ပြိုင်ဘက်ကင်းမိုးကောင်းကင်သို...

By Azure5549

129K 11.9K 221

ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွ... More

မိတ်ဆက် + ရှင်းလင်းချက်
ကျွင်းရှောင်ယောက်အကြောင်း
အခန်း ၁ - ပြိုင်ဘက်ကင်း
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အခန်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အခန်း ၅၁ မှ ၅၅
အခန်း ၅၆ မှ ၆၀
အပိုင်း ၆၁ မှ ၆၅
အပိုင်း ၆၆ မှ ၇၀
အပိုင်း ၇၁ မှ ၇၅
အပိုင်း ၇၆ မှ ၈၀
အပိုင်း ၈၁ မှ ၈၅
အပိုင်း ၈၆ မှ ၉၀
အပိုင်း ၉၁ မှ ၉၅
အပိုင်း ၉၆ မှ ၁၀၀
အပိုင်း ၁၀၁ မှ ၁၀၅
အပိုင်း ၁၀၆ မှ ၁၁၀
အပိုင်း ၁၁၁ မှ ၁၁၅
အပိုင်း ၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ မှ ၁၂၅
အပိုင်း ၁၂၆ မှ ၁၃၀
အပိုင်း ၁၃၁ မှ ၁၃၅
အပိုင်း ၁၃၆ မှ ၁၄၀
အပိုင်း ၁၄၁ မှ ၁၄၅
အပိုင်း ၁၄၆ မှ ၁၅၀
အပိုင်း ၁၅၁ မှ ၁၅၅
အပိုင်း ၁၅၆ မှ ၁၆၀
အပိုင်း ၁၆၁ မှ ၁၆၅
အပိုင်း ၁၆၆ မှ ၁၇၀
အပိုင်း ၁၇၁ မှ ၁၇၅
အပိုင်း ၁၇၆ မှ ၁၈၀
အပိုင်း ၁၈၁ မှ ၁၈၅
အပိုင်း ၁၈၆ မှ ၁၉၀
အပိုင်း ၁၉၁ မှ ၁၉၅
အပိုင်း ၁၉၆ မှ ၂၀၀
အပိုင်း ၂၀၁ မှ ၂၀၅
အပိုင်း ၂၀၆ မှ ၂၁၀
အပိုင်း ၂၁၁ မှ ၂၁၅
အပိုင်း ၂၁၆ မှ ၂၂၀
အပိုင်း ၂၂၁ မှ ၂၂၅
အပိုင်း ၂၂၆ မှ ၂၃၀
အပိုင်း ၂၃၁ မှ ၂၃၅
အပိုင်း ၂၃၆ မှ ၂၄၀
အပိုင်း ၂၄၁ မှ ၂၄၅
အပိုင်း ၂၄၆ မှ ၂၅၀
အပိုင်း ၂၅၁ မှ ၂၅၅
အပိုင်း ၂၅၆ မှ ၂၆၀
အပိုင်း ၂၆၁ မှ ၂၆၅
အပိုင်း ၂၆၆ မှ ၂၇၀
အပိုင်း ၂၇၁ မှ ၂၇၅
အပိုင်း ၂၇၆ မှ ၂၈၀
အပိုင်း ၂၈၁ မှ ၂၈၅
အပိုင်း ၂၈၆ မှ ၂၉၀
အပိုင်း ၂၉၁ မှ ၂၉၅
အပိုင်း ၂၉၆ မှ ၃၀၀
အပိုင်း ၃၀၁ မှ ၃၀၅
အပိုင်း ၃၁၁ မှ ၃၁၅
အပိုင်း ၃၁၆ မှ ၃၂၀
အပိုင်း ၃၂၁ မှ ၃၂၅
အပိုင်း ၃၂၆ မှ ၃၃၀
အပိုင်း ၃၃၁ မှ ၃၃၅
အပိုင်း ၃၃၆ မှ ၃၄၀
အပိုင်း ၃၄၁ မှ ၃၄၅
အပိုင်း ၃၄၆ မှ ၃၅၀
အပိုင်း ၃၅၁ မှ ၃၅၅
အပိုင်း ၃၅၆ မှ ၃၆၀
အပိုင်း ၃၆၁ မှ ၃၆၅
အပိုင်း ၃၆၆ မှ ၃၇၀
အပိုင်း ၃၇၁ မှ ၃၇၅
အပိုင်း ၃၇၆ မှ ၃၈၀
အပိုင်း ၃၈၁ မှ ၃၈၅
အပိုင်း ၃၈၆ မှ ၃၉၀
အပိုင်း ၃၉၁ မှ ၃၉၅
အပိုင်း ၃၉၆ မှ ၄၀၀
အပိုင်း ၄၀၁ မှ ၄၀၅
အပိုင်း ၄၀၆ မှ ၄၁၀
အပိုင်း ၄၁၁ မှ ၄၁၅
အပိုင်း ၄၁၆ မှ ၄၂၀
အပိုင်း ၄၂၁ - ၄၂၅
အပိုင်း ၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
အပိုင်း ၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
ကျင့်ကြံခြင်းအဆင့်များ
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
၆၀၁ - ၆၀၅
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
ပုံလေးတွေ
ပုံပြင်လေးတစ်ပုဒ်
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765

အပိုင်း ၃၀၆ မှ ၃၁၀

532 54 0
By Azure5549

အခန်း ( ၃၀၆ ) အမ ဆန္ဒမရှိရင် နတ်ဘုရားကိုယ်တိုင် ရောက်လာရင်တောင် အမကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး။

ဝမ့်မိသားစုက ကျန်းတောက်ရွှီ၏အခြေအနေကို မည်သို့ သိကြပါသနည်း။

ကျန်းတောက်ရွှီသည် မကြာသေးမီနှစ်များအတွင်း မည်သည့်အခါမှ လှုပ်ရှားမှုမရှိခဲ့ဘဲ ကမ္ဘာငယ်လေးသို့ ဆုတ်ခွာသွားခဲ့သည်။

ထို့ကြောင့် ပုံမှန်ဆိုလျှင် ဤအကြောင်းကို အပြင်လူများ သိရန်မဖြစ်နိုင်ပါချေ။

"ခင်ဗျားဘယ်လိုသိတာလဲ"
ကျန်းမိသားစုဝင် အကြီးအကဲတစ်ဦးက လေးနက်သောလေသံဖြင့် မေးသည်။

ယခင်က ၎င်းတို့၏ ဝမ့်မိသားစုအပေါ် သဘောထားသည် တော်တော်ယဉ်ကျေးသော်လည်း ယခုမူ အနည်းငယ် အေးစက်လာချေပြီ။

ဝမ့်မိသားစု၏ အဓိပဓိတစ်ပိုင်းက အနည်းငယ်ပြုံးကာ ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ဒါက အရေးမကြီးပါဘူး၊ အရေးကြီးတာက ကျုပ်တို့ ဝမ့်မိသားစုဟာ စိတ်ရင်းမှန်နဲ့ ကျန်းတောက်ရွှီကို ကျန်းမာစေချင်တယ်"

"ဘာ"
ထိုစကားကိုကြားတော့ ကျန်းမိသားစုမှ အကြီးအကဲများ မျက်နှာအမူအရာ  အနည်းငယ် ပြောင်းလဲသွားကြသည်။

ဝမ့်မိသားစုက အခြေအနေကို သိပြီးသားမို့ ဘာမျှ ဖုံးကွယ်ထားရန် မလိုတော့ပေ။

သို့သော်လည်း ဝမ့်မိသားစုက ကျန်းတောက်ရွှီကို ကယ်တင်နိုင်ခဲ့လျှင်တော့ ဤသည်မှာ ကောင်းမွန်သော ကျေးဇူးတစ်ခုဖြစ်သွားမည်မှန်း သိသာသည်။

နောက်ဆုံးတွင် အဓိပဓိတစ်ဦး၏ ကျဆုံးခြင်းက ကျန်းမိသားစုကဲ့သို့ ရှေးဟောင်းမိသားစုအတွက်ပင် အကျိုးသက်ရောက်မှုနှင့် ဆုံးရှုံးမှုက  ကြီးမားမည်ဖြစ်သည်။

"အိုး၊ ဝမ့်မိသားစုမှာ ဒီအဘိုးကြီးကို ကျန်းမာစေမဲ့ နည်းလမ်းရှိတာလား"
ဤအချိန်တွင် လေထဲ၌ အဘိုးကြီးတစ်ယောက် ထွက်လာသည်။

ယင်းက ကျန်းတောက်ရွှီပင် ဖြစ်ချေသည်။

၎င်း၏နောက်ဘက်တွင် ကျန်းရို့၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း ချက်ချင်းရောက်လာသည်။

ကျန်းတောက်ရွှီ၏ ခန္ဓာကိုယ်က အိုမင်းယိုယွင်းသော အငွေ့အသက်များ ပြည့်နေသည်။

သို့သော်လည်း အဓိပဓိတစ်ပါး၏ ဖိအားက ဝမ့်မိသားစုမှ အဓိပဓိတစ်ပိုင်းကို ခံစားရခက်စေသည်။

နောက်ဆုံးတွင် ကျန်းတောက်ရွှီက ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၌ လူသိများသော တန်ခိုးရှင်တစ်ဦး ဖြစ်နေခဲ့သည် မဟုတ်ပါလား။

မကြာသေးမီနှစ်များအတွင်း၌ သူသည် ထပ်မံ မတိုက်ခိုက်တော့သော်လည်း အလွန်ကျော်ကြားနေဆဲပင်။

"ဟားဟား၊ ကျန်းလောင်လို အင်အားကြီးသူတစ်ယောက် ကျဆုံးသွားရင် စိတ်မကောင်းစရာပဲ"

"ကျုပ်တို့ မိသားစုက အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်ကို ကျန်းမိသားစုက နတ်သမီးနဲ့ ဝမ့်မိသားစုက ဧကရာဇ်ငယ်တို့ကြား လက်ထပ်ထိမ်းမြားရာမှာ သုံးဖို့ ဆန္ဒရှိပါတယ်"

ဝမ့်မိသားစုမှ အဓိပဓိတစ်ပိုင်း၏စကားက နေရာရှိ ကျန်းမိသားစုဝင်အားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင်လည်း ထူးဆန်းသော အရိပ်အယောင်များ ဖြစ်လာသည်။

ဝမ့်မိသားစုမှ ဧကရာဇ်ငယ်သည် ကျန်းစန်းယီအား အမှန်တကယ် အာရုံစိုက်နေပါသလော။။

ရုတ်တရက် ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အေးစက်စက်အလင်းများ တောက်ပလာသည်။

အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်ကို ကျွင်းရှောင်ယောက်လည်း ကြားဖူးသည်။

၎င်းသည် အလွန်ရှားပါးသော အင်မော်တယ်ဆေးတစ်မျိုးဖြစ်ပြီး အင်မော်တယ်ဆေးများကြား၌ပင် ၎င်းကို ထိပ်တန်းအဖြစ် သတ်မှတ်နိုင်သည်။

ဤအံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်က လူတစ်ယောက်ကို လုံးဝပြန်လည်ပုံဖော်နိုင်စွမ်းရှိ၏။ ၎င်းက ဝေဒနာ၊ အမှောင်ရောဂါများ၊ အပြစ်အနာအဆာအားလုံးကို ဖယ်ရှားနိုင်သည်။ ၎င်းက ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ထောက်ပံ့ပေးကာ လူတို့ကို ပြီးပြည့်စုံသောအခြေအနေသို့ ရောက်ရှိစေသည်ဟူသော ကောလဟာလများပင် ရှိပေသည်။

ဟုတ်သည်၊ ကောလဟာလအတိုင်း ဤဆေး၏ အာနိသင်ကလည်း မယုံနိုင်စရာကောင်းအောင် ဖြစ်နိုင်လောက်ပေသည်။

ထို့ကြောင့်ပင် ရှေးခေတ်မှ ယနေ့အထိ အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်က အပင်များစွာ မရှိခဲ့ပေ။

အင်မော်တယ်နယ်မြေကြီး တစ်ခုလုံး၌ပင် အပင်တစ်ပင် သို့မဟုတ် နှစ်ပင် မတွေ့နိုင်ဟု ခန့်မှန်းရသည်။

ဤဆေးကိုသာ လွယ်လွယ်ကူကူရနိုင်ပါက ကျန်းမိသားစုအနေဖြင့် ရှေးယခင်ကပင် ရယူထားပြီး ဖြစ်လိမ့်မည်။

ဤဆေးသည် ထာဝရသင်္ချိုင်းကဲ့သို့ အန္တရာယ်ရှိသောနေရာများတွင်သာ ပေါ်လာသည်ဟု ကောလဟာလများ ရှိသည်။

ယခုမူ ဝမ့်မိသားစု၌ အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက် ရှိနေခဲ့ချေပြီ။

ကျန်းမိသားစုက မယုံမှာကို သိနေဟန်ဖြင့် ဝမ့်မိသားစုမှ အဓိပဓိတစ်ပိုင်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုအခါ သူ့လက်ထဲတွင် မြက်တစ်ပင် ပေါ်လာခဲ့၏။

မြက်ပင်တွင် အရွက် ခုနစ်ရွက်ရှိပြီး အရောင်အမျိုးမျိုးရှိသည်။

၎င်းသည် အလွန်မွှေးကြိုင်သောရနံ့ဖြင့် ဝန်းရံနေသော ပြင်းထန်သော ချီစက်ဝန်းတစ်ခုလည်း ရှိသေးသည်။

ထိုရနံ့ကို ရှုရှိုက်မိရုံဖြင့် လူတစ်ယောက်ကို အလွန် စိတ်လှုပ်ရှားလာစေနိုင်သည်။

"တကယ်ကို အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်ပဲ"
ကျန်းမိသားစုမှ လူများစွာမှာ အနည်းငယ် တုန်လှုပ်သွားကြသည်။

ဝမ့်မိသားစုက ဤအဆင့်မြင့် အင်မော်တယ်ဆေးကို အမှန်ပင် ပေးအပ်လိုစိတ် ရှိနေလေသည်။

လူတိုင်းမမျှော်လင့်ထားသည့်အတိုင်း တီထွင်လိုစိတ်ရှိခဲ့သည်။

"ကောင်းပြီ၊ ကျုပ်တို့ ဝမ့်မိသားစုက ဒီအံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်ကို လက်ထပ်ထိမ်းမြားခြင်း လက်ဆောင်အဖြစ် သုံးဖို့ လုံလောက်သင့်တယ် မဟုတ်လား"

"ပြီးတော့ ဝမ့်မိသားစုရဲ့ ဧကရာဇ်ငယ်က ခင်ဗျားတို့ ကျန်းမိသားစု နတ်သမီးနဲါ သေချာပေါက် ထိုက်တန်ပါတယ်၊ ဒီလိုဆိုရင် ကျန်းလောင်လည်း ပြန်ကောင်းလာနိုင်မယ်။ ဒါက နှစ်ဦးနှစ်ဖက် ကောင်းမွန်တဲ့ အရာဖြစ်တာကြောင့် ဘာကြောင့်မလုပ်ရမှာလဲ"

ဝမ့်မိသားစုမှ အဓိပဓိတစ်ပိုင်း၏ စကားကြောင့် ကျန်းမိသားစု အကြီးအကဲအချို့ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

နောက်ဆုံးတွင် ကျန်းမိသားစုနှင့် ဝမ့်မိသားစုက မည်သည့်အခါမျှ အာဃာတမရှိခဲ့ပါ။

သို့ဖြစ်ပေရာ မဟာမိတ်ဖွဲ့ခြင်းကလည်း မဖြစ်နိုင်သောအရာ မဟုတ်ပါချေ။

ထို့ပြင် ယင်းက ကျန်းမိသားစုအတွက်လည်း ကောင်းသည်။

မဟာမိတ်များ၏ အကျိုးကျေးဇူးများကို ဖော်ပြထားခြင်းမရှိလျှင်ပင် အနည်းဆုံးတော့ ကျန်းတောက်ရွှီ ကယ်တင်ခံရမည် ဖြစ်သည်။

အဓိပဓိတစ်ဦးကို ကယ်တင်နိုင်ခြင်းက ကျန်းမိသားစုအတွက် အလွန်အရေးကြီးသည်။

ယခုကြည့်ရမည့် တစ်ခုတည်းသောအရာမှာ ကျန်းစန်းယီ၏ သဘောထားပင် ဖြစ်တော့သည်။
 
ထိုအချိန်တွင် ကျန်းစန်းယီက သူ့နှုတ်ခမ်းနီရဲရဲကို ကိုက်လိုက်ပြီး လှပသောမျက်နှာကလည်း အနည်းငယ် ဖျော့တော့သွားခဲ့သည်။

ဝမ့်မိသားစုက သူမထံကို ရောက်လာမည်ဟု မမျှော်လင့်ထားပေ။

သူမကို ဝမ့်မိသားစု၏ ဧကရာဇ်ငယ်နှင့် လက်ထပ်စေလိုနေသည်။

အမှန်အတိုင်းပြောရလျှင် ကျန်းစန်းယီလည်း ဝမ့်မိသားစုမှ ဧကရာဇ်ငယ်၏အမည်ကို သဘာဝအတိုင်းကြားဖူးသည်။

သို့ရာတွင် ယင်းက ဘာများဖြစ်သနည်း။

ကျန်းစန်းယီ၏ နှလုံးသားကို လူတစ်ယောက်က သိမ်းပိုက်ထားပြီးမှတော့ တခြားသူများကို မည်သို့ နေရာချနိုင်ပါမည်နည်း။
 
သို့သော်လည်း သူသဘောမတူလျှင် ကျန်းတောက်ရွှီအတွက် အကူအညီမဲ့ရပေလိမ့်မည်။

မိသားစု၏အမြင်အရ ကျန်းစန်းယီ သဘောတူလိုက်သင့်သည်။

ကျန်းရို့လည်း အနည်းငယ်စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

နောက်ဆုံးတွင်၊ ဤအခြေအနေက ကျန်းတောက်ရွှီ ပြန်လည်ကောင်းမွန်ရန်အတွက် အလားအလာရှိသည်။

သို့သော်လည်း ကျန်းရို့က ကျန်းစန်းယီကို မတိုက်တွန်းခဲ့ပေ။

ဤကိစ္စမျိုးက ကျန်းစန်းယီအတွက်တော့ တကယ်ကို မတရားပါ။

ကျန်းမိသားစုဝင်များစွာက ကျန်းစန်းယီ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေခဲ့ကြသည်။

"အမစန်းယီ..."
ကျန်းလော့လီ၏ မျက်နှာမှာလည်း စိုးရိမ်သော အကြည့်များ လှစ်ဟလာသည်။

ကျန်းစန်းယီနှင့် ကျွင်းရှောင်ယောက်ကြားတွင် မတော်တဆ တစ်ခုခု ဖြစ်သွားသည်ကိုတော့ သူမ မသိခဲ့ပါချေ။

သို့သော်လည်း ကျန်းစန်းယီ၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို စတေးရန်‌တော့ မလိုလားခဲ့ပါ။

ထိုအချိန်တွင် ဟွာယွမ်ရှို့၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားကာ ပြောလိုက်သည်။
"ဝမ့်မိသားစုရဲ့ ဧကရာဇ်ငယ်က လူတွေကြားထဲမှာ လူစွမ်းကောင်း တစ်ယောက်ပါပဲ။ ဒါကြောင့် နတ်သမီးနဲ့ လက်ထပ်မယ်ဆိုရင်တောင် ပြဿနာရှိမှာ မဟုတ်ဘူး။ အကြီးအကဲလည်း အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်ကို ရနိုင်မယ်။ ဒီလိုဆိုရင် ဘာကြောင့် မလုပ်ရမှာလဲ"

ဟွာယွမ်ရှို့၏ စကားများကို ကျန်းမိသားစုမှ လူအချို့ကလည်း အသိအမှတ်ပြုလေသည်။

အကယ်၍ တစ်ဖက်လူသည် ကြောင် သို့မဟုတ် ခွေးတစ်ကောင် ဖြစ်နေလျှင်တော့ ကျန်းစန်းယီအတွက် စိတ်မကောင်းဖြစ်မည်မှာ အမှန်ပင်။

သို့ရာတွင် ဝမ့်မိသားစု၏ ဧကရာဇ်ငယ်က ခွေးလေး၊ ကြောင်လေးများ မဟုတ်ပေ။
 
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ် နယ်မြေကြီးတစ်ခုလုံး၌ ဂုဏ်သိက္ခာအရှိဆုံး လူငယ်များထဲမှတစ်ဦး ဖြစ်သည်။

ဝမ့်မိသားစု၏ ဧကရာဇ်ငယ်ကို လက်ထပ်ခြင်းမှာ ကျန်းစန်းယီအတွက် အရှက်ရစရာ မဟုတ်ပေ။

"ဝမ့်မိသားစုရဲ့ ဧကရာဇ်ငယ်ကို လက်ထပ်ခွင့်ရတာ မင်းအတွက် ကံကောင်းတာပါပဲ၊ မင်းက ဒီလောက်ကောင်းတဲ့အချက်ကို စဉ်းစားဖို့ လိုသေးလို့လား"
ဝမ့်မိသားစု၏ အဓိပဓိတစ်ပိုင်းက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါတွင် ကျန်းစန်းယီလည်း သူမ၏ ကျောက်စိမ်းလက်လေးနှစ်ဖက်ကို ဆုပ်ထားလိုက်မိ၏။

မနေနိုင်ဘဲ သူမမျက်လုံးထောင့်မှ ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်လိုက်မိသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ့မျက်နှာအမူအရာကလည်း မပြောင်းလဲပေ။
 
ယင်းက ကျန်းစန်းယီ၏ နှလုံးသားကို နာကျင်သွားစေသည်။

ကျွင်းရှောင်ယောက်က သူမကို လုံးဝ ဂရုမစိုက်တာ ဖြစ်နိုင်သလား။

ထိုအချိန်က အဓိပ္ပာယ်မဲ့သော အရာများကို တွေးတောရင်း ကျန်းစန်းယီဟာ သူ့နှလုံးသား ကွဲကြေသွားသလို ခံစားလိုက်ရသည်။

ဤခံစားချက်မျိုးက ဘယ်သောအခါမှ ဖြစ်သင့်သောအရာ မဟုတ်ပေ။

"ကျွန်မ..လုပ်မယ်"
ကျန်းစန်းယီက ခက်ခက်ခဲခဲပြောလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာလည်း မချိသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဤအဖြေကိုကြားသောအခါ ကျန်းမိသားစုဝင် အားလုံးလည်း နှလုံးသားထဲမှ အနည်းငယ် သက်ပြင်းချလိုက်သည်။

ကျန်းစန်းယီ၏ မျက်နှာပေါ်မှ တွန့်ဆုတ်မှုနှင့် လက်မခံနိုင်မှုကိုတော့ သူတို့လည်း မမြင်ဘဲမနေပါ။

သို့‌သော်လည်း ကျန်းစန်းယီက တကယ်လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ အနည်းဆုံးတော့ သဘောတူသည်။

ဝမ့်မိသားစုမှ ဧကရာဇ်ငယ်က ကျန်းစန်းယီကိုလက်ထပ်လိုရခြင်း၏ အဓိကအကြောင်းအရင်းကလည်း သူမ၏ မူတာအိုသန္ဓေသားကို အခွင့်ကောင်းယူ၍ အဆင့်အတန်းမြင့်မားစေရန်အတွက်သာ ဖြစ်သည်။

ထို့ကြောင့် ခံစားချက်ကဲ့သို့ အရာများမှာ ရှိရှိ၊ မရှိရှိ အရေးမကြီးပေ။

ထိုစဉ်မှာပင် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"အမစန်းယီ၊ ဒါက အမရဲ့ တကယ့် ဆန္ဒပဲလား"

ယင်းကိုကြားသောအခါ ကျန်းစန်းယီ၏ ခန္ဓာကိုယ်လေးက တုန်လှုပ်သွားခဲ့သည်။

လှပသော သူ့မျက်လုံးများတွင်လည်း အရည်ကြည်လေးများ စိမ့်လာခဲ့၏။

သူဟာ ခေါင်းကို ချက်ချင်းလှည့်၍ ကျွင်းရှောင်ယောက်အား ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများကလည်း ကျန်းစန်းယီကို ကြည့်နေသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အကြည့်ချင်းဆုံသွားခဲ့ကြသည်။

"ဒါက အမစန်းယီရဲ့ ဆန္ဒအမှန်ဆိုရင်တော့ ကျွန်တော် စကားတစ်ခွန်းမှ မပြောတော့ပါဘူး"
 
ကျွင်းရှောင်ယောက်က စကားကို ခေတ္တရပ်လိုက်သည်။ သူ့လေသံမှာလည်း လွှမ်းမိုးချုပ်ကိုင်မှုတစ်ခု ပါဝင်နေလေသည်။

“ဒါပေမယ့်၊ ဒီလို မဟုတ်ရင်တော့ မြောက်ပိုင်းက ဝမ့်မိသားစုမပြောနဲ့၊ နတ်ဘုရားကိုယ်တိုင် ရောက်လာရင်တောင် အမကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး"

--------

အခန်း ( ၃၀၇ ) ဝမ့်မိသားစု၏ ဧကရာဇ်ငယ်၊ ဝမ်ထန့် ထွက်ပေါ်လာခြင်း။

ကျွင်းရှောင်ယောက်၏ စကားများက လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်က ကျန်းစန်းယီအတွက် စကားပြောလာမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ကျန်းစန်းယီ၏ နူးညံ့သော ခန္ဓာကိုယ်လေးက တုန်ယင်နေပြီး နှလုံးသားမှာလည်း ထုံကျင်နေသွားကာ ဖော်မပြနိုင်သော စိတ်ခံစားမှုနှင့် ပျော်ရွှင်မှု ခံစားချက်တို့က ပြည့်နှက်သွားသည်။

ကျွင်းရှောင်ယောက်၏ စကားက ချစ်တယ်ဆိုသည့် စကားမဟုတ်သော်လည်း ချစ်တယ်ဆိုသော စကားကဲ့သို့ပင်။

ကျန်းစန်းယီ၏ နားထဲတွင် ယင်းက ကမ္ဘာပေါ်တွင် အချိုသာဆုံး ချစ်ခြင်းမေတ္တာ စကားလုံးများ ကဲ့သို့ပင်။

ထိုအချိန်တွင်၊ ကျန်းစန်းယီ၏နှလုံးသားက လုံးဝ လှုပ်ရှားသွားခဲ့သည်။

ကျွင်းရှောင်ယောက်သည် သူမထက် ဆယ်နှစ်ငယ်သော်လည်း ယခုအခါ ကျွင်းရှောင်ယောက်ထံမှ နွေးထွေးမှုနှင့် လုံခြုံမှုကို ဖွေရှာနေမိသည်။

ကျန်းစန်းယီ၏ ဘဝတွင် ဤခံစားချက်ကို ပထမဆုံးအကြိမ် ခံစားမိခြင်းပင်။

ဤနေရာတွင် လူများ ရှိနေသောကြောင့်သာ မဟုတ်ပါက ကျန်းစန်းယီအား ပွေ့ဖက်မိပြီး ဖြစ်နေပေလိမ့်မည်။

ရောက်နေကြသော ကျန်းမိသားစုဝင်များလည်း ကျွင်းရှောင်ယောက်နှင့် ကျန်းစန်းယီကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်လိုက်သည်။

နှစ်ယောက်စလုံးက အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထားသည်။

ကျွင်းရှောင်ယောက်က ကောင်းကင်မှ မသေမျိုး နတ်တစ်ပါးကဲ့သို့ တည်ငြိမ်ကာ ချောမောသည်။

ကျန်းစန်းယီသည်ကား လနန်းတော်ရှိ လနတ်သမီးကဲ့သို့ အလွန်တရာ လှပ၏။

ယင်းက လိုက်ဖက်နေသလို အဘယ်ကြောင့် ခံစားနေရပါသနည်း။

ကျန်းလော့လီသည်ပင် သူတို့နှစ်ယောက်ကို သံသယဝင်သွားမိသည်။

ကျန်းလော့လီသည် အများအားဖြင့် မိုက်မဲသော မိန်းကလေးဖြစ်ပုံရသော်လည်း... ပါးနပ်လိမ္မာသော အချိန်များလည်း ရှိသေးသည်။

ယခုအခါ ဤနှစ်ယောက်၏ ဆက်ဆံရေးက တစ်ခုခုလွဲမှားနေသကဲ့သို့ ဘာကြောင့် ခံစားနေရပါသနည်း။
 
ဝမ့်မိသားစု၏ အဓိပဓိတစ်ပိုင်းလည်း မျက်နှာအနည်းငယ် သုန်မှုန်သွားသည်။

သူသည် ကျွင်းရှောင်ယောက်ကို အရင်က မမြင်ဖူးသည့်အတွက် ဤအဖြူရောင်ဝတ်လူငယ်ဟာ ကျွင်းမိသားစု၏ ကျော်ကြားသော နတ်ဘုရားသားတော်မှန်း မသိပေ။
 
"မသိနားမလည်တတ်တဲ့ ကောင်လေး၊ မင်း ဘယ်ကလာတာလဲ၊ မင်းမှာ လူကြီးတွေကြား ဝင်ရောက်စွက်ဖက်ဖို့ အရည်အချင်းရှိလို့လား"
ကျန်းစန်းယီက သဘောတူလိုက်သော်လည်း ဤလူငယ်က ဝင်စွတ်ဖက်နေပြန်ရာ ဝမ့်မိသားစုမှ အဓိပဓိတစ်ပိုင်း မကျေမနပ် ဖြစ်သွားသည်။

အကယ်၍ ဤလူငယ်သည်သာ ကျန်းမိသားစုမှမဟုတ်လျှင် ဝမ့်အဓိပဓိတစ်ပိုင်းက ရိုက်နှက်ပြီးချေပြီ။
 
"ဒီသခင်ငယ်လေးက အရည်အချင်းပြည့်မီတယ်ဆိုရင် ခင်ဗျား ဘာပြောချင်သေးလဲ"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဝမ့်အဓိပဓိတစ်ပိုင်းကို ရင်ဆိုင်လိုက်သည်။

"မင်းက ကျန်းမိသားစုရဲ့ သခင်လေး မဟုတ်ဘူးလား"
ဝမ့်အဓိပဓိက မျက်မှောင်ကြုတ်ပြီး ဟွာယွမ်ရှို့ကို စိုက်ကြည့်လိုက်သည်။

ယခုလေးတင် ကျွင်းရှောင်ယောက် ကြေငြာသည်က နတ်ဘုရားသားတော်မဟုတ်ဘဲ သခင်လေး ဖြစ်သည်။

ဤနှစ်ခုကြားမှ ကွာခြားချက်က ကြီးမားသည်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်က ကျန်းမိသားစု၏ သခင်လေးကို ကိုယ်စားပြုပြီး ကျွင်းမိသားစု၏ နတ်ဘုရားသားတော် မဟုတ်ပေ။

"ကျွင်းရှောင်ယောက်က ကျုပ်တို့ ကျန်းမိသားစုရဲ့ သခင်လေးအသစ်ပဲ၊ သူကမှ အရည်အချင်းမပြည့်မီဘူးဆိုရင် ကျုပ်တို့ ကျန်းမိသားစုမှာ ဘယ်သူမှ အရည်အချင်းပြည့်မီမှာ မဟုတ်ဘူး"
ကျန်းမိသားစုဝင် အကြီးအကဲတစ်ဦးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဘာ၊ မင်းက ကျွင်းရှောင်ယောက်လား"
ဝမ့်အဓိပဓိတစ်ပိုင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

ယင်းက သူမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်ခဲ့ပေသည်။

သာမာန်လူငယ်လေးများက သူနှင့် စကားပြောရန် အရည်အချင်းမရှိပေ။

သို့ရာတွင် ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ နတ်ဘုရားသားတော်သာမကဘဲ ကျန်းမိသားစုမှ သခင်လေးပင် ဖြစ်လာပြီ ဖြစ်သည်။

ဤသတင်းသာ ပြန့်နှံ့သွားပါက ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် တုန်လှုပ်ဖွယ်ရာ ဖြစ်လာပေလိမ့်မည်။

ကျွင်းရှောင်ယောက်၏ ဝိသေသလက္ခဏာမှာ အလွန်မွန်မြတ်သည်။

ကျွင်းရှောင်ယောက်ကို စော်ကားခြင်းက ကျွင်းမိသားစု၊ ကျန်းမိသားစုနှင့် မြင့်မြတ်ဝိညာဉ်အကယ်ဒမီဟူသော အင်အားစုသုံးခုကို စော်ကားလိုက်ခြင်း ဖြစ်သည်။

ဝမ့်မိသားစုက ထိပ်တန်းအင်အားစုကြီးတစ်ခု ဖြစ်နေလျှင်ပင် ခံနိုင်ရန်မလွယ်ပေ။

တကယ်တော့ ကျွင်းရှောင်ယောက် ထိုသို့ပြောရခြင်းမှာ တခြားအဓိပ္ပါယ်မရှိပါချေ။

သူနှင့် ကျန်းစန်းယီကြားတွင် ထိုသို့ အဓိပ္ပါယ်မဲ့သော ကိစ္စမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့လျှင်ပင် ကျွင်းရှောင်ယောက်က ရပ်တည်နေဦးမည် ဖြစ်သည်။

အံ့ဖွယ်ကိုးပါးပြန်လည်ဝင်စားခြင်းမြက် အပင်တစ်ပင်အတွက် ကျန်းစန်းယီ၏ ကိုယ်ပိုင် ပျော်ရွှင်မှုကို စတေးရန်မှာ မဖြစ်နိုင်ပေ။

ကျန်းစန်းယီနှင့် သူ့ကြားမှ ရှုပ်ထွေးသည့် ဆက်ဆံရေးကို‌တော့…

ကျွင်းရှောင်ယောက်အနေဖြင့် ယခုအချိန်တွင် မတွေးလိုသေးပေ။

"ကျွန်မ ငြင်းတယ်"
ကျန်းစန်းယီက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။

နောက်ဆုံးမှာတော့ သူ့နှလုံးသားကို မလွန်ဆန်နိုင်ပါချေ။

ပို၍အရေးကြီးသည်မှာ သူမ တုံ့ဆိုင်းနေသေးပါက ကျွင်းရှောင်ယောက် နားလည်မှုလွဲသွားမည် မဟုတ်ပါလား။

ကျန်းစန်းယီအနေဖြင့် သူမ အမှားလုပ်မိလျှင်ပင် ကျွင်းရှောင်ယောက်က နားလည်မှုလွဲမှာကိုတော့ မလိုလားပါ။

ကျွင်းရှောင်ယောက်က ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြီး ဝမ့်အဓိပဓိတစ်ပိုင်းကို ပြောလိုက်သည်။
"ခင်ဗျားလည်း ကြားပါတယ်၊ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ပြန်သွားကြပါ"

ကျွင်းရှောင်ယောက်၏ စကားကြောင့် ဝမ့်အဓိပဓိတစ်ပိုင်းမှာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။

မူလ ချောမွေ့နေသော အခြေအနေမှာ ကျွင်းရှောင်ယောက်၏ ဖျက်ဆီးခံလိုက်ရချေပြီ။

ဝမ့်မိသားစုအတွက် ကျွင်းရှောင်ယောက် ဖျက်ဆီးခဲ့သည်မှာ အိမ်ထောင်ရေးသာမကပေ။

ဝမ့်မိသားစု၏ အခြား အစီအစဉ်များကိုလည်း ကျွင်းရှောင်ယောက်မှ သွယ်ဝိုက်၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဤအရာက ဝမ့်အဓိပဓိတစ်ပိုင်းကို ကျွင်းရှောင်ယောက်အား အေးစက်စက် မျက်လုံးများဖြင့် ကြည့်စေခဲ့သည်။

ထိုအချိန်တွင် ဝမ့်မိသားစုအဖွဲ့နောက်ရှိ ရထားတစ်စီးမှ ရုတ်တရက် အသံထွက်လာသည်။

"ကျွင်းရှောင်ယောက်က ကောလဟာလအတိုင်း တကယ်ကို မာနကြီးပြီး အထိန်းအကွပ်မဲ့နေတာပဲ"

ထိုအသံကိုကြားတော့ လူတိုင်းလိုလို အေးခဲသွား၏။

"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရထားက  ချက်ချင်းပေါက်ကွဲသွားတော့သည်။

ချက်ခြင်းပင်၊ ထက်မြက်သော အသွင်တစ်ခုက ချက်ချင်း  ထွက်လာသည်။

‌၎င်းက ခြေတစ်ချက် လှမ်းလိုက်တိုင်းမှာ ကမ္ဘာကြီးပင်  ပြောင်းလဲသွား၏။

"သူက...အဲ့ဒါက ဝမ့်မိသားစုရဲ့ ဧကရာဇ်ငယ်ပဲလား"
 
"ဝမ့်မိသားစုရဲ့ ဧကရာဇ်ငယ်က လူကိုယ်တိုင်လာတာလား"

ကျန်းမိသားစုထဲမှ လူငယ်များလည်း မထိန်းနိုင်ဘဲ အော်ပြောလိုက်ကြသည်။

ဝမ့်မိသားစု၏ ဧကရာဇ်ငယ်ဝမ့်ထန့်သည် ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၌ နာမည်ကောင်းရှိသည်။

ဤအတွက် အဓိကအကြောင်းအရင်းကတော့ ဝမ့်မိသားစုဟာ နေရာတိုင်းမှာ ကြော်ငြာနေ၍ ဖြစ်သည်။

ဤတွင် သူ့သားအကြောင်းကို တခြားသူများ မသိမှာ ကြောက်နေဟန်ဖြင့် အမြဲပြောတတ်သည့် ဝမ့်ထန့်၏ဖခင်က အသည်းဆုံးပင်။

ယခုမူကား၊ ဤဖရိုဖရဲ စွမ်းအင်ကို ခံစားလာရပြီ ဖြစ်သည်။

ဝမ့်မိသားစု၏ ဧကရာဇ်ငယ်က နာမည်ဂုဏ်သတင်းအတိုင်း လျော်ညီမှုရှိသည်။

"အိုး၊ ဝမ့်ထန့်"
ကျွင်းရှောင်ယောက်၏ အမူအရာမှာ မပြောင်းလဲဘဲ အဆုံးမဲ့ ထက်မြက်သောအလင်းများ ဖုံးလွှမ်းထားသည့် ပုံရိပ်ကို ကြည့်လိုက်သည်။

ဤတည်ရှိမှုသည် အလွန်ကျော်ကြား၏။

သို့သော်လည်း ကျွင်းရှောင်ယောက်ရ ဘယ်လိုဖြစ်တည်မှုကိုမှ မကြောက်ပေ။

ယခုအချိန်တွင် ဝမ့်ထန့်၏ပုံရိပ်က အဆုံးမဲ့ ထက်မြက်မှုဖြင့် ဖုံးလွှမ်းနေ၍ သူ၏အသွင်အပြင်ကို မမြင်နိုင်ပေ။

သူ့ပတ်ဝန်းကျင်တွင်ကား အမျိုးမျိုးသော မြင့်မြတ် အာရုံများ ပေါ်လာသည်။

အစစ်အမှန်နဂါးက ပင်လယ်သို့ဆင်းသည်၊ နတ်ဖီးနစ်သည် အတောင်ပံများကိုဖြန့်ထား၏၊ ချီလင်ကလည်း ကောင်းကင်၌ ခုန်လွှားနေလေသည်။

အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ဤအရှိန်အဝါမှာ အင်မော်တယ်နယ်မြေကြီးရှိ မျိုးဆက်သစ်လူငယ်များကြား၌ အလွန်ထူးကဲသော အနေအထားရှိသည်။

၎င်းက ကျွင်းရှောင်ယောက်ကို ရင်ဆိုင်လိုက်၏။

ဤနှစ်ဦးတွင်...

လူတစ်ယောက်က အစွမ်းထက်ပြီး ရှေးဦးဖရိုရဲ အရှိန်အဝါများ ရှိသည်။

တစ်ဦးကတော့ အဖြူရောင်ဝတ်စုံဖြင့် တည်ငြိမ်ကာ စကြာဝဠာကြီးကို လွှမ်းမိုး၏။

ဝမ့်မိသားစု၏ ဧကရာဇ်ငယ်။

ကျွင်းမိသားစု၏ နတ်ဘုရားသားတော်။

ရှေး‌ယခင်ကတည်းက ၎င်းတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံလျှင် မည်သို့သော လှိုင်းမျိုး ဖြစ်မလဲဟု အားလုံး စိတ်ကူးယဉ်မိကြဖူးသည်။

ယခုတော့ နှစ်ဦးသား အမှန်တကယ် ဆုံနေခဲ့ချေပြီ။

ဝမ့်ထန့်က ကျန်းစန်းယီကိုကြည့်ကာ ပြောလိုက်သည်။
"ကျန်းစန်းယီ၊ မင်းက မူလတာအိုသန္ဓေနဲ့ မွေးဖွားလာတဲ့သူပဲ၊ မင်းက ဒီဧကရာဇ်ငယ်နဲ့ ထိုက်တန်ပါတယ်"

ထိုစကားကြားတော့ ကျန်းစန်းယီ၏ လှပသော မျက်လုံးများတွင် ရွံရှာမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဝမ့်ထန့်က နောက်မှပေါက်သော ရွှေကြာပင်တည်း။

သူက ကျန်းစန်းယီကို ပြန်လှည့်စေချင်လျှင် မည်သို့ အရည်အချင်းပြည့်မီပါမည်နည်း။ သူမ၏ နှလုံးသားက ကျွင်းရှောင်ယောက်အတွက်သာ ဖြစ်သည်။

"မင်းက မူလတာအိုသ‌န္ဓေကို မက်မောတယ်ဆိုတာ အသိသာကြီးပဲ၊ ဒါပေမဲ့ မင်းက ဘယ်လောက်မြင့်တယ်ပြောပြော၊ ဆိုးဆိုးရွားရွား ပြန်ပြုတ်ကျနိုင်တယ်"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး သရော်ဟန်ဖြင့် ပြောလိုက်သည်။

"အိုး၊ မင်းကကော မဟုတ်ဘူးလား"
ဝမ့်ထန့် လှောင်ပြောင်လိုက်၏။

အမြင့်မှာ ရပ်နေသူဟုဆိုလျှင်... သူဝမ့်ထန့်က ထိုသို့သော လူဖြစ်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်ကကော၊ အမြင့်မှာ မရပ်တည်ဘဲနေလို့လား။

"မင်းနဲ့ငါက မတူဘူး၊ ဒီနတ်ဘုရားသားတော်က ကိစ္စမရှိဘူး၊ ဒါပေမဲ့ မင်း... မင်းက နာမည်အတုပဲရှိတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။

ယင်းကြောင့် လူတိုင်း အသက်ရှုရပ်လုမတတ် ဖြစ်ခဲ့ရသည်။

စတွေ့သည်နှင့် သူတို့နှစ်ယောက်ထံမှ ယမ်းနံ့များကို ရရှိလာခဲ့ကြချေပြီ။

ဝမ့်မိသားစုမှ အဓိပဓိတစ်ပိုင်း၏ မျက်လုံးမှာလည်း ဒေါသများ ဖြစ်ပေါ်လာသည်။

ကျွင်းရှောင်ယောက်က ဝမ့်မိသားစု၏ ဧကရာဇ်ငယ်ကို အတင့်ရဲပြီး စော်ကားဝံ့သည်။

"ဟားဟားဟား၊ နောက်ဆုံးတော့ ဒီဧကရာဇ်ငယ်ထက်တောင် ပိုပြီးရူးတဲ့ အရူးတစ်ယောက်နဲ့ တွေ့ရပြီ"
ဝမ့်ထန့်က ရယ်မောလိုက်သည်။

"ဧကရာဇ်ငယ်လား၊ ဒါက မင်းနဲ့ ထိုက်တန်ရဲ့လား"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။ စကားဆုံးသည်နှင့်  သူ့တစ်ကိုယ်လုံးက နတ်ဘုရားစွမ်းအင်များ ပြည့်နှက်သွားကာ သူ့လက်ကိုဆန့်ထုတ်၍ ကြီးစိုးနေသော အနေအထားဖြင့် ဝမ့်ထန့်ကို ဖိနှိပ်လိုက်တော့သည်။

--------

အခန်း ( ၃၀၈ ) ဧကရာဇ်ငယ်နှင့် တိုက်ခိုက်ခြင်း၊ သိုင်းတာအိုကောင်းကင်မျက်လုံး၊ ခြေတစ်ဖက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်သည်။

အားလုံး တုန်လှုပ်ခြောက်ခြားကာ တကိုယ်လုံး ထုံကျင်သွားကြသည်။

ကျွင်းရှောင်ယောက်သည် ဤမျှ လွှမ်မိုးမှုရှိလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

သဘောထား ကွဲလွဲသည်နှင့် ဝမ့်ထန့်ကို တိုက်ခိုက်သည်။

ဤရုတ်တရက်လှုပ်ရှားမှုက လူတိုင်း၏မျှော်လင့်ချက်ကို ကျော်လွန်သွားချေပြီ။

ကျွင်းမိသားစု၏ နတ်ဘုရားသားတော်နှင့် ဝမ့်မိသားစုမှဧကရာဇ်ငယ်... ၎င်းတို့နှစ်ဦးစလုံးက သာလွန်ထူးကဲသော  ဇာတ်ကောင်များဖြစ်ကာ မည်သူမျှ ပြိုင်ဘက်မရှိပေ။

ထိုနှစ်ယောက်က ထိပ်တိုက်တွေ့သောအခါ အမှန်ပင် စတင်တိုက်ခိုက်ကြတော့မည် ဖြစ်သည်။

ဘုရင်က ဘုရင်ကိုမမြင်ပေဟူသော ဆိုရိုးစကားအတိုင်းပင်။

ဘုရင်နှစ်ပါးဆုံမိပါက တိုက်ခိုက်ကြရတော့မည်

ကျွင်းရှောင်ယောက်၏ လွှမ်းမိုးစွာဖြင့် တိုက်ခိုက်မှုကို မြင်လိုက်ရသောအခါ ဝမ့်ထန့်လည်း အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သူက ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ မရေမတွက်နိုင်သော နတ်ဘုရားများက လမ်းကြောင်း ဆယ်ခုကို ခွဲထုတ်လိုက်သကဲ့သို့ ချွန်ထက်သော ဓားများအဖြစ်သို့ ပြောင်းလဲသွား၏။

ကျွင်းရှောင်ယောက်ကလည်း လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ဖိနှိပ်လိုက်ရာ အနှိုင်းမဲ့နတ်ဆင်ခွန်အားက ထိုးတက်လာပြီး စကြာဝဠာရှိ လမ်းကြောင်းဆယ်ခုကို ဖြိုခွင်းနိုင်သော ရွှေရောင် ဆင်ရုပ်တုအဖြစ် ပြောင်းလဲသွားတော့သည်။

"ဝုန်း"
ဆင်နှာမောင်းက ရိုက်ချလိုက်ရာ ရွှေရောင်စွမ်းအင်လှိုင်းများ ဖြာထွက်လာပြီး နတ်ဘုရားများ၏ ဓားရှည်အားလုံးကို ဖယ်ရှားသွားခဲ့သည်။

"အိုး၊ စိတ်ဝင်စားစရာပဲ"
ဝမ့်ထန့်က ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။
"ဒါပေမဲ့ ဒီလောက်က အပျင်းပြေလောက်ပဲ ရှိမယ်"

ဝမ့်ထန့်၏ ထိုမှတ်ချက်က ကျန်းမိသားစုဝင်များကို ဒေါသထွက်သွားစေခဲ့သည်။

ကျွင်းရှောင်ယောက်၏ လက်ရှိအထောက်အထားက ကျန်းမိသားစု၏ သခင်လေးဖြစ်ရာ ဝမ့်ထန်မှ အကဲခတ်ရန် မည်သည့်အရည်အချင်းများ ရှိထားပါမည်နည်း။

သို့သော်လည်း နောက်အခိုက်အတန့်တွင် ဝမ့်ထန့်၏ မျက်လုံးများမှ သုံးပေခန့်အထိ အလင်းများ တောက်ပလာခဲ့သည်။ ယင်းက သူ့ခေါင်းထက်တွင် ကမ္ဘာကြီးတစ်ခုလုံးကို မြင်နိုင်သကဲ့သို့ မျက်လုံးကြီးအသွင် ဖြစ်သွားခဲ့၏။

"အဲဒါ... သိုင်းတာအိုကောင်းကင်မျက်လုံးပဲ"
ကျန်းမိသားစုမှ ဒေါသထွက်သွားသော လူငယ်များလည်း ဝမ့်ထန့်၏ ထိုမျက်လုံးကိုမြင်ရသောအခါ အသက်ပြင်းပြင်းရှူလိုက်မိကြသည်။

သိုင်းတာအိုကောင်းကင်မျက်လုံးသည် သိုင်းပညာများကို အလွန်နက်နဲသောအဆင့်ထိ ဆင့်ကဲပြောင်းလဲစေသည့် ကြောက်စရာကောင်းသော စွမ်းရည်တစ်မျိုး ဖြစ်သည်။

သိုင်းတာအို ကောင်းကင်မျက်လုံး ပေါ်လာသောအခါ သိုင်းပညာအားလုံး၏ အပြစ်အနာအဆာများကို မြင်နိုင်သည်ဟူသော ကောလဟာလများပင် ရှိ၏။

သိုင်းတာအို ကောင်းကင်မျက်လုံးရှေ့တွင် မည်သည့် တိုက်ခိုက်မှုမဆို အပြစ်အနာအဆာများဖြင့် ပြည့်နှက်နေပြီး ဖုံးကွယ်ထားစရာမရှိနိုင်ပေ။

"ဝုန်း"
ဝမ့်ထပ်က ခြေတစ်ချက်လှမ်းကာ ထပ်မံ လက်ညိုးညွှန်ပြီး ရွှေရောင် ဆင်ရုပ်တုကြီးအား ဖယ်ရှားပစ်လိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်နှာကတော့ အပြောင်းအလဲမရှိပါ။

ဤတိုက်ခိုက်မှုက တစ်ဖက်လူကို စမ်းသပ်ရန်အတွက် ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်သည်။

ရုတ်တရက် ကျွင်းရှောင်ယောက်၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။

ဝမ့်ထန့်၏အသေးစိတ်အချက်အလက်များကို သူသိလိုက်ချေပြီ။

ကျွင်းရှောင်ယောက်က ဝါးမျိုခြင်းဖင်းဂေါ့ကျမ်းကို လက်တစ်ဖက်တည်းဖြင့် ထုတ်ဖော်ကာ ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်း ရေဝဲကြီးဖြင့် ဝမ့်ထန့်အား ဖိနှိပ်လိုက်သည်။

"ကောင်းကင်သူတော်စင်ကျမ်း"
ဝမ့်ထန့်က လက်နှစ်ဖက်စလုံးဖြင့် လှုပ်ရှားလိုက်ရာ စွမ်းအင်များက ပိုးဖြူမိုးကြိုးလုံးများအဖြစ် လိမ့်တက်လာပြီး ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်ပုံရ၏။

ထိုစွမ်းအားကြောင့် ကျန်းရွှီလင်းကဲ့သို့ ပါရမီရှင်များပင် မျက်နှာအမူအရာ ပြောင်းလဲသွားရသည်။

ဤသည်မှာ ဧကရာဇ်ငယ်၏ စွမ်းအားဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က မတုန်မလှုပ်ဖြစ်နေဆဲပင်။

သူ၏ ဝါးမျိုခြင်းဖင်းဂေါ့ကျမ်းက ဝမ့်ထန့်၏ ကောင်းကင်သူတော်စင်ကျမ်းနှင့် တိုက်မိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်ထံမှ လက်သီးအလင်းက ကောင်းကင်တွင် လင်းလက်၏။ ထာဝရအင်အော်တယ်အရိုး တစ်ရာ့လေးဆယ်၏ ထောက်ပံ့မှုဖြင့် လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းက ထွက်ပေါ်လာတော့သည်။

ယင်းက ဝမ့်ထန့်ကိုပင် ထိတ်လန့်သွားစေခဲ့သည်။

သူ၏ သိုင်းတာအိုကောင်းကင်မျက်လုံးဖြင့်ပင် ဤလက်သီးချက်တွင် မည်သည့် အပြစ်အနာအဆာမှ မတွေ့ခဲ့ရပေ။

ကျွင်းရှောင်ယောက်၏ လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းက အပြစ်ကင်းစင်လုနီးပါး ဖြစ်သည်။

"ဝုန်း"
ကျွင်းရှောင်ယောက်၏ လက်သီးများက ဝမ့်ထန့်ကို ကမ္ဘာငယ်ခြောက်ခုကဲ့သို့ ချေမှုန်းလိုက်သည်။

ထို့နောက်မှာတော့…

"ဝုန်း"
ဝမ့်ထန့်၏ တည်ရှိမှုက တိုက်ရိုက်ပျက်စီးသွားတော့သည်။

ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

ကျန်းမိသားစု၏ ပါရမီရှင်များလည်း မျက်လုံးများ ပြူးကျယ်သွားကာ တကိုယ်လုံး ထုံကျင်သွားကြသည်။

ဝမ့်မိသားစု၏ ဂုဏ်သိက္ခာရှိသော ဧကရာဇ်ငယ် ဝမ့်ထန့်က ဤနည်းဖြင့်ပင် ရှုံးနိမ့်သွားသလော။

ဤအရာက လူတိုင်းကို မတုံ့ပြန်နိုင် ဖြစ်စေသည်။

"မင်း..."
ဝမ့်အဓိပဓိနှင့် အခြားသူများလည်း အံ့အားသင့်သွားခဲ့ကြသည်။

ဤအချိန်တွင် ဖျက်ဆီးခြင်းခံရတော့မည့် ဝမ့်ထန့်က စကားဟလာသည်။
"သိပ်ကောင်းတယ်၊ မင်းက ငါ့ဝိညာဉ်ခန္ဓာကို ဖျက်ဆီးရဲတဲ့ ပထမဆုံးလူပဲ"

"ဘာ"
ထိုစကားကိုကြားသောအခါ ကျန်းမိသားစုဝင်အားလုံး အလွန် အံ့ဩသွား၏။

ဤမျှအစွမ်းထက်သော ဝမ့်ထန့်က အမှန်ပင် ဝိညာဉ်ခန္ဓာကိုယ်ပဲလား။

ဟုတ်သည်၊ အလွန် အံ့ဩနေသူများက ကျန်းမိသားစု၏ မျိုးဆက်သစ်များပင် ဖြစ်သည်။

မျိုးနွယ်စု အကြီးအကဲများနှင့် တခြားသူများကတော့ ဤအရာမျိုးကို မြင်ဖူးကြ၍ မျက်နှာအမူအရာ မပြောင်းလဲပေ။  

သို့ရာတွင် ကျန်းမိသားစုဝင်အချို့က အံ့သြသွားကြ၏။

ဝမ့်ထန့်၏ ဝိညာဉ်ခန္ဓာတစ်ခုကပင် ဤမျှ အစွမ်းထက်နေပါက... အစစ်အမှန် လူရောက်လာလျှင် မည်မျှ အစွမ်းထက်သင့်သနည်း။

"မင်းမျက်နှာကို ရွှေသွင်းမနေနဲ့၊ မင်းရဲ့ တကယ့်ကိုယ်ခန္ဓာရှိရင်တောင် ဒီသခင်လေးရဲ့ရှေ့မှာ ဝိညာဉ်ခန္ဓာနဲ့ မခြားဘူး"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူက အတုမဲ့သော တာအိုနှလုံးသားကို ပိုင်ဆိုင်ထားပြီးပြီဖြစ်ရာ မည်သည့်ပြိုင်ဘက်နှင့် စိန်ခေါ်မှုများကိုမျှ မကြောက်ပေ။

ကျွင်းရှောင်ယောက်က ခြေတစ်ချက်လှမ်းပြီး ကြီးစိုးသော ကိုယ်ဟန်အနေအထားဖြင့် ဝမ့်ထန့်၏ ဝိညာဉ်ခန္ဓာကို တိုက်ရိုက်နင်းချေပစ်လိုက်သည်။

"ကျွင်းရှောင်ယောက်၊ ဒီဧကရာဇ်ငယ်က ရှန်းကုကမ္ဘာမှာ မင်းကို ပြန်ပြီး အနိုင်ယူမယ်"
ထိုစကားများကို ပြောပြီးချိန်မှာတော့ ဝမ့်ထန့်၏ ဝိညာဥ်ခန္ဓာဟာ အဆုံးမဲ့အလင်းအစက်အပြောက်များအဖြစ် ကွဲအက် ပျောက်ကွယ်သွားတော့သည်။

"လေကတော့ တကယ်မြင့်တာပဲ၊ မင်းငါ့ကို နည်းနည်းပိုပြီး စိတ်ဝင်စားစေနိုင်မယ်လို့ ငါမျှော်လင့်တယ်"
ကျွင်းရှောင်ယောက်က ထူးခြားမှုမရှိဟန်ဖြင့် ပြောလိုက်သည်။

သူ့ကို ထိုသို့ လေကြီးမိုးကြီးဖြင့် ပြောဆိုခဲ့ကြသူမနည်းပေ။  

သို့ရာတွင် နောက်ဆုံးရလဒ်များက...  သနားစရာကောင်းပုံရသည်။

ကျွင်းရှောင်ယောက်က ဝမ့်ထန့်၏ ဝိညာဉ်ခန္ဓာကို အလွယ်တကူ အနိုင်ယူသည်အား မြင်ရသောအခါ ဝမ့်အဓိပဓိ၏မျက်နှာက သုန်မှုန်သွားခဲ့သည်။

နောက်ဆုံးတွင် ဝမ့်ထန့်၏ ဝိညာဉ်ရေးခန္ဓာက တော်ရုံပါရမီရှင်များ ယှဉ်နိုင်သောအရာ မဟုတ်ပါ။

သို့ရာတွင်... ရလဒ်အနေဖြင့် နှစ်ကွက်၊ သုံးကွက် လှုပ်ရှားပြီးနောက် တိုက်ရိုက် ပြိုကျသွားခဲ့ရသည်။

ဝမ့်အဓိပဓိတစ်ပိုင်းက ကျွင်းရှောင်ယောက်ကို လက်မခံလိုလျှင်ပင် မတတ်နိုင်ပေ။

ကျွင်းရှောင်ယောက်က ဝမ့်မိသားစု၏ ဧကရာဇ်ငယ်နှင့် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီကြောင်း ဝန်ခံရမည် ဖြစ်သည်။

"မင်းရဲ့ ကျန်းမိသားစုက ငါ့ ဝမ့်မိသားစုရဲ့ ကြင်နာမှုကို ငြင်းပယ်လိုက်ပုံရတယ်"
ဝမ့်အဓိပဓိက အေးစက်စက်ဖြင့် ပြောလိုက်သည်။
 
"မင်းဘယ်ကလာတာလဲ၊ မင်းဘယ်ကိုပြန်မှာလဲ၊ ဒါက ငါတို့နဲ့ ဘာဆိုင်လဲ"
ကျွင်းရှောင်ယောက်၏ သဘောထားက တင်းမာလာသည်။

"သိပ်ကောင်းတယ်၊ အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်က ဒီတစ်ပင်ပဲ ရှိတာနော်။ ဒုတိယတစ်ခုကို အချိန်တိုအတွင်း ရှာချင်တယ်ဆိုရင်တော့ ဒါက စိတ်ကူးယဉ်နေတာပဲ၊ ကျန်းမိသားစုရဲ့ အဓိပဓိတစ်ဦး ကျဆုံးတော့မဲ့သတင်းတွေ ကြားရတော့မယ် ထင်တယ်"
ဝမ့်အဓိပဓိတစ်ပိုင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဟမ့်"
ထိုအချိန်တွင် ကျန်းတောက်ရွှီက အရှေ့ထွက်လာကာ ကြောက်မက်ဖွယ် ဖိအားများလည်း ဖြစ်လာခဲ့၏။

"ဝုန်း"
ဝမ့်မိသားစု၏ အဓိပဓိတစ်ပိုင်းလည်း ခြေဆယ်လှမ်းကျော် နောက်ပြန်ဆုတ်သွားရကာ နှုတ်ခမ်းမှ သွေးများ စီးကျလာတော့သည်။

သူ့မျက်နှာက ဖြူဖျော့ပြီး ကျန်းတောက်ရွှီကို ကြောက်စိတ်ဖြင့် ကြည့်လိုက်သည်။

ကျန်းတောက်ရွှီက သေဆုံးတော့မည်ဖြစ်သော်လည်း ထိုအင်အားက သူရန်စနိုင်သောအရာ မဟုတ်ပေ။

ဝမ့်အဓိပဓိတစ်ပိုင်းလည်း တိတ်ဆိတ်သွားကာ ဘာမျှ ထပ်မပြောတော့ပေ။ ထပ်ပြောပါက ကျန်းတောက်ရွှီ၏ သတ်ဖြတ်ခြင်းကို ခံရမည်အား ကြောက်မိသည်။

ထိုအခါ အရာအားလုံးကို ဆုံးရှုံးသွားရမည်မို့ လုံးဝ မတန်ပေ။

ထို့ကြောင့် နောက်ပြန်လှည့်ကာ အခြား ဝမ့်မိသားစုဝင်များနှင့်အတူ ကမန်းကတန်း ထွက်ခွာသွားတော့သည်။

ဝမ့်မိသားစုမှ ထွက်ခွာသွားသောအခါ တင်းမာသောအငွေ့အသက်များလည်း တစ်ဖန် ပြေလျော့သွားခဲ့သည်။

သို့သော်လည်း ကျန်းမိသားစုမှ အကြီးအကဲအချို့၏ မျက်နှာများကတော့ အလွန် လေးနက်နေဆဲပင်။

အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်က ကျန်းတောက်ရွှီ၏အသက်ကို အမှန်တကယ် ကယ်တင်နိုင်ခဲ့မည်ဖြစ်သည်။

ကျွင်းရှောင်ယောက်က ရုတ်တရက် ကျန်းတောက်ရွှီဘက်လှည့်ကာ လေးလေးနက်နက် ဦးညွတ်ပြီး ပြောလိုက်သည်။
"ကျွန်တော် စိတ်မကောင်းပါဘူး အဘိုး၊ ဒါတွေအားလုံးက မြေးရဲ့ မဆင်မခြင် ပြုမူမှုကြောင့်ပါ။ ဒါက ကျန်းမိသားစုနဲ့ ဝမ့်မိသားစုကြားမှာ အဖုအထစ်ဖြစ်စေတဲ့အပြင် အဘိုးအတွက် အံ့ဖွယ်ကိုးပါး အင်မော်တယ်မြက်ကိုလည်း ဆုံးရှုံးစေခဲ့တယ်"
 
"မဟုတ်ဘူး... မဟုတ်ပါဘူး၊ ဒါတွေအားလုံးက စန်းယီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး ရှောင်ယောက်နဲ့ ဘာမှမဆိုင်ပါဘူး"

ကျွင်းရှောင်ယောက်က ကိုယ်တိုင် တာဝန်ယူနေခြင်းအား မြင်ရသောအခါ… ကျန်းစန်းယီက ကျွင်းရှောင်ယောက်ဘေးတွင် ဝင်ရပ်ကာ တာဝန်ယူပေးရန် ကြိုးစားလိုက်သည်။

"အမစန်းယီ၊ မင်း..."
ကျွင်းရှောင်ယောက်လည်း ခဏတာ ဘာပြောရမည်မှန်း မသိတော့ပေ။

"မပြောနဲ့တော့ ရှောင်ယောက်၊ မင်းက ငါ့အတွက်ပဲ လုပ်ခဲ့တာ၊ ဒါကြောင့် မင်းက ဒီတာဝန်ကိုယူမှာ ငါ ခွင့်မပြုနိုင်ဘူး"
ကျန်းစန်းယီက အခိုင်အမာပြောလိုက်သည်။

လှပသော သူ့မျက်လုံးများတွင်လည်း ငဲ့ညှာမှုအရိပ်အမြွက်များ ဖြစ်ပေါ်လာကာ ကျွင်းရှောင်ယောက်အား ကြည့်လိုက်၏။

ဤနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အကာအကွယ်ပေးနေသည်အား မြင်လိုက်ရသောအခါ ကျန်းမိသားစုဝင်များလည်း အနည်းငယ် ထူးဆန်းသွားတော့သည်။

ဒီနှစ်ယောက်မှာ ဇာတ်လမ်းလေးတွေ ရှိနေတယ်။

--------

အခန်း ( ၃၀၉ ) လက်မှတ်ထိုးဝင်ရန် နေရာအသစ်၊ ရှေးဟောင်းသင်္ချိုင်းမြေသို့ သွားကိုသွားရမည်။

ပိုင်းခြားသိမြင်မှုရှိသူတိုင်း ကျွင်းရှောင်ယောက်အပေါ် ကျန်းစန်းယီ၏ သဘောထားသည် အနည်းငယ်ထူးခြားနေကြောင်း ခံစားရနိုင်သည်။

ဟုတ်ပေသည်၊ ဤကိစ္စက တကယ် ဟုတ်မဟုတ်ကိုတော့ မည်သူမျှ ဂရုမစိုက်ပါ။

ကျန်းရို့က ကျန်းစန်းယီကိုကြည့်ကာ တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ သံသယအချို့ကလည်း သူမ၏ လှပသော မျက်လုံးများလှစ်ဟလာသည်။

'အမစန်းယီနဲ့ အစ်ကိုရှောင်ယောက်က တကယ်ပဲလား'
ကျန်းလော့လီ၏ မျက်လုံးဝိုင်းဝိုင်းလေးမှာလည်း သံသယများ ပို၍ ကြီးမားလာသည်။

ဤအကြောင်းကို သူမ ပိုတွေးလေလေ တစ်ခုခုဖြစ်နေသကဲ့သို့ ခံစားရလေပင်။

မိသားစုဝင်အချို့၏ မျက်လုံးများနှင့် အပြုံးများကို မြင်ရသောအခါမှ ကျန်းစန်းယီဟာ ရှက်ရွံ့လာမိသည်။

ထိုအခါ ဖွေးနုသော နားရွက်လေးများပင် နီတွတ်လာတော့သည်။

ကကျန်းစန်းယီသည် မူလတာအိုသန္ဓေရှိ၍ လှပသည့်တိုင် အလွန်တည်ငြိမ်မှုရှိသည်။

သူမအနေဖြင့် ဤသို့ ရှက်ရွံ့မှုမျိုးကို တစ်ခါမှ မပြသဖူးပေ။

ကျန်းမိသားစုမှ လူငယ်အချို့ကလည်း အားကျစွာဖြင့် ဤမြင်ကွင်းကို ကြည့်နေခဲ့ကြသည်။

ကျန်းတောက်ရွှီကတော့ သူတို့နှစ်ယောက်ကိုကြည့်ကာ အနည်းငယ် သက်ပြင်းချလိုက်လေသည်။
"ရှောင်ယောက်၊ မင်းအမြင်မှာ ဒီအဘိုးက တစ်ကိုယ်ကောင်းဆန်တဲ့လူလား"

"အဲဒီလိုလည်း မဟုတ်ပါဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ရှောင်ယောက်၊ မင်းဘာပဲလုပ်လုပ် မင်းအဖိုးက မင်းကို ထောက်ပံ့လိမ့်မယ်။ ဝမ့်မိသားစုက မင်းကို အဘိုးကြီးရဲ့အသက်နဲ့ အနိုင်ယူချင်နေရင်... အဲဒါကို တွေးတောင်မတွေးနဲ့!"
ကျန်းတောက်ရွှီ၏ လေသံက တင်းမာ ပြတ်သားသည်။

သူ့အတွက် ကျွင်းရှောင်ယောက်ကို ဝမ့်မိသားစု၏ အရှက်ခွဲခံရခြင်းထက် အသေသာ ခံသွားလိုက်ပေမည်။

"ဟုတ်ပါတယ် သခင်လေး၊ မင်းဘာအမှားမှမလုပ်ပါဘူး၊ ငါတို့အားလုံး မင်းကိုထောက်ခံတယ်!"

"မြောက်ပိုင်းက ဝမ့်မိသားစုဆိုရင်တောင် ဘာဖြစ်လဲ။ ငါတို့ ကျန်းမိသားစုက လုံးဝမကြောက်ဘူး"
ပတ်ဝန်းကျင်တွင် ကျန်းမိသားစုဝင်များက ကျွင်းရှောင်ယောက်ကို ထောက်ခံကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။

ကျွင်းရှောင်ယောက်ကဲ့သို့ တည်ငြိမ်သောသူပင် ဤမြင်ကွင်းကြောင့် ရင်ထဲမှာ ခံစားသွားရသည်။
 
ဤသည်က ကျန်းမိသားစုကို ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သော်လည်း အားလုံးက သူ့ကို ထောက်ခံကာ ယုံကြည်ပေးကြ၏။

မဟုတ်လျှင် သူ့မိခင်မျိုးရိုးတွင် မည်သို့နေထိုင်နိုင်မည်နည်း။
 
သူက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
"အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်ကိုရှာတွေ့ဖို့ တကယ်မဖြစ်နိုင်ဘူးလား"
 
ကျွင်းရှောင်ယောက် အနေဖြင့် ကျန်းတောက်ရွှီ၏အသက်ကို ကယ်တင်ရနိုင်လျှင် ကယ်လိုသည်။

အဆုံးတွင် အကြောင်းရာများက နည်းလမ်းမရှိတော့ပါ။

ကျွင်းမိသားစု၏ စွမ်းအားကို စုစည်းထားရလျှင်ပင် ဝမ့်မိသားစုထံမှ အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်ကို ရယူကြရပေလိမ့်မည်။

ဟုတ်သည်၊ ယင်းက အစွန်းရောက် ချဉ်းကပ်မှုတစ်ခုပင်။

နောက်ဆုံးအချိန် မရောက်ခင်အထိတော့ ကျွင်းရှောင်ယောက်က ထိုသို့လုပ်မည် မဟုတ်ပါ။

ထို့ပြင် ကျန်းတောက်ရွှီက သူ့အတွက် ကျွင်းမိသားစုမှ ဝမ့်မိသားစုကို ရင်ဆိုင်မည်အား သဘောတူမည် မဟုတ်လောက်ပေ။

နောက်ဆုံးတွင် ကျွင်းမိသားစုက ရန်သူများစွာ ရရှိနေခဲ့ပြီ ဖြစ်သည်။

မြောက်ပိုင်း ဝမ့်မိသားစုပင် ထပ်ပါလာလျှင် ဖိအားများလည်း ပိုကြီးလာလိမ့်မည်။

ထိုအချိန်တွင် ဟွာယွမ်ရှို့၏ မျက်လုံးများက အရောင်လက်သွားပြီး ရုတ်တရက် ပြောလိုက်သည်။
"အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်က  ရှေးဟောင်းသင်္ချိုင်းမြေကနေ ထွက်လာတာလို့ ငါကြားဖူးတယ်"

"ဝမ့်မိသားစုက အခွင့်အရေးတစ်ခုကြောင့် ရှေးဟောင်းသင်္ချိုင်းမြေကနေ အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်ကို ရခဲ့တာဖြစ်မယ်"

ဟွာယွမ်ရှို့၏ စကားကြောင့် ကျန်းမိသားစုဝင်အချို့ မျက်လုံး အရောင်လက်သွားသည်။

ထာဝရသင်္ချိုင်းမြေက အလွန်အန္တရာယ်များသော တားမြစ်နယ်မြေတစ်ခု ဖြစ်ချေသည်။

လူအများစုကတော့ အမှောင်ထဲတွင် ကံဆိုးမည်ကို စိုးရိမ်သောကြောင့် ၎င်းကို မပြောဝံ့ကြပေ။

"ဟင်"
ကျွင်းရှောင်ယောက်က ဟွာယွမ်ရှို့ကို တစ်ချက်ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်က ၎င်းကို ခွေးတစ်ကောင်လို ရိုက်ခဲ့သောကြောင့် သူ့ကို အလွန်မုန်းတီးသင့်ပေသည်။

ထို့ကြောင့်ပင် ယခု သတင်းပေးလာခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ကျန်းမိသားစုမှ အကြီးအကဲများအား သက်သေပြရန် တောင်းဆိုနေဆဲပင်။

"ဒါအမှန်ပါပဲ။ ရှေးဟောင်းသင်္ချိုင်းမြေမှာ အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်ရှိတယ်ဆိုတဲ့ သတင်းတွေ ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ တကယ်ဟုတ်မဟုတ်ကတော့ မသေချာဘူး"
ကျန်းမိသားစုဝင် အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

ဤအချက်နှင့်ပတ်သက်၍ ဟွာယွမ်ရှို့သည် အမှန်တကယ် မလိမ်ညာခဲ့ပေ။

"ဒါဆို ခင်ဗျားတို့ ရှေးဟောင်း သင်္ချိုင်းမြေမှာရှာဖို့ ဘာလို့ မသွားတာလဲ"
ကျွင်းရှောင်ယောက် အံ့ဩသွားသည်။

အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်သတင်းကို ကျန်းမိသားစုက ရထားခဲ့လျှင် အကောင်းဆုံး ရယူနိုင်ရန် ကြိုးစားင့်သည် မဟုတ်ပါလော။

သို့သော်လည်း ကျန်းမိသားစုသည် ရှေးဟောင်းသင်္ချိုင်းမြေသို့ မည်သူ့ကိုမျှ မစေလွှတ်ခဲ့ပေ။

"သခင်လေး မသိဘူးနော်၊ ထာဝရသင်္ချိုင်းမြေက ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရဲ့ တာအိုစီရင်စုသုံးထောင်မှာ မပါဝင်တဲ့ တားမြစ်နေရာတစ်ခုပဲ။ အဲဒီမှာ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အရာအမျိုးမျိုးရှိပြီးတော့ ရေက အရမ်းရှိုင်းတယ်"
ကျန်းမိသားစုဝင် အကြီးအကဲတစ်ဦးက အကူအညီမဲ့စွာ ပြောလိုက်သည်။

ယင်းကိုတော့ ကျွင်းရှောင်ယောက်လည်း နားလည်သည်။

ထာဝရသင်္ချိုင်းမြေသည် ယခင်က သူကြားဖူးခဲ့သော အင်မော်တယ်နယ်မြေကြီး၏ အံဖွယ်ခုနစ်ပါးနှင့် ဆင်တူသည့်ပုံပင်။

၎င်းတို့အားလုံးသည် ကြီးမားသော အကြောင်းနှင့် အကျိုး၊ ထူးဆန်းမှု၊ ကြောက်မက်ဖွယ်ရာ တစ်မျိုးမျိုးကို ကိုယ်စားပြုထားသည်။

ထို့ကြောင့် ၎င်းတို့သည် သာမာန်လူများ ပါဝင်နိုင်သည့် တည်ရှိမှုမျိုး မဟုတ်တာတော့ အသိသာကြီးပင်။

ကျန်းမိသားစုမှ အကြီးအကဲတစ်ဦးကလည်း ကျွင်းရှောင်ယောက်ကို  ဆက်လက်ရှင်းပြခဲ့လေသည်။

ကျင့်ကြံခြင်း အဆင့်မြင့်သော ကျွမ်းကျင်သူတစ်ဦးက ထာဝရသင်္ချိုင်းမြေသို့ ဝင်ရောက်လာလျှင် သင်္ချိုင်းမြေရှိ ကြောက်စရာကောင်းသော သတ္တဝါများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားနိုင်သည်။ ၎င်းမှာ ညအမှောင်ထုအတွင်းမှ တောက်ပသော အလင်းရောင်ကဲ့သို့ သိသာထင်ရှား၍ ဝင်ရောက်နိုင်ရန် ခက်ခဲလွန်းလှသည်။

အားနည်းသူများအတွက်မူ ၎င်းတို့က ထာဝရသင်္ချိုင်းမြေသို့ ချဉ်းကပ်နိုင်သော်လည်း ရှင်သန်ရန် ခွန်အားမရှိသောကြောင့် နက်နဲစွာ ထိုးဖောက်ရန် ခက်ခဲလွန်း၏။

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ အင်မော်တယ်နယ်မြေကြီးမှ ထာဝရသင်္ချိုင်းမြေသို့ သွားဝံ့သောသူ သိပ်မရှိတော့ပေ။

ထို့ပြင် ထာဝရသင်္ချိုင်းမြေတွင် ထူးဆန်းသော ဒဏ္ဍာရီများနှင့် လျှို့ဝှက်ဆန်းကြယ်စွာ မြှုပ်နှံထားသော သတ္တဝါများစွာလည်း ရှိသည်။

ထို့ကြောင့်ပင် ထိုနေရာက သာမန်လူများ ဝင်ရောက်ခြင်းအတွက် တားမြစ်ထားသော နေရာတစ်ခု ဖြစ်လာခဲ့ပေသည်။

ကျွင်းရှောင်ယောက်လည်း ယခုအခါ ကျန်းမိသားစုက ထာဝရသင်္ချိုင်းမြေသို့ ဘာကြောင့် မသွားရခြင်းကို နားလည်လာခဲ့ပြီ ဖြစ်သည်။

"နယ်ပယ်မြင့်တဲ့ ကျင့်ကြံသူတွေက နက်နက်နဲနဲဝင်ဖို့ ခက်တယ်ဆိုရင်... နယ်ပယ်နိမ့်တဲ့သူတွေလည်း ဝင်ဖို့ ခက်တယ်ပေါ့၊ ဒီလိုဆိုရင် ကျွန်တော်သွားပါရစေ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

စကားဆုံးသည်နှင့် စနစ်၏အသံက သူ့စိတ်ထဲတွင် ပေါ်လာသည်။

"ဒင်၊ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ လက်မှတ်ထိုးဝင်မယ့်နေရာကို အသစ်ပြန်စလိုက်ပါပြီ၊ ထာဝရသင်္ချိုင်းမြေမှာ ကျေးဇူးပြုပြီး လက်မှတ်ထိုးဝင်ပါ"

စနစ်မှ အချက်ပြသံကို ကြားလိုက်ရပြီးနောက် ကျွင်းရှောင်ယောက်၏ ထာဝရသင်္ချိုင်းမြေကို သွားလို‌စိတ်ဟာ ပို၍ ခိုင်မာသွားသည်။

သို့သော် ထိုစကားကိုကြားသောအခါ အားလုံးက အမူအရာ ပြောင်းသွားကြ၏။

အထူးသဖြင့် ကျန်းတောက်ရွှီ၊ ကျန်းရို့၊ ကျန်းစန်းယီ၊ ကျန်းလော့လီနှင့်  အခြားသူများ မျက်နှာအရောင် ပြောင်းသွားကြတော့သည်။

"ရှောင်ယောက်၊ ဒီလောက် အန္တရာယ်ရှိတဲ့နေရာကို သွားလို့မရဘူး"
ကျန်းရို့က တိုက်ရိုက်ပြောလိုက်သည်။

"ရှောင်ယောက်၊ ထာဝရသင်္ချိုင်းမြေက အန္တရာယ်များလွန်းပါတယ်"
ကျန်းစန်းယီကလည်း ပြောလိုက်၏။

"အစ်ကိုရှောင်ယောက်၊ နင်အဲဒီနေရာကို မသွားနိုင်ဘူး၊ ဒါက ကြောက်စရာကောင်းလွန်းတယ်"
ကျန်းလော့လီကလည်း တားဆီးလိုက်လေသည်။

ကျန်းတောက်ရွှီပင် ပြောလိုက်သည်။
"ရှောင်ယောက်၊ မင်းရဲ့နှလုံးသားက မြင့်မြတ်လွန်းပေမဲ့ အဲဒီနေရာဟာ  အန္တရာယ်များလွန်းတယ်၊ နောက်ပြီး အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်က ရှိ၊ မရှိတောင် မသေချာတာကြောင့် သွားစရာ မလိုဘူး"

အခြားတစ်ဖက်တွင် ဟွာယွမ်ရှို့၏ မျက်လုံးများက အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာသည်။

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက သူလိုချင်သည့်အတိုင်း အတိအကျပင်။

ထာဝရသင်္ချိုင်းမြေတွင် ကျွင်းရှောင်ယောက် သေဆုံးသွားခဲ့ပါက၊ သူ့အတွက် ပိုကောင်းမည်မှာ သေချာသည်။

"အဘိုး၊ ခင်ဗျား ကျွန်တော်ကိုမယုံသေးဘူးလား၊ ဒါက ကျွန်တော်အတွက် ဘာခက်ခဲမှာဘဲ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ရှောင်ယောက်၊ အနာဂတ်မှာ မင်း ကြီးပြင်းလာမယ်မှ ထာဝရသင်္ချိုင်းမြေကို သွားမယ်ဆိုရင် ငါမတားပါဘူး၊ ဒါပေမဲ့ အခုသွားဖို့က စောလွန်းနေသေးတယ်"
ကျန်းတောက်ရွှီက ခေါင်းခါယမ်းလိုက်သည်။

လက်ရှိ ကျွင်းရှောင်ယောက်သည် ကျွင်းမိသားစုနှင့် ကျန်းမိသားစုဟူသော ရှေးဟောင်းမင်းမျိုးနွယ် မိသားစုနှစ်ခု၏ သခင်လေး ဖြစ်သည်။

သူသည်သာ ထာ၀ရသင်္ချိုင်းမြေ၌ ကျဆုံးသွားခဲ့ပါက…

ထိုကဲ့သို့သော အကျိုးဆက်သည် ရှေးဟောင်းမိသားစုကြီးနှစ်ခု၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေလိမ့်မည်။

ကျန်းတောက်ရွှီအနေဖြင့် ကျွင်းရှောင်ယောက်၏ အသက်ဖြင့် သူ့ဘဝကို မရှင်သန်လိုပါ။

"အဘိုး၊ မြေး ဆုံးဖြတ်ထားပြီးပြီ၊ အမေလည်း မတားပါနဲ့တော့။ ထာဝရသင်္ချိုင်းမြေကို ကျွန်တော် ကျွင်းရှောင်ယောက် သေချာပေါက် သွားမယ်"
ကျွင်းရှောင်ယောက်၏ လေသံက တည်ကြည်ပြီး ကန့်ကွက်ခွင့် မပြုပေ။

ထာဝရသင်္ချိုင်းမြေဆိုလျှင်ပင် ဘာများ ဖြစ်သေးသနည်း၊ သူ ကျွင်းရှောင်ယောက်က‌ ရောက်အောင်၍ သွားမည်။

--------

အခန်း ( ၃၁၀ ) ကျွင်းရှောင်ယောက် မတော်တဆမှုဖြစ်သွားခဲ့ရင် ရှေးဟောင်းမိသားစုကြီးနှစ်ခုက မရပ်တန့်ဘူး။

ကျွင်းရှောင်ယောက်သည် မွေးဖွားပြီးကတည်းက သူ၏မျိုးဆက်တွင် ပြိုင်ဘက်ကင်းသော တာအိုနှင့် ကြီးမြင့်သော စိတ်ဓာတ်ကို ဖော်ထုတ်ခဲ့သည်။

သူ့အတွက်တော့ ကမ္ဘာကြီးက ကြီးလွန်းလျှင်ပင် ဘာကြောင့် မသွားရပါမည်နည်း။
 
လူတို့အတွက် ခေတ်အဆက်ဆက်မှ တားမြစ်နယ်မြေဖြစ်လျှင်ပင် ကျွင်းရှောင်ယောက်က လုံးဝမကြောက်ပေ။

ယင်းက မဆင်မခြင် ပြုမူခြင်း မဟုတ်ဘဲ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိ၍ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အရှိန်အဝါက အခြားသူများကိုလည်း ကူးစက်ခဲ့လေသည်။

ဤသည်မှာ သူတို့ ကျန်းမိသားစု၏ သခင်လေးဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ပြတ်သားသည့် သဘောထားကို မြင်သောအခါ ကျန်းရို့နှင့် အခြားသူများလည်း ဘာပြန်ပြောရမှန်း မသိတော့ပေ။

ကျန်းတောက်ရွှီ၏ အိုမင်းသော မျက်နှာထက်မှာပင် ခံစားသွားရဟန်ဖြင့် အရိပ်အမြွက်တို့ လှစ်ဟလာသည်။

ဤမြေးမျိုးကို ရထားသောကြောင့် သူသေလျှင်ပင် နောင်တရစရာ မရှိတော့ပါချေ။

ကျွင်းရှောင်ယောက်၏ သဘောထားက အလွန်ခိုင်မာသည်ကို တွေ့လိုက်ရသဖြင့် ကျန်းတောက်ရွှီ မတားလိုတော့ပေ။

အကြောင်းမှာ အတင်းအကြပ်တားခြင်းက ကျွင်းရှောင်ယောက်၏ ယုံကြည်မှုကို ထိခိုက်စေနိုင်သည်။

"ကောင်းပြီ ရှောင်ယောက်၊ မင်းရဲ့ သဘောထားက သိပ်ပြီး ခိုင်မာတဲ့အတွက် မတားတော့ဘူး။ တကယ်လို့ ထာဝရသင်္ချိုင်းမြေမှာ တကယ်ပဲ မတော်တဆဖြစ်ရင်..."

ကျန်းတောက်ရွှီက ခေတ္တရပ်ပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဒီအဘိုးက ထာဝရသင်္ချိုင်းမြေကို မြေလှန်ပစ်ဖို့ အကောင်းဆုံး ကြိုးစားမယ်"

"ဟုတ်တယ်၊ သခင်လေးသာ ထာတရသင်္ချိုင်းမြေမှာ အန္တရာယ်ရှိနေရင် ငါတို့ ကျန်းမိသားစုက ဘယ်တော့မှ မရပ်ဘူး"
ကျန် ကျန်းမိသားစုမှ အကြီးအကဲများကလည်း အေးစက်စက်ဖြင့် ပြောလိုက်သည်။

ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရှိ ရှေးဟောင်းမိသားစု၏ ဒေါသက လူတိုင်းသည်းခံနိုင်သောအရာ မဟုတ်ပေ။

ခေတ်အဆက်ဆက် တည်ငြိမ်ခဲ့သည့် ထာဝရသင်္ချိုင်းမြေသည်ပင် အရေခွံဆုပ်ခံရမည် ဖြစ်သည်။
 
"ဟုတယ် ရှောင်ယောက်၊ ကျွင်းမိသားစုက မင်းကို အန္တရာယ်ထဲမှာ ဘယ်တော့မှ ထားရှိမှာ မဟုတ်ဘူး"
ကျန်းရို့ကလည်း ပြောလိုက်သည်။

ကျွင်းရှောင်ယောက်သာ ထာဝရသင်္ချိုင်းမြေ၌ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါက…

ကျွင်းမိသားစုနှင့် ကျန်းမိသားစုတို့သည် ထိုင်ကြည့်နေကြမည် မဟုတ်ပေ။

ရှေးဟောင်းမိသားစုကြီးနှစ်စုက ရှေးဟောင်းသင်္ချိုင်းမြေကို တိုက်ခိုက်ရန် ပူးပေါင်းလိုက်လျှင် စွမ်းအားမည်မျှကြီးမားလာမည်နည်း။

ဤအခါ ထာဝရသင်္ချိုင်းမြေသည်ပင် သည်းမခံနိုင်တော့ဘဲ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ရမည်ဟု ခန့်မှန်းရနိုင်သည်။

'ဒီပုံစံအရ ငါ ပိုပြီးသက်တောင့်သက်သာ ခံစားလိုက်ရပြီ'
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

အကယ်၍ သူသာ ထာဝရသင်္ချိုင်းမြေတွင် ပိတ်မိနေပါက ကျွင်းမိသားစုနှင့် ကျန်းမိသားစုတို့က ဘယ်တော့မှ ထိုင်ပြီး စောင့်ကြည့်နေမည်မဟုတ်ကြောင်းကိုလည်း သူသိသည်။

ကျွင်းမိသားစုသည် ထာဝရသင်္ချိုင်းမြေနှင့်ပတ်သက်၍ အနည်းငယ်ထူးဆန်းသော်လည်း ၎င်းမှာ ထာဝရသင်္ချိုင်းမြေကိုကြောက်သည်ဟု မဆိုလိုပေ။

တကယ်ဖြစ်လာခဲ့လျှင် ကျွင်းမိသားစုက အားလုံးကို ဆန့်ကျင်သွားနိုင်သည်။
 
"ရှောင်ယောက်၊ ဒီကိစ္စက ငါ့ကြောင့်ပဲ၊ ငါ မင်းနဲ့လိုက်ခဲ့မယ်"
ကျန်းစန်းယီက ပြတ်သားသောလေသံဖြင့် ထရပ်လိုက်သည်။

"ဟုတ်တယ် အစ်ကိုရှောင်ယောက်၊ ငါလည်း လိုက်မယ်"
ကျန်းလော့လီကလည်း ရပ်တည်လိုက်၏။

"မလိုပါဘူး၊ ငါတစ်ယောက်တည်း လုပ်နိုင်တယ်၊ နောက်တစ်ယောက်ပါရင် ပိုအန္တရာယ်များတယ်"
ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သဘာဝအားဖြင့် ကျန်းစန်းယီနှင့် ကျန်းလော့လီကို အန္တရာယ်မဖြစ်စေလိုပေ။
 
"ရပါတယ်၊ ရှောင်ယောက် လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်"
ကျန်းရို့က ဝင်ပြောလိုက်သည်။

သူမက ကျွင်းရှောင်ယောက်အတွက် အနည်းငယ် စိတ်ပူနေမိလျှင်ပင်…

အမေတစ်ယောက်အနေဖြင့် သူ့သား၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အပြည့်အဝထောက်ခံရမည်။

ဤသို့ဖြင့် အခြေအနေများကို ဖြေရှင်းပြီးသွားသည်။ ကျွင်းရှောင်ယောက်က ကျန်းမိသားစုတွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ပြီးနောက် ထာဝရသင်္ချိုင်းမြေသို့ သွားပေမည်။

"သခင်လေးက တကယ်ကို စိတ်သဘောထား ကြီးမြတ်သူပါပဲ"
ကျန်းချူဟန်လည်း သက်ပြင်းချကာ ရေရွတ်လိုက်မိသည်။

"အိုး၊ ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် သူရဲကောင်းတွေဆိုတာ ရှေးခေတ်ကတည်းက အသက်ရှည်ရှည် မနေရတတ်ဘူး"
ဟွာယွမ်ရှို့က မဲ့ပြုံး တစ်ချက်ပြုံးလိုက်သည်။

"နင် သခင်လေးကို ကျိန်ဆဲနေတာလား"
ကျန်းချူဟန် မျက်မှောင်ကြုတ်လိုက်၏။

ဟွာယွမ်ရှို့က သတ္တိမရှိဘဲ ကျွင်းရှောင်ယောက်နှင့် မယှဉ်နိုင်ဘူးလို့လည်း သူမ ပိုပိုပြီး ခံစားလာရသည်။

"မဟုတ်ပါဘူး၊ သူ ဘေးကင်းစွာ ထွက်သွားနိုင်မယ်လို့လည်း ငါ မျှော်လင့်ပါတယ်"
ဟွာယွမ်ရှို့သည် လေးစားနေသော မျက်လုံးများဖြင့် ပြောလိုက်၏။

သို့သော်လည်း တကယ် စိတ်ထဲမှာတော့ ကျွင်းရှောင်ယောက် ပြန်မလာလေ၊ ပိုကောင်းလေဟုပင် တွေးနေမိတော့သည်။

ဤကိစ္စကို အတည်ပြုပြီးနောက် ကျန်းတောက်ရွှီဟာ အမိန့်ထုတ်ပြန်ခဲ့သည်။

ကျွင်းရှောင်ယောက် လိုအပ်သည့် မည်သည့်အရင်းအမြစ်မဆို ကျန်းမိသားစုမှ ခြွင်းချက်မရှိ ပံ့ပိုးပေးရမည်။

ထို့ပြင် ကျွင်းရှောင်ယောက်က ယခုအခါ ကျန်းမိသားစု၏ သခင်လေး ဖြစ်လာသောကြောင့် မိသားစု၏ မည်သည့်အရင်းအမြစ်ကိုမဆို အသုံးပြုပိုင်ခွင့် ရှိနေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း မယဉ်ကျေးတော့ဘဲ ကျန်းမိသားစုမှ သူ့ကို အင်မော်တယ်အရင်းမြစ်ပေးရန် တောင်းဆိုခဲ့သည်။

ကျွင်းရှောင်ယောက်က အင်မော်တယ်အရင်းအမြစ် လိုအပ်ကြောင်း သိရသောအခါ ကျန်းမိသားစုက ရတနာတိုက်တစ်ခုလုံးကို စွန့်ပစ်လုနီးပါးဖြစ်ခဲ့သည်။

၎င်းတို့က ကျွင်းရှောင်ယောက်ကို အင်မော်တယ်အရင်းအမြစ် သုံးထောင်ကျော်ပင် ပေးအပ်ခဲ့၏။

အင်မော်တယ်အရင်းအမြစ်သည် ရှားပါးလွန်း၍ ရှေးဟောင်းမိသားစုများအတွက်ပင် များစွာ သိုလှောင်မှုမထားနိုင်ကြပေ။

သို့ဖြစ်ပေရာ သုံးထောင်က တော်တော်များနေပြီ ဖြစ်သည်။

သို့ရာတွင် လက်ရှိ ကျွင်းရှောင်ယောက်အတွက်ကတော့ ဤသည်မှ ရေပုံးထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။

သူ၏ ထာဝရအင်မော်တယ်အရိုးသည် အင်မော်တယ်အရင်းအမြစ် စားသုံးသူ ရေဝဲကြီးကဲ့သို့ပင်။

အစပိုင်းတွင်၊ အင်မော်တယ်အရင်းမြစ်အနည်းငယ်က ထာဝရအင်မော်တယ်အရိုးကို အလွန် တိုးတက်ပြောင်းလဲစေခဲ့သည်။

ယခုမူကား၊ အပိုင်းတစ်ပိုင်းကို သန့်စင်ရန် ဒါဇင် သို့မဟုတ် ရာနှင့်ချီသော အင်မော်တယ်အရင်းအမြစ်များအား သုံးစွဲနေခဲ့ရချေပြီ။

ယင်းက အနောက်ရောက်လာလေလေ၊ ပိုခက်လေ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကျင့်ကြံခြင်းသို့ စိတ်နစ်မြုပ်သွားသောအချိန်…

မြောက်ပိုင်း ဝမ့်မိသားစုအတွင်းမဏ္ဍ ခမ်းနားထည်ဝါသော နန်းတော်တစ်ခုတွင်...

ခရမ်းရောင်စပါးအုံးမြွေဝတ်ရုံနှင့် လူလတ်ပိုင်းတစ်ဦးက မြင့်မားသောထိုင်ခုံပေါ်တွင် မျက်နှာ မှုန်ကုပ်ကုပ်ဖြင့် ထိုင်နေသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံကတော့ အဓိပဓိတစ်ပိုင်းသို့ပင် ရောက်ရှိနေနိုင်ခဲ့ချေပြီ။

သူ့အောက်မှာတော့ ယခင်က ကျန်းမိသားစုသို့ လာရောက်ခဲ့သော ဝမ့်မိသားစု၏ အဓိပဓိတစ်ပိုင်း ဖြစ်သည်။

"အဲဒီ ကျန်းမိသားစုက ‌အတော် ဉာဏ်နည်းကြတာပဲ၊ ကျန်းစန်းယီက ငါ့သားနဲ့ မထိုက်တန်ဘူးလို့ ထင်နေတာလား"
ခရမ်းရောင်စပါးအုံးဝတ်လုံ ဝတ်ထားသူက ဝမ့်ထန့်၏ ဖခင်ဖြစ်ပြီး ဝမ့်မိသားစုခေါင်းဆောင် ဝမ့်ယွင်ပါ့ ဖြစ်သည်။

"တကယ်တော့ အဓိကလူက ကျွင်းရှောင်ယောက်ပါ၊ သူ့အတွက်မဟုတ်ရင် ဒီလိုမျိုး ဘယ်တော့မှ ဖြစ်မလာဘူး"

"ဟမ် ကျွင်းရှောင်ယောက်က ငါ့သားရဲ့ ဝိညာဉ်ခန္ဓာကို ဖျက်ဆီးဝံ့တယ်လား"
ဝမ့်ယွင်ပါ့၏ မျက်လုံးများက အေးစက်သွားသည်။

သူ့မျက်လုံးထဲမှာတော့ သူ့သား ဝမ့်ထန့်ဟာ ​​မျိုးဆက်သစ်လူငယ်များကြား၌ အတုမဲ့သော တည်ရှိမှု ဖြစ်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်က အလွန်အတင့်ရဲပြီး မဆင်မခြင် ပြုမူခဲ့၏။ ယင်းက ဝမ့်ယွင်ပါ့ကို အေးစက်သွားစေခဲ့သည်။

ထိုအချိန်တွင် ဝမ့်မိသားစုမှ အကြီးအကဲတစ်ဦး ရုတ်တရက် ဝင်ရောက်လာကာ ပြောလိုက်သည်။
"မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ ဒါက ကျွင်းမိသားစုရဲ့ သတင်းပါ၊ ကျွင်းရှောင်ယောက်က ထာဝရသင်္ချိုင်းမြေကို ဝင်ရောက်ပါတော့မယ်"

"ဘာ၊ မွေးကင်းစ နွားသူငယ်က ကျားကိုမကြောက်တာ တကယ်ပါပဲလား"
ထိုစကားကိုကြားပြီးနောက် ဝမ့်ယွင်ပါ့ဟာ ရုတ်တရက် ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်က အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်းမြက်အတွက်  ထာဝရသင်္ချိုင်းမြေထဲသို့ ဝင်ဝံ့မည်ဟု သူ မမျှော်လင့်ထားပေ။

"ဒီကောင်လေးက တကယ်ကို သေချင်နေတာပဲ"
ဝမ့်အဓိပဓိတစ်ပိုင်းကလည်း လှောင်ပြောင် လိုက်သည်။

"ဒီသတင်းကို ဖြန့်လိုက်စမ်း၊ ကျွင်းမိသားစုက နတ်ဘုရားသားတော်ရဲ့ ဒဏ္ဍာရီက ထာဝရသင်္ချိုင်းမြေမှာတင် အဆုံးသတ်သွားနိုင်တယ်"
ဝမ့်ယွင်ပါ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
 
နောက်ဆုံးတွင် ထာဝရသင်္ချိုင်းမြေက အန္တရာယ်ရှိသောနေရာပင် မဟုတ်ပါလား။

ကျွင်းရှောင်ယောက်က ဝင်လာပြီးမှ ပြန်ထွက်လာရန် မဖြစ်နိုင်တော့ပေ။

ဝမ့်မိသားစု၏ နက်ရှိုင်းသောနေရာ၊ ဝိညာဉ်နယ်မြေအတွင်း၌…

တံခါးပိတ်ကျင့်ကြံနေသော ဝမ့်ထန့်၏ ခန္ဓာအစစ်အမှန်လည်း ဤသတင်းကို ကြားလိုက်ရသည်။

နေနှင့်လသည် သူ့မျက်လုံးထဲတွင် လှည့်ပတ်နေသကဲ့သို့ သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်၏။

သူ့ပတ်ဝန်းကျင်မှာလည်း ပင်လယ်ထဲသို့ ခုန်ဆင်းနေသော အစစ်အမှန်နဂါး၊  အတောင်ပံဖြန့်ထားသော နတ်ဖီးနစ်နှင့် ချီလင်ကဲ့သို့ အစွမ်းထက် အာရုံများလည်း ဖြစ်ပေါ်နေသေးသည်။

၎င်း၏ အရှိန်အဝါက အလွန်ကြောက်စရာကောင်းလှသည်။
 
"ထာဝရသင်္ချိုင်းမြေကို သွားရဲတဲ့ ကျွင်းရှောင်ယောက်ကို သတ္တိရှိလို့ ပြောရမလား၊ ဒါမှမဟုတ် မိုက်မဲတယ်လို့ပဲ ပြောရမှာလား"

"မူလတာအိုသန္ဓေက ငါ့ရဲ့အောင်မြင်မှုတွေအတွက် သိပ်ပြီး အသုံးဝင်တယ်။ ကျွင်းရှောင်ယောက်... မင်းဘယ်တော့မှ ပြန်မလာဘူးဆိုရင် ကျန်းစန်းယီက ဒီဧကရာဇ်ငယ်ရဲ့ မိန်းမဖြစ်ပြီ၊ ဟားဟားဟား"
ဝမ့်ထန့်က လှောင်ပြောင် ရယ်မောလိုက်သည်။

ကျန်းစန်းယီဆိုသောမိန်းမက သူ့အတွက်သာ ဖြစ်ပေမည်။

ဤသို့ဖြင့် ရက်အနည်းငယ်အတွင်းမှာပင် ဝမ့်မိသားစု၏ ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်မှုအောက်မှာ…

ကျွင်းရှောင်ယောက် ထာဝရသင်္ချိုင်းမြေထဲကို သွားရောက်မည်ဟူသော သတင်းက လုံးဝ ပျံ့နှံ့သွား၏။

ဤတစ်ခါတော့ ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးဟာ ဆူပွက်ပြီး လုံးလုံးပေါက်ကွဲသွားခဲ့ပြန်တော့သည်။

--------

Continue Reading

You'll Also Like

2.4K 340 34
Esta es una continuación de Falling is Fun. Midoriya fue originalmente diagnosticado sin peculiaridades, pero eso no era exactamente correcto. Tenía...
165K 23.5K 93
💞Complete💞 system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနေ...
104K 10.2K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
54.7K 4.7K 200
နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ...