အပိုင်း ၃၂၁ မှ ၃၂၅

487 54 3
                                    

အခန်း ( ၃၂၁ ) အားလုံးကို သတ်ဖြတ်ခြင်း၊ ကျွင်းရှောင်‌ယောက်နှင့် နောက်ခံခြင်း ယှဉ်ဝံ့ကြသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းလှိုင်းများက အရာအားလုံးကို ဖြတ်ကျော်သွားသည်။

ဤသည်မှာ ချွယ်ထျန်းနှင့် အခြားပါရမီရှင်များ၏ ပူးပေါင်းတိုက်ခိုက်မှုပင်တည်း။ ဤတိုက်ခိုက်မှုကို နတ်မီးတောက်နယ်ပယ် ကြီးမားသော ပြီးပြည့်စုံမှုမှ ကျွမ်းကျင်သူပင် ပေါ့ပေါ့ဆဆ ရင်ဆိုင်ရန် မဖြစ်နိုင်ပါချေ။

သို့သော်လည်း နောက်အခိုက်တွင် ချွယ်ထျန်းနှင့် အခြားသူများ ရှော့ရသွားခဲ့ပုံရသည်။

စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွားပြီးသောအခါ ကျွင်းရှောင်ယောက်ကို ပြန်မြင်လာရ၏။ ကျွင်းရှောင်ယောက်၏ အဖြူရောင်အဝတ်အစားပင် ဖုန်မှုန့်များ မစွန်းထင်းဘဲ ပေါ့ပါးစွာ မတ်တပ်ရပ်နေခဲ့ပေသည်။

ဤတိုက်ခိုက်မှုအောက်တွင် သူ့လက်တစ်ချောင်းပင် မလှုပ်ရှားခဲ့ပေ

"မဖြစ်နိုင်ဘူး၊ အပြင်လူသားက ဒီလိုစွမ်းရည် ဘယ်လိုရှိနိုငိတာလဲ"
ကုန်းမင်လန်က သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဒါက ခုခံရေး ပညာရပ်တစ်မျိုးပဲလား"
ကူချီလည်း မယုံကြည်နိုင်ဖြစ်ကာ အော်ဟစ်လိုက်၏။

"မဖြစ်နိုင်ဘူး၊ သူက ဘာမှမလုပ်ခဲ့ဘူး၊ ခုခံရေးမှော်ရတနာကိုလည်း မထုတ်သုံးခဲ့ဘူး"
ချွယ်ထျန်းက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်လေသည်။

ဤမြင်ကွင်းသည် အလွန်ထူးဆန်းပေရာ ချွယ်ထျန်းနှင့် အခြားသူများအားလုံး အံ့ဩသွားကြ၏။

၎င်းတို့အပြင် ကျွင်းရှောင်ယောက်၏အနောက်မှာ ရပ်နေခဲ့သော စန်းယွဲ့သည်ပင် အနည်းငယ် စိတ်ရှုပ်ထွေးနေတော့သည်။
   
'တိုက်ခိုက်မှုတွေက သခင်လေးဆီကို ရောက်လာတဲ့အခါ ဘာဖြစ်လို့ အလိုလို ပျောက်ကွယ်သွားခဲ့တာလဲ'
စန်းယွဲ့လည်း လုံးဝ နားမလည်ပါချေ။

ကျွင်းရှောင်ယောက်က လျှို့ဝှက်ဆန်းကြယ်လွန်းသည်ဟုသာ ခံစားရပြီး နည်းလမ်းအမျိုးမျိုးကိုမြင်ကာ အမြင်ကျယ်လာခဲ့ရသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now