မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မ...

بواسطة Ssinlet_aeri

598K 105K 11.1K

Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3... المزيد

Description
အပိုင်း(၁)နိဒါန်း
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)Ouroboros
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)ပြောင်းရွှေ့စခန်း
အပိုင်း(၂၇)ပရမ်းပတာ
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉) ငါဘယ်သူလဲ
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)ပြောင်းရွှေ့စခန်း
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)ရောင်စုံကုဗတုံး
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း
အပိုင်း(၉၄)
အပိုင်း(၉၅)အလျှံအပယ်
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၉)
အပိုင်း(၁၀၀)လင်းလက်တောက်ပသော အချိန်များ
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄) အချပ်ပို
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)

အပိုင်း(၉၈)

3.4K 734 70
بواسطة Ssinlet_aeri

『Unicode』

《အံ့ဖွယ်》

နှစ်ယောက်သားသည် အနမ်းတွင် အင်မတန် နစ်မွန်းနေခဲ့သည်ဖြစ်ရာ အခြားလူတစ်ယောက်လုံး အခန်းထဲ ဝင်လာသည်ကိုပင် သတိမထားမိခဲ့ ။ ပုံမှန် သတိကြီးသည့် စုန့်ချင်းလန်သည်ပင် လုံးလုံး သတိမမူမိချေ ။

သူ့မျက်စိရှေ့ရှိ ကျစ်ယွီရှီက သူဘာလုပ်နေသည်ထင်သွားမှန်း ပြောစရာမလိုဘဲနှင့်တောင် စုန့်ချင်းလန် ခန့်မှန်းနိုင်သည် ။ ဦးစွာပထမ သူသည် တစ်ဖက်လူကို တွန်းကာ ဘာတစ်ခွန်းမျှမဆိုဘဲ နံရံတွင် ဖိကပ်ထားပြီးနောက် တစ်ဖက်လူ၏လက်မောင်းကို ဖမ်းချုပ်လျက် မလှုပ်နိုင်အောင်တားထားပြီး နောက်ဆုံး နှုတ်ခမ်းများထံ ဦးတည်သည် ။ သူ၏ အနှီယုတ်မာကောက်ကျစ်သည့် လုပ်ရပ်အား အခြားသူများမြင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်၏ ၊ သူက တစ်ဖက်လူကို အခန်းထဲသို့ပင် တွန်းထည့်လိုက်သေးသည် ။ အတင်းအကျပ်နမ်းရှိုက်လာပြီး ကိုယ်ထိလက်ရောက်ကျူးလွန်လာရုံသာမက တစ်ဖက်လူကို မျက်ရည်ဝဲကာ နာနာကျင်ကျင် အော်ငိုမိသည်အထိ အနိုင်ကျင့်နေခြင်း..........ဤစက်ဝန်းစတင်ကတည်းက တစ်ခုခုက မူမမှန်ကြောင်း သတိထားမိပြီး  သူအမှားလုပ်မိလားဟု မေးခဲ့သည့်အချက်ကိုပါ ထည့်တွက်လိုက်ပါလျှင် .....အတိုချုံးပြောပါက စကားလုံး သုံးလုံးသာ : 'လူမိုက်လုပ်'နေခြင်း ။

ဤမေးခွန်းကို မေးလိုက်ပြီးနောက်မှ သူသည် 'စတီးလိုဖြောင့်သည့် ဂေးမုန်းတီးသူ 'ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသေးဆဲဖြစ်ကြောင်း ကောင်းကောင်းသိသွားသော စုန့်ချင်းလန်တစ်ယောက် စကားမပြောနိုင်တော့ချေ ။ "ထားလိုက်တော့ ။ ငါရှင်းပြရင်တောင် မင်းငါ့ကို ယုံမယ်မထင်ဘူး "

ကျစ်ယွီရှီ၏ အမူအရာမှာ ယခင်အတိုင်း အေးစက်နေဆဲ ။ "ဪ? မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ ? "

ထိုစကားလုံးများမှာ ကျိုးကြောင်းဆီလျော်ပုံပင် ။ သို့သည့်တိုင် ကျစ်ယွီရှီ မျက်နှာထက်ရှိ အမူအရာမှာတော့ 'မယုံကြည်'ဟု သိသိသာသာကို ဖော်ပြနေပြီး သတိပေးသည့်အကြည့်တစ်ခုလည်းရှိနေ၏ ။

ဤသည်က လုံးဝကို အဓိပ္ပာယ်မရှိပေ ။ သူ့ရှေ့ရှိ ကျစ်ယွီရှီက သူ့ကို‌ယုံကြည်လာအောင် သူဘာပြောသင့်သည်လဲ ? သို့သော်ငြား လက်ရှိတိုးတက်မှုအကြောင်း စုန့်ချင်းလန် တွေးမိသွားသောအခါ သူ့နှလုံးသားက စိတ်အေးသွားတော့သည် ။ အနည်းဆုံးတော့ ကျစ်ယွီရှီက ဤမစ်ရှင်တွင် တကယ်ရှိနေကြောင်း သူအတည်ပြုနိုင်သွားခဲ့သည် ။ သူတို့၏စက်ဝန်းများက မတူညီလျှင်တောင် သူတို့၏မူလအ‌ချိန်နှင့်အာကာသသို့ အတူတူပြန်သွားနိုင်သေးသည် ။

စုန့်ချင်းလန်သည် နေရခက်သော တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည် ။ သူသည် တွေဝေတုန့်ဆိုင်းမှုတစ်စုံတစ်ရာမရှိဘဲ ပြောလာခဲ့သည် ။ "ငါက အနာဂတ်ကလာတာ "

ကျစ်ယွီရှီ၏အမူအရာမှာ ပြောင်းလဲမသွားချေ ။ သူ 'ပေါက်ကရ' ဆက်ပြောလာမည်ကို စောင့်ဆိုင်းနေ၏ ။

"ခုနက မင်းတွေ့လိုက်တဲ့မင်းကလဲ အနာဂတ်ကပဲ " စုန့်ချင်းလန်က အနည်းငယ် ဂုဏ်ယူနေပုံပင် ။ "ငါတို့က အနာဂတ်မှာ စုံတွဲတွေလေ ။ ပြောချင်တာက ငါကွေးသွားရုံတင်မကဘူး ၊ မင်းရဲ့ချစ်သူကောင်လေးလဲ ဖြစ်သွားတယ် "

ကျစ်ယွီရှီ : "............"

စုန့်ချင်းလန်က အနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားကာ သူ့ကိုငုံ့ကြည့်လာ၏ ။ "အဲ့လောက်ထိလဲ မယုံမကြည်ဖြစ်မနေပါနဲ့ ။ မင်းအခုမြင်နေတဲ့ငါက တကယ်တော့နောက်ထပ်ငါဖြစ်ပြီး မင်းခုနက မြင်လိုက်တဲ့မင်းကလဲ နောက်ထပ်မင်းပဲ ။ ထူးခြားတဲ့ အကြောင်းရင်းတစ်ချို့ကြောင့် ငါတို့က ကွဲသွားပြီး ပြန်ဆုံနိုင်ဖို့ ဒီမစ်ရှင်ထဲ အတင်းပို့ခံလိုက်ရတာ ။ ကူးပြောင်းတဲ့အမှတ်က တူနေပြီး မတိုင်ခင်တွေ ပြီးတဲ့နောက်တွေနဲ့ မဆိုင်လို့ ထင်ပါရဲ့ ၊ ငါတို့ကို ဒီမစ်ရှင်ထဲက မတူတဲ့စက်ဝန်းတွေထဲ မှားထည့်လိုက်တာ ။ မင်းခုနက မြင်လိုက်တာက နောက်ဆုံး ပြန်ဆုံရလို့ တအားစိတ်လှုပ်ရှားသွားတဲ့ရလဒ်ပါ ။ ဆိုရိုးရှိတယ်လေ ၊ မရှိတော့တာက နှလုံးသားကို ပိုနက်ရှိုင်းသွားစေတယ်ဆိုတာ "

ကျစ်ယွီရှီက နောက်ဆုံးတွင်တော့ ထိတ်လန့်သွားပုံပင် ။ အချိန်တစ်ခုစာ တိတ်ဆိတ်နေပြီးနောက်တွင် သူမေးလာ၏ ။ "ဘယ်အနာဂတ်လဲ ? "

စုန့်ချင်းလန် : " ဇွန် ၂၅ ၊ ၁၄၅၆ "

ကျစ်ယွီရှီ : "........" ဟုတ်ပါပြီ ၊ ဆက်ပြီး ဇာတ်လမ်းထွင်နေလိုက်အုံး ။

အကြောင်းပြချက်ရှိသလို သက်သေသာဓကလည်း ရှိနေသည် ။ စုန့်ချင်းလန်က သူ့စကားများကို ယုံတော့မည်ဟု ခံစားလိုက်ရပြီး တည်ငြိမ်စွာ ပြောလာခဲ့သည် ။ "တစ်လလောက်ပဲ ကြာသွားသလို ငါတို့ရဲ့ ဆက်ဆံရေးက ဒီလောက်မြန်မြန်ကြီး တိုးတက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါသိပေမဲ့ တကယ်က အဲ့လိုမဟုတ်ဘူး ။ မင်းသေချာတွေးကြည့်လိုက်တာနဲ့ ငါအမှန်တွေပြောနေမှန်း သိလိမ့်မယ် ။ တကယ်တမ်း ငါတို့က ဟိုးအချိန်အကြာကြီးတည်းက သိခဲ့ကြ---"

ကျစ်ယွီရှီက သူ့အားဖြတ်ပြောလာခဲ့သည် ။ "ဘာလို့ ကွဲသွားတာလဲ ? "

စုန့်ချင်းလန် တစ်ဖန်အကျပ်ရိုက်သွားပြန်၏ ။ တစ်ဖက်လူ၏ ဖြူဖျော့ဖျော့မျက်နှာနှင့် ကြည်လင်သော မျက်လုံးများကို ကြည့်ရင်း သူ့မျက်စိရှေ့ရှိ ကျစ်ယွီရှီကို သူတို့ 'ကွဲကွာခဲ့ရသည့်' အကြောင်းအရင်းအား မပြောပြနိုင်ခဲ့ ။

၁၄၃၉ခုနှစ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ရက်စက်လွန်းလှသည် ။ သူ့အတွက်ပဲဖြစ်စေ ၊ ကျစ်ယွီရှီအတွက်ပဲဖြစ်စေ ။ သူ အဲ့နေ့က ထိုမြင်ကွင်းကို ပြန်တွေးကြည့်လိုက်သည်နှင့် သူ့နှလုံးသားက အင်မတန် နာကျင်လာရာ စကားပင် မပြောနိုင်ခဲ့ ။

ကျစ်ယွီရှီက သူ့အား စက္ကန့်ပိုင်းမျှ စောင့်ဆိုင်းနေခဲ့ပြီးနောက် မျက်လွှာချလျက် သူ၏အတော်အသင့် သန့်ရှင်းနေသေးသော အင်္ကျီအနားစကို အသုံးပြုကာ စိန်ငှက်တွင် ပေကျံနေသော သွေးများကို သန့်ရှင်းလိုက်သည် ။

ဤသည်ကို အသံတိတ် ပြုလုပ်လိုက်ပြီးနောက် သူသည် ခေါင်းပြန်မော့လာ၏ ။ သူ့မျက်နှာအမူအရာမှာ ယခင်ကထက်ပင်ပို၍ အလှမ်းဝေးသွားတော့သည် ။ "နောက်တစ်မျိုးပြောရရင် ခင်ဗျားနဲ့ တခြားကျွန်တော်က အနာဂတ်က‌ရောက်လာပြီး တစ်ယောက်ကို တစ်ယောက်နှစ်သက်သွားလို့ အတွဲတွေဖြစ် ၊ ပြီးတော့ ကွဲသွားတာနဲ့ အောင်မြင်ပြီးသားဖြစ်တဲ့ ဒီမစ်ရှစ်ကို 'ပြန်ပို့'ခံလိုက်ရတာပေါ့ " သူသည် ရပ်တန့်လိုက်ပြီးနောက် မေးလာ၏ ။ "ခေါင်းဆောင်စုန့်...ဒါဆို ထိန်းချုပ်ခန်းက ဘယ်အထပ်မှာလဲဆိုတာကို ခင်ဗျား သိမှာပဲ "

စုန့်ချင်းလန် လုံးလုံး ဆွံ့အသွားတော့သည် ။ ထိန်းချုပ်ခန်းက အထပ်၁၀၀တွင် ရှိနေမှန်း သူ‌သိနေလျှင်တောင် သူ့ရှေ့ရှိ ကျစ်ယွီရှီကို ထိုအကြောင်းချက်ချင်း မပြောပြနိုင်ချေ ။

ထျန်းချုံ၏ [အလျှံအပယ်] ဟူသည်က စက်ဝိုင်းအပိုတစ်ခု ထပ်မံဆွဲလိုက်သည့်အလား ပိုကြီးမားသော အချိန်ကျောက်ဆူးတစ်ခုကို ဖန်တီးလိုက်ပြီးနောက် ဖြစ်ပေါ်လာသည့် စက်ဝန်းအကြီးကို ဆိုလိုသည် ။ ဤမစ်ရှင် ပြီးဆုံးသည့်နောက် သူတို့သည် အနုကြမ်းစီးခံရသော တူညီသည့်အမှတ်သို့ ပြန်သွားရမည်ဖြစ်သည့်တိုင် သူတို့နှစ်ယောက်က လက်ရှိတွင် မတူညီသော စက်ဝန်းနှစ်ခု၌ ရောက်နေခဲ့ပြီး ကျစ်ယွီရှီက အမြဲတစေ နောက်လာမည့် စက်ဝန်းတွင်သာ ရှိနေလိမ့်မည် ။ သေးငယ်သော ဝိရောဓိဖြစ်သွားခဲ့လျှင်တောင် ယခင်စက်ဝန်းမှ လူများက ဆက်လက်အသက်ရှင်သွားပြီး နောက်စက်ဝန်းနှင့်သာ သက်ဆိုင်သော ကျစ်ယွီရှီက ပျောက်ကွယ်သွားလိမ့်မည်ပေ ။ စုန့်ချင်းလန်သည် သူတို့၏ မူလအချိန်နှင့်အာကာသို့ မည်သို့ပြန်သွားရမည်ကို အခုထိ မသေချာသေးချေ ။ သို့ဖြစ်၍ ဤမစ်ရှင်အဆုံးသတ်လို့ မရသေး ။ သူ အဖြေမပေးနိုင်သေးပေ ။

"မပြောနိုင်ဘူးလား ? " ကျစ်ယွီရှီက အဖြေကို မျှော်လင့်ထားပုံမရ ။ သူသည် ခြားနားခြင်းမရှိသာ ပြောလာတော့သည် ။ "မစ်ရှင် အရင်ပြီးအောင်လုပ် "

ပြောပြီးသည်နှင့် ကျစ်ယွီရှီက လှည့်ထွက်သွားခဲ့သည် ။ သူသည် လက်ရှိအခြေအနေကို ထည့်တွေးကာ ဒေါသများကို ချုပ်တည်းထားပုံပင် ။

ကျစ်ယွီရှီ ဆွဲဖွင့်လိုက်သည့်တံခါးက ကျယ်လောင်သော 'ဘန်း'ခနဲအသံနှင့် နံရံမှ ပြန်ကန်ထွက်လာသည် ။ နှစ်ယောက်သည် အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့၏ ။

ထန်းချီ ၊ ထန်းလဲ့ ၊ လီချွင်းနှင့် အခြားသူများအားလုံးသည်လည်း သူတို့ရှိရာ ရောက်လာကြသည် ။ ယခုတစ်ခေါက် သူတို့၏ ရှာဖွေမှုက ယခင်ကထက် ချောမွေ့နေခဲ့သည် ။ သူတို့ အပြတ်ရှင်းမခံရသေးသလို စုန့်ချင်းလန်မှတ်မိသည်ထက် ပို၍ကြာကြာ အသက်ရှင်နေသေးကြပြီး နောက်တစ်ထပ်ကို ဆက်လက်စစ်ဆေးနိုင်ခဲ့သည် ။ ဤသည်က ကျစ်ယွီရှီ အရင်က လေ့လာသုံးသပ်ခဲ့သည့်အတိုင်း စက်ဝန်းပေါ်ရှိ သူတို့အမှတ်က ဆွဲဆန့်သွားသောကြောင့်ပင် ။

စုန့်ချင်းလန်သည် အဆောက်အဦးခေါင်မိုးသို့ လှမ်းကြည့်လိုက်၏ ။ အမိုး၌ လူသူကင်းမဲ့နေကာ လေထဲတွင် တွဲလောင်းကျနေသည့် ချိတ်မှ ကြိုးများသာ ရှိနေလျက် ။ အဖွဲ့အသစ်ကိုတော့ ဘယ်နေရာမှာမျှ မတွေ့ရခဲ့ချေ ။

သူမျက်မှောင်ကြုတ်လိုက်မိ၏ ။ အခြေအနေအား အနည်းငယ် နားလည်သွားပုံပင် ။ နောက်စက်ဝန်းရှိ ကျစ်ယွီရှီကို ထပ်တွေ့ချင်ပါက သူဘာလုပ်သင့်ကြောင်း သိသွားလေပြီ ။

သူ့ရှေ့ရှိ ကျစ်ယွီရှီက အလွန် ရက်စက်ကြမ်းကြုတ်နေ၏ ။ သူသည် သေနတ်အချက်ရေ တော်တော်များများ ပစ်ခတ်ကာ ဖုတ်ကောင်များစွာကို သုတ်သင်နေသည် ။ သူအင်မတန် ဒေါသထွက်နေသည်ကိုမြင်သော် စုန့်ချင်းလန်သည် ဘာလုပ်ရမှန်းမသိဖြစ်နေကာ ရွှင်မြူးစရာကောင်းသည်ဟုလည်း ခံစားလိုက်ရသည် ။

အချိန်ကွာခြားချက်မှာ တိုတောင်းသည့်တိုင် လက်ရှိကျစ်ယွီရှီက လက်ရှိသူ့ကို အဲ့လောက်တောင် ရွံရှာနေသည်လား ?

"အကြံပေးကျစ် " သူ အသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်၏ ။

ကျစ်ယွီရှီ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည် ။ သူသည် သင့်တော်သော ဖြေရှင်းချက် သို့မဟုတ် တောင်းပန်စကားပြောလာတော့မည်ဟု ထင်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်၏ ။

သို့သော် မမျှော်လင့်ထားစွာပင် ၊ စုန့်ချင်းလန်က အသံကို နှိမ့်လျက် သူ့အား ဒေါသထွက်အောင် တမင်တကာ ကြိုးစားလာပုံဖြင့် " တွေးကြည့်လိုက်တော့ ငါခုနက မင်းကို တကယ် အတင်းအကျပ်နမ်းခဲ့တာပဲ ။ ငါ့မှာ အချိန်သိပ်မရှိခဲ့တာတော့ နှမြောစရာ "

ကျစ်ယွီရှီက ပြန်လှည့်ကာ သူ့အားစိုက်ကြည့်လာခဲ့သည် ။ ယခုတစ်ခေါက် စုန့်ချင်းလန်စကားများထဲရှိ အမှန်တရားကို သူတွန့်ဆုတ်စွာ ထည့်တွေးပေးခဲ့လျှင်တောင် အကုန်လုံးကို ဒေါသတကြီး ဖယ်ရှားလိုက်တော့သည် ။

သူတို့၏ အဖွဲ့သားများက သူတို့နှင့် နီးကပ်လာသည် ။ တဖြည်းဖြည်းနှင့် တစ်ယောက်နောက်ကျောကို တစ်ယောက် ကာကွယ်စောင့်ကြည့်ပေးရသည့် အနေအထားဖြစ်သွား၏ ။

"ခေါင်းဆောင်စုန့်...ဒီအထပ်မှာ ဘာမှရှာမတွေ့ဘူး ! "

"နောက်တစ်ထပ်ကို သွားရအောင် ! "

"ဖာခ့် ! ဒီအောက်မှာ ဖုတ်ကောင်တွေ အရမ်းများတာပဲ ! ကျွန်တော် အဲ့သောက်ကောင်တွေကို အရင်ဆုံး ရှင်းပစ်မယ် ! "

သူတို့နှစ်ယောက် စကားပြောမနေသည်ကို သတိထားမိသော် လီချွင်းက လှမ်းကြည့်လာ၏ ။ "ခေါင်းဆောင်စုန့်...အကြံပေးကျစ်..ခင်ဗျားတို့ဘက်မှာ ဘယ်လိုလဲ ?! "

နှစ်ယောက်သားက စကားမပြောလာသေး ။  အကုန်လုံးလှည့်ကြည့်လာကြသည် ။

သူတို့တပ်ဖွဲ့၏ အားထားရာ ပင်မအဖွဲ့သားနှစ်ယောက်ကြား အင်မတန် ပြင်းထန်နေသည်ကို မြင်လိုက်ရ၏ ။ လေထုအခြေအနေက ထူးဆန်းနေသည် ။

စကားအရင်ပြောလာသူက စုန့်ချင်းလန်ပင် ။ အကုန်လုံး၏ ရှေ့တွင် သူကျစ်ယွီရှီကို ပြောလိုက်၏ ။ "အကြံပေးကျစ်ရေ...မင်းငါ့ကို ထပ်နမ်းခွင့်ပေးသရွေ့ ငါဒီကနေတောင် ခုန်ချပြီး သေလိုက်ဖို့ ဆန္ဒရှိတယ် "

လူတိုင်း " ????"

ဘာလား ?! ဒီတိုးတက်မှုက ဘာကြီးလဲ ?!

ကျစ်ယွီရှီက အမူအရာကင်းမဲ့နေလျက် "ဪ"

အကုန်လုံး၏ ရှေ့မှောက်၌ ကျစ်ယွီရှီက သူတို့၏ ခေါင်းဆောင်စုန့်ကို အပေါ်မှ ကန်ချလိုက်တော့သည် ။ လူတိုင်း ထိတ်လန့်သွားကြလေ၏ ။ "ခေါင်းဆောင်စုန့် !!! "

ကျစ်ယွီရှီက နေရာတွင်ရပ်ကာ သူ့ဆေးဘူးကို ထုတ်လိုက်သည် ။ သူသည် ဆေးတစ်လုံးကို ထုတ်လိုက်ကာ ဆေးဘူးအား သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီးနောက် အကုန်လုံးထံ လှည့်လာပြီး "လူတိုင်း သတိရှိရှိနေကြ ။ ဒီလိုထူးဆန်းတဲ့နေရာမျိုးမှာ ကယောင်ချောက်ချား‌တွေ အများကြီး ပေါ်လာတတ်တယ် "

လူတိုင်း : အဲ့လိုကိုး !

•°•°•

T/N>> အတိတ်ကကျစ်ယွီရှီက သူတို့တွဲမဲ့အကြောင်း မသိခဲ့ပါဘူး ၊ အခုမှ မူလဇာတ်ကြောင်းနဲ့ ကွဲပြီး ဖြစ်လာတာမို့လို့ပါ ။ ပြောရရင် oocတွေဖြစ်ကုန်ပြီး အခုမှ လက်ငင်း ဟင်ခနဲ ဟာခနဲ ကြုံတွေ့လိုက်ရတာပါ ಥ⁠‿⁠ಥ

•°•°•

『Zawgyi』

အံ့ဖြယ္

ႏွစ္ေယာက္သားသည္ အနမ္းတြင္ အင္မတန္ နစ္မြန္းေနခဲ့သည္ျဖစ္ရာ အျခားလူတစ္ေယာက္လုံး အခန္းထဲ ဝင္လာသည္ကိုပင္ သတိမထားမိခဲ့ ။ ပုံမွန္ သတိႀကီးသည့္ စုန႔္ခ်င္းလန္သည္ပင္ လုံးလုံး သတိမမူမိေခ် ။

သူ႔မ်က္စိေရွ႕ရွိ က်စ္ယြီရွီက သူဘာလုပ္ေနသည္ထင္သြားမွန္း ေျပာစရာမလိုဘဲႏွင့္ေတာင္ စုန႔္ခ်င္းလန္ ခန႔္မွန္းနိုင္သည္ ။ ဦးစြာပထမ သူသည္ တစ္ဖက္လူကို တြန္းကာ ဘာတစ္ခြန္းမၽွမဆိုဘဲ နံရံတြင္ ဖိကပ္ထားၿပီးေနာက္ တစ္ဖက္လူ၏လက္ေမာင္းကို ဖမ္းခ်ဳပ္လ်က္ မလႈပ္နိုင္ေအာင္တားထားၿပီး ေနာက္ဆုံး ႏႈတ္ခမ္းမ်ားထံ ဦးတည္သည္ ။ သူ၏ အႏွီယုတ္မာေကာက္က်စ္သည့္ လုပ္ရပ္အား အျခားသူမ်ားျမင္သြားမည္ကို စိုးရိမ္ေသာေၾကာင့္ ျဖစ္နိုင္၏ ၊ သူက တစ္ဖက္လူကို အခန္းထဲသို႔ပင္ တြန္းထည့္လိုက္ေသးသည္ ။ အတင္းအက်ပ္နမ္းရွိုက္လာၿပီး ကိုယ္ထိလက္ေရာက္က်ဴးလြန္လာ႐ုံသာမက တစ္ဖက္လူကို မ်က္ရည္ဝဲကာ နာနာက်င္က်င္ ေအာ္ငိုမိသည္အထိ အနိုင္က်င့္ေနျခင္း..........ဤစက္ဝန္းစတင္ကတည္းက တစ္ခုခုက မူမမွန္ေၾကာင္း သတိထားမိၿပီး  သူအမွားလုပ္မိလားဟု ေမးခဲ့သည့္အခ်က္ကိုပါ ထည့္တြက္လိုက္ပါလၽွင္ .....အတိုခ်ဳံးေျပာပါက စကားလုံး သုံးလုံးသာ : 'လူမိုက္လုပ္'ေနျခင္း ။

ဤေမးခြန္းကို ေမးလိုက္ၿပီးေနာက္မွ သူသည္ 'စတီးလိုေျဖာင့္သည့္ ေဂးမုန္းတီးသူ 'ဂုဏ္ပုဒ္ကို ပိုင္ဆိုင္ထားေသးဆဲျဖစ္ေၾကာင္း ေကာင္းေကာင္းသိသြားေသာ စုန႔္ခ်င္းလန္တစ္ေယာက္ စကားမေျပာနိုင္ေတာ့ေခ် ။ "ထားလိုက္ေတာ့ ။ ငါရွင္းျပရင္ေတာင္ မင္းငါ့ကို ယုံမယ္မထင္ဘူး "

က်စ္ယြီရွီ၏ အမူအရာမွာ ယခင္အတိုင္း ေအးစက္ေနဆဲ ။ "ဪ? မႀကိဳးစားၾကည့္ဘဲ ဘယ္လိုလုပ္သိမွာလဲ ? "

ထိုစကားလုံးမ်ားမွာ က်ိဳးေၾကာင္းဆီေလ်ာ္ပုံပင္ ။ သို႔သည့္တိုင္ က်စ္ယြီရွီ မ်က္ႏွာထက္ရွိ အမူအရာမွာေတာ့ 'မယုံၾကည္'ဟု သိသိသာသာကို ေဖာ္ျပေနၿပီး သတိေပးသည့္အၾကည့္တစ္ခုလည္းရွိေန၏ ။

ဤသည္က လုံးဝကို အဓိပၸာယ္မရွိေပ ။ သူ႔ေရွ႕ရွိ က်စ္ယြီရွီက သူ႔ကို‌ယုံၾကည္လာေအာင္ သူဘာေျပာသင့္သည္လဲ ? သို႔ေသာ္ျငား လက္ရွိတိုးတက္မႈအေၾကာင္း စုန႔္ခ်င္းလန္ ေတြးမိသြားေသာအခါ သူ႔ႏွလုံးသားက စိတ္ေအးသြားေတာ့သည္ ။ အနည္းဆုံးေတာ့ က်စ္ယြီရွီက ဤမစ္ရွင္တြင္ တကယ္ရွိေနေၾကာင္း သူအတည္ျပဳနိုင္သြားခဲ့သည္ ။ သူတို႔၏စက္ဝန္းမ်ားက မတူညီလၽွင္ေတာင္ သူတို႔၏မူလအ‌ခ်ိန္ႏွင့္အာကာသသို႔ အတူတူျပန္သြားနိုင္ေသးသည္ ။

စုန႔္ခ်င္းလန္သည္ ေနရခက္ေသာ တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္သည္ ။ သူသည္ ေတြေဝတုန႔္ဆိုင္းမႈတစ္စုံတစ္ရာမရွိဘဲ ေျပာလာခဲ့သည္ ။ "ငါက အနာဂတ္ကလာတာ "

က်စ္ယြီရွီ၏အမူအရာမွာ ေျပာင္းလဲမသြားေခ် ။ သူ 'ေပါက္ကရ' ဆက္ေျပာလာမည္ကို ေစာင့္ဆိုင္းေန၏ ။

"ခုနက မင္းေတြ႕လိုက္တဲ့မင္းကလဲ အနာဂတ္ကပဲ " စုန႔္ခ်င္းလန္က အနည္းငယ္ ဂုဏ္ယူေနပုံပင္ ။ "ငါတို႔က အနာဂတ္မွာ စုံတြဲေတြေလ ။ ေျပာခ်င္တာက ငါေကြးသြား႐ုံတင္မကဘူး ၊ မင္းရဲ့ခ်စ္သူေကာင္ေလးလဲ ျဖစ္သြားတယ္ "

က်စ္ယြီရွီ : "............"

စုန္႔ခ်င္းလန္က အနားသို႔ တျဖည္းျဖည္း ခ်ဥ္းကပ္သြားကာ သူ႔ကိုငုံ႔ၾကည့္လာ၏ ။ "အဲ့ေလာက္ထိလဲ မယုံမၾကည္ျဖစ္မေနပါနဲ႔ ။ မင္းအခုျမင္ေနတဲ့ငါက တကယ္ေတာ့ေနာက္ထပ္ငါျဖစ္ၿပီး မင္းခုနက ျမင္လိုက္တဲ့မင္းကလဲ ေနာက္ထပ္မင္းပဲ ။ ထူးျခားတဲ့ အေၾကာင္းရင္းတစ္ခ်ိဳ႕ေၾကာင့္ ငါတို႔က ကြဲသြားၿပီး ျပန္ဆုံနိုင္ဖို႔ ဒီမစ္ရွင္ထဲ အတင္းပို႔ခံလိုက္ရတာ ။ ကူးေျပာင္းတဲ့အမွတ္က တူေနၿပီး မတိုင္ခင္ေတြ ၿပီးတဲ့ေနာက္ေတြနဲ႔ မဆိုင္လို႔ ထင္ပါရဲ့ ၊ ငါတို႔ကို ဒီမစ္ရွင္ထဲက မတူတဲ့စက္ဝန္းေတြထဲ မွားထည့္လိုက္တာ ။ မင္းခုနက ျမင္လိုက္တာက ေနာက္ဆုံး ျပန္ဆုံရလို႔ တအားစိတ္လႈပ္ရွားသြားတဲ့ရလဒ္ပါ ။ ဆိုရိုးရွိတယ္ေလ ၊ မရွိေတာ့တာက ႏွလုံးသားကို ပိုနက္ရွိုင္းသြားေစတယ္ဆိုတာ "

က်စ္ယြီရွီက ေနာက္ဆုံးတြင္ေတာ့ ထိတ္လန႔္သြားပုံပင္ ။ အခ်ိန္တစ္ခုစာ တိတ္ဆိတ္ေနၿပီးေနာက္တြင္ သူေမးလာ၏ ။ "ဘယ္အနာဂတ္လဲ ? "

စုန႔္ခ်င္းလန္ : " ဇြန္ ၂၅ ၊ ၁၄၅၆ "

က်စ္ယြီရွီ : "........" ဟုတ္ပါၿပီ ၊ ဆက္ၿပီး ဇာတ္လမ္းထြင္ေနလိုက္အုံး ။

အေၾကာင္းျပခ်က္ရွိသလို သက္ေသသာဓကလည္း ရွိေနသည္ ။ စုန႔္ခ်င္းလန္က သူ႔စကားမ်ားကို ယုံေတာ့မည္ဟု ခံစားလိုက္ရၿပီး တည္ၿငိမ္စြာ ေျပာလာခဲ့သည္ ။ "တစ္လေလာက္ပဲ ၾကာသြားသလို ငါတို႔ရဲ့ ဆက္ဆံေရးက ဒီေလာက္ျမန္ျမန္ႀကီး တိုးတက္သြားဖို႔ မျဖစ္နိုင္ဘူးဆိုတာ ငါသိေပမဲ့ တကယ္က အဲ့လိုမဟုတ္ဘူး ။ မင္းေသခ်ာေတြးၾကည့္လိုက္တာနဲ႔ ငါအမွန္ေတြေျပာေနမွန္း သိလိမ့္မယ္ ။ တကယ္တမ္း ငါတို႔က ဟိုးအခ်ိန္အၾကာႀကီးတည္းက သိခဲ့ၾက---"

က်စ္ယြီရွီက သူ႔အားျဖတ္ေျပာလာခဲ့သည္ ။ "ဘာလို႔ ကြဲသြားတာလဲ ? "

စုန႔္ခ်င္းလန္ တစ္ဖန္အက်ပ္ရိုက္သြားျပန္၏ ။ တစ္ဖက္လူ၏ ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာႏွင့္ ၾကည္လင္ေသာ မ်က္လုံးမ်ားကို ၾကည့္ရင္း သူ႔မ်က္စိေရွ႕ရွိ က်စ္ယြီရွီကို သူတို႔ 'ကြဲကြာခဲ့ရသည့္' အေၾကာင္းအရင္းအား မေျပာျပနိုင္ခဲ့ ။

၁၄၃၉ခုႏွစ္တြင္ ျဖစ္ပ်က္ခဲ့သမၽွ အရာအားလုံးက ရက္စက္လြန္းလွသည္ ။ သူ႔အတြက္ပဲျဖစ္ေစ ၊ က်စ္ယြီရွီအတြက္ပဲျဖစ္ေစ ။ သူ အဲ့ေန႔က ထိုျမင္ကြင္းကို ျပန္ေတြးၾကည့္လိုက္သည္ႏွင့္ သူ႔ႏွလုံးသားက အင္မတန္ နာက်င္လာရာ စကားပင္ မေျပာနိုင္ခဲ့ ။

က်စ္ယြီရွီက သူ႔အား စကၠန႔္ပိုင္းမၽွ ေစာင့္ဆိုင္းေနခဲ့ၿပီးေနာက္ မ်က္လႊာခ်လ်က္ သူ၏အေတာ္အသင့္ သန႔္ရွင္းေနေသးေသာ အကၤ်ီအနားစကို အသုံးျပဳကာ စိန္ငွက္တြင္ ေပက်ံေနေသာ ေသြးမ်ားကို သန႔္ရွင္းလိုက္သည္ ။

ဤသည္ကို အသံတိတ္ ျပဳလုပ္လိုက္ၿပီးေနာက္ သူသည္ ေခါင္းျပန္ေမာ့လာ၏ ။ သူ႔မ်က္ႏွာအမူအရာမွာ ယခင္ကထက္ပင္ပို၍ အလွမ္းေဝးသြားေတာ့သည္ ။ "ေနာက္တစ္မ်ိဳးေျပာရရင္ ခင္ဗ်ားနဲ႔ တျခားကၽြန္ေတာ္က အနာဂတ္က‌ေရာက္လာၿပီး တစ္ေယာက္ကို တစ္ေယာက္ႏွစ္သက္သြားလို႔ အတြဲေတြျဖစ္ ၊ ၿပီးေတာ့ ကြဲသြားတာနဲ႔ ေအာင္ျမင္ၿပီးသားျဖစ္တဲ့ ဒီမစ္ရွစ္ကို 'ျပန္ပို႔'ခံလိုက္ရတာေပါ့ " သူသည္ ရပ္တန႔္လိုက္ၿပီးေနာက္ ေမးလာ၏ ။ "ေခါင္းေဆာင္စုန႔္...ဒါဆို ထိန္းခ်ဳပ္ခန္းက ဘယ္အထပ္မွာလဲဆိုတာကို ခင္ဗ်ား သိမွာပဲ "

စုန႔္ခ်င္းလန္ လုံးလုံး ဆြံ့အသြားေတာ့သည္ ။ ထိန္းခ်ဳပ္ခန္းက အထပ္၁၀၀တြင္ ရွိေနမွန္း သူ‌သိေနလၽွင္ေတာင္ သူ႔ေရွ႕ရွိ က်စ္ယြီရွီကို ထိုအေၾကာင္းခ်က္ခ်င္း မေျပာျပနိုင္ေခ် ။

ထ်န္းခ်ဳံ၏ [အလၽွံအပယ္] ဟူသည္က စက္ဝိုင္းအပိုတစ္ခု ထပ္မံဆြဲလိုက္သည့္အလား ပိုႀကီးမားေသာ အခ်ိန္ေက်ာက္ဆူးတစ္ခုကို ဖန္တီးလိုက္ၿပီးေနာက္ ျဖစ္ေပၚလာသည့္ စက္ဝန္းအႀကီးကို ဆိုလိုသည္ ။ ဤမစ္ရွင္ ၿပီးဆုံးသည့္ေနာက္ သူတို႔သည္ အႏုၾကမ္းစီးခံရေသာ တူညီသည့္အမွတ္သို႔ ျပန္သြားရမည္ျဖစ္သည့္တိုင္ သူတို႔ႏွစ္ေယာက္က လက္ရွိတြင္ မတူညီေသာ စက္ဝန္းႏွစ္ခု၌ ေရာက္ေနခဲ့ၿပီး က်စ္ယြီရွီက အျမဲတေစ ေနာက္လာမည့္ စက္ဝန္းတြင္သာ ရွိေနလိမ့္မည္ ။ ေသးငယ္ေသာ ဝိေရာဓိျဖစ္သြားခဲ့လၽွင္ေတာင္ ယခင္စက္ဝန္းမွ လူမ်ားက ဆက္လက္အသက္ရွင္သြားၿပီး ေနာက္စက္ဝန္းႏွင့္သာ သက္ဆိုင္ေသာ က်စ္ယြီရွီက ေပ်ာက္ကြယ္သြားလိမ့္မည္ေပ ။ စုန္႔ခ်င္းလန္သည္ သူတို႔၏ မူလအခ်ိန္ႏွင့္အာကာသို႔ မည္သို႔ျပန္သြားရမည္ကို အခုထိ မေသခ်ာေသးေခ် ။ သို႔ျဖစ္၍ ဤမစ္ရွင္အဆုံးသတ္လို႔ မရေသး ။ သူ အေျဖမေပးနိုင္ေသးေပ ။

"မေျပာနိုင္ဘူးလား ? " က်စ္ယြီရွီက အေျဖကို ေမၽွာ္လင့္ထားပုံမရ ။ သူသည္ ျခားနားျခင္းမရွိသာ ေျပာလာေတာ့သည္ ။ "မစ္ရွင္ အရင္ၿပီးေအာင္လုပ္ "

ေျပာၿပီးသည္ႏွင့္ က်စ္ယြီရွီက လွည့္ထြက္သြားခဲ့သည္ ။ သူသည္ လက္ရွိအေျခအေနကို ထည့္ေတြးကာ ေဒါသမ်ားကို ခ်ဳပ္တည္းထားပုံပင္ ။

က်စ္ယြီရွီ ဆြဲဖြင့္လိုက္သည့္တံခါးက က်ယ္ေလာင္ေသာ 'ဘန္း'ခနဲအသံႏွင့္ နံရံမွ ျပန္ကန္ထြက္လာသည္ ။ ႏွစ္ေယာက္သည္ အခန္းထဲမွ တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္လာခဲ့၏ ။

ထန္းခ်ီ ၊ ထန္းလဲ့ ၊ လီခၽြင္းႏွင့္ အျခားသူမ်ားအားလုံးသည္လည္း သူတို႔ရွိရာ ေရာက္လာၾကသည္ ။ ယခုတစ္ေခါက္ သူတို႔၏ ရွာေဖြမႈက ယခင္ကထက္ ေခ်ာေမြ႕ေနခဲ့သည္ ။ သူတို႔ အျပတ္ရွင္းမခံရေသးသလို စုန႔္ခ်င္းလန္မွတ္မိသည္ထက္ ပို၍ၾကာၾကာ အသက္ရွင္ေနေသးၾကၿပီး ေနာက္တစ္ထပ္ကို ဆက္လက္စစ္ေဆးနိုင္ခဲ့သည္ ။ ဤသည္က က်စ္ယြီရွီ အရင္က ေလ့လာသုံးသပ္ခဲ့သည့္အတိုင္း စက္ဝန္းေပၚရွိ သူတို႔အမွတ္က ဆြဲဆန႔္သြားေသာေၾကာင့္ပင္ ။

စုန႔္ခ်င္းလန္သည္ အေဆာက္အဦးေခါင္မိုးသို႔ လွမ္းၾကည့္လိုက္၏ ။ အမိုး၌ လူသူကင္းမဲ့ေနကာ ေလထဲတြင္ တြဲေလာင္းက်ေနသည့္ ခ်ိတ္မွ ႀကိဳးမ်ားသာ ရွိေနလ်က္ ။ အဖြဲ႕အသစ္ကိုေတာ့ ဘယ္ေနရာမွာမၽွ မေတြ႕ရခဲ့ေခ် ။

သူမ်က္ေမွာင္ၾကဳတ္လိုက္မိ၏ ။ အေျခအေနအား အနည္းငယ္ နားလည္သြားပုံပင္ ။ ေနာက္စက္ဝန္းရွိ က်စ္ယြီရွီကို ထပ္ေတြ႕ခ်င္ပါက သူဘာလုပ္သင့္ေၾကာင္း သိသြားေလၿပီ ။

သူ႔ေရွ႕ရွိ က်စ္ယြီရွီက အလြန္ ရက္စက္ၾကမ္းၾကဳတ္ေန၏ ။ သူသည္ ေသနတ္အခ်က္ေရ ေတာ္ေတာ္မ်ားမ်ား ပစ္ခတ္ကာ ဖုတ္ေကာင္မ်ားစြာကို သုတ္သင္ေနသည္ ။ သူအင္မတန္ ေဒါသထြက္ေနသည္ကိုျမင္ေသာ္ စုန႔္ခ်င္းလန္သည္ ဘာလုပ္ရမွန္းမသိျဖစ္ေနကာ ရႊင္ျမဴးစရာေကာင္းသည္ဟုလည္း ခံစားလိုက္ရသည္ ။

အခ်ိန္ကြာျခားခ်က္မွာ တိုေတာင္းသည့္တိုင္ လက္ရွိက်စ္ယြီရွီက လက္ရွိသူ႔ကို အဲ့ေလာက္ေတာင္ ရြံရွာေနသည္လား ?

"အႀကံေပးက်စ္ " သူ အသံတိုးတိုးျဖင့္ လွမ္းေခၚလိုက္၏ ။

က်စ္ယြီရွီ သူ႔ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္သည္ ။ သူသည္ သင့္ေတာ္ေသာ ေျဖရွင္းခ်က္ သို႔မဟုတ္ ေတာင္းပန္စကားေျပာလာေတာ့မည္ဟု ထင္ေနျခင္း ျဖစ္ေကာင္းျဖစ္နိုင္၏ ။

သို႔ေသာ္ မေမၽွာ္လင့္ထားစြာပင္ ၊ စုန႔္ခ်င္းလန္က အသံကို ႏွိမ့္လ်က္ သူ႔အား ေဒါသထြက္ေအာင္ တမင္တကာ ႀကိဳးစားလာပုံျဖင့္ " ေတြးၾကည့္လိုက္ေတာ့ ငါခုနက မင္းကို တကယ္ အတင္းအက်ပ္နမ္းခဲ့တာပဲ ။ ငါ့မွာ အခ်ိန္သိပ္မရွိခဲ့တာေတာ့ ႏွေျမာစရာ "

က်စ္ယြီရွီက ျပန္လွည့္ကာ သူ႔အားစိုက္ၾကည့္လာခဲ့သည္ ။ ယခုတစ္ေခါက္ စုန႔္ခ်င္းလန္စကားမ်ားထဲရွိ အမွန္တရားကို သူတြန႔္ဆုတ္စြာ ထည့္ေတြးေပးခဲ့လၽွင္ေတာင္ အကုန္လုံးကို ေဒါသတႀကီး ဖယ္ရွားလိုက္ေတာ့သည္ ။

သူတို႔၏ အဖြဲ႕သားမ်ားက သူတို႔ႏွင့္ နီးကပ္လာသည္ ။ တျဖည္းျဖည္းႏွင့္ တစ္ေယာက္ေနာက္ေက်ာကို တစ္ေယာက္ ကာကြယ္ေစာင့္ၾကည့္ေပးရသည့္ အေနအထားျဖစ္သြား၏ ။

"ေခါင္းေဆာင္စုန႔္...ဒီအထပ္မွာ ဘာမွရွာမေတြ႕ဘူး ! "

"ေနာက္တစ္ထပ္ကို သြားရေအာင္ ! "

"ဖာခ့္ ! ဒီေအာက္မွာ ဖုတ္ေကာင္ေတြ အရမ္းမ်ားတာပဲ ! ကၽြန္ေတာ္ အဲ့ေသာက္ေကာင္ေတြကို အရင္ဆုံး ရွင္းပစ္မယ္ ! "

သူတို႔ႏွစ္ေယာက္ စကားေျပာမေနသည္ကို သတိထားမိေသာ္ လီခၽြင္းက လွမ္းၾကည့္လာ၏ ။ "ေခါင္းေဆာင္စုန႔္...အႀကံေပးက်စ္..ခင္ဗ်ားတို႔ဘက္မွာ ဘယ္လိုလဲ ?! "

ႏွစ္ေယာက္သားက စကားမေျပာလာေသး ။  အကုန္လုံးလွည့္ၾကည့္လာၾကသည္ ။

သူတို႔တပ္ဖြဲ႕၏ အားထားရာ ပင္မအဖြဲ႕သားႏွစ္ေယာက္ၾကား အင္မတန္ ျပင္းထန္ေနသည္ကို ျမင္လိုက္ရ၏ ။ ေလထုအေျခအေနက ထူးဆန္းေနသည္ ။

စကားအရင္ေျပာလာသူက စုန႔္ခ်င္းလန္ပင္ ။ အကုန္လုံး၏ ေရွ႕တြင္ သူက်စ္ယြီရွီကို ေျပာလိုက္၏ ။ "အႀကံေပးက်စ္ေရ...မင္းငါ့ကို ထပ္နမ္းခြင့္ေပးသေရြ႕ ငါဒီကေနေတာင္ ခုန္ခ်ၿပီး ေသလိုက္ဖို႔ ဆႏၵရွိတယ္ "

လူတိုင္း " ????"

ဘာလား ?! ဒီတိုးတက္မႈက ဘာႀကီးလဲ ?!

က်စ္ယြီရွီက အမူအရာကင္းမဲ့ေနလ်က္ "ဪ"

အကုန္လုံး၏ ေရွ႕ေမွာက္၌ က်စ္ယြီရွီက သူတို႔၏ ေခါင္းေဆာင္စုန႔္ကို အေပၚမွ ကန္ခ်လိုက္ေတာ့သည္ ။ လူတိုင္း ထိတ္လန႔္သြားၾကေလ၏ ။ "ေခါင္းေဆာင္စုန႔္ !!! "

က်စ္ယြီရွီက ေနရာတြင္ရပ္ကာ သူ႔ေဆးဘူးကို ထုတ္လိုက္သည္ ။ သူသည္ ေဆးတစ္လုံးကို ထုတ္လိုက္ကာ ေဆးဘူးအား သူ႔အိတ္ကပ္ထဲ ျပန္ထည့္လိုက္ၿပီးေနာက္ အကုန္လုံးထံ လွည့္လာၿပီး "လူတိုင္း သတိရွိရွိေနၾက ။ ဒီလိုထူးဆန္းတဲ့ေနရာမ်ိဳးမွာ ကေယာင္ေခ်ာက္ခ်ား‌ေတြ အမ်ားႀကီး ေပၚလာတတ္တယ္ "

လူတိုင္း : အဲ့လိုကိုး !

•°•°•

T/N>> အတိတ္ကက်စ္ယြီရွီက သူတို႔တြဲမဲ့အေၾကာင္း မသိခဲ့ပါဘူး ၊ အခုမွ မူလဇာတ္ေၾကာင္းနဲ႔ ကြဲၿပီး ျဖစ္လာတာမို႔လို႔ပါ ။ ေျပာရရင္ oocေတြျဖစ္ကုန္ၿပီး အခုမွ လက္ငင္း ဟင္ခနဲ ဟာခနဲ ၾကဳံေတြ႕လိုက္ရတာပါ ಥ⁠‿⁠ಥ

•°•°•

واصل القراءة

ستعجبك أيضاً

28.6K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...
35.4K 4.4K 31
မာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin
651K 36.9K 55
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကောင်လေးနှစ်ယ...
1.9M 150K 180
Yaoi Ongoing ရည္းစားျဖစ္သူက အိမ္ကိုေရာင္းၿပီးအေႂကြေတြ႔နဲ႔ျပစ္ထားခဲ့ခ်ိန္မွာ ကေလးငယ္တစ္ဦးကကံေကာင္းျခင္းေတြ႔ကိုယူေဆာင္လာၿပီးေနာက္ yakuzaေခါင္းေဆာင္နဲ...