အပိုင်း ၄၉၁ - ၄၉၅

567 59 0
                                    

အခန်း ( ၄၉၁ ) ရှန်းကုမျိုးနွယ်များကို ပြန်လည်ဖွဲ့စည်းရန်၊ မင်းတို့အားလုံး လိုက်ပါနေတဲ့သူက အနာဂတ် မဟာဧကရာဇ် ဖြစ်လာလိမ့်မယ်။

တကယ်တမ်းတွင် ကျွင်းရှောင်ယောက်၏ အခြေအနေက ဗျူတီမျိုးနွယ်အတွက် အလွန်အကျိုးရှိသည်။
   
ဗျူတီမျိုးနွယ်အဖို့ လွတ်လပ်ရုံသာမကဘဲ ရှန်းကုမျိုးနွယ်များကို စီမံခန့်ခွဲရန် အခွင့်အာဏာကိုလည်း ရရှိနိုင်လိမ့်မည်။

ရှေးယခင်က ရှန်းကုမျိုးနွယ်ကြီးလေးခုတွင် နဂါးမျိုးနွယ်က ခေါင်းဆောင်ဖြစ်ပြီး အားလုံး လေးစားခဲ့ရသည်။

ယခုတော့၊ ကျွင်းရှောင်ယောက်၏ ပေါင်းစည်းမှုအပြီးတွင်...

ဗျူတီမျိုးနွယ်က ရှန်းကုမျိုးနွယ်အားလုံး၏ ခေါင်းဆောင်ဖြစ်လာပေတော့မည်။

ထို့ကြောင့် လီရှန်းတွင် လုံးဝ ငြင်းပယ်စရာ အကြောင်းပြချက်မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျွင်းရှောင်ယောက်၏ စီမံခန့်ခွဲခံရသည်ကိုပင် ပျော်ရွှင်ခဲ့ရသည်။

"ချိုးယွဲ့၊ သခင်လေးကျွင်းကို အနားယူဖို့ အရင်စီစဉ်ပေးလိုက်ပါ"
လီရှန်းက မျက်ရိပ်ပြကာ ပြောလိုက်သည်။

လီချိုးယွဲ့သာ ကျွင်းရှောင်ယောက်နှင့် အဆင်ပြေပါက ဗျူတီမျိုးနွယ်အတွက် ပို၍ ကောင်းမွန်ပေလိမ့်မည်။
   
လီချိုးယွဲ့၏ ပါးပြင်နှစ်ဖက်မှာ နီရဲနေသော်လည်း ခေါင်းညိတ်လိုက်ဆဲပင် ဖြစ်သည်။ သူမက ရင်တဒိတ်ဒိတ်ခုန်နေရင်းမှ ကျွင်းရှောင်ယောက်ကို အနားယူရန် ခေါ်သွားခဲ့လေသည်။

"ကြေးအင်မော်တယ်နန်းတော်ထဲကို ဝင်လိုက်တာတောင် အသက်မသေဘဲ သူတော်စင် ဖြစ်လာနိုင်တယ်။ ကျွင်းသခင်လေးရဲ့ အနာဂတ်က တကယ်ကို ထူးကဲမှာ အမှန်ပါပဲ။ သူ့နောက်ကို လိုက်တာက ငါတို့ ဗျူတီမျိုးနွယ်အတွက်  အခွင့်အလမ်းတစ်ခု ဖြစ်နိုင်တယ်"
လီရှန်းက သူ့ကိုယ်သူပြောသလို ရေရွတ်လိုက်သည်။

ယနေ့ သူမ ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်သည် အမှန်ကန်ဆုံးနှင့် ပညာရှိဆုံးဖြစ်နိုင်သည်ဟု ယောင်ဝါးဝါး ခံစားနေခဲ့ရလေသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now