736 - 740

374 26 1
                                    

အခန်း ( ၇၃၆ ) ပြန်လည်ဝင်စားခြင်းပင်လယ်၊ အတိတ်၏မျိုးစေ့၊ လင်ယွမ်အတွက် ပြစ်ဒဏ်။

အမှောင်ကမ္ဘာ၏ ဆမ်ဆာရာမျက်လုံး စမ်းသပ်မှုက အမှန်တကယ်ပင် ကြောက်စရာကောင်းသည်ဟု ဆိုရမည်။

ပြန်လည်ဝင်စားခြင်းတစ်ရာတွင် ဘစ်ခုစီက အသိစိတ်တစ်မျိုးစီဖြစ်ပြီး လုံးဝ အသစ်အဆန်း ဖြစ်သည်။
 
ထိုဘဝများမှ အသိစိတ်ကို မနိုးထနိုင်လျှင် ထာဝရ ပြန်လည်ဝင်စားခြင်းသို့ ကျရောက်သွားလိမ့်မည်။

ရှေးဦးဝိညာဉ် လုံးလုံးလျားလျား ပျက်သုဉ်းသွားသည့်တိုင်အောင်၊ ဘယ်တော့မှ ပြန်လည်နိုးထနိုင်တော့မည် မဟုတ်ပေ။
   
ဤသည်မှာ စိတ်ဆန္ဒနှင့် တာအိုနှလုံးသား၏ စမ်းသပ်မှုကြီးတစ်ခု ဖြစ်သည်။

ပြန်လည်ဝင်စားချိန်ကြာလေ၊ နိုးထနိုင်ခြေက နည်းပါးလေလေပင်။

ရှေးခေတ်က ဤအရာကို အမှောင်ကမ္ဘာမှ ကောင်းကင်ဘုံကို အံတုနိုင်သော အရည်အချင်းဖြင့် အမှောင်ဘုရင်ဖြစ်လာနိုင်သူအား စမ်းသပ်ရန် အသုံးပြုခဲ့သည်။

အမှောင်ဘုရင်မှ အမှောင်ဘုရင်က ဘယ်အဆင့်တွင် ရှိသနည်း။
 
အနည်းဆုံးတော့ ယင်းက မဟာဧကရာဇ်အဆင့်တွင် ရှိသည်။

အမှောင်ဘုရင်မျိုးရိုးမှ ကိုးကွယ်သော လက်တစ်ဖက် အမှောင်ဘုရင်သည်လည်း ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး ဖြစ်ချေသည်။

ဆမ်ဆာရာမျက်လုံးကို ဖြတ်ကျော်နိုင်ခြင်းက ကျွင်းရှောင်ယောက်တွင် ဧကရာဇ်ဖြစ်လာရန် အ‌ရည်အချင်းရှိသည်ဟု ဆိုသည်။

သို့သော်လည်း ဤသည်က အထူးအဆန်းတော့ မဟုတ်ပါ။ ကျွင်းရှောင်ယောက်က သူ့အရည်အချင်းကို သက်သေပြခဲ့တာ ကြာခဲ့ပြီ ဖြစ်သည်။
  
'ဆမ်ဆာရာမျက်လုံးရဲ့ စမ်းသပ်မှုက တကယ်ကို ထူးထူးခြားခြားပါပဲ။ အနာဂတ် သက်မဲ့ဆုဒြာကို လက်မှတ်ထိုးဝင်ပြီး မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် အင်မော်တယ်ကျမ်း အပြည့်အစုံကိုသာ မစုဆောင်းခဲ့ဘူးဆိုရင်... ငါ့ကိုယ်ပိုင်စွမ်းရည်နဲ့ ဒီပြန်လည်ဝင်စားခြင်းတွေကနေ နိုးထဖို့ အချိန်အများကြီးယူရလိမ့်မယ်'
ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်မိသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now