မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မ...

By Ssinlet_aeri

587K 104K 11K

Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3... More

Description
အပိုင်း(၁)နိဒါန်း
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)Ouroboros
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)ပြောင်းရွှေ့စခန်း
အပိုင်း(၂၇)ပရမ်းပတာ
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉) ငါဘယ်သူလဲ
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)ပြောင်းရွှေ့စခန်း
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)ရောင်စုံကုဗတုံး
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၄)
အပိုင်း(၉၅)အလျှံအပယ်
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)လင်းလက်တောက်ပသော အချိန်များ
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄) အချပ်ပို
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)

အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း

4.1K 807 41
By Ssinlet_aeri

『Unicode』

အဆုံးသတ်စက်ဝန်း
《ကျွန်တော်မွေးချင်တယ်》

[ ၁၄၄၈ . ၀၈ .၁၃ ၊ ၁၆ :၀၃ : ၅၁ ]

ရာသီဥတုမှာ ပူနွေးစိုထိုင်းနေလျက် ။ မကြာမီ မိုးရွာတော့မည့်အလား ။ ကျစ်မင်ယွဲ့က တဗျစ်တောက်တောက်ပြောနေသည့်အချိန် ကျစ်ယွီရှီ ကားပြတင်းမှန်ကို မှီထားလိုက်သည် ။ "မင်းအိမ်ကို အမေနဲ့ငါ ကူရှင်းပေးပြီးသားလေ ။ ငါသေချာစစ်ဆေးကြည့်ပြီးတော့ မင်းလိုတာမှန်သမျှ အကုန်ပြင်ဆင်ပေးပြီးသွားပြီ ။ ကြည့်လိုက်...မိုးလေဝသသတင်းက နောက်ရက်ပိုင်းအတွင်း မိုးသည်းမှာတဲ့ ။ ဘာလို့ နောက်မှ မပြောင်းဘဲ အိမ်မှာ ရက်နည်းနည်းလောက် ထပ်မနေတာလဲ ? "

အသက် ၁၇နှစ်အရွယ်တွင် သူသည် အထက်တန်းအောင်ပြီးကာစ ။ ရုတ်တရက် အစီအစဉ်မရှိ ဆန္ဒပေါ်လာသဖြင့် ဘာတစ်ခွန်းမျှမဆိုဘဲ လေယာဉ်လက်မှတ် ဘိုကင်တင်ကာ ကာဒိုကျွန်းတွင် ပျော်ပါးရန် ပြေးထွက်သွားခဲ့သည် ။ ကျစ်မိသားစု သူ့ထံမှ ဖုန်းလက်ခံရရှိချိန်တွင် သူက သူ့ဦးတည်ရာကိုပင် ရောက်နှင့်နေလေပြီ ။

ဒီနေ့ ပြန်ရောက်လာသောအခါ သူ့ကို ကားဖြင့်လာကြိုသူက ကျစ်မင်ယွဲ့ပင် ။ ကျစ်ယွီရှီသည် ကာဒို၏နေရောင်ခြည်ထဲတွင် လတစ်ဝက်ကျော်နေထိုင်ခဲ့ရာ သူ့အသားအရည်က ယခင်ကထက် ပိုညိုသွားပြီး သူ့အား ကျန်းမာသည့် ဝင်းလဲ့မှုကို ပေးစွမ်းနေခဲ့သည် ။

ကျစ်မင်ယွဲ့၏ အကြံပြုချက်ကို ကြားချိန်တွင် သူပြန်ဖြေလိုက်သည် ။ "မိုးရွာတာ မရွာတာက အိမ်ပြန်တာနဲ့ ဘာဆိုင်လို့လဲ ? ကောလဲ ၁၈နှစ်မပြည့်ခင် ပြောင်းသွားတာ မဟုတ်လား ? "

ငယ်ရွယ်ကာ ပုန်ကန်တတ်သည် ။ လူတိုင်း ဤသို့သော အချိန်မျိုး ရှိခဲ့သည်ပေ ။ အနှီ ပုန်ကန်တတ်သည့်အရွယ်က ကျစ်ယွီရှီထံ အနည်းငယ် နောက်ကျပြီးမှသာ ရောက်လာခဲ့ရုံ ။

ကျစ်မင်ယွဲ့သည်လည်း အသက်၂၀ထဲတွင်သာရှိနေသေးသဖြင့် သူ၏ငယ်ရွယ်ပျိုမြစ်သော နှလုံးသားလေးကို ထိန်းသိမ်းထားဆဲ ။ "ဟုတ်ပါပြီကွာ ။ ကောင်းတာတွေကို သင်ယူရမဲ့အစား ငါ့အကျင့်ဆိုးတွေကိုမှ မင်းသင်ရတယ်လို့ "

ကျစ်ယွီရှီက လှမ်းကြည့်လာ၏ ။ "ကောဆီက ကျွန်တော်လိုက်သင်နေတယ်လို့ ဘယ်သူပြောတုန်း ? "

ကျစ်မင်ယွဲ့ : "လောင်ကျစ်ပြောတာလေ "

ကျစ်ယွီရှီကို ချပေးပြီးနောက် ကျစ်မင်ယွဲ့က ပြန်ထွက်သွားခဲ့သည် ။ အသေအချာပင် အကုန်လုံးကို သေသေသပ်သပ် သန့်ရှင်းရေးလုပ်ထားလေ၏ ။ အန်တီစုက စေ့စပ်သေချာလှသဖြင့် တစ်ရှူးလိပ်များ ၊ လက်ဆေးဆပ်ပြာကဲ့သို့သော နေ့စဉ်သုံးပစ္စည်းများကိုပင် အသင့်ပြင်ပေးထားသည်မှာ မိခင်မေတ္တာများဖြင့် ပြည့်နှက်နေခဲ့သည် ။ ယခုက ကျစ်ယွီရှီ တစ်ယောက်တည်း နေဖူးသည့် ပထမဆုံးအကြိမ်ပင် ။ သူ့မိသားစုက စိတ်ပူနေသည့်တိုင် တစ်စုံတစ်ယောက်က သူ့ကိုဂရုစိုက်ပေးသော နေ့ရက်များက သူ့ဘဝအား အင်မတန်လွယ်ကူနေစေသည် ။ သူသည် တတ်နိုင်သမျှ အမြန်ဆုံးသာ အမှီအခိုကင်းအောင် နေတတ်ဖို့ သင်ယူချင်ခဲ့သည် ။

နောက်တစ်နေ့မနက် သူနိုးလာသောအချိန်တွင် ကောင်းကင်က မှိုင်းညို့နေ၏ ။ အမှန်တကယ်ကို မိုးရွာတော့မည်ပင် ။ ကျစ်ယွီရှီ၏ အဝတ်အိတ်က သစ်သားကြမ်းခင်းထက် ရှိနေသေးဆဲ ။ မနေ့က ပြန်ရောက်လာပြီးနောက် သူသိမ်းဆည်းရှင်းလင်းရန် အချိန်မရှိခဲ့ပေ ။ အထဲတွင် အဝတ်အစားအနည်းငယ်သာ ရှိနေပြီး အများစုမှာ သူကာဒိုမှ ယူလာခဲ့သော အပြန်လက်ဆောင်ငယ်များပင် ။ သူသည် အိမ်ထဲတွင် ခြေဗလာနှင့် ရှေ့သွားလိုက် နောက်သွားလိုက် လျှောက်နေခဲ့ပြီး ရေသောက်ရန် မီးဖိုချောင်သို့ သွားသည့်အချိန်၌ တိုးလျသော အော်မြည်သံတစ်ခုကို မသဲမကွဲ ကြားလိုက်ရလေသည် ။

အစက သူစိတ်ထင်တာဟု ထင်ခဲ့၏ ။ သို့သော် သူရေတစ်ခွက် သောက်ပြီးချိန်တွင်ပင် အော်သံက ဆက်လက်ထွက်ပေါ်နေခဲ့သည် ။

"ညှောင်~" ထိုအသံက ‌ကြောင်ပေါက်စတစ်ကောင်၏ အသံအလား သေးငယ်ကာ တိုးလျ၏ ။ တစ်ကောင်ထက် ပိုများသည်ဟုလည်း ထင်ရသည် ။ မီးဖိုချောင်တွင် အဖြူရောင် ကန့်လန့်ကာများနှင့် ကြီးမားသောပြတင်းပေါက်တစ်ခုရှိသည် ။ ပြတင်းပေါက်မှတစ်ဆင့် အရသာရှိသည့် သီးပင်စားပင်များစွာ ပေါက်ရောက်နေသော အိမ်ရာနောက်ရှိ ဥယျာဉ်ကို သူလှမ်းမြင်နေရသည် ။ သူလိုက်ကာကို တွန်းဖယ်လိုက်ပြီးနောက် အပြင်ဘက်ရှိ ကောင်းကင်မှာ မယုံနိုင်ဖွယ်ကောင်းလောက်အောင် တိမ်ထူထပ်နေလျက် မိုးများလည်း စတင်ရွာနေခဲ့ကြောင်း သိလိုက်ရ၏ ။ မိုးသည် အင်မတန် မြန်ဆန်စွာဖြင့် အားပြင်းပြင်း ရွာနေခဲ့သည် ။ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီးနောက် သစ်ရွက်များနှင့် မြေကြီးသို့ မိုးစက်များ ထိခတ်နေသည့်အသံက ပိုမိုကျယ်လောင်လာခဲ့သည် ။ ထိုတိုးလျလျအော်သံများက ဥယျာဉ်ဘက်မှ လာနေသယောင် ။

အဲ့မှာ ဘယ်လိုလုပ် ကြောင်တွေရှိနေရတာလဲ ?

သူတစ်ခဏမျှ တွေဝေနေခဲ့ပြီး ဖိနပ်ကိုစီးကာ ထီးတစ်ချောင်းပါ ယူလာခဲ့လိုက်တော့သည် ။ သူ တစ်ချက်သွားကြည့်ကြည့်ရန် စီစဉ်လိုက်သည် ။

ထီးကိုကိုင်လျက် အမျိုးသားငယ်လေးသည် အိမ်ရာဥယျာဉ်ထံသို့ ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သွားခဲ့သည် ။ မိုးစက်များက သည်းထန်စွာ ရွာသွန်းနေလျက် ။ ၎င်းတို့က ထီးပေါ်သို့ ကျလာကာ ထီးအစွန်းသို့ မျဉ်းတစ်ကြောင်းနှယ် လိမ့်ဆင်းသွားပြီးနောက် မြေကြီးပေါ် ကျဆင်းသွားခဲ့သည် ။ သူ့ဘောင်းဘီအဖျားများက စိုစွတ်နေသည် ။ ဥယျာဉ်အတွင်းပိုင်းသို့ ရောက်သော် မွေးကင်းစကြောင်‌ပေါက်လေးများကို မြင်လိုက်ရလေသည် ။

ချုံပုတ်အောက်တွင် ကတ်ထူပုံးတစ်ပုံးရှိနေ၏ ။ ထိုပုံးမှာ မိုးရေများဖြင့် စိုရွှဲနေပြီဖြစ်သည် ။ နှစ်လထက်ကြီးပုံမရသော ကြောင်ပေါက်လေးသုံး‌ကောင်က တစ်ကိုယ်လုံး မည်းနက်နေသည် ။ သူတို့သည် တွားထွက်လာရန် ကတ်ထူပုံးကို ကုတ်ခြစ်နေကြပြီး ထိတ်ပျာစွာဖြင့် တမြှောင်မြှောင် အော်မြည်နေကြသည် ။

ပုံးထဲတွင် နို့မှုန့်နှင့် ကြောင်စာများ ရှိနေသည့်တိုင် အနားတွင် မည်သူမျှ မရှိချေ ။

ကျစ်ယွီရှီ ဆောင့်ကြောင့်ထိုင်လိုက်သည် ။ ကြောင်ပေါက်တစ်ကောင်၏ဦးခေါင်းကို သူ့လက်ချောင်းဖြင့် အသာပွတ်သပ်ကြည့်လိုက်၏ ။ သိပ်ညစ်ပတ်မနေကြောင်း သေချာမှသာ ထိုကြောင်များကို သေချာ စိတ်အေးလက်အေး ပွတ်သပ်ပေးနိုင်သည် ။ သူသည် ကတ်ထူပုံးရှိရာသို့ မိုးစက်များမကျစေရန် ထီးကိုကိုင်ထားလိုက်၏ ။ နေရာတွင် စိတ်ရှည်လက်ရှည်ဖြင့် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ထိုကြောင်များကို မည်သူကမျှ လာမခေါ်ခဲ့ချေ ။ စွန့်ပစ်ခံထားရသော ကြောင်ပေါက်စများ ဖြစ်ရမည်ဟု သူဆုံးဖြတ်လိုက်တော့သည် ။

ကျစ်ယွီရှီသည် လက်ထဲတွင် ကတ်ထူပုံးကိုကိုင်လျက် ပစ္စည်းထိန်းသိမ်းရေးရုံးခန်းမှလူများ ထိုကြောင်များကို ဘာလုပ်ရမှန်း သိမသိကြည့်ရန် ၎င်းတို့ကို ခေါ်သွားဖို့ အသင့်ပြင်လိုက်သည် ။

သူမတ်တပ်ထရပ်လိုက်ပြီးပြီးချင်း မလှမ်းမကမ်းရှိ ပန်းခြံအမိုးအောက်တွင် လူတစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရ၏ ။ မိုးသည်း‌ထဲတွင် ကျစ်ယွီရှီ သေချာ သဲသဲကွဲကွဲ မမြင်နိုင်ခဲ့ ။ ထိုလူက အလွန်အရပ်ရှည်ကာ ၁.၉၀မီတာထက် ပိုရှည်လောက်သည်ကိုသာ သူပြောနိုင်၏ ။ ထိုလူ၏ ပုံပန်းသွင်ပြင်ကို မမြင်နိုင်သော်ငြား အနှီခြေတံရှည်များကိုတော့ သတိမထားမိရန် ခဲယဉ်းလှပေသည် ။ ထိုနေရာတွင် ရပ်နေရုံဖြင့် အနှီလူက အလွန်ထင်သာမြင်သာရှိသည် ။ မိုးများ သည်းထန်စွာ ရွာသွန်းနေချိန်တွင် ပန်းခြံထဲ ယခုလို ရောက်နေခြင်းက ထိုလူသည် ဤအိမ်ရာတွင် နေထိုင်ပြီး မိုးလာခိုခြင်း ဖြစ်ဖို့များသည် ။

ကျစ်ယွီရှီ လှမ်းခေါ်ဖို့ ဆုံးဖြတ်လိုက်သည် ။ "ဟေး ! " တစ်စတစ်စပိုမိုကျယ်လောင်လာသော မိုးသံများကြောင့် သူ့အသံကပျောက်ကွယ်သွားလေ၏ ။ "ခုနက ဒီနေရာမှာ ကြောင်တွေကို ဘယ်သူထားသွားလဲ ခင်ဗျားမြင်လိုက်လား ? "

ထိုလူက မလှုပ်ရှားပေ ။ တစ်ဖက်လူက သူ့ကိုမကြားလိုက်မည်ကို စိုးရိမ်သဖြင့် သူစတင်၍ အနားသို့ လျှောက်သွားတော့သည် ။ "ဟယ်လို...ကျွန်တော်ပြောတာ ကြားရဲ့လား ? "

လက်တစ်ဖက်က ထီးကိုကိုင်လျက် ကျန်လက်တစ်ဖက်က ကတ်ထူပုံးကိုကိုင်ထားသည် ။ ကြောင်‌လေးများ မိုးရေစိုခြင်းမှ ကာကွယ်ရန် ကျစ်ယွီရှီသည် ထီးကို ဘေးဘက်သို့ စောင်းထားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ပိုင်းက စိုရွှဲနေခဲ့သည် ။

သူသည် ခင်းထားသော လမ်းမှ လျှောက်သွားလိုက်ပြီး မကြာမီအမိုးရှိရာသို့ ရောက်အံ့ဆဲဆဲ ။

ထိုလူသည် သူ့ကို သေချာပေါက် ကျောပေးထားခဲ့သော်လည်း နောက်ကျောဘက်တွင် မျက်စိရှိနေသည့်နှယ် သူ့ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားတော့သည် ။ ထို့နောက်တွင်တော့ ချက်ချင်းပင် အနှီအမျိုးသားက နောက်ပြန်လှည့်မကြည့်ဘဲ ရုတ်တရက် ထွက်ခွာသွားလေ၏ ။

ကျစ်ယွီရှီ ကြောင်အသွားရသည် ။ သူအမှီမလိုက်နိုင်ခဲ့ ။ သူသည် လမ်းကြောင်းပြောင်းကာ ကြောင်သုံးကောင်ကို ပစ္စည်းထိန်းသိမ်းရေးရုံးခန်းသို့သာ ခေါ်သွားလိုက်တော့သည် ။ ထိုနေရာရှိ ဝန်ထမ်းများ ပြောလာသည်က လတ်တလောတွင် ကြောင်မွေးနေသောသူရှိသည်ဟု မကြားမိဟူ၍ ၊ သို့သော် နေထိုင်သူများထဲတွင် ထိုကြောင်များကို မွေးချင်သည့်သူရှိမရှိ သူတို့ကူညီရှာဖွေပေးနိုင်ပြီး အကယ်၍ မွေးမည့်သူ မရှိပါက လေလွင့်တိရစ္ဆာန်ကယ်ဆယ်ရေးစင်တာသို့ ပို့မည်ဖြစ်ကြောင်း ပြောလာ၏ ။ ကျစ်ယွီရှီ မပြန်ခင် မိုးကြီးလေကြီးထဲ အပြင်ဘက်တွင် ဤမျှသေးငယ်သော ကြောင်ပေါက်လေးများကို စွန့်ပစ်ထားခဲ့သည့်ပိုင်ရှင်အကြောင်း ဝန်ထမ်းများ မကျေမနပ်ပြောနေကြသည်ကို ကြားလိုက်ရပြီး ဥယျာဉ်ထဲတွင် မြင်ခဲ့သော ပုံရိပ်ကို အမှတ်ရသွားခဲ့သည် ။

ကျစ်ယွီရှီ မေးလိုက်၏ ။ "ကျွန်တော့်ကို စောင့်ကြည့်ကင်မရာတွေ ကူစစ်ပေးလို့ရမလား ? "

ကျစ်ယွီရှီသည် တစ်စုံတစ်ယောက်က တန်ဖိုးထား မွေးမြူခဲ့ပုံပေါ်သော ၁၇နှစ် သို့မဟုတ် ၁၈နှစ်သာရှိသေးသည့် ကျောင်းသားတစ်ယောက်ပင် ။ ဝန်ထမ်းများက သူဤပြဿနာကို အလေးအနက်ထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ ။ "စောင့်ကြည့်ကင်မရာတွေကို စစ်ပေးဖို့လား ? "

"ဟုတ်တယ် " ကျစ်ယွီရှီက ပြောလိုက်သည် ။ "တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်တာမျိုး ဖြစ်မှာမဟုတ်ဘူး ။ အများပိုင်နေရာက ကင်မရာတွေပဲဆိုရင် အဆင်ပြေမလား ? "

သူတို့က မှတ်တမ်းများကို ပြန်လည်ပြသလာသည် ။ လွန်ခဲ့သောတစ်နာရီသို့ ရွှေ့လိုက်ပြီးနောက် တစ်စုံတစ်ယောက်က ကတ်ထူပုံးကိုကိုင်လျက် ဥယျာဉ်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည် ။

ထိုလူက အင်မတန်အရပ်မြင့်ပြီး ကတ်ထူပုံးမှာ သူ့လက်ထဲတွင် ပိုသေးငယ်သွားပုံပင် ။ ထိုလူက ကျစ်ယွီရှီ၏ အဆောက်အဦးအောက်တွင် နာရီဝက်နီးနီး မတ်တပ်ရပ်နေခဲ့ကာ တစ်ယောက်ယောက်ကို စောင့်နေသည့်အလား အဆောက်အဦးကို ရံဖန်ရံခါ မော့ကြည့်နေသည်ကို ကျစ်ယွီရှီ မြင်လိုက်ရသည် ။ မိုးသက်လေပြင်းမကျမီ အတော်လေး မှောင်နေပြီး ထိုအမျိုးသားသည်လည်း ဦးထုပ်ဆောင်းထားသဖြင့် သူရုပ်ရည်သွင်ပြင်ကို ပီပီပြင်ပြင် မြင်ရရန် ခက်ခဲစေ၏ ။

ဝန်ထမ်းက ကြိမ်းမောင်းလာသည် ။ "ချီး ! ဒီလောက် လူကောင်ကြီးကြီးလူကလဲ အိမ်မွေးတိရစ္ဆာန်တွေကို ပစ်သေးတာပဲ ! မမွေးနိုင်ရင် မဝယ်နဲ့လေ ။ အနည်းဆုံးတော့ ပေးလိုက်တာဖြစ်ဖြစ် ၊ ကယ်ဆယ်ရေးဆီ ပို့လိုက်ဝာာဖြစ်ဖြစ် လုပ်ပေါ့ ။ အခုက တအားဆိုးလွန်းတယ် ! "

ကျစ်ယွီရှီသည် ခုနက ဥယျာဉ်ထဲရှိ ကိစ္စအကြောင်း ဘာမျှမပြောခဲ့ ။ ပြောရန်လိုအပ်သည်ဟု သူမထင်ပေ ။ သူမေးရုံမေးလိုက်၏ ။ "သူက ဒီမှာနေတဲ့သူလား ? "

ဝန်ထမ်းက ဆိုသည် ။ "မဟုတ်လောက်ဘူး ။ ဒီမှာ အဲ့လောက်အရပ်ရှည်တဲ့သူ တစ်ယောက်မှ မတွေ့ဖူးဘူး ! " ပြောရင်းနှင့် ဝန်ထမ်းက ပို၍ပင် ဒေါသထွက်လာတော့သည် ။ အဲ့လူက ကြောင်တွေပစ်ဖို့ သူတို့ အိမ်ရာထဲထိတောင် တကူးတကလာသွားသေးတယ်လေ !

ကျစ်ယွီရှီ ပစ္စည်းထိန်းသိမ်းရေးရုံးခန်းမှ ထွက်လာခဲ့‌သည် ။ သူ့အိမ်သို့ ပြန်ရောက်လာပြီး ရေချိုးရန် အဝတ်စိုများကို ချွတ်လိုက်ချိန်၌ သူ့တီရှပ်တွင် ကပ်ငြိနေသော အနက်ရောင်ကြောင်မွေးအနည်းငယ်ကို တွေ့လိုက်ရသည် ။

ရေချိုးပြီးနောက် သူရေချိုးခန်းထဲမှ ထွက်လာ၏ ။ သူသည် မနက်စာအတွက် ပေါင်မုန့်နည်းနည်းစားလိုက်ကာ စာအုပ်ဖတ်ရန် ဆိုဖာပေါ် လှဲလိုက်သည် ။ အိမ်ထဲတွင် တိတ်ဆိတ်နေသော်လည်း အပြင်ဘက်တွင်တော့ မိုးများရွာနေဆဲ ။

အိမ်ထဲ၌ အထီးကျန်ဆန်မှုက အလျှံအပယ်ပင် ။

သူထရပ်ကာ ဖိနပ်စီးလိုက်ပြီးနောက် ခုနက မိုးရေများကို ခါထုတ်ခဲ့သည့်တိုင် ရေစက်လက်ကျနေသေးသော ထီးကို တွေ့သွားခဲ့သည် ။ သူသည် ပစ္စည်းထိန်းသိမ်းရေးရုံးခန်းသို့ ပြန်သွားလိုက်တော့သည် ။

"ဘာလို့ ပြန်ရောက်လာတာလဲ ? " တစ်ဖက်လူက မေးလာသည် ။ "အဲ့လူကို ရှာတွေ့ပြီလား ? "

"မဟုတ်ဘူး " ကျစ်ယွီရှီ ပြောလိုက်၏ ။ "ကျွန်တော်မွေးချင်တယ် "

ဝန်ထမ်းမှာ အံ့အားသင့်သွားခဲ့သည် ။ "မင်းမွေးချင်လို့လား ? " ခုနက ထိုကြောင်များကို အသေအချာ လာထားသွားသည်က ဤအမျိုးသားငယ်ပင် ။

ကျစ်ယွီရှီ : "အင်း "

ဝန်ထမ်းက မေးသည် ။ "ဒါပေမဲ့ မင်းကြောင်မွေးချင်ရင် မင်းမိသားစုက သဘောတူလို့လား ? "

ကျစ်ယွီရှီ ပြောလိုက်သည် ။ "ကျွန်တော် တစ်ယောက်တည်းနေတာ "

ဝန်ထမ်း : "ဒါဆိုလဲ ကောင်းပြီ ။ မင်းဘယ်တစ်ကောင်ကို မွေးချင်တာလဲ ? "

"အကုန်လုံး " ကျစ်ယွီရှီက ဆို၏ ။ "ကျွန်တော့်အိမ်က ကျယ်တယ် ။ ကျွန်တော် သုံးကောင်လုံး မွေးချင်တယ် "

•°•°•

『Zawgyi』

အဆုံးတ္က္န္း
ကၽြန္ေတာ္ေမြးခ်င္ယ္

[ ၁၄၄၈ . ၀၈ .၁၃ ၊ ၁၆ :၀၃ : ၅၁ ]

ရာသီဥတုမွာ ပူေႏြးစိုထိုင္းေနလ်က္ ။ မၾကာမီ မိုးရြာေတာ့မည့္အလား ။ က်စ္မင္ယြဲ႕က တဗ်စ္ေတာက္ေတာက္ေျပာေနသည့္အခ်ိန္ က်စ္ယြီရွီ ကားျပတင္းမွန္ကို မွီထားလိုက္သည္ ။ "မင္းအိမ္ကို အေမနဲ႔ငါ ကူရွင္းေပးၿပီးသားေလ ။ ငါေသခ်ာစစ္ေဆးၾကည့္ၿပီးေတာ့ မင္းလိုတာမွန္သမၽွ အကုန္ျပင္ဆင္ေပးၿပီးသြားၿပီ ။ ၾကည့္လိုက္...မိုးေလဝသသတင္းက ေနာက္ရက္ပိုင္းအတြင္း မိုးသည္းမွာတဲ့ ။ ဘာလို႔ ေနာက္မွ မေျပာင္းဘဲ အိမ္မွာ ရက္နည္းနည္းေလာက္ ထပ္မေနတာလဲ ? "

အသက္ ၁၇ႏွစ္အရြယ္တြင္ သူသည္ အထက္တန္းေအာင္ၿပီးကာစ ။ ႐ုတ္တရက္ အစီအစဥ္မရွိ ဆႏၵေပၚလာသျဖင့္ ဘာတစ္ခြန္းမၽွမဆိုဘဲ ေလယာဥ္လက္မွတ္ ဘိုကင္တင္ကာ ကာဒိုကၽြန္းတြင္ ေပ်ာ္ပါးရန္ ေျပးထြက္သြားခဲ့သည္ ။ က်စ္မိသားစု သူ႔ထံမွ ဖုန္းလက္ခံရရွိခ်ိန္တြင္ သူက သူ႔ဦးတည္ရာကိုပင္ ေရာက္ႏွင့္ေနေလၿပီ ။

ဒီေန႔ ျပန္ေရာက္လာေသာအခါ သူ႔ကို ကားျဖင့္လာႀကိဳသူက က်စ္မင္ယြဲ႕ပင္ ။ က်စ္ယြီရွီသည္ ကာဒို၏ေနေရာင္ျခည္ထဲတြင္ လတစ္ဝက္ေက်ာ္ေနထိုင္ခဲ့ရာ သူ႔အသားအရည္က ယခင္ကထက္ ပိုညိဳသြားၿပီး သူ႔အား က်န္းမာသည့္ ဝင္းလဲ့မႈကို ေပးစြမ္းေနခဲ့သည္ ။

က်စ္မင္ယြဲ႕၏ အႀကံျပဳခ်က္ကို ၾကားခ်ိန္တြင္ သူျပန္ေျဖလိုက္သည္ ။ "မိုးရြာတာ မရြာတာက အိမ္ျပန္တာနဲ႔ ဘာဆိုင္လို႔လဲ ? ေကာလဲ ၁၈ႏွစ္မျပည့္ခင္ ေျပာင္းသြားတာ မဟုတ္လား ? "

ငယ္ရြယ္ကာ ပုန္ကန္တတ္သည္ ။ လူတိုင္း ဤသို႔ေသာ အခ်ိန္မ်ိဳး ရွိခဲ့သည္ေပ ။ အႏွီ ပုန္ကန္တတ္သည့္အရြယ္က က်စ္ယြီရွီထံ အနည္းငယ္ ေနာက္က်ၿပီးမွသာ ေရာက္လာခဲ့႐ုံ ။

က်စ္မင္ယြဲ႕သည္လည္း အသက္၂၀ထဲတြင္သာရွိေနေသးသျဖင့္ သူ၏ငယ္ရြယ္ပ်ိဳျမစ္ေသာ ႏွလုံးသားေလးကို ထိန္းသိမ္းထားဆဲ ။ "ဟုတ္ပါၿပီကြာ ။ ေကာင္းတာေတြကို သင္ယူရမဲ့အစား ငါ့အက်င့္ဆိုးေတြကိုမွ မင္းသင္ရတယ္လို႔ "

က်စ္ယြီရွီက လွမ္းၾကည့္လာ၏ ။ "ေကာဆီက ကၽြန္ေတာ္လိုက္သင္ေနတယ္လို႔ ဘယ္သူေျပာတုန္း ? "

က်စ္မင္ယြဲ႕ : "ေလာင္က်စ္ေျပာတာေလ "

က်စ္ယြီရွီကို ခ်ေပးၿပီးေနာက္ က်စ္မင္ယြဲ႕က ျပန္ထြက္သြားခဲ့သည္ ။ အေသအခ်ာပင္ အကုန္လုံးကို ေသေသသပ္သပ္ သန႔္ရွင္းေရးလုပ္ထားေလ၏ ။ အန္တီစုက ေစ့စပ္ေသခ်ာလွသျဖင့္ တစ္ရႉးလိပ္မ်ား ၊ လက္ေဆးဆပ္ျပာကဲ့သို႔ေသာ ေန႔စဥ္သုံးပစၥည္းမ်ားကိုပင္ အသင့္ျပင္ေပးထားသည္မွာ မိခင္ေမတၱာမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့သည္ ။ ယခုက က်စ္ယြီရွီ တစ္ေယာက္တည္း ေနဖူးသည့္ ပထမဆုံးအႀကိမ္ပင္ ။ သူ႔မိသားစုက စိတ္ပူေနသည့္တိုင္ တစ္စုံတစ္ေယာက္က သူ႔ကိုဂ႐ုစိုက္ေပးေသာ ေန႔ရက္မ်ားက သူ႔ဘဝအား အင္မတန္လြယ္ကူေနေစသည္ ။ သူသည္ တတ္နိုင္သမၽွ အျမန္ဆုံးသာ အမွီအခိုကင္းေအာင္ ေနတတ္ဖို႔ သင္ယူခ်င္ခဲ့သည္ ။

ေနာက္တစ္ေန႔မနက္ သူနိုးလာေသာအခ်ိန္တြင္ ေကာင္းကင္က မွိုင္းညိဳ႕ေန၏ ။ အမွန္တကယ္ကို မိုးရြာေတာ့မည္ပင္ ။ က်စ္ယြီရွီ၏ အဝတ္အိတ္က သစ္သားၾကမ္းခင္းထက္ ရွိေနေသးဆဲ ။ မေန႔က ျပန္ေရာက္လာၿပီးေနာက္ သူသိမ္းဆည္းရွင္းလင္းရန္ အခ်ိန္မရွိခဲ့ေပ ။ အထဲတြင္ အဝတ္အစားအနည္းငယ္သာ ရွိေနၿပီး အမ်ားစုမွာ သူကာဒိုမွ ယူလာခဲ့ေသာ အျပန္လက္ေဆာင္ငယ္မ်ားပင္ ။ သူသည္ အိမ္ထဲတြင္ ေျခဗလာႏွင့္ ေရွ႕သြားလိုက္ ေနာက္သြားလိုက္ ေလၽွာက္ေနခဲ့ၿပီး ေရေသာက္ရန္ မီးဖိုေခ်ာင္သို႔ သြားသည့္အခ်ိန္၌ တိုးလ်ေသာ ေအာ္ျမည္သံတစ္ခုကို မသဲမကြဲ ၾကားလိုက္ရေလသည္ ။

အစက သူစိတ္ထင္တာဟု ထင္ခဲ့၏ ။ သို႔ေသာ္ သူေရတစ္ခြက္ ေသာက္ၿပီးခ်ိန္တြင္ပင္ ေအာ္သံက ဆက္လက္ထြက္ေပၚေနခဲ့သည္ ။

"ေညႇာင္~" ထိုအသံက ‌ေၾကာင္ေပါက္စတစ္ေကာင္၏ အသံအလား ေသးငယ္ကာ တိုးလ်၏ ။ တစ္ေကာင္ထက္ ပိုမ်ားသည္ဟုလည္း ထင္ရသည္ ။ မီးဖိုေခ်ာင္တြင္ အျဖဴေရာင္ ကန႔္လန႔္ကာမ်ားႏွင့္ ႀကီးမားေသာျပတင္းေပါက္တစ္ခုရွိသည္ ။ ျပတင္းေပါက္မွတစ္ဆင့္ အရသာရွိသည့္ သီးပင္စားပင္မ်ားစြာ ေပါက္ေရာက္ေနေသာ အိမ္ရာေနာက္ရွိ ဥယ်ာဥ္ကို သူလွမ္းျမင္ေနရသည္ ။ သူလိုက္ကာကို တြန္းဖယ္လိုက္ၿပီးေနာက္ အျပင္ဘက္ရွိ ေကာင္းကင္မွာ မယုံနိုင္ဖြယ္ေကာင္းေလာက္ေအာင္ တိမ္ထူထပ္ေနလ်က္ မိုးမ်ားလည္း စတင္ရြာေနခဲ့ေၾကာင္း သိလိုက္ရ၏ ။ မိုးသည္ အင္မတန္ ျမန္ဆန္စြာျဖင့္ အားျပင္းျပင္း ရြာေနခဲ့သည္ ။ ျပတင္းေပါက္ကို ဖြင့္လိုက္ၿပီးေနာက္ သစ္ရြက္မ်ားႏွင့္ ေျမႀကီးသို႔ မိုးစက္မ်ား ထိခတ္ေနသည့္အသံက ပိုမိုက်ယ္ေလာင္လာခဲ့သည္ ။ ထိုတိုးလ်လ်ေအာ္သံမ်ားက ဥယ်ာဥ္ဘက္မွ လာေနသေယာင္ ။

အဲ့မွာ ဘယ္လိုလုပ္ ေၾကာင္ေတြရွိေနရတာလဲ ?

သူတစ္ခဏမၽွ ေတြေဝေနခဲ့ၿပီး ဖိနပ္ကိုစီးကာ ထီးတစ္ေခ်ာင္းပါ ယူလာခဲ့လိုက္ေတာ့သည္ ။ သူ တစ္ခ်က္သြားၾကည့္ၾကည့္ရန္ စီစဥ္လိုက္သည္ ။

ထီးကိုကိုင္လ်က္ အမ်ိဳးသားငယ္ေလးသည္ အိမ္ရာဥယ်ာဥ္ထံသို႔ ပထမဆုံးအႀကိမ္အျဖစ္ လမ္းေလၽွာက္သြားခဲ့သည္ ။ မိုးစက္မ်ားက သည္းထန္စြာ ရြာသြန္းေနလ်က္ ။ ၎တို႔က ထီးေပၚသို႔ က်လာကာ ထီးအစြန္းသို႔ မ်ဥ္းတစ္ေၾကာင္းႏွယ္ လိမ့္ဆင္းသြားၿပီးေနာက္ ေျမႀကီးေပၚ က်ဆင္းသြားခဲ့သည္ ။ သူ႔ေဘာင္းဘီအဖ်ားမ်ားက စိုစြတ္ေနသည္ ။ ဥယ်ာဥ္အတြင္းပိုင္းသို႔ ေရာက္ေသာ္ ေမြးကင္းစေၾကာင္‌ေပါက္ေလးမ်ားကို ျမင္လိုက္ရေလသည္ ။

ခ်ဳံပုတ္ေအာက္တြင္ ကတ္ထူပုံးတစ္ပုံးရွိေန၏ ။ ထိုပုံးမွာ မိုးေရမ်ားျဖင့္ စိုရႊဲေနၿပီျဖစ္သည္ ။ ႏွစ္လထက္ႀကီးပုံမရေသာ ေၾကာင္ေပါက္ေလးသုံး‌ေကာင္က တစ္ကိုယ္လုံး မည္းနက္ေနသည္ ။ သူတို႔သည္ တြားထြက္လာရန္ ကတ္ထူပုံးကို ကုတ္ျခစ္ေနၾကၿပီး ထိတ္ပ်ာစြာျဖင့္ တေျမႇာင္ေျမႇာင္ ေအာ္ျမည္ေနၾကသည္ ။

ပုံးထဲတြင္ နို႔မႈန႔္ႏွင့္ ေၾကာင္စာမ်ား ရွိေနသည့္တိုင္ အနားတြင္ မည္သူမၽွ မရွိေခ် ။

က်စ္ယြီရွီ ေဆာင့္ေၾကာင့္ထိုင္လိုက္သည္ ။ ေၾကာင္ေပါက္တစ္ေကာင္၏ဦးေခါင္းကို သူ႔လက္ေခ်ာင္းျဖင့္ အသာပြတ္သပ္ၾကည့္လိုက္၏ ။ သိပ္ညစ္ပတ္မေနေၾကာင္း ေသခ်ာမွသာ ထိုေၾကာင္မ်ားကို ေသခ်ာ စိတ္ေအးလက္ေအး ပြတ္သပ္ေပးနိုင္သည္ ။ သူသည္ ကတ္ထူပုံးရွိရာသို႔ မိုးစက္မ်ားမက်ေစရန္ ထီးကိုကိုင္ထားလိုက္၏ ။ ေနရာတြင္ စိတ္ရွည္လက္ရွည္ျဖင့္ အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းခဲ့ေသာ္လည္း ထိုေၾကာင္မ်ားကို မည္သူကမၽွ လာမေခၚခဲ့ေခ် ။ စြန႔္ပစ္ခံထားရေသာ ေၾကာင္ေပါက္စမ်ား ျဖစ္ရမည္ဟု သူဆုံးျဖတ္လိုက္ေတာ့သည္ ။

က်စ္ယြီရွီသည္ လက္ထဲတြင္ ကတ္ထူပုံးကိုကိုင္လ်က္ ပစၥည္းထိန္းသိမ္းေရး႐ုံးခန္းမွလူမ်ား ထိုေၾကာင္မ်ားကို ဘာလုပ္ရမွန္း သိမသိၾကည့္ရန္ ၎တို႔ကို ေခၚသြားဖို႔ အသင့္ျပင္လိုက္သည္ ။

သူမတ္တပ္ထရပ္လိုက္ၿပီးၿပီးခ်င္း မလွမ္းမကမ္းရွိ ပန္းၿခံအမိုးေအာက္တြင္ လူတစ္ေယာက္ရပ္ေနသည္ကို ျမင္လိုက္ရ၏ ။ မိုးသည္း‌ထဲတြင္ က်စ္ယြီရွီ ေသခ်ာ သဲသဲကြဲကြဲ မျမင္နိုင္ခဲ့ ။ ထိုလူက အလြန္အရပ္ရွည္ကာ ၁.၉၀မီတာထက္ ပိုရွည္ေလာက္သည္ကိုသာ သူေျပာနိုင္၏ ။ ထိုလူ၏ ပုံပန္းသြင္ျပင္ကို မျမင္နိုင္ေသာ္ျငား အႏွီေျခတံရွည္မ်ားကိုေတာ့ သတိမထားမိရန္ ခဲယဥ္းလွေပသည္ ။ ထိုေနရာတြင္ ရပ္ေန႐ုံျဖင့္ အႏွီလူက အလြန္ထင္သာျမင္သာရွိသည္ ။ မိုးမ်ား သည္းထန္စြာ ရြာသြန္းေနခ်ိန္တြင္ ပန္းၿခံထဲ ယခုလို ေရာက္ေနျခင္းက ထိုလူသည္ ဤအိမ္ရာတြင္ ေနထိုင္ၿပီး မိုးလာခိုျခင္း ျဖစ္ဖို႔မ်ားသည္ ။

က်စ္ယြီရွီ လွမ္းေခၚဖို႔ ဆုံးျဖတ္လိုက္သည္ ။ "ေဟး ! " တစ္စတစ္စပိုမိုက်ယ္ေလာင္လာေသာ မိုးသံမ်ားေၾကာင့္ သူ႔အသံကေပ်ာက္ကြယ္သြားေလ၏ ။ "ခုနက ဒီေနရာမွာ ေၾကာင္ေတြကို ဘယ္သူထားသြားလဲ ခင္ဗ်ားျမင္လိုက္လား ? "

ထိုလူက မလႈပ္ရွားေပ ။ တစ္ဖက္လူက သူ႔ကိုမၾကားလိုက္မည္ကို စိုးရိမ္သျဖင့္ သူစတင္၍ အနားသို႔ ေလၽွာက္သြားေတာ့သည္ ။ "ဟယ္လို...ကၽြန္ေတာ္ေျပာတာ ၾကားရဲ့လား ? "

လက္တစ္ဖက္က ထီးကိုကိုင္လ်က္ က်န္လက္တစ္ဖက္က ကတ္ထူပုံးကိုကိုင္ထားသည္ ။ ေၾကာင္‌ေလးမ်ား မိုးေရစိုျခင္းမွ ကာကြယ္ရန္ က်စ္ယြီရွီသည္ ထီးကို ေဘးဘက္သို႔ ေစာင္းထားခဲ့ၿပီး သူ႔ခႏၶာကိုယ္တစ္ပိုင္းက စိုရႊဲေနခဲ့သည္ ။

သူသည္ ခင္းထားေသာ လမ္းမွ ေလၽွာက္သြားလိုက္ၿပီး မၾကာမီအမိုးရွိရာသို႔ ေရာက္အံ့ဆဲဆဲ ။

ထိုလူသည္ သူ႔ကို ေသခ်ာေပါက္ ေက်ာေပးထားခဲ့ေသာ္လည္း ေနာက္ေက်ာဘက္တြင္ မ်က္စိရွိေနသည့္ႏွယ္ သူ႔ခႏၶာကိုယ္က ႐ုတ္တရက္ ေတာင့္တင္းသြားေတာ့သည္ ။ ထို႔ေနာက္တြင္ေတာ့ ခ်က္ခ်င္းပင္ အႏွီအမ်ိဳးသားက ေနာက္ျပန္လွည့္မၾကည့္ဘဲ ႐ုတ္တရက္ ထြက္ခြာသြားေလ၏ ။

က်စ္ယြီရွီ ေၾကာင္အသြားရသည္ ။ သူအမွီမလိုက္နိုင္ခဲ့ ။ သူသည္ လမ္းေၾကာင္းေျပာင္းကာ ေၾကာင္သုံးေကာင္ကို ပစၥည္းထိန္းသိမ္းေရး႐ုံးခန္းသို႔သာ ေခၚသြားလိုက္ေတာ့သည္ ။ ထိုေနရာရွိ ဝန္ထမ္းမ်ား ေျပာလာသည္က လတ္တေလာတြင္ ေၾကာင္ေမြးေနေသာသူရွိသည္ဟု မၾကားမိဟူ၍ ၊ သို႔ေသာ္ ေနထိုင္သူမ်ားထဲတြင္ ထိုေၾကာင္မ်ားကို ေမြးခ်င္သည့္သူရွိမရွိ သူတို႔ကူညီရွာေဖြေပးနိုင္ၿပီး အကယ္၍ ေမြးမည့္သူ မရွိပါက ေလလြင့္တိရစၧာန္ကယ္ဆယ္ေရးစင္တာသို႔ ပို႔မည္ျဖစ္ေၾကာင္း ေျပာလာ၏ ။ က်စ္ယြီရွီ မျပန္ခင္ မိုးႀကီးေလႀကီးထဲ အျပင္ဘက္တြင္ ဤမၽွေသးငယ္ေသာ ေၾကာင္ေပါက္ေလးမ်ားကို စြန႔္ပစ္ထားခဲ့သည့္ပိုင္ရွင္အေၾကာင္း ဝန္ထမ္းမ်ား မေက်မနပ္ေျပာေနၾကသည္ကို ၾကားလိုက္ရၿပီး ဥယ်ာဥ္ထဲတြင္ ျမင္ခဲ့ေသာ ပုံရိပ္ကို အမွတ္ရသြားခဲ့သည္ ။

က်စ္ယြီရွီ ေမးလိုက္၏ ။ "ကၽြန္ေတာ့္ကို ေစာင့္ၾကည့္ကင္မရာေတြ ကူစစ္ေပးလို႔ရမလား ? "

က်စ္ယြီရွီသည္ တစ္စုံတစ္ေယာက္က တန္ဖိုးထား ေမြးျမဴခဲ့ပုံေပၚေသာ ၁၇ႏွစ္ သို႔မဟုတ္ ၁၈ႏွစ္သာရွိေသးသည့္ ေက်ာင္းသားတစ္ေယာက္ပင္ ။ ဝန္ထမ္းမ်ားက သူဤျပႆနာကို အေလးအနက္ထားလိမ့္မည္ဟု မထင္မွတ္ထားခဲ့ေပ ။ "ေစာင့္ၾကည့္ကင္မရာေတြကို စစ္ေပးဖို႔လား ? "

"ဟုတ္တယ္ " က်စ္ယြီရွီက ေျပာလိုက္သည္ ။ "တျခားသူေတြရဲ့ ကိုယ္ေရးကိုယ္တာကို ခ်ိဳးေဖာက္တာမ်ိဳး ျဖစ္မွာမဟုတ္ဘူး ။ အမ်ားပိုင္ေနရာက ကင္မရာေတြပဲဆိုရင္ အဆင္ေျပမလား ? "

သူတို႔က မွတ္တမ္းမ်ားကို ျပန္လည္ျပသလာသည္ ။ လြန္ခဲ့ေသာတစ္နာရီသို႔ ေရႊ႕လိုက္ၿပီးေနာက္ တစ္စုံတစ္ေယာက္က ကတ္ထူပုံးကိုကိုင္လ်က္ ဥယ်ာဥ္ထဲသို႔ ဝင္လာသည္ကို ျမင္လိုက္ရသည္ ။

ထိုလူက အင္မတန္အရပ္ျမင့္ၿပီး ကတ္ထူပုံးမွာ သူ႔လက္ထဲတြင္ ပိုေသးငယ္သြားပုံပင္ ။ ထိုလူက က်စ္ယြီရွီ၏ အေဆာက္အဦးေအာက္တြင္ နာရီဝက္နီးနီး မတ္တပ္ရပ္ေနခဲ့ကာ တစ္ေယာက္ေယာက္ကို ေစာင့္ေနသည့္အလား အေဆာက္အဦးကို ရံဖန္ရံခါ ေမာ့ၾကည့္ေနသည္ကို က်စ္ယြီရွီ ျမင္လိုက္ရသည္ ။ မိုးသက္ေလျပင္းမက်မီ အေတာ္ေလး ေမွာင္ေနၿပီး ထိုအမ်ိဳးသားသည္လည္း ဦးထုပ္ေဆာင္းထားသျဖင့္ သူ႐ုပ္ရည္သြင္ျပင္ကို ပီပီျပင္ျပင္ ျမင္ရရန္ ခက္ခဲေစ၏ ။

ဝန္ထမ္းက ႀကိမ္းေမာင္းလာသည္ ။ "ခ်ီး ! ဒီေလာက္ လူေကာင္ႀကီးႀကီးလူကလဲ အိမ္ေမြးတိရစၧာန္ေတြကို ပစ္ေသးတာပဲ ! မေမြးနိုင္ရင္ မဝယ္နဲ႔ေလ ။ အနည္းဆုံးေတာ့ ေပးလိုက္တာျဖစ္ျဖစ္ ၊ ကယ္ဆယ္ေရးဆီ ပို႔လိုက္ဝာာျဖစ္ျဖစ္ လုပ္ေပါ့ ။ အခုက တအားဆိုးလြန္းတယ္ ! "

က်စ္ယြီရွီသည္ ခုနက ဥယ်ာဥ္ထဲရွိ ကိစၥအေၾကာင္း ဘာမၽွမေျပာခဲ့ ။ ေျပာရန္လိုအပ္သည္ဟု သူမထင္ေပ ။ သူေမး႐ုံေမးလိုက္၏ ။ "သူက ဒီမွာေနတဲ့သူလား ? "

ဝန္ထမ္းက ဆိုသည္ ။ "မဟုတ္ေလာက္ဘူး ။ ဒီမွာ အဲ့ေလာက္အရပ္ရွည္တဲ့သူ တစ္ေယာက္မွ မေတြ႕ဖူးဘူး ! " ေျပာရင္းႏွင့္ ဝန္ထမ္းက ပို၍ပင္ ေဒါသထြက္လာေတာ့သည္ ။ အဲ့လူက ေၾကာင္ေတြပစ္ဖို႔ သူတို႔ အိမ္ရာထဲထိေတာင္ တကူးတကလာသြားေသးတယ္ေလ !

က်စ္ယြီရွီ ပစၥည္းထိန္းသိမ္းေရး႐ုံးခန္းမွ ထြက္လာခဲ့‌သည္ ။ သူ႔အိမ္သို႔ ျပန္ေရာက္လာၿပီး ေရခ်ိဳးရန္ အဝတ္စိုမ်ားကို ခၽြတ္လိုက္ခ်ိန္၌ သူ႔တီရွပ္တြင္ ကပ္ၿငိေနေသာ အနက္ေရာင္ေၾကာင္ေမြးအနည္းငယ္ကို ေတြ႕လိုက္ရသည္ ။

ေရခ်ိဳးၿပီးေနာက္ သူေရခ်ိဳးခန္းထဲမွ ထြက္လာ၏ ။ သူသည္ မနက္စာအတြက္ ေပါင္မုန႔္နည္းနည္းစားလိုက္ကာ စာအုပ္ဖတ္ရန္ ဆိုဖာေပၚ လွဲလိုက္သည္ ။ အိမ္ထဲတြင္ တိတ္ဆိတ္ေနေသာ္လည္း အျပင္ဘက္တြင္ေတာ့ မိုးမ်ားရြာေနဆဲ ။

အိမ္ထဲ၌ အထီးက်န္ဆန္မႈက အလၽွံအပယ္ပင္ ။

သူထရပ္ကာ ဖိနပ္စီးလိုက္ၿပီးေနာက္ ခုနက မိုးေရမ်ားကို ခါထုတ္ခဲ့သည့္တိုင္ ေရစက္လက္က်ေနေသးေသာ ထီးကို ေတြ႕သြားခဲ့သည္ ။ သူသည္ ပစၥည္းထိန္းသိမ္းေရး႐ုံးခန္းသို႔ ျပန္သြားလိုက္ေတာ့သည္ ။

"ဘာလို႔ ျပန္ေရာက္လာတာလဲ ? " တစ္ဖက္လူက ေမးလာသည္ ။ "အဲ့လူကို ရွာေတြ႕ၿပီလား ? "

"မဟုတ္ဘူး " က်စ္ယြီရွီ ေျပာလိုက္၏ ။ "ကၽြန္ေတာ္ေမြးခ်င္တယ္ "

ဝန္ထမ္းမွာ အံ့အားသင့္သြားခဲ့သည္ ။ "မင္းေမြးခ်င္လို႔လား ? " ခုနက ထိုေၾကာင္မ်ားကို အေသအခ်ာ လာထားသြားသည္က ဤအမ်ိဳးသားငယ္ပင္ ။

က်စ္ယြီရွီ : "အင္း "

ဝန္ထမ္းက ေမးသည္ ။ "ဒါေပမဲ့ မင္းေၾကာင္ေမြးခ်င္ရင္ မင္းမိသားစုက သေဘာတူလို႔လား ? "

က်စ္ယြီရွီ ေျပာလိုက္သည္ ။ "ကၽြန္ေတာ္ တစ္ေယာက္တည္းေနတာ "

ဝန္ထမ္း : "ဒါဆိုလဲ ေကာင္းၿပီ ။ မင္းဘယ္တစ္ေကာင္ကို ေမြးခ်င္တာလဲ ? "

"အကုန္လုံး " က်စ္ယြီရွီက ဆို၏ ။ "ကၽြန္ေတာ့္အိမ္က က်ယ္တယ္ ။ ကၽြန္ေတာ္ သုံးေကာင္လုံး ေမြးခ်င္တယ္ "

•°•°•

Continue Reading

You'll Also Like

50.1K 5.8K 102
The Star Around the Sun 明日星程 Author : Jin Gang Quan 金刚圈 Total Chapters: 149 Eng translator - liuyao (Gooseberry Translation) Tags - Entertainment Ci...
81.8K 10.9K 52
It's just a translation. All credits to original author,English translator and publisher. English title-First Love Choose Me, I'm Super Sweet Authors...
2.5M 284K 200
Wáng Yì(ဝမ်ရိ)ဟာ Novelတစ်ခုရဲ့ အချိန်အပိုင်းအခြားထဲကို မတော်တဆဝင်ရောက်သွားပြီး အဲ့ဝတ္ထုထဲမှာ Villain roleနေရာကနေ သရုပ်ဆောင်ပေးရတဲ့ System Manhuaလေးပါ...
1.9M 150K 180
Yaoi Ongoing ရည္းစားျဖစ္သူက အိမ္ကိုေရာင္းၿပီးအေႂကြေတြ႔နဲ႔ျပစ္ထားခဲ့ခ်ိန္မွာ ကေလးငယ္တစ္ဦးကကံေကာင္းျခင္းေတြ႔ကိုယူေဆာင္လာၿပီးေနာက္ yakuzaေခါင္းေဆာင္နဲ...