ခွန်းရဲ့နှောင်ကြိုးငယ်🍀 (ဇာတ်သိမ်းပိုင်း)
ဖြူငယ့်လက်၌ နာကျင်မှုကိုဖြူငယ်အနည်းအကျဥ်းသာခံစားရပြီး လောကကြီးနှင့်အဆက်ပြတ်သွားရသည်။
ခွန်းပြေးလွှား၍ တင့်တင့်ကိုအဝေးသို့ တွန်းလွှတ်ပစ်လိုက်သည်။ ထို့နောက် ခုံပေါ်မှအောက်သို့ခွေခွေလေးကျသွားသည့်ငယ်လက်မှာ သွေးများအဆက်မပြတ်ထွက်၍နေသည်ကို ခွန်းမမြင်ချင်ပါပဲနှင့်မြင်နေရတော့သည်။ သွေးများနှင့်ငယ့်ကိုကောက်ပွေ့ကာ ခွန်းမှာလဲမျက်ရည်များအပြည့်ဖြင့် ကားဆီ ဒုန်းဆိုင်းပြေးလာခဲ့မိရာ မာမီတို့နှင့်တိုးလေတော့သည်။
ခြံဝတွင်ကားရပ်ထားသည်ကြောင့် အကိုနှင့်ကားပေါ်ကဆင်း၍ အိမ်ထဲဝင်လာရာ သားတော်မောင်ကသမီးလေးကိုပွေ့ပြီး အရူးတစ်ပိုင်းပြေးလာသည်ကြောင့် ကေသာကြည့်လိုက်မိသည်။
"ဟယ်သား အမလေး သမီး"
ကေသာမှာ သမီး၏ပုံစံကိုကြည့်၍ လန့်ကာအော်လိုက်မိသည်။
"ဟင်... သမီးလေးဘာဖြစ်တာလဲသားရယ် မေမေ့ကိုပြောပါအုံး..."
"မေမေ ငယ့်ကိုကယ်ပါအုံး ...
ဖေဖေ လုပ်ပါအုံးဗျ...."
သားဖြစ်သူမှာ မျက်ရည်လည်ရွှဲ၍ ကူရာမဲ့စွာပြောလာလေတော့သည်။
"ဆေးရုံအမြန်သွားမယ်သား မြန်မြန်ကားပေါ်တတ်တော့..."
ခွန်းကားဆီငယ်နှင့်အတူဝင်၍ ငယ့်လက်ကောက်ဝတ်လေးဖိပေးနေခိုက် လေးဖိပေးနေခိုက် ကားထဲဝင်လာသည့်
မေမေ့ကိုမြင်မှ ခွန်းသတိရလိုက်သည်။
"တင့်တင့် တင့်တင့်လုပ်တာမေမေ ငယ့်ကိုလေ တင့်တင့်က.."
"သားရယ် စိတ်ထိန်းပါအုံးကွာ..."
သားဖြစ်သူ၏ ယခုအခြေနေကိုကေသာအနည်းငယ်သိလိုက်ရပြီဖြစ်သည်။
"အကိုနေခဲ့ တင့်တင့်ကိုကြည့်စီစဥ်လိုက် ကေသာမောင်းပြီးပို့လိုက်မယ်"
"သတိထားမောင်းနော်ကေ"
"အင်းပါအကို"
သွေးများရဲပလောင်းခက်နေသည့်အင်းကျီလေးနှင့် သမီးလေးက အသက်မဲ့စွာနှင့်သားရင်ခွင်ထက်လဲလျောင်းနေသည်ကြောင့် ကေသာ့မှာ စိတ်မကောင်းလှပေ။ သမီးလေးမျက်နှာပဲကြည့်နေပြီး မျက်ရည်များစိုရွဲနေသည့်သားကိုကြည့်မိတော့ ပိုစိတ်မကောင်းဖြစ်ရသည်ပြန်သည်။ ဖြစ်နိုင်လျှင် ယခုအခြေနေကြီးကို တိတ်ခွေရစ်သလို နောက်သို့သာပြန်၍ရစ်ပစ်လိုက်ချင်ပါတော့သည်။
"ငယ်ရယ် ကိုကြီးကြောင့်ပါကွာ ကိုကြီး နောက်ကျခဲ့လို့ ကိုကြီးစိတ်တွေတိုခဲ့လို့ငယ်အခုလိုဖြစ်ခဲ့ရတာပါကွာ"
သွေးပျက်နေသည့်မျက်နှာလေးကို ယူကြုံးမရထိကိုင်၍ ခွန်းရင်တွေကွဲစွာ ငယ့်ကိုကြည့်နေမိသည်။
ဆေးရုံထဲငယ့်ကိုပွေ့၍ ပြေးဝင်လာခဲ့တော့ အရင်တိုင်း ခွန်းကိုဝင်ခွင့်မပေးကြပေ။ မကြာပါ nurse တစ်ယောက်ထွက်လာပြန်တော့သည်။
"လူနာရှင် "
"ဟုတ် ဟုတ် ကျွန်တော်ပါဗျ..."
"လူနာက သွေးသွင်းရမယ် Bသွေး လူနာရှင်ထဲမှာသွေအမျိုးစားတူတဲ့လူရှိလားမသိဘူး"
"သားက O သွေးပဲ မေမေရော မင်းဖေဖေနဲ့လဲမတူဘူး"
"အသိတွေမေးမြန်းကြည့်ပေးပါရှင် အမြန်လိုနေလို့ပါ "
ခွန်းဆောက်တည်ရာမရသည့်ကြားမှ ခွန်းဘေးတွင်ရှိသည့်လူများထဲမှ B သွေးပိုင်ရှင်
စဥ်းစားမိသည်။ ချက်ချင်းဆိုသလိုခေါင်းထဲရောက်လာသည့်က ဘုန်းသစ်ပင်ဖြစ်သည်။
"မေမေ ဘုန်းသစ်က B သွေး "
"မေမေဖုန်းဆက်ပေးမယ် သားထိုင်နေသား"
သွေးစောင့်နေရင်းမှ ငယ့်ကို ခွဲစိတ်ခန်းဆီခေါ်သွားလေသည်မို့ ခွဲစိတ်ခန်းရှေ့ နံရံနောက်သို့မှီ၍ ခွန်းအတွေးတွေခြောက်ခြားနေရသည်။ ငယ်တစ်တစ်ခုများဖြစ်သွားမလားကွ။
"သားငယ့်ကိုအော်ခဲ့မိတယ်မေမေ"
"သားရယ်"
"သားငယ့်ကို စကားကြမ်းကြမ်းတွေပြောမိသွားတယ် သားငယ့်ကို နာကျင်အောင်လဲလုပ်မိခဲ့တယ်မေမေ"
"ဘယ်လိုဖြစ်ကြတာလဲသားရယ်"
"ငယ့်ကစောင့်ပါအုံးဆိုတာကို သားလက်ထပ်ဖို့လောမိသွားတယ် ငယ့်စကားနားမထောင်ခဲ့မိဘူး သားမှားသွားတယ်မေမေရယ်...."
မျက်ရည်ပေါက်များစွာဖြင့်ဆို့နင့်စွာ ဆိုလာသည့်သားကို ကေသာသနားမိသည်။ သားက သမီးလေးနဲ့ဆို ဘယ်သောအခါမှ စိတ်မာနိုင်ခဲ့သည်မဟုတ် ဒီတစ်ခါလဲသား လဲပြိုနေပြန်ပြီထင်ပါရဲ့လေ။
"မေမေသိလား ငယ့်ကိုအော်တော့ငယ်လန့်သွားတာ ငယ်ပြောစရာရှိပါတယ်ဆိုတာတောင်နားမထောင်ခဲ့မိဘူး သားရမ်းကားခဲ့တယ် သားအမှားကြီးမှားခဲ့တယ်မေမေ"
ယခုမှနောင်တရမိသည့်ခွန်းအဖြစ်ကို စိတ်ပျက်လှပါသည်။ ငယ့်ကိုချစ်ပါသည်။ တန်ဖိုးထားပါမည် ငယ်လိုအပ်တာတွေကိုအစွမ်းကုန်ဖြည့်ဆည်းပြီးချစ်ပေးပါမည်ဟုဂတိတွေပေးထားပြီးတော့မှ ခွန်းဂတိမတည်ဖြစ်သွားခဲ့ရသည်။ စိတ်မဆိုးသင့်သည့်အဖြစ်ကြီးကြောင့် ငယ်ပင်ပန်းခဲ့ရပြီ။ ခွန်းကြောင့်ပဲ ငယ့်ကိုတင်တင့်ယခုလို ပြုမူခဲ့သည်မဟုတ်လား။
ခွန်းသာစိတ်ဆိုးပြီးထွက်မသွားခဲ့လျှင် ငယ်အခုလိုဖြစ်ပါအုံးမလား။
ငယ့်ကိုသာ ခွန်းနှင့်အတူခေါ်သွားခဲ့လျှင် ငယ်အခုလိုဖြစ်ပါအုံးမလား။
ငယ့်ရဲ့စကားကိုနားထောင်ခဲ့မိလျှင် ငယ်အခုလိုနာကျင်နေပါအုံးမလား။
မေးခွန်းများစွာရဲ့အဖြေဟာ နောင်တများနှင့်ခွန်းဆီတွင်သာရှိနေပါသည်။
ဆရာဝန်ပြောသည့်ငယ့်ရဲ့အခြေနေ သွေးထွက်လွန်သွားသည့်အခြေနေ ဓား၏အတိမ်အနက်ချရာကြောင့် ခွန်းမှာစိတ်မအေး ရင်တွင်းမီးတွေတောက်၍ ခွန်းမျက်ရည်တွေကျနေမိသည်။
.............
ဆေးရုံအင်းကျီလေးထက်မှ အရောင်သွေးမရှိသည့်ငယ့်မျက်နှာလေးကို ခွန်းသနားဂရုနာသက်စွာကြည့်မိလိုက်သည်။
ခွန်းနှင့်တွေ့မှ ဘာလို့ငယ့်ဘဝကြီး ဒီလောက်ဒုက္ခရောက်လာရတာလဲ... ငယ့်ကိုဒုက္ခတွေပဲပေးနေမိပြီလား... ငယ့်ကို ဝေဒနာတွေပဲပေးနေမိပြီလားဟု တွေး၍ ခွန်းယူကြုံးမရဖြစ်နေမိသည်။
"သား သမီးလေးရောဂါအကြောင်းပြောမလို့တဲ့ ဆရာဝန်ခေါ်နေတယ် သားသွားမလား ဒါမှမဟုတ်မေမေပဲသွားရမလားသား"
"ဖေဖေသွားပေးရမလားသား"
သမီးဘေးကမခွာပဲနေနေသည့်သားကြောင့် ကေသာတို့လင်မယားမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ မျက်နှာပျက်နေကြတော့သည်။
မေမေ့စကားကို ကြားမိတော့ခွန်တုန်လှုပ်မိပြန်သည်။
"သား... သားပဲသွားလိုက်မယ်"
ခွန်းခြေထောက်များမရွေ့ချင်ပေမယ့် ခွန်းဆရာဝန်အခန်းဆီလာခဲ့လိုက်ရသည်။ ငယ်ဘယ်လိုအခြေနေရှိနေလဲဆိုတာ ခွန်းကိုယ်တိုင်ကြားမှ သိမှဖြစ်မည်လေ။
"သားဘုန်းသစ် ကျေးဇူးပါပဲကွယ် "
"ရပါတယ်အန်တီရယ် ဖြူငယ်ကသူစိမ်းမှမဟုတ်တာ ကူညီရမှာပေါ့ "
ဘုန်းသစ် ဖြူငယ့်ကို ငေးငေးလေးကြည့်နေမိသည်။ ဖြူငယ့်သတင်းကြားတော့ ဘုန်းသစ်ကားကြမ်းမောင်း၍ ဆေးရုံသို့လာခဲ့လိုက်သည်။ ရောက်လာတော့ခွဲခန်းထဲဝင်သွားသည့်ဖြူငယ့်ကို ဘုန်းသစ်စိတ်ပူရပြန်သည်။ လက်ကောက်ဝတ်ကိုဖြစ်လို့ အဓိကသွေးကြောကိုသွားထိမှာလဲအတော်စိုးရိမ်ရသည်။ ကံကောင်းလှသည်ပြောရမည် ဖြူငယ့်ကိုခွဲပေးသည့်ဆရာဝန်မှာ သိပ်တော်သည်ကြောင့် ဖြူငယ်ကအခုတော့ စိုးရိမ်ရသည့်အခြေနေမဟုတ်တော့ပြီဖြစ်သည်။
ဘုန်းသစ်အတွက်တော့ ဒီလောက်ဆိုလျှင် ဆုတောင်းလေးပြည့်ခဲ့ပါပြီ။ ကိုယ်ချစ်သည့်လူကို ကိုယ့်သွေးနှင့်ကယ်၍ရခဲ့သည်မို့ ပျော်လဲပျော်မိပါသည်။
ရွေ့ရွေ့ကြီးနှင့်ငိုင်ကာပြန်လာလာသည့်သားကိုကြည့်၍ ကေသာစိတ်မအေးရ ရင်တွေပြန်၍ပူလာရပြီဖြစ်သည်။
"သား ဆရာဝန်ဘာပြောလိုက်လို့လဲ သား"
စကားမဆုံးသေး ကုတင်ဘေးခွေကျသွားပြီး ထိုင်လိုက်သည့်သားကြောင့် စိတ်ကပူထူလာရသည်။
"သား ပြောပါအုံး သမီးလေးဘာဖြစ်တာလဲကွဲ့..."
"ခွန်းပြောစမ်းပါကွာ ဖြူငယ်ဘာဖြစ်လို့လဲဟ"
"သားရယ် ပြောစမ်းပါ သမီးလေးအခြေနေဘယ်လိုရှိလဲသားရဲ့"
ဘေးမှ ရင်တွေပူကာမေးလိုက်ပေမယ့် သားကငြိမ်ကာ ငိုင်ပဲငိုင်နေလေတော့သည်။
"ငယ်ကလေ ငယ်က ဦးနှောက်အကျိတ်တဲ့"
"ဟင်!..."
"ဘာ!..."
ပတ်ဝန်းကျင်ကြီးမှောင်မိုက်သွားသည့်အလား အားလုံးမျက်နှာတွေပျက်၍ မယုံကြည်နိုင်ဖြစ်နေကြတော့သည်။
"အချိန်သိပ်မကျန်တော့ဘူးတဲ့မေမေရယ်"
ခွန်း၏စကားကို တစ်ဖက်လူများမှ ဘာမှပြန်မပြောတိတ်၍နေနေကြတော့သည်။
"ခွဲစိတ်ရင်တောင် ခက်မယ်တဲ့ဗျာ"
မပြောချင်သည့်စကားများ မပြောပြချင်သည့်အခြေနေတို့ကို အသိပေးလိုက်ရသည့်ခွန်းမှာလဲ ရင်ဘက်ကြီးကြေမွ၍ အော်သာငိုပစ်လိုက်ချင်ပါသည်။ ခက်သည်က မျက်ရည်ကျမလာသည်ပင်။ ရင်ဘက်ကြီးပြည့်သိပ်ပြီးခံစာနေရတာတောင် မျက်ရည်ကျမလာသည်ကထူးဆန်းလှပါသည်။ ခွန်းငိုလိုက်ချင်ပါသည်။
"ငယ်က ငယ်က ဖြစ်နေတာကြာပြီတဲ့မေမေ သားကိုဖုံးကွယ်ပြီး နာကျင်တာတွေကျိတ်ခံစားနေတာတဲ့မေမေရဲ့ ငယ် ငယ်သိပ်နာကျင်နေမှာဗျ... "
ကေသာ့မျက်ရည်တွေရပ်မရတော့၍ အခန်းအပြင်ထွက်လာခဲ့မိသည်။ သမီးလေးအခြေနေကိုသိသွားသည့်တိုင် မငိုပဲ ငိုင်နေသည့်သားကို ကေသာဆက်မကြည့်နိုင်တော့ပြီဖြစ်သည်။ သမီးလေးရယ် အန်တီမေ ရင်တွေကွဲရပါပြီသမီးလေးရယ်။
"ခွန်း ဟုတ်ရဲ့လားကွာ အမှန်မဟုတ်ဘူးမို့လားကွ"
"မင်းပြောအုံးလေခွန်း ..."
ပခုံးကနေလှုပ်ရမ်းမေးလိုက်တော့ ခွန်းက လက်ကိုခါထုတ်လေသည်။
"ငါကဘာပြောရမှာလဲ ငါ့ဆီက ဘာစကားထပ်ကြားချင်တာလဲဘုန်းသစ် ငယ်ဘာမှမဖြစ်ဘူးလို့ပြောရမှာလား ငယ်နေကောင်းပါတယ်လို့ပြောရမှာလားကွ.."
ဒေါသတကြီး အော်ပြောလာသည့်ခွန်း၏စိတ်ကို ဘုန်းသစ်နားလည်ပါသည်။ ဒီကောင်ကြီး ကမ္ဘာကြီးပျက်နေမှာကြိမ်းသေလှသည်လေ။
"သားခွန်းစိတ်လျော့ပါသားရယ် ဖေဖေဆရာဝန်နဲ့တိုင်ပင်ကြည့်ပါအုံးမယ်ကွာ ဖေဖေတိုင်ပင်ကြည့်ပါအုံးမယ်"
အလဲလဲအပြိုပြိုနှင့်ဖြစ်နေသည့်ခွန်းကိုလဲ ဘုန်းသစ်ဆက်မကြည့်နိုင်တော့၍ အခန်းအပြင်သာထွက်လာခဲ့လိုက်တော့သည်။
................
ပတ်တီးဖွေးဖွေးလေးစီထားသည့်ငယ့်လက်ခလေးကိုခွန်း ဖွဖွလေးကိုင်၍ ကိုယ့်ကိုအပြစ်တင်ဒေါသထွက်နေမိသည်။
"ကိုကြီးကရအောင်ကယ်မှာ ငယ်မကြောက်ရဘူးနော်ငယ်"
"ကိုကြီးတို့အတူရင်ဆိုင်ကြမယ်လေကွာ
ကိုကြီးနောက်ဆိုမအော်တော့ဘူးလေကွာနော် "
ထိုစကားလေးတွေသာပြော၍ မျက်နှာလေးကြည့်ကာ မျက်ရည်တွေစီးဆင်းနေလေတော့သည်။ ငယ်နှင့်ပတ်သက်လျှင် ခွန်းဟာစိတ်ပျော့သူကြီးဖြစ်မှန်း ဒီမျက်ရည်တွေက သက်သေပင်ဖြစ်သည်။
ငယ့်အပေါ်စိတ်မကောင်းခြင်းများစွာနှင့် လက်လေးငုံ့ကြည့်နေခိုက် ကြားရသည့်အသံလေးကြောင့် ခွန်းငယ့်ကိုကြည့်လိုက်မိရာ မျက်လုံးလေးအနည်းငယ်ပွင့်လာတော့သည်။
"ကိုကြီး... "
"ငယ့်"
ဖြူငယ့်မျက်လုံးလေးများလေးကန်စွာဖြင့်ဖွင့်လိုက်တော့ ကိုကြီးကိုသဲ့သဲ့လေးမြင်မိ၍ ခေါ်လိုက်မိခြင်းဖြစ်သည်။
"ငယ် ဘယ်နားနေလို့မကောင်းလဲကိုကြီးကိုပြော ကိုကြီးဆရာဝန်သွားခေါ်ပေးမယ်"
"ဟင့်အင်း ဖြူငယ်ထိုင်ချင်တယ်"
"အင်း ကိုကြီးထူပေးမယ်နော်"
နိုးလာလာချင်းထိုင်ချင်သည်တဲ့ ငယ်ကသန်မာလိုက်တာကွာ။ငယ့်ကိုယ်လေးကိုမ၍ ခေါင်းအုံးလေးခံကာ ကုတင်ကိုမှီစေလိုက်ပြီး ခွန်းမှာငယ်ဘေးဝင်၍ထိုင်လိုက်တော့သည်။
"ငယ် ရရဲ့လားဟင်"
"ရေ ရေသောက်ချင်တယ်ကိုကြီး"
"အင်းအင်း ကိုကြီးတိုက်မယ်နော်"
ကိုကြီးကဂရုတစိုက်ဖြင့်ရေလေးလာတိုက်သလို ယခုမှဖြူငယ်ကိုယ့်လက်ကိုကြည့်မိပြီး တစ်ချက်ပြုံးမိလိုက်သည်။
"ဖြူငယ်သေဖို့ကံမပါသေးဘူးပဲ"
"ငယ်အဲ့လိုမပြောနဲ့လေ ငယ်ဘာမှမဖြစ်တော့ဘူးလေကွာ"
"ကိုကြီးသိသွားပြီမို့လား "
ဝမ်းနည်းစွာကြည့်၍ ပြောလာသည့်ငယ့်မျက်လုံးများကိုခွန်းဆက်မကြည့်ရဲတော့ပေ။ ဝမ်းနည်းရသည်။ ဒီရောဂါကြီးကြောင့် ငယ်တစ်ခုခုဖြစ်သွားမှာလဲစိုးရိမ်မိသည်။
"ဖြူငယ့်မှာလေ ..."
"ငယ်အဲ့အကြောင်းမပြောပါနဲ့ကွာ ငယ်ဘာမှမဖြစ်စေရဘူးနော် ကိုကြီးရှိတယ်လေ ကိုကြီးအစွမ်းကုန်ကုပေးမယ်နော်"
"ဖြူငယ်တောင်းပန်ပါတယ် ကိုကြီးကိုဖုံးကွယ်မိသွားတယ်"
မျက်ရည်လေးဝဲလာသည့်ငယ့်ကို ခွန်းဖက်ထားမိသည်။ ထို့နောက်မျက်နှာလေးကို ဖွဖွလေးကိုင်၍ ငယ့်နဖူးလေးကိုငုံ့နမ်းလိုက်သည်။
"ကိုကြီးကတောင်းပန်ရမှာပါကွာ ငယ့်ကိုအော်မိတယ်လေ စကားလုံးကြမ်းကြမ်းတွေလဲပြောမိတယ် "
"ကျေပြီပေါ့နော့..."
ရယ်ကျဲကျဲပြောလာသည့်ငယ့်ကိုကြည့်၍ ခွန်းလဲပြုံးပြမိသည်။ ရင်အေးတယ်လို့တော့မရှိသေးဘူးပေါ့ဗျာ။
"ကိုကြီးတို့တူတူတိုက်ခိုက်ကြမယ်လေနော်"
"ဘေးမှာကိုကြီးရှိတာပဲဖြူငယ်မကြောက်ပါဘူး"
သတ္တိခဲ့မလေးပဲဗျာ။
"ငယ့်ကို အကောင်းဆုံးဆရာဝန်ကြီးနဲ့ပြပေးမယ် ငယ်ဘာမှမဖြစ်စေရဘူး"
"အင်းဖြူငယ်လဲ အားမလျှော့ဘူးကတိပေးတယ်နော်ကိုကြီး"
အခုမှနိုးလာသည့်ငယ်က သိပ်ကိုကြံခိုင်လှပါသည်။ ခွန်းမှာ တစ်ဖန်ပြန်၍ ငယ့်ကိုယ်လေးကိုဖက်ထားမိသည်။ ဒီတစ်ခါတော့ ငယ့်ကိုမလွှတ်ပေးတော့ဘူး ငယ့်ကိုဘယ်သူမှခွန်းအနားကခေါ်မသွားရဘူး။ ခွန်းငယ့်ကိုဆုံးရှုံးရမည့်အဖြစ် ထပ်၍မဖြစ်စေချင်တော့ပြီ။
.................
ဖြူငယ်လက်က ဒဏ်ရာက တစ်လပြည့်တော့မည်ဖြစ်၍ အရှင်းပျောက်သွားပြီဖြစ်သည်။ ဦးနှောက်အကျိတ်ခွဲစိတ်ဖို့ကလဲ မနက်ဖြန်ဖြစ်၍ မေမေနှင့်မောင်လေးပါမကျန် အကုန်လုံးဖြူငယ့်အနားရောက်နေကြပြီဖြစ်သည်။
"သမီး မေမေတို့ရှိတယ်နော်"
"မမ မောင်လေးရောနော် အားမငယ်နဲ့"
ဆေးရုံထက်တွင် ဖြူငယ့်ကိုအလည်ကထားပြီးအားလုံးဟာ အားပေးနေကြသည်ကြောင့်ဖြူငယ့်မှာမျက်ရည်များကျလာရပြန်သည်။
"ငယ်ကလဲမငိုနဲ့လေကွာ "
"ဖြူငယ့်ပျော်လို့ပါကိုကြီးရယ် "
မေမေတို့ရော အားလုံးကစိုးရိမ်တကြီးနှင့်ဂရုစိုက်ကြတော့ ဝမ်းနည်းရမည့်အစား ဖြူငယ်ပျော်နေမိတော့သည်။
"မငိုနဲ့နော် တိတ် ငယ်ကလဲကွာ"
ငယ့်မျက်ရည်လေးအသာသုတ်ပေး၍ ဆိုလိုက်တော့ငယ်ကပျော်လို့ကျတာတဲ့ဗျာ ငယ်ကတော့လေ ငိုတာတောင်ခွဲခြားထားသေးသည်ဗျာ။
ဖြူငယ့်ကိုသိပ်ချစ်သည့်ကိုကြီးကတော့ ဟိုတစ်ခေါက်အဖြစ်အပျက်ကြီးပြီးသည့်အချိန်ထဲက ဖြူငယ့်ဘေးမှတဖဝါးမှမခွာပဲ အနားတွင်သာအမြဲရှိပေးလေသည်။ ဖြူငယ်ကရပါသည်ပြောတာတောင် ငယ့်ကိုစိတ်မချ၍ ငယ့်ကိုမခွဲနိုင်၍ဟုဆိုကာ ဖြူငယ့်ဘေးတွင်နေပေးလေသည်။ ကိုကြီးကလေ ဖြူငယ့်ကိုဆိုအရမ်းဂရုစိုက်ပြီးချစ်ပေးတာမြင်ရတော့ ကိုကြီးကိုပိုတိုး၍ချစ်ရသည်။
"ကိုကြီး ဖြူငယ်ကြောက်တယ်"
ခွဲခန်းရှေ့ကုတင်ပေါ်လှဲနေသည့်ငယ်က ခွန်းလက်ကိုကျစ်ကျစ်ပါအောင်ဆုတ်၍ ပြောလာသည်က ကြောက်သည်တဲ့ဗျာ။
"ကိုကြီးရှိတယ်လေကွာ ငယ်စိတ်မပူနဲ့နော် ငယ့်ကိုအတော်ဆုံးဆရာဝန်တွေခွဲပေးမှာ ငယ်အရမ်းမကြောက်နဲ့နော်"
ချော့မြူနေရပေမယ့် ငယ့်လက်ဖျားတွေကအေးလို့နေကာ မျက်ဝန်းလေးလဲဝိုင်းစက်၍နေလေတော့သည်။ ငယ်က တဂယ်ကြောက်နေတာပဲကွာ။ အေးပေါ့လေ ခက်ခဲတဲ့ခွဲစိတ်မှုကိုဘယ်သူကမကြောက်ပဲနေမည်လဲ။
"သမီးလေး မေမေတို့ရှိတယ်လေ"
"အန်တီမေတို့လဲရှိတယ်လေသမီးရဲ့ "
ဖြူငယ့်ဘေးမှ အားပေးသည့်မေမေတို့ကြောင့် ဖြူငယ်ခေါင်းလေးငြိမ့်ပြလိုက်သည်။
"ဟုတ် "
"ကိုကြီး ဖြူငယ့်ကိုစောင့်နေနော်"
"ငယ်အဆင်ပြေပြေထွက်လာတာကို ကိုကြီးစောင့်နေမယ်စိတ်ချ ကိုကြီးဒီရှေ့က တဖဝါးမှမခွာဘူးငယ်"
"အွန်း"
ဖြူငယ့်ကြောက်စိတ်တွေကို နဖူးသို့အနမ်းခြေ၍ထိန်းပေးသည့်ကိုကြီးကို ဖြူငယ်ပြုံးပြ၍ ခွဲခန်းထဲဝင်ခဲ့ရသည်။ မကြာပါလောကကြီးနှင့် တစ်ဖန်အဆက်သွယ်ပြတ်သွားရပြန်ပြီဖြစ်သည်။
မည်သို့မည်ပုံ ဖြစ်သွားမည်။
ပြန်ရောနိုးထလာနိုင်ပါအုံးမလားဆိုသည့် အတွေးတို့နှင့် အိပ်စက်သွားရသည့်ဖြူငယ်အတွက်လဲ အရာအားလုံးဟာမှောင်မိုက်၍နေလေတော့သည်။
"သား မေမေသမီးလေးဆီသွားမလို့သားလိုက်ခဲ့ပါအုံးလားကွယ်"
ဘာအဖြေမှပြန်မပေးသည့်သားတော်မောင်က အိမ်ရှေ့ဒန်းလေးပေါ်တွင်ထိုင်မြဲဖြစ်သည်။
"ငယ်နိုးမလာတာ 7 လရှိပြီမေမေ သားငယ့်ကိုလွမ်းတယ်ဗျာ"
"သမီးလေးရှိတယ်လေသားရဲ့ လိုက်တွေ့လှည့်ပါသားရယ်"
"ငယ်က အိပ်နေတာလေ သားက အမြဲခုန်ပေါက်ပြေးလွှားပြီးပျော်နေတဲ့ငယ့်ကိုလွမ်းတာမေမေရဲ့"
"သားရယ် လိုက်ခဲ့ပါကွာ"
"အကိုရယ်ထားလိုက်ပါတော့ ကေတို့ပဲသွားရအောင်ပါလာ"
ခွန်းစိတ်တွေလေးနေပြန်သည်မို့ ငယ့်ကိုသွားမတွေ့ဖြစ်လိုက်ပေ။ ခွန်းကြောင့်ငယ်အခုလိုဖြစ်သွားရတာလေ။ ငယ့်ကိုဂရုမစိုက်ခဲ့တဲ့ခွန်းကြောင့် ငယ်ကဒီရောဂါကြီးခံစားသွားရတာလေ။ ငယ်ခေါင်းကိုက်သည်ဟုပြောသည့်အချိန်ထဲက ခွန်းဂရုစိုက်သင့်ခဲ့တာကို ခွန်းပေါ့ခဲ့လို့ပေါ့။ အပြစ်တင်စရာမှာ ငယ့်အနားတွင်အမြဲရှိသည့်ခွန်းသာမို့ ခွန်းကိုယ့်ကိုသာအပြစ်တွေတင်မိသည်။
ငယ်ကအကြာကြီးခွန်းကို ခွဲသွားတာဖြစ်သည်။ အခုထိငယ့်ရဲ့ကြည်လင်တောက်ပနေသည့်မျက်လုံးလေးကို ခွန်းမြင်ခွင့်မရသေသလို ငယ့်ရဲ့သာယာလှသည့်အသံလေးကိုလဲ ခွန်းမကြားရတာကြာပြီဖြစ်သည်။
ငယ့်ကိုတစ်နေ့မတွေ့ရလျှင် ခွန်းမနေနိုင်သဖြင့် ညရောက်တော့ ငယ့်ဆီ တစ်ယောက်ထဲရောက်ချလာပြန်တော့သည်။
"အန်တီ "
"ခွန်းသားလာလေ သား"
"အန်တီပြန်နားလိုက်ပါ ကျွန်တော်ငယ့်ကိုကြည့်လိုက်မယ်"
"အေးပါကွယ်"
သမီးလေးကို သိပ်ချစ်သည့်သားခွန်းမို့ ဘာမှမပြောပဲထွက်လာခဲ့လိုက်သည်။ သားခွန်းကို နှစ်သိမ့်ပေးရတာများတော့ စကားလုံးတောင်ရှာမတွေ့တော့ဘူးမဟုတ်လား။
ခွဲတုန်းက ဆံပင်တွေရိတ်လိုက်ရသည်ကြောင့်မို့ ယခုကအရင်လောက်မရှည်ပေမယ့် အရမ်းကြီးလဲတိုမနေတော့ပေ။ ၇ လဆိုတဲ့အချိန်က နည်းသလားဗျာ။ ငယ့်မျက်နှာလေးချောင်ကျသွားပေမယ့် အရင်လိုချစ်စရာကောင်းနေမြဲပဲဖြစ်သည်။ခွန်းငယ့်ရဲ့ ပါးနုနုလေးကို ဖွဖွလေးနမ်းမိလိုက်ပြန်သည်။ နေ့တိုင်းငယ့်ရဲ့ပါးလေးကိုနမ်းရတာလဲ ခွန်းအတွက်အကျင့်တစ်ခုလိုတောင်ဖြစ်သည်။
ငယ့်ဆံပင်းလေးအနည်းငယ်ရှည်လာပြီမို့ ဆံပင်လေးကိုသပ်၍ နဖူးလေးကိုစမ်းမိသည်။ ခပ်နွေးနွေးလေးတော့ အနွေးဓာတ်ခံစားရပါသည်။ လှုပ်ရွေ့ချင်းမရှိသည့် ငယ့်ကိုခွန်းကြည်ပဲကြည့်နိုင်တော့သည့်အဖြစ်ကြီးကို ရင်နာရပါသည်။ ငယ့်ကိုခွန်းမဆုံးရှုံးသွားပေမယ့်လဲ အရင်လိုတော့မပိုင်ဆိုင်ရတော့သည့်အခြေနေကြီးကို ခွန်းနောက်ပြန်ရစ်၍ ဒီအဖြစ်ဆိုးကြီးကိုဖယ်ရှားလိုက်ချင်ပါသည်။
ငယ့်ကိုကြည့်နေရင်းမှ ခွန်းကိုင်ထားသည့်လက်လေးက လှုပ်ရှားမှုရှိလာသည်ကို ခွန်းသတိထားမိလိုက်သည်။ သေချာကြည့်မိတော့ ငယ့်လက်သန်းလေးက တဂယ်လှုပ်နေခြင်းဖြစ်သလို တစ်ဖြေးဖြေးနှင့် ကျန်လက်ချောင်းလေးများပါ လှုပ်ယွလာသည်ကိုခွန်းတွေ့လိုက်ရတော့သည်။ ငယ့်၏ ယခုအခြေနေကိုကြည့်၍ ခွန်းအပျော်ကြီးပျော်သွားရပြီး စိတ်နှလုံးများက တဒုန်းဒုန်းနှင့်ခုန်လာရတော့သည်။ ငယ်သတိရလာပြီပဲ။
ငယ် ငယ်နိုးလာခဲ့ပြီပဲ။
ကိုကြီးရဲ့ငယ်လေး ကိုကြီးဆီပြန်လာခဲ့ပြီပဲ။
သိပ်ချစ်ရသည့်ငယ်လေး သတိရလာခဲ့ပြီပဲ။
အပျော်ကြီးပျော်လွန်းနေသည့်လူတစ်ဦးနှင့် မှောင်မိုက်မှုကိုတိုက်ပွဲဝင်၍ တစ်ခုတည်းသော အလင်းတန်းလေးဆီပြန်လာသည့်လူတစ်ဦးကြား ပြန်လည်၍တွေ့ဆုံမှုလေးသည် ချစ်စဖွယ် ပျော်ရွှင်ဖွယ်များနှင့် ပြည့်၍နေခဲ့ပါတော့သည်။
Words 3686
20.10.2023 6:00pm
ဆက်လက်ကြိုးစားသွားပါမည်။
နှုတ်ဆက်သည်ဟုပြောမရသေးသည့် ဇာတ်သိမ်းလေးဖြစ်ပါသည်။
Extra လေးထပ်လာပါအုံးမည်။
(Zawgyi)
ခြန္းရဲ႕ႏွောင္ႀကိဳးငယ္ (ဇာတ္သိမ္းပိုင္း)
ျဖဴငယ့္လက္၌ နာက်င္မႈကိုျဖဴငယ္အနည္းအက်ဥ္းသာခံစားရၿပီး ေလာကႀကီးႏွင့္အဆက္ျပတ္သြားရသည္။
ခြန္းေျပးလႊား၍ တင့္တင့္ကိုအေဝးသို႔ တြန္းလႊတ္ပစ္လိုက္သည္။ ထို႔ေနာက္ ခုံေပၚမွေအာက္သို႔ေခြေခြေလးက်သြားသည့္ငယ္လက္မွာ ေသြးမ်ားအဆက္မျပတ္ထြက္၍ေနသည္ကို ခြန္းမျမင္ခ်င္ပါပဲႏွင့္ျမင္ေနရေတာ့သည္။ ေသြးမ်ားႏွင့္ငယ့္ကိုေကာက္ေပြ႕ကာ ခြန္းမွာလဲမ်က္ရည္မ်ားအျပည့္ျဖင့္ ကားဆီ ဒုန္းဆိုင္းေျပးလာခဲ့မိရာ မာမီတို႔ႏွင့္တိုးေလေတာ့သည္။
ၿခံဝတြင္ကားရပ္ထားသည္ေၾကာင့္ အကိုႏွင့္ကားေပၚကဆင္း၍ အိမ္ထဲဝင္လာရာ သားေတာ္ေမာင္ကသမီးေလးကိုေပြ႕ၿပီး အ႐ူးတစ္ပိုင္းေျပးလာသည္ေၾကာင့္ ေကသာၾကည့္လိုက္မိသည္။
"ဟယ္သား အမေလး သမီး"
ေကသာမွာ သမီး၏ပုံစံကိုၾကည့္၍ လန့္ကာေအာ္လိုက္မိသည္။
"ဟင္... သမီးေလးဘာျဖစ္တာလဲသားရယ္ ေမေမ့ကိုေျပာပါအုံး..."
"ေမေမ ငယ့္ကိုကယ္ပါအုံး ...
ေဖေဖ လုပ္ပါအုံးဗ်...."
သားျဖစ္သူမွာ မ်က္ရည္လည္႐ႊဲ၍ ကူရာမဲ့စြာေျပာလာေလေတာ့သည္။
"ေဆး႐ုံအျမန္သြားမယ္သား ျမန္ျမန္ကားေပၚတတ္ေတာ့..."
ခြန္းကားဆီငယ္ႏွင့္အတူဝင္၍ ငယ့္လက္ေကာက္ဝတ္ေလးဖိေပးေနခိုက္ ေလးဖိေပးေနခိုက္ ကားထဲဝင္လာသည့္
ေမေမ့ကိုျမင္မွ ခြန္းသတိရလိုက္သည္။
"တင့္တင့္ တင့္တင့္လုပ္တာေမေမ ငယ့္ကိုေလ တင့္တင့္က.."
"သားရယ္ စိတ္ထိန္းပါအုံးကြာ..."
သားျဖစ္သူ၏ ယခုအေျခေနကိုေကသာအနည္းငယ္သိလိုက္ရၿပီျဖစ္သည္။
"အကိုေနခဲ့ တင့္တင့္ကိုၾကည့္စီစဥ္လိုက္ ေကသာေမာင္းၿပီးပို႔လိုက္မယ္"
"သတိထားေမာင္းေနာ္ေက"
"အင္းပါအကို"
ေသြးမ်ားရဲပေလာင္းခက္ေနသည့္အင္းက်ီေလးႏွင့္ သမီးေလးက အသက္မဲ့စြာႏွင့္သားရင္ခြင္ထက္လဲေလ်ာင္းေနသည္ေၾကာင့္ ေကသာ့မွာ စိတ္မေကာင္းလွေပ။ သမီးေလးမ်က္ႏွာပဲၾကည့္ေနၿပီး မ်က္ရည္မ်ားစို႐ြဲေနသည့္သားကိုၾကည့္မိေတာ့ ပိုစိတ္မေကာင္းျဖစ္ရသည္ျပန္သည္။ ျဖစ္နိုင္လွ်င္ ယခုအေျခေနႀကီးကို တိတ္ေခြရစ္သလို ေနာက္သို႔သာျပန္၍ရစ္ပစ္လိုက္ခ်င္ပါေတာ့သည္။
"ငယ္ရယ္ ကိုႀကီးေၾကာင့္ပါကြာ ကိုႀကီး ေနာက္က်ခဲ့လို႔ ကိုႀကီးစိတ္ေတြတိုခဲ့လို႔ငယ္အခုလိုျဖစ္ခဲ့ရတာပါကြာ"
ေသြးပ်က္ေနသည့္မ်က္ႏွာေလးကို ယူႀကဳံးမရထိကိုင္၍ ခြန္းရင္ေတြကြဲစြာ ငယ့္ကိုၾကည့္ေနမိသည္။
ေဆး႐ုံထဲငယ့္ကိုေပြ႕၍ ေျပးဝင္လာခဲ့ေတာ့ အရင္တိုင္း ခြန္းကိုဝင္ခြင့္မေပးၾကေပ။ မၾကာပါ nurse တစ္ေယာက္ထြက္လာျပန္ေတာ့သည္။
"လူနာရွင္ "
"ဟုတ္ ဟုတ္ ကြၽန္ေတာ္ပါဗ်..."
"လူနာက ေသြးသြင္းရမယ္ Bေသြး လူနာရွင္ထဲမွာေသြအမ်ိဳးစားတူတဲ့လူရွိလားမသိဘူး"
"သားက O ေသြးပဲ ေမေမေရာ မင္းေဖေဖနဲ႕လဲမတူဘူး"
"အသိေတြေမးျမန္းၾကည့္ေပးပါရွင္ အျမန္လိုေနလို႔ပါ "
ခြန္းေဆာက္တည္ရာမရသည့္ၾကားမွ ခြန္းေဘးတြင္ရွိသည့္လူမ်ားထဲမွ B ေသြးပိုင္ရွင္
စဥ္းစားမိသည္။ ခ်က္ခ်င္းဆိုသလိုေခါင္းထဲေရာက္လာသည့္က ဘုန္းသစ္ပင္ျဖစ္သည္။
"ေမေမ ဘုန္းသစ္က B ေသြး "
"ေမေမဖုန္းဆက္ေပးမယ္ သားထိုင္ေနသား"
ေသြးေစာင့္ေနရင္းမွ ငယ့္ကို ခြဲစိတ္ခန္းဆီေခၚသြားေလသည္မို႔ ခြဲစိတ္ခန္းေရွ႕ နံရံေနာက္သို႔မွီ၍ ခြန္းအေတြးေတြေျခာက္ျခားေနရသည္။ ငယ္တစ္တစ္ခုမ်ားျဖစ္သြားမလားကြ။
"သားငယ့္ကိုေအာ္ခဲ့မိတယ္ေမေမ"
"သားရယ္"
"သားငယ့္ကို စကားၾကမ္းၾကမ္းေတြေျပာမိသြားတယ္ သားငယ့္ကို နာက်င္ေအာင္လဲလုပ္မိခဲ့တယ္ေမေမ"
"ဘယ္လိုျဖစ္ၾကတာလဲသားရယ္"
"ငယ့္ကေစာင့္ပါအုံးဆိုတာကို သားလက္ထပ္ဖို႔ေလာမိသြားတယ္ ငယ့္စကားနားမေထာင္ခဲ့မိဘူး သားမွားသြားတယ္ေမေမရယ္...."
မ်က္ရည္ေပါက္မ်ားစြာျဖင့္ဆို႔နင့္စြာ ဆိုလာသည့္သားကို ေကသာသနားမိသည္။ သားက သမီးေလးနဲ႕ဆို ဘယ္ေသာအခါမွ စိတ္မာနိုင္ခဲ့သည္မဟုတ္ ဒီတစ္ခါလဲသား လဲၿပိဳေနျပန္ၿပီထင္ပါရဲ႕ေလ။
"ေမေမသိလား ငယ့္ကိုေအာ္ေတာ့ငယ္လန့္သြားတာ ငယ္ေျပာစရာရွိပါတယ္ဆိုတာေတာင္နားမေထာင္ခဲ့မိဘူး သားရမ္းကားခဲ့တယ္ သားအမွားႀကီးမွားခဲ့တယ္ေမေမ"
ယခုမွေနာင္တရမိသည့္ခြန္းအျဖစ္ကို စိတ္ပ်က္လွပါသည္။ ငယ့္ကိုခ်စ္ပါသည္။ တန္ဖိုးထားပါမည္ ငယ္လိုအပ္တာေတြကိုအစြမ္းကုန္ျဖည့္ဆည္းၿပီးခ်စ္ေပးပါမည္ဟုဂတိေတြေပးထားၿပီးေတာ့မွ ခြန္းဂတိမတည္ျဖစ္သြားခဲ့ရသည္။ စိတ္မဆိုးသင့္သည့္အျဖစ္ႀကီးေၾကာင့္ ငယ္ပင္ပန္းခဲ့ရၿပီ။ ခြန္းေၾကာင့္ပဲ ငယ့္ကိုတင္တင့္ယခုလို ျပဳမူခဲ့သည္မဟုတ္လား။
ခြန္းသာစိတ္ဆိုးၿပီးထြက္မသြားခဲ့လွ်င္ ငယ္အခုလိုျဖစ္ပါအုံးမလား။
ငယ့္ကိုသာ ခြန္းႏွင့္အတူေခၚသြားခဲ့လွ်င္ ငယ္အခုလိုျဖစ္ပါအုံးမလား။
ငယ့္ရဲ႕စကားကိုနားေထာင္ခဲ့မိလွ်င္ ငယ္အခုလိုနာက်င္ေနပါအုံးမလား။
ေမးခြန္းမ်ားစြာရဲ႕အေျဖဟာ ေနာင္တမ်ားႏွင့္ခြန္းဆီတြင္သာရွိေနပါသည္။
ဆရာဝန္ေျပာသည့္ငယ့္ရဲ႕အေျခေန ေသြးထြက္လြန္သြားသည့္အေျခေန ဓား၏အတိမ္အနက္ခ်ရာေၾကာင့္ ခြန္းမွာစိတ္မေအး ရင္တြင္းမီးေတြေတာက္၍ ခြန္းမ်က္ရည္ေတြက်ေနမိသည္။
.............
ေဆး႐ုံအင္းက်ီေလးထက္မွ အေရာင္ေသြးမရွိသည့္ငယ့္မ်က္ႏွာေလးကို ခြန္းသနားဂ႐ုနာသက္စြာၾကည့္မိလိုက္သည္။
ခြန္းႏွင့္ေတြ႕မွ ဘာလို႔ငယ့္ဘဝႀကီး ဒီေလာက္ဒုကၡေရာက္လာရတာလဲ... ငယ့္ကိုဒုကၡေတြပဲေပးေနမိၿပီလား... ငယ့္ကို ေဝဒနာေတြပဲေပးေနမိၿပီလားဟု ေတြး၍ ခြန္းယူႀကဳံးမရျဖစ္ေနမိသည္။
"သား သမီးေလးေရာဂါအေၾကာင္းေျပာမလို႔တဲ့ ဆရာဝန္ေခၚေနတယ္ သားသြားမလား ဒါမွမဟုတ္ေမေမပဲသြားရမလားသား"
"ေဖေဖသြားေပးရမလားသား"
သမီးေဘးကမခြာပဲေနေနသည့္သားေၾကာင့္ ေကသာတို႔လင္မယားမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္၍ မ်က္ႏွာပ်က္ေနၾကေတာ့သည္။
ေမေမ့စကားကို ၾကားမိေတာ့ခြန္တုန္လႈပ္မိျပန္သည္။
"သား... သားပဲသြားလိုက္မယ္"
ခြန္းေျခေထာက္မ်ားမေ႐ြ႕ခ်င္ေပမယ့္ ခြန္းဆရာဝန္အခန္းဆီလာခဲ့လိုက္ရသည္။ ငယ္ဘယ္လိုအေျခေနရွိေနလဲဆိုတာ ခြန္းကိုယ္တိုင္ၾကားမွ သိမွျဖစ္မည္ေလ။
"သားဘုန္းသစ္ ေက်းဇူးပါပဲကြယ္ "
"ရပါတယ္အန္တီရယ္ ျဖဴငယ္ကသူစိမ္းမွမဟုတ္တာ ကူညီရမွာေပါ့ "
ဘုန္းသစ္ ျဖဴငယ့္ကို ေငးေငးေလးၾကည့္ေနမိသည္။ ျဖဴငယ့္သတင္းၾကားေတာ့ ဘုန္းသစ္ကားၾကမ္းေမာင္း၍ ေဆး႐ုံသို႔လာခဲ့လိုက္သည္။ ေရာက္လာေတာ့ခြဲခန္းထဲဝင္သြားသည့္ျဖဴငယ့္ကို ဘုန္းသစ္စိတ္ပူရျပန္သည္။ လက္ေကာက္ဝတ္ကိုျဖစ္လို႔ အဓိကေသြးေၾကာကိုသြားထိမွာလဲအေတာ္စိုးရိမ္ရသည္။ ကံေကာင္းလွသည္ေျပာရမည္ ျဖဴငယ့္ကိုခြဲေပးသည့္ဆရာဝန္မွာ သိပ္ေတာ္သည္ေၾကာင့္ ျဖဴငယ္ကအခုေတာ့ စိုးရိမ္ရသည့္အေျခေနမဟုတ္ေတာ့ၿပီျဖစ္သည္။
ဘုန္းသစ္အတြက္ေတာ့ ဒီေလာက္ဆိုလွ်င္ ဆုေတာင္းေလးျပည့္ခဲ့ပါၿပီ။ ကိုယ္ခ်စ္သည့္လူကို ကိုယ့္ေသြးႏွင့္ကယ္၍ရခဲ့သည္မို႔ ေပ်ာ္လဲေပ်ာ္မိပါသည္။
ေ႐ြ႕ေ႐ြ႕ႀကီးႏွင့္ငိုင္ကာျပန္လာလာသည့္သားကိုၾကည့္၍ ေကသာစိတ္မေအးရ ရင္ေတြျပန္၍ပူလာရၿပီျဖစ္သည္။
"သား ဆရာဝန္ဘာေျပာလိုက္လို႔လဲ သား"
စကားမဆုံးေသး ကုတင္ေဘးေခြက်သြားၿပီး ထိုင္လိုက္သည့္သားေၾကာင့္ စိတ္ကပူထူလာရသည္။
"သား ေျပာပါအုံး သမီးေလးဘာျဖစ္တာလဲကြဲ႕..."
"ခြန္းေျပာစမ္းပါကြာ ျဖဴငယ္ဘာျဖစ္လို႔လဲဟ"
"သားရယ္ ေျပာစမ္းပါ သမီးေလးအေျခေနဘယ္လိုရွိလဲသားရဲ႕"
ေဘးမွ ရင္ေတြပူကာေမးလိုက္ေပမယ့္ သားကၿငိမ္ကာ ငိုင္ပဲငိုင္ေနေလေတာ့သည္။
"ငယ္ကေလ ငယ္က ဦးႏွောက္အက်ိတ္တဲ့"
"ဟင္!..."
"ဘာ!..."
ပတ္ဝန္းက်င္ႀကီးေမွာင္မိုက္သြားသည့္အလား အားလုံးမ်က္ႏွာေတြပ်က္၍ မယုံၾကည္နိုင္ျဖစ္ေနၾကေတာ့သည္။
"အခ်ိန္သိပ္မက်န္ေတာ့ဘူးတဲ့ေမေမရယ္"
ခြန္း၏စကားကို တစ္ဖက္လူမ်ားမွ ဘာမွျပန္မေျပာတိတ္၍ေနေနၾကေတာ့သည္။
"ခြဲစိတ္ရင္ေတာင္ ခက္မယ္တဲ့ဗ်ာ"
မေျပာခ်င္သည့္စကားမ်ား မေျပာျပခ်င္သည့္အေျခေနတို႔ကို အသိေပးလိုက္ရသည့္ခြန္းမွာလဲ ရင္ဘက္ႀကီးေၾကမြ၍ ေအာ္သာငိုပစ္လိုက္ခ်င္ပါသည္။ ခက္သည္က မ်က္ရည္က်မလာသည္ပင္။ ရင္ဘက္ႀကီးျပည့္သိပ္ၿပီးခံစာေနရတာေတာင္ မ်က္ရည္က်မလာသည္ကထူးဆန္းလွပါသည္။ ခြန္းငိုလိုက္ခ်င္ပါသည္။
"ငယ္က ငယ္က ျဖစ္ေနတာၾကာၿပီတဲ့ေမေမ သားကိုဖုံးကြယ္ၿပီး နာက်င္တာေတြက်ိတ္ခံစားေနတာတဲ့ေမေမရဲ႕ ငယ္ ငယ္သိပ္နာက်င္ေနမွာဗ်... "
ေကသာ့မ်က္ရည္ေတြရပ္မရေတာ့၍ အခန္းအျပင္ထြက္လာခဲ့မိသည္။ သမီးေလးအေျခေနကိုသိသြားသည့္တိုင္ မငိုပဲ ငိုင္ေနသည့္သားကို ေကသာဆက္မၾကည့္နိုင္ေတာ့ၿပီျဖစ္သည္။ သမီးေလးရယ္ အန္တီေမ ရင္ေတြကြဲရပါၿပီသမီးေလးရယ္။
"ခြန္း ဟုတ္ရဲ႕လားကြာ အမွန္မဟုတ္ဘူးမို႔လားကြ"
"မင္းေျပာအုံးေလခြန္း ..."
ပခုံးကေနလႈပ္ရမ္းေမးလိုက္ေတာ့ ခြန္းက လက္ကိုခါထုတ္ေလသည္။
"ငါကဘာေျပာရမွာလဲ ငါ့ဆီက ဘာစကားထပ္ၾကားခ်င္တာလဲဘုန္းသစ္ ငယ္ဘာမွမျဖစ္ဘူးလို႔ေျပာရမွာလား ငယ္ေနေကာင္းပါတယ္လို႔ေျပာရမွာလားကြ.."
ေဒါသတႀကီး ေအာ္ေျပာလာသည့္ခြန္း၏စိတ္ကို ဘုန္းသစ္နားလည္ပါသည္။ ဒီေကာင္ႀကီး ကမၻာႀကီးပ်က္ေနမွာႀကိမ္းေသလွသည္ေလ။
"သားခြန္းစိတ္ေလ်ာ့ပါသားရယ္ ေဖေဖဆရာဝန္နဲ႕တိုင္ပင္ၾကည့္ပါအုံးမယ္ကြာ ေဖေဖတိုင္ပင္ၾကည့္ပါအုံးမယ္"
အလဲလဲအၿပိဳၿပိဳႏွင့္ျဖစ္ေနသည့္ခြန္းကိုလဲ ဘုန္းသစ္ဆက္မၾကည့္နိုင္ေတာ့၍ အခန္းအျပင္သာထြက္လာခဲ့လိုက္ေတာ့သည္။
................
ပတ္တီးေဖြးေဖြးေလးစီထားသည့္ငယ့္လက္ခေလးကိုခြန္း ဖြဖြေလးကိုင္၍ ကိုယ့္ကိုအျပစ္တင္ေဒါသထြက္ေနမိသည္။
"ကိုႀကီးကရေအာင္ကယ္မွာ ငယ္မေၾကာက္ရဘူးေနာ္ငယ္"
"ကိုႀကီးတို႔အတူရင္ဆိုင္ၾကမယ္ေလကြာ
ကိုႀကီးေနာက္ဆိုမေအာ္ေတာ့ဘူးေလကြာေနာ္ "
ထိုစကားေလးေတြသာေျပာ၍ မ်က္ႏွာေလးၾကည့္ကာ မ်က္ရည္ေတြစီးဆင္းေနေလေတာ့သည္။ ငယ္ႏွင့္ပတ္သက္လွ်င္ ခြန္းဟာစိတ္ေပ်ာ့သူႀကီးျဖစ္မွန္း ဒီမ်က္ရည္ေတြက သက္ေသပင္ျဖစ္သည္။
ငယ့္အေပၚစိတ္မေကာင္းျခင္းမ်ားစြာႏွင့္ လက္ေလးငုံ႕ၾကည့္ေနခိုက္ ၾကားရသည့္အသံေလးေၾကာင့္ ခြန္းငယ့္ကိုၾကည့္လိုက္မိရာ မ်က္လုံးေလးအနည္းငယ္ပြင့္လာေတာ့သည္။
"ကိုႀကီး... "
"ငယ့္"
ျဖဴငယ့္မ်က္လုံးေလးမ်ားေလးကန္စြာျဖင့္ဖြင့္လိုက္ေတာ့ ကိုႀကီးကိုသဲ့သဲ့ေလးျမင္မိ၍ ေခၚလိုက္မိျခင္းျဖစ္သည္။
"ငယ္ ဘယ္နားေနလို႔မေကာင္းလဲကိုႀကီးကိုေျပာ ကိုႀကီးဆရာဝန္သြားေခၚေပးမယ္"
"ဟင့္အင္း ျဖဴငယ္ထိုင္ခ်င္တယ္"
"အင္း ကိုႀကီးထူေပးမယ္ေနာ္"
နိုးလာလာခ်င္းထိုင္ခ်င္သည္တဲ့ ငယ္ကသန္မာလိုက္တာကြာ။ငယ့္ကိုယ္ေလးကိုမ၍ ေခါင္းအုံးေလးခံကာ ကုတင္ကိုမွီေစလိုက္ၿပီး ခြန္းမွာငယ္ေဘးဝင္၍ထိုင္လိုက္ေတာ့သည္။
"ငယ္ ရရဲ႕လားဟင္"
"ေရ ေရေသာက္ခ်င္တယ္ကိုႀကီး"
"အင္းအင္း ကိုႀကီးတိုက္မယ္ေနာ္"
ကိုႀကီးကဂ႐ုတစိုက္ျဖင့္ေရေလးလာတိုက္သလို ယခုမွျဖဴငယ္ကိုယ့္လက္ကိုၾကည့္မိၿပီး တစ္ခ်က္ၿပဳံးမိလိုက္သည္။
"ျဖဴငယ္ေသဖို႔ကံမပါေသးဘူးပဲ"
"ငယ္အဲ့လိုမေျပာနဲ႕ေလ ငယ္ဘာမွမျဖစ္ေတာ့ဘူးေလကြာ"
"ကိုႀကီးသိသြားၿပီမို႔လား "
ဝမ္းနည္းစြာၾကည့္၍ ေျပာလာသည့္ငယ့္မ်က္လုံးမ်ားကိုခြန္းဆက္မၾကည့္ရဲေတာ့ေပ။ ဝမ္းနည္းရသည္။ ဒီေရာဂါႀကီးေၾကာင့္ ငယ္တစ္ခုခုျဖစ္သြားမွာလဲစိုးရိမ္မိသည္။
"ျဖဴငယ့္မွာေလ ..."
"ငယ္အဲ့အေၾကာင္းမေျပာပါနဲ႕ကြာ ငယ္ဘာမွမျဖစ္ေစရဘူးေနာ္ ကိုႀကီးရွိတယ္ေလ ကိုႀကီးအစြမ္းကုန္ကုေပးမယ္ေနာ္"
"ျဖဴငယ္ေတာင္းပန္ပါတယ္ ကိုႀကီးကိုဖုံးကြယ္မိသြားတယ္"
မ်က္ရည္ေလးဝဲလာသည့္ငယ့္ကို ခြန္းဖက္ထားမိသည္။ ထို႔ေနာက္မ်က္ႏွာေလးကို ဖြဖြေလးကိုင္၍ ငယ့္နဖူးေလးကိုငုံ႕နမ္းလိုက္သည္။
"ကိုႀကီးကေတာင္းပန္ရမွာပါကြာ ငယ့္ကိုေအာ္မိတယ္ေလ စကားလုံးၾကမ္းၾကမ္းေတြလဲေျပာမိတယ္ "
"ေက်ၿပီေပါ့ေနာ့..."
ရယ္က်ဲက်ဲေျပာလာသည့္ငယ့္ကိုၾကည့္၍ ခြန္းလဲၿပဳံးျပမိသည္။ ရင္ေအးတယ္လို႔ေတာ့မရွိေသးဘူးေပါ့ဗ်ာ။
"ကိုႀကီးတို႔တူတူတိုက္ခိုက္ၾကမယ္ေလေနာ္"
"ေဘးမွာကိုႀကီးရွိတာပဲျဖဴငယ္မေၾကာက္ပါဘူး"
သတၱိခဲ့မေလးပဲဗ်ာ။
"ငယ့္ကို အေကာင္းဆုံးဆရာဝန္ႀကီးနဲ႕ျပေပးမယ္ ငယ္ဘာမွမျဖစ္ေစရဘူး"
"အင္းျဖဴငယ္လဲ အားမေလွ်ာ့ဘူးကတိေပးတယ္ေနာ္ကိုႀကီး"
အခုမွနိုးလာသည့္ငယ္က သိပ္ကိုႀကံခိုင္လွပါသည္။ ခြန္းမွာ တစ္ဖန္ျပန္၍ ငယ့္ကိုယ္ေလးကိုဖက္ထားမိသည္။ ဒီတစ္ခါေတာ့ ငယ့္ကိုမလႊတ္ေပးေတာ့ဘူး ငယ့္ကိုဘယ္သူမွခြန္းအနားကေခၚမသြားရဘူး။ ခြန္းငယ့္ကိုဆုံးရႈံးရမည့္အျဖစ္ ထပ္၍မျဖစ္ေစခ်င္ေတာ့ၿပီ။
.................
ျဖဴငယ္လက္က ဒဏ္ရာက တစ္လျပည့္ေတာ့မည္ျဖစ္၍ အရွင္းေပ်ာက္သြားၿပီျဖစ္သည္။ ဦးႏွောက္အက်ိတ္ခြဲစိတ္ဖို႔ကလဲ မနက္ျဖန္ျဖစ္၍ ေမေမႏွင့္ေမာင္ေလးပါမက်န္ အကုန္လုံးျဖဴငယ့္အနားေရာက္ေနၾကၿပီျဖစ္သည္။
"သမီး ေမေမတို႔ရွိတယ္ေနာ္"
"မမ ေမာင္ေလးေရာေနာ္ အားမငယ္နဲ႕"
ေဆး႐ုံထက္တြင္ ျဖဴငယ့္ကိုအလည္ကထားၿပီးအားလုံးဟာ အားေပးေနၾကသည္ေၾကာင့္ျဖဴငယ့္မွာမ်က္ရည္မ်ားက်လာရျပန္သည္။
"ငယ္ကလဲမငိုနဲ႕ေလကြာ "
"ျဖဴငယ့္ေပ်ာ္လို႔ပါကိုႀကီးရယ္ "
ေမေမတို႔ေရာ အားလုံးကစိုးရိမ္တႀကီးႏွင့္ဂ႐ုစိုက္ၾကေတာ့ ဝမ္းနည္းရမည့္အစား ျဖဴငယ္ေပ်ာ္ေနမိေတာ့သည္။
"မငိုနဲ႕ေနာ္ တိတ္ ငယ္ကလဲကြာ"
ငယ့္မ်က္ရည္ေလးအသာသုတ္ေပး၍ ဆိုလိုက္ေတာ့ငယ္ကေပ်ာ္လို႔က်တာတဲ့ဗ်ာ ငယ္ကေတာ့ေလ ငိုတာေတာင္ခြဲျခားထားေသးသည္ဗ်ာ။
ျဖဴငယ့္ကိုသိပ္ခ်စ္သည့္ကိုႀကီးကေတာ့ ဟိုတစ္ေခါက္အျဖစ္အပ်က္ႀကီးၿပီးသည့္အခ်ိန္ထဲက ျဖဴငယ့္ေဘးမွတဖဝါးမွမခြာပဲ အနားတြင္သာအၿမဲရွိေပးေလသည္။ ျဖဴငယ္ကရပါသည္ေျပာတာေတာင္ ငယ့္ကိုစိတ္မခ်၍ ငယ့္ကိုမခြဲနိုင္၍ဟုဆိုကာ ျဖဴငယ့္ေဘးတြင္ေနေပးေလသည္။ ကိုႀကီးကေလ ျဖဴငယ့္ကိုဆိုအရမ္းဂ႐ုစိုက္ၿပီးခ်စ္ေပးတာျမင္ရေတာ့ ကိုႀကီးကိုပိုတိုး၍ခ်စ္ရသည္။
"ကိုႀကီး ျဖဴငယ္ေၾကာက္တယ္"
ခြဲခန္းေရွ႕ကုတင္ေပၚလွဲေနသည့္ငယ္က ခြန္းလက္ကိုက်စ္က်စ္ပါေအာင္ဆုတ္၍ ေျပာလာသည္က ေၾကာက္သည္တဲ့ဗ်ာ။
"ကိုႀကီးရွိတယ္ေလကြာ ငယ္စိတ္မပူနဲ႕ေနာ္ ငယ့္ကိုအေတာ္ဆုံးဆရာဝန္ေတြခြဲေပးမွာ ငယ္အရမ္းမေၾကာက္နဲ႕ေနာ္"
ေခ်ာ့ျမဴေနရေပမယ့္ ငယ့္လက္ဖ်ားေတြကေအးလို႔ေနကာ မ်က္ဝန္းေလးလဲဝိုင္းစက္၍ေနေလေတာ့သည္။ ငယ္က တဂယ္ေၾကာက္ေနတာပဲကြာ။ ေအးေပါ့ေလ ခက္ခဲတဲ့ခြဲစိတ္မႈကိုဘယ္သူကမေၾကာက္ပဲေနမည္လဲ။
"သမီးေလး ေမေမတို႔ရွိတယ္ေလ"
"အန္တီေမတို႔လဲရွိတယ္ေလသမီးရဲ႕ "
ျဖဴငယ့္ေဘးမွ အားေပးသည့္ေမေမတို႔ေၾကာင့္ ျဖဴငယ္ေခါင္းေလးၿငိမ့္ျပလိုက္သည္။
"ဟုတ္ "
"ကိုႀကီး ျဖဴငယ့္ကိုေစာင့္ေနေနာ္"
"ငယ္အဆင္ေျပေျပထြက္လာတာကို ကိုႀကီးေစာင့္ေနမယ္စိတ္ခ် ကိုႀကီးဒီေရွ႕က တဖဝါးမွမခြာဘူးငယ္"
"အြန္း"
ျဖဴငယ့္ေၾကာက္စိတ္ေတြကို နဖူးသို႔အနမ္းေျခ၍ထိန္းေပးသည့္ကိုႀကီးကို ျဖဴငယ္ၿပဳံးျပ၍ ခြဲခန္းထဲဝင္ခဲ့ရသည္။ မၾကာပါေလာကႀကီးႏွင့္ တစ္ဖန္အဆက္သြယ္ျပတ္သြားရျပန္ၿပီျဖစ္သည္။
မည္သို႔မည္ပုံ ျဖစ္သြားမည္။
ျပန္ေရာနိုးထလာနိုင္ပါအုံးမလားဆိုသည့္ အေတြးတို႔ႏွင့္ အိပ္စက္သြားရသည့္ျဖဴငယ္အတြက္လဲ အရာအားလုံးဟာေမွာင္မိုက္၍ေနေလေတာ့သည္။
"သား ေမေမသမီးေလးဆီသြားမလို႔သားလိုက္ခဲ့ပါအုံးလားကြယ္"
ဘာအေျဖမွျပန္မေပးသည့္သားေတာ္ေမာင္က အိမ္ေရွ႕ဒန္းေလးေပၚတြင္ထိုင္ၿမဲျဖစ္သည္။
"ငယ္နိုးမလာတာ 7 လရွိၿပီေမေမ သားငယ့္ကိုလြမ္းတယ္ဗ်ာ"
"သမီးေလးရွိတယ္ေလသားရဲ႕ လိုက္ေတြ႕လွည့္ပါသားရယ္"
"ငယ္က အိပ္ေနတာေလ သားက အၿမဲခုန္ေပါက္ေျပးလႊားၿပီးေပ်ာ္ေနတဲ့ငယ့္ကိုလြမ္းတာေမေမရဲ႕"
"သားရယ္ လိုက္ခဲ့ပါကြာ"
"အကိုရယ္ထားလိုက္ပါေတာ့ ေကတို႔ပဲသြားရေအာင္ပါလာ"
ခြန္းစိတ္ေတြေလးေနျပန္သည္မို႔ ငယ့္ကိုသြားမေတြ႕ျဖစ္လိုက္ေပ။ ခြန္းေၾကာင့္ငယ္အခုလိုျဖစ္သြားရတာေလ။ ငယ့္ကိုဂ႐ုမစိုက္ခဲ့တဲ့ခြန္းေၾကာင့္ ငယ္ကဒီေရာဂါႀကီးခံစားသြားရတာေလ။ ငယ္ေခါင္းကိုက္သည္ဟုေျပာသည့္အခ်ိန္ထဲက ခြန္းဂ႐ုစိုက္သင့္ခဲ့တာကို ခြန္းေပါ့ခဲ့လို႔ေပါ့။ အျပစ္တင္စရာမွာ ငယ့္အနားတြင္အၿမဲရွိသည့္ခြန္းသာမို႔ ခြန္းကိုယ့္ကိုသာအျပစ္ေတြတင္မိသည္။
ငယ္ကအၾကာႀကီးခြန္းကို ခြဲသြားတာျဖစ္သည္။ အခုထိငယ့္ရဲ႕ၾကည္လင္ေတာက္ပေနသည့္မ်က္လုံးေလးကို ခြန္းျမင္ခြင့္မရေသသလို ငယ့္ရဲ႕သာယာလွသည့္အသံေလးကိုလဲ ခြန္းမၾကားရတာၾကာၿပီျဖစ္သည္။
ငယ့္ကိုတစ္ေန႕မေတြ႕ရလွ်င္ ခြန္းမေနနိုင္သျဖင့္ ညေရာက္ေတာ့ ငယ့္ဆီ တစ္ေယာက္ထဲေရာက္ခ်လာျပန္ေတာ့သည္။
"အန္တီ "
"ခြန္းသားလာေလ သား"
"အန္တီျပန္နားလိုက္ပါ ကြၽန္ေတာ္ငယ့္ကိုၾကည့္လိုက္မယ္"
"ေအးပါကြယ္"
သမီးေလးကို သိပ္ခ်စ္သည့္သားခြန္းမို႔ ဘာမွမေျပာပဲထြက္လာခဲ့လိုက္သည္။ သားခြန္းကို ႏွစ္သိမ့္ေပးရတာမ်ားေတာ့ စကားလုံးေတာင္ရွာမေတြ႕ေတာ့ဘူးမဟုတ္လား။
ခြဲတုန္းက ဆံပင္ေတြရိတ္လိုက္ရသည္ေၾကာင့္မို႔ ယခုကအရင္ေလာက္မရွည္ေပမယ့္ အရမ္းႀကီးလဲတိုမေနေတာ့ေပ။ ၇ လဆိုတဲ့အခ်ိန္က နည္းသလားဗ်ာ။ ငယ့္မ်က္ႏွာေလးေခ်ာင္က်သြားေပမယ့္ အရင္လိုခ်စ္စရာေကာင္းေနၿမဲပဲျဖစ္သည္။ခြန္းငယ့္ရဲ႕ ပါးႏုႏုေလးကို ဖြဖြေလးနမ္းမိလိုက္ျပန္သည္။ ေန႕တိုင္းငယ့္ရဲ႕ပါးေလးကိုနမ္းရတာလဲ ခြန္းအတြက္အက်င့္တစ္ခုလိုေတာင္ျဖစ္သည္။
ငယ့္ဆံပင္းေလးအနည္းငယ္ရွည္လာၿပီမို႔ ဆံပင္ေလးကိုသပ္၍ နဖူးေလးကိုစမ္းမိသည္။ ခပ္ႏြေးႏြေးေလးေတာ့ အႏြေးဓာတ္ခံစားရပါသည္။ လႈပ္ေ႐ြ႕ခ်င္းမရွိသည့္ ငယ့္ကိုခြန္းၾကည္ပဲၾကည့္နိုင္ေတာ့သည့္အျဖစ္ႀကီးကို ရင္နာရပါသည္။ ငယ့္ကိုခြန္းမဆုံးရႈံးသြားေပမယ့္လဲ အရင္လိုေတာ့မပိုင္ဆိုင္ရေတာ့သည့္အေျခေနႀကီးကို ခြန္းေနာက္ျပန္ရစ္၍ ဒီအျဖစ္ဆိုးႀကီးကိုဖယ္ရွားလိုက္ခ်င္ပါသည္။
ငယ့္ကိုၾကည့္ေနရင္းမွ ခြန္းကိုင္ထားသည့္လက္ေလးက လႈပ္ရွားမႈရွိလာသည္ကို ခြန္းသတိထားမိလိုက္သည္။ ေသခ်ာၾကည့္မိေတာ့ ငယ့္လက္သန္းေလးက တဂယ္လႈပ္ေနျခင္းျဖစ္သလို တစ္ေျဖးေျဖးႏွင့္ က်န္လက္ေခ်ာင္းေလးမ်ားပါ လႈပ္ယြလာသည္ကိုခြန္းေတြ႕လိုက္ရေတာ့သည္။ ငယ့္၏ ယခုအေျခေနကိုၾကည့္၍ ခြန္းအေပ်ာ္ႀကီးေပ်ာ္သြားရၿပီး စိတ္ႏွလုံးမ်ားက တဒုန္းဒုန္းႏွင့္ခုန္လာရေတာ့သည္။ ငယ္သတိရလာၿပီပဲ။
ငယ္ ငယ္နိုးလာခဲ့ၿပီပဲ။
ကိုႀကီးရဲ႕ငယ္ေလး ကိုႀကီးဆီျပန္လာခဲ့ၿပီပဲ။
သိပ္ခ်စ္ရသည့္ငယ္ေလး သတိရလာခဲ့ၿပီပဲ။
အေပ်ာ္ႀကီးေပ်ာ္လြန္းေနသည့္လူတစ္ဦးႏွင့္ ေမွာင္မိုက္မႈကိုတိုက္ပြဲဝင္၍ တစ္ခုတည္းေသာ အလင္းတန္းေလးဆီျပန္လာသည့္လူတစ္ဦးၾကား ျပန္လည္၍ေတြ႕ဆုံမႈေလးသည္ ခ်စ္စဖြယ္ ေပ်ာ္႐ႊင္ဖြယ္မ်ားႏွင့္ ျပည့္၍ေနခဲ့ပါေတာ့သည္။
Words 3686
20.10.2023 6:00pm
ဆက္လက္ႀကိဳးစားသြားပါမည္။
ႏႈတ္ဆက္သည္ဟုေျပာမရေသးသည့္ ဇာတ္သိမ္းေလးျဖစ္ပါသည္။
Extra ေလးထပ္လာပါအုံးမည္။