မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မ...

By Ssinlet_aeri

600K 105K 11.1K

Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3... More

Description
အပိုင်း(၁)နိဒါန်း
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)Ouroboros
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)ပြောင်းရွှေ့စခန်း
အပိုင်း(၂၇)ပရမ်းပတာ
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉) ငါဘယ်သူလဲ
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၆)ပြောင်းရွှေ့စခန်း
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)ရောင်စုံကုဗတုံး
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း
အပိုင်း(၉၄)
အပိုင်း(၉၅)အလျှံအပယ်
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)လင်းလက်တောက်ပသော အချိန်များ
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄) အချပ်ပို
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)

အပိုင်း(၅၅)

4.3K 923 135
By Ssinlet_aeri

『Unicode』

《ထပ်တူကျခြင်း၏အဆုံးသတ်

ကျိုးမင်ရွှမ်းသည် ဤကမ္ဘာမှထွက်ခွာရန် ဆန္ဒမရှိသဖြင့် ဤကမ္ဘာက သူ့ကို မနှောင့်ယှက်ချေ ။ တပ်ဖွဲ့၇ရှိ အဖွဲ့သားများအားလုံး အရေးပေါ်ရွှေ့ပြောင်းမိန့်ကျလာသော်လည်း ကျိုးမင်ရွှမ်းတစ်ယောက်သာ ထျန်းချုံသို့ ပြန်သွားခဲ့ပုံပေါ်သည် ။

အပြင်ဘက်တွင် ပရမ်းပတာခြေသံများ ကြားနေရသည် ။ ထျန်းချုံသည် အထူးတပ်ဖွဲ့ကို စေလွှတ်ခဲ့ပြီး လက်ရှိတွင် သူတို့သည် ကမ္ဘာများထပ်သွားခြင်း၏ အကြောင်းပြချက်ကို ဘိုးဘွားရိပ်သာတစ်လျှောက် ရှာဖွေနေကြသည် ။ မူလရင်းမြစ်မှာ အပြောင်းအလဲဖြစ်သည့် ဌာနမှူးဝမ်ဖြစ်‌ကြောင်း ကျိုးမင်ရွှမ်းတစ်ယောက်သာ သိသည် ။

အခန်းထဲတွင် ရှိနေသော မည်သူမျှ မလှုပ်ရှားကြပေ ။ လူတိုင်းက ကျိုးမင်ရွှမ်းနှင့် စုန့်ချင်းလန်ကို ကြည့်နေကြသည် ။

စုန့်ချင်းလန် : "ငါတို့က မင်းကို ဒီမှာနေခွင့်ပြုမယ်လို့ ထင်နေလား ? "

"ဟုတ်တယ် ! "

"လောင်ကျိုး ရူးနေလား?! "

"ဒီနေရာက ပူဖောင်းတစ်ခုသပ်သပ်ပဲ ။ အတိအကျဘယ်လိုရှင်းပြရမှန်းမသိပေမဲ့ အကြံပေးကျစ် သိတယ်လေ ။ အကြံပေးကျစ်ကို မယုံဘူးလား ? "

အဖွဲ့သားများ အကုန်လုံးအလောတကြီး ပြောဆိုလာကြသည် ။ သူတို့သည် စိတ်လှုပ်ရှား‌နေကြ၏ ။ သူတို့အတွက် အဖွဲ့သားတစ်ယောက်ကို လက်လျှော့ပစ်ဖို့ လုံးဝမဖြစ်နိုင်ပေ ။

ကျိုးမင်ရွှမ်းက စက္ကန့်ပိုင်းမျှ တိတ်‌ဆိတ်နေသည် ။ "သိတယ် "

သူသည် ကျစ်ယွီရှီကို ကြည့်လျက် မေးလာခဲ့သည် ။ "အကြံပေးကျစ်...မက်ဆေ့ခ်ျထဲမှာ ခေါင်းဆောင်စုန့်ပြောထားတာက ကျွန်တော်တို့ အကုန်လုံး မူလလက်တွေ့ကို ပြန်သွားရင် ဒီနေရာက အစပြန်စလိမ့်မယ်တဲ့ ။ Ouroboros က ကွင်းဆက်တွေလိုမျိုး ။ အဲ့လိုဆို ကျွန်တော်သာနေခဲ့ရင် ဒီလက်တွေ့က ရှေ့ဆက်သွားနေမှာလား ? "

ကျစ်ယွီရှီသည် မျက်နှာအတုတပ်ထားသော်လည်း ကျန်အဖွဲ့သားများနှင့် သူ့ကိုခွဲခြားရန် အလွန်လွယ်ကူနေဆဲပင် ။

ယခုအချိန်တွင် သူသည် ကျိုးမင်ရွှမ်းအခြေအနေကို ကိုယ်ချင်းစာနိုင်လွန်းသဖြင့် သူ၏ မျက်နှာအမူအရာ အစစ်အမှန်ကို မျက်နှာအတုဖြင့် ဖုံးကွယ်ထားခဲ့တာတောင် သူမလိမ်ညာနိုင်ခဲ့ ။

အဖွဲ့သားများအားလုံးက သူ့အား မျှော်လင့်တကြီး ကြည့်နေကြပြီး ကျိုးမင်ရွှမ်း၏ အဓိပ္ပာယ်မရှိသော စိတ်ကူးယာဉ်များကို သူဖျက်ဆီးပစ်ရန် မျှော်လင့်နေကြသည် ။ သို့သော် ကျစ်ယွီရှီက သူ့မေးခွန်းကို အမှန်အတိုင်းသာ ဖြေလိုက်၏ ။

သူ "အင်း "ဟုပြောလိုက်သည် ။

အကုန်လုံး ပြောစရာစကားပျောက်ရှသွားလေ၏ ။

ဒီကမ္ဘာကြီး ဆက်သွားနေတဲ့ ‌ဖြစ်နိုင်ချေလဲ ရှိသေးတယ်ပေါ့ ?

"ဒါပေမဲ့ " ကျစ်ယွီရှီက တည်ငြိမ်မြန်ဆန်စွာ ပြောလာခဲ့သည် ။ "ခင်ဗျား ပြန်လိုက်မလာရင် ကျွန်တော်တို့ အမှတ်'B'ကို ရောက်တဲ့အခါ လူတစ်ယောက် လျော့နေလိမ့်မယ် ။ ခင်ဗျားရဲ့ သူငယ်ချင်းတွေ ၊ ရဲဘော်ရဲဘက်တွေနဲ့ ခင်ဗျားဘဝမှာ ကျန်နေသေးတဲ့သူတွေအကုန်လုံး လူတိုင်းက ခင်ဗျားကို ဆုံးရှုံးလိုက်ရမှာ ။ ထျန်းချုံတပ်ဖွဲ့ ၇က ကျိုးမင်ရွှမ်းကို ဆုံးရှုံးလိုက်ရပြီး တပ်ဖွဲ့က ထပ်ပြီး ပြည့်စုံတော့မှာမဟုတ်ဘူး ။ ဒါက အဖွဲ့ရဲ့ကင်းထောက် 'လောင်ယွီ' ဒဏ်ရာရသွားတာထက် ပို‌ကြောက်စရာကောင်းတဲ့ရလဒ်ပဲ ။ ခဏတာစိတ်ပျော့ပြီး ခင်ဗျားကို ကျန်နေခွင့်ပြုလိုက်ရတဲ့ အပြစ်ရှိစိတ်က တပ်ဖွဲ့၇က ကျန်တဲ့အဖွဲ့သားတွေအကုန်လုံးရဲ့ ဘဝတစ်လျှောက်လုံးလိုက်နေတော့မှာမို့လို့လေ "

ကျစ်ယွီရှီက ဆို၏ ။ "နောက်ဆုံး ပူဖောင်းကမ္ဘာဆိုတာလဲ ပူဖောင်းသပ်သပ်ပဲကိုး ။ ခင်ဗျားရဲ့အဲ့ဒီနောင်တကို ဖြည့်ဆည်းပေးပြီးသွားရင် တဖြည်းဖြည်းပျောက်ကွယ်သွားမှာပေမဲ့ ခင်ဗျားဘဝကတော့ မဟုတ်ဘူး ။ အဲ့အချိန်ရောက်လာရင် ခင်ဗျားတစ်ယောက်တည်း ဒီမှာ ဘာလုပ်မှာလဲ ? ခင်‌ဗျားဘဝရဲ့ ရည်မှန်းချက်က အဲ့ဒီဟာတစ်ခုတည်းအတွက် မဟုတ်ခဲ့ရင်ပေါ့ "

အခြေအနေကို ဆန်းစစ်ရသော အချိန်မှလွဲလျှင် ဤသည်က လူတိုင်း၏ရှေ့တွင် ကျစ်ယွီရှီ စကားအများကြီးပြောသည့် ပထမဆုံးအကြိမ်ပင် ။

ကျိုးမင်ရွှမ်းသည်ပင် အံ့အားသင့်သွားခဲ့သည် ။

စုန့်ချင်းလန်တစ်ယောက်သာ ထိုစကားလုံးများ ဘယ်ကလာလဲ သိခဲ့သည် ။

သို့သော် စုန့်ချင်းလန် မမျှော်မှန်းထားသည်က 'ကျိုးမင်ရွှမ်းကို လက်ကမ်းကူညီပေးသည့်သူ'မှာ သူမဟုတ်ဘဲ ကျစ်ယွီရှီဖြစ်နေခြင်းကိုပင် ။

ကျစ်ယွီရှီက ထိုစကားများကို ကျိုးမင်ရွှမ်းအား ပြောခဲ့သော်ငြား တကယ်တော့ သူ့ဘာသူလည်း ပြန်ပြောနေခြင်းဖြစ်သည် ။ သူတို့နှစ်ယောက်လုံးသည် ပူဖောင်းကမ္ဘာ၏ ဖြားယောင်းမှုကို တွေ့ကြုံခံစားခဲ့ရပြီး ကျိုးမင်ရွှမ်းကို မည်သို့ဆွဲထုတ်ရမည်လဲ သူသိသည် ။

ရှာဖွေနေသော အသံများက ပို၍နီးကပ်လာသည် ။

စုန့်ချင်းလန်က ခြေတစ်လှမ်းဦးကာ ကျိုးမင်ရွှမ်း၏ သေနတ်ကို ဆွဲလုလိုက်သည် ။ "မင်းရဲ့ သောက်ရေးမပါတဲ့ အဲ့ဒီအတွေးတွေကို ရပ်လိုက် ။ မင်းက ဒီနေရာနဲ့ မသက်ဆိုင်လို့ ဒီကမ္ဘာကဆက်သွားနေနေ မသွား‌နေနေ အရေးမကြီးဘူး ။ မင်းက ငါတို့နဲ့ အခုချက်ချင်း လိုက်ခဲ့ရမယ် ! "

ကျိုးမင်ရွှမ်းက တွန့်ဆုတ်နေခဲ့သည် ။ "ခေါင်းဆောင်စုန့်...ကျွန်တော်......... "

ထန်းချီက အနား‌လျှောက်သွားကာ စကားတစ်ခွန်းပင်မဆိုဘဲ ကျိုးမင်ရွှမ်းလည်ပင်းကို ချုပ်ကာ သူ့နားရွက်အနောက်ဘက်တွင် သေးငယ်သော အပြားလေးကို ထိုးစိုက်လိုက်သည် ။ ကျိုးမင်ရွှမ်းမျက်နှာသည် အသစ်ပေါ်လာသော မျက်နှာတုဖြင့် ဖုံးကာသွားပြီး အခြားသူများက တွန်းကာထိုးကာနှင့် ကျိုးမင်ရွှမ်းတစ်ယောက် အခန်းပြင်သို့ တွန်းထုတ်ခံလိုက်ရသည် ။

ရှာဖွေနေကြသောလူများ၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ အဖွဲ့သားများထွက်ခွာလာခဲ့ကြသည် ။ သူတို့တံခါးမှ ထွက်လိုက်သည်နှင့် ရှာဖွေရန် ညွှန်ကြားနေကြသော သူများက သူတို့ကို လှမ်းခေါ်လာသည် ။ "ဘာ‌လုပ်နေတာလဲ ?! စာရင်းလာသွင်း !"

သူတို့ မရပ်တန့်ခဲ့ချေ ။ အရေးပေါ်ထွက်ပေါက်သို့ မရောက်ခင်အထိ သူတို့သည် တိတ်တဆိတ်ဖြင့် စင်္ကြံလမ်းများစွာကို ကျော်ဖြတ်လာခဲ့သည် ။ စုန့်ချင်းလန်သည် တံခါးကို တွန်းဖွင့်လျက် ပြောလာ၏ ။ "လောင်သွမ့်...လျှပ်စစ်သံလိုက်လှိုင်း လှုံ့ဆော်တဲ့ပရိုဂရမ်ကို ဘယ်လိုလုပ်ရလဲသိလား ? "

နည်းပညာရှင်တစ်‌ယောက်အနေဖြင့် သွမ့်ဝမ်က ဖြေကြားလာခဲ့သည် ။ "သိတယ် !"

စုန့်ချင်းလန် : "ဘယ်လောက်ကြာမှာလဲ ?"

သွမ့်ဝမ်က ဒေတာများပါရှိသော ဌာနမှူးဝမ်၏ ဖောက်ထွင်းမြင် မျက်နှာပြင်ကို လက်ခံယူလိုက်ကာ ယုံကြည်မှုအပြည့်ဖြင့် ဖြေလာ၏ ။ "မိနစ်ပိုင်းလောက်ပဲ "

နောက်တစ်ထပ်သို့ ရောက်သော် လှေကားအောက်ထပ်မှ တပ်လာသော ထျန်းချုံမှ စေလွှတ်ထားသည့် ရှာဖွေသူများနှင့် တန်းတိုးတော့သည် ။

နှစ်ဘက်လုံး နေရာတွင် ရပ်တန့်သွား၏ ။

ထိုသူများမှာ ဤလက်တွေ့ ထျန်းချုံတပ်ဖွဲ့ ၃မှ စောင့်ရှောက်သူများ ဖြစ်နေခဲ့သည်ပေ ။ အကုန်လုံးသည် ရင်းနှီးနေသော မျက်နှာများ ဖြစ်နေသည် ။

"ငလူး! "

တစ်စုံတစ်ယောက်က ဆဲရေးလိုက်၏ ။ သူတို့အကုန်လုံး ချက်ချင်း လှည့်ပြေးရတော့သည်။

တပ်ဖွဲ့၃သည်လည်း အထင်သေးလို့ရမည့်သူများ မဟုတ်ဘဲ ထိုသူတို့၏စွမ်းဆောင်ရည်များမှာ သူတို့ထက်တော့ မနိမ့်ပေ ။

သိပ်မကျယ်လှသော အရေးပေါ်လှေကားတွင် နှစ်ဘက်လုံး ပြေးနေကြရ၏ ။ သူတို့သည် တံခါးတစ်ချပ်ပြီး တစ်ချပ်ဖွင့်ခဲ့သော်လည်း အထပ်တိုင်းမှာ ထျန်းချုံမှလူများ အချိန်တိုအတွင်း နေရာယူပြီးဖြစ်‌နေသည်ကိုသာ မြင်လိုက်ရသည် ။

ကံကောင်းစွာဖြင့် မည်သူကမျှ သေနတ်များဖြင့် မပစ်ခတ်ခဲ့ပေ ။ သို့သော် တပ်ဖွဲ့ ၃က နောက်မှလိုက်နေရင်းနှင့် ဤသံသယဝင်စရာကောင်းသည့် လူတစ်အုပ်ကို တစ်ခါတည်း အပြတ်ဖမ်းဆီးနိုင်ရန် အခြားတပ်ဖွဲ့များကို သတင်းပေးပြီးလောက်ကြောင်း စုန့်ချင်းလန်သိသည် ။

"ကျွန်တော် သောက်ကျိုးနည်း သိနေတယ် !  အရင်တစ်ခေါက်က သူတို့ရဲ့လက်နက်တွေကို မလှောင်ခဲ့သင့်ဘူး ! " လီချွင်းက ကျိန်ဆဲနေသည် ။ "အခုတော့ ပြန်ခံနေရပြီ ! "

"ဒါဆိုလဲ ပြန်ရောက်မှ မင်းဝေစုကို ခွဲပေးလိုက်လေ !"

"ဖာခ့် ! မပေးဘူး !"

သွမ့်ဝမ် : "မတူတဲ့လက်တွေ့မှာတောင် ဘာလို့ အမြဲသူတို့ကိုပဲ လွှတ်နေရတာလဲ ? တရားလွန်လွန်းတယ် ! "

အထွန့်တက်မှုများမှာ ဒီတိုင်း ညည်းတွားနေကြခြင်းပင် ။ လူတိုင်း စိတ်ထဲတွင် ကောင်းကောင်းသိနေသည်က ကျန်းမြို့ဌာနခွဲမှ လူတိုင်း စေလွှတ်ခံရလောက်သည်ဟုပင် ။ ထျန်းချုံမှလူများပင်မကဘဲ သူတို့ပြတင်းပေါက်မှတစ်ဆင့် မြင်ရသည်က--ကမ္ဘာများထပ်သွားခြင်းနှင့် ထျန်းချုံမှ ပြုလုပ်လာသော ရုတ်ရုတ်သဲသဲများ၏ ရလဒ်အနေဖြင့် ဤနေရာက သာမန်လူများကိုလည်း ဆွဲဆောင်နေခဲ့သည် ။ ဤနေရာသည် အပြည့်အဝကို ဝိုင်းခံထားရလေသည် ။

အချက်ပေးသံများ ၊ လူများ၏ ဆူပူသံများနှင့် အပေါ်တွင် ပျံဝဲနေသော ဟယ်လီကော်ပတာသံများနှင့် ဆူညံနေခဲ့သည် ။ ဤသည်က တပ်ဖွဲ့ ၇ကို ဘာမှလုပ်မရအောင် ခက်ခဲနေစေခဲ့သည် ။

"လူခွဲမလား ?!" ထန်းချီကမေးသည် ။ " လူစုဖို့ နေရာရှာ! "

"လူမခွဲနဲ့ !" စုန့်ချင်းလန်က နောက်တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည် ။ "အကုန်လုံး ငါ့နောက်လိုက်ခဲ့ !"

ဤသည်က ဘိုးဘွားရိပ်သာမှ ဖျော်ဖြေရေးအခန်းတစ်ခုပင် ။ ရပ်တန့်သည့်ခလုတ်ကို နှိပ်ထားသကဲ့သို့ လှုပ်ရှားမှုကင်းမဲ့နေသော ပုံရိပ်များစွာမှလွဲ၍ ဤအခန်းထဲတွင် သက်ရှိလူသားမရှိပေ ။

စုန့်ချင်းလန် : "ဒီထဲ !"

အဖွဲ့သားများသည် တံခါးသော့ခတ်လိုက်ကြပြီး သွမ့်ဝမ်က ထုတ်ချင်းဖောက်ဘောင်ကွက်ကို ချက်ချင်းထုတ်လိုက်ကာ စုန့်ချင်းလန်ပင် အမိန့်မပေးရသေးဘဲ စားပွဲပေါ် တင်လိုက်တော့သည် ။ သူသည် အလျင်အမြန် ပရိုဂရမ်အား စတင်လိုက်၏ ။

မိနစ်ပိုင်းမျှသာ ။ သူ မိနစ်ပိုင်းမျှသာ လိုအပ်ပေသည် ။

လူတိုင်းက တိတ်ဆိတ်နေကြ၏ ။ အခန်းထဲတွင် သွမ့်ဝမ်မှ ဟိုလိုဂရပ်ဖစ်ကီးဘုတ်ကို တချောက်ချောက်ရိုက်နေသော လျှပ်စစ်သံများသာ ထွက်ပေါ်နေခဲ့သည်--သူ့တွင် စနစ်ကို အသံပိတ်ရန်ပင် အချိန်မရှိခဲ့ ။ သွမ့်ဝမ် လုပ်ပြီးပြီးချင်း ဖုန်းခေါ်လိုက်သည်နှင့် သူတို့၏မူလလက်တွေ့ကို ပြန်သွားနိုင်မည်မှန်း အကုန်လုံး သိ၏။

လူ၆ယောက်က မျက်နှာအမူအရာ တောင့်တင်းစွာဖြင့် သွမ့်ဝမ်ဘေးတွင် ဝိုင်းနေခဲ့သည် ။ သူတို့၏ ကံကြမ္မာများမှာ ဤအပေါ်တွင် မူတည်နေသည်ပင် ။

"ခဏလေး " တိတ်ဆိတ်နေသောအချိန်တွင် ထန်းလဲ့က ရုတ်တရက် ထပြောလာခဲ့သည် ။ "ကျွန်တော့်ညီမလေးကို ဖုန်းခေါ်ချင်လို့ "

အကုန်လုံး၏ အပြုအမူများ ရပ်တန့်သွားကြသည် ။

ထန်းလဲ့၏ မျက်လုံးများ နီရဲလာခဲ့သည် ။ "ကျွန်တော်က ဒီနေရာနဲ့ မသက်ဆိုင်ဘဲ ပူဖောင်းကမ္ဘာပဲ ဖြစ်နေရင်တောင်မှ သူ့ကို ဖုန်းဆက်ချင်သေးတယ်........ပြီးရင် ကျွန်တော်တို့မှာ ညီမလေးရှိတော့မှာမဟုတ်ဘူး "

ထန်းချီက ထန်းလဲ့ခေါင်းကို ခွေးတစ်ကောင်ကို ပုတ်‌ပေးသကဲ့သို့ ပွတ်သပ်လိုက်သည် ။ သူ့မျက်လုံးများမှာလည်း နီရဲနေခဲ့သည် ။ "............."

လီချွင်းက သူ့ဖုန်းကိုပင် ထုတ်ပြီးနေလေပြီ ။ "ကျွန်တော်လဲ.........အဲ့တာက သမီးရည်းစားဆက်ဆံရေးပဲကို ။ ဘာမှမပြောဘဲ လမ်းခွဲလိုက်ရင် ကျွန်တော်က တကယ့် အမှိုက်ကောင်ဖြစ်သွားမှာပေါ့ "

ပရိုပရမ်သည် စတင်ပြီး ဖြစ်လေသည် ။

သွမ့်ဝမ်က နောက်ဆုံးစာလုံးကို ရိုက်လိုက်ပြီးနောက် ထိုင်ခုံနောက်မှီကို မှီလျက် သူ့မျက်လုံးများကို ကွယ်ထားလိုက်သည် ။

ထိုအသက်သုံးဆယ်ထဲရောက်နေသော အမျိုးသားမှာ သူ့သမီးလေးကို ဤကမ္ဘာတွင် ထားခဲ့ရမည်ကို မခံစားနိုင်ခဲ့ ။ ပြီးသွားသည်နှင့် သူသည် နောက်တစ်ခါ ဘယ်တော့မျှ သူ့သမီးကို ထပ်တွေ့ရတော့မည် မဟုတ်ပေ ။

အနာဂတ်၌ သူကလေးရလာလျှင်တောင် အခုနှင့် တူညီသောကလေး ဖြစ်လိမ့်မည် မဟုတ် ။

ကျိုးမင်ရွှမ်းက အဝေးတွင် တစ်ယောက်တည်း ထိုင်နေ၏ ။ သူသည် ထိုင်းမှိုင်းလေးလံစွာဖြင့် သူ့ဖုန်းကို ပွတ်နေပြီး သူဘာတွေးနေသည်လဲ မသိရချေ ။

ကျစ်ယွီရှီသည် ပြတင်းပေါက်ဘေးမှ စားပွဲကို မှီလိုက်သည် ။

သူ့ဘေးမှ နေရောင်ခြည် ဝင်ရောက်နေပြီး သူ့အသားအရည်ကို ဖောက်ထွင်းမြင်နေရသည့်အလား ။ သူ့တွင် ဖုန်းမရှိသလို ဤနေရာတွင် သူ့ကို ချည်နှောင်ထားသော အရာလည်းမရှိသဖြင့် သူသည် မျက်လုံးများကိုသာ မှိတ်ထားခဲ့သည် ။ သူ့စိတ်ထဲတွင် ဘာတွေးနေသည်ကို မသိရ ။

"ခေါင်းဆောင်စုန့် " လီချွင်းက မေးသည် ။ "ခင်ဗျား ဒီမှာ ဘာအပြောင်းအလဲတွေ ဖြစ်သွားလဲ ?"

အကုန်လုံးသည် ခေါင်းမော့လာကာ စုန့်ချင်းလန်ကို ကြည့်လိုက်ကြသည် ။

လက်တွေ့နှစ်ခုထပ်သွားပြီးနောက် လူတိုင်းတွင် မှတ်ဉာဏ်နှစ်ခုရှိနေသော်လည်း စုန့်ချင်းလန်၏ အပြောင်းအလဲများကို သူတို့မမှတ်မိပေ ။

စုန့်ချင်းလန်က နံရံကို မှီလျက် လက်ပိုက်ထားလေ၏ ။

သူစကားပြောနေချိန်တွင် သူ၏ကြည့်‌ကောင်းသောမျက်လုံးများမှာ လေးနက်နေခဲ့သည် ။ "မနက် ၈နာရီမှာ ငါ့အဖေက အစည်းအဝေးသွားဖို့ လေယာဉ်ပေါ်ရောက်နေရမဲ့အစား အိမ်မှာ‌လက်ဖက်ရည် ထိုင်သောက်နေတာ ။ အဲ့အပြောင်းအလဲရော အကျုံးဝင်လား ? "

ကျစ်ယွီရှီသည်လည်း စုန့်ချင်းလန်ကို ကြည့်လိုက်၏ ။

စုန့်ချင်းလန် အပြောင်းအလဲများအကြောင်း ပြောသည်ကို သူကြားဖူးပုံမရပေ ။

နောက်တစ်မျိုး‌ပြောရလျှင် စုန့်ချင်းလန်ဘဝက ဤလက်တွေ့တွင် ထူးထူးခြားခြားပြောင်းလဲသွားခြင်း မရှိပေ ။ သူ့တွင် နောင်တမရှိသလို ပြောင်းလဲချင်သည်များလည်း ဘာမှမရှိ ။ သူသည် သူ့ဘဝကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားခဲ့သည် ။

ဆန္ဒနှင့်နောင်တမရှိသော လူတစ်ယောက်က  နှိုင်းယှဉ်မရလုနီးနီးပင် ။

စုန့်ချင်းလန်၏ ကြံ့ခိုင်သောစိတ်ဓာတ်နှင့် အင်အားများမှာ ဤမှ ရလာခြင်းဖြစ်လောက်သည် ။

တိုတောင်းသော အသိပေးသံထွက်ပေါ်‌လာသည် ။

ဟိုလိုဂရပ်ဖစ် မျက်နှာပြင်တွင် ပရိုဂရမ်က အဆင်သင့်ဖြစ်နေပြီ ဖြစ်သည် ။

လှုံ့ဆော်ထားသော လျှပ်စစ်သံလိုက်လှိုင်း ကြိမ်နှုန်းများက အခြားလက်တွေ့နှင့် ကွက်တိ ထပ်တူကျနေ၏ ။ သူတို့ဖုန်းခေါ်ကာ ဆက်သွယ်လိုက်သည်နှင့် အရာအားလုံးက ပြီးဆုံးသွားလိမ့်မည် ။

ကျစ်ယွီရှီသည် ပြတင်းပေါက်မှ ရွှေ့လာကာ စုန့်ချင်းလန်ထံမှ ဖုန်းကို ယူလိုက်ပြီး နံပါတ်ရိုက်ထည့်ရန် အဆင်သင့်ဖြစ်နေ၏ ။

ထိုအချိန်၌ အပြင်ဘက်မှ ကျယ်လောင်‌သော 'ဘုန်း'ခနဲ အသံထွက်ပေါ်လာသည် ။

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားလေ၏ ။

အခန်းတံခါးက အကြမ်းပတမ်းလှုပ်ခါသွားခဲ့သည် ။ ဤကမ္ဘာမှလူများ အထဲသို့ ဖောက်ဝင်လာရန် ကြိုးစားနေကြခြင်းပင် ။ တစ်ချက်လောက် ထပ်ရိုက်လိုက်သည်နှင့် တံခါးသည် ပြိုလဲသွားတော့မည် !

"ဒီကိုလာ ! လူစု ! "

"အမြန် !! "

နောက်ထပ်'ဘုန်း'ခနဲ အသံထွက်ပေါ်လာ၏ ။ ကြမ်းပြင်သည်ပင် လှုပ်ခါသွားခဲ့သည် ။

ထိုစက္ကန့်ပိုင်းမှာ အလွန်အမင်းရှည်ကြာလှသည်ဟု ခံစားနေရသည် ။ သွမ့်ဝမ်က အကျယ်ချဲ့ပုံရိပ်ကို ပိတ်လိုက်ပြီးနောက် အသံကျယ်ကျယ်နှင့်အတူ စုန့်ချင်းလန်၏ 'မလှုပ်နဲ့' ဟူသော စကားက တစ်ချိန်တည်း ပြောလိုက်ပုံရသည် ။

'ဘန်း'ခနဲ အသံကျယ်နှင့်အတူ လေးလံသည့်တံခါးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည် ။ လေထဲတွင် ဖုန်အလိမ်းလိမ်းထသွား၏ ။

ဒါဇင်ချီသော ထျန်းချုံမှ စောင့်ရှောက်သူများက ကျည်ဖြည့်ထားသော သေနတ် ၊ လက်နက်ခဲယမ်းအပြည့်ဖြင့် တံခါးဝတွင် ရပ်နေကြသည် ။ သူတို့သည် ဖျော်ဖြေရေး အခန်းထဲရှိ ငြိမ်သက်နေသော ပုံရိပ်များကို ပတ်ကြည့်နေ၏ ။

လက်တွေ့နှစ်ခု ထပ်တူကျခြင်း၏ စမှတ်ဖြစ်သည့် ဘိုးဘွားရိပ်သာအနေဖြင့် ဤနေရာရှိ အရိပ်များမှာ အရိပ်အယောင်ဟုပင် ဖော်ပြ၍ မရနိုင်တော့ချေ ။ အခြားလက်တွေ့မှ လူများအားလုံးသည် ငြိမ်သက်နေသောအချက်မှလွဲ ဤနေရာရှိလူများနှင့် ကွာခြားချက်မရှိ ။

စောင့်ရှောက်သူများအတွက် ဤအခန်းထဲတွင် သက်ရှိလူသား တစ်ယောက်မျှ မရှိပုံပေါ်သည် ။

"နောက်တစ်ခန်း !" တစ်စုံတစ်ယောက်က ပြောလိုက်သည် ။

သူတို့သည် စနစ်တကျ ပစ္စည်းကိရိယာများကို ချကာ စီစစ်လိုက်ပြီး အလျင်အမြန် လှည့်ပတ်ကြည့်လိုက်ကာ နောက်တစ်ခန်းသို့သွားရန် အဆင်သင့်ပြင်နေကြသည် ။

စကားသံတစ်သံ ထွက်ပေါ်လာ၏ ။ "နေအုံး "

အနက်ရောင်တိုက်ခိုက်ရေး ယူနီဖောင်းများ ဝတ်ဆင်ထားသော စောင့်ရှောက်သူများကြားမှ တစ်စုံတစ်ယောက်က လျှောက်ထွက်လာခဲ့သည် ။

ရင်ဘတ်တွင် နံပါတ်'၉'ဟု ရေးထားသော အလွန်ငယ်ရွယ်သည့် အမျိုးသားတစ်ယောက်ပင် ။ သူသည် ပိန်သွယ်ကာ ဖြူဖျော့သော အသားအရည်ရှိပြီး မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတစ်စုံရှိလေ၏ ။ ကျောဘက်တွင်တော့ စုန့်ချင်းလန်၏ သေနတ်နှင့် ဆင်တူသော ပြောင်းရှည်‌သေနတ်ကို လွယ်ထားသည် ။

အပြင်ဘက်မှ လူများ၏အသံများမှာ ကျယ်လောင်နေ၏ ။ လျှောက်လမ်းတစ်လျှောက် ပြေးလွှားနေသော စောင့်ရှောက်သူများ ၊ အပြင်ဘက်ရှိ လူအုပ်မှ အော်ဟစ်သံများနှင့် စူးရှသော အချက်ပေးသံများအားလုံးက ဤကမ္ဘာကြီး မည်မျှ ဖရိုဖရဲ ဖြစ်နေကြောင်း ညွှန်ပြနေကြသည် ။

အနှီအမျိုးသားငယ်က စုန့်ချင်းလန်ရှေ့တွင်  ရပ်တန့်သွားခဲ့သည် ။

သူ၏ မက်မွန်ပွင့်မျက်လုံးများက မရင်းနှီးသော သာမန်မျက်နှာကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် အပြုံးတစ်ပွင့် ပေါ်လာ၏ ။ "ဌာနမှူးချီကို ပြောလိုက်ပါအုံး ။ ငါတို့ရဲ့ ခေါင်းဆောင်စုန့်က ဆိုးသွမ်းပြီး တူတူပုန်းတမ်းကစားရတာ ကြိုက်တယ်လို့ ။ သူ့ကို အသာလေး လွှတ်ထားလို့ ဖြစ်ပါ့မလား ? "

ထိုတစ်ခဏတွင် အပ်ကျသည့်အသံကိုပင် ကြားနိုင်လောက်သည် ။

ခြေလှမ်းသုံးလှမ်းသာ လိုတော့သည် ။

ကျစ်ယွီရှီသည် သူ့အိတ်ကပ်အတွင်းမှ ဖုန်းတွင် နောက်ဆုံးဖုန်းနံပါတ်အလုံးကို ရိုက်ထည့်လိုက်သည် ။

အမျိုးသားငယ်က လက်ကို‌မြှောက်ကာ စုန့်ချင်းလန်၏ မရင်းနှီးသောမျက်နှာနောက်တွင် ဖုံးကွယ်ထားသော အပြားငယ်ဆီ လက်လှမ်းလာခဲ့သည် ။

ခြေလှမ်းနှစ်လမ်းသာလိုတော့သည် ။

ကျစ်ယွီရှီ : "ခေါင်းဆောင်စုန့် "

တပ်ဖွဲ့ ၇မှ အကုန်လုံး တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်ကြသည် ။ သူတို့သည် တစ်‌‌ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်လိုက်ကြ၏ ။

အမျိုးသားငယ်က နောက်ဆုတ်သွားခဲ့သည် ။

"ဝှစ် !" သူတို့ကို ဝိုင်းထားသော စောင့်ရှောက်သူများက ချက်ချင်း သေနတ်များကို မြှောက်ကြသည် ။

ခြေလှမ်းတစ်လှမ်းသာ လိုတော့သည် ။

သေနတ်များက သူတို့ကို ချိန်ထားလေ၏ ။ ကျစ်ယွီရှီသည် ဖုန်းခေါ်ဆိုသည့်ခလုတ်ကို နှိပ်လိုက်သည် ။

"တီ--------"

စောင့်ရှောက်သူများ နီးကပ်လာ၏ ။

"တီ--------"

သူတို့ အဝိုင်းခံနေရစဉ်တွင် တိုက်ခိုက်ရေးယူနီဖောင်းကို ဝတ်ဆင်ထားသော ဌာနမှူးချီ ဝင်ရောက်လာခဲ့သည် ။ သူ၏နားထင်မှ ဆံနွယ်များမှာ ဖြူနေသော်လည်း သူ၏အသွင်အပြင်သည်တော့ သူတို့ပရမ်းပတာမစ်ရှင်တွင် စစတွေ့တုန်းကအတိုင်း မပြောင်းလဲလုနီးနီးပင် ။

"တီ--------"

ဘိုးဘွားရိပ်သာမှာ စတင်တုန်ခါလာ၏ ။ မျက်နှာကြက်မှ နံရံများအထိ ပိုများသော အရိပ်များ ထွက်ပေါ်လာသည် ။ ကမ္ဘာကြီးက စတင်၍ ပြိုလဲလာသည် ။

လူတိုင်းက ထိတ်လန့်သွားကြသည် ။ သို့သည့်တိုင် လက်တွေ့များကြားတွင် ကွာဟချက်ကြီးတစ်ခု ရှိနေ၏ ။ အသံများအားလုံးကို မကြားရတော့ချေ ။

အရာအားလုံးက အဆင်သင့် အတည်တကျ ။

"ဟယ်လို?"

ရင်းနှီးနေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏ အသံက ဖုန်းမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည် ။

[သတိပေးချက် ! သတိပေးချက် ! သင်သည် သတ်မှတ်ထားသော ဦးတည်ချက်မှ သွေဖီနေပါသည် ! သင်သည် သတ်မှတ်ထားသော ဦးတည်ချက်မှ သွေဖီနေပါသည် ! ]

အာကာသယာဉ်ပျံမှာ အကြမ်းပတမ်းရမ်းခါနေသဖြင့် ကျစ်ယွီရှီသည် ထိုင်ခုံလက်ရမ်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရသည် ။ သူ့နှုတ်ခမ်းများပင် ဖြူဖျော့လာ၏ ။ အနီရောင်အလင်းက သူ့ရှေ့တွင် အဆက်မပြတ် ပေါ်လိုက်ပျောက်လိုက် တဖျတ်ဖျတ်ဖြစ်နေလျက် ။ သူသည် အမှတ်'B'ဟု ခေါ်သော ရွှေ့ပြောင်းနေသည့်အချိန်သို့ ပြန်ရောက်သွားကြောင်း ကျစ်ယွီရှီ သိလိုက်သည် ။ 

သူတို့နှင့်သက်ဆိုင်သော လက်တွေ့သို့ ပြန်ရောက်သွားခြင်း ။

သူတို့တတိယကြီးကြပ်စင်တာမှ ထွက်ခွာခဲ့ပြီး ၃စက္ကန့်အကြာ [ ၁၄၅၆.၀၅.၁၇ ၊ ၁၀ : ၀၀ : ၀၃ ]သို့ ပြန်လည်ရောက်ရှိလာခြင်း ။

----ထို့အတူ ပြီးပြည့်စုံသည့် အချိန်နှင့်အာကာသ အနုကြမ်းစီးခြင်းသို့ ပြန်ရောက်လာခြင်းပင် ။

[တရားမဝင် ရွှေ့ပြောင်းခြင်းကို တွေ့ရှိရသည် ! ]

[တရားမဝင် ရွှေ့ပြောင်းခြင်းကို တွေ့ရှိရသည် ! ]

နားအူလောက်သည့် အသံများက ကျစ်ယွီရှီကို မည်သည့်တုံ့ပြန်မှုမှ မပေးစေခဲ့ ။ သူသည် မျက်လုံးများကိုသာ အသာမှိတ်ထားလိုက်ပြီး သူ့ယာဉ်ပျံထဲသူ အန်မချမိစေရန် မူးဝေမှုနှင့် သူ့နားထဲမှ တစီစီမြည်သံများ ပျောက်သွားအောင် စောင့်ဆိုင်းနေလိုက်သည် ။

အချိန်ဘယ်လောက် ကုန်ဆုံးသွားပြီလဲ မသိရချေ ။ စက္ကန့်အနည်းငယ်လောက်သာ ဖြစ်နိုင်သော်လည်း ကျစ်ယွီရှီအတွက်တော့ နာရီပေါင်းများစွာ ကြာသွားသလို ခံစားလိုက်ရသည် ။

သူမျှော်လင့်ထားသလို အာကာသယာဉ်က ဆင်းသက်မသွားခဲ့ ။ အရာအားလုံးက တည်ငြိမ်သွားပြီး သူ့မျက်လုံးများကို တစ်ဖန်ပြန်လည်ဖွင့်ကြည့်လိုက်သော် သူ့ကိုကြိုဆိုနေသည်က ကြည်လင်သော ကောင်းကင်ပြာပင် ။

နေက တည့်တည့်တွင် တောက်ပနေ၏ ။

စိုထိုင်းသော လေညင်းက သစ်ရွက်များကို ပြန့်ကျဲသွားစေသည် ။ ရယ်သံများလည်း ရှိနေခဲ့သည် ။

ကျစ်ယွီရှီသည် ထထိုင်လိုက်ပြီးနောက် သူနှင့် ၁၀မီတာ အကွာတွင်ရှိနေသော ပင်လယ်နှင့်အတူ သူသည် ကမ်းခြေရှိ ပက်လက်ကုလားထိုင်တွင် လှဲနေခဲ့ကြောင်း သိလိုက်ရသည် ။ ပင်လယ်ရေများက သဲသောင်ပြင်ကို ရိုက်ခတ်နေလျက် ။ ရံဖန်ရံခါတွင် ဇင်ယော်ငှက်များက ပျံသန်းလာကြပြီး ကမ်းခြေတွင် ခရုကောက်နေကြသော ကလေးငယ်များနှင့်အတူ ရေကူးဝတ်စုံဖြင့် ဟိုဟိုဒီဒီသွားလာနေကြသော ခရီးသွားများလည်း ရှိနေခဲ့သည် ။

အချိန်ခဏလောက် သူရီဝေဝေဖြစ်နေခဲ့သည် ။

သူအထက်တန်းအောင်တုန်းက တစ်ယောက်တည်း သွားလည်ခဲ့သော ကမ်းခြေနှင့် အတော်လေး ဆင်တူနေ၏ ။

မဟုတ်သေး ၊ ထိုကမ်းခြေပင် ။

သူခေါင်းငုံ့ကြည့်လိုက်ရာ ထိုအချိန်တုန်းက အဝတ်အစားများကို ဝတ်ဆင်ထားကြောင်း မြင်လိုက်ရသည် ။ သို့သော် ထိုအချိန်တုန်းကနှင့် မသက်ဆိုင်သော အနက်ရောင်ဆက်သွယ်ရေးစက်က သူ့လက်ကောက်ဝတ်တွင် ရှိနေသဖြင့် အိပ်မက်မဟုတ်ကြောင်း သူ့အား ကူညီအသိပေးလိုက်၏ ။

ဆက်သွယ်ရေးစက်တွင် မဖတ်ရသေးသော စာတစ်စောင်ရှိနေသည် ။

ကျစ်ယွီရှီသည် ဟိုလိုဂရပ်ဖစ်မျက်နှာပြင်ကို ဖွင့်လိုက်သည် ။

[ကြိုဆိုပါသည် ကျစ်ယွီရှီ ၊ ထျန်းချုံမှ ပြန်လည်ကြိုဆိုပါသည် ]

တွေးနေစရာပင်မလိုဘဲ ထိုစာမှာ 'ခေတ်တိုင်း၏ထျန်းချုံ'မှ ပို့လာခြင်းဖြစ်ကြောင်း ကျစ်ယွီရှီ သိလိုက်သည် ။ ၎င်းကသာ ယခုကဲ့သို့ လက်တွေ့ဆန်လွန်းသည့် အရာများကို ဖန်တီးနိုင်စွမ်းရှိသည်ပေ ။

[ဂုဏ်ယူပါသည် ၊ သင်သည် Aအဆင့် မစ်ရှင်အသစ် [ပရမ်းပတာ]ကို ပြီးမြောက်သွားပါပြီ ]

ကျစ်ယွီရှီ မျက်မှောင်ကြုတ်မိသွားသည် ။ ဒါဆို ပြောချင်တာက.......ပရမ်းပတာမစ်ရှင်က ခုနကအထိ မပြီးသေးဘူးပေါ့ ?

[ ဂုဏ်ယူပါသည် ၊ သင်သည် အရံမစ်ရှင်ကို ဖွင့်လိုက်ပါပြီ ၊ အဆင့် : S ]

[ မစ်ရှင်အနေအထား : [ငါဘယ်သူလဲ] ]

[ မစ်ရှင်စည်းမျဉ်း : မရှိ ]

[ မစ်ရှင်အကြောင်းအရာ : မရှိ ]

[ဂုဏ်ယူပါသည် ၊ သင်သည် အရံမစ်ရှင်  [ ငါဘယ်သူလဲ ]ကို ပြီးမြောက်သွားပါပြီ ၊ ယခု မစ်ရှင်နောက်တစ်ခုကို ဖွင့်နိုင်ပါပြိ ]

ကျစ်ယွီရှီ : "............."

ပူဖောင်းကမ္ဘာကို အရံမစ်ရှင်အနေနဲ့ သတ်မှတ်ပြီး ပေါင်းစာရင်းရှင်းလိုက်တာလား ?

"ဒါ ဘယ်နေရာလဲ ? " ကျစ်ယွီရှီ မေးလိုက်သည် ။

အသံစနစ် ပွင့်လာ၏ ။

ထျန်းချုံ၏ သိမ့်မွေ့သော အမျိုးသမီးအသံ ထွက်ပေါ်လာသည် ။ "စနစ်ကို အဆင့်မြှင့်လိုက်ပြီး သင့်အတွက် သီးသန့်စီစဉ်ထားတဲ့ အချိန်နှင့်အာကာသ ပြောင်းရွှေ့စခန်းပါ ၊ ဒီနေရာမှာ အနားယူ ၊ လေ့ကျင့် ၊ စားသောက်နိုင်ပါတယ် ၊ သင်လိုသမျှ အရာအားလုံး ရှိပါတယ် ၊ နောက်ထပ်မစ်ရှင်ကို ဆက်မသွားခင် ကောင်းကောင်းအသုံးပြုဖို့ အကြံပေးပါတယ် "

ကျစ်ယွီရှီ : "တခြားသူတွေရော ဘယ်မှာလဲ ? "

ထျန်းချုံ : "အခြားသူတွေလဲ သူတို့အတွက် သီးသန့်လုပ်ပေးထားတဲ့ အချိန်နှင့်အာကာသ ပြောင်းရွှေ့စခန်းမှာ ရှိနေပါတယ် ၊ အခြားလူတစ်ယောက်၏ ပြောင်းရွှေ့စခန်းသို့ ရွှေ့ပြောင်းလိုပါသလား ? "

ကျစ်ယွီရှီ : "အင်း "

ထျန်းချုံ : " ကျေးဇူးပြု၍ ရွှေ့ပြောင်းလိုသည့် ပစ်မှတ်ကို ရွေးချယ်ပါ : စုန့်ချင်းလန် ၊ ကျိုးမင်ရွှမ်း ၊ သွမ့်ဝမ် ၊ ထန်းချီ ၊ ထန်းလဲ့ ၊ လီချွင်း "

ပင်လယ်လေညင်းက တည်ငြိမ်နေလျက် ။

ကျစ်ယွီရှီသည် ထိုင်ခုံထက်တွင် ပြန်လှဲလိုက်ကာ အချိန်ခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်လေ၏ ။ "စုန့်ချင်းလန် "

•°•°•

T/N>>

Arc3ဖြစ်တဲ့ [ငါဘယ်သူလဲ] arcပြီးသွားခဲ့ပါပြီ ။ 👏👏

ဒီArcကတော့ အများကြီး ဖြစ်ပျက်သွားတာပါပဲ ။ အကြံပေးကျစ်ရဲ့ ရည်းစားလေး သုံးယောက်အကြောင်းနဲ့အတူ ခေါင်းဆောင်စုန့်ရဲ့ တစ်စုံတစ်ခုကလဲ ကွဲကြေသွားပါပြီ lol

နားမလည်တာ ရှိရင်မေးခဲ့လို့ရပါတယ်နော် ဘာလိုလိုနဲ့ တစ်ဝက်တောင် ကျိုးလာခဲ့ပါပြီ  \⁠(⁠^⁠o⁠^⁠)⁠/

•°•°•

『Zawgyi』

《ထပ္တူက်ျင္းအဆုံးတ္

က်ိဳးမင္ရႊမ္းသည္ ဤကမၻာမွထြက္ခြာရန္ ဆႏၵမရွိသျဖင့္ ဤကမၻာက သူ႔ကို မေႏွာင့္ယွက္ေခ် ။ တပ္ဖြဲ႕၇ရွိ အဖြဲ႕သားမ်ားအားလုံး အေရးေပၚေရႊ႕ေျပာင္းမိန႔္က်လာေသာ္လည္း က်ိဳးမင္ရႊမ္းတစ္ေယာက္သာ ထ်န္းခ်ဳံသို႔ ျပန္သြားခဲ့ပုံေပၚသည္ ။

အျပင္ဘက္တြင္ ပရမ္းပတာေျခသံမ်ား ၾကားေနရသည္ ။ ထ်န္းခ်ဳံသည္ အထူးတပ္ဖြဲ႕ကို ေစလႊတ္ခဲ့ၿပီး လက္ရွိတြင္ သူတို႔သည္ ကမၻာမ်ားထပ္သြားျခင္း၏ အေၾကာင္းျပခ်က္ကို ဘိုးဘြားရိပ္သာတစ္ေလၽွာက္ ရွာေဖြေနၾကသည္ ။ မူလရင္းျမစ္မွာ အေျပာင္းအလဲျဖစ္သည့္ ဌာနမႉးဝမ္ျဖစ္‌ေၾကာင္း က်ိဳးမင္ရႊမ္းတစ္ေယာက္သာ သိသည္ ။

အခန္းထဲတြင္ ရွိေနေသာ မည္သူမၽွ မလႈပ္ရွားၾကေပ ။ လူတိုင္းက က်ိဳးမင္ရႊမ္းႏွင့္ စုန႔္ခ်င္းလန္ကို ၾကည့္ေနၾကသည္ ။

စုန႔္ခ်င္းလန္ : "ငါတို႔က မင္းကို ဒီမွာေနခြင့္ျပဳမယ္လို႔ ထင္ေနလား ? "

"ဟုတ္တယ္ ! "

"ေလာင္က်ိဳး ႐ူးေနလား?! "

"ဒီေနရာက ပူေဖာင္းတစ္ခုသပ္သပ္ပဲ ။ အတိအက်ဘယ္လိုရွင္းျပရမွန္းမသိေပမဲ့ အႀကံေပးက်စ္ သိတယ္ေလ ။ အႀကံေပးက်စ္ကို မယုံဘူးလား ? "

အဖြဲ႕သားမ်ား အကုန္လုံးအေလာတႀကီး ေျပာဆိုလာၾကသည္ ။ သူတို႔သည္ စိတ္လႈပ္ရွား‌ေနၾက၏ ။ သူတို႔အတြက္ အဖြဲ႕သားတစ္ေယာက္ကို လက္ေလၽွာ့ပစ္ဖို႔ လုံးဝမျဖစ္နိုင္ေပ ။

က်ိဳးမင္ရႊမ္းက စကၠန႔္ပိုင္းမၽွ တိတ္‌ဆိတ္ေနသည္ ။ "သိတယ္ "

သူသည္ က်စ္ယြီရွီကို ၾကည့္လ်က္ ေမးလာခဲ့သည္ ။ "အႀကံေပးက်စ္...မက္ေဆ့ခ္်ထဲမွာ ေခါင္းေဆာင္စုန႔္ေျပာထားတာက ကၽြန္ေတာ္တို႔ အကုန္လုံး မူလလက္ေတြ႕ကို ျပန္သြားရင္ ဒီေနရာက အစျပန္စလိမ့္မယ္တဲ့ ။ Ouroboros က ကြင္းဆက္ေတြလိုမ်ိဳး ။ အဲ့လိုဆို ကၽြန္ေတာ္သာေနခဲ့ရင္ ဒီလက္ေတြ႕က ေရွ႕ဆက္သြားေနမွာလား ? "

က်စ္ယြီရွီသည္ မ်က္ႏွာအတုတပ္ထားေသာ္လည္း က်န္အဖြဲ႕သားမ်ားႏွင့္ သူ႔ကိုခြဲျခားရန္ အလြန္လြယ္ကူေနဆဲပင္ ။

ယခုအခ်ိန္တြင္ သူသည္ က်ိဳးမင္ရႊမ္းအေျခအေနကို ကိုယ္ခ်င္းစာနိုင္လြန္းသျဖင့္ သူ၏ မ်က္ႏွာအမူအရာ အစစ္အမွန္ကို မ်က္ႏွာအတုျဖင့္ ဖုံးကြယ္ထားခဲ့တာေတာင္ သူမလိမ္ညာနိုင္ခဲ့ ။

အဖြဲ႕သားမ်ားအားလုံးက သူ႔အား ေမၽွာ္လင့္တႀကီး ၾကည့္ေနၾကၿပီး က်ိဳးမင္ရႊမ္း၏ အဓိပၸာယ္မရွိေသာ စိတ္ကူးယာဥ္မ်ားကို သူဖ်က္ဆီးပစ္ရန္ ေမၽွာ္လင့္ေနၾကသည္ ။ သို႔ေသာ္ က်စ္ယြီရွီက သူ႔ေမးခြန္းကို အမွန္အတိုင္းသာ ေျဖလိုက္၏ ။

သူ "အင္း "ဟုေျပာလိုက္သည္ ။

အကုန္လုံး ေျပာစရာစကားေပ်ာက္ရွသြားေလ၏ ။

ဒီကမၻာႀကီး ဆက္သြားေနတဲ့ ‌ျဖစ္နိုင္ေခ်လဲ ရွိေသးတယ္ေပါ့ ?

"ဒါေပမဲ့ " က်စ္ယြီရွီက တည္ၿငိမ္ျမန္ဆန္စြာ ေျပာလာခဲ့သည္ ။ "ခင္ဗ်ား ျပန္လိုက္မလာရင္ ကၽြန္ေတာ္တို႔ အမွတ္'B'ကို ေရာက္တဲ့အခါ လူတစ္ေယာက္ ေလ်ာ့ေနလိမ့္မယ္ ။ ခင္ဗ်ားရဲ့ သူငယ္ခ်င္းေတြ ၊ ရဲေဘာ္ရဲဘက္ေတြနဲ႔ ခင္ဗ်ားဘဝမွာ က်န္ေနေသးတဲ့သူေတြအကုန္လုံး လူတိုင္းက ခင္ဗ်ားကို ဆုံးရႈံးလိုက္ရမွာ ။ ထ်န္းခ်ဳံတပ္ဖြဲ႕ ၇က က်ိဳးမင္ရႊမ္းကို ဆုံးရႈံးလိုက္ရၿပီး တပ္ဖြဲ႕က ထပ္ၿပီး ျပည့္စုံေတာ့မွာမဟုတ္ဘူး ။ ဒါက အဖြဲ႕ရဲ့ကင္းေထာက္ 'ေလာင္ယြီ' ဒဏ္ရာရသြားတာထက္ ပို‌ေၾကာက္စရာေကာင္းတဲ့ရလဒ္ပဲ ။ ခဏတာစိတ္ေပ်ာ့ၿပီး ခင္ဗ်ားကို က်န္ေနခြင့္ျပဳလိုက္ရတဲ့ အျပစ္ရွိစိတ္က တပ္ဖြဲ႕၇က က်န္တဲ့အဖြဲ႕သားေတြအကုန္လုံးရဲ့ ဘဝတစ္ေလၽွာက္လုံးလိုက္ေနေတာ့မွာမို႔လို႔ေလ "

က်စ္ယြီရွီက ဆို၏ ။ "ေနာက္ဆုံး ပူေဖာင္းကမၻာဆိုတာလဲ ပူေဖာင္းသပ္သပ္ပဲကိုး ။ ခင္ဗ်ားရဲ့အဲ့ဒီေနာင္တကို ျဖည့္ဆည္းေပးၿပီးသြားရင္ တျဖည္းျဖည္းေပ်ာက္ကြယ္သြားမွာေပမဲ့ ခင္ဗ်ားဘဝကေတာ့ မဟုတ္ဘူး ။ အဲ့အခ်ိန္ေရာက္လာရင္ ခင္ဗ်ားတစ္ေယာက္တည္း ဒီမွာ ဘာလုပ္မွာလဲ ? ခင္‌ဗ်ားဘဝရဲ့ ရည္မွန္းခ်က္က အဲ့ဒီဟာတစ္ခုတည္းအတြက္ မဟုတ္ခဲ့ရင္ေပါ့ "

အေျခအေနကို ဆန္းစစ္ရေသာ အခ်ိန္မွလြဲလၽွင္ ဤသည္က လူတိုင္း၏ေရွ႕တြင္ က်စ္ယြီရွီ စကားအမ်ားႀကီးေျပာသည့္ ပထမဆုံးအႀကိမ္ပင္ ။

က်ိဳးမင္ရႊမ္းသည္ပင္ အံ့အားသင့္သြားခဲ့သည္ ။

စုန႔္ခ်င္းလန္တစ္ေယာက္သာ ထိုစကားလုံးမ်ား ဘယ္ကလာလဲ သိခဲ့သည္ ။

သို႔ေသာ္ စုန႔္ခ်င္းလန္ မေမၽွာ္မွန္းထားသည္က 'က်ိဳးမင္ရႊမ္းကို လက္ကမ္းကူညီေပးသည့္သူ'မွာ သူမဟုတ္ဘဲ က်စ္ယြီရွီျဖစ္ေနျခင္းကိုပင္ ။

က်စ္ယြီရွီက ထိုစကားမ်ားကို က်ိဳးမင္ရႊမ္းအား ေျပာခဲ့ေသာ္ျငား တကယ္ေတာ့ သူ႔ဘာသူလည္း ျပန္ေျပာေနျခင္းျဖစ္သည္ ။ သူတို႔ႏွစ္ေယာက္လုံးသည္ ပူေဖာင္းကမၻာ၏ ျဖားေယာင္းမႈကို ေတြ႕ၾကဳံခံစားခဲ့ရၿပီး က်ိဳးမင္ရႊမ္းကို မည္သို႔ဆြဲထုတ္ရမည္လဲ သူသိသည္ ။

ရွာေဖြေနေသာ အသံမ်ားက ပို၍နီးကပ္လာသည္ ။

စုန႔္ခ်င္းလန္က ေျခတစ္လွမ္းဦးကာ က်ိဳးမင္ရႊမ္း၏ ေသနတ္ကို ဆြဲလုလိုက္သည္ ။ "မင္းရဲ့ ေသာက္ေရးမပါတဲ့ အဲ့ဒီအေတြးေတြကို ရပ္လိုက္ ။ မင္းက ဒီေနရာနဲ႔ မသက္ဆိုင္လို႔ ဒီကမၻာကဆက္သြားေနေန မသြား‌ေနေန အေရးမႀကီးဘူး ။ မင္းက ငါတို႔နဲ႔ အခုခ်က္ခ်င္း လိုက္ခဲ့ရမယ္ ! "

က်ိဳးမင္ရႊမ္းက တြန႔္ဆုတ္ေနခဲ့သည္ ။ "ေခါင္းေဆာင္စုန႔္...ကၽြန္ေတာ္......... "

ထန္းခ်ီက အနား‌ေလၽွာက္သြားကာ စကားတစ္ခြန္းပင္မဆိုဘဲ က်ိဳးမင္ရႊမ္းလည္ပင္းကို ခ်ဳပ္ကာ သူ႔နားရြက္အေနာက္ဘက္တြင္ ေသးငယ္ေသာ အျပားေလးကို ထိုးစိုက္လိုက္သည္ ။ က်ိဳးမင္ရႊမ္းမ်က္ႏွာသည္ အသစ္ေပၚလာေသာ မ်က္ႏွာတုျဖင့္ ဖုံးကာသြားၿပီး အျခားသူမ်ားက တြန္းကာထိုးကာႏွင့္ က်ိဳးမင္ရႊမ္းတစ္ေယာက္ အခန္းျပင္သို႔ တြန္းထုတ္ခံလိုက္ရသည္ ။

ရွာေဖြေနၾကေသာလူမ်ား၏ ဆန႔္က်င္ဘက္ ဦးတည္ရာသို႔ အဖြဲ႕သားမ်ားထြက္ခြာလာခဲ့ၾကသည္ ။ သူတို႔တံခါးမွ ထြက္လိုက္သည္ႏွင့္ ရွာေဖြရန္ ညႊန္ၾကားေနၾကေသာ သူမ်ားက သူတို႔ကို လွမ္းေခၚလာသည္ ။ "ဘာ‌လုပ္ေနတာလဲ ?! စာရင္းလာသြင္း !"

သူတို႔ မရပ္တန႔္ခဲ့ေခ် ။ အေရးေပၚထြက္ေပါက္သို႔ မေရာက္ခင္အထိ သူတို႔သည္ တိတ္တဆိတ္ျဖင့္ စႀကႍလမ္းမ်ားစြာကို ေက်ာ္ျဖတ္လာခဲ့သည္ ။ စုန႔္ခ်င္းလန္သည္ တံခါးကို တြန္းဖြင့္လ်က္ ေျပာလာ၏ ။ "ေလာင္သြမ့္...လၽွပ္စစ္သံလိုက္လွိုင္း လႈံ႔ေဆာ္တဲ့ပရိုဂရမ္ကို ဘယ္လိုလုပ္ရလဲသိလား ? "

နည္းပညာရွင္တစ္‌ေယာက္အေနျဖင့္ သြမ့္ဝမ္က ေျဖၾကားလာခဲ့သည္ ။ "သိတယ္ !"

စုန႔္ခ်င္းလန္ : "ဘယ္ေလာက္ၾကာမွာလဲ ?"

သြမ့္ဝမ္က ေဒတာမ်ားပါရွိေသာ ဌာနမႉးဝမ္၏ ေဖာက္ထြင္းျမင္ မ်က္ႏွာျပင္ကို လက္ခံယူလိုက္ကာ ယုံၾကည္မႈအျပည့္ျဖင့္ ေျဖလာ၏ ။ "မိနစ္ပိုင္းေလာက္ပဲ "

ေနာက္တစ္ထပ္သို႔ ေရာက္ေသာ္ ေလွကားေအာက္ထပ္မွ တပ္လာေသာ ထ်န္းခ်ဳံမွ ေစလႊတ္ထားသည့္ ရွာေဖြသူမ်ားႏွင့္ တန္းတိုးေတာ့သည္ ။

ႏွစ္ဘက္လုံး ေနရာတြင္ ရပ္တန႔္သြား၏ ။

ထိုသူမ်ားမွာ ဤလက္ေတြ႕ ထ်န္းခ်ဳံတပ္ဖြဲ႕ ၃မွ ေစာင့္ေရွာက္သူမ်ား ျဖစ္ေနခဲ့သည္ေပ ။ အကုန္လုံးသည္ ရင္းႏွီးေနေသာ မ်က္ႏွာမ်ား ျဖစ္ေနသည္ ။

"ငလူး! "

တစ္စုံတစ္ေယာက္က ဆဲေရးလိုက္၏ ။ သူတို႔အကုန္လုံး ခ်က္ခ်င္း လွည့္ေျပးရေတာ့သည္။

တပ္ဖြဲ႕၃သည္လည္း အထင္ေသးလို႔ရမည့္သူမ်ား မဟုတ္ဘဲ ထိုသူတို႔၏စြမ္းေဆာင္ရည္မ်ားမွာ သူတို႔ထက္ေတာ့ မနိမ့္ေပ ။

သိပ္မက်ယ္လွေသာ အေရးေပၚေလွကားတြင္ ႏွစ္ဘက္လုံး ေျပးေနၾကရ၏ ။ သူတို႔သည္ တံခါးတစ္ခ်ပ္ၿပီး တစ္ခ်ပ္ဖြင့္ခဲ့ေသာ္လည္း အထပ္တိုင္းမွာ ထ်န္းခ်ဳံမွလူမ်ား အခ်ိန္တိုအတြင္း ေနရာယူၿပီးျဖစ္‌ေနသည္ကိုသာ ျမင္လိုက္ရသည္ ။

ကံေကာင္းစြာျဖင့္ မည္သူကမၽွ ေသနတ္မ်ားျဖင့္ မပစ္ခတ္ခဲ့ေပ ။ သို႔ေသာ္ တပ္ဖြဲ႕ ၃က ေနာက္မွလိုက္ေနရင္းႏွင့္ ဤသံသယဝင္စရာေကာင္းသည့္ လူတစ္အုပ္ကို တစ္ခါတည္း အျပတ္ဖမ္းဆီးနိုင္ရန္ အျခားတပ္ဖြဲ႕မ်ားကို သတင္းေပးၿပီးေလာက္ေၾကာင္း စုန႔္ခ်င္းလန္သိသည္ ။

"ကၽြန္ေတာ္ ေသာက္က်ိဳးနည္း သိေနတယ္ !  အရင္တစ္ေခါက္က သူတို႔ရဲ့လက္နက္ေတြကို မေလွာင္ခဲ့သင့္ဘူး ! " လီခၽြင္းက က်ိန္ဆဲေနသည္ ။ "အခုေတာ့ ျပန္ခံေနရၿပီ ! "

"ဒါဆိုလဲ ျပန္ေရာက္မွ မင္းေဝစုကို ခြဲေပးလိုက္ေလ !"

"ဖာခ့္ ! မေပးဘူး !"

သြမ့္ဝမ္ : "မတူတဲ့လက္ေတြ႕မွာေတာင္ ဘာလို႔ အျမဲသူတို႔ကိုပဲ လႊတ္ေနရတာလဲ ? တရားလြန္လြန္းတယ္ ! "

အထြန႔္တက္မႈမ်ားမွာ ဒီတိုင္း ညည္းတြားေနၾကျခင္းပင္ ။ လူတိုင္း စိတ္ထဲတြင္ ေကာင္းေကာင္းသိေနသည္က က်န္းၿမိဳ႕ဌာနခြဲမွ လူတိုင္း ေစလႊတ္ခံရေလာက္သည္ဟုပင္ ။ ထ်န္းခ်ဳံမွလူမ်ားပင္မကဘဲ သူတို႔ျပတင္းေပါက္မွတစ္ဆင့္ ျမင္ရသည္က--ကမၻာမ်ားထပ္သြားျခင္းႏွင့္ ထ်န္းခ်ဳံမွ ျပဳလုပ္လာေသာ ႐ုတ္႐ုတ္သဲသဲမ်ား၏ ရလဒ္အေနျဖင့္ ဤေနရာက သာမန္လူမ်ားကိုလည္း ဆြဲေဆာင္ေနခဲ့သည္ ။ ဤေနရာသည္ အျပည့္အဝကို ဝိုင္းခံထားရေလသည္ ။

အခ်က္ေပးသံမ်ား ၊ လူမ်ား၏ ဆူပူသံမ်ားႏွင့္ အေပၚတြင္ ပ်ံဝဲေနေသာ ဟယ္လီေကာ္ပတာသံမ်ားႏွင့္ ဆူညံေနခဲ့သည္ ။ ဤသည္က တပ္ဖြဲ႕ ၇ကို ဘာမွလုပ္မရေအာင္ ခက္ခဲေနေစခဲ့သည္ ။

"လူခြဲမလား ?!" ထန္းခ်ီကေမးသည္ ။ " လူစုဖို႔ ေနရာရွာ! "

"လူမခြဲနဲ႔ !" စုန႔္ခ်င္းလန္က ေနာက္တံခါးတစ္ခ်ပ္ကို တြန္းဖြင့္လိုက္သည္ ။ "အကုန္လုံး ငါ့ေနာက္လိုက္ခဲ့ !"

ဤသည္က ဘိုးဘြားရိပ္သာမွ ေဖ်ာ္ေျဖေရးအခန္းတစ္ခုပင္ ။ ရပ္တန႔္သည့္ခလုတ္ကို ႏွိပ္ထားသကဲ့သို႔ လႈပ္ရွားမႈကင္းမဲ့ေနေသာ ပုံရိပ္မ်ားစြာမွလြဲ၍ ဤအခန္းထဲတြင္ သက္ရွိလူသားမရွိေပ ။

စုန႔္ခ်င္းလန္ : "ဒီထဲ !"

အဖြဲ႕သားမ်ားသည္ တံခါးေသာ့ခတ္လိုက္ၾကၿပီး သြမ့္ဝမ္က ထုတ္ခ်င္းေဖာက္ေဘာင္ကြက္ကို ခ်က္ခ်င္းထုတ္လိုက္ကာ စုန႔္ခ်င္းလန္ပင္ အမိန႔္မေပးရေသးဘဲ စားပြဲေပၚ တင္လိုက္ေတာ့သည္ ။ သူသည္ အလ်င္အျမန္ ပရိုဂရမ္အား စတင္လိုက္၏ ။

မိနစ္ပိုင္းမၽွသာ ။ သူ မိနစ္ပိုင္းမၽွသာ လိုအပ္ေပသည္ ။

လူတိုင္းက တိတ္ဆိတ္ေနၾက၏ ။ အခန္းထဲတြင္ သြမ့္ဝမ္မွ ဟိုလိုဂရပ္ဖစ္ကီးဘုတ္ကို တေခ်ာက္ေခ်ာက္ရိုက္ေနေသာ လၽွပ္စစ္သံမ်ားသာ ထြက္ေပၚေနခဲ့သည္--သူ႔တြင္ စနစ္ကို အသံပိတ္ရန္ပင္ အခ်ိန္မရွိခဲ့ ။ သြမ့္ဝမ္ လုပ္ၿပီးၿပီးခ်င္း ဖုန္းေခၚလိုက္သည္ႏွင့္ သူတို႔၏မူလလက္ေတြ႕ကို ျပန္သြားနိုင္မည္မွန္း အကုန္လုံး သိ၏။

လူ၆ေယာက္က မ်က္ႏွာအမူအရာ ေတာင့္တင္းစြာျဖင့္ သြမ့္ဝမ္ေဘးတြင္ ဝိုင္းေနခဲ့သည္ ။ သူတို႔၏ ကံၾကမၼာမ်ားမွာ ဤအေပၚတြင္ မူတည္ေနသည္ပင္ ။

"ခဏေလး " တိတ္ဆိတ္ေနေသာအခ်ိန္တြင္ ထန္းလဲ့က ႐ုတ္တရက္ ထေျပာလာခဲ့သည္ ။ "ကၽြန္ေတာ့္ညီမေလးကို ဖုန္းေခၚခ်င္လို႔ "

အကုန္လုံး၏ အျပဳအမူမ်ား ရပ္တန႔္သြားၾကသည္ ။

ထန္းလဲ့၏ မ်က္လုံးမ်ား နီရဲလာခဲ့သည္ ။ "ကၽြန္ေတာ္က ဒီေနရာနဲ႔ မသက္ဆိုင္ဘဲ ပူေဖာင္းကမၻာပဲ ျဖစ္ေနရင္ေတာင္မွ သူ႔ကို ဖုန္းဆက္ခ်င္ေသးတယ္........ၿပီးရင္ ကၽြန္ေတာ္တို႔မွာ ညီမေလးရွိေတာ့မွာမဟုတ္ဘူး "

ထန္းခ်ီက ထန္းလဲ့ေခါင္းကို ေခြးတစ္ေကာင္ကို ပုတ္‌ေပးသကဲ့သို႔ ပြတ္သပ္လိုက္သည္ ။ သူ႔မ်က္လုံးမ်ားမွာလည္း နီရဲေနခဲ့သည္ ။ "............."

လီခၽြင္းက သူ႔ဖုန္းကိုပင္ ထုတ္ၿပီးေနေလၿပီ ။ "ကၽြန္ေတာ္လဲ.........အဲ့တာက သမီးရည္းစားဆက္ဆံေရးပဲကို ။ ဘာမွမေျပာဘဲ လမ္းခြဲလိုက္ရင္ ကၽြန္ေတာ္က တကယ့္ အမွိုက္ေကာင္ျဖစ္သြားမွာေပါ့ "

ပရိုပရမ္သည္ စတင္ၿပီး ျဖစ္ေလသည္ ။

သြမ့္ဝမ္က ေနာက္ဆုံးစာလုံးကို ရိုက္လိုက္ၿပီးေနာက္ ထိုင္ခုံေနာက္မွီကို မွီလ်က္ သူ႔မ်က္လုံးမ်ားကို ကြယ္ထားလိုက္သည္ ။

ထိုအသက္သုံးဆယ္ထဲေရာက္ေနေသာ အမ်ိဳးသားမွာ သူ႔သမီးေလးကို ဤကမၻာတြင္ ထားခဲ့ရမည္ကို မခံစားနိုင္ခဲ့ ။ ၿပီးသြားသည္ႏွင့္ သူသည္ ေနာက္တစ္ခါ ဘယ္ေတာ့မၽွ သူ႔သမီးကို ထပ္ေတြ႕ရေတာ့မည္ မဟုတ္ေပ ။

အနာဂတ္၌ သူကေလးရလာလၽွင္ေတာင္ အခုႏွင့္ တူညီေသာကေလး ျဖစ္လိမ့္မည္ မဟုတ္ ။

က်ိဳးမင္ရႊမ္းက အေဝးတြင္ တစ္ေယာက္တည္း ထိုင္ေန၏ ။ သူသည္ ထိုင္းမွိုင္းေလးလံစြာျဖင့္ သူ႔ဖုန္းကို ပြတ္ေနၿပီး သူဘာေတြးေနသည္လဲ မသိရေခ် ။

က်စ္ယြီရွီသည္ ျပတင္းေပါက္ေဘးမွ စားပြဲကို မွီလိုက္သည္ ။

သူ႔ေဘးမွ ေနေရာင္ျခည္ ဝင္ေရာက္ေနၿပီး သူ႔အသားအရည္ကို ေဖာက္ထြင္းျမင္ေနရသည့္အလား ။ သူ႔တြင္ ဖုန္းမရွိသလို ဤေနရာတြင္ သူ႔ကို ခ်ည္ေႏွာင္ထားေသာ အရာလည္းမရွိသျဖင့္ သူသည္ မ်က္လုံးမ်ားကိုသာ မွိတ္ထားခဲ့သည္ ။ သူ႔စိတ္ထဲတြင္ ဘာေတြးေနသည္ကို မသိရ ။

"ေခါင္းေဆာင္စုန႔္ " လီခၽြင္းက ေမးသည္ ။ "ခင္ဗ်ား ဒီမွာ ဘာအေျပာင္းအလဲေတြ ျဖစ္သြားလဲ ?"

အကုန္လုံးသည္ ေခါင္းေမာ့လာကာ စုန႔္ခ်င္းလန္ကို ၾကည့္လိုက္ၾကသည္ ။

လက္ေတြ႕ႏွစ္ခုထပ္သြားၿပီးေနာက္ လူတိုင္းတြင္ မွတ္ဉာဏ္ႏွစ္ခုရွိေနေသာ္လည္း စုန႔္ခ်င္းလန္၏ အေျပာင္းအလဲမ်ားကို သူတို႔မမွတ္မိေပ ။

စုန႔္ခ်င္းလန္က နံရံကို မွီလ်က္ လက္ပိုက္ထားေလ၏ ။

သူစကားေျပာေနခ်ိန္တြင္ သူ၏ၾကည့္‌ေကာင္းေသာမ်က္လုံးမ်ားမွာ ေလးနက္ေနခဲ့သည္ ။ "မနက္ ၈နာရီမွာ ငါ့အေဖက အစည္းအေဝးသြားဖို႔ ေလယာဥ္ေပၚေရာက္ေနရမဲ့အစား အိမ္မွာ‌လက္ဖက္ရည္ ထိုင္ေသာက္ေနတာ ။ အဲ့အေျပာင္းအလဲေရာ အက်ဳံးဝင္လား ? "

က်စ္ယြီရွီသည္လည္း စုန႔္ခ်င္းလန္ကို ၾကည့္လိုက္၏ ။

စုန႔္ခ်င္းလန္ အေျပာင္းအလဲမ်ားအေၾကာင္း ေျပာသည္ကို သူၾကားဖူးပုံမရေပ ။

ေနာက္တစ္မ်ိဳး‌ေျပာရလၽွင္ စုန႔္ခ်င္းလန္ဘဝက ဤလက္ေတြ႕တြင္ ထူးထူးျခားျခားေျပာင္းလဲသြားျခင္း မရွိေပ ။ သူ႔တြင္ ေနာင္တမရွိသလို ေျပာင္းလဲခ်င္သည္မ်ားလည္း ဘာမွမရွိ ။ သူသည္ သူ႔ဘဝကို ၿပီးျပည့္စုံစြာ ထိန္းခ်ဳပ္ထားခဲ့သည္ ။

ဆႏၵႏွင့္ေနာင္တမရွိေသာ လူတစ္ေယာက္က  ႏွိုင္းယွဥ္မရလုနီးနီးပင္ ။

စုန႔္ခ်င္းလန္၏ ႀကံ့ခိုင္ေသာစိတ္ဓာတ္ႏွင့္ အင္အားမ်ားမွာ ဤမွ ရလာျခင္းျဖစ္ေလာက္သည္ ။

တိုေတာင္းေသာ အသိေပးသံထြက္ေပၚ‌လာသည္ ။

ဟိုလိုဂရပ္ဖစ္ မ်က္ႏွာျပင္တြင္ ပရိုဂရမ္က အဆင္သင့္ျဖစ္ေနၿပီ ျဖစ္သည္ ။

လႈံ႔ေဆာ္ထားေသာ လၽွပ္စစ္သံလိုက္လွိုင္း ႀကိမ္ႏႈန္းမ်ားက အျခားလက္ေတြ႕ႏွင့္ ကြက္တိ ထပ္တူက်ေန၏ ။ သူတို႔ဖုန္းေခၚကာ ဆက္သြယ္လိုက္သည္ႏွင့္ အရာအားလုံးက ၿပီးဆုံးသြားလိမ့္မည္ ။

က်စ္ယြီရွီသည္ ျပတင္းေပါက္မွ ေရႊ႕လာကာ စုန္႔ခ်င္းလန္ထံမွ ဖုန္းကို ယူလိုက္ၿပီး နံပါတ္ရိုက္ထည့္ရန္ အဆင္သင့္ျဖစ္ေန၏ ။

ထိုအခ်ိန္၌ အျပင္ဘက္မွ က်ယ္ေလာင္‌ေသာ 'ဘုန္း'ခနဲ အသံထြက္ေပၚလာသည္ ။

လူတိုင္း၏ အမူအရာမ်ား ေျပာင္းလဲသြားေလ၏ ။

အခန္းတံခါးက အၾကမ္းပတမ္းလႈပ္ခါသြားခဲ့သည္ ။ ဤကမၻာမွလူမ်ား အထဲသို႔ ေဖာက္ဝင္လာရန္ ႀကိဳးစားေနၾကျခင္းပင္ ။ တစ္ခ်က္ေလာက္ ထပ္ရိုက္လိုက္သည္ႏွင့္ တံခါးသည္ ၿပိဳလဲသြားေတာ့မည္ !

"ဒီကိုလာ ! လူစု ! "

"အျမန္ !! "

ေနာက္ထပ္'ဘုန္း'ခနဲ အသံထြက္ေပၚလာ၏ ။ ၾကမ္းျပင္သည္ပင္ လႈပ္ခါသြားခဲ့သည္ ။

ထိုစကၠန႔္ပိုင္းမွာ အလြန္အမင္းရွည္ၾကာလွသည္ဟု ခံစားေနရသည္ ။ သြမ့္ဝမ္က အက်ယ္ခ်ဲ႕ပုံရိပ္ကို ပိတ္လိုက္ၿပီးေနာက္ အသံက်ယ္က်ယ္ႏွင့္အတူ စုန႔္ခ်င္းလန္၏ 'မလႈပ္နဲ႔' ဟူေသာ စကားက တစ္ခ်ိန္တည္း ေျပာလိုက္ပုံရသည္ ။

'ဘန္း'ခနဲ အသံက်ယ္ႏွင့္အတူ ေလးလံသည့္တံခါးက ၾကမ္းျပင္ေပၚ ျပဳတ္က်သြားခဲ့သည္ ။ ေလထဲတြင္ ဖုန္အလိမ္းလိမ္းထသြား၏ ။

ဒါဇင္ခ်ီေသာ ထ်န္းခ်ဳံမွ ေစာင့္ေရွာက္သူမ်ားက က်ည္ျဖည့္ထားေသာ ေသနတ္ ၊ လက္နက္ခဲယမ္းအျပည့္ျဖင့္ တံခါးဝတြင္ ရပ္ေနၾကသည္ ။ သူတို႔သည္ ေဖ်ာ္ေျဖေရး အခန္းထဲရွိ ၿငိမ္သက္ေနေသာ ပုံရိပ္မ်ားကို ပတ္ၾကည့္ေန၏ ။

လက္ေတြ႕ႏွစ္ခု ထပ္တူက်ျခင္း၏ စမွတ္ျဖစ္သည့္ ဘိုးဘြားရိပ္သာအေနျဖင့္ ဤေနရာရွိ အရိပ္မ်ားမွာ အရိပ္အေယာင္ဟုပင္ ေဖာ္ျပ၍ မရနိုင္ေတာ့ေခ် ။ အျခားလက္ေတြ႕မွ လူမ်ားအားလုံးသည္ ၿငိမ္သက္ေနေသာအခ်က္မွလြဲ ဤေနရာရွိလူမ်ားႏွင့္ ကြာျခားခ်က္မရွိ ။

ေစာင့္ေရွာက္သူမ်ားအတြက္ ဤအခန္းထဲတြင္ သက္ရွိလူသား တစ္ေယာက္မၽွ မရွိပုံေပၚသည္ ။

"ေနာက္တစ္ခန္း !" တစ္စုံတစ္ေယာက္က ေျပာလိုက္သည္ ။

သူတို႔သည္ စနစ္တက် ပစၥည္းကိရိယာမ်ားကို ခ်ကာ စီစစ္လိုက္ၿပီး အလ်င္အျမန္ လွည့္ပတ္ၾကည့္လိုက္ကာ ေနာက္တစ္ခန္းသို႔သြားရန္ အဆင္သင့္ျပင္ေနၾကသည္ ။

စကားသံတစ္သံ ထြက္ေပၚလာ၏ ။ "ေနအုံး "

အနက္ေရာင္တိုက္ခိုက္ေရး ယူနီေဖာင္းမ်ား ဝတ္ဆင္ထားေသာ ေစာင့္ေရွာက္သူမ်ားၾကားမွ တစ္စုံတစ္ေယာက္က ေလၽွာက္ထြက္လာခဲ့သည္ ။

ရင္ဘတ္တြင္ နံပါတ္'၉'ဟု ေရးထားေသာ အလြန္ငယ္ရြယ္သည့္ အမ်ိဳးသားတစ္ေယာက္ပင္ ။ သူသည္ ပိန္သြယ္ကာ ျဖဴေဖ်ာ့ေသာ အသားအရည္ရွိၿပီး မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းတစ္စုံရွိေလ၏ ။ ေက်ာဘက္တြင္ေတာ့ စုန႔္ခ်င္းလန္၏ ေသနတ္ႏွင့္ ဆင္တူေသာ ေျပာင္းရွည္‌ေသနတ္ကို လြယ္ထားသည္ ။

အျပင္ဘက္မွ လူမ်ား၏အသံမ်ားမွာ က်ယ္ေလာင္ေန၏ ။ ေလၽွာက္လမ္းတစ္ေလၽွာက္ ေျပးလႊားေနေသာ ေစာင့္ေရွာက္သူမ်ား ၊ အျပင္ဘက္ရွိ လူအုပ္မွ ေအာ္ဟစ္သံမ်ားႏွင့္ စူးရွေသာ အခ်က္ေပးသံမ်ားအားလုံးက ဤကမၻာႀကီး မည္မၽွ ဖရိုဖရဲ ျဖစ္ေနေၾကာင္း ညႊန္ျပေနၾကသည္ ။

အႏွီအမ်ိဳးသားငယ္က စုန႔္ခ်င္းလန္ေရွ႕တြင္  ရပ္တန႔္သြားခဲ့သည္ ။

သူ၏ မက္မြန္ပြင့္မ်က္လုံးမ်ားက မရင္းႏွီးေသာ သာမန္မ်က္ႏွာကို တစ္ခဏမၽွ စိုက္ၾကည့္ေနၿပီးေနာက္ အျပဳံးတစ္ပြင့္ ေပၚလာ၏ ။ "ဌာနမႉးခ်ီကို ေျပာလိုက္ပါအုံး ။ ငါတို႔ရဲ့ ေခါင္းေဆာင္စုန႔္က ဆိုးသြမ္းၿပီး တူတူပုန္းတမ္းကစားရတာ ႀကိဳက္တယ္လို႔ ။ သူ႔ကို အသာေလး လႊတ္ထားလို႔ ျဖစ္ပါ့မလား ? "

ထိုတစ္ခဏတြင္ အပ္က်သည့္အသံကိုပင္ ၾကားနိုင္ေလာက္သည္ ။

ေျခလွမ္းသုံးလွမ္းသာ လိုေတာ့သည္ ။

က်စ္ယြီရွီသည္ သူ႔အိတ္ကပ္အတြင္းမွ ဖုန္းတြင္ ေနာက္ဆုံးဖုန္းနံပါတ္အလုံးကို ရိုက္ထည့္လိုက္သည္ ။

အမ်ိဳးသားငယ္က လက္ကို‌ေျမႇာက္ကာ စုန႔္ခ်င္းလန္၏ မရင္းႏွီးေသာမ်က္ႏွာေနာက္တြင္ ဖုံးကြယ္ထားေသာ အျပားငယ္ဆီ လက္လွမ္းလာခဲ့သည္ ။

ေျခလွမ္းႏွစ္လမ္းသာလိုေတာ့သည္ ။

က်စ္ယြီရွီ : "ေခါင္းေဆာင္စုန႔္ "

တပ္ဖြဲ႕ ၇မွ အကုန္လုံး တစ္ခ်ိန္တည္းတြင္ လႈပ္ရွားလိုက္ၾကသည္ ။ သူတို႔သည္ တစ္‌‌ေယာက္လက္ကိုတစ္ေယာက္ ဆုပ္ကိုင္လိုက္ၾက၏ ။

အမ်ိဳးသားငယ္က ေနာက္ဆုတ္သြားခဲ့သည္ ။

"ဝွစ္ !" သူတို႔ကို ဝိုင္းထားေသာ ေစာင့္ေရွာက္သူမ်ားက ခ်က္ခ်င္း ေသနတ္မ်ားကို ေျမႇာက္ၾကသည္ ။

ေျခလွမ္းတစ္လွမ္းသာ လိုေတာ့သည္ ။

ေသနတ္မ်ားက သူတို႔ကို ခ်ိန္ထားေလ၏ ။ က်စ္ယြီရွီသည္ ဖုန္းေခၚဆိုသည့္ခလုတ္ကို ႏွိပ္လိုက္သည္ ။

"တီ--------"

ေစာင့္ေရွာက္သူမ်ား နီးကပ္လာ၏ ။

"တီ--------"

သူတို႔ အဝိုင္းခံေနရစဥ္တြင္ တိုက္ခိုက္ေရးယူနီေဖာင္းကို ဝတ္ဆင္ထားေသာ ဌာနမႉးခ်ီ ဝင္ေရာက္လာခဲ့သည္ ။ သူ၏နားထင္မွ ဆံႏြယ္မ်ားမွာ ျဖဴေနေသာ္လည္း သူ၏အသြင္အျပင္သည္ေတာ့ သူတို႔ပရမ္းပတာမစ္ရွင္တြင္ စစေတြ႕တုန္းကအတိုင္း မေျပာင္းလဲလုနီးနီးပင္ ။

"တီ--------"

ဘိုးဘြားရိပ္သာမွာ စတင္တုန္ခါလာ၏ ။ မ်က္ႏွာၾကက္မွ နံရံမ်ားအထိ ပိုမ်ားေသာ အရိပ္မ်ား ထြက္ေပၚလာသည္ ။ ကမၻာႀကီးက စတင္၍ ၿပိဳလဲလာသည္ ။

လူတိုင္းက ထိတ္လန႔္သြားၾကသည္ ။ သို႔သည့္တိုင္ လက္ေတြ႕မ်ားၾကားတြင္ ကြာဟခ်က္ႀကီးတစ္ခု ရွိေန၏ ။ အသံမ်ားအားလုံးကို မၾကားရေတာ့ေခ် ။

အရာအားလုံးက အဆင္သင့္ အတည္တက် ။

"ဟယ္လို?"

ရင္းႏွီးေနေသာ သက္လတ္ပိုင္းအရြယ္ အမ်ိဳးသမီးတစ္ဦး၏ အသံက ဖုန္းမွတစ္ဆင့္ ထြက္ေပၚလာခဲ့သည္ ။

[သတိေပးခ်က္ ! သတိေပးခ်က္ ! သင္သည္ သတ္မွတ္ထားေသာ ဦးတည္ခ်က္မွ ေသြဖီေနပါသည္ ! သင္သည္ သတ္မွတ္ထားေသာ ဦးတည္ခ်က္မွ ေသြဖီေနပါသည္ ! ]

အာကာသယာဥ္ပ်ံမွာ အၾကမ္းပတမ္းရမ္းခါေနသျဖင့္ က်စ္ယြီရွီသည္ ထိုင္ခုံလက္ရမ္းကို ခပ္တင္းတင္း ဆုပ္ကိုင္ထားရသည္ ။ သူ႔ႏႈတ္ခမ္းမ်ားပင္ ျဖဴေဖ်ာ့လာ၏ ။ အနီေရာင္အလင္းက သူ႔ေရွ႕တြင္ အဆက္မျပတ္ ေပၚလိုက္ေပ်ာက္လိုက္ တဖ်တ္ဖ်တ္ျဖစ္ေနလ်က္ ။ သူသည္ အမွတ္'B'ဟု ေခၚေသာ ေရႊ႕ေျပာင္းေနသည့္အခ်ိန္သို႔ ျပန္ေရာက္သြားေၾကာင္း က်စ္ယြီရွီ သိလိုက္သည္ ။ 

သူတို႔ႏွင့္သက္ဆိုင္ေသာ လက္ေတြ႕သို႔ ျပန္ေရာက္သြားျခင္း ။

သူတို႔တတိယႀကီးၾကပ္စင္တာမွ ထြက္ခြာခဲ့ၿပီး ၃စကၠန႔္အၾကာ [ ၁၄၅၆.၀၅.၁၇ ၊ ၁၀ : ၀၀ : ၀၃ ]သို႔ ျပန္လည္ေရာက္ရွိလာျခင္း ။

----ထို႔အတူ ၿပီးျပည့္စုံသည့္ အခ်ိန္ႏွင့္အာကာသ အႏုၾကမ္းစီးျခင္းသို႔ ျပန္ေရာက္လာျခင္းပင္ ။

[တရားမဝင္ ေရႊ႕ေျပာင္းျခင္းကို ေတြ႕ရွိရသည္ ! ]

[တရားမဝင္ ေရႊ႕ေျပာင္းျခင္းကို ေတြ႕ရွိရသည္ ! ]

နားအူေလာက္သည့္ အသံမ်ားက က်စ္ယြီရွီကို မည္သည့္တုံ႔ျပန္မႈမွ မေပးေစခဲ့ ။ သူသည္ မ်က္လုံးမ်ားကိုသာ အသာမွိတ္ထားလိုက္ၿပီး သူ႔ယာဥ္ပ်ံထဲသူ အန္မခ်မိေစရန္ မူးေဝမႈႏွင့္ သူ႔နားထဲမွ တစီစီျမည္သံမ်ား ေပ်ာက္သြားေအာင္ ေစာင့္ဆိုင္းေနလိုက္သည္ ။

အခ်ိန္ဘယ္ေလာက္ ကုန္ဆုံးသြားၿပီလဲ မသိရေခ် ။ စကၠန႔္အနည္းငယ္ေလာက္သာ ျဖစ္နိုင္ေသာ္လည္း က်စ္ယြီရွီအတြက္ေတာ့ နာရီေပါင္းမ်ားစြာ ၾကာသြားသလို ခံစားလိုက္ရသည္ ။

သူေမၽွာ္လင့္ထားသလို အာကာသယာဥ္က ဆင္းသက္မသြားခဲ့ ။ အရာအားလုံးက တည္ၿငိမ္သြားၿပီး သူ႔မ်က္လုံးမ်ားကို တစ္ဖန္ျပန္လည္ဖြင့္ၾကည့္လိုက္ေသာ္ သူ႔ကိုႀကိဳဆိုေနသည္က ၾကည္လင္ေသာ ေကာင္းကင္ျပာပင္ ။

ေနက တည့္တည့္တြင္ ေတာက္ပေန၏ ။

စိုထိုင္းေသာ ေလညင္းက သစ္ရြက္မ်ားကို ျပန႔္က်ဲသြားေစသည္ ။ ရယ္သံမ်ားလည္း ရွိေနခဲ့သည္ ။

က်စ္ယြီရွီသည္ ထထိုင္လိုက္ၿပီးေနာက္ သူႏွင့္ ၁၀မီတာ အကြာတြင္ရွိေနေသာ ပင္လယ္ႏွင့္အတူ သူသည္ ကမ္းေျခရွိ ပက္လက္ကုလားထိုင္တြင္ လွဲေနခဲ့ေၾကာင္း သိလိုက္ရသည္ ။ ပင္လယ္ေရမ်ားက သဲေသာင္ျပင္ကို ရိုက္ခတ္ေနလ်က္ ။ ရံဖန္ရံခါတြင္ ဇင္ေယာ္ငွက္မ်ားက ပ်ံသန္းလာၾကၿပီး ကမ္းေျခတြင္ ခ႐ုေကာက္ေနၾကေသာ ကေလးငယ္မ်ားႏွင့္အတူ ေရကူးဝတ္စုံျဖင့္ ဟိုဟိုဒီဒီသြားလာေနၾကေသာ ခရီးသြားမ်ားလည္း ရွိေနခဲ့သည္ ။

အခ်ိန္ခဏေလာက္ သူရီေဝေဝျဖစ္ေနခဲ့သည္ ။

သူအထက္တန္းေအာင္တုန္းက တစ္ေယာက္တည္း သြားလည္ခဲ့ေသာ ကမ္းေျခႏွင့္ အေတာ္ေလး ဆင္တူေန၏ ။

မဟုတ္ေသး ၊ ထိုကမ္းေျခပင္ ။

သူေခါင္းငုံ႔ၾကည့္လိုက္ရာ ထိုအခ်ိန္တုန္းက အဝတ္အစားမ်ားကို ဝတ္ဆင္ထားေၾကာင္း ျမင္လိုက္ရသည္ ။ သို႔ေသာ္ ထိုအခ်ိန္တုန္းကႏွင့္ မသက္ဆိုင္ေသာ အနက္ေရာင္ဆက္သြယ္ေရးစက္က သူ႔လက္ေကာက္ဝတ္တြင္ ရွိေနသျဖင့္ အိပ္မက္မဟုတ္ေၾကာင္း သူ႔အား ကူညီအသိေပးလိုက္၏ ။

ဆက္သြယ္ေရးစက္တြင္ မဖတ္ရေသးေသာ စာတစ္ေစာင္ရွိေနသည္ ။

က်စ္ယြီရွီသည္ ဟိုလိုဂရပ္ဖစ္မ်က္ႏွာျပင္ကို ဖြင့္လိုက္သည္ ။

[ႀကိဳဆိုပါသည္ က်စ္ယြီရွီ ၊ ထ်န္းခ်ဳံမွ ျပန္လည္ႀကိဳဆိုပါသည္ ]

ေတြးေနစရာပင္မလိုဘဲ ထိုစာမွာ 'ေခတ္တိုင္း၏ထ်န္းခ်ဳံ'မွ ပို႔လာျခင္းျဖစ္ေၾကာင္း က်စ္ယြီရွီ သိလိုက္သည္ ။ ၎ကသာ ယခုကဲ့သို႔ လက္ေတြ႕ဆန္လြန္းသည့္ အရာမ်ားကို ဖန္တီးနိုင္စြမ္းရွိသည္ေပ ။

[ဂုဏ္ယူပါသည္ ၊ သင္သည္ Aအဆင့္ မစ္ရွင္အသစ္ [ပရမ္းပတာ]ကို ၿပီးေျမာက္သြားပါၿပီ ]

က်စ္ယြီရွီ မ်က္ေမွာင္ၾကဳတ္မိသြားသည္ ။ ဒါဆို ေျပာခ်င္တာက.......ပရမ္းပတာမစ္ရွင္က ခုနကအထိ မၿပီးေသးဘူးေပါ့ ?

[ ဂုဏ္ယူပါသည္ ၊ သင္သည္ အရံမစ္ရွင္ကို ဖြင့္လိုက္ပါၿပီ ၊ အဆင့္ : S ]

[ မစ္ရွင္အေနအထား : [ငါဘယ္သူလဲ] ]

[ မစ္ရွင္စည္းမ်ဥ္း : မရွိ ]

[ မစ္ရွင္အေၾကာင္းအရာ : မရွိ ]

[ဂုဏ္ယူပါသည္ ၊ သင္သည္ အရံမစ္ရွင္  [ ငါဘယ္သူလဲ ]ကို ၿပီးေျမာက္သြားပါၿပီ ၊ ယခု မစ္ရွင္ေနာက္တစ္ခုကို ဖြင့္နိုင္ပါၿပိ ]

က်စ္ယြီရွီ : "............."

ပူေဖာင္းကမၻာကို အရံမစ္ရွင္အေနနဲ႔ သတ္မွတ္ၿပီး ေပါင္းစာရင္းရွင္းလိုက္တာလား ?

"ဒါ ဘယ္ေနရာလဲ ? " က်စ္ယြီရွီ ေမးလိုက္သည္ ။

အသံစနစ္ ပြင့္လာ၏ ။

ထ်န္းခ်ဳံ၏ သိမ့္ေမြ႕ေသာ အမ်ိဳးသမီးအသံ ထြက္ေပၚလာသည္ ။ "စနစ္ကို အဆင့္ျမႇင့္လိုက္ၿပီး သင့္အတြက္ သီးသန႔္စီစဥ္ထားတဲ့ အခ်ိန္ႏွင့္အာကာသ ေျပာင္းေရႊ႕စခန္းပါ ၊ ဒီေနရာမွာ အနားယူ ၊ ေလ့က်င့္ ၊ စားေသာက္နိုင္ပါတယ္ ၊ သင္လိုသမၽွ အရာအားလုံး ရွိပါတယ္ ၊ ေနာက္ထပ္မစ္ရွင္ကို ဆက္မသြားခင္ ေကာင္းေကာင္းအသုံးျပဳဖို႔ အႀကံေပးပါတယ္ "

က်စ္ယြီရွီ : "တျခားသူေတြေရာ ဘယ္မွာလဲ ? "

ထ်န္းခ်ဳံ : "အျခားသူေတြလဲ သူတို႔အတြက္ သီးသန႔္လုပ္ေပးထားတဲ့ အခ်ိန္ႏွင့္အာကာသ ေျပာင္းေရႊ႕စခန္းမွာ ရွိေနပါတယ္ ၊ အျခားလူတစ္ေယာက္၏ ေျပာင္းေရႊ႕စခန္းသို႔ ေရႊ႕ေျပာင္းလိုပါသလား ? "

က်စ္ယြီရွီ : "အင္း "

ထ်န္းခ်ဳံ : " ေက်းဇူးျပဳ၍ ေရႊ႕ေျပာင္းလိုသည့္ ပစ္မွတ္ကို ေရြးခ်ယ္ပါ : စုန႔္ခ်င္းလန္ ၊ က်ိဳးမင္ရႊမ္း ၊ သြမ့္ဝမ္ ၊ ထန္းခ်ီ ၊ ထန္းလဲ့ ၊ လီခၽြင္း "

ပင္လယ္ေလညင္းက တည္ၿငိမ္ေနလ်က္ ။

က်စ္ယြီရွီသည္ ထိုင္ခုံထက္တြင္ ျပန္လွဲလိုက္ကာ အခ်ိန္ခဏၾကာ စဥ္းစားၿပီးေနာက္ ေျပာလိုက္ေလ၏ ။ "စုန႔္ခ်င္းလန္ "

•°•°•

T/N>>

Arc3ျဖစ္တဲ့ [ငါဘယ္သူလဲ] arcၿပီးသြားခဲ့ပါၿပီ ။ 👏👏

ဒီArcကေတာ့ အမ်ားႀကီး ျဖစ္ပ်က္သြားတာပါပဲ ။ အႀကံေပးက်စ္ရဲ့ ရည္းစားေလး သုံးေယာက္အေၾကာင္းနဲ႔အတူ ေခါင္းေဆာင္စုန႔္ရဲ့ တစ္စုံတစ္ခုကလဲ ကြဲေၾကသြားပါၿပီ lol

နားမလည္တာ ရွိရင္ေမးခဲ့လို႔ရပါတယ္ေနာ္ ဘာလိုလိုနဲ႔ တစ္ဝက္ေတာင္ က်ိဳးလာခဲ့ပါၿပီ  \⁠(⁠^⁠o⁠^⁠)⁠/

•°•°•

Continue Reading

You'll Also Like

493K 44.8K 120
​စက္​ပညာတိုးတက္​​ေခတ္​မွီလာ​ေသာအခ်ိန္​တစ္​ခု.... လူသားမ်ားကိုယ္​တိုင္​ဝင္​​ေရာက္​ကစားႏိုင္​​ေသာsystemႀကီးဟာထိုအခ်ိန္​အခါက​ေ​က်ာ္​ၾကား​ေလတယ္​.... သို႔...
35.6K 4.4K 31
မာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin
33.8K 4K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
133K 12.1K 47
ဒါကUnicodeမရခဲ့တဲ့အပိုင္​း​ေတြအတြက္​ျပန္​​ေရး​ေပးတာပါဒီထဲမွာunicodeပဲပါမွာမယ္​အစကဟိုအထဲမွာပဲတင္​​ေပးဖို႔ဒါ​ေပမဲ့လဲအခုဖတ္​​ေနတဲ့သူ​ေတြကရ​ေရာကုန္​မွာဆိ...