အပိုင်း ၁၅

832 86 2
                                    

အခန်း ( ၁၅ ) နဂါးတိုင်းပြည်မှ မင်းသားရှောင်ချန်း၊ နောက်ထပ် ကံကောင်းသူတစ်ယောက်

မကြာမီ နှစ်ဝက်ကြာသွားခဲ့ချေပြီ။

ဤအတောအတွင်း ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ ပေါက်ကွဲသံများ၊ စွမ်းအင် အတက်အကျများကို မကြာခဏ မြင်တွေ့၊ ကြားသိကြရသည်။

လူအများကတော့ ကျွင်းရှောင်ယောက် ထပ်မံ အဆင့်တက်ခြင်းဖြစ်ကြောင်း သိရှိနေခဲ့ကြချေပြီ။

မူလက ကျွင်းမိသားစုများဟာ ကွင်းရှောင်ယောက်၏ တိုးတက်မှုအမြန်နှုန်းကြောင့် တုန်ရီနေခဲ့ရသည်။

သို့သော် ထိုအရာများက မကြာခဏ ဖြစ်ပျက်လာသဖြင့် မည်သူမျှ ထူးထူးခြားခြား ဖြစ်မလာတော့ပေ။

ကျွင်းမိသားစုမှ လူများအနေဖြင့် ဘာမျှမဖြစ်တော့မှသာ ထူးခြားသည်ဟု ခံစားကြရပေလိမ့်မည်။

လွန်ခဲ့သည့် နှစ်ဝက်အတွင်း ပိုင်ယုအာဟာ ကောင်းကင်ဧကရာဇ်နန်းတော်အရှေ့မှ တစ်ဖဝါးမခွာဘဲ ဒူးထောက်နေခဲ့သည်။

သူ့မျက်နှာတွင်ကား ဖုန်မှုန့်၊ အညစ်အကြေးများကပ်ညိကာ ပိုမိုချောင်ကျလာ၏။

ကျင့်ကြံသူတစ်ယောက်အတွက် နှစ်ဝက်ကြာ မစားမသောက်ဘဲနေရ၍ အသက်မသေနိုင်ပေ။ မည်သို့ဆိုစေ သူ အလွန်အားနည်းလာသည်ကတော့ အမှန်ပင် ဖြစ်သည်။

ယခုအခါ သူက ဘုရင်တစ်ပါး၏ မြင့်မြတ်သော  သမီးတော်တစ်ပါးနှင့် လားလားမျှမတူဆော့ပေ။

ဤအစား သူဟာ ကျွင်းရှောင်ယောက်ထံမှ ခွင့်လွှတ်မှုကိုတောင်းခံနေသော ကျွန်တစ်ယောက်နှင့် ပိုတူလာ၏။

လွန်ခဲ့သော နှစ်ဝက်အတွင်း ကျွင်းရှောင်ယောက်ဟာ သူ့ကို လုံးဝလျစ်လျူရှုထားခဲ့ပေသည်။ သူက သူမအနီးမှ ဖြတ်လျှောက်သွားချိန်၌ပင် တစ်ချက်စောင်းငဲ့၍ မကြည့်ပေ။ ယင်းက ထိုနေရာတွင် သူမ ရှိမနေသကဲ့သို့ပင် ဖြစ်သည်။

ဤအတွက် ပိုင်ယုအာဟာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်၍ ပြုံးရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။

ယင်းက ကိုယ်စိုက်ပျိုးသောအရာကို ကိုယ်ကိုယ်တိုင် ရိတ်သိမ်းရခြင်းပင် ဖြစ်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now