန်တိုင်း ကျစ်ယွီရှီက အစီအစဉ်ထဲ အလွန်နစ်မြောနေပုံပင် ။

ကံကောင်းစွာဖြင့် သူကားထဲသို့ ဝင်လိုက်သည်နှင့် ကျစ်ယွီရှီက ရေဒီယိုအား အလျင်အမြန်ပိတ်လိုက်လေ၏ ။

စုန့်ချင်းလန်က အခြေအနေကို ပြောင်းလဲလိုက်ကာ ကျစ်ယွီရှီ၏ နူးညံ့သော နှုတ်ခမ်းများထက် သူ့နှုတ်ခမ်းများကို ပွတ်သပ်လိုက်ပြီး ပါးစပ်ထဲသို့ သူ့လျှာဖျားဖြင့် စီးနင်းဝင်ရောက်လိုက်သည် ။ သူတို့သည် ကားထဲ၌ ရှည်ကြာသော 'ပြန်လည်ဆုံဆည်းခြင်း'အနမ်းကို ဖလှယ်ခဲ့ကြသည် ။ သူတို့သည် အချင်းချင်း၏ နှလုံးသားများ ပရမ်းပတာခုန်ပေါက်နေသည်ကို ကြားနေရ၏ ။

အကြင်နာအနမ်းက အဆုံးသတ်သွားသည် ။ စုန့်ချင်းလန်က ခပ်တိုးတိုး ကျိန်ဆဲကာ ရယ်လိုက်တော့သည် ။

တစ်စုံတစ်ယောက်က လေချွန်လာ၏ ။ ကျစ်ယွီရှီသည် အခုမှသာ လမ်းတစ်ဖက်ခြမ်းတွင် ရပ်နေသော လူတစ်အုပ်ကို သတိထားမိသွားသည် ။

သူတို့၏ အဖွဲ့သား၅ယောက်က ထိုနေရာတွင် ပြီတီတီအပြုံးများဖြင့် ရပ်နေရင်း တစ်လျှောက်လုံး ရွှင်မြူးစွာ ကြည့်နေကြသည် ။ ကျစ်ယွီရှီ လှမ်းကြည့်လာသည်ကို မြင်သော် ၅ယောက်သားက တစ်ယောက်ပခုံးပင် တစ်ယောက်ဖက်ကာ "နောက်တစ်ခေါက်! " ဟု လှမ်းအော်လာပြီး ပို၍ ကျယ်လောင်စွာ လေချွန်နေတော့သည် ။

တော်သေးပြီ ။

တပ်ဖွဲ့ထဲရှိ အခြားအဖြောင့်ကောင် ၅ယောက်က အထူးအဆန်းအဖွဲ့ဖြစ်လာ၏ ။ သူတို့၏မူလ ဂေးမုန်းတီးရေး‌နောက်ခံကို ပြောင်းလဲလိုက်ရုံသာမက သူတို့တပ်ဖွဲ့ထဲရှိ စုံတွဲကိုပင် ပြောင်ပြောင်တင်းတင်း စတင်shipနေတော့သည် ။ ကျစ်ယွီရှီ ပြောင်းလာချိန်က စုန့်ချင်းလန်သည် အိမ်၌ သူတို့ကို ညစာစားဖို့ ဖိတ်ခဲ့သည် ။ ၅ယောက်လုံး သူတို့နှစ်‌ယောက်ကို တစ်နေကုန် စိုက်ကြည့်နေသဖြင့် သူ ကျစ်ယွီရှီအား လုံးဝမထိတွေ့နိုင်ခဲ့ပေ ။

ကျစ်ယွီရှီ သူ့ခေါင်းကို ပြန်လှည့်လိုက်သည် ။ စကားတစ်ခွန်းပင် မဆိုဘဲ သူကားကို မောင်းထွက်လာခဲ့လိုက်သည် ။

ခေတ်နောက်ကျနေသောကားက လှလှပပကွေ့ဝိုက်ကာ သူတို့ကို အိတ်ဇောငွေ့များကြား ချန်ထားရစ်ခဲ့လေသည် ။

ဤမစ်ရှင်‌အောင်မြင်ပြီးနောက် စုန့်ချင်းလန် နှစ်ရက် အနားရခဲ့သည် ။

ညနေခင်း၌ နှစ်ယောက်သားမှာ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခဲ့ကြပြီး ဆူညံသံများက ကြောင်သုံးကောင်ကို တစ်လှည့်စီ တံခါးအား လာရောက်ကုတ်ခြစ်စေတော့သည် ။

စုန့်ချင်းလန်က လူရမ်းကားအလား ။ သူသည် တစ်ဖက်လူ အသံပြုမိအောင် မကြာခဏ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလာပြီး အိပ်ရာထဲ၌ အလွန်အရှက်မရှိသော အရာများကိုလည်း ပြောတတ်သေး၏ ။ ကျစ်ယွီရှီသည် အံကိုကြိတ်ကာ အသံပြုရန် ငြင်းဆန်ခဲ့သော်ငြား စုန့်ချင်းလန်က တမင်တကာ ဒီနေရာလား ဒါမှမဟုတ် အဲ့နေရာက ခံစားလို့ကောင်းတာလား ဟု အမြဲလိုလိုမေးတတ်သည် ။ နောက်ဆုံးတွင် ကျစ်ယွီရှီတစ်ယောက် မတတ်သာဘဲ အသံအချို့ပြုမိသွားပါက စုန့်ချင်းလန်က ပို၍ပင် စွဲလမ်းသွားကာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ ။ နှစ်ယောက်သားက ရန်ဖြစ်တိုက်ခိုက်နေသည့်အလား လုပ်ကြသည်ပေ ။ တိုက်ပွဲပြီးနောက် ကျစ်ယွီရှီသည် နေရာတွင် အချိန်အတော်ကြာ မလှုပ်မယှက် လှဲနေပြီး လက်တစ်ချောင်းပင် မလှုပ်နိုင်ခဲ့ ။ သို့သော် နောက်တစ်ကြိမ်အတွက် သူက အလွန်အင်မတန် ပူးပေါင်းပါဝင်ပေးမြဲ ။

လူငယ်များက ထိုအတိုင်းပင် ။ သူတို့၏အချစ်မှာ ခိုင်မာပြီး သွေးဆူသောအမျိုးသားငယ်များလည်း ဖြစ်နေသေးသည် ။

သူတို့ ကောင်းကောင်းအိပ်ပျော်ခဲ့၏ ။

စုန့်ချင်းလန် မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီး ပြန်ရောက်လာသောအခါ ကျစ်ယွီရှီက တိရစ္ဆာန်မှတ်တမ်းကို နောက်တစ်ခေါက် ထပ်နားထောင်နေသည်ကို မြင်လိုက်ရပြန်သည် ။

ယခုတစ်ခေါက်တွင်တော့ သားကောင်ငှက်များအကြောင်း ပြောနေခြင်းပင် ။

"လင်းယုန်ဇီးကွက်တွေက ညဘက်ကျက်စားတဲ့ မုဆိုးတွေပါ ။ သူတို့က ဖြည်းဖြည်းချင်း အသံတိတ် မြေကြီးနဲ့ကပ်ရက် ပျံသန်းကြပြီး သူတို့ရဲ့သားကောင်တွေက သူတို့ချဉ်းကပ်လာတာကို သတိထားမိဖို့ ခက်ခဲစေ......"

ငယ်ရွယ်သော အမျိုးသားတစ်ယောက်၏ အသံက နောက်ခံစကားပြောနေလျက် ။ သူ့လေသံက တည်ငြိမ်ပြီး နားထောင်ရသည်မှာ ပျင်းရိမသွားချေ ။ သူ၏တက်ကြွသောအသံတွင် ဩရှမှုအနည်းငယ်ရှိနေပြီး ဂီတတူရိယာ တစ်ခုအလား ။

ကျစ်ယွီရှီက နားထောင်နေရင်း ကြက်ဥအနည်းငယ် ကြော်နေသည် ။ စုန့်ချင်းလန်၏ စိတ်ရှည်သည်းခံသော လမ်းပြမှုအောက်တွင် စုန့်ချင်းလန်ကြော်သည်နှင့် ခပ်ဆင်ဆင်ကြက်ဥများကို သူ ယခုကြော်နိုင်နေပြီဖြစ်သည် ။

အိမ်အကူစက်ရုပ်မှာ ဘေးတွင် ခေါင်းစောင်းလျက်ရပ်နေ၏ ။ ၎င်းက သူ့အလုပ်များကို မကြာခဏ လုယူသွားလေ့ရှိသော မကြာသေးခင်က ရွှေ့ပြောင်းလာသည့် ဤလူသားကို အမြဲသိချင်နေပုံရသည် ။

ရှောင်ဟေးက စားပွဲပေါ်သို့ ခုန်တက်လာကာ ဒယ်ပြားထဲရှိ လိ‌‌မ္မော်ရောင်တောက်တောက် ကြက်ဥများကို စိုက်ကြည့်နေသည် ။ အခြားနှစ်ကောင်ဘယ်ရောက်သွားသည်လဲ မသိရချေ ။

"မင်းဘာလို့ ဒါကိုထပ်နားထောင်နေပြန်တာလဲ ? " စုန့်ချင်းလန်၏လက်မောင်းများက ကျစ်ယွီရှီ ခါးတစ်ဝိုက် ရစ်ပတ်သွားသည် ။ "စီးရီးတစ်ခုလုံးကို နားထောင်မလို့လား ? "

ကျစ်ယွီရှီ : "အဲ့လိုမျိုးပေါ့ "

ကြက်ဥကြော်များမှာ ပန်းကန်ထဲ ရောက်သွားသည် ။ ကျစ်ယွီရှီက ပြောလာ၏ ။ "ဒါက ၇၀ခုနှစ်တွေတုန်းက ဗားရှင်း ။ ကျွန်တော် ငယ်ငယ်တုန်းကပဲ နားထောင်ဖူးတာ ၊ ဟိုနေ့က ရေဒီယိုမှာ ပြန်ကြားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ။ အွန်လိုင်းပေါ်ရှာကြည့်တော့ အသံဖိုင်တွေ ရှာတွေ့လိုက်တယ် "

သူသည် စုန့်ချင်းလန် မသွားခင်ကတည်းက နားထောင်နေခြင်းဖြစ်ပြီး သူပြန်ရောက်လာတာတောင်မှ မပြီးသေးချေ ။

စုန့်ချင်းလန် ရယ်မောလိုက်၏ ။ "ငယ်ဘဝကို ပြန်ခံစားနေတာပဲ "

"နည်းနည်းပါ " ကျစ်ယွီရှီက ဆိုသည် ။ "အဓိကက နောက်ခံစကားပြောအသံက အရမ်းနားထောင်ကောင်းလို့ "

နောက်ရက်အနည်းငယ်အကြာ၌ ကျစ်ယွီရှီသည် မှတ်တမ်းများကို နားထောင်ပြီးသွားခဲ့သည် ။ တစ်ရက်နှစ်ရက်မျှ တိတ်ဆိတ်နေခဲ့ပြီးနောက် သူသည် 'အံ့ဩဖွယ်ရာ ကမ္ဘာမြေ'ဟုခေါ်သော အခြားအစီအစဉ်တစ်ခုကို စတင်‌နားထောင်နေကြောင်း စုန့်ချင်းလန် သိလိုက်ရ၏ ။ ထိုအစီအစဉ်က ကမ္ဘာပေါ်ရှိ ထူးခြားသော နေရာများအကြောင်း ပြောနေခြင်းဖြစ်ပြီး တူညီသောအသံက နောက်ခံစကားပြောထားသည် ။

"အန္တာတိကတိုက် Mcmurdo Soundရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ Mcmurdo ခြောက်သွေ့ချိုင့်ဝှမ်းတွေမှာ မိုးမရွာခဲ့တာ နှစ်ပေါင်းသိန်းချီကြာ......."

ရက်အနည်းငယ် ထပ်မံကုန်လွန်သွားခဲ့သည် ။

ကျစ်ယွီရှီက 'အချိန်၏နက်ရှိုင်းသော အဓိပ္ပာယ်'ကို စတင်နားထောင်နေတော့သည် ။

ပြီးခဲ့သော အစီအစဉ်များက အဆင်ပြေသော်လည်း ယခုပရိုဂရမ်သည် သူတို့၏အလုပ်အကိုင်နယ်ပယ်နှင့် ဆက်စပ်နေ၏ ။ သူတို့၏လက်ရှိအချိန်နှင့်အာကာသမှ စောင့်ရှောက်သူအနေဖြင့် ၇၀ခုနှစ်များမှ အသိပညာများမှာ အတော်လေး နောက်ကျနေကာ ဟာကွက်များစွာ ရှိနေသေးဆဲ ။ နှစ်ပေါင်းတစ်ရာတောင် မပြည့်သေးခင် ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့သည် ။ သူတို့ အခုသိနေသည်များက ယခင်ကလူများ သိကြသည်ထက် အတော်လေးသာလွန်နေခဲ့သည် ။

စုန့်ချင်းလန်က တိုတောင်းသော အပိုင်းပြတ်လေးကိုသာ နားထောင်လိုက်သော်လည်း သည်းမခံနိုင်တော့ချေ ။

သို့သော် ကျစ်ယွီရှီက ပုံမှန်အတိုင်း မကွဲမပြားရှိနေဆဲဖြစ်ရာ ဤအစီအစဉ်တွင် ဘာပြဿနာကိုမျှ သတိမထားမိသည့်အတိုင်းပင် ။

"ဖြစ်နိုင်ရင် ငါပြန်သွားပြီး ထုတ်လုပ်ရေးအဖွဲ့ကို အချိန်က အဲ့လိုအလုပ်လုပ်တာမဟုတ်ဘူးလို့ သွားပြော‌ချင်တယ် " စုန့်ချင်းလန်က စာရိုက်နေသည်ကို ရပ်လိုက်ကာ ဟိုလိုဂရပ်ဖစ်မျက်နှာပြင်အနောက်ဘက်ကို ကျော်ကြည့်လိုက်၏ ။ "ကံဆိုးချင်တော့ မဖြစ်နိုင်ဘူး "

နှစ်ယောက်သည် ဆိုဖာတစ်ခုတည်းပေါ်တွင် ထိုင်နေကြသည် ။ ကျစ်ယွီရှီက စုန့်ချင်းလန်ပေါင်ပေါ်တွင် ခေါင်းတင်လှဲလျက် စာအုပ်ဖတ်နေသည် ။

ဤသည်ကိုကြားသော် သူသည် နားမလည်သည့် အရိပ်အယောင်ပြလာကာ စာအုပ်ကိုချလိုက်သည် ။ "ဘာကြီး ? "

စုန့်ချင်းလန် ပြောလိုက်သည် ။ "ဒါကိုနားထောင်ကြည့် ။ သူ့အစီအစဥ်က တီတွင်းတွေဆိုတာ အချိန်နဲ့အာကာသ နှစ်ခုကြားကို ဆက်သွယ်ပေးထားတဲ့ လှိုဏ်ခေါင်းတွေဖြစ်ကြောင်း ပြောနေတာ ။ သီအိုရီအရတော့ ဖြစ်နိုင်တယ်ထင်ရပေမဲ့ တကယ်တမ်းက မဖြစ်နိုင်ဘူး ။ ဒါ‌ကြောင့် သူ့အစီအစဥ်တစ်ခုလုံးက အဓိပ္ပာယ်မရှိတော့ဘူးလေ "

ကျစ်ယွီရှီက 'ဪ'ဟု အသံပြုလာ၏ ။ သူသည် ဘာမှတ်ချက်မှပေးမလာဘဲ ဆက်လက်စာဖတ်နေတော့သည် ။

ကြည့်ရသလောက် သူသည် အစီအစဉ်၏အကြောင်းအရာများကို လုံးလုံးနားထောင်မနေပါချေ ။ သူသည် စာအုပ်ဖတ်နေစဉ်အတွင်း ၎င်းကို နောက်ခံအသံအဖြစ် ဖွင့်ထားရုံသာ ။

စုန့်ချင်းလန် : "မင်းတကယ်နားထောင်နေတာ မဟုတ်ဘူးလား ? "

"နားထောင်နေတာ " ကျစ်ယွီရှီသည် နောက်တစ်မျက်နှာသို့ လှန်ကာ အရင်တစ်ခေါက်ကအတိုင်း ပြောလာသည် ။ "အမှားတွေပါနေလဲ ကိစ္စမရှိပါဘူး ။ နောက်ခံစကားပြောအသံက အရမ်းကောင်းတယ် ။ ပါတဲ့ အကြောင်းအရာတွေကို လျစ်လျူရှုထားလို့ရတယ် "

စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးတွင် တစ်စုံတစ်ခုက မူမမှန်ကြောင်း ကျစ်ယွီရှီ သတိထားမိသွားသည် ။

သူသည် စာအုပ်ကို ချလိုက်ရာ စုန့်ချင်းလန်က သူ၏ထုတ်ချင်းဖောက်ဘောင်ကွက်အား ပိတ်ကာ ဘေးသို့တွန်းပို့လိုက်သည်ကို မြင်လိုက်ရ၏ ။ စုန့်ချင်းလန်က သူ့ကို စိတ်ဝင်တစား ငုံ့ကြည့်လာသည် ။ အခြေအနေက အနည်းငယ် အန္တရာယ်များသယောင် ခံစားလိုက်ရသည် ။

စတီရီယိုထဲမှ အမျိုးသားသံက ဆက်လက်ထွက်ပေါ်နေပြီး သူ့အသံမှာ ခပ်နိမ့်နိမ့်ဖြင့် ဆွဲဆောင်မှုရှိလှသည် ။

ကျစ်ယွီရှီသည် မျက်တောင်အနည်းငယ် ခတ်လိုက်ပြီးနောက် လက်ကိုမြှောက်ကာ လှမ်းပိတ်လိုက်တော့သည် ။

စုန့်ချင်းလန် : "အကြံပေးကျစ်....မင်းက *voice-conလား ? "

ကျစ်ယွီရှီ : ".........."

『*အသံကောင်းကောင်းလေးတွေ ကြိုက်တာမျိုးပါ ။ voice fetishရှိတဲ့သူ 』

စုန့်ချင်းလန်က မျက်ခုံးတစ်ဖက်ကို ဖြည်းညှင်းစွာ ပင့်လိုက်ပြီး သူ့လက်ထဲရှိ စာအုပ်ကို ဆွဲယူသွားသည် ။ သူသည် တစ်ဖက်လူကို ပင့်မ,ကာ မေးလာ၏ ။ "မင်း သူ့အသံကို အဲ့လောက်တောင်ကြိုက်လား ? " အမှားတွေအကုန်လုံးကိုတောင် သည်းခံပေးနိုင်တဲ့အထိလေ ?

သူသည် လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား စုန့်ချင်းလန်၏အသံက ပိုပိုနိမ့်လာကာ ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်လာ၏ ။

ကျစ်ယွီရှီသည် အစက သိပ်မတွေးခဲ့သော်လည်း ဤသို့ အမေးခံလိုက်ရသောအခါ အမှန်ပင် ထိုသို့ဖြစ်ကြောင်း သူရုတ်တရက် နားလည်သွားတော့သည် ။ သိလိုက်ရသည့် အသိအသစ်က သူ့ကို အနည်းငယ် ရှက်ရွံ့သွားစေပြီး အကြောင်းပြချက်တစ်ချို့ကြောင့် လေထုအနေအထားမှာ မရေမရာဖြစ်သွားတော့သည် ။

သူ့အကျင့်စရိုက်က အေးစက်ကာ သီးခြားဆန်ပြီး အများအားဖြင့်လည်း ဘာကမျှ သူ့ကို မသက်ရောက်ဟန်ပင် ။

သို့သော် စုန့်ချင်းလန်က အနည်းငယ်ပို၍ ထဲထဲဝင်ဝင် ရှာဖွေလိုက်သည်နှင့် သူ့အခွံအောက်တွင် ဖုံးကွယ်ထားသော အံ့အားသင့်ဖွယ် လျှို့ဝှက်ချက်မျိုးစုံကို သူ ရှာတွေ့ရသည်သာ ။

ကျစ်ယွီရှီ : "........."

စုန့်ချင်းလန်က တစ်စုံတစ်ခုကို စဉ်းစားမိသွားသည် ။ သူသည် ကျစ်ယွီရှီ နှာဖျားကို ဆွဲညှစ်လိုက်ကာ ခပ်ကြမ်းကြမ်းမေးလာခဲ့သည် ။ "တပ်ဖွဲ့ ၉ က လေပေါတဲ့ကောင် ။ ဟိုနေ့က မင်းသူနဲ့ အကြာကြီး သည်းခံပြီးဖုန်း‌ပြောနိုင်တာ ၊ သူ့မှာ အသံကောင်းကောင်းရှိလို့လား ? "

ကျစ်ယွီရှီ တွေးကြည့်လိုက်၏ ။ အကြောင်းပြချက်အချို့ကြောင့် သူလက်ပူးလက်ကြပ်မိသွားသည့်နှယ် ခံစားလိုက်ရသည် ။ ".......အဆင်ပြေပါတယ် "

အရပ် ၁.၉မီတာမြင့်သော ခေါင်းဆောင်စုန့် တစ်‌ယောက် သဝန်တိုနေတော့သည် ။ သူသည် အိမ်ရှိကြောင်များထက်ပင် တွယ်ကပ်တတ်သေး၏ ။ သူသည် ကျစ်ယွီရှီခါးကို ဆွဲညှစ်ကာ မေးလိုက်သည် ။ "တကယ်လို့ တစ်နေ့မှာ အသံအတော်ကောင်းတဲ့လူတစ်ယောက် ပေါ်လာရင် မင်းသူ ဖြားယောင်းတာနဲ့ ပါသွားမှာလား ? "

ကျစ်ယွီရှီက အလေးအနက်ဖြေလာသည် ။ "မဖြစ်နိုင်ဘူး "

စုန့်ချင်းလန်က မယုံကြည်ကြောင်းပြရန် အေးစက်စက် လှောင်ရယ်လိုက်သည် ။

တွေးတောကြည့်ရန် ခက်ခဲသော်လည်း သူသည် လက်ရှိ မနာလိုဝန်တိုမှုများဖြင့် လောင်မြိုက်နေသည် ။ ကျစ်ယွီရှီတွင် သူငယ်ချင်းအနည်းငယ်သာ ရှိပြီး သူ့အကျင့်စရိုက်က အင်ထရိုဗက်ဆန်သည် ။ ဤသည်က သူအခုလို ခံစားနေရသည့် ပထမဆုံးအကြိမ်ပင် ။

ပြီးတော့လည်း အသံအနည်းငယ်ကြောင့် ဖြစ်နေသည် ။

"ခင်ဗျားထက် ပိုကောင်းတဲ့အသံ ဘယ်သူ့မှာမှ မရှိဘူး ။ အဲ့လိုသာမဟုတ်ရင် ကျွန်တော် အစက ခင်ဗျားကို သည်းခံနိုင်ခဲ့မှာတောင် မဟုတ်ဘူး "

ကျစ်ယွီရှီက ထိုသို့ ပြောလာပြီးနောက် သူ့စာအုပ်ကို ကောက်ကာ ထွက်သွားတော့သည် ။

စုန့်ချင်းလန်သည် စက္ကန့်ပေါင်းများစွာ ကြောင်အမ်းနေလျက် ။ သူရုတ်တရက် ရယ်လိုက်လေ၏ ။ "အဲ့တော့ ငါ့အသံကြောင့် ငါ့အပေါ်ထားတဲ့ မင်းရဲ့ သည်းခံမှုတွေ တိုးလာတယ်လား ? "

သူသည် နောက်မှလိုက်သွားကာ ကျစ်ယွီရှီနောက်မှ လိုက်နေတော့သည် ။ " 'အစ'ဆိုတာဘယ်တုန်းကလဲ ? ငါတို့ကို ဌာနမှူးဝမ် မိတ်ဆက်ပေးတုန်းကလား ? "

ကျစ်ယွီရှီက စာကြည့်ခန်းထဲသို့ ဝင်လိုက်သည် ။ သူသည် နောက်ထပ်စာအုပ်ယူမည့်ဟန်လုပ်နေသည့်တိုင် သူ၏နီရဲ‌နေသောနားရွက်များက‌တော့ သစ္စာဖောက်နေ၏ ။ "အဲ့လိုပေါ့ "

စုန့်ချင်းလန်သည် စာအုပ်စင်၌ သူ့ကိုလွယ်လင့်တကူ ပိတ်ဆို့ထားလိုက်သည် ။ သူ့နားရွက်ဖျားများကို အနောက်မှ ကိုက်ကာ ခပ်ဟဟရယ်လိုက်၏ ။ "ငါတော့မထင်ဘူး ။ မင်းလိမ်နေပြန်ပြီ "

ရင်းနှီးနေသောအသံက သူ့နားထဲ ပဲ့တင်ထပ်သွားသည် ။ ထိုအသံက သူ့နားရွက်များကို အလွန်အမင်း ပူပြင်းလာစေ၏ ။ ကျစ်ယွီရှီသည် အကိုက်ခံလိုက်ရသဖြင့် အနည်းငယ် တုန်ယင်သွားသည် ။

ကျစ်ယွီရှီ၏စကားလုံးများထဲတွင် အမှန်တရားအချို့ပါရှိကြောင်း သူတို့နှစ်ယောက်လုံး ကောင်းကောင်းသိနေပြီး စုန့်ချင်းလန်အသံကို သူအထူးတလည် ကြိုက်နှစ်သက်သည်မှာ အမှန်တရားပင် ။ သူတို့ လုံးထွေးယှက်နွယ်ကြချိန်တိုင်း စုန့်ချင်းလန်က သူ့နာမည်ကို ခေါ်လိုက်သည်နှင့် သူအထွတ်အထိပ်သို့ ရောက်သွားမြဲဖြစ်သည် ။

" အားလုံးအသင့်ပြင်ထား ၊ ထျန်းချုံတပ်ဖွဲ့  ၇ ၊ ၁၃ခုမြောက် Aအဆင့်မစ်ရှင် ၊ ထွက်ခွာမယ် !"

ထိုအသံက သူ့စိတ်အာရုံထဲ ပထမဆုံးအကြိမ်အဖြစ် တိုးဝင်လာပြီး ကျစ်ယွီရှီ၏ အကြားအာရုံကြောများကို အတိအကျထုံထိုင်းသွားစေသည့် အလယ်အလတ်ဩရှသော အသံပင် ။

ထိုအချိန်မှစ၍ စုန့်ချင်းလန်၏ ပုံပန်းသွင်ပြင်မှ သူ့အသံအထိ အရာအားလုံးက သူလျစ်လျူရှုမထားနိုင်သည့် ဖြစ်တည်မှုတစ်ခုဖြစ်လာသည် ။

"ခင်ဗျားရဲ့အသံကို အများပိုင်ချန်နယ်ကနေ ပထမဆုံးကြားလိုက်ရတုန်းက "

ကျစ်ယွီရှီသည် စာအုပ်စင်ကို မျက်နှာမူလျက် မျက်လုံးများကို ပိတ်ကာ စုန့်ချင်းလန်ကို သူ့လျှို့ဝှက်ချက်အကြောင်းပြောပြရန် ဆုံးဖြတ်လိုက်တော့သည် ။

"အများပိုင်ချန်နယ် ? " စုန့်ချင်းသည် အလွန်ကျေနပ်သွားပုံပင် ။ "ဒါဆို အကြံပေးကျစ်...မင်းရဲ့စိတ်ထဲ ငါ့ကိုပထမဆုံးကြားလိုက်ရတုန်းက မင်းဘယ်လိုခံစားခဲ့ရလဲ ပြောပြပါလား ? "

ကျစ်ယွီရှီ စာအုပ်ကို ပြန်ထားလိုက်သည် ။

သူသည် နောက်လှည့်ကာ စုန့်ချင်းလန်ကို ကြည့်လာ၏ ။ အမျိုးသားတစ်ယောက်၏ အနိုင်ရလိုသောဆန္ဒက သူ့၏မျက်လုံးလှလှလေးများထဲ ပုန်းကွယ်နေလျက် " ခင်ဗျားက နည်းနည်းစိတ်ရှုပ်စရာကောင်းပေမဲ့ ကျွန်တော် စိတ်ရှည်ရှည်နဲ့ သည်းခံနိုင်ပါသေးတယ်လို့ တွေးခဲ့တာ "

စုန့်ချင်းလန်၏ တောက်ပသောမျက်ဝန်းနက်များကလည်း သူ့ကိုကြည့်နေသည် ။ နှစ်ယောက်လုံး စကားမဆိုကြ ။

သူတို့နှစ်ယောက်လုံး သိနေကြသည် ။ ထိုခံစားချက်က သူ့နှလုံးသား ပထမဆုံးအကြိမ်အဖြစ် လှုပ်ခတ်သွားသောအချိန် ဖြစ်လောက်သည်ပေ ။

•°•°•

『Zawgyi』

Extra(၁)
က်စ္ယြီရွီရဲ့ လၽွို႔ဝွက္န္းက်ယ္တဲ့ Voice-con》

ထ်န္းခ်ဳံ က်န္းၿမိဳ႕ဌာနခြဲ၏ အျပင္ဘက္တြင္ ။

လမ္းမ၏ တစ္ဘက္တစ္ခ်က္စီ၌ ထူထဲေသာ ႏွင္းမ်ားက စုပုံေနၿပီး လမ္းမ မ်က္ႏွာျပင္ထက္တြင္ ေရခဲအလႊာပါးတစ္ထပ္က ဖုံးလႊမ္းထားေလ၏ ။ လမ္းတစ္ေလၽွာက္ ႀကီးမားေသာ အနီေရာင္ အလိုအေလ်ာက္ ႏွင္းဖယ္ရွားသည့္စက္က ျဖည္းညႇင္းစြာ ေမာင္းႏွင္ေနလ်က္ ။

ညေနေစာင္းျဖစ္ေသာ္လည္း အနားတစ္ဝိုက္တြင္ လူ သိပ္မရွိေပ ။

စုန႔္ခ်င္းလန္ ထြက္လာသည္ႏွင့္ လမ္းေဘးတြင္ ရပ္ထားေသာ ေခတ္ေနာက္က်ေနသည့္ကားကို ျမင္လိုက္ရသည္ ။ ကားကိုယ္ထည္မွာ အလြန္သန႔္ရွင္းေနၿပီး ေဆးေရာင္မ်ားက ေတာက္ပေနေသာ္လည္း ‌ကားေအာက္ပိုင္း၌ ရႊံ့မ်ားျဖင့္ ေပက်ံေနသည္--က်န္းၿမိဳ႕၌ ပထမဆုံးေဆာင္းရာသီကို ကုန္ဆုံးခဲ့ရၿပီးေနာက္ ကားပိုင္ရွင္မွာ ႏွင္းထူေသာ ေန႔မ်ားတြင္ အျပင္ထြက္ရသည့္ ေနာက္ဆက္တြဲ အက်ိဳးဆက္မ်ားကို အသားက်ေနၿပီျဖစ္သည္ ။

စုန႔္ခ်င္းလန္ ကားထဲသို႔ ဝင္လိုက္ေလ၏ ။ ကားေရွ႕ေဘးခုံတံခါးကို ဖြင့္လိုက္သည္ႏွင့္ ကားအထဲရွိ ေလေႏြးမ်ားက သူ႔ခႏၶာကိုယ္ထက္ရွိ ခ်မ္းစိမ့္မႈမ်ားကို ဖယ္ရွားေပးလိုက္သည္ ။

ေရဒီယိုမွ မွတ္တမ္းအစီအစဥ္လာေန၏ ။ လူသားမ်ိဳးႏြယ္က အလိုအေလ်ာက္ ေမာင္းႏွင္သည့္ လုပ္‌ေဆာင္ခ်က္ႏွင့္ ကားမ်ားကို ၿပီးျပည့္စုံစြာ အေကာင္အထည္ေဖာ္နိုင္ခဲ့ေသာ ဤေခတ္ကာလတြင္ လူမ်ားက ‌ကားေမာင္းရင္း ဟိုလိုဂရပ္ဖစ္မ်က္ႏွာျပင္အား တိုက္ရိုက္ၾကည့္ရႈနိုင္သည္ျဖစ္ရာ ေရဒီယို နားေထာင္သည့္သူ သိပ္မရွိေတာ့ေခ် ။ က်စ္ယြီရွီ၏ကားသည္သာ ဤလုပ္‌ေဆာင္ခ်က္ရွိျခင္းျဖစ္လိမ့္မည္ ။

"ဒရယ္ခ်ိဳျပားမ်ိဳးက သမင္မ်ိဳးႏြယ္ဝင္ထဲက အႀကီးဆုံးအမ်ိဳးအစား ျဖစ္ပါတယ္ ။ အျမင့္ေပ သုံးမီတာအထိ ႀကီးမားနိုင္ၿပီး ကီလိုဂရမ္ ၁၀၀၀အထိ အေလးခ်ိန္ရွိပါတယ္ ။ သူက........"

စုန႔္ခ်င္းလန္ : "..........."

သူသည္ ကိုယ္ကို ညႊတ္ကိုင္းကာ က်စ္ယြီရွီမ်က္ႏွာကို နမ္းရႈံ႔လိုက္ေလ၏ ။ "မင္းက သမင္ေတြအေၾကာင္း မွတ္တမ္းကိုေတာင္ နားေထာင္ေနတာလား ? "

က်စ္ယြီရွီသည္ အနက္ေရာင္ ေပ်ာ့အိအိဂ်က္ကတ္ကို ဝတ္ဆင္ထားသည္ ။ သူ၏ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာမွာ အျပင္ဘက္ရွိ လမ္းမီးတိုင္မ်ားေၾကာင့္ လိေမၼာ္ေရာင္ေဖ်ာ့ေဖ်ာ့သန္းေန၏ ။ သူသည္ အိမ္မွ ခုနကေလးတင္ ထြက္လာျခင္းျဖစ္ၿပီး မ်က္ႏွာထက္တြင္ အိမ္မွာေနေနက် ပ်င္းရိပ်င္းတြဲအမူအရာ ရွိေနဆဲ ။ သူသည္လည္း ကိုယ္ကိုရို႔ကာ စုန႔္ခ်င္းလန္ႏႈတ္ခမ္းကို နမ္းလိုက္သည္ ။ "အင္း "

ကားက က်န္းၿမိဳ႕ဌာနခြဲ အျပင္ဘက္၌ ရပ္ထားျခင္းပင္ ။ ‌ဤသည္က ေကာင္းမြန္ေသာလႊမ္းမိုးမႈ ျဖစ္ေစလိမ့္မည္မဟုတ္ ။

ဌာနမႉးဝမ္က ဌာနရွိ ဆင္ဂယ္ေခြးမ်ား၏ စိတ္အေျခအေနအား သက္ေရာက္မည္စိုးသျဖင့္ ႏွစ္ေယာက္သားကို ဌာနတြင္း၌ လူၾကားထဲခ်စ္ၾကည္ႏူးျပမေနရန္ အႀကိမ္ေပါင္းမ်ားစြာ သတိေပးၿပီးျဖစ္သည္ ။ ဤေနရာရွိ ေစာင့္ေရွာက္သူအမ်ားစုက တစ္ကိုယ္တည္းသမားေတြ ျဖစ္ေနသည္ကိုး ။ သူတို႔က ေဂးစုံတြဲျဖစ္ေနလၽွင္ေတာင္ သူတို႔ႏွစ္ေယာက္ကို အားက်စြာ ၾကည့္ေနၾကျမဲပင္ ။

တပ္ဖြဲ႕၇၏ ေဂးမုန္းတီးလွပါခ်ည္ရဲ့ဆိုေသာ အေျဖာင့္ေခါင္းေဆာင္ ၊ စုန႔္ခ်င္းလန္ႏွင့္ န်ဥ္းၿမိဳ႕မွ ေရႊ႕ေျပာင္းလာေသာ အထူးအႀကံေပး ၊ က်စ္ယြီရွီတို႔ တြဲခုတ္ေနၾကသည့္သတင္း ပ်ံ႕ႏွံသြားေသာအခါ ထ်န္းခ်ဳံကြန္ရက္တစ္ခုလုံး ႐ုတ္ခ်ည္းပင္ အုံးအုံးႂကြႂကြျဖစ္သြားခဲ့သည္ ။

မယုံၾကည္နိုင္ျဖစ္႐ုံမွတစ္ပါး သူတို႔မွာ ပို၍ မယုံမၾကည္သာ ျဖစ္နိုင္ေတာ့၏ ။ ထိုအျဖစ္မ်ားမတိုင္ခင္က စုန႔္ခ်င္းလန္၏ စကားမ်ားမွာ အလြန္ အညႇာအတာမဲ့ခဲ့ျခင္းေၾကာင့္ လက္ရွိအေျခအေနက ပို၍ပင္ ထိတ္လန႔္အံ့အားသင့္ဖြယ္ ေကာင္းေနေတာ့သည္ ။

တတိယႀကီးၾကပ္စင္တာရွိ ေရႊ႕ေျပာင္းပလတ္ေဖာင္းထက္ သူတို႔၏ ခ်စ္ျမတ္နိုးမႈအျပည့္ႏွင့္အနမ္းကို မ်က္ျမင္ၾကဳံေတြ႕ခဲ့ရေသာ ႀကီးၾကပ္ေခါင္းေဆာင္က အရင္ဆုံး အထိတ္တလန႔္ ျဖစ္ခဲ့ရသူ ျဖစ္ေသာ္ျငား တည္ၿငိမ္စြာ လက္သင့္ခံလိုက္နိုင္သည္ ။ ထိုျဖစ္ရပ္က မည္မၽွအံ့ဩဖြယ္ေကာင္းေၾကာင္း တစ္စုံတစ္ေယာက္ကေျပာလာသည့္အခ်ိန္တိုင္း သူသည္ "အံ့ဩရတာကိုပဲ အာ႐ုံစိုက္မေနနဲ႔ ၊ မင္းမွာ လက္တြဲေဖာ္ရွိလို႔လား ? "ဟု တည္တည္ၿငိမ္ၿငိမ္ျပန္ေမးကာ ထိုသူတို႔ ပါးစပ္ပိတ္သြားေအာင္ ေအာင္ျမင္စြာ လုပ္ပစ္လိုက္သည္ ။

အေျပာင္းအေရႊ႕ လုပ္ငန္းစဥ္မ်ားကို ကိုင္တြယ္ရန္ က်စ္ယြီရွီ န်ဥ္းၿမိဳ႕သို႔ သြားခဲ့သည့္ေန႔က ဌာနမႉးလင္း၏ လက္မ်ားမွာ အနည္းငယ္ တုန္ယင္ေနလ်က္ "မ--မင္း တကယ္ႀကီး သူ႔ကို အပိုင္ဖမ္းလိုက္တာလား ?"

က်စ္ယြီရွီ : "ဖမ္းလိုက္ၿပီ "

အစက ဌာနမႉးလင္း၏ ေရႊ႕ေျပာင္းရန္ ေတာင္းဆိုခ်က္ကို ျငင္းဆိုရန္အလို႔ငွာ သူတစ္ခါက ေျပာခဲ့ဖူးသည္က "တကယ္လို႔ ကၽြန္ေတာ့္ကိုေယာက္်ားေတြ အမ်ားႀကီးရွိတဲ့ ေနရာကို ႐ုတ္တရက္ပို႔လိုက္ရင္ ကၽြန္ေတာ့္ရဲ့ ခံစားခ်က္ေတြကို မထိန္းခ်ဳပ္နိုင္ဘဲ မလိုလားအပ္တဲ့ ဆက္ဆံေရးေတြ ျဖစ္လာၿပီး က်န္းၿမိဳ႕ဌာနခြဲရဲ့ တည္ၿငိမ္ေနတဲ့အေျခအေနကို ေႏွာင့္ယွက္မိမွာ စိုးရိမ္တယ္ " ဟူ၍ ။

ဌာနမႉးလင္းခမ်ာ သူ႔နဖူးသူသာ ျပန္ရိုက္လိုက္ေတာ့သည္ ။ "ငါအဲ့တုန္းက မင္းရဲ့စကားေတြကို အတည္မယူခဲ့မိဘူး ။ လူငယ္ေတြရဲ့ ခံစားခ်က္အလိုဆႏၵေတြကို ထည့္မေတြးမိတဲ့ ငါ့အမွားပဲ ။ ေတြးၾကည့္လိုက္ရင္ ငါငယ္ငယ္တုန္းက ဆန႔္က်င္ဘက္လိင္ေတြနဲ႔ အဖြဲ႕ထဲကို ပို႔ခံရရင္လဲ ငါထိန္းနိုင္ေလာက္မွာ မဟုတ္ဘူး.........ဒါေပမဲ့ ရပါတယ္ကြာ ။ ဒါကလဲ ခ်စ္သူရည္းစားဆက္ဆံေရးတစ္ခုပဲကို ။ ေရွာင္စုန႔္က မင္းကိုရတာ တကယ္ကံေကာင္းသြားတာပဲ ......"

မူလက ေနရာလြတ္တစ္ခုကို ယာယီျဖည့္ဆည္းေပးရန္ တစ္ႀကိမ္တစ္ခါတည္းသာျဖစ္ခဲ့သည့္ ေရႊ႕ေျပာင္းမႈက သူ၏အရည္အခ်င္းရွိေသာ လက္ေအာက္ငယ္သားကို က်န္းၿမိဳ႕ဌာနခြဲထံ တရားဝင္ ေရႊ႕ေျပာင္းသြားခဲ့ရသည့္အျဖစ္သို႔ ေရာက္သြားခဲ့သည္ေပ ။

ဌာနမႉးလင္း အနည္းငယ္ ေနာင္တရမိေလ၏ ။

ထ်န္းခ်ဳံရွိ လူမ်ားထဲတြင္ေတာ့ လင္ရွင္းလန္က ခါးခါးသီးသီးအျဖစ္ဆုံးသူပင္ ။

တပ္ဖြဲ႕၉၏ ေလ့က်င့္ေရးကြင္းမွာ ေဒါသတိမ္မည္းမ်ားျဖင့္ အျမဲတေစ ျပည့္ႏွက္ေနေတာ့သည္ ။ သူတို႔အတြက္ ျပင္ဆင္ေပးထားသည့္ ဘာသာစကားအညႊန္းကို က်စ္ယြီရွီ သြားေပးခဲ့ခ်ိန္တြင္ တပ္ဖြဲ႕၇ရွိလူမ်ားမွာ သူအသက္ရွင္လ်က္ ျပန္ထြက္လာနိုင္ပါ့မလားဟုပင္ ေတြးမိခဲ့၏ ။

သို႔ေသာ္ က်စ္ယြီရွီက သူ႔ခႏၶာကိုယ္ရွိ အေမြးတစ္ေမြးပင္ မကၽြတ္ဘဲ ျပန္ထြက္လာနိုင္ခဲ့သည္ ။

ရွန႔္ယြင္၏ကိစၥရပ္ေၾကာင့္ က်စ္ယြီရွီ မွားယြင္းအသတ္ခံလိုက္ရေသာ ဖုံးကြယ္ထားသည့္အမႈလည္း ျပန္ေဖာ္ထုတ္ခံလိုက္ရသည္ ။ အတိတ္ႏွင့္ပစၥဳပၸန္တို႔ ပါဝင္ေနၿပီး အတည္မျပဳနိုင္ေသးေသာ ျပႆနာမ်ားစြာ ရွိေနေသးသျဖင့္ လတ္တေလာ၌ က်စ္ယြီရွီကို မည္သည့္မစ္ရွင္မၽွ ေပးအပ္မလာခဲ့ေခ် ။ အခ်ိန္အေတာ္ၾကာမည္ျဖစ္ေၾကာင္း သူတို႔အကုန္ သိေန၏ ။

က်စ္ယြီရွီမွလြဲလၽွင္ တပ္ဖြဲ႕၇ရွိ အဖြဲ႕ဝင္မ်ားအားလုံး ျပန္သြားရၿပီး Aအဆင့္မစ္ရွင္မ်ားစြာကိုပင္ လုပ္ေဆာင္ၿပီးျဖစ္သည္ ။ 'ေခတ္တိုင္း၏ထ်န္းခ်ဳံ'ဟူသည္က မိခင္စနစ္အျဖစ္ လႊဲေျပာင္းယူလိုက္ၿပီးခ်ိန္၌ က်စ္ယြီရွီ တပ္ဖြဲ႕သို႔ ျပန္ေရာက္ခ်ိန္ သူလုပ္ေဆာင္ရန္ ေစာင့္ဆိုင္းေနသည့္ မစ္ရွင္အသစ္မ်ား ရွိေနဆဲပင္ ။

စုန႔္ခ်င္းလန္က ႏွစ္ရက္တာ အေဝးေရာက္ေနခဲ့၏ ။ က်စ္ယြီရွီ သူ႔ကို လာႀကိဳမည္မွန္း သူခန႔္မွန္းမိၿပီးသားျဖစ္သည္ ။

သို႔ေသာ္ က်စ္ယြီရွီ ဤအစီအစဥ္ကို နားေထာင္ေနဆဲျဖစ္လိမ့္မည္ဟုေတာ့ သူမေမၽွာ္လင့္ထားခဲ့ ။

တိရစၧာန္မ်ားအေၾကာင္း မွတ္တမ္းက ဘာေတြဒီေလာက္ထိ စိတ္ဝင္စားစရာေကာင္းေနမွန္း စုန႔္ခ်င္းလန္ နားမလည္ေခ် ။ က်စ္ယြီရွီ ငယ္စဥ္က ဤမွတ္တမ္းအစအဆုံးကို နားေထာင္ဖူးၿပီး တစ္လုံးခ်င္းစီအကုန္ ျပန္ခ်ေရးနိုင္ကာ စိတ္ပါပါက ေနာက္ျပန္ပင္ ေရးနိုင္ေၾကာင္းကို စုန႔္ခ်င္းလန္ သိေနေသာ္လည္း နားေထာင္သည့္ခ်ိန္တိုင္း က်စ္ယြီရွီက အစီအစဥ္ထဲ အလြန္နစ္ေျမာေနပုံပင္ ။

ကံေကာင္းစြာျဖင့္ သူကားထဲသို႔ ဝင္လိုက္သည္ႏွင့္ က်စ္ယြီရွီက ေရဒီယိုအား အလ်င္အျမန္ပိတ္လိုက္ေလ၏ ။

စုန႔္ခ်င္းလန္က အေျခအေနကို ေျပာင္းလဲလိုက္ကာ က်စ္ယြီရွီ၏ ႏူးညံ့ေသာ ႏႈတ္ခမ္းမ်ားထက္ သူ႔ႏႈတ္ခမ္းမ်ားကို ပြတ္သပ္လိုက္ၿပီး ပါးစပ္ထဲသို႔ သူ႔လၽွာဖ်ားျဖင့္ စီးနင္းဝင္ေရာက္လိုက္သည္ ။ သူတို႔သည္ ကားထဲ၌ ရွည္ၾကာေသာ 'ျပန္လည္ဆုံဆည္းျခင္း'အနမ္းကို ဖလွယ္ခဲ့ၾကသည္ ။ သူတို႔သည္ အခ်င္းခ်င္း၏ ႏွလုံးသားမ်ား ပရမ္းပတာခုန္ေပါက္ေနသည္ကို ၾကားေနရ၏ ။

အၾကင္နာအနမ္းက အဆုံးသတ္သြားသည္ ။ စုန႔္ခ်င္းလန္က ခပ္တိုးတိုး က်ိန္ဆဲကာ ရယ္လိုက္ေတာ့သည္ ။

တစ္စုံတစ္ေယာက္က ေလခၽြန္လာ၏ ။ က်စ္ယြီရွီသည္ အခုမွသာ လမ္းတစ္ဖက္ျခမ္းတြင္ ရပ္ေနေသာ လူတစ္အုပ္ကို သတိထားမိသြားသည္ ။

သူတို႔၏ အဖြဲ႕သား၅ေယာက္က ထိုေနရာတြင္ ၿပီတီတီအျပဳံးမ်ားျဖင့္ ရပ္ေနရင္း တစ္ေလၽွာက္လုံး ရႊင္ျမဴးစြာ ၾကည့္ေနၾကသည္ ။ က်စ္ယြီရွီ လွမ္းၾကည့္လာသည္ကို ျမင္ေသာ္ ၅ေယာက္သားက တစ္ေယာက္ပခုံးပင္ တစ္ေယာက္ဖက္ကာ "ေနာက္တစ္ေခါက္! " ဟု လွမ္းေအာ္လာၿပီး ပို၍ က်ယ္ေလာင္စြာ ေလခၽြန္ေနေတာ့သည္ ။

ေတာ္ေသးၿပီ ။

တပ္ဖြဲ႕ထဲရွိ အျခားအေျဖာင့္ေကာင္ ၅ေယာက္က အထူးအဆန္းအဖြဲ႕ျဖစ္လာ၏ ။ သူတို႔၏မူလ ေဂးမုန္းတီးေရး‌ေနာက္ခံကို ေျပာင္းလဲလိုက္႐ုံသာမက သူတို႔တပ္ဖြဲ႕ထဲရွိ စုံတြဲကိုပင္ ေျပာင္ေျပာင္တင္းတင္း စတင္shipေနေတာ့သည္ ။ က်စ္ယြီရွီ ေျပာင္းလာခ်ိန္က စုန႔္ခ်င္းလန္သည္ အိမ္၌ သူတို႔ကို ညစာစားဖို႔ ဖိတ္ခဲ့သည္ ။ ၅ေယာက္လုံး သူတို႔ႏွစ္‌ေယာက္ကို တစ္ေနကုန္ စိုက္ၾကည့္ေနသျဖင့္ သူ က်စ္ယြီရွီအား လုံးဝမထိေတြ႕နိုင္ခဲ့ေပ ။

က်စ္ယြီရွီ သူ႔ေခါင္းကို ျပန္လွည့္လိုက္သည္ ။ စကားတစ္ခြန္းပင္ မဆိုဘဲ သူကားကို ေမာင္းထြက္လာခဲ့လိုက္သည္ ။

ေခတ္ေနာက္က်ေနေသာကားက လွလွပပေကြ႕ဝိုက္ကာ သူတို႔ကို အိတ္ေဇာေငြ႕မ်ားၾကား ခ်န္ထားရစ္ခဲ့ေလသည္ ။

ဤမစ္ရွင္‌ေအာင္ျမင္ၿပီးေနာက္ စုန႔္ခ်င္းလန္ ႏွစ္ရက္ အနားရခဲ့သည္ ။

ညေနခင္း၌ ႏွစ္ေယာက္သားမွာ ေလ့က်င့္ခန္းအျပင္းအထန္လုပ္ခဲ့ၾကၿပီး ဆူညံသံမ်ားက ေၾကာင္သုံးေကာင္ကို တစ္လွည့္စီ တံခါးအား လာေရာက္ကုတ္ျခစ္ေစေတာ့သည္ ။

စုန႔္ခ်င္းလန္က လူရမ္းကားအလား ။ သူသည္ တစ္ဖက္လူ အသံျပဳမိေအာင္ မၾကာခဏ နည္းလမ္းေပါင္းစုံျဖင့္ ႀကိဳးစားလာၿပီး အိပ္ရာထဲ၌ အလြန္အရွက္မရွိေသာ အရာမ်ားကိုလည္း ေျပာတတ္ေသး၏ ။ က်စ္ယြီရွီသည္ အံကိုႀကိတ္ကာ အသံျပဳရန္ ျငင္းဆန္ခဲ့ေသာ္ျငား စုန႔္ခ်င္းလန္က တမင္တကာ ဒီေနရာလား ဒါမွမဟုတ္ အဲ့ေနရာက ခံစားလို႔ေကာင္းတာလား ဟု အျမဲလိုလိုေမးတတ္သည္ ။ ေနာက္ဆုံးတြင္ က်စ္ယြီရွီတစ္ေယာက္ မတတ္သာဘဲ အသံအခ်ိဳ႕ျပဳမိသြားပါက စုန္႔ခ်င္းလန္က ပို၍ပင္ စြဲလမ္းသြားကာ သူ႔ကိုယ္သူ မထိန္းခ်ဳပ္နိုင္ေတာ့ ။ ႏွစ္ေယာက္သားက ရန္ျဖစ္တိုက္ခိုက္ေနသည့္အလား လုပ္ၾကသည္ေပ ။ တိုက္ပြဲၿပီးေနာက္ က်စ္ယြီရွီသည္ ေနရာတြင္ အခ်ိန္အေတာ္ၾကာ မလႈပ္မယွက္ လွဲေနၿပီး လက္တစ္ေခ်ာင္းပင္ မလႈပ္နိုင္ခဲ့ ။ သို႔ေသာ္ ေနာက္တစ္ႀကိမ္အတြက္ သူက အလြန္အင္မတန္ ပူးေပါင္းပါဝင္ေပးျမဲ ။

လူငယ္မ်ားက ထိုအတိုင္းပင္ ။ သူတို႔၏အခ်စ္မွာ ခိုင္မာၿပီး ေသြးဆူေသာအမ်ိဳးသားငယ္မ်ားလည္း ျဖစ္ေနေသးသည္ ။

သူတို႔ ေကာင္းေကာင္းအိပ္ေပ်ာ္ခဲ့၏ ။

စုန႔္ခ်င္းလန္ မနက္ခင္းေလ့က်င့္ခန္းလုပ္ၿပီး ျပန္ေရာက္လာေသာအခါ က်စ္ယြီရွီက တိရစၧာန္မွတ္တမ္းကို ေနာက္တစ္ေခါက္ ထပ္နားေထာင္ေနသည္ကို ျမင္လိုက္ရျပန္သည္ ။

ယခုတစ္ေခါက္တြင္ေတာ့ သားေကာင္ငွက္မ်ားအေၾကာင္း ေျပာေနျခင္းပင္ ။

"လင္းယုန္ဇီးကြက္ေတြက ညဘက္က်က္စားတဲ့ မုဆိုးေတြပါ ။ သူတို႔က ျဖည္းျဖည္းခ်င္း အသံတိတ္ ေျမႀကီးနဲ႔ကပ္ရက္ ပ်ံသန္းၾကၿပီး သူတို႔ရဲ့သားေကာင္ေတြက သူတို႔ခ်ဥ္းကပ္လာတာကို သတိထားမိဖို႔ ခက္ခဲေစ......"

ငယ္ရြယ္ေသာ အမ်ိဳးသားတစ္ေယာက္၏ အသံက ေနာက္ခံစကားေျပာေနလ်က္ ။ သူ႔ေလသံက တည္ၿငိမ္ၿပီး နားေထာင္ရသည္မွာ ပ်င္းရိမသြားေခ် ။ သူ၏တက္ႂကြေသာအသံတြင္ ဩရွမႈအနည္းငယ္ရွိေနၿပီး ဂီတတူရိယာ တစ္ခုအလား ။

က်စ္ယြီရွီက နားေထာင္ေနရင္း ၾကက္ဥအနည္းငယ္ ေၾကာ္ေနသည္ ။ စုန႔္ခ်င္းလန္၏ စိတ္ရွည္သည္းခံေသာ လမ္းျပမႈေအာက္တြင္ စုန႔္ခ်င္းလန္ေၾကာ္သည္ႏွင့္ ခပ္ဆင္ဆင္ၾကက္ဥမ်ားကို သူ ယခုေၾကာ္နိုင္ေနၿပီျဖစ္သည္ ။

အိမ္အကူစက္႐ုပ္မွာ ေဘးတြင္ ေခါင္းေစာင္းလ်က္ရပ္ေန၏ ။ ၎က သူ႔အလုပ္မ်ားကို မၾကာခဏ လုယူသြားေလ့ရွိေသာ မၾကာေသးခင္က ေရႊ႕ေျပာင္းလာသည့္ ဤလူသားကို အျမဲသိခ်င္ေနပုံရသည္ ။

ေရွာင္ေဟးက စားပြဲေပၚသို႔ ခုန္တက္လာကာ ဒယ္ျပားထဲရွိ လိ‌‌ေမၼာ္ေရာင္ေတာက္ေတာက္ ၾကက္ဥမ်ားကို စိုက္ၾကည့္ေနသည္ ။ အျခားႏွစ္ေကာင္ဘယ္ေရာက္သြားသည္လဲ မသိရေခ် ။

"မင္းဘာလို႔ ဒါကိုထပ္နားေထာင္ေနျပန္တာလဲ ? " စုန႔္ခ်င္းလန္၏လက္ေမာင္းမ်ားက က်စ္ယြီရွီ ခါးတစ္ဝိုက္ ရစ္ပတ္သြားသည္ ။ "စီးရီးတစ္ခုလုံးကို နားေထာင္မလို႔လား ? "

က်စ္ယြီရွီ : "အဲ့လိုမ်ိဳးေပါ့ "

ၾကက္ဥေၾကာ္မ်ားမွာ ပန္းကန္ထဲ ေရာက္သြားသည္ ။ က်စ္ယြီရွီက ေျပာလာ၏ ။ "ဒါက ၇၀ခုႏွစ္ေတြတုန္းက ဗားရွင္း ။ ကၽြန္ေတာ္ ငယ္ငယ္တုန္းကပဲ နားေထာင္ဖူးတာ ၊ ဟိုေန႔က ေရဒီယိုမွာ ျပန္ၾကားရလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး ။ အြန္လိုင္းေပၚရွာၾကည့္ေတာ့ အသံဖိုင္ေတြ ရွာေတြ႕လိုက္တယ္ "

သူသည္ စုန႔္ခ်င္းလန္ မသြားခင္ကတည္းက နားေထာင္ေနျခင္းျဖစ္ၿပီး သူျပန္ေရာက္လာတာေတာင္မွ မၿပီးေသးေခ် ။

စုန႔္ခ်င္းလန္ ရယ္ေမာလိုက္၏ ။ "ငယ္ဘဝကို ျပန္ခံစားေနတာပဲ "

"နည္းနည္းပါ " က်စ္ယြီရွီက ဆိုသည္ ။ "အဓိကက ေနာက္ခံစကားေျပာအသံက အရမ္းနားေထာင္ေကာင္းလို႔ "

ေနာက္ရက္အနည္းငယ္အၾကာ၌ က်စ္ယြီရွီသည္ မွတ္တမ္းမ်ားကို နားေထာင္ၿပီးသြားခဲ့သည္ ။ တစ္ရက္ႏွစ္ရက္မၽွ တိတ္ဆိတ္ေနခဲ့ၿပီးေနာက္ သူသည္ 'အံ့ဩဖြယ္ရာ ကမၻာေျမ'ဟုေခၚေသာ အျခားအစီအစဥ္တစ္ခုကို စတင္‌နားေထာင္ေနေၾကာင္း စုန႔္ခ်င္းလန္ သိလိုက္ရ၏ ။ ထိုအစီအစဥ္က ကမၻာေပၚရွိ ထူးျခားေသာ ေနရာမ်ားအေၾကာင္း ေျပာေနျခင္းျဖစ္ၿပီး တူညီေသာအသံက ေနာက္ခံစကားေျပာထားသည္ ။

"အႏၲာတိကတိုက္ Mcmurdo Soundရဲ့ အေနာက္ဘက္မွာ တည္ရွိတဲ့ Mcmurdo ေျခာက္ေသြ႕ခ်ိဳင့္ဝွမ္းေတြမွာ မိုးမရြာခဲ့တာ ႏွစ္ေပါင္းသိန္းခ်ီၾကာ......."

ရက္အနည္းငယ္ ထပ္မံကုန္လြန္သြားခဲ့သည္ ။

က်စ္ယြီရွီက 'အခ်ိန္၏နက္ရွိုင္းေသာ အဓိပၸာယ္'ကို စတင္နားေထာင္ေနေတာ့သည္ ။

ၿပီးခဲ့ေသာ အစီအစဥ္မ်ားက အဆင္ေျပေသာ္လည္း ယခုပရိုဂရမ္သည္ သူတို႔၏အလုပ္အကိုင္နယ္ပယ္ႏွင့္ ဆက္စပ္ေန၏ ။ သူတို႔၏လက္ရွိအခ်ိန္ႏွင့္အာကာသမွ ေစာင့္ေရွာက္သူအေနျဖင့္ ၇၀ခုႏွစ္မ်ားမွ အသိပညာမ်ားမွာ အေတာ္ေလး ေနာက္က်ေနကာ ဟာကြက္မ်ားစြာ ရွိေနေသးဆဲ ။ ႏွစ္ေပါင္းတစ္ရာေတာင္ မျပည့္ေသးခင္ ကမၻာႀကီးက ေျပာင္းလဲသြားခဲ့သည္ ။ သူတို႔ အခုသိေနသည္မ်ားက ယခင္ကလူမ်ား သိၾကသည္ထက္ အေတာ္ေလးသာလြန္ေနခဲ့သည္ ။

စုန႔္ခ်င္းလန္က တိုေတာင္းေသာ အပိုင္းျပတ္ေလးကိုသာ နားေထာင္လိုက္ေသာ္လည္း သည္းမခံနိုင္ေတာ့ေခ် ။

သို႔ေသာ္ က်စ္ယြီရွီက ပုံမွန္အတိုင္း မကြဲမျပားရွိေနဆဲျဖစ္ရာ ဤအစီအစဥ္တြင္ ဘာျပႆနာကိုမၽွ သတိမထားမိသည့္အတိုင္းပင္ ။

"ျဖစ္နိုင္ရင္ ငါျပန္သြားၿပီး ထုတ္လုပ္ေရးအဖြဲ႕ကို အခ်ိန္က အဲ့လိုအလုပ္လုပ္တာမဟုတ္ဘူးလို႔ သြားေျပာ‌ခ်င္တယ္ " စုန႔္ခ်င္းလန္က စာရိုက္ေနသည္ကို ရပ္လိုက္ကာ ဟိုလိုဂရပ္ဖစ္မ်က္ႏွာျပင္အေနာက္ဘက္ကို ေက်ာ္ၾကည့္လိုက္၏ ။ "ကံဆိုးခ်င္ေတာ့ မျဖစ္နိုင္ဘူး "

ႏွစ္ေယာက္သည္ ဆိုဖာတစ္ခုတည္းေပၚတြင္ ထိုင္ေနၾကသည္ ။ က်စ္ယြီရွီက စုန႔္ခ်င္းလန္ေပါင္ေပၚတြင္ ေခါင္းတင္လွဲလ်က္ စာအုပ္ဖတ္ေနသည္ ။

ဤသည္ကိုၾကားေသာ္ သူသည္ နားမလည္သည့္ အရိပ္အေယာင္ျပလာကာ စာအုပ္ကိုခ်လိုက္သည္ ။ "ဘာႀကီး ? "

စုန႔္ခ်င္းလန္ ေျပာလိုက္သည္ ။ "ဒါကိုနားေထာင္ၾကည့္ ။ သူ႔အစီအစဥ္က တီတြင္းေတြဆိုတာ အခ်ိန္နဲ႔အာကာသ ႏွစ္ခုၾကားကို ဆက္သြယ္ေပးထားတဲ့ လွိုဏ္ေခါင္းေတြျဖစ္ေၾကာင္း ေျပာေနတာ ။ သီအိုရီအရေတာ့ ျဖစ္နိုင္တယ္ထင္ရေပမဲ့ တကယ္တမ္းက မျဖစ္နိုင္ဘူး ။ ဒါ‌ေၾကာင့္ သူ႔အစီအစဥ္တစ္ခုလုံးက အဓိပၸာယ္မရွိေတာ့ဘူးေလ "

က်စ္ယြီရွီက 'ဪ'ဟု အသံျပဳလာ၏ ။ သူသည္ ဘာမွတ္ခ်က္မွေပးမလာဘဲ ဆက္လက္စာဖတ္ေနေတာ့သည္ ။

ၾကည့္ရသေလာက္ သူသည္ အစီအစဥ္၏အေၾကာင္းအရာမ်ားကို လုံးလုံးနားေထာင္မေနပါေခ် ။ သူသည္ စာအုပ္ဖတ္ေနစဥ္အတြင္း ၎ကို ေနာက္ခံအသံအျဖစ္ ဖြင့္ထား႐ုံသာ ။

စုန႔္ခ်င္းလန္ : "မင္းတကယ္နားေထာင္ေနတာ မဟုတ္ဘူးလား ? "

"နားေထာင္ေနတာ " က်စ္ယြီရွီသည္ ေနာက္တစ္မ်က္ႏွာသို႔ လွန္ကာ အရင္တစ္ေခါက္ကအတိုင္း ေျပာလာသည္ ။ "အမွားေတြပါေနလဲ ကိစၥမရွိပါဘူး ။ ေနာက္ခံစကားေျပာအသံက အရမ္းေကာင္းတယ္ ။ ပါတဲ့ အေၾကာင္းအရာေတြကို လ်စ္လ်ဴရႈထားလို႔ရတယ္ "

စကၠန႔္ပိုင္းမၽွ တိတ္ဆိတ္သြားခဲ့ၿပီး ေနာက္ဆုံးတြင္ တစ္စုံတစ္ခုက မူမမွန္ေၾကာင္း က်စ္ယြီရွီ သတိထားမိသြားသည္ ။

သူသည္ စာအုပ္ကို ခ်လိုက္ရာ စုန႔္ခ်င္းလန္က သူ၏ထုတ္ခ်င္းေဖာက္ေဘာင္ကြက္အား ပိတ္ကာ ေဘးသို႔တြန္းပို႔လိုက္သည္ကို ျမင္လိုက္ရ၏ ။ စုန႔္ခ်င္းလန္က သူ႔ကို စိတ္ဝင္တစား ငုံ႔ၾကည့္လာသည္ ။ အေျခအေနက အနည္းငယ္ အႏၲရာယ္မ်ားသေယာင္ ခံစားလိုက္ရသည္ ။

စတီရီယိုထဲမွ အမ်ိဳးသားသံက ဆက္လက္ထြက္ေပၚေနၿပီး သူ႔အသံမွာ ခပ္နိမ့္နိမ့္ျဖင့္ ဆြဲေဆာင္မႈရွိလွသည္ ။

က်စ္ယြီရွီသည္ မ်က္ေတာင္အနည္းငယ္ ခတ္လိုက္ၿပီးေနာက္ လက္ကိုေျမႇာက္ကာ လွမ္းပိတ္လိုက္ေတာ့သည္ ။

စုန႔္ခ်င္းလန္ : "အႀကံေပးက်စ္....မင္းက *voice-conလား ? "

က်စ္ယြီရွီ : ".........."

『*အသံေကာင္းေကာင္းေလးေတြ ႀကိဳက္တာမ်ိဳးပါ ။ voice fetishရွိတဲ့သူ 』

စုန႔္ခ်င္းလန္က မ်က္ခုံးတစ္ဖက္ကို ျဖည္းညႇင္းစြာ ပင့္လိုက္ၿပီး သူ႔လက္ထဲရွိ စာအုပ္ကို ဆြဲယူသြားသည္ ။ သူသည္ တစ္ဖက္လူကို ပင့္မ,ကာ ေမးလာ၏ ။ "မင္း သူ႔အသံကို အဲ့ေလာက္ေတာင္ႀကိဳက္လား ? " အမွားေတြအကုန္လုံးကိုေတာင္ သည္းခံေပးနိုင္တဲ့အထိေလ ?

သူသည္ လၽွို႔ဝွက္ခ်က္ႀကီးတစ္ခုကို ရွာေဖြေတြ႕ရွိသြားသည့္အလား စုန႔္ခ်င္းလန္၏အသံက ပိုပိုနိမ့္လာကာ ရည္ရြယ္ခ်က္ရွိရွိ ဆြဲေဆာင္လာ၏ ။

က်စ္ယြီရွီသည္ အစက သိပ္မေတြးခဲ့ေသာ္လည္း ဤသို႔ အေမးခံလိုက္ရေသာအခါ အမွန္ပင္ ထိုသို႔ျဖစ္ေၾကာင္း သူ႐ုတ္တရက္ နားလည္သြားေတာ့သည္ ။ သိလိုက္ရသည့္ အသိအသစ္က သူ႔ကို အနည္းငယ္ ရွက္ရြံ့သြားေစၿပီး အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ ေလထုအေနအထားမွာ မေရမရာျဖစ္သြားေတာ့သည္ ။

သူ႔အက်င့္စရိုက္က ေအးစက္ကာ သီးျခားဆန္ၿပီး အမ်ားအားျဖင့္လည္း ဘာကမၽွ သူ႔ကို မသက္ေရာက္ဟန္ပင္ ။

သို႔ေသာ္ စုန႔္ခ်င္းလန္က အနည္းငယ္ပို၍ ထဲထဲဝင္ဝင္ ရွာေဖြလိုက္သည္ႏွင့္ သူ႔အခြံေအာက္တြင္ ဖုံးကြယ္ထားေသာ အံ့အားသင့္ဖြယ္ လၽွို႔ဝွက္ခ်က္မ်ိဳးစုံကို သူ ရွာေတြ႕ရသည္သာ ။

က်စ္ယြီရွီ : "........."

စုန႔္ခ်င္းလန္က တစ္စုံတစ္ခုကို စဥ္းစားမိသြားသည္ ။ သူသည္ က်စ္ယြီရွီ ႏွာဖ်ားကို ဆြဲညႇစ္လိုက္ကာ ခပ္ၾကမ္းၾကမ္းေမးလာခဲ့သည္ ။ "တပ္ဖြဲ႕ ၉ က ေလေပါတဲ့ေကာင္ ။ ဟိုေန႔က မင္းသူနဲ႔ အၾကာႀကီး သည္းခံၿပီးဖုန္း‌ေျပာနိုင္တာ ၊ သူ႔မွာ အသံေကာင္းေကာင္းရွိလို႔လား ? "

က်စ္ယြီရွီ ေတြးၾကည့္လိုက္၏ ။ အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ သူလက္ပူးလက္ၾကပ္မိသြားသည့္ႏွယ္ ခံစားလိုက္ရသည္ ။ ".......အဆင္ေျပပါတယ္ "

အရပ္ ၁.၉မီတာျမင့္ေသာ ေခါင္းေဆာင္စုန႔္ တစ္‌ေယာက္ သဝန္တိုေနေတာ့သည္ ။ သူသည္ အိမ္ရွိေၾကာင္မ်ားထက္ပင္ တြယ္ကပ္တတ္ေသး၏ ။ သူသည္ က်စ္ယြီရွီခါးကို ဆြဲညႇစ္ကာ ေမးလိုက္သည္ ။ "တကယ္လို႔ တစ္ေန႔မွာ အသံအေတာ္ေကာင္းတဲ့လူတစ္ေယာက္ ေပၚလာရင္ မင္းသူ ျဖားေယာင္းတာနဲ႔ ပါသြားမွာလား ? "

က်စ္ယြီရွီက အေလးအနက္ေျဖလာသည္ ။ "မျဖစ္နိုင္ဘူး "

စုန႔္ခ်င္းလန္က မယုံၾကည္ေၾကာင္းျပရန္ ေအးစက္စက္ ေလွာင္ရယ္လိုက္သည္ ။

ေတြးေတာၾကည့္ရန္ ခက္ခဲေသာ္လည္း သူသည္ လက္ရွိ မနာလိုဝန္တိုမႈမ်ားျဖင့္ ေလာင္ၿမိဳက္ေနသည္ ။ က်စ္ယြီရွီတြင္ သူငယ္ခ်င္းအနည္းငယ္သာ ရွိၿပီး သူ႔အက်င့္စရိုက္က အင္ထရိုဗက္ဆန္သည္ ။ ဤသည္က သူအခုလို ခံစားေနရသည့္ ပထမဆုံးအႀကိမ္ပင္ ။

ၿပီးေတာ့လည္း အသံအနည္းငယ္ေၾကာင့္ ျဖစ္ေနသည္ ။

"ခင္ဗ်ားထက္ ပိုေကာင္းတဲ့အသံ ဘယ္သူ႔မွာမွ မရွိဘူး ။ အဲ့လိုသာမဟုတ္ရင္ ကၽြန္ေတာ္ အစက ခင္ဗ်ားကို သည္းခံနိုင္ခဲ့မွာေတာင္ မဟုတ္ဘူး "

က်စ္ယြီရွီက ထိုသို႔ ေျပာလာၿပီးေနာက္ သူ႔စာအုပ္ကို ေကာက္ကာ ထြက္သြားေတာ့သည္ ။

စုန႔္ခ်င္းလန္သည္ စကၠန႔္ေပါင္းမ်ားစြာ ေၾကာင္အမ္းေနလ်က္ ။ သူ႐ုတ္တရက္ ရယ္လိုက္ေလ၏ ။ "အဲ့ေတာ့ ငါ့အသံေၾကာင့္ ငါ့အေပၚထားတဲ့ မင္းရဲ့ သည္းခံမႈေတြ တိုးလာတယ္လား ? "

သူသည္ ေနာက္မွလိုက္သြားကာ က်စ္ယြီရွီေနာက္မွ လိုက္ေနေတာ့သည္ ။ " 'အစ'ဆိုတာဘယ္တုန္းကလဲ ? ငါတို႔ကို ဌာနမႉးဝမ္ မိတ္ဆက္ေပးတုန္းကလား ? "

က်စ္ယြီရွီက စာၾကည့္ခန္းထဲသို႔ ဝင္လိုက္သည္ ။ သူသည္ ေနာက္ထပ္စာအုပ္ယူမည့္ဟန္လုပ္ေနသည့္တိုင္ သူ၏နီရဲ‌ေနေသာနားရြက္မ်ားက‌ေတာ့ သစၥာေဖာက္ေန၏ ။ "အဲ့လိုေပါ့ "

စုန႔္ခ်င္းလန္သည္ စာအုပ္စင္၌ သူ႔ကိုလြယ္လင့္တကူ ပိတ္ဆို႔ထားလိုက္သည္ ။ သူ႔နားရြက္ဖ်ားမ်ားကို အေနာက္မွ ကိုက္ကာ ခပ္ဟဟရယ္လိုက္၏ ။ "ငါေတာ့မထင္ဘူး ။ မင္းလိမ္ေနျပန္ၿပီ "

ရင္းႏွီးေနေသာအသံက သူ႔နားထဲ ပဲ့တင္ထပ္သြားသည္ ။ ထိုအသံက သူ႔နားရြက္မ်ားကို အလြန္အမင္း ပူျပင္းလာေစ၏ ။ က်စ္ယြီရွီသည္ အကိုက္ခံလိုက္ရသျဖင့္ အနည္းငယ္ တုန္ယင္သြားသည္ ။

က်စ္ယြီရွီ၏စကားလုံးမ်ားထဲတြင္ အမွန္တရားအခ်ိဳ႕ပါရွိေၾကာင္း သူတို႔ႏွစ္ေယာက္လုံး ေကာင္းေကာင္းသိေနၿပီး စုန႔္ခ်င္းလန္အသံကို သူအထူးတလည္ ႀကိဳက္ႏွစ္သက္သည္မွာ အမွန္တရားပင္ ။ သူတို႔ လုံးေထြးယွက္ႏြယ္ၾကခ်ိန္တိုင္း စုန႔္ခ်င္းလန္က သူ႔နာမည္ကို ေခၚလိုက္သည္ႏွင့္ သူအထြတ္အထိပ္သို႔ ေရာက္သြားျမဲျဖစ္သည္ ။

" အားလုံးအသင့္ျပင္ထား ၊ ထ်န္းခ်ဳံတပ္ဖြဲ႕  ၇ ၊ ၁၃ခုေျမာက္ Aအဆင့္မစ္ရွင္ ၊ ထြက္ခြာမယ္ !"

ထိုအသံက သူ႔စိတ္အာ႐ုံထဲ ပထမဆုံးအႀကိမ္အျဖစ္ တိုးဝင္လာၿပီး က်စ္ယြီရွီ၏ အၾကားအာ႐ုံေၾကာမ်ားကို အတိအက်ထုံထိုင္းသြားေစသည့္ အလယ္အလတ္ဩရွေသာ အသံပင္ ။

ထိုအခ်ိန္မွစ၍ စုန႔္ခ်င္းလန္၏ ပုံပန္းသြင္ျပင္မွ သူ႔အသံအထိ အရာအားလုံးက သူလ်စ္လ်ဴရႈမထားနိုင္သည့္ ျဖစ္တည္မႈတစ္ခုျဖစ္လာသည္ ။

"ခင္ဗ်ားရဲ့အသံကို အမ်ားပိုင္ခ်န္နယ္ကေန ပထမဆုံးၾကားလိုက္ရတုန္းက "

က်စ္ယြီရွီသည္ စာအုပ္စင္ကို မ်က္ႏွာမူလ်က္ မ်က္လုံးမ်ားကို ပိတ္ကာ စုန႔္ခ်င္းလန္ကို သူ႔လၽွို႔ဝွက္ခ်က္အေၾကာင္းေျပာျပရန္ ဆုံးျဖတ္လိုက္ေတာ့သည္ ။

"အမ်ားပိုင္ခ်န္နယ္ ? " စုန႔္ခ်င္းသည္ အလြန္ေက်နပ္သြားပုံပင္ ။ "ဒါဆို အႀကံေပးက်စ္...မင္းရဲ့စိတ္ထဲ ငါ့ကိုပထမဆုံးၾကားလိုက္ရတုန္းက မင္းဘယ္လိုခံစားခဲ့ရလဲ ေျပာျပပါလား ? "

က်စ္ယြီရွီ စာအုပ္ကို ျပန္ထားလိုက္သည္ ။

သူသည္ ေနာက္လွည့္ကာ စုန႔္ခ်င္းလန္ကို ၾကည့္လာ၏ ။ အမ်ိဳးသားတစ္ေယာက္၏ အနိုင္ရလိုေသာဆႏၵက သူ႔၏မ်က္လုံးလွလွေလးမ်ားထဲ ပုန္းကြယ္ေနလ်က္ " ခင္ဗ်ားက နည္းနည္းစိတ္ရႈပ္စရာေကာင္းေပမဲ့ ကၽြန္ေတာ္ စိတ္ရွည္ရွည္နဲ႔ သည္းခံနိုင္ပါေသးတယ္လို႔ ေတြးခဲ့တာ "

စုန႔္ခ်င္းလန္၏ ေတာက္ပေသာမ်က္ဝန္းနက္မ်ားကလည္း သူ႔ကိုၾကည့္ေနသည္ ။ ႏွစ္ေယာက္လုံး စကားမဆိုၾက ။

သူတို႔ႏွစ္ေယာက္လုံး သိေနၾကသည္ ။ ထိုခံစားခ်က္က သူ႔ႏွလုံးသား ပထမဆုံးအႀကိမ္အျဖစ္ လႈပ္ခတ္သြားေသာအခ်ိန္ ျဖစ္ေလာက္သည္ေပ ။

•°•°•

Continue Reading

You'll Also Like

33.8K 4K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
72.1K 9.2K 40
Unicode Ver နဥ္ရႈေသဆုံးခဲ့ရသည္။ ဒါပင္မယ့္ သူမရဲ႕ ေကာင္းမြန္တဲ့ ကံတရားေၾကာင့္ Task-taker တစ္ေယာက္ျဖစ္လာၿပီး သနားစရာေကာင္းလွသည့္ အပိုအရႈပ္နယ္႐ုပ္ဇာတ္ေက...
493K 44.8K 120
​စက္​ပညာတိုးတက္​​ေခတ္​မွီလာ​ေသာအခ်ိန္​တစ္​ခု.... လူသားမ်ားကိုယ္​တိုင္​ဝင္​​ေရာက္​ကစားႏိုင္​​ေသာsystemႀကီးဟာထိုအခ်ိန္​အခါက​ေ​က်ာ္​ၾကား​ေလတယ္​.... သို႔...
133K 12.1K 47
ဒါကUnicodeမရခဲ့တဲ့အပိုင္​း​ေတြအတြက္​ျပန္​​ေရး​ေပးတာပါဒီထဲမွာunicodeပဲပါမွာမယ္​အစကဟိုအထဲမွာပဲတင္​​ေပးဖို႔ဒါ​ေပမဲ့လဲအခုဖတ္​​ေနတဲ့သူ​ေတြကရ​ေရာကုန္​မွာဆိ...