ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း - ၁၃
(Unicode)
ဖြူငယ်အလုပ်လာသည်နှင့် နိုရာအနားသို့ပြေးသွားလိုက်တော့သည်။
"တွေ့တယ်မို့လား ဖြူငယ် မနေ့ကလမ်းသရဲအဆိုးအတေကို..."
"အင်းတွေ့တယ် ဖြူငယ်ကြောက်လို့သူကို့"
"အင်းနိုရာမတွေ့ရတာတောင် ပြောသံကြားတာနဲ့ကြောက်နေတာ"
နိုရာ့စကားကြောင့်ဖြူငယ်ပြုံးလိုက်သည်။ အဲ့လိုလူကိုမှမကြောက်ရင်အဆန်းဖြစ်နေမှာပေါ့ ဖြူငယ်လဲကြောက်လို့အဲ့လူကိုရှောင်ရန်သာတွေးထားတော့သည်။
"နှင်းနှင်း အလုပ်လာပြီလားဟင်နိုရာ"
"မလာသေးဘူး ဟုတ်သားနောက်ကျနေတယ် "
"အင်း...မတွေ့မိလို့ဖြူငယ်လဲ "
"အဲ့နှင်းနှင်းကလေ ဖြူငယ့်ကိိုလိုက်ပြိုင်နေတာသိလား "
နိုရာ့စကားကြောင့်ဖြူငယ်အံအားသင့်သွားရတော့သည်။
"ဟမ် ဘာလို့လဲနိုရာရဲ့ ဖြူငယ်မှာဘာပြိုင်စရာမှလဲမရှိပဲနဲ့..."
"ဖြူငယ်က မနက် 10 နာရီမှအလုပ်ဆင်းတော့ သူကပါလိုက်ပြောင်းခိုင်းတာလေ အဲ့တာပဲကြည့်တော့သူကအဲ့လိုပဲ သူ့ထက်လှလို့နေမှာပေါ့ ဖြူငယ်က "
"ဟား ဟား နိုရာပဲ ဖြူငယ့်ကိုလှတယ်ပြောတာသိလား..."
"ဟီး အဲ့တာတော့နိုရာက ဖြူငယ့်ကို ချစ်လို့နေမှာပေါ့..."
နှစ်ယောက်သားအတိုင်ဖောက်ညီပြီး စကားတစ်ပြောပြောနှင့် အချိန်ကုန်တာမြန်လွန်းပြီး နိုရာပြန်ချိန်တောင်လာပြီဖြစ်သည်။ ဖြစ်နိုင်လျှင်နိုရာနှင့်တစ်ချိန်းတည်းအလုပ်ဆင်းချင်ပါသည်။ ဒါမှဖြူငယ်အဖော်ရမှာမဟုတ်လား။
"ဖြူငယ် နိုရာပြန်တော့မယ်နော် "
"Ok ဘိုင့်ဘိုင် မနက်ဖြန်မှတွေ့မယ် "
နှုတ်ဆက်ပြီးသည်နှင့် အတင်းပြေးသွားသည့်နိုရာကိုကြည့်ပြီး ဖြူငယ်ရယ်နေလိုက်သည်။
"ဖြူငယ်ရေ ဒို့နဲ့စတိုခန်းစစ်ရမှာမို့လား "
"အင်း...သွားရအောင်လေနှင်းနှင်း "
"ဒို့ပြီးမှလိုက်ခဲ့မယ်လေ သွားနှင့်လိုက်နော် "
" အင်းပါ..."
ဖြူငယ်စတိုခန်းထဲရောက်သည်နှင့် တွေ့လိုက်ရသည်က ရှိသမျှပစ္စည်းများ ပွလန်ကျဲလို့။ ပြုတ်ကျထားတာမဟုတ်မှန်းဖြူငယ်သိသည် တမင်လုပ်ထားခြင်းဖြစ်မည်ကိုလည်းမှန်းမိသည်။စိတ်တိုတို
နှင့် တံခါးအပြင်ထွက်ရန်ပြင်သော်လည်း တံခါးကိုအပြင်မှ သော့ခက်ထားသည်လားမသိ ဖွင့်မရပေ။
"အပြင်မှာလူရှိလားဟင် နှင်းနှင်းရေ...အပြင်မှာလူရှိလားလို့ ."
"နှင်းနှင်း လူရှိလားအပြင်မှာ တံခါးဖွင့်ပေးပါအုံး "
လည်ချောင်းတွေတောင်နာရသည်အထိ အတော်ကြာအော်ခေါ်ပြီးမှနှင်းနှင်းကပြန်ထူးလေသည်။
"အော်ဖြူငယ်အထဲမှာရှိတာလား ဒို့က ပစ္စည်းစစ်ပြီးသွားပြီထင်လို့ သော့ခက်လိုက်တာ "
"အထဲမှာဖြူငယ်ရှိတယ်လေ အခုသော့ဖွင့်ပေးအုံး"
"အိုက်ယား နှင်းနှင်းသော့ဘယ်နားပျောက်သွားလဲမသိဘူး ရှာပြီးရင်လာဖွင့်ပေးမယ်နော် ပစ္စည်းအရင်စစ်ထားလိုက်နော် "
တမင်လုပ်မှန်းသိသော်လည်း ဖြူငယ်ဘာမှမလုပ်နိုင်ဘူးမို့လား ဖြူငယ်ပြဿနာဖြစ်ပြီး ဒီအလုပ်ကထွက်လို့မရသေးဘူးလေ။
"ဟူး.... စိတ်လျှော့ထားဖြူငယ် ပစ္စည်းအရင်ပြန်စီရမယ်"
ဖြူငယ်ကိုယ့်ကိုအားပေး၍ ပွကျဲနေသည့်ပစ္စည်းများကိုစီလိုက်တော့သည်။ တစ်ယောက်ထဲ ရှိသမျှပစ္စည်းများပြန်စီနေရသည်မို့ duty out ခါနီးထိမပြီးသေးပဲနဲနဲတောင်ကျန်နေသေးသည်ဖြစ်သည်။ ဖြူငယ်တစ်ကိုယ်လုံးဟာလဲ မလှုပ်ချင်တော့သည်အထိညောင်းချိနေပြီမို့ ဖြူငယ်အဆောင်ကိုသာပြန်ချင်နေတော့သည်။
"နှင်း ဟိုတစ်ယောက်ဘယ်ရောက်နေလဲ "
"အကိုကလဲ နှင်း သူ့ကိုပညာပါးပါးလေးပြထားတယ်.... "
"အရမ်းတော့မလွန်နဲ့နော် သူကအကို့အတွက်ဆိုတာလဲသိထားအုန်း..."
"အဲ့တာကြောင့်တမင် ပညာပြပေးနေတာလေအကိုရဲ့ နောက်ဆိုသူဘာမှမလှုက်ရဲအောင်လို့နှင်းက စေတနာနဲ့ပါ..."
"နှင်းသိရင်ပြီးတာပဲ "
"နှင်း duty out ရတော့မယ် အော် မေ့တော့မလို့ ဟိုတစ်ယောက်ကို..."
ပစ္စည်းများအကုန်ပြီးသည်အထိရောက်မလာ၍ ဖြူငယ်လက်ပန်းကျပြီး ထိုင်နေလိုက်သည်။ ဖြူငယ်တခဏလေးတောင်မနားပဲစီရီစစ်ခဲ့သည်မှာလဲ ပြီးသွားခဲ့ပြီပေါ့လေ။
"ဖြူငယ် ဒို့ကအခုမှသော့ရှာတွေ့လို့ ပျင်းနေမှာပေါ့ တစ်ယောက်ထဲထိုင်နေရတာနဲ့... "
တံခါးဖွင့်ပေးလာသည့်နှင်းနှင်းက ဖြူငယ့်ကိုခနဲ့သလိုကြည့်လာလေသည်။
"တမင်လုပ်တာမို့လား နှင်းနှင်း "
"ဟမ် နှင်းနှင်းကဘာလုပ်လို့လဲ "
"ဖြူငယ်သိတယ်နှင်းနှင်းတမင်လုပ်မှန်း..."
ဖြူငယ်ဒေါသ နဲနဲဖြစ်မိသည် တဂယ်ဆိုဒီထက်ပိုဒေါသဖြစ်သင့်တာကို မနည်းလျှော့ထားရသည်လေ။ ရွှေကူလက်သီးတို့ကိုတင်းကျပ်စွာဆုတ်ထားလိုက်တော့သည်။
"ငယ်ကလဲ ဘာလို့စိတ်တိုနေရတာလဲ "
"အကို့ကိုဘယ်သူက ငယ်လို့ခေါ်ခွင့်ပေးလို့လဲ ပြီးတော့အကိုနဲ့မဆိုင်ဘူး ဘေးဖယ်နေပေးပါလား.."
စတိုခန်းထဲဝင်လာပြီး သူများကိုပိုင်ဆိုးပိုင်နင်းနဲ့ ငယ်တဲ့။ အဲ့နာမ်စားကို ကိုကြီးတစ်ယောက်ပဲခေါ်ခွင့်ရှိတာမို့ မျက်စောင်းထိုးပြီးပြောလိုက်သည်။
"အိုး ဟို.. ငယ်က မျက်စောင်းထိုးလိုက်တာလားအဲ့နာမည်မခေါ်စေချင်ရင် ဘာလဲ Baby လို့ခေါ်ရမှာလား ကိုယ်က..."
နှင်းနှင်းကိုကျော်ပြီး ဖြူငယ့်ဆီတိုးလာသည်မို့ ဖြူငယ်တွန်းလွှတ်ပြီးပြေးလာခဲ့တော့သည်။ ဖြူငယ်မပြေးနိုင်လောက်ဘူးထင်လိုက်မိတာ အခုတော့အဲ့လမ်းသရဲကိုကြောက်လို့ပြေးလာလိုက်တာများ အအြင်တောင်ဘယ်လိုရောက်လာမှန်းမသိသည်အထိပင်။
"ငယ်ဘာဖြစ်လို့လဲ အလုပ်မှာအဆင်မပြေလို့လား"
"ဘာမှမဖြစ်ပါဘူးကိုကြီူရဲ့ ဖြူငယ်နည်းနည်းပင်ပန်းနေလို့ပါ "
"အင်း ထမင်းစားပြီးရင်အိပ်တော့နော်ဒီနေ့ဖုန်းမကြည့်တော့နဲ့ "
"ဟုတ်"
ဘာမှမဖြစ်ဘူးသာပြောတယ် အခန်းထဲဝင်လာထဲက ဘာစကားမှမပြော ငေးငိုင်နေပြီး ထမင်းစားတော့လဲ နည်းနည်းသာစားသည်မို့ စိတ်ပူနေရသည်။ ပထမဆုံးတွေ့တုန်းကလို ငေးနေပေမယ် ငိုမနေသောကြောင့်တော်သေး။ ခွန်းစိတ်ထဲ မိသားစုအဆင်မပြေလို့လားဟုတွေးပူမိသေးသည်။
ကိုကြီးအခန်းထဲက ပြန်လာပြီး အိပ်ရန်ပြင်သော်လည်း ဖြူငယ့်အတွေးတွေက အိပ်ခွင့်မပေးသည်ကြောင့် ခေါင်မိုးထက်သို့ တတ်ခဲ့ပြီး ကြယ်ကြည့်နေလိုက်သည်။ နေ့လည်ကအကြောင်းတွေးမိတော့ ငိုချင်လာသည်။ ဖြူငယ်ဘာမှပြန်မလုပ်နိုင်ခဲ့ပဲ ဖြူငယ်ငြိမ်ပြီးပဲ သည်းခံခဲ့သည်မို့ ကိုယ့်ကိုကိုယ်ဝမ်းနည်းမိသည်။ ဖြူငယ့်အဖြစ်က ထိုင်ငိုနေရုံမှတစ်ပါး လုပ်နိုင်တာဘာရှိမှာမလို့လဲလောကကြီးရယ်။
ဖြူငယ်မိသားစုမှာလေ ဖြူငယ်တို့အလုပ်မရှိ၍ ထမင်း ၃ ရက်တိုင်ငတ်ခဲ့သေးသည်။ အစာပြေတစ်နေ့ကို မုန့်လေးနဲနဲလေးပဲစားရပြီး ရေသောက်၍ နေခဲ့ရသည်မို့ ဖြူငယ်အလုပ်မရှိမှာတဂယ်ကြောက်သည်။ ဒါကြောင့် ဖြူငယ်ရိုးရိုးသားသားအလုပ်ဆိုလျှင်ဖြူငယ့်မျက်နှာ အောက်ချရသည်ဖြစ်စေ၊ ဘယ်လောက်ခက်ခဲသည့်အလုပ်ဖြစ်စေ၊ ဖြူငယ်လုပ်မည်ဟုဆုံးဖြတ်ထားသည်မို့ ဖြူငယ်သည်းခံရအုံးမည်။
တစ်ကိုယ်လုံး ကိုက်ခဲနေသော်လည်း ဖြူငယ်အလုပ်ကို အားတင်းပြီးလာခဲ့သည်။ဖြူငယ်ဘယ်လောက်ပဲနေမကောင်းဖြစ်ဖြစ် ဆေးတစ်ခါမှမသောက်ပဲ ကိုယ့်ကိုအပြစ်ပေးပြီးရောဂါကိုဒီတိုင်းထားတတ်သည့်အကျင့်ရှိ၍ ဤအခါလဲ ဖြူငယ်ဆေးသောက်မည်မဟုတ်ပေ။ ဖြူငယ်ကတစ်ခါတစ်လေ ဒီလိုလဲရူးတတ်တာမို့ ဒီအဖျားဒဏ်ကိုတမြေ့မြေ့ခံစားအုံးမည်ဖြစ်သည်။
ဖြူငယ်အလုပ်မှာ နှင်းနှင်းနဲ့ လမ်းသရဲကိုအတတ်နိုင်ဆုံးရှောင်နေလိုက်သည်။ ဒါတောင်ပြန်ခါနီး လမ်းသရဲက စကားလုံးတွေနဲ့ လာနှိပ်ဆက်သွားသေးသည်။
လူက ပြန်လာထဲက နုံချိနေပြီး လမ်းတောင်ကောင်းကောင်းမလျှောက်ချင်တော့။ ပင်ပန်းတာရော အိပ်ရေးပျက်တာရော ဒီကြားထဲအစားပါပျက်လိုက်သေးသည်မို့ အားမရှိသလိုခံစားနေရပြီး ဗိုက်ပါအောင့်လာသည်မို့ အခန်းထဲတွင်ခွေခွေလေးအိပ်နေလိုက်သည်။
"သေစမ်းဖြူငယ်ရယ် ဒီလိုရက်မှ လာနေရလား ဝယ်ထားတာလဲမရှိဘူး ဟူး.. စိတ်ညစ်တယ်"
တစ်ယောက်ထဲရေရွတ်နေလိုက်ပြီး မလှုပ်နိုင်တော့သည့်ခန္ဓာကိုယ်ကို အားယူထကာ ပိုက်ဆံလေးကိုင်၍ Mart သို့သွားရန်အခန်းအပြင်ထွက်လာလိုက်တော့သည်။ သို့သော်ဖြူငယ်လမ်းကောင်းကောင်းမလျှောက်နိုင်တော့ ဗိုက်အရမ်းအောင့်လာသည်မို့ထိုင်ချလိုက်ပြီး ငြိမ်ငြိမ်လေးနေနေလိုက်သည်။
"ငယ် ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲလို့ငယ်... ငယ်..."
အတင်းလူကိုလှုတ်ရမ်းပြီးမေးလာသည့်ကိုကြီးနဲ့လဲစိတ်ညစ်ပါသည်။ အားကြီးနှင့်လူကိုကိုင်ပြီးမေးနေသည့်ကိုကြီးကြောင့် ဖြူငယ်တော့သေတော့မှာပဲ ကိုယ်ကြီးလက်ထဲမှာ။
"ဖြူငယ် ဗိုက်အောင့်လို့ပါ ဘာမှမဖြစ်ဘူး "
"ငယ်ဘာတွေစားလို့လဲ ဆေးခန်းသွားပြရအောင်လာ..."
"မပြတော့ဘူးကိုကြီး ပြီးရင်ပျောက်သွားလိမ့်မယ်"
"မဟုတ်တာကွာဒီလောက်ဖြစ်နေတာကို ကိုကြီးကိုယ်တိုင်လိုက်ပို့ပေးမယ်ထ"
"ကိုကြီးနဲ့လဲခက်ပါတယ် ဖြူငယ်ကဟိုဟာလာနေလို့ဗိုက်အောင့်တာပါ "
မအီမသာမျက်နှာလေးက ရှက်ရွံ့သလိုလေးပြောလာသည့်အခါ ခွန်းသဘောပေါက်သွားရတော့သည်။
"အော် သိပြီ "
"အင်းအဲ့တာသွားဝယ်စရာလေးရှိလို့ လမ်းမလျှောက်နိုင်တော့လို့ ခဏထိုင်နေတာ..."
" အင်း...လာအခန်းပြန်မယ် "
"ဟမ် ..ဝယ်စရာရှိပါတယ်ဆို "
"သိတယ် လမ်းလျှောက်နိုင်လားငယ်
ထားတော့ ကိုကြီးပဲခေါ်သွားတော့မယ် "
ပြောပြီး ဖြူငယ့်ကို ကောက်ပွေ့လာသည့်ကိုကြီးကြောင့် ရင်တုန်ရပြန်ပြီ။ ဖြူငယ်တို့ကဒီအချိန်မှာ နီးနီးကပ်ကပ်ကြီးနေလို့မရဘူးလေကိုကြီးရယ်။
"ကိုကြီး အောက်ကိုပြန်ချပေး ငရဲကြီးမယ်လို့ "
"ကိုကြီးအခန်းမှာပဲနေနော် "
အောက်မချပေးပဲ ကိုကြီး ကုတင်ဆီပွေ့လာပေးပြီးချပေးသည်မို့ ဖြူငယ်မှာပြာယာခက်နေရသည် အစွန်းထင်းတွေပေကုန်ရင်ဘယ်လိုလုပ်မလဲ။
"ငြိမ်ငြိမ်နေလေငယ်ရဲ့ကိုကြီးမှာ အခင်းအပိုတွေရှိတယ်အေးဆေးနေ ခဏလေးပဲစောင့် ကိုကြီးပြီးရင်ပြန်လာခဲ့မယ်နော်.."
"ကိုကြီး.."
အခန်းဝရောက်သွားသည့်ကိုကြီးကိုလှမ်းခေါ်လိုက်တော့ တစ်ချက်ရယ်ပြကာထွက်သွားလေတော့သည်။ ဖြူငယ်လဲမလှုပ်နိုင်တော့ပြီမို့ လှနေပြီးသာနေလိုက်တော့သည်။
Words 1929
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
"အဲ့နှင်းနှင်းကလေ ဖြူငယ့်ကိုလိုက်ပြိုင်နေတာသိလား "
" အင်းပါ..."
"နှင်းသိရင်ပြီးတာပဲ "
"ဟုတ်"
"အော် သိပြီ "
" အင်း...လာအခန်းပြန်မယ် "
"ကိုကြီး.."
Words 1929