အပိုင်း ၄၁၆ မှ ၄၂၀

542 50 4
                                    

အခန်း ( ၄၁၆ ) ကျွင်းရှောင်ယောက်၏ လွှမ်းမိုးချုပ်ကိုင်မှု၊ ကျယ်ပြောလှတဲ့ မီတာတစ်သောင်းတာအိုရေကန်ကြီး လေးခုစလုံးကို ငါတို့ ကျွင်းမိသားစုက ပိုင်တယ်။

"အစစ်အမှန်နတ်ဘုရားနယ်ပယ် ကြီးမားသော ပြီးပြည့်စုံမှု၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
အိုလေ့ အသက်ပြင်းပြင်းရှူပြီး မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

ရှန်းကုကမ္ဘာတွင် တစ်နှစ်ပတ်လုံး နေထိုင်ခဲ့ကြသူများပင်လျှင် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကြီးမားသော ပြီးပြည့်စုံခြင်းသို့ရောက်အောင် လေ့ကျင့်နိုင်သောသူက အလွန်နည်းပါးသည်။

သဘာဝစွမ်းအင် ပိုပါးလွှာသည့် ပြင်ပကမ္ဘာကို မဆိုထားဘိ။
  
အမိဝမ်းတွင်းမှ စပြီး လေ့ကျင့်မယ်ဆိုလျှင်ပင် ဤအဆင့်သို့ရောက်ရန် မဖြစ်နိုင်ဘူး မဟုတ်လား။

အိုလေ့သာမကဘဲ သူ့ပတ်ဝန်းကျင်မှ သတ္တဝါအားလုံးလည်း တုန်လှုပ်သွားကြသည်။

ကျွင်းရှောင်ယောက်၏ အရှိန်အဝါက ပြင်းထန်လွန်း၍ သူတို့ ခန္ဓာကိုယ်များ ပေါက်ကွဲလုမတတ် ကွဲကြေလုနီးပါးပင်။

ကျွင်းမူလန်သည်ပင် အံသြသွားရသည်။

အစောပိုင်းက ကျွင်းရှောင်ယောက်ကို နားမလည်နိုင်ဘူးဟု ခံစားရသော်လည်း သူ၏ ကျင့်ကြံခြင်းနယ်ပယ် အစစ်အမှန်ကို မသိခဲ့ပါချေ။
   
ယခုတော့ ကျွင်းမူလန်၏ အနီရောင်နှုတ်ခမ်းများမှာ ပွင့်ဟနေပြီး ဝိုင်းစက် နေခဲ့ပြီ ဖြစ်သည်။

'ဘယ်လို မကောင်းဆိုးရွားပ်လိမ့်'
ကျွင်းမူလန် သက်ပြင်းချလိုက်သည်။

သို့ရာတွင် သူမ ပို၍ပင် အားတက်သွား၏။

အချိန်အတော်ကြာ ပစ်မှတ်ထား၍ ဖိနှိပ်ခံရပြီးနောက်မှာတော့ ကျွင်းမိသားစုမှ ပါရမီရှင်များအလှည့်သို့ ရောက်ရှိလာခဲ့ပြီ။

ကျွင်းရှောင်ယောက်၏ နယ်ပယ်ကို ဖော်ထုတ်ပြီးနောက် အိုလေ့၏ မျက်နှာအမူအရာက သုန်မှုန်သွားခဲ့သည်။

အကယ်၍ ကျွင်းရှောင်ယောက်သာ အစစ်အမှန်နတ်ဘုရားနယ်ပယ် တွင်သေးငယ်သော ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေပါက အိုလေ့ဟာ တိုက်ရိုက်လှုပ်ရှားရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now