အပိုင်း ၁၃၁ မှ ၁၃၅

659 53 2
                                    

အခန်း ( ၁၃၁ ) မိုးပြာနဂါးသခင် ကျဆုံးခြင်း၊ အင်မော်တယ်နယ်မြေကြီးကို တုန်လှုပ်စေသော ရှေးဟောင်းဘုရင်မ၊ ကျွင်းရှောင်ယောက်ကို သတ်မယ်။

ရှောင်ချန်း၏ မျက်လုံးများ တုန်လှုပ်သွားသည်။

ကံကောင်းခြင်း၏သားတော်အဖြစ် သတ်မှတ်ခံရသူတစ်ယောက်ပီပီ သူ၏ ခွန်အားကလည်း အားမနည်းပါ။

သို့တိုင် မင်းသမီးလုံကျိ အရှေ့မှောက်တွင်ကား နိမ့်ကျမှုကို ခံစားနေရဆဲပင်။

သူ့သွေးမျိုးဆက်မှ ထွက်ပေါ်လာသော ဖိအားက ရှောင်ချန်းကို မြေပြင်ပေါ်တွင် ဒူးထောက်စေပြီး လုံးဝမထနိုင်တော့ပါချေ။

'ကြောက်စရာပဲ၊ သူ့သွေးမျိုးဆက်က ဘယ်လောက်တောင် သန်မာတာလဲ၊ ငါ့ရဲ့ အဓိပဓိသွေးမျိုးဆက်တောင် အဲဒါနဲ့ မယှဉ်နိုင်ဘူး'
ရှောင်ချန်း အနည်းငယ်စိတ်ပျက်သွားကာ တွေးလိုက်မိသည်။

သူ၏ စွမ်းဆောင်မှုက အစေခံတစ်ယောက်ကဲ့သို့ ဖြစ်နေရကာ လုံးဝ သည်းမခံနိုင်လောက်အောင်ပင်။

"ဟမ့်၊ ဒီလူက တော်ဝင်မင်းသမီးနဲ့ ညှိနှိုင်းချင်တာလား။ သေချင်နေပြီထင်တယ်"
နဂါးပြာဗိုလ်ချုပ်က ရှောင်ချန်းကို အေးစက်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူ့လက်ကို မြှောက်လိုက်သောအခါ သန့်စင်ခြင်းသခင် စွမ်းအားများ ထွက်ပေါ်လာပြီး ရှောင်ချန်းအား ရိုက်သတ်ရန်ဟန်ပြင်လိုက်၏။

ရှောင်ချန်းလည်း အံကြိတ်ထားကာ သူ့မျက်နှာမှာလည်း ထိတ်လန့်မှုကြောင့် ဖြူရော်လာတော့သည်။

"ခဏနေဦး"
မင်းသမီးလုံကျိက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုအခါမှ နဂါးပြာဗိုလ်ချုပ်က လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။

"ဒီမင်းသမီးက ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းတတ်တဲ့ လူသားမျိုးနွယ်နဲ့ မတူဘူး။ သေမျိုးလေး၊ မင်းက ဒီနန်းတော်ကို ဖွင့်ဖို့ ကူညီပေးတဲ့အတွက် မင်းရဲ့ဆန္ဒကို သဘာဝအတိုင်း ဖြည့်ဆည်းပေးမယ်။"
မင်းသမီးလုံကျိက လျစ်လျူရှုစွာ ပြောလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now