မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မ...

By Ssinlet_aeri

664K 113K 12.4K

Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3... More

Description
အပိုင်း(၁)နိဒါန်း
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)Ouroboros
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)ပြောင်းရွှေ့စခန်း
အပိုင်း(၂၇)ပရမ်းပတာ
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉) ငါဘယ်သူလဲ
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)ပြောင်းရွှေ့စခန်း
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)ရောင်စုံကုဗတုံး
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း
အပိုင်း(၉၄)
အပိုင်း(၉၅)အလျှံအပယ်
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)လင်းလက်တောက်ပသော အချိန်များ
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄) အချပ်ပို
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)

အပိုင်း(၃၀)

6K 1K 149
By Ssinlet_aeri

『Unicode』

《မြို့ပြ》

နှစ်နာရီတောင် မကြာသေးဘူး?

အကယ်၍ ခက်ခဲ့သည့်အခြေအနေများကြောင့် လူ့ခန္ဒာကိုယ်၏ အချိန်အာရုံခံနိုင်စွမ်းက ဆွဲဆန့်သွားလျှင်တောင် ထိုမိုးသစ်တောထဲတွင် သူတို့ရှိနေခဲ့တာ နှစ်နာရီတည်းဆိုတာ မဖြစ်နိုင်ပေ ။

ကျစ်ယွီရှီက ပြောသည် ။ "ကျွန်တော်တို့ထွက်လာတုန်းက အချိန်ကိုမြင်လိုက်တယ် ။ တကယ်ကို နှစ်နာရီတောင်မကြာသေးဘူး "

သို့သော် သူသည် ဤနေရာရှိ သံလိုက်စက်ကွင်းနှင့် ဆက်တိုက်လည်နေသော မြှားတံရှိသည့် သံလိုက်အိမ်မြှောင်အကြောင်းကို အလျင်အမြန်ပဲ သတိရသွားပြီးနောက် ထပ်မံဖြည့်စွက်ပြောလိုက်သည် ။ "နာရီရဲ့အမြန်နှုန်းက ပြဿနာရှိနေတာများလား?"

စုန့်ချင်းလန်၏နှာတံက မြင့်ပြီး နှုတ်ခမ်းများက ပါးလျသည် ။ သူသည် ရှန်မြန်ဖြင့် မုတ်ဆိတ်ကြီးအား ဆက်လက်ချိန်ထားရင်း "မဖြစ်နိုင်ဘူး ။ ငါသူ့ကိုထိုးလိုက်တုန်းက အားကိုမထိန်းလိုက်ပေမဲ့ ၁ရက် ၂ရက်ကြာတဲ့အထိ သွေးထွက်ရလောက်တဲ့အထိတော့မဟုတ်ဘူး "

ဖြစ်နိုင်သည်က သူတို့နှစ်ယောက် အချိန်နှင့်ပတ်သက်သည့်ပြဿနာကို ဆွေးနွေးနေမှန်း နားလည်သွားပုံပင် ။ မုတ်ဆိတ်ကြီးက ထပ်မံ၍ ပေါက်ကရစကားများလျှောက်အော်လာပြီး အနည်းငယ်ပို၍ ပူပင်ကြောင့်ကြနေပုံပေါ်သည် ။

ကံဆိုးစွာဖြင့် မည်သူကမျှ သူပြောသည်ကို နားမလည်နိုင်ခဲ့ပေ ။

PU-31နှင့် ထိုမှထူးဆန်းသည့် အဖြစ်များကို ကြုံတွေ့ခဲ့ရပြီးနောက်တွင် နှစ်ယောက်သားမှာ အချိန်နှင့်ပတ်သက်၍ အရင်ကကဲ့သို့ တစ်သမတ်တည်း မသတ်မှတ်တော့ပေ ။ ဤအခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ထိတ်ပြာမနေခဲ့ ။

ကျစ်ယွီရှီသည် စားပွဲတင်နာရီကို ပြန်ချထားလိုက်သည် ။ "ကျွန်တော် တွေးမိတာရှိတယ်"

သူက ယုံကြည်ချက်အပြည့်ဖြင့် ခန့်မှန်းအဖြေထုတ်လာသည် ။ "ဒီကအချိန်သွားနှုန်းနဲ့ မိုးသစ်တောထဲက အချိန်သွားနှုန်းမတူတာဖြစ်ဖို့များတယ် ။ တကယ်လို့ အဲ့လိုသာဆိုရင်......ကျွန်တော်တို့ ဒီထဲ အစုပ်ခံလိုက်ရတာက မတော်တဆမဟုတ်တော့ဘဲ တကယ်တော့ မစ်ရှင်နဲ့ ပတ်သက်နေလို့ပဲ"

သူတို့ဒီတစ်ခေါက် ဖွင့်ခဲ့သောမစ်ရှင်အသစ်အတွက် မစ်ရှင်အကြောင်းအရာက---အချိန်ပြုပြင်သူပင် ။

ထျန်းချုံပြောင်းရွှေ့စခန်း၌ တပ်ဖွဲ့သည် မစ်ရှင်အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ထျန်းချုံအသံစနစ်နှင့် စကားပြောခဲ့ကြသည် ။

သို့သော် အသက်ဝင်လာသော ထျန်းချုံကိုယ်ပိုင်အသိစိတ်ဟုခေါ်သည့်တိုင် ၎င်းသည် အဆုံးသတ်တွင် စနစ်တစ်ခုသာ ဖြစ်နေဆဲဖြစ်ပြီး ကိုယ်ပိုင်တွေးခေါ်သည့်နည်းလမ်းရှိသည်ဖြစ်ရာ သူပေးနိုင်သည့် အချက်အလက်များမှာလည်း သတ်မှတ်ချက်ရှိနေ၏ ။ ရလဒ်အနေဖြင့် သူတို့ အသုံးဝင်သည့် သတင်းအချက်အလက်များကို ထပ်မရနိုင်ခဲ့ ။

စုန့်ချင်းလန်သည် ကျစ်ယွီရှီ၏မျက်နှာအရောင်သိပ်မကောင်းသည်နှင့် သူ့ခန္ဓာကိုယ်မှာ စိုစွတ်နေဆဲဖြစ်ကြောင်းကို သတိထားမိသွားသဖြင့် သူပြောလိုက်သည် ။ "နောက်မှစစ်ဆေးကြတာပေါ့ ။အကြံပေးကျစ်..ငါတို့အခု အခြေအနေတွေကို ပြောင်းပြန်လှန်လိုက်ပြီလေ"

စိုးထိတ်နေသော ဝက်ဝံကဲ့သို့ မုတ်ဆိတ်ကြီးနှင့်မျက်နှာချင်းဆိုင်လိုက်ပြီး စုန့်ချင်းလန်က သူ့နှုတ်ခမ်းထောင့်စွန်းများကို အပေါ်သို့ ကွေးညွှတ်လိုက်သည် ။ သူသည် မုတ်ဆိတ်ကြီးနားမလည်မှန်း သိနေသည့်တိုင် သူ့စကားလုံးများ၏ အဓိပ္ပာယ်ကို တမင်တကာ ရှင်းရှင်းလင်းလင်းဖြင့် ​ဖော်ပြလာ၏ ။ "ငါတို့ အရင်ဆုံး ရေနွေးလေးနဲ့ ရေချိုးမယ် ၊ အဝတ်တွေကိုခြောက်အောင်လုပ်ပြီးတော့ မုတ်ဆိတ်ကြီး သိမ်းထားတဲ့အစာတွေကို ဖြည်းဖြည်းချင်း စားရင်းမှ ဒီအကြောင်းကို အေးဆေးဆွေးနွေးလို့ရတာပဲ "

မုတ်ဆိတ်ကြီး၏ မျက်လုံးများမှာ သတိတကြီး ပြူးကျယ်သွားလေသည် ။ "Gulukagajijifalahe?"

စုန့်ချင်းလန်က သေနတ်ပြောင်းကို ရွှေ့ကာ မုတ်ဆိတ်ကြီးကို လှုပ်ရှားရန် ညွှန်ပြလိုက်သည် ။

မုတ်ဆိတ်ကြီးက သူ့မုတ်ဆိတ်များကို မှုတ်ထုတ်ရင်း "Lawukaguda!!"

စုန့်ချင်းလန်က သူ့အားလျစ်လျူရှုထားလေ၏ ။ "ငါ​​ဆိုလိုတာ မင်းနားလည်မှန်း ငါသိတယ်"

အမြဲတစေ ပုန်ကန်တတ်လေ့ရှိသော ဤတပ်ဖွဲ့ ၇ အဖွဲ့ခေါင်းဆောင်သည် မုတ်ဆိတ်ကြီးကို နံရံထောင့်ဆီသို့ လူဆိုးလူမိုက်အစစ်တစ်ယောက်နှယ် သူ့သေနတ်ဖြင့် အဖော်ပြုပို့ဆောင်နေသည် ။ ထို့နောက် သူသည် မုတ်ဆိတ်ကြီး သူတို့ကိုချည်ရန် သုံးခဲ့သော သံကြိုးကို ရှာတွေ့သွားပြီး မုတ်ဆိတ်ကြီးကို ပိုက်တစ်ချောင်းနှင့် တွဲချည်လိုက်သည် ။

မုတ်ဆိတ်ကြီးခမျာ ဒေါသထွက်လွန်း၍ သတိပင် လစ်ခါနီး။ သူသည် သံကြိုးကို ဆွဲဖြဲမိတော့မည်ပင် !

စုန့်ချင်းလန်၏ အစီအစဥ်က မှန်ပေသည် ။ သူတို့ လက်ရှိတွင် အမှန်တကယ်ကို စားသောက်ပြီး ရေချိုးသန့်စင်ရန် လိုအပ်နေ၏ ။

အာကာသယာဥ်၏တည်ဆောက်ပုံမှာ သူတို့ယာဥ်ငယ်များထက် အဆ၁၀၀နီးနီး ကြီးမားကာ ကိုယ်ပိုင်ထိန်းသိမ်းရေးစနစ်လည်းရှိသည် ။ ကျစ်ယွီရှီသည် များစွာသော လျှောက်လမ်းများနှင့် တံခါးများကို ဖြတ်သန်းခဲ့ပြီး နောက်ဆုံးတွင် တင်းကျပ်စွာ ပိတ်ထားသော ပြင်ပတံခါးပေါက်ကို မြင်လိုက်ရသည် ။

ပြင်ပတံခါးက ဖွင့်ဟခြင်းမခံရသည်မှာ အချိန်အတော်ကြာနေသည့်ပုံရသည် ။

ကျစ်ယွီရှီသည် ရေချိုးခန်းထဲ ဝင်လိုက်ပြီး သူ၏စိုစွတ်နေသော အနက်ရောင်ယူနီဖောင်းကို ချွတ်ကာ ခြောက်သွေ့သန့်စင်သွားစေရန် ရေနွေးငွေ့စက်ထဲ ထည့်လိုက်သည် ။

ထို့နောက်တွင်တော့ သူသည် ရေပန်းအောက်တွင် ရပ်ကာ ခေါင်းမှခြေဆုံး ရေနွေးနွေးဖြင့် သန့်စင်ဆေးကြောလိုက်တော့သည် ။

ရေနွေးငွေ့များက မှန်သားပြင်ထက် ရေငွေ့ရိုက်နေသည် ။ ရေနွေးက သူ့အသားအရည်ထက်ရှိ မအီမသာ စိုထိုင်းမှုကိုသာမက အမှိုက်ပုံနှင့် ညစ်ပတ်သောစောင်မှ ရထားလောက်သည့် အညစ်အကြေးများနှင့် မသိနိုင်သော ဘက်တီးရီးယားများကိုပါ ဆေး​ကြောသွားလေသည် ။ ရေများက နောက်ဆုံး သူ့ခြေကျင်းဝတ်ထိ ရောက်မလာခင် ခန္ဓာကိုယ်အနှံ့ နေရာကြားလပ်မရှိ စီးဆင်းလာ၏ ။

ရေချိုးပြီးသည့်နောက်တွင် ကျစ်ယွီရှီသည် တစ်ကိုယ်လုံးကို ခြောက်သွေ့အောင် သုတ်လိုက်သည် ။

သူသည် ရေနွေးငွေ့စက်ထဲတွင် သန့်စင်ပြီးသားဖြစ်သော အနက်ရောင်တိုက်ခိုက်ရေးယူနီဖောင်းကို ပြန်လည်ဝတ်ဆင်လိုက်ပြီး ရေချိုးခန်းထဲမှ ထွက်ထွက်လာချင်း အပြင်လျှောက်လမ်းနံရံကို မှီရပ်နေသော စုန့်ချင်းလန်ကို မြင်လိုက်ရသည် ။ စုန့်ချင်းလန်က ခေါင်းကိုငုံ့ထားလျက် လက်ထဲရှိ သေးငယ်သော အဖြူအမည်းဂိမ်းစက်ကို ငုံ့ကြည့်နေခဲ့သည် ။

၎င်းမှာ ကျစ်ယွီရှီ၏ ဂိမ်းစက်ပေ ။

သူဒီနေရာသို့ ရောက်လာပြီးနောက် ဆက်သွယ်ရေးစက်နှင့်အတူ ထိုဂိမ်းစက်ကိုလည်း မုတ်ဆိတ်ကြီးက ယူသွားခဲ့သည် ။ စုန့်ချင်းလန်က သိသိသာသာကို တစ်နည်းနည်းဖြင့် ဂိမ်းစက်အား ပြန်ယူလာနိုင်ခဲ့ပြီးဖြစ်သည် ။

အရင်တစ်ခေါက်က PU-31တွင် သူသည် ကျစ်ယွီရှီအား ဂိမ်းစက်ပေးခဲ့သော်လည်း စက်ဝန်းကြီးထဲ သူတို့ကိုယ်သူတို့ပင် ခဲရာခဲဆစ်ကာကွယ်နေရသည့်အခြေအနေ၌ ကျစ်ယွီရှီသည် သဘာဝကျစွာပဲ 'အာရုံလွှဲရန်'အတွက် ထိုစက်အား သုံးရန်မဖြစ်နိုင်ခဲ့ပေ ။

စုန်ချင်းလန်၏ ခန္ဓာကိုယ်ထက်မှ ဖျော့တော့သော ကြက်သီးမွေးညင်းများကို ခံစားနေရသည် ။ သူ့နားရွက်ဖျားနောက်ဘက်၌ ကပ်ငြိနေလျက်ရှိသော မိုးသစ်တောမှ မြက်ပင်ငယ်တစ်ပင်ပင် ရှိနေသေး၏ ။

သူသည် ကျစ်ယွီရှီ ဆေးကြောသန့်စင်ခြင်းအမှု ပြီးစီးအောင် စောင့်ဆိုင်းနေပုံပင် ။

ကျစ်ယွီရှီ ဘေးမှဖြတ်သွားချိန်တွင် မျက်နှာပြင်ပေါ်ရှိ နောက်ဆုံးအတုံးကျလာပြီး "Game Over"ဟူသည့် စာတန်းပေါ်လာခဲ့သည် ။

ဤနေရာတွင် ရေချိုးခန်းတစ်ခန်းသာ ရှိသော်လည်း အကန့်များစွာရှိလေသည် ။

ကျစ်ယွီရှီက မေးလိုက်၏ ။ "ခေါင်းဆောင်စုန့်..ခင်ဗျားဘာလို့ မဝင်သေးတာလဲ?"

အကယ်၍ အခြားအဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့လျှင် စုန့်ချင်းလန် သေချာပေါက်အပြင်တွင် ရပ်စောင့်နေမည်မဟုတ် ။

အဲ့တာက အဝတ်တွေချွတ်ပြီး ရေချိုးရုံလေးပဲကို..သူတို့အကုန်လုံး ယောက်ျားရင့်မာကြီးတွေပဲ..ဘာရှက်စရာရှိလို့လဲ?

"အခု သွားမလို့" သို့သော် စုန့်ချင်းလန်သည် ထိုမေးခွန်းကို ပြန်အဖြေပေးမလာဘဲ ကျစ်ယွီရှီကို ဂိမ်းစက်သာ ပြန်ပေးလိုက်သည် ။ "Leader boardပေါ်က အမှတ်အမြင့်ဆုံးတွေအကုန် မင်းအမှတ်တွေလား?"

ယင်းမှာမယုံနိုင်စရာကောင်းအောင် မြင့်သည့်အမှတ်ပင် ။

ကျစ်ယွီရှီက ဂိမ်းစက်ကို လက်ခံလိုက်ပြီး "တချို့အမှတ်တွေက ကျွန်တော်အိမ်မှာမရှိတုန်း သူများတွေဆော့ထားတာ"

အထူးသဖြင့် ကျစ်မင်ယွဲ့သည် သူ့အမှတ်ကို ကျော်တက်ချင်လှသည်ဖြစ်ရာ သေတော့မည်ဆိုလျှင်တောင် ဘယ်တော့မျှ အရှုံးပေးလိမ့်မည်မဟုတ်ချေ ။

သူအနားမှာ မရှိသည့်အချိန်၌ အိမ်က တစ်စုံတစ်ယောက်က ထိုဂိမ်းစက်ကိုဆော့သည် ။ ကြည့်ရသည်မှာ ဉာဏ်ကောင်းသည့်သူများက အခြားဉာဏ်ကောင်းသည့်သူများနှင့်သာ ပေါင်းသင်းပုံရသည် ။

အခြားသူမှာ ဘယ်လောက်တောင် ချွဲအီတတ်သည်မှန်း တွေးတောရန် ခက်ခဲနေပေ၏ ။

စုန့်ချင်းလန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လျက် "ဒါဆို မင်းတို့အကုန် အတော်တော်ကြတာပဲ "

စုန့်ချင်းလန်က ရေချိုးခန်းထဲ ဝင်သွားပြီးနောက် အကန့်တစ်ကန့်ကို ရွေးလိုက်ကာ ခေါင်းမှခြေဖျားအထိ သေသေချာချာ ဆေးကြောလိုက်သည် ။

ရေချိုးနေရင်း သူသည် ကျစ်ယွီရှီဘာကြောင့် တပ်ဖွဲ့၇တွင်နေရန် မလိုလားရသည်ကို ရုတ်တရက် နားလည်သွားရ၏ ။ သူသည် အငြှိုးထားနေသေးသောကြောင့် မဟုတ်--သူ့ကောင်လေးကြောင့် ဖြစ်ဖို့များသည် ။ ကျန်းမြို့နှင့်နျဥ်းမြို့သည် တအားမဝေးသော်ငြား တစ်နာရီကျော် မောင်းရသည့် အကွာအဝေးဖြစ်နေဆဲ ။ စောင့်ရှောက်သူများမှာ အလုပ် ၊ လေ့ကျင့်ရေးများနှင့် အလုပ်ရှုပ်လှသဖြင့် ထိုမှ အသွားအပြန်လုပ်နေရသည်က အဆင်ပြေလိမ့်မည်မဟုတ် ။

စောင့်ရှောက်သူတစ်ယောက် ဖြစ်လာရခြင်းက အမှန်တကယ်ကို သမီးရည်းစားဆက်ဆံရေးတစ်ခုတွင် သက်ရောက်လာလိမ့်မည် ။

စုန့်ချင်းလန်မဆိုထားနှင့် ၊ အသက်၃၀ထဲ ရောက်နေပြီဖြစ်သော သွမ့်ဝမ်ပင် အခုချိန်ထိ တစ်ကိုယ်တော်ခွေး ဖြစ်နေဆဲ ။ မြင်သမျှ မိန်းကလေးတိုင်းနှင့် အီစီကလီရိုက်နေသော အမှိုက်ကောင်ဖြစ်နေသည့် လီချွင်းကို အပြစ်တင်၍လည်းမရ ။ သင့်ရဲ့ အခြားတစ်ဝက်က မစ်ရှင်ကြောင့် ၁လ ၂လလောက် မကြာခဏအဝေးရောက်နေသည်ကို တွေးကြည့်ပါလေ ။ ဘယ်မိန်းကလေးမှ သည်းခံနိုင်လိမ့်မည်မဟုတ်ပေ ။

ကျစ်ယွီရှီနှင့် သူ့ချစ်သူတို့ နှစ်ယောက်လုံး အမျိုးသားများဖြစ်သည့်တိုင် လိင်ကွဲစုံတွဲများဖြင့် မကွာခြားချေ ။

ထိုအကြောင်းပြချက်နှင့်ပင် နားလည်ပေးလို့ရသည် ။

ဒီတစ်ခေါက်မစ်ရှင်မှာ မမျှော်လင့်ထားဘဲ ရောက်လာခဲ့ခြင်းဖြစ်သည် ။ သူတို့အတော် ကံဆိုးသွားခဲ့သည်သာ ။

ဆက်ဆံရေးတစ်ခုကို ဖျက်စီးပစ်ဖို့ထက် ဘုရားကျောင်းတစ်ကျောင်းကို ဖြိုချခြင်းက ပိုကောင်း၏ဟူသော ဆိုရိုးအတိုင်းပင် ။

စုန့်ချင်းလန်က သူတို့ပြန်ရောက်လျှင် ကျစ်ယွီရှီသာ အမှန်တကယ်ကို နေရန်ဆန္ဒမရှိပါက သူဖိအားမပေးသင့်ဟု ခံစားလိုက်ရသည် ။

စုန့်ချင်းလန် ရေချိုးပြီး ပြန်ထွက်လာချိန်တွင် ကျစ်ယွီရှီက စည်သွတ်ဘူးကို ဖောက်စားနေနှင့်ပြီ ဖြစ်၏ ။

စုန့်ချင်းလန် အံ့သြသွားရသည်က မုတ်ဆိတ်ကြီးကို ကျစ်ယွီရှီ လွှတ်ပေးထားခြင်းဖြစ်သည် ။ ယခုလက်ရှိတွင် သူသည် ကျစ်ယွီရှီ၏ ဆန့်ကျင်ဘက်တွင် ထိုင်လျက် မုတ်ဆိတ်မွေးများ လှုပ်ခါသည်အထိ တစ်စုံတစ်ခုကို လက်ဟန်ခြေဟန်ဖြင့် ပြောနေသည် ။ကျစ်ယွီရှီသည်တော့ သူ၏ ပုံမှန်ကြည်လင်သော မျက်ဝန်းများထဲ ရှုပ်ထွေးမှုအရိပ်အယောင်များဖြင့် တစ်ခါသုံးဇွန်းကို ကိုက်လျက် ဆိုဖာပေါ်တွင် တင်ပျဥ်ခွေချိတ်ထိုင်နေ၏ ။

"ဘာလုပ်နေတာလဲ?" စုန့်ချင်းလန် မေးလိုက်သည် ။

သူ့အသံကိုကြားသော် နှစ်ယောက်သည် ခေါင်းမော့လာလေ၏ ။

သူထွက်လာသည်ကို မြင်သောအခါ မုတ်ဆိတ်ကြီးခမျာ ခြေမခိုင်ဖြစ်သွားရပြီး အရပ်ရှည်ရှည်ရွှေ့ပြောင်းသူကို နောက်တစ်ကြိမ် တိုက်ခိုက်ရာတွင်သုံးရန် တစ်စုံတစ်ခုကို ရှာနေတော့သည် ။

တစ်ဖက်တွင်တော့ ကျစ်ယွီရှီသည် အနည်းငယ် အံ့သြမှင်သက်သွားသည် ။

စုန့်ချင်းလန်က ခပ်ရေးရေးမုတ်ဆိတ်ငုတ်တိုများကို အကုန် ရိတ်ပစ်လိုက်လေပြီ ။

ရှုပ်ပွသောအသွင်နှင့် စုန့်ချင်းလန်ကို အချိန်အတော်ကြာ မြင်ပြီးနောက် တစ်ဖက်လူက တကယ်တော့ အကြည့်များကို အလွန်ဖမ်းစားနိုင်သော လူတစ်ယောက်ဖြစ်သည်ကို ကျစ်ယွီရှီ မေ့သွားပုံရပြီး သူ၏ချောမောသည့် မူလသွင်ပြင်ကို ပြန်မြင်ရသောအခါ ပထမဆုံးမြင်ဖူးသလို ခံစားနေရလေသည် ။

စုန့်ချင်းလန်က သေနတ်ကို သူနှင့်အမြဲ သယ်ထားခဲ့သည် ။ မုတ်ဆိတ်ကြီးက ဒယ်ပြားတစ်ခုရှာတွေ့သည်နှင့် စုန့်ချင်းလန်သည် ရှန်မြန်ကို မြှောက်ကာ မျက်လုံးများကို မှေးကျဥ်းလိုက်၏ ။

မုတ်ဆိတ်ကြီး ဒယ်ပြားကို လွှင့်ပစ်ကာ စိတ်တိုတိုနှင့် ပြန်ထိုင်လိုက်ရသည် ။ "_*@#!!"

ကျစ်ယွီရှီနှင့် မုတ်ဆိတ်ကြီးကြားတွင် ဓာတ်ပုံအယ်လ်ဘမ်တစ်ခုနှင့် ဘောပင်တစ်ချောင်းရှိနေ၏ ။

ဓာတ်ပုံအယ်လ်ဘမ်ပေါ်တွင် ပုံအချို့နှင့်အတူ ထူးဆန်းသောသင်္ကေတများလည်း ရှိနေသည် ။ မုတ်ဆိတ်ကြီးလက်ရေး ဖြစ်ဟန်တူသည် ။

ဒီနှစ်ယောက် စကားပြောနေကြတာလား?

စုန့်ချင်းလန်သည်လည်း ခြေထောက်ချိတ်ထိုင်ချလိုက်သည် ။ သူသည် ရှန်မြန်ကို ပေါင်ပေါ်တင်ကာ စည်သွတ်ဘူးတစ်ဘူးကို ပေါ့ပေါ့ပါးပါး ယူလိုက်ပုံရသော်လည်း အမှန်တွင်တော့ သူသည် အနှီခပ်ကြီးကြီးငတုံးကောင်အား အမြဲသတိရှိနေဆဲပင် ။

ကျစ်ယွီရှီက စည်သွတ်အသီးဘူးကို စားနေခဲ့သည် ။ သူသည် အလွန်နှေးကွေးစွာဖြင့် စားနေခဲ့ပြီး "သူ ကျွန်တော်တို့ကို ပြောချင်တာရှိတယ် ။ ဒီနေရာအကြောင်း ဖြစ်လောက်တယ်"

စုန့်ချင်းလန် ဓာတ်ပုံအယ်လ်ဘမ်ကို ယူကြည့်လိုက်သည် ။

မုတ်ဆိတ်ကြီး၏ပုံဆွဲစကေးမှာ သိသိသာသာကို ဆိုးရွားသည်ဟု ပြောရမည် ။ သံသယဝင်စရာကောင်းသည့် အရာများမှာ ခွဲခြားရန်ခက်ခဲလှပြီး ဘေးတွင်ရေးထားသည့် ပေါက်ကရသင်္ကေတပေါင်းစုံရှိနေသည် ။

သူတို့ သူဆွဲထားသည့်ပုံကို ကြည့်နေသည်ကို မြင်သည်နှင့် မုတ်ဆိတ်ကြီးက သင်္ကေတတစ်ခုစီကို ထောက်ပြလာပြီးနောက် သူ့ကိုယ်သူပြန်ညွှန်ပြလာသည် ။ သူ့မျက်လုံးပြာများမှာ အကြိမ်အနည်းငယ် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး သူတို့နားမလည်သည့် စကားလုံးအနည်းငယ်ကို ပြောလာ၏ ။

ဒါပေါ့ ။ ဒီအပေးအယူက ကျစ်ယွီရှီအတွက် အဓိကပင် ။

မုတ်ဆိတ်ကြီး၏အသံထွက်မှာ နားလည်ရန် ခဲယဥ်းကာ သင်ယူရန် ခက်ခဲလှပေသည် ။

ကျစ်ယွီရှီသည် အချိုကဲသော အဝါရောင်မက်မွန်သီးတစ်စိတ်ကို မြိုချလိုက်ပြီး သူ့နောက်က လိုက်ပြောကြည့်သည် ။

မုတ်ဆိတ်ကြီးမှာ အလွန်စိတ်လှုပ်ရှားသွားပြီး သူ့ခြေထောက်ကိုပင် ရိုက်မိလုမတတ်ပင် ။ သူသည် ခေါင်းတဆတ်ဆတ်ညိတ်နေပြီး ခြေဟန်လက်ဟန်များ ဆက်လက်ပြလာ၏ ။ ကျစ်ယွီရှီသည် တစ်ဖန်ပြန်၍ နားမလည်သည့် အမူအရာပြလာသည် ။

စုန့်ချင်းလန်က ထိုအဖြစ်ကို ရယ်ရသည်ဟု ထင်မိသည် ။ "ငါလုပ်ကြည့်မယ်"

ကျစ်ယွီရှီ နားမလည်တာရှိသည့်အချိန်မှာ အလွန်ရှားလေသည် ။ စုန့်ချင်းလန်သည် ဘောပင်ကိုယူကာ အယ်လ်ဘမ်ထဲရှိ နေရာအလွတ်တွင် အမှိုက်ပုံကို အကြမ်းဖျင်းဆွဲလိုက်၏ ။ ထို့နောက် သူသည် ထိုတောင်လိုအမှိုက်ပုံ၏ဘေး၌ အာကာသယာဥ် ကာတွန်းဗားရှင်းကို စုတ်ချက်အနည်းငယ်ဖြင့် အကြမ်းခြစ်လိုက်သည် ။

ကျစ်ယွီရှီ : "ခင်ဗျားဆွဲတာ အတော်ကောင်းသားပဲ"

စုန့်ချင်းလန်ကဆိုသည် ။ "ဒါပေါ့ ။ ဒီတစ်ယောက်က တစ်ချိန်က မူကြိုမှာ ၃နှစ်ဆက်တိုက်ပုံဆွဲချန်ပီယံဖြစ်ခဲ့တာလေ"

ကျစ်ယွီရှီ : "မြင်ယောင်လို့ရပါတယ်"

စုန့်ချင်းလန်သည် အမှိုက်ပုံထက်တွင် နောက်ထပ်အာကာသယာဥ်တစ်စီးကို မျဥ်းအစက်များဖြင့် ဆွဲလိုက်ပြီး အမှိုက်ပုံကနေ လက်ရှိတည်နေရာသို့ ထိုအာကာသယာဥ်ရွေ့လာကြောင်း ညွှန်ပြရန် ထပ်မံ၍ မြားတစ်ချောင်းကို ဆွဲလိုက်သည် ။ ထို့နောက် မုတ်ဆိတ်ကြီးကို ကြည့်ရှုစေ၏ ။

မုတ်ဆိတ်ကြီးက အပြင်းအထန် ခေါင်းညိတ်လာသည် ။ သူသည် စုန့်ချင်းလန်ကို စိတ်သဘောထား ကောင်းကောင်းပြရန် ကိုယ့်ဘာသာကိုယ် ဖိအားပေးလိုက်ပြီးနောက် သူ့ကိုယ်သူ ညွှန်ပြကာ စကားအချို့ပြောပြန်သည် ။

ကျစ်ယွီရှီက မေးသည် ။ "သူနဲ့ ဒီအာကာသယာဥ်လဲ အစုပ်ခံလိုက်ရတာလို့ သူပြောနေတာလား?"

"အဲ့လိုမျိုးပဲ" စားနေရင်းဖြင့် စုန့်ချင်းလန်သည် အမှိုက်ပုံကြီး အနောက်ဘက်တွင် အနက်ရောင်ဘောလုံးတစ်လုံးကို ဆွဲလိုက်ပြီး ထို့နောက်တွင်တော့ မိုးသစ်တောကို ရေးခြစ်လိုက်သည် ။

မုတ်ဆိတ်ကြီးက နားလည်သည့်ပုံပင် ။ ခေါင်းညိတ်ပြလာလေ၏ ။

ဒါဆို မုတ်ဆိတ်ကြီးလဲ အဲ့ဒီမိုးသစ်တောကို ရောက်ဖူးမှာပဲ ။

ကျစ်ယွီရှီသည် သူ့အသီးဘူးကို အကုန်စားလိုက်ပြီးဖြစ်သည် ။

သူသည် စုန့်ချင်းလန်ထံမှ ဘောပင်ကိုယူလိုက်ကာ အာကာသယာဥ်ပေါ်တွင် နာရီတစ်လုံးနှင့် မိုးသစ်တောပေါ်တွင် အခြားနာရီများစွာကို ရေးဆွဲလိုက်သည် ။ သူသည် အချိန်၏ထပ်တူကျမှုကို မေးမြန်းနေသည်ပင် ။

မုတ်ဆိတ်ကြီးက မိုးသစ်တော်ပုံအထက်တွင် ကြက်ခြေခတ်ခြစ်လိုက်ပြီး "Gulaka"

"သူ ငါတို့ကိုမသွားဖို့ပြောနေတာ" စုန့်ချင်းလန်သည် တိုတိုတုတ်တုတ် ရှင်းပြလာသည် ။ "လမ်းပိတ်ကြီးတဲ့ "

ပြောပြီးချိန်၌ စုန့်ချင်းလန်သည် နောက်ထပ်စည်သွတ်ဘူးတစ်ဘူးကို ကျပန်းရွေးလိုက်ကာ အကြမ်းဖျင်းဖွင့်လိုက်ပြီး ကျစ်ယွီရှီကို ကမ်းပေးလာ၏ ။ "အကြံပေးကျစ်..နည်းနည်းထပ်စားလိုက်"

မုတ်ဆိတ်ကြီးတွင် အတော်များသည့် အစာများရှိသည် ။ ပြီးခဲ့သည့် အခေါက်များ၌ သူအနည်းငယ်ကောက်လာခဲ့ပုံရသည် ။

စုန့်ချင်းလန် စားခဲ့သည်က ငါးသေတ္တာဘူးဖြစ်သည့်တိုင် ဒီတစ်ခေါက် သူယူလိုက်တော့ သူတို့အရင်တစ်ခေါက်က စားခဲ့သည်နှင့် ထပ်တူညီသော ဝက်ပေါင်ခြောက်ဘူးဖြစ်နေပြီး လှမ်းပေးလာ၏ ။

ကျစ်ယွီရှီ : "........."

ဆိုတော့ စုန့်ချင်းလန်က ဘယ်လိုတောင် ဂျေးများရတာလဲ? သူ မကြိုက်တဲ့ဟာတွေကို အရင်ဆုံးရှင်းထုတ်ပစ်ဖို့ ကြိုးစားနေတာလား?

စုန့်ချင်းလန် : "အခြေအနေက လက်ရှိမသေချာသေးတော့ ဒါကတကယ်ပဲ မစ်ရှင်နဲ့ ဆက်စပ်နေမယ်ဆိုရင် တတ်နိုင်သလောက် ငါတို့ရဲ့အားတွေကို ထိန်းသိမ်းဖို့ကြိုးစားရမယ် "

ကျစ်ယွီရှီသည်တော့ သူ့ဘဝကျန်တဲ့သက်တမ်းတစ်လျှောက်လုံး စည်သွတ်ဘူးများကို ဘယ်တော့မျှ ထပ်မစားချင်တော့ဟုသာ ခံစားနေရသည် ။

မြိုချရန် ခက်ခဲသောကြောင့် သူသည် အိပဲ့အိပဲ့စားနေရသည် ။ သူသည် အာကာသယာဥ်၌ ဘောပင်ဖြင့် ပြင်ပတံခါးပေါက်တစ်ပေါက်ကို ထည့်လိုက်သည် ။

ထိုတံခါးက ခုနက သူရေချိုးခန်းဆီ သွားစဥ် သတိထားမိသည့်တံခါးပင် ။ သူသည် မူလက ထိုဦးတည်ရာတွင် ဘာရှိသလဲ မေးချင်ရုံသာဖြစ်သော်လည်း မမျှော်လင့်ဘဲ သူဆွဲပြီးပြီးချင်း သူတို့လက်ထဲရှိစည်သွတ်ဘူးများကို ဒေါသတကြီးစိုက်ကြည့်နေခဲ့သော မုတ်ဆိတ်ကြီးက မျက်နှာအမူအရာ ရုတ်တရက် ပြောင်းသွားကာ စိတ်လှုပ်ရှားစွာဖြင့် စကားအများကြီး ပြောလာလေ၏ ။

"Gulaka!Gulaka!"

မုတ်ဆိတ်ကြီးမှာ အင်မတန်လေးနက်နေပုံပေါ်သည် ။ နှစ်ယောက်သည် ချက်ချင်းနားလည်လိုက်သည် ။ သူတို့ထိုနေရာသို့ မသွားသင့်ကြောင်း သူပြောနေသည်ပင် ။

"သွားမလား?" ကျစ်ယွီရှီ မေးလိုက်၏ ။

"ငါတို့သွားမကြည့်ရင် အဲ့မှာဘာရှိလဲ သိမှာမဟုတ်ဘူး" စုန့်ချင်းလန်က တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် "ဒါပေမဲ့ ဒီတစ်ခေါက် ငါတစ်ယောက်ပဲ သွားလို့ရတယ်"

"ကျွန်တော်တို့ အတူသွားသင့်တယ်" ကျစ်ယွီရှီက ပြောသည် ။

"ကောင်းပြီ" စုန့်ချင်းလန်က သဘောတူလိုက်၏ ။ "သဲလွန်စတွေ ပိုရှာတွေ့ဖို့ အကောင်းဆုံးဖြစ်လိမ့်မယ်"

သူတို့သည် တစ်ခဏတာ အနားယူခဲ့ကြသည် ။ မုတ်ဆိတ်ကြီးသည်တော့ ဘေးတွင် စူပုပ်နေ၏ ။

မုတ်ဆိတ်ကြီးသည် သူတို့အား မသွားရန်ဖျောင်းဖျလိုစိတ် တကယ်မရှိသည်ကို နှစ်ယောက်သား မြင်နေရသည် ။ ဘာလို့ဆို ဒီနှစ်ယောက်က တရားလွန်စားသောက်လွန်းသည်လေ ။ မုတ်ဆိတ်ကြီး သိမ်းဆည်းထားခဲ့သော စည်သွတ်ဘူးများမှာ ထောင့်တစ်နေရာစာပင် လျော့နေလေပြီ ။

မုတ်ဆိတ်ကြီး ကောက်ယူခဲ့သော ပစ္စည်းပုံများကြားမှ သူတို့၏ ဆက်သွယ်ရေးစက်များ ၊ ဓားမြှောင်များနှင့် ဆေးသေတ္တာအပါအဝင် သူတို့၏အခြားပစ္စည်းများကိုလည်း တွေ့ရှိခဲ့သည် ။ တစ်စုံတစ်ခု ဖြစ်လာနိုင်မည့်အရေးအတွက် မုတ်ဆိတ်ကြီးယူခဲ့သော သန့်ရှင်းသည့် အဝတ်အစားအချို့နှင့်အတူ လက်နှိပ်ဓာတ်မီးနှင့် အစာတချို့ကိုလည်း ရှာတွေ့ခဲ့ကြသည် ။

မုတ်ဆိတ်ကြီးက အလွန်စိတ်မပါလက်မပါဖြင့် သူတို့အတွက် စကားဝှက်ကို ဖွင့်ပေးလာသည် ။ ဖွင့်ပြီးသည့်နောက်တွင် သူသည် အကြိမ်အနည်းငယ် ပွစိပွစိ လုပ်နေသေး၏ ။ ဆဲရေးတိုင်းထွာနေခြင်းဖြစ်လောက်သည် ။

အချိန်အတော်ကြာ မဖွင့်ခဲ့သော ပြင်ပတံခါးမှာ ယခုတော့ ပွင့်ဟသွားခဲ့လေပြီ ။

သူတို့၏ အမှိုက်ပုံသို့ခရီးစဥ်နှင့် မတူညီစွာပင် ဤနေရာ၌ အသားကျရန်မလိုအပ်ခဲ့ပေ ။ ပြင်ပတံခါးဖွင့်လျှင်ဖွင့်ချင်း သူတို့ အမှောင်ထုနှင့် ကြုံတွေ့လိုက်ရသည် ။

မုတ်ဆိတ်ကြီးသည် တုံးအသည့်ပုံပေါ်သော်ငြား သူ့အပြုအမူများကတော့ ပါးနပ်လေ၏ ။ သူတံခါးကိုပိတ်လိုက်လျှင် သူတို့ပြန်မလာနိုင်လောက်တော့မည်ကို ​စိုးရိမ်သဖြင့် စုန့်ချင်းလန်သည် တံခါးကို ညွှန်ပြလိုက်ပြီးနောက် သူ့သေနတ်ကို ညွှန်ပြလိုက်သည် ။

မုတ်ဆိတ်ကြီးနားလည်သည်ကို အတည်ပြုပြီးသောအခါ နှစ်ယောက်သားသည် ဓာတ်မီးများကို ဖွင့်လျက် တံခါးပေါက်မှ ထွက်ခွာခဲ့ကြသည် ။

သူတို့ခြေလှမ်းလိုက်ပြီးပြီးချင်း အမှောင်ထုသည် ပျောက်ကွယ်သွားလေ၏ ။

သူတို့အားကြိုဆိုလာသည်က မျက်စိကျိန်းဖွယ် အလင်းရောင်ပေ ။

ကောင်းကင်က ကြည်လင်ပြာလဲ့နေပြီး တိမ်ကင်းစင်လျက်ရှိသည် ။

သူတို့သည် စည်ကားသည့်မြို့တစ်မြို့ရှိ လူကူးမျဥ်းကြားရှေ့တွင် ရပ်နေခဲ့သည် ။

မီးပွိုင့်မှ မီးအလင်းရောင်များမှာ တဖျတ်ဖျတ်နှင့် ။ တစ်ခဏစာလောက် တကယ့်ကမ္ဘာသို့ ပြန်ရောက်သွားသလို သူတို့ခံစားလိုက်ရသည် ။

ငြိမ်သက်သန့်ရှင်းသော ကတ္တရာလမ်းပေါ်ရှိ သုတ်ဆေးမျက်နှာပြင်များမှာ အတော်လေးသစ်လွင်နေပုံရသည် ။ ရွေ့လျားနေသည့် ယာဥ်များမရှိရုံသာမက လမ်းဆုံတွင် မည်သူမျှ ရှိမနေပေ ။

ဤနေရာသည်လည်း မိုးသစ်တောနည်းတူ အင်မတန် တိတ်ဆိတ်ငြိမ်သက်လွန်းနေ၏ ။ မြို့တစ်မြို့တွင် ရှိသင့်သော လူသားတို့၏ အသံများ သို့မဟုတ် အခြားမည်သည့်အသံမျိုးမျှ မကြားရပေ ။

ဗလာကင်းမဲ့သော မြို့တစ်မြို့ဖြစ်နေ၏ ။

နှစ်ယောက်သည် လက်နှိပ်ဓာတ်မီးများကို  ပိတ်လိုက်ကြသည် ။ ကျစ်ယွီရှီက ပြောလာ၏ ။ "ခေါင်းဆောင်စုန့်..ဟိုမှာကြည့် ။ သူ့ဘေးက လမ်းမပေါ်ကဆိုင်းဘုတ်က ပြောင်းပြန်ဖြစ်နေတယ်"

စုန့်ချင်းလန်လည်း သတိထားမိလေသည် ။

သူတို့သည် လမ်းဆုံတွင် ရပ်နေကြပြီး နှစ်ဖက်လုံးရှိ လမ်းများတွင် 'STOP'ဟူသည့် အင်္ဂလိပ်လိုရေးထားသော ဆိုင်းဘုတ်များကို မြင်နေရသော်လည်း ဘယ်ဘက်ရှိ ဆိုင်းဘုတ်မှာ ပြောင်းပြန်ဖြစ်နေသည် ။

ထိုအရာမျှမကသေး ၊ လမ်းနှစ်ဖက်လုံးရှိရှုခင်းအားလုံးမှာ လမ်းဘေးတွင်ရပ်ထားသော ထပ်တူညီနေသည့်ကားများနှင့် ကွက်တိကျသောစျေးဆိုင်များနှင့်အတူ အလွန်အမင်း တစ်ထပ်တည်းခေါက်ချိုးညီနေ၏ ။ အပေါ်သို့ကြည့်လျှင် အဆောက်အဦးများသည်ပင် မှန်ပုံရိပ်များကဲ့သို့ ခေါက်ချိုးညီနေကြသည် ။

ဤသည်မှာ မိုးသစ်တောမှအခြေအနေနှင့် အတော်တူညီနေသည် ။ မုတ်ဆိတ်ကြီးထိုသို့ တုံ့ပြန်သည်မှာ မဆန်းတော့ပါပေ ။

သူတို့ဆက်ပြီးလမ်းလျှောက်နေလျှင် ဖြစ်လာမည့် ရလဒ်ကို သူတို့နားလည်လိုက်လေပြီ ။

သူတို့ဘယ်လောက်ကြာကြာ လမ်းလျှောက်ခဲ့ပါစေ ၊ ဒီမြို့ထဲမှ ထွက်ခွာဖို့ ဘယ်လိုပဲကြိုးစားကြိုးစား အဆုံးသတ်တွင် မူလနေရာသို့သာ သူတို့ပြန်ရောက်သွားပေလိမ့်မည် ။

"လောလောဆယ် မသွားသေးဘူး ။ ဒီလိုပုံစံတူမျိုးက လမ်းပျောက်ဖို့လွယ်တယ်" စုန့်ချင်းလန်က ဆိုသည် ။ "အရင်ဆုံး ပြန်သွားပြီး အခြားလမ်းကြောင်းတွေက ဖြစ်နိုင်လားဆိုတာ ကြည့်ရအောင်"

"ကောင်းပြီ" ကျစ်ယွီရှီသည်လည်း ထိုသို့အတွေးမျိုးရှိသည်ပင် ။

အချိန်စီးဆင်းမှုကို နှိုင်းယှဥ်ရန် မထွက်ခွာခင်က စုန့်ချင်းလန်သည် ဆက်သွယ်ရေးစက်တွင် timerပေးထားခဲ့သည် ။

သူသည် လက်ကောက်ဝတ်ကို မြှောက်ကာ စစ်ဆေးလိုက်၏ ။ "ငါတို့ဒီရောက်ကတည်းက ၃မိနစ်တောင် မရှိသေးဘူး ။ ဒီတစ်ခေါက် ငါတို့တော်တော်လေး မြန်မြန်လက်လျှော့လိုက်တာပဲ ။ ဘာလို့ခေါ်တာပါလိမ့်..ရှုံးမဲ့အရေး လက်လျှော့တယ်ဆိုလား ?"

စုန့်ချင်းလန်လေသံက မတတ်သာဘဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေလေ၏ ။ သူတို့ဒီကိုရောက်ကတည်းက ခြေတစ်လှမ်းမှပင် မရွှေ့ရသေးပေ ။

နှစ်ယောက်သည် လမ်းသိပ်မလျှောက်လိုက်ရဘဲ ရုတ်တရက် သူတို့ရှေ့ရှိ အလင်းရောင်မှာ မှေးမှိန်သွားကာ မြို့နှင့်နေရောင်က ပျောက်ကွယ်သွားသည် ။ သူတို့ အာကာသယာဥ်ဆီသို့ ပြန်ရောက်လာခဲ့သည် ။

သူတို့အာကာသယာဥ်ထဲ ဝင်ဝင်ချင်း နားအူလောက်စရာ ကျယ်လောင်သည့် သီချင်းသံထွက်ပေါ်နေလေ၏ ။

သူတို့သည် စင်္ကြံလမ်းကို လျှောက်လာကာ လမ်းတစ်လျှောက်လုံး သူတို့နားထဲရှိ နာကျင်သည့် တုန်ခါမှုကို သည်းခံရင်း ထိန်းချုပ်ခန်းဆီ အလျင်အမြန် ပြန်သွားလိုက်ကြသည် ။

ထိန်းချုပ်ခန်းထဲတွင် လူနှစ်ယောက်ရှိနေပြီး လက်ထဲတွင် ဘီယာဘူးကိုယ်စီကိုင်လျက် ခေါင်းများကိုလှုပ်ယမ်းကာ သီချင်းသံနှင့်အတူ ကခုန်နေကြသည် ။

တစ်ယောက်မှာ မျက်နှာရဲရဲဖြင့် မုတ်ဆိတ်ကြီးဖြစ်ပြီး နောက်တစ်ယောက်သည်တော့ ရင်းနှီးနေသည့် အနက်ရောင်တိုက်ခိုက်ရေးယူနီဖောင်းကို ဝတ်ဆင်ထားသည် ။

ကျစ်ယွီရှီ :"........"

ကြည့်ရသလောက်တော့ ၃မိနစ်သာ ကုန်ဆုံးသွားသည့်ပုံ မပေါ်ပေ ။

စုန့်ချင်းလန်က လျှောက်သွားကာ အသံချဲ့စက်ကို ရိုက်ပိတ်ချလိုက်သည် ။ သူ့နားထင်ရှိ သွေးကြောများမှာ ထိုးထောင်နေလေ၏ ။

သီချင်းသံနှင့်အတူ နှစ်ယောက်သားရပ်တန့်သွားပြီး ခေါင်းလှည့်ကြည့်လာကြသည် ။

လီချွင်းသည် စက္ကန့်အနည်းငယ်လောက် တောင့်ခဲနေပြီးနောက် အော်ဟစ်ကာ ပြေးဝင်လာလေသည် ။ "ခေါင်းဆောင်စုန့်!!အကြံပေးကျစ်!!"

"ခဏနေစမ်းပါအုံး" စုန့်ချင်းလန်က သူ့နဖူးကို လက်ညှိုးဖြင့် ထောက်ထားရင်း သူ့မျက်လုံးနက်များမှာ အလိုမကျမှုများဖြင့် ပြည့်နေ၏ ။ "မင်းဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ?"

လီချွင်း မကျေမနပ်ဖြင့် အော်ဟစ်လာသည်မှာ " ၆ရက်တောင်ရှိပြီလေ ! ဒီတစ်ခေါက် မစ်ရှင်က ဘာတွေဖြစ်နေတာတုန်း?!"

•°•°•

『Zawgyi』

《ၿမိဳ႔ျပ》

ႏွစ္နာရီေတာင္ မၾကာေသးဘူး?

အကယ္၍ ခက္ခဲ့သည့္အေျခအေနမ်ားေၾကာင့္ လူ႔ခႏၵာကိုယ္၏ အခ်ိန္အာရံုခံႏိုင္စြမ္းက ဆြဲဆန္႔သြားလ်ွင္ေတာင္ ထိုမိုးသစ္ေတာထဲတြင္ သူတို႔ရိွေနခဲ့တာ ႏွစ္နာရီတည္းဆိုတာ မျဖစ္ႏိုင္ေပ ။

က်စ္ယြီရွီက ေျပာသည္ ။ "ကြၽန္ေတာ္တို႔ထြက္လာတုန္းက အခ်ိန္ကိုျမင္လိုက္တယ္ ။ တကယ္ကို ႏွစ္နာရီေတာင္မၾကာေသးဘူး "

သို႔ေသာ္ သူသည္ ဤေနရာရိွ သံလိုက္စက္ကြင္းႏွင့္ ဆက္တိုက္လည္ေနေသာ ျမႇားတံရိွသည့္ သံလိုက္အိမ္ေျမႇာင္အေၾကာင္းကို အလ်င္အျမန္ပဲ သတိရသြားၿပီးေနာက္ ထပ္မံျဖည့္စြက္ေျပာလိုက္သည္ ။ "နာရီရဲ့အျမန္ႏႈန္းက ျပႆနာရိွေနတာမ်ားလား?"

စုန္႔ခ်င္းလန္၏ႏွာတံက ျမင့္ၿပီး ႏႈတ္ခမ္းမ်ားက ပါးလ်သည္ ။ သူသည္ ရွန္ျမန္ျဖင့္ မုတ္ဆိတ္ႀကီးအား ဆက္လက္ခ်ိန္ထားရင္း "မျဖစ္ႏိုင္ဘူး ။ ငါသူ႔ကိုထိုးလိုက္တုန္းက အားကိုမထိန္းလိုက္ေပမဲ့ ၁ရက္ ၂ရက္ၾကာတဲ့အထိ ေသြးထြက္ရေလာက္တဲ့အထိေတာ့မဟုတ္ဘူး "

ျဖစ္ႏိုင္သည္က သူတို႔ႏွစ္ေယာက္ အခ်ိန္ႏွင့္ပတ္သက္သည့္ျပႆနာကို ေဆြးေနြးေနမွန္း နားလည္သြားပံုပင္ ။ မုတ္ဆိတ္ႀကီးက ထပ္မံ၍ ေပါက္ကရစကားမ်ားေလ်ွာက္ေအာ္လာၿပီး အနည္းငယ္ပို၍ ပူပင္ေၾကာင့္ၾကေနပံုေပၚသည္ ။

ကံဆိုးစြာျဖင့္ မည္သူကမ်ွ သူေျပာသည္ကို နားမလည္ႏိုင္ခဲ့ေပ ။

PU-31ႏွင့္ ထိုမွထူးဆန္းသည့္ အျဖစ္မ်ားကို ႀကံဳေတြ့ခဲ့ရၿပီးေနာက္တြင္ ႏွစ္ေယာက္သားမွာ အခ်ိန္ႏွင့္ပတ္သက္၍ အရင္ကကဲ့သို႔ တစ္သမတ္တည္း မသတ္မွတ္ေတာ့ေပ ။ ဤအေျခအေနႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ သူတို႔သည္ ထိတ္ျပာမေနခဲ့ ။

က်စ္ယြီရွီသည္ စားပြဲတင္နာရီကို ျပန္ခ်ထားလိုက္သည္ ။ "ကြၽန္ေတာ္ ေတြးမိတာရိွတယ္"

သူက ယံုၾကည္ခ်က္အျပည့္ျဖင့္ ခန္႔မွန္းအေျဖထုတ္လာသည္ ။ "ဒီကအခ်ိန္သြားႏႈန္းနဲ႔ မိုးသစ္ေတာထဲက အခ်ိန္သြားႏႈန္းမတူတာျဖစ္ဖို႔မ်ားတယ္ ။ တကယ္လို႔ အဲ့လိုသာဆိုရင္......ကြၽန္ေတာ္တို႔ ဒီထဲ အစုပ္ခံလိုက္ရတာက မေတာ္တဆမဟုတ္ေတာ့ဘဲ တကယ္ေတာ့ မစ္ရွင္နဲ႔ ပတ္သက္ေနလို႔ပဲ"

သူတို႔ဒီတစ္ေခါက္ ဖြင့္ခဲ့ေသာမစ္ရွင္အသစ္အတြက္ မစ္ရွင္အေၾကာင္းအရာက---အခ်ိန္ျပဳျပင္သူပင္ ။

ထ်န္းခ်ံဳေျပာင္းေရႊ့စခန္း၌ တပ္ဖြဲ႔သည္ မစ္ရွင္အေၾကာင္းအရာႏွင့္ ပတ္သက္၍ ေဆြးေနြးခဲ့ၾကၿပီး ထ်န္းခ်ံဳအသံစနစ္ႏွင့္ စကားေျပာခဲ့ၾကသည္ ။

သို႔ေသာ္ အသက္ဝင္လာေသာ ထ်န္းခ်ံဳကိုယ္ပိုင္အသိစိတ္ဟုေခၚသည့္တိုင္ ၄သည္ အဆံုးသတ္တြင္ စနစ္တစ္ခုသာ ျဖစ္ေနဆဲျဖစ္ၿပီး ကိုယ္ပိုင္ေတြးေခၚသည့္နည္းလမ္းရိွသည္ျဖစ္ရာ သူေပးႏိုင္သည့္ အခ်က္အလက္မ်ားမွာလည္း သတ္မွတ္ခ်က္ရိွေန၏ ။ ရလဒ္အေနျဖင့္ သူတို႔ အသံုးဝင္သည့္ သတင္းအခ်က္အလက္မ်ားကို ထပ္မရႏိုင္ခဲ့ ။

စုန္႔ခ်င္းလန္သည္ က်စ္ယြီရွီ၏မ်က္ႏွာအေရာင္သိပ္မေကာင္းသည္ႏွင့္ သူ႔ခႏၶာကိုယ္မွာ စိုစြတ္ေနဆဲျဖစ္ေၾကာင္းကို သတိထားမိသြားသျဖင့္ သူေျပာလိုက္သည္ ။ "ေနာက္မွစစ္ေဆးၾကတာေပါ့ ။အႀကံေပးက်စ္..ငါတို႔အခု အေျခအေနေတြကို ေျပာင္းျပန္လွန္လိုက္ၿပီေလ"

စိုးထိတ္ေနေသာ ဝက္ဝံကဲ့သို႔ မုတ္ဆိတ္ႀကီးႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး စုန္႔ခ်င္းလန္က သူ႔ႏႈတ္ခမ္းေထာင့္စြန္းမ်ားကို အေပၚသို႔ ေကြးၫႊတ္လိုက္သည္ ။ သူသည္ မုတ္ဆိတ္ႀကီးနားမလည္မွန္း သိေနသည့္တိုင္ သူ႔စကားလံုးမ်ား၏ အဓိပၸာယ္ကို တမင္တကာ ရွင္းရွင္းလင္းလင္းျဖင့္ ​ေဖာ္ျပလာ၏ ။ "ငါတို႔ အရင္ဆံုး ေရႏြေးေလးနဲ႔ ေရခ်ိဳးမယ္ ၊ အဝတ္ေတြကိုေျခာက္ေအာင္လုပ္ၿပီးေတာ့ မုတ္ဆိတ္ႀကီး သိမ္းထားတဲ့အစာေတြကို ျဖည္းျဖည္းခ်င္း စားရင္းမွ ဒီအေၾကာင္းကို ေအးေဆးေဆြးေနြးလို႔ရတာပဲ "

မုတ္ဆိတ္ႀကီး၏ မ်က္လံုးမ်ားမွာ သတိတႀကီး ျပဴးက်ယ္သြားေလသည္ ။ "Gulukagajijifalahe?"

စုန္႔ခ်င္းလန္က ေသနတ္ေျပာင္းကို ေရႊ့ကာ မုတ္ဆိတ္ႀကီးကို လႈပ္ရွားရန္ ၫႊန္ျပလိုက္သည္ ။

မုတ္ဆိတ္ႀကီးက သူ႔မုတ္ဆိတ္မ်ားကို မႈတ္ထုတ္ရင္း "Lawukaguda!!"

စုန္႔ခ်င္းလန္က သူ႔အားလ်စ္လ်ူရႈထားေလ၏ ။ "ငါ​​ဆိုလိုတာ မင္းနားလည္မွန္း ငါသိတယ္"

အၿမဲတေစ ပုန္ကန္တတ္ေလ့ရိွေသာ ဤတပ္ဖြဲ႔ ၇ အဖြဲ႔ေခါင္းေဆာင္သည္ မုတ္ဆိတ္ႀကီးကို နံရံေထာင့္ဆီသို႔ လူဆိုးလူမိုက္အစစ္တစ္ေယာက္ႏွယ္ သူ႔ေသနတ္ျဖင့္ အေဖာ္ျပဳပို႔ေဆာင္ေနသည္ ။ ထို႔ေနာက္ သူသည္ မုတ္ဆိတ္ႀကီး သူတို႔ကိုခ်ည္ရန္ သံုးခဲ့ေသာ သံႀကိဳးကို ရွာေတြ့သြားၿပီး မုတ္ဆိတ္ႀကီးကို ပိုက္တစ္ေခ်ာင္းႏွင့္ တြဲခ်ည္လိုက္သည္ ။

မုတ္ဆိတ္ႀကီးခမ်ာ ေဒါသထြက္လြန္း၍ သတိပင္ လစ္ခါနီး။ သူသည္ သံႀကိဳးကို ဆြဲၿဖဲမိေတာ့မည္ပင္ !

စုန္႔ခ်င္းလန္၏ အစီအစဥ္က မွန္ေပသည္ ။ သူတို႔ လက္ရိွတြင္ အမွန္တကယ္ကို စားေသာက္ၿပီး ေရခ်ိဳးသန္႔စင္ရန္ လိုအပ္ေန၏ ။

အာကာသယာဥ္၏တည္ေဆာက္ပံုမွာ သူတို႔ယာဥ္ငယ္မ်ားထက္ အဆ၁၀၀နီးနီး ႀကီးမားကာ ကိုယ္ပိုင္ထိန္းသိမ္းေရးစနစ္လည္းရိွသည္ ။ က်စ္ယြီရွီသည္ မ်ားစြာေသာ ေလ်ွာက္လမ္းမ်ားႏွင့္ တံခါးမ်ားကို ျဖတ္သန္းခဲ့ၿပီး ေနာက္ဆံုးတြင္ တင္းက်ပ္စြာ ပိတ္ထားေသာ ျပင္ပတံခါးေပါက္ကို ျမင္လိုက္ရသည္ ။

ျပင္ပတံခါးက ဖြင့္ဟျခင္းမခံရသည္မွာ အခ်ိန္အေတာ္ၾကာေနသည့္ပံုရသည္ ။

က်စ္ယြီရွီသည္ ေရခ်ိဳးခန္းထဲ ဝင္လိုက္ၿပီး သူ၏စိုစြတ္ေနေသာ အနက္ေရာင္ယူနီေဖာင္းကို ခြၽတ္ကာ ေျခာက္ေသြ့သန္႔စင္သြားေစရန္ ေရႏြေးေငြ့စက္ထဲ ထည့္လိုက္သည္ ။

ထို႔ေနာက္တြင္ေတာ့ သူသည္ ေရပန္းေအာက္တြင္ ရပ္ကာ ေခါင္းမွေျခဆံုး ေရႏြေးေနြးျဖင့္ သန္႔စင္ေဆးေၾကာလိုက္ေတာ့သည္ ။

ေရႏြေးေငြ့မ်ားက မွန္သားျပင္ထက္ ေရေငြ့ရိုက္ေနသည္ ။ ေရႏြေးက သူ႔အသားအရည္ထက္ရိွ မအီမသာ စိုထိုင္းမႈကိုသာမက အမိႈက္ပံုႏွင့္ ညစ္ပတ္ေသာေစာင္မွ ရထားေလာက္သည့္ အညစ္အေၾကးမ်ားႏွင့္ မသိႏိုင္ေသာ ဘက္တီးရီးယားမ်ားကိုပါ ေဆး​ေၾကာသြားေလသည္ ။ ေရမ်ားက ေနာက္ဆံုး သူ႔ေျခက်င္းဝတ္ထိ ေရာက္မလာခင္ ခႏၶာကိုယ္အႏွံ႔ ေနရာၾကားလပ္မရိွ စီးဆင္းလာ၏ ။

ေရခ်ိဳးၿပီးသည့္ေနာက္တြင္ က်စ္ယြီရွီသည္ တစ္ကိုယ္လံုးကို ေျခာက္ေသြ့ေအာင္ သုတ္လိုက္သည္ ။

သူသည္ ေရႏြေးေငြ့စက္ထဲတြင္ သန္႔စင္ၿပီးသားျဖစ္ေသာ အနက္ေရာင္တိုက္ခိုက္ေရးယူနီေဖာင္းကို ျပန္လည္ဝတ္ဆင္လိုက္ၿပီး ေရခ်ိဳးခန္းထဲမွ ထြက္ထြက္လာခ်င္း အျပင္ေလ်ွာက္လမ္းနံရံကို မွီရပ္ေနေသာ စုန္႔ခ်င္းလန္ကို ျမင္လိုက္ရသည္ ။ စုန္႔ခ်င္းလန္က ေခါင္းကိုငံု႔ထားလ်က္ လက္ထဲရိွ ေသးငယ္ေသာ အျဖဴအမည္းဂိမ္းစက္ကို ငံု႔ၾကည့္ေနခဲ့သည္ ။

၄မွာ က်စ္ယြီရွီ၏ ဂိမ္းစက္ေပ ။

သူဒီေနရာသို႔ ေရာက္လာၿပီးေနာက္ ဆက္သြယ္ေရးစက္ႏွင့္အတူ ထိုဂိမ္းစက္ကိုလည္း မုတ္ဆိတ္ႀကီးက ယူသြားခဲ့သည္ ။ စုန္႔ခ်င္းလန္က သိသိသာသာကို တစ္နည္းနည္းျဖင့္ ဂိမ္းစက္အား ျပန္ယူလာႏိုင္ခဲ့ၿပီးျဖစ္သည္ ။

အရင္တစ္ေခါက္က PU-31တြင္ သူသည္ က်စ္ယြီရွီအား ဂိမ္းစက္ေပးခဲ့ေသာ္လည္း စက္ဝန္းႀကီးထဲ သူတို႔ကိုယ္သူတို႔ပင္ ခဲရာခဲဆစ္ကာကြယ္ေနရသည့္အေျခအေန၌ က်စ္ယြီရွီသည္ သဘာဝက်စြာပဲ 'အာရံုလႊဲရန္'အတြက္ ထိုစက္အား သံုးရန္မျဖစ္ႏိုင္ခဲ့ေပ ။

စုန္ခ်င္းလန္၏ ခႏၶာကိုယ္ထက္မွ ေဖ်ာ့ေတာ့ေသာ ၾကက္သီးေမြးညင္းမ်ားကို ခံစားေနရသည္ ။ သူ႔နားရြက္ဖ်ားေနာက္ဘက္၌ ကပ္ၿငိေနလ်က္ရိွေသာ မိုးသစ္ေတာမွ ျမက္ပင္ငယ္တစ္ပင္ပင္ ရိွေနေသး၏ ။

သူသည္ က်စ္ယြီရွီ ေဆးေၾကာသန္႔စင္ျခင္းအမႈ ၿပီးစီးေအာင္ ေစာင့္ဆိုင္းေနပံုပင္ ။

က်စ္ယြီရွီ ေဘးမျွဖတ္သြားခ်ိန္တြင္ မ်က္ႏွာျပင္ေပၚရိွ ေနာက္ဆံုးအတံုးက်လာၿပီး "Game Over"ဟူသည့္ စာတန္းေပၚလာခဲ့သည္ ။

ဤေနရာတြင္ ေရခ်ိဳးခန္းတစ္ခန္းသာ ရိွေသာ္လည္း အကန္႔မ်ားစြာရိွေလသည္ ။

က်စ္ယြီရွီက ေမးလိုက္၏ ။ "ေခါင္းေဆာင္စုန္႔..ခင္ဗ်ားဘာလို႔ မဝင္ေသးတာလဲ?"

အကယ္၍ အျခားအဖြဲ႔ဝင္တစ္ေယာက္ ျဖစ္ခဲ့လ်ွင္ စုန္႔ခ်င္းလန္ ေသခ်ာေပါက္အျပင္တြင္ ရပ္ေစာင့္ေနမည္မဟုတ္ ။

အဲ့တာက အဝတ္ေတြခြၽတ္ၿပီး ေရခ်ိဳးရံုေလးပဲကို..သူတို႔အကုန္လံုး ေယာက္်ားရင့္မာႀကီးေတြပဲ..ဘာရွက္စရာရိွလို႔လဲ?

"အခု သြားမလို႔" သို႔ေသာ္ စုန္႔ခ်င္းလန္သည္ ထိုေမးခြန္းကို ျပန္အေျဖေပးမလာဘဲ က်စ္ယြီရွီကို ဂိမ္းစက္သာ ျပန္ေပးလိုက္သည္ ။ "Leader boardေပၚက အမွတ္အျမင့္ဆံုးေတြအကုန္ မင္းအမွတ္ေတြလား?"

ယင္းမွာမယံုႏိုင္စရာေကာင္းေအာင္ ျမင့္သည့္အမွတ္ပင္ ။

က်စ္ယြီရွီက ဂိမ္းစက္ကို လက္ခံလိုက္ၿပီး "တခ်ိဳ႕အမွတ္ေတြက ကြၽန္ေတာ္အိမ္မွာမရိွတုန္း သူမ်ားေတြေဆာ့ထားတာ"

အထူးသျဖင့္ က်စ္မင္ယြဲ႔သည္ သူ႔အမွတ္ကို ေက်ာ္တက္ခ်င္လွသည္ျဖစ္ရာ ေသေတာ့မည္ဆိုလ်ွင္ေတာင္ ဘယ္ေတာ့မ်ွ အရႈံးေပးလိမ့္မည္မဟုတ္ေခ် ။

သူအနားမွာ မရိွသည့္အခ်ိန္၌ အိမ္က တစ္စံုတစ္ေယာက္က ထိုဂိမ္းစက္ကိုေဆာ့သည္ ။ ၾကည့္ရသည္မွာ ဉာဏ္ေကာင္းသည့္သူမ်ားက အျခားဉာဏ္ေကာင္းသည့္သူမ်ားႏွင့္သာ ေပါင္းသင္းပံုရသည္ ။

အျခားသူမွာ ဘယ္ေလာက္ေတာင္ ခြၽဲအီတတ္သည္မွန္း ေတြးေတာရန္ ခက္ခဲေနေပ၏ ။

စုန္႔ခ်င္းလန္က မ်က္ခံုးတစ္ဖက္ကို ပင့္တင္လ်က္ "ဒါဆို မင္းတို႔အကုန္ အေတာ္ေတာ္ၾကတာပဲ "

စုန္႔ခ်င္းလန္က ေရခ်ိဳးခန္းထဲ ဝင္သြားၿပီးေနာက္ အကန္႔တစ္ကန္႔ကို ေရြးလိုက္ကာ ေခါင္းမွေျခဖ်ားအထိ ေသေသခ်ာခ်ာ ေဆးေၾကာလိုက္သည္ ။

ေရခ်ိဳးေနရင္း သူသည္ က်စ္ယြီရွီဘာေၾကာင့္ တပ္ဖြဲ႔၇တြင္ေနရန္ မလိုလားရသည္ကို ရုတ္တရက္ နားလည္သြားရ၏ ။ သူသည္ အၿငႇိဳးထားေနေသးေသာေၾကာင့္ မဟုတ္--သူ႔ေကာင္ေလးေၾကာင့္ ျဖစ္ဖို႔မ်ားသည္ ။ က်န္းၿမိဳ႔ႏွင့္န်ဥ္းၿမိဳ႔သည္ တအားမေဝးေသာ္ျငား တစ္နာရီေက်ာ္ ေမာင္းရသည့္ အကြာအေဝးျဖစ္ေနဆဲ ။ ေစာင့္ေရွာက္သူမ်ားမွာ အလုပ္ ၊ ေလ့က်င့္ေရးမ်ားႏွင့္ အလုပ္ရႈပ္လွသျဖင့္ ထိုမွ အသြားအျပန္လုပ္ေနရသည္က အဆင္ေျပလိမ့္မည္မဟုတ္ ။

ေစာင့္ေရွာက္သူတစ္ေယာက္ ျဖစ္လာရျခင္းက အမွန္တကယ္ကို သမီးရည္းစားဆက္ဆံေရးတစ္ခုတြင္ သက္ေရာက္လာလိမ့္မည္ ။

စုန္႔ခ်င္းလန္မဆိုထားႏွင့္ ၊ အသက္၃၀ထဲ ေရာက္ေနၿပီျဖစ္ေသာ သြမ့္ဝမ္ပင္ အခုခ်ိန္ထိ တစ္ကိုယ္ေတာ္ေခြး ျဖစ္ေနဆဲ ။ ျမင္သမ်ွ မိန္းကေလးတိုင္းႏွင့္ အီစီကလီရိုက္ေနေသာ အမိႈက္ေကာင္ျဖစ္ေနသည့္ လီခြၽင္းကို အျပစ္တင္၍လည္းမရ ။ သင့္ရဲ့ အျခားတစ္ဝက္က မစ္ရွင္ေၾကာင့္ ၁လ ၂လေလာက္ မၾကာခဏအေဝးေရာက္ေနသည္ကို ေတြးၾကည့္ပါေလ ။ ဘယ္မိန္းကေလးမွ သည္းခံႏိုင္လိမ့္မည္မဟုတ္ေပ ။

က်စ္ယြီရွီႏွင့္ သူ႔ခ်စ္သူတို႔ ႏွစ္ေယာက္လံုး အမ်ိဳးသားမ်ားျဖစ္သည့္တိုင္ လိင္ကြဲစံုတြဲမ်ားျဖင့္ မကြာျခားေခ် ။

ထိုအေၾကာင္းျပခ်က္ႏွင့္ပင္ နားလည္ေပးလို႔ရသည္ ။

ဒီတစ္ေခါက္မစ္ရွင္မွာ မေမ်ွာ္လင့္ထားဘဲ ေရာက္လာခဲ့ျခင္းျဖစ္သည္ ။ သူတို႔အေတာ္ ကံဆိုးသြားခဲ့သည္သာ ။

ဆက္ဆံေရးတစ္ခုကို ဖ်က္စီးပစ္ဖို႔ထက္ ဘုရားေက်ာင္းတစ္ေက်ာင္းကို ၿဖိဳခ်ျခင္းက ပိုေကာင္း၏ဟူေသာ ဆိုရိုးအတိုင္းပင္ ။

စုန္႔ခ်င္းလန္က သူတို႔ျပန္ေရာက္လ်ွင္ က်စ္ယြီရွီသာ အမွန္တကယ္ကို ေနရန္ဆႏၵမရိွပါက သူဖိအားမေပးသင့္ဟု ခံစားလိုက္ရသည္ ။

စုန္႔ခ်င္းလန္ ေရခ်ိဳးၿပီး ျပန္ထြက္လာခ်ိန္တြင္ က်စ္ယြီရွီက စည္သြတ္ဘူးကို ေဖာက္စားေနႏွင့္ၿပီ ျဖစ္၏ ။

စုန္႔ခ်င္းလန္ အံ့ၾသသြားရသည္က မုတ္ဆိတ္ႀကီးကို က်စ္ယြီရွီ လႊတ္ေပးထားျခင္းျဖစ္သည္ ။ ယခုလက္ရိွတြင္ သူသည္ က်စ္ယြီရွီ၏ ဆန္႔က်င္ဘက္တြင္ ထိုင္လ်က္ မုတ္ဆိတ္ေမြးမ်ား လႈပ္ခါသည္အထိ တစ္စံုတစ္ခုကို လက္ဟန္ေျခဟန္ျဖင့္ ေျပာေနသည္ ။က်စ္ယြီရွီသည္ေတာ့ သူ၏ ပံုမွန္ၾကည္လင္ေသာ မ်က္ဝန္းမ်ားထဲ ရႈပ္ေထြးမႈအရိပ္အေယာင္မ်ားျဖင့္ တစ္ခါသံုးဇြန္းကို ကိုက္လ်က္ ဆိုဖာေပၚတြင္ တင္ပ်ဥ္ေခြခ်ိတ္ထိုင္ေန၏ ။

"ဘာလုပ္ေနတာလဲ?" စုန္႔ခ်င္းလန္ ေမးလိုက္သည္ ။

သူ႔အသံကိုၾကားေသာ္ ႏွစ္ေယာက္သည္ ေခါင္းေမာ့လာေလ၏ ။

သူထြက္လာသည္ကို ျမင္ေသာအခါ မုတ္ဆိတ္ႀကီးခမ်ာ ေျခမခိုင္ျဖစ္သြားရၿပီး အရပ္ရွည္ရွည္ေရႊ့ေျပာင္းသူကို ေနာက္တစ္ႀကိမ္ တိုက္ခိုက္ရာတြင္သံုးရန္ တစ္စံုတစ္ခုကို ရွာေနေတာ့သည္ ။

တစ္ဖက္တြင္ေတာ့ က်စ္ယြီရွီသည္ အနည္းငယ္ အံ့ၾသမွင္သက္သြားသည္ ။

စုန္႔ခ်င္းလန္က ခပ္ေရးေရးမုတ္ဆိတ္ငုတ္တိုမ်ားကို အကုန္ ရိတ္ပစ္လိုက္ေလၿပီ ။

ရႈပ္ပြေသာအသြင္ႏွင့္ စုန္႔ခ်င္းလန္ကို အခ်ိန္အေတာ္ၾကာ ျမင္ၿပီးေနာက္ တစ္ဖက္လူက တကယ္ေတာ့ အၾကည့္မ်ားကို အလြန္ဖမ္းစားႏိုင္ေသာ လူတစ္ေယာက္ျဖစ္သည္ကို က်စ္ယြီရွီ ေမ့သြားပံုရၿပီး သူ၏ေခ်ာေမာသည့္ မူလသြင္ျပင္ကို ျပန္ျမင္ရေသာအခါ ပထမဆံုးျမင္ဖူးသလို ခံစားေနရေလသည္ ။

စုန္႔ခ်င္းလန္က ေသနတ္ကို သူႏွင့္အၿမဲ သယ္ထားခဲ့သည္ ။ မုတ္ဆိတ္ႀကီးက ဒယ္ျပားတစ္ခုရွာေတြ့သည္ႏွင့္ စုန္႔ခ်င္းလန္သည္ ရွန္ျမန္ကို ေျမႇာက္ကာ မ်က္လံုးမ်ားကို ေမွးက်ဥ္းလိုက္၏ ။

မုတ္ဆိတ္ႀကီး ဒယ္ျပားကို လႊင့္ပစ္ကာ စိတ္တိုတိုႏွင့္ ျပန္ထိုင္လိုက္ရသည္ ။ "_*@#!!"

က်စ္ယြီရွီႏွင့္ မုတ္ဆိတ္ႀကီးၾကားတြင္ ဓာတ္ပံုအယ္လ္ဘမ္တစ္ခုႏွင့္ ေဘာပင္တစ္ေခ်ာင္းရိွေန၏ ။

ဓာတ္ပံုအယ္လ္ဘမ္ေပၚတြင္ ပံုအခ်ိဳ႕ႏွင့္အတူ ထူးဆန္းေသာသေကၤတမ်ားလည္း ရိွေနသည္ ။ မုတ္ဆိတ္ႀကီးလက္ေရး ျဖစ္ဟန္တူသည္ ။

ဒီႏွစ္ေယာက္ စကားေျပာေနၾကတာလား?

စုန္႔ခ်င္းလန္သည္လည္း ေျခေထာက္ခ်ိတ္ထိုင္ခ်လိုက္သည္ ။ သူသည္ ရွန္ျမန္ကို ေပါင္ေပၚတင္ကာ စည္သြတ္ဘူးတစ္ဘူးကို ေပါ့ေပါ့ပါးပါး ယူလိုက္ပံုရေသာ္လည္း အမွန္တြင္ေတာ့ သူသည္ အႏွီခပ္ႀကီးႀကီးငတံုးေကာင္အား အၿမဲသတိရိွေနဆဲပင္ ။

က်စ္ယြီရွီက စည္သြတ္အသီးဘူးကို စားေနခဲ့သည္ ။ သူသည္ အလြန္ေနွးေကြးစြာျဖင့္ စားေနခဲ့ၿပီး "သူ ကြၽန္ေတာ္တို႔ကို ေျပာခ်င္တာရိွတယ္ ။ ဒီေနရာအေၾကာင္း ျဖစ္ေလာက္တယ္"

စုန္႔ခ်င္းလန္ ဓာတ္ပံုအယ္လ္ဘမ္ကို ယူၾကည့္လိုက္သည္ ။

မုတ္ဆိတ္ႀကီး၏ပံုဆြဲစေကးမွာ သိသိသာသာကို ဆိုးရြားသည္ဟု ေျပာရမည္ ။ သံသယဝင္စရာေကာင္းသည့္ အရာမ်ားမွာ ခြဲျခားရန္ခက္ခဲလွၿပီး ေဘးတြင္ေရးထားသည့္ ေပါက္ကရသေကၤတေပါင္းစံုရိွေနသည္ ။

သူတို႔ သူဆြဲထားသည့္ပံုကို ၾကည့္ေနသည္ကို ျမင္သည္ႏွင့္ မုတ္ဆိတ္ႀကီးက သေကၤတတစ္ခုစီကို ေထာက္ျပလာၿပီးေနာက္ သူ႔ကိုယ္သူျပန္ၫႊန္ျပလာသည္ ။ သူ႔မ်က္လံုးျပာမ်ားမွာ အႀကိမ္အနည္းငယ္ ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားၿပီး သူတို႔နားမလည္သည့္ စကားလံုးအနည္းငယ္ကို ေျပာလာ၏ ။

ဒါေပါ့ ။ ဒီအေပးအယူက က်စ္ယြီရွီအတြက္ အဓိကပင္ ။

မုတ္ဆိတ္ႀကီး၏အသံထြက္မွာ နားလည္ရန္ ခဲယဥ္းကာ သင္ယူရန္ ခက္ခဲလွေပသည္ ။

က်စ္ယြီရွီသည္ အခ်ိဳကဲေသာ အဝါေရာင္မက္မြန္သီးတစ္စိတ္ကို ၿမိဳခ်လိုက္ၿပီး သူ႔ေနာက္က လိုက္ေျပာၾကည့္သည္ ။

မုတ္ဆိတ္ႀကီးမွာ အလြန္စိတ္လႈပ္ရွားသြားၿပီး သူ႔ေျခေထာက္ကိုပင္ ရိုက္မိလုမတတ္ပင္ ။ သူသည္ ေခါင္းတဆတ္ဆတ္ညိတ္ေနၿပီး ေျခဟန္လက္ဟန္မ်ား ဆက္လက္ျပလာ၏ ။ က်စ္ယြီရွီသည္ တစ္ဖန္ျပန္၍ နားမလည္သည့္ အမူအရာျပလာသည္ ။

စုန္႔ခ်င္းလန္က ထိုအျဖစ္ကို ရယ္ရသည္ဟု ထင္မိသည္ ။ "ငါလုပ္ၾကည့္မယ္"

က်စ္ယြီရွီ နားမလည္တာရိွသည့္အခ်ိန္မွာ အလြန္ရွားေလသည္ ။ စုန္႔ခ်င္းလန္သည္ ေဘာပင္ကိုယူကာ အယ္လ္ဘမ္ထဲရိွ ေနရာအလြတ္တြင္ အမိႈက္ပံုကို အၾကမ္းဖ်င္းဆြဲလိုက္၏ ။ ထို႔ေနာက္ သူသည္ ထိုေတာင္လိုအမိႈက္ပံု၏ေဘး၌ အာကာသယာဥ္ ကာတြန္းဗားရွင္းကို စုတ္ခ်က္အနည္းငယ္ျဖင့္ အၾကမ္းျခစ္လိုက္သည္ ။

က်စ္ယြီရွီ : "ခင္ဗ်ားဆြဲတာ အေတာ္ေကာင္းသားပဲ"

စုန္႔ခ်င္းလန္ကဆိုသည္ ။ "ဒါေပါ့ ။ ဒီတစ္ေယာက္က တစ္ခ်ိန္က မူႀကိဳမွာ ၃ႏွစ္ဆက္တိုက္ပံုဆြဲခ်န္ပီယံျဖစ္ခဲ့တာေလ"

က်စ္ယြီရွီ : "ျမင္ေယာင္လို႔ရပါတယ္"

စုန္႔ခ်င္းလန္သည္ အမိႈက္ပံုထက္တြင္ ေနာက္ထပ္အာကာသယာဥ္တစ္စီးကို မ်ဥ္းအစက္မ်ားျဖင့္ ဆြဲလိုက္ၿပီး အမိႈက္ပံုကေန လက္ရိွတည္ေနရာသို႔ ထိုအာကာသယာဥ္ေရြ့လာေၾကာင္း ၫႊန္ျပရန္ ထပ္မံ၍ ျမားတစ္ေခ်ာင္းကို ဆြဲလိုက္သည္ ။ ထို႔ေနာက္ မုတ္ဆိတ္ႀကီးကို ၾကည့္ရႈေစ၏ ။

မုတ္ဆိတ္ႀကီးက အျပင္းအထန္ ေခါင္းညိတ္လာသည္ ။ သူသည္ စုန္႔ခ်င္းလန္ကို စိတ္သေဘာထား ေကာင္းေကာင္းျပရန္ ကိုယ့္ဘာသာကိုယ္ ဖိအားေပးလိုက္ၿပီးေနာက္ သူ႔ကိုယ္သူ ၫႊန္ျပကာ စကားအခ်ိဳ႕ေျပာျပန္သည္ ။

က်စ္ယြီရွီက ေမးသည္ ။ "သူနဲ႔ ဒီအာကာသယာဥ္လဲ အစုပ္ခံလိုက္ရတာလို႔ သူေျပာေနတာလား?"

"အဲ့လိုမ်ိဳးပဲ" စားေနရင္းျဖင့္ စုန္႔ခ်င္းလန္သည္ အမိႈက္ပံုႀကီး အေနာက္ဘက္တြင္ အနက္ေရာင္ေဘာလံုးတစ္လံုးကို ဆြဲလိုက္ၿပီး ထို႔ေနာက္တြင္ေတာ့ မိုးသစ္ေတာကို ေရးျခစ္လိုက္သည္ ။

မုတ္ဆိတ္ႀကီးက နားလည္သည့္ပံုပင္ ။ ေခါင္းညိတ္ျပလာေလ၏ ။

ဒါဆို မုတ္ဆိတ္ႀကီးလဲ အဲ့ဒီမိုးသစ္ေတာကို ေရာက္ဖူးမွာပဲ ။

က်စ္ယြီရွီသည္ သူ႔အသီးဘူးကို အကုန္စားလိုက္ၿပီးျဖစ္သည္ ။

သူသည္ စုန္႔ခ်င္းလန္ထံမွ ေဘာပင္ကိုယူလိုက္ကာ အာကာသယာဥ္ေပၚတြင္ နာရီတစ္လံုးႏွင့္ မိုးသစ္ေတာေပၚတြင္ အျခားနာရီမ်ားစြာကို ေရးဆြဲလိုက္သည္ ။ သူသည္ အခ်ိန္၏ထပ္တူက်မႈကို ေမးျမန္းေနသည္ပင္ ။

မုတ္ဆိတ္ႀကီးက မိုးသစ္ေတာ္ပံုအထက္တြင္ ၾကက္ေျခခတ္ျခစ္လိုက္ၿပီး "Gulaka"

"သူ ငါတို႔ကိုမသြားဖို႔ေျပာေနတာ" စုန္႔ခ်င္းလန္သည္ တိုတိုတုတ္တုတ္ ရွင္းျပလာသည္ ။ "လမ္းပိတ္ႀကီးတဲ့ "

ေျပာၿပီးခ်ိန္၌ စုန္႔ခ်င္းလန္သည္ ေနာက္ထပ္စည္သြတ္ဘူးတစ္ဘူးကို က်ပန္းေရြးလိုက္ကာ အၾကမ္းဖ်င္းဖြင့္လိုက္ၿပီး က်စ္ယြီရွီကို ကမ္းေပးလာ၏ ။ "အႀကံေပးက်စ္..နည္းနည္းထပ္စားလိုက္"

မုတ္ဆိတ္ႀကီးတြင္ အေတာ္မ်ားသည့္ အစာမ်ားရိွသည္ ။ ၿပီးခဲ့သည့္ အေခါက္မ်ား၌ သူအနည္းငယ္ေကာက္လာခဲ့ပံုရသည္ ။

စုန္႔ခ်င္းလန္ စားခဲ့သည္က ငါးေသတၲာဘူးျဖစ္သည့္တိုင္ ဒီတစ္ေခါက္ သူယူလိုက္ေတာ့ သူတို႔အရင္တစ္ေခါက္က စားခဲ့သည္ႏွင့္ ထပ္တူညီေသာ ဝက္ေပါင္ေျခာက္ဘူးျဖစ္ေနၿပီး လွမ္းေပးလာ၏ ။

က်စ္ယြီရွီ : "........."

ဆိုေတာ့ စုန္႔ခ်င္းလန္က ဘယ္လိုေတာင္ ေဂ်းမ်ားရတာလဲ? သူ မႀကိဳက္တဲ့ဟာေတြကို အရင္ဆံုးရွင္းထုတ္ပစ္ဖို႔ ႀကိဳးစားေနတာလား?

စုန္႔ခ်င္းလန္ : "အေျခအေနက လက္ရိွမေသခ်ာေသးေတာ့ ဒါကတကယ္ပဲ မစ္ရွင္နဲ႔ ဆက္စပ္ေနမယ္ဆိုရင္ တတ္ႏိုင္သေလာက္ ငါတို႔ရဲ့အားေတြကို ထိန္းသိမ္းဖို႔ႀကိဳးစားရမယ္ "

က်စ္ယြီရွီသည္ေတာ့ သူ႔ဘဝက်န္တဲ့သက္တမ္းတစ္ေလ်ွာက္လံုး စည္သြတ္ဘူးမ်ားကို ဘယ္ေတာ့မ်ွ ထပ္မစားခ်င္ေတာ့ဟုသာ ခံစားေနရသည္ ။

ၿမိဳခ်ရန္ ခက္ခဲေသာေၾကာင့္ သူသည္ အိပဲ့အိပဲ့စားေနရသည္ ။ သူသည္ အာကာသယာဥ္၌ ေဘာပင္ျဖင့္ ျပင္ပတံခါးေပါက္တစ္ေပါက္ကို ထည့္လိုက္သည္ ။

ထိုတံခါးက ခုနက သူေရခ်ိဳးခန္းဆီ သြားစဥ္ သတိထားမိသည့္တံခါးပင္ ။ သူသည္ မူလက ထိုၪီးတည္ရာတြင္ ဘာရိွသလဲ ေမးခ်င္ရံုသာျဖစ္ေသာ္လည္း မေမ်ွာ္လင့္ဘဲ သူဆြဲၿပီးၿပီးခ်င္း သူတို႔လက္ထဲရိွစည္သြတ္ဘူးမ်ားကို ေဒါသတႀကီးစိုက္ၾကည့္ေနခဲ့ေသာ မုတ္ဆိတ္ႀကီးက မ်က္ႏွာအမူအရာ ရုတ္တရက္ ေျပာင္းသြားကာ စိတ္လႈပ္ရွားစြာျဖင့္ စကားအမ်ားႀကီး ေျပာလာေလ၏ ။

"Gulaka!Gulaka!"

မုတ္ဆိတ္ႀကီးမွာ အင္မတန္ေလးနက္ေနပံုေပၚသည္ ။ ႏွစ္ေယာက္သည္ ခ်က္ခ်င္းနားလည္လိုက္သည္ ။ သူတို႔ထိုေနရာသို႔ မသြားသင့္ေၾကာင္း သူေျပာေနသည္ပင္ ။

"သြားမလား?" က်စ္ယြီရွီ ေမးလိုက္၏ ။

"ငါတို႔သြားမၾကည့္ရင္ အဲ့မွာဘာရိွလဲ သိမွာမဟုတ္ဘူး" စုန္႔ခ်င္းလန္က တစ္ခဏမ်ွ ေတြးေတာလိုက္ၿပီးေနာက္ "ဒါေပမဲ့ ဒီတစ္ေခါက္ ငါတစ္ေယာက္ပဲ သြားလို႔ရတယ္"

"ကြၽန္ေတာ္တို႔ အတူသြားသင့္တယ္" က်စ္ယြီရွီက ေျပာသည္ ။

"ေကာင္းၿပီ" စုန္႔ခ်င္းလန္က သေဘာတူလိုက္၏ ။ "သဲလြန္စေတြ ပိုရွာေတြ့ဖို႔ အေကာင္းဆံုးျဖစ္လိမ့္မယ္"

သူတို႔သည္ တစ္ခဏတာ အနားယူခဲ့ၾကသည္ ။ မုတ္ဆိတ္ႀကီးသည္ေတာ့ ေဘးတြင္ စူပုပ္ေန၏ ။

မုတ္ဆိတ္ႀကီးသည္ သူတို႔အား မသြားရန္ေဖ်ာင္းဖ်လိုစိတ္ တကယ္မရိွသည္ကို ႏွစ္ေယာက္သား ျမင္ေနရသည္ ။ ဘာလို႔ဆို ဒီႏွစ္ေယာက္က တရားလြန္စားေသာက္လြန္းသည္ေလ ။ မုတ္ဆိတ္ႀကီး သိမ္းဆည္းထားခဲ့ေသာ စည္သြတ္ဘူးမ်ားမွာ ေထာင့္တစ္ေနရာစာပင္ ေလ်ာ့ေနေလၿပီ ။

မုတ္ဆိတ္ႀကီး ေကာက္ယူခဲ့ေသာ ပစၥည္းပံုမ်ားၾကားမွ သူတို႔၏ ဆက္သြယ္ေရးစက္မ်ား ၊ ဓားေျမႇာင္မ်ားႏွင့္ ေဆးေသတၲာအပါအဝင္ သူတို႔၏အျခားပစၥည္းမ်ားကိုလည္း ေတြ့ရိွခဲ့သည္ ။ တစ္စံုတစ္ခု ျဖစ္လာႏိုင္မည့္အေရးအတြက္ မုတ္ဆိတ္ႀကီးယူခဲ့ေသာ သန္႔ရွင္းသည့္ အဝတ္အစားအခ်ိဳ႕ႏွင့္အတူ လက္ႏိွပ္ဓာတ္မီးႏွင့္ အစာတခ်ိဳ႕ကိုလည္း ရွာေတြ့ခဲ့ၾကသည္ ။

မုတ္ဆိတ္ႀကီးက အလြန္စိတ္မပါလက္မပါျဖင့္ သူတို႔အတြက္ စကားဝွက္ကို ဖြင့္ေပးလာသည္ ။ ဖြင့္ၿပီးသည့္ေနာက္တြင္ သူသည္ အႀကိမ္အနည္းငယ္ ပြစိပြစိ လုပ္ေနေသး၏ ။ ဆဲေရးတိုင္းထြာေနျခင္းျဖစ္ေလာက္သည္ ။

အခ်ိန္အေတာ္ၾကာ မဖြင့္ခဲ့ေသာ ျပင္ပတံခါးမွာ ယခုေတာ့ ပြင့္ဟသြားခဲ့ေလၿပီ ။

သူတို႔၏ အမိႈက္ပံုသို႔ခရီးစဥ္ႏွင့္ မတူညီစြာပင္ ဤေနရာ၌ အသားက်ရန္မလိုအပ္ခဲ့ေပ ။ ျပင္ပတံခါးဖြင့္လ်ွင္ဖြင့္ခ်င္း သူတို႔ အေမွာင္ထုႏွင့္ ႀကံဳေတြ့လိုက္ရသည္ ။

မုတ္ဆိတ္ႀကီးသည္ တံုးအသည့္ပံုေပၚေသာ္ျငား သူ႔အျပဳအမူမ်ားကေတာ့ ပါးနပ္ေလ၏ ။ သူတံခါးကိုပိတ္လိုက္လ်ွင္ သူတို႔ျပန္မလာႏိုင္ေလာက္ေတာ့မည္ကို ​စိုးရိမ္သျဖင့္ စုန္႔ခ်င္းလန္သည္ တံခါးကို ၫႊန္ျပလိုက္ၿပီးေနာက္ သူ႔ေသနတ္ကို ၫႊန္ျပလိုက္သည္ ။

မုတ္ဆိတ္ႀကီးနားလည္သည္ကို အတည္ျပဳျပီးေသာအခါ ႏွစ္ေယာက္သားသည္ ဓာတ္မီးမ်ားကို ဖြင့္လ်က္ တံခါးေပါက္မွ ထြက္ခြာခဲ့ၾကသည္ ။

သူတို႔ေျခလွမ္းလိုက္ၿပီးၿပီးခ်င္း အေမွာင္ထုသည္ ေပ်ာက္ကြယ္သြားေလ၏ ။

သူတို႔အားႀကိဳဆိုလာသည္က မ်က္စိက်ိန္းဖြယ္ အလင္းေရာင္ေပ ။

ေကာင္းကင္က ၾကည္လင္ျပာလဲ့ေနၿပီး တိမ္ကင္းစင္လ်က္ရိွသည္ ။

သူတို႔သည္ စည္ကားသည့္ၿမိဳ႔တစ္ၿမိဳ႔ရိွ လူကူးမ်ဥ္းၾကားေရ႔ွတြင္ ရပ္ေနခဲ့သည္ ။

မီးပြိုင့္မွ မီးအလင္းေရာင္မ်ားမွာ တဖ်တ္ဖ်တ္ႏွင့္ ။ တစ္ခဏစာေလာက္ တကယ့္ကမ႓ာသို႔ ျပန္ေရာက္သြားသလို သူတို႔ခံစားလိုက္ရသည္ ။

ၿငိမ္သက္သန္႔ရွင္းေသာ ကတၲရာလမ္းေပၚရိွ သုတ္ေဆးမ်က္ႏွာျပင္မ်ားမွာ အေတာ္ေလးသစ္လြင္ေနပံုရသည္ ။ ေရြ့လ်ားေနသည့္ ယာဥ္မ်ားမရိွရံုသာမက လမ္းဆံုတြင္ မည္သူမ်ွ ရိွမေနေပ ။

ဤေနရာသည္လည္း မိုးသစ္ေတာနည္းတူ အင္မတန္ တိတ္ဆိတ္ၿငိမ္သက္လြန္းေန၏ ။ ၿမိဳ႔တစ္ၿမိဳ႔တြင္ ရိွသင့္ေသာ လူသားတို႔၏ အသံမ်ား သို႔မဟုတ္ အျခားမည္သည့္အသံမ်ိဳးမ်ွ မၾကားရေပ ။

ဗလာကင္းမဲ့ေသာ ၿမိဳ႔တစ္ၿမိဳ႔ျဖစ္ေန၏ ။

ႏွစ္ေယာက္သည္ လက္ႏိွပ္ဓာတ္မီးမ်ားကို  ပိတ္လိုက္ၾကသည္ ။ က်စ္ယြီရွီက ေျပာလာ၏ ။ "ေခါင္းေဆာင္စုန္႔..ဟိုမွာၾကည့္ ။ သူ႔ေဘးက လမ္းမေပၚကဆိုင္းဘုတ္က ေျပာင္းျပန္ျဖစ္ေနတယ္"

စုန္႔ခ်င္းလန္လည္း သတိထားမိေလသည္ ။

သူတို႔သည္ လမ္းဆံုတြင္ ရပ္ေနၾကၿပီး ႏွစ္ဖက္လံုးရိွ လမ္းမ်ားတြင္ 'STOP'ဟူသည့္ အဂၤလိပ္လိုေရးထားေသာ ဆိုင္းဘုတ္မ်ားကို ျမင္ေနရေသာ္လည္း ဘယ္ဘက္ရိွ ဆိုင္းဘုတ္မွာ ေျပာင္းျပန္ျဖစ္ေနသည္ ။

ထိုအရာမ်ွမကေသး ၊ လမ္းႏွစ္ဖက္လံုးရိွရႈခင္းအားလံုးမွာ လမ္းေဘးတြင္ရပ္ထားေသာ ထပ္တူညီေနသည့္ကားမ်ားႏွင့္ ကြက္တိက်ေသာေစ်းဆိုင္မ်ားႏွင့္အတူ အလြန္အမင္း တစ္ထပ္တည္းေခါက္ခ်ိဳးညီေန၏ ။ အေပၚသို႔ၾကည့္လ်ွင္ အေဆာက္အၪီးမ်ားသည္ပင္ မွန္ပံုရိပ္မ်ားကဲ့သို႔ ေခါက္ခ်ိဳးညီေနၾကသည္ ။

ဤသည္မွာ မိုးသစ္ေတာမွအေျခအေနႏွင့္ အေတာ္တူညီေနသည္ ။ မုတ္ဆိတ္ႀကီးထိုသို႔ တံု႔ျပန္သည္မွာ မဆန္းေတာ့ပါေပ ။

သူတို႔ဆက္ၿပီးလမ္းေလ်ွာက္ေနလ်ွင္ ျဖစ္လာမည့္ ရလဒ္ကို သူတို႔နားလည္လိုက္ေလၿပီ ။

သူတို႔ဘယ္ေလာက္ၾကာၾကာ လမ္းေလ်ွာက္ခဲ့ပါေစ ၊ ဒီၿမိဳ႔ထဲမွ ထြက္ခြာဖို႔ ဘယ္လိုပဲႀကိဳးစားႀကိဳးစား အဆံုးသတ္တြင္ မူလေနရာသို႔သာ သူတို႔ျပန္ေရာက္သြားေပလိမ့္မည္ ။

"ေလာေလာဆယ္ မသြားေသးဘူး ။ ဒီလိုပံုစံတူမ်ိဳးက လမ္းေပ်ာက္ဖို႔လြယ္တယ္" စုန္႔ခ်င္းလန္က ဆိုသည္ ။ "အရင္ဆံုး ျပန္သြားၿပီး အျခားလမ္းေၾကာင္းေတြက ျဖစ္ႏိုင္လားဆိုတာ ၾကည့္ရေအာင္"

"ေကာင္းၿပီ" က်စ္ယြီရွီသည္လည္း ထိုသို႔အေတြးမ်ိဳးရိွသည္ပင္ ။

အခ်ိန္စီးဆင္းမႈကို ႏိႈင္းယွဥ္ရန္ မထြက္ခြာခင္က စုန္႔ခ်င္းလန္သည္ ဆက္သြယ္ေရးစက္တြင္ timerေပးထားခဲ့သည္ ။

သူသည္ လက္ေကာက္ဝတ္ကို ေျမႇာက္ကာ စစ္ေဆးလိုက္၏ ။ "ငါတို႔ဒီေရာက္ကတည္းက ၃မိနစ္ေတာင္ မရိွေသးဘူး ။ ဒီတစ္ေခါက္ ငါတို႔ေတာ္ေတာ္ေလး ျမန္ျမန္လက္ေလ်ွာ့လိုက္တာပဲ ။ ဘာလို႔ေခၚတာပါလိမ့္..ရႈံးမဲ့အေရး လက္ေလ်ွာ့တယ္ဆိုလား ?"

စုန္႔ခ်င္းလန္ေလသံက မတတ္သာဘဲ ကိုယ့္ကိုယ္ကိုယ္ ႏိွမ့္ခ်ေနေလ၏ ။ သူတို႔ဒီကိုေရာက္ကတည္းက ေျခတစ္လွမ္းမွပင္ မေရႊ့ရေသးေပ ။

ႏွစ္ေယာက္သည္ လမ္းသိပ္မေလ်ွာက္လိုက္ရဘဲ ရုတ္တရက္ သူတို႔ေရ႔ွရိွ အလင္းေရာင္မွာ ေမွးမိွန္သြားကာ ၿမိဳ႔ႏွင့္ေနေရာင္က ေပ်ာက္ကြယ္သြားသည္ ။ သူတို႔ အာကာသယာဥ္ဆီသို႔ ျပန္ေရာက္လာခဲ့သည္ ။

သူတို႔အာကာသယာဥ္ထဲ ဝင္ဝင္ခ်င္း နားအူေလာက္စရာ က်ယ္ေလာင္သည့္ သီခ်င္းသံထြက္ေပၚေနေလ၏ ။

သူတို႔သည္ စႄကၤံလမ္းကို ေလ်ွာက္လာကာ လမ္းတစ္ေလ်ွာက္လံုး သူတို႔နားထဲရိွ နာက်င္သည့္ တုန္ခါမႈကို သည္းခံရင္း ထိန္းခ်ဳပ္ခန္းဆီ အလ်င္အျမန္ ျပန္သြားလိုက္ၾကသည္ ။

ထိန္းခ်ဳပ္ခန္းထဲတြင္ လူႏွစ္ေယာက္ရိွေနၿပီး လက္ထဲတြင္ ဘီယာဘူးကိုယ္စီကိုင္လ်က္ ေခါင္းမ်ားကိုလႈပ္ယမ္းကာ သီခ်င္းသံႏွင့္အတူ ကခုန္ေနၾကသည္ ။

တစ္ေယာက္မွာ မ်က္ႏွာရဲရဲျဖင့္ မုတ္ဆိတ္ႀကီးျဖစ္ၿပီး ေနာက္တစ္ေယာက္သည္ေတာ့ ရင္းႏွီးေနသည့္ အနက္ေရာင္တိုက္ခိုက္ေရးယူနီေဖာင္းကို ဝတ္ဆင္ထားသည္ ။

က်စ္ယြီရွီ :"........"

ၾကည့္ရသေလာက္ေတာ့ ၃မိနစ္သာ ကုန္ဆံုးသြားသည့္ပံု မေပၚေပ ။

စုန္႔ခ်င္းလန္က ေလ်ွာက္သြားကာ အသံခ်ဲ့စက္ကို ရိုက္ပိတ္ခ်လိုက္သည္ ။ သူ႔နားထင္ရိွ ေသြးေၾကာမ်ားမွာ ထိုးေထာင္ေနေလ၏ ။

သီခ်င္းသံႏွင့္အတူ ႏွစ္ေယာက္သားရပ္တန္႔သြားၿပီး ေခါင္းလွည့္ၾကည့္လာၾကသည္ ။

လီခြၽင္းသည္ စကၠန္႔အနည္းငယ္ေလာက္ ေတာင့္ခဲေနၿပီးေနာက္ ေအာ္ဟစ္ကာ ေျပးဝင္လာေလသည္ ။ "ေခါင္းေဆာင္စုန္႔!!အႀကံေပးက်စ္!!"

"ခဏေနစမ္းပါအံုး" စုန္႔ခ်င္းလန္က သူ႔နဖူးကို လက္ၫွိုးျဖင့္ ေထာက္ထားရင္း သူ႔မ်က္လံုးနက္မ်ားမွာ အလိုမက်မႈမ်ားျဖင့္ ျပည့္ေန၏ ။ "မင္းဒီေရာက္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ?"

လီခြၽင္း မေက်မနပ္ျဖင့္ ေအာ္ဟစ္လာသည္မွာ " ၆ရက္ေတာင္ရိွၿပီေလ ! ဒီတစ္ေခါက္ မစ္ရွင္က ဘာေတျြဖစ္ေနတာတုန္း?!"

•°•°•

Continue Reading

You'll Also Like

61.3K 7.5K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...
160K 20.5K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
664K 113K 107
Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3 extras (Completed) Genres : Action , Mys...
502K 45.2K 120
​စက္​ပညာတိုးတက္​​ေခတ္​မွီလာ​ေသာအခ်ိန္​တစ္​ခု.... လူသားမ်ားကိုယ္​တိုင္​ဝင္​​ေရာက္​ကစားႏိုင္​​ေသာsystemႀကီးဟာထိုအခ်ိန္​အခါက​ေ​က်ာ္​ၾကား​ေလတယ္​.... သို႔...