Chapter (929)(စာစဉ်၆၇- အပိုင်း၅)
"မင်း အရူးမလုပ်နဲ့"
(မင်းငါ့ကို စကားပြောနေတယ်ဆိုတာ ငါသိတယ်)
(ဒါပေမယ့် မင်းဘာပြောနေလဲ ဆိုတာကိုတော့ ငါမသိဘူး . . .)
(ငါက ဘာဂရုစိုက်နေရဦးမှာလဲ၊ ဘယ်လို ဖြစ်နေ ဖြစ်နေ ငါကမင်းကို သတ်မှာပဲလေ . . .)
ရွှေလင်းယုန်ကြီးက ရုတ်တရက် ရဲရှောင်ရှိရာထံ တဟုန်ထိုး ပျံသန်းလာသည်။
ရဲရှောင်လည်း ဘေးသို့ ခပ်မြန်မြန် ရှောင်တိမ်း လိုက်သည်။
"ရွှစ် . . ."
သို့သော် ဝတ်ရုံမှာမူ စုတ်ပြဲသွားသည်။
ရဲရှောင်က လက်ကို ဝေ့ယမ်းလိုက်ပြီး -
"လင်းယုန်ကြီး . . ."
"မင်းက လင်းယုန် ဘုရင် မဟုတ်လား . . ."
"ငါပြောတဲ့ စကားကို နားမလည်ဘူးလား . . ."
လင်းယုန်ကြီးမှာမူ တုန့်ဆိုင်းခြင်း မရှိဘဲ ရဲရှောင် ကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
"ရွှစ် . . ."
ရဲရှောင်ကလည်း ထပ်မံ ရှောင်တိမ်းပြန်သည်။
ယခုအခါ သူ၏ အတွင်းခံဘောင်းဘီ စုတ်ပြဲသွား သည်။
"လင်းယုန်ကြီး . . ."
"ငါစကားပြောနေတာကို မင်းမသိဘူးလား . . ."
"မင်းသိသင့်တယ် ထင်တယ် . . ."
ရဲရှောင် စိတ်ဓာတ်ကျလာသည်။
လင်းယုန်ကြီးနှင့် ဆက်သွယ်မှု မရနိုင်၍ သူ့အဖို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။
ယခုဘဝတွင် သူနောက်တစ်ကြိမ် ထပ်မံ သေဆုံးရ ပါမည်လော။
ရွှေလင်းယုန်ကြီးမှာ သူ့ကို နောက်တစ်ကြိမ် ထပ် တိုက်ခိုက်လာပြန်သည်။
သို့သော် အားတော့ သိပ်မပါတော့ချေ။
ထိုအချက်ကို ရဲရှောင် ကောင်းစွာ ခံစားမိသည်။
ထို့ကြောင့် အသာအယာပင် ရှောင်တိမ်းလိုက်နိုင် ပြီး ထိခိုက်မှုလည်း မရှိလိုက်ပေ။
ရဲရှောင် စိတ်ထဲ နားမလည်နိုင် ဖြစ်သွားသည်။
(ဘာလို့များလဲ . . .)
(ဘာလို့ လင်းယုန်ကြီးက ငါ့ကို အားသိပ်မသုံးရ တော့တာလဲ . . .)
စင်စစ် လင်းယုန်ကြီးက လူသားများကို တိုက်ခိုက် ရန် စိတ်မဝင်စား။
ဒေါသထွက်နေခြင်းသာ ဖြစ်သည်။
ထို့ပြင် လူသားများ၏ အသားကို စားဖူးသည့်တိုင် သူမနှစ်မြို့။
လူသားများ၏ အသားကို ချဉ်သည်ဟုသာ လက်ခံ ထားသည်။
အချို့သော လူသားများဆိုလျှင် စက်ဆုပ်ဖွယ်ပင် ကောင်းပါသေးသည်။
တစ်နေ့တွင် လင်းယုန်ကြီးက လူတစ်ဦးကို ဖမ်း၍ စားရန် ကြံရွယ်ခဲ့သည်။
ထိုစဉ်မှာပင် ထိုလူက မစင်များ ထွက်ကျလာ၍ လင်းယုန်ကြီးအဖို့ ဆက်မစားနိုင်အောင် ဖြစ်ခဲ့ရသည်။
ထို့ကြောင့် လူသားများက စားသုံးရန် မသင့်သော အသားများဟု သတ်မှတ်ခဲ့သည်။
အကယ်၍ ရဲရှောင်သာ ထိုအချက်ကို သိသွားပါက ပျော်ရွှင်သွားနိုင်သည်။
ထို့ပြင် သူ၏ ပါးစပ်မှလည်း -
"ငါကညစ်ပတ်တဲ့ လူတစ်ယောက် . . ."
"ငါ့ကို စားရင် ချီးပါချမှာ . . ."
ထိုသို့သာ အော်ဟစ်မိမည်မှာ အသေအချာပင်။
လင်းယုန်ကြီး စားနေစဉ် မစင်ထွက်ကျခဲ့သည့် လူ ကိုလည်း သူ့အဖို့ ကျေးဇူးတင်နေမိမည်။
အနည်းဆုံးမူ ထိုလူအတွက် အမွှေးတိုင်များ ထွန်းညှိပြီး -
"ခင်ဗျားနဲ့ ခင်ဗျားချီးက ကျုပ်ဘဝကို ကယ်တင် ပေးခဲ့တာ . . ."
ထိုသို့ပင် ဆုတောင်းပေးဖြစ်နိုင်သည်။
ရဲရှောင်က လင်းယုန်ကြီး၏ တိုက်ခိုက်မှုကို ၄ကြိမ် ၅ကြိမ်ခန့် ရှောင်တိမ်းနိုင်ခဲ့သည်။
ထို့ကြောင့် လင်းယုန်ကြီးမှာ ပိုပို၍ ဒေါသထွက် လာသည်။
ထိုနေရာ တစ်ဝိုက်တွင်လည်း သတ်ဖြတ်လိုသော ချီဓာတ်များက ပိုပြင်းထန်လာသည်။
(ငါက ညင်ညင်သာသာ ပြောနေတာကို ဘာလို့ ငါ့ကို ဒီလို တိုက်ခိုက်နေတာလဲ . . .)
ရဲရှောင် တွေးလိုက်မိသည်။
လင်းယုန်ကြီးမှာလည်း -
(ဘာလို့ ရှောင်တိမ်းနေတာလဲ . . .)
(ကောင်းပြီ မင်းဘယ်လောက် ရှောင်တိမ်းနိုင်မလဲ ကြည့်ရသေးတာပေါ့ . . .)
လင်းယုန်ကြီး၏ တိုက်ခိုက်မှုက ပိုမို ပြင်းထန်လာ သည်ကို ရဲရှောင် သဘောပေါက်သွားသည်။
အခြေအနေများက ပိုပို၍ပင် ဆိုးရွားလာပါတော့ သည်။
ထို့ကြောင့် သူ့ဝတ်ရုံအတွင်းမှ တစ်စုံတစ်ခုကို ခပ်မြန်မြန်ပင် ထုတ်လိုက်သည်။
"လင်းယုန်ကြီးရေ . . ."
"ဒါကို မင်းစားချင်လား . . ."
ရဲရှောင် ချွေးပြန်နေချေပြီ။
ယခုအခြေအနေက သူ၏ နောက်ဆုံး အခွင့်အရေး ပါပင်။
အကယ်၍ လင်းယုန်ကြီးသာ စိတ်မဝင်စားပါက ရဲရှောင်အဖို့ သေချာပေါက်ပင် သေရနိုင်သည်။
သူ၏ လက်ထဲတွင်မူ အနီရောင် အလုံးလေး တစ်လုံး ရှိနေသည်။
ထိုအလုံးလေးထံမှ အလင်းရောင် အချို့လည်း ထွက်ပေါ်နေသေးသည်။
ရဲရှောင်၏ လက်ထဲရှိ အလုံးလေးကား မည်သည့် အရာပါနည်း။
မြွေများဖြင့် အားဟူ လုပ်ပေးထားသည့် သွေးလုံး တစ်လုံးပါပင်။
ထိုအချိန် လင်းယုန်ကြီးမှာ ပါးစပ်ကို ဟ၍ ရဲရှောင် ရှိရာထံ တဟုန်ထိုး ပြေးလာပြန်သည်။
၎င်းပြေးလာရာ လမ်းတစ်လျှောက်မှာ နှင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။
မည်မျှထိ အရှိန်အဝါ ပြင်းထန်သော လင်းယုန်ကြီး ပါနည်း။
"ဘုရား ဘုရား . . ."
ထိုမြင်ကွင်းကို ရဲရှောင် ကြည့်ပြီး ထိတ်လန့်သွား သည်။
သူ့အဖို့ ခြေမကိုင်မိ လက်မကိုင်မိပင် ဖြစ်နေတော့ သည်။
လင်းယုန်ကြီးမှာ ယခင်ထက် ပို၍ပင် ကြမ်းတမ်း လာနေသည် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင် တွေဝေမနေဘဲ အလျင်အမြန် ပင် ထွက်ပြေးလိုက်ရသည်။
(ငါအောက်ကို ပြန်ဆင်းပြီး လိဝူလျန်ဆီ သွားတာ ကောင်းမယ် ထင်တယ် . . .)
(နောက်ရက် နည်းနည်းကြာမှပဲ ငါပြန်ဖို့ စဉ်းစား တာ ကောင်းလိမ့်မယ် . . .)
(အဲဒီအချိန်ထိ လင်းယုန်ကြီးက ငါ့ကို စောင့်မနေ လောက်ဘူးထင်တယ် . . .)
(ငါဒီနေ့တော့ ဒီမှာ နေလို့ မဖြစ်တော့ဘူး . . .)
ထိုစဉ် အမှောင်ထုက ရုတ်တရက် ကြီးစိုးသွားပြန် သည်။
လင်းယုန်ကြီးက ရဲရှောင် ရှိရာထံ ထိုးဆင်းလာ ခြင်းပင် ဖြစ်သည်။
ထို့နောက် ရဲရှောင် ရှေ့ရှိ လမ်းကို ပိတ်၍ ရပ်တန့် လိုက်သည်။
၎င်း၏ ကြီးမားသော မျက်လုံးကြီးများဖြင့် ရဲရှောင် ကို စိုက်ကြည့်နေပြီး တောင်ပံကြီးများကိုလည်း ရုတ် သိမ်းလိုက်သည်။
ကြီးမားသော ခြေထောက်ကြီး များကလည်း ကျောက်တုံးကြီးပေါ်တွင် တင်ထားသည်။
ထိုအနေအထားကြောင့် လင်းယုန်ကြီးက ယခင် ထက် ပိုကြီးမားသွားသယောင်ပါပင်။
ထို့ပြင် လင်းယုန်ကြီး၏ အကြည့်များက ထူးခြား နေသည်။
ရဲရှောင်ကို အရသာရှိသော စားစရာ တစ်ခု အဖြစ် စိုက်ကြည့်နေခြင်း ဖြစ်သည်။
ရဲရှောင် သက်ပြင်းချလိုက်မိသည်။
သူ့အဖို့ ပြေးစရာလမ်းဟူ၍ မရှိတော့ပါ။
လင်းယုန်ကြီး၏ လှုပ်ရှားမှုက မြန်ဆန်လွန်းသည်။
ယခင်ဘဝ အခြေအနေမျိုးဖြင့်ပင် လင်းယုန်ကြီး ၏ အရှိန်အဟုန်ကို လိုက်မီရန်က မဖြစ်နိုင်။
လက်ရှိအခြေအနေဖြင့် ဆိုပါက ပို၍ပင် ဆိုးနေပါ သေးသည်။
ယခုကဲ့သို့ အရှိန်အဝါ ပြင်းလှသော လင်းယုန်ကြီး ကို ရှောင်ဧကရာဇ်ဘဝတွင် မမြင်ဖူးခဲ့ခြင်းမှာ အံ့ဩ စရာ ကောင်းလွန်းနေသည်။
"ငါအေးအေးဆေးဆေး ဖြစ်နေပြီဆို ဒုက္ခတွေက အမြဲတမ်းကို ရောက်လာတော့တာပဲ . . ."
ရဲရှောင် သက်ပြင်းချရင်း ရေရွတ်လိုက်မိသည်။
"ငါက အဲဒီလောက်တောင် ကံဆိုးနေပြီလား . . ."
"ငါ့ဘဝက ဒီလိုဖြစ်ဖို့ ကံကို ပါနေတာလား . . ."
လင်းယုန်ကြီးမှာမူ တုတ်တုတ်မလှုပ်။
ရဲရှောင်ကိုသာ စိုက်ကြည့်နေသည်။
စင်စစ် ရဲရှောင် လက်ထဲရှိ အရာကို စိုက်ကြည့်နေ ခြင်းပါပင်။
"အေးလေ ဟုတ်သား . . ."
"ငါကလည်း ဘာကို စောင့်နေတာပါလိမ့် . . ."
ရဲရှောင်လည်း အံ့ဩသွားပြီး သူ့ကိုယ်သူ အပြစ် တင်လိုက်မိသည်။
ထိုစဉ် လင်းယုန်ကြီးက တောင်ပံတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်တစ်ဖက်ဖြင့် ခန္ဓာကိုယ်ကို ကုတ်နေသည်။
ပျင်းရိငြီးငွေ့နေသည့် ပုံပင်။
လင်းယုန်ကြီးက လူသားတစ်ယောက်သဖွယ် ပြုမူ နေ၍ ရဲရှောင် အံ့ဩသွားသည်။
(ဒါဘယ်လို ကောင်ကြီးလဲ . . .)
(စကားတော့ မပြောပေမယ့် လူတစ်ယောက်လို ပြုမူနေတာပါလား . . .)
(ငါ့ကို စောနကပဲ သတ်ဖို့ ကြံစည်တယ် . . .)
(အခုကျ ဘာမှ မလုပ်ပြန်ဘူး . . .)
(ငါ့ကို လာစနေတာများလား . . .)
(ငါသေတဲ့အထိ စနေမယ် ထင်တယ် . . .)
လင်းယုန်ကြီးက ခေါင်းအနည်းငယ် စောင်းကာ ရဲရှောင်ကို ကြည့်နေသည်။
တဖြည်းဖြည်းဖြင့် စိတ်တိုလာပုံလည်း ပေါ်သည်။
ထို့နောက် ၎င်း၏ တောင်ပံနှစ်ဖက်ကို အစွမ်းကုန် ဆန့်ထုတ် လိုက်ပြန်သည်။
လင်းယုန်ကြီး၏ အပြုအမူကို ရဲရှောင် နားမလည် နိုင်ဖြစ်နေသည်။
(ဘာဖြစ်တာလဲ . . .)
(လင်းယုန်ကြီးက ဘာဖြစ်နေတာပါလိမ့် . . .)
ရဲရှောင် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
သူပြောလည်း လင်းယုန်ကြီးက နားမလည်သည် ကို သိနေသည် မဟုတ်ပါလား။
လင်းယုန်ကြီးမှာမူ ပိုပို၍ စိတ်တိုလာနေချေပြီ။
ထို့နောက် ရဲရှောင် ရှိရာသို့ ခြေလှမ်းကျဲကြီးများ ဖြင့် လျှောက်လှမ်းလာသည်။
ရဲရှောင်မှာမူ ကြောင်ငေးနေမိတုန်းပါပင်။
(ဘာလဲ . . .)
(ဒီကောင်ကြီးက ငါ့ကို လိုချင်နေတာ မဟုတ်ဘူး လား၊ ငါ့လက်ကိုပဲ လိုချင်နေတာများလား . . .)
(သွားပြီ ငါကတော့ လက်တစ်ဖက်ပြတ် နေတဲ့ ရှောင်ဧကရာဇ်ဆိုပြီး ဖြစ်သွားတော့မှာပဲ . . .)
(သူရဲကောင်းတွေ အားလုံးကို ရယ်မောမယ်တဲ့ ဟုတ်လား . . .)
(ဒီပုံစံအတိုင်းဆို ငါကပဲ ရယ်မောခံရတော့မယ် ထင်တယ် . . .)
သို့သော် လင်းယုန်ကြီး သူ့အနား ရောက်လာချိန် တွင်မူ ထင်ထားသလို ညာဘက်လက်ကို နာကျင် အောင် မလုပ်ခဲ့ပေ။
လက်ကို ထိရုံသာ ထိသွားခြင်းပင်။
စင်စစ် လင်းယုန်ကြီးက သူ့လက်ထဲရှိ တစ်စုံတစ်ခု ကို ရှာဖွေနေခြင်း ဖြစ်သည်။
(တော်တော် ဆိုးတဲ့ လူပဲ . . .)
(မင်းက လင်းယုန်စကားလည်း မပြောတတ်ဘူး)
(အခုကျ အရူးတစ်ယောက်လို လုပ်နေပြန်ပြီ . . .)
လင်းယုန်ကြီးမှ စိတ်ပျက်လက်ပျက်ဖြင့်ပင် တွေး လိုက်မိပါတော့သည်။
#translator
#ကြွေရွက်ဝါ
"မင်း အရူးမလုပ်နဲ့"
"ရွှစ် . . ."
"လင်းယုန်ကြီး . . ."
"ရွှစ် . . ."
"လင်းယုန်ကြီး . . ."
"ခဏနစေမျးပါဦး . . ."
"မင်းသိသင့်တယ် ထင်တယ် . . ."
(ဘာလို့များလဲ . . .)
လင်းယုန်ကြီးမှာလည်း -
"လင်းယုန်ကြီးရေ . . ."
"ဒါကို မင်းစားချင်လား . . ."
"ဘုရား ဘုရား . . ."
"အေးလေ ဟုတ်သား . . ."
(ဒါဘယ်လို ကောင်ကြီးလဲ . . .)
(ဘာဖြစ်တာလဲ . . .)
(ဘာလဲ . . .)
(တော်တော် ဆိုးတဲ့ လူပဲ . . .)
#translator
#ကြွေရွက်ဝါ