『Unicode』
《တစ်ရက်》
တိတ်ဆိတ်မှုမှာ ၁၀စက္ကန့်မက ကြာမြင့်သွားခဲ့သည် ။ ထူးဆန်းသော မြင်ကွင်းကို နှောင့်ယှက်လိုက်ပြီးနောက် အဖွဲ့သားများမှာ တိတ်တဆိတ် လစ်ထွက်သွားရန် ကြိုးစားလိုက်ကြသည် ။ သို့သော် အလိုက်ကမ်းဆိုးမသိသည့် တစ်စုံတစ်ယောက်ကတော့ အမြဲရှိသည်ပေ ။ ထိုအချိန်၌ ရိုးအကာ တုံးသော ထန်းလဲ့က ကျစ်ယွီရှီကို မေးရန် မမေ့ခဲ့။ "အကြံပေးကျစ်....ခင်ဗျားမှာ တကယ်ကြီး ကောင်လေး၃ယောက်ရှိဝာာလား ? "
လူတိုင်း : "!!! "
ဘယ်လိုလုပ် ဒါကို တည့်တိုးကြီး မေးလို့ရမှာတုန်းဟ ?!
ထန်းလဲ့က အခက်ခဲဆုံးအပိုင်းကို မေးမြန်းပြီးဖြစ်သဖြင့် သွမ့်ဝမ်မှာ ယခု စကားပြောရဲသွားလေပြီ ။ " ပြီးတော့ အဲ့ကောင်လေး၃ယောက်က တစ်ယောက်တည်း ပြောင်းနိုင်တယ်တဲ့လား ? "
ကျိုးမင်ရွှမ်း : "၃ယောက်ကနေ တစ်ယောက် ။ အဲ့တာ အကြံပေးကျစ်ရဲ့ကြောင်တွေ မဟုတ်ဘူးလား ? "
ထန်းချီ : "မဟုတ်ပါဘူး ။ ကျွန်တော် မှတ်မိသလောက် အကြံပေးကျစ် ပြောဖူးတာ သူ့ကောင်လေးက စားပွဲခုံရှင်းလင်းရေးကျွမ်းကျွင်တဲ့ "
ထန်းလဲ့ : "ကျွန်တော်လဲ မှတ်မိတယ် ။ စားပွဲခုံရှင်းလင်းရေးကျွမ်းကျွင်ဆိုတာ "
လီချွင်း : "သေလိုက်ပါတော့...အဲ့တာ တကယ်ကြီး ကြောင်ပေါ့ ! ကြောင်ရဲ့အလုပ်က စားပွဲရှင်းတာပဲကို ! မြင်သမျှ အကုန်တွန်းချပစ်တာလေ ! "
လူတိုင်း : "......"
ကြောင်တွေတဲ့လား ?!
စုန့်ချင်းလန်သည် သူတို့၏ တုံ့ပြန်ချက်များကို မြင်သော် တပ်ဖွဲ့ထဲတွင် အရူးက သူတစ်ယောက်တည်းသာ မဟုတ်ကြောင်း သိလိုက်ရလေ၏ ။ သူ့နားထင်ကြောများ ခပ်ဖွဖွ တွန့်တက်သွားရသည် ။ အနှီနားလည်သဘောပေါက်မှုကလည်း စုန့်ချင်းလန်ကို စိတ်အေးသက်သာ မဖြစ်သွားစေခဲ့ ။ ကျစ်ယွီရှီ၏ မျက်လုံးထဲတွင် သူတို့တပ်ဖွဲ့မှာ အရူးတစ်သိုက်နှင့် ဖွဲ့စည်းထားပုံ ပေါ်နေလောက်သည် ။
ကျစ်ယွီရှီ၏ ပဟေဠိဆန်သော ချစ်သူရည်းစားဆက်ဆံရေး အခြေအနေမှာ အဓိကအာရုံစိုက်မှု ဖြစ်လာခဲ့သည် ။ သို့သော် သူ့မျက်နှာအမူအရာမှာ တည်ငြိမ်ကာ ခံစားချက်ကင်းမဲ့နေ၏ ။ သူသည် နေရာတွင်သာ တိတ်တဆိတ် ရပ်နေခဲ့သည်မှာ လက်ရှိအခြေအနေက သူ့အား လုံးဝ မရှက်ရွံ့စေသည့်အလား ။
သို့သည့်တိုင် သူ့နားရွက်များက သူ့ကို သစ္စာဖောက်သွားသည်ကို လူတိုင်းမြင်နေရသည် ။ နားသံသီးများမှာ အလွန်အမင်း နီမြန်းနေပြီး သူ့လည်ပင်းတစ်ဝိုက်မှ အရေပြားများပင် ပူလောင်လာခဲ့သည် ။ ထိုတည်ငြိမ်နေသော မျက်နှာနှင့် ကွာခြားချက်က တအားကြီးလွန်းသည် ။
တည်ငြိမ်ပြီး အမှီအခိုကင်းမဲ့သော အကြံပေးကျစ်တစ်ယောက် ယခုအချိန်တွင် သူ့နှလုံးသားမှာ ပရမ်းပတာဖြစ်နေခဲ့သည် ။
လီချွင်းက ဆက်လက်တွေးတောနေ၏ ။ "အဲ့တော့ အကြံပေးကျစ်က ကောင်လေးရှိတာလား မရှိဘူးလား ? "
"ကျွန်တော် အရင်သွားနားတော့မယ် " ကျစ်ယွီရှီသည် ထိုမေးခွန်းကို မဖြေဘဲ လက်ရှိအခြေအနေမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားသည့်အနေဖြင့် ဆင်ခြေတစ်ခု ထုတ်ပြောလိုက်သည် ။
"အကြံပေးကျစ် ?! "
"မသွားပါနဲ့ !! "
ကျစ်ယွီရှီသည် စုန့်ချင်းလန်၏ မျက်နှာအမူအရာကိုပင် ကြည့်မလာသလို ခုနက စုန့်ချင်းလန် ဘာပြောဖို့ ကြိုးစားနေသည်ကိုလည်း တွေးမနေတော့ချေ ။ သူသည် အခန်းထဲမှ ထွက်ခွာရန် ချက်ချင်း သူ့ခြေထောက်ကို ကြွလိုက်လေ၏ ။
စုန့်ချင်းလန်၏ အမူအရာမှာ ပို၍ ပို၍ပင် ကြည့်ရဆိုးလာတော့သည် ။ ယခု သူ့မျက်နှာမှာ ဒယ်အိုးဖင်နီးပါး မည်းမှောင်လာ၏ ။ ကျစ်ယွီရှီ ထွက်သွားတော့မည်ကို မြင်သည့်အခါ စုန့်ချင်းလန်က နောက်မှလိုက်ကာ အကုန်လုံး၏ မျက်စိရှေ့တွင် တွေးပင်မတွေးတော့ဘဲ ပခုံးကို လှမ်းဆွဲလိုက်လေသည် ။ "ခဏလေး "
"ငါပြောချင်တာကို ပြီးအောင် မပြောရသေးဘူး " စုန့်ချင်းလန်က အံကိုကြိတ်လျက် "ဒီမှာ လူတွေအများကြီးရှိနေလို့ ငါမပြောရဲဘူး ထင်နေလား ? "
ကျစ်ယွီရှီ : "........."
ကျစ်ယွီရှီ : "ပြောဖို့ မသင့်တော်လောက်ဘူး "
လူတိုင်း : "သင့်တော်တာပေါ့ ! အရမ်း သင့်တော်တယ် ! ပြောလိုက် ! မြန်မြန်ပြောလိုက် !! "
စုန့်ချင်းလန်သည် စိတ်ထဲကနေ အနှီအရူးတစ်အုပ်ကို အကြိမ်တစ်ရာမက ဆဲဆိုပြီးဖြစ်သည် ။ သို့သော် ဘယ်လိုပဲနေနေ ထိုစကားလုံးများမှာ အနှေးနှင့် အမြန် ပြောရမည့်အရာများသာ ။
"အကုန်လုံး ဒီမှာရှိနေတော့လဲ တစ်ယောက်ချင်းစီ လိုက်ပြောပြနေစရာ မလိုတော့ဘူး " သူသည် လေသံကို ပြောင်းလိုက်ကာ ရုတ်ချည်းပင် ပို၍ လေးနက်သွားလေ၏ ။ "အကြံပေးကျစ်...ခုနက ငါအဲ့တာတွေအကုန်ပြောရတဲ့ အကြောင်းအရင်းက ငါမင်းကို မေးချင်လို့---မင်းငါ့ကို စဉ်းစားပေးနိုင်မလား ? "
လေ့ကျင့်ရေးခန်းထဲရှိ အခြေအနေကို အခုထိ မသိသေးသော သွမ့်ဝမ်နှင့်အုပ်စုမှာ သူဆိုလိုသည်ကို နားမလည်ချေ ။ အခြေအနေကို နားလည်သော လေ့ကျင့်ရေးခန်းထဲရှိ ကျိုးမင်ရွှမ်းနှင့်အဖွဲ့သည်တော့ အသက်ကို အောင့်ကာ ကျစ်ယွီရှီအား စိတ်လှုပ်ရှားစွာ လှမ်းကြည့်လိုက်ကြသည် ။ ယခုအချိန်၌ လူတိုင်းသည် တူညီသောအတွေးတစ်ခုကိုသာ တွေးနေမိကြ၏ ။ သူတို့အကုန်လုံးသည် မျက်စိရှေ့ရှိ ပွဲကို စိတ်လှုပ်ရှားစွာ ကြည့်နေလျက် ။
အကုန်လုံး စိတ်ထဲတွင် တွေးမိကြ၏ : ပွဲမပျက်သွားဘူးကွ ! နောက်ဆက်တွဲပါ ရှိနေသေးတယ် !
ကျစ်ယွီရှီသည် တစ်ခဏမျှ တောင့်ခဲသွားရသည် ။ သူသည် အဖြေကို သိလျက်နှင့် မေးလာသည်လား မသိရသော်လည်း အလွန် သဘာဝကျစွာပင် မေးလာခဲ့သည် ။ "ဘာကို.....စဉ်းစားပေးရမှာလဲ ? "
ယခုတော့ အားလုံးသည် စုန့်ချင်းလန်အား မျက်လုံးတောက်တောက်များဖြင့် ပြန်ကြည့်လာသည် ။
စုန့်ချင်းလန် သူ့တို့ကို လျစ်လျူရှုထားလိုက်သည် ။ "တစ်ယောက်ဆိုတစ်ယောက် ၊ အချင်းချင်း တစ်ယောက်အတွက် တစ်ယောက်ပဲရှိတဲ့ ဆက်ဆံရေး ၊ မင်းငါ့ကို စဉ်းစားပေးမလား ? "
ကျစ်ယွီရှီ : "........"
စုန့်ချင်းလန်က သွားများကို ကြိတ်လျက် ပိုရှင်းအောင်ပင် ပြောလာခဲ့သေးသည် ။ "ငါနဲ့တွဲဖို့ စဉ်းစားကြည့်ပေး "
ကျစ်ယွီရှီ : "ဘာလို့လဲ ? ခင်ဗျားက အဖြောင့်မဟုတ်ဘူးလား ? "
"မင်းပြောတာမှန်တယ် ။ ငါက စိတ်မကောင်းစွာနဲ့ တော်တော်လေး ကြိတ်ဂေးနေတဲ့ဂေး ဖြစ်မယ် "
"မင်းနဲ့တွေ့ပြီးနောက်မှာ ငါ ထပ်ပြီး ဖြောင့်မနေနိုင်တော့ဘူး "
သူလှောင်ပြောင်ခံရမည်ကို ဂရုမစိုက်သလို တခြားသူများက သူ့ကို မည်သို့ပြောကြမည်ကိုလည်း ဂရုမစိုက်ချေ ။ သူသည် တည့်တိုးသာ ပြောလိုက်တော့သည် ။ "ငါသောက်ကျိုးနည်း......ငါမင်းကို ပူဖောင်းကမ္ဘာမှာ ပြောချင်ခဲ့တာ ။ ငါမင်းရဲ့ခေါင်းဆောင်ဖြစ်ဖို့ မပြောနဲ့ ၊ မင်းရဲ့ သူငယ်ချင်းတောင်မဖြစ်ချင်ဘူး ။ ငါ့ကို ဘာကမှ ချုပ်တည်းထားတာမရှိဘဲ ငါမင်းကို ဂရုစိုက်ပေးချင်တယ် ၊ မင်းကို တအားအလျင်မလိုဖို့ ၊ အကုန်လုံးကို တစ်ယောက်တည်း မထမ်းထားဖို့ ပြောချင်တယ် ၊ ငါမင်းနဲ့အတူရှိချင်တယ် ၊ မင်းကို ဖက်ထားချင်တယ် ၊ မင်းနဲ့ အိပ်---"
စကားလုံးများမှာ ကြမ်းတမ်းလာပြီး ပို၍ ပို၍ ပြတ်သားလာခဲ့သည် ။ ဘေးမှကြည့်နေသူများမှာ ထိုစကားများကို ကြားသည့်အချိန်တွင် အော်ဟစ်လိုစိတ်ပင် ဖြစ်ပေါ်လာရသည် ။ ကျစ်ယွီရှီ မျက်နှာတစ်ခုလုံး ဤသည်ကို ကြားသော် နီရဲသွားလေ၏ ။
နောက်ပြောမည့် စကားလုံးများက အတော်လေး မလျော်ကန်ကြောင်း နားလည်လိုက်သဖြင့် စုန့်ချင်းလန် ရပ်တန့်လိုက်ရသည် ။ သူ၏ မူလက ရာဇဝတ်သားကဲ့သို့ မျက်နှာအမူအရာမှာ ပို၍ပင် ပြင်းထန်လာခဲ့သည် ။
သူ အလေးအနက် ဖော်ပြလိုက်၏ ။ "ကျစ်ယွီရှီ...ငါမင်းကို သဘောကျတယ် "
"အားးးးးးးးး! "
"ခေါင်းဆောင်စုန့်...ရှယ်မိုက် !!! "
"အားးးးးးးးး! "
အဖွဲ့သားတစ်အုပ်၏ အလယ်တွင် အမျိုးသားနှစ်ယောက်က မတ်တပ်ရပ်နေခဲ့သည် ။ လက်ထပ်ခွင့်တောင်းသည့် မြင်ကွင်းနှင့်ပင် တူနေသေး၏ ။ သူ့ချစ်ခွင့်ပန်မှုက ဤသို့နှောင့်ယှက်ခံနေရသောကြောင့် စုန့်ချင်းလန် မျက်နှာမှာ အနည်းငယ် ရဲတက်လာတော့သည် ။ သူသည် ကျစ်ယွီရှီ၏ လည်ပင်းအနောက်ဘက်ကိုသာ မြဲမြံစွာ စိုက်ကြည့်နေခဲ့သည် ။
သူတို့အကုန်လုံးသည် အဝတ်အစားလဲရန် အခွင့်မရခဲ့သဖြင့် သူတို့၏ အနက်ရောင်တိုက်ခိုက်ရေး ယူနီဖောင်းကိုသာ ဝတ်ဆင်ထားဆဲဖြစ်သည် ။ ဤသည်က ကျစ်ယွီရှီအတွက် ပိုလို့ပင် ဆိုးသေး၏ ။ နက်မှောင်သော တိုက်ခိုက်ရေးယူနီဖောင်းကြောင့် သူ၏ဖြူဖျော့သွယ်လျသည့် လည်တိုင်မှာ မြင်သာအောင်ရဲတွတ်နေတော့သည် ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေပြီး ပခုံးများက အနည်းငယ် တုန်ယင်နေခဲ့သည် ။ ဤမသိမသာ ပြောင်းလဲမှုလေးများ အားလုံးကို စုန့်ချင်းလန် မြင်နေရသည် ။ သူ၏ သည်းခံနိုင်စွမ်းနှင့် တည်ငြိမ်မှုက သူ့အား ချက်ချင်း မတုံ့ပြန်မိအောင် ဟန့်တားပေးနေ၏ ။
Hasolamu ။ ငါမင်းကို သဘောကျတယ် ။ လီချွင်းတစ်ယောက် အမှားလုပ်မိသည်လား စုန့်ချင်းလန် မသိပေ ။
ယခုအချိန်တွင်တော့ သူသည် တစ်ခုတည်းကိုသာ အတည်ပြုချင်ခဲ့သည် ။ သူသည် အသံဩရှရှဖြင့် မေးလာ၏ ။ "ငါ ခြင်ဆေးခွေလို ကွေးသွားပြီ ။ ငါ မင်းရဲ့ချစ်သူကောင်လေး ဖြစ်လို့ရမလား ? "
"ဖြေလိုက် ! ဖြေလိုက် ! "
"ဖာခ့်..ဖာခ့်..ဖာခ့်...မြန်မြန် အဖြေပေးလိုက်ပါ !! "
"အမြန်ပြောလိုက်ပါတော့...အကြံပေးကျစ် ! "
ကျစ်ယွီရှီ ပြန်လှည့်လာကာ ပြောလိုက်သည် ။ "ကျွန်တော် စဉ်းစားလိုက်အုံးမယ် "
ကျစ်ယွီရှီသည် သူ့မျက်နှာသူ အဖတ်ဆယ်ချင်သေးကာ အငြှိုးအတေးလည်း ကြီးသေး၏ ။ စုန့်ချင်းလန်သည်လည်း အစကတည်းက ချက်ချင်း အဖြေပြန်ပေးလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိပါပေ ။ ဤသို့သော အခြေအနေမျိုးက သူမျှော်မှန်းထားပြီး ဖြစ်သော်ငြား နောက်ဆက်တွဲမေးခွန်းကိုတော့ မေးရန် လိုသေးသည် ။ စုန့်ချင်းလန် ချက်ချင်း မေးလိုက်သည် ။ "အချိန်ဘယ်လောက်လိုမှာလဲ ? ငါအခု တန်းစီစောင့်နေရတုန်းကို အရှေ့မှာတင် ၃ယောက်ရှိနေတာ ။ မင်းငါ့ကို အခွင့်အရေးတော့ ပေးဖို့ လိုတာပေါ့ "
ကျစ်ယွီရှီ : "........"
"အကြံပေးကျစ်..စဉ်းစားနေစရာမလိုဘူး ! "
"ကောင်းခန်းရောက်မှ ချန်မထားနဲ့လေ ! ဒီနေ့ တစ်ခါတည်း အကုန်အပြတ်ရှင်းလိုက်ပါတော့ ! "
"ခေါင်းဆောင်စုန့်က လူပျိုပဲ ရှိသေးတာ ! "
"သူက တန်ပါတယ် ! ခင်ဗျား အရှုံးရှိမှာမဟုတ်ဘူး ! "
စုန့်ချင်းလန်၏ အကြည့်များမှာ အေးစက်သွားပြီး "အကုန်လုံး အပြင်ထွက်စမ်း "
လူတိုင်း ချက်ချင်း နားလည်သွားခဲ့သည် ။ သူ့အသက်အရွယ်နဲ့ အတွေ့အကြုံမရှိဘူးလို့ ပြောတာက သူတို့ သူ့မျက်နှာပျက်အောင် လုပ်မိသွားတာ မဟုတ်ဘူးလား ?!
သူတို့သည် ကိုယ်ပိုင်လေ့ကျင့်ရေးခန်းထဲမှ အလျင်အမြန် လစ်ထွက်သွားဖို့ အသင့်ပြင်လိုက်တော့သည် ။
အခြေအနေအချိန်အခါကို မသိဘဲ ပွဲကြည့်ရန် အလုပ်များနေသော သကောင့်သားများ၏ဖင်များကို ကျိုးမင်ရွှမ်း ပိတ်ကန်လိုက်သည် ။ "သွားကြတော့ ! သူတို့ကို နေရာနည်းနည်းပေးလိုက်စမ်းပါ ၊ ဟုတ်ပြီလား ? "
လီချွင်းက အထွန့်တက်လာ၏ ။ "လောင်ကျိုး...ဘာလုပ်နေတာတုန်း ? ခုနက ခင်ဗျားခြေချော်သွားတာမလား ? "
အနောက်ဘက်မှ ကျိုးမင်ရွှမ်း၏အသံမှာ ထိန်းချုပ်ထားပုံရကာ အေးစက်နေလျက် "ပေါက်ကရတွေ ထပ်မပြောနဲ့တော့ ၊ သွား သွား သွား !! "
ထိုအုပ်စုမှာ တွန်းလိုက်ထိုးလိုက်နှင့် ထွက်ခွာသွားတော့သည် ။
မူလက ဆူညံနေသော လေ့ကျင့်ရေးခန်းထဲတွင် လူနှစ်ယောက်သာ ကျန်ရစ်သည် ။
"လူပျို ? " ကျစ်ယွီရှီ စုန့်ချင်းလန်ကို မော့ကြည့်လိုက်သည် ။ သူ့မျက်ဝန်းများထဲတွင် ကြည်လင်သော စမ်းချောင်းတစ်ခု စီးဆင်းနေသည့်အလား ။ "လူပျိုကများ သူများတွေ *4Pလုပ်တယ်လို့ စိတ်ကူးယဉ်ရဲသေးတယ်လား ? ခေါင်းဆောင်စုန့် လက်ခံနိုင်တဲ့ အဆင့်က တအားမြင့်တာပဲနော် "
စုန့်ချင်းလန် : "......"
ဤအငြှိုးအတေး ။ ဤသည်က ဟိုးပဝေသဏီကတည်းက ကျစ်ယွီရှီ မှတ်စုစာအုပ်ထဲ ချမှတ်ထားတာ ဖြစ်လောက်သည် ။ မဟုတ်ရင် ဘာလို့ သူ့ကို လမ်းလွဲအောင် ဆက်လုပ်နေပြီး အချိန်တိုင်း ကိုယ့်ဘာသာ အရူးလုပ်နေတာကို ကြည့်နေခဲ့မှာလဲ ?
သို့သော် ဤသည်က သူနှင့် ထိုက်တန်သည့်အရာဟု သတ်မှတ်၍ရသည် ။ အစတည်းက သူ့ကို ဘယ်သူက ကျစ်ယွီရှီကို ခွဲခြားခွဲခြားလုပ်ဖို့ ပြောလို့လဲ ?
စုန့်ချင်းလန်က အနည်းငယ် နီးကပ်လာခဲ့သည် ။ "အဲ့တော့ မင်းငါ့ကို တမင် ကစားသွားခဲ့တာပဲ "
သူတို့နှစ်ယောက်တည်း အတူတူရှိနေသည့် ပထမဆုံးအကြိမ် မဟုတ်သည်မှာ အသေအချာ ဖြစ်သော်လည်း ယခုလေထုအနေအထားက ယခင်ကထက် မရေမရာဖြစ်နေခဲ့သည် ။
တောက်လောင်နေသည့် အကြည့်များအောက်တွင် ကျစ်ယွီရှီ၏ မျက်နှာအပူချိန်မှာ အေးမသွားနိုင်တော့ ။ သူသည် စကားလမ်းကြောင်း ပြောင်းလိုက်ကာ "အဲ့တာ ၊ ကျွန်တော် သေချာ စဉ်းစားကြည့်ပါမယ် "
ဤသည်ကိုကြားသော် စုန့်ချင်းလန်သည် မျက်ခုံးတစ်ဖက်ကိုသာ အနည်းငယ် ပင့်လာခဲ့သည် ။ သူသည် တစ်မျိုးတစ်ဖုံ တောင့်တင်းနေသော အမူအရာကို ဖော်ပြလျက် မေးလာ၏ ။ "တစ်ရက် အချိန်ပေးမယ် ။ လုံလောက်လား ? "
ဤသို့ အကြည့်ခံနေရသဖြင့် ကျစ်ယွီရှီ၏ရှည်လျားသော မျက်တောင်များက မျက်လုံးများထက် အရိပ်အုပ်မိုးကာ သူ့အကြည့်များကိုသာ ရှောင်လွှဲလိုက်နိုင်သည် ။ သူ့နှလုံးသားမှာ ရူးသွပ်စွာ ခုန်ပေါက်နေလျက် "လုံလောက်တယ် "
•°•°•
T/N>>
ပွဲမပျက်သွားပါဘူးနော်🤣
*4P-ဒါတော့သိကြမှာပါ သုံးအချို့မဟုတ်တဲ့ လေးအချို့ပေါ့ xD
•°•°•
『Zawgyi』
《တစ္ရက္》
တိတ္ဆိတ္မႈမွာ ၁၀စကၠန႔္မက ၾကာျမင့္သြားခဲ့သည္ ။ ထူးဆန္းေသာ ျမင္ကြင္းကို ေႏွာင့္ယွက္လိုက္ၿပီးေနာက္ အဖြဲ႕သားမ်ားမွာ တိတ္တဆိတ္ လစ္ထြက္သြားရန္ ႀကိဳးစားလိုက္ၾကသည္ ။ သို႔ေသာ္ အလိုက္ကမ္းဆိုးမသိသည့္ တစ္စုံတစ္ေယာက္ကေတာ့ အျမဲရွိသည္ေပ ။ ထိုအခ်ိန္၌ ရိုးအကာ တုံးေသာ ထန္းလဲ့က က်စ္ယြီရွီကို ေမးရန္ မေမ့ခဲ့။ "အႀကံေပးက်စ္....ခင္ဗ်ားမွာ တကယ္ႀကီး ေကာင္ေလး၃ေယာက္ရွိဝာာလား ? "
လူတိုင္း : "!!! "
ဘယ္လိုလုပ္ ဒါကို တည့္တိုးႀကီး ေမးလို႔ရမွာတုန္းဟ ?!
ထန္းလဲ့က အခက္ခဲဆုံးအပိုင္းကို ေမးျမန္းၿပီးျဖစ္သျဖင့္ သြမ့္ဝမ္မွာ ယခု စကားေျပာရဲသြားေလၿပီ ။ " ၿပီးေတာ့ အဲ့ေကာင္ေလး၃ေယာက္က တစ္ေယာက္တည္း ေျပာင္းနိုင္တယ္တဲ့လား ? "
က်ိဳးမင္ရႊမ္း : "၃ေယာက္ကေန တစ္ေယာက္ ။ အဲ့တာ အႀကံေပးက်စ္ရဲ့ေၾကာင္ေတြ မဟုတ္ဘူးလား ? "
ထန္းခ်ီ : "မဟုတ္ပါဘူး ။ ကၽြန္ေတာ္ မွတ္မိသေလာက္ အႀကံေပးက်စ္ ေျပာဖူးတာ သူ႔ေကာင္ေလးက စားပြဲခုံရွင္းလင္းေရးကၽြမ္းကၽြင္တဲ့ "
ထန္းလဲ့ : "ကၽြန္ေတာ္လဲ မွတ္မိတယ္ ။ စားပြဲခုံရွင္းလင္းေရးကၽြမ္းကၽြင္ဆိုတာ "
လီခၽြင္း : "ေသလိုက္ပါေတာ့...အဲ့တာ တကယ္ႀကီး ေၾကာင္ေပါ့ ! ေၾကာင္ရဲ့အလုပ္က စားပြဲရွင္းတာပဲကို ! ျမင္သမၽွ အကုန္တြန္းခ်ပစ္တာေလ ! "
လူတိုင္း : "......"
ေၾကာင္ေတြတဲ့လား ?!
စုန႔္ခ်င္းလန္သည္ သူတို႔၏ တုံ႔ျပန္ခ်က္မ်ားကို ျမင္ေသာ္ တပ္ဖြဲ႕ထဲတြင္ အ႐ူးက သူတစ္ေယာက္တည္းသာ မဟုတ္ေၾကာင္း သိလိုက္ရေလ၏ ။ သူ႔နားထင္ေၾကာမ်ား ခပ္ဖြဖြ တြန႔္တက္သြားရသည္ ။ အႏွီနားလည္သေဘာေပါက္မႈကလည္း စုန႔္ခ်င္းလန္ကို စိတ္ေအးသက္သာ မျဖစ္သြားေစခဲ့ ။ က်စ္ယြီရွီ၏ မ်က္လုံးထဲတြင္ သူတို႔တပ္ဖြဲ႕မွာ အ႐ူးတစ္သိုက္ႏွင့္ ဖြဲ႕စည္းထားပုံ ေပၚေနေလာက္သည္ ။
က်စ္ယြီရွီ၏ ပေဟဠိဆန္ေသာ ခ်စ္သူရည္းစားဆက္ဆံေရး အေျခအေနမွာ အဓိကအာ႐ုံစိုက္မႈ ျဖစ္လာခဲ့သည္ ။ သို႔ေသာ္ သူ႔မ်က္ႏွာအမူအရာမွာ တည္ၿငိမ္ကာ ခံစားခ်က္ကင္းမဲ့ေန၏ ။ သူသည္ ေနရာတြင္သာ တိတ္တဆိတ္ ရပ္ေနခဲ့သည္မွာ လက္ရွိအေျခအေနက သူ႔အား လုံးဝ မရွက္ရြံ့ေစသည့္အလား ။
သို႔သည့္တိုင္ သူ႔နားရြက္မ်ားက သူ႔ကို သစၥာေဖာက္သြားသည္ကို လူတိုင္းျမင္ေနရသည္ ။ နားသံသီးမ်ားမွာ အလြန္အမင္း နီျမန္းေနၿပီး သူ႔လည္ပင္းတစ္ဝိုက္မွ အေရျပားမ်ားပင္ ပူေလာင္လာခဲ့သည္ ။ ထိုတည္ၿငိမ္ေနေသာ မ်က္ႏွာႏွင့္ ကြာျခားခ်က္က တအားႀကီးလြန္းသည္ ။
တည္ၿငိမ္ၿပီး အမွီအခိုကင္းမဲ့ေသာ အႀကံေပးက်စ္တစ္ေယာက္ ယခုအခ်ိန္တြင္ သူ႔ႏွလုံးသားမွာ ပရမ္းပတာျဖစ္ေနခဲ့သည္ ။
လီခၽြင္းက ဆက္လက္ေတြးေတာေန၏ ။ "အဲ့ေတာ့ အႀကံေပးက်စ္က ေကာင္ေလးရွိတာလား မရွိဘူးလား ? "
"ကၽြန္ေတာ္ အရင္သြားနားေတာ့မယ္ " က်စ္ယြီရွီသည္ ထိုေမးခြန္းကို မေျဖဘဲ လက္ရွိအေျခအေနမွ ထြက္ေျပးလြတ္ေျမာက္ရန္ ႀကိဳးစားသည့္အေနျဖင့္ ဆင္ေျခတစ္ခု ထုတ္ေျပာလိုက္သည္ ။
"အႀကံေပးက်စ္ ?! "
"မသြားပါနဲ႔ !! "
က်စ္ယြီရွီသည္ စုန႔္ခ်င္းလန္၏ မ်က္ႏွာအမူအရာကိုပင္ ၾကည့္မလာသလို ခုနက စုန႔္ခ်င္းလန္ ဘာေျပာဖို႔ ႀကိဳးစားေနသည္ကိုလည္း ေတြးမေနေတာ့ေခ် ။ သူသည္ အခန္းထဲမွ ထြက္ခြာရန္ ခ်က္ခ်င္း သူ႔ေျခေထာက္ကို ႂကြလိုက္ေလ၏ ။
စုန္႔ခ်င္းလန္၏ အမူအရာမွာ ပို၍ ပို၍ပင္ ၾကည့္ရဆိုးလာေတာ့သည္ ။ ယခု သူ႔မ်က္ႏွာမွာ ဒယ္အိုးဖင္နီးပါး မည္းေမွာင္လာ၏ ။ က်စ္ယြီရွီ ထြက္သြားေတာ့မည္ကို ျမင္သည့္အခါ စုန႔္ခ်င္းလန္က ေနာက္မွလိုက္ကာ အကုန္လုံး၏ မ်က္စိေရွ႕တြင္ ေတြးပင္မေတြးေတာ့ဘဲ ပခုံးကို လွမ္းဆြဲလိုက္ေလသည္ ။ "ခဏေလး "
"ငါေျပာခ်င္တာကို ၿပီးေအာင္ မေျပာရေသးဘူး " စုန႔္ခ်င္းလန္က အံကိုႀကိတ္လ်က္ "ဒီမွာ လူေတြအမ်ားႀကီးရွိေနလို႔ ငါမေျပာရဲဘူး ထင္ေနလား ? "
က်စ္ယြီရွီ : "........."
က်စ္ယြီရွီ : "ေျပာဖို႔ မသင့္ေတာ္ေလာက္ဘူး "
လူတိုင္း : "သင့္ေတာ္တာေပါ့ ! အရမ္း သင့္ေတာ္တယ္ ! ေျပာလိုက္ ! ျမန္ျမန္ေျပာလိုက္ !! "
စုန႔္ခ်င္းလန္သည္ စိတ္ထဲကေန အႏွီအ႐ူးတစ္အုပ္ကို အႀကိမ္တစ္ရာမက ဆဲဆိုၿပီးျဖစ္သည္ ။ သို႔ေသာ္ ဘယ္လိုပဲေနေန ထိုစကားလုံးမ်ားမွာ အေႏွးႏွင့္ အျမန္ ေျပာရမည့္အရာမ်ားသာ ။
"အကုန္လုံး ဒီမွာရွိေနေတာ့လဲ တစ္ေယာက္ခ်င္းစီ လိုက္ေျပာျပေနစရာ မလိုေတာ့ဘူး " သူသည္ ေလသံကို ေျပာင္းလိုက္ကာ ႐ုတ္ခ်ည္းပင္ ပို၍ ေလးနက္သြားေလ၏ ။ "အႀကံေပးက်စ္...ခုနက ငါအဲ့တာေတြအကုန္ေျပာရတဲ့ အေၾကာင္းအရင္းက ငါမင္းကို ေမးခ်င္လို႔---မင္းငါ့ကို စဥ္းစားေပးနိုင္မလား ? "
ေလ့က်င့္ေရးခန္းထဲရွိ အေျခအေနကို အခုထိ မသိေသးေသာ သြမ့္ဝမ္ႏွင့္အုပ္စုမွာ သူဆိုလိုသည္ကို နားမလည္ေခ် ။ အေျခအေနကို နားလည္ေသာ ေလ့က်င့္ေရးခန္းထဲရွိ က်ိဳးမင္ရႊမ္းႏွင့္အဖြဲ႕သည္ေတာ့ အသက္ကို ေအာင့္ကာ က်စ္ယြီရွီအား စိတ္လႈပ္ရွားစြာ လွမ္းၾကည့္လိုက္ၾကသည္ ။ ယခုအခ်ိန္၌ လူတိုင္းသည္ တူညီေသာအေတြးတစ္ခုကိုသာ ေတြးေနမိၾက၏ ။ သူတို႔အကုန္လုံးသည္ မ်က္စိေရွ႕ရွိ ပြဲကို စိတ္လႈပ္ရွားစြာ ၾကည့္ေနလ်က္ ။
အကုန္လုံး စိတ္ထဲတြင္ ေတြးမိၾက၏ : ပြဲမပ်က္သြားဘူးကြ ! ေနာက္ဆက္တြဲပါ ရွိေနေသးတယ္ !
က်စ္ယြီရွီသည္ တစ္ခဏမၽွ ေတာင့္ခဲသြားရသည္ ။ သူသည္ အေျဖကို သိလ်က္ႏွင့္ ေမးလာသည္လား မသိရေသာ္လည္း အလြန္ သဘာဝက်စြာပင္ ေမးလာခဲ့သည္ ။ "ဘာကို.....စဥ္းစားေပးရမွာလဲ ? "
ယခုေတာ့ အားလုံးသည္ စုန႔္ခ်င္းလန္အား မ်က္လုံးေတာက္ေတာက္မ်ားျဖင့္ ျပန္ၾကည့္လာသည္ ။
စုန႔္ခ်င္းလန္ သူ႔တို႔ကို လ်စ္လ်ဴရႈထားလိုက္သည္ ။ "တစ္ေယာက္ဆိုတစ္ေယာက္ ၊ အခ်င္းခ်င္း တစ္ေယာက္အတြက္ တစ္ေယာက္ပဲရွိတဲ့ ဆက္ဆံေရး ၊ မင္းငါ့ကို စဥ္းစားေပးမလား ? "
က်စ္ယြီရွီ : "........"
စုန္႔ခ်င္းလန္က သြားမ်ားကို ႀကိတ္လ်က္ ပိုရွင္းေအာင္ပင္ ေျပာလာခဲ့ေသးသည္ ။ "ငါနဲ႔တြဲဖို႔ စဥ္းစားၾကည့္ေပး "
က်စ္ယြီရွီ : "ဘာလို႔လဲ ? ခင္ဗ်ားက အေျဖာင့္မဟုတ္ဘူးလား ? "
"မင္းေျပာတာမွန္တယ္ ။ ငါက စိတ္မေကာင္းစြာနဲ႔ ေတာ္ေတာ္ေလး ႀကိတ္ေဂးေနတဲ့ေဂး ျဖစ္မယ္ "
"မင္းနဲ႔ေတြ႕ၿပီးေနာက္မွာ ငါ ထပ္ၿပီး ေျဖာင့္မေနနိုင္ေတာ့ဘူး "
သူေလွာင္ေျပာင္ခံရမည္ကို ဂ႐ုမစိုက္သလို တျခားသူမ်ားက သူ႔ကို မည္သို႔ေျပာၾကမည္ကိုလည္း ဂ႐ုမစိုက္ေခ် ။ သူသည္ တည့္တိုးသာ ေျပာလိုက္ေတာ့သည္ ။ "ငါေသာက္က်ိဳးနည္း......ငါမင္းကို ပူေဖာင္းကမၻာမွာ ေျပာခ်င္ခဲ့တာ ။ ငါမင္းရဲ့ေခါင္းေဆာင္ျဖစ္ဖို႔ မေျပာနဲ႔ ၊ မင္းရဲ့ သူငယ္ခ်င္းေတာင္မျဖစ္ခ်င္ဘူး ။ ငါ့ကို ဘာကမွ ခ်ဳပ္တည္းထားတာမရွိဘဲ ငါမင္းကို ဂ႐ုစိုက္ေပးခ်င္တယ္ ၊ မင္းကို တအားအလ်င္မလိုဖို႔ ၊ အကုန္လုံးကို တစ္ေယာက္တည္း မထမ္းထားဖို႔ ေျပာခ်င္တယ္ ၊ ငါမင္းနဲ႔အတူရွိခ်င္တယ္ ၊ မင္းကို ဖက္ထားခ်င္တယ္ ၊ မင္းနဲ႔ အိပ္---"
စကားလုံးမ်ားမွာ ၾကမ္းတမ္းလာၿပီး ပို၍ ပို၍ ျပတ္သားလာခဲ့သည္ ။ ေဘးမွၾကည့္ေနသူမ်ားမွာ ထိုစကားမ်ားကို ၾကားသည့္အခ်ိန္တြင္ ေအာ္ဟစ္လိုစိတ္ပင္ ျဖစ္ေပၚလာရသည္ ။ က်စ္ယြီရွီ မ်က္ႏွာတစ္ခုလုံး ဤသည္ကို ၾကားေသာ္ နီရဲသြားေလ၏ ။
ေနာက္ေျပာမည့္ စကားလုံးမ်ားက အေတာ္ေလး မေလ်ာ္ကန္ေၾကာင္း နားလည္လိုက္သျဖင့္ စုန႔္ခ်င္းလန္ ရပ္တန႔္လိုက္ရသည္ ။ သူ၏ မူလက ရာဇဝတ္သားကဲ့သို႔ မ်က္ႏွာအမူအရာမွာ ပို၍ပင္ ျပင္းထန္လာခဲ့သည္ ။
သူ အေလးအနက္ ေဖာ္ျပလိုက္၏ ။ "က်စ္ယြီရွီ...ငါမင္းကို သေဘာက်တယ္ "
"အားးးးးးးးး! "
"ေခါင္းေဆာင္စုန႔္...ရွယ္မိုက္ !!! "
"အားးးးးးးးး! "
အဖြဲ႕သားတစ္အုပ္၏ အလယ္တြင္ အမ်ိဳးသားႏွစ္ေယာက္က မတ္တပ္ရပ္ေနခဲ့သည္ ။ လက္ထပ္ခြင့္ေတာင္းသည့္ ျမင္ကြင္းႏွင့္ပင္ တူေနေသး၏ ။ သူ႔ခ်စ္ခြင့္ပန္မႈက ဤသို႔ေႏွာင့္ယွက္ခံေနရေသာေၾကာင့္ စုန႔္ခ်င္းလန္ မ်က္ႏွာမွာ အနည္းငယ္ ရဲတက္လာေတာ့သည္ ။ သူသည္ က်စ္ယြီရွီ၏ လည္ပင္းအေနာက္ဘက္ကိုသာ ျမဲၿမံစြာ စိုက္ၾကည့္ေနခဲ့သည္ ။
သူတို႔အကုန္လုံးသည္ အဝတ္အစားလဲရန္ အခြင့္မရခဲ့သျဖင့္ သူတို႔၏ အနက္ေရာင္တိုက္ခိုက္ေရး ယူနီေဖာင္းကိုသာ ဝတ္ဆင္ထားဆဲျဖစ္သည္ ။ ဤသည္က က်စ္ယြီရွီအတြက္ ပိုလို႔ပင္ ဆိုးေသး၏ ။ နက္ေမွာင္ေသာ တိုက္ခိုက္ေရးယူနီေဖာင္းေၾကာင့္ သူ၏ျဖဴေဖ်ာ့သြယ္လ်သည့္ လည္တိုင္မွာ ျမင္သာေအာင္ရဲတြတ္ေနေတာ့သည္ ။ သူ႔ခႏၶာကိုယ္တစ္ခုလုံးက ေတာင့္တင္းေနၿပီး ပခုံးမ်ားက အနည္းငယ္ တုန္ယင္ေနခဲ့သည္ ။ ဤမသိမသာ ေျပာင္းလဲမႈေလးမ်ား အားလုံးကို စုန႔္ခ်င္းလန္ ျမင္ေနရသည္ ။ သူ၏ သည္းခံနိုင္စြမ္းႏွင့္ တည္ၿငိမ္မႈက သူ႔အား ခ်က္ခ်င္း မတုံ႔ျပန္မိေအာင္ ဟန႔္တားေပးေန၏ ။
Hasolamu ။ ငါမင္းကို သေဘာက်တယ္ ။ လီခၽြင္းတစ္ေယာက္ အမွားလုပ္မိသည္လား စုန႔္ခ်င္းလန္ မသိေပ ။
ယခုအခ်ိန္တြင္ေတာ့ သူသည္ တစ္ခုတည္းကိုသာ အတည္ျပဳခ်င္ခဲ့သည္ ။ သူသည္ အသံဩရွရွျဖင့္ ေမးလာ၏ ။ "ငါ ျခင္ေဆးေခြလို ေကြးသြားၿပီ ။ ငါ မင္းရဲ့ခ်စ္သူေကာင္ေလး ျဖစ္လို႔ရမလား ? "
"ေျဖလိုက္ ! ေျဖလိုက္ ! "
"ဖာခ့္..ဖာခ့္..ဖာခ့္...ျမန္ျမန္ အေျဖေပးလိုက္ပါ !! "
"အျမန္ေျပာလိုက္ပါေတာ့...အႀကံေပးက်စ္ ! "
က်စ္ယြီရွီ ျပန္လွည့္လာကာ ေျပာလိုက္သည္ ။ "ကၽြန္ေတာ္ စဥ္းစားလိုက္အုံးမယ္ "
က်စ္ယြီရွီသည္ သူ႔မ်က္ႏွာသူ အဖတ္ဆယ္ခ်င္ေသးကာ အျငႇိုးအေတးလည္း ႀကီးေသး၏ ။ စုန႔္ခ်င္းလန္သည္လည္း အစကတည္းက ခ်က္ခ်င္း အေျဖျပန္ေပးလိမ့္မည္ဟု ေမၽွာ္လင့္ထားျခင္း မရွိပါေပ ။ ဤသို႔ေသာ အေျခအေနမ်ိဳးက သူေမၽွာ္မွန္းထားၿပီး ျဖစ္ေသာ္ျငား ေနာက္ဆက္တြဲေမးခြန္းကိုေတာ့ ေမးရန္ လိုေသးသည္ ။ စုန႔္ခ်င္းလန္ ခ်က္ခ်င္း ေမးလိုက္သည္ ။ "အခ်ိန္ဘယ္ေလာက္လိုမွာလဲ ? ငါအခု တန္းစီေစာင့္ေနရတုန္းကို အေရွ႕မွာတင္ ၃ေယာက္ရွိေနတာ ။ မင္းငါ့ကို အခြင့္အေရးေတာ့ ေပးဖို႔ လိုတာေပါ့ "
က်စ္ယြီရွီ : "........"
"အႀကံေပးက်စ္..စဥ္းစားေနစရာမလိုဘူး ! "
"ေကာင္းခန္းေရာက္မွ ခ်န္မထားနဲ႔ေလ ! ဒီေန႔ တစ္ခါတည္း အကုန္အျပတ္ရွင္းလိုက္ပါေတာ့ ! "
"ေခါင္းေဆာင္စုန႔္က လူပ်ိဳပဲ ရွိေသးတာ ! "
"သူက တန္ပါတယ္ ! ခင္ဗ်ား အရႈံးရွိမွာမဟုတ္ဘူး ! "
စုန႔္ခ်င္းလန္၏ အၾကည့္မ်ားမွာ ေအးစက္သြားၿပီး "အကုန္လုံး အျပင္ထြက္စမ္း "
လူတိုင္း ခ်က္ခ်င္း နားလည္သြားခဲ့သည္ ။ သူ႔အသက္အရြယ္နဲ႔ အေတြ႕အၾကဳံမရွိဘူးလို႔ ေျပာတာက သူတို႔ သူ႔မ်က္ႏွာပ်က္ေအာင္ လုပ္မိသြားတာ မဟုတ္ဘူးလား ?!
သူတို႔သည္ ကိုယ္ပိုင္ေလ့က်င့္ေရးခန္းထဲမွ အလ်င္အျမန္ လစ္ထြက္သြားဖို႔ အသင့္ျပင္လိုက္ေတာ့သည္ ။
အေျခအေနအခ်ိန္အခါကို မသိဘဲ ပြဲၾကည့္ရန္ အလုပ္မ်ားေနေသာ သေကာင့္သားမ်ား၏ဖင္မ်ားကို က်ိဳးမင္ရႊမ္း ပိတ္ကန္လိုက္သည္ ။ "သြားၾကေတာ့ ! သူတို႔ကို ေနရာနည္းနည္းေပးလိုက္စမ္းပါ ၊ ဟုတ္ၿပီလား ? "
လီခၽြင္းက အထြန႔္တက္လာ၏ ။ "ေလာင္က်ိဳး...ဘာလုပ္ေနတာတုန္း ? ခုနက ခင္ဗ်ားေျခေခ်ာ္သြားတာမလား ? "
အေနာက္ဘက္မွ က်ိဳးမင္ရႊမ္း၏အသံမွာ ထိန္းခ်ဳပ္ထားပုံရကာ ေအးစက္ေနလ်က္ "ေပါက္ကရေတြ ထပ္မေျပာနဲ႔ေတာ့ ၊ သြား သြား သြား !! "
ထိုအုပ္စုမွာ တြန္းလိုက္ထိုးလိုက္ႏွင့္ ထြက္ခြာသြားေတာ့သည္ ။
မူလက ဆူညံေနေသာ ေလ့က်င့္ေရးခန္းထဲတြင္ လူႏွစ္ေယာက္သာ က်န္ရစ္သည္ ။
"လူပ်ိဳ ? " က်စ္ယြီရွီ စုန႔္ခ်င္းလန္ကို ေမာ့ၾကည့္လိုက္သည္ ။ သူ႔မ်က္ဝန္းမ်ားထဲတြင္ ၾကည္လင္ေသာ စမ္းေခ်ာင္းတစ္ခု စီးဆင္းေနသည့္အလား ။ "လူပ်ိဳကမ်ား သူမ်ားေတြ *4Pလုပ္တယ္လို႔ စိတ္ကူးယဥ္ရဲေသးတယ္လား ? ေခါင္းေဆာင္စုန႔္ လက္ခံနိုင္တဲ့ အဆင့္က တအားျမင့္တာပဲေနာ္ "
စုန႔္ခ်င္းလန္ : "......"
ဤအျငႇိုးအေတး ။ ဤသည္က ဟိုးပေဝသဏီကတည္းက က်စ္ယြီရွီ မွတ္စုစာအုပ္ထဲ ခ်မွတ္ထားတာ ျဖစ္ေလာက္သည္ ။ မဟုတ္ရင္ ဘာလို႔ သူ႔ကို လမ္းလြဲေအာင္ ဆက္လုပ္ေနၿပီး အခ်ိန္တိုင္း ကိုယ့္ဘာသာ အ႐ူးလုပ္ေနတာကို ၾကည့္ေနခဲ့မွာလဲ ?
သို႔ေသာ္ ဤသည္က သူႏွင့္ ထိုက္တန္သည့္အရာဟု သတ္မွတ္၍ရသည္ ။ အစတည္းက သူ႔ကို ဘယ္သူက က်စ္ယြီရွီကို ခြဲျခားခြဲျခားလုပ္ဖို႔ ေျပာလို႔လဲ ?
စုန႔္ခ်င္းလန္က အနည္းငယ္ နီးကပ္လာခဲ့သည္ ။ "အဲ့ေတာ့ မင္းငါ့ကို တမင္ ကစားသြားခဲ့တာပဲ "
သူတို႔ႏွစ္ေယာက္တည္း အတူတူရွိေနသည့္ ပထမဆုံးအႀကိမ္ မဟုတ္သည္မွာ အေသအခ်ာ ျဖစ္ေသာ္လည္း ယခုေလထုအေနအထားက ယခင္ကထက္ မေရမရာျဖစ္ေနခဲ့သည္ ။
ေတာက္ေလာင္ေနသည့္ အၾကည့္မ်ားေအာက္တြင္ က်စ္ယြီရွီ၏ မ်က္ႏွာအပူခ်ိန္မွာ ေအးမသြားနိုင္ေတာ့ ။ သူသည္ စကားလမ္းေၾကာင္း ေျပာင္းလိုက္ကာ "အဲ့တာ ၊ ကၽြန္ေတာ္ ေသခ်ာ စဥ္းစားၾကည့္ပါမယ္ "
ဤသည္ကိုၾကားေသာ္ စုန႔္ခ်င္းလန္သည္ မ်က္ခုံးတစ္ဖက္ကိုသာ အနည္းငယ္ ပင့္လာခဲ့သည္ ။ သူသည္ တစ္မ်ိဳးတစ္ဖုံ ေတာင့္တင္းေနေသာ အမူအရာကို ေဖာ္ျပလ်က္ ေမးလာ၏ ။ "တစ္ရက္ အခ်ိန္ေပးမယ္ ။ လုံေလာက္လား ? "
ဤသို႔ အၾကည့္ခံေနရသျဖင့္ က်စ္ယြီရွီ၏ရွည္လ်ားေသာ မ်က္ေတာင္မ်ားက မ်က္လုံးမ်ားထက္ အရိပ္အုပ္မိုးကာ သူ႔အၾကည့္မ်ားကိုသာ ေရွာင္လႊဲလိုက္နိုင္သည္ ။ သူ႔ႏွလုံးသားမွာ ႐ူးသြပ္စြာ ခုန္ေပါက္ေနလ်က္ "လုံေလာက္တယ္ "
•°•°•
T/N>>
ပြဲမပ်က္သြားပါဘူးေနာ္ 🤣
*4P-ဒါေတာ့သိၾကမွာပါ သုံးအခ်ိဳ႕မဟုတ္တဲ့ ေလးအခ်ိဳ႕ေပါ့ xD
•°•°•