အပိုင်း ၁၀

886 94 0
                                    

အခန်း ( ၁၀ ) ကျွင်းကျန်းကျန့်နှင့် လက်ရည်စမ်းခြင်း၊ ဒါပဲလားဟ... ဒါအကုန်ပဲလား။

ကျွင်းကျန်းကျန့်ဟာ ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိုင်ဆိုင်ထားသည်ဟု အကြီးအကဲများ ပြောကြသည်ကိုတော့ ကြားဖူးထားခဲ့သည်။

ထိုစဉ်ကတော့ သူဟာ အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားခဲ့ရ၏။

နောက်ဆုံးတွင်ကား ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်ဟာ သဘာဝဥပဒေသများ၏ တားမြစ်ခံများ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားခဲ့လျှင်ပင် အတားအဆီးရွှေကြိုးများကြောင့် တစ်သက်လုံး တိုးတက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ နာမည်သာရှိပြီး အဆံမရှိသူတစ်ယောက်ဟု ထင်မှတ်ထားခဲ့သည်။

ဘိုးဘေးဆယ့်ရှစ် နိုးထလာခြင်းကလည်း ထိုခန္ဓာကို ကူညီပေးရန်ပင်လောဟု တွေးထားခဲ့ဖူး၏။

ထို့ကြောင့် ကျွင်းရှောင်ယောက်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့်တူညီသော ခန္ဓာတစ်မျိုးကို ပိုင်ဆိုင်ထားမည်ဟုသာ တွေးထားခဲ့လေတော့သည်။

သို့ရာတွင် ယခု ကျွင်းရှောင်ယောက်က သူ့လက်ကို ဆန့်ထုတ်လာသောအခါမှ ရွှေရောင်သွေးနှင့် စွမ်းအင်များကို ခံစားလိုက်ရသည်။

ထိုသို့ဖြစ်ရခြင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်ကြောင့်ပင်။ ၎င်းတို့ဟာ ရွှေရောင်ဝိညာဉ်ပင်လယ်နှင့် နိုးထလာသောကြောင့် သွေးများပင် ရွှေရောင်ပြောင်းလဲသွားခဲ့ကြရသည်။

"ညီငယ်ရှောင်ယောက်... မင်းခန္ဓာကိုယ်က တကယ်ပဲ ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်လား"
ကျွင်းကျန်းကျန့် မနေနိုင်တော့ဘဲ မေးလိုက်သည်။

"အင်း"
ကျွင်းရှောင်ယောက် ရိုးရှင်းစွာပင် ခေါင်းညိတ်လိုက်၏။

၎င်းဟာ ဘယ်တုန်းကမှ လျှို့ဝှက်ချက်မဟုတ်ခဲ့သကဲ့သို့ ကျွင်းရှောင်ယောက်ကလည်း ဖုံးကွယ်ထားရန် စိတ်ကူးမရှိပေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now