အပိုင်း ၃၅၁ မှ ၃၅၅

469 56 0
                                    

အခန်း ( ၃၅၁ ) သင်္ချိုင်းကမ္ဘာမှ အခွင့်ကောင်းကြီး၊ ဘုရင်ငယ်များအားလုံး စုဝေးခြင်း၊ ကျွင်းရှောင်ယောက် စတင်သတ်ဖြတ်မည်။

အားလုံးသိကြသည့်အတိုင်း၊ ထာဝရသင်္ချိုင်းမြေသည် အေးစက်ပြီး ဆိုးရွားသော နေရာတစ်ခု ဖြစ်သည်။

သုသာန်သတ္တဝါအားလုံးသည် သေခြင်းမှ ပြန်လည်ရှင်သန်လာကြသူများဖြစ်၍ သဘာဝအတိုင်း မီး၊ မိုးကြိုး စသည်တို့နှင့် ဆန့်ကျင်ဘက်များ ဖြစ်နေခဲ့ကြသည်။
 
ထို့ကြောင့်၊ ထာဝရသင်္ချိုင်းမြေတွင် မိုးကြိုးနှင့် မီးစွမ်းအားကို ထိန်းချုပ်နိုင်သော မည်သည့် သတ္တဝါကိုမျှ သူမတွေ့ဖူးပါ။
   
ရှိခဲ့လျှင်ပင် အမှောင်မိုးကြိုးနှင့် သရဲမီးကဲ့သို့ အထူးစွမ်းအင်အချို့သာ ရှိနိုင်မည်။

သို့ရာတွင် ဤအရိုးစုသတ္တဝါကတော့ ကြောက်စရာကောင်းသော မိုးကြိုးလျှပ်စီးကို ထိန်းချုပ်ထားနိုင်သည်။
   
ယင်းက နည်းနည်းတော့ အံ့ဩစရာကောင်းပေသည်။
   
ထိုအတွက် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဤမိုးကြိုးက အရိုးစုသတ္တဝါကိုယ်တိုင်၏ စွမ်းအင်မဟုတ်ပေ။

၎င်းမှာ အခြားနေရာမှ ရရှိလာခြင်း ဖြစ်သည်။

ဤအရာက ကြီးမားသောအခွင့်အလမ်းကို ကိုယ်စားပြုနေခဲ့ပေသည်။

ကျွင်းရှောင်ယောက်က လက်ဝါးရိုက်ချက်များထုတ်ဖော်ကာ ထိုအရိုးစုသတ္တဝါများကို သုတ်သင်ပစ်လိုက်သည်။

ထို့နောက် ကျန်အရိုးတစ်ချောင်းကို ကောက်ယူကာ မိုးခြိမ်းအက္ခရာများကို ကြည့်လိုက်၏။

'ဘယ်လောက်တောင် ပြည့်စုံတဲ့ ကမ္ပည်းပုံစံတွေပါလိမ့်၊ ဒါက မဟာနတ်ဘုရားစွမ်းရည် နီးနီးပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

အစ်အမှန်နဂါး မဟာနတ်ဘုရားစွမ်းရည်၊ နတ်ဖီးနစ်မဟာနတ်ဘုရားစွမ်းရည်၊ စသည်တို့ကဲ့သို့ နတ်ဘုရားစွမ်းရည်များက အလွန်ရှားသည်။

ကျွင်းရှောင်ယောက်၏ အနေအထားဖြင့်ပင် ဤနတ်ဘုရားစွမ်းရည်မျိုးကို ပေါ့ပေါ့တန်တန်မထားနိုင်ပေ။ သူ အလေးအနက်ထားရမည်။
   
"အဲဒါက ရှေ့မှာပဲ"
ကျွင်းရှောင်ယောက်လည်း ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။
   
လမ်းတစ်လျှောက်တွင် မိုးကြိုးစွမ်းရည်နှင့် အရိုးစုသတ္တဝါများက ပိုများလာသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now