မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မ...

By Ssinlet_aeri

575K 103K 10.3K

Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3... More

Description
အပိုင်း(၁)နိဒါန်း
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)Ouroboros
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)ပြောင်းရွှေ့စခန်း
အပိုင်း(၂၇)ပရမ်းပတာ
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉) ငါဘယ်သူလဲ
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)ပြောင်းရွှေ့စခန်း
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)ရောင်စုံကုဗတုံး
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း
အပိုင်း(၉၄)
အပိုင်း(၉၅)အလျှံအပယ်
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)လင်းလက်တောက်ပသော အချိန်များ
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄) အချပ်ပို
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)

အပိုင်း(၁၄)

6.3K 1.1K 222
By Ssinlet_aeri

『Unicode』

《အရာအားလုံးကို ဖိကြိတ်ချေမွပစ်ခြင်း》

"အကြံပေးကျစ်.. နေရတာ ဘယ်လိုလဲ ? ဒီနေ့ နေသိပ်ကောင်းပုံမပေါ်ဘူးနော် "

ထန်းလဲ့ ၊ အဖွဲ့သားအသစ်တစ်ယောက် ၊ မျက်နှာဝိုင်းဝိုင်းနှင့် အမြွှာနှစ်ယောက်ထဲမှ တစ်ယောက် ။

သူက အနည်းငယ် ရှက်ရွံ့နေပုံပေါ်သည် ။ သူ့အဖြေကို ကြားပြီးသောအခါ သူ့တုံ့ပြန်ပုံက ​အဖြောင့်တစ်ယောက်၏အဖြေနှင့် တူလွန်းလှသည် ။

"ဟုတ်ပါပြီ" သူက ကသိကအောက်နိုင်စွာ ဆို၏ ။ "အကြံပေးကျစ် ၊ တအားကြီး စိတ်မလှုပ်ရှားပါနဲ့ ၊ ဒီတစ်ခေါက် အချိန်ရွှေ့ပြောင်းတာက ခင်ဗျားရဲ့ အရင်က မစ်ရှင်တွေနဲ့တူတူပါပဲ ၊ ပြီးတော့ မစ်ရှင်ကလဲ အရမ်း လွယ်ပါတယ် ၊ မနက်ဖြန်လောက်ဆို ပြန်ရောက်နေလောက်ပြီ "

.......

နောက်စက္ကန့်ပိုင်းအတွင်း ထန်းလဲ့၏ လည်ပင်းမှ သွေးများထွက်လာရာ သူ့တစ်ကိုယ်လုံးတွင် သွေးများရွှဲနစ်သွားပြီး သူ၏ အနက်ရောင်တိုက်ခိုက်ရေးယူနီဖောင်းတစ်လျှောက် စီးကျလာသည် ။ သူ့ရင်ဘတ်ပေါ်မှ '၇' သင်္ကေတ၌ ကြက်သွေးရောင် စွန်းထင်းသွားတော့သည် ။

သူ့မျက်လုံးများမှာ မှိုင်းညို့နေပြီး တဖြည်းဖြည်း မီးခိုးရောင်ပြောင်းကာ နောက်ကျိလာသည် ။ အနောက်တွင် သူ့ကိုကိုက်ခဲနေသော ဖုတ်ကောင်များရှိနေသလို အဆုံးမရှိဟု ထင်ရသော အနက်ရောင်နံရံကြီးလည်း ရှိနေသည် : "အကြံပေးကျစ်....ကျွန်တော်တို့ ပြန်မသွားနိုင်တော့--"

မြင်ကွင်းက လှုပ်ယမ်းသွားသည် ။ မျက်စိကျိန်းဖွယ် အဖြူရောင်အလင်းတန်းက ရုတ်တရက် ထွက်ပေါ်လာသည် ။

ကောင်းကင်နှင့် မြေကြီးမှာ အက်ကွဲကြေမွကာ လဲပြိုသွားလေသည် ။

စူးရှသော အချက်ပေးသံထွက်ပေါ်လာ၏ ။

[တရားမဝင် ရွှေ့ပြောင်းခြင်းကို တွေ့ရှိရသည် ! ]

[တရားမဝင် ရွှေ့ပြောင်းခြင်းကို တွေ့ရှိရသည် ! ]

ပြင်းထန်သော လှုမ်းယမ်းနေချိန်အတွင်း တစ်စုံတစ်ယောက်က သူ့ပခုံးများကို ဆုပ်ကိုင်လိုက်သည် : "ကျန်းကျန်း စိတ်လျှော့ !"

စာရွက်လွတ်တစ်ပိုင်းနှင့် ခဲတံတစ်ချောင်းက သူ့ရှေ့မှောက်သို့ ရောက်လာသည် ။ ထိုလူသည် သူ့နံဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြောလာသည်က  "ဒီမှာ...ဆရာပြောတဲ့အတိုင်းလုပ် ၊ ဟုတ်လား ?"

အခန်းသည် ကျောချမ်းဖွယ် တိတ်ဆိတ်ငြိမ်သက်လွန်းနေ၏ ။ နေသည် ပြတင်းပေါက်မှတစ်ဆင့် တောက်ပနေကာ စားပွဲပေါ်သို့ ဖြာကျနေသည် ။ သေးငယ်သော လက်တစ်ဖက်က ခဲတံကိုကိုင်လိုက်ပြီး အဖြူရောင်စာရွက်စ၏ အလယ်တွင် ပထမဆုံးသော ဂဏန်းကို စတင်ရေးလိုက်သည် ။

"ကြည့် "ဆရာက ညင်ညင်သာသာ ပြောသည် ။ "ငါတို့ ၁ကနေစမယ် ၊ ပြီးတော့ ဒီစာရွက်ပေါ်မှာ ထပ်မရေးနိုင်တော့တဲ့အထိ ဖြည်းဖြည်းချင်း ရေးသွားမယ် ။ မှားလဲ ကိစ္စမရှိဘူး ။ မင်းစဥ်းစားဖို့မလိုဘူး ၊ မှတ်မိဖို့လဲ မလိုဘူး ။ ဟုတ်တယ် မကြောက်နဲ့ ။ ဆက်ရေးသွား....မင်းအဆင်ပြေလာတဲ့အထိ ဆက်ရေးသွား...."

"ဒိုင်း ဒိုင်း ဒိုင်း!"

သေနတ်ပစ်ခတ်သံများ ဆူညံနေသည် ။

တစ်စုံတစ်ယောက်သည် ရှန်မြန်ဖြင့် ထပ်မံရောက်လာသော ဖုတ်ကောင်တစ်သုတ်၏ ဦးခေါင်းများကို ပစ်ဖောက်ခွဲနေရင်း သူ့အား ပြတင်းပေါက်မှ ခပ်ပြင်းပြင်း တွန်းထုတ်လိုက်သည် ။ ထိုလူ နောက်လှည့်ကြည့်လာသောအခါ သူ့မျက်လုံးများက ဒေါသထွက်နေလေ၏ : " ပေါက်ကရတွေ လျှောက်မပြောဘဲ အခုသွားတော့ !! ငါ ကာပစ်ပေးထားမယ် ! "

.......

အရှိန်မြင့်နေသော ကားနောက်တွင် ဖုန်မှုန့်များ ပျံ့လွင့်ကုန်ကြသည် ။

"ကိုယ့်ကိုယ်ကိုယ်စတေးတာက ရူးနှမ်းတဲ့အလုပ်ပဲ ။ ထပ်မလုပ်သင့်ဘူး ။ အသက်ရှင်တာထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး ။ ငါတို့အဖွဲ့လုပ်ဖို့လိုတာတွေ အများကြီးကျန်သေးတယ် ။ သေဖို့လောနေစရာမလိုဘူး "

"နားလည်လား?!"

........

ကားသည် လိမ့်ကာမှောက်သွားပြီး ကြီးမားသော လက်တစ်ဖက်က သူ့ထံ ကမ်းပေးလာ၏ ။

လက်ဖဝါးတွင် မှန်ကွဲစများ စိုက်ဝင်နေပြီး သွေးများလည်း တတောက်တောက် စီးကျနေဆဲ ။

သူသည် ထိုလက်ဆီသို့ ဆန့်တန်းလိုက်သည် ။

သူဆုပ်ကိုင်လိုက်သောအချိန်တွင် တစ်ဖက်လူ၏ မျက်ဝန်းနက်များမှာ ကျဥ်းမြောင်းသွားလေ၏ ။ "အကြံပေးကျစ် ၊ ငါ့အထင် မင်းငါ့ကို အမှန်အတိုင်းမပြောရသေးတာတွေ အများကြီးရှိတယ်......ငါတို့လက်ရှိအခြေအနေကို မင်းဘယ်နှခါလောက် ကြုံပြီးပြီလဲ ?"

.......

"ကြည့်ရတာ ငါတို့နှစ်ယောက်လုံး ရူးနေတာမဟုတ်ဘူးပဲ "

အရာအားလုံးသည် ဆိတ်ငြိမ်မှုအတိ ။

ကျစ်ယွီရှီ မျက်လုံးရှေ့တွင် အာကာသယာဥ်အကန့်ငယ်၏ ရှင်းသန့်နေသော အဖြူရောင်အတွင်းပိုင်းရှိနေသည် ။ သူ့ရှေ့ရှိ ထွင်းဖောက်မြင်နေရသော ဘောင်ကွက်တွင် ပေါက်ကရစာလုံးများ ပြသနေပြီး မှန်ပြတင်းအပြင်တွင်တော့ ထူထပ်သိပ်သည်းသည့် တောအုပ်နှင့် မီးခိုးရင့်ရောင်ကောင်းကင် ရှိနေသည် ။

"Bzz "

တိုးညင်းသော အသံနှင့်အတူ စက်ရုပ်လက်မောင်းတစ်ဖက်က အာဟာရဖြည့်စွက်ရည်အထုတ်ကို ဆုပ်ကိုင်ကာ ကမ်းပေးလာသည် ။

ဒုတ်ဒုတ် ဒုတ်ဒုတ် ။

ဒုတ်ဒုတ် ဒုတ်ဒုတ် ။

အမှောင်ထု၏ ဝါးမြိုခြင်းခံရစဥ် သူ့သေဆုံးမှုမတိုင်ခင် အချိန်ပိုင်းလေးအတွင်းမှာ သူဘာကိုစဥ်းစားခဲ့သလဲ ?

သူမမှတ်မိနိုင်ချေ ။

ကျန်ရစ်ခဲ့သည်မှာ သူ၏ရင်ဘတ်အတွင်းမှ ပြင်းထန်စွာ ခုန်လှုပ်လျက်ရှိသော နှလုံးသာဖြစ်သည် ။

သူခံစားနေရသော မူးဝေခြင်းနှင့်အားလျော့ခြင်းကို အမှုမထားဘဲ ကျစ်ယွီရှီသည် လုံခြုံရေးခလုတ်ကို စဥ်းတောင်မစဥ်းစားဘဲ ဖိဖွင့်လိုက်ကာ ယာဥ်အပြင်ဘက်သို့ အားနည်းစွာ ထွက်လာခဲ့သည် ။

ချမ်းစိမ့်သော မနက်စောစော လေညင်းက ဖြတ်သန်းတိုက်ခတ်သွားသည် ။

ယာဥ်အကန့်ငယ် ၇ခုသည် တိတ်ဆိတ်နေသော တောအုပ်အလယ်တွင် မှိန်ပျစွာ လင်းနေ၏ ။

အဖွဲ့သား သုံးယောက် သို့မဟုတ် လေးယောက်သည် သိပ်မဝေးသောနေရာတွင် ရပ်နေကြသည် ။ သူတို့သည် တစ်စုံတစ်ခုအကြောင်းပြောနေပြီး အနည်းငယ် အခက်ကြုံနေကြသည် ၊ မှားယွင်းနေသည့် အချိန်ပြကိုသြဒိနိတ်အမှတ်အကြောင်း ​အထွန့်တက်နေသည့်နှယ် ။

တစ်ဖက်တွင်တော့ သူနှင့် အနီးဆုံး ယာဥ်ငယ်၏ တံခါးမှာ ပွင့်ဟလာလေသည် ။ ထိုထဲမှ ထွက်လာသည့် လူငယ်လေး၏ မျက်နှာအမူအယာမှာ ဆိုးရွားနေပြီး အပြင်သို့ ထွက်ရန်ကြိုးစားနေချိန်တွင် သူသည် ပါးစပ်ကို လက်ဖြင့် အုပ်ကာထား၏ ။

"ဘန်း!"

ယာဥ်တံခါးမှာ ဆောင့်ကန်ကာ ပိတ်ခံလိုက်ရသည် ။

"ခေါင်းဆောင်စုန့်!!" လေအလုံပိတ်ယာဥ်အတွင်းမှ လီချွင်း၏ ဗလုံးဗထွေးအသံက မသဲမကွဲ ထွက်ပေါ်လာသည် ။ "ဝေါ့--"

"မင်းအန်ချင်ရင် ကိုယ့်အိမ်မှာ ကိုယ်အန် "

ဘေးမှဖြတ်သွားသော အမျိုးသားသည် သူ၏ တောင့်တင်းကာ ရှည်လျားသော ခြေတံရှည်များကို ပေါ်လွင်စေသည့် အနက်ရောင် တိုက်ခိုက်ရေးယူနီဖောင်းကို ဝတ်ဆင်ထားသည် ။ သူ၏ အပြူအမူများမှာ ထူးထူးခြားခြား သြဇာလွှမ်းနေသည့်အပြင် စိတ်အေးသက်သာစေ၏ ။ "ဒီပိတ်ရက်ရှည်မှာ မင်းကိုဘယ်သူက သောက်ကျိုးနည်း အချောင်ခိုပြီး ချိန်သီးပေါ် နှစ်ခါပဲ ထိုင်ဖို့ ပြောလို့လဲ ?"

မနီးမဝေးတွင် စုဝေးနေကြသော အခြားလူသုံးယောက်သည်လည်း သူတို့၏ စနောက်ခြင်းကို စတင်လိုက်သည် ။

"ချွင်းအာတစ်ယောက် ထပ်အန်နေပြန်ပြီလား ? သူ ခေါင်းဆောင်စုန့်ဆီ အမိခံနေရတာ အခုဆို ဘယ်နှခါလောက်ရှိနေပြီလဲ ? "

"သူ့လဲ အပြစ်တင်လို့မရဘူး ၊ မိန်းကလေးတွေတောင် ကစားကွင်းက ရင်တုန်ရတဲ့စီးစရာတွေမှာ သူ့ထက် ပိုတော်သေးတယ် ။ သူ့ကို သုံးကြိမ်အန်အောင်လုပ်ဖို့ ချိန်သီးက တစ်ခေါက်ပဲ အပေါ်တက်စရာလိုတယ် "

"မဆန်းပါဘူး ၊ သရုပ်ဖော်ပြစက်လဲ သူ့ကို ထပ်မကယ်နိုင်တော့ဘူး "

တစ်ဖက်တွင် အသက်သုံးဆယ်အစောပိုင်းရောက်နေပြီဖြစ်သော သွမ့်ဝမ်က ပင်မထိန်းချုပ်စနစ်ကို အမှားရှာဖွေရင်း အလုပ်များနေသည် ။ သူ့အသံကို ကြားရုံနှင့် သူသည် ဆေးလိပ်အလွန်အကြူး သောက်ခဲ့သည်မှန်း ပြောနိုင်၏ ။ "ခေါင်းဆောင်စုန့် ! ကျွန်တော်တို့ရဲ့ ပစ္စည်းတွေ လော့ကျသွားတဲ့ပုံပဲ !"

စုန့်ချင်းလန် : "သိတယ်"

သူသည် အလျင်မလိုစွာ လျှောက်လှမ်းလာပြီး လီချွင်းကို သူ့အန်ဖတ်နံ့နှင့်သူ မွန်းကြပ်နေအောင် ယာဥ်ငယ်ထဲတွင် ထားရစ်ခဲ့သည် ။

သူသည် ကျစ်ယွီရှီနှင့် ခြေလှမ်းနှစ်လှမ်း ၊ သုံးလှမ်းမျှသာ ကွာဝေးတော့သည့်အချိန်တွင် စုန့်ချင်းလန်က ရုတ်တရက် ရပ်တန့်ကာ ခေါင်းလှည့်လာ၏ ။

တစ်ဖက်လူ၏ အရပ်အမြင့်ကြောင့် ကျစ်ယွီရှီက တစ်ဖက်လူသည် သူ့အား ငုံ့ကြည့်နေရလုနီးနီးဟု ခံစားလိုက်ရသည် ။

စုန့်ချင်းလန်၏ မျက်နှာအမူအရာမှာ လေးနက်ပြီး သူ့မျက်လုံးနက်များမှာ စိတ်ဓာတ်ပြင်းပျမှူတို့ဖြင့် ပြည့်နှက်နေသည် ။ သူက မတုံ့မဆိုင်းဘဲ ပြောလာသည် ။ "အကြံပေးကျစ်...ငါ့အထင် မင်းပြုံးတာကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ "

ကျစ်ယွီရှီ :"......"

သူသည် မသိစိတ်အလျောက် ခေါင်းငုံ့လိုက်မိသည် ။

ယာဥ်မှ မီးအလင်းရောင်က သူ့မျက်နှာထက်တွင် ထင်ဟပ်နေသည်  ။

ကျစ်ယွီရှီသည် သူ့နှုတ်ခမ်းထောင့်စွန်းများ မသိမသာကွေးညွတ်နေသည်ကို မှန်ထဲရှိ သူ့ပုံရိပ်ယောင်တွင် ဝိုးတဝါးမြင်နေရသည် ။

"ကြည့်ကောင်းသားပဲ " သြရှသောအမျိုးသားသံက ဆိုလာ၏ ။

သူသည် အံအားသင့်မှုများဖြင့် ပြန်လှည့်ကြည့်လိုက်သော်လည်း ထိုမှတ်ချက်ပိုင်ရှင်သည်တော့ ရှေ့ဆက်လျှောက်သွားပြီဖြစ်ရာ မြင့်မားဖြောင့်တန်းသော နောက်ကျောကိုသာ မြင်လိုက်ရသည် ။

"ပင်မထိန်းချုပ်စနစ်က လိုင်းပိတ်သွားပြီး ကြီးကြပ်ကွပ်ကဲရေးစင်တာကိုလဲ ဆက်သွယ်လို့မရဘူး ၊ ယာဥ်ပျံတွေကလဲ အလုပ်မလုပ်တော့ဘူး ၊ ကြည့်ရတာ ဒီက လျှပ်စစ် သံလိုက်လှိုင်းတွေကြောင့် ဖြစ်မယ်ထင်တယ် ၊ ဒီက သံလိုက်စက်ကွင်းက နည်းနည်းကွဲပြားနေပုံပဲ..ဒါပေမဲ့ သိပ်တော့ မသေချာသေးဘူး ၊ ခုနက ရွှေ့ပြောင်းခြင်းနဲ့ ဆက်စပ်ရင် ဆက်စပ်နေလောက်မယ် ၊ အခုတော့ ကျွန်တော်တို့ သုံးလို့ရတာ ဆက်သွယ်ရေးစက် တစ်ခုပဲ ရှိတယ်  ၊ ပြောရရင် ကျွန်တော်တို့ ဒီမှာ......ပိတ်မိနေပြီ "

သွမ့်ဝမ်က ပြောလို့ပြီးသွားသော်လည်း တစ်စုံတစ်ခုကို သတိထားမိသွားဟန်တူသည် ။ သူသည် မျက်မှောင်ကြုတ်လိုက်ကာ "ကျွန်တော်ဒါကို အရင်ကပြောဖူးလား?"

စုန့်ချင်းလန်သည် သူ့ပခုံးကို ပုတ်လိုက်ပြီး "ပြောဖူးတယ်"

သွမ့်ဝမ်သည် ထိုနေရာမှာပင် ဆောင့်ကြောင့်ထိုင်လိုက်ကာ မှတ်မိနိုင်ရန် သူ့ဦးနှောက်ကို ညှစ်ထုတ်နေလေ၏ ။

ဤမြင်ကွင်းမှာ သူနှင့် ရင်းနှီးနေသည်ဟု ခံစားရသော်လည်း ဘာကြောင့်လဲဆိုတာ အတိအကျ ထောက်မပြနိုင်ပေ ။

"မမှတ်မိဘူးလား ? " စုန့်ချင်းလန်သည် ကျိုးမင်ရွှမ်းဆီ ချဥ်းကပ်လာကာ လက်နက်သေတ္တာကို ဖွင့်ရန် လက်အမူအရာပြလိုက်သည် ။ "အချိန်ယူပြီး စဥ်းစားလိုက်"

ကျန်ရှိသောသူများ : "......."

စုန့်ချင်းလန်သည် သေသေသပ်သပ် စီရီထားသော လက်နက်များကို ကြည့်လိုက်ပြီး စစ်ဆေးသုံးဓားတိုတစ်ချောင်းကို ထုတ်ယူလိုက်သည် ။

ထိုအချိန်တွင် တောအုပ်အတွင်း ခြေသံများ ထွက်ပေါ်လာ၏ ။

မှိန်ဖျော့ဖျော့အလင်းထဲတွင် အေးစက်စက် အလင်းတစ်ခုသည် စုန့်ချင်းလန်၏ လက်ထဲမှ ဖျတ်ခနဲ ထွက်သွားပြီး မလှမ်းမကမ်းရှိ မှောင်မည်းသော အရိပ်တစ်ခုသည် မြေပြင်ပေါ်သို့ လဲကျသွားသည် ။

လူတိုင်း : "!!!"

ကျစ်ယွီရှီသည်ပင် မှင်သက်သွားရသည် ။ ဤလူ၏ တိကျမှုသည် သူ့မျှော်မှန်းချက်များထက် သာလွန်နေ၏ ။

အဖွဲ့သားများသည် သူတို့၏ လက်နှိပ်ဓာတ်မီးကို အသုံးပြုကာ အလောင်းကို စစ်ဆေးနေသည် ။ သူတို့သည် လျင်မြန်စွာပင် တစ်ဖက်လူ၏ စိမ်းပြာရောင် သွေးကြောများ ၊ မီးခိုးရောင် မျက်လုံးများနှင့် ပုပ်ပွနေသောအသားစများအကြောင်း ဆွေးနွေးနေကြပြီး စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေကြသည် ။

သူတို့အဖွဲ့ခေါင်းဆောင် သတ်လိုက်သော ဤအလေအလွင့်သည် လူနှင့် မတူပေ ။ ဒါပေမဲ့ ခေါင်းဆောင်စုန့်က တအားမြန်မြန်ကြီး သတ်ပစ်လိုက်တာ မဟုတ်ဘူးလား?

လီချွင်း နောက်ဆုံး သူ့ယာဥ်ပျံထဲမှ ထွက်လာချိန်တွင် စုန့်ချင်းလန်က လူတိုင်းကို စုဝေးလိုက်သည် ။

"ကြုံဖူးနေသလို ခံစားရတဲ့သူရှိရင် သေချာ စဥ်းစားကြည့်"

စုန့်ချင်းလန် မျက်လုံးများသည် လူတိုင်း၏မျက်နှာကို ဝေ့ဝိုက်ကြည့်လိုက်သည် ။ သူ့အသံတွင် ဖြစ်တောင့်ဖြစ်ခဲတင်းမာမှုများ ရောယှက်နေသည် ။ "ဒီတစ်ခေါက် ဘယ်သူမှ မသေစေနဲ့ "

"မင်းတို့လက်နက်တွေရွေး ၊ အသေစေနိုင်ဆုံးတွေကိုပဲရွေးပြီး မင်းတို့ယူနိုင်သမျှ အကုန်ယူခဲ့ ၊ ငါတို့အပြင်ထွက်ရင် ကားတစ်စီး အရင်ရှာမယ် "

လီချွင်းသည် အော့အန်ပြီးနောက် အနည်းငယ် မူးဝေနေဆဲပင် ။

လူတိုင်း ဇဝေဇဝါဖြစ်နေချိန်တွင် သူကဦးဆုံး မေးလာ၏ ။ "ခေါင်းဆောင်စုန့်... ကျွန်တော်တို့ ဘယ်သွားကြမှာလဲ? ဒါကမစ်ရှင်အသစ်လား? "

စုန့်ချင်းလန်သည် သူ၏ခေါင်းထဲတွင် အချိန်ကွာခြားချက်ကို တွက်ချက်ပြီးနောက် တပ်ဖွဲ့၏ ဘယ်ဘက်အစွန်ဆုံးဆီသို့ လှည့်ကြည့်လိုက်သည် ။

ထိုနေရာတွင် အထက်ကလူများကြောင့် အဖွဲ့ထဲ ရောက်လာရသော တင့်တယ်လှပသည့် ကျစ်ယွီရှီက မတ်တပ်ရပ်နေ၏ ။

"အကြံပေးကျစ်?" စုန့်ချင်းလန်က မေးသည် ။ "အကြံပေးစရာများ ရှိလား?"

"စာအုပ်ဆိုင်ဆီ တိုက်ရိုက်သွားမယ်" ကျစ်ယွီရှီ၏ ကြည်လင်ပြတ်သားသော အသံထွက်ပေါ်လာသည် ။ "ကျွန်တော် မကြည့်လိုက်ရတဲ့ သဲလွန်စတစ်ခုရှိတယ် "

စုန့်ချင်းလန်က လှစ်ခနဲ ပြုံး၏ ။

ထို့နောက် သူသည် စိတ်ပိုင်းဖြတ်ထားသည့်ပုံစံနှင့် တည်ငြိမ်စွာဆိုသည် ။ "ကောင်းတယ် ၊ ငါလဲ အဲ့တာပဲ စဥ်းစားနေတာ ။ စာအုပ်ဆိုင်ကို အရင်သွားပြီး မင်းကြည့်ချင်တဲ့သဲလွန်စကို ကြည့်မယ် ။ ပြီးရင် နံရံမည်းကြီးရဲ့လှုပ်ရှားတဲ့ပုံစံကို ​အဖြေရှာမယ် ။ အဲ့ဒီကနေ မစ်ရှင်အကြောင်းအရာဆိုတာကိုလဲ ရှာမယ် "

နှစ်ယောက်သည် ​ခိုင်မာသော အလိုအလျောက် နားလည်မှုဖြင့် အချင်းချင်း အချိတ်အဆက်မိနေကြသည် ။

လူတိုင်းသည် ပြောစရာစကားများပျောက်ရှနေကြသည် ။

စုန့်ချင်းလန်ကပြောသည် : "အဲ့ဒီကိုသွားတဲ့လမ်းမှာ ငါဖြည်းဖြည်းချင်း ရှင်းပြမယ် "

ပန်းခြံထဲရှိ အရာအားလုံးသည် နဂိုမူလရှိနေသည့်အတိုင်း ထပ်တူညီစွာပင် ၊ အမှိုက်သရိုက်များ ၊ အလောင်းကောင်များနှင့် သွေးစွန်းကွက်များ ။

အနက်ရောင်နံရံနှင့် ဖုတ်ကောင်များအကြောင်း ကြားသောအခါ တချို့အဖွဲ့သားများသည် တိတ်ဆိတ်နေကာ တချို့ကတော့ မယုံကြည်နိုင်ဖြစ်နေကြသည် ။ တချို့သော သူတို့အတွက် အရင်ကကြုံခဲ့ဖူးသည်မှာ မဖြစ်နိုင်ဟုထင်ရသည် ။ အထူးသဖြင့် ထန်းချီအတွက် နောက်ပိုင်းကြုံရသော ကိစ္စအများစုတွင် သူမပါဝင်ခဲ့သောကြောင့် ကြုံဖူးသလိုခံစားရဖို့ အလွန်ခက်ခဲနေ၏ ။

သွမ့်ဝမ်သည် တချို့မြင်ကွင်းများကို ယောင်ဝါးဝါးမှတ်မိနေပြီး ကျိုးမင်ရွှမ်းသည်လည်း အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားနေရသည် ။

ဤသည်မှာ လူတိုင်းအရင်က ဖြတ်ကျော်ခဲ့ဖူးသော လေ့ကျင့်ရေးများနှင့် သက်ဆိုင်သည်ဟု စုန့်ချင်းလန် ယူဆသည် ။

ထျန်းချုံစနစ်တီထွင်ပြီးသည့်နောက်တွင် ထိုထဲသို့ဝင်ရန်နှင့် စောင့်ရှောက်သူတစ်ယောက် ဖြစ်လာရန် ပြင်ဆင်နေကြသော အထူးတပ်ဖွဲ့များသည် အချိန်မျက်မြင်သက်သေအစီအစဥ်တွင် ပါဝင်ရန်လိုအပ်လေ၏ ။

အချိန်ခရီးသွားခြင်း၏ နောက်ဆက်တွဲဖြစ်သည့် လက်တွေ့နှင့်ရောထွေးခြင်းနှင့် မေ့လျော့ခြင်းဆိုးကျိုးများဖြင့် ရင်ဆိုင်နိုင်ရန် သူတို့သည် အလွန်ကြာညောင်းသော ထပ်တလဲလဲ မှတ်ဉာဏ်လေ့ကျင့်ရေးကို လုပ်ဆောင်ခဲ့ရသည် ။ ကျစ်ယွီရှီသောက်နေသော ဆေးအမျိုးအစားကို စုန့်ချင်းလန် ခန့်မှန်းနိုင်ရသည့် အကြောင်းအရင်းမှာလည်း ဤအရာကြောင့်ပင် ။

လက်ရှိတွင် သူတို့အရင်အတွေ့အကြုံနှစ်ခု၏ အချို့ဖြစ်ရပ်များကို သိနေသော သူများသည် အချိန်မျက်မြင်သက်သေ အစီအစဥ်တွင် ပါဝင်ဖူးသူများဖြစ်ပြီး ထိုအတွက် လေ့ကျင့်ရေး ဆင်းထားပြီး ဖြစ်သည် ။ ထျန်းချုံသို့ နောက်မှ ဝင်ရောက်လာသော ထန်းချီ ၊ ထန်းလဲ့နှင့် လီချွင်းတို့အတွက်မူ ထိုအချိန်က အချိန်ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ တီထွင်မှုတစ်ခု ထုတ်လုပ်ပြီးသည်ဖြစ်ရာ အာဟာရဖြည့်စွက်ရည်သောက်သုံးရုံနှင့်ပင် ထိုဆိုးကျိုးများကို သက်သာစေနိုင်သည် ။ ရလဒ်အနေဖြင့် သူတို့သည် ဤအဖြစ်ကိုထုံသွားပြီး ကြုံဖူးနေသလို မခံစားရတော့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည် ။

ကျစ်ယွီရှီအတွက်မူ သိသာထင်ရှားလှသည် ။

သူသည် မေ့နိုင်စွမ်းမရှိသော တစ်စုံတစ်ယောက်ပင် ဖြစ်သည် ။

ဒါက အမှန်တကယ် ကောင်းသည်လား သို့မဟုတ် ဆိုးသည်လား?

"ဒါဆို ကျွန်တော်တို့သေသွားတဲ့အချိန်တိုင်း ပြန်စနေတာလား ?"ကျိုးမင်ရွှမ်းက မေးလိုက်သည် ။ "ဒီလိုသေတာမျိုးက တစ်ယောက်ယောက်သေသွားမှလား ဒါမှမဟုတ်ရင် တစ်ဖွဲ့လုံးသေသွားမှလား ?"

"တစ်ဖွဲ့လုံး ဖြစ်ရမယ်"

ပြောလာသူက ကျစ်ယွီရှီပင် ။ သူသည် အလွန်သတိရှိနေရသော အနေအထားတွင် တောက်လျှောက်ရှိနေပြီး နားဖို့အခွင့်အရေးမရှိခဲ့သောကြောင့် ဖြစ်နိုင်သည် - သူတို့မစ်ရှင်ပထမဆုံး ပြန်စသည့်အချိန်မှစ၍ ယခုအချိန်ထိ ၊ မထွက်ခွာမီကောင်းကောင်းမအိပ်ခဲ့ရသည့်အချက်ကြောင့် အကုန်လုံး မှတ်မိနေသော ကျစ်ယွီရှီအတွက် သူသည် နာရီနှစ်ဆယ်နီးပါးလောက် မအိပ်ခဲ့ရသလို ဖြစ်နေသည် ။

ရွမ့်ကျင်းအဆောက်အဦးသို့ ဝင်ဆောင့်ခဲ့ချိန်က ကားထဲတွင် ရခဲ့သော သူ့နဖူးထက်ရှိ အညိုအမည်းဘုလုံးသည် မစ်ရှင်ပြန်စချိန်တွင် ပျောက်ကွယ်သွားပြီဖြစ်သော်ငြား သူ့မျက်လုံးများအောက်မှ ဖျော့တော့သည့် အပြာရောင်မျက်ကွင်းများတော့ ရှိနေဆဲ ။ သံမဏိကဲ့သို့ ဖြောင့်တန်းနေသော အနှီအမျိုးသား အဖွဲ့ကြားတွင် သူသည် လေပြင်းတစ်ချက်တိုက်သည်နှင့် လွင့်ပါသွားမည့်ပုံပေါ်နေ၏ ။

"စာအရဆို မစ်ရှင်စည်းမျဥ်းက အသေအပြတ်ရှင်းခြင်း "ကျစ်ယွီရှီက ပြောသည် ။ "ဒါပေမဲ့ ထျန်းချုံစနစ်က ကျွန်တော်တို့အတွက် အချိန်ကျောက်ဆူးတစ်ခုလဲ လုပ်ပေးထားတယ်--"

"အချိန်ကျောက်ဆူး?" စုန့်ချင်းလန်သည် ဒီအကြောင်းကို ကျစ်ယွီရှီသိနေသဖြင့် အံ့သြသွားသည် ။

အချိန်ကျောက်ဆူးဟူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တားမြစ်ထားသော အရာပင် ။ ၎င်းကို အချိန်ကိုသြဒိနိတ်တစ်ခုကို အမှတ်အသားပြုရန် ကျောက်ချသည့်အမှတ်အနေဖြင့် အသုံးပြုခဲ့ပြီး လိုအပ်သောအခြေအနေတစ်ခု လှုံ့ဆော်ခံရသည်ကို သိရှိချိန်တွင် အချိန်သည် ထိုကျောက်ချထားသည့် အမှတ်ဆီသို့ ပြန်ရောက်သွားပေလိမ့်မည် ။

ဤအချိန်ကျောက်ဆူး၏တည်ရှိမှုမှာ ပြင်းထန်သောအချိန်ဝိရောဓိများ ဖြစ်ပေါ်လာစေ၏ ၊ ဥပမာအ​နေဖြင့် အချိန်ကာလတစ်ခုအတွင်း တစ်စုံတစ်ယောက်ကို ထာဝရအသက်ရှင်စေနိုင်ခြင်း သို့မဟုတ် သမိုင်းဖြစ်ရပ်တစ်ခုကို ဘယ်တော့မှ ဖြစ်မလာအောင် လုပ်ခြင်း ၊ စသည်တို့မှာ တဖြည်းဖြည်းနှင့် ထိုအချိန်ကာလတွင် အချိန်ပူဖောင်းများဖြစ်ပေါ်လာစေပြီး လက်ရှိအချိန်ကာလကို ထိခိုက်လာစေ၏ ။

ရလဒ်အနေဖြင့် သူတို့ခေတ်ကာလတွင် အချိန်ကျောက်ဆူးကို ပိတ်ပင်လိုက်ကာ ထိုအကြောင်းကိုသိသူမှာ လူနည်းစုသာရှိသည် ။

ကျစ်ယွီရှီ : "ဟုတ်တယ် "

သူသည် အခြားသူများအား အချိန်ကျောက်ဆူးအကြောင်းအကြမ်းဖျင်း ရှင်းပြလိုက်ပြီး ဆက်ပြောလာသည် ။ "ဆိုလိုတာက အချိန်လမ်းကြောင်း ပြန်စရင် ကျွန်တော်တို့က ပန်းခြံဆီကိုပဲ အမြဲပြန်ရောက်နေမှာ ၊ စက်ဝန်းတစ်ခုဆီမှာ ပြောချင်တဲ့ အသေအပြတ်ရှင်းဆိုတာက သေသွားတဲ့သူတွေက ဖယ်ထုတ်ခံလိုက်ရတဲ့ စစ်တုရင်ရုပ်တွေဖြစ်သွားပြီး ကျန်ခဲ့တဲ့သူတွေက မစ်ရှင်ကို ဆက်လုပ်ရမယ်လို့ ကျွန်တော်ယုံတယ် ၊ အဖွဲ့တစ်ခုလုံးသေသွားတာကို တွေ့တာနဲ့ မစ်ရှင်က ပြန်စလိမ့်မယ် ၊ ဒါက လူတစ်ယောက်ပဲ ကျန်တယ်ဆိုရင်တောင် မစ်ရှင်ပြီးမြောက်တာ သေချာဖို့ လုပ်ထားတာပဲ "

"ဖာခ့်"

"ဒါက အရမ်းရက်စက်လွန်းတာပဲ!"

"ဒါကို စီစဥ်တဲ့လူက လူစိတ်မရှိဘူးလား?!"

"ကျွန်တော်လဲ ဒါတော့မသိဘူး" ကျစ်ယွီရှီက ပြောလိုက်သည် ။ "ဒါပေမဲ့ ကျွန်တော်တို့ မစ်ရှင်မပြီးဘူးဆိုရင် ဒီစက်ဝန်းက ထာဝရလည်နေမှာပဲ "

ဤသို့ ပြောလိုက်သောအခါ စုန့်ချင်းလန်က သူ့ဆီတစ်ချက်လှည့်ကြည့်လာသည် ။

ထို့နောက်က သွမ့်ဝမ်က "ဒါဆို ခင်ဗျားပြောခဲ့တဲ့ မစ်ရှင်အနေအထား ၊ အဲ့ဒီOuroborosဆိုတာ ဒါကို ဆိုလိုတာလား?"

စုန့်ချင်းလန်လည်း ဤသို့တွေးမိ၏ ။

နောက်ပြီး သူလည်း ကျစ်ယွီရှီကို အရင်က ဒီအကြောင်းပြောခဲ့ဖူးသည် ။

"ဖြစ်နိုင်တယ်"စုန့်ချင်းလန်က ဆိုသည် ။ "ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ် ဒီအကြောင်း အကြမ်းဖျင်းသိထားရင် ရပြီ ။ ဒီအမှောင်နောက် လိုက်သူက ဘာလဲဆိုတာ ငါတို့အဖြေရှာရမယ် "

ပန်းခြံစီမံခန့်ခွဲရေးရုံးကို ရှာတွေ့သည့် နေရာသို့ ရောက်လာကြသော်လည်း ဒီတစ်ကြိမ်တွင်တော့ အထဲထပ်ဝင်ရန် မလိုအပ်တော့ပေ ။

သို့သော်လည်း ကျစ်ယွီရှီက နေရာတွင်ရပ်ကာ "ခေါင်းဆောင်စုန့်...အားလုံးကို တိုက်ကြိတ်ပစ်နိုင်မဲ့ ကားတစ်စီး လိုချင်လား?"

စုန့်ချင်းလန်က သူသည် ကျစ်ယွီရှီ၏ အကြောင်းအရာတစ်ခုကို ဆိုင်းမဆင့်ဘုံမဆင့် ဆွဲထုတ်တတ်သည့် အကျင့်နှင့် အသားကျနေပြီဖြစ်ကြောင်း သိလိုက်သည် ။

ကျစ်ယွီရှီ ဤသို့ပြောလာလျှင် ကျိန်းသေပေါက် တစ်ခုရှိရမည်ပင် ။

စုန့်ချင်းလန်သည် သူ၏ အကျင့်ဆိုးဆိုး ပါးစပ်ကို ထိန်းချုပ်မထားနိုင်ဘဲ : "ငါလိုချင်တယ်ဆို ရမှာလား?"

အားလုံး : "???"

"ဟုတ်တယ် "ကျစ်ယွီရှီ၏ လှပသောပုံစံမှာ မနက်ခင်းအလင်းရောင်အောက်တွင် လွန်စွာနူးညံ့ပျော့ပျောင်းနေ၏ ။ "ပန်းခြံစီမံခန့်ခွဲရေးရုံးခန်း ၊ အဲ့ဒီက စားပွဲပေါ်မှာ အာကာသကားသော့ရှိတယ် "

သေချာပေါက်ပင် ၊ အသစ်ချက်ချွတ် အာကာသကားသည် ပန်းခြံစီမံခန့်ခွဲရေးရုံး၏ အနောက်တွင် ရပ်ထားသည် ။

အာကာသကားသော့မှာ ကားအသေးအတွက် လိုအပ်သော သက်သေခံကတ်ပြားနှင့် ကွဲပြားပြီး ရှာတွေ့ရန် အတော်လွယ်ကူသည် ။ သူတို့သည် ဒါကိုအရင်က သတိမထားမိပေ ။ အကြောင်းအရင်းမှာ ပထမအချက်..အရင်စက်ဝန်းနှစ်ခုတွင် မြို့ထဲ အာကာသယာဥ်မောင်းရန် စိတ်မကူးခဲ့မိကြသဖြင့် ၊ ပြီးတော့ ဒုတိယအချက်..၎င်းမှာ ပါဆယ်သေတ္တာများနှင့် သတင်းစာပုံအောက်တွင် ဖုံးအုပ်နေသဖြင့် ။

စုန့်ချင်းလန်သည် ထိုကဲ့သို့သော အသေးစိတ်များကို မမှတ်မိသော်လည်း ကျစ်ယွီရှီသည်တော့ အလွန်သဲသဲကွဲကွဲ မှတ်မိနေသည် ။

အာကာသကားသည် ၈မီတာရှည်ပြီး ၅မီတာကျယ်ကာ အပြင်ဘက်တွင် အင်မတန်မာကျောသော သတ္တုအကာရှိနေသည် ။ အမြန်နှုန်းမှာ တစ်နာရီ ကီလိုမီတာ ၃၀၀ ရောက်နိုင်သဖြင့် အမှန်တကယ်ကို မကောင်းဆိုးဝါးဖိကြိတ်စက်ကြီးပင် ။

ဤသို့သော ယာဥ်မျိုးသည် သူတို့အချိန်ကာလတွင်လည်း ရှိ၏ ။ စက်နှိုးပြီးသောအခါ ယာဥ်မောင်းမလိုအပ်ဘဲ ပစ္စည်းများပို့ဆောင်ရန် အထူးချန်နယ်တစ်ခုသာ လိုအပ်သည် ။ အရှင်းဆုံးပြောရလျှင် လွန်ခဲ့သောရာစုနှစ်မှ ကုန်တင်ကားများကို နည်းပညာမြှင့်ထားသော မောင်းသူမဲ့ယာဥ်ဖြစ်သည် ။ ကြီးမားသော အကျယ်အဝန်းကြောင့် တချို့က ရွေ့လျားအိမ်အဖြစ်သုံးပြီး ထိုအခြင်းအရာကြောင့် အာကာသကားဟု ခေါ်ကြလေ၏ ။

"အကြံပေးကျစ်!" လီချွင်းသည် ခုန်တက်ကာ ဘေးပတ်လည်ကို စူးစမ်းနေသည် ။ "ကျွန်တော် ထူးထူးခြားခြား ဆုအကြီးကြီးပေါက်သွားတဲ့ ခံစားချက်မျိုး ရနေတယ် ! ဒီဟာကြီးက အရမ်းမိုက်တာပဲဗျာ! "

ထန်းလဲ့က ထန်းချီအားပြောသည် ။ "တကယ်လို့ ဖုတ်ကောင်တွေနဲ့တွေ့ရင် အကောင်တစ်ရာလောက်ကို ကြိတ်သွားနိုင်မယ်ထင်လား?"

ထန်းချီ : "ဟုတ်မှာပေါ့"

စုန့်ချင်းလန်သည် သူ၏ ဆက်သွယ်ရေးစက်မှ အချိန်ကိုကြည့်ကာ မှတ်သားလိုက်သည် ။ "မြန်မြန်လုပ်"

ယာဥ်ထဲတွင် တုပ်ခိုင်သော သစ်လုံးများစွာ ရှိနေသည် ။

ထိန်းချုပ်မှုများကို လေ့လာပြီးသည့်နောက်တွင် သွမ့်ဝမ်က ယာဥ်ကိုစက်နှိုးကာ သစ်လုံးများကို ပစ်ချလိုက်ရာ မြေပေါ်ကျသွားသည်နှင့် ဘုန်းခနဲ အသံကျယ်တစ်ခု ထွက်လာသည် ။

အကွာအဝေးတစ်ခုရှိ များစွာသော ဖုတ်ကောင်တို့သည် အသံကြောင့် ဆွဲဆောင်ခံလိုက်ရကာ အရူးတစ်ပိုင်း စတင်ပြေးလွှားလာလေသည် ။

"ဒိုင်း ဒိုင်း ဒိုင်း!"

ကျစ်ယွီရှီသည် သေနတ်မှန်ပြောင်းမှကြည့်ကာ သူ၏လေဆာသေနတ်ဖြင့် ဖုတ်ကောင်များစွာကို ပစ်ချလိုက်သည် ။

ဖုတ်ကောင်တို့၏ ဦးခေါင်း ပေါက်ကွဲသွားပြီး သွေးနှင့် ဦးနှောက်အပိုင်းအစများ မြေပေါ်တွင် ပြန့်ကျဲကုန်ကြသည် ။

သေနတ်သံကြောင့် ပိုများသော ဖုတ်ကောင်များသည် ပုန်းကွယ်နေရာမှ အလျင်အမြန် ထွက်ပေါ်လာကြ၏ ။ ကောင်းကင်က လင်းလာပြီဖြစ်သည် ။

သူတို့ရှေ့တည့်တည့်တွင် ဖုတ်ကောင်အစစ်များ မြင်လိုက်ရသောအခါ အဖွဲ့သားများက အလွန်ထိိတ်လန့်သွားပြီး တဒင်္ဂ စိတ်မအေးနိုင်တော့ပေ ။ ထိုမှသာ အစောပိုင်းက ခေါင်းဆောင်စုန့်နှင့် အကြံပေးကျစ်တို့၏ စကားလုံးများ ဘယ်လောက်ထိ လက်တွေ့ဖြစ်သည်ဆိုတာ နားလည်သဘောပေါက်သွားကြသည် ။

ယာဥ်ပေါ်သို့ သူတို့၏ ပစ္စည်းအားလုံး ပစ်တင်ပြီးသောအလာ အကုန်လုံး ကားပေါ် တက်လိုက်ကြသည် ။

တံခါးပိတ်လိုက်သောအချိန်တွင် ကောင်းကင်၌ အနက်ရောင် နံရံကြီးတစ်ခု ရုတ်တရက်ပေါ်လာသည် ။

"အမြန်!" တစ်ယောက်က စိတ်လှုပ်ရှားစွာ တိုက်တွန်း၏ ။

ကျစ်ယွီရှီက အလွန်တည်ငြိမ်နေသည် ။ သူသည် ထိန်းချုပ်ရေးစနစ်တွင် ဦးတည်ရာနေရာကို လျင်မြန်တိကျစွာ ရိုက်ထည့်လိုက်သည် ။ အောင်မြင်စွာ ရိုက်ထည့်ပြီးသည်ကို သွမ့်ဝမ်မြင်သောအခါ သူသည် စသည့်ခလုတ်ကို ဆွဲလှည့်လိုက်ရာ အာကာသကားမှာ မြားတစ်စင်းအသွင် ချက်ချင်းထွက်ခွာသွားတော့သည် ။

အနက်ရောင်နံရံသည် သစ်တော ၊ ပန်းခြံတစ်ခြမ်းနှင့် သူ့လမ်းရှိ အရာအားလုံးကို ဝါးမြိုသွားတော့သည် ။

အာကာသကားသည် ပန်းခြံထဲမှ အရှိန်အဟုန်မြင့် ထွက်လာခဲ့သည် ။

၎င်းက အဓိကလမ်းမကြီးဆီသို့ အမြန်မောင်းသွား၏ ။

အားပြင်းလွန်းသည့် တင့်ကားတစ်စီးကဲ့သို့ အတားအဆီးများကိုလျစ်လျူရှုကာ လမ်းပေါ်တွင် အုံလိုက်ကျင်းလိုက်ရှိနေသော ဖုတ်ကောင်များကို ကြိတ်ချေလျက် လမ်းတစ်လျှောက် ဘေးပတ်လည်၌ သွေးများ ပက်ဖြန်းသွားလေသည် ။

"Yooooo!!!"

"မိုက်ချက်ပဲ!!"

လူငယ်လေးတစ်စုမှာ နောက်ဆုံးတော့ ထွက်ပေါက်ရှာတွေ့သွားသကဲ့သို့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြ ။

တစ်နာရီ ကီလိုမီတာ ၂၀၀ထက်ပိုသော အမြန်နှုန်းဖြင့် အာကာသကားသည် လမ်းဆုံသို့ တရွေ့ရွေ့ နီးကပ်လာသည် ။ ရုတ်တရက် ကျယ်လောင်သော ဘန်းခနဲအသံနှင့်အတူ ယာဥ်သည် ယမ်းခါသွားလေ၏ ။ "ဒုန်း---"

လမ်းဆုံ၏အခြားတစ်ဖက်မှ အမြန် ရုတ်တရက်ထွက်ပေါ်လာသော ကားလေးမှာ အာကာသယာဥ်ကြောင့် လုံးဝပိပြားကြေမွသွားတော့သည် ။

•°•°•

『Zawgyi』

《အရာအားလံုးကို ဖိႀကိတ္ေခ်မြပစ္ျခင္း》

"အႀကံေပးက်စ္..ေနရတာ ဘယ္လိုလဲ ? ဒီေန့ ေနသိပ္ေကာင္းပံုမေပၚဘူးေနာ္ "

ထန္းလဲ့ ၊ အဖြဲ႔သားအသစ္တစ္ေယာက္ ၊ မ်က္ႏွာဝိုင္းဝိုင္းႏွင့္ အႁမြွာႏွစ္ေယာက္ထဲမွ တစ္ေယာက္ ။

သူက အနည္းငယ္ ရွက္ရြံ႔ေနပံုေပၚသည္ ။ သူ႔အေျဖကို ၾကားၿပီးေသာအခါ သူ႔တံု႔ျပန္ပံုက ​အေျဖာင့္တစ္ေယာက္၏အေျဖႏွင့္ တူလြန္းလွသည္ ။

"ဟုတ္ပါၿပီ" သူက ကသိကေအာက္ႏိုင္စြာ ဆို၏ ။ "အႀကံေပးက်စ္ ၊ တအားႀကီး စိတ္မလႈပ္ရွားပါနဲ႔ ၊ ဒီတစ္ေခါက္ အခ်ိန္ေရႊ့ေျပာင္းတာက ခင္ဗ်ားရဲ့ အရင္က မစ္ရွင္ေတြနဲ႔တူတူပါပဲ ၊ ၿပီးေတာ့ မစ္ရွင္ကလဲ အရမ္း လြယ္ပါတယ္ ၊ မနက္ျဖန္ေလာက္ဆို ျပန္ေရာက္ေနေလာက္ၿပီ "

.......

ေနာက္စကၠန္႔ပိုင္းအတြင္း ထန္းလဲ့၏ လည္ပင္းမွ ေသြးမ်ားထြက္လာရာ သူ႔တစ္ကိုယ္လံုးတြင္ ေသြးမ်ားရႊဲနစ္သြားၿပီး သူ၏ အနက္ေရာင္တိုက္ခိုက္ေရးယူနီေဖာင္းတစ္ေလ်ွာက္ စီးက်လာသည္ ။ သူ႔ရင္ဘတ္ေပၚမွ '၇' သေကၤတ၌ ၾကက္ေသြးေရာင္ စြန္းထင္းသြားေတာ့သည္ ။

သူ႔မ်က္လံုးမ်ားမွာ မိႈင္းညို႔ေနၿပီး တျဖည္းျဖည္း မီးခိုးေရာင္ေျပာင္းကာ ေနာက္က်ိလာသည္ ။ အေနာက္တြင္ သူ႔ကိုကိုက္ခဲေနေသာ ဖုတ္ေကာင္မ်ားရိွေနသလို အဆံုးမရိွဟု ထင္ရေသာ အနက္ေရာင္နံရံႀကီးလည္း ရိွေနသည္ : "အႀကံေပးက်စ္....ကြၽန္ေတာ္တို႔ ျပန္မသြားႏိုင္ေတာ့--"

ျမင္ကြင္းက လႈပ္ယမ္းသြားသည္ ။ မ်က္စိက်ိန္းဖြယ္ အျဖဴေရာင္အလင္းတန္းက ရုတ္တရက္ ထြက္ေပၚလာသည္ ။

ေကာင္းကင္ႏွင့္ ေျမၾကီးမွာ အက္ကြဲေၾကမြကာ လဲၿပိဳသြားေလသည္ ။

စူးရွေသာ အခ်က္ေပးသံထြက္ေပၚလာ၏ ။

[တရားမဝင္ ေရႊ့ေျပာင္းျခင္းကို ေတြ့ရိွရသည္ ! ]

[တရားမဝင္ ေရႊ့ေျပာင္းျခင္းကို ေတြ့ရိွရသည္ ! ]

ျပင္းထန္ေသာ လႈမ္းယမ္းေနခ်ိန္အတြင္း တစ္စံုတစ္ေယာက္က သူ႔ပခံုးမ်ားကို ဆုပ္ကိုင္လိုက္သည္ : "က်န္းက်န္း စိတ္ေလ်ွာ့ !"

စာရြက္လြတ္တစ္ပိုင္းႏွင့္ ခဲတံတစ္ေခ်ာင္းက သူ႔ေရ႔ွေမွာက္သို႔ ေရာက္လာသည္ ။ ထိုလူသည္ သူ႔နံေဘးတြင္ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး ေျပာလာသည္က  "ဒီမွာ...ဆရာေျပာတဲ့အတိုင္းလုပ္ ၊ ဟုတ္လား ?"

အခန္းသည္ ေက်ာခ်မ္းဖြယ္ တိတ္ဆိတ္ၿငိမ္သက္လြန္းေန၏ ။ ေနသည္ ျပတင္းေပါက္မွတစ္ဆင့္ ေတာက္ပေနကာ စားပြဲေပၚသို႔ ျဖာက်ေနသည္ ။ ေသးငယ္ေသာ လက္တစ္ဖက္က ခဲတံကိုကိုင္လိုက္ၿပီး အျဖဴေရာင္စာရြက္စ၏ အလယ္တြင္ ပထမဆံုးေသာ ဂဏန္းကို စတင္ေရးလိုက္သည္ ။

"ၾကည့္ "ဆရာက ညင္ညင္သာသာ ေျပာသည္ ။ "ငါတို႔ ၁ကေနစမယ္ ၊ ၿပီးေတာ့ ဒီစာရြက္ေပၚမွာ ထပ္မေရးႏိုင္ေတာ့တဲ့အထိ ျဖည္းျဖည္းခ်င္း ေရးသြားမယ္ ။ မွားလဲ ကိစၥမရိွဘူး ။ မင္းစဥ္းစားဖို႔မလိုဘူး ၊ မွတ္မိဖို႔လဲ မလိုဘူး ။ ဟုတ္တယ္ မေၾကာက္နဲ႔ ။ ဆက္ေရးသြား....မင္းအဆင္ေျပလာတဲ့အထိ ဆက္ေရးသြား...."

"ဒိုင္း ဒိုင္း ဒိုင္း!"

ေသနတ္ပစ္ခတ္သံမ်ား ဆူညံေနသည္ ။

တစ္စံုတစ္ေယာက္သည္ ရွန္ျမန္ျဖင့္ ထပ္မံေရာက္လာေသာ ဖုတ္ေကာင္တစ္သုတ္၏ ၪီးေခါင္းမ်ားကို ပစ္ေဖာက္ခြဲေနရင္း သူ႔အား ျပတင္းေပါက္မွ ခပ္ျပင္းျပင္း တြန္းထုတ္လိုက္သည္ ။ ထိုလူ ေနာက္လွည့္ၾကည့္လာေသာအခါ သူ႔မ်က္လံုးမ်ားက ေဒါသထြက္ေနေလ၏ : " ေပါက္ကရေတြ ေလ်ွာက္မေျပာဘဲ အခုသြားေတာ့ !! ငါ ကာပစ္ေပးထားမယ္ ! "

.......

အရိွန္ျမင့္ေနေသာ ကားေနာက္တြင္ ဖုန္မႈန္႔မ်ား ပ်ံ့လြင့္ကုန္ၾကသည္ ။

"ကိုယ့္ကိုယ္ကိုယ္စေတးတာက ရူးႏွမ္းတဲ့အလုပ္ပဲ ။ ထပ္မလုပ္သင့္ဘူး ။ အသက္ရွင္တာထက္ ပိုအေရးႀကီးတာ ဘာမွမရိွဘူး ။ ငါတို႔အဖြဲ႔လုပ္ဖို႔လိုတာေတြ အမ်ားႀကီးက်န္ေသးတယ္ ။ ေသဖို႔ေလာေနစရာမလိုဘူး "

"နားလည္လား?!"

........

ကားသည္ လိမ့္ကာေမွာက္သြားၿပီး ႀကီးမားေသာ လက္တစ္ဖက္က သူ႔ထံ ကမ္းေပးလာ၏ ။

လက္ဖဝါးတြင္ မွန္ကြဲစမ်ား စိုက္ဝင္ေနၿပီး ေသြးမ်ားလည္း တေတာက္ေတာက္ စီးက်ေနဆဲ ။

သူသည္ ထိုလက္ဆီသို႔ ဆန္႔တန္းလိုက္သည္ ။

သူဆုပ္ကိုင္လိုက္ေသာအခ်ိန္တြင္ တစ္ဖက္လူ၏ မ်က္ဝန္းနက္မ်ားမွာ က်ဥ္းေျမာင္းသြားေလ၏ ။ "အႀကံေပးက်စ္ ၊ ငါ့အထင္ မင္းငါ့ကို အမွန္အတိုင္းမေျပာရေသးတာေတြ အမ်ားႀကီးရိွတယ္......ငါတို႔လက္ရိွအေျခအေနကို မင္းဘယ္ႏွခါေလာက္ ႀကံဳၿပီးၿပီလဲ ?"

.......

"ၾကၫ့္ရတာ ငါတို႔ႏွစ္ေယာက္လံုး ရူးေနတာမဟုတ္ဘူးပဲ "

အရာအားလံုးသည္ ဆိတ္ၿငိမ္မႈအတိ ။

က်စ္ယြီရွီ မ်က္လံုးေရ႔ွတြင္ အာကာသယာဥ္အကန္႔ငယ္၏ ရွင္းသန္႔ေနေသာ အျဖဴေရာင္အတြင္းပိုင္းရိွေနသည္ ။ သူ႔ေရ႔ွရိွ ထြင္းေဖာက္ျမင္ေနရေသာ ေဘာင္ကြက္တြင္ ေပါက္ကရစာလံုးမ်ား ျပသေနၿပီး မွန္ျပတင္းအျပင္တြင္ေတာ့ ထူထပ္သိပ္သည္းသည့္ ေတာအုပ္ႏွင့္ မီးခိုးရင့္ေရာင္ေကာင္းကင္ ရိွေနသည္ ။

"Bzz "

တိုးညင္းေသာ အသံႏွင့္အတူ စက္ရုပ္လက္ေမာင္းတစ္ဖက္က အာဟာရျဖည့္စြက္ရည္အထုတ္ကို ဆုပ္ကိုင္ကာ ကမ္းေပးလာသည္ ။

ဒုတ္ဒုတ္ ဒုတ္ဒုတ္ ။

ဒုတ္ဒုတ္ ဒုတ္ဒုတ္ ။

အေမွာင္ထု၏ ဝါးၿမိဳျခင္းခံရစဥ္ သူ႔ေသဆံုးမႈမတိုင္ခင္ အခ်ိန္ပိုင္းေလးအတြင္းမွာ သူဘာကိုစဥ္းစားခဲ့သလဲ ?

သူမမွတ္မိႏိုင္ေခ် ။

က်န္ရစ္ခဲ့သည္မွာ သူ၏ရင္ဘတ္အတြင္းမွ ျပင္းထန္စြာ ခုန္လႈပ္လ်က္ရိွေသာ ႏွလံုးသာျဖစ္သည္ ။

သူခံစားေနရေသာ မူးေဝျခင္းႏွင့္အားေလ်ာ့ျခင္းကို အမႈမထားဘဲ က်စ္ယြီရွီသည္ လံုၿခံဳေရးခလုတ္ကို စဥ္းေတာင္မစဥ္းစားဘဲ ဖိဖြင့္လိုက္ကာ ယာဥ္အျပင္ဘက္သို႔ အားနည္းစြာ ထြက္လာခဲ့သည္ ။

ခ်မ္းစိမ့္ေသာ မနက္ေစာေစာ ေလညင္းက ျဖတ္သန္းတိုက္ခတ္သြားသည္ ။

ယာဥ္အကန္႔ငယ္ ၇ခုသည္ တိတ္ဆိတ္ေနေသာ ေတာအုပ္အလယ္တြင္ မိွန္ပ်စြာ လင္းေန၏ ။

အဖြဲ႔သား သံုးေယာက္ သို႔မဟုတ္ ေလးေယာက္သည္ သိပ္မေဝးေသာေနရာတြင္ ရပ္ေနၾကသည္ ။ သူတို႔သည္ တစ္စံုတစ္ခုအေၾကာင္းေျပာေနၿပီး အနည္းငယ္ အခက္ႀကံဳေနၾကသည္ ၊ မွားယြင္းေနသည့္ အခ်ိန္ျပကိုၾသဒိနိတ္အမွတ္အေၾကာင္း ​အထြန္႔တက္ေနသည့္ႏွယ္ ။

တစ္ဖက္တြင္ေတာ့ သူႏွင့္ အနီးဆံုး ယာဥ္ငယ္၏ တံခါးမွာ ပြင့္ဟလာေလသည္ ။ ထိုထဲမွ ထြက္လာသည့္ လူငယ္ေလး၏ မ်က္ႏွာအမူအယာမွာ ဆိုးရြားေနၿပီး အျပင္သို႔ ထြက္ရန္ႀကိဳးစားေနခ်ိန္တြင္ သူသည္ ပါးစပ္ကို လက္ျဖင့္ အုပ္ကာထား၏ ။

"ဘန္း!"

ယာဥ္တံခါးမွာ ေဆာင့္ကန္ကာ ပိတ္ခံလိုက္ရသည္ ။

"ေခါင္းေဆာင္စုန္႔!!" ေလအလံုပိတ္ယာဥ္အတြင္းမွ လီခြၽင္း၏ ဗလံုးဗေထြးအသံက မသဲမကြဲ ထြက္ေပၚလာသည္ ။ "ေဝါ့--"

"မင္းအန္ခ်င္ရင္ ကိုယ့္အိမ္မွာ ကိုယ္အန္ "

ေဘးမျွဖတ္သြားေသာ အမ်ိဳးသားသည္ သူ၏ ေတာင့္တင္းကာ ရွည္လ်ားေသာ ေျခတံရွည္မ်ားကို ေပၚလြင္ေစသည့္ အနက္ေရာင္ တိုက္ခိုက္ေရးယူနီေဖာင္းကို ဝတ္ဆင္ထားသည္ ။ သူ၏ အျပဴအမူမ်ားမွာ ထူးထူးျခားျခား ၾသဇာလႊမ္းေနသည့္အျပင္ စိတ္ေအးသက္သာေစ၏ ။ "ဒီပိတ္ရက္ရွည္မွာ မင္းကိုဘယ္သူက ေသာက္က်ိဳးနည္း အေခ်ာင္ခိုၿပီး ခ်ိန္သီးေပၚ ႏွစ္ခါပဲ ထိုင္ဖို႔ ေျပာလို႔လဲ ?"

မနီးမေဝးတြင္ စုေဝးေနၾကေသာ အျခားလူသံုးေယာက္သည္လည္း သူတို႔၏ စေနာက္ျခင္းကို စတင္လိုက္သည္ ။

"ခြၽင္းအာတစ္ေယာက္ ထပ္အန္ေနျပန္ၿပီလား ? သူ ေခါင္းေဆာင္စုန္႔ဆီ အမိခံေနရတာ အခုဆို ဘယ္ႏွခါေလာက္ရိွေနၿပီလဲ ? "

"သူ႔လဲ အျပစ္တင္လို႔မရဘူး ၊ မိန္းကေလးေတြေတာင္ ကစားကြင္းက ရင္တုန္ရတဲ့စီးစရာေတြမွာ သူ႔ထက္ ပိုေတာ္ေသးတယ္ ။ သူ႔ကို သံုးႀကိမ္အန္ေအာင္လုပ္ဖို႔ ခ်ိန္သီးက တစ္ေခါက္ပဲ အေပၚတက္စရာလိုတယ္ "

"မဆန္းပါဘူး ၊ သရုပ္ေဖာ္ျပစက္လဲ သူ႔ကို ထပ္မကယ္ႏိုင္ေတာ့ဘူး "

တစ္ဖက္တြင္ အသက္သံုးဆယ္အေစာပိုင္းေရာက္ေနၿပီျဖစ္ေသာ သြမ့္ဝမ္က ပင္မထိန္းခ်ဳပ္စနစ္ကို အမွားရွာေဖြရင္း အလုပ္မ်ားေနသည္ ။ သူ႔အသံကို ၾကားရံုႏွင့္ သူသည္ ေဆးလိပ္အလြန္အၾကဴး ေသာက္ခဲ့သည္မွန္း ေျပာႏိုင္၏ ။ "ေခါင္းေဆာင္စုန္႔ ! ကြၽန္ေတာ္တို႔ရဲ့ ပစၥည္းေတြ ေလာ့က်သြားတဲ့ပံုပဲ !"

စုန္႔ခ်င္းလန္ : "သိတယ္"

သူသည္ အလ်င္မလိုစြာ ေလ်ွာက္လွမ္းလာၿပီး လီခြၽင္းကို သူ႔အန္ဖတ္နံ႔ႏွင့္သူ မြန္းၾကပ္ေနေအာင္ ယာဥ္ငယ္ထဲတြင္ ထားရစ္ခဲ့သည္ ။

သူသည္ က်စ္ယြီရွီႏွင့္ ေျခလွမ္းႏွစ္လွမ္း ၊ သံုးလွမ္းမ်ွသာ ကြာေဝးေတာ့သည့္အခ်ိန္တြင္ စုန္႔ခ်င္းလန္က ရုတ္တရက္ ရပ္တန္႔ကာ ေခါင္းလွည့္လာ၏ ။

တစ္ဖက္လူ၏ အရပ္အျမင့္ေၾကာင့္ က်စ္ယြီရွီက တစ္ဖက္လူသည္ သူ႔အား ငံု႔ၾကည့္ေနရလုနီးနီးဟု ခံစားလိုက္ရသည္ ။

စုန္႔ခ်င္းလန္၏ မ်က္ႏွာအမူအရာမွာ ေလးနက္ၿပီး သူ႔မ်က္လံုးနက္မ်ားမွာ စိတ္ဓာတ္ျပင္းပ်မွဴတို႔ျဖင့္ ျပည့္ႏွက္ေနသည္ ။ သူက မတံု႔မဆိုင္းဘဲ ေျပာလာသည္ ။ "အႀကံေပးက်စ္...ငါ့အထင္ မင္းၿပံဳးတာကို ငါပထမဆံုးအႀကိမ္ ျမင္ဖူးတာပဲ "

က်စ္ယြီရွီ :"......"

သူသည္ မသိစိတ္အေလ်ာက္ ေခါင္းငံု႔လိုက္မိသည္ ။

ယာဥ္မွ မီးအလင္းေရာင္က သူ႔မ်က္ႏွာထက္တြင္ ထင္ဟပ္ေနသည္  ။

က်စ္ယြီရွီသည္ သူ႔ႏႈတ္ခမ္းေထာင့္စြန္းမ်ား မသိမသာေကြးၫြတ္ေနသည္ကို မွန္ထဲရိွ သူ႔ပံုရိပ္ေယာင္တြင္ ဝိုးတဝါးျမင္ေနရသည္ ။

"ၾကည့္ေကာင္းသားပဲ " ၾသရွေသာအမ်ိဳးသားသံက ဆိုလာ၏ ။

သူသည္ အံအားသင့္မႈမ်ားျဖင့္ ျပန္လွည့္ၾကည့္လိုက္ေသာ္လည္း ထိုမွတ္ခ်က္ပိုင္ရွင္သည္ေတာ့ ေရ႔ွဆက္ေလ်ွာက္သြားၿပီျဖစ္ရာ ျမင့္မားေျဖာင့္တန္းေသာ ေနာက္ေက်ာကိုသာ ျမင္လိုက္ရသည္ ။

"ပင္မထိန္းခ်ဳပ္စနစ္က လိုင္းပိတ္သြားၿပီး ႀကီးၾကပ္ကြပ္ကဲေရးစင္တာကိုလဲ ဆက္သြယ္လို႔မရဘူး ၊ ယာဥ္ပ်ံေတြကလဲ အလုပ္မလုပ္ေတာ့ဘူး ၊ ၾကည့္ရတာ ဒီက လ်ွပ္စစ္ သံလိုက္လိႈင္းေတြေၾကာင့္ ျဖစ္မယ္ထင္တယ္ ၊ ဒီက သံလိုက္စက္ကြင္းက နည္းနည္းကြဲျပားေနပံုပဲ..ဒါေပမဲ့ သိပ္ေတာ့ မေသခ်ာေသးဘူး ၊ ခုနက ေရႊ့ေျပာင္းျခင္းနဲ႔ ဆက္စပ္ရင္ ဆက္စပ္ေနေလာက္မယ္ ၊ အခုေတာ့ ကြၽန္ေတာ္တို႔ သံုးလို႔ရတာ ဆက္သြယ္ေရးစက္ တစ္ခုပဲ ရိွတယ္  ၊ ေျပာရရင္ ကြၽန္ေတာ္တို႔ ဒီမွာ......ပိတ္မိေနၿပီ "

သြမ့္ဝမ္က ေျပာလို႔ၿပီးသြားေသာ္လည္း တစ္စံုတစ္ခုကို သတိထားမိသြားဟန္တူသည္ ။ သူသည္ မ်က္ေမွာင္ၾကဳတ္လိုက္ကာ "ကြၽန္ေတာ္ဒါကို အရင္ကေျပာဖူးလား?"

စုန္႔ခ်င္းလန္သည္ သူ႔ပခံုးကို ပုတ္လိုက္ၿပီး "ေျပာဖူးတယ္"

သြမ့္ဝမ္သည္ ထိုေနရာမွာပင္ ေဆာင့္ေၾကာင့္ထိုင္လိုက္ကာ မွတ္မိႏိုင္ရန္ သူ႔ၪီးေနွာက္ကို ၫွစ္ထုတ္ေနေလ၏ ။

ဤျမင္ကြင္းမွာ သူႏွင့္ ရင္းႏွီးေနသည္ဟု ခံစားရေသာ္လည္း ဘာေၾကာင့္လဲဆိုတာ အတိအက် ေထာက္မျပႏိုင္ေပ ။

"မမွတ္မိဘူးလား ? " စုန္႔ခ်င္းလန္သည္ က်ိဳးမင္ရႊမ္းဆီ ခ်ဥ္းကပ္လာကာ လက္နက္ေသတၲာကို ဖြင့္ရန္ လက္အမူအရာျပလိုက္သည္ ။ "အခ်ိန္ယူၿပီး စဥ္းစားလိုက္"

က်န္ရိွေသာသူမ်ား : "......."

စုန္႔ခ်င္းလန္သည္ ေသေသသပ္သပ္ စီရီထားေသာ လက္နက္မ်ားကို ၾကည့္လိုက္ၿပီး စစ္ေဆးသံုးဓားတိုတစ္ေခ်ာင္းကို ထုတ္ယူလိုက္သည္ ။

ထိုအခ်ိန္တြင္ ေတာအုပ္အတြင္း ေျခသံမ်ား ထြက္ေပၚလာ၏ ။

မိွန္ေဖ်ာ့ေဖ်ာ့အလင္းထဲတြင္ ေအးစက္စက္ အလင္းတစ္ခုသည္ စုန္႔ခ်င္းလန္၏ လက္ထဲမွ ဖ်တ္ခနဲ ထြက္သြားၿပီး မလွမ္းမကမ္းရိွ ေမွာင္မည္းေသာ အရိပ္တစ္ခုသည္ ေျမျပင္ေပၚသို႔ လဲက်သြားသည္ ။

လူတိုင္း : "!!!"

က်စ္ယြီရွီသည္ပင္ မွင္သက္သြားရသည္ ။ ဤလူ၏ တိက်မႈသည္ သူ႔ေမ်ွာ္မွန္းခ်က္မ်ားထက္ သာလြန္ေန၏ ။

အဖြဲ႔သားမ်ားသည္ သူတို႔၏ လက္ႏိွပ္ဓာတ္မီးကို အသံုးျပဳကာ အေလာင္းကို စစ္ေဆးေနသည္ ။ သူတို႔သည္ လ်င္ျမန္စြာပင္ တစ္ဖက္လူ၏ စိမ္းျပာေရာင္ ေသြးေၾကာမ်ား ၊ မီးခိုးေရာင္ မ်က္လံုးမ်ားႏွင့္ ပုပ္ပြေနေသာအသားစမ်ားအေၾကာင္း ေဆြးေနြးေနၾကၿပီး စိတ္ထဲတြင္ ထိတ္လန္႔တုန္လႈပ္ေနၾကသည္ ။

သူတို႔အဖြဲ႔ေခါင္းေဆာင္ သတ္လိုက္ေသာ ဤအေလအလြင့္သည္ လူႏွင့္ မတူေပ ။ ဒါေပမဲ့ ေခါင္းေဆာင္စုန္႔က တအားျမန္ျမန္ႀကီး သတ္ပစ္လိုက္တာ မဟုတ္ဘူးလား?

လီခြၽင္း ေနာက္ဆံုး သူ႔ယာဥ္ပ်ံထဲမွ ထြက္လာခ်ိန္တြင္ စုန္႔ခ်င္းလန္က လူတိုင္းကို စုေဝးလိုက္သည္ ။

"ႀကံဳဖူးေနသလို ခံစားရတဲ့သူရိွရင္ ေသခ်ာ စဥ္းစားၾကည့္"

စုန္႔ခ်င္းလန္ မ်က္လံုးမ်ားသည္ လူတိုင္း၏မ်က္ႏွာကို ေဝ့ဝိုက္ၾကည့္လိုက္သည္ ။ သူ႔အသံတြင္ ျဖစ္ေတာင့္ျဖစ္ခဲတင္းမာမႈမ်ား ေရာယွက္ေနသည္ ။ "ဒီတစ္ေခါက္ ဘယ္သူမွ မေသေစနဲ႔ "

"မင္းတို႔လက္နက္ေတြေရြး ၊ အေသေစႏိုင္ဆံုးေတြကိုပဲေရြးၿပီး မင္းတို႔ယူႏိုင္သမ်ွ အကုန္ယူခဲ့ ၊ ငါတို႔အျပင္ထြက္ရင္ ကားတစ္စီး အရင္ရွာမယ္ "

လီခြၽင္းသည္ ေအာ့အန္ၿပီးေနာက္ အနည္းငယ္ မူးေဝေနဆဲပင္ ။

လူတိုင္း ဇေဝဇဝါျဖစ္ေနခ်ိန္တြင္ သူကၪီးဆံုး ေမးလာ၏ ။ "ေခါင္းေဆာင္စုန္႔... ကြၽန္ေတာ္တို႔ ဘယ္သြားၾကမွာလဲ? ဒါကမစ္ရွင္အသစ္လား? "

စုန္႔ခ်င္းလန္သည္ သူ၏ေခါင္းထဲတြင္ အခ်ိန္ကြာျခားခ်က္ကို တြက္ခ်က္ၿပီးေနာက္ တပ္ဖြဲ႔၏ ဘယ္ဘက္အစြန္ဆံုးဆီသို႔ လွည့္ၾကည့္လိုက္သည္ ။

ထိုေနရာတြင္ အထက္ကလူမ်ားေၾကာင့္ အဖြဲ႔ထဲ ေရာက္လာရေသာ တင့္တယ္လွပသည့္ က်စ္ယြီရွီက မတ္တပ္ရပ္ေန၏ ။

"အႀကံေပးက်စ္?" စုန္႔ခ်င္းလန္က ေမးသည္ ။ "အႀကံေပးစရာမ်ား ရိွလား?"

"စာအုပ္ဆိုင္ဆီ တိုက္ရိုက္သြားမယ္" က်စ္ယြီရွီ၏ ၾကည္လင္ျပတ္သားေသာ အသံထြက္ေပၚလာသည္ ။ "ကြၽန္ေတာ္ မၾကည့္လိုက္ရတဲ့ သဲလြန္စတစ္ခုရိွတယ္ "

စုန္႔ခ်င္းလန္က လွစ္ခနဲ ၿပံဳး၏ ။

ထို႔ေနာက္ သူသည္ စိတ္ပိုင္းျဖတ္ထားသည့္ပံုစံႏွင့္ တည္ၿငိမ္စြာဆိုသည္ ။ "ေကာင္းတယ္ ၊ ငါလဲ အဲ့တာပဲ စဥ္းစားေနတာ ။ စာအုပ္ဆိုင္ကို အရင္သြားၿပီး မင္းၾကည့္ခ်င္တဲ့သဲလြန္စကို ၾကည့္မယ္ ။ ၿပီးရင္ နံရံမည္းႀကီးရဲ့လႈပ္ရွားတဲ့ပံုစံကို ​အေျဖရွာမယ္ ။ အဲ့ဒီကေန မစ္ရွင္အေၾကာင္းအရာဆိုတာကိုလဲ ရွာမယ္ "

ႏွစ္ေယာက္သည္ ​ခိုင္မာေသာ အလိုအေလ်ာက္ နားလည္မႈျဖင့္ အခ်င္းခ်င္း အခ်ိတ္အဆက္မိေနၾကသည္ ။

လူတိုင္းသည္ ေျပာစရာစကားမ်ားေပ်ာက္ရွေနၾကသည္ ။

စုန္႔ခ်င္းလန္ကေျပာသည္ : "အဲ့ဒီကိုသြားတဲ့လမ္းမွာ ငါျဖည္းျဖည္းခ်င္း ရွင္းျပမယ္ "

ပန္းၿခံထဲရိွ အရာအားလံုးသည္ နဂိုမူလရိွေနသည့္အတိုင္း ထပ္တူညီစြာပင္ ၊ အမိႈက္သရိုက္မ်ား ၊ အေလာင္းေကာင္မ်ားႏွင့္ ေသြးစြန္းကြက္မ်ား ။

အနက္ေရာင္နံရံႏွင့္ ဖုတ္ေကာင္မ်ားအေၾကာင္း ၾကားေသာအခါ တခ်ိဳ႕အဖြဲ႔သားမ်ားသည္ တိတ္ဆိတ္ေနကာ တခ်ိဳ႕ကေတာ့ မယံုၾကည္ႏိုင္ျဖစ္ေနၾကသည္ ။ တခ်ိဳ႕ေသာ သူတို႔အတြက္ အရင္ကႀကံဳခဲ့ဖူးသည္မွာ မျဖစ္ႏိုင္ဟုထင္ရသည္ ။ အထူးသျဖင့္ ထန္းခ်ီအတြက္ ေနာက္ပိုင္းႀကံဳရေသာ ကိစၥအမ်ားစုတြင္ သူမပါဝင္ခဲ့ေသာေၾကာင့္ ႀကံဳဖူးသလိုခံစားရဖို႔ အလြန္ခက္ခဲေန၏ ။

သြမ့္ဝမ္သည္ တခ်ိဳ႕ျမင္ကြင္းမ်ားကို ေယာင္ဝါးဝါးမွတ္မိေနၿပီး က်ိဳးမင္ရႊမ္းသည္လည္း အနည္းငယ္ ရင္းႏွီးေနသည္ဟု ခံစားေနရသည္ ။

ဤသည္မွာ လူတိုင္းအရင္က ျဖတ္ေက်ာ္ခဲ့ဖူးေသာ ေလ့က်င့္ေရးမ်ားႏွင့္ သက္ဆိုင္သည္ဟု စုန္႔ခ်င္းလန္ ယူဆသည္ ။

ထ်န္းခ်ံဳစနစ္တီထြင္ၿပီးသည့္ေနာက္တြင္ ထိုထဲသို႔ဝင္ရန္ႏွင့္ ေစာင့္ေရွာက္သူတစ္ေယာက္ ျဖစ္လာရန္ ျပင္ဆင္ေနၾကေသာ အထူးတပ္ဖြဲ႔မ်ားသည္ အခ်ိန္မ်က္ျမင္သက္ေသအစီအစဥ္တြင္ ပါဝင္ရန္လိုအပ္ေလ၏ ။

အခ်ိန္ခရီးသြားျခင္း၏ ေနာက္ဆက္တြဲျဖစ္သည့္ လက္ေတြ့ႏွင့္ေရာေထြးျခင္းႏွင့္ ေမ့ေလ်ာ့ျခင္းဆိုးက်ိဳးမ်ားျဖင့္ ရင္ဆိုင္ႏိုင္ရန္ သူတို႔သည္ အလြန္ၾကာေညာင္းေသာ ထပ္တလဲလဲ မွတ္ဉာဏ္ေလ့က်င့္ေရးကို လုပ္ေဆာင္ခဲ့ရသည္ ။ က်စ္ယြီရွီေသာက္ေနေသာ ေဆးအမ်ိဳးအစားကို စုန္႔ခ်င္းလန္ ခန္႔မွန္းႏိုင္ရသည့္ အေၾကာင္းအရင္းမွာလည္း ဤအရာေၾကာင့္ပင္ ။

လက္ရိွတြင္ သူတို႔အရင္အေတြ့အႀကံဳႏွစ္ခု၏ အခ်ိဳ႕ျဖစ္ရပ္မ်ားကို သိေနေသာ သူမ်ားသည္ အခ်ိန္မ်က္ျမင္သက္ေသ အစီအစဥ္တြင္ ပါဝင္ဖူးသူမ်ားျဖစ္ၿပီး ထိုအတြက္ ေလ့က်င့္ေရး ဆင္းထားၿပီး ျဖစ္သည္ ။ ထ်န္းခ်ံဳသို႔ ေနာက္မွ ဝင္ေရာက္လာေသာ ထန္းခ်ီ ၊ ထန္းလဲ့ႏွင့္ လီခြၽင္းတို႔အတြက္မူ ထိုအခ်ိန္က အခ်ိန္ႀကီးၾကပ္ကြပ္ကဲေရးအဖြဲ႔မွ တီထြင္မႈတစ္ခု ထုတ္လုပ္ၿပီးသည္ျဖစ္ရာ အာဟာရျဖည့္စြက္ရည္ေသာက္သံုးရံုႏွင့္ပင္ ထိုဆိုးက်ိဳးမ်ားကို သက္သာေစႏိုင္သည္ ။ ရလဒ္အေနျဖင့္ သူတို႔သည္ ဤအျဖစ္ကိုထံုသြားၿပီး ႀကံဳဖူးေနသလို မခံစားရေတာ့ျခင္း ျဖစ္ေကာင္းျဖစ္ႏိုင္သည္ ။

က်စ္ယြီရွီအတြက္မူ သိသာထင္ရွားလွသည္ ။

သူသည္ ေမ့ႏိုင္စြမ္းမရိွေသာ တစ္စံုတစ္ေယာက္ပင္ ျဖစ္သည္ ။

ဒါက အမွန္တကယ္ ေကာင္းသည္လား သို႔မဟုတ္ ဆိုးသည္လား?

"ဒါဆို ကြၽန္ေတာ္တို႔ေသသြားတဲ့အခ်ိန္တိုင္း ျပန္စေနတာလား ?"က်ိဳးမင္ရႊမ္းက ေမးလိုက္သည္ ။ "ဒီလိုေသတာမ်ိဳးက တစ္ေယာက္ေယာက္ေသသြားမွလား ဒါမွမဟုတ္ရင္ တစ္ဖြဲ႔လံုးေသသြားမွလား ?"

"တစ္ဖြဲ႔လံုး ျဖစ္ရမယ္"

ေျပာလာသူက က်စ္ယြီရွီပင္ ။ သူသည္ အလြန္သတိရိွေနရေသာ အေနအထားတြင္ ေတာက္ေလ်ွာက္ရိွေနၿပီး နားဖို႔အခြင့္အေရးမရိွခဲ့ေသာေၾကာင့္ ျဖစ္ႏိုင္သည္ - သူတို႔မစ္ရွင္ပထမဆံုး ျပန္စသည့္အခ်ိန္မွစ၍ ယခုအခ်ိန္ထိ ၊ မထြက္ခြာမီေကာင္းေကာင္းမအိပ္ခဲ့ရသည့္အခ်က္ေၾကာင့္ အကုန္လံုး မွတ္မိေနေသာ က်စ္ယြီရွီအတြက္ သူသည္ နာရီႏွစ္ဆယ္နီးပါးေလာက္ မအိပ္ခဲ့ရသလို ျဖစ္ေနသည္ ။

ရြမ့္က်င္းအေဆာက္အၪီးသို႔ ဝင္ေဆာင့္ခဲ့ခ်ိန္က ကားထဲတြင္ ရခဲ့ေသာ သူ႔နဖူးထက္ရိွ အညိုအမည္းဘုလံုးသည္ မစ္ရွင္ျပန္စခ်ိန္တြင္ ေပ်ာက္ကြယ္သြားၿပီျဖစ္ေသာ္ျငား သူ႔မ်က္လံုးမ်ားေအာက္မွ ေဖ်ာ့ေတာ့သည့္ အျပာေရာင္မ်က္ကြင္းမ်ားေတာ့ ရိွေနဆဲ ။ သံမဏိကဲ့သို႔ ေျဖာင့္တန္းေနေသာ အႏွီအမ်ိဳးသား အဖြဲ႔ၾကားတြင္ သူသည္ ေလျပင္းတစ္ခ်က္တိုက္သည္ႏွင့္ လြင့္ပါသြားမည့္ပံုေပၚေန၏ ။

"စာအရဆို မစ္ရွင္စည္းမ်ဥ္းက အေသအျပတ္ရွင္းျခင္း "က်စ္ယြီရွီက ေျပာသည္ ။ "ဒါေပမဲ့ ထ်န္းခ်ံဳစနစ္က ကြၽန္ေတာ္တို႔အတြက္ အခ်ိန္ေက်ာက္ဆူးတစ္ခုလဲ လုပ္ေပးထားတယ္--"

"အခ်ိန္ေက်ာက္ဆူး?" စုန္႔ခ်င္းလန္သည္ ဒီအေၾကာင္းကို က်စ္ယြီရွီသိေနသျဖင့္ အံ့ၾသသြားသည္ ။

အခ်ိန္ေက်ာက္ဆူးဟူသည္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက သုေတသနႏွင့္ဖြံ႔ၿဖိဳးတိုးတက္ေရးအဖြဲ႔က တားျမစ္ထားေသာ အရာပင္ ။ ၄ကို အခ်ိန္ကိုၾသဒိနိတ္တစ္ခုကို အမွတ္အသားျပဳရန္ ေက်ာက္ခ်သည့္အမွတ္အေနျဖင့္ အသံုးျပဳခဲ့ၿပီး လိုအပ္ေသာအေျခအေနတစ္ခု လႈံ႔ေဆာ္ခံရသည္ကို သိရိွခ်ိန္တြင္ အခ်ိန္သည္ ထိုေက်ာက္ခ်ထားသည့္ အမွတ္ဆီသို႔ ျပန္ေရာက္သြားေပလိမ့္မည္ ။

ဤအခ်ိန္ေက်ာက္ဆူး၏တည္ရိွမႈမွာ ျပင္းထန္ေသာအခ်ိန္ဝိေရာဓိမ်ား ျဖစ္ေပၚလာေစ၏ ၊ ဥပမာအ​ေနျဖင့္ အခ်ိန္ကာလတစ္ခုအတြင္း တစ္စံုတစ္ေယာက္ကို ထာဝရအသက္ရွင္ေစႏိုင္ျခင္း သို႔မဟုတ္ သမိုင္းျဖစ္ရပ္တစ္ခုကို ဘယ္ေတာ့မွ ျဖစ္မလာေအာင္ လုပ္ျခင္း ၊ စသည္တို႔မွာ တျဖည္းျဖည္းႏွင့္ ထိုအခ်ိန္ကာလတြင္ အခ်ိန္ပူေဖာင္းမ်ားျဖစ္ေပၚလာေစၿပီး လက္ရိွအခ်ိန္ကာလကို ထိခိုက္လာေစ၏ ။

ရလဒ္အေနျဖင့္ သူတို႔ေခတ္ကာလတြင္ အခ်ိန္ေက်ာက္ဆူးကို ပိတ္ပင္လိုက္ကာ ထိုအေၾကာင္းကိုသိသူမွာ လူနည္းစုသာရိွသည္ ။

က်စ္ယြီရွီ : "ဟုတ္တယ္ "

သူသည္ အျခားသူမ်ားအား အခ်ိန္ေက်ာက္ဆူးအေၾကာင္းအၾကမ္းဖ်င္း ရွင္းျပလိုက္ၿပီး ဆက္ေျပာလာသည္ ။ "ဆိုလိုတာက အခ်ိန္လမ္းေၾကာင္း ျပန္စရင္ ကြၽန္ေတာ္တို႔က ပန္းၿခံဆီကိုပဲ အၿမဲျပန္ေရာက္ေနမွာ ၊ စက္ဝန္းတစ္ခုဆီမွာ ေျပာခ်င္တဲ့ အေသအျပတ္ရွင္းဆိုတာက ေသသြားတဲ့သူေတြက ဖယ္ထုတ္ခံလိုက္ရတဲ့ စစ္တုရင္ရုပ္ေတျြဖစ္သြားၿပီး က်န္ခဲ့တဲ့သူေတြက မစ္ရွင္ကို ဆက္လုပ္ရမယ္လို႔ ကြၽန္ေတာ္ယံုတယ္ ၊ အဖြဲ႔တစ္ခုလံုးေသသြားတာကို ေတြ့တာနဲ႔ မစ္ရွင္က ျပန္စလိမ့္မယ္ ၊ ဒါက လူတစ္ေယာက္ပဲ က်န္တယ္ဆိုရင္ေတာင္ မစ္ရွင္ၿပီးေျမာက္တာ ေသခ်ာဖို႔ လုပ္ထားတာပဲ "

"ဖာခ့္"

"ဒါက အရမ္းရက္စက္လြန္းတာပဲ!"

"ဒါကို စီစဥ္တဲ့လူက လူစိတ္မရိွဘူးလား?!"

"ကြၽန္ေတာ္လဲ ဒါေတာ့မသိဘူး" က်စ္ယြီရွီက ေျပာလိုက္သည္ ။ "ဒါေပမဲ့ ကြၽန္ေတာ္တို႔ မစ္ရွင္မၿပီးဘူးဆိုရင္ ဒီစက္ဝန္းက ထာဝရလည္ေနမွာပဲ "

ဤသို႔ ေျပာလိုက္ေသာအခါ စုန္႔ခ်င္းလန္က သူ႔ဆီတစ္ခ်က္လွည့္ၾကည့္လာသည္ ။

ထို႔ေနာက္က သြမ့္ဝမ္က "ဒါဆို ခင္ဗ်ားေျပာခဲ့တဲ့ မစ္ရွင္အေနအထား ၊ အဲ့ဒီOuroborosဆိုတာ ဒါကို ဆိုလိုတာလား?"

စုန္႔ခ်င္းလန္လည္း ဤသို႔ေတြးမိ၏ ။

ေနာက္ၿပီး သူလည္း က်စ္ယြီရွီကို အရင္က ဒီအေၾကာင္းေျပာခဲ့ဖူးသည္ ။

"ျဖစ္ႏိုင္တယ္"စုန္႔ခ်င္းလန္က ဆိုသည္ ။ "ဘယ္လိုပဲျဖစ္ျဖစ္ ေလာေလာဆယ္ ဒီအေၾကာင္း အၾကမ္းဖ်င္းသိထားရင္ ရၿပီ ။ ဒီအေမွာင္ေနာက္ လိုက္သူက ဘာလဲဆိုတာ ငါတို႔အေျဖရွာရမယ္ "

ပန္းၿခံစီမံခန္႔ခြဲေရးရံုးကို ရွာေတြ့သည့္ ေနရာသို႔ ေရာက္လာၾကေသာ္လည္း ဒီတစ္ႀကိမ္တြင္ေတာ့ အထဲထပ္ဝင္ရန္ မလိုအပ္ေတာ့ေပ ။

သို႔ေသာ္လည္း က်စ္ယြီရွီက ေနရာတြင္ရပ္ကာ "ေခါင္းေဆာင္စုန္႔...အားလံုးကို တိုက္ႀကိတ္ပစ္ႏိုင္မဲ့ ကားတစ္စီး လိုခ်င္လား?"

စုန္႔ခ်င္းလန္က သူသည္ က်စ္ယြီရွီ၏ အေၾကာင္းအရာတစ္ခုကို ဆိုင္းမဆင့္ဘံုမဆင့္ ဆြဲထုတ္တတ္သည့္ အက်င့္ႏွင့္ အသားက်ေနၿပီျဖစ္ေၾကာင္း သိလိုက္သည္ ။

က်စ္ယြီရွီ ဤသို႔ေျပာလာလ်ွင္ က်ိန္းေသေပါက္ တစ္ခုရိွရမည္ပင္ ။

စုန္႔ခ်င္းလန္သည္ သူ၏ အက်င့္ဆိုးဆိုး ပါးစပ္ကို ထိန္းခ်ဳပ္မထားႏိုင္ဘဲ : "ငါလိုခ်င္တယ္ဆို ရမွာလား?"

အားလံုး : "???"

"ဟုတ္တယ္ "က်စ္ယြီရွီ၏ လွပေသာပံုစံမွာ မနက္ခင္းအလင္းေရာင္ေအာက္တြင္ လြန္စြာႏူးညံ့ေပ်ာ့ေပ်ာင္းေန၏ ။ "ပန္းၿခံစီမံခန္႔ခြဲေရးရံုးခန္း ၊ အဲ့ဒီက စားပြဲေပၚမွာ အာကာသကားေသာ့ရိွတယ္ "

ေသခ်ာေပါက္ပင္ ၊ အသစ္ခ်က္ခြၽတ္ အာကာသကားသည္ ပန္းၿခံစီမံခန္႔ခြဲေရးရံုး၏ အေနာက္တြင္ ရပ္ထားသည္ ။

အာကာသကားေသာ့မွာ ကားအေသးအတြက္ လိုအပ္ေသာ သက္ေသခံကတ္ျပားႏွင့္ ကြဲျပားၿပီး ရွာေတြ့ရန္ အေတာ္လြယ္ကူသည္ ။ သူတို႔သည္ ဒါကိုအရင္က သတိမထားမိေပ ။ အေၾကာင္းအရင္းမွာ ပထမအခ်က္..အရင္စက္ဝန္းႏွစ္ခုတြင္ ၿမိဳ႔ထဲ အာကာသယာဥ္ေမာင္းရန္ စိတ္မကူးခဲ့မိၾကသျဖင့္ ၊ ၿပီးေတာ့ ဒုတိယအခ်က္..၄မွာ ပါဆယ္ေသတၲာမ်ားႏွင့္ သတင္းစာပံုေအာက္တြင္ ဖံုးအုပ္ေနသျဖင့္ ။

စုန္႔ခ်င္းလန္သည္ ထိုကဲ့သို႔ေသာ အေသးစိတ္မ်ားကို မမွတ္မိေသာ္လည္း က်စ္ယြီရွီသည္ေတာ့ အလြန္သဲသဲကြဲကြဲ မွတ္မိေနသည္ ။

အာကာသကားသည္ ၈မီတာရွည္ၿပီး ၅မီတာက်ယ္ကာ အျပင္ဘက္တြင္ အင္မတန္မာေက်ာေသာ သတၲုအကာရိွေနသည္ ။ အျမန္ႏႈန္းမွာ တစ္နာရီ ကီလိုမီတာ ၃၀၀ ေရာက္ႏိုင္သျဖင့္ အမွန္တကယ္ကို မေကာင္းဆိုးဝါးဖိႀကိတ္စက္ႀကီးပင္ ။

ဤသို႔ေသာ ယာဥ္မ်ိဳးသည္ သူတို႔အခ်ိန္ကာလတြင္လည္း ရိွ၏ ။ စက္ႏိႈးၿပီးေသာအခါ ယာဥ္ေမာင္းမလိုအပ္ဘဲ ပစၥည္းမ်ားပို႔ေဆာင္ရန္ အထူးခ်န္နယ္တစ္ခုသာ လိုအပ္သည္ ။ အရွင္းဆံုးေျပာရလ်ွင္ လြန္ခဲ့ေသာရာစုႏွစ္မွ ကုန္တင္ကားမ်ားကို နည္းပညာျမႇင့္ထားေသာ ေမာင္းသူမဲ့ယာဥ္ျဖစ္သည္ ။ ႀကီးမားေသာ အက်ယ္အဝန္းေၾကာင့္ တခ်ိဳ႕က ေရြ့လ်ားအိမ္အျဖစ္သံုးၿပီး ထိုအျခင္းအရာေၾကာင့္ အာကာသကားဟု ေခၚၾကေလ၏ ။

"အႀကံေပးက်စ္!" လီခြၽင္းသည္ ခုန္တက္ကာ ေဘးပတ္လည္ကို စူးစမ္းေနသည္ ။ "ကြၽန္ေတာ္ ထူးထူးျခားျခား ဆုအႀကီးႀကီးေပါက္သြားတဲ့ ခံစားခ်က္မ်ိဳး ရေနတယ္ ! ဒီဟာႀကီးက အရမ္းမိုက္တာပဲဗ်ာ! "

ထန္းလဲ့က ထန္းခ်ီအားေျပာသည္ ။ "တကယ္လို႔ ဖုတ္ေကာင္ေတြနဲ႔ေတြ့ရင္ အေကာင္တစ္ရာေလာက္ကို ႀကိတ္သြားႏိုင္မယ္ထင္လား?"

ထန္းခ်ီ : "ဟုတ္မွာေပါ့"

စုန္႔ခ်င္းလန္သည္ သူ၏ ဆက္သြယ္ေရးစက္မွ အခ်ိန္ကိုၾကည့္ကာ မွတ္သားလိုက္သည္ ။ "ျမန္ျမန္လုပ္"

ယာဥ္ထဲတြင္ တုပ္ခိုင္ေသာ သစ္လံုးမ်ားစြာ ရိွေနသည္ ။

ထိန္းခ်ဳပ္မႈမ်ားကို ေလ့လာၿပီးသည့္ေနာက္တြင္ သြမ့္ဝမ္က ယာဥ္ကိုစက္ႏိႈးကာ သစ္လံုးမ်ားကို ပစ္ခ်လိုက္ရာ ေျမေပၚက်သြားသည္ႏွင့္ ဘုန္းခနဲ အသံက်ယ္တစ္ခု ထြက္လာသည္ ။

အကြာအေဝးတစ္ခုရိွ မ်ားစြာေသာ ဖုတ္ေကာင္တို႔သည္ အသံေၾကာင့္ ဆြဲေဆာင္ခံလိုက္ရကာ အရူးတစ္ပိုင္း စတင္ေျပးလႊားလာေလသည္ ။

"ဒိုင္း ဒိုင္း ဒိုင္း!"

က်စ္ယြီရွီသည္ ေသနတ္မွန္ေျပာင္းမွၾကည့္ကာ သူ၏ေလဆာေသနတ္ျဖင့္ ဖုတ္ေကာင္မ်ားစြာကို ပစ္ခ်လိုက္သည္ ။

ဖုတ္ေကာင္တို႔၏ ၪီးေခါင္း ေပါက္ကြဲသြားၿပီး ေသြးႏွင့္ ၪီးေနွာက္အပိုင္းအစမ်ား ေျမေပၚတြင္ ျပန္႔က်ဲကုန္ၾကသည္ ။

ေသနတ္သံေၾကာင့္ ပိုမ်ားေသာ ဖုတ္ေကာင္မ်ားသည္ ပုန္းကြယ္ေနရာမွ အလ်င္အျမန္ ထြက္ေပၚလာၾက၏ ။ ေကာင္းကင္က လင္းလာၿပီျဖစ္သည္ ။

သူတို႔ေရ႔ွတည့္တည့္တြင္ ဖုတ္ေကာင္အစစ္မ်ား ျမင္လိုက္ရေသာအခါ အဖြဲ႔သားမ်ားက အလြန္ထိတ္လန္႔သြားၿပီး တဒဂၤ စိတ္မေအးႏိုင္ေတာ့ေပ ။ ထိုမွသာ အေစာပိုင္းက ေခါင္းေဆာင္စုန္႔ႏွင့္ အႀကံေပးက်စ္တို႔၏ စကားလံုးမ်ား ဘယ္ေလာက္ထိ လက္ေတြ့ျဖစ္သည္ဆိုတာ နားလည္သေဘာေပါက္သြားၾကသည္ ။

ယာဥ္ေပၚသို႔ သူတို႔၏ ပစၥည္းအားလံုး ပစ္တင္ၿပီးေသာအလာ အကုန္လံုး ကားေပၚ တက္လိုက္ၾကသည္ ။

တံခါးပိတ္လိုက္ေသာအခ်ိန္တြင္ ေကာင္းကင္၌ အနက္ေရာင္ နံရံႀကီးတစ္ခု ရုတ္တရက္ေပၚလာသည္ ။

"အျမန္!" တစ္ေယာက္က စိတ္လႈပ္ရွားစြာ တိုက္တြန္း၏ ။

က်စ္ယြီရွီက အလြန္တည္ၿငိမ္ေနသည္ ။ သူသည္ ထိန္းခ်ဳပ္ေရးစနစ္တြင္ ၪီးတည္ရာေနရာကို လ်င္ျမန္တိက်စြာ ရိုက္ထည့္လိုက္သည္ ။ ေအာင္ျမင္စြာ ရိုက္ထည့္ၿပီးသည္ကို သြမ့္ဝမ္ျမင္ေသာအခါ သူသည္ စသည့္ခလုတ္ကို ဆြဲလွည့္လိုက္ရာ အာကာသကားမွာ ျမားတစ္စင္းအသြင္ ခ်က္ခ်င္းထြက္ခြာသြားေတာ့သည္ ။

အနက္ေရာင္နံရံသည္ သစ္ေတာ ၊ ပန္းၿခံတစ္ျခမ္းႏွင့္ သူ႔လမ္းရိွ အရာအားလံုးကို ဝါးၿမိဳသြားေတာ့သည္ ။

အာကာသကားသည္ ပန္းၿခံထဲမွ အရိွန္အဟုန္ျမင့္ ထြက္လာခဲ့သည္ ။

၄က အဓိကလမ္းမႀကီးဆီသို႔ အျမန္ေမာင္းသြား၏ ။

အားျပင္းလြန္းသည့္ တင့္ကားတစ္စီးကဲ့သို႔ အတားအဆီးမ်ားကိုလ်စ္လ်ူရႈကာ လမ္းေပၚတြင္ အံုလိုက္က်င္းလိုက္ရိွေနေသာ ဖုတ္ေကာင္မ်ားကို ႀကိတ္ေခ်လ်က္ လမ္းတစ္ေလ်ွာက္ ေဘးပတ္လည္၌ ေသြးမ်ား ပက္ျဖန္းသြားေလသည္ ။

"Yooooo!!!"

"မိုက္ခ်က္ပဲ!!"

လူငယ္ေလးတစ္စုမွာ ေနာက္ဆံုးေတာ့ ထြက္ေပါက္ရွာေတြ့သြားသကဲ့သို႔ စိတ္မလႈပ္ရွားဘဲ မေနႏိုင္ၾက ။

တစ္နာရီ ကီလိုမီတာ ၂၀၀ထက္ပိုေသာ အျမန္ႏႈန္းျဖင့္ အာကာသကားသည္ လမ္းဆံုသို႔ တေရြ့ေရြ့ နီးကပ္လာသည္ ။ ရုတ္တရက္ က်ယ္ေလာင္ေသာ ဘန္းခနဲအသံႏွင့္အတူ ယာဥ္သည္ ယမ္းခါသြားေလ၏ ။ "ဒုန္း---"

လမ္းဆံု၏အျခားတစ္ဖက္မွ အျမန္ ရုတ္တရက္ထြက္ေပၚလာေသာ ကားေလးမွာ အာကာသယာဥ္ေၾကာင့္ လံုးဝပိျပားေၾကမြသြားေတာ့သည္ ။

•°•°•

Continue Reading

You'll Also Like

11.8K 1.3K 200
Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရ...
504K 90.6K 70
Myanmar Translation of 我叫我同桌打你 by 靠靠 ↬Author : Kao Kao ↬English Translator : ThatLazyPotato ↬Total Chapters : 66 Chapters + 2 Extras You can read...
1.2M 214K 92
ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...
47.3K 3.7K 22
နည္းပညာႏွင့္ သိပၸံပညာမ်ား ေခာတ္ႏွင့္အညီ ပိုမိုတိုးတက္လာသည္ႏွင့္အမွ် Mutantမ်ဳိး႐ိုးဗီဇေျပာင္းထားသည့္ လူမ်ား၊ တိရိစၧာန္မ်ား၊ သေႏၶေျပာင္းလူသားမ်ား ေပ...