『Unicode』
《တစ်စုံတစ်ယောက်ကို ယုံကြည်ရန် သိပ်မခက်ခဲလှ 》
ကျစ်ယွီရှီ၏ တုံ့ပြန်ချက်မှာ အလွန်အားနည်းလှစွာ ။ သူသည် ထိုစာကြောင်းကို တွေဝေမှုတစ်စုံတစ်ရာမရှိဘဲ ပြောလာခဲ့သည်မှာ စိတ်ထဲတွင် ထိုအကြောင်းကို အကြိမ်ပေါင်းထောင်ချီတွေးထားဖူး၍ ထုတ်ပြောရန် လုံးဝဝန်ထုတ်ဝန်ပိုးမရှိသည့်အလား ။
ထူးဆန်းလွန်းနေသည် ။
ပုံမှန် ကျစ်ယွီရှီ မဟုတ်သည့်အတိုင်းပင် ။
စုန့်ချင်းလန်၏အသံတွင် ယခုတော့ စိတ်တုန်လှုပ်သည့် အရိပ်အယောင် ရောယှက်လာ၏ ။ "ဘာလို့ မရှိရမှာလဲ ? မင်းမှာ မိဘတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ ၊ သူငယ်ချင်းတွေရော ၊ မင်းအစ်ကိုလဲ ရှိတယ်လေ---ခုနက ငါတို့ သူနဲ့တွေ့ခဲ့တယ် မဟုတ်ဘူးလား ? "
နှစ်ယောက်သည် မျက်နှာချင်းဆိုင် ပြောဆိုနေကြရင်း ကျစ်ယွီရှီက တစ်စုံတစ်ခုအကြား ပိတ်မိနေသည့်အတိုင်းပင် ။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက တောင့်တင်းနေကာ သူ့အသက်ရှူသံများသည်ပင် မြန်ဆန်နေလေသည် ။
ထိုမေးခွန်းကိုကြားသော် သူ့မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွား၏ ။ သို့သော် သူ့မျက်နှာအမူအရာမှာမူ မပြောင်းမလဲရှိနေဆဲ ။
သူသည် အသေအချာကို အနည်းငယ် တုန်ရီနေခဲ့သည် ။
သူ့တုံ့ပြန်မှုကိုမြင်သောအခါ စုန့်ချင်းလန်က ထပ်ပြောလိုက်သည် ။ "မဟုတ်ရင်လဲ မင်းတွဲနေတဲ့သူတွေ ရှိသေးတာပဲ ။ မင်းမရှိတော့ရင် သူတို့ဘာဖြစ်သွားမလဲ ? "
သုံးယောက်က တစ်ယောက်တည်းအဖြစ်ပြောင်းလဲသွားခြင်း ။ ဤသည်က တကယ်ကို အဖြောင့်တစ်ယောက် သည်းခံနားထောင်နိုင်သည့်အရာမျိုး မဟုတ်ပေ ။
စုန့်ချင်းလန်သည် မသင့်လျော်ဟု ခံစားလိုက်ရ၏ ။ ဤဥပမာသည် သိပ်မကောင်းလှချေ ။
သူသည် ရပ်တန့်လိုက်ပြီး အခြားခေါင်းစဉ်တစ်ခုကို ပြောင်းပြောလိုက်သည် ။ အဓိကပြဿနာကို အာရုံစိုက်ထားရန် အကောင်းဆုံးကြိုးစားလိုက်၏ ။ "လူတိုင်းမှာ သူတို့နဲ့အမှန်တကယ် သက်ဆိုင်တဲ့ လက်တွေ့ဆိုတာ ရှိတယ် ။ လူတိုင်းမှာ သူတို့နဲ့သက်ဆိုင်တဲ့ဘဝရှိတယ် ။ တွေးကြည့်ပါအုံး.. မင်းတကယ်ပဲ တကယ့်လက်တွေ့မှာ ဖြစ်အောင်လုပ်ချင်တဲ့အရာ တစ်ခုလေးတောင်မရှိဘူးလား ? ဥပမာ မင်း အချိန်အကြာကြီး လိုက်ခဲ့တဲ့ မင်းရဲ့အိပ်မက်တို့ ဘာတို့ ။ မင်းအခု လက်လျှော့လိုက်ရင် ဒီလောက်နှစ်တွေအကြာကြီး ကြိုးစားခဲ့တာက ဘာဖြစ်သွားမလဲ---"
သူ့စကားလုံးများမှာ ထိုနေရာ၌ ရုတ်ချည်းရပ်တန့်သွားရသည် ။ စုန့်ချင်းလန် ကြောင်အမ်းသွားရသည်မှာ ကျစ်ယွီရှီ၏ မျက်တောင်များက အနည်းငယ် တုန်လှုပ်သွားပြီး အင်မတန်လျင်မြန်လှသော အရှိန်ဖြင့် မျက်ရည်တစ်စက် ပေါက်ခနဲကျလာသောကြောင့်ပင် ။
စုန့်ချင်းလန်သည် တစ်စုံတစ်ယောက်၏ မျက်ရည်များက ထိုမျှ လျင်မြန်ဖြောင့်တန်းစွာ စီးကျလာသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ ။
အံ့ဩမှုနှင့်အတူ သူ့နှလုံးသားမှာ တင်းကျပ်သွားရပြီး ရင်ဘတ်တစ်လျှောက် နာကျင်မှုကို ပေးပို့လာ၏ ။
စုန့်ချင်းလန်သည် ထိုအခါမှသာ တုံ့ပြန်နိုင်သည် ။ အဲ့လိုလက်တွေ့မျိုးမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ ?
သူထင်ထားသလိုမျိုး ကျစ်ယွီရှီရဲ့ဘဝက ပျော်စရာကောင်းမနေဘူးလား ?
ထိုမျှ အလွန်အမင်း အဆိုးမြင်သည့်ဘက်သွားနေသော စကားလုံးများကို ပြောလာသူက ကျစ်ယွီရှီကိုယ်တိုင်ပင်ဖြစ်သည် ။ အဓိပ္ပာယ်က ခဏတာ စိတ်ခံစားချက်ပြင်းထန်ပေါက်ကွဲထွက်လာခြင်းမဟုတ်ဘဲ အမှန်တရားဖြစ်ဖို့များသည် ။
သူသည် သိသိသာသာ ဘာမပြောညာမပြော ထားခံခဲ့ရသူဖြစ်ပြီး စိတ်ဆိုးဒေါသထွက်ကာ မတရားခံရသလို ခံစားသင့်သည့်သူ ဖြစ်သည့်တိုင် စုန့်ချင်းလန်က ဤသည်ကို နားလည်သွားသောအခါ ပြောစရာပျောက်ရှသွားရသည် ။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စာကြောင်းတစ်ကြောင်းတောင် သေသေချာချာမစီကုံးနိုင်ခဲ့ဘဲ အနည်းငယ် ထိတ်ပျာစပြုလာသယောင် ခံစားဖူးခြင်းပင် ။
သူသည် လက်ကိုမြှောက်လိုက်ပြီးနောက် ပြန်ချလိုက်သည် ။
စုန့်ချင်းလန် စိတ်မွန်းကြပ်လာရသည် ။ သေလိုက်ပါတော့.. တစ်စုံတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာကို ဘာလို့ သူ့ကိုတစ်ယောက်မှ မသင်ပေးထားရတာလဲ ?
ကျစ်ယွီရှီသည် အမှန်တကယ်တော့ ငိုနေခြင်းမဟုတ်ပေ ။
ထိုမျက်ရည်များမှာ ဇီဝဖြစ်စဉ်ပင် ။ ထင်းရှူးရွက်ပေါ်ရှိ နှင်းများက လေကြောင့်လှုပ်ခတ်သွားကာ အောက်ဘက်ရှိ နှင်းထုထဲသို့ ကျဆင်းကွယ်ပျောက်သွားသည့်နှယ် ။ ပေါက်ခနဲတစ်စက်သာ ကျသွားပြီး ထိုမျှသာဖြစ်သည် ။
ငိုကြွေးသည်နှင့်ယှဉ်လျှင် ပင်ကိုအာရုံခံစားချက်တစ်ခုနှင့် ပိုတူ၏ ။
အကြောင်းပြချက်တစ်ချို့ကြောင့် အလွန်နီးကပ်နေကြသော်လည်း စုန့်ချင်းလန်သည် ကျစ်ယွီရှီမျက်နှာကို ထိတွေ့ရန် လက်လှမ်းပြီး ကျစ်ယွီရှီ၏မျက်ရည်များကို သုတ်ဖယ်မပေးနိုင်ကြောင်း သိလိုက်ရသည်။
သူ ကျစ်ယွီရှီကို ထိကိုင်လိုက်သည်နှင့် တစ်စုံတစ်ခုက လုံးဝပြိုလဲကွဲကြေသွားမည့်အလား ။
အလင်းရောင်အောက်တွင် ထင်ဟပ်နေသော ကျစ်ယွီရှီ၏မျက်လုံးများက သူ့ကို ဆက်လက်၍ ကြည့်နေမြဲ ။
ထိုမျက်ဝန်းများမှာ စိုစွတ်နေသော်လည်း အရင်တုန်းကထက် ပို၍အေးစက်နေခဲ့သည် ။ ကျစ်ယွီရှီက ဆို၏ ။ "ဒီမှာ ကျွန်တော်လိုချင်ဝာာ အကုန်ရနိုင်တယ် "
စုန့်ချင်းလန် : "ဒါပေမဲ့ မင်းက ဒီနေရာနဲ့ မသက်ဆိုင်ဘူးလေ ! "
ကျစ်ယွီရှီ : "ကျွန်တော် ဘယ်လက်တွေ့မှာပဲ ရှိနေနေ အရေးမကြီးဘူး "
သူသည် ပြုစားခံလိုက်ရသည်ပေ ။
"ကျစ်ယွီရှီ ! "
စုန့်ချင်းလန်သည် ဆက်လက်၍ အောင့်အည်းမထားနိုင်တော့ပေ ။ သူသည် အလိုအလျောက်ကျသွားသော မျက်ရည်များကို သူ့လက်မဖြင့် သုတ်ဖယ်ပေးလိုက်သည် ။ သူ့လက်များဘာကြောင့် ပူနွေးနေသည်ဟု ခံစားနေရသည်လဲ သူမသိ ။ သူ့လက်ချောင်းထိပ်ဖျားများသည်ပင် အနည်းငယ် တုန်ရီနေလေ၏ ။
သူသည် တစ်စုံတစ်ရာကို နားလည်သွားသော်လည်း ယခုက စုန့်ချင်းလန်အတွက် ထိုအကြောင်းကို စဉ်းစားရန် အချိန်ကောင်းမဟုတ်ပေ ။ သူသည် လေးနက်သောအသံဖြင့် ပြောလိုက်သည် ။ "သိပ်အရေးကြီးတာပေါ့ ! မင်းဘယ်သူလဲဆိုတာက အရမ်းအရေးကြီးတယ် ! မင်းပြောသလိုမျိုး မင်းမှာ အဲ့လိုလက်တွေ့မရှိရင်တောင် မင်းမှာ ငါတို့ရှိသေးတယ် ။ ငါ ၊ ချွင်းအာ ၊ သွမ့်ဝမ်.....တပ်ဖွဲ့ ၇က လူခြောက်ယောက်က မင်းကို စောင့်နေတယ်လေ ။ အဲ့ဒီဖုန်းကောလ်တစ်ခုကြောင့် မင်းရဲ့နှလုံးသားကို နှောင့်ယှက်ခံလိုက်လို့မဖြစ်ဘူး ။ အကုန်လုံးက သောက်ကျိုးနည်း အတုအယောင်တွေ---"
ဖုန်းခေါ်ဆိုမှုတစ်ခု ။
ထိုစကားလုံးများက ကျစ်ယွီရှီနားထဲ ဝင်လာ၏ ။
တစ်ခဏချင်းတွင်ပင် သူ့မျက်စိသူငယ်အိမ်များမှာ အနည်းငယ် ပြူးကျယ်သွားကာ တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး သိသိသာသာ ပြေလျော့လာခဲ့သည်။
"အတုအယောင် "
သူပြောလိုက်၏ ။
သူ့စိတ်ထဲရှိ တင်းမာနေသောကြိုးတစ်ချောင်းက ပြတ်ထွက်သွားခဲ့သည် ။ ကျစ်ယွီရှီသည် တဖြည်းဖြည်းအသိစိတ်ပြန်ဝင်လာ၏ ။ သူသည် အားကုန်သွားသကဲ့သို့ စုန့်ချင်းလန် ပခုံးပေါ် ကျလာခဲ့သည်။
"ခေါင်းဆောင်စုန့်...အဲ့ဒီဖုန်းပဲ....."
မမျှော်လင့်ဘဲ ထောက်တိုင်အဖြစ် အသုံးချခံလိုက်ရသော စုန့်ချင်းလန်တစ်ယောက် တောင့်ခဲသွားလေ၏ ။
တစ်ဖက်လူက သူ့ရင်ခွင်ထဲ လုံးဝရောက်နေသည်ပင် ။
မှိန်ဖျော့သောရနံ့တစ်ခုက သူ့နှာခေါင်းထဲ တိုးဝင်လာသည် ။ ကျစ်ယွီရှီဆံပင်မှ ထွက်လာခြင်းပင် ။
ကျစ်ယွီရှီသည် ဘာမျှလွဲမှားမှု မရှိသည့်အလား အသက်ဖြည်းဖြည်းရှူနေ၏ ။ သူ့စိတ်များ ပြန်လည်ကြည်လင်လာသောအခါ သူချွေးစေးများ ထွက်နေသည်ကို သတိထားမိသွားသည် ။
သူသည် ယခုမှသာ အနည်းငယ် ကြောက်ရွံ့သွားရသည် ။
အကယ်၍ စုန့်ချင်းလန်သာ သူ့ကို လိုက်မမီခဲ့လျှင် သူသည် ထိုသေလောက်သော ဆွဲဆောင်မှုနောက် တကယ် လိုက်သွားခဲ့လောက်သည် ။
ကျစ်ယွီရှီသည် သူ့ဦးခေါင်းကို စုန့်ချင်းလန်ပခုံးထက် မှီထားလိုက်ပြီး ခပ်မြန်မြန် အကျဉ်းချုံး ပြောလာခဲ့သည် ။ "အဲ့ဒီဖုန်းကောလ်က တစ်ခုခုလွဲနေတယ် ။ ကျွန်တော် လိုချင်တောင့်တနေတဲ့အရာကို သေချာသိနေတာ ။ ဖုန်းချပြီးတော့ ကျွန်တော့်ခေါင်းထဲ အဲ့အကြောင်းတစ်ခုပဲ ရှိတော့တယ် ။ တခြားဘာမှအရေးမကြီးတော့ဘူး "
အကျပ်အတည်းမှ ရှောင်လွှဲနိုင်သွားခဲ့သည် ။ အသေအချာကို ထိုဖုန်းခေါ်ဆိုမှုပင်။
စုန့်ချင်းလန်က သက်ပြင်းတစ်ချက် ချလိုက်သည် ။ "ဖာခ့် "
ဤအနေအထားက ကျစ်ယွီရှီ ဦးခေါင်းထက်တွင် သူ့မေးစေ့ကို တင်နေစေ၏ ။ ထိုသို့ အခြေအနေမျိုးတွင် သူမည်သို့တုံ့ပြန်ရမလဲ သူမသိချေ ။
ကျစ်ယွီရှီက မလှုပ်သေးသဖြင့် စုန့်ချင်းလန်သည် တွန့်ဆုတ်စွာဖြင့် လက်မြှောက်လိုက်ကာ တစ်ဖက်လူ၏ကျောပြင်ကို ပုတ်ပေးရုံသာတတ်နိုင်သည် ။ " မင်းအသိပြန်ဝင်လာတာ တော်သေးတယ် ။ ငါတို့ သွမ့်ဝမ်နဲ့တခြားသူတွေကိုလဲ အသိပေးပြီး ပိုသတိထားဖို့ ပြောရမယ် "
ကျစ်ယွီရှီက သဘောတူကြောင်း အသံပြုလာသော်လည်း မရွှေ့ပေးသေးပေ ။
အောက်သို့ ပြန်ချတော့မည့် စုန့်ချင်းလန်လက်မှာ တွန့်ဆုတ်သွားရသည် ။
စက္ကန့်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူသည် ထွေးဖက်သည့် အနေအထားသို့ ပြောင်းလိုက်လေ၏ ။ သူ့အဖွဲ့သားတစ်ဦးက စိတ်အခြေအနေမကောင်းလျှင် သူတို့ကို နှစ်သိမ့်ပေးရန် ခေါင်းဆောင်တစ်ယောက်အနေနှင့် သူ့တာဝန်ကို သူလုပ်ရမည်ပေ ။
သူ့လက်မောင်းကြားရှိ လူကို နူးညံ့ညင်သာစွာ ကာကွယ်ပေးနေရင်း စုန့်ချင်းလန်သည် အနည်းငယ်မကျေမနပ် ပြောလာ၏ ။ "အစကတော့ နှစ်ထပ်ခွဲစမ်းသပ်ချက်အကြောင်း ဆွေးနွေးနေပြီး ခဏနေတော့ မင်းကထွက်ပြေးသွားရော ။ လီချွင်းထက်တောင် မင်းက ပိုပွေရှုပ်သေးတယ် ။ အကြံပေးကျစ်..အဲ့ဒီဖုန်းကောလ်ထဲ မင်းကို ဘာက အဲ့လောက်တောင် ဆွဲဆောင်သွားတာလဲ ? "
အမှန်တော့ စုန့်ချင်းလန်သည် ကျစ်ယွီရှီကြုံတွေ့ခဲ့ရသည်များနှင့် "ကျွန်တော့်မှာ အဲ့လိုလက်တွေ့မရှိ"ဟူသော အဆိုးမြင်လွန်းသည့် စကားများကို ပြောထွက်လာရန် ဘယ်လိုဘဝမျိုးကို နေထိုင်ခဲ့ရသည်လဲ သူသိချင်မိသည် ။
သို့သော် သူတို့သည် တစ်ယောက်ကိုတစ်ယောက် အလုံးစုံပြောပြနိုင်သည့် အခြေအနေသို့ မရောက်သေးပုံပင် ။
ကျစ်ယွီရှီက မသဲမကွဲအသံဖြင့်သာ ပြန်ဖြေလာသည် ။ "အဲ့တာက ကျွန်တော့်တစ်ဘဝလုံး လိုက်နေရတဲ့အရာမို့ "
တစ်ဖက်လူရှူထုတ်လိုက်သော အပူငွေ့က သူ့လည်ပင်းထက် ပျံ့လွင့်လာကာ ယားကျိကျိခံစားချက်ကို ဖြစ်စေသည် ။
လူတစ်ယောက် အမူးပြေသောအခါ ရှုပ်ထွေးနေဆဲအခြေအနေတွင် သူတို့လုပ်ထားခဲ့သော အရာအားလုံးကို မှတ်မိနေဆဲပင် ။ စုန့်ချင်းလန်၏ နှလုံးသားမှာ ငှက်မွေးနှင့် အတို့ခံရသလို ခံစားနေရပြီး သူအနည်းငယ် ရယ်ချင်လာမိသည် ။ "ဘာများလဲ?"
သူပြောလိုက်ပြီးပြီးချင်း ကျစ်ယွီရှီက စုန့်ချင်းလန်ကို တွန်းထုတ်လိုက်သည် ။
"ကျေးဇူး"
ပြန်သက်သာလာသည်နှင့် ကျစ်ယွီရှီက အညှာအတာမဲ့စွာ အကွာအဝေးတစ်ခုခြားထားပြန်၏ ။ သူသည် သူ၏ပုံမှန်တည်ငြိမ်သည့်အခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်သည် ။ " အဲ့ဒီချစ်သူကောင်လေးသုံးယောက်တို့ ဘာတို့ဖြစ်မှာပေါ့ ။ ကျွန်တော်ပြန်မသွားရင် သူတို့ဝမ်းနည်းပြီး သေသွားမှာ မဟုတ်လား?"
ခုနက စုန့်ချင်းလန်၏ စကားဖြစ်သော "မင်းတွဲနေတဲ့သူတွေ ရှိသေးတာပဲ ။ မင်းမရှိတော့ရင် သူတို့ဘာဖြစ်သွားမလဲ ?" ဟူသည့် စကားထဲတွင် "သူတို့"ဟူသော စကားလုံးကို အလွန်သတိတကြီးဖြင့် ပြောလိုက်ခြင်းပင် ။
ကျစ်ယွီရှီသည် စုန့်ချင်းလန်ကို ဤမျှ ဇွဲကြီးကြီး အထင်လွဲနေလိမ့်မည်ဟု မမျှော်လင့်ထားပေ ။
စွပ်စွဲခံလိုက်ရသည်ဟု ခံစားရသဖြင့် အငြှိုးအတေးကြီးသော ကျစ်ယွီရှီတစ်ယောက် အဖြောင့်တစ်ယောက်နှင့် ပြိုင်ငြင်းမနေချင်၍ သူ့အား တားဆီးရန် ထိုစကားလုံးများကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၏ ။
စုန့်ချင်းလန်က မျက်မှောင်ကြုတ်မိရင်း "......."
"ကျွန်တော့်ဘာသာ ကျွန်တော် တအားဂရုစိုက်ပါတယ် " စုန့်ချင်းလန်ကို စကားမပြောနိုင်အောင် အောင်အောင်မြင်မြင်လုပ်ပြီးသည့်နောက်တွင်တော့ ကျစ်ယွီရှီက အဓိကအကြောင်းအရာဆီ ပြန်သွားလိုက်သည် ။ "ဌာနမှူးလင်းက ဖုန်းထဲမှာ ရလဒ်တွေထွက်ပြီလို့ပြောတယ် ။ မစ်ရှင်အဆင့်ကလဲ အတော်မြင့်တယ်တဲ့ "
စိတ်ထဲတွင် အနည်းငယ် ဗလာကျင်းနေလျက် သူမပျော်မရွှင်ခံစားနေရသည် ။
စုန့်ချင်းလန်က သူ့ရင်ဘတ်ရှေ့တွင် လက်ကိုပိုက်လိုက်ကာ မောက်မာစွာပြောလာ၏ ။ "အတုပဲ ။ ရလဒ်တွေက ဒီလောက်မြန်မြန်ကြီး ထွက်လာမှာ မဟုတ်ဘူး "
ကျစ်ယွီရှီ : "ဒီလောက်မမြန်လောက်ဘူးလို့ ကျွန်တော်လဲသိပါတယ် "
•
နှစ်ယောက်သည် အထဲသို့ ပြန်လျှောက်လာခဲ့သည် ။ သူတို့သည် လက်မှတ်ထပ်ဝယ်ရတော့မည်ဖြစ်သည် ။
သူတို့ဘေးပတ်လည်ရှိ ခရီးသည်များ အလောတကြီးနှင့် ။ ရံဖန်ရံခါတွင် မရင်းနှီးသော မျက်နှာများက သူတို့ကို ကြည့်နေကြသည် ။
ထိုသို့ ဝရုန်းသုန်းကားဖြစ်ပြီးနောက်တွင် စုန့်ချင်းလန်က သူဖမ်းမိထားသော အနှီလူကို ပြောစရာမလိုအောင် အနီးကပ် စောင့်ကြည့်နေခဲ့သည် ။ ယခုအချိန်တွင် သူတို့သည် ဤလက်တွေ့က သူတို့အစကထင်ထားသည်ထက် များစွာရှုပ်ထွေးကြောင်း သေချာသွား၏ ။
သူတို့သာ အာရုံမစိုက်ထားမိလျှင် တစ်ဖက်လူက နောက်ထပ် အခြားတစ်ခုကြောင့်ထပ်မံ ဆွဲဆောင်ခံလိုက်ရနိုင်သည်ပေ ။
စုန့်ချင်းလန် : "မင်းစိတ်လွတ်သွားတာ အဲ့ဒီမစ်ရှင်အဆင့်ကြောင့်လား ? "
"ဟုတ်တယ် " ကျစ်ယွီရှီက လမ်းလျှောက်နေရင်း ရှင်းပြလိုက်သည် ။ သူသည် ဆက်မပြောခင် အနည်းငယ်တွေဝေနေပုံပေါ်၏ ။ "ပြီးခဲ့တဲ့ မစ်ရှင်အဆင့်ပါပါရင် ကျွန်တော်ထိုက်တန်တဲ့ဆုကို ရနိုင်တယ် "
ဘယ်လိုဆုလာဘ်မျိုးက ဆွဲဆောင်အားပြင်းနေသဖြင့် ကျစ်ယွီရှီလို လူမျိုးကိုပင် စိတ်ယိုင်အောင်လုပ်နိုင်သည်လဲ ? သူသည် အမှန်ဟုတ်မဟုတ်ကိုပင် ဂရုမစိုက်တော့ဘဲ ပြုစားခံလိုက်ရသည့်နှယ် သူ့အဖွဲ့သားကို ပစ်ထားခဲ့သည် ။
ထျန်းချုံတွင် အမှတ်ပေးစနစ်ရှိ၏ ။
ထျန်းချုံ၌ အမှတ်များစုပေါင်းခြင်းမှာ အဆင့်မြင့်မြင့်ရရန်ပင် မဟုတ်ဘဲ ပို၍ကြီးမားသည့် အောင်မြင်မှုကို ယူဆောင်လာပြီး ထိုအမှတ်များဖြင့် ပိုအဆင့်မြင့်သည့် တာဝန်များကို လဲလှယ်ကာ အနာဂတ်လမ်းကြောင်းတိုးတက်ရေးအတွက် အလွန်အရေးကြီးသည့် ထျန်းချုံ၏ ပင်မကို ဝင်ရောက်နိုင်သည် ။
ကိုယ်ပိုင်အဆင့် ကြယ်တစ်ပွင့်ထက်မြင့်သော စောင့်ရှောက်သူတစ်ယောက်က စစ်ဆေးရေးမှူးအဖြစ် ရာထူးတိုးခံရနိုင်ပြီး မည်သည့်အချိန်နှင့်အာကာသကိုမဆို စစ်ဆေးနိုင်မည့် အင်အားကို ပိုင်ဆိုင်ထားလေသည် ။
ကိုယ်ပိုင်အဆင့်ကြယ်တစ်ပွင့်ထက်မြင့်သော မှတ်တမ်းတင်သူတစ်ယောက်အတွက်တော့.......ထျန်းချုံသမိုင်းတစ်လျှောက်တွင် တစ်ယောက်မျှ မရှိခဲ့ချေ ။
မှတ်တမ်းတင်သူတစ်ယောက်၏ တာဝန်သည် အတော်လေး ဘေးကင်းသော်လည်း အလွန်ထိုင်းမှိုင်းပျင်းရိဖွယ်ကောင်းပြီး တိုးတက်ရန် အခန်းကဏ္ဍမရှိ ။ အမှားများနှင့် အတိတ်မှ နာကျင်ဖွယ်များကို ရင်ဆိုင်ကြုံတွေ့ရပြီး ဘာမှမလုပ်နိုင်ဘဲ ဘေးလူတစ်ယောက်အဖြစ်သာ နေရခြင်းက လူတစ်ယောက်၏ သည်းခံနိုင်စွမ်းနှင့် ဇွဲနပဲကို စစ်ဆေးနေခြင်းဖြစ်သောကြောင့် ကြယ်တစ်ပွင့်အဖြစ် ရာထူးတိုးခံရသည့်သူ အများကြီးမရှိခဲ့ချေ ။
မစ်ရှင်အတွက်မထွက်ခွာခင်က ကျစ်ယွီရှီသည် မကြာမီအချိန်အတွင်း ကြယ်နှစ်ပွင့်မှ ကြယ်တစ်ပွင့်အဆင့်အဖြစ် ရာထူးတိုးခံရတော့မည်ဖြစ်ကြောင်း စုန့်ချင်းလန်သိသည် ။ ကြယ်တစ်ပွင့်ထက် မသာလျှင်တောင် သူသည် ဆုရနိုင်သေး၏ ။ စုန့်ချင်းလန်သည် မှတ်တမ်းတင်သူ၏ဆုလာဘ်က ဘာမှန်းမသိသော်လည်း သူ၏ကောင်းမွန်သောအလေ့အကျင့်က တိုက်ရိုက်မေးရန် တားဆိီးထားလေ၏ ။
ကျစ်ယွီရှီက တပ်ဖွဲ့ ၇မှ အခြားအဖွဲ့သားများနှင့် ကွဲပြားသည် ။ သူသည် အခြားသူများကို အလွယ်တကူ ဖွင့်ဟတတ်သည့်လူမျိုးမဟုတ်ပေ ။ သူ့အတွေးများကို စီစစ်ဆန်းစစ်သောအချိန်၌ပင် သူ အပြည့်အဝယုံကြည်ချက်ရှိသည့် အချိန်တွင်သာ ဖော်ပြလိမ့်မည် ။
Ouroboros မစ်ရှင်တုန်းက လူအများရှေ့တွင် စကားပြောရသည်ကလည်း ကျစ်ယွီရှီအရင်ဆုံး ကျော်ဖြတ်ရမည့်ပြဿနာပင် ။
နှစ်ယောက်သည် လက်မှတ်ရောင်းစက်ရှိရာသို့ လျှောက်သွားလိုက်ကြသည် ။
ကျစ်ယွီရှီက လက်မှတ်ဝယ်ရန် သူ့သက်သေခံကတ်ကို စုန့်ချင်းလန်အား ပေးလိုက်ရာ တစ်ဖက်လူ၏ ညိုမည်းယောင်ရမ်းနေသော လက်ကို ရုတ်တရက် မြင်သွားသည် ။
စုန့်ချင်းလန်က သတိမထားမိသည့်ပုံပင် ။ သူ၏သွယ်လျလျလက်ချောင်းများက ထုတ်ချင်းဖောက်ဘောင်ကွက်တွင် အလျင်အမြန် ရွေးချယ်နေသော်လည်း သူ့အပြုအမူများမှာ အနည်းငယ်တောင့်တင်းနေကြောင်း မြင်နိုင်ပေသည် ။
နာနေလား?
နာနေမှာပဲ ။
သူရထားတွဲထဲမှ ထွက်လာသည့်အချိန်မှစ၍ စုန့်ချင်းလန် ရှာတွေ့သည့်အချိန်အထိ တစ်ဖက်လူက သူ့ကိုလုံးဝအပြစ်မတင်သေးကြောင်း ကျစ်ယွီရှီ နားလည်လိုက်ရသည် ။
သူတို့၏လက်ရှိအခြေအနေမှာ အကုန်လုံး သူ့အမှားပင် ။
လက်ရှိလက်တွေ့က ဘယ်လိုဖြစ်နေပါစေ ၊ အနည်းဆုံး စုန့်ချင်းလန် အတွက်တော့ ပရမ်းပတာမစ်ရှင်ပြိီးနောက် ကြားဖြတ်ခံရပြီး ပြန်ရောက်လာသည့် သူ့လက်တွေ့ဖြစ်သည် ။
အရင်ဆုံး သံသယရှိခဲ့သောသူက သူဖြစ်ပြီး သူနှင့် ပြဿနာများကို ဆွေးနွေးရန် နျဥ်းမြို့သို့ မလာခင် သတင်းအချက်အလက်များ ကြိုစားပမ်းစား စုစည်းလာသူကလည်း သူပင်ဖြစ်သည်--- ဘယ်အရာကမျှ မသေချာသေးသည့်အခြေအနေတွင် တစ်ဖက်လူက အားလုံးကို လုပ်ပေးခဲ့သည် ။ ထို့အပြင် စုန့်ချင်းလန်က သူ၏အခြားမှတ်ဉာဏ်များကို မှတ်မိရန် ဖိအားပေးခံရပြီး မူလက သူ့လက်တွေ့ဟုထင်နေသည့် အရာအားလုံးက ကပြောင်းကပြန်ဖြစ်သည့်တိုင် သူတို့၏ အခြေအနေကို အဖြေရှာဖို့ ကြိုးစားရန် အတူတကွ ထွက်ခွာလာသည့် အချိန် သူသည် ချန်ထားခံရလုနီးနီးပင် ။
အချိန်တစ်လျှောက်လုံးတွင် စုန့်ချင်းလန်က ပျာယာခတ်မနေခဲ့သလို နောက်ပြန်ဆုတ်ရန် အကြံကိုပင် မစဉ်းစားခဲ့ချေ ။
ဒါပေမဲ့ သူတကယ်ပဲ လုံးဝ ထိတ်ပြာမနေဘူးလား ?
မှတ်ဉာဏ်ရှုပ်ထွေးမှုနှင့် လက်တွေ့ကို မခွဲခြားနိုင်သည့် ခံစားချက်ကို ကမ္ဘာပေါ်ရှိ မည်သူကမျှ ကျစ်ယွီရှီလောက် ကောင်းကောင်းသိမည်မဟုတ်ပေ ။ သူ့နှလုံးသားက ဘယ်လောက်ပဲ မာကြောနေပါစေ ၊ စုန့်ချင်းလန်သည်လည်း သာမန်လူသားတစ်ယောက် ဖြစ်သည် ။
လက်မှတ်ဝယ်ပြီးနောက် စုန့်ချင်းလန်က မေး၏ ။ " မင်းဒီဆုကို လိုချင်ရင် စောင့်ရှောက်သူအနေနဲ့ အမှတ်တွေပိုပြီး မြန်မြန်စုနိုင်မှာပဲ ။ ဘာလို့ မှတ်တမ်းတင်သူဖြစ်လာဖို့ ရွေးလိုက်ဝာာလဲ ? "
"ဘာလို့ဆို ကျွန်တော့်ဆုကို ရဖို့လိုအပ်တဲ့ အခြေအနေက မှတ်တမ်းတင်သူအဖြစ် မှတ်တမ်းတင်သူမစ်ရှင် ၁၀၀ကို ပြီးအောင်လုပ်အောင်လုပ်ရမှာမို့ ကျွန်တော် မှတ်တမ်းတင်သူပဲ လုပ်လို့ရတယ် "
သူပြောလိုက်ပြီးပြီးချင် သူသည် စုန့်ချင်းလန် မေးခွန်းကို အမှန်တကယ် ဖြေလိုက်မိကြောင်း ကျစ်ယွီရှီ နားလည်သွားသည် ။
ယုံကြည်မှုက ထပ်တူကျ၏ ။
နှလုံးသားကို ဖွင့်ဟပြရန်မှာ သိပ်ပြီး မခက်ခဲလောက်ပေ ။
ဤသေးငယ်သော ဘူတာရုံထဲတွင် ရထားက ဖြတ်သန်းသွား၏ ။
ဆူညံသံများကြားတွင် စုန့်ချင်းလန်က သူ့ခေါင်းကိုလှည့်ကာ လှမ်းကြည့်လာသည် ။
"ကျွန်တော့်ကို မွေးစားထားတာ " ကျစ်ယွီရှီက မျက်လွှာချလိုက်ရာ သူ့မျက်တောင်များက အရိပ်ကျလာ၏ ။ "ကျွန်တော်က ကျွန်တော့်အဖေ အသတ်ခံရတဲ့ မြင်ကွင်းကို မြင်ရဖို့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကို ပြန်သွားချင်တာ "
•°•°•
『Zawgyi』
《တစ္စုံတစ္ေယာက္ကို ယုံၾကည္ရန္ သိပ္မခက္ခဲလွ 》
က်စ္ယြီရွီ၏ တုံ႔ျပန္ခ်က္မွာ အလြန္အားနည္းလွစြာ ။ သူသည္ ထိုစာေၾကာင္းကို ေတြေဝမႈတစ္စုံတစ္ရာမရွိဘဲ ေျပာလာခဲ့သည္မွာ စိတ္ထဲတြင္ ထိုအေၾကာင္းကို အႀကိမ္ေပါင္းေထာင္ခ်ီေတြးထားဖူး၍ ထုတ္ေျပာရန္ လုံးဝဝန္ထုတ္ဝန္ပိုးမရွိသည့္အလား ။
ထူးဆန္းလြန္းေနသည္ ။
ပုံမွန္ က်စ္ယြီရွီ မဟုတ္သည့္အတိုင္းပင္ ။
စုန႔္ခ်င္းလန္၏အသံတြင္ ယခုေတာ့ စိတ္တုန္လႈပ္သည့္ အရိပ္အေယာင္ ေရာယွက္လာ၏ ။ "ဘာလို႔ မရွိရမွာလဲ ? မင္းမွာ မိဘေတြ ၊ လုပ္ေဖာ္ကိုင္ဖက္ေတြ ၊ သူငယ္ခ်င္းေတြေရာ ၊ မင္းအစ္ကိုလဲ ရွိတယ္ေလ---ခုနက ငါတို႔ သူနဲ႔ေတြ႕ခဲ့တယ္ မဟုတ္ဘူးလား ? "
ႏွစ္ေယာက္သည္ မ်က္ႏွာခ်င္းဆိုင္ ေျပာဆိုေနၾကရင္း က်စ္ယြီရွီက တစ္စုံတစ္ခုအၾကား ပိတ္မိေနသည့္အတိုင္းပင္ ။ သူ႔ခႏၶာကိုယ္အစိတ္အပိုင္းတိုင္းက ေတာင့္တင္းေနကာ သူ႔အသက္ရႉသံမ်ားသည္ပင္ ျမန္ဆန္ေနေလသည္ ။
ထိုေမးခြန္းကိုၾကားေသာ္ သူ႔မ်က္ေတာင္မ်ား အနည္းငယ္ လႈပ္ခတ္သြား၏ ။ သို႔ေသာ္ သူ႔မ်က္ႏွာအမူအရာမွာမူ မေျပာင္းမလဲရွိေနဆဲ ။
သူသည္ အေသအခ်ာကို အနည္းငယ္ တုန္ရီေနခဲ့သည္ ။
သူ႔တုံ႔ျပန္မႈကိုျမင္ေသာအခါ စုန႔္ခ်င္းလန္က ထပ္ေျပာလိုက္သည္ ။ "မဟုတ္ရင္လဲ မင္းတြဲေနတဲ့သူေတြ ရွိေသးတာပဲ ။ မင္းမရွိေတာ့ရင္ သူတို႔ဘာျဖစ္သြားမလဲ ? "
သုံးေယာက္က တစ္ေယာက္တည္းအျဖစ္ေျပာင္းလဲသြားျခင္း ။ ဤသည္က တကယ္ကို အေျဖာင့္တစ္ေယာက္ သည္းခံနားေထာင္နိုင္သည့္အရာမ်ိဳး မဟုတ္ေပ ။
စုန႔္ခ်င္းလန္သည္ မသင့္ေလ်ာ္ဟု ခံစားလိုက္ရ၏ ။ ဤဥပမာသည္ သိပ္မေကာင္းလွေခ် ။
သူသည္ ရပ္တန္႔လိုက္ၿပီး အျခားေခါင္းစဥ္တစ္ခုကို ေျပာင္းေျပာလိုက္သည္ ။ အဓိကျပႆနာကို အာ႐ုံစိုက္ထားရန္ အေကာင္းဆုံးႀကိဳးစားလိုက္၏ ။ "လူတိုင္းမွာ သူတို႔နဲ႔အမွန္တကယ္ သက္ဆိုင္တဲ့ လက္ေတြ႕ဆိုတာ ရွိတယ္ ။ လူတိုင္းမွာ သူတို႔နဲ႔သက္ဆိုင္တဲ့ဘဝရွိတယ္ ။ ေတြးၾကည့္ပါအုံး.. မင္းတကယ္ပဲ တကယ့္လက္ေတြ႕မွာ ျဖစ္ေအာင္လုပ္ခ်င္တဲ့အရာ တစ္ခုေလးေတာင္မရွိဘူးလား ? ဥပမာ မင္း အခ်ိန္အၾကာႀကီး လိုက္ခဲ့တဲ့ မင္းရဲ့အိပ္မက္တို႔ ဘာတို႔ ။ မင္းအခု လက္ေလၽွာ့လိုက္ရင္ ဒီေလာက္ႏွစ္ေတြအၾကာႀကီး ႀကိဳးစားခဲ့တာက ဘာျဖစ္သြားမလဲ---"
သူ႔စကားလုံးမ်ားမွာ ထိုေနရာ၌ ႐ုတ္ခ်ည္းရပ္တန႔္သြားရသည္ ။ စုန႔္ခ်င္းလန္ ေၾကာင္အမ္းသြားရသည္မွာ က်စ္ယြီရွီ၏ မ်က္ေတာင္မ်ားက အနည္းငယ္ တုန္လႈပ္သြားၿပီး အင္မတန္လ်င္ျမန္လွေသာ အရွိန္ျဖင့္ မ်က္ရည္တစ္စက္ ေပါက္ခနဲက်လာေသာေၾကာင့္ပင္ ။
စုန႔္ခ်င္းလန္သည္ တစ္စုံတစ္ေယာက္၏ မ်က္ရည္မ်ားက ထိုမၽွ လ်င္ျမန္ေျဖာင့္တန္းစြာ စီးက်လာသည္ကို တစ္ခါမွ မျမင္ခဲ့ဖူးေပ ။
အံ့ဩမႈႏွင့္အတူ သူ႔ႏွလုံးသားမွာ တင္းက်ပ္သြားရၿပီး ရင္ဘတ္တစ္ေလၽွာက္ နာက်င္မႈကို ေပးပို႔လာ၏ ။
စုန႔္ခ်င္းလန္သည္ ထိုအခါမွသာ တုံ႔ျပန္နိုင္သည္ ။ အဲ့လိုလက္ေတြ႕မ်ိဳးမရွိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ ?
သူထင္ထားသလိုမ်ိဳး က်စ္ယြီရွီရဲ့ဘဝက ေပ်ာ္စရာေကာင္းမေနဘူးလား ?
ထိုမၽွ အလြန္အမင္း အဆိုးျမင္သည့္ဘက္သြားေနေသာ စကားလုံးမ်ားကို ေျပာလာသူက က်စ္ယြီရွီကိုယ္တိုင္ပင္ျဖစ္သည္ ။ အဓိပၸာယ္က ခဏတာ စိတ္ခံစားခ်က္ျပင္းထန္ေပါက္ကြဲထြက္လာျခင္းမဟုတ္ဘဲ အမွန္တရားျဖစ္ဖို႔မ်ားသည္ ။
သူသည္ သိသိသာသာ ဘာမေျပာညာမေျပာ ထားခံခဲ့ရသူျဖစ္ၿပီး စိတ္ဆိုးေဒါသထြက္ကာ မတရားခံရသလို ခံစားသင့္သည့္သူ ျဖစ္သည့္တိုင္ စုန႔္ခ်င္းလန္က ဤသည္ကို နားလည္သြားေသာအခါ ေျပာစရာေပ်ာက္ရွသြားရသည္ ။ သူ႔ဘဝတြင္ ပထမဆုံးအႀကိမ္အျဖစ္ စာေၾကာင္းတစ္ေၾကာင္းေတာင္ ေသေသခ်ာခ်ာမစီကုံးနိုင္ခဲ့ဘဲ အနည္းငယ္ ထိတ္ပ်ာစျပဳလာသေယာင္ ခံစားဖူးျခင္းပင္ ။
သူသည္ လက္ကိုေျမႇာက္လိုက္ၿပီးေနာက္ ျပန္ခ်လိုက္သည္ ။
စုန႔္ခ်င္းလန္ စိတ္မြန္းၾကပ္လာရသည္ ။ ေသလိုက္ပါေတာ့.. တစ္စုံတစ္ေယာက္ကို ဘယ္လိုႏွစ္သိမ့္ရမလဲဆိုတာကို ဘာလို႔ သူ႔ကိုတစ္ေယာက္မွ မသင္ေပးထားရတာလဲ ?
က်စ္ယြီရွီသည္ အမွန္တကယ္ေတာ့ ငိုေနျခင္းမဟုတ္ေပ ။
ထိုမ်က္ရည္မ်ားမွာ ဇီဝျဖစ္စဥ္ပင္ ။ ထင္းရႉးရြက္ေပၚရွိ ႏွင္းမ်ားက ေလေၾကာင့္လႈပ္ခတ္သြားကာ ေအာက္ဘက္ရွိ ႏွင္းထုထဲသို႔ က်ဆင္းကြယ္ေပ်ာက္သြားသည့္ႏွယ္ ။ ေပါက္ခနဲတစ္စက္သာ က်သြားၿပီး ထိုမၽွသာျဖစ္သည္ ။
ငိုေႂကြးသည္ႏွင့္ယွဥ္လၽွင္ ပင္ကိုအာ႐ုံခံစားခ်က္တစ္ခုႏွင့္ ပိုတူ၏ ။
အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ အလြန္နီးကပ္ေနၾကေသာ္လည္း စုန႔္ခ်င္းလန္သည္ က်စ္ယြီရွီမ်က္ႏွာကို ထိေတြ႕ရန္ လက္လွမ္းၿပီး က်စ္ယြီရွီ၏မ်က္ရည္မ်ားကို သုတ္ဖယ္မေပးနိုင္ေၾကာင္း သိလိုက္ရသည္။
သူ က်စ္ယြီရွီကို ထိကိုင္လိုက္သည္ႏွင့္ တစ္စုံတစ္ခုက လုံးဝၿပိဳလဲကြဲေၾကသြားမည့္အလား ။
အလင္းေရာင္ေအာက္တြင္ ထင္ဟပ္ေနေသာ က်စ္ယြီရွီ၏မ်က္လုံးမ်ားက သူ႔ကို ဆက္လက္၍ ၾကည့္ေနျမဲ ။
ထိုမ်က္ဝန္းမ်ားမွာ စိုစြတ္ေနေသာ္လည္း အရင္တုန္းကထက္ ပို၍ေအးစက္ေနခဲ့သည္ ။ က်စ္ယြီရွီက ဆို၏ ။ "ဒီမွာ ကၽြန္ေတာ္လိုခ်င္ဝာာ အကုန္ရနိုင္တယ္ "
စုန႔္ခ်င္းလန္ : "ဒါေပမဲ့ မင္းက ဒီေနရာနဲ႔ မသက္ဆိုင္ဘူးေလ ! "
က်စ္ယြီရွီ : "ကၽြန္ေတာ္ ဘယ္လက္ေတြ႕မွာပဲ ရွိေနေန အေရးမႀကီးဘူး "
သူသည္ ျပဳစားခံလိုက္ရသည္ေပ ။
"က်စ္ယြီရွီ ! "
စုန႔္ခ်င္းလန္သည္ ဆက္လက္၍ ေအာင့္အည္းမထားနိုင္ေတာ့ေပ ။ သူသည္ အလိုအေလ်ာက္က်သြားေသာ မ်က္ရည္မ်ားကို သူ႔လက္မျဖင့္ သုတ္ဖယ္ေပးလိုက္သည္ ။ သူ႔လက္မ်ားဘာေၾကာင့္ ပူေႏြးေနသည္ဟု ခံစားေနရသည္လဲ သူမသိ ။ သူ႔လက္ေခ်ာင္းထိပ္ဖ်ားမ်ားသည္ပင္ အနည္းငယ္ တုန္ရီေနေလ၏ ။
သူသည္ တစ္စုံတစ္ရာကို နားလည္သြားေသာ္လည္း ယခုက စုန႔္ခ်င္းလန္အတြက္ ထိုအေၾကာင္းကို စဥ္းစားရန္ အခ်ိန္ေကာင္းမဟုတ္ေပ ။ သူသည္ ေလးနက္ေသာအသံျဖင့္ ေျပာလိုက္သည္ ။ "သိပ္အေရးႀကီးတာေပါ့ ! မင္းဘယ္သူလဲဆိုတာက အရမ္းအေရးႀကီးတယ္ ! မင္းေျပာသလိုမ်ိဳး မင္းမွာ အဲ့လိုလက္ေတြ႕မရွိရင္ေတာင္ မင္းမွာ ငါတို႔ရွိေသးတယ္ ။ ငါ ၊ ခၽြင္းအာ ၊ သြမ့္ဝမ္.....တပ္ဖြဲ႕ ၇က လူေျခာက္ေယာက္က မင္းကို ေစာင့္ေနတယ္ေလ ။ အဲ့ဒီဖုန္းေကာလ္တစ္ခုေၾကာင့္ မင္းရဲ့ႏွလုံးသားကို ေႏွာင့္ယွက္ခံလိုက္လို႔မျဖစ္ဘူး ။ အကုန္လုံးက ေသာက္က်ိဳးနည္း အတုအေယာင္ေတြ---"
ဖုန္းေခၚဆိုမႈတစ္ခု ။
ထိုစကားလုံးမ်ားက က်စ္ယြီရွီနားထဲ ဝင္လာ၏ ။
တစ္ခဏခ်င္းတြင္ပင္ သူ႔မ်က္စိသူငယ္အိမ္မ်ားမွာ အနည္းငယ္ ျပဴးက်ယ္သြားကာ တျဖည္းျဖည္းႏွင့္ သူ႔ခႏၶာကိုယ္တစ္ခုလုံး သိသိသာသာ ေျပေလ်ာ့လာခဲ့သည္။
"အတုအေယာင္ "
သူေျပာလိုက္၏ ။
သူ႔စိတ္ထဲရွိ တင္းမာေနေသာႀကိဳးတစ္ေခ်ာင္းက ျပတ္ထြက္သြားခဲ့သည္ ။ က်စ္ယြီရွီသည္ တျဖည္းျဖည္းအသိစိတ္ျပန္ဝင္လာ၏ ။ သူသည္ အားကုန္သြားသကဲ့သို႔ စုန႔္ခ်င္းလန္ ပခုံးေပၚ က်လာခဲ့သည္။
"ေခါင္းေဆာင္စုန႔္...အဲ့ဒီဖုန္းပဲ....."
မေမၽွာ္လင့္ဘဲ ေထာက္တိုင္အျဖစ္ အသုံးခ်ခံလိုက္ရေသာ စုန႔္ခ်င္းလန္တစ္ေယာက္ ေတာင့္ခဲသြားေလ၏ ။
တစ္ဖက္လူက သူ႔ရင္ခြင္ထဲ လုံးဝေရာက္ေနသည္ပင္ ။
မွိန္ေဖ်ာ့ေသာရနံ့တစ္ခုက သူ႔ႏွာေခါင္းထဲ တိုးဝင္လာသည္ ။ က်စ္ယြီရွီဆံပင္မွ ထြက္လာျခင္းပင္ ။
က်စ္ယြီရွီသည္ ဘာမၽွလြဲမွားမႈ မရွိသည့္အလား အသက္ျဖည္းျဖည္းရႉေန၏ ။ သူ႔စိတ္မ်ား ျပန္လည္ၾကည္လင္လာေသာအခါ သူေခၽြးေစးမ်ား ထြက္ေနသည္ကို သတိထားမိသြားသည္ ။
သူသည္ ယခုမွသာ အနည္းငယ္ ေၾကာက္ရြံ့သြားရသည္ ။
အကယ္၍ စုန႔္ခ်င္းလန္သာ သူ႔ကို လိုက္မမီခဲ့လၽွင္ သူသည္ ထိုေသေလာက္ေသာ ဆြဲေဆာင္မႈေနာက္ တကယ္ လိုက္သြားခဲ့ေလာက္သည္ ။
က်စ္ယြီရွီသည္ သူ႔ဦးေခါင္းကို စုန႔္ခ်င္းလန္ပခုံးထက္ မွီထားလိုက္ၿပီး ခပ္ျမန္ျမန္ အက်ဥ္းခ်ဳံး ေျပာလာခဲ့သည္ ။ "အဲ့ဒီဖုန္းေကာလ္က တစ္ခုခုလြဲေနတယ္ ။ ကၽြန္ေတာ္ လိုခ်င္ေတာင့္တေနတဲ့အရာကို ေသခ်ာသိေနတာ ။ ဖုန္းခ်ၿပီးေတာ့ ကၽြန္ေတာ့္ေခါင္းထဲ အဲ့အေၾကာင္းတစ္ခုပဲ ရွိေတာ့တယ္ ။ တျခားဘာမွအေရးမႀကီးေတာ့ဘူး "
အက်ပ္အတည္းမွ ေရွာင္လႊဲနိုင္သြားခဲ့သည္ ။ အေသအခ်ာကို ထိုဖုန္းေခၚဆိုမႈပင္။
စုန႔္ခ်င္းလန္က သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္ ။ "ဖာခ့္ "
ဤအေနအထားက က်စ္ယြီရွီ ဦးေခါင္းထက္တြင္ သူ႔ေမးေစ့ကို တင္ေနေစ၏ ။ ထိုသို႔ အေျခအေနမ်ိဳးတြင္ သူမည္သို႔တုံ႔ျပန္ရမလဲ သူမသိေခ် ။
က်စ္ယြီရွီက မလႈပ္ေသးသျဖင့္ စုန႔္ခ်င္းလန္သည္ တြန႔္ဆုတ္စြာျဖင့္ လက္ေျမႇာက္လိုက္ကာ တစ္ဖက္လူ၏ေက်ာျပင္ကို ပုတ္ေပး႐ုံသာတတ္နိုင္သည္ ။ " မင္းအသိျပန္ဝင္လာတာ ေတာ္ေသးတယ္ ။ ငါတို႔ သြမ့္ဝမ္နဲ႔တျခားသူေတြကိုလဲ အသိေပးၿပီး ပိုသတိထားဖို႔ ေျပာရမယ္ "
က်စ္ယြီရွီက သေဘာတူေၾကာင္း အသံျပဳလာေသာ္လည္း မေရႊ႕ေပးေသးေပ ။
ေအာက္သို႔ ျပန္ခ်ေတာ့မည့္ စုန႔္ခ်င္းလန္လက္မွာ တြန႔္ဆုတ္သြားရသည္ ။
စကၠန႔္ေပါင္းမ်ားစြာ ၾကာၿပီးသည့္ေနာက္တြင္ သူသည္ ေထြးဖက္သည့္ အေနအထားသို႔ ေျပာင္းလိုက္ေလ၏ ။ သူ႔အဖြဲ႕သားတစ္ဦးက စိတ္အေျခအေနမေကာင္းလၽွင္ သူတို႔ကို ႏွစ္သိမ့္ေပးရန္ ေခါင္းေဆာင္တစ္ေယာက္အေနႏွင့္ သူ႔တာဝန္ကို သူလုပ္ရမည္ေပ ။
သူ႔လက္ေမာင္းၾကားရွိ လူကို ႏူးညံ့ညင္သာစြာ ကာကြယ္ေပးေနရင္း စုန႔္ခ်င္းလန္သည္ အနည္းငယ္မေက်မနပ္ ေျပာလာ၏ ။ "အစကေတာ့ ႏွစ္ထပ္ခြဲစမ္းသပ္ခ်က္အေၾကာင္း ေဆြးေႏြးေနၿပီး ခဏေနေတာ့ မင္းကထြက္ေျပးသြားေရာ ။ လီခၽြင္းထက္ေတာင္ မင္းက ပိုေပြရႈပ္ေသးတယ္ ။ အႀကံေပးက်စ္..အဲ့ဒီဖုန္းေကာလ္ထဲ မင္းကို ဘာက အဲ့ေလာက္ေတာင္ ဆြဲေဆာင္သြားတာလဲ ? "
အမွန္ေတာ့ စုန႔္ခ်င္းလန္သည္ က်စ္ယြီရွီၾကဳံေတြ႕ခဲ့ရသည္မ်ားႏွင့္ "ကၽြန္ေတာ့္မွာ အဲ့လိုလက္ေတြ႕မရွိ"ဟူေသာ အဆိုးျမင္လြန္းသည့္ စကားမ်ားကို ေျပာထြက္လာရန္ ဘယ္လိုဘဝမ်ိဳးကို ေနထိုင္ခဲ့ရသည္လဲ သူသိခ်င္မိသည္ ။
သို႔ေသာ္ သူတို႔သည္ တစ္ေယာက္ကိုတစ္ေယာက္ အလုံးစုံေျပာျပနိုင္သည့္ အေျခအေနသို႔ မေရာက္ေသးပုံပင္ ။
က်စ္ယြီရွီက မသဲမကြဲအသံျဖင့္သာ ျပန္ေျဖလာသည္ ။ "အဲ့တာက ကၽြန္ေတာ့္တစ္ဘဝလုံး လိုက္ေနရတဲ့အရာမို႔ "
တစ္ဖက္လူရႉထုတ္လိုက္ေသာ အပူေငြ႕က သူ႔လည္ပင္းထက္ ပ်ံ႕လြင့္လာကာ ယားက်ိက်ိခံစားခ်က္ကို ျဖစ္ေစသည္ ။
လူတစ္ေယာက္ အမူးေျပေသာအခါ ရႈပ္ေထြးေနဆဲအေျခအေနတြင္ သူတို႔လုပ္ထားခဲ့ေသာ အရာအားလုံးကို မွတ္မိေနဆဲပင္ ။ စုန႔္ခ်င္းလန္၏ ႏွလုံးသားမွာ ငွက္ေမြးႏွင့္ အတို႔ခံရသလို ခံစားေနရၿပီး သူအနည္းငယ္ ရယ္ခ်င္လာမိသည္ ။ "ဘာမ်ားလဲ?"
သူေျပာလိုက္ၿပီးၿပီးခ်င္း က်စ္ယြီရွီက စုန႔္ခ်င္းလန္ကို တြန္းထုတ္လိုက္သည္ ။
"ေက်းဇူး"
ျပန္သက္သာလာသည္ႏွင့္ က်စ္ယြီရွီက အညႇာအတာမဲ့စြာ အကြာအေဝးတစ္ခုျခားထားျပန္၏ ။ သူသည္ သူ၏ပုံမွန္တည္ၿငိမ္သည့္အေျခအေနသို႔ ျပန္ေရာက္သြားၿပီျဖစ္သည္ ။ " အဲ့ဒီခ်စ္သူေကာင္ေလးသုံးေယာက္တို႔ ဘာတို႔ျဖစ္မွာေပါ့ ။ ကၽြန္ေတာ္ျပန္မသြားရင္ သူတို႔ဝမ္းနည္းၿပီး ေသသြားမွာ မဟုတ္လား?"
ခုနက စုန႔္ခ်င္းလန္၏ စကားျဖစ္ေသာ "မင္းတြဲေနတဲ့သူေတြ ရွိေသးတာပဲ ။ မင္းမရွိေတာ့ရင္ သူတို႔ဘာျဖစ္သြားမလဲ ?" ဟူသည့္ စကားထဲတြင္ "သူတို႔"ဟူေသာ စကားလုံးကို အလြန္သတိတႀကီးျဖင့္ ေျပာလိုက္ျခင္းပင္ ။
က်စ္ယြီရွီသည္ စုန႔္ခ်င္းလန္ကို ဤမၽွ ဇြဲႀကီးႀကီး အထင္လြဲေနလိမ့္မည္ဟု မေမၽွာ္လင့္ထားေပ ။
စြပ္စြဲခံလိုက္ရသည္ဟု ခံစားရသျဖင့္ အျငႇိုးအေတးႀကီးေသာ က်စ္ယြီရွီတစ္ေယာက္ အေျဖာင့္တစ္ေယာက္ႏွင့္ ၿပိဳင္ျငင္းမေနခ်င္၍ သူ႔အား တားဆီးရန္ ထိုစကားလုံးမ်ားကို ရည္ရြယ္ခ်က္ရွိရွိ ေျပာလိုက္၏ ။
စုန္႔ခ်င္းလန္က မ်က္ေမွာင္ၾကဳတ္မိရင္း "......."
"ကၽြန္ေတာ့္ဘာသာ ကၽြန္ေတာ္ တအားဂ႐ုစိုက္ပါတယ္ " စုန႔္ခ်င္းလန္ကို စကားမေျပာနိုင္ေအာင္ ေအာင္ေအာင္ျမင္ျမင္လုပ္ၿပီးသည့္ေနာက္တြင္ေတာ့ က်စ္ယြီရွီက အဓိကအေၾကာင္းအရာဆီ ျပန္သြားလိုက္သည္ ။ "ဌာနမႉးလင္းက ဖုန္းထဲမွာ ရလဒ္ေတြထြက္ၿပီလို႔ေျပာတယ္ ။ မစ္ရွင္အဆင့္ကလဲ အေတာ္ျမင့္တယ္တဲ့ "
စိတ္ထဲတြင္ အနည္းငယ္ ဗလာက်င္းေနလ်က္ သူမေပ်ာ္မရႊင္ခံစားေနရသည္ ။
စုန႔္ခ်င္းလန္က သူ႔ရင္ဘတ္ေရွ႕တြင္ လက္ကိုပိုက္လိုက္ကာ ေမာက္မာစြာေျပာလာ၏ ။ "အတုပဲ ။ ရလဒ္ေတြက ဒီေလာက္ျမန္ျမန္ႀကီး ထြက္လာမွာ မဟုတ္ဘူး "
က်စ္ယြီရွီ : "ဒီေလာက္မျမန္ေလာက္ဘူးလို႔ ကၽြန္ေတာ္လဲသိပါတယ္ "
•
ႏွစ္ေယာက္သည္ အထဲသို႔ ျပန္ေလၽွာက္လာခဲ့သည္ ။ သူတို႔သည္ လက္မွတ္ထပ္ဝယ္ရေတာ့မည္ျဖစ္သည္ ။
သူတို႔ေဘးပတ္လည္ရွိ ခရီးသည္မ်ား အေလာတႀကီးႏွင့္ ။ ရံဖန္ရံခါတြင္ မရင္းႏွီးေသာ မ်က္ႏွာမ်ားက သူတို႔ကို ၾကည့္ေနၾကသည္ ။
ထိုသို႔ ဝ႐ုန္းသုန္းကားျဖစ္ၿပီးေနာက္တြင္ စုန႔္ခ်င္းလန္က သူဖမ္းမိထားေသာ အႏွီလူကို ေျပာစရာမလိုေအာင္ အနီးကပ္ ေစာင့္ၾကည့္ေနခဲ့သည္ ။ ယခုအခ်ိန္တြင္ သူတို႔သည္ ဤလက္ေတြ႕က သူတို႔အစကထင္ထားသည္ထက္ မ်ားစြာရႈပ္ေထြးေၾကာင္း ေသခ်ာသြား၏ ။
သူတို႔သာ အာ႐ုံမစိုက္ထားမိလၽွင္ တစ္ဖက္လူက ေနာက္ထပ္ အျခားတစ္ခုေၾကာင့္ထပ္မံ ဆြဲေဆာင္ခံလိုက္ရနိုင္သည္ေပ ။
စုန႔္ခ်င္းလန္ : "မင္းစိတ္လြတ္သြားတာ အဲ့ဒီမစ္ရွင္အဆင့္ေၾကာင့္လား ? "
"ဟုတ္တယ္ " က်စ္ယြီရွီက လမ္းေလၽွာက္ေနရင္း ရွင္းျပလိုက္သည္ ။ သူသည္ ဆက္မေျပာခင္ အနည္းငယ္ေတြေဝေနပုံေပၚ၏ ။ "ၿပီးခဲ့တဲ့ မစ္ရွင္အဆင့္ပါပါရင္ ကၽြန္ေတာ္ထိုက္တန္တဲ့ဆုကို ရနိုင္တယ္ "
ဘယ္လိုဆုလာဘ္မ်ိဳးက ဆြဲေဆာင္အားျပင္းေနသျဖင့္ က်စ္ယြီရွီလို လူမ်ိဳးကိုပင္ စိတ္ယိုင္ေအာင္လုပ္နိုင္သည္လဲ ? သူသည္ အမွန္ဟုတ္မဟုတ္ကိုပင္ ဂ႐ုမစိုက္ေတာ့ဘဲ ျပဳစားခံလိုက္ရသည့္ႏွယ္ သူ႔အဖြဲ႕သားကို ပစ္ထားခဲ့သည္ ။
ထ်န္းခ်ဳံတြင္ အမွတ္ေပးစနစ္ရွိ၏ ။
ထ်န္းခ်ဳံ၌ အမွတ္မ်ားစုေပါင္းျခင္းမွာ အဆင့္ျမင့္ျမင့္ရရန္ပင္ မဟုတ္ဘဲ ပို၍ႀကီးမားသည့္ ေအာင္ျမင္မႈကို ယူေဆာင္လာၿပီး ထိုအမွတ္မ်ားျဖင့္ ပိုအဆင့္ျမင့္သည့္ တာဝန္မ်ားကို လဲလွယ္ကာ အနာဂတ္လမ္းေၾကာင္းတိုးတက္ေရးအတြက္ အလြန္အေရးႀကီးသည့္ ထ်န္းခ်ဳံ၏ ပင္မကို ဝင္ေရာက္နိုင္သည္ ။
ကိုယ္ပိုင္အဆင့္ ၾကယ္တစ္ပြင့္ထက္ျမင့္ေသာ ေစာင့္ေရွာက္သူတစ္ေယာက္က စစ္ေဆးေရးမႉးအျဖစ္ ရာထူးတိုးခံရနိုင္ၿပီး မည္သည့္အခ်ိန္ႏွင့္အာကာသကိုမဆို စစ္ေဆးနိုင္မည့္ အင္အားကို ပိုင္ဆိုင္ထားေလသည္ ။
ကိုယ္ပိုင္အဆင့္ၾကယ္တစ္ပြင့္ထက္ျမင့္ေသာ မွတ္တမ္းတင္သူတစ္ေယာက္အတြက္ေတာ့.......ထ်န္းခ်ဳံသမိုင္းတစ္ေလၽွာက္တြင္ တစ္ေယာက္မၽွ မရွိခဲ့ေခ် ။
မွတ္တမ္းတင္သူတစ္ေယာက္၏ တာဝန္သည္ အေတာ္ေလး ေဘးကင္းေသာ္လည္း အလြန္ထိုင္းမွိုင္းပ်င္းရိဖြယ္ေကာင္းၿပီး တိုးတက္ရန္ အခန္းက႑မရွိ ။ အမွားမ်ားႏွင့္ အတိတ္မွ နာက်င္ဖြယ္မ်ားကို ရင္ဆိုင္ၾကဳံေတြ႕ရၿပီး ဘာမွမလုပ္နိုင္ဘဲ ေဘးလူတစ္ေယာက္အျဖစ္သာ ေနရျခင္းက လူတစ္ေယာက္၏ သည္းခံနိုင္စြမ္းႏွင့္ ဇြဲနပဲကို စစ္ေဆးေနျခင္းျဖစ္ေသာေၾကာင့္ ၾကယ္တစ္ပြင့္အျဖစ္ ရာထူးတိုးခံရသည့္သူ အမ်ားႀကီးမရွိခဲ့ေခ် ။
မစ္ရွင္အတြက္မထြက္ခြာခင္က က်စ္ယြီရွီသည္ မၾကာမီအခ်ိန္အတြင္း ၾကယ္ႏွစ္ပြင့္မွ ၾကယ္တစ္ပြင့္အဆင့္အျဖစ္ ရာထူးတိုးခံရေတာ့မည္ျဖစ္ေၾကာင္း စုန႔္ခ်င္းလန္သိသည္ ။ ၾကယ္တစ္ပြင့္ထက္ မသာလၽွင္ေတာင္ သူသည္ ဆုရနိုင္ေသး၏ ။ စုန႔္ခ်င္းလန္သည္ မွတ္တမ္းတင္သူ၏ဆုလာဘ္က ဘာမွန္းမသိေသာ္လည္း သူ၏ေကာင္းမြန္ေသာအေလ့အက်င့္က တိုက္ရိုက္ေမးရန္ တားဆိီးထားေလ၏ ။
က်စ္ယြီရွီက တပ္ဖြဲ႕ ၇မွ အျခားအဖြဲ႕သားမ်ားႏွင့္ ကြဲျပားသည္ ။ သူသည္ အျခားသူမ်ားကို အလြယ္တကူ ဖြင့္ဟတတ္သည့္လူမ်ိဳးမဟုတ္ေပ ။ သူ႔အေတြးမ်ားကို စီစစ္ဆန္းစစ္ေသာအခ်ိန္၌ပင္ သူ အျပည့္အဝယုံၾကည္ခ်က္ရွိသည့္ အခ်ိန္တြင္သာ ေဖာ္ျပလိမ့္မည္ ။
Ouroboros မစ္ရွင္တုန္းက လူအမ်ားေရွ႕တြင္ စကားေျပာရသည္ကလည္း က်စ္ယြီရွီအရင္ဆုံး ေက်ာ္ျဖတ္ရမည့္ျပႆနာပင္ ။
ႏွစ္ေယာက္သည္ လက္မွတ္ေရာင္းစက္ရွိရာသို႔ ေလၽွာက္သြားလိုက္ၾကသည္ ။
က်စ္ယြီရွီက လက္မွတ္ဝယ္ရန္ သူ႔သက္ေသခံကတ္ကို စုန႔္ခ်င္းလန္အား ေပးလိုက္ရာ တစ္ဖက္လူ၏ ညိဳမည္းေယာင္ရမ္းေနေသာ လက္ကို ႐ုတ္တရက္ ျမင္သြားသည္ ။
စုန႔္ခ်င္းလန္က သတိမထားမိသည့္ပုံပင္ ။ သူ၏သြယ္လ်လ်လက္ေခ်ာင္းမ်ားက ထုတ္ခ်င္းေဖာက္ေဘာင္ကြက္တြင္ အလ်င္အျမန္ ေရြးခ်ယ္ေနေသာ္လည္း သူ႔အျပဳအမူမ်ားမွာ အနည္းငယ္ေတာင့္တင္းေနေၾကာင္း ျမင္နိုင္ေပသည္ ။
နာေနလား?
နာေနမွာပဲ ။
သူရထားတြဲထဲမွ ထြက္လာသည့္အခ်ိန္မွစ၍ စုန႔္ခ်င္းလန္ ရွာေတြ႕သည့္အခ်ိန္အထိ တစ္ဖက္လူက သူ႔ကိုလုံးဝအျပစ္မတင္ေသးေၾကာင္း က်စ္ယြီရွီ နားလည္လိုက္ရသည္ ။
သူတို႔၏လက္ရွိအေျခအေနမွာ အကုန္လုံး သူ႔အမွားပင္ ။
လက္ရွိလက္ေတြ႕က ဘယ္လိုျဖစ္ေနပါေစ ၊ အနည္းဆုံး စုန႔္ခ်င္းလန္ အတြက္ေတာ့ ပရမ္းပတာမစ္ရွင္ၿပိီးေနာက္ ၾကားျဖတ္ခံရၿပီး ျပန္ေရာက္လာသည့္ သူ႔လက္ေတြ႕ျဖစ္သည္ ။
အရင္ဆုံး သံသယရွိခဲ့ေသာသူက သူျဖစ္ၿပီး သူႏွင့္ ျပႆနာမ်ားကို ေဆြးေႏြးရန္ န်ဥ္းၿမိဳ႕သို႔ မလာခင္ သတင္းအခ်က္အလက္မ်ား ႀကိဳစားပမ္းစား စုစည္းလာသူကလည္း သူပင္ျဖစ္သည္--- ဘယ္အရာကမၽွ မေသခ်ာေသးသည့္အေျခအေနတြင္ တစ္ဖက္လူက အားလုံးကို လုပ္ေပးခဲ့သည္ ။ ထို႔အျပင္ စုန႔္ခ်င္းလန္က သူ၏အျခားမွတ္ဉာဏ္မ်ားကို မွတ္မိရန္ ဖိအားေပးခံရၿပီး မူလက သူ႔လက္ေတြ႕ဟုထင္ေနသည့္ အရာအားလုံးက ကေျပာင္းကျပန္ျဖစ္သည့္တိုင္ သူတို႔၏ အေျခအေနကို အေျဖရွာဖို႔ ႀကိဳးစားရန္ အတူတကြ ထြက္ခြာလာသည့္ အခ်ိန္ သူသည္ ခ်န္ထားခံရလုနီးနီးပင္ ။
အခ်ိန္တစ္ေလၽွာက္လုံးတြင္ စုန႔္ခ်င္းလန္က ပ်ာယာခတ္မေနခဲ့သလို ေနာက္ျပန္ဆုတ္ရန္ အႀကံကိုပင္ မစဥ္းစားခဲ့ေခ် ။
ဒါေပမဲ့ သူတကယ္ပဲ လုံးဝ ထိတ္ျပာမေနဘူးလား ?
မွတ္ဉာဏ္ရႈပ္ေထြးမႈႏွင့္ လက္ေတြ႕ကို မခြဲျခားနိုင္သည့္ ခံစားခ်က္ကို ကမၻာေပၚရွိ မည္သူကမၽွ က်စ္ယြီရွီေလာက္ ေကာင္းေကာင္းသိမည္မဟုတ္ေပ ။ သူ႔ႏွလုံးသားက ဘယ္ေလာက္ပဲ မာေၾကာေနပါေစ ၊ စုန႔္ခ်င္းလန္သည္လည္း သာမန္လူသားတစ္ေယာက္ ျဖစ္သည္ ။
လက္မွတ္ဝယ္ၿပီးေနာက္ စုန႔္ခ်င္းလန္က ေမး၏ ။ " မင္းဒီဆုကို လိုခ်င္ရင္ ေစာင့္ေရွာက္သူအေနနဲ႔ အမွတ္ေတြပိုၿပီး ျမန္ျမန္စုနိုင္မွာပဲ ။ ဘာလို႔ မွတ္တမ္းတင္သူျဖစ္လာဖို႔ ေရြးလိုက္ဝာာလဲ ? "
"ဘာလို႔ဆို ကၽြန္ေတာ့္ဆုကို ရဖို႔လိုအပ္တဲ့ အေျခအေနက မွတ္တမ္းတင္သူအျဖစ္ မွတ္တမ္းတင္သူမစ္ရွင္ ၁၀၀ကို ၿပီးေအာင္လုပ္ေအာင္လုပ္ရမွာမို႔ ကၽြန္ေတာ္ မွတ္တမ္းတင္သူပဲ လုပ္လို႔ရတယ္ "
သူေျပာလိုက္ၿပီးၿပီးခ်င္ သူသည္ စုန႔္ခ်င္းလန္ ေမးခြန္းကို အမွန္တကယ္ ေျဖလိုက္မိေၾကာင္း က်စ္ယြီရွီ နားလည္သြားသည္ ။
ယုံၾကည္မႈက ထပ္တူက်၏ ။
ႏွလုံးသားကို ဖြင့္ဟျပရန္မွာ သိပ္ၿပီး မခက္ခဲေလာက္ေပ ။
ဤေသးငယ္ေသာ ဘူတာ႐ုံထဲတြင္ ရထားက ျဖတ္သန္းသြား၏ ။
ဆူညံသံမ်ားၾကားတြင္ စုန႔္ခ်င္းလန္က သူ႔ေခါင္းကိုလွည့္ကာ လွမ္းၾကည့္လာသည္ ။
"ကၽြန္ေတာ့္ကို ေမြးစားထားတာ " က်စ္ယြီရွီက မ်က္လႊာခ်လိုက္ရာ သူ႔မ်က္ေတာင္မ်ားက အရိပ္က်လာ၏ ။ "ကၽြန္ေတာ္က ကၽြန္ေတာ့္အေဖ အသတ္ခံရတဲ့ ျမင္ကြင္းကို ျမင္ရဖို႔ လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္ကို ျပန္သြားခ်င္တာ "
•°•°•