၄၅၁ - ၄၅၅

486 59 1
                                    

အခန်း ( ၄၅၁ ) ကျွင်းမိသားစုက စီကွမ်ခုနစ်ဦး ရောက်လာပြီ၊ ကျန်းမိသားစုမှ အကူအညီများ။

ရွှမ်ထျန်းတောင်တန်း၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ဝိညာဉ်စွမ်းအင်များက သိပ်သည်းလွန်းလှသည်။

ဤအချိန်တွင် လေထဲမှာ လူတစ်စု ရောက်လာကြ၏။ ၎င်းတို့ တစ်ယောက်ချင်းစီ၏ အရှိန်အဝါများက လူတိုင်းကို ထိတ်လန့်သွားစေနိုင်သည်။

"ဒီမှာ ရှိသင့်တယ်"
ကူချန်ဇီက လေထဲတွင်ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

ဤနေရာတွင် တောင်တန်းကိုးခုရှိပြီး ဝိညာဥ်စွမ်းအင်ကလည်း မြူခိုးများကဲ့သို့ သိပ်သည်းလှပေသည်။

ဤသည်မှာ ရှားပါး နဂါးရေတွင်းကဲ့သို့ပင် ဖြစ်သည်။

"ဟုတ်တယ်၊ ဒီနေရာက ရှေးဟောင်းလူထူးဆန်းတွေ အိပ်စက်ဖို့အတွက် အသင့်တော်ဆုံးပဲ။ ကျွင်းမိသားစုရဲ့ နောက်ဆုံး ရှေးဟောင်းလူထူးဆန်းက ဒီမှာပဲ ရှိရမယ်"
ကူချန်ဇီက အခိုင်အမာ ပြောလိုက်သည်။

"ဒါဆိုရင် ငါတို့ ဘာကိုစောင့်နေရမှာလဲ"
အမှောင်ကမ္ဘာမင်းသားက ပထမဆုံး ခြေလှမ်းလိုက်သည်။

သူက မဆိုင်းမတွပင် လှုပ်ရှားလိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော အမှောင်ကမ္ဘာစွမ်းအင်များ ထွက်ပေါ်လာကာ အမှောင်တံဆိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤတံဆိပ်ကို ထုတ်ဖော်လိုက်သည်နှင့် မိုးနှင့်မြေကြားတွင် ထောင်သောင်းချီသော မကောင်းမိစ္ဆာများ အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာခဲ့ပုံ ရသည်။

"အဆုံးမဲ့သေခြင်းတံဆိပ်"
အမှောင်ကမ္ဘာမင်းသား၏ တံဆိပ်က ညအခါ ကျရောက်လာသကဲ့သို့ ကျဆင်းသွားခဲ့သည်။ ဤအခါ ရွှမ်ထျန်းတောင်တန်းတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၏။

တောင်များ ပြိုကျကာ ကျောက်တုံးကြီးများလည်း လိမ့်ဆင်းလာတော့သည်။

အမှောင်ဘုရင်က လက်ဝါးတစ်ဖက်တည်းဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးနေသည့်နှယ် ဤအပြောင်းအလဲမျိုးက အလွန်ကြောက်စရာကောင်းလှသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now