မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မ...

By Ssinlet_aeri

600K 105K 11.1K

Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3... More

Description
အပိုင်း(၁)နိဒါန်း
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)Ouroboros
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)ပြောင်းရွှေ့စခန်း
အပိုင်း(၂၇)ပရမ်းပတာ
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၉) ငါဘယ်သူလဲ
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)ပြောင်းရွှေ့စခန်း
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)ရောင်စုံကုဗတုံး
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း
အပိုင်း(၉၄)
အပိုင်း(၉၅)အလျှံအပယ်
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)လင်းလက်တောက်ပသော အချိန်များ
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄) အချပ်ပို
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)

အပိုင်း(၃၈)

4.5K 1K 131
By Ssinlet_aeri

『Unicode』

《အောင်မြင်စွာ ကြားဝင်ဖြတ်တောက်ခြင်း 》

မုတ်ဆိတ်ကြီး၏ အာကာသယာဉ်မှာ အလွန်ကြီးမားလှပြီး သူတို့သည်လည်း ဤသို့ရောက်သည်မှာ မကြာသေးသဖြင့် အခန်းအကုန်လုံးသို့ မဝင်ကြည့်ရသေးပေ ။ ရလဒ်အနေဖြင့် ထိုနေရာတွင် လွတ်မြောက်ယာဉ်တစ်စီးရှိနေသည်ကိုလည်း သူတို့သတိမထားမိကြချေ ။

ဒီဘက်ခြမ်းတွင် တစ်စုံတစ်ခုဖြစ်နေသည်ကိုမြင်သော် မုတ်ဆိတ်ကြီးကသူ့အဖွဲ့သားများနှင့်အတူ လျှောက်လာခဲ့သည် ။ PU-18ရှိ ဤအဖွဲ့သည်လည်း အတော်လေး ငယ်နေသေး၏ ။ မုတ်ဆိတ်ကြီးက သူတို့ကို စကားပြောနေချိန်အတွင်း အလယ်တွင် ဒူးထောက်နေသောလူကို သူတို့သည် စိတ်ဝင်တစား ကြည့်နေကြ‌သည် ။ မုတ်ဆိတ်ကြီးသည် ဤအချိန်အ‌တောအတွင်း သူဖြစ်ပျက်ခဲ့သောအရာများကို သူတို့အား ရှင်းပြနေပုံပေါ်သည် ။

ကျစ်ယွီရှီသည် မုတ်ဆိတ်ကြီးကို လှမ်းကြည့်လိုက်ပြီး တစ်စုံတစ်ခုကို မေးလိုက်သည် ။

မုတ်ဆိတ်ကြီးက တစ်ခဏတာမျှ အနည်းငယ် အံ့ဩသွားပြီးနောက် ခေါင်းညိတ်ကာ တစ်ခုခုပြန်ပြောလာ၏ ။

ကျစ်ယွီရှီက သူ့အဖွဲ့သားများကို ပြောပြလိုက်သည် ။ "တကယ်ပဲ အဲ့ဒီမှာ အရင်က အခြားအဖွဲ့တစ်ဖွဲ့ထားခဲ့တဲ့ လွတ်‌‌မြောက်ယာဉ်တစ်စီးရှိတယ် ။ ပြန်ပြင်ပြီးရင် သုံးလို့ရတယ် "

လီချွင်းက ရှုပ်ထွေးသွားလေသည် ။ သူသည် ရှဲ့ရှန်ကိုမမေးဘဲ မနေနိုင်ခဲ့ပေ ။ "ဒါပေမဲ့ အက်ကွဲကြောင်းကို ပိတ်ပြီးတာနဲ့ လူတိုင်းက သူတို့မူလနေရာကို ပြန်ရောက်သွားမှာပဲကို ။ လွတ်မြောက်ယာဉ်ကို ဘာကိစ္စလိုတာတုန်း? "

မြေကြီးပေါ်တွင် ဒူးထောက်လျက်ရှိသော ရှဲ့ရှန်က သူ့ရှေ့ရှိလူများကို စိုက်ကြည့်နေသည် ။ သူအ‌‌ဖြေပေးမလာခဲ့ချေ ။

ခေါင်းဆောင်ချီက ပြောလိုက်သည် ။ "ဘာလို့လဲဆို သူက ပြန်မသွားချင်လို့လေ "

ထျန်းချုံတပ်ဖွဲ့ ၁၂သည် သူတို့၏မစ်ရှင်အတွင်း အက်ကွဲကြောင်းထဲသို့ ဆွဲစုပ်ခံလိုက်ရပြီး ဤနေရာတွင် ထွက်လမ်းကိုရှာမတွေ့ဘဲ ပိတ်မိနေခဲ့သည် ။ သူတို့ပိတ်မိနေခဲ့စဉ်အတွင်း အာကာသယာဉ်ထဲတွင် တစ်ယောက်တည်း နေထိုင်‌နေသော မုတ်ဆိတ်ကြီးကို ရှာဖွေတွေ့ရှိသွားခဲ့ကာ မုတ်ဆိတ်ကြီး၏ အကူအညီဖြင့် သူတို့၏အာကာသယာဉ်တစ်စီးကို အောင်အောင်မြင်မြင်ပြင်ဆင်နိုင်ရန် သုံးလို့ရသေးသည့် အစိတ်အပိုင်းအကုန်လုံးကို စုစည်းနိုင်ခဲ့သည် ။

သို့သော် သူတို့က လူများနေပြီး အာကာသယာဉ်မှာတော့ တစ်စီးတည်းရှိနေသည်ဖြစ်ရာ လူတိုင်းကညှိနှိုင်းလိုက်ကြပြီးနောက် ပြန်သွားရန် မပြင်ဆင်ခင် အာကာသယာဉ်အလုံအလောက် စုစည်းနိုင်သည့်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြလေသည် ။

သို့ပေသည့် ထိုစောင့်ဆိုင်းမှုက ‌လပေါင်းများစွာ ကြာညောင်းသွားခဲ့သည် ။

နေ့နှင့်မကွဲသော ဤလွင်တီးခေါင်အရပ်နှင့် နည်းပါးလာသော စားနပ်ရိက္ခာများက သူတို့အား ခပ်မြန်မြန်ပဲ ဤနေရာတွင်ဆက်လက်၍ မနေနိုင်စေခဲ့ ။ နောက်ဆုံးတွင်တော့ သူတို့သည် ထွက်ပေါက်အသစ်ရှာရန် ဆုံးဖြတ်လိုက်ကြသည် ။

တစ်ရက်တွင်တော့ အဖွဲ့သားများစွာက  အတူတကွစုပေါင်းကာ မုတ်ဆိတ်ကြီးထံမှ လုယက်ခဲ့သည် -- အကြောင်းတစ်ခုခုကြောင့် သူတို့သည် မုတ်ဆိတ်ကြီးတစ်ယောက်တည်း အာကာသယာဉ်ဖြင့် ခိုးထွက်သွားလိမ့်မည်ဟု အထင်မှားခဲ့ကြပြီး ရလဒ်ကတော့ ပြင်းထန်သည့် အချေအတင်တိုက်ပွဲပင် ။ ခေါင်းဆောင်ချီနှင့် အခြားအဖွဲ့သားနှစ်ယောက် ပြန်ရောက်လာမှသာ ရှဲ့ရှန်က မုတ်ဆိတ်ကြီးအား ဘာသာစကားအခက်အခဲကြောင့် 'အထင်လွဲ'ခဲ့ကြောင်း သူတို့နားလည်လိုက်ရသည် ။

ထိုသို့ အသည်းအသန်ဖြစ်နေသည့် အ‌ခြေအနေမျိုးတွင် အကောင်းနှင့်အဆိုး ခွဲခြားသိနိုင်ရန် ခက်ခဲပေ၏ ။ ခေါင်းဆောင်ချီက သူ့အား ယုံကြည်ရန် ဆုံးဖြတ်လိုက်သည် ။

ယခုတစ်ကြိမ်တွင်တော့ တူညီသောအဖြစ်ထပ်မံဖြစ်ပွားမည့်အရေးမှ ရှောင်ကြဉ်ရန် ခေါင်းဆောင်ချီနှင့် အခြားအဖွဲ့သားများက သူတို့နေရာတစ်ဝိုက်ကို ထောက်လှမ်းမည့်အချိန်တွင် ရှဲ့ရှန်ကို အတူခေါ်လာခဲ့ကြသည် ။ အတူတကွဖြင့် သူတို့သည် မိုးသစ်တောထဲသို့ ဝင်ခဲ့ကြပြီး ထိုအထဲတွင် မသိနိုင်သော အချိန်တစ်ခုကြာရှိခဲ့ကြသည် ။ စမ်းချောင်းဘေးတွင် စားသောက်ကာ အနားယူပြီးနောက် သူတို့သည် အစာအဆိပ်သင့်သည့်လက္ခဏာများ စတင်ပြလာခဲ့‌သော်လည်း ရှဲ့ရှန်တစ်ယောက်သာ အဆင်ပြေနေခဲ့၏ ။

သူ့အဖွဲ့သားများ၏ အစာထဲသို့ အဆိပ်ရှိမှိုမှ အရည်များ ထည့်ကာ သတ်ခဲ့သောသူက ရှဲ့ရှန်ပင် ။

မိုးသစ်တောမှထွက်ခဲ့ပြီး ရှဲ့ရှန်ဘာဆက်ဖြစ်သလဲဆိုသည်ကတော့ လူတိုင်း ယေဘုယျခန့်မှန်းလို့ရ‌လေသည် ။

မိုးသည် သည်းကြီးမည်းကြီး ရွာသွန်းနေ၏ ။

မိုးချုန်းသံက ထွက်ပေါ်လျက် ။

မုတ်ဆိတ်ကြီးက ဘေးတွင်ရပ်ကာ စကားအနည်းငယ် ရေရွတ်နေပြီး ကျစ်ယွီရှီက တစ်ချိန်တည်းတွင် ဘာသာပြန်ပေးလာသည် ။ "မုတ်ဆိတ်ကြီးက အဲ့တုန်းက ဒဏ်ရာရသွားပေမဲ့ အာကာသယာဉ်သော့ကိုမပေးခဲ့ဘူး ။ ဒါကြောင့် ရှဲ့ရှန်တို့တွေက ဒီကထွက်ဖို့ တခြားနည်းကိုပဲ ရှာနိုင်တော့တာ ။‌ လမ်းပျောက်သွားတဲ့သူတွေ ၊ ခေါင်းဆောင်ချီတို့အဖွဲ့လို အခြေအနေနဲ့သေသွားတဲ့သူတွေအတွက်ကတော့ ရှဲ့ရှန်ပဲသိလိမ့်မယ် "

ထိုသို့ပြောပြီးနောက် ကျစ်ယွီရှီက ရပ်တန့်လိုက်လေသည် ။ "မုတ်ဆိတ်ကြီးက ကျွန်တော်တို့ကို လွတ်မြောက်ယာဉ်ရှိတဲ့အကြောင်း မပြောခဲ့တာက သမိုင်းတစ်ပတ်ပြန်လည်လာမှာ စိုးရိမ်လို့ပဲ ။ ပြီးတော့ ရှဲ့ရှန်ကလဲ မြို့ထဲကထွက်လာပြီး ၁၅နှစ် ကြာသွားပြီလို့ မထင်ခဲ့တာကြောင့် "

"အဲ့တာဆို သူကျွန်တော်တို့ကို အစတည်းက လိမ်နေခဲ့တာပဲ " လီချွင်းက စိတ်ရှုပ်သွားသည် ။ "ကျွန်တော်တို့ မိုးသစ်တောထဲက ထွက်လာတော့ မုတ်ဆိတ်ကြီးနဲ့ သူ့ကြားထဲက ဆက်ဆံရေးကို ‌ဖြေရှင်းခဲ့တာက သူစိတ်သန့်သန့်နဲ့ ပြန်သွားချင်လို့ပေါ့ "

ရှဲ့ရှန်၏အကြံအစည်မှာ ပျက်စီးသွားခဲ့လေပြီ ။

ဤထျန်းချုံမှမစ်ရှင်နှင့်အဖွဲ့သည် လက်ရှိအခြေအနေကို ဖြေရှင်းရမည့် လျှို့ဝှက်ဆန်းကျယ်သည့်ဖြစ်ရပ်အဖြစ် သတ်မှတ်ကာ အချိန်ထဲတွင် အက်ကွဲကြောင်းရှိနေသည်ကို မြန်မြန်ဆန်ဆန်ရှာတွေ့သွားမည်ဟု သူမမျှော်လင့်ထားခဲ့ချေ ။ သူတို့ဤနေရာမှထွက်သွားနိုင်မည့်နည်းကို ကျစ်ယွီရှီထံမှ ကြားလိုက်ရချိန်တွင် သူ၏အံ့ဩနေသောအမူအရာနှင့် စိတ်အားထက်သန်သော ခံစားချက်များက သူ့စိတ်ထဲရှိ ထိတ်ပျာမှုကို ဖုံးကွယ်ထားပေးခဲ့သည် ။

သူကြောက်လန့်နေခဲ့လိမ့်မည် ။ အကယ်၍ သူ့အဖွဲ့သားများ အားလုံးသာ အမှန်တကယ်ပြန်လည်ရှင်သန်လာခဲ့ပြီး သူတို့ဆွဲစုပ်မခံရခင် အချိန်သို့ ပြန်သွားနိုင်ခဲ့လျှင် သူ့အတွက် လမ်းဆုံးဖြစ်သွားပေလိမ့်မည် ။

ကျိုးမင်ရွှမ်းက ဆဲရေးလိုက်ပြီးနောက် "ကိုယ်စိုက်တဲ့သီးနှံ ကိုယ်စားရတယ်ဆိုတာဒါပေါ့"

စုန့်ချင်းလန်၏ သေးငယ်သောမျက်နှာထက်  မိုးရေစက်များ လိမ့်ဆင်းလာသည် ။ သူ့မျက်တောင်များမှာ စိုစွတ်နေပြီး သူ့မျက်လုံးနက်များက တောက်ပနေ၏ ။ "ဆိုတော့ မင်းက အခုတင်ပြန်ရှင်လာတဲ့သူတွေကို ငါတို့က လွတ်မြောက်ယာဉ်ကို ခိုးနေပါတယ်ဆိုပြီး တမင်သက်သက်လိုက်ပြောနေတာပေါ့ ၊ ဒါမှ မင်းနောက်ပိုင်းအကျိုးအမြတ်ရမှာဆိုတော့ ၊ ဒါမှမဟုတ် မင်းအချိန်ဆွဲဖို့ ကြိုးစားနေတာလား ? "

စုန့်ချင်းလန်က အဖြေကို စောင့်မနေသလို ရှဲ့ရှန်‌ ဖြေကြားလာမည်ကိုလည်း သူမလိုအပ်ခဲ့ပေ ။ သူဆက်ပြောလာ၏ ။ "အက်ကွဲကြောင်းမပိတ်ခင် နောက်အချိန်ကာလတစ်ခုကို မင်းထွက်ပြေးချင်လို့ အခုအဲ့ဒီလွတ်မြောက်ယာဉ်ကို လိုချင်နေတယ်ဆိုပေမဲ့ ငါတို့ပြန်ရောက်ပြီး စစ်ဆေးရေးမှူးတွေက အနှေးနဲ့အမြန် မင်းကိုရှာတွေ့သွားမှာကို မကြောက်ဘူးလား ? "

ခန့်မှန်းချက်မှန်သွားသောအခါ ရှဲ့ရှန်က ရှက်ရွံ့သွားရသည် ။ သို့သည့်တိုင် သူသည် အံကိုကြိတ်ကာဖြင့် "ကမ္ဘာအဆုံးထိ ထွက်ပြေးရတာက ပြန်သွားပြီး သေရတာထက်ပိုကောင်းသေးတယ် ။ ပြီးတော့ အခုမှနောင်တရရင်တောင်........နောက်ကျသွားပြီမဟုတ်ဘူးလား ? "

အကယ်၍သူသာ အခြေအနေများက ဤသို့အဆုံးသတ်မည်မှန်းသိခဲ့လျှင် သူ၏အန္တရာယ်များ‌သောအကြံဆိုးများကို ချုပ်တည်းခဲ့လိမ့်မည် ။ ကံမကောင်းစွာဖြင့် နောက်ကျသွားလွန်းခဲ့ပြီဖြစ်သည် ။

လူတိုင်းတွင် အကုန်လုံးကို အစကပြန်စခွင့် ရှိခဲ့သည် ၊ သူတစ်ယောက်မှလွဲ၍ ။

စုန့်ချင်းလန်က ဆို၏ ။ "နောက်ကျသွားပြီ"

ရှဲ့ရှန် : "ဒါဆိုလဲ လွတ်မြောက်ယာဉ်နဲ့ လဲလိုက်လေ ။ ကျွန်တော် ယာဉ်ထဲဝင်ပြီးတာနဲ့ ပန်းရဲ့တည်နေရာပြောပြမယ် ။ မဟုတ်ရင် ပြန်သွားဖို့ စိတ်တောင်မကူးနဲ့ "

အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည် ။

အမှိုက်ပုံကြီးပေါ်တွင် သေးငယ်သော အလင်းတစ်ကွက်စာသာ ကျန်ရှိပြီး သူတို့မကြာခင် အောင်မြင်တော့မည်ဖြစ်သည် ။

ရှဲ့ရှန်ကို တကယ်ပဲ အရင်သွားခွင့်ပြုလိုက်ရတော့မှာလား?

ခေါင်းဆောင်ချီ၏ သေနတ်ပြောင်းဝက မလှုပ်ရှားသေးပေ ။ မိုးရေများကြား၌ သေနတ်မောင်းထက်ရှိ လက်ချောင်းများမှ လက်ဆစ်များမှာ ဖြူဖျော့နေပြီဖြစ်သည် ။ "သူ့ကိုပေးလိုက်"

လူတိုင်း : "???"

ထန်းလဲ့က ငြင်းဆန်းလာသည် ။ "မပေးဘူး!"

ထန်းချီကို ရှဲ့ရှန်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။ အရှိန်မြန်နေသော ထန်းချီက ထန်းလဲ့ကို အချိန်မီ တွန်းထုတ်ခဲ့ခြင်းကြောင့်သာမဟုတ်ရင် ထန်းလဲ့သည်လည်း ဒဏ်ရာရနေလောက်သည်‌ပေ ။

ကျစ်ယွီရှီသည် မျက်မှောင်ကြုတ်လျက် အတွေးထဲနစ်ဝင်နေသည်ကို စုန့်ချင်းလန်မှလွဲ၍ အခြားမည်သူကမျှ သတိမထားမိကြ‌ချေ ။

ကျစ်ယွီရှီ၏စိတ်ထဲတွင် ရှဲ့ရှန်နှင့်အတူရှိချိန် မြင်ကွင်းများအားလုံးကို တစ်ကွက်ချင်းပြန်‌ပေါ်လာခဲ့သည် ။ သူ့မှတ်ဉာဏ်သည် ပြစ်ချက်မရှိပေ ။ သူမြင်ဖူး ၊ ကြားဖူး ၊ ခံစားဖူးသည့် အရာဖြစ်သရွေ့ သေးငယ်သော အသေးစိတ်များကအစ သူလွတ်သွားမည်မဟုတ်ပေ ။

ရှဲ့ရှန်က ပန်းပွင့်ကို ဘယ်နေရာမှာ ဖွက်ထားလောက်လဲ?

ရှဲ့ရှန်က အာကာသယာဉ်ထဲ ဝင်လာပြီးတော့ မုတ်ဆိတ်ကြီးနှင့် တိုက်ခိုက်ခဲ့သည်။

ရှဲ့ရှန်က ကြမ်းပြင်ထက်တွင် ထိုင်လျက် သူတို့နှင့် စကားပြောခဲ့၏ ။

ရှဲ့ရှန်က စည်သွတ်ဘူးတစ်ဘူးကို ကိုင်ရင်း ဆိုဖာပေါ်တွင်ထိုင်ကာ သူတို့နှင့် စကားပြောခဲ့သည် .................။

"ခဲ့မုန်ပဲစေ့........." ကျစ်ယွီရှီ ထိုစကားလုံးများကို ပြောလိုက်သည့်တစ်ခဏ ရှဲ့ရှန်၏ အမူအရာမှာ ပြောင်းလဲသွားလေ၏ ။

လီချွင်းက အံ့အားသင့်သွားသည် ။ "ဖာခ့်...သူပန်းကို ခဲ့မုန်ပဲစေ့ဘူးထဲ ဖွက်ထားတာလား?!"

အာကာသယာဉ်ထဲ၌ လူတိုင်းသည် အနှီခဲ့မုန်ပဲစေ့များကို မကြိုက်ကြောင်း တညီတညာတည်း ဖော်ပြခဲ့ကြသည် ။ ထိုထက်အရသာပိုဆိုးသော ဟင်းသီးဟင်းရွက်စည်သွတ်ဘူးကို သူတို့စားရလျှင်တောင် ထိုပဲစေ့များကိုတော့ သူတို့စားရန် ငြင်းဆန်ခဲ့သည် ။

ခဲ့မုန်ပဲ‌စေ့ဘူးများမှာ အမှိုက်သာသာ ဖြစ်တည်မှုများပင် ။

ကျစ်ယွီရှီက ရှဲ့ရှန်ကိုကြည့်လိုက်သည် ။ "မဟုတ်ဘူး ။ ခဲ့မုန်ပဲစေ့ဘူးတွေထဲ မဟုတ်ဘူး"

ရှဲ့ရှန်သည်လည်း ကျစ်ယွီရှီကို ပြန်ကြည့်လာခဲ့သည် ။ သူ့မျက်နှာအမူအရာမှာ အေးစက်တောင့်တင်းနေပြီး စကားတစ်ခွန်းမျှ ‌မဆိုခဲ့ပေ ။

ကျစ်ယွီရှီ ခန့်မှန်းနိုင်သည်ကို ရှဲ့ရှန်သည်လည်း ခန့်မှန်းနိုင်သည် ။

ဤသည်က ကင်းထောက်များကြားမှ ထိပ်တိုက်ရင်ဆိုင်မှုပင် ။

ကျစ်ယွီရှီ၏ စကားလုံးများကတည်ငြိမ်နေသည့်တိုင် လူတိုင်းကို ကြက်သီးထသွားစေသည် ။ "ခေါင်းဆောင်ချီ..ခင်ဗျားပစ်လို့ရတယ်"

အကုန်လုံးသည် ကျစ်ယွီရှီ၏ စကားကြောင့် ထိတ်လန့်သွားကြသည် ။

တပ်ဖွဲ့ ၇တစ်ဖွဲ့သာ မအံ့ဩခဲ့ချေ ။ သူတို့၏အကြံပေးကျစ်က အမြဲတစေ မြူခိုးငွေ့များကို ကျော်ဖြတ်နိုင်ကာ အမှန်တရားဆီ ရောက်နိုင်သည်ပင် ။

ခေါင်းဆောင်ချီက အနည်းငယ်တုံ့ဆိုင်းနေလေ၏ ။

ကျစ်ယွီရှီက အတည်ပြုပြောလာခဲ့သည် ။ "ပန်းက ရှဲ့ရှန်ရဲ့ကိုယ်ထဲမှာ "

ကျိုးမင်ရွှမ်းက ချက်ချင်းပင် ရှေ့ထွက်လာကာ ရှဲ့ရှန်၏ အနက်ရောင်တိုက်ခိုက်ရေးယူနီဖောင်းကို ဆွဲဖြဲလိုက်သည် ။

ဤငယ်ရွယ်သည့် ခန္ဓာကိုယ်မှာ အားမနည်းသည့်တိုင် ချူချာဖြူစုတ်နေ၏ ။ ဝမ်းဗိုက်အောက်ပိုင်းတွင် ၁၀စင်တီမီတာလောက် အရှည်ရှိသော လတ်လတ်ဆတ်ဆတ်ဒဏ်ရာတစ်ခုရှိနေပြီး ထိုအထဲတွင် သေးငယ်သည့်ပန်းကို ဖွက်ထားခဲ့သည် ။ ရှဲ့ရှန်က သူ့ခန္ဓာကိုယ်ကို ‌‌မြေဩဇာအဖြစ်အသုံးပြုကာ ပန်းကိုရှင်သန်စေခဲ့သည် ။ သူ့ကိုယ်သူ ဤမျှထိလုပ်ပုံအရ ဒီနေရာမှ လွတ်မြောက်လိုသည့် ရှဲ့ရှန်၏စိတ်ဆုံးဖြတ်ချက်က အကြောက်လွန်နေပြီမှန်း သိသာလှသည် ။

ရှဲ့ရှန်သည် မြေကြီးပေါ် ပုံကျသွားပြီး သူ့မျက်နှာမှာ ဖြူစုတ်နေ၏ ။ "ခင်ဗျား......ဘယ်လိုလုပ်သိသွားတာလဲ?"

"ခင်ဗျားပြောခဲ့တာ" ကျစ်ယွီရှီက ‌ပြောသည် ။ "ခင်ဗျား အာကာသယာဉ်ဆီပြန်ရောက်လာတော့ မုတ်ဆိတ်ကြီးဆီက လည်ပင်းအညှစ်ခံလိုက်ရပြီး သူပြန်လွှ‌တ်ပေးတော့ ခင်ဗျားအသက်ရှူလို့ရတာနဲ့ အရင်ဆုံး ခင်ဗျားခန္ဓာကိုယ်ကို ပွတ်ခါခဲ့တာ---ခင်ဗျား သူ့အနံ့ကို မကြိုက်ဘူး ။ ပထမဆုံးအကြိမ် ကျွန်တော်တို့ကိုစကားပြောဖို့ ခင်ဗျား ကြမ်းပြင်ပေါ်ထိုင်တုန်းက မုတ်ဆိတ်ကြီးရဲ့ကော်ဇောအဝေးမှာ ထိုင်ခဲ့တာလဲ ခင်ဗျားအဲ့အနံ့ကို မကြိုက်လို့ပဲ ။ ခေါင်းဆောင်စုန့်နဲ့ကျွန်တော်ထွက်သွားပြီး လမ်းတစ်ဝက်မှာ လှည့်ပြန်လာတော့ ခင်ဗျားရေချိုးပြီးသွားပြီ ။ မုတ်ဆိတ်ကြီးဘေးက ဖြတ်သွားတဲ့အချိန်တိုင်း ခင်ဗျား အသက်ရှုအောင့်ထားခဲ့တယ် ။ ထူးဆန်းတာက အဲ့တာပဲ ၊ နောက်ပိုင်းကျရင် မုတ်ဆိတ်ကြီးရဲ့အနံ့အသက်က ကျွန်တော်အရင်ဆုံးမှတ်မိမဲ့အရာလို့ ကျွန်တော်ပြန်‌‌ဖြေတော့ ခင်ဗျားက သိသိသာသာကြီးကို ထောက်ခံနေခဲ့တဲ့အမူအရာပြနေရဲ့သားနဲ့ ခင်ဗျားက သူ့ဆိုဖာပေါ်မှာ အပူအပင်ကင်းကင်းထိုင်ပြီး ခင်ဗျားခြုံဖို့သူ့စောင်ကိုတောင် သုံးခဲ့သေးတယ် "

ရှဲ့ရှန်: "........."

ကျစ်ယွီရှီရဲ့ မှတ်ဉာဏ်ကပဲကောင်းလွန်းနေတာလား ၊ မဟုတ်ရင် သူကပဲထင်ထားတာထက် ဉာဏ်ကောင်းနေတာလား?

ကျစ်ယွီရှီက ဆက်ပြောလာသည် ။ "အထူးသဖြင့် မြို့ထဲမှာ နှစ်ရက်လောက်ဘာမှမစားခဲ့ရတာတောင် ခင်ဗျားကို ကျွန်တော်ပေးတဲ့ အသီးအနှံဘူးကိုပဲ စားပြီး မုတ်ဆိတ်ကြီးက ဝက်ပေါင်ခြောက်ဘူးကို ခင်ဗျားကို စားခွင့်ပေးခဲ့တာတောင် ခင်ဗျား ကုန်အောင်မစားဘဲ ၃ပုံ၁ပုံလောက်ပဲစားခဲ့တာ "

ရှဲ့ရှန်က လှောင်ရယ်လိုက်သည်။ သူ့အရှုံးကို လက်ခံလိုက်လေ၏ ။ "ကျွန်တော်လဲ ခင်ဗျားလို ဝက်ပေါင်ခြောက်အရသာကို မုန်းလို့လို့ မထင်မိဘူးလား ?"

ဘေးတွင်ရှိနေသော စုန့်ချင်းလန် : "......."

အကြံပေးကျစ်က ဝက်ပေါင်ခြောက်ကို မုန်းတယ် ?

ကျစ်ယွီရှီက ခေါင်းခါလိုက်၏ ။ "အဲ့အချိန်တုန်းက ခင်ဗျားကိုယ်ထဲအပင်ကို ထည့်ခဲ့ပြီး နာနေလို့ စားဖို့ နေနေသာသာ မတ်တပ်ထဖို့တောင် အနိုင်နိုင်ဖြစ်နေခဲ့တာမို့လို့ပဲ ။ ဟုတ်တယ်မလား? "

ရှဲ့ရှန်က စကားဆက်မပြောတော့ချေ ။

တိတ်ဆိတ်မှုကြားမှ ခေါင်းဆောင်ချီက တည်ငြိမ်စွာ စကားဆိုလာခဲ့သည် ။ "ရှဲ့ရှန်..အချိန်ရဲ့မျက်မြင်သက်သေနဲ့ စောင့်ရှောက်သူအဖြစ် ၊ ငါ မင်းကို ပြစ်ဒဏ်စီရင်မယ် "

လက်ရှိတွင် ရွှေ့ပြောင်းသူ ၅၀ကျော် ၆၀လောက် တည်ရှိနေခဲ့သည် ။

လူတိုင်းက မတူညီသောကမ္ဘာ ၊ မတူညီသော အချိန်ကာလများမှလာခဲ့ကြခြင်းပင် ။  ဘာသာစကား အတူတူပြောကြသူများနှင့် ဘာသာစကားကွဲပြားကြသူများ ၊ သူတို့သည် အချင်းချင်း လက်ရှိအခြေအနေကို အပြန်အလှန် ဘာသာပြန်ပေးနေကြသည် ။

သူတို့၏တာဝန်ကို နာခံကြသော အချိန်၏မျက်‌မြင်သက်သေများအနေဖြင့် သူတို့သည် ရှဲ့ရှန်ကို ရှုံ့ချ‌သည့်အကြည့်ဖြင့် ကြည့်နေကြသည် ။

"ဒိုင်း----"

သေနတ်သံနှင့်အတူ ရှဲ့ရှန်က မြေကြီးပေါ် လဲကျသွားခဲ့သည် ။

သူ့နဖူးထက်တွင် သွေးထွက်နေသော အပေါက်တစ်ပေါက်ရှိနေပြီး သူ့မျက်လုံးများကပြူးကျယ်ကာ အသက်မဲ့‌နေလျက် ။

အက်ကွဲကြောင်းကို ပြုပြင်ပြီးနောက်တွင် ရှဲ့ရှန်သည် ပြန်လည်ရှင်သန်ကာ အာကာသယာဉ်ထံသို့ ပြန်ရောက်သွားပြီး ထို့နောက်တွင်တော့ သူသည် သူ့အဖွဲ့သားများထံမှ ဖမ်းချုပ်ခံရကာ ထျန်းချုံထံ ပြန်ခေါ်သွားပြီး ထပ်မံ၍ သေဒဏ်စီရင်ခံရမည်ကို ဤနေရာရှိလူတိုင်း သိခဲ့၏ ။

ဤသည်က ရှဲ့ရှန်၏ နောက်ဆုံးအဆုံးသတ်မဟုတ်ခဲ့ပေ ။

သည်းထန်စွာရွာနေသောမိုးက ရုတ်တရက်တိတ်သွားသည် ။

ရွှေ့ပြောင်းသူများအားလုံး အတူတကွအလုပ်လုပ်လိုက်ကြကာ ပန်းပွင့်နောက်ဆုံးအသုတ်ကို အလျင်အမြန်ပဲ စုစည်းလိုက်နိုင်၏ ။ ထိုပန်းများကို ရှဲ့ရှန်ကိုယ်ထဲမှ ထုတ်လိုက်သည့် ပန်းတစ်ပွင့်နှင့်အတူ မီးရှို့လိုက်ကြသည် ။

မြို့၏ သုံးဖက်မြင်မှန်ပြောင်းကဲ့သို့ ပုံရိပ်ယောင်က ပျောက်ကွယ်သွားသည် ။

"အကုန်လုံး ၊ ဟိုမှာကြည့် !" တစ်စုံတစ်ယောက်က အော်လိုက်သည် ။

လူတိုင်းသည် ခေါင်းမော့ကြည့်လိုက်ကြ၏ ။ ကောင်းကင်ထက်ရှိ လှပသော ဥတ္တရအလင်းတန်းသည်လည်း မြို့နှင့်အတူ ပျောက်ကွယ်သွားခဲ့သည် ။

ဒါက အချိန်အက်ကွဲကြောင်းရဲ့ အဆုံးသတ်လား?

နောက်ဆုံးသော ပန်းပွင့်၏ အလင်းရောင်ပျောက်ကွယ်မသွားခင် ကောင်းကင်မှ များပြားသော အသံကျယ်များ ရုတ်တရက်ထွက်ပေါ်လာလေ၏ ။

ထို့နောက်တွင်တော့ ချက်ချင်းပင် မြေကြီးထဲမှ အင်္ဂလိပ်အလယ်ခေတ်တွင် ရှိခဲ့သော သ‌င်္ဘောကြီးတစ်စီး ထွက်ပေါ်လာပြီး ရွက်တိုင်မှာ လမ်းတစ်လျှောက်ရှိ ရွှေ့ပြောင်းသူများ၏ ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်သွားလေသည် ။ ထို့နောက် အမှန်တကယ်မရှိသော ရေလှိုင်းလုံးများက အခြားသူများထံ တွေးကြည့်လို့ပင် မရလောက်သော အမြန်နှုန်းဖြင့် ဦးတည်လာခဲ့သည် !

"ပြေး!!"

ဘာသာပေါင်းစုံမှ ဤအော်သံနှင့်အတူ ရွှေ့ပြောင်းသူများက သူတို့၏ ပင်ကိုအသက်ရှင်လိုစိတ်ကိုလိုက်ကာ အကုန်လုံး လှည့်ပြေးကြတော့သည် ။

ကျစ်ယွီရှီသည် မသိစိတ်အလျောက် ခေါင်းဆောင်စုန့်လေး၏လက်ကို ဆွဲကိုင်လိုက်သည် ။ သို့သော် ထိုသင်္ဘောသည် ထွက်ပေါ်လာသည့်အတိုင်း အလျင်အမြန်ပဲ ပျောက်ကွယ်သွားလေ၏ ။

ချောက်ကမ်းပါးများ ထွက်ပေါ်လာသည် ။ ခေါင်ခိုက်သော မြေတီးခေါင်လွင်ပြင်တစ်ခုက အစားထိုးနေရာယူလာ၏ ။ ဂြိုဟ်များ ၊ ဝင်ရိုးစွန်းဒေသများ ၊ မီးတောင်များ ; ၎င်းတို့သည် ခန့်မှန်း၍ မရနိုင်ချေ ။

တိုတောင်းသည့် စက္ကန့်အနည်းငယ်အတွင်း ကမ္ဘာပေါင်းများစွာ၏ နှစ်ပေါင်းရာချီ ပေါင်းစပ်ထပ်တူကျသွားခဲ့သည် ။

ကမ္ဘာကြီးက ဖရိုဖရဲပရမ်းပတာ ။ အချိန်နှင့်အာကာသသည် ရောယှက်နေလျက် ။ ထွက်သွားနိုင်မည့်လမ်းမရှိပေ ။

မည်သူကမျှ ထွက်ပြေးမနေကြတော့ ။

ရွှေ့ပြောင်းသူများအားလုံးသည် နေရာတွင်သာ ရပ်နေခဲ့ကြသည် ။ အချိန်နှင့်အာကာသ၏ ဝဲဂယက်အလည်တွင် ရပ်နေရင်းမှ ပထမဆုံးအကြိမ်အဖြစ် သူတို့သည် အမှန်တွင်တော့ ဘယ်လောက်ထိ သေးငယ်သိမ်နုတ်ကြောင်း နားလည်လိုက်ရသည် ။

ပိန်သွယ်သန့်ရှင်းသော ငယ်ရွယ်သည့်ပုံရိပ်အဖြစ် ပြန်လည်ပြောင်းလဲသွားသော အဖွဲ့ထဲရှိ မုတ်ဆိတ်နီနှင့် အရပ်အရှည်ဆုံးလူသည် သူ့အား လက်လှမ်းပြနေသည်ကို ကျစ်ယွီရှီမြင်လိုက်ရသည် ။

ထန်းချီ တဖြည်းဖြည်းမျက်လုံးပြန်ဖွင့်လာကာ သူ့ဒဏ်ရာများက မျက်စိနှင့်ပင် မြင်နိုင်သည့်အရှိန်ဖြင့် ပျောက်ကင်းသက်သာလာသည်ကို သူမြင်လိုက်ရ၏ ။

အနှီအမှိုက်ပုံကြီး လုံးဝပျောက်ကွယ်သွားကာ ပိုများသော ရွှေ့ပြောင်းသူများ ထွက်ပေါ်လာသည်ကိုလည်း သူမြင်လိုက်ရသည် ။

အလင်းရောင်မှာ ပို၍ သေးငယ်မှိန်ဖျော့လာ၏ ။

"‌ဖျောက်"

နောက်ဆုံးနွယ်ပင်သည် ပြာဖြစ်သည်အထိ လောင်မြိုက်ခံလိုက်ရသည် ။

သူတို့သည် အမှောင်ထုထဲသို့ လုံးလုံးကျရောက်မသွားခင် ကျစ်ယွီရှီသည် သူကိုင်ထားခဲ့သော သေးငယ်သည့်လက်လေးက အမြန်နှုန်းဖြင့် ကြီးလာသည်ကို ခံစားလိုက်ရသည် ။ ထိုလက်လေးသည် အင်အားအပြည့်ဖြင့် ကြီးမားသေသပ်သောလက်အဖြစ် အလွန်လျင်မြန်စွာပဲ ပြောင်းလဲသွား၏ ။ အရိုးအဆစ်များမှာ အနည်းငယ် ကြမ်းတမ်းကာ သေနတ်ဖြင့်အချိန်အတော်ကြာ လေ့ကျင့်ရေး‌ဆင်းရာမှ ရရှိခဲ့သော အသားမာများလည်း ရှိနေသည် ။

ထိုလက်သည် လွှတ်မပေးခဲ့ဘဲ ထိုအစား သူ့လက်ကို ဆုပ်ကိုင်လာခဲ့သည် ။

ကျစ်ယွီရှီ၏ဘေးဘက်တွင် နွေးထွေးသော အပူငွေ့ရှိနေသည် ။

ထိုလူသည် သူ့ထက် ဦးခေါင်းတစ်ဝက်စာလောက် အရပ်ရှည်ပုံပေါ်၏ ။

သူတို့သည် အလွန်နီးကပ်နေလျက် ။

အမှောင်ထဲတွင် အရွယ်ရောက်ပြီးသား အမျိုးသား၏အသံနိမ့်နိမ့်သည် နားဝင်ချိုလှစွာပင် ။ "အကြံပေးကျစ်........"

ထိုစာကြောင်းသည် အဆုံးမသတ်လိုက်ရပေ ။

အချိန်အတော်ကြာပြီး နောက်ပိုင်းတွင်ပင် စုန့်ချင်းလန် သူ့ကို ဘာပြောချင်ခဲ့သလဲဆိုသည်ကို ကျစ်ယွီရှီဆက်လက်တွေးတောမိဆဲဖြစ်သည် ။

ကျစ်ယွီရှီ သတိပြန်လည်လာသောအခါ အာကာသယာဉ်ထဲ ပြန်ရောက်နေခဲ့ပြီဖြစ်သည် ။

[သတိပေးချက် ! သတိပေးချက် ! သင်သည် သတ်မှတ်ထားသော ဦးတည်ချက်မှ သွေဖီနေပါသည် ! သင်သည် သတ်မှတ်ထားသော ဦးတည်ချက်မှ သွေဖီနေပါသည် ! ]

သတိပေးချက်နှင့်အတူ အာကာသယာဉ်ထဲရှိ သတိပေးအလင်းရောင်သည် မရပ်မနား တဖျတ်ဖျတ်လက်နေ၏ ။

အာကာသယာဉ်က အကြမ်းပတမ်းလှုပ်ယမ်းသွားချိန်တွင် သူမျက်စိရှေ့ရှိ ဖောက်ထွင်းမြင်နေရသည့်ဘောင်ကွက်တွင်မရေမတွက်နိုင်သော ရုပ်ပုံများ အလျင်အမြန် ဖျတ်ခနဲဖြစ်နေသည်ကို ကျစ်ယွီရှီ မြင်လိုက်ရသည် ။ စူးရှကျယ်လောင်သည့် သတိပေးသံထွက်ပေါ်လာသည် ။

အချိန်တစ်ခဏမျှ သူနားကန်းသွားပြီဟု ကျစ်ယွီရှီ တွေးမိသွား၏ ။

ထပ်ပြီး..........ထပ်ပြီး ပြန်စအုံးမှာလား?

တိုတောင်းသော အချိန်တစ်ခုစာ တိတ်ဆိတ်သွားပြီးနောက် သတိပေးအလင်းရောင် ပိတ်သွားကာ အာကာသယာဉ်သည် တည်ငြိမ်သွားလေ၏ ။ နောက်ထပ်ကြေညာချက်တစ်ခု ထွက်ပေါ်လာသည် ။

[ တရားမဝင်ရွှေ့ပြောင်းခြင်းကို တွေ့ရှိရသည် ! အောင်မြင်စွာ ကြားဝင်ဖြတ်‌‌တောက်လိုက်ပါပြီ ]

[ လက်ရှိမစ်ရှင်ကို အဆုံးသတ်လိုက်ပါပြီ ။ သင် ယခု ပြန်သွားရန် ထွက်ခွာတော့မည် ဖြစ်ပါသည် ]

ကျစ်ယွီရှီ၏ မျက်စိသူငယ်အိမ်များ အနည်းငယ် ပြူးကျယ်သွား၏ ။ သူသည် တစ်နည်းနည်းဖြင့် ထိုစကားလုံးများကို မယုံကြည်နိုင်ဖြစ်နေခဲ့သည် ။

အောင်မြင်စွာ ကြားဝင်ဖြတ်တောက်လိုက်ပြီ?

ဘယ်ထျန်းချုံက သူတို့ကို ကြားဖြတ်လိုက်တာလဲ?

နောက်ဆုံးတော့ တတိယကြီးကြပ်စင်တာက ထူးဆန်းမှုကို သတိထားမိသွားပြီး သူတို့အနုကြမ်းစီးမခံရခင် သူတို့မစ်ရှင်ကို အဆုံးသတ်လိုက်လို့ သူတို့‌ပြန်ခွင့်ရသွားတာလား ?

Ouroboros ။ ပရမ်းပတာ ။

သူတို့ကို ရွှံ့နွံထဲနစ်နေသလို ခံစား‌ရစေသော အနှီအဆုံးမဲ့ အိပ်မက်ဆိုးများ၏အရင်းအမြစ်က အားလုံးပြီးဆုံးသွားပြီလား?

အလွန်လျင်မြန်စွာပင် ၊ အာကာသယာဉ်က အသံတိတ်သွား၏ ။

ကျစ်ယွီရှီအရှေ့တွင် စနစ်၏သတိပေးချက် ထွက်ပေါ်လာသည် ။ လက်ရှိအချိန်ပြကိုဩဒိနိတ်အမှတ်များပင် ။ [ ၁၄၅၆ . ၀၆ . ၁၅ ၊ ၁၄ : ၅၁ :၄၀ ]

စက်ရုပ်‌လက်သည် ခပ်မြန်မြန်ပဲ အာဟာရဖြည့်စွက်ရည်အထုတ်ကို ပေးလာခဲ့သည် ။ သူသည် အနှီလူသားသောက်သုံးရန်ကို စောင့်ဆိုင်းနေခဲ့သည် ။ လူကမလှုပ်သည်ကို သတိထားမိသော် ၎င်းသည် အာရုံစိုက်မှုရရန် အာဟာရဖြည့်စွက်ရည်ကို ပတ်လည်ယမ်းနေ၏ ။

[ ကြိုဆိုပါတယ် ကျစ်ယွီရှီ ၊ ထျန်းချုံမှ ပြန်လည်ကြိုဆိုပါတယ် ]

တံခါးပေါက်သည် ပွင့်ဟသွား၏ ။ အချိန်တစ်ခုစာလောက် အပြင်ဘက်မှ အလင်းရောင်သည် ကျစ်ယွီရှီအတွက် အနည်းငယ် တောက်ပလွန်းနေခဲ့သည် ။

တစ်စုံတစ်ယောက်က လက်နှိပ်ဓာတ်မီးကို ကိုင်ကာ သူ့မျက်လုံးကို ဖြဲဖွင့်ထားလျက် မျက်လုံးကို ဓာတ်မီးဖြင့် ကြည့်လာခဲ့သည် ။  သူသည် အလျင်အမြန် အော်လိုက်၏ ။ " ဒီဘက်မှာ ! ကင်းထောက်က ရှော့ရခါနီး အခြေအနေမှာ ! အခုချက်ချင်း ရှေးဦးသူနာပြုအဖွဲ့လွှတ်လိုက် ! "

ကျစ်ယွီရှီ ထိုအသံကို မှတ်မိသည် ။

သူတို့မစ်ရှင်အတွက် မထွက်ခွာခင်တုန်းက သူ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးပေးခဲ့သောသူပင် ။

သူတို့ပြန်ရောက်လာခဲ့ပြီ ၊ သတိမမေ့မြောသွားခင် ကျစ်ယွီရှီ ထိုသို့ တွေးလိုက်မိလေသည် ။

•°•°•

T/N>> ပရမ်းပတာArc ပြီးသွားပါပြီး ။ ဒီArcက ရှေ့Arcလောက်လဲမရှုပ်တော့ နားလည်ကြမယ်ထင်ပါတယ် ။ နားမလည်တာရှိရင်လဲ မေးလို့ရပါတယ် ။ နောက်တစ်ပိုင်းကစပြီး နောက်တစ်Arcစပါပြီ ။ ဆိုတော့ ၃ရက်လောက်နားပြီးမှ ဆက်တင်ပေးပါမယ်နော် ^^

•°•°•

『Zawgyi』

《ေအာင္ျမင္စြာ ၾကားဝင္ျဖတ္ေတာက္ျခင္း 》

မုတ္ဆိတ္ႀကီး၏ အာကာသယာဥ္မွာ အလြန္ႀကီးမားလွၿပီး သူတို႔သည္လည္း ဤသို႔ေရာက္သည္မွာ မၾကာေသးသျဖင့္ အခန္းအကုန္လုံးသို႔ မဝင္ၾကည့္ရေသးေပ ။ ရလဒ္အေနျဖင့္ ထိုေနရာတြင္ လြတ္ေျမာက္ယာဥ္တစ္စီးရွိေနသည္ကိုလည္း သူတို႔သတိမထားမိၾကေခ် ။

ဒီဘက္ျခမ္းတြင္ တစ္စုံတစ္ခုျဖစ္ေနသည္ကိုျမင္ေသာ္ မုတ္ဆိတ္ႀကီးကသူ႔အဖြဲ႕သားမ်ားႏွင့္အတူ ေလၽွာက္လာခဲ့သည္ ။ PU-18ရွိ ဤအဖြဲ႕သည္လည္း အေတာ္ေလး ငယ္ေနေသး၏ ။ မုတ္ဆိတ္ႀကီးက သူတို႔ကို စကားေျပာေနခ်ိန္အတြင္း အလယ္တြင္ ဒူးေထာက္ေနေသာလူကို သူတို႔သည္ စိတ္ဝင္တစား ၾကည့္ေနၾက‌သည္ ။ မုတ္ဆိတ္ႀကီးသည္ ဤအခ်ိန္အ‌ေတာအတြင္း သူျဖစ္ပ်က္ခဲ့ေသာအရာမ်ားကို သူတို႔အား ရွင္းျပေနပုံေပၚသည္ ။

က်စ္ယြီရွီသည္ မုတ္ဆိတ္ႀကီးကို လွမ္းၾကည့္လိုက္ၿပီး တစ္စုံတစ္ခုကို ေမးလိုက္သည္ ။

မုတ္ဆိတ္ႀကီးက တစ္ခဏတာမၽွ အနည္းငယ္ အံ့ဩသြားၿပီးေနာက္ ေခါင္းညိတ္ကာ တစ္ခုခုျပန္ေျပာလာ၏ ။

က်စ္ယြီရွီက သူ႔အဖြဲ႕သားမ်ားကို ေျပာျပလိုက္သည္ ။ "တကယ္ပဲ အဲ့ဒီမွာ အရင္က အျခားအဖြဲ႕တစ္ဖြဲ႕ထားခဲ့တဲ့ လြတ္‌‌ေျမာက္ယာဥ္တစ္စီးရွိတယ္ ။ ျပန္ျပင္ၿပီးရင္ သုံးလို႔ရတယ္ "

လီခၽြင္းက ရႈပ္ေထြးသြားေလသည္ ။ သူသည္ ရွဲ႕ရွန္ကိုမေမးဘဲ မေနနိုင္ခဲ့ေပ ။ "ဒါေပမဲ့ အက္ကြဲေၾကာင္းကို ပိတ္ၿပီးတာနဲ႔ လူတိုင္းက သူတို႔မူလေနရာကို ျပန္ေရာက္သြားမွာပဲကို ။ လြတ္ေျမာက္ယာဥ္ကို ဘာကိစၥလိုတာတုန္း? "

ေျမႀကီးေပၚတြင္ ဒူးေထာက္လ်က္ရွိေသာ ရွဲ႕ရွန္က သူ႔ေရွ႕ရွိလူမ်ားကို စိုက္ၾကည့္ေနသည္ ။ သူအ‌‌ေျဖေပးမလာခဲ့ေခ် ။

ေခါင္းေဆာင္ခ်ီက ေျပာလိုက္သည္ ။ "ဘာလို႔လဲဆို သူက ျပန္မသြားခ်င္လို႔ေလ "

ထ်န္းခ်ဳံတပ္ဖြဲ႕ ၁၂သည္ သူတို႔၏မစ္ရွင္အတြင္း အက္ကြဲေၾကာင္းထဲသို႔ ဆြဲစုပ္ခံလိုက္ရၿပီး ဤေနရာတြင္ ထြက္လမ္းကိုရွာမေတြ႕ဘဲ ပိတ္မိေနခဲ့သည္ ။ သူတို႔ပိတ္မိေနခဲ့စဥ္အတြင္း အာကာသယာဥ္ထဲတြင္ တစ္ေယာက္တည္း ေနထိုင္‌ေနေသာ မုတ္ဆိတ္ႀကီးကို ရွာေဖြေတြ႕ရွိသြားခဲ့ကာ မုတ္ဆိတ္ႀကီး၏ အကူအညီျဖင့္ သူတို႔၏အာကာသယာဥ္တစ္စီးကို ေအာင္ေအာင္ျမင္ျမင္ျပင္ဆင္နိုင္ရန္ သုံးလို႔ရေသးသည့္ အစိတ္အပိုင္းအကုန္လုံးကို စုစည္းနိုင္ခဲ့သည္ ။

သို႔ေသာ္ သူတို႔က လူမ်ားေနၿပီး အာကာသယာဥ္မွာေတာ့ တစ္စီးတည္းရွိေနသည္ျဖစ္ရာ လူတိုင္းကညႇိႏွိုင္းလိုက္ၾကၿပီးေနာက္ ျပန္သြားရန္ မျပင္ဆင္ခင္ အာကာသယာဥ္အလုံအေလာက္ စုစည္းနိုင္သည့္အခ်ိန္အထိ ေစာင့္ဆိုင္းရန္ ဆုံးျဖတ္လိုက္ၾကေလသည္ ။

သို႔ေပသည့္ ထိုေစာင့္ဆိုင္းမႈက ‌လေပါင္းမ်ားစြာ ၾကာေညာင္းသြားခဲ့သည္ ။

ေန႔ႏွင့္မကြဲေသာ ဤလြင္တီးေခါင္အရပ္ႏွင့္ နည္းပါးလာေသာ စားနပ္ရိကၡာမ်ားက သူတို႔အား ခပ္ျမန္ျမန္ပဲ ဤေနရာတြင္ဆက္လက္၍ မေနနိုင္ေစခဲ့ ။ ေနာက္ဆုံးတြင္ေတာ့ သူတို႔သည္ ထြက္ေပါက္အသစ္ရွာရန္ ဆုံးျဖတ္လိုက္ၾကသည္ ။

တစ္ရက္တြင္ေတာ့ အဖြဲ႕သားမ်ားစြာက  အတူတကြစုေပါင္းကာ မုတ္ဆိတ္ႀကီးထံမွ လုယက္ခဲ့သည္ -- အေၾကာင္းတစ္ခုခုေၾကာင့္ သူတို႔သည္ မုတ္ဆိတ္ႀကီးတစ္ေယာက္တည္း အာကာသယာဥ္ျဖင့္ ခိုးထြက္သြားလိမ့္မည္ဟု အထင္မွားခဲ့ၾကၿပီး ရလဒ္ကေတာ့ ျပင္းထန္သည့္ အေခ်အတင္တိုက္ပြဲပင္ ။ ေခါင္းေဆာင္ခ်ီႏွင့္ အျခားအဖြဲ႕သားႏွစ္ေယာက္ ျပန္ေရာက္လာမွသာ ရွဲ႕ရွန္က မုတ္ဆိတ္ႀကီးအား ဘာသာစကားအခက္အခဲေၾကာင့္ 'အထင္လြဲ'ခဲ့ေၾကာင္း သူတို႔နားလည္လိုက္ရသည္ ။

ထိုသို႔ အသည္းအသန္ျဖစ္ေနသည့္ အ‌ေျခအေနမ်ိဳးတြင္ အေကာင္းႏွင့္အဆိုး ခြဲျခားသိနိုင္ရန္ ခက္ခဲေပ၏ ။ ေခါင္းေဆာင္ခ်ီက သူ႔အား ယုံၾကည္ရန္ ဆုံးျဖတ္လိုက္သည္ ။

ယခုတစ္ႀကိမ္တြင္ေတာ့ တူညီေသာအျဖစ္ထပ္မံျဖစ္ပြားမည့္အေရးမွ ေရွာင္ၾကဥ္ရန္ ေခါင္းေဆာင္ခ်ီႏွင့္ အျခားအဖြဲ႕သားမ်ားက သူတို႔ေနရာတစ္ဝိုက္ကို ေထာက္လွမ္းမည့္အခ်ိန္တြင္ ရွဲ႕ရွန္ကို အတူေခၚလာခဲ့ၾကသည္ ။ အတူတကြျဖင့္ သူတို႔သည္ မိုးသစ္ေတာထဲသို႔ ဝင္ခဲ့ၾကၿပီး ထိုအထဲတြင္ မသိနိုင္ေသာ အခ်ိန္တစ္ခုၾကာရွိခဲ့ၾကသည္ ။ စမ္းေခ်ာင္းေဘးတြင္ စားေသာက္ကာ အနားယူၿပီးေနာက္ သူတို႔သည္ အစာအဆိပ္သင့္သည့္လကၡဏာမ်ား စတင္ျပလာခဲ့‌ေသာ္လည္း ရွဲ႕ရွန္တစ္ေယာက္သာ အဆင္ေျပေနခဲ့၏ ။

သူ႔အဖြဲ႕သားမ်ား၏ အစာထဲသို႔ အဆိပ္ရွိမွိုမွ အရည္မ်ား ထည့္ကာ သတ္ခဲ့ေသာသူက ရွဲ႕ရွန္ပင္ ။

မိုးသစ္ေတာမွထြက္ခဲ့ၿပီး ရွဲ႕ရွန္ဘာဆက္ျဖစ္သလဲဆိုသည္ကေတာ့ လူတိုင္း ေယဘုယ်ခန႔္မွန္းလို႔ရ‌ေလသည္ ။

မိုးသည္ သည္းႀကီးမည္းႀကီး ရြာသြန္းေန၏ ။

မိုးခ်ဳန္းသံက ထြက္ေပၚလ်က္ ။

မုတ္ဆိတ္ႀကီးက ေဘးတြင္ရပ္ကာ စကားအနည္းငယ္ ေရရြတ္ေနၿပီး က်စ္ယြီရွီက တစ္ခ်ိန္တည္းတြင္ ဘာသာျပန္ေပးလာသည္ ။ "မုတ္ဆိတ္ႀကီးက အဲ့တုန္းက ဒဏ္ရာရသြားေပမဲ့ အာကာသယာဥ္ေသာ့ကိုမေပးခဲ့ဘူး ။ ဒါေၾကာင့္ ရွဲ႕ရွန္တို႔ေတြက ဒီကထြက္ဖို႔ တျခားနည္းကိုပဲ ရွာနိုင္ေတာ့တာ ။‌ လမ္းေပ်ာက္သြားတဲ့သူေတြ ၊ ေခါင္းေဆာင္ခ်ီတို႔အဖြဲ႕လို အေျခအေနနဲ႔ေသသြားတဲ့သူေတြအတြက္ကေတာ့ ရွဲ႕ရွန္ပဲသိလိမ့္မယ္ "

ထိုသို႔ေျပာၿပီးေနာက္ က်စ္ယြီရွီက ရပ္တန႔္လိုက္ေလသည္ ။ "မုတ္ဆိတ္ႀကီးက ကၽြန္ေတာ္တို႔ကို လြတ္ေျမာက္ယာဥ္ရွိတဲ့အေၾကာင္း မေျပာခဲ့တာက သမိုင္းတစ္ပတ္ျပန္လည္လာမွာ စိုးရိမ္လို႔ပဲ ။ ၿပီးေတာ့ ရွဲ႕ရွန္ကလဲ ၿမိဳ႕ထဲကထြက္လာၿပီး ၁၅ႏွစ္ ၾကာသြားၿပီလို႔ မထင္ခဲ့တာေၾကာင့္ "

"အဲ့တာဆို သူကၽြန္ေတာ္တို႔ကို အစတည္းက လိမ္ေနခဲ့တာပဲ " လီခၽြင္းက စိတ္ရႈပ္သြားသည္ ။ "ကၽြန္ေတာ္တို႔ မိုးသစ္ေတာထဲက ထြက္လာေတာ့ မုတ္ဆိတ္ႀကီးနဲ႔ သူ႔ၾကားထဲက ဆက္ဆံေရးကို ‌ေျဖရွင္းခဲ့တာက သူစိတ္သန႔္သန႔္နဲ႔ ျပန္သြားခ်င္လို႔ေပါ့ "

ရွဲ႕ရွန္၏အႀကံအစည္မွာ ပ်က္စီးသြားခဲ့ေလၿပီ ။

ဤထ်န္းခ်ဳံမွမစ္ရွင္ႏွင့္အဖြဲ႕သည္ လက္ရွိအေျခအေနကို ေျဖရွင္းရမည့္ လၽွို႔ဝွက္ဆန္းက်ယ္သည့္ျဖစ္ရပ္အျဖစ္ သတ္မွတ္ကာ အခ်ိန္ထဲတြင္ အက္ကြဲေၾကာင္းရွိေနသည္ကို ျမန္ျမန္ဆန္ဆန္ရွာေတြ႕သြားမည္ဟု သူမေမၽွာ္လင့္ထားခဲ့ေခ် ။ သူတို႔ဤေနရာမွထြက္သြားနိုင္မည့္နည္းကို က်စ္ယြီရွီထံမွ ၾကားလိုက္ရခ်ိန္တြင္ သူ၏အံ့ဩေနေသာအမူအရာႏွင့္ စိတ္အားထက္သန္ေသာ ခံစားခ်က္မ်ားက သူ႔စိတ္ထဲရွိ ထိတ္ပ်ာမႈကို ဖုံးကြယ္ထားေပးခဲ့သည္ ။

သူေၾကာက္လန႔္ေနခဲ့လိမ့္မည္ ။ အကယ္၍ သူ႔အဖြဲ႕သားမ်ား အားလုံးသာ အမွန္တကယ္ျပန္လည္ရွင္သန္လာခဲ့ၿပီး သူတို႔ဆြဲစုပ္မခံရခင္ အခ်ိန္သို႔ ျပန္သြားနိုင္ခဲ့လၽွင္ သူ႔အတြက္ လမ္းဆုံးျဖစ္သြားေပလိမ့္မည္ ။

က်ိဳးမင္ရႊမ္းက ဆဲေရးလိုက္ၿပီးေနာက္ "ကိုယ္စိုက္တဲ့သီးႏွံ ကိုယ္စားရတယ္ဆိုတာဒါေပါ့"

စုန႔္ခ်င္းလန္၏ ေသးငယ္ေသာမ်က္ႏွာထက္  မိုးေရစက္မ်ား လိမ့္ဆင္းလာသည္ ။ သူ႔မ်က္ေတာင္မ်ားမွာ စိုစြတ္ေနၿပီး သူ႔မ်က္လုံးနက္မ်ားက ေတာက္ပေန၏ ။ "ဆိုေတာ့ မင္းက အခုတင္ျပန္ရွင္လာတဲ့သူေတြကို ငါတို႔က လြတ္ေျမာက္ယာဥ္ကို ခိုးေနပါတယ္ဆိုၿပီး တမင္သက္သက္လိုက္ေျပာေနတာေပါ့ ၊ ဒါမွ မင္းေနာက္ပိုင္းအက်ိဳးအျမတ္ရမွာဆိုေတာ့ ၊ ဒါမွမဟုတ္ မင္းအခ်ိန္ဆြဲဖို႔ ႀကိဳးစားေနတာလား ? "

စုန္႔ခ်င္းလန္က အေျဖကို ေစာင့္မေနသလို ရွဲ႕ရွန္‌ ေျဖၾကားလာမည္ကိုလည္း သူမလိုအပ္ခဲ့ေပ ။ သူဆက္ေျပာလာ၏ ။ "အက္ကြဲေၾကာင္းမပိတ္ခင္ ေနာက္အခ်ိန္ကာလတစ္ခုကို မင္းထြက္ေျပးခ်င္လို႔ အခုအဲ့ဒီလြတ္ေျမာက္ယာဥ္ကို လိုခ်င္ေနတယ္ဆိုေပမဲ့ ငါတို႔ျပန္ေရာက္ၿပီး စစ္ေဆးေရးမႉးေတြက အေႏွးနဲ႔အျမန္ မင္းကိုရွာေတြ႕သြားမွာကို မေၾကာက္ဘူးလား ? "

ခန႔္မွန္းခ်က္မွန္သြားေသာအခါ ရွဲ႕ရွန္က ရွက္ရြံ့သြားရသည္ ။ သို႔သည့္တိုင္ သူသည္ အံကိုႀကိတ္ကာျဖင့္ "ကမၻာအဆုံးထိ ထြက္ေျပးရတာက ျပန္သြားၿပီး ေသရတာထက္ပိုေကာင္းေသးတယ္ ။ ၿပီးေတာ့ အခုမွေနာင္တရရင္ေတာင္........ေနာက္က်သြားၿပီမဟုတ္ဘူးလား ? "

အကယ္၍သူသာ အေျခအေနမ်ားက ဤသို႔အဆုံးသတ္မည္မွန္းသိခဲ့လၽွင္ သူ၏အႏၲရာယ္မ်ား‌ေသာအႀကံဆိုးမ်ားကို ခ်ဳပ္တည္းခဲ့လိမ့္မည္ ။ ကံမေကာင္းစြာျဖင့္ ေနာက္က်သြားလြန္းခဲ့ၿပီျဖစ္သည္ ။

လူတိုင္းတြင္ အကုန္လုံးကို အစကျပန္စခြင့္ ရွိခဲ့သည္ ၊ သူတစ္ေယာက္မွလြဲ၍ ။

စုန႔္ခ်င္းလန္က ဆို၏ ။ "ေနာက္က်သြားၿပီ"

ရွဲ႕ရွန္ : "ဒါဆိုလဲ လြတ္ေျမာက္ယာဥ္နဲ႔ လဲလိုက္ေလ ။ ကၽြန္ေတာ္ ယာဥ္ထဲဝင္ၿပီးတာနဲ႔ ပန္းရဲ့တည္ေနရာေျပာျပမယ္ ။ မဟုတ္ရင္ ျပန္သြားဖို႔ စိတ္ေတာင္မကူးနဲ႔ "

အကုန္လုံး ႐ုတ္႐ုတ္သဲသဲျဖစ္သြားၾကသည္ ။

အမွိုက္ပုံႀကီးေပၚတြင္ ေသးငယ္ေသာ အလင္းတစ္ကြက္စာသာ က်န္ရွိၿပီး သူတို႔မၾကာခင္ ေအာင္ျမင္ေတာ့မည္ျဖစ္သည္ ။

ရွဲ႕ရွန္ကို တကယ္ပဲ အရင္သြားခြင့္ျပဳလိုက္ရေတာ့မွာလား?

ေခါင္းေဆာင္ခ်ီ၏ ေသနတ္ေျပာင္းဝက မလႈပ္ရွားေသးေပ ။ မိုးေရမ်ားၾကား၌ ေသနတ္ေမာင္းထက္ရွိ လက္ေခ်ာင္းမ်ားမွ လက္ဆစ္မ်ားမွာ ျဖဴေဖ်ာ့ေနၿပီျဖစ္သည္ ။ "သူ႔ကိုေပးလိုက္"

လူတိုင္း : "???"

ထန္းလဲ့က ျငင္းဆန္းလာသည္ ။ "မေပးဘူး!"

ထန္းခ်ီကို ရွဲ႕ရွန္က တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ ။ အရွိန္ျမန္ေနေသာ ထန္းခ်ီက ထန္းလဲ့ကို အခ်ိန္မီ တြန္းထုတ္ခဲ့ျခင္းေၾကာင့္သာမဟုတ္ရင္ ထန္းလဲ့သည္လည္း ဒဏ္ရာရေနေလာက္သည္‌ေပ ။

က်စ္ယြီရွီသည္ မ်က္ေမွာင္ၾကဳတ္လ်က္ အေတြးထဲနစ္ဝင္ေနသည္ကို စုန႔္ခ်င္းလန္မွလြဲ၍ အျခားမည္သူကမၽွ သတိမထားမိၾက‌ေခ် ။

က်စ္ယြီရွီ၏စိတ္ထဲတြင္ ရွဲ႕ရွန္ႏွင့္အတူရွိခ်ိန္ ျမင္ကြင္းမ်ားအားလုံးကို တစ္ကြက္ခ်င္းျပန္‌ေပၚလာခဲ့သည္ ။ သူ႔မွတ္ဉာဏ္သည္ ျပစ္ခ်က္မရွိေပ ။ သူျမင္ဖူး ၊ ၾကားဖူး ၊ ခံစားဖူးသည့္ အရာျဖစ္သေရြ႕ ေသးငယ္ေသာ အေသးစိတ္မ်ားကအစ သူလြတ္သြားမည္မဟုတ္ေပ ။

ရွဲ႕ရွန္က ပန္းပြင့္ကို ဘယ္ေနရာမွာ ဖြက္ထားေလာက္လဲ?

ရွဲ႕ရွန္က အာကာသယာဥ္ထဲ ဝင္လာၿပီးေတာ့ မုတ္ဆိတ္ႀကီးႏွင့္ တိုက္ခိုက္ခဲ့သည္။

ရွဲ႕ရွန္က ၾကမ္းျပင္ထက္တြင္ ထိုင္လ်က္ သူတို႔ႏွင့္ စကားေျပာခဲ့၏ ။

ရွဲ႕ရွန္က စည္သြတ္ဘူးတစ္ဘူးကို ကိုင္ရင္း ဆိုဖာေပၚတြင္ထိုင္ကာ သူတို႔ႏွင့္ စကားေျပာခဲ့သည္ .................။

"ခဲ့မုန္ပဲေစ့........." က်စ္ယြီရွီ ထိုစကားလုံးမ်ားကို ေျပာလိုက္သည့္တစ္ခဏ ရွဲ႕ရွန္၏ အမူအရာမွာ ေျပာင္းလဲသြားေလ၏ ။

လီခၽြင္းက အံ့အားသင့္သြားသည္ ။ "ဖာခ့္...သူပန္းကို ခဲ့မုန္ပဲေစ့ဘူးထဲ ဖြက္ထားတာလား?!"

အာကာသယာဥ္ထဲ၌ လူတိုင္းသည္ အႏွီခဲ့မုန္ပဲေစ့မ်ားကို မႀကိဳက္ေၾကာင္း တညီတညာတည္း ေဖာ္ျပခဲ့ၾကသည္ ။ ထိုထက္အရသာပိုဆိုးေသာ ဟင္းသီးဟင္းရြက္စည္သြတ္ဘူးကို သူတို႔စားရလၽွင္ေတာင္ ထိုပဲေစ့မ်ားကိုေတာ့ သူတို႔စားရန္ ျငင္းဆန္ခဲ့သည္ ။

ခဲ့မုန္ပဲ‌ေစ့ဘူးမ်ားမွာ အမွိုက္သာသာ ျဖစ္တည္မႈမ်ားပင္ ။

က်စ္ယြီရွီက ရွဲ႕ရွန္ကိုၾကည့္လိုက္သည္ ။ "မဟုတ္ဘူး ။ ခဲ့မုန္ပဲေစ့ဘူးေတြထဲ မဟုတ္ဘူး"

ရွဲ႕ရွန္သည္လည္း က်စ္ယြီရွီကို ျပန္ၾကည့္လာခဲ့သည္ ။ သူ႔မ်က္ႏွာအမူအရာမွာ ေအးစက္ေတာင့္တင္းေနၿပီး စကားတစ္ခြန္းမၽွ ‌မဆိုခဲ့ေပ ။

က်စ္ယြီရွီ ခန႔္မွန္းနိုင္သည္ကို ရွဲ႕ရွန္သည္လည္း ခန႔္မွန္းနိုင္သည္ ။

ဤသည္က ကင္းေထာက္မ်ားၾကားမွ ထိပ္တိုက္ရင္ဆိုင္မႈပင္ ။

က်စ္ယြီရွီ၏ စကားလုံးမ်ားကတည္ၿငိမ္ေနသည့္တိုင္ လူတိုင္းကို ၾကက္သီးထသြားေစသည္ ။ "ေခါင္းေဆာင္ခ်ီ..ခင္ဗ်ားပစ္လို႔ရတယ္"

အကုန္လုံးသည္ က်စ္ယြီရွီ၏ စကားေၾကာင့္ ထိတ္လန႔္သြားၾကသည္ ။

တပ္ဖြဲ႕ ၇တစ္ဖြဲ႕သာ မအံ့ဩခဲ့ေခ် ။ သူတို႔၏အႀကံေပးက်စ္က အျမဲတေစ ျမဴခိုးေငြ႕မ်ားကို ေက်ာ္ျဖတ္နိုင္ကာ အမွန္တရားဆီ ေရာက္နိုင္သည္ပင္ ။

ေခါင္းေဆာင္ခ်ီက အနည္းငယ္တုံ႔ဆိုင္းေနေလ၏ ။

က်စ္ယြီရွီက အတည္ျပဳေျပာလာခဲ့သည္ ။ "ပန္းက ရွဲ႕ရွန္ရဲ့ကိုယ္ထဲမွာ "

က်ိဳးမင္ရႊမ္းက ခ်က္ခ်င္းပင္ ေရွ႕ထြက္လာကာ ရွဲ႕ရွန္၏ အနက္ေရာင္တိုက္ခိုက္ေရးယူနီေဖာင္းကို ဆြဲျဖဲလိုက္သည္ ။

ဤငယ္ရြယ္သည့္ ခႏၶာကိုယ္မွာ အားမနည္းသည့္တိုင္ ခ်ဴခ်ာျဖဴစုတ္ေန၏ ။ ဝမ္းဗိုက္ေအာက္ပိုင္းတြင္ ၁၀စင္တီမီတာေလာက္ အရွည္ရွိေသာ လတ္လတ္ဆတ္ဆတ္ဒဏ္ရာတစ္ခုရွိေနၿပီး ထိုအထဲတြင္ ေသးငယ္သည့္ပန္းကို ဖြက္ထားခဲ့သည္ ။ ရွဲ႕ရွန္က သူ႔ခႏၶာကိုယ္ကို ‌‌ေျမဩဇာအျဖစ္အသုံးျပဳကာ ပန္းကိုရွင္သန္ေစခဲ့သည္ ။ သူ႔ကိုယ္သူ ဤမၽွထိလုပ္ပုံအရ ဒီေနရာမွ လြတ္ေျမာက္လိုသည့္ ရွဲ႕ရွန္၏စိတ္ဆုံးျဖတ္ခ်က္က အေၾကာက္လြန္ေနၿပီမွန္း သိသာလွသည္ ။

ရွဲ႕ရွန္သည္ ေျမႀကီးေပၚ ပုံက်သြားၿပီး သူ႔မ်က္ႏွာမွာ ျဖဴစုတ္ေန၏ ။ "ခင္ဗ်ား......ဘယ္လိုလုပ္သိသြားတာလဲ?"

"ခင္ဗ်ားေျပာခဲ့တာ" က်စ္ယြီရွီက ‌ေျပာသည္ ။ "ခင္ဗ်ား အာကာသယာဥ္ဆီျပန္ေရာက္လာေတာ့ မုတ္ဆိတ္ႀကီးဆီက လည္ပင္းအညႇစ္ခံလိုက္ရၿပီး သူျပန္လႊ‌တ္ေပးေတာ့ ခင္ဗ်ားအသက္ရႉလို႔ရတာနဲ႔ အရင္ဆုံး ခင္ဗ်ားခႏၶာကိုယ္ကို ပြတ္ခါခဲ့တာ---ခင္ဗ်ား သူ႔အနံ့ကို မႀကိဳက္ဘူး ။ ပထမဆုံးအႀကိမ္ ကၽြန္ေတာ္တို႔ကိုစကားေျပာဖို႔ ခင္ဗ်ား ၾကမ္းျပင္ေပၚထိုင္တုန္းက မုတ္ဆိတ္ႀကီးရဲ့ေကာ္ေဇာအေဝးမွာ ထိုင္ခဲ့တာလဲ ခင္ဗ်ားအဲ့အနံ့ကို မႀကိဳက္လို႔ပဲ ။ ေခါင္းေဆာင္စုန႔္နဲ႔ကၽြန္ေတာ္ထြက္သြားၿပီး လမ္းတစ္ဝက္မွာ လွည့္ျပန္လာေတာ့ ခင္ဗ်ားေရခ်ိဳးၿပီးသြားၿပီ ။ မုတ္ဆိတ္ႀကီးေဘးက ျဖတ္သြားတဲ့အခ်ိန္တိုင္း ခင္ဗ်ား အသက္ရႈေအာင့္ထားခဲ့တယ္ ။ ထူးဆန္းတာက အဲ့တာပဲ ၊ ေနာက္ပိုင္းက်ရင္ မုတ္ဆိတ္ႀကီးရဲ့အနံ့အသက္က ကၽြန္ေတာ္အရင္ဆုံးမွတ္မိမဲ့အရာလို႔ ကၽြန္ေတာ္ျပန္‌‌ေျဖေတာ့ ခင္ဗ်ားက သိသိသာသာႀကီးကို ေထာက္ခံေနခဲ့တဲ့အမူအရာျပေနရဲ့သားနဲ႔ ခင္ဗ်ားက သူ႔ဆိုဖာေပၚမွာ အပူအပင္ကင္းကင္းထိုင္ၿပီး ခင္ဗ်ားျခဳံဖို႔သူ႔ေစာင္ကိုေတာင္ သုံးခဲ့ေသးတယ္ "

ရွဲ႕ရွန္: "........."

က်စ္ယြီရွီရဲ့ မွတ္ဉာဏ္ကပဲေကာင္းလြန္းေနတာလား ၊ မဟုတ္ရင္ သူကပဲထင္ထားတာထက္ ဉာဏ္ေကာင္းေနတာလား?

က်စ္ယြီရွီက ဆက္ေျပာလာသည္ ။ "အထူးသျဖင့္ ၿမိဳ႕ထဲမွာ ႏွစ္ရက္ေလာက္ဘာမွမစားခဲ့ရတာေတာင္ ခင္ဗ်ားကို ကၽြန္ေတာ္ေပးတဲ့ အသီးအႏွံဘူးကိုပဲ စားၿပီး မုတ္ဆိတ္ႀကီးက ဝက္ေပါင္ေျခာက္ဘူးကို ခင္ဗ်ားကို စားခြင့္ေပးခဲ့တာေတာင္ ခင္ဗ်ား ကုန္ေအာင္မစားဘဲ ၃ပုံ၁ပုံေလာက္ပဲစားခဲ့တာ "

ရွဲ႕ရွန္က ေလွာင္ရယ္လိုက္သည္။ သူ႔အရႈံးကို လက္ခံလိုက္ေလ၏ ။ "ကၽြန္ေတာ္လဲ ခင္ဗ်ားလို ဝက္ေပါင္ေျခာက္အရသာကို မုန္းလို႔လို႔ မထင္မိဘူးလား ?"

ေဘးတြင္ရွိေနေသာ စုန႔္ခ်င္းလန္ : "......."

အႀကံေပးက်စ္က ဝက္ေပါင္ေျခာက္ကို မုန္းတယ္ ?

က်စ္ယြီရွီက ေခါင္းခါလိုက္၏ ။ "အဲ့အခ်ိန္တုန္းက ခင္ဗ်ားကိုယ္ထဲအပင္ကို ထည့္ခဲ့ၿပီး နာေနလို႔ စားဖို႔ ေနေနသာသာ မတ္တပ္ထဖို႔ေတာင္ အနိုင္နိုင္ျဖစ္ေနခဲ့တာမို႔လို႔ပဲ ။ ဟုတ္တယ္မလား? "

ရွဲ႕ရွန္က စကားဆက္မေျပာေတာ့ေခ် ။

တိတ္ဆိတ္မႈၾကားမွ ေခါင္းေဆာင္ခ်ီက တည္ၿငိမ္စြာ စကားဆိုလာခဲ့သည္ ။ "ရွဲ႕ရွန္..အခ်ိန္ရဲ့မ်က္ျမင္သက္ေသနဲ႔ ေစာင့္ေရွာက္သူအျဖစ္ ၊ ငါ မင္းကို ျပစ္ဒဏ္စီရင္မယ္ "

လက္ရွိတြင္ ေရႊ႕ေျပာင္းသူ ၅၀ေက်ာ္ ၆၀ေလာက္ တည္ရွိေနခဲ့သည္ ။

လူတိုင္းက မတူညီေသာကမၻာ ၊ မတူညီေသာ အခ်ိန္ကာလမ်ားမွလာခဲ့ၾကျခင္းပင္ ။  ဘာသာစကား အတူတူေျပာၾကသူမ်ားႏွင့္ ဘာသာစကားကြဲျပားၾကသူမ်ား ၊ သူတို႔သည္ အခ်င္းခ်င္း လက္ရွိအေျခအေနကို အျပန္အလွန္ ဘာသာျပန္ေပးေနၾကသည္ ။

သူတို႔၏တာဝန္ကို နာခံၾကေသာ အခ်ိန္၏မ်က္‌ျမင္သက္ေသမ်ားအေနျဖင့္ သူတို႔သည္ ရွဲ႕ရွန္ကို ရႈံ႔ခ်‌သည့္အၾကည့္ျဖင့္ ၾကည့္ေနၾကသည္ ။

"ဒိုင္း----"

ေသနတ္သံႏွင့္အတူ ရွဲ႕ရွန္က ေျမႀကီးေပၚ လဲက်သြားခဲ့သည္ ။

သူ႔နဖူးထက္တြင္ ေသြးထြက္ေနေသာ အေပါက္တစ္ေပါက္ရွိေနၿပီး သူ႔မ်က္လုံးမ်ားကျပဴးက်ယ္ကာ အသက္မဲ့‌ေနလ်က္ ။

အက္ကြဲေၾကာင္းကို ျပဳျပင္ၿပီးေနာက္တြင္ ရွဲ႕ရွန္သည္ ျပန္လည္ရွင္သန္ကာ အာကာသယာဥ္ထံသို႔ ျပန္ေရာက္သြားၿပီး ထို႔ေနာက္တြင္ေတာ့ သူသည္ သူ႔အဖြဲ႕သားမ်ားထံမွ ဖမ္းခ်ဳပ္ခံရကာ ထ်န္းခ်ဳံထံ ျပန္ေခၚသြားၿပီး ထပ္မံ၍ ေသဒဏ္စီရင္ခံရမည္ကို ဤေနရာရွိလူတိုင္း သိခဲ့၏ ။

ဤသည္က ရွဲ႕ရွန္၏ ေနာက္ဆုံးအဆုံးသတ္မဟုတ္ခဲ့ေပ ။

သည္းထန္စြာရြာေနေသာမိုးက ႐ုတ္တရက္တိတ္သြားသည္ ။

ေရႊ႕ေျပာင္းသူမ်ားအားလုံး အတူတကြအလုပ္လုပ္လိုက္ၾကကာ ပန္းပြင့္ေနာက္ဆုံးအသုတ္ကို အလ်င္အျမန္ပဲ စုစည္းလိုက္နိုင္၏ ။ ထိုပန္းမ်ားကို ရွဲ႕ရွန္ကိုယ္ထဲမွ ထုတ္လိုက္သည့္ ပန္းတစ္ပြင့္ႏွင့္အတူ မီးရွို႔လိုက္ၾကသည္ ။

ၿမိဳ႕၏ သုံးဖက္ျမင္မွန္ေျပာင္းကဲ့သို႔ ပုံရိပ္ေယာင္က ေပ်ာက္ကြယ္သြားသည္ ။

"အကုန္လုံး ၊ ဟိုမွာၾကည့္ !" တစ္စုံတစ္ေယာက္က ေအာ္လိုက္သည္ ။

လူတိုင္းသည္ ေခါင္းေမာ့ၾကည့္လိုက္ၾက၏ ။ ေကာင္းကင္ထက္ရွိ လွပေသာ ဥတၱရအလင္းတန္းသည္လည္း ၿမိဳ႕ႏွင့္အတူ ေပ်ာက္ကြယ္သြားခဲ့သည္ ။

ဒါက အခ်ိန္အက္ကြဲေၾကာင္းရဲ့ အဆုံးသတ္လား?

ေနာက္ဆုံးေသာ ပန္းပြင့္၏ အလင္းေရာင္ေပ်ာက္ကြယ္မသြားခင္ ေကာင္းကင္မွ မ်ားျပားေသာ အသံက်ယ္မ်ား ႐ုတ္တရက္ထြက္ေပၚလာေလ၏ ။

ထို႔ေနာက္တြင္ေတာ့ ခ်က္ခ်င္းပင္ ေျမႀကီးထဲမွ အဂၤလိပ္အလယ္ေခတ္တြင္ ရွိခဲ့ေသာ သ‌ေဘၤာႀကီးတစ္စီး ထြက္ေပၚလာၿပီး ရြက္တိုင္မွာ လမ္းတစ္ေလၽွာက္ရွိ ေရႊ႕ေျပာင္းသူမ်ား၏ ခႏၶာကိုယ္ကို ထုတ္ခ်င္းေဖာက္သြားေလသည္ ။ ထို႔ေနာက္ အမွန္တကယ္မရွိေသာ ေရလွိုင္းလုံးမ်ားက အျခားသူမ်ားထံ ေတြးၾကည့္လို႔ပင္ မရေလာက္ေသာ အျမန္ႏႈန္းျဖင့္ ဦးတည္လာခဲ့သည္ !

"ေျပး!!"

ဘာသာေပါင္းစုံမွ ဤေအာ္သံႏွင့္အတူ ေရႊ႕ေျပာင္းသူမ်ားက သူတို႔၏ ပင္ကိုအသက္ရွင္လိုစိတ္ကိုလိုက္ကာ အကုန္လုံး လွည့္ေျပးၾကေတာ့သည္ ။

က်စ္ယြီရွီသည္ မသိစိတ္အေလ်ာက္ ေခါင္းေဆာင္စုန႔္ေလး၏လက္ကို ဆြဲကိုင္လိုက္သည္ ။ သို႔ေသာ္ ထိုသေဘၤာသည္ ထြက္ေပၚလာသည့္အတိုင္း အလ်င္အျမန္ပဲ ေပ်ာက္ကြယ္သြားေလ၏ ။

ေခ်ာက္ကမ္းပါးမ်ား ထြက္ေပၚလာသည္ ။ ေခါင္ခိုက္ေသာ ေျမတီးေခါင္လြင္ျပင္တစ္ခုက အစားထိုးေနရာယူလာ၏ ။ ၿဂိဳဟ္မ်ား ၊ ဝင္ရိုးစြန္းေဒသမ်ား ၊ မီးေတာင္မ်ား ; ၎တို႔သည္ ခန႔္မွန္း၍ မရနိုင္ေခ် ။

တိုေတာင္းသည့္ စကၠန႔္အနည္းငယ္အတြင္း ကမၻာေပါင္းမ်ားစြာ၏ ႏွစ္ေပါင္းရာခ်ီ ေပါင္းစပ္ထပ္တူက်သြားခဲ့သည္ ။

ကမၻာႀကီးက ဖရိုဖရဲပရမ္းပတာ ။ အခ်ိန္ႏွင့္အာကာသသည္ ေရာယွက္ေနလ်က္ ။ ထြက္သြားနိုင္မည့္လမ္းမရွိေပ ။

မည္သူကမၽွ ထြက္ေျပးမေနၾကေတာ့ ။

ေရႊ႕ေျပာင္းသူမ်ားအားလုံးသည္ ေနရာတြင္သာ ရပ္ေနခဲ့ၾကသည္ ။ အခ်ိန္ႏွင့္အာကာသ၏ ဝဲဂယက္အလည္တြင္ ရပ္ေနရင္းမွ ပထမဆုံးအႀကိမ္အျဖစ္ သူတို႔သည္ အမွန္တြင္ေတာ့ ဘယ္ေလာက္ထိ ေသးငယ္သိမ္ႏုတ္ေၾကာင္း နားလည္လိုက္ရသည္ ။

ပိန္သြယ္သန႔္ရွင္းေသာ ငယ္ရြယ္သည့္ပုံရိပ္အျဖစ္ ျပန္လည္ေျပာင္းလဲသြားေသာ အဖြဲ႕ထဲရွိ မုတ္ဆိတ္နီႏွင့္ အရပ္အရွည္ဆုံးလူသည္ သူ႔အား လက္လွမ္းျပေနသည္ကို က်စ္ယြီရွီျမင္လိုက္ရသည္ ။

ထန္းခ်ီ တျဖည္းျဖည္းမ်က္လုံးျပန္ဖြင့္လာကာ သူ႔ဒဏ္ရာမ်ားက မ်က္စိႏွင့္ပင္ ျမင္နိုင္သည့္အရွိန္ျဖင့္ ေပ်ာက္ကင္းသက္သာလာသည္ကို သူျမင္လိုက္ရ၏ ။

အႏွီအမွိုက္ပုံႀကီး လုံးဝေပ်ာက္ကြယ္သြားကာ ပိုမ်ားေသာ ေရႊ႕ေျပာင္းသူမ်ား ထြက္ေပၚလာသည္ကိုလည္း သူျမင္လိုက္ရသည္ ။

အလင္းေရာင္မွာ ပို၍ ေသးငယ္မွိန္ေဖ်ာ့လာ၏ ။

"‌ေဖ်ာက္"

ေနာက္ဆုံးႏြယ္ပင္သည္ ျပာျဖစ္သည္အထိ ေလာင္ၿမိဳက္ခံလိုက္ရသည္ ။

သူတို႔သည္ အေမွာင္ထုထဲသို႔ လုံးလုံးက်ေရာက္မသြားခင္ က်စ္ယြီရွီသည္ သူကိုင္ထားခဲ့ေသာ ေသးငယ္သည့္လက္ေလးက အျမန္ႏႈန္းျဖင့္ ႀကီးလာသည္ကို ခံစားလိုက္ရသည္ ။ ထိုလက္ေလးသည္ အင္အားအျပည့္ျဖင့္ ႀကီးမားေသသပ္ေသာလက္အျဖစ္ အလြန္လ်င္ျမန္စြာပဲ ေျပာင္းလဲသြား၏ ။ အရိုးအဆစ္မ်ားမွာ အနည္းငယ္ ၾကမ္းတမ္းကာ ေသနတ္ျဖင့္အခ်ိန္အေတာ္ၾကာ ေလ့က်င့္ေရး‌ဆင္းရာမွ ရရွိခဲ့ေသာ အသားမာမ်ားလည္း ရွိေနသည္ ။

ထိုလက္သည္ လႊတ္မေပးခဲ့ဘဲ ထိုအစား သူ႔လက္ကို ဆုပ္ကိုင္လာခဲ့သည္ ။

က်စ္ယြီရွီ၏ေဘးဘက္တြင္ ေႏြးေထြးေသာ အပူေငြ႕ရွိေနသည္ ။

ထိုလူသည္ သူ႔ထက္ ဦးေခါင္းတစ္ဝက္စာေလာက္ အရပ္ရွည္ပုံေပၚ၏ ။

သူတို႔သည္ အလြန္နီးကပ္ေနလ်က္ ။

အေမွာင္ထဲတြင္ အရြယ္ေရာက္ၿပီးသား အမ်ိဳးသား၏အသံနိမ့္နိမ့္သည္ နားဝင္ခ်ိဳလွစြာပင္ ။ "အႀကံေပးက်စ္........"

ထိုစာေၾကာင္းသည္ အဆုံးမသတ္လိုက္ရေပ ။

အခ်ိန္အေတာ္ၾကာၿပီး ေနာက္ပိုင္းတြင္ပင္ စုန႔္ခ်င္းလန္ သူ႔ကို ဘာေျပာခ်င္ခဲ့သလဲဆိုသည္ကို က်စ္ယြီရွီဆက္လက္ေတြးေတာမိဆဲျဖစ္သည္ ။

က်စ္ယြီရွီ သတိျပန္လည္လာေသာအခါ အာကာသယာဥ္ထဲ ျပန္ေရာက္ေနခဲ့ၿပီျဖစ္သည္ ။

[သတိေပးခ်က္ ! သတိေပးခ်က္ ! သင္သည္ သတ္မွတ္ထားေသာ ဦးတည္ခ်က္မွ ေသြဖီေနပါသည္ ! သင္သည္ သတ္မွတ္ထားေသာ ဦးတည္ခ်က္မွ ေသြဖီေနပါသည္ ! ]

သတိေပးခ်က္ႏွင့္အတူ အာကာသယာဥ္ထဲရွိ သတိေပးအလင္းေရာင္သည္ မရပ္မနား တဖ်တ္ဖ်တ္လက္ေန၏ ။

အာကာသယာဥ္က အၾကမ္းပတမ္းလႈပ္ယမ္းသြားခ်ိန္တြင္ သူမ်က္စိေရွ႕ရွိ ေဖာက္ထြင္းျမင္ေနရသည့္ေဘာင္ကြက္တြင္မေရမတြက္နိုင္ေသာ ႐ုပ္ပုံမ်ား အလ်င္အျမန္ ဖ်တ္ခနဲျဖစ္ေနသည္ကို က်စ္ယြီရွီ ျမင္လိုက္ရသည္ ။ စူးရွက်ယ္ေလာင္သည့္ သတိေပးသံထြက္ေပၚလာသည္ ။

အခ်ိန္တစ္ခဏမၽွ သူနားကန္းသြားၿပီဟု က်စ္ယြီရွီ ေတြးမိသြား၏ ။

ထပ္ၿပီး..........ထပ္ၿပီး ျပန္စအုံးမွာလား?

တိုေတာင္းေသာ အခ်ိန္တစ္ခုစာ တိတ္ဆိတ္သြားၿပီးေနာက္ သတိေပးအလင္းေရာင္ ပိတ္သြားကာ အာကာသယာဥ္သည္ တည္ၿငိမ္သြားေလ၏ ။ ေနာက္ထပ္ေၾကညာခ်က္တစ္ခု ထြက္ေပၚလာသည္ ။

[ တရားမဝင္ေရႊ႕ေျပာင္းျခင္းကို ေတြ႕ရွိရသည္ ! ေအာင္ျမင္စြာ ၾကားဝင္ျဖတ္‌‌ေတာက္လိုက္ပါၿပီ ]

[ လက္ရွိမစ္ရွင္ကို အဆုံးသတ္လိုက္ပါၿပီ ။ သင္ ယခု ျပန္သြားရန္ ထြက္ခြာေတာ့မည္ ျဖစ္ပါသည္ ]

က်စ္ယြီရွီ၏ မ်က္စိသူငယ္အိမ္မ်ား အနည္းငယ္ ျပဴးက်ယ္သြား၏ ။ သူသည္ တစ္နည္းနည္းျဖင့္ ထိုစကားလုံးမ်ားကို မယုံၾကည္နိုင္ျဖစ္ေနခဲ့သည္ ။

ေအာင္ျမင္စြာ ၾကားဝင္ျဖတ္ေတာက္လိုက္ၿပီ?

ဘယ္ထ်န္းခ်ဳံက သူတို႔ကို ၾကားျဖတ္လိုက္တာလဲ?

ေနာက္ဆုံးေတာ့ တတိယႀကီးၾကပ္စင္တာက ထူးဆန္းမႈကို သတိထားမိသြားၿပီး သူတို႔အႏုၾကမ္းစီးမခံရခင္ သူတို႔မစ္ရွင္ကို အဆုံးသတ္လိုက္လို႔ သူတို႔‌ျပန္ခြင့္ရသြားတာလား ?

Ouroboros ။ ပရမ္းပတာ ။

သူတို႔ကို ရႊံ့ႏြံထဲနစ္ေနသလို ခံစား‌ရေစေသာ အႏွီအဆုံးမဲ့ အိပ္မက္ဆိုးမ်ား၏အရင္းအျမစ္က အားလုံးၿပီးဆုံးသြားၿပီလား?

အလြန္လ်င္ျမန္စြာပင္ ၊ အာကာသယာဥ္က အသံတိတ္သြား၏ ။

က်စ္ယြီရွီအေရွ႕တြင္ စနစ္၏သတိေပးခ်က္ ထြက္ေပၚလာသည္ ။ လက္ရွိအခ်ိန္ျပကိုဩဒိနိတ္အမွတ္မ်ားပင္ ။ [ ၁၄၅၆ . ၀၆ . ၁၅ ၊ ၁၄ : ၅၁ :၄၀ ]

စက္႐ုပ္‌လက္သည္ ခပ္ျမန္ျမန္ပဲ အာဟာရျဖည့္စြက္ရည္အထုတ္ကို ေပးလာခဲ့သည္ ။ သူသည္ အႏွီလူသားေသာက္သုံးရန္ကို ေစာင့္ဆိုင္းေနခဲ့သည္ ။ လူကမလႈပ္သည္ကို သတိထားမိေသာ္ ၎သည္ အာ႐ုံစိုက္မႈရရန္ အာဟာရျဖည့္စြက္ရည္ကို ပတ္လည္ယမ္းေန၏ ။

[ ႀကိဳဆိုပါတယ္ က်စ္ယြီရွီ ၊ ထ်န္းခ်ဳံမွ ျပန္လည္ႀကိဳဆိုပါတယ္ ]

တံခါးေပါက္သည္ ပြင့္ဟသြား၏ ။ အခ်ိန္တစ္ခုစာေလာက္ အျပင္ဘက္မွ အလင္းေရာင္သည္ က်စ္ယြီရွီအတြက္ အနည္းငယ္ ေတာက္ပလြန္းေနခဲ့သည္ ။

တစ္စုံတစ္ေယာက္က လက္ႏွိပ္ဓာတ္မီးကို ကိုင္ကာ သူ႔မ်က္လုံးကို ျဖဲဖြင့္ထားလ်က္ မ်က္လုံးကို ဓာတ္မီးျဖင့္ ၾကည့္လာခဲ့သည္ ။  သူသည္ အလ်င္အျမန္ ေအာ္လိုက္၏ ။ " ဒီဘက္မွာ ! ကင္းေထာက္က ေရွာ့ရခါနီး အေျခအေနမွာ ! အခုခ်က္ခ်င္း ေရွးဦးသူနာျပဳအဖြဲ႕လႊတ္လိုက္ ! "

က်စ္ယြီရွီ ထိုအသံကို မွတ္မိသည္ ။

သူတို႔မစ္ရွင္အတြက္ မထြက္ခြာခင္တုန္းက သူ႔ခႏၶာကိုယ္အေျခအေနကို စစ္ေဆးေပးခဲ့ေသာသူပင္ ။

သူတို႔ျပန္ေရာက္လာခဲ့ၿပီ ၊ သတိမေမ့ေျမာသြားခင္ က်စ္ယြီရွီ ထိုသို႔ ေတြးလိုက္မိေလသည္ ။

•°•°•

T/N>> ပရမ္းပတာArc ၿပီးသြားပါၿပီး ။ ဒီArcက ေရွ႕Arcေလာက္လဲမရႈပ္ေတာ့ နားလည္ၾကမယ္ထင္ပါတယ္ ။ နားမလည္တာရွိရင္လဲ ေမးလို႔ရပါတယ္ ။ ေနာက္တစ္ပိုင္းကစၿပီး ေနာက္တစ္Arcစပါၿပီ ။ ဆိုေတာ့ ၃ရက္ေလာက္နားၿပီးမွ ဆက္တင္ေပးပါမယ္ေနာ္ ^^

•°•°•

Continue Reading

You'll Also Like

33.8K 4K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
12.3K 1.4K 200
Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရ...
560K 89.7K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
35.5K 4.4K 31
မာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin