အပိုင်း ၃၉၆ မှ ၄၀၀

523 50 1
                                    

အခန်း ( ၃၉၆ ) ပိုင်မေအာ စိတ်ပျက်လက်ပျက် ဖြစ်ခြင်း။

'ငါ ဘာတွေတွေးနေတာလဲ၊ ကျွင်းသခင်လေးနဲ့ ဆက်ဆံရေးက ဘယ်လိုမှ မဖြစ်နိုင်ဘူး..."
ပိုင်မေအာ သူ့ပါးနှစ်ဖက်ကို လက်ဝါးဖြင့် တို့ထိလိုက်သည်။
 
သူသည် ရှေးဟောင်းတော်ဝင်မိသားစုမှ ကောင်းကင်မြေခွေးမျိုးနွယ်၏ ကောင်းကင်သမီးတော် ဖြစ်သည်။

ကျွင်းရှောင်ယောက်ကတော့ ရှေးဟောင်းမင်းမျိုးနွယ် ကျွင်းမိသားစု၏ နတ်ဘုရားသားတော် ဖြစ်ပေသည်။

သူတို့နှစ်ဦးက လုံးဝ မတူပေ။

ထို့ပြင် သူမသည် လုံအိုထျန်းဘက်တွင် ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း တစ်ခါတစ်ရံတွင် ပိုင်မေအာစိတ်ထဲ၌ ကျွင်းရှောင်ယောက်၏  နူးညံ့သိမ်မွေ့သော အပြုံးကို မတွေးတောဘဲ မနေနိုင်ပေ။

နှိုင်းယှဉ်ကြည့်လျှင် လက်ရှိ လုံအိုထျန်းက တကယ်ကို နိမ့်ကျလွန်းလှသည်။

သူမ၏ ကျင့်စဉ်ကြောင့် လုံအိုထျန်းနှင့် အသွေးအသား ဆက်ဆံရေးမျိုး မရှိခဲ့သည့်အတွက်လည်း အနည်းငယ်ကံကောင်းခဲ့ပေသည်။

သူဟာ လုံအိုထျန်းကို သူမ၏လက်ကိုပင် ကိုင်ခွင့်မပြုခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နေ့ကုန်လွန်သွားခဲ့သည်။

ထိုအချိန်တွင် ပိုင်မေအာထံသို့ လုံအိုထျန်း ရောက်လာသည်။

"အဲဒီမိန်းကလေး ဘယ်မှာလဲ"
ပိုင်မေအာက တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။

"သူ့ရဲ့ ဒဏ်ရာတွေက အတော် ကောင်းနေခဲ့ပါပြီ၊ အခု သူ့ကိုယ်သူ ချိန်ညှိနေတယ်"
လုံအိုထျန်းက ပြောသည်။

ပိုင်မေအာ၏ လေသံမှ အေးစက်မှုကို သတိပြုမိသောအခါ သူ့နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးပြီး ပြုံးသွားခဲ့လေသည်။
"မေအာ၊ မင်း အူတိုနေတာလား"
  
"မဟုတ်ဘူး"
ပိုင်မေအာ ပြောလိုက်သည်။

"ဟားဟားဟား၊ တကယ်တော့ မင်း အူတိုစရာလည်း မလိုပါဘူး။ အိုလွမ်ကို ကယ်တင်ရတဲ့ အကြောင်းရင်းက သူဟာ ငါ့ကို ကူညီပေးနိုင်လို့ပဲ"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now