မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မ...

By Ssinlet_aeri

599K 105K 11.1K

Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3... More

Description
အပိုင်း(၁)နိဒါန်း
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)Ouroboros
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၇)ပရမ်းပတာ
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉) ငါဘယ်သူလဲ
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)ပြောင်းရွှေ့စခန်း
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)ရောင်စုံကုဗတုံး
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း
အပိုင်း(၉၄)
အပိုင်း(၉၅)အလျှံအပယ်
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)လင်းလက်တောက်ပသော အချိန်များ
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄) အချပ်ပို
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)

အပိုင်း(၂၆)ပြောင်းရွှေ့စခန်း

6.4K 1.1K 156
By Ssinlet_aeri

『Unicode』

《ပြောင်းရွှေ့စခန်း》

"ကြိုဆိုပါသည် ကျစ်ယွီရှီ ။ ထျန်းချုံမှ ပြန်လည်ကြိုဆိုပါသည် "

ထျန်းချုံ၏ ရင်းနှီးနေသော ကြိုဆိုနှုတ်ဆက်သံ ထွက်ပေါ်လာသည် ။

အချိန်ခရီးသွားခြင်း၏ နောက်ဆက်တွဲဖြစ်သော မူးဝေပျို့အန်ခြင်းများမှ သက်သာစေရန် စက်ရုပ်လက်မောင်းသည် သူတို့အား အာဟာရဖြည့်စွက်ရည်တစ်ထုတ်ကို ကမ်းပေးလာသည် ။

ဒါက........စက်ဝန်း ထပ်စနေပြန်ပြီလား?

ကျစ်ယွီရှီသည် အာဟာရဖြည့်စွက်ရည်ကို လက်ခံယူလိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည် ။ သူ့မျက်လုံးထောင့်မှ သူ၏ အနက်ရောင်အင်္ကျီလက်ကို မြင်နေရသည် ။ ယင်းမှာ စောင့်ရှောက်သူများ ဝတ်သော အနက်ရောင်တိုက်ခိုက်ရေးယူနီဖောင်းဖြစ်၏ ။ သူသည် သွေးစွန်းနေသော အဖြူရောင်တီရှပ်ကို ဝတ်မထားတော့ချေ ။

မဟုတ် ။ သူတို့ထပ်ပြီး ပြန်မစတင်ခဲ့ပေ ။

ကျစ်ယွီရှီ၏ မှတ်ဉာဏ်များ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာသည် ။ သူအခုသိလိုက်သည်က သူတို့ ရွေးချယ်ခဲ့သော ဒုတိယနည်းလမ်းက အောင်မြင်သွားခဲ့သည်ဆိုတာပင် ။

ဒုတိယအခြေစိုက်ဌာန၌ စွမ်းအင်ကူးပြောင်းစက်များကို ပိတ်ပြီးနောက် တာဝန်မှာ အမှန်တကယ် မပြီးဆုံးသေးပေ ။ သူတို့သည် ကျောက်ဆူးမှတ်အသစ်ကို အစပျိုးလိုက်ကာ ပိုကြီးသောသံသရာစက်ဝန်းထဲရောက်သွားပြီး မနက် ၅:၃၀တွင် ပန်းခြံစီမံခန့်ခွဲရေးရုံး၌ပေါ်လာသော အနက်ရောင်နံရံနှင့် ရွမ့်ကျင်းအဆောက်အဦးတွင် ပေါ်လာသော ဒုတိယမြောက်အနက်ရောင်နံရံကို ဖန်တီးခဲ့သည်........သူတို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့် အနက်ရောင်နံရံများက စက်ဝန်းအသေးများရှိ သူတို့ကိုယ်တိုင်များစွာနောက်ကို ဆက်လက်လိုက်နေသည်ကို သူတို့ကြည့်နေခဲ့ရသည် ။ ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားခြင်းများ ပြီးသည့်နောက်တွင်တော့ သူတို့သည် တဖြည်းဖြည်း ပန်းတိုင်ကို ရောက်ခဲ့ကြသည် ။

Ouroborosသည် မရေမတွက်နိုင်သော သူတို့ပေါင်းများစွာ၏ စုပေါင်းကြိုးပမ်းမှုတို့ကြောင့် နောက်ဆုံးတွင်တော့ စက်ဝိုင်းအပြည့်ကို ဆွဲနိုင်ခဲ့သည် ။

ထိုအခါတွင်တော့ သူတို့ တာဝန်ကို အမှန်တကယ် ပြီးမြောက်သွားခဲ့သည် ။

တာဝန်ပြီးဆုံးသွားသည့်နောက်တွင်တော့ သူတို့သည် အမှောင်ထုထဲ ကျရောက်သွားရ၏ ။

ပြန်နိုးလာသောအခါ သူတို့သည် ထျန်းချုံမှ ပြန်ပေးဆွဲခံရကာ သတိပေးအချက်ပေးသံများ မြည်နေသည့်အချိန်ကို ပြန်ရောက်သွားမှန်း သိလိုက်ရသည် ။  စမှတ်ကို ပြန်ရောက်သွားသော အခြားသူတို့နှင့်လည်း အောင်မြင်စွာ အတူတကွစုပေါင်းသွားပြီဖြစ်၏ ။

စုန့်ချင်းလန်ပြောခဲ့သည့်အတိုင်း ရလဒ်က  မျှော်မှန်းထားသည်ထက် ပိုကောင်းနေခဲ့သည် ။

တစ်ချိန်တည်း တစ်နေရာတည်းတွင် ပေါ်လာခဲ့ခြင်းကြောင့် အပြိုင်အချိန်လမ်းကြောင်းနှစ်ခုမှ သူတို့သည် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲမသွားခဲ့ချေ ။

PU-31မှ အရာအားလုံးသည် အိပ်မက်ဆိုးကဲ့သို့ပင် ။ ဖုတ်ကောင်များ ၊ ဗီဇပြောင်းအရာများ ၊ ကမ္ဘာပျက်ဘေး.....၎င်းနှင့်ပတ်သက်သည့် အမှတ်တရဆိုးများရှိနေသည်မှလွဲ၍ ဤအရာများအားလုံး မဖြစ်ပျက်ခင်အချိန်မှ သူတို့မူလပုံစံအတိုင်း ရှိနေခြင်းမှာ သူတို့သည် အာကာသယာဥ်ထဲမှ ဘယ်တုန်းကမျှ မထွက်ခဲ့ဘဲ PU-31သို့ လုံးဝ မရောက်ခဲ့သည့်နှယ် ။

၎င်းမှာ ပြီးပြည့်စုံသော အချိန်နှင့်အာကာသ အနုကြမ်းစီးမှုတစ်ခုဖြစ်ခဲ့သည် ။

ဒါပေမဲ့......အခု ဘာတွေဖြစ်နေတာလဲ?

သူတို့ရဲ့ Aအဆင့်မစ်ရှင် ပြီးအောင်လုပ်ဖို့ သွားတဲ့လမ်းမှာ ရှိနေသင့်တာမဟုတ်ဘူးလား?

ကျစ်ယွီရှီ သူ၏အာကာသယာဥ်ငယ်တံခါးကို ဖွင့်လိုက်ရာ မျက်စိကျိန်းလောက်သည့် အဖြူရောင်အလင်းနှင့် ကြုံ၏ ။

သူသည် အလင်းစူးစူးနှင့် အသားကျသွားပြီးသည့်နောက် ဤနေရာက ကြီးကြပ်ကွပ်ကဲရေးစင်တာနှင့် တူညီနေကြောင်း သူနားလည်သွားခဲ့သည် ။

"အစ်ကိုဝမ် ! ကျွန်တော်တို့ တာဝန်ပြီးသွားပြီ!" လီချွင်းတစ်ယောက် ဝမ်းသာမျက်ရည်များပင် ကျလုမတတ် ။ သူသည် လက်မောင်းကို သွမ့်ဝမ်၏လည်ပင်းတစ်လျှောက် သိုင်းဖက်လိုက်ကာ စိတ်လှုပ်ရှားစွာ ​အော်ဟစ်လာ၏ ။ "ကျွန်တော်တို့ အဲ့ကိုပြန်သွားတော့မှာ မဟုတ်ဘူးကွ ! "

"အေး! ဘယ်တော့မှ ထပ်မသွားတော့ဘူး !" သွမ့်ဝမ်က လှည့်ကြည့်လာသည် ။ "အကြံပေးကျစ်!"

အကုန်လုံးသည် အနည်းငယ်စိတ်လှုပ်ရှားနေကြသည် ။

ကျစ်ယွီရှီ အာကာသယာဥ်ငယ်ထဲမှ ထွက်လာသည်ကို မြင်သောအခါ အဖွဲ့ထဲရှိလူတိုင်းသည်  သူ့အား လေပေါ်မြှောက်ပင့်ကာ အောင်ပွဲခံဖို့ မစောင့်နိုင်တော့ချေ ။

သို့သော် အင်မတန်မသင့်လျော်လှ ။

သူတို့သည် ဘေးချင်းယှဥ်တိုက်ခိုက်ခဲ့ကြပြီး သေရေးရှင်ရေးအခြေအနေများကို အတူတကွ ဖြတ်ကျော်ခဲ့ကြလျှင်တောင် ကျစ်ယွီရှီ သူတို့ကိုပေးစွမ်းသော ခံစားချက်က မတူကွဲပြားနေသေးသည် ။

အခြားကမ္ဘာ၌ ကျစ်ယွီရှီ သူတို့အတွက် လုပ်ပေးခဲ့သောကိစ္စရပ်များက အသိသာချည်းပင် ။ သူသည် ကင်းထောက်တစ်ယောက် လုပ်ရမည့်အလုပ်ကို သာလွန်အောင် လုပ်နိုင်ရုံသာမက ထူးချွန်သောတိုက်ခိုက်နိုင်စွမ်းများဖြင့် စောင့်ရှောက်သူတစ်ယောက်ဖြစ်ကြောင်းကိုလည်း ပြသခဲ့လေသည် ။ သူ၏ တည်ငြိမ်မှုနှင့် ဇွဲနပဲကြီးမှုတို့က သူ့ပင်ကိုအသွင်အပြင်နှင့် ဆန့်ကျင်နေသည့်တိုင် သူနှင့် ထူးထူးဆန်းဆန်း လိုက်ဖက်နေသေးပြန်၏ ။

သူလုပ်သမျှ အပြုအမူဟန်ပန်တိုင်းက တစ်သီးတခြားဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်......ဘယ်လိုပြောရမလဲ ၊  အထက်တန်းစားတစ်ယောက်ရဲ့ ခံစားချက်လို?

ဘယ်လိုပဲဖြစ်ဖြစ် အနှီယောက်ျားရင့်မာကြီးများအုပ်စုနှင့် နှိုင်းယှဥ်လို့မရနိုင်ပေ ။

ဥပမာဆိုရလျှင် လုံခြုံသည့်နေရာသို့ ရောက်လာခဲ့တာတောင် ကျစ်ယွီရှီက လုံးလုံး စိတ်အေးလက်အေးမနေပေ ။

သူသည် နေရာတစ်လျှောက်ကို ဝေ့ဝိုက်ကြည့်နေ၏ ။ သူ့မျက်လုံးထဲ ဝင်လာသည့်အရာများက တောက်ပသောအလင်းရောင်များ ၊ ကြီးမားသည့် ထိန်းချုပ်စနစ်ဘောင်ကွက်တစ်ခု ၊ ဟိုလိုဂရပ်ဖစ်မျက်နှာပြင်နှင့် အခြားဘယ်သူမျှမရှိ.......ခဏနေပါအုံး ။

"ခေါင်းဆောင်စုန့်!" ကျစ်ယွီရှီက ရုတ်တရက်စကားစလာသည် ။ "ဒီနေရာက ကျွန်တော်တို့ရဲ့ ကြီးကြပ်ကွပ်ကဲရေးစင်တာမဟုတ်ဘူး "

စုန့်ချင်းလန်သည်လည်း ထျန်းချုံစနစ်ရဲ့ ကြိုဆိုနှုတ်ခွန်းဆက်သံထွက်လာသောကြောင့် ဤအဖြစ်ကို သတိထားမိခဲ့သည် ။

ကျစ်ယွီရှီပြောလာသည်ကို ကြားသော် စုန့်ချင်းလန်က အကျင့်အရ ဆက်သွယ်ရေးစက်ကို ကြည့်လိုက်ပြီး ပြော၏ ။ "မင်းပြောတာ ဟုတ်တယ် ။ အချိန်ပုံစံက ဒီမှာ အမှားကြီးပြနေတယ် ။ ဒီနေရာရဲ့ လက်ရှိကိုသြဒိနိတ်ကို ဆုံးဖြတ်လို့မရဘူး "

ထိုစကားများကိုကြားသောအခါ အကုန်လုံး စိတ်တုန်လှုပ်လာကြသည် ။ PU-31မှ သူတို့၏အတွေ့အကြုံများက လူတိုင်း၏စိတ်ထဲတွင် အရိပ်မည်းကြီးအဖြစ် ကျန်ရစ်နေခဲ့သည် ။ ဒီနေရာသည်လည်း PU-31ကဲ့သို့ နောက်ထပ်ခပ်ဆင်ဆင်နေရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည် ။

ကျစ်ယွီရှီသည်လည်း သူ့လက်ကိုမြှောက်ကာ ဆက်သွယ်ရေးစက်ကို လှမ်းကြည့်လိုက်သည် : [××××.××.××]

ကိုသြဒိနိတ်အမှတ်များ မရှိပေ ။

အချိန်နှင့်အာကာသခရီးသွားများအတွက်  အချိန်တစ်ခုတည်းကသာ သူတို့၏လက်ရှိကိုသြဒိနိတ်ကို အတည်ပြုနိုင်သည့် နည်းလမ်းဖြစ်သည် ။

ကိုသြဒိနိတ်အမှတ်များ မရှိခြင်းက အလွန်အရေးကြီးသောကိစ္စဖြစ်ပြီး ကူးပြောင်းသူများက အချိန်နှင့်အာကာသထဲတွင် လမ်းပျောက်သွားနိုင်ပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့တာပင် ဖြစ်နိုင်၏ ။

"ဖာခ့် " သွမ့်ဝမ်က တံခါးတစ်ချက်ကို ဖွင့်လိုက်ကာ အပြင်ကို တစ်ချက်ကြည့်လိုက်သည် ။ လူတိုင်း၏စိတ်ထဲတွင်ရှိနေသော စကားလုံးကို တစ်ဖွဲ့လုံးကိုယ်စား သူကပြောလာသည် ။

သူသတင်းပြန်ပို့လာသည်က "ခေါင်းဆောင်စုန့်..ကျွန်တော်တို့ သောက်ကျိုးနည်းကို မြေကြီးပေါ်ရှိနေတဲ့ပုံ မပေါ်ဘူး"

လီချွင်းနှင့် ထန်းလဲ့သည်လည်း တံခါးတချို့ကိုဖွင့်ကြည့်ကာ အောက်သို့ ငုံ့ကြည့်နေသည် ။

"အပြင်မှာ မှောင်မည်းနေရော ။ အောက်မှာ ဘာမှမရှိတဲ့ပုံပဲ !"

"ကျွန်တော်တို့ ဘေးပတ်ပတ်လည်မှာလဲ ဘာမှမရှိဘူး !"

စုန့်ချင်းလန်က မျက်မှောင်ကြုတ်လိုက်ပြီး စစ်ဆေးရန် လျှောက်လာ၏ ။

"ဒါဘယ်နေရာလဲ?"

"ကျွန်တော်တို့ စက်ဝန်းကို ဖောက်ထွက်ခဲ့ပြီ မဟုတ်ဘူးလား?"

"မဖြစ်နိုင်တာ..အဲ့လောက်အများကြီး လုပ်ခဲ့ပြီးမှ ပြန်စနေပြန်ပြီလား?"

ထန်းချီ : "ခေါင်းဆောင်စုန့် ! ဒီမှာကြည့်!"

အကုန်လုံး ထိန်းချုပ်ဘောင်ကွက်သို့ ပြန်ရောက်လာကြပြီး ဟိုလိုဂရပ်ဖစ်မျက်နှာပြင်ထက်တွင် ပေါ်နေသော စာကြောင်းကို မြင်လိုက်ရသည် ။

[ဂုဏ်ယူပါသည် ! ကြယ်ခေတ် ၁၄၅၆ခုနှစ်မှ စောင့်ရှောက်သူများ ၊ သင်တို့သည် ပထမဆုံး အထူးSအဆင့်မစ်ရှင်ကို အောင်မြင်သွားပြီး နောက်ထပ်မစ်ရှင်တစ်ခု ပွင့်ပါတော့မည် ]

လူတိုင်း၏နှလုံးသားများ အေးခဲသွားရသည် ။ ဒါကဘာကိုဆိုလိုတာလဲ?

"မင်းကဘယ်သူလဲ?" စုန့်ချင်းလန်က မျက်နှာပြင်ကို မျက်နှာမူရင်း မေးလိုက်သည် ။

သူတို့အချိန်ကာလအစောပိုင်း၌ ထျန်းချုံစနစ်မှာ AIအသံစနစ်ကို အသက်သွင်းနိုင်နေပြီးဖြစ်သည် ။ အသေအချာပင် ၊ မေးခွန်းကို ကြားသည်နှင့် ၎င်းစနစ်က အသက်ဝင်လာတော့သည် ။

"ကျွန်ုပ်က ထျန်းချုံပါ"

စနစ်၏ အသံမှာ အလွန်ညင်သာ၏ ။ အမျိုးသမီးအသံတစ်ခုဖြစ်သည် ။

စုန့်ချင်းလန်သည် ဒေါသကြောင့် လှောင်ရယ်မိလုမတတ်ပင် ။ "ဘယ်ခေတ်က ထျန်းချုံလဲ?"

စနစ် : "အကြမ်းဖျင်းပြောရရင် ခေတ်တိုင်းရဲ့ထျန်းချုုံဖြစ်ပါတယ်"

ခေတ်တိုင်းရဲ့ထျန်းချုံ?

လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည် ။

စုန့်ချင်းလန်သည် ၁စက္ကန့် ၂စက္ကန့်မျှ ရပ်တန့်သွားသော်လည်း သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်ကာ ထပ်မံမေးမြန်း၏ ။ "နောက်တစ်မျိုးပြောရရင် Ouroboros မစ်ရှင်ကို မင်းလုပ်ထားပြီး ငါတို့ဒီကို ရောက်နေရတာကလဲ မင်းနဲ့ပတ်သက်နေတာလား?"

စနစ် : "ဟုတ်ပါတယ်"

စုန့်ချင်းလန်လေသံက အင်မတန်အေးစက်နေ၏ ။ "ဒါဘယ်နေရာလဲ?"

စနစ် : "ဒီနေရာက ကျွန်ုပ်ရဲ့အချိန်နှင့်အာကာသပြောင်းရွှေ့စခန်းပါ ။ ဒီမှာ သင်တို့အနားယူ ၊ လေ့ကျင့် ၊ စားသောက်နိုင်ပါတယ် ။ ဒီနေရာမှာ ရိက္ခာပစ္စည်းလုံလုံလောက်လောက်ရှိလို့ နောက်ထပ်မစ်ရှင်ကို ဆက်မသွားခင် ကောင်းကောင်းအသုံးပြုကြဖို့ အကြံပေးပါတယ် "

နောက်ထပ်မစ်ရှင် ရှိသေးတာလား?!

ဤအကြောင်းအရာကိုကြားသော ကျိုးမင်ရွှမ်းက ချက်ချင်းပြန်မေးလိုက်၏ ။ "ငါတို့ ဘယ်လိုပြန်သွားရမှာလဲ?"

စနစ် : "မစ်ရှင်တစ်ခု ပွင့်သွားပါပြီ ။ ကျေးဇူးပြု၍ တိကျတဲ့ သတင်းအချက်အလက်ပိုမိုရရှိရန် မစ်ရှင်များကို ထပ်ဖွင့်ပေးပါ "

"ဖာခ့်!"

"ဒါမလွန်လွန်းဘူးလား?!"

"ဘာကြီးလဲကွာ?!!"

"ယုံတောင်မယုံနိုင်ဘူး!!"

အဖွဲ့သည် ဒေါသတကြီးပေါက်ကွဲလေတော့သည် ။

ထန်းလဲ့က သူ့အစ်ကိုကို ပြောနေ၏ ။ "ငါဘယ်တော့မှ ထပ်ပြီး အလံမထောင်တော့ဘူး ။ မထွက်လာခင်တုန်းက အကြံပေးကျစ်ကိုတောင် နောက်နေ့ပြန်ရောက်လောက်ပြီလို့ ငါပြောခဲ့သေးတာ "

ထန်းချီတစ်ယောက် ဆွံ့အသွားရကာ : "....."

ယခုအချိန်ထိ အသံတိတ်နေခဲ့သော ကျစ်ယွီရှီက​ ပြောသည် ။ "ဘာလို့ ကျွန်တော်တို့ကို ရွေးခဲ့တာလဲ?"

အကုန်လုံး စိတ်တည်ငြိမ်သွားလေသည် ။ ကျစ်ယွီရှီက အလွန်အရေးကြီးသည့် မေးခွန်းကို မေးလိုက်သည်ပင် ။

သူ၏ သာမန်ထက်ထူးကဲသော မှတ်ဉာဏ်နှင့် လေ့လာဆန်းစစ်နိုင်စွမ်းများကြောင့် သူတို့သည် မသိလိုက်သည့်အချိန်တစ်ခုတွင် အဖွဲ့၏နောက်ထပ် ပင်မထောက်တိုင်အဖြစ် သူ့အား မသိလိုက်မသိဘာသာ သတ်မှတ်ထားကြပြီးဖြစ်သည် ။

စနစ်သည် ထပ်မံမပြောလာခင် အချက်ရေအနည်းငယ် တဖျက်ဖျက်ဖြစ်နေ၏ ။ "သန်းပေါင်း ၁၇၀ကျော် တွက်ချက်မှုများအရ စောင့်ရှောက်သူအဖွဲ့အကုန်လုံးကြားမှာ သင်တို့အဖွဲ့အောင်မြင်နှုန်းက ပျှမ်းမျှထက် မြင့်နေပါတယ် "

လူတိုင်း : "......."

ဒီလိုသတင်းကောင်းမျိုးက သူတို့ကို လုံးဝ မပျော်စေပါဘူးနော် !

စုန့်ချင်းလန် : "နောက်မစ်ရှင်ကဘာလဲ?"

စနစ်က "အရင်ဆုံး အနားယူပြီးမှ နောက်မစ်ရှင်ကို ဖွင့်ရန် အကြုံပြုပါသည် "ဟု ဆိုလာ၏ ။

ထို့နောက်တွင်တော့ ဟိုလိုဂရပ်ဖစ် မျက်နှာပြင်သည် မည်းမှောင်ကာ ပျောက်ကွယ်သွားတော့သည် ။

ဤသည်မှာ တိုက်ရိုက်ကြီးကို အချိန်နှင့်အာကာသ အနုကြမ်းစီးမှု ပြဿနာဖြစ်နေသည် ။

လူတိုင်းသည် [Ouroboros]မစ်ရှင်ကို ပြီးမြောက်အောင်လုပ်နိုင်သရွေ့ သူတို့၏အာကာသယာဥ်များ ကြားဖြတ်လုခံရသည့် အချိန်ကိုပြန်ရောက်သွားပြီး ၁၄၆၀ခုနှစ် ရှီကျင်းမြို့ကို အောင်အောင်မြင်မြင် ရောက်သွားလိမ့်မည်ဟု ထင်ထားခဲ့သည် ။

ထိုအခါ သူတို့၏မူလ ထျန်းချုံကြီးကြပ်စင်တာနှင့် အဆက်အသွယ်ရကာ နဂိုAအဆင့်မစ်ရှင်ကို အောင်မြင်ပြီးနောက် သူတို့အချိန်ကာလကို ပြန်သွားနိုင်လိမ့်မည် ။

ထိုအခြင်းအရာကြောင့် အရာအားလုံးသည် ပန်းတိုင်အတည်တကျ ရှိနေခြင်းပင် ။

သို့သော် အမှန်က ထိုသို့မဟုတ်ခဲ့ ။

သူတို့ ဘယ်တော့ပြန်သွားနိုင်မည်ဆိုတာကို သိချင်လျှင် နောက်ထပ်မစ်ရှင်များကို ဖွင့်နေရလိမ့်မည် ။ ထိုသို့မဟုတ်ပါက သူတို့အားလုံး  ဤပြောင်းရွှေ့စခန်းတွင်သာ ပိတ်မိနေလိမ့်မည် ။

အကုန်လုံးသည် ရုပ်ပိုင်းစိတ်ပိုင်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်ပြီး လက်ရှိအခြေအနေက သူတို့ခေါင်းပေါ် ရေအေးတစ်ပုံးလောင်းချသွားသည် ။ သူတို့ လုံးဝ ကြောင်အမ်းနေခဲ့ကြ၏ ။

ကျစ်ယွီရှီ၏ မျက်နှာမှာ မီးချောင်းမှအလင်းရောင်များကြောင့် လင်းလက်နေသည် ။ သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် လမ်းလျှောက်ထွက်သွားလေ၏ ။

ထန်းလဲ့က မေးလိုက်သည် ။ "အကြံပေးကျစ်..ဘယ်သွားမလို့လဲ?"

ကျစ်ယွီရှီက ရပ်သွားပြီးနောက် သူတို့အား ထူးဆန်းစွာ ကြည့်လာသည် ။ "စားဖို့ တစ်ခုခုသွားရှာမလို့ ။ မင်းတို့ ဗိုက်မဆာကြဘူးလား? "

လူတိုင်း : "........."

အဲ့တော့ ဉာဏ်ရည်မြင့်တဲ့လူတွေ အကုန်လုံးက မကောင်းဆိုးဝါးတွေလား?!

အကြံပေးကျစ်က တအားတည်ငြိမ်လွန်းနေတာ မဟုတ်ဘူးလား?!

သူတို့စက်ဝန်းအကြီး၌ရှိစဥ်က ကျစ်ယွီရှီသည် ရွှေကျီးကန် အမှတ် ၂မှ အခြေအနေအတိုင်း ရှိနေဆဲပင် ၊ ဝမ်းဗိုက်တွင် သေနတ်ထိထားကာ လက်မောင်းက ညိုမည်းစွဲနေပြီး အဖျားလည်း ရှိနေသေး၏ ။ ယခုချိန် အရာအားလုံးက သုညဆီ ပြန်ရောက်သွားသောအခါ သူ့ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများမှာ ပျောက်ကွယ်သွားပြီး သူစစထွက်လာချင်း အခြေအနေသို့ ပြန်ရောက်သွားခဲ့သည် ။

သို့သည့်တိုင် စိတ်ပိုင်းဆိုင်ရာအရ သူအနားမယူရသေးသည်မှာ အချိန်အတော်ကြာနေခဲ့လေပြီ ။ ယခုအချိန်၌ ကျစ်ယွီရှီသည် ပင်ပန်းကြောင်းပြရန်လည်း ဝန်မလေးခဲ့ချေ ။

"ကျွန်တော် အရမ်းပင်ပန်းနေပြီ " ကျစ်ယွီရှီက အသံတိုးတိုးဖြင့် ပြောလာ၏ ။ "တစ်ခုခုစားပြီးတော့ပဲ ကောင်းကောင်းအိပ်ပစ်လိုက်ချင်တော့တယ် "

ဤပြောင်းရွှေ့စခန်းတွင် အရာအားလုံးရှိနေသည်မှာ ခဲထားသော အမဲသားများနှင့် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များပင် ရှိနေသည် ။ ၎င်းတို့ကို အနှီလူမိုက်စနစ် ဘယ်နေရာကနေ ရလာသည်ဆိုတာ မသိရချေ ။

ကျစ်ယွီရှီပြောတာမှန်သည် ။ သူတို့မည်သည့်နေရာကိုမျှ မသွားနိုင်သဖြင့် အရင်ဆုံး အားပြန်ဖြည့်သည်က ပ်ိုကောင်းလေသည် ။

အားလုံးသည် သူတို့၏အစာအိမ်များကို ဖြည့်လိုက်ကြပြီး စိတ်ငြိမ်အောင်လုပ်ကာ  အနားယူရန် တစ်ယောက်တစ်ခန်းစီ ရှာလိုက်ကြသည် ။

ကျစ်ယွီရှီသည် သူ့အခန်းတံခါးခေါက်သံကို ကြားလိုက်ရချိန်တွင် ရေချိုးပြီးကာစ လှဲလျောင်းအနားယူရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည် ။

ယခုရောက်လာသည့်သူမှာ စုန့်ချင်းလန်ပေ ။

သူသည် အခန်းတံခါးဝ၌ ရပ်နေလျက် အထဲသို့ဝင်ရန် စိတ်ကူးမရှိပေ ။ "အကြံပေးကျစ်..ထျန်းချုံးရဲ့ကိုယ်ပိုင်အသိစိတ်ဆိုတာကို ကြားဖူးလား?"

စုန့်ချင်းလန်သည်လည်း ရေချိုးပြီးဖြစ်ကာ လေ့ကျင့်ရေးအခန်းမှ မီးခိုးရောင်တီရှပ်အသန့်တစ်ထည်ကို လဲဝတ်ထားလေသည် ။

သူအရပ်သည် အလွန်ရှည်ကာ ၁.၉မီတာထက် အနည်းငယ်ပိုမြင့်ပြီး သူ့ကြွက်သားများကလည်း ချောမွတ်ကာ အချိုးအစား ညီမျှလှသည် ။

ကျစ်ယွီရှီအတွက် စုန့်ချင်းလန်ကို သာမန်အဝတ်အစားဖြင့် မြင်ရခြင်းမှာ ပထမဆုံးဖြစ်သည် ။ သို့သော် စုန့်ချင်းလန်ထံမှရသည့် ဖိနှိပ်တတ်သော လူရမ်းကားခံစားချက်မှာတော့ အရင်ကအတိုင်း မလျော့ပါပေ ။

ကျစ်ယွီရှီက ပြော၏ ။ "ကြားဖူးတယ်"

ထူးဆန်းစွာပင် စုန့်ချင်းလန် သူ့အခန်းတံခါးရှေ့ ရောက်လာသည့်အချိန်တွင် PU-31က အခြားသူ့မှတ်ဉာဏ်များက ရုတ်တရက် ထွက်ပေါ်လာလေသည် ။

အဖွဲ့သားများ ပြောသကဲ့သို့ပင် ၊ အဖွဲ့B--အဖွဲ့၄မှ သူသည် စုန့်ချင်းလန်နှင့်အတူ ရွမ့်ကျင်းအဆောက်အဦးတွင် အခြားအဖွဲ့သားများနှင့် လူစုကွဲသွားပြီးသည့်နောက် ထိုအပြိုင်အချိန်လမ်းကြောင်းမှ သူတို့၏ဆက်ဆံရေးသည် အတော်ရင်းနှီးသွားခဲ့သည် ။

စာအုပ်ဆိုင်သို့ သွားရာလမ်းတွင် သူတို့သည် ဖုတ်ကောင်အုပ်လိုက်ကြီးကြောင့် ရွေးချယ်စရာမရှိဘဲ ကျဥ်းမြောင်းကာ ကျပ်ပိတ်နေသည့်အခန်းငယ်ထဲ ဝင်ပုန်းခဲ့ရမှန်း ကျစ်ယွီရှီ မှတ်မိသည် ။ ဘယ်လောက်ကျပ်ပိတ်နေလို့လဲ ? အနီးကပ်မျက်နှာချင်းဆိုင်ရပ်နေလျှင် နှစ်ယောက်သား အတောင့်လိုက်ရပ်ရုံသာတတ်နိုင်သော အကျယ်မျိုးပင် ။ အခြားအချိန်လမ်းကြောင်းတွင် စျေးရုံအသေးစားထဲက သူတို့အခြေအနေအတိုင်းဖြစ်သည် ။

ယခုသူတို့ရပ်နေသည့် အကွာအဝေးလောက်လည်း ဖြစ်နေ၏ ။

နှစ်ဦးသား ​ခြေတစ်လှမ်းသာ ရှေ့တိုးလိုက်ပါက အဲ့ဒီအချိန်တုန်းကမြင်ကွင်းကို ချက်ချင်းပြန်ပြုလုပ်နိုင်ပေလိမ့်မည် ။

စုန့်ချင်းလန်၏ နှုတ်ခမ်းများက အမှောင်ထဲတွင် သူ့နားရွက်များကို ထိလုမတတ်ဖြစ်နေခဲ့သည်ကို ကျစ်ယွီရှီအမှတ်ရမိသည် ။ သူ့လေသံမှာလည်း အလွန်တည်ငြိမ်နေပြီး "အကြံပေးကျစ်..မင်းငါ့ပေါ် တက်နင်းထားတယ်"

အပြင်ဘက်ရှိဖုတ်ကောင်များက တံခါးကို ကုတ်ခြစ်နေကြသည် ။ သူတို့သည် အတော်နီးနီးကပ်ကပ်ရပ်နေကြသဖြင့် အခြားတစ်ယောက်၏ခြေထောက်ကို တက်နင်းထားသည်က သိပ်တော့ မယဥ်ကျေးလှ ။ ကျစ်ယွီရှီက သူဖယ်ပေးသင့်သည်ဟု ခံစားလိုက်ရသည် ။

သို့သော် သူမဖယ်လိုက်ခင်ပင် သူ့နားရွက်ဘေးမှထွက်ပေါ်လာသော စုန့်ချင်းလန်၏အသံသြသြကို ကြားလိုက်ရသည် ။ "မရွှေ့နဲ့! နောက်တစ်ခါကျရင် မင်းကောင်းတာလေး မှတ်မိနေအောင် ငါ့ပေါ်တက်နင်းထားဖို့ မင်းကို ဒီအခွင့်အရေးပေးမယ် ။ အမြဲ အငြှိုးတွေပဲထားမနေပါနဲ့"

ကျစ်ယွီရှီ မဖယ်တော့ဖို့ ဆုံးဖြတ်လိုက်သည် ။ "အိုး"

"ပြောသာပြောရတာ " စုန့်ချင်းလန် အံကိုကြိတ်လိုက်ပြီးနောက် "မင်း တကယ်ကြီး အတော်ပြင်းပြင်း တက်နင်းနေတာပဲ"

သူ့မျက်စိရှေရှိ စုန့်ချင်းလန်မှာ သူအတွေးထဲနစ်နေသည်ကို သတိထားမိပုံမရဘဲ ဆက်ပြောလာ၏ ။ "အဲ့တာက အမှန်လို့ အခုသက်သေပြနိုင်သွားပြီ ။ ခေတ်တိုင်းရဲ့ထျန်းချုံဆိုတာက ကိုယ်ပိုင်အသိစိတ်ရှိတယ်လို့ တစ်ဖက်လှည့်ပြောနေတာပဲ ။ ငါခုနကတင် ငါတို့ရဲ့ကြီးကြပ်ကွပ်ကဲစင်တာကို ဆက်သွယ်ကြည့်ဖို့လုပ်ခဲ့ပေမဲ့ ကြားဖြတ်ခံလိုက်ရတယ် ။ သူပေးတဲ့ မစ်ရှင်တွေကို ငါတို့ မဖွင့်နိုင်ရင် ငါတို့အချိန်ဆီ ပြန်သွားနိုင်မှာမဟုတ်ဘူးလို့ အဲ့တာက ပြောနေတာ ဖြစ်လောက်တယ်"

ကျစ်ယွီရှီ : "..........ကျွန်တော်ပြန်သွားရမှဖြစ်မယ် ။ နောက်ခေတ်ကာလတစ်ခုမှာ ကျွန်တော်မနေနိုင်ဘူး ။ ကျွန်တော့်မှာ လုပ်စရာအများကြီး ရှိသေးတယ် "

လူတိုင်းအတူတူပင် တွေးကြလေသည် ။

စုန့်ချင်းသည်လည်း ထိုသို့တွေး၏ ။ "အဲ့တာဆို ငါတို့နောက်မစ်ရှင်ကို လုပ်ရလိမ့်မယ်"

ကျစ်ယွီရှီ ခေါင်းညိတ်လိုက်သည် ။

စုန့်ချင်းလန်က မျက်လုံးများကို အောက်ချရင်း သူ့ကိုငုံ့ကြည့်လာသော်လည်း နောက်ထပ် အကြောင်းအရာတစ်ခုကို ရုတ်တရက်အစပြုလာ၏ ။ "ဒါနဲ့ ရွှေကျီးကန်း အမှတ်၂က လောင်းကြေးစားကြေးကို ငါနိုင်သွားတယ်မလား?"

လောင်းကြေးစားကြေး?

အကယ်၍ မစ်ရှင်က ဒုတိယနည်းလမ်းနဲ့ပြီးသွားခဲ့ရင် တပ်ဖွဲ့၇ကို သူတရားဝင်ဝင်လာဖို့ အကြောင်းကို ပြောနေတာလား?

ကျစ်ယွီရှီ ငြင်းဆန်ချင်ခဲ့သည် ။

ပထမဆုံးမစ်ရှင်ကို အောင်မြင်ပြီးတာတောင် သူတို့သည် ပြန်မသွားနိုင်သေးပေ ။ အနှီတပ်ဖွဲ့မှာ မကောင်းတဲ့ ဖုန်းရွှေနှင့် ကံအယုတ်အညံ့တွေ ရှိနေလောက်သည် ။

"ငါတို့ပြန်ရောက်ရင် ငါ့ကိုအဖြေ​တစ်ခုပေးရမယ်" စုန့်ချင်းလန်က ဆိုသည် ။ "အဲ့ဒီကြောက်စရာမြင်ကွင်းတွေကိုပဲ တွေးမနေဘဲ ကောင်းကောင်းအနားယူ"

ထိုသို့ပြောပြီးနောက် သူသည် သူ့နောက်မှ ဝိုင်နီတစ်ပုလင်းနှင့် ဖန်ခွက်တစ်ခွက်ကို ထုတ်လိုက်သည် ။ "မင်းအိပ်မပျော်ရင် ဒါသောက်လိုက် ။ ကျိုးမင်ရွှမ်းကိုတော့ မမြင်စေနဲ့ ။ သူဒါအတွက် မင်းကို လာချနေလိမ့်မယ် "

"ကောင်းသောညပါ..အကြံပေးကျစ်"

"ဘုန်း---"

သိပ်မလင်းသော ကားမှာ ကြမ်းရမ်းစွာ လှုပ်ခတ်သွားသည် ။ ပြင်းထန်သော သေနတ်သံများကြားတွင် သူသည် ဓားမြောင်တစ်ချောင်းကို အသုံးပြုကာ သူ့လက်ကောက်ဝတ်တစ်ဝိုက်ရှိ နိုင်လွန်ကြိုးကို ဖြတ်တောက်နေခဲ့သည် ။

သူ၏ဝမ်းဗိုက်တွင် ထိခိုက်မှုတစ်ခုရှိနေ၏ ။ သူ့အသားထဲ စွမ်းအင်ကျည်ဆန် ဝင်ရောက်သွားသည့် ခံစားချက်မှာ နှေးကွေးထင်ရှားလှသည် ။ နှစ်စက္ကန့်မျှကြာပြီးနောက် ထိုနာကျင်မှုက ပျံ့နှံ့လာပြီး အလွန်ပြင်းထန်၏ ..........

သူသည် နာကျင်မှုကြောင့် ကုန်းညွတ်လိုက်မိသည် ။ အာကာသကားသည် လမ်းဘေးဘက်ရှိ အဆောက်အဦးများနှင့် ဝင်တိုက်သွားသည် ။

ကလေးမလေးသည် သူမအရုပ်ကို ကောက်ယူကာ အာကာသကားထဲ၌ မတ်တပ်ရပ်လာသည် ။

သူမခေါင်းကို လှည့်လာသောအခါ သူမ၏ မီးခိုးရောင်နောက်ကျိကျိမျက်လုံးများသည် ပြူးကျယ်ပွင့်ဟနေ၏ ။

ကျစ်ယွီရှီသည် ချွေးစေးများရွှဲနစ်ကာ အိပ်နေရာမှ လန့်နိုးသွားရသည် ။

သူသည် သူ့အင်္ကျီထဲသို့ လက်ထည့်ကာ ချောမွတ်သည့်ဝမ်းဗိုက်သားကို အလိုအလျောက်ထိလိုက်မိ၏.....ဒဏ်ရာမရှိပေ ။

ဤနေရာသည် တိတ်ဆိတ်သော ကြီးကြပ်ကွပ်ကဲစင်တာဖြစ်သည် ။ သူသည် သန့်ရှင်းပြီး သက်တောင့်သက်သာရှိသော အခန်းထဲတွင် ရှိနေသည် ။

သူ လုံခြုံဘေးကင်း၏ ။

သူသည် တစ်ယောက်အိပ်ခုတင်ထက် ထထိုင်လိုက်သည် ။ သူ့အောက်ရှိမွေ့ယာမှာ သူ့ကိုယ်အလေးချိန်ကြောင့် အောက်သို့နစ်ဝင်သွားခဲ့သည် ။ မှတ်ဉာဏ်နှင့်စိတ်ကူးများရောယှက်ထားသည့် အိပ်မက်ကြောင့် မမျှော်လင့်ဘဲ လန့်နိုးလာပြီးနောက် သူ့အိပ်ချင်စိတ်များက တစ်ခဏချင်း ပျောက်သွားရသည် ။ သူ့ခန္ဓာကိုယ်သည် အလွန်ပင်ပန်းနေကာ သူ့ခေါင်းသည် နာကျင်မှုဖြင့် ကိုက်ခဲနေ၏ ။ သူအနားယူဖို့ လိုအပ်နေခဲ့သည် ။

သူသည် ဆေးဘူးကို ထုတ်လိုက်ပြီးနောက် အခန်းထဲတွင် ရှာတွေ့သော ရေအချို့၏ အကူအညီနှင့်အတူ ဆေးတစ်လုံးကို မြိုချလိုက်သည် ။ ထို့နောက် သူသည် အိပ်ရာပေါ်တွင် နာရီပေါင်းများစွာ ဟိုလှိမ့်ဒီလှိမ့်လုပ်ပြီးနောက် အိပ်ရာဘေးစားပွဲပေါ်ရှိ ပစ္စည်းထံသို့ သူ့အကြည့်များ ကျရောက်သွားသည် ။

ဝိုင်နီတစ်ပုလင်း ။

ကြည်လင်နေသော ဝိုင်ခွက်တစ်ခွက် ။

ကျစ်ယွီရှိ သိပ်အများကြီး မသောက်တတ်ချေ ။

စုန့်ချင်းလန် ပေးခဲ့သည့် အနှီပစ္စည်းနှစ်ခုက တကယ်ပဲ အသုံးဝင်ပါ့မလား?

သူသည် ဝိုင်နီကို ဖောက်လိုက်ကာ ဝိုင်ခွက်တစ်ဝက်စာ လောင်းထည့်လိုက်၏ ။

အချိန်ခဏချင်းပင် မူးဝေခြင်းက သူ့အား ဖုံးလွှမ်းသွားကာ အိပ်ချင်စိတ်က ပြန်လည် ရောက်ရှိလာသည် ။

ကျစ်ယွီရှီသည် နူးညံ့သည့်အိပ်ရာထက် ပြန်လှဲလိုက်ပြီး သူ့မျက်လုံးများကို အသာပိတ်လိုက်၏ ။ ဒီတစ်ကြိမ်တွင်တော့.......သူအိပ်မက်မမက်တော့ပေ ။

ထို​ချောက်ချားဖွယ်ကမ္ဘာမှ အရာအားလုံးက ပြီးဆုံးသွားနှင့်လေပြီ ။

•°•°•

T/N>>

Ouroboros Arc က ဒီတစ်ပိုင်းမှာ အမှန်တကယ် ပြီးပါပြီးပေါ့နော် ... နောက်တစ်ပိုင်းဆို နောက် Arcအသစ်စပါပြီ ။

နားမလည်လိုက်တဲ့သူများအတွက် နည်းနည်းလေး ပြန်ရှင်းပြပါမယ် ။

အဖွဲ့ ၁ ၂ ၃ ၄ဘာညာကတော့ ဆရာကျစ်ရှင်းသွားတဲ့ အတိုင်းပေါ့နော် ။
ဘာလို့ အဖွဲ့၃နဲ့၄မှ ‌ရွေးလဲဆိုတော့ စုန့်ချင်းလန်ပြောသလို လူ၁၃ယောက်ရှိပြီး ၂ဖွဲ့ခွဲသွားလို့ ရလို့ပါ ။ အရှေ့က အဖွဲ့ ၅ ၆ ၇ ဘာညာတွေကျရင် တစ်ဖွဲ့တည်း ၇ယောက်ပဲ ရှိနေမှာပါ ။ လူအင်အားနည်းနေတာပေါ့နော် ။ ၅သေမှ ၆ပေါ်လာမယ် ... ၆သေမှ ၇ပေါ်လာမယ် ဆိုပေမဲ့ အဖွဲ့ ၃နဲ့၄ ကျတော့ အာကာသကားက တိုက်မိတယ် .. မတိုက်မိဘူးဆိုတဲ့ အပြိုင်အချိန်လမ်းကြောင်းကကွဲလာတာမို့လို့ပါ ။ နောက်ပြီး ၅ ၆ ၇အဖွဲ့တွေက ‌၃ ၄သေပြီးမှဖြစ်လာတာမို့လို့ ... ၃နဲ့၄ ဘာကြောင့်သေလဲ ၊ ဘယ်နေရာမှာသေလဲ ၊ ဘယ်ကိုသွားရမလဲဆိုတာ သိနေနှင့်ပြီးပါပြီ ။ အဲ့တာကြောင့် ၃နဲ့၄ မသေအောင် သေမဲ့နေရာတွေမှာ မသေစေတော့ဘဲ စက်ဝန်းကို ဆက်သွားစေတာပါ ။

အဲ့တော့ လူဘာကြောင့် ၁၄ယောက် ရှိဖို့လိုသလဲဆို မစ်ရှင်က ရွှေကျီးကန်းအမှတ် ၂ မှာတင် မပြီးသေးဘဲနဲ့ နောက်တစ်ကျော့ပြန်စရလို့ပါ ။ ဒါပေမဲ့ သူတို့စစချင်းစတဲ့ ကျောက်ဆူးမှတ် (အာကာသယာဉ်ထဲက ထွက်လာတဲ့အချိန်) မဟုတ်တော့ဘဲနဲ့ နောက်ထပ်တစ်နေရာမှာ ပြန်စတာပါ ။ အဲဒီအကြောင်းကိုတော့ ဒီမှာမရေးထားပါဘူး ။ အသစ်အမှတ်က ပြန်စတဲ့အဖွဲ့ A က သူတို့စစချင်းမြင်တဲ့ မနက် ၅ နာရီခွဲကနံရံနဲ့ ရွမ့်ကျင်းအဆောက်အအုံကမြင်တဲ့နံရံနှစ်ခုကို တခြားနေရာကနေ ပိတ်ရတာပါ ။ အဲ့လိုအ‌ခေါက်ခေါက်အခါခါလုပ်ပြီးမှ နံရံကို ပိတ်နိုင်ပြီး စမှတ်ကိုပြန်သွားတဲ့အဖွဲ့ B နဲ့ တစ်ကိုယ်တည်းပြန်ဖြစ်သွားပြီး Ouroboros mission ပြီးသွားတာပါ ။

မရှင်းတာရှိရင် ထပ်မေးခဲ့လို့ရပါတယ် ။

ဒီအထိ daily update လုပ်လာတာဆိုတော့ Arc 2 ကိုတော့ Feb မှ ဆက်တင်ပါမယ် ><

•°•°•

『Zawgyi』

《ေျပာင္းေရႊ႕စခန္း》

"ႀကိဳဆိုပါသည္ က်စ္ယြီရွီ ။ ထ်န္းခ်ဳံမွ ျပန္လည္ႀကိဳဆိုပါသည္ "

ထ်န္းခ်ဳံ၏ ရင္းႏွီးေနေသာ ႀကိဳဆိုႏႈတ္ဆက္သံ ထြက္ေပၚလာသည္ ။

အခ်ိန္ခရီးသြားျခင္း၏ ေနာက္ဆက္တြဲျဖစ္ေသာ မူးေဝပ်ိဳ႕အန္ျခင္းမ်ားမွ သက္သာေစရန္ စက္႐ုပ္လက္ေမာင္းသည္ သူတို႔အား အာဟာရျဖည့္စြက္ရည္တစ္ထုတ္ကို ကမ္းေပးလာသည္ ။

ဒါက........စက္ဝန္း ထပ္စေနျပန္ၿပီလား?

က်စ္ယြီရွီသည္ အာဟာရျဖည့္စြက္ရည္ကို လက္ခံယူလိုက္ၿပီး တစ္က်ိဳက္တည္း ေမာ့ခ်လိုက္သည္ ။ သူ႔မ်က္လုံးေထာင့္မွ သူ၏ အနက္ေရာင္အကၤ်ီလက္ကို ျမင္ေနရသည္ ။ ယင္းမွာ ေစာင့္ေရွာက္သူမ်ား ဝတ္ေသာ အနက္ေရာင္တိုက္ခိုက္ေရးယူနီေဖာင္းျဖစ္၏ ။ သူသည္ ေသြးစြန္းေနေသာ အျဖဴေရာင္တီရွပ္ကို ဝတ္မထားေတာ့ေခ် ။

မဟုတ္ ။ သူတို႔ထပ္ၿပီး ျပန္မစတင္ခဲ့ေပ ။

က်စ္ယြီရွီ၏ မွတ္ဉာဏ္မ်ား တျဖည္းျဖည္း ျပန္လည္ေရာက္ရွိလာသည္ ။ သူအခုသိလိုက္သည္က သူတို႔ ေရြးခ်ယ္ခဲ့ေသာ ဒုတိယနည္းလမ္းက ေအာင္ျမင္သြားခဲ့သည္ဆိုတာပင္ ။

ဒုတိယအေျခစိုက္ဌာန၌ စြမ္းအင္ကူးေျပာင္းစက္မ်ားကို ပိတ္ၿပီးေနာက္ တာဝန္မွာ အမွန္တကယ္ မၿပီးဆုံးေသးေပ ။ သူတို႔သည္ ေက်ာက္ဆူးမွတ္အသစ္ကို အစပ်ိဳးလိုက္ကာ ပိုႀကီးေသာသံသရာစက္ဝန္းထဲေရာက္သြားၿပီး မနက္ ၅:၃၀တြင္ ပန္းၿခံစီမံခန္႔ခြဲေရး႐ုံး၌ေပၚလာေသာ အနက္ေရာင္နံရံႏွင့္ ရြမ့္က်င္းအေဆာက္အဦးတြင္ ေပၚလာေသာ ဒုတိယေျမာက္အနက္ေရာင္နံရံကို ဖန္တီးခဲ့သည္........သူတို႔ကိုယ္တိုင္ျပဳလုပ္ခဲ့သည့္ အနက္ေရာင္နံရံမ်ားက စက္ဝန္းအေသးမ်ားရွိ သူတို႔ကိုယ္တိုင္မ်ားစြာေနာက္ကို ဆက္လက္လိုက္ေနသည္ကို သူတို႔ၾကည့္ေနခဲ့ရသည္ ။ ထပ္ခါထပ္ခါ ျပန္လည္ေမြးဖြားျခင္းမ်ား ၿပီးသည့္ေနာက္တြင္ေတာ့ သူတို႔သည္ တျဖည္းျဖည္း ပန္းတိုင္ကို ေရာက္ခဲ့ၾကသည္ ။

Ouroborosသည္ မေရမတြက္နိုင္ေသာ သူတို႔ေပါင္းမ်ားစြာ၏ စုေပါင္းႀကိဳးပမ္းမႈတို႔ေၾကာင့္ ေနာက္ဆုံးတြင္ေတာ့ စက္ဝိုင္းအျပည့္ကို ဆြဲနိုင္ခဲ့သည္ ။

ထိုအခါတြင္ေတာ့ သူတို႔ တာဝန္ကို အမွန္တကယ္ ၿပီးေျမာက္သြားခဲ့သည္ ။

တာဝန္ၿပီးဆုံးသြားသည့္ေနာက္တြင္ေတာ့ သူတို႔သည္ အေမွာင္ထုထဲ က်ေရာက္သြားရ၏ ။

ျပန္နိုးလာေသာအခါ သူတို႔သည္ ထ်န္းခ်ဳံမွ ျပန္ေပးဆြဲခံရကာ သတိေပးအခ်က္ေပးသံမ်ား ျမည္ေနသည့္အခ်ိန္ကို ျပန္ေရာက္သြားမွန္း သိလိုက္ရသည္ ။  စမွတ္ကို ျပန္ေရာက္သြားေသာ အျခားသူတို႔ႏွင့္လည္း ေအာင္ျမင္စြာ အတူတကြစုေပါင္းသြားၿပီျဖစ္၏ ။

စုန္႔ခ်င္းလန္ေျပာခဲ့သည့္အတိုင္း ရလဒ္က  ေမၽွာ္မွန္းထားသည္ထက္ ပိုေကာင္းေနခဲ့သည္ ။

တစ္ခ်ိန္တည္း တစ္ေနရာတည္းတြင္ ေပၚလာခဲ့ျခင္းေၾကာင့္ အၿပိဳင္အခ်ိန္လမ္းေၾကာင္းႏွစ္ခုမွ သူတို႔သည္ မေကာင္းဆိုးဝါးအျဖစ္ ေျပာင္းလဲမသြားခဲ့ေခ် ။

PU-31မွ အရာအားလုံးသည္ အိပ္မက္ဆိုးကဲ့သို႔ပင္ ။ ဖုတ္ေကာင္မ်ား ၊ ဗီဇေျပာင္းအရာမ်ား ၊ ကမၻာပ်က္ေဘး.....၎ႏွင့္ပတ္သက္သည့္ အမွတ္တရဆိုးမ်ားရွိေနသည္မွလြဲ၍ ဤအရာမ်ားအားလုံး မျဖစ္ပ်က္ခင္အခ်ိန္မွ သူတို႔မူလပုံစံအတိုင္း ရွိေနျခင္းမွာ သူတို႔သည္ အာကာသယာဥ္ထဲမွ ဘယ္တုန္းကမၽွ မထြက္ခဲ့ဘဲ PU-31သို႔ လုံးဝ မေရာက္ခဲ့သည့္ႏွယ္ ။

၎မွာ ၿပီးျပည့္စုံေသာ အခ်ိန္ႏွင့္အာကာသ အႏုၾကမ္းစီးမႈတစ္ခုျဖစ္ခဲ့သည္ ။

ဒါေပမဲ့......အခု ဘာေတြျဖစ္ေနတာလဲ?

သူတို႔ရဲ့ Aအဆင့္မစ္ရွင္ ၿပီးေအာင္လုပ္ဖို႔ သြားတဲ့လမ္းမွာ ရွိေနသင့္တာမဟုတ္ဘူးလား?

က်စ္ယြီရွီ သူ၏အာကာသယာဥ္ငယ္တံခါးကို ဖြင့္လိုက္ရာ မ်က္စိက်ိန္းေလာက္သည့္ အျဖဴေရာင္အလင္းႏွင့္ ၾကဳံ၏ ။

သူသည္ အလင္းစူးစူးႏွင့္ အသားက်သြားၿပီးသည့္ေနာက္ ဤေနရာက ႀကီးၾကပ္ကြပ္ကဲေရးစင္တာႏွင့္ တူညီေနေၾကာင္း သူနားလည္သြားခဲ့သည္ ။

"အစ္ကိုဝမ္ ! ကၽြန္ေတာ္တို႔ တာဝန္ၿပီးသြားၿပီ!" လီခၽြင္းတစ္ေယာက္ ဝမ္းသာမ်က္ရည္မ်ားပင္ က်လုမတတ္ ။ သူသည္ လက္ေမာင္းကို သြမ့္ဝမ္၏လည္ပင္းတစ္ေလၽွာက္ သိုင္းဖက္လိုက္ကာ စိတ္လႈပ္ရွားစြာ ​ေအာ္ဟစ္လာ၏ ။ "ကၽြန္ေတာ္တို႔ အဲ့ကိုျပန္သြားေတာ့မွာ မဟုတ္ဘူးကြ ! "

"ေအး! ဘယ္ေတာ့မွ ထပ္မသြားေတာ့ဘူး !" သြမ့္ဝမ္က လွည့္ၾကည့္လာသည္ ။ "အႀကံေပးက်စ္!"

အကုန္လုံးသည္ အနည္းငယ္စိတ္လႈပ္ရွားေနၾကသည္ ။

က်စ္ယြီရွီ အာကာသယာဥ္ငယ္ထဲမွ ထြက္လာသည္ကို ျမင္ေသာအခါ အဖြဲ႕ထဲရွိလူတိုင္းသည္  သူ႔အား ေလေပၚေျမႇာက္ပင့္ကာ ေအာင္ပြဲခံဖို႔ မေစာင့္နိုင္ေတာ့ေခ် ။

သို႔ေသာ္ အင္မတန္မသင့္ေလ်ာ္လွ ။

သူတို႔သည္ ေဘးခ်င္းယွဥ္တိုက္ခိုက္ခဲ့ၾကၿပီး ေသေရးရွင္ေရးအေျခအေနမ်ားကို အတူတကြ ျဖတ္ေက်ာ္ခဲ့ၾကလၽွင္ေတာင္ က်စ္ယြီရွီ သူတို႔ကိုေပးစြမ္းေသာ ခံစားခ်က္က မတူကြဲျပားေနေသးသည္ ။

အျခားကမၻာ၌ က်စ္ယြီရွီ သူတို႔အတြက္ လုပ္ေပးခဲ့ေသာကိစၥရပ္မ်ားက အသိသာခ်ည္းပင္ ။ သူသည္ ကင္းေထာက္တစ္ေယာက္ လုပ္ရမည့္အလုပ္ကို သာလြန္ေအာင္ လုပ္နိုင္႐ုံသာမက ထူးခၽြန္ေသာတိုက္ခိုက္နိုင္စြမ္းမ်ားျဖင့္ ေစာင့္ေရွာက္သူတစ္ေယာက္ျဖစ္ေၾကာင္းကိုလည္း ျပသခဲ့ေလသည္ ။ သူ၏ တည္ၿငိမ္မႈႏွင့္ ဇြဲနပဲႀကီးမႈတို႔က သူ႔ပင္ကိုအသြင္အျပင္ႏွင့္ ဆန္႔က်င္ေနသည့္တိုင္ သူႏွင့္ ထူးထူးဆန္းဆန္း လိုက္ဖက္ေနေသးျပန္၏ ။

သူလုပ္သမၽွ အျပဳအမူဟန္ပန္တိုင္းက တစ္သီးတျခားဆန္ေသာ ခံစားခ်က္ကို ေပးစြမ္းေနသည္......ဘယ္လိုေျပာရမလဲ ၊  အထက္တန္းစားတစ္ေယာက္ရဲ့ ခံစားခ်က္လို?

ဘယ္လိုပဲျဖစ္ျဖစ္ အႏွီေယာက္်ားရင့္မာႀကီးမ်ားအုပ္စုႏွင့္ ႏွိုင္းယွဥ္လို႔မရနိုင္ေပ ။

ဥပမာဆိုရလၽွင္ လုံျခဳံသည့္ေနရာသို႔ ေရာက္လာခဲ့တာေတာင္ က်စ္ယြီရွီက လုံးလုံး စိတ္ေအးလက္ေအးမေနေပ ။

သူသည္ ေနရာတစ္ေလၽွာက္ကို ေဝ့ဝိုက္ၾကည့္ေန၏ ။ သူ႔မ်က္လုံးထဲ ဝင္လာသည့္အရာမ်ားက ေတာက္ပေသာအလင္းေရာင္မ်ား ၊ ႀကီးမားသည့္ ထိန္းခ်ဳပ္စနစ္ေဘာင္ကြက္တစ္ခု ၊ ဟိုလိုဂရပ္ဖစ္မ်က္ႏွာျပင္ႏွင့္ အျခားဘယ္သူမၽွမရွိ.......ခဏေနပါအုံး ။

"ေခါင္းေဆာင္စုန္႔!" က်စ္ယြီရွီက ႐ုတ္တရက္စကားစလာသည္ ။ "ဒီေနရာက ကၽြန္ေတာ္တို႔ရဲ့ ႀကီးၾကပ္ကြပ္ကဲေရးစင္တာမဟုတ္ဘူး "

စုန္႔ခ်င္းလန္သည္လည္း ထ်န္းခ်ဳံစနစ္ရဲ့ ႀကိဳဆိုႏႈတ္ခြန္းဆက္သံထြက္လာေသာေၾကာင့္ ဤအျဖစ္ကို သတိထားမိခဲ့သည္ ။

က်စ္ယြီရွီေျပာလာသည္ကို ၾကားေသာ္ စုန္႔ခ်င္းလန္က အက်င့္အရ ဆက္သြယ္ေရးစက္ကို ၾကည့္လိုက္ၿပီး ေျပာ၏ ။ "မင္းေျပာတာ ဟုတ္တယ္ ။ အခ်ိန္ပုံစံက ဒီမွာ အမွားႀကီးျပေနတယ္ ။ ဒီေနရာရဲ့ လက္ရွိကိုၾသဒိနိတ္ကို ဆုံးျဖတ္လို႔မရဘူး "

ထိုစကားမ်ားကိုၾကားေသာအခါ အကုန္လုံး စိတ္တုန္လႈပ္လာၾကသည္ ။ PU-31မွ သူတို႔၏အေတြ႕အၾကဳံမ်ားက လူတိုင္း၏စိတ္ထဲတြင္ အရိပ္မည္းႀကီးအျဖစ္ က်န္ရစ္ေနခဲ့သည္ ။ ဒီေနရာသည္လည္း PU-31ကဲ့သို႔ ေနာက္ထပ္ခပ္ဆင္ဆင္ေနရာတစ္ခု ျဖစ္ေကာင္းျဖစ္နိုင္သည္ ။

က်စ္ယြီရွီသည္လည္း သူ႔လက္ကိုေျမႇာက္ကာ ဆက္သြယ္ေရးစက္ကို လွမ္းၾကည့္လိုက္သည္ : [××××.××.××]

ကိုၾသဒိနိတ္အမွတ္မ်ား မရွိေပ ။

အခ်ိန္ႏွင့္အာကာသခရီးသြားမ်ားအတြက္  အခ်ိန္တစ္ခုတည္းကသာ သူတို႔၏လက္ရွိကိုၾသဒိနိတ္ကို အတည္ျပဳနိုင္သည့္ နည္းလမ္းျဖစ္သည္ ။

ကိုၾသဒိနိတ္အမွတ္မ်ား မရွိျခင္းက အလြန္အေရးႀကီးေသာကိစၥျဖစ္ၿပီး ကူးေျပာင္းသူမ်ားက အခ်ိန္ႏွင့္အာကာသထဲတြင္ လမ္းေပ်ာက္သြားနိုင္ၿပီး ဘယ္ေတာ့မွ ျပန္မလာနိုင္ေတာ့တာပင္ ျဖစ္နိုင္၏ ။

"ဖာခ့္ " သြမ့္ဝမ္က တံခါးတစ္ခ်က္ကို ဖြင့္လိုက္ကာ အျပင္ကို တစ္ခ်က္ၾကည့္လိုက္သည္ ။ လူတိုင္း၏စိတ္ထဲတြင္ရွိေနေသာ စကားလုံးကို တစ္ဖြဲ႕လုံးကိုယ္စား သူကေျပာလာသည္ ။

သူသတင္းျပန္ပို႔လာသည္က "ေခါင္းေဆာင္စုန္႔..ကၽြန္ေတာ္တို႔ ေသာက္က်ိဳးနည္းကို ေျမႀကီးေပၚရွိေနတဲ့ပုံ မေပၚဘူး"

လီခၽြင္းႏွင့္ ထန္းလဲ့သည္လည္း တံခါးတခ်ိဳ႕ကိုဖြင့္ၾကည့္ကာ ေအာက္သို႔ ငုံ႔ၾကည့္ေနသည္ ။

"အျပင္မွာ ေမွာင္မည္းေနေရာ ။ ေအာက္မွာ ဘာမွမရွိတဲ့ပုံပဲ !"

"ကၽြန္ေတာ္တို႔ ေဘးပတ္ပတ္လည္မွာလဲ ဘာမွမရွိဘူး !"

စုန္႔ခ်င္းလန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး စစ္ေဆးရန္ ေလၽွာက္လာ၏ ။

"ဒါဘယ္ေနရာလဲ?"

"ကၽြန္ေတာ္တို႔ စက္ဝန္းကို ေဖာက္ထြက္ခဲ့ၿပီ မဟုတ္ဘူးလား?"

"မျဖစ္နိုင္တာ..အဲ့ေလာက္အမ်ားႀကီး လုပ္ခဲ့ၿပီးမွ ျပန္စေနျပန္ၿပီလား?"

ထန္းခ်ီ : "ေခါင္းေဆာင္စုန္႔ ! ဒီမွာၾကည့္!"

အကုန္လုံး ထိန္းခ်ဳပ္ေဘာင္ကြက္သို႔ ျပန္ေရာက္လာၾကၿပီး ဟိုလိုဂရပ္ဖစ္မ်က္ႏွာျပင္ထက္တြင္ ေပၚေနေသာ စာေၾကာင္းကို ျမင္လိုက္ရသည္ ။

[ဂုဏ္ယူပါသည္ ! ၾကယ္ေခတ္ ၁၄၅၆ခုႏွစ္မွ ေစာင့္ေရွာက္သူမ်ား ၊ သင္တို႔သည္ ပထမဆုံး အထူးSအဆင့္မစ္ရွင္ကို ေအာင္ျမင္သြားၿပီး ေနာက္ထပ္မစ္ရွင္တစ္ခု ပြင့္ပါေတာ့မည္ ]

လူတိုင္း၏ႏွလုံးသားမ်ား ေအးခဲသြားရသည္ ။ ဒါကဘာကိုဆိုလိုတာလဲ?

"မင္းကဘယ္သူလဲ?" စုန္႔ခ်င္းလန္က မ်က္ႏွာျပင္ကို မ်က္ႏွာမူရင္း ေမးလိုက္သည္ ။

သူတို႔အခ်ိန္ကာလအေစာပိုင္း၌ ထ်န္းခ်ဳံစနစ္မွာ AIအသံစနစ္ကို အသက္သြင္းနိုင္ေနၿပီးျဖစ္သည္ ။ အေသအခ်ာပင္ ၊ ေမးခြန္းကို ၾကားသည္ႏွင့္ ၎စနစ္က အသက္ဝင္လာေတာ့သည္ ။

"ကၽြန္ုပ္က ထ်န္းခ်ဳံပါ"

စနစ္၏ အသံမွာ အလြန္ညင္သာ၏ ။ အမ်ိဳးသမီးအသံတစ္ခုျဖစ္သည္ ။

စုန္႔ခ်င္းလန္သည္ ေဒါသေၾကာင့္ ေလွာင္ရယ္မိလုမတတ္ပင္ ။ "ဘယ္ေခတ္က ထ်န္းခ်ဳံလဲ?"

စနစ္ : "အၾကမ္းဖ်င္းေျပာရရင္ ေခတ္တိုင္းရဲ့ထ်န္းခ်ဳုံျဖစ္ပါတယ္"

ေခတ္တိုင္းရဲ့ထ်န္းခ်ဳံ?

လူတိုင္း စိတ္ရႈပ္ေထြးသြားၾကသည္ ။

စုန္႔ခ်င္းလန္သည္ ၁စကၠန္႔ ၂စကၠန္႔မၽွ ရပ္တန္႔သြားေသာ္လည္း သူသည္ တစ္စုံတစ္ခုကို အမွတ္ရသြားပုံေပၚကာ ထပ္မံေမးျမန္း၏ ။ "ေနာက္တစ္မ်ိဳးေျပာရရင္ Ouroboros မစ္ရွင္ကို မင္းလုပ္ထားၿပီး ငါတို႔ဒီကို ေရာက္ေနရတာကလဲ မင္းနဲ႔ပတ္သက္ေနတာလား?"

စနစ္ : "ဟုတ္ပါတယ္"

စုန္႔ခ်င္းလန္ေလသံက အင္မတန္ေအးစက္ေန၏ ။ "ဒါဘယ္ေနရာလဲ?"

စနစ္ : "ဒီေနရာက ကၽြန္ုပ္ရဲ့အခ်ိန္ႏွင့္အာကာသေျပာင္းေရႊ႕စခန္းပါ ။ ဒီမွာ သင္တို႔အနားယူ ၊ ေလ့က်င့္ ၊ စားေသာက္နိုင္ပါတယ္ ။ ဒီေနရာမွာ ရိကၡာပစၥည္းလုံလုံေလာက္ေလာက္ရွိလို႔ ေနာက္ထပ္မစ္ရွင္ကို ဆက္မသြားခင္ ေကာင္းေကာင္းအသုံးျပဳၾကဖို႔ အႀကံေပးပါတယ္ "

ေနာက္ထပ္မစ္ရွင္ ရွိေသးတာလား?!

ဤအေၾကာင္းအရာကိုၾကားေသာ က်ိဳးမင္ရႊမ္းက ခ်က္ခ်င္းျပန္ေမးလိုက္၏ ။ "ငါတို႔ ဘယ္လိုျပန္သြားရမွာလဲ?"

စနစ္ : "မစ္ရွင္တစ္ခု ပြင့္သြားပါၿပီ ။ ေက်းဇူးျပဳ၍ တိက်တဲ့ သတင္းအခ်က္အလက္ပိုမိုရရွိရန္ မစ္ရွင္မ်ားကို ထပ္ဖြင့္ေပးပါ "

"ဖာခ့္!"

"ဒါမလြန္လြန္းဘူးလား?!"

"ဘာႀကီးလဲကြာ?!!"

"ယုံေတာင္မယုံနိုင္ဘူး!!"

အဖြဲ႕သည္ ေဒါသတႀကီးေပါက္ကြဲေလေတာ့သည္ ။

ထန္းလဲ့က သူ႔အစ္ကိုကို ေျပာေန၏ ။ "ငါဘယ္ေတာ့မွ ထပ္ၿပီး အလံမေထာင္ေတာ့ဘူး ။ မထြက္လာခင္တုန္းက အႀကံေပးက်စ္ကိုေတာင္ ေနာက္ေန႔ျပန္ေရာက္ေလာက္ၿပီလို႔ ငါေျပာခဲ့ေသးတာ "

ထန္းခ်ီတစ္ေယာက္ ဆြံ့အသြားရကာ : "....."

ယခုအခ်ိန္ထိ အသံတိတ္ေနခဲ့ေသာ က်စ္ယြီရွီက​ ေျပာသည္ ။ "ဘာလို႔ ကၽြန္ေတာ္တို႔ကို ေရြးခဲ့တာလဲ?"

အကုန္လုံး စိတ္တည္ၿငိမ္သြားေလသည္ ။ က်စ္ယြီရွီက အလြန္အေရးႀကီးသည့္ ေမးခြန္းကို ေမးလိုက္သည္ပင္ ။

သူ၏ သာမန္ထက္ထူးကဲေသာ မွတ္ဉာဏ္ႏွင့္ ေလ့လာဆန္းစစ္နိုင္စြမ္းမ်ားေၾကာင့္ သူတို႔သည္ မသိလိုက္သည့္အခ်ိန္တစ္ခုတြင္ အဖြဲ႕၏ေနာက္ထပ္ ပင္မေထာက္တိုင္အျဖစ္ သူ႔အား မသိလိုက္မသိဘာသာ သတ္မွတ္ထားၾကၿပီးျဖစ္သည္ ။

စနစ္သည္ ထပ္မံမေျပာလာခင္ အခ်က္ေရအနည္းငယ္ တဖ်က္ဖ်က္ျဖစ္ေန၏ ။ "သန္းေပါင္း ၁၇၀ေက်ာ္ တြက္ခ်က္မႈမ်ားအရ ေစာင့္ေရွာက္သူအဖြဲ႕အကုန္လုံးၾကားမွာ သင္တို႔အဖြဲ႕ေအာင္ျမင္ႏႈန္းက ပၽွမ္းမၽွထက္ ျမင့္ေနပါတယ္ "

လူတိုင္း : "......."

ဒီလိုသတင္းေကာင္းမ်ိဳးက သူတို႔ကို လုံးဝ မေပ်ာ္ေစပါဘူးေနာ္ !

စုန္႔ခ်င္းလန္ : "ေနာက္မစ္ရွင္ကဘာလဲ?"

စနစ္က "အရင္ဆုံး အနားယူၿပီးမွ ေနာက္မစ္ရွင္ကို ဖြင့္ရန္ အၾကဳံျပဳပါသည္ "ဟု ဆိုလာ၏ ။

ထို႔ေနာက္တြင္ေတာ့ ဟိုလိုဂရပ္ဖစ္ မ်က္ႏွာျပင္သည္ မည္းေမွာင္ကာ ေပ်ာက္ကြယ္သြားေတာ့သည္ ။

ဤသည္မွာ တိုက္ရိုက္ႀကီးကို အခ်ိန္ႏွင့္အာကာသ အႏုၾကမ္းစီးမႈ ျပႆနာျဖစ္ေနသည္ ။

လူတိုင္းသည္ [Ouroboros]မစ္ရွင္ကို ၿပီးေျမာက္ေအာင္လုပ္နိုင္သေရြ႕ သူတို႔၏အာကာသယာဥ္မ်ား ၾကားျဖတ္လုခံရသည့္ အခ်ိန္ကိုျပန္ေရာက္သြားၿပီး ၁၄၆၀ခုႏွစ္ ရွီက်င္းၿမိဳ႕ကို ေအာင္ေအာင္ျမင္ျမင္ ေရာက္သြားလိမ့္မည္ဟု ထင္ထားခဲ့သည္ ။

ထိုအခါ သူတို႔၏မူလ ထ်န္းခ်ဳံႀကီးၾကပ္စင္တာႏွင့္ အဆက္အသြယ္ရကာ နဂိုAအဆင့္မစ္ရွင္ကို ေအာင္ျမင္ၿပီးေနာက္ သူတို႔အခ်ိန္ကာလကို ျပန္သြားနိုင္လိမ့္မည္ ။

ထိုအျခင္းအရာေၾကာင့္ အရာအားလုံးသည္ ပန္းတိုင္အတည္တက် ရွိေနျခင္းပင္ ။

သို႔ေသာ္ အမွန္က ထိုသို႔မဟုတ္ခဲ့ ။

သူတို႔ ဘယ္ေတာ့ျပန္သြားနိုင္မည္ဆိုတာကို သိခ်င္လၽွင္ ေနာက္ထပ္မစ္ရွင္မ်ားကို ဖြင့္ေနရလိမ့္မည္ ။ ထိုသို႔မဟုတ္ပါက သူတို႔အားလုံး  ဤေျပာင္းေရႊ႕စခန္းတြင္သာ ပိတ္မိေနလိမ့္မည္ ။

အကုန္လုံးသည္ ႐ုပ္ပိုင္းစိတ္ပိုင္း ပင္ပန္းႏြမ္းနယ္ေနၾကၿပီျဖစ္ၿပီး လက္ရွိအေျခအေနက သူတို႔ေခါင္းေပၚ ေရေအးတစ္ပုံးေလာင္းခ်သြားသည္ ။ သူတို႔ လုံးဝ ေၾကာင္အမ္းေနခဲ့ၾက၏ ။

က်စ္ယြီရွီ၏ မ်က္ႏွာမွာ မီးေခ်ာင္းမွအလင္းေရာင္မ်ားေၾကာင့္ လင္းလက္ေနသည္ ။ သူသည္ တစ္ခဏမၽွ ေတြးေတာလိုက္ၿပီးေနာက္ လမ္းေလၽွာက္ထြက္သြားေလ၏ ။

ထန္းလဲ့က ေမးလိုက္သည္ ။ "အႀကံေပးက်စ္..ဘယ္သြားမလို႔လဲ?"

က်စ္ယြီရွီက ရပ္သြားၿပီးေနာက္ သူတို႔အား ထူးဆန္းစြာ ၾကည့္လာသည္ ။ "စားဖို႔ တစ္ခုခုသြားရွာမလို႔ ။ မင္းတို႔ ဗိုက္မဆာၾကဘူးလား? "

လူတိုင္း : "........."

အဲ့ေတာ့ ဉာဏ္ရည္ျမင့္တဲ့လူေတြ အကုန္လုံးက မေကာင္းဆိုးဝါးေတြလား?!

အႀကံေပးက်စ္က တအားတည္ၿငိမ္လြန္းေနတာ မဟုတ္ဘူးလား?!

သူတို႔စက္ဝန္းအႀကီး၌ရွိစဥ္က က်စ္ယြီရွီသည္ ေရႊက်ီးကန္ အမွတ္ ၂မွ အေျခအေနအတိုင္း ရွိေနဆဲပင္ ၊ ဝမ္းဗိုက္တြင္ ေသနတ္ထိထားကာ လက္ေမာင္းက ညိဳမည္းစြဲေနၿပီး အဖ်ားလည္း ရွိေနေသး၏ ။ ယခုခ်ိန္ အရာအားလုံးက သုညဆီ ျပန္ေရာက္သြားေသာအခါ သူ႔ခႏၶာကိုယ္ထက္ရွိ ဒဏ္ရာမ်ားမွာ ေပ်ာက္ကြယ္သြားၿပီး သူစစထြက္လာခ်င္း အေျခအေနသို႔ ျပန္ေရာက္သြားခဲ့သည္ ။

သို႔သည့္တိုင္ စိတ္ပိုင္းဆိုင္ရာအရ သူအနားမယူရေသးသည္မွာ အခ်ိန္အေတာ္ၾကာေနခဲ့ေလၿပီ ။ ယခုအခ်ိန္၌ က်စ္ယြီရွီသည္ ပင္ပန္းေၾကာင္းျပရန္လည္း ဝန္မေလးခဲ့ေခ် ။

"ကၽြန္ေတာ္ အရမ္းပင္ပန္းေနၿပီ " က်စ္ယြီရွီက အသံတိုးတိုးျဖင့္ ေျပာလာ၏ ။ "တစ္ခုခုစားၿပီးေတာ့ပဲ ေကာင္းေကာင္းအိပ္ပစ္လိုက္ခ်င္ေတာ့တယ္ "

ဤေျပာင္းေရႊ႕စခန္းတြင္ အရာအားလုံးရွိေနသည္မွာ ခဲထားေသာ အမဲသားမ်ားႏွင့္ လတ္လတ္ဆတ္ဆတ္ ဟင္းသီးဟင္းရြက္မ်ားပင္ ရွိေနသည္ ။ ၎တို႔ကို အႏွီလူမိုက္စနစ္ ဘယ္ေနရာကေန ရလာသည္ဆိုတာ မသိရေခ် ။

က်စ္ယြီရွီေျပာတာမွန္သည္ ။ သူတို႔မည္သည့္ေနရာကိုမၽွ မသြားနိုင္သျဖင့္ အရင္ဆုံး အားျပန္ျဖည့္သည္က ပ္ိုေကာင္းေလသည္ ။

အားလုံးသည္ သူတို႔၏အစာအိမ္မ်ားကို ျဖည့္လိုက္ၾကၿပီး စိတ္ၿငိမ္ေအာင္လုပ္ကာ  အနားယူရန္ တစ္ေယာက္တစ္ခန္းစီ ရွာလိုက္ၾကသည္ ။

က်စ္ယြီရွီသည္ သူ႔အခန္းတံခါးေခါက္သံကို ၾကားလိုက္ရခ်ိန္တြင္ ေရခ်ိဳးၿပီးကာစ လွဲေလ်ာင္းအနားယူရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္ ။

ယခုေရာက္လာသည့္သူမွာ စုန္႔ခ်င္းလန္ေပ ။

သူသည္ အခန္းတံခါးဝ၌ ရပ္ေနလ်က္ အထဲသို႔ဝင္ရန္ စိတ္ကူးမရွိေပ ။ "အႀကံေပးက်စ္..ထ်န္းခ်ဳံးရဲ့ကိုယ္ပိုင္အသိစိတ္ဆိုတာကို ၾကားဖူးလား?"

စုန္႔ခ်င္းလန္သည္လည္း ေရခ်ိဳးၿပီးျဖစ္ကာ ေလ့က်င့္ေရးအခန္းမွ မီးခိုးေရာင္တီရွပ္အသန္႔တစ္ထည္ကို လဲဝတ္ထားေလသည္ ။

သူအရပ္သည္ အလြန္ရွည္ကာ ၁.၉မီတာထက္ အနည္းငယ္ပိုျမင့္ၿပီး သူ႔ႂကြက္သားမ်ားကလည္း ေခ်ာမြတ္ကာ အခ်ိဳးအစား ညီမၽွလွသည္ ။

က်စ္ယြီရွီအတြက္ စုန္႔ခ်င္းလန္ကို သာမန္အဝတ္အစားျဖင့္ ျမင္ရျခင္းမွာ ပထမဆုံးျဖစ္သည္ ။ သို႔ေသာ္ စုန္႔ခ်င္းလန္ထံမွရသည့္ ဖိႏွိပ္တတ္ေသာ လူရမ္းကားခံစားခ်က္မွာေတာ့ အရင္ကအတိုင္း မေလ်ာ့ပါေပ ။

က်စ္ယြီရွီက ေျပာ၏ ။ "ၾကားဖူးတယ္"

ထူးဆန္းစြာပင္ စုန္႔ခ်င္းလန္ သူ႔အခန္းတံခါးေရွ႕ ေရာက္လာသည့္အခ်ိန္တြင္ PU-31က အျခားသူ႔မွတ္ဉာဏ္မ်ားက ႐ုတ္တရက္ ထြက္ေပၚလာေလသည္ ။

အဖြဲ႕သားမ်ား ေျပာသကဲ့သို႔ပင္ ၊ အဖြဲ႕B--အဖြဲ႕၄မွ သူသည္ စုန္႔ခ်င္းလန္ႏွင့္အတူ ရြမ့္က်င္းအေဆာက္အဦးတြင္ အျခားအဖြဲ႕သားမ်ားႏွင့္ လူစုကြဲသြားၿပီးသည့္ေနာက္ ထိုအၿပိဳင္အခ်ိန္လမ္းေၾကာင္းမွ သူတို႔၏ဆက္ဆံေရးသည္ အေတာ္ရင္းႏွီးသြားခဲ့သည္ ။

စာအုပ္ဆိုင္သို႔ သြားရာလမ္းတြင္ သူတို႔သည္ ဖုတ္ေကာင္အုပ္လိုက္ႀကီးေၾကာင့္ ေရြးခ်ယ္စရာမရွိဘဲ က်ဥ္းေျမာင္းကာ က်ပ္ပိတ္ေနသည့္အခန္းငယ္ထဲ ဝင္ပုန္းခဲ့ရမွန္း က်စ္ယြီရွီ မွတ္မိသည္ ။ ဘယ္ေလာက္က်ပ္ပိတ္ေနလို႔လဲ ? အနီးကပ္မ်က္ႏွာခ်င္းဆိုင္ရပ္ေနလၽွင္ ႏွစ္ေယာက္သား အေတာင့္လိုက္ရပ္႐ုံသာတတ္နိုင္ေသာ အက်ယ္မ်ိဳးပင္ ။ အျခားအခ်ိန္လမ္းေၾကာင္းတြင္ ေစ်း႐ုံအေသးစားထဲက သူတို႔အေျခအေနအတိုင္းျဖစ္သည္ ။

ယခုသူတို႔ရပ္ေနသည့္ အကြာအေဝးေလာက္လည္း ျဖစ္ေန၏ ။

ႏွစ္ဦးသား ​ေျခတစ္လွမ္းသာ ေရွ႕တိုးလိုက္ပါက အဲ့ဒီအခ်ိန္တုန္းကျမင္ကြင္းကို ခ်က္ခ်င္းျပန္ျပဳလုပ္နိုင္ေပလိမ့္မည္ ။

စုန္႔ခ်င္းလန္၏ ႏႈတ္ခမ္းမ်ားက အေမွာင္ထဲတြင္ သူ႔နားရြက္မ်ားကို ထိလုမတတ္ျဖစ္ေနခဲ့သည္ကို က်စ္ယြီရွီအမွတ္ရမိသည္ ။ သူ႔ေလသံမွာလည္း အလြန္တည္ၿငိမ္ေနၿပီး "အႀကံေပးက်စ္..မင္းငါ့ေပၚ တက္နင္းထားတယ္"

အျပင္ဘက္ရွိဖုတ္ေကာင္မ်ားက တံခါးကို ကုတ္ျခစ္ေနၾကသည္ ။ သူတို႔သည္ အေတာ္နီးနီးကပ္ကပ္ရပ္ေနၾကသျဖင့္ အျခားတစ္ေယာက္၏ေျခေထာက္ကို တက္နင္းထားသည္က သိပ္ေတာ့ မယဥ္ေက်းလွ ။ က်စ္ယြီရွီက သူဖယ္ေပးသင့္သည္ဟု ခံစားလိုက္ရသည္ ။

သို႔ေသာ္ သူမဖယ္လိုက္ခင္ပင္ သူ႔နားရြက္ေဘးမွထြက္ေပၚလာေသာ စုန္႔ခ်င္းလန္၏အသံၾသၾသကို ၾကားလိုက္ရသည္ ။ "မေရႊ႕နဲ႔! ေနာက္တစ္ခါက်ရင္ မင္းေကာင္းတာေလး မွတ္မိေနေအာင္ ငါ့ေပၚတက္နင္းထားဖို႔ မင္းကို ဒီအခြင့္အေရးေပးမယ္ ။ အျမဲ အျငႇိုးေတြပဲထားမေနပါနဲ႔"

က်စ္ယြီရွီ မဖယ္ေတာ့ဖို႔ ဆုံးျဖတ္လိုက္သည္ ။ "အိုး"

"ေျပာသာေျပာရတာ " စုန္႔ခ်င္းလန္ အံကိုႀကိတ္လိုက္ၿပီးေနာက္ "မင္း တကယ္ႀကီး အေတာ္ျပင္းျပင္း တက္နင္းေနတာပဲ"

သူ႔မ်က္စိေရွရွိ စုန႔္ခ်င္းလန္မွာ သူအေတြးထဲနစ္ေနသည္ကို သတိထားမိပုံမရဘဲ ဆက္ေျပာလာ၏ ။ "အဲ့တာက အမွန္လို႔ အခုသက္ေသျပနိုင္သြားၿပီ ။ ေခတ္တိုင္းရဲ့ထ်န္းခ်ဳံဆိုတာက ကိုယ္ပိုင္အသိစိတ္ရွိတယ္လို႔ တစ္ဖက္လွည့္ေျပာေနတာပဲ ။ ငါခုနကတင္ ငါတို႔ရဲ့ႀကီးၾကပ္ကြပ္ကဲစင္တာကို ဆက္သြယ္ၾကည့္ဖို႔လုပ္ခဲ့ေပမဲ့ ၾကားျဖတ္ခံလိုက္ရတယ္ ။ သူေပးတဲ့ မစ္ရွင္ေတြကို ငါတို႔ မဖြင့္နိုင္ရင္ ငါတို႔အခ်ိန္ဆီ ျပန္သြားနိုင္မွာမဟုတ္ဘူးလို႔ အဲ့တာက ေျပာေနတာ ျဖစ္ေလာက္တယ္"

က်စ္ယြီရွီ : "..........ကၽြန္ေတာ္ျပန္သြားရမွျဖစ္မယ္ ။ ေနာက္ေခတ္ကာလတစ္ခုမွာ ကၽြန္ေတာ္မေနနိုင္ဘူး ။ ကၽြန္ေတာ့္မွာ လုပ္စရာအမ်ားႀကီး ရွိေသးတယ္ "

လူတိုင္းအတူတူပင္ ေတြးၾကေလသည္ ။

စုန္႔ခ်င္းသည္လည္း ထိုသို႔ေတြး၏ ။ "အဲ့တာဆို ငါတို႔ေနာက္မစ္ရွင္ကို လုပ္ရလိမ့္မယ္"

က်စ္ယြီရွီ ေခါင္းညိတ္လိုက္သည္ ။

စုန္႔ခ်င္းလန္က မ်က္လုံးမ်ားကို ေအာက္ခ်ရင္း သူ႔ကိုငုံ႔ၾကည့္လာေသာ္လည္း ေနာက္ထပ္ အေၾကာင္းအရာတစ္ခုကို ႐ုတ္တရက္အစျပဳလာ၏ ။ "ဒါနဲ႔ ေရႊက်ီးကန္း အမွတ္၂က ေလာင္းေၾကးစားေၾကးကို ငါနိုင္သြားတယ္မလား?"

ေလာင္းေၾကးစားေၾကး?

အကယ္၍ မစ္ရွင္က ဒုတိယနည္းလမ္းနဲ႔ၿပီးသြားခဲ့ရင္ တပ္ဖြဲ႕၇ကို သူတရားဝင္ဝင္လာဖို႔ အေၾကာင္းကို ေျပာေနတာလား?

က်စ္ယြီရွီ ျငင္းဆန္ခ်င္ခဲ့သည္ ။

ပထမဆုံးမစ္ရွင္ကို ေအာင္ျမင္ၿပီးတာေတာင္ သူတို႔သည္ ျပန္မသြားနိုင္ေသးေပ ။ အႏွီတပ္ဖြဲ႕မွာ မေကာင္းတဲ့ ဖုန္းေရႊႏွင့္ ကံအယုတ္အညံ့ေတြ ရွိေနေလာက္သည္ ။

"ငါတို႔ျပန္ေရာက္ရင္ ငါ့ကိုအေျဖ​တစ္ခုေပးရမယ္" စုန္႔ခ်င္းလန္က ဆိုသည္ ။ "အဲ့ဒီေၾကာက္စရာျမင္ကြင္းေတြကိုပဲ ေတြးမေနဘဲ ေကာင္းေကာင္းအနားယူ"

ထိုသို႔ေျပာၿပီးေနာက္ သူသည္ သူ႔ေနာက္မွ ဝိုင္နီတစ္ပုလင္းႏွင့္ ဖန္ခြက္တစ္ခြက္ကို ထုတ္လိုက္သည္ ။ "မင္းအိပ္မေပ်ာ္ရင္ ဒါေသာက္လိုက္ ။ က်ိဳးမင္ရႊမ္းကိုေတာ့ မျမင္ေစနဲ႔ ။ သူဒါအတြက္ မင္းကို လာခ်ေနလိမ့္မယ္ "

"ေကာင္းေသာညပါ..အႀကံေပးက်စ္"

"ဘုန္း---"

သိပ္မလင္းေသာ ကားမွာ ၾကမ္းရမ္းစြာ လႈပ္ခတ္သြားသည္ ။ ျပင္းထန္ေသာ ေသနတ္သံမ်ားၾကားတြင္ သူသည္ ဓားေျမာင္တစ္ေခ်ာင္းကို အသုံးျပဳကာ သူ႔လက္ေကာက္ဝတ္တစ္ဝိုက္ရွိ နိုင္လြန္ႀကိဳးကို ျဖတ္ေတာက္ေနခဲ့သည္ ။

သူ၏ဝမ္းဗိုက္တြင္ ထိခိုက္မႈတစ္ခုရွိေန၏ ။ သူ႔အသားထဲ စြမ္းအင္က်ည္ဆန္ ဝင္ေရာက္သြားသည့္ ခံစားခ်က္မွာ ေႏွးေကြးထင္ရွားလွသည္ ။ ႏွစ္စကၠန္႔မၽွၾကာၿပီးေနာက္ ထိုနာက်င္မႈက ပ်ံ႕ႏွံ့လာၿပီး အလြန္ျပင္းထန္၏ ..........

သူသည္ နာက်င္မႈေၾကာင့္ ကုန္းညြတ္လိုက္မိသည္ ။ အာကာသကားသည္ လမ္းေဘးဘက္ရွိ အေဆာက္အဦးမ်ားႏွင့္ ဝင္တိုက္သြားသည္ ။

ကေလးမေလးသည္ သူမအ႐ုပ္ကို ေကာက္ယူကာ အာကာသကားထဲ၌ မတ္တပ္ရပ္လာသည္ ။

သူမေခါင္းကို လွည့္လာေသာအခါ သူမ၏ မီးခိုးေရာင္ေနာက္က်ိက်ိမ်က္လုံးမ်ားသည္ ျပဴးက်ယ္ပြင့္ဟေန၏ ။

က်စ္ယြီရွီသည္ ေခၽြးေစးမ်ားရႊဲနစ္ကာ အိပ္ေနရာမွ လန္႔နိုးသြားရသည္ ။

သူသည္ သူ႔အကၤ်ီထဲသို႔ လက္ထည့္ကာ ေခ်ာမြတ္သည့္ဝမ္းဗိုက္သားကို အလိုအေလ်ာက္ထိလိုက္မိ၏.....ဒဏ္ရာမရွိေပ ။

ဤေနရာသည္ တိတ္ဆိတ္ေသာ ႀကီးၾကပ္ကြပ္ကဲစင္တာျဖစ္သည္ ။ သူသည္ သန္႔ရွင္းၿပီး သက္ေတာင့္သက္သာရွိေသာ အခန္းထဲတြင္ ရွိေနသည္ ။

သူ လုံျခဳံေဘးကင္း၏ ။

သူသည္ တစ္ေယာက္အိပ္ခုတင္ထက္ ထထိုင္လိုက္သည္ ။ သူ႔ေအာက္ရွိေမြ႕ယာမွာ သူ႔ကိုယ္အေလးခ်ိန္ေၾကာင့္ ေအာက္သို႔နစ္ဝင္သြားခဲ့သည္ ။ မွတ္ဉာဏ္ႏွင့္စိတ္ကူးမ်ားေရာယွက္ထားသည့္ အိပ္မက္ေၾကာင့္ မေမၽွာ္လင့္ဘဲ လန္႔နိုးလာၿပီးေနာက္ သူ႔အိပ္ခ်င္စိတ္မ်ားက တစ္ခဏခ်င္း ေပ်ာက္သြားရသည္ ။ သူ႔ခႏၶာကိုယ္သည္ အလြန္ပင္ပန္းေနကာ သူ႔ေခါင္းသည္ နာက်င္မႈျဖင့္ ကိုက္ခဲေန၏ ။ သူအနားယူဖို႔ လိုအပ္ေနခဲ့သည္ ။

သူသည္ ေဆးဘူးကို ထုတ္လိုက္ၿပီးေနာက္ အခန္းထဲတြင္ ရွာေတြ႕ေသာ ေရအခ်ိဳ႕၏ အကူအညီႏွင့္အတူ ေဆးတစ္လုံးကို ၿမိဳခ်လိုက္သည္ ။ ထို႔ေနာက္ သူသည္ အိပ္ရာေပၚတြင္ နာရီေပါင္းမ်ားစြာ ဟိုလွိမ့္ဒီလွိမ့္လုပ္ၿပီးေနာက္ အိပ္ရာေဘးစားပြဲေပၚရွိ ပစၥည္းထံသို႔ သူ႔အၾကည့္မ်ား က်ေရာက္သြားသည္ ။

ဝိုင္နီတစ္ပုလင္း ။

ၾကည္လင္ေနေသာ ဝိုင္ခြက္တစ္ခြက္ ။

က်စ္ယြီရွိ သိပ္အမ်ားႀကီး မေသာက္တတ္ေခ် ။

စုန္႔ခ်င္းလန္ ေပးခဲ့သည့္ အႏွီပစၥည္းႏွစ္ခုက တကယ္ပဲ အသုံးဝင္ပါ့မလား?

သူသည္ ဝိုင္နီကို ေဖာက္လိုက္ကာ ဝိုင္ခြက္တစ္ဝက္စာ ေလာင္းထည့္လိုက္၏ ။

အခ်ိန္ခဏခ်င္းပင္ မူးေဝျခင္းက သူ႔အား ဖုံးလႊမ္းသြားကာ အိပ္ခ်င္စိတ္က ျပန္လည္ ေရာက္ရွိလာသည္ ။

က်စ္ယြီရွီသည္ ႏူးညံ့သည့္အိပ္ရာထက္ ျပန္လွဲလိုက္ၿပီး သူ႔မ်က္လုံးမ်ားကို အသာပိတ္လိုက္၏ ။ ဒီတစ္ႀကိမ္တြင္ေတာ့.......သူအိပ္မက္မမက္ေတာ့ေပ ။

ထို​ေခ်ာက္ခ်ားဖြယ္ကမၻာမွ အရာအားလုံးက ၿပီးဆုံးသြားႏွင့္ေလၿပီ ။

•°•°•

T/N>>

Ouroboros Arc က ဒီတစ္ပိုင္းမွာ အမွန္တကယ္ ၿပီးပါၿပီးေပါ့ေနာ္ ... ေနာက္တစ္ပိုင္းဆို ေနာက္ Arcအသစ္စပါၿပီ ။

နားမလည္လိုက္တဲ့သူမ်ားအတြက္ နည္းနည္းေလး ျပန္ရွင္းျပပါမယ္ ။

အဖြဲ႕ ၁ ၂ ၃ ၄ဘာညာကေတာ့ ဆရာက်စ္ရွင္းသြားတဲ့ အတိုင္းေပါ့ေနာ္ ။
ဘာလို႔ အဖြဲ႕၃နဲ႔၄မွ ‌ေရြးလဲဆိုေတာ့ စုန႔္ခ်င္းလန္ေျပာသလို လူ၁၃ေယာက္ရွိၿပီး ၂ဖြဲ႕ခြဲသြားလို႔ ရလို႔ပါ ။ အေရွ႕က အဖြဲ႕ ၅ ၆ ၇ ဘာညာေတြက်ရင္ တစ္ဖြဲ႕တည္း ၇ေယာက္ပဲ ရွိေနမွာပါ ။ လူအင္အားနည္းေနတာေပါ့ေနာ္ ။ ၅ေသမွ ၆ေပၚလာမယ္ ... ၆ေသမွ ၇ေပၚလာမယ္ ဆိုေပမဲ့ အဖြဲ႕ ၃နဲ႔၄ က်ေတာ့ အာကာသကားက တိုက္မိတယ္ .. မတိုက္မိဘူးဆိုတဲ့ အၿပိဳင္အခ်ိန္လမ္းေၾကာင္းကကြဲလာတာမို႔လို႔ပါ ။ ေနာက္ၿပီး ၅ ၆ ၇အဖြဲ႕ေတြက ‌၃ ၄ေသၿပီးမွျဖစ္လာတာမို႔လို႔ ... ၃နဲ႔၄ ဘာေၾကာင့္ေသလဲ ၊ ဘယ္ေနရာမွာေသလဲ ၊ ဘယ္ကိုသြားရမလဲဆိုတာ သိေနႏွင့္ၿပီးပါၿပီ ။ အဲ့တာေၾကာင့္ ၃နဲ႔၄ မေသေအာင္ ေသမဲ့ေနရာေတြမွာ မေသေစေတာ့ဘဲ စက္ဝန္းကို ဆက္သြားေစတာပါ ။

အဲ့ေတာ့ လူဘာေၾကာင့္ ၁၄ေယာက္ ရွိဖို႔လိုသလဲဆို မစ္ရွင္က ေရႊက်ီးကန္းအမွတ္ ၂ မွာတင္ မၿပီးေသးဘဲနဲ႔ ေနာက္တစ္ေက်ာ့ျပန္စရလို႔ပါ ။ ဒါေပမဲ့ သူတို႔စစခ်င္းစတဲ့ ေက်ာက္ဆူးမွတ္ (အာကာသယာဥ္ထဲက ထြက္လာတဲ့အခ်ိန္) မဟုတ္ေတာ့ဘဲနဲ႔ ေနာက္ထပ္တစ္ေနရာမွာ ျပန္စတာပါ ။ အဲဒီအေၾကာင္းကိုေတာ့ ဒီမွာမေရးထားပါဘူး ။ အသစ္အမွတ္က ျပန္စတဲ့အဖြဲ႕ A က သူတို႔စစခ်င္းျမင္တဲ့ မနက္ ၅ နာရီခြဲကနံရံနဲ႔ ရြမ့္က်င္းအေဆာက္အအုံကျမင္တဲ့နံရံႏွစ္ခုကို တျခားေနရာကေန ပိတ္ရတာပါ ။ အဲ့လိုအ‌ေခါက္ေခါက္အခါခါလုပ္ၿပီးမွ နံရံကို ပိတ္နိုင္ၿပီး စမွတ္ကိုျပန္သြားတဲ့အဖြဲ႕ B နဲ႔ တစ္ကိုယ္တည္းျပန္ျဖစ္သြားၿပီး Ouroboros mission ၿပီးသြားတာပါ ။

မရွင္းတာရွိရင္ ထပ္ေမးခဲ့လို႔ရပါတယ္ ။

ဒီအထိ daily update လုပ္လာတာဆိုေတာ့ Arc 2 ကိုေတာ့ Feb မွ ဆက္တင္ပါမယ္ ><

•°•°•

Continue Reading

You'll Also Like

1.9M 150K 180
Yaoi Ongoing ရည္းစားျဖစ္သူက အိမ္ကိုေရာင္းၿပီးအေႂကြေတြ႔နဲ႔ျပစ္ထားခဲ့ခ်ိန္မွာ ကေလးငယ္တစ္ဦးကကံေကာင္းျခင္းေတြ႔ကိုယူေဆာင္လာၿပီးေနာက္ yakuzaေခါင္းေဆာင္နဲ...
72.1K 9.2K 40
Unicode Ver နဥ္ရႈေသဆုံးခဲ့ရသည္။ ဒါပင္မယ့္ သူမရဲ႕ ေကာင္းမြန္တဲ့ ကံတရားေၾကာင့္ Task-taker တစ္ေယာက္ျဖစ္လာၿပီး သနားစရာေကာင္းလွသည့္ အပိုအရႈပ္နယ္႐ုပ္ဇာတ္ေက...
652K 36.9K 55
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကောင်လေးနှစ်ယ...
133K 12.1K 47
ဒါကUnicodeမရခဲ့တဲ့အပိုင္​း​ေတြအတြက္​ျပန္​​ေရး​ေပးတာပါဒီထဲမွာunicodeပဲပါမွာမယ္​အစကဟိုအထဲမွာပဲတင္​​ေပးဖို႔ဒါ​ေပမဲ့လဲအခုဖတ္​​ေနတဲ့သူ​ေတြကရ​ေရာကုန္​မွာဆိ...