အပိုင်း ၃၄၆ မှ ၃၅၀

464 53 2
                                    

အခန်း ( ၃၄၆ ) စန်းလော့နယ်မြေမှ သရဲမျက်နှာ သုသာန်ဧကရီ။

ဘုရင်ငယ်ဆယ်ပါး၏ ပွဲတော်ကိစ္စက ထာဝရသင်္ချိုင်းမြေတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဤတစ်ကြိမ်တွင် ထာဝရသင်္ချိုင်းမြေတစ်ခုလုံး ပေါက်ကွဲသွားပုံရ၏။
   
သတင်းကို ပထမဆုံးအကြိမ်ကြားသိရသောအခါ သုဿာန်သတ္တဝါအားလုံးငြိမ်ကျသွားခဲ့သည်။

၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်က 'မင်းဘာဖြစ်လို့ ငါ့ကို ငါကိုလာနောက်နေတာလဲ' ဟူ၍ပင် ဖြစ်သည်။

နောက်ပိုင်းမှ အခြေအနေမှန်ကို သိလိုက်ရသောအခါ စကားမပြောဘဲ မယုံနိုင်အောင် ဖြစ်သွား၏။

ဘုရင်ငယ်အဆင့် ပါရမီရှင်ဆယ်ပါးတွင် တစ်ယောက်ချင်းစီက ပါရမီရှင်တို့၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသူများ ဖြစ်သည်။
   
ရလဒ်အနေဖြင့် ယခုအချိန်မှာတော့ ဘုရင်အားလုံးက ပူးပေါင်းတိုက်ခိုက်သည့်တိုင် ကျွင်းရှောင်ယောက်ကို အနည်းငယ်မျှ မထိခိုက်စေဘဲ သူတို့ထဲမှ အချို့သည်ပင် အသတ်ခံလိုက်ရချေပြီ။
   
ဤအရာ သုဿာန်သတ္တဝါများကြားတွင် ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ပင် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ပြင်ပကမ္ဘာတွင် ထူးကဲပြီး ပြိုင်ဘက်ကင်းလောက်သော ပါရမီရှင်မှန်း သိရပြီးနောက်တွင် စိတ်လှုပ်ရှားမှုများ အနည်းငယ်ငြိမ်သက်သွားခဲ့သည်။

အကယ်၍ ပြင်ပကမ္ဘာ၏ ပါရမီရှင်တိုင်းက ကျွင်းရှောင်ယောက်ကဲ့သို့ မကောင်းဆိုးရွားဆန်နေပါက သုသာန်သတ္တဝါများ ပို၍ပင် ခံစားကြရပေလိမ့်မည်။

ဘုရင်ဆယ်ပါး၏ပွဲပြီးသောအခါ ကျွင်းရှောင်ယောက်က လန်ဟွမ်နှင့်အတူ နေခဲ့သည်။

ရက်အနည်းငယ်ကြာလျှင် သူတို့က သင်္ချိုင်းကမ္ဘာရှိ အက်ကြောင်းနေရာသို့ အတူတကွ သွားရောက်ကြပေမည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်သည်လည်း လက်မှတ်ထိုးဝင်ခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်နိုင်သည်။

သင်္ဘောကြီး၏ ဇိမ်ခံအခန်းထဲတွင်…
   
ကျွင်းရှောင်ယောက်က ကုတင်အစွန်းသို့ ပေါ့ပေါ့တန်တန် မှီပြီး ထိုင်နေသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now