၅၃၆ - ၅၄၀

516 60 0
                                    

အခန်း ( ၅၃၆ ) ရွှေတောင်ပံဘုရင် ရှောင်ပန်၏ အတွင်းစိတ်နတ်ဆိုး၊ ခွန်ပန်အသိုက် ပွင့်လာပြီ၊ တံဆိပ်ခတ်လိုက်ခြင်း။

ကန်ကျင်းကျောက်ဝိညာဉ်က ပျက်ဆီးခြင်းကောင်းကင် သူတော်စင်စာရင်းတွင် ပါဝင်နိုင်သော အစွမ်းထက် ပါရမီရှင်တစ်ဦး ဖြစ်သည်။

၎င်းက နတ်သတ္ထု ဝိညာဉ်တစ်ခုလည်းဖြစ်ပေရာ၊ ဖျက်ဆီးမရနိုင်သော ခန္ဓာကိုယ်နှင့် အားသာချက်ကြီးတစ်ခုကို ပိုင်ဆိုင်ထား၏။

အင်မော်တယ်စွမ်းအင်ကို သိပ်သည်းထားနိုင်သော ပါရမီရှင်များသည်ပင် ကန်ကျင်းကျောက်ဝိညာဉ်ကို အလွယ်တကူ ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

ယခုတော့၊ ကြယ်ကောင်းကင်ရှိ ကြယ်လှေပေါ်မှ အသံရှင်ဟာ ကန်ကျင်းကျောက်ဝိညာဉ်ကို လက်နက်တစ်ခု သန့်စင်ရန်အတွက် အမှန်တကယ်အသုံးပြုချင်နေခဲ့သည်။

ဤသည်က ပြောင်ပြောင်တင်းတင်း ရှုတ်ချလိုက်ခြင်းပင်။

ပန်ကျင်းကျောက်ဝိညာဉ်က အလွန်ရှားပါးသော သတ္တုတစ်မျိုးဖြစ်တာ မှန်ကန်သည်။ သို့ရာတွင် သူ့ကို သန့်စင်ရန်အတွက် ပစ္စည်းတစ်ခုအဖြစ် မည်သူက အသုံးပြုဝံ့မည်နည်း။

ဤနေရာကို ရောက်နေသူ ပါရမီရှင်အားလုံး မယုံနိုင်လောက်အောင် ခံစားခဲ့ရသည်။

အချို့သော ပါရမီရှင်များဆိုလျှင် ရယ်စရာကောင်းသည်ဟု ထင်၍ တဝါးဝါးတဟားဟား ရယ်မောလိုက်ကြသည်။

ခုန်းရွှမ်လည်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်၏။ သူမ၏ မျက်လုံးများ၌ မထီမဲ့မြင်ပြုသော အရိပ်အမြွက်တို့ လှစ်ဟလာကာ ပြောလိုက်သည်။
"ဗုဒ္ဓသခင်က ဒီလိုပြောရင်တောင် ဖြစ်ကောင်းဖြစ်နိုင်သေးတယ်။ ဒီလူက… နည်းနည်း နုံအတာပဲ"

ခုန်းရွှမ်က ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင် ဖြစ်သော်လည်း ကြေးအင်မော်တယ်နန်းတော်တွင် ကျွင်းရှောင်ယောက် ပျောက်ကွယ်သွားပြီးမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်ကို တစ်ခါမှ မမြင်ဖူးသလို သူ့အသံကိုလည်း မကြားခဲ့ရပေ။ အလွန်ဆုံး သူ့နာမည်ကိုသာ သိခဲ့သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now