အပိုင်း ၂၅၁ မှ ၂၅၅

553 52 0
                                    

အခန်း ( ၂၅၁ ) ဖန့်ဟန်ကို သတ်ခြင်း၊ ကျွင်းရှောင်ယောက်ကို ဒေါသထွက်စေသည့်အတွက် ပေးဆပ်ရခြင်းမှာ သေဆုံးခြင်းပင်။ 

ထိုရှေးဟောင်းဓားက ပန်ဟွမ်နှစ်များဓား၊ ပန်ဟွမ်အသက်ဓားတို့နှင့် ဆင်တူသည်။

ဓားတစ်ခုလုံးက ဟင်းလင်းပြင် စွမ်းအားများဖြင့် ပြည့်နှက်နေ၏။

ရေဝဲကြီးက ပန်ဟွမ်ဟင်းလင်းပြင်ဓားကို မူလအဖြစ်ထားပြီး လည်ပတ်နေခြင်း ဖြစ်သည်။
   
ပန်ဟန်ဟင်းလင်းပြင်ဓားနှင့် နီးကပ်သွားသော မည်သည့်အရာမဆို တိုက်ရိုက် အပိုင်းပိုင်း ပြတ်သွားပေလိမ့်မည်။

ရန်ပန်က ပန်ဟွမ်ဟင်းလင်းပြင်ဓားကို ရှေးဟောင်းနန်းတော်အတွင်း၌ ရှိနေမည်ဟု ထင်ထားခြင်း ဖြစ်သည်။ တကယ်တမ်းတွင် ဓားက ကူရွှီခွန်၏ ခန္ဓာထဲတွင်ရှိနေမညိဟု အိပ်မက်ပင် မက်ခဲ့ဖူးမည်ဟု မထင်ပေ။

'ငါ့မှာ ပန်ဟွမ်နှစ်များဓားရှိပြီး ပန်ဟွမ်ဟင်းလင်းပြင်ဓားကလည်း အရှေ့မှာရှိနေပြီ။ ငါသာ ရန်ပန်ကိုသတ်ပြီး ပန်ဟွမ်အသက်ဓားကို ယူလိုက်မယ်ဆိုရင် ဓားသုံးချောင်းကို ပေါင်းစပ်ပြီး ပန်ဟွမ်ဧကရာဇ်ဓားကို ရလာတော့မှာ'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

ဧကရာဇ်လက်နက်များ၊ မဟာဧကရာဇ်လက်နက်များမှာ အလွန်အစွမ်းထက်သည်။
 
ယင်း၏စွမ်းအားကလည်း စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။

ပန်ဝူဧကရာဇ်သခင်နှင့် ပန်ဝူနတ်ဘုရားမင်းဆက်၏ အခြားသူများအနေဖြင့် ပန်ဟွမ်ဧကရာဇ်ဓားကို အမှန်တကယ် ရခဲ့သူက ရန်ပန်မဟုတ်ဘဲ ကျွင်းရှောင်ယောက်ဖြစ်နေမည်ဟု အိပ်မက်ပင် မမက်ဖူးမှာကို ကြောက်ရသည်။

ကျွင်းရှောင်ယောက်က ပန်ဟွမ်ဟင်းလင်းပြင်ဓားအနားသို့ ချဉ်းကပ်သွားသည်။
   
ပန်ဟွမ် ဟင်းလင်းပြင်ဓားကလည်း အန္တရာယ်တစ်မျိုးကို အလိုလိုသိနေပုံရ၏။

၎င်းပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မုန်တိုင်းက ပို၍သန်မာလာတော့သည်။

ထိုအခါ ကျွင်းရှောင်ယောက်က ပန်ဟွမ်နှစ်များဓား၏စွမ်းအားကို လှုံ့ဆော်ပေးလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now