611 - 615

469 53 0
                                    

အခန်း ( ၆၁၁ ) ကျွင်းရှောင်ယောက်၏ ကြီးစိုးမှု၊ ကောင်းကင်တံတားကျောက်ဝိညာဉ်ကို သန့်စင်ခြင်း။

"အိုး၊ သူတော်စင်ဝိညာဉ်ကျွန်းက သူတော်စင်ဝိညာဉ်လေးလား"
ကျွင်းရှောင်ယောက်က တည်ငြိမ်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။

သူတော်စင်ဝိညာဉ်ကျွန်းအကြောင်းကို သူကြားခဲ့ဖူး၏။

၎င်းက သူတော်စင်ဝိညာဉ်များချည်း ဖွဲ့စည်းထားသော အင်မော်တယ်အင်အားစု ဖြစ်သည်။
   
ဤအင်အားစုသည် အလွန်ထူးဆန်း၏။ ၎င်းတို့က မည်သည့် အင်မော်တယ်နယ်မြေကြီးကမှ မဟုတ်ဘဲ ဟင်းလင်းပြင်တွင် လွင့်မျောနေသော သူတော်စင်ဝိညာဉ်ကျွန်းတွင် နေထိုင်သည်။

ဤအင်မော်တယ်အင်အားစုသည် အဖွဲ့ဝင် အလွန်နည်းသော်လည်း တစ်ဦးစီက တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်းကြသည်။ ၎င်းတို့ တစ်ဦးစီက အတိတ်နှင့် ပစ္စုပ္ပန်ကို ထိတ်လန့်စေနိုင်သော တည်ရှိမှုတစ်ခု ဖြစ်ချေသည်။

မဟုတ်လျှင်လည်း ၎င်းတို့ သူတော်စင်ဝိညာဉ်မျိုးနွယ်ကို မိုးကောင်းကင်မှ မျက်နှာသာပေးသည်ဟု အဘယ်ကြောင့် ဆိုရပါမည်နည်း။
   
ဟုတ်သည်၊ ကျွင်းရှောင်ယောက်၏ အမြင်မှာတော့ ဤမျှသာ။
   
အခြား အင်မော်တယ်အင်အားစုများက သူတော်စင်ဝိညာဉ်ကျွန်းကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နေနိုင်သည်။
 
သို့ရာတွင်၊ သူ ကျွင်းရှောင်ယောက်ကတော့ လုံးဝ မကြောက်ပေ။

သူတော်စင်ဝိညာဉ်ကျွန်းက မည်မျှပင် အားကောင်းသည်ဖြစ်စေ၊ ၎င်းတို့၏ အရေအတွက်က နည်းပါးလွန်းလှသည်။ နာမည်ဂုဏ်သတင်းက ဘာမျှလုပ်၍မရပေ။
  
ဆန့်ကျင်ဘက်အနေဖြင့် ကျွင်းမိသားစုကတော့ သူတို့နှင့်မတူပါ။ ပါရမီရှင်အသစ်များ မွေးဖွားနေသလို ကျွမ်းကျင်သူကလည်း အလွန်ပေါများသည်။

အဓိပဓိနယ်ပယ်နှင့်အထက် ဘိုးဘေးများချည်း ဆယ့်ရှစ်ဦးအထိ ရှိကြသည်။
 
ယင်းက ကျွင်းမိသားစု၏ လျှို့ဝှက်သွေးမျိုးဆက်ကို ထည့်မတွက်သေးပေ။
 
အတိုချုပ်ပြောရလျှင် သူတော်စင်ဝိညာဉ်ကျွန်းက အလွန်အားကောင်းသော်လည်း ကျွင်းရှောင်ယောက်ကို ကြောက်လန့်စေရန် အရည်အချင်းမပြည့်မီသေးပေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now