အပိုင်း ၁၁၆ မှ ၁၂၀

687 55 1
                                    

အခန်း ( ၁၁၆ ) ဝူမင်ယွဲ့က ထိုက်တန်လာား။ ပန်ဝူဧကရာဇ်သခင်၏ ကြောက်စရာမှာ

ဝေးကွာသွားသော ရှောင်ချန်း၏ နောက်ကျောကိုကြည့်ကာ ကျွင်းရှောင်ယောက်၏မျက်လုံးများက နက်ရှိုင်းလာသည်။

ရှောင်ချန်း နောက်ကွယ်တွင် လျှို့ဝှက်ချက်တချို့ရှိနေကြောင်း အသေချာသူသိ၏။

ယင်းကိုတွေးပြီးသည်နှင့် ကျွင်းရှောင်ယောက်ဟာ ကျွင်းကျန်းကျန့်ထံသို့ လျှို့ဝှက်စွာ အသံပို့လွှတ်လိုက်သည်။

"ကျန်းကျန့်၊ ရှောင်ချန်းအနောက်ကို တိတ်တိတ်လေး လိုက်ကြည့်ပါ၊ ဒါပေမဲ့ မှတ်ထားနော်၊ မြက်ကိုရိုက်ပြီး မြွေကိုခြောက်သလို မဖြစ်စေနဲ့။ သူ့အနောက်ကို ခြေရာခံပြီး မှတ်တမ်းပဲ တင်ထားပါ"

ယင်းကိုကြားသောအခါ ကျွင်းကျန်းကျန့် ခေါင်းညိတ်လိုက်၏။ ထို့နောက်တော့ သူ့ပုံရိပ်ဟာ နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းတွင်ကား အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ရှောင်ချန်း၏ မဟာလျှို့ဝှက်ချက်ကြီးကို ထုတ်ဖော်မပြမီ အချိန်သိပ်လိုတော့ပေ။

သို့သော်လည်း ယခုအခါ အရေးကြီးဆုံးက ရှောင်ချန်းမဟုတ်ဘဲ ပန်ဝူနတ်ဘုရားမင်းဆက်အရေး ဖြစ်သည်။

'ဒီမြေခွေးအိုကြီး...'
ကျွင်းရှောင်ယောက်က မျက်လုံးများကို အနည်းငယ်မှေးစင်းကာ ပန်ဝူဧကရာဇ်သခင်ကို ကြည့်လိုက်၏။

ဤပန်ဧကရာဇ်သခင်က သူ့ကို ကြင်ရာတော်အဖြစ် လူသိရှင်ကြားလက်ခံရန် တွန်းအားပေးလိုနေကြောင်း ထင်ရှားသည်။

ထိုအခါ အနာဂတ်တွင် ပန်ဝူနတ်ဘုရားမင်းဆက်အတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင်ပင် ကျွင်းရှောင်ယောက်၏ အဆင့်အတန်းက အဟန့်အတားတစ်ခု ဖြစ်လာပေလိမ့်မည်။

ကမ္ဘာပေါ်ရှိလူတိုင်းကလည်း ကျွင်းရှောင်ယောက်ကို ကျေးဇူးကန်းသူအဖြစ် ကဲ့ရဲ့ပြစ်တင်ကြမည် ဖြစ်သည်။

'ဒီ ပန်ဝူဧကရာဇ်သခင်က အတော်လိမ္မာပါးနပ်တယ်၊ သူက ဝူမင်ယွဲ့ကိုသုံးပြီး ငါနဲ့ ပန်ဝူနတ်ဘုရားမင်းဆက်ကြားမှာ ကြိုးတစ်ချောင်း ချည်စေချင်နေတာ၊ ဒါပေမဲ့ အခြေအနေတွေက ဒီလောက် ဘယ်ရိုးရှင်းပါ့မလဲ'
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးသွားသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now