အခန်း ၄၄

679 69 0
                                    

အခန်း ( ၄၄ ) ဇာတ်ကောင်တစ်ယောက်၏ ဘဝဇာတ်ကြောင်း၊ ကြက်ပေါင်တစ်ခု အကြောင်းပြု၍ နှလုံးသားများ လှုပ်ခတ်လာခြင်း၊ ရှောင်ချန်းအတွက် လက်စားချေမယ်

ရှောင်ချန်းက မိုးပြာ‌နဂါးအသွင်ပြောင်းကျမ်းကို အသက်သွင်းလိုက်သောအခါ အတောင်ပံတစ်စုံက ကျောထက်တွင် ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ကိုလည်း နဂါးအကြေးခွံများက ချက်ချင်း ဖုံးအုပ်သွား၏။ သူက လျင်မြန်စွာ ပြေးထွက်ကာ လက်သီးတစ်လုံးကို ထုတ်ဖော်လိုက်တော့သည်။

သူ့လက်သီးချက်ကြောင့် ရာချီကာ တောက်ပသောအလင်းများ ထွက်ပေါ်လာသည်။

ရှောင်ချန်းလက်သီး ကျဆင်းလာသောအခါ မိစ္ဆာဝံပုလွေဓားပြခေါင်းဆောင်ဟာ တစ်စစီ ပေါက်ကွဲသွား၏။

"သေစမ်း... မင်း ငါတို့ခေါင်းဆောင်ကို တိုက်ခိုက်ဝံ့တယ်လား"

"ဒါ ဘယ်ကလာတဲ့အရူးလဲ... မင်းသေချင်နေတာလား"

ချက်ချင်းပင် အော်ဟစ်ကျိန်ဆဲသံများနှင့် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခု စတင်ခဲ့သည်။

ရှောင်ချန်းက ပင်လယ်ထဲဆင်းလာသော နဂါးတစ်ကောင်ကဲ့သို့ မိုးပြာနဂါးစွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်ပြသ၏။ အဖြူရောင်ပိုးသားဝတ်စုံနှင့် မိန်းမပျိုပင် ရှောင်ချန်း၏ လှုပ်ရှားပုံများကြောင့် အံ့ဩနေရတော့သည်။

သူ့ဘဝတွင် အစွမ်းထက်နောက်ခံများနှင့် သန်မာလှသော ပါရမီရှင်လူငယ်များစွာကို မြင်တွေ့ခဲ့ဖူးသည်။ သို့ရာတွင် ရှောင်ချန်းနှင့်ယှဉ်နိုင်လောက်သူကို သိပ်မတွေ့ခဲ့ပေ။

ထို့အပြင် ရှောင်ချန်းတွင် အင်အားစုကြီးများမှ လူငယ်များကဲ့သို့ မာနထောင်လွှားပုံမျိုး မတွေ့ရပါချေ။

ဘာကြောင့်မှန်းမသိဘဲ ရှောင်ချန်း၏ ပုံရိပ်ကိုကြည့်ကာ မိန်းကလေးဟာ အနည်းငယ် သဘောကျလာသည်။

ရှောင်ချန်းက ဓားပြများနှင့် တိုက်ပွဲကို အချိန်တိုအတွင်း အဆုံးသတ်ခဲ့၏။

ထိုအချိန်တွင် သူ့ခေါင်းထဲ၌ မိုးပြာနဂါးသခင်၏ စကားသံက ထွက်ပေါ်လာသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now