အပိုင်း ၂၃၁ မှ ၂၃၅

560 50 7
                                    

အခန်း ( ၂၃၁ ) ချင်ဟောက်၏ ကောင်မလေး ကျိုးယု၊ ကျန်းလော့လီကို ကယ်တင်ခြင်း။
   
ကျန်းလော့လီ၏ ငိုယိုပြီး ညှိုးငယ်နေသော အသွင်အပြင်ကို မြင်လိုက်ရပြီးနောက် ကျန်းရွှီလင်း၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်သွားသည်။

ကျန်းလော့လီက ကျန်းမိသားစု၏ အသည်းတုံးလေးဖြစ်ပြီး အားလုံး၏အချစ်တော်သာ ဖြစ်သည်။
   
သူ့ကြောင့် ကျန်းလော့လီ တစ်ခုခုဖြစ်ခဲ့ရင် ကျန်းမိသားစုထဲမှ အဘိုးကြီးများက သူ့ကို အရေခွံဆုပ်ကြပေလိမ့်မည်။

"မင်း ပုရွက်ဆိတ်..."
ကျန်းရွှီလင်း၏ မျက်နှာက မည်းမှောင်သွားသည်။

ကျန်းရွှီလင်းထံမှ ပုရွက်ဆိတ်များဟူသောစကားကို ကြားရပြန်ရာ ချင်ဟောက်၏မျက်နှာကလည်း အေးစက်သွားသည်။

သူက အင်အားအပြည့်သုံးကာ ထပ်မံတိုက်ခိုက်လိုက်၏။
  
ကျန်းလော့လီနှင့် ကျန်းရွှီလင်း၏ ဆက်ဆံရေးကြောင့် တိုက်ပွဲကောင်းရပ်သွားရမည်ကို ကြောက်မိသည်။

ထို့ကြောင့် ချင်ဟောက်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်လေသည်။
   
ကာကွယ်သူနှစ်ဦးကိုလည်း ရှေးနတ်ဆိုးများနှင့် ရှေးနတ်ဆိုးဂိုဏ်း၏ သူတော်စင်များက တားဆီးထားခဲ့သည်။

"ကျွင်းမိသားစုရဲ့ နောက်လိုက်တွေဖြစ်ပြီး မင်းမျိုးရိုးနှစ်ခုက ငါ့ရဲ့ကျန်းမိသားစုကို တကယ်တိုက်ခိုက်မှာလား" 
ကျန်းမိသားစု၏ တာအိုကာကွယ်သူက အေးစက်စက်ဖြင့် ပြောသည်။

ကျွင်းမိသားစုနှင့် ကျန်းမိသားစုတို့က နှစ်အိမ်တစ်အိမ်ဖြစ်နေကြကြောင်း အားလုံးသိပေသည်။ 
 
ထို့ကြောင့် ကျွင်းမိသားစု၏ နောက်လိုက်များကို သဘာဝအတိုင်း သိသည်။

သို့ရာတွင် သူတို့က ကျန်းမိသားစုကို တိုက်ခိုက်ဝံ့သေး၏။

"ဟမ့်၊ ငါတို့က ကျွင်းမိသားစုရဲ့ နောက်လိုက်တွေ မဟုတ်တော့ဘူး။ ငါ့ရဲ့ ရှေးနတ်ဆိုးမျိုးရိုးက ဘယ်တော့မှ ကျွန်ဖြစ်မှာ မဟုတ်ဘူး"

"ပြီးတော့ ငါ့ရှေးနတ်ဆိုးဂိုဏ်းကလည်း ဘယ်တော့မှ ကျွန်ဖြစ်မှာ မဟုတ်ဘူး"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now