အပိုင်း ၃၉

801 81 3
                                    

အခန်း ( ၃၉ ) အကြီးအကဲယွမ်လုံကို ကင်စားမယ်၊ နဂါးအဆီအနှစ်ကို သန့်စင်ခြင်း၊ ငရဲမီးပြင်းဖို

မိုးနှင့်မြေက ငြိမ်သက်ကာ လူအားလုံးလည်း တိတ်ဆိတ်သွားကြ၏။

ကျွင်းရှောင်ယောက်၏ မွေးနေ့ပွဲကို အင်အားစုထောင်ချီမှ တက်ရောက်လာခဲ့ကြပေသည်။

ယခုလေးတင် ၎င်းတို့ဟာ ဘိုးဘေးနဂါးသိုက်မှ ကျွမ်းကျင်သူတစ်ယောက် ကျဆုံးခြင်းကို မြင်တွေ့ခဲ့ရ၏။

ဤကျဆုံးသွားသော ကျွမ်းကျင်သူကလည်း သာမန်မဟုတ်ဘဲ လူသားမျိုးနွယ်မှ အဓိပဓိများအား ရင်ဆိုင်နိုင်ခဲ့သည့် အဓိပဓိတစ်ပိုင်း ကျွမ်းကျင်သူဖြစ်သည်။

သို့ရာတွင် ကျွင်းမိသားစုမှ ဘိုးဘေးဆယ့်ရှစ်က ဓားသုံးချက်တည်းနှင့် သတ်ဖြတ်ခဲ့ချေပြီ။

ဤသဘောတရားကား အဘယ်နည်း။

အဓိပတိတစ်ပိုင်းဟာ အင်မော်တယ်တာအို၏  အခြေခံအုတ်မြစ်အဖြစ် မှတ်ယူလို့ရသည်။

၎င်းတို့ကကိုယ်ပိုင် ထိပ်တန်းကျမ်းများကို ရေးသားနိုင်ကြ၏။

သို့တိုင် ဘိုးဘေးဆယ့်ရှစ်က ခွေးတစ်ကောင်ကို သတ်သကဲ့သို့ ဓားသုံးချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်သည်။

"ကျွင်းမိသားစုရဲ့ ဘိုးဘေးဆယ့်ရှစ်က အဓိပဓိနယ်ပယ်ဖြစ်ရုံတင် မကလောက်တော့ဘူး"
လူငယ်ပါရမီရှင်တစ်ယောက်က တံတွေးတစ်ချက်မြိုချ၍ ပြောလိုက်သည်။

ကျွင်းမိသားစုအကြောင်းကို အတန်အသင့်သိသော အကြီးအကဲတစ်ယောက်က အသက်ပြင်းပြင်းရှူကာ ခပ်တိုးတိုး‌ ပြောလိုက်၏။
"ကျွင်းမိသားစုရဲ့ အလျှို့ဝှက်ဆုံးနေရာက ဘိုးဘေးခန်းမလို့ ပြောကြတယ်..။ အဲဒီမှာ ရှေးခေတ်က ဘိုးဘေးဘယ်လောက်ထိရှိမှန်းတော့ ဘယ်သူမှ မသိဘူး"

ကျွင်းမိသားစုဟာ အင်မော်တယ်နယ်မြေကြီးတွင် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ပြီး အလွန်တန်ခိုးထွား၏။

၎င်းတို့ခွန်အားနှင့် စွမ်းအားကလည်း သာမန်အသိအမြင်များထက် များစွာ ကျော်လွန်နေတော့သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now